Saturday, September 12, 2009

0 ဦးဝင်းတင် ပြန်လွတ်လာပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲတပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် တပင်ရွှေထီလမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာတိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိနေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။

နှလုံးခုန်စက် ထဲ့ထားရသူ သတင်းစာ ဆရာဟောင်းကြီးသည် ဝါရှင်တန်ပို့စ် သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့က An 'Election' Burma's People Don't Need မြန်မာလူထုတို့ မလိုသည့် ရွေးကောက်ပွဲ ဟူသော ခေါင်းစဉ်ဖြင့် စစ်အစိုးရက ကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆောင်းပါး တပုဒ်ကို ရေးသားခဲ့သည်။

စစ်အစိုးရက အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို လူ ၁ သိန်း ၃ သောင်းကျော် သေကြေခဲ့သော နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် အတည်ပြုပြီး ဆက်လက်၍ ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရန် ဦးဝင်းတင်က တောက်လျောက် တောင်းဆိုထားသည်။

သူ၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခု နိုဝင်ဘာလကမှ လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

အနစ်နာခံ စွှန့်လွှတ်ဝံသူဟု လူငယ်များအကြားနှင့် စစ်အစိုးရ အရာရှိအချို့ကပင် အသိအမှတ်ပြုခံရသူ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာသော အခါတွင် အိမ်ငှား၍ မရရန် အာဏာပိုင်များက နှောက်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်

တကိုယ်ရေသမားဖြစ်သူ ဦးဝင်းတင်က ငှားလို၍ စုံစမ်းသော အိမ်များ၏ အိမ်ရှင်များကို အာဏာပိုင်များက သတိပေးမှု ပြုလုပ်သဖြင့် ငှားလိုသူများ လက်တွန့်သွားကြသည်။

0 အတော်ရှော်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့

သတင်း။ ။ လမ်းလျှောက်သတင်းထောက်

အင်းစိန်ရဲစခန်းအ၀င်ဝမှာဆိုင်းဘုတ်၃ခုရှိတယ်။အဲ့ဒီကဆိုင်းဘုတ်တခုမှာဗျာအတော်ရှက်ဖို့ကောင်းတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအင်္ဂလိပ်လိုရေးတော့MyanmarPoliceForceဖြစ်ရမှာကိုဗျာ...ဘယ်လိုရေးထားတာလဲဆိုတော့ Dictionaryထဲမှာတောင်မတွေ့ဘူးသေးတဲ့စာလုံးနဲ့MyanmaPoliceFroceတဲ့ကောင်းရော တကယ်ပြောတာနော်..ဓာတ်ပုံကရဲစခန်းအ၀င်စကြီးမှာဆိုတော့ရိုက်ဖို့မလွယ်လို့မရိုက်ဖြစ်သေးလို့လွတ်ရင်ရိုက်ပြီးပို့လိုက်ပါ့မယ် မြင်ရတာအတော်ဆိုးတယ်ဗျာမသိလို့မဟုတ်ဘူးနော်..စာလုံးပေါင်းမှာတာကို သိတဲ့လူအတော်များများက အင်းစိန်ရဲမှုးဦးယုမောင်လားယုနွယ်လားမသိဘူးသွားပြော ပြီးသားပြင်ကိုမပြင်တာဗျာ......ဂရုမစိုက်ဘူးပေါ့ နိုင်ငံခြားသားတွေသာမြင်ရင်တော့...အတော်ရှော်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့မှတ်ချက်ပေးမှာဘဲ......

0 ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘာသာရေး

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာပြည်လွတ်လပ်ရေးရအောင် သတ္တိရှိမူ၊ရဲရင့်မူ၊ပြတ်သားမူတွေနှင့်အတူ ပြည်သူတွေကို အလွန်လေးစားပြီး ဗမာ့တပ်မတော်ကြီးကိုယ်လည်း စတင်တည်ထောင်သွားခဲ့သည့် အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်၊ ဗိုလ်ချုပ်က တိုင်းသူပြည်သားတွေအပေါ်မှာဖြစ်စေ သူတည်ထောင်ခဲ့တဲ့ စစ်တပ်ပေါ်မှာဖြစ်စေ သနားကြင်နာမှု အပြည့်အ၀ရှိခဲ့တာဆိုတာ ဗိုလ်ချုပ်သမိုင်းဟာ ကမ္ဘာ့သမိုင်းမျက်နှာပြင်မှာ လှပနေဆဲပါ၊၊

ဗိုလ်ချုပ်အောင်ဆန်း အခုလိုမျိုး ခေါင်းဆောင်ကောင်း ဖြစ်လာရခြင်းမှာ ဗိုလ်ချုပ်ကိုမွေးခဲ့တဲ့ နတ်မောက်က လက်ဦးဆရာတော်နှင့် မိဘတွေရဲ့ ဗီဇတွေက အခြေခံပါတယ်၊ အောင်ဆန်းဟာ ထောင်စခန်းကိုမကြောက်၊ ပြည်သူတွေ အမှောင်ကြနေတာကြောင့် နယ်ချဲ့ကို ဗြောင်ကျကျ ပြောဆိုတတ်သလို၊တိုက်ပွဲကိုယ်လည်း ကြောက်နေသူတော့ မဟုတ်ပါဘူး၊

တိုင်းပြည်လွတ်လပ်ရေးရအောင် တိုက်ပွဲကာလမှာ ဗိုလ်ချုပ်နဲ့အတူ သံဃာတော်တွေ ပါခဲ့သည်ကို သမိုင်းဓာတ်ပုံတွေက အထင်ရှားရှိခဲ့ပါသည်၊ မန္တလေး ရဟန်းပျိုက လွတ်လပ်ရေးလည်း ရနေပြီ သံဃာ့အဖွဲ့တွေ ဖျက်မည်ဟု သံဃာတွေက ပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက သံဃာ့အဖွဲ့တွေ မဖျက်ရန် ဆက်လက်ရှိသင့်တဲ့ အကြောင်းနှင့် တိုင်းပြည်အတွင်းမှာ သံဃာ့အဖွဲ့ အမှန်တကယ်လိုအပ်ကြောင်း အထူးလျှောက်ထားခဲ့တာတွေရှိပါတယ်၊၊

တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အမျှော်အမြင်ကြီးမားမူနှင့်အတူ သံဃာ့အဖွဲ့တွေ ရှင်သန်အောင်သာ ဆောင်ရွက်ပေးခဲ့တာပါ၊ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဆိုပေမဲ့ ဘာသာအားလုံးကို တန်းတူလေးစားတာပါ၊ တိုင်းပြည်လွတ်လပ်ရေးရတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်လို့ အစည်းဝေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်က လက်မခံဘဲ ပယ်ခဲ့တာရှိပါတယ်၊ ဒါတွေဟာ ညီမျှမူ တန်းတူ ရည်တူ သဘောနှင့် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်သွားခဲ့တာပါ၊၊

ဗိုလ်ချုပ်ဟာ ဘာသာရေးသမားအမည်ခံပြီး ပိတ်ဖြူပတ် ရွေတဂုံ တက်ဖို့အချိန်မရှိဘဲ၊ တိုင်းပြည်လွတ်လပ်ရေးအတွက်သာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ အတွက် တိုင်းပြည်ရှိ ဆရာတော် သံဃာတော်များကလည်း ဗိုလ်ချုပ်ကို ချစ်ကြပါတယ်၊ တိုင်းပြည်မှာ အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သလို ဗိုလ်ချုပ်ကိုယ်တိုင် စာဖတ်၊စာရေးတာ ၀ါသနာပါတာကြောင့် ဘာသာရေးစာပေတွေကို ဖတ်ဖြစ်မယ် ဆိုတာ ယုံကြည်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ် မိန့် ခွန်းတွေ အချိုက ဘုရားဟောတွေကို ကိုးကားသွားတာတွေ ရှိပါတယ်၊

ဗိုလ်ချုပ်ဟာ ရိပ်သာဝင်တရားထိုင်ဖို့ ဘုရားဝင် ပုတီးစိတ်ဖို့ အချိန်မရခဲ့ပါဘူး၊ တော်လှန်းရေးကို ဆင်နွဲနေသည့် လူငယ်အောင်ဆန်းဘ၀ကို အားလုံးက မြင်ရောင်ကြည့်ပါ၊
သို့သော်လည်း စာဖတ်လို့သိတဲ့ ဘာသာရေးအသိကို ဗိုလ်ချုပ်က လက်တွေ့ကျကျ ပြည်သူတွေကို သတ်ခဲ့တာမရှိ၊ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်ကို ခိုးယူတာမရှိ၊ မော်ဒယ် ကောင်မလေးတွေကို ငွေးပေးပြီး စော်ကားခဲ့တာလည်းမရှိ၊ကတိမတည်သစ္စာမရှိတဲ့ မုသားစကားလည်း ပြည်သူကို မလှဲ့ဖျားခဲ့ဘူး၊ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အရိမ်ကြောင့် ဗိုလ်ချုပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက လက်ခံသလို ကြည်ညိုလေးစားကြတာပါ၊၊

ဗုဒ္ဓဘာသာ ဟုတ်မဟုတ်ဆိုတာက အလုပ်က သက်သေပြတာပါ၊ ဘာသာရေးအသိနှင့် အကျင့်တရား ဗိုလ်ချုပ်က တထပ်တည်း ကျအောင် လုပ်ကိုင်သွားတာကို မြင်အောင် ကြည့်စေချင်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်မျိုးမဟုတ်ဘူး၊ သာသနာကိုကြည်ညိုလေးစားနဲ့ နှလုံးသားနှင့် ဘုရားကိုဖက်၊သံဃာကို အသက်တမျှ မြတ်နိုးကိုးကွယ် လူထုကိုယ်တော့ လွတ်မြောက်အောင် ဦးဆောင်သွားခဲ့သူပါ၊ အတ္တအကျိုးထက် အများအကျိုးကို ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေဟာ သာမာန်မဟုတ် တကယ်ကိုယ်ပဲ အသက်ပေးတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ တိုက်ပွဲကို ကြုံဖူးသူတိုင်း ပိုနားလည်မှာပါ၊၊


လူသာမာန်တို့ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဗိုလ်ချုပ် လုပ်သွားခဲ့သည်မို့ ဗိုလ်ချုပ်ဟာ သူတော်စင် အစစ်ပါပဲ၊


အရှင်စန္ဒောဘာသာစာရ
အတွင်းရေးမှူး
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
နယူးယောက်

0 တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်


မနေ့က ရုပ်မြင်သံကြား ထဲမှာ တရုတ်နိုင်ငံက တစ်နှစ်အရွယ် မိန်းခလေးဟာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကြည့်လိုက်ရတယ်။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့

သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။

သတင်း။ ။ စိန်ပန်းပြာ

0 ၆၆ နှစ်မြောက် ဦးခွန်ထွန်းဦးမွေးနေ့ကို ရှမ်းလူငယ်များကျင်းပ

နွယ်လေး။(network media group)

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၆၆ နှစ်ပြည့် မွေးနေ့ဆုတောင်း ပွဲကို ထိုင်းနိုင်ငံ ရှမ်းလူငယ်အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဦးခွန်ထွန်းဦး မွေးနေ့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀တ်ထကရဒတ် ဘုန်းကြီးကျောင်းတွင် ရှမ်းလူငယ် အဖွဲ့အစည်း Shan Youth Committee (SYC) မှ ယနေ့ နံနက်တွင်ပြုလုပ်သည်။

မွေးနေ့ ဆုတောင်းပွဲသို့ တက်ရောက်သည့် (SYC) မှ နန်းယိင်းစံက “ဒီနေ့ဟာ ကျမတို့ ခေါင်းဆောင်ရဲ့မွေး နေ့ တစ်ရက်ဖြစ်တယ်ဆိုတာကျမတို့ အားလုံးကသိနေတယ်ဆိုတော့ အားလုံးကိုဖိတ်ခေါ်ပြီး ဆုတောင်း ပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်။ သူကို ကျန်းမာရေးကောင်းမွန်စေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းကြပါတယ်။” ဟုပြောသည်။

ပူတာအိုထောင်တွင်း ထိန်းသိမ်းခံနေရသည့် ဦးခွန်ထွန်းဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အခမ်း အနားတွင် ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ ဦးခွန်စိုင်းက ယခုလို ရှင်းပြသည်။

“လောလောဆယ် ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး မိုးတွင်းမှာ တော်တော်ပြဿနာ ပေါ်တယ်။ မိုးမကျ ခင်တုန်းကတော့ အပြင်မှာ လမ်းလျှောက်နိုင်တာပေါ့။ ခုက လေ့ကျင့်ခန်း တွေ ဘာတွေ မရှိပဲ ထောင် ခန်းထဲမှာ နေရတယ်။သူ့အာရုံကြောတက်တဲ့ရောဂါတွေ နားတဘက်ကလဲ မကြားသလိုဖြစ်နေတယ်။ ဆေး တာ့စားတယ် ဘယ်လောက်ထိရောက်မယ် မသိဘူး။”

မွေးနေ့ဆုတောင်းပွဲတွင် ရှမ်းကော်မတီ အဖွဲ့စည်းများမှ သံဃာတော်များကို ဆွမ်းကပ် တရားနာပြီး ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် များကို ရည်စူးပြီး ဆုတောင်းပေးခဲ့သည်။

ဆုတောင်းပွဲ အခမ်းအနားသို့ ရှမ်းအဖွဲ့စည်းနှင့် သတင်းမီဒီယာသမားအပါအ၀င် လူ ၅၀ ကျော် တက်ရောက် သည်။ ရှမ်းလူငယ်များသည် ခွန်ထွန်းဦးမွေးနေ့ ဆုတောင်းပွဲကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စပြီး နှစ်စဉ်မပြတ် ပြုလုပ်ခဲ့သည်။

ယနေ့ ၆၆ နှစ်မြောက် ခွန်ထွန်းဦးမွေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်ဒေသအချို့ နှင့် ရန်ကုန်မြို့တွင် လည်း ကျင်းပသည်ဟု သိရသည်။

ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာတွင် မြန်မာစစ်အစိုးရက နိုင်ငံတော် ပုန်ကန်မ စွပ်စွဲချက်များနင့် ပူတာ အို ထောင်တွင် ထောင်ဒဏ် ၉၃ နှစ် အကျဉ်းကျခံနေရ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ သဘာပတိ အဖွဲ့ဝင်ဖြစ်သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းနွတ် ခေါ် ဦးစိုင်းညွန့်လွင်အား ထောင် ၈၅ နှစ်၊ အပစ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) မှ ဗိုလ်ချူပ်ဆေထင်အား ထောင် ၁၀၆ နှစ် နှင့် အခြား ရှမ်းပြည်နယ်မှ နိုင်ငံရေးခေါင်ဆောင်များအား ၇၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

0 Singapore banks reject Myanmar junta cash report

SINGAPORE: Two Singapore banks have rejected a report by a US-based rights group that said Myanmar 's ruling junta deposited billions of dollars with them.

DBS Group Holdings and Oversea-Chinese Banking Corp (OCBC) said in separate statements late Thursday that there was no truth in the report by EarthRights International (ERI).

"ERI's report is categorically untrue and without basis," a DBS spokesperson said in the brief statement. A spokesperson from OCBC also rejected the report.

EarthRights International had said in a report released on Thursday that energy giants Total and Chevron were propping up the Myanmar military regime with a gas project that allowed the junta to stash almost five billion US dollars in the two Singaporean banks.

The report said the junta had kept the revenues earned from the project off the national budget and stashed almost all of the money offshore with DBS and OCBC.

"Total and Chevron's Yadana gas project has generated 4.83 billion dollars for the Burmese regime," one of the reports said, adding that the figures for the period 2000-2008 were the first-ever detailed account of the revenues.

"The military elite are hiding billions of dollars of the peoples' revenue in Singapore while the country needlessly suffers under the lowest social spending in Asia," said Matthew Smith, a principal author of the report.

French energy giant Total has also rejected the report, saying the document was riddled with errors and false interpretations.

- AFP/so

http://www.channelnewsasia.com/

1 ကြက်ခြေနီတပ်ဖွဲ့ဘာတွေလုပ်နေလဲ

ကျနော် ငယ်စဉ် ကာလက ဗဟိုရုပ်ရှင် (ယခု သတင်းရုပ်ရှင်) မှ ပြသသော မြန်မာနိုင်ငံကြက်ခြေနီ အသင်း သတင်းကား ကို ကြည့်ရှုပြီး ပရဟိတ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လိုသောကြောင့် (၈) တန်းရောက်တော့ ကျောင်းရဲ့ ကြက်ခြေနီအသင်း ကို ဝင်ခဲ့ပါတယ်။ ကျနော် (၉၊ ၁၀) တန်းကျောင်းသား ဘဝ တုံးက ဇာတိ မော်လမြိုင်မြို့ တစ်ဝိုက်ဟာ အညိုရောင် နယ်မြေ ဖြစ်ခဲ့ရပါတယ်။ ပြည်ပြေးအဖွဲ့ တွေ က မော်လမြိုင်မြို့ ပေါ်မှာ လည်းကောင်း မြိုအနားမှာ လည်းကောင်း ဗုံးထောင်ခြင်း၊ လူစုလူအုပ်ထဲ ဗုံးခွဲခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျနော် (၁၀) တန်း ပထမနှစ် အောင်စာရင်း မထွက်ခင် ကာလ (မေလ လို့ထင်ပါတယ်) တစ်နေ့ မုတ္တမမြို့ ရှိ ရထားဘူတာ ၌ ကုန်တင်ကုန်ချ အလုပ်သမားတွေ အကြား လက်ပစ်ဗုံး (ဘယ်နှစ်လုံးလဲတော့ မမှတ်မိတော့ပါ) ပေါက်ကွဲမှု ဖြစ်ခဲ့သဖြင့် အပြစ်မဲ့သူ ကုန်တင်ကုန်ချ အလုပ်သမား များ သေကြေဒဏ်ရာရခဲ့ကြတယ်။ ဒဏ်ရာရ လူနာများ ကို မော်လမြိုင်မြို့ ဆေးရုံကြီး ကို သယ်ဆောင် လာခဲ့ကြပါတယ်။ ကျနော် နှင့် သူငယ်ချင်း ထိုသတင်းကို ကြားတာနဲ့ မော်လမြိုင် ဆေးရုံကြီး ကို သွားခဲ့ကြပါတယ်။ ကျနော် တို့ ကျောင်းမှ အခြားသော ကြက်ခြေနီအသင်းဝင် များ နှင့် တွေ့ပြီး တာဝန်လွှဲယူခဲ့ပါတယ်။ ကျနော် နေသော ပန်းဘဲတန်းရပ် မှ အိမ် က ဆေးရုံကြီး နှင့် တော်တော်နီးပါတယ်။

ဆေးရုံ ရောက်ရောက်ခြင်း မြင်တွေ့လိုက်ရတာကတော့ ဆေးရုံ ကုတင်တွေပေါ်မှာ သွေးတွေ အလိမ်းလိမ်းလူးနေတဲ့ အပြာရောင် အင်းကျီဝတ် ဘူတာ ကုန်တင်ကုန်ချ အလုပ်သမားတွေ။ ဒဏ်ရာပြင်းထန်လွန်းလို့ အော်ငြီးသံတွေ၊ သွေးအညှီနံ့တွေ၊ သူတို့ ရဲ့ ဆွေမျိုးသားချင်းများ ရဲ့ ပူပင် သောကရောက်နေတဲ့ ပုံပန်းတွေ၊ အားလုံးဟာ အနိဌာရုံတွေပါ။ နေ့လည်နေ့ခင်း က ဖြစ်ခဲ့ရတာမို့ ညနေစောင်းတော့ လူနာတွေ နှင့် သူတို့ ရဲ့ ဆွေမျိုးသားချင်းတွေ ညနေစာ စားဖို့ အခက်အခဲ ရောက်နေတာမို့၊ ပန်းဘဲတန်း၊ ကျားတံတား၊ ထားဝယ်စု၊ သိမ်ကုန်း အရပ် တွေမှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူတွေ က ရပ်ကွက်ထဲ ထမင်းထုတ် တွေ ကို သွားအလှူခံလာခဲ့ပေးပြီး ဒဏ်ရာမပြင်းထန်တဲ့ လူနာများ၊ လူနာတွေ ရဲ့ ဆွေမျိုးသားခြင်းတွေ ကို ကျွေးမွေးပေးခဲ့ကြပါတယ်။ ကျနော်တို့ ကျောင်းသားတွေက လူနာတွေ ကို ဓါတ်မှန်ရိုက်ဖို့ ထမ်းစင်ဖြင့် သယ်ယူပေးခြင်း၊ သွေးပုလင်းတွေချိန်ဆွဲဖို့ ပြင်ဆင်ခြင်း စသည်ဖြင့် ဆရာဝန်များ၊ သူနာပြုများ ကို ကူညီပေးခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ လက်တွေမှာ သွေးတွေ ပေကျန်ခဲ့တယ်။ သွေးညှီနံ့တွေ စွဲရစ်ခဲ့တယ်။ ဆရာဝန်တွေ ပြသလို့ လူနာတွေ ရဲ့ ခန္ဓာကိုယ်ထဲ မှာ ဝင်ရောက်နေတဲ့ ဗုံးအစအန တွေ ကို အဖြူရောင် အစက်အပျောက်များ အဖြစ် လူနာများ ရဲ့ ဓါတ်မှန်တွေမှာမြင်ခဲ့ရတယ်။

နောက်တစ်နှစ် (၁၀) တန်း ကို ဒုတိယ အကြိမ် ဖြေဆိုအပြီး မေလ အတွင်းမှာပဲ ကျုံဒိုး မှ မော်လမြိုင် ကိုလာတဲ့ သင်္ဘော လမ်းတစ်ဝက်မှာ ကေအင်ယူများ က မြစ်ကမ်းဘေး မှ လောင်ချာ၊ သေနတ်တွေနဲ့ ဝိုင်းပစ်တာကိုခံခဲ့ရပါတယ်။ နေ့ခင်းက ဖြစ်ခဲ့ပြီး အပစ်ခံရတဲ့ သင်္ဘော ကို အမှတ် (၄) တံတား မှာ ဆိုက်ကပ်စေပြီး၊ သေဆုံးသူများ၊ ဒဏ်ရာ ရသူများကို အထက်လမ်း အတိုင်း ဆေးရုံကြီး ကို သယ်ဆောင်သွားခဲ့ကြပါတယ်။ နေ့ခင်း ထိုသတင်း ကို ကြားကြားခြင်း ဈေးကြီး၊ ရွှေတောင်ရပ်၊ စစ်ကဲကုန်းရပ် တို့မှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူကျောင်းသားများ အမှတ် (၄) တံတား ကို လာကြပြီး သေဆုံးသူများ၊ ဒဏ်ရာရ လူနာများ ကို ဆေးရုံကြီး ကို အခေါက်ခေါက် အခါအခါ ပို့ပေးကြလို့ သူတို့ရဲ့ ကိုယ်တွေမှာလည်း သေဆုံးသူများ၊ ဒဏ်ရာရ သူများ မှ သွေးတွေ စွန်းပေခဲ့ပြီး သွေးညှီရနံ့တွေ စွဲကျန်နေတယ်။

သူငယ်ချင်း တစ်ယောက် ပြောပြတာကတော့ လောင်ချာ ထိသွားလို့ သင်္ဘော ခေါင်မိုး ဟာ ချိုင့်ဝင်သွားတယ်။ သင်္ဘောကြမ်းပြင် မှာကတော့ သင်္ဘောစောင်းရင် သွေးတွေဟာ ရေလိုပဲ တစ်နေရာ ကနေ တစ်နေရာ ကို စီးနေတယ်။ သွေးချောင်းစီး တယ်ဆိုတာ အဲဒီတုံးကပါ။ ခေါက်ထီး အနက် တွေဟာ သွေးတွေကြောင့် အနီရောင်ပြောင်းကုန်ုတယ်တဲ့။ သင်္ဘော ကို အစောင့်လိုက်လာတဲ့ ရဲသား တစ်ဦး ကတော့ လောင်ချာ ဒဏ်ကြောင့် ရင်ဘတ် ကို ပွင့်ထွက်နေပြီး အထဲက ကလီစာ တွေ ကိုထွက်နေတယ်။ အဲဒီလိုမျိုး ရုပ်ပျက်ပြီး သေနေတဲ့ သူတွေ ကို ကြက်ခြေနီ အသင်းဝင် ကျောင်းသားတွေ နဲ့ လူမှုဝန်ထမ်း စိတ်ဓါတ်ရှိတဲ့သူတွေ က လက်နဲ့ ကို ကိုင်တွယ်ပြီး ဆေးရုံကို သယ်ဆောင်ပေးကြတယ်။ ဒဏ်ရာရ လူနာတွေ ကို ကျောင်းကြက်ခြေနီ ထမ်းစဉ်တွေပေါ် တင်ပြီး ဆေးရုံကို ပို့ခဲ့ကြတာ၊ ကျနော် တို့ အမှတ် (၅) အထက ကျောင်း ကြက်ခြေနီ အသင်းပိုင် ထမ်းစဉ် (၂) ခု ကို ရေနဲ့ ဘယ်လောက် ဆေးဆေး သွေးကွက်တွေ မပျောက်လို့ လွှင့်ပစ်ခဲ့ရပါတယ်။

ကျနော် ညနေ (၃) နာရီကျော် မှ သတင်းရလို့ ဆေးရုံ ကို ရောက်တော့ ဒဏ်ရာရ လူနာတွေ အတွက် ဆေးရုံ ကုတင်တွေ တောင် မလောက်လို့ ဆေးရုံ ကြမ်းပြင်ပေါ်ထား ထားရတာတွေ ကို တွေ့ခဲ့ရတယ်။ လူနာတွေ မှာ သွေးစွန်းနေတဲ့ ပတ်တီး၊ သွေးစွန်းနေတဲ့ အဝတ်အစား၊ အော်ဟစ်ညီးညူသံတွေ၊ ဆွေမျိုးသားခြင်းတွေ ရဲ့ အော်ဟစ်ငိုနေသံများ က တော့ နှစ်ပေါင်း (၃၅) နှစ်ကြာခဲ့ပေမဲ့ မမေ့နိုင်သေးပါ။ ထုံးစံ အတိုင်းပဲ ကြက်ခြေနီ အသင်းဝင် ဆရာမများ၊ ကျောင်းသူများ က ရက်ကွပ်ထဲမှာ ထမင်းထုတ်တွေ ကို လိုက် အလှူခံပေးခဲ့ပါတယ်။ ထိုနေ့ ကတော့ ဒဏ်ရာရသူတွေ များလွန်းလို့ ရပ်ကွက်များမှ စေတနာရှင်တွေ ဆေးရုံအထိ ထမင်းထုတ်တွေ ကို (၃) ရက် ဆက်တိုက်လာပို့ပေးကြတယ်။ ထိုနေ့မှာ လည်း ကျနော့် ရဲ့ လက်မှာ သွေးစွန်းပေခဲ့သလို သွေးအညှီနံ့တွေလည်း စွဲကျန်ရစ်ခဲ့တယ်။

မော်လမြိုင်မြို့ ပေါ်မှ ကြက်ခြေနီ အသင်းဝင် အထက ကျောင်းသူကျောင်းသား များရဲ့ လူမှုလုပ်ငန်း ဆောင်ရွက်ချက်တွေပါ။ ကျနော် လည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

(၁၀) တန်း ပထမနှစ် ဘဝ တုန်းက မိုးတွင်းကာလမှာ ယူဘီအေ လေယဉ်တစ်စင်း သံတွဲ လေယဉ်ကွင်း မှ တက်တက်ခြင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်။ ရက်အတော်ကြာမှ သေဆုံးသူများ ရဲ့ ရုပ်အလောင်းများ ကမ်းစပ်သောင်ကမ်း မှာ လာတင်နေတာ သံတွဲမြို့မှ ကြက်ခြေနီ အသင်းဝင် များ က မရွံရှာ လက်အိတ်မျှပင် မပါပဲနှင့် ပုတ်ပွနေသော ရုပ်အလောင်းများ ကို သယ်ယူပြီး ဆေးရုံကို ပို့ပေးခဲ့လို့ သူတို့ ကို နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့တာ ကို ထိုကာလ က ထုတ်ဝေတဲ့ သတင်းစာ၊ စာစောင်များ မှာ ပြန်လည်လို့ ဖတ်ရှုနိုင်ပါသေးတယ်။

ဒါတွေဟာ ကြက်ခြေနီ အသင်းဝင် များရဲ့ ကောင်းကွက်တွေပါ။

မော်လမြိုင်ကောလိပ် က ဘွဲ့ရပြီး ရန်ကုန် မှာ ဘွဲ့လွန် အတန်း လာတက်တုန်း နွေရာသီကျောင်းပိတ်တော့ အိမ်ပြန်လာခဲ့စဉ်ကာလ က အဖြစ်အပျက်တစ်ခု ကို သတိရမိတယ်။ သင်္ကြန်အကျနေ့ ... မော်လမြိုင်မြို့် ရဲ့ထုံးစံ အတိုင်း သင်္ကြန်အကျနေ့ ဆိုရင် ခလေးတွေ နဲ့ လူငယ်တွေ တစ်ချို့ပဲ ရေကစားကြပါတယ်။ အိမ်ထဲမှာ စာဖတ်နေတုံး လမ်းမပေါ်မှာ ဝီစီသံ တရွှီးရွှီး ညံနေတယ်။ အော်ဟစ်သံတွေကြားရလို့ထွက်ကြည့်မိတယ်။ အကြောင်းကတော့ နို့ဆီခွက် နဲ့ ရေပက်မိတဲ့ လူငယ်လေးတွေ ကို ဆယ်ကျော်သက် အရွယ် ကြက်ခြေနီ တွေ က လိုက်ဖမ်းနေတယ်။ ကိုင်း ကောင်းကြသေးရဲ့လား။ လူမှုဝန်ထမ်း လုပ်ရမဲ့ ကြက်ခြေနီ လူဆိုးဖမ်းတဲ့ ရဲ အလုပ် ကိုလုပ်နေကြတယ်။ နို့ဆီခွက် နဲ့ ခွက်စောင်းခုတ် ပြီး ရေကစားတဲ့ ကလေးတွေ လိုက်ဖမ်းရတာ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင် တွေ ရဲ့ အလုပ် လားလား မှ မဟုတ်။

ကျနော် ဘန်းကျော် နဲ့ ဝေးနေတာ နှစ်ပေါင်းကြာနေပြီ။ အင်တာနက် ကနေ ဖတ်လိုက်ရတဲ့ သတင်းစာ ထဲမှာ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မှာ ကြက်ခြေနီ တပ်ဖွဲ့ ဝင်တွေများ ကလည်း စစ်ကြောင်း ပုံစံဖြင့် ချုပ်ချုပ် မင်းတရားကြီး ကို ချီတက် အလေးပြု ကြတယ်ဆိုပါလား။ အမ်အေ သေနတ်တွေ ကို လွယ်ပြီးတော့များ စစ်ကြောင်း ပုံစံနဲ့ ချီတက်နေကြပြီလား။ (ကျနော် ဓါတ်ပုံတွေ ကိုတစ်ခါမှ မတွေ့ဖူးပါ။) ကျော်မကောင်း ကြားမကောင်း ဘာတွေ လုပ်နေကြတာလဲ။ ကြက်ခြေနီ ဆိုတာ လူမှုရေးလုပ်ငန်း ကို ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားတဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်း တစ်ခုပါ။ လက်နက်စွဲကိုင်ပြီးတော့ ရန်သူကို တိုက်ခိုက် ရတဲ့ တပ်ဖွဲ့ တစ်ခု မဟုတ်ပါလေ။ ကြက်ခြေနီအသင်း စတင် ပေါ်ပေါက်လာတာ ကရိုင်းမီးယား စစ်ပွဲ ကြောင့်ပါ။ ရန်သူ မိတ်ဆွေ မရွေး ဒုက္ခရောက်သူတိုင်း ကို ကယ်ဆယ်၊ ကူညီပေးဖို့ပါ။ တပ်မတော်နေ့ မှာ စစ်ကြောင်းတွေ ပါဝင်ကြတဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန်ရှိကြတဲ့ လက်နက်အဖွဲ့အစည်းတွေ အတွက် (ရန်သူ) ဆိုတာရှိတယ်။ ကြက်ခြေနီအသင်း အတွက် (ရန်သူ) ဆိုတာ မရှိပါ။

၂၀ဝ၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ မှာ မြဝတီစစ်ကြောင်း နဲ့ တပ်ချုပ်ကြီး ကို ချီတက် အလေးပြုခဲ့ကြတဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ မေလ (၂) ရက်နေ့ မှာ နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်း ကို ဝင်ရောက် ဖျက်ဆီးသွားခဲ့တုန်း က ဘယ်ရောက်နေကြသလဲ။ အမောင် ကြက်ခြေနီအသင်းဝင် တွေ မုန်တိုင်းဒဏ်ကြောင့် သေသွားကြတဲ့ လူသေ အလောင်းတွေ ကို မကောက်ချင်ကြတော့ဖူးလား၊ စားစရာမရှိ အတိ ဒုက္ခရောက်နေတဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသ မှ သွေးချင်းသားချင်းတွေ အတွက် စားစရာတွေ ဝေငှပေးချင်တဲ့ ဆန္ဒ မရှိကြပေဖူးလား။ တောနယ် ဒေသ ကျေးရွာ တွေ ကို မဆင်းချင်ကြပေဖူးလား။ မြို့ပေါ်မှာ သာ ဇိမ်ကျကျ နေချင်ကြပေလားမသိပါ။

အဆိုတော် ဝင်းဦး နှင့် မာမာအေး တို့ ဆိုခဲ့ကြတဲ့ ကြက်ခြေနီ သီချင်း တွေကို ပြန်လည် ကြားယောင်နေမိတာကတော့ (ကျေးရွာ အရောက် ဒို့ခရီးပေါက်ရမည် ... ကြက်ခြေနီ)။

မှားတာရှိရင် ခွင့်လွှတ်ကြပါ။
koluchaw

Friday, September 11, 2009

0 ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုညီညီအောင်နှင့် ဆက်သွယ်ခွင့်ရဖို့ အမေရိကန်သံရုံးကြိုးပမ်း


၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးတက်ကြွသူ အမေရိကန် နိုင်ငံသားတဦးဟာ မကြာသေးခင်က မြန်မာနိုင်ငံကို အသွား အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရလို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်ရဖို့ တောင်းခံထားပါတယ်။ ဖမ်းဆီးချိန် က စလို့ သူ့မိသားစုတွေကတော့ သူ့အခြေအနေကို တိတိကျကျ မသိနိုင်ဘဲ ဖြစ်နေရလို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း သိထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်သူ မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ဟာ ဒီလ ၃ ရက်နေ့ကပဲ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကိုအသွား ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မိသားစု နဲ့ နီးစပ်သူတွေက ပြောကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုအခါမှာ အမေရိကန်နိုင်ငံ ကလည်း သိရှိထားပြီး ဖြစ်သလို ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ အီရန် ကယ်လီ (Ian Kelley) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

"ဒီသတင်းကျနော်တို့ ရရချင်းဆိုသလိုပါပဲ၊ ကျနော်တို့ အစိုးရဆီသွားပြီး သတင်းအချက်အလက် ရယူဖို့ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့လည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ အခွင့်အရေး အကာအကွယ်ပေးတဲ့ ဥပဒေအရ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ပြောခွင့်မရှိပါဘူး။ ကောင်စစ်ဝင်ရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်တွေ ရဖို့လည်း ကျနော်တို့ တောင်းခံထားပါတယ်။"

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင် ရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့သတင်း ကြားသိသိ ချင်းဆိုသလို ဆက်သွယ်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်အထိ အခြေအနေကို ရေရေရာရာ မသိရလို့ စိုးရိမ် မကင်း ဖြစ်နေရတာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုမိတ်ဆွေတဦးဖြစ်တဲ့ ကိုဇော်ဇော် ကတော့ သူ့ကို ဖမ်းသွားချိန်က စလို့ အကျိုးအကြောင်း မသိရတဲ့ အခြေအနေမို့ စိတ်ပူနေကြတာလို့ ပြောပါတယ်။

"ကျနော်တို့သိတာကတော့ ဘန်ကောက်မှာရှိတဲ့ သူ့အစ်ကိုကနေတဆင့် ကျနော်တို့ သိတာပေါ့လေ။ သူ ရန်ကုန် လေဆိပ် ရောက်တော့ သူ့ကို ဖမ်းသွားတယ်ဆိုတဲ့ သဘောမျိုး သိလိုက်ရတယ်ပေါ့နော်။ ဒါပေမဲ့ အသေးစိတ် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ အခုလောလောဆယ်က သူ ဘယ်မှာ ရောက်နေမှန်း မသိတော့ ကျနော်တို့အားလုံး သူငယ်ချင်းတွေ အကုန်လုံးက စိတ်ပူတယ်။ ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ဘာမှလည်း သတင်းမကြားတဲ့အခါကျတော့ ကျနော်တို့ အားလုံးကတော့ အဓိက သူ့ရဲ့ လုံခြုံရေးကို စိတ်ပူတယ်ပေါ့။ ဘာများဖြစ်လဲပေါ့။ တခုခု ခေါ်သွားပြီး ပျောက်သွားတာမျိုး အရင်တုန်းကလည်း ရှိခဲ့တာမျိုးရှိတော့ ကျနော်တို့က အတော်လေး စိုးရိမ်ပါတယ်။"

အခု အာဏာပိုင်တွေ ဖမ်းဆီးတာ ခံလိုက်ရတယ်ဆိုတဲ့ ကိုညီညီအောင် ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှု တွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ မိခင်ဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဒေါ်စန်းစန်းတင် ဟာ ဆိုရင်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ဦးဆောင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကိုညီညီအောင် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ အခုအချိန်မှာ သဲသဲကွဲကွဲ မသိရသေး ပေမဲ့ မိသားစုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ဆိုင်လိမ့်မယ်လို့လည်း မိတ်ဆွေဖြစ်တဲ့ ကိုဇော်ဇော် က ပြောပါတယ်။

"ညီညီ ရဲ့ အမေ အန်တီ စန်း က ထောင်ထဲမှာပေါ့လေ။ ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃာတော်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တော့ ညီညီရဲ့ အမေကို ဖမ်းသွားတယ်။ ညီညီရဲ့ ၀မ်းကွဲ ညီမနှစ်ယောက်ကိုပါ ဖမ်းသွားတာပေါ့။ ညီညီရဲ့ အမေကလည်း ထောင်ထဲမှာ အခြေအနေ ကျန်းမာရေး တော်တော်လေး ဆိုးတယ်။ ကျန်းမာရေး သိပ်မကောင်းဘူး ဆိုတဲ့အခါကျတော့ ညီညီ အနေနဲ့ စိတ်ပူပင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကတော့ ကျနော်တို့ ဖြစ်နိုင်ချေရှိတဲ့ဟာကို ပြောတာပေါ့လေ။ သူ့ရဲ့ အဓိက သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့လည်း သေချာအတိအကျ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတာ ကတော့ သူ့အမေအတွက် စိတ်ပူတယ်။ သူ့မောင်နှမသားချင်းတွေ အတွက် စိတ်ပူပြီးတော့ သူ့အနေနဲ့ တခုခု လုပ်နိုင်လိမ့် မယ်လို့ ယူဆပြီးတော့သွားတယ်လို့ ကျနော် ထင်တယ်ပေါ့လေ။"

အာဏာပိုင်တွေ ဖမ်းဆီးတာခံနေရတဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ရဲ့ မိသားစု မိတ်ဆွေ တဦးဖြစ်သူ ကိုဇော်ဇော် ပါ။ ဒီလို သူဖမ်းဆီးခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်ပြီး လိုက်လံကူညီ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုတော့ မိသားစုနဲ့ မိတ်ဆွေတွေက သူနေထိုင်ရာ မဲဆန္ဒနယ်မြေမှာရှိတဲ့ လွှတ်တော် တာဝန်ရှိတွေထံ အကြောင်းကြား အကူအညီ တောင်းခံ ထားတယ်လို့လည်း သူက ပြောပါတယ်။(ဗီအိုအေ)

Thursday, September 10, 2009

0 ဗမာပြည်သူတွေအတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ဟု ဦးဝင်းတင်က ဆို

မိုးမခမှ ကူးယူဖော်ပြပါသည်။


ဝါရှင်တန်ပို့စ် အမေရိကန်သတင်းစာ၊ စက်တင်ဘာ ၉ မှ ကောက်နုတ်ချက်
ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို ပုံနှိပ်ဖော်ပြထားရာ အင်န်အယ်ဒီ၏ လက်ရှိရပ်တည်ချက်ကို ထပ်မံအတည်ပြုချက် ပေးခြင်း၊ ဂျင်ဝက်ဘ်အပါအ၀င် နိုင်ငံခြားက ၀င်ရောက်စွက်ဖက်မှုများနှင့် စစ်အစိုးရ၏ နောင်လာမည့်ရွေးကောက်ပွဲအသစ်တခုကို ဝေဖန်ခြင်းတို့ကို ဖော်ပြထားသည်။ မိုးမခက အောက်ပါ ကောက်နုတ်ချက်ကို မြန်မာဘာသာပြန်ဆို တင်ပြလိုက်ပါသည်။

ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ပါတီရဲ့ တောင်းဆိုချက်တွေက တရားမျှတပါတယ်။ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးကြဖို့ အားပေးတိုက်တွန်းတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေဆိုတာကို ပြန်လည်သုံးသပ်ဖို့၊ အင်န်အယ်ဒီပါတီရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးခွင့်တွေ ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုက ဒေါ်စုကို ဆက်လက်အကျဉ်းချတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်လိုက်တယ်။ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားတယ်။ တိုင်းရင်းသားတွေကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခြေမှုန်းတယ်။ သူတို့ရဲ့ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ကြီးကို အတင်းအကြပ်စီမံဖို့ ကြိုးပမ်းတယ်။ သည်တော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြမှာလဲ။ ပထမဦးဆုံးကတော့ ဂျင်ဝက်လိုမျိုး တရုတ်ပြည်နဲ့ လှည့်ပြီး ခြောက်လှန့်တဲ့ အကြောက်တရားအသုံးချ ပရိယာယ်တွေကို စွန့်လွှတ်ကြဖို့ပဲ။ သူပြောတဲ့ တရုတ်ပြည်ကို ကန့်သတ်နိုင်ဖို့အတွက် မြန်မာစစ်အုပ်စုနဲ့ လက်တွဲရမယ်လို့ ဆိုတာဟာ အလွန်ခေတ်နောက်ကျပြီးတော့ လက်တွေ့လုံးဝမကျတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ဂျင်ဝက်ကို ပြောခဲ့ပြီး ဖြစ်တယ်။ “ ကျမတို့က လူတွေကို အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီးတော့ ဆက်ဆံမှာ မဟုတ်ဘူး။ မည်သူနဲ့ မဆို တွေ့ဆုံဆက်သွယ်မှာ ဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ စသည်တို့အားလုံးနဲ့ ရင်းနှီးစွာ သာတူညီမျှ ဆက်ဆံကြမှာ ဖြစ်တယ်။ ကိုယ့်အိမ်နီးချင်းကို ရွေးချယ်ခွင့် မရှိတဲ့အတွက် တရုတ်ပြည်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်ပါတယ် ..” လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ - အင်န်အယ်ဒီပါတီကိုယ်တိုင်က နိုင်ငံတကာမိသားစုတွေကို စစ်အုပ်စုနဲ့ တွေ့ဆုံဆက်ဆံဖို့ကို အားပေးတိုက်တွန်းတယ် ဆိုတဲ့အချက်ပဲ။ ပြီးတော့ အဲသည်နိုင်ငံတကာမိသားစုတွေကလည်း စစ်အုပ်စုကို ကျနော်တို့တတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆက်ဆံကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပေးကြပါ။ ခုချိန်မှာ အမေရိကန်နဲ့တကွ နိုင်ငံတကာက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတယ်။ ဒါဟာ ကျနော်တို့ဗမာပြည်သူတွေ အလွန်တောင့်တတဲ့ ဒီမိုကရေစီအနှစ်သာရတွေအတွက် သူတို့တတွေ အားလုံးအတူတကွ ရပ်တည်ကြောင်း ပြသတဲ့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အကယ်၍သာ ဗမာစစ်အုပ်စုက အင်န်အယ်ဒီပါတီနဲ့တကွ တိုင်းရင်းသားအစုအဖွဲ့တွေ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ အပစ်အခတ်တွေ ရပ်စဲမယ် ပြီးတော့ စစ်မှန်သော ဒီမိုကရေစီလူ့ဘောင်တည်ဆောက်ဖို့ ခြေလှမ်းတွေ ထပ်သာလှမ်းလာမယ် ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့အချိန်တွေမှာ ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခုလိုအချိန်ကာလမျိုးမှာ ကျနော်တို့ ရပ်တည်ချက်အပေါ်မှာ ဘယ်သို့သော တွေဝေသံသယစိတ်များ မထားကြပါနဲ့။ အင်န်အယ်ဒီပါတီဟာ ဗမာပြည်သူလူထုတရပ်လုံးရဲ့ ကြေးမုံပြင် ဖြစ်ပါတယ်။ ဗမာပြည်သူလူထုကြီးထံက လွတ်လပ်ရေးကို အဓမ္မကျင့်လုယူရန် လမ်းခင်းနေတဲ့ အခုကျင်းပတော့မည့် အန္တရယ်ကြီးလှတဲ့ အပြစ်အနာအဆာတွေ အပြည့်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို မိမိတို့ အင်န်အယ်ဒီပါတီက သွေးကြောင်တွေဝေစွာနဲ့ ၀င်ရောက်ဆင်နွှဲမှာ မဟုတ်ပါဘူး။ ကျနော်တို့တတွေဟာ တွေ့ဆုံဆွေးနွေး ဆက်ဆံရေးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်လျက် ရှိပါတယ်။ အဲဒါနဲ့ တပြိုင်နက်တည်းမှာပဲ ကျနော်တို့တွေအားလုံးဟာ ကျနော်တို့ရဲ့ အသက်သွေးချွေးတွေ စွန့်လွှတ်ရင်းနှီးခဲ့ရတဲ့ ဒီမိုကရေစီရေး အနှစ်သာရတွေ ဆွတ်ခူးရယူနိုင်ဖို့အရေး ဆက်လက် ရုန်းကန် တိုက်ပွဲဝင်ကြဖို့ကိုလည်း ပိုပြီးတော့ အဆင်သင့်ဖြစ်လျက်ရှိနေတယ် ဆိုတာကိုလည်း ပြောလိုက်ပါတယ်။

0 နှစ် (၇၀) ပြည့် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့
ဇင်လင်း
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင် တို့က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ် ကန့်သတ်ရုံမျှမက သာသနာ့နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ် ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက်သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည်သူတို့ ဆင်းရဲဒုက္ခရောက်ရ သည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ် များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက် ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ် လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်း ချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည် ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အ ကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘု ရင်ခံဖြစ်သည်။
“ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ်မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်”

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီ တိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသ နာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြ တယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။

ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကို လိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံ သားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင် ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ် ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။ ဆရာတော် အစပျိုးခဲ့ သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။

ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည် နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာ ပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တား ရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထို ကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာ များကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့ သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ် တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီး တွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူ ထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည် ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂ လိပ်လက်အောက်မှလွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦး တည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ် တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မ ရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ် က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင် ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော် သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်း ဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီး ကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာ တော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာ တိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြ နိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင် မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပ ဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူ ရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန် ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝

ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနု စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာ နုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင် မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။

ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင် ငံရေး နိုးကြားလာလျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာ တော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။

ဗုဒ္ဓသာသနာစည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟော ပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ် လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ် ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာ တော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက် ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်း ပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။

ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတ ရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက် ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုး တွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “က ရက်ဒေါက် ဂက်ဒေါက်” (Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံး ကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညို ပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရ သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအ သင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။

ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦး ဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာ ကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိ မြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြ သည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟောပြောလာကြသည်။ သံဃာ့ သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင် ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံ ခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပ ဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသ ဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ် ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ် သော စနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြ လှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူး သတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့ သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြ ရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင် ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”

ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူ ခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်း ဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်” တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ် ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ် လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုး ချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ် ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေ ခြင်းဖြစ်ပေသည်။

ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ် မျိုးဆက်သစ်တို့သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေ ကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက် ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထား သည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ် မှောက်ကံဆောင်ရာတွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့ သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့် ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက် တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက် ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။

-“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။

Wednesday, September 9, 2009

0 ကျန်းမာရေးမကောင်းသော နိုင်ငံရေးအကျဉ်းသားများ ဆေးရုံတက်ကုသခွင့်မပြု

စပယ်ထွန်း

သရက်ထောင်တွင်းရှိ ထောင်ဒဏ် ၁၀၄ နှစ် အပြစ်ပေးခံထားရသည် အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသား ကိုဘိုမင်းယုကို အား ဗကသ ၏ နာဂစ်ကယ်ဆယ်ရေးတွင်တွေ့ ရစဉ် (22 years old student leader Bo Min Yu Ko gets 104 years in Jail

သရက်ထောင်တွင်းရှိ ထောင်ဒဏ် ၁၀၄ နှစ် အပြစ်ပေးခံထားရသည် အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသား ကိုဘိုမင်းယုကို အား ဗကသ ၏ နာဂစ်ကယ်ဆယ်ရေးတွင်တွေ့ ရစဉ် (22 years old student leader Bo Min Yu Ko gets 104 years in Jail

မော်လမြိုင် အကျဉ်းထောင် မှ ကိုချစ်မင်းလေး ၊ထောင်ဒဏ် ၁၀၄ နှစ်အပြစ်ပေးခံထားရသည့် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိဘိုမင်းယုကို ၊ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော News Watch ဂျာနယ်မှ ကိုဇော်ထွန်း နှင့် ထောင်မှ နိုင်ငံရေးအကျဉ်းသူ မမြတ်ကေသီအောင် တို့ သည် ထောင်တွင်း၌ ကျန်းမာရေး
အခြေအနေ ဆိုးရွားလျှက်ရှိသော် လည်းထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဟု
သတင်းရရှိသည်။

သရက် ထောင်တွင်ထိန်းသိမ်းခံထားရသည့် ကိုဘိုမင်းယုကို မှာ မန္တလေးတွင် ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် ရရှိခဲ့သော ဒဏ်ရာများ အပြင် မန္တလေးအကျဉ်းထောင်တွင် တိုက်ပိတ်ထားစဉ်က ခြေထောက်များချိ၍ လမ်းကောင်းစွာမလျှောက်နိုင်ဖြစ်ခဲ့ရသည်။ယခု သရက် မော်လမြိုင် အကျဉ်းထောင် မှ ကိုချစ်မင်းလေး ၊ထောင်ဒဏ် ၁၀၄ နှစ်အပြစ်ပေးခံထားရသည့် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိဘိုမင်းယုကို ၊ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော News Watch ဂျာနယ်မှ ကိုဇော်ထွန်း နှင့် ထောင်မှ နိုင်ငံရေးအကျဉ်းသူ မမြတ်ကေသီအောင် တို့ သည် ထောင်တွင်း၌ ကျန်းမာရေးအခြေအနေ ဆိုးရွားလျှက်ရှိသော် လည်းထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဟုသတင်းရရှိသည်။

သရက် ထောင်တွင်ထိန်းသိမ်းခံထားရသည့် ကိုဘိုမင်းယုကို မှာ မန္တလေးတွင် ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် ရရှိခဲ့သော ဒဏ်ရာများ အပြင် မန္တလေးအကျဉ်းထောင်တွင် တိုက်ပိတ်ထားစဉ်က ခြေထောက်များချိ၍ လမ်းကောင်းစွာမလျှောက်နိုင်ဖြစ်ခဲ့ရသည်။ယခု သရက် အကျဉ်းထောင်တွင်ရှိနေသော ကိုဘိုမင်းယုကို မှာ အစာအိမ်ရောဂါ နှင့် ခြေထောက်ချိနဲ့ ခြင်းရောဂါတို့ ကိုခံစားနေရသော် လည်း အကျဉ်းထောင် အာဏာပိုင်များက ဆေးဝါးစောင့်ရှောက်မှု မပေးဟု သတင်းရရှိသည်။သရက်ထောင် တွင် ကိုဘိုမင်းယုကို နှင့် အတူရှိသော ထောင်ဒဏ် နှစ် ၅၀ ကျခံနေရသည့် ကိုညီညီ မှာ လည်း အစာအိမ်ဝေဒနာကိုခံစားနေရသည် ဟု သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်း ၏ဇနီးဖြစ်သူ မမြတ်ကေသီအောင် အားထားရှိရာ ထား0ယ်တောင်ထောင်တွင်းရှိ အမျိုးသမီးဆောင် မှာ ကျန်းမာရေးနှင့် လျှော်ညီခြင်းမရှိ ဟု မကြာခင်က ထောင်မှ လွတ်မြောက်လာသည့် သာမန် အကျဉ်းသူ တစ်ဦးက Freedom News Group သို့ ပြောသည်။မကေသီအောင် သည် ယခင်နှစ် ဒီဇင်ဘာ လကကုသခွင့် မပေးပဲ ယခင်သီတင်းပတ်က မန္တလေး ထောင်သို့ ပြန်လည်ပို့ ဆောင်ကာ ထောင်တွင်းဆေးရုံ ၌ပင် ကုသပေးသည် ဟု သူမ၏ မိသားစုဝင်တစ်ဦးကပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဆင်းရဲကျပ်တည်းစွာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် ထောင်ဝင်စာတွေ့ မည့် သူပင်မရှိတော့သည့် မော်လမြိုင် အကျဉ်းထောင်မှ ကိုချစ်မင်းလေးမှာ ကျောရိုးကျဉ်းပေါင်းတက် ရောဂါဝေဒနာ ကိုခံစားနေရသော် လည်း ထောင်ဆရာဝန် က လုံလောက်သည့် ဆေးဝါးညွှန်ကြားမှု မပေးဟု သိရသည်။ကိုချစ်မင်းလေးသည် ဆုံးပါးသွားသောမိခင်၏ နာရေးအားလိုက်ပါပို့ ဆောင်ခွင့် မရ ဟုသိရသည်။

အင်းစိန် အကျဉ်းထောင် အဆောင် ၃ တွင် ထိမ်းသိမ်းခံထားရသည့် News Watch ဂျာနယ်မှ ကိုဇော်ထွန်းသည် အဆစ်အမြစ် ကိုက်ခဲခြင်း နှင့် အာရုံကြောအားနည်းခြင်းရောဂါ ကို ခံစားနေရသော် လည်း ထောင်အာဏာပိုင်များက ပြင်ပဆေးရုံသို့ ထုတ်၍ကုသခွင့် မပေး ဟု ၎င်း ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးကပြောသည်။

ကျန်းမာရေး ချို့ ယွင်းနေသာ နိုင်ငံရေး အကျဉ်းသားများအတွက် သက်ဆိုင်ရာ ထောင်အာဏာပိုင်များက ပြင်ပဆေးရုံများတွင် တက်ရောက် ကုသခွင့်ရရှိရန် အကျဉ်းဦးစီးဌာန ညွှန်ချုပ် နှင့် ပြည်ထဲရေးဝန်ကြီး ဌာန သို့ စာတင်ပေးသော် လည်း အကြောင်းပြန်ကြားခြင်းလုံးဝမပြုဟု အင်းစိန် အကျဉ်းထောင် ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

စစ်အစိုးရ စတင် အာဏာသိမ်းပိုက်ချိန်မှ စ၍ ယခုအချိန် အထိ နိုင်ငံရေး အကျဉ်းသားတစ်ရာ ကျော် မှာ အကျဉ်းထောင်တွင်း အကြောင်း အမျိုးမျိုးကြောင့်သေဆုံးခဲ့ပြီးဖြစ်သည်။

Freedom News Group

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက်

0 ဗိုလ်မှုး အောင်လင်းထွဋ် က ဗိုလ်ချုပ်ရွှေမန်းသို့ ပေးစာ

အကိုကြီးခင်ဗျာ..
ကျနော် အောင်လင်းထွဋ်ပါ၊ အကိုကြီး တပ်မ ၆၆ နည်းဗျူဟာမှုးတာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ်ကို စစ်ဆင်ရေးမသွားခင် တပ်မတော်ထောက်လှမ်းရေးညွန်ကြားရေးမှုးရုံး တိုက်ပွဲထောက်လှမ်းရေးဌာနမှာ လာရောက်သြ၀ါဒခံယူစဉ် စစ်ဦးစီးမှုးဒုတိယတန်း ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ Ray Ban ကိုသတိရလိမ့်မယ်လို့ထင်ပါတယ်။ နောင် အကိုကြီးတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် (၁) သင်တန်းမှာ ကျနော် ထောက်လှမ်းရေးဘာသာရပ် lecture လာပို့တာကိုလည်း အမှတ်ရမိလိမ့်မယ်လို့ထင်ပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့်အရေးယူခံရပြီးနောက် အကိုကြီးပြောခဲ့တဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားလုံးဟာ ကျနော်တို့ရင်ထဲမှာရော၊ မြန်မာပြည်သူလူထုနဲ့ တပ်မတော်သားတို့ရဲ့ရင်ထဲမှာရော အခုအချိန်ထိ စွဲကျန်နေခဲ့သလို …အားလုံးကလဲ အကိုကြီးကို မြန်မာနိုင်ငံတော်ကြီးကို အာဏာရှင်စနစ်ထဲက ကယ်တင်မဲ့ ကယ်တင်ရှင်ကြီးဖြစ်လာလိမ့်မယ်လို့ မျော်လင့်မိခဲ့ပါတယ်။ ကျနော်သိရသလောက် တပ်မတော်အရာရှိကြီးများကလည်း အကိုကြီးသာဦးဆောင်မယ်ဆိုရင် ထောက်ခံဖို့အသင့်လို့ပဲလို့သိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ရဲ့ခေါင်းဆောင်မှုတွေကိုစိတ်ပျက်နေကြပါတယ်ဆိုတာ အားလုံးကပြောနေကြပါတယ်။ အကိုကြီးဟာ ကျနော်တို့ထက် နိုင်ငံအခြေအနေကို အသိဆုံးဖြစ်သလို ဗိုလ်ချုပ်သန်းရွှေ အကြောင်းကိုလည်း အသိဆုံးပါ။ တပ်မတော်သားများအပါအ၀င် ပြည်သူလူထုနဲ့ နိုင်ငံတကာကသိအောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ၍ နိုင်ငံကောင်းရာကောင်းကြောင်းလုပ်မယ်ဆိုရင် အားလုံးက သာဓုခေါ်ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရော ပြည်ပမှာရော ဒုက္ခရောက်နေကြပါတယ်။ ရွှေမြန်မာတွေ နိုင်ငံတကာမှာ ကျွန်ဖြစ်နေသလို ပြည်တွင်းကမြန်မာတွေလဲ အာဏာပိုင်တွေနှိပ်စက်ချင်တိုင်းနှိပ်စက်ခံနေရတဲ့ စစ်ကျွန်ဖြစ်နေကြပါတယ်။ အကိုကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဘာတွေဖြစ်ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်လိုစဉ်းစားနေတယ်ဆိုတာ အကိုကြီးအသိဆုံးပါ။ ဒီပဲယင်းအရေးအခင်းရဲ့ တရားခံဟာ
ဗိုလ်ချုပ်ကြီးသန်းရွှေဆိုတာ အကိုကြီးသိပါတယ်။ ဒီပဲယင်းအရေးအခင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖျောင်းဖျခိုင်းတာလဲ ဗိုလ်ချုပ်ကြီးသန်းရွှေပါပဲ။ အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင် ဒုတိယတပ်မတော်ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ကျော်ဝင်း တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှုး ဗိုလ်မှုးချုပ်သန်းထွန်းတို့ကို အဖွဲ့ ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဆွေးနွေးခိုင်းတာလဲ ဗိုလ်ချုပ်သန်းရွှေပါပဲ။ အဲဒီဆွေးနွေးလို့ကရလာတဲ့ ရလဒ်ကို ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင်သဘောတူပြီးမှ ဖျက်ပစ်တာလဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အကိုကြီးသိပြီးဖြစ်ပါလိမ့်မယ် ၂၀၀၄ ခုနှစ်ကဘာတွေ သဘောတူခဲ့တယ်ဆိုတာ သိအောင်ထပ်ပြီးပြောပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကိုလွှတ်ပေးမယ် NLD အမျိုးသာညီလာခံပြန်တက်မယ် အမျိုးသားညီလာခံရဲ့ အခြေခံမှုတွေထဲကအချို့အချက်အလက်တွေပြန်ဆွေးနွေးမယ် ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးမယ်ဆိုတဲ့အဓိကအချက်တွေပါပါတယ်။ ဒီသဘောတူညီချက်တွေကို ပထမ ဗိုလ်ချုပ်သန်းရွှေက သဘောတူတယ်ဆိုလို့ ကျနော်တို့ အဖွဲ့တွေ ၉၅% တော့သေချာတယ်ဆိုပြီး ၀မ်းသာမိခဲ့ကြပါတယ်။ အမျိုးသားညီလာခံစဖို့ နီးပြီဆိုမှ ဗိုလ်ချုပ်သန်းရွှေ စိတ်ပြောင်းပြီး စေ့စပ်ညှိနိုင်းရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကို ပြန်လွှတ်မပေးနိုင်သေးဘူးလို့ပြောခိုင်းတယ်။ ဒီစေ့စပ်ညှိနိုင်းရေးအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုပြန်လယ်သတင်းပို့တော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်တို့ယောက်ျားတွေလုပ်နေပြီး ကတိမတည်တဲ့လူတွေလို့မှတ်ချက်ပြုခဲ့တယ်ဆိုတာ အကိုကြီးသိပါလိမ့်မယ်။ ကျနော်ပြောချင်တာက အမျိုးသ္မီးတစ်ယောက်ကို ဒီပဲယင်းမှာ အပြတ်ရှင်းဖို့အမိန့်ပေးခဲ့တယ်၊ လွတ်လာပြီးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့လိမ်ညာပြီးလုံခြုံရေးအရ ထိန်းရပါတယ်ဆိုပြီး ကမ္ဘာကို ဗြောင်လိမ်ခိုင်းတယ် နိုင်ငံတကာရဲ့လေသံရော့သွားမှ ပုဒ်မ ၁၀/ခ ဆိုပြီး လူမသိ သူမသိ ချုပ်တယ်၊ ၅နှစ်ပြည့်လို့ လွတ်ရက်စေ့တော့လဲ ကလိမ်ကကျစ်လုပ်ပြီး ၆နှစ်လို့ပြောတယ် ၆နှစ်ပြည့်လို လွတ်ချိန်တန်တော့ USA က်Mr. Yattaw နဲ့ အကွက်ဆင်ပြီးဖမ်းတယ် ဒါတွေကို ပြန်လေ့လာရင် အကိုကြီးပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသေးရဲ့လား။ ၂၀၀၉ ခု ဂျွန်လအတွင်းမှာ တရားသူကြီးချုပ် ဦးအောင်တိုး နေပြည်တော်က ဆေးရုံမှာ အရေးပေါ် ဆေးရုံတင်လိုက်ရတာ အဖိုးကြီးရဲ့ Pressure လို့ မခံနိုင်လို့ ဘူးသီးလုပ်ခံရလို့ဖြစ်တယ်လို့သိရတယ်။ တရားသူကြီချုပ်ဆိုတာ ဥပဒေကို ထိန်းရမဲ့ အမြင့်ဆုံးအာဏာပိုင်ပါ။ တရားသူကြီးချုပ်က ထိန်းချင်ပေမဲ့ ဥပဒေထက်က ဗိုလ်ချုပ်မှုးကြီးကထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်နေတာ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါရဲ့လား။ အကိုကြီးခင်ဗျား.. အကိုကြီးကိုယ်တိုင်ပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖယ်ရှားဖို့ပါပဲ။ အဲဒီနောက်မှာ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အောက်ပါအချက်သုံးချက်ကိုဆောင်ရွက်ပေးဖို့ပါ။
၁ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများပြန်လွတ်ပေးရေး
၂ ။ နိုင်ငံကောင်းရာကောင်းကြောင်းတွေ့ဆုံဆွေးနွေးရေး
၃ ။ အများသဘောတူတဲ့ဖွဲ့စည်းပုံနဲ့အတူ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ပေးရေးတို့ဖြစ်ပါတယ်။
အကိုကြီး ခင်ဗျာ. ယနေ့မြန်မာနိုင်ငံကို အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့လက်တွင်းကကယ်တင်ဖို့ အကိုကြီးဟာအဓိကဖြစ်ပါတယ်။ ( Psychic reflection ) ဆိုက်ကစ် ရီဖလေးရှင်းဖြစ်နေတဲ့ စိတ္တဇဝေဒနာသည်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးကို အနားပေးဖို့အချိန်တန်နေပါပြီးခင်ဗျာ. နတ်လူသာဓုခေါ်ဖို့ ကျနော်တို့စောင့်နေကြပါတယ်။

အောင်လင်းထွဋ်

Monday, September 7, 2009

0 ပြည်တွင်းမှဒေါ်လာများဖြင့် မြန်မာ့ဖွတ်ဘော


တေဇနဲ့ အောင်မိုးဇော် (ဂရင်းရွယ်ရယ်ဝီစကီ စပွန်ဆာ) ဓာတ်ပုံ။ ။ moemakha
နီနီဝင်းရွှေ ရဲ့ (ကာယပညာတန်ဆောင်) ဆိုတဲ့သီချင်း ကို နားထောင်ရင်း မြန်မာသတင်းစာ ကို ဖတ်ကြည့်လိုက်တာ ရင်တွင်း ခံစားရချက် မသက်သာလှတာမို့ အားကစား ကဏ္ဍ မှ သိတာလေးတွေ ကို ဖေါက်သည်ချလိုက်ပါတယ်။

ကာယပညာတန်ဆောင် ဆိုတဲ့သီချင်းဟာ တော်လှန်ရေးအစိုးရခေတ် မှာ ပေါ်ထွက်လာခဲ့တာပါ။ မူရင်း အဆိုတော် က ပန်တျာတင်တင်မြင့် လို့ထင်ပါတယ်။ ဟိုခေတ်ဆီက စောစောအိပ်လို့ စောစောထကြပါစို့လို့ ဆိုပြီး ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့တဲ့အချိန်ပေါ့။ အားကစား နှင့် စီးပွားရေး ရောထွေးမှု မရှိခဲ့တဲ့ အချိန်တွေပေါ့။ အားကစား ကို အမျိုးသားအားကစား ရယ်လို့ သတ်သတ်မှတ်မှတ် ထားတဲ့အချိန်ပေါ့။

ယခုတော့ နိုင်ငံရေး အမြတ်ထုတ်ဖို့ရယ်၊ စီးပွားရေး လုပ်ငန်းတွေ မှာ အမြတ်ထုတ်ဖို့ရယ် ဆိုပြီး ပုဂ္ဂလိက ဘော်လုံးအသင်းတွေ ကိုထူထောင်၊ ပြည်တွင်း မှ သယံဇာတတွေ ကို ရောင်းစားပြီး နိုင်ငံခြား က ဘော်လုံးသမားတွေ ကို ဒေါ်လာပေးပြီး ငှားရမ်းနေကြတယ်။ ဒီဒေါ်လာတွေ ကို နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ မိမိတို့ တိုင်းရင်းသား တွေ ကို ထောက်ပံ့လိုက်ရင်ဖြင့် ဘယ်မျှလောက် ကောင်းသွားလေမလဲ လို့ ကျနော် စဉ်းစားမိတယ်။ ပြည်တွင်းရဲ့ အားဟာ ပြည်တွင်းမှာ ရှိပါတယ် ဆိုတဲ့ စကားဟာ အားကစား လောက အတွက်လည်း အကြုံးဝင်ပါတယ်။ တစ်ခါမှ အားလို့တောင်မှ မကားစားခဲ့တဲ့သူတွေ က ငွေကြေးကို ပုံအောပြီး အားကစားလောက ကို သိမ်းပိုက်လိုက်တာ ရင်နာမိပါတယ်။ မြန်မာ့အားကစား ကို ငွေနဲ့ အသိမ်းပိုက်ခံလိုက်ရပါတကားလို့လည်း သံဝေဂ ရမိပါတယ်။

တော်လှန်ရေးကောင်စီခေတ်က မြန်မာ့အားကစား လောက ကို ဦးဆောင်ခဲ့ကြတဲ့ ဗိုလ်မှူးကြီးဂွမ်ရှိန်၊ ဗိုလ်မှူးကြီးလှမိုး၊ ဗိုလ်မှူးကြီးကျော်စိန်ထွန်း (စစ်တပ်ဆရာဝန်)၊ ဗိုလ်မှူးကြီးဘရွှေ၊ တို့ဟာ ကိုယ်တိုင် ဘော်လုံးသမားတွေပါ။ တကဲ့ကို အားကစား စိတ်ဓါတ် နဲ့ ကို ဦးဆောင်ခဲ့လို့လည်း တစ်ချိန်သော ကာလ က (မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ) (အာရှချန်ပီယံ ဒို့မြန်မာ) ဆိုတဲ့ သီချင်းတွေ ကို မြန်မာ့အသံ က အောင်ပွဲခံ အသံလွှင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ တစ်နှစ်မှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်း နှင့် မြန်မာ့ လူငယ်လက်ရွေးစင် ဘောလုံးအသင်း (၂) သင်းဟာ တစ်ချိန်တည်းမှာ တောင်ကိုးရီးယားပတ်ချုံဟီးဖလား နဲ့ အာရှလူငယ် ဖလား (၂) ခု ကို နိုင်ငံ (၂) ခု က ရပြီး မင်္ဂလာဒုံ လေယဉ်ကွင်း ကို မြန်မာနိုင်ငံတော် အလံ ကို ကိုင်ဆောင်ပြီး လေယဉ်ပေါ် က အောင်ပွဲခံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆင်းလာတာ ကို မြင်လိုက်ရ ရင်ပဲ ကြက်သီမွေးညှင်း ထမိခဲ့ပါတယ်။

၁၉၆၀ ကျော် ကာလများက အောင်ပွဲဝင် မြန်မာ မာရသွန် အပြေးချန်ပီယန် (၂) ဦးဟာ တိုင်းရင်းသား ကချင်လူမျိုးတွေပါ။ မြီတုန်းနော် နှင့် ရှင်ဗွေဂမ် တို့ဟာ အာရှတိုက်ရဲ့ အားကစားပြိုင်ပွဲတွေမှ အမိနိုင်ငံတော် အတွက် ရွှေငွေ တံဆိပ်တွေ ကို ရယူလာပေးခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစားတွေပါ။ ထို့ အတူ မြန်မာ လက်ဝှေ့ချန်ပီယန် (ဦး) တင်ထွန်း ဆိုရင်လည်း ပြိုင်ဖက် ကို ကြမ်းပေါ်ကျအောင် ထိုးချပြီး နိုင်ငံတော် အတွက် ရွှေငွေ တံဆိပ်တွေ ကို ယူပေးခဲ့တဲ့ အောင်မြင်ကျော်ကြား မြန်မာ့ အားကစား သမားတစ်ဦးပါ။ ၁၉၆၉ ခုနှစ် က ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ မှာ အားကစား မီးရှုးတိုင် ကို အောင်ဆန်း အားကစားကွင်း မှာ ရှိတဲ့ အားကစား မီးတောက် မှာ ထွန်းညှိပေးခဲ့တဲ့သူပါ။ ၁၉၈၈ နောက်ပိုင်းမှာ (ဦး) တင်ထွန်း ခေတ်ပြိုင်စာစောင် လက်ဝယ်တွေ့ရှိမှု ဖြင့် ထောင်ဒဏ် ကျခံသွားရပါတယ်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလ က ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ မှာ နာမည်ကျော်ခဲ့တဲ့ အမျိုးသမီး အားကစားမယ် တစ်ဦး ဟာ နိုင်ငံတော် အတွက် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပေးပြီး ရက်ပိုင်း အတွင်းမှာ မသမာသူ သောင်းကျန်းသူ များ ရဲ့ လက်ပစ်ဗုံး ဒဏ်ချက်ကြောင့် ငယ်ငယ်ရွယ်ရွယ် နဲ့ ကွယ်လွန်သွားခဲ့ရတယ်။ မြန်မာ့အမျိုးသမီး ဘော်လီဘော လက်ရွေးစင် အသင်းမှ အားကစားမယ် အေးအေးသင်း ဟာ လားရှိုးမြို့ဇာတိ ဂေါ်ရခါး အမျိုးအနွယ် တစ်ဦးပါ။ မြင့်မားသော အရပ်၊ တောင့်တင်းသော ကိုယ်လုံးကိုယ်ထည် နဲ့ အေးအေးသင်း ဟာ ဘော်လုံးကို ပိုက်ကွန်ကိုကျော်လွန်ပြီး တစ်ဖက်အသင်း ထဲရောက်သွားအောင် ပြင်းပြသော ရိုက်ခုတ်ချက် တွေနဲ့ လက်စွမ်းပြခဲ့ပြီး မြန်မာ့အမျိုးသမီး ဘော်လီဘော လက်ရွေးစင် အသင်းအတွက် ရွှေတံဆိပ် ကို ရယူပေးခဲ့ပါတယ်။ ကံကြမ္မာဆိုးချင်တော့ ရက်ပိုင်းလောက်ပဲကြာတယ် ၁၉၇၀ ခုနှစ် ဂျန်နဝါရီလ လားရှိုးမြို့ မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာ သောင်းကျန်းသူ များ အားကစားပွဲအတွင်း ပစ်သွင်းလိုက်တဲ့ လက်ပစ်ဗုံး ဒဏ်ကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။

ဒီလိုမျိုး အောင်မြင်ကျော်ကြားတဲ့ မြန်မာ့အားကစား သမားတွေ ပြည်တွင်းမှာ ရှိရက်သားနဲ့ ပြည်တွင်းက ရသွားတဲ့ ဒေါ်လာတွေ ကို ဖြုန်းတည်းပြီး နိုင်ငံရပ်ခြား မှ ဘော်လုံးသမားတွေ ကို ငှားရမ်းတာကတော့ စိတ်မကောင်းစရာပါ။
(ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာ့အားကစား နဲ့ နိုင်ငံဂုဏ်ဆောင် ခဲ့သူများ ကို ဒီ ပိုစ့် နဲ့ ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်)

ကိုလူချော
မြန်မာ့ ဖွတ်ဘောလောက အဆင့်အတန်း မြင့်သည် မမြင့်သည်ထက် ပြည်သူ့ ခံစားပေါက်ကွဲမှုဒေါသတို့သည် နအဖ ဖက်မလှည့်ရေးသည်သာ အဓိကအဖြစ်သတ်မှတ်ထားသောကြောင့် မြန်မာ့ ဖွတ်ဘော လောကကြီးသည် ဖွတ်သံသရာ လည်နေဦးမည်သာ ဖြစ်ပေသည်။

0 ဒေါ်အောင်ဆန်;စုကြည် အယူခံလျှောက်လဲချက် (မူရင်း)

Sunday, September 6, 2009

0 YouTube တွင် ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုခွင့် ရတော့မည်

YouTube ကုမ္ပဏီ သည် ရုပ်ရှင်ဇာတ်ကားများ ငှားရမ်း ထုတ်လွှင့်နိုင်ရေးအတွက် စဉ်းစားလျက် ရှိကြောင်းနှင့် ယင်းအစီအစဉ် အထမြောက်အောင်မြင်ပါကပထမဆုံးအကြိမ် ဗီဒီယိုရုပ်ရှင်ဇာတ်ကားများ အခမဲ့ကြည့်ရှုခွင့်ရမည့် ၀က်ဘ်
ဆိုက်တစ်ခု ဖြစ်လာပေမည်ဟု ဝေါလ်စထရိ ဂျာနယ်က ဗုဒ္ဒဟူးနေ့တွင်ရေးသားဖော်ပြသည်။ Google မှပိုင်ဆိုင်သော YouTube ကုမ္ပဏီသည်အဓိကကျသောရုပ်ရှင်စတူဒီယိုများဖြစ်သည့် Lions Gate Entertainment Corp.,၊Sony Corp.
အပါအ၀င် Warner Bros. ကုမ္ပဏီတို့နှင့် ဇာတ်ကားများ ငှားရမ်းထုတ်လွှင့် နိုင်ရန်ဆွေးနွေးပြောဆိုလျက်ရှိသည်။Google သည် YouTube ကုမ္ပဏီအား ၂၀၀၆ခုနှစ်၌ ဒေါ်လာ ၁. ၆၅ သန်းဖြင့် ၀ယ်ယူခဲ့သည်။ (အေအက်ဖ်ပီ) (ခောတ်လူငယ်)

0 မြန်မာ့အလင်းသတင်းစာမှ ကိုးကန့်သတင်းလူထုအားထိတ်လန့်ချောက်ခြားဖွယ်ပြုလုပ်






MNDAA ကိုးကန့်အဖွဲ့နဲ့တိုက်ပွဲမှာ နအဖရဲ့အသုံးချ ဓားစာခံဖြစ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့သေဆုံးနေတဲ့ လူအများထိတ်လန့်ချောက်ခြားဖွယ်ဖြစ်စေမဲ့ဓာတ်ပုံတွေကိုမြန်မာ့အလင်းသတင်းစာမှာစာနယ်ဇင်းကျင့်ဝတ်ဖောက်ဖျက်ပြီးဖော်ပြထားပါတယ်။

0 အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်တစ်ခုဖြစ်ပေသည်၊ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ်လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက်မြင့်လာပေပြီ၊ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင်များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်းသံဃာတော်များအားလည်း လွတ်ပေးခြင်းမရှိသေးပေ၊ ထိုအချက်တို့သည် တတိယအကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန် အဓိက အကြောင်းအချက်များပင်ဖြစ်သည်။

သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယခင်ကလဲသပိတ်မှောက်ခဲ့သလို ယခုလဲ သပိတ်မှောက်ထားဆဲ နှောင်လဲ သပိတ်မှောက်နေအုံးမည်ဖြစ်သည်၊ နအဖသည် အရေခြုံဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေသရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာဖြစ်ပေသည်။

သံဃာတော်များသည် သာသနာ့အန္တရာယ်ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန်အပြည့်ရှိပေသည်၊ သာသနာ့အန္တရာယ်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏အသက်ကို ဘုရားသာသနာတော်ကြီးအား ပေးလှူကာ ကာကွယ်စောက်ရှောက်ကြရပေမည်။

ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာတည်တံ့နိုင်မည်ဖြစ်ပေသည်၊ မင်းဆိုးမင်းညစ်တို့သည် မိမိတို့အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေးဝါဒကိုသာ တွင်တွင်ကျင့်သုံးကြသူများဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ၊ လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာ ဆိုးသွမ်း ရိုင်းစိုင်းသည့် အကျင့်စရိုက်များ (မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကားလာတော့မည်မှာ ဧကန်မုချ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေသည်။

သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်းသံဃာတော်များသည် ယနေ့အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာဝါဒီတို့အား ဓမ္မနည်း(တရားသောနည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီးနေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်၊ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့အရေးတော်ပုံကြီး ဧကန်မုချပေါ်ပေါက်လာတော့မည် ဖြစ်သည်၊ တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုးကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယရွှေဝါရောင် တော်လှန်ရေးလှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေးများအား ရှင်းလင်းပယ်ရှားရန် တစ်ရွေ့ရွေ့စီးဆင်းလာနေပြီဖြစ်ပေသည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များဖော်ဆော်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။
သံဃာ့အရေးတော်ပုံ မုချအောင်ရမည်။
စစ်မိစ္ဆာကောင်များ မုချ ကျဆုံးရမည်။
အမိမြန်မာပြည် အမှန်တရား ထွန်းကားရမည်။
မင်းကောင်းမင်းမြတ် ဧကန်မုချပေါ်ထွန်းရမည်။

တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.