Saturday, August 22, 2009

0 အဆိပ်သင့်နိုင်ငံရေးအတွေးအခေါ်များ


poison idea1 -

1 ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ


0 သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများ ဖွဲ့စည်းခြင်း

0 နအဖမှ ဘုန်းကြီးအချင်းချင်းရန်တိုက်ပေးရန် " ဘုန်းကြီးစွမ်းအားရှင်အဖွဲ့ "ကိုဖွဲ့စည်း

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နီးလာပြီဖြစ်လို့  သံဃာများဆန္ဒပြမှု့ ကိုနှိမ်နှင်းရန်အတွက် " သာသနာသန့်ရှင်းရေးထိန်းသိမ်းရေးအဖွဲ့  " လို့ နံမည်တပ်ထားတဲ့ " ဘုန်းကြီးစွမ်းအားရှင်အဖွဲ့ "ကို
ဖွဲ့ စည်းထားကြောင်း သတင်းရရှိပါတယ်။

အဲ့ဒီအဖွဲ့ ထဲမှာ ဘုန်းကြီး၊ မယက၊ ရဲ၊ မီးသတ်နဲ့ လဝကတွေပါတယ်။
သား ၃ သားထဲမှာ
၁) ကျောင်းသားအချင်းချင်းရန်တိုက်ပေးပြီးပြီ။ (ကိုမင်းကိုနိုင်အဖွဲ့ 
နဲ့ ကိုဌေးလွင်အဖွဲ့ )
၂) အခု ဘုရားသားတွေကို ရန်တိုက်ပေးပြန်ပြီ။
၃) စစ်သားတွေ အလှည့်ပဲကျန်တော့တယ်။ ???

0 Orphaned children fend for themselves in Burma after Cyclone Nargis.


August 19th, 2009
Eyes of the Storm

On May 2, 2008, a Category 4 cyclone made landfall on Burma’s southern coast. Winds of 130 miles per hour raged all night, and storm surge drowned much of the Irrawaddy Delta in over 12 feet of water. Whole villages vanished, at least 130,000 people died, and two million were left homeless, making Cyclone Nargis the worst natural disaster in Burma’s history. Among the survivors were thousands of children orphaned or separated from their parents.

Eyes of the Storm tells the struggles of several orphaned children left to fend for themselves and rebuild their shattered lives in the aftermath of Cyclone Nargis. Among others we meet 10-year-old Ye Pyint who is now surrogate father to his younger brother and sister; they live in a makeshift hut in what remains of their village. We follow Min, the 16-year-old who is the sole survivor from his family and is now trying to live as a monk in a Buddhist monastery miles away from his devastated home.

Through the eyes of the Burmese filmmaking team who shot undercover for over 10 months in defiance of the ruling junta’s media blackout, WIDE ANGLE provides a rare window into one of the world’s most secretive countries. The hour-long documentary also features American and British journalists who have reported from Burma and speak of its history and the hopes and fears for its future.

0 နအဖလုံခြုံရေးတွေ ဂျွန်ယက်တောကိုလက်ဆွဲနူတ်ဆက်ပြီး ဒေါ်စုခြံထဲပေးဝင်ခဲ့ပါတယ်တဲ့..

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ စောင့်နေကြတဲ့ လုံခြုံရေးတွေက ဂျွန်ယက်တော ၀င်ရောက်တဲ့အချိန်မှာ တားဆီးမပိတ်ပင်တဲ့အပြင်သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ၀င်ခွင့်ပေးခဲ့ပါတယ်တဲ့။Newsweek သတင်းဂျာနယ်နဲ့  အင်တာဗျူးမှာ ယက်တောကပြောသွားပါတယ်။
(But now, in an exclusive interview with NEWSWEEK, Yettaw has offered an explanation: Burmese security officials let him. "I don't know why they didn't stop me," he says. "The man with the AK-47 shook my hand and let me in.")

http://dassk.org/index.php/topic,11111787.0.html

0 ဒီပဲယင်း၏အဓိကတရားခံတဦး ဂျပန်ကိုရောက်နေပြီ။

Friday, August 21, 2009

0 အရူးဌေးဦး


‘အရူးဌေးဦး’ ‘အရူးဌေးဦး’ ‘အရူးဌေးဦး’။ ကင်ဇိုတို့ ငယ်စဉ်ကလေးဘ၀တုန်းက အဲသလိုအော်ဟစ်ပြီး စခဲ့နောက်ခဲ့ကြတဲ့ အရူးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူ့နာမည်က ဌေးဦး ပါတဲ့။ လူပုံလူပန်းက ခပ်ထွားထွားရယ်ပါ၊ ဘယ်တော့များကြည့်လိုက် ဌေးဦးတို့က သနပ်ခါး အဖွေးသားနဲ့ သန့်လို့ပြန့်လို့။ ၀တ်တာစားတာလည်းကြည့်ဦး၊ ဇင်သားနဲ့ချုပ်ထားတဲ့ စစ်ဘောင်းဘီခပ်နွမ်းနွမ်းကိုဝတ်၊ အဲဒီအပေါ်ကမှ ဘယ်ကြိုဘယ်ကြားက ရထားမှန်းမသိတဲ့ အစိမ်းပုပ်ရောင် ပုဆိုးတထည်ကို ကျကျနနထပ်ဝတ်၊ အဲ ကိုယ်အပေါ်ပိုင်းမှာတော့ စစ်ဆွယ်တာ လက်ရှည်အပေါ်မှာ တိုက်ပုံအဖြူ ရောင်တစ်ထည်ကို ထပ်ဝတ်ထားပြန်ပါတယ်။ အိုးလေလေ ခြေထောက်မှာလည်း ပေါ့လို့တော့မရ ဘယ်ဖယ်က ဘွတ်ဖိနပ်၊ ညာဖက်က ကတ္တီပါဖိနပ်တဖက် ကို စီးပြီး ဌေးဦးတို့ ခပ်ကြွားကြွားကြီး လမ်းလျှောက်လာလိုက်လို့ကတော့ ကလေးတွေတဟီဟီ၊ ခွေးတွေတစီစီနဲ့ သိပ်ကိုပနံရလှတာကလား။ အဲ မေ့လို့၊ ပြောရဦးမယ် အရူးဌေးဦးက သွားလေ ရာမှာတော့ အထုပ်ကြီးတစ်ထုပ်တော့ အမြဲဆွဲထားလေ့ရှိတယ်။ အညာစောင် ခပ်ဟောင်း ဟောင်း တစ်ထည်နဲ့ တိုလီထွာလီထည့်ထုပ်ထားတဲ့ အထုပ် ခပ်ကြီးကြီးတစ်ထုပ်ပဲ။ အဲ အဲဒီ အထုပ်ကြီးထဲမှာ သူတကာသောက်ထားတဲ့ ဆေးလိပ်အတိုအထွာတွေပါမယ်၊ ပိတ်တိုပိတ်စ အဟောင်းအပျက်တွေပါမယ်၊ နို့ဆီခွက်အဟောင်းတွေလည်း ပါတယ်။ နောက် ပလပ်စတစ် အိတ်ကလေးနဲ့ ထုပ်ထားတဲ့ ဟိုဟာနည်းနည်း ဒါနည်းနည်း ဘာတွေမှန်းမသိတဲ့ ပုစိ ပုစိ အထုပ်သေးသေး ကလေးတွေလည်း ပါတယ်၊ နောက် သူ့လက်သုံးတော် ကျိုက်ထီးရိုးလုပ် ဝါးသေနတ်တစ်ခုလည်း ပါလိုက်သေးတယ်ဗျ။ မပြောမဖြစ် ပြောရဦးမယ်ဆိုရင် အရူးဌေးဦး နောက်မှာ ခွေး လေးငါးခြောက်ကောင်လောက်က အမြဲလိုလိုပါတယ်။ အဲဒါက သူ့ကိုယ်ရံတော် တွေပေါ့လေ။ သူများတကာ ပေးလို့ကမ်းလို့ရလာတဲ့ ထမင်းကျန်ဟင်းကျန်တွေကို ဌေးဦးလည်း စား၊ ခွေးတွေကိုလည်း ကျွေးကျွေးနေတော့ ခွေးတွေခမျာ အရူးကိုပဲ သခင်မှတ်လို့နေရတော့ တာပေါ့လေ။ ဒါပေတည့် အဲဒီခွေးတွေက အရပ်တကာလှည့်သွားနေတဲ့ အရူးဌေးဦးနောက်ကို သာ တကောက်ကောက်လိုက်နေတာ ဘယ်နေရာမှာမှ ဘယ်သူ့ကိုမှ ကိုက်လေ့ဟောင်လေ့ မရှိ ပေါင်၊ အင်မတန်လိမ္မာကြတဲ့ ခွေးတွေပါ။

‘အရူးဌေးဦး’ ‘အရူးဌေးဦး’ ‘အရူးဌေးဦး’။ အရူးဌေးဦး အရပ်ထဲလာပြီဆိုရင် ကင်ဇိုတို့လို ကလေးတွေကလည်း ပျော်ကြပါတယ်။ လူကြီးတွေလည်း ပြုံးကြပါတယ်။ ဘဇာကြောင့်များ ဆိုရင် အရူးဌေးဦးက တစ်လမ်းလုံး သီးချင်းတွေအကျယ်ကြီး အော်ဆိုလာမယ်။ အဲ သူ စိတ်ကူး ပေါက်တဲ့နေရာရောက်ရင် ဇာတ်ထုတ်တွေဘာတွေလည်း တစ်ယောက်တည်း ကလိုက်သေး တယ်။ ဆိုရရင် ပျဉ်းမငုတ်တိုဇာတ်လမ်းဆိုပါတော့။ အပေါ်ကထပ်ဝတ်ထားတဲ့ တိုက်ပုံဖြူနဲ့ ပုဆိုး စိမ်းကိုချွတ်လိုက်တော့ အောက်ကစစ်ဘောင်းဘီနဲ့ စစ်ဆွယ်တာပေါ်လာမယ်၊ အဲဒါ သူ့ယူနီ ဖောင်းပေါ့၊ ပြီးတော့ ကျိုက်ထီးရိုးလုပ်ဝါးသေနတ်ကို တဒတ်ဒတ်ဆွဲလို့ “တက်၊ တက်၊ မှန်တဲ့ ရဲဘော်တွေကျကုန်ပြီ၊ မမှန်တဲ့သူတွေတက်၊ တက်” စသဖြင့် တမျိုး။ “ ရဲဘော် မင်း ဒီသီချင်းကို ဘယ်ကရသလဲ” “ဇီးထုတ်ထဲကပါ ဗိုလ်ကြီး” အဲသလို တဖုံ။ တစ်ယောက်တည်း ဇာတ်လိုက် လုပ်၊ တစ်ယောက်တည်းဇာတ်ပို့လုပ်နဲ့ အတော်လေးကို ရယ်ရတာပါ။ အဲ ထွေးညိုဇာတ်လမ်း ဆိုရင်လည်း တိုက်ပုံအဖြူကို ကြယ်သီးစေ့အောင်တပ်လို့၊ ပုဆိုးစိမ်းကြီးကို ကျကျနန ၀တ်ပြီး “ဘကြီးမှုံ ဘကြီးမှုံ ထွေးညို ဘယ်မှာလဲ၊ ထွေးညိုဘယ်သွားလဲ”၊ “ထွေးညို နောက်ဖေးသွား တယ်”၊ “ထွေးညိုနောက်ဖေးသွားတယ် ဟုတ်လား” “ထွေးညိုနောက်ဖေးသွားတာ ဘကြီးမှုံ မနံဘူးလားဗျာ” အဲသလို တစ်ယောက်တည်း တိုင်လိုက် ဖောက်လိုက်၊ ကလိုက် ခုန်လိုက်နဲ့ ဆိုတော့ တွေ့ရတဲ့သူတိုင်းက အရူးဌေးဦးဆီကအပျော်တွေကို ကူးစက်ကြတာပါ။ ဒါကြောင့် လည်း ကင်ဇိုတို့မြို့သားတွေများ အရူးဌေးဦးဆိုရင် မသဒ္ဓါတဲ့သူမရှိ၊ ကျွေးကြ မွေးကြ ပေးကြ ကမ်းကြတာချည်းပဲ၊ ဌေးဦးကလည်း ရူးတယ်သာပြောတယ် စည်းကမ်းရှိတယ်၊ ဘယ်တော့မှ ခိုးမစားဘူး၊ ဇွတ်ကနဲ နှိုက်မစားဘူး၊ လုမစားဘူး၊ အဲသလို အဲဒီလောက် စည်းကမ်းရှိတယ်။ ဌေးဦးကို နှစ်ရက်သုံးရက်များမတွေ့ရရင် “ ဒီအရူးတော့ ဖျားများနေသလား”၊ “ဟိုသွား ဒီသွား နဲ့ မျက်စိလည်လမ်းမှားသလား” လို့ အဲသလို စိတ်ပူကြတဲ့သူတွေကလည်း မနည်းပါဘူး၊ မြို့သူ မြို့သားတွေခမျာ အဲဒီ အရူးဌေးဦးကို အဲသလိုချစ်ကြ အဲဒီလောက် သံယောဇဉ်ထားကြတာပါ။

အဲသလို သူတကာချစ်တဲ့ ဌေးဦးခမျာ တစ်နေ့သား အသေဆိုးနဲ့သေရရှာတယ်။ (၁၉၈၈) ခုနှစ်မှာ စစ်ခွေးဘီလူးတစ်စုက တိုင်းပြည်အာဏာကို အဓမ္မသိမ်းလိုက်တယ်၊ ပြီးတော့ နေ၀င်မီးငြိမ်း ညမထွက်ရအမိန့် ထုတ်လိုက်တယ်။ ညထွက်ရင် ထွက်တဲ့သူကို ပစ်တဲ့။ ကင်ဇိုတို့ နေတဲ့ မြို့သေးသေးလေးလည်း ညနေစောင်းပြီဆိုတာနဲ့ ဆိတ်ကနဲ ငြိမ်ကျသွားတော့တယ်။ အဲဒီညမှာပဲ သေနတ်သံလေးချက်လောက် ဆင့်ကနဲ ဆင့်ကနဲထွက်လာတယ်။ မနက်ကျတော့ အရူးဌေးဦးသေပြီတဲ့။ ဌေးဦးက ညမထွက်ရမှန်းလည်းမသိ၊ သူ့အထုပ်ကြီးဆွဲပြီး သူ သွားနေကျ အတိုင်း လွတ်လွတ်လပ်လပ်ပဲ သွားတယ် လာတယ်။ အဲဒါကို ပစ်သတ်လိုက်ကြတယ်။ “ရက်စက်လိုက်ကြတာကွာ”၊ “ဘာမှ မသိနားမလည်တဲ့ သူကိုများ ဟယ်”၊ “ဌေးဦးတော့ မတရား နှိပ်စက်ညှင်းဆဲအုပ်ချုပ်မယ့် မိစ္ဆာတွေလက်က စောစောဝဋ်ကျွတ်သွားတာပေါ့လေ”၊ “ဌေးဦးရေ အမျှ အမျှ အမျှ”။ အဲဒီအကြောင်းကို ကြားကြတဲ့သူတိုင်း စုတ်တသပ်သပ်ဖြစ်ကြတယ်။ စိတ် မကောင်းဖြစ်ကြတယ်။ စိတ်ဆိုးကြတယ်။ ကင်ဇိုတို့မြို့ကလေးမှာ အဲဒီအကြောင်းကို အခုအချိန် အထိ ပြောမဆုံးသေးဘူး။ မြို့သူမြို့သားတွေ စကားစပ်မိတိုင်း အရူးဌေးဦးအကြောင်းကို ပြောကြတုန်း။

အရူးဌေးဦးအကြောင်းကို ပြောကြတုန်း၊ အရူးဌေးဦးအကြောင်းကို မမေ့ကြသေးခင်မှာပဲ အရူးဌေးဦးနောက်တစ်ယောက် ထပ်ပေါ်လာတယ်။ ဒါပေတည့် ဟိုး ကင်ဇိုတို့ ငယ်ငယ်တုန်း ကလို ရပ်ကျော်ရွာအဆင့်လောက် အရူးမဟုတ်၊ နိုင်ငံကျော် ကမ္ဘာသိအရူး။ ပေါ့လျှော့ကရော့ တော့မဟုတ်၊ အနှီအရူးကိုများ အရူးဌေးဦးလို့ ခေါ်မိလေမလား၊ မနက်လင်းတာနဲ့ မျက်နှာသစ် စရာ ခေါင်းမရှိသူပဲ ဖြစ်သွားပေလိမ့်မယ်။ (ကင်ဇိုတို့တော့ မခေါ်ရဲပေါင်၊ မျက်နှာသစ်ရမှာလည်း မပျင်းပေါင်၊ ကြောက်လွန်းလို့ပါ အငှဲ့)။ အနှီပုဂ္ဂိုလ်ကား အသူနည်း၊ ဘောက်မဲ့ကြောင့် နိုင်ငံ ကျော် ကမ္ဘာသိအရူး (အဲလေ ယောင်လို့နော်) နိုင်ငံကျော် ကမ္ဘာသိကြီးဖြစ်ရချေပြီနည်း။ အနှီပုဂ္ဂိုလ်ကား (နအဖ)ပြဇာတ်ထဲမှ နှစ်ယောက်မဟုတ်၊ နှစ်ကိုယ်ခွဲမဟုတ်သော တစ်ဦးတည်း သော အဓိက အရူးဇာတ်ပို့ (အဲလေ ယောင်ပြန်ပေါ့) လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ် ဌေးဦးတဖြစ်လဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်ချေတော့သည်တကား။ အနှီပုဂ္ဂိုလ်အကောင်းစားကြီးကား ကင်ဇိုတို့ငယ်ငယ်က အရူးဌေးဦးကဲ့သို့ အလွန့်အလွန် ရယ်ဖွယ်ကောင်းလှသည်ကား မှန်၏၊ သနားစရာကောင်း မကောင်း၊ ချစ်စရာကား မကောင်း။

ကြည့်ကြချေဦးတော့၊ တလောကသတင်းစာတွေထဲမှာ “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး ဆိတ်ဖြူမြို့နယ်တွင် တည်ဆောက်နေသော တမာ ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးစဉ်”ဆိုပြီး စစ်ဝတ်စစ်စား ဓါတ်ပုံကြီးနဲ့တကွပါလာပြီး၊ နောက် သုံးလေးရက်မှမကြာလိုက် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်း ရေးမှူး ဦးဌေးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမှုဆောင်များ အဆင်မြင့် စီမံခန့်ခွဲရေး (အထူး)သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အမှာစကားပြောကြားစဉ်” ဆိုပြီး တိုက်ပုံဖြူ၊ ပုံဆိုးအစိမ်းကိုဝတ်လို့ အသုံးတော်ခံပြန်တယ်။ ဒါတင်မက ဒါ့အပြင် ဒါ့အရင် တွေမှာလည်း မနက်ခင်းကို လယ်/ဆည် ၀န်ကြီးအဖြစ်နဲ့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်ရ၊ အခမ်းအနားတွေတက်ရ၊ ညနေခင်းကျပြန်တော့ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူးအနေနဲ့ ဟိုနေရာ ဟောရပြောရ၊ နိုင်ငံခြားသံတမန်တွေကို လက်ခံတွေ့ဆုံ ညစာစားရနဲ့၊ သူ့တစ်ယောက် တည်း အလုပ်တွေ ရှုပ်ယှက်ကိုခတ်နေတာပါပဲ။ ဒါကြောင့်ပဲ ထင်ပါရဲ့၊ နအဖ၀န်ကြီး အသိုင်းအ၀ိုင်းမှာတောင် ဗိုလ်ရှုပ်ဦးဌေးဦးလို့ နာမည်ရပါသတဲ့။ ကင်ဇိုကတော့ ဗိုလ်ချုပ်ဌေးဦးရဲ့ အလုပ်ရှုပ်ပုံကြီးကိုကြည့်ပြီး အရူးဌေးဦးကို ပြေးပြေးအမှတ်ရပါရဲ့။ အဖြစ်ကတူတာကိုး။ လယ်/ဆည် ၀န်ကြီး ဗိုလ်ချုပ်ဌေးဦးနေနဲ့ စစ်ဝတ်စစ်စားကို ၀တ်လို့ သတင်းစာတွေ တီဗွီတွေ မှာများ မြင်လိုက်ရရင် အရူးဌေးဦးရဲ့ ပျဉ်းမငုတ်တိုဇာတ်လမ်း ကနေတဲ့ပုံကို အမှတ်ရမိတယ်။ အဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူးအနေနဲ့ တိုက်ပုံဖြူ ပုဆိုးစိမ်း ၀တ်ထားတာတွေ့ရပြန်တော့ အရူးဌေးဦးရဲ့ ထွေးညိုဇာတ်လမ်း ကပြနေတာကို ပြေးမြင်မိပြန်တယ်။ အင်း ဗိုလ်ချုပ်ဌေးဦး ခင်မျာ ကင်ဇိုတို့ငယ်ငယ်က အရူးဌေးဦးကို အားကျဟန်တူပါရဲ့လို့ တွေးမိသား။ တခါတလေ များ ဗိုလ်ချုပ်ဌေးဦးခမျာ တစ်နေ့တည်း အလုပ်နှစ်ခု ဇယ်ဆက်သလိုလုပ်ရမှာမို့ စစ်ယူနီဖောင်း အပေါ်က တိုက်ပုံအဖြူနဲ့ ပုဆိုးစိမ်းကို ထပ်ဝတ်ထားတတ်သေးတယ်။ ဒါပေတည့် ခါးကြားက ကျိုက်ထီးရိုးလုပ်သေနတ် (အဲ မှားလို့) ကိုးမမ ပစ္စတိုချိတ်ထားတဲ့နေရာက ဖောင်းနေတယ်၊ ပုဆိုးအစိမ်းအောက်က လူမမြင်အောင်ခေါက်ထားတဲ့ စစ်ဘောင်းဘီက ပေါ်ပေါ်နေတယ်။ ဗိုလ်ချုပ်ဌေးဦးကို အဲသလိုလေးမြင်ရပြန်တော့ အရူးဌေးဦး အ၀တ်တွေ ထပ်ဝတ်ထားတဲ့ အဖြစ်ကို ကင်ဇိုတို့ အမှတ်ရပြန်တယ်။ အင်း အရူးဌေးဦးလို ဘွတ်ဖိနပ်တဖက် ကတ္တီပါဖိနပ် တဖက် မစီးတာပဲကျန်တယ်၊ ဒါတောင် လူမသိ သူမသိပေမယ့် ကင်ဇိုပြောသလို ဖြစ်ချင်ဖြစ်နေ ဦးမှာ။ (ဗိုလ်ချုပ်ဌေးဦးခမျာ အလုပ်ကများသားကလား၊ မှားချင် မှားနိုင်တာပေါ့လေ)။

အဲသလို အဲသလို ဗိုလ်ချုပ်ဌေးဦးနဲ့ အရူးဌေးဦး တူတာတွေ အတော်များများရှိသလို မတူတာတွေလည်း ရှိပါရဲ့။ အရူးဌေးဦးက နောက်တော်ပါ နောက်လိုက်ခွေး လေးငါးခြောက် ကောင်လောက် အမြဲရှိသလို၊ ဗိုလ်ချုပ်ဌေးဦးမှာလည်း ကြံ့ဖွတ်အမာခံ လူမိုက်တသိုက်ကို လက်သပ်မွေးထားလေတယ်။ (ကင်ဇိုက ကြံ့ဖွတ်အသင်းသားတိုင်းကို မဆိုလိုပါဘူး၊ သူ့ဘာသာသူ အင်အား သန်းနှစ်ဆယ်ကျော်ရှိတယ်လို့ပဲပြောပြော၊ ငါးဆယ့်သုံးသန်းရှိတယ် လို့ပဲဆိုဆို၊ အများတကာ့ အများစုကြီးက ကြံ့ဖွတ်အသင်းထဲကို အတင်းအဓမ္မ သွတ်သွင်းခံထား ရတာ မဟုတ်လား။ ဒါကြောင့် ကြံ့ဖွတ်အမာခံ လူမိုက်တသိုက်လို့ပြောတာ။) နောက်ပြီး မတူ တာက အရူးဌေးဦးရဲ့ခွေးတွေက အရပ်တကာလှည့်သွားနေတဲ့ အရူးဌေးဦးနောက်ကိုသာ တကောက်ကောက်လိုက်နေတာ၊ ဘယ်နေရာမှာမှ ဘယ်သူ့ကိုမှ ကိုက်လေ့ဟောင်လေ့မရှိပေါင်၊ အင်မတန် လိမ္မာကြတဲ့ခွေးတွေပါ။ အဲ ဗိုလ်ချုပ်ဌေးဦးရဲ့ လက်သုံးတော် လူမိုက် ကြံ့ဖွတ် တသိုက်ကတော့ ဟိုနေရာရိုက်ချင် ဒီနေရာနှက်ချင်နဲ့ အင်မတန်မှ လက်ဝါးစောင်းထက်ချင် သပေါ့လေ။ အရူးဌေးဦးက ဘယ်သွားသွား ဘယ်လာလာ အညာစောင်နဲ့ ထုပ်တားတဲ့ အထုပ် ကြီးကို ဆွဲသွားလေ့ရှိပါရဲ့၊ ဗိုလ်ချုပ်ဌေးဦးကတော့ တနေရာသွားရင် ဘာအထုပ်မှ ဆွဲသွားတာ သယ်သွားတာမရှိပေါင်၊ အဲ ပြန်လာမှပဲ အရပ်တကာက ကြံ့ဖွတ်အသင်းသားတွေ၊ လယ်/ဆည် ၀န်ထမ်းတွေဆီက လည်ပင်းညှစ်အရယူလာခဲ့တဲ့ အထုပ်ကြီးအထုပ်ငယ်တွေကို အရပိုက်လို့ အိမ်ပြန်တတ်ပါသတဲ့။ အဲသလို အဲသလို အရူးဌေးဦးနဲ့ တူသလိုလို မတူသလိုလိုတွေက အများ သား။ အရူးဌေးဦးက ခိုးမစားဘူး၊ ဇွတ်ကနဲ နှိုက်မစားဘူး၊ လုမစားဘူး။ ဗိုလ်ချုပ်ဌေးဦးရဲ့ ကြံ့ဖွတ်အသင်းကတော့ ရုပ်ရှင်မင်းသား ကျော်သူလုပ်တဲ့ နာရေးကူညီမှုအသင်းကိုတောင် မရှောင်၊ အတင်းဝင်လု အတင်းနေရာဝင်ယူတယ်။ ဇွတ်ကျတဲ့နေရာမှာကျတော့လည်း အတင်းအဓမ္မ အလှူခံတယ်။ မလှူရင်ပဲ ကြံ့ဖွတ်အသင်းက ဘာလိုလုပ်လိုက်မှာလိုလို ညာလိုလုပ် လိုက်မှာလိုလို သူလျှိုဒလံတွေကတဆင့် မလှူလှူအောင် ဖိအားအမျိုးမျိုးပေးပြန်တယ်။ အင်း ခိုးစရာနေရာကျပြန်တော့လည်း သူတကာဝန်ကြီးတွေလို တနေရာတည်းကမဟုတ်၊ လယ်/ဆည်ဌာနကလည်း ခိုးလို့ရ၊ ကြံ့ဖွတ်အသင်းကလည်း ခိုးလို့ရနဲ့ ဟန်ကိုကျနေတော့တာ ပေါ့။

ကင်ဇိုတို့မြို့ကလေးကလူတွေ အရူးဌေးဦးကို နှစ်ရက်သုံးရက်မမြင်ရရင် လွမ်းသလိုလို စိုးရိမ်သလိုလို ဖြစ်ကြသေးတယ်။ ဗိုလ်ချုပ်ဌေးဦးကို နှစ်ရက်သုံးရက်များ သတင်းစာတို့ တီဗွီ တို့မှာ မမြင်ရရင် တစ်တိုင်းပြည်လုံးက လူတွေက လွမ်းဖို့နေနေသာသာ ပြောကြတာက “ဘယ် ချက်ပုဆိုးနဲ့ ထွက်လာမလဲ၊ ဘယ်ချက်ဘောင်းဘီနဲ့ ထွက်လာမလဲ မသိပေါင်ကွာ၊ တကတည်း သူ့တစ်ယောက်တည်းကို ရူးနေသလိုပဲ”၊ “ဘောင်းဘီနဲ့လာလာ ပုဆိုးနဲ့လာလာ သတိတော့ထား၊ ဘယ်နေရာက ဘယ်လောက်သယ်သွားဦးမယ်မသိဘူး”၊ “မြန်မြန်ပြုတ်သွားလည်း အေးတားပဲ”၊ “အိုအေ မြန်မြန်သေသွားတာက ပိုကောင်းပါလေ့”၊ အဲသလို အဲသလို လယ်/ဆည်ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးတဖြစ်လဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို တိုင်းပြည်က အဲသလို မေတ္တာထားကြတာကလား။

နောက်ဆုံးကင်ဇိုပြောချင်တာက အရူးဌေးဦးနဲ့ ဗိုလ်ချုပ်ဌေးဦးတို့ ရူးပုံချင်းတူတာတောင် “အရူး”ဆိုတဲ့ အသံထွက်ချင်းတူတာတောင် အကြောင်းအရာကား ကွာလွန်းလှရဲ့၊ ခြားနားလွန်း လှရဲ့။ “ဌေးဦး” ဆိုတဲ့ “နာမ” ချင်းတူတာတောင် လူချင်းကား ကွာလွန်းလှရဲ့၊ ခြားနားလွန်းလှ ရဲ့။ ကုန်ကုန်ပြောရရင်ဖြင့် “ဌေးဦး”ချင်း ပုံခိုင်းနှိုင်းပြောရတာတောင် ကင်ဇိုတို့ ငယ်စဉ်က အင်မတန် ချစ်စရာကောင်းခဲ့သော၊ အင်မတန် ရယ်ရွှင်ဖွယ်ကောင်းခဲ့သော၊ အရူးဌေးဦးကို အားတောင့်အားနာ ဖြစ်မိသေးတော့တယ်။

x x x x x

ကင်ဇို
၁၂၊ ၁၊ ၂၀၀၇

ဒီပဲယင်း လူသတ်ပွဲကြီးနဲ့ ရွှေဝါရောင် တော်လှန်ရေး လူသတ်ပွဲကြီးရဲ့ အဓိက စီစဉ်ညွှန်ကြားသူထဲမှာ ဌေးဦးလည်း ပါတယ်။ ဒီလူဟာဒီနေ့ လူကြီးလူကောင်းယောင်ဆောင်ပြီ ဂျပန်နိုင်ငံကိုရောက်ရှိနေပါတယ်။ လိပ်စာကတော့

New Otani Hotel

The Nearest Metro Station is the Akasakamitsuke on Ginza Line, Marunochi Line.

# Hotel is 3 minute walk from station.

Address of the New Otani Hotel Tokyo:

4-1 Kioi-cho Chiyoda-ku Tokyo 102-8578 Japan ပါ။ဂျပန်ရောက်မြန်မာများသွားရောက်ဆန္ဒပြကြဖို့စီစဉ်နေကြပါတယ်။

Thursday, August 20, 2009

0 nld ဦးဥာဏ်ဝင်း၏ပြောဆိုချက်များ

0 ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးချီတက်ဆန္ဒပြပွဲအသေးစိတ်အစီအစဉ်(ဂျပန်)

0 ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

နန်းဒေဝီ
နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။

၂၃-၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီမှ ပါလီမန် အမတ်တချို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၅ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီနှင့်သော်၎င်း၊ ထိုနေ့ညနေတွင် စိုက်ပျိုးရေး ဒုဝန်ကြီးနှင့် တွေ့ဆုံမည်။

ချစ်ကြည်ရေး ခရီးစဉ်ဖြစ်သည့်အပြင်၊ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဂျပန်ရွေးကောက်ပွဲ၌ လက်ရှိ အတိုက်အခံပါတီ Democratic Party of Japan (DPJ) က အနိုင်ရခဲ့ပါက ဂျပန်က မြန်မာအပေါ် ထားရှိသည့် မူဝါဒများအပေါ် ကြိုတင်ညှိနှိုင်းရေးအတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ DPJ သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဟု အကဲခတ်အများက တစ်ကြိုပေး ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။

အခြားသော ဆက်စပ်သတင်းတခုမှာ ကြံ့ဖွံ့အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်ရုံးသစ်တွင် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

အစည်းအဝေးပွဲကြီးမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖွယ်ရှိနေပြီး အစည်းအဝေးက တခဲနက်အတည်ပြုရမည်ဟု အသင်းကြီး၏ ထိပ်တန်းသတင်းရပ်ကွက်များက ပြောသည်။

နေပြည်တော်၏ ဆင်ခြေဖုံး ရန်ကုန်ဘက်သို့လာသည့် အဝေးပြေးလမ်းမဘေးတွင် ကြံ့ဖွံ့ရုံးသစ်ကြီးကို အပြီးသတ်လျှက်ရှိသည်။

Wednesday, August 19, 2009

0 "သူဘယ်သူလဲ"

0 ယက်တောနဲ့ နအဖရဲ့ ပြဇတ် တခန်းရပ်သော်လည်း ဒေါ်စု လွတ်မြောက်ဖို့ အလားအလာမမြင်

စစ်အစိုးရ၏ နိုင်ငံရေး ပြဇတ်တပုဒ် တွင်လာရောက် အသုံးတော်ခံသွားခဲ့ရသူ ဂျွန်ယက်တော တယောက်တော့ အချိန်မီလာရောက်သူ အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်နှင့် အတူပြည်တော်ပြန်သွားခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမဲ့သက်သက် ချုပ်နှောင်ထားလိုသဖြင့် ရေကူးသွားရောက်သည့် အမေရိကန် နိုင်ငံသားကို ဖမ်းမိပြီး ရက်ပိုင်းတွင် ယခုပြဇာတ်ကို နအဖစစ်အစိုးရက ရေးခဲ့သည်။ ထိုပြဇတ်တွင် ဂျွန်ယက်တောကို ယခုအမှုတွင် တာဝန်အရှိဆုံးလူ အဖြစ် ပုံဖေါ်ကပြစေခဲ့ကာ ၃ လ တာ ကပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန်ယက်တောအား တညအိပ် နေအိမ်တွင် နေထိုင်ခွင့်ပြုခဲ့ခြင်းအတွက် ၁၉၇၅ခုနှစ် တွင်ထုတ်ပြန်သည့် နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးသူများအား တားဆီးသည့် ဥပဒေ ပုဒ်မ (၂၂) ဖြင့် ထောင်ဒဏ် ၃နှစ် အပြစ်ပေးခဲ့သည်။ ထို့နောက် မိနစ်မဆိုင်းပဲ ၁ နှစ်ခွဲသို့ လျော့သည့်အမိန့်ထုတ်ပြန်ကြေငြာကာ နေအိမ်အကျယ်ချုပ်နှင့် တနှစ်ခွဲနေထိုင်စေဆိုသည့် အမိန့်ကိုပါ ရှုပ်ရှုပ်ထွေးထွေးဖြင့်ထုတ်ပြန်ခဲ့သည်။

အမှန်က ဒေါ်အောင်ဆန်းစုကြည်မှာ တနှစ်ခွဲနှင့် နေအိမ်အကျယ်ချုပ်မှမလွတ်ခင်အချိန်ထိ ဆိုင်းငံ့အပြစ်ဒဏ် ၁နှစ်ခွဲကို ကျခံနိုင်သည့် အလားအလာကို ခြိမ်းခြောက်ခံနေရဦးမည့် သဘောဖြစ်သည်။

ထိုအချက်ကိုလည်း ထိုအမိန့် ကြေငြာခါစတွင် မသဲကွဲခဲ့သဖြင့် ဒေါ်စုအပေါ် တနှစ်ခွဲပဲ ချုပ်နှောင်ထားသည်ဆိုပြီး အပြုသဘော မြင်သည့်သုံးသပ်ချက်များပင် ထွက်ပေါ်ခဲ့သေးသည်။ အမှန်မှာ တနှစ်ခွဲ အကျယ်ချုပ်ဖြင့် နေရမည့် ကာလ မကုန်မချင်း နောက်ထပ် တနှစ်ခွဲ အလုပ်ကြမ်း ထောင်ဒဏ် အပြစ်ပေးခံရကိန်း ရှိနေသည့် အဓိပ္ပါယ်ကို မျက်စေ့မလည်သင့်ပေ။

နောက်တနှစ်ခွဲ ကာလလုံး ၃နှစ်ထိ ထိန်းသိမ်းထားနိုင်သည့် အခွင့်အရေးကို နအဖက ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ အများပြည်သူကတော့ ယခုလို ယက်တော ကို ထောင်ဒဏ် ၇ နှစ် အမိန့်ချပြီး ၆ရက်မျှ မပြည့်သေးခင် မြန်မာနိုင်ငံသို့လာရောက်သည့် အထက်လွှတ်တော်အမတ် ဂျင်ဝက်နှင့် ပြန်ထည့်လိုက်သည့် ကိုကြားသိရသည့်အခါ ဒေါသထွက်ကြသည်။ ခံပြင်းကြသည်။ လုပ်ဇတ်တခုကို နအဖက ကပြသည်ဟု ယူဆပြီး ထိုသို့ကပြသည့် လုပ်ဇတ်ကြီးမှာလည်း ပေါလောပေါ်နေသည်ဟု ဝေဘန်ပြောဆိုနေကြသည်။

ရန်ကုန်မြို့ခံအချို့က ``အိမ်ထဲ သူခိုးဝင်တယ်ဆိုရင် သူခိုးက ထောင်မကျပဲ ပြန်လွှတ်ပြီး အိမ်ရှင်ကို သူခိုးဝင်ခံရတဲ့ အမှုနဲ့ ထောင်ချထားတဲ့ အဓိပ္ပါယ်ပေါ့´´ ဟုဆိုကြသည်။

ရန်ကုန်မြို့မှ ဆံပင်ညှပ်သူ တဦးက `အခုဟာက တော်တော် ဗြောင်ကျတယ်။ ယက်တောဟာ နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူရှိတယ်ဆိုရင်လည်း အဲဒီကြိုးကိုင်တဲ့သူဟာ နအဖ ပဲဖြစ်လိမ့်မယ်´ ဟုဆိုသည်။

အခြားသော နိုင်ငံရေးအမြင် ရှုထောင့်မှ ကြည့်သူများက ယခုလို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကိုမပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်အား အမေရိကန် အထက်လွှတ်တော် အမတ်တယောက်ကို ပေးသည့် အချက်သည် နအဖ အစိုးရက အမေရိကန်ကို မည်မျှ မျက်နှာလုပ်လိုသည်၊ မည်မျှ ကြောက်ရွံ့သည်ကို ပြသခြင်းဟု အနက်ဖွင့်နိုင်သည်ဟု ပြောဆိုကြသည်။

မည်မျှပင် သတင်းစာဆောင်းပါးများတွင် အမေရိကန်ကို ပုတ်ခတ်ရေးသားနေပါစေ တပ်မတော် ခေါင်းဆောင်တွေက အမေရိကန်အစိုးရကို အလေးထား ဆက်ဆံနေသည်မှာ ထင်ရှားသည်ဟု ဝေဘန်ပြောဆိုကြသည်။

http://moemaka.com/index.php?option=com_content&task=view&id=4687&Itemid=1

Tuesday, August 18, 2009

0 နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)တွင် မြန်မာစစ်အာဏာရှင်ခေါင်းဆောင်များအား စွဲချက်တင်နိုင်ရေး သုံးသပ်ချက်


Image Hosting by Picoodle.com
LwinAungSoe" (lwinaungsoe@gmail.com)မှရရှိပါသည်။

0 ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်လည်မှုကြီး

0 သံဃာတော်များ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

မျိုးချစ်သူ / ၁၇ သြဂုတ် ၂၀၀၉

ရန်ကုန်တွင် သံဃာအရေးအခင်း စတင်မည်ဟူသော သတင်းများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေပြီး လုံခြုံရေးများ ထပ်မံတိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။

“ကြားနေတာပဲ။ အဲဒီသတင်းကတော့ ထွက်နေတာ (၃) ရက်လောက်ရှိပြီ။ ရန်ကုန်မှာတော့ သံဃာအရေးအခင်းဖြစ်မှာကို ကြောက်နေတဲ့သူတွေ ရှိသလို ဖြစ်စေချင်သူတွေလည်း ရှိကြပါတယ်။ အရေးအခင်းဖြစ်ရင် စားဝတ်နေရေး ထိခိုက်မှာကို တွေးပူနေကြသူတွေရှိတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာမယ် စသဖြင့်ပေါ့ဗျာ” ဟု အဆိုပါအယ်ဒီတာက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ချထားသည်မှာ အဆိုပါသတင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာအေးဘုရားရှေ့ ဂိတ်ပေါက်တွင် တာဝန်ကျရဲတပ်သားတဦးက ပြောသည်။

“ကျနော်တို့ကို အထက်က အမိန့်ချတာပါ။ တာဝန်ကျတယ်ဆိုတာနဲ့ပဲ လာပြီးစောင့်နေတာပါပဲ။ တိတိကျကျ မပြောဘူး။ ဘာလို့ လာစောင့်ရတယ်ဆိုတာကို။ ဒါပေမယ့် ပါဠိတက္ကသိုလ်က ဘုန်းကြီးတွေ အခြေအနေကို စောင့်ကြည့်ပါဆိုတဲ့ စကားတခု ကိုတော့ ပြောတယ်” ဟု အဆိုပါရဲတပ်သားက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် ချထားသော လုံခြုံရေး ရဲတပ်သားများမှာ သေနတ်ကို အရန်သင့်အနေအထား ကိုင်ဆောင်ကာ သတိဆွဲကာ စောင့်နေကြခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ပုံစံမျိုးအတိုင်းပဲ၊ စောင့်နေတဲ့ပုံစံတွေက။ ဒါပေမယ့် ရဲတွေကိုလည်း အပြစ်ပြောလို့မရဘူး။ သူတို့ သိတာက သူတို့ကို ဒါလုပ်ပါလို့ပြောရင် လုပ်ရမှာကိုပဲ။ ဒါကြောင့် ရန်ကုန်က လူတွေဆိုရင် အစောင့်ချတဲ့ရဲတွေကို သနားလို့  ဆိုပြီး စားစရာတွေတောင် ၀ယ်ကျွေးတတ်ကြသေးတယ်” ဟု ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ အင်တာနက်ကဖေးဆိုင်တဆိုင်၏ တာဝန်ခံက ပြောသည်။

သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း မှတ်တိုင်တွင် သံဃာ အပါး (၃၀) ခန့်က သပိတ်ကိုယ်စီကိုင်ဆောင်ကာ ရပ်နေကြကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ခါတိုင်းရက်တွေက ဘုန်းကြီးတွေများတော့ များတယ်။ ဒီနေ့လိုတော့ မများဘူး။ လိုင်းကားတွေရပ်တဲ့မှတ်တိုင်မှာ ရပ်နေတာက ဆွမ်းခံဖို့သွားမှာမို့ ကားစောင့်တာလည်း ဖြစ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုပုံစံက အဲဒီလိုကို မဟုတ်တာ။ ပြီးတော့ ကျောက်ရေတွင်း ခုံးကျော်တံတားနဲ့ ခုံးကျော်တံတား အနီးပတ်လည်မှာလည်း သံဃာတွေကို တွေ့နေရတယ်။ အရင်နေ့တွေနဲ့ မတူတာတော့ အမှန်ပဲ” ဟု ကျောက်ရေတွင်း ခုံးကျော်တံတားအနီးတွင် တာဝန်ကျနေသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အရာထမ်းတဦးက ပြောပြသည်။

ရန်ကုန်တိုင်းအတွင်း ကျောင်းတိုက်များရှိ သံဃာတော်များကို အစိုးရဆန့်ကျင်မှုလုပ်ငန်းများတွင် ပါဝင်ပါက သံဃာများကို လူဝတ်လဲစေပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်မည်ဟု မြို့နယ်အာဏာပိုင်များကတဆင့် အကြောင်းကြားထားကြောင်း မယ်လမု ဘုရားအနီး ကျောင်းတိုက်တခု၏ ဆရာတော်တပါးက မိန့်ကြားသည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်အတွင်းရှိ ကျောင်းတိုက်များတွင်လည်း သံဃာတော်များကို အာဏာပိုင်များက အပြင်မထွက်ကြရန် တားမြစ်ထားကြောင်း မင်္ဂလာအေးကျောင်းတိုက်၏ ကျောင်းတိုက်တာဝန်ခံ ဘုန်းတော်ကြီးတပါးက မိန့်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အစိုးရက ဘုန်းတော်ကြီးကျောင်းများကို ယခုနှစ်တိုင် အထူးစောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းက ပြောသည်။

အဆိုပါကာလအတွင်း ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက ကြိုးတုပ်ဖမ်းဆီး ရိုက်နှက်ခဲ့သဖြင့် သံဃာတော်အားလုံးက သပိတ်မှောက်ကံဆောင်ခဲ့ကြသည်မှာ ယနေ့ထိတိုင် ကံသပိတ်မလှန်ရသေးပေ။ မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ (၄) သိန်းကျော်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်တစောင် အင်တာနက်များမှတဆင့် ပြန့်လွှင့်နေသည်။

အဆိုပါကြေညာချက်တွင် လာမည့် သီတင်းကျွတ်လဆန်း (၁၄) ရက်၊ (၂-၁၀- ၂၀၀၉)၊ နေ့လယ် (၁၂) နာရီနောက်ဆုံးထား၍ ဖမ်းဆီးထားသောသံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများကို စစ်အစိုးရအနေဖြင့် ၀န်ချတောင်းပန်ရန် တောင်းဆိုထားသည်။

တောင်းဆိုချက် (၂) ရပ်ကို မလိုက်နာပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များနှင့် ပြည်ပနိုင်ငံအသီးသီးရှိ သံဃာတော်များ ပူးပေါင်းကာ နအဖစစ်အစိုးရနှင့် အပေါင်းပါများအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့ဟူ၍ ဖော်ပြထားသည်။
http://www.khitpyaingnews.org/news/Aug09/170809b.php

Monday, August 17, 2009

0 " အမေ့ရဲ့ပုံပြင် "


တေးရေး - မောင်မောင်ဇော်လတ် + ( အယ်ဖြူ ) + မျိုးချစ်မြန်မာ ( ၁၉၉၂ တွင်ပေါင်းစပ်ရေးသားသည် )
အဆိုအတီး - မျိုးချစ်မြန်မာ နှင့် ကိုမိုး ( Lead Guitar )
သရုပ်ဆောင် - ပန်းသီး၊ ကျော်ကိုကိုနိုင်
VIDEO ရိုက်ကူးတည်းဖြတ်သူ - အောင်မင်း (DVB)
သီချင်းထုတ်လုပ်သူ - မျိုးချစ်မြန်မာ @ Myo Chit Myanmar HD Media Production. California, USA
VIDEO ထုတ်လုပ်သူ - သီတာသူ (DVB) @ Oslo, Norway
Special thanks to Ma Ma Thidar for helping us reforming our 17 years old dream,
also Ko Aung Min for doing all the works in a very short time given and Ko Pan Thee & Kyaw Ko Ko Naing for acting.

MC MMZL (LP)
--
လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

0 ပြည်သူလူထုကို စနစ်တကျ ကျွန်ဇာတ်သွင်းနေသူများ

စိုးနေလင်း

၁၉၆၂ ခုနှစ် ပထစ အစိုးရလက်ထဲကနေ ဗိုလ်နေ၀င်းက အာဏာသိမ်းယူပြီး တိုင်းပြည် စစ်အာဏာရှင်လက် အောက် ကျရောက်ခဲ့တဲ့ အချိန်ကတည်းက အာဏာသိမ်းစစ်အစိုးရတွေဟာ တိုင်းပြည်ကို သူတို့အုပ်ချုပ်ချင်တဲ့ ပုံစံ၊ ပြည်သူလူထုကို သူတို့ပုံသွင်းချင်တဲ့ ပုံစံအတိုင်းရအောင် စနစ်တကျဆောင်ရွက်ခဲ့ပါတယ်။ စစ်မဟာဗျူ ဟာလေ့လာရေးဌာနဆိုတာကို ဖွဲ့စည်းခဲ့တာဟာ အလကားမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ဆန့်ကျင်နှောက်ယှက်သူမရှိ နှစ်ပေါင်းများစွာ အုပ်စိုးသွားနိုင်ရေးအတွက် မဟာဗျူဟာကြီးတခုချမှတ်ဖို့ တည် ထောင်ခဲ့တာပါ။ လူထုကို ဘယ်လိုပုံစံသွင်းယူရမယ်ဆိုတာကို လေ့လာပြီး စနစ်တကျ တဖြည်းဖြည်း ပုံစံသွတ် သွင်းယူဖို့လုပ်ခဲ့တာပါ။ အခုအချိန်အထိ ဗိုလ်သန်းရွှေဦးဆောင်တဲ့ စစ်အုပ်စုလုပ်နေတာ၊ ချမှတ်ဆောင်ရွက်နေ တာတွေဟာ အဲဒီစစ်မဟာဗျူဟာလေ့လာရေးဌာနကြီးရဲ့ လေ့လာသုတေသနပြုချက်တွေကနေ ရယူချမှတ် ထားတာတွေပဲဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ ပြည်တွင်းသတင်းမီဒီယာတွေအားလုံးကို ထိန်းချုပ်ထားနိုင်သလို အာဏာ၊ ဘဏ္ဍာငွေ ကြေး၊ ၀န်ထမ်းအင်အားတွေကို ပုံအောအသုံးချနိုင်တဲ့ အားသာချက်ရှိနေတဲ့အတွက် သူတို့စီမံချက်ချမှတ် အ ကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။

နယ်ချဲ့အင်္ဂလိပ်အုပ်ချုပ်ရေးနဲ့ ဂျပန်ဖက်ဆစ်အုပ်ချုပ်ရေးစနစ်တွေကို တွေ့ကြုံဖြတ်သန်းဖူးသူတွေလည်း စစ် အာဏာရှင်ဗိုလ်ချုပ်တွေထဲမှာ ရှိခဲ့ကြတဲ့အတွက် နယ်ချဲ့အင်္ဂလိပ်ရဲ့သွေးခွဲအုပ်ချုပ်ရေးနဲ့ ဂျပန်ဖက်ဆစ်ရဲ့ အ ကြမ်းဖက် ညှင်းပန်းနှိပ်စက်အုပ်ချုပ်ရေး နည်းနာနှစ်ခုစလုံးကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲဖြစ်တယ်ဆိုတာ တွေ့ ရပါတယ်။ ပြည်သူလူထုက စစ်တပ်ကို သူတို့ရဲ့ကယ်တင်ရှင်၊ ကျေးဇူးရှင်တွေလို ယုံကြည်လာအောင် မြန်မာ နိုင်ငံတ၀ှမ်းလုံးမှာ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” ဆိုင်းဘုတ်ကြီးငယ်တွေ စိုက်ထူခဲ့ တာကို လူတိုင်းသတိရကြဦးမှာပါ။ မသိနားမလည်သူ၊ အသိပညာ အသိတရား ချို့ငဲ့ရှာသူတွေ စိတ်ထဲမှာ တ ကယ်ပဲ ဟုတ်နိုးနိုးနဲ့ တစတစ ယုံကြည်လက်ခံလာအောင် စိတ်ဓာတ်ရေးရာအရ ထိုးနှက်တိုက်ခိုက်မှု တခုပါပဲ။

ဒါကို သိနားလည်ထားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုးတက်တဲ့ကျောင်း သားတွေ၊ ပြည်သူတွေက “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင်အဖ” ဆိုပြီး တန်ပြန်ဆန့်ကျင် စည်းရုံးနိုင်ခဲ့ ကြလို့သာ ပြည်သူလူထုကြားမှာ အဲဒီအတွေးအခေါ် စွဲမြဲနေရာယူလို့ မရခဲ့တာဘဲဖြစ်ပါတယ်။ စစ်တပ်ထုံးစံအ တိုင်း “ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုတဲ့စကားကို တွင်တွင်သုံးပြီး ပြည်သူ့ဝန်ထမ်း တွေကို “ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ အမိန့်ပေးစေခိုင်းမှုမျိုးတွေကို နာခံတတ်လာအောင် အစိုးရဌာနတိုင်း မှာ ကျင့်သုံးလာခဲ့ပါတယ်။ မဟုတ်မခံစိတ်ရှိသူတွေ၊ အငြင်းပွား ပြန်လှန်ပြောဆို မေးခွန်းထုတ်လေ့ရှိသူတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေး၊ ပညာပြ စိတ်ဆင်းရဲအောင်လုပ်ပြီး (ဦးကျိုးသွားအောင်လုပ်ပြီး) ဘယ်လိုအမိန့်အာ ဏာမျိုးကိုမဆို မေးမြန်းစစ်ဆေးမှုမရှိ နာခံတတ်တဲ့ ၀န်ထမ်းတွေဖြစ်အောင် ပြောင်းလဲဖျက်ဆီးပစ်ခဲ့တာကို လည်း အထင်အရှား တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

ထိပ်ဆုံးပိုင်း အုပ်ချုပ်ရေးအာဏာပိုင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး၊ ၀န်ကြီး၊ တိုင်းမှူး၊ ၀န်ကလေးတွေက အစ ကိုယ် ကျိုးစီးပွားအဓိကနဲ့ လာဘ်ပေးလာဘ်ယူတွေ လုပ်နေကြတဲ့အတွက် အလယ်အလတ်အဆင့် အောင်ခြေအဆင့် ၀န်ထမ်းတွေကပါ အတုယူလိုက်လုပ်ကြရင်း အကျင့်ပျက်ဝန်ထမ်းတွေ တစစ များပြားလာတာကြောင့် နောက် ပိုင်းမှာ မြန်မာနိုင်ငံမှာ ဘယ်ကိစ္စကိုမှ လာဘ်မပေးဘဲ အဖြောင့်လုပ်လို့မရအောင် ဖြစ်လာခဲ့တာ ကာလရှည် ကြာခဲ့ပါပြီ။

တိုင်းပြည်ရဲ့ အခြေခံစီးပွားရေးစနစ်ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိသလို အပေါ်ထပ် အဆောက်အအုံဖြစ်တဲ့ နိုင်ငံရေးစနစ်ကိုလည်း နားလည်ကျွမ်းကျင်မှုမရှိတဲ့အတွက် တခြားပညာရေး၊ ကျန်းမာ ရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေအားလုံးမှာပါ ချို့ယွင်းအားနည်း ပျက်စီးလာခဲ့တာလည်း ခုချိန်ထိပါပဲ။ တပြိုင် နက်တည်းမှာ အမျိုးမျိုးဖိနှိပ်ခြယ်လှယ်တာ လူ့အခွင့်အရေးချိုးဖောက်ခံလာကြရတဲ့ ကျောင်းသားကျောင်းသူ တွေနဲ့ ပြည်သူလူထုကြားမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လိုစိတ်တွေ ပေါ်ပေါက်လာ၊ နိုင်ငံရေး ဘက်ကို စိတ်ဝင်စား တိမ်းညွှတ်လာမှာ စိုးရိမ်ပြီး လောင်းကစားနဲ့ စရိုက်ပျက် အကျင့်ဆိုးတွေ လုပ်ဆောင်လာ ကြရအောင် လမ်းဖွင့် အခွင့်အရေးပေးလာတဲ့အတွက် တိုင်းပြည်တွင်းမှာ သေးသေးမွှားမွှားကနေ ကြီးကြီးမား မားအထိ လောင်းကစားနည်းပေါင်းစုံပေါ်ပေါက်လာခဲ့သလို တခြားအကျင့်ပျက်မှု၊ ယဉ်ကျေးမှုအရ ဖောက်လွဲ ဖောက်ပြန်ဖြစ်မှုတွေပါ ဖွံဖြိုးအားကောင်းလာခဲ့တာကိုလည်း မျက်စိ၊ နားဖွင့်ထားကြသူတွေအားလုံး အသိပဲဖြစ် ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် သတင်းအားလုံးကို အမှောင်ချထားခဲ့ပြီး သူတို့ရဲ့ ဟန်ပြအတုအယောင် လုပ်ဆောင်ချက်တွေ၊ အလိမ်အညာတွေကိုသာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ပြသနေ တဲ့အတွက် စစ်အစိုးရပြောသမျှ လုပ်သမျှအားလုံး အလိမ်အညာတွေအဖြစ် သဘောထားပြီး ဘာကိုမှ လက်ခံ ယုံကြည်မှုမရှိတော့တဲ့သူတွေလည်း ပြည်ပမှာသာမက ပြည်တွင်းမှာပါ တစစ များပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါ ပေမယ့် စစ်အစိုးရကတော့ လက်နက်၊ အာဏာနဲ့ သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ်ရေးယန္တရားကို အသုံးချပြီး သူတို့လုပ် ချင်တာအားလုံးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။ ပြည်သူလူထုကို လည်း အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူတို့လိုချင်တဲ့ ပုံစံကိုရအောင် သွတ်သွင်းနေဆဲပဲဖြစ်ပါတယ်။ ကျနော် ရဲ့ဆောင်းပါးတချို့မှာ ရေးသားတင်ပြခဲ့ပြီးဖြစ်သလိုပဲ စစ်အာဏာရှင်တွေဟာ ပြုပြင်လို့မရအောင် ကမ်းကုန် နေသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က ထင်ပါတယ်။ အင်တာနက်စာမျက်နှာတချို့မှာ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ ရှာဖွေဖတ်ရှုနေရင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာနိုင်ငံက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတယောက် သွား ရောက်ခဲ့တုန်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို သွားရောက်လည်ပတ် ဆုံးမသြ၀ါဒပေးနေတဲ့ သတင်း ဓာတ်ပုံတချို့ကို မြင်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးက ဆိုဖာကြီးပေါ်မှာအကျအနထိုင်ပြီး သံရုံးဝန်ထမ်းကြီးငယ်တွေ က ကြမ်းပြင်ပေါ်မှာ ပုဆစ်ဒူးတုပ် ရှစ်ခိုးကန်တော့နေကြတဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ရတဲ့အတွက် ရင်ထဲမှာ ရုတ်တရက် နာကျင်ခံစားလိုက်ရသလို စိတ်မကောင်းလည်း အကြီးအကျယ် ဖြစ်သွားမိခဲ့ပါတယ်။ စစ်အာဏာ ရှင်တွေဟာ မြန်မာပြည်သူလူထုတရပ်လုံးကို လုံးဝခေါင်းမော့မကြည့်ရဲအောင် ကျွန်ဇာတ်သွင်းနေပါပေါ့လား လို့ တွေးလိုက်မိလို့ပါပဲ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ မြန်မာပြည်အနှံ့အပြား ဘယ်နေရာကို သွားလိုက်သွားလိုက် ကြိုဆိုနှုတ်ဆက် ရသူတွေအားလုံးက လက်အုပ်ကလေးတွေချီပြီး နှုတ်ဆက်စကားပြောဆိုရတာကို တွေ့နေခဲ့ရတာကတော့ ကြာပါပြီ။ သူတို့ တိုင်းပြည်အာဏာကို မတရား သိမ်းယူလိုက်ခါစကတည်းကပါ။ တကယ်တော့ အဲဒီလို လက် အုပ်ချီ ကန်တော့နှုတ်ဆက်တာဟာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ မဟုတ်ပါဘူး။ မြန်မာလူမျိုး တွေရဲ့ယဉ်ကျေးမှုမှာ လူကြီးမိဘ ဆွေမျိုးသားချင်း သက်ကြီးရွယ်အိုတွေကို သီတင်းဝါလကျွတ်တဲ့ အချိန်အခါ လိုမျိုးမှာ လှူဖွယ်ဝတ္ထုပစ္စည်းလေးတွေနဲ့ အရိုအသေပြု ကန်တော့ကြတာမျိုးပဲရှိပါတယ်။ ကိုယ်က သွားရောက် တွေ့ဆုံနှုတ်ဆက်ရတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်ဆီကို လာရောက်လည်ပတ်တာမျိုးပဲဖြစ်ဖြစ် ရဟန်းသံဃာတော်တွေ ကလွဲလို့ လက်အုပ်ချီကန်တော့ နှုတ်ဆက်စကားပြောရတာမျိုး မရှိခဲ့ပါဘူး။ မြန်မာ့ယဉ်ကျေးမှုလည်း မဟုတ်ပါ ဘူး။

လူတယောက်နဲ့ တယောက်တွေ့ရင် လက်အုပ်ချီနှုတ်ဆက်တဲ့ ယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုပါ။ ‘ဝေ’ လို့ ထိုင်းလိုခေါ်တဲ့ နှုတ်ဆက်ပုံစံပါ။ နှုတ်ဆက်စကားက ‘ဆ၀ပ်ဒီး’ ဆိုတဲ့စကားပါ။ ဗမာလို တော့ ‘မင်္ဂလာပါ’‘နေကောင်းတယ်နော်’ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ ယောင်္ကျားဆိုရင် ‘ခပ်’ မိန်းမဆိုရင် ‘ခါး’ ဆိုတဲ့ ဗမာလို ‘ခင်ဗျ’ ’ရှင့်' ဆိုတဲ့ စကားကို နောက်ကကပ်ပြီး ပြောလေ့ရှိပါတယ်။ ထိုင်းလူမျိုးတွေ ဘယ်လိုအဆင့်အ တန်းက လူပဲဖြစ်ဖြစ် ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အဲဒီလိုနှုတ်ဆက်လေ့ရှိပါတယ်။ ဘာအဆင့်အတန်း ခွဲခြားမှုမှမရှိပါဘူး။ အပြန်အလှန် နှုတ်ဆက်ကြတာပါ။

ခု ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်ဆိုတဲ့သူတွေလုပ်နေတဲ့ပုံစံကတော့ သူတို့က အကန်တော့ခံပါ။ အရိုအသေ ပြုခံပါ။ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ သံရုံးဝန်ထမ်းကြီးငယ်က စစ်ဗိုလ်ချုပ်တွေကို ပုဆစ်ဒူးတုပ်ရှစ်ခိုးရပြီး စစ်ဗိုလ်ချုပ်တွေက အကန်တော့ခံ၊ ပြီးတော့မှ ဆုံးမသြ၀ါဒပေးပေါ့လေ။ ဒီအပြုအမူ ဆက်ဆံရေးကို ပေါ့ပေါ့ဆ ဆ စဉ်းစားလို့မဖြစ်ပါဘူး။ ယဉ်ကျေးမှုကန့်လန့်ကာ၊ ဘာသာရေးအဆုံးအမ ဆင်ခြေဆင်လက်တွေကိုလည်း လက်ခံလို့မဖြစ်ပါဘူး။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ဖို့ ကြိုးစားတာပဲဖြစ်ပါ တယ်။ စစ်ဗိုလ်ချုပ်တွေကို ရှင်ဘုရင်လိုမြင်လာအောင် ပြည်သူလူထုတွေနဲ့ ၀န်ထမ်းတွေက ကိုယ့်ကိုယ်ကို သူ တို့ပေးစာကမ်းစာကို စားသုံးရှင်သန်နေကြရတဲ့၊ သူတို့ကို အလုပ်အကျွေးပြုရမယ့် ကျေးကျွန်တွေအဖြစ် သိမ် ငယ်စိတ်ဝင်လာအောင် လုပ်တာပဲဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွအနေနဲ့ ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ထားရမှာက ကိုယ့်ကို ထမင်း ကျွေးနေတဲ့သူဟာ ထမင်းရှင်ဟာ ပြည်သူလူထုကြီးဖြစ်တယ်။ ကိုယ်အလုပ်အကျွေးပြုရမှာက ပြည်သူလူထုကြီးဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပြီး တပြိုင်နက်တည်းမှာ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အစေခံသာဖြစ်တယ်။ အစိုးရတရပ်က ကိုင်စွဲထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်စလုံးရဲ့ မူ လအစပိုင်ရှင်ဟာ ပြည်သူလူထုကြီးသာဖြစ်တယ်။ အဲဒီအာဏာတွေကို ပြည်သူလူထုကြီးက ကြည်ကြည်ဖြူဖြူ တရားဝင်ပေးအပ်ထားတာ မဟုတ်ဘဲ အတင်းအဓမ္မ သိမ်းပိုက်ရယူထားတဲ့ အစိုးရတရပ်ဟာ တရားမ၀င် အစိုး ရသာဖြစ်တယ်။ အာဏာကိုလုယူထားတဲ့ သူခိုးဓားပြသာဖြစ်တယ်ဆိုတာကို အသေအချာ ယုံကြည်လက်ခံ ထားကြဖို့လိုပါတယ်။ သူခိုးဓားပြတွေကို ဒီလောက် အရိုအသေ ပေးနေစရာမလိုပါဘူး။ အရိုအသေ ပေးနေကြ ရပြီဆိုရင်လည်း ဘုရားကားအောက် မျောက်ကားအထက် ဆိုသလိုဖြစ်နေမှာပါပဲ။

ပြည်သူလူထုဟာ တိုင်းပြည်အတွက် အခွန်ပေးဆောင်နေကြရတဲ့ သူတွေဖြစ်တဲ့အတွက် ဘယ်လိုလုပ်ငန်းမျိုး အဆင့်မျိုးဖြစ်ပါစေ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတယောက်ပဲဖြစ်ပါတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း ပြည်သူလူ ထုကို အလုပ်အကျွေးပြုနေသူတွေဖြစ်တဲ့အတွက် ဘယ်အဆင့်ဝန်ထမ်းပဲဖြစ်ပါစေ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ဝန် ထမ်းပဲဖြစ်ပါတယ်။ အဲဒီလိုယုံကြည်ထားကြရမှာဖြစ်ပြီး ကိုယ့်အထက်တာဝန်ရှိပုဂ္ဂိုလ်တွေကို ဆက်ဆံပြောဆို တဲ့အခါ လိုအပ်တဲ့ အရိုအသေပေးမှုကလွဲပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပျပ်ဝပ်ခယနေစရာမလိုပါဘူး။ ရာထူး အဆင့်အရ ဘယ်လောက်ပဲ ကွာခြားပါစေ တကယ်ကတော့ လူသားချင်း ဆက်ဆံကြတာသာဖြစ်ပါတယ်။ ကျီး ဘုတ်ရိုသေ ဘုတ်ကျီးရိုသေဆိုသလို တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှုရှိဖို့သာ အရေးကြီးပါ တယ်။ အထက်ဆင့်အရာရှိပဲဆိုပြီး ကိုယ်ကိုယ်တိုင်ကိုသာမက ကိုယ့်မိသားစုဝင်တွေကိုပါ အစေအပါး ကျေး ကျွန်တွေလို သဘောထားခိုင်းစေတာမှန်သမျှ လုပ်ပေး၊ ပြောသမျှခံဖို့ ဘယ်ပြည်သူမှာမှ ဘယ်ပြည်သူ့ဝန်ထမ်း မှာမှ တာဝန်မရှိပါဘူး။

စစ်အာဏာရှင်အစိုးရရဲ့ ကျွန်ပြုဖို့ ပုံစံချသွတ်သွင်းလာတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီညွတ်တဲ့ ချိုးနှိမ်မှုပုံစံ အရို အသေပြု ခိုင်းစေတာတွေကို အာခံဆန့်ကျင်ပစ်ကြဖို့ လိုအပ်ပါလိမ့်မယ်။

စိုးနေလင်း

ဒေါက်တာလွမ်းဆွေဘလောက်မှ

Sunday, August 16, 2009

0 U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ်လေတပ်စခန်းသို့ရောက်ရှိ




U.S.SenatorJimWebbeeနဲ့Yettawတို့ယနေ့(August16,2009)က ထိုင်းနိုင်ငံအခြေစိုက် စစ်လေတပ်စခန်းသို့ရောက်ရှိလာသောဓာတ်ပုံများ

မစ္စတာယက်တောဟာအခုဆိုရင် အမေရိကန်လွတ်တော်အမတ်နဲ့အတူပြည်တော်ပြန်ခရီးကိုစတင်နေပါပြီ။
သူ့ကိုအင်းစိန်ထောင်အတွင်းကနေအမေရိကန်သံရုံးကားနဲ့သွားရောက်ခေါ်ထုတ်ခဲ့ပြီးလွတ်တော်အမတ်
ဂျွန်ဝက်ဘ်နဲ့အတူအမေရိကန်နိုင်ငံသို့ပြည်တော်ပြန်ပြီဖြစ်ပါတယ်။

ကျနော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတော့ယခုအချိန်ထိလွတ်ပေးဖို့ရာအရိပ်အရောင်မပြသေးပါဘူး
ပြည်သူအများကတော့ဒေါသထွက်နေပါပြီ။ ကိုယ့်အိမ်ထဲကို မပင့်မဖိတ်ရောက်လာသူကတော့ လွတ်မြောက်သွားပါပြီ။
ကိုယ့်အိမ်ထဲကိုယ်နေပြီး တော့ ပြဿနာတက်သွားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့
လွတ်မြောက်ခွင့်မပေးနိုင်တာဟာ ယုတ်ညံ့လှတဲ့ကိုယ့်အမျိုးသားအချင်းချင်းကို နေရာမပေးနိုင်တဲ့
စစ်အာဏာရှင်တို့ရဲ့လုပ်ရပ်ဖြစ်ပါတယ်။

0 ဗိုလ်ချုပ်မှူးကြီး၏ အဓိပ္ပာယ်မဲ့ မဟာကရုဏာတော်

ပြီးခဲ့သည့် အင်္ဂါနေ့က နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်လိုက်သည်။ ဒေါသများကို ထိန်းထားကြပါဦး။ အဘယ်ကြောင့် ဆိုသော် အထက်က မဟာကရုဏာတော်များ ချက်ချင်းဆိုသလို ယိုဖိတ်ကျဆင်း လာခဲ့သောကြောင့် ဖြစ်သည်။

တရားသူကြီးများ ပြင်းထန်စွာ ချမှတ်ထားသည့် ပြစ်ဒဏ်နှစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင်၍ ထက်ဝက် လျှော့ချပေး လိုက်သည်။ ထိုမျှသာ မကသေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲတွင် မနေစေဘဲ အိမ်ပြန်နေခွင့် လည်း ပေးခဲ့ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျေးဇူးတော် အနန္တပင် မဟုတ်ပါလော။

တရားရုံးက ဆုံးဖြတ်ချက်ကို ဖတ်ကြားပြီးသည့် ခဏတွင်းမှာပင်၊ ကယ်တင်ရှင် နတ်မင်းကြီး တပါးအလား ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တရားရုံးအတွင်းသို့ ၀င်လာခဲ့သည်။ သူက စစ်အစိုးရ၏ ထိပ်သီးအကြီးအကဲ ဗိုလ် ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို ၀င်ရောက် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်တွင် ဒေါ်အောင်ဆန်း စုကြည် ကို အဘယ်ကြောင့် သက်ညှာ ဆုံးဖြတ် ရသည်ဆိုသည့် အကြောင်းရင်း ၄ ချက်လည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေခြင်း၊ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကျိုးကိုရှေ့ရှုလိုခြင်း၊ အာဃာတ တရားများ မထားစေ လိုခြင်းနှင့် ဒီမိုကရေစီသို့ သွားရာ ခရီးလမ်းတွင် အနှောင့်အယှက် မဖြစ်စေလိုခြင်း တို့ကြောင့် ယခုကဲ့သို့ သက်ညှာခြင်း ဖြစ်သည့်ဟူ၍ ပြည်ထဲရေးဝန်ကြီးက ဖတ်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တ၀က်လျှော့ချရုံမျှမက ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ်အဖြစ်သာ ကျခံစေရန် လျှော့ပေါ့စဉ်းစားပေးသည်ဟုလည်း ဆိုသေးသည်။ သနား ကရုဏာများက ဤမျှနှင့် မပြီးသေး။ ပြစ်ဒဏ်ကျခံစဉ် အချိန်အတွင်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာ ခွင့်ပင် ခံစား ရနိုင်ဖွယ်ရှိသေးကြောင်း ပါဝင်သေးသည်။

နေအိမ်အကျယ်ချုပ် ကျခံစဉ် လိုက်နာရမည့် စည်းမျဉ်းများတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကျန်းမာရေးအတွက် ဆရာဝန်နှင့် ပြသ စစ်ဆေးကြည့်ရှုနိုင်ခွင့် ရရှိမည့်အပြင်၊ တခြား ဧည့်သည်များနှင့်လည်း တွေ့ဆုံနိုင်မည်၊ အစိုးရက ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းများလည်း ရရှိနိုင်ဦးမည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သနားကြင်နာမှုကို ခံစားကြရဦးမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြသည့် ထို အမျိုးသမီး နှစ်ဦးသည် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကျူးကျော် ဝင်ရောက်လာသည်ကို လက်ခံခဲ့မှု၊ နေထိုင်ခွင့် ပေးခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အလားတူ စွပ်စွဲခံထားကြရသူများ ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်များကိုလည်း တ၀က် လျှော့ပေါ့ပေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ်သာ ကျခံရမည် ဖြစ်သည်။ ဂျွန် ဝီလျံ ယက်ထော ကတော့ ကံမကောင်းသူ ဖြစ်သည်။ သူ့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် အပြစ်ဒဏ်ချမှတ်လိုက်သည်။

ယခု တရားရုံး ဆုံးဖြတ်ချက်အပေါ်တွင် ဗိုလ်ချုပ်မှူးကြီး ၀င်ရောက်စွက်ဖက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူနှင့် သူ၏ စစ်အစိုးရကို နိုင်ငံတကာက ပြစ်တင်ဝေဖန်လာမည့် အရေးအား ရှောင်လွှဲခြင်း ဖြစ်ပုံရသကဲ့သို့၊ ဟန်ပြ တရားခုံရုံးများက အပြစ်မဲ့ လူတဦးကို ထောင်ချ ပြစ်ဒဏ်ပေးနေသည်ကို ဝင်ရောက် ကယ်တင်ပေးသည့် သနားကြင်နာစိတ် ကြီးမားသော ခေါင်းဆောင်များဟု အထင်ခံချင်ပုံလည်း ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အပြစ်မရှိပါဘဲလျက် လွန်ခဲ့သည့် အနှစ် ၂၀ ကာလအတွင်း ၁၄ နှစ်ကျော်နေအိမ်အကျယ် ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ အကြောင်းမှာ မြန်မာစစ်ဗိုလ်ချုပ်များက သူ့ကို ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံးသောသူ တဦးအဖြစ် ယူဆထားရုံမက လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပရန် ကြံရွယ်ထားသည့် ရွေးကောက်ပွဲကို ဖျက်ဆီး နိုင်စွမ်းရှိသည်ဟူ၍လည်း ယူဆထားသောကြောင့် ဖြစ်သည်။

မေလက ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်စစ်ဆေးခဲ့စဉ် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်ခြေ ရှိသည်ဟု ယူဆခဲ့ကြသည်။

မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးသည့်တိုင် ဆက်လက် ချုပ်နှောင် ထားလိုကြသည်။ ယခု ၁၈ လ အပြစ်ဒဏ်သည် သူတို့လိုချင်သည့် ရည်ရွယ်ချက် ပြည့်မြောက်စေမည့် အတိုင်း အတာဖြစ်ရုံမက တရားရုံး၏ ဆုံးဖြတ်ချက်ကို ငဲ့ညှာသနား၍ လျှော့ပေါ့ပေးသယောင်လည်း မြင်စေမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်မယူနိုင်စေရန် အပိုဒ်တခု ထည့်သွင်းပြဌာန်း ထားခဲ့သေးသည်။ ပုဒ်မ ၅၉ တွင် ပြဌာန်း ထားသည့် သမ္မတနှင့် ဒု - သမ္မတတို့၏ အရည်အချင်းများတွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တဦးဦး သော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရများ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်း တပါး၏ နိုင်ငံသား များ မဖြစ်စေရ” ဟု ပြဌာန်းထားသည်။

ဤပုဒ်မအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် နေရာမယူနိုင်ရန် အလိုအလျောက် တားမြစ်ထားပြီး ဖြစ် သည်။ အကြောင်းမှာ သူက ကွယ်လွန်လေသူ ဗြိတိန်ပညာရှင်တဦး၏ ဇနီးသည် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသားမဟုတ်သည့် သားနှစ်ဦး၏ မိခင်ဖြစ်နေသည့် အတွက်ကြောင့်ပင်။

စစ်ဗိုလ်ချုပ်များအတွက် ဤမျှနှင့် လုံလောက်ပုံ မရသေးဘဲ ယခုကဲ့သို့သော လှည့်ဖျားအမှုဆင် ပြစ်ဒဏ် ချမှတ်ထား၍ နိုင်ငံရေး အ၀န်းအ၀ိုင်းအတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရမ၀င်နိုင်စေရန် ထပ်မံတားမြစ်လိုက်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ (၁၂၁) တွင် ပြစ်မှုတခုခုကို ကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင် ခြင်းခံရပြီး ထောင်ဒဏ်ကျခံနေရသူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေ ရဟု ဆိုထားပြန်သည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သည့်အခါမျှ ရွေးကောက်ပွဲဝင်နိုင်ရန် လမ်း မမြင်တော့ပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ “ကဲ... ဒေါ်အောင်ဆန်းစုကြည်ရေ .. ရွေးကောက်ပွဲပြီးတော့မှ ပြန်တွေ့ကြတာပေါ့၊ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်ထဲမှာတော့ တွေ့နိုင်စရာ မရှိပေဘူး” ဟု ပြောနေပေလိမ့်မည်။

ကျော်စွာမိုးရေးသားသည့် Than Shwe’s ‘Mercy’ is Meaningless ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။(ဧရာဝတီ)

0 အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများမနေ့က နေပြည်တော်မှာ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့တွေ့ဆုံခဲ့ကြောင်း ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါတွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက်
၃ခုတောင်းဆို ခဲ့ပါတယ်။
မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှုရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့

၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည်
Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့်ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်းပေးပို့သော ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

4 ဓါတ်ပုံ နှစ်ပုံ ကို ယှဉ်ကြည့်ပါ။


ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက် ကိုစကားပြောနိုင်တယ်။ အရည်အချင်း တွေ ကဒီလို ကွာတာ။

(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ... တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကို...
သူ ကမတတ်တော့ english လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင် နိုင်ငံတကာ ကဘာပြောပြော သူ ဂရုမစိုက်တာ..

0 ဆိပ်ကမ်းသာလမ်း၊ စသုံးလုံး စစ်ကြောရေးစခန်း ၏ဖြစ်ရပ်မှန်

သံစဉ်မြင်ကွင်း

လျှပ်တပြက်၊ သြဂုတ် ၁၅၊ ၂၀၀၉


ယာဉ်ကြောတွေအကြား စူးစူးဝါးဝါး

သူနာတင်ယာဉ် အချက်ပေးသံ၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့က ပုံရိပ်

နောက်မှာလည်း ဌာနဆိုင်ရာ အစိမ်းရောင်ကားတစ်စီး။ မြင်ကွင်း ကို တိုးဝှေ့စပ်စုမိရဲ့

ဟာ ... ထမ်းစင်လှည်းနဲ့ မအပ်စပ်သော ရုပ်ရည်နုနယ် မိန်းမငယ်လေး နှစ်ဦး မဆွေနဲ့ မခိုင် တဲ့.

အလုပ်က ၁၀၆ လမ်း၊ အလှပြင်ဆိုင် နန်းဧပရယ်က အလုပ်သမ

ဖြစ်ပျက်ခဲ့တာ ဆိပ်ကမ်းသာလမ်း၊ စသုံးလုံး စစ်ကြောရေးစခန်း

တာဝန်ကျဆရာဝန်၏ ကြည်လင်ပြတ်သားတဲ့အသံ၊ (ဘယ်မှာလဲ ရဲဆေးစာ)

သမရိုးကျမဟုတ်သော အနာတရ/ရာဇ၀တ်မှုမြောက်သော ပြုလုပ်မှု ဆိုလား

လူအုပ်ကြားက ညှင်းသဲ့သဲ့အသံ၊ စသုံးလုံးက ဦးစီးအရာရှိ ဇော်ဝင်းပါ၊ ကျွန်တော်တို့ရဲ့ ဒုညွှန်ချုပ် ဦးရဲမြင့်

စေခိုင်းချက်အရ စစ်ဆေးရင်း နဲနဲ လက်လွန်သွားလို့ ကူညီပါနော်။

သြော် ... ရာဇ၀င်လူဆိုးကြီးလား ၊ လူသတ်မှုကို ကျူးလွန်ပြီလား ၊ ဘ၀ခရီးကြမ်းကို ပူလောင်စွာဖြတ်သန်းနေ သူလား၊ တွေးတောရင်း .

မိန်းမကြီးတစ်ယောက်ရဲ့ ငိုညီးသံ၊ သမီးလေးက ရိုးရိုးသားနဲ့ ကျွန်မ မုဆိုးမအိုကြီးကို လုပ်ကျွေးနေတာပါ ..

အလုပ်ရှင်လည်းမဟုတ် ပြစ်မှုကျူးလွန်ခဲ့တာလည်းမဟုတ် စွပ်စွဲခံရတာလည်းမဟုတ်

ပြစ်မျိုးငယ်ထင်ရက်စရာ ရှိပါရဲ့လား .. ကြည့်ကြပါဦး အရပ်ကယ်တို့ (ကယ်ကြပါဦး)

0 အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်များ အားအကောင်အထည် ဖေါ်ခြင်း သတင်း ထုတ်ပြန်ချက်

0 ကြောက်လို့မဟုတ်ဘူးကွ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စည်းကမ်းချိုးဖေါက်သည် ဟုစွပ်စွဲပြီး တရားစွဲဆိုထားသည့်အတောအတွင်… နအဖ အကြီးအကဲ များ ဆွေးနွေးပွဲတခုမှာ--

ဗိုလ်ချူပ်မှူးကြီး- - “ဟို မိန်းကလေးကို ထောင်ခြောက်နှစ်ချလိုက်”

ဗိုလ်ချုပ်ကြီး- -- - “ ဟာ… ရွေးကောက်ပွဲပြီးရင်းပြန်လွတ်လို့ရတာ ဘဲ၊ တနှစ်ခွဲလောက်ဆို လုံလောက်မယ်ထင်တယ်၊ သိပ်များလွန်းးရင် လည်း ဟိုဟိုဒီဒီက ဝေဖန်တာတွေ၊ ဖိအားဆိုတာ တွေကလာနေအုံး မယ်၊

ဗိုလ်ချုပ်မှူးကြီး- - “ အပြစ်မထင်ရှားတုန်းကတောင်မှ ငါးနှစ်တို့ ခြောက်နှစ်တို့ ချခဲ့တာဘဲကွာ။ ဟိုအော်-ဒီအော် အော်နေတဲ့ကောင် အကောင်တွေ ဘာတတ်နိုင်လို့လဲ…. အခုဟာက အပြစ် ထင်ရှား တယ်လို့ပြောလို့ရပြီဘဲ….. ဘာဂရုစိုက်စရာမှတ်လဲ။ သူ့ကိုအချုပ်ချ ထားပြီး တိုင်းပြည် ကို ငါအုပ်ချုပ်လာတာ အနှစ် ၂၀ ကျော်လာပီ…. ဂရုစိုက်မနေနဲ့ ……. ချပစ်လိုက်“။

ဗိုလ်ချူပ်…- - “ ဟာ.. စဉ်းစားပါအုန်း ဘ ဘ… ဟိုအမေရိကန် ကောင်ကလဲ ပါနေရသေး တယ်မဟုတ်လား..”

ဗိုလ်ချူပ်မှူးကြီး- - “ အေး…. ဒါဆိုလည်း ကြည့်ချလိုက်…..ပြီးရင် သူ့အိမ်မှာ ပြန်ပို့ထားလိုက် အရင်ကလိုဘဲ နေပလေ့စေ.. ဟိုဖိအား ဒီဖိအားတွေကို ဘာ ဂရုစိုက်စရာ မှတ်လို့…”

ဒေါ်အောင်ဆန်းစုကြည်အားအမိန့်ချမှတ်ပြီး နောက်တစ်ရက်တွင်..

ဗိုလ်ချူပ်ကြီး- - “ အမေရိကန် ဆီနီတာ ဂျင်မ်ဝက် လာဖို့ သေချာ ပြီတဲ့…. မှူးကြီးနဲ့တွေ့မယ် ပြောတယ်… ဟို မိန်းကလေးနဲ့လည်း တွေ့ ချင်တယ်ဆိုဘဲ…. ”

ဗိုလ်ချူပ်မှူးကြီး- - “ ဟေ… ဟုတ်လား…. တွေခွင့်ပေးလိုက်….” ပါးစပ်.. မနှေးနဲ့ …… ယက်ထောကိုလဲ ခေါ်ချင်ရင်.. ပြန် ခေါ်သွားလို့ ပြောလိုက်… မိန်းကလေးကို လွတ်ပေး ဖို့ပြောရင်တော့ အချိန်ဆွဲ… အဲ..အဲ..”

ဗိုလ်ချုပ်- - “ဘ ဘ ကလည်းဗျာ… ဘန်ကီးမွန်းလာတုန်းကတောင်မှ ဟိုမိန်းကလေးနဲ့ တွေ့ခွင့်မပေးဘဲ သူ့ကျမှ တွေ့ခွင့်ပေးလိုက်တော့…အဲ….ဟို….”

( ဗိုလ်ချုပ်မှူးကြီးမှာ ချက်ဆို နားခွက်ကမီးတောက်သူပီပီ ဆက်ဒမ်ဟူ စိန်ကို ပြေးမြင်မိလိုက်သည်)

ဗိုလ်ချုပ်မှူးကြီး- - “ ဟိုတွေ ဒီတွေ လုပ်မနေနဲ့…. ဟိုကောင်တွေ က.. တို့ထက် မိုက်တယ်.. မောင်..။ ကြားဖူးတယ်မဟုတ်လား…အဲ.. ဟို.. အသက်ကိုဥာဏ်စောင့်ဆိုတဲ့ စကားပုံကို လေ…”

၁၅-၀၈-၂၀၀၉

0 Senator Wins Release of US Prisoner in Myanmar



The office of Virginia Senator Jim Webb says he's won the release of a U.S. prisoner in Myanmar and met with detained democracy leader Aung San Suu Kyi. (Aug. 15)
AssociatedPress

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.