Saturday, January 29, 2011

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှမြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံ (World Economic Fourm) တွင်ပြောကြားသောမိန့်ခွန်း (ရုပ်/သံ)



မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း လုပ်ဆောင် ပေးဖို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆွစ်ဇာလန် နိုင်ငံ ဒါးဗော့စက ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်လာ သူတွေကို ပန်ကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်အောင် လူငယ် လူရွယ်တွေကြား စွန့်ဦး တီထွင်စိတ် တိုးပွား လာအောင် ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြေခံ အဆောက်အဦ တွေမှာ ရင်းနှီးမြုတ်နှံမှုတွေ လိုအပ်တယ်လို့ ငါးမိနစ်ကြာ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီရင်းနှီး မြုတ်နှံမှုတွေ အပြင် ပြည်ပက တိုက်ရိုက် ရင်းနှီး မြူတ်နှံမှုတွေ စွဲဆောင်နိုင်အောင် ဥပဒေ စိုးမိုးမှုကို အာမခံနိုင်မဲ့ တရားစီရင်ရေး စနစ်မှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မလုပ်နိုင်ရင်၊ နိုင်ငံရေး တည်ငြိမ်မှု မရှိရင် ပွင့်လင်း မြင်သာရှိမှု၊ တာဝန်ခံမှု၊ သိက္ခာရှိမှု၊ မှန်မှန်ကန်ကန် လုပ်မှုတွေဆိုတာ စိတ်ကူးယဉ် အိပ်မက်သာသာ ရှိမယ်၊ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အိပ်မက် သာသာဘဲ ရှိမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ လောလောဆယ် ရင်းနှီးမြုတ်နှံမှု လုပ်နေသူတွေ၊ ဒါမှမဟုတ် လုပ်ဖို့စဉ်းစားနေသူတွေကိုလည်း ဥပဒေကို လေးစားလိုက်နာမှုကို အလေးထားဖို့၊ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားဖို့၊ အလုပ်အကိုင် ဖန်တီးနိုင်မှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို မျှဝေ မြှင့်တင်ဖို့လည်း ပန်ကြားချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မနေ့ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီ အဖြစ်ကနေ ဖျက်သိမ်းမှု အယူခံကို တရားရုံးချုပ်က ပယ်ချခဲ့မှုဟာ အင်မတန်မှ စိတ်ပျက်စရာ ကောင်းတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။အင်အယ်လ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မပြိုင်တဲ့ အတွက် ရွေးကောက်ပွဲ ဥပေဒအရ အင်အယ်လဒီဟာ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ခွင့် မရှိတော့ပါဘူး။ဒါကို အင်အယ်ဒီက တရားရုံးချုပ်ကို အယူခံဝင်ခဲ့ပြီး ပယ်ချ ခံခဲ့ရပါတယ်။
(ဘီဘီစီ)

0 အီဂျစ် နိုင်ငံတွင် နှစ် ၃၀ အုပ်ချုပ်လာတဲ့ အာဏာရှင်သမ္မတ ဟိုစနီမူဘာရက်ကို ရာထူးကနေဆင်းပေးရေးဆန္ဒပြမှုနိုင်ငံတ၀ှမ်းတွင်ဖြစ်ပွား (ဘီဘီစီ/ရုပ်သံ)

0 ဇေကမ္ဘာဦးခင်ရွှေတာဝန်ယူလုပ်ကိုင်နေတဲ့ ကြံ့ဖွတ်ပါတီပိုင် သာသနာ့နုဂ္ဂအသင်းဖွဲ့စည်းမှုအား လုံးဝအသိအမှတ်မပြုကြောင်းသဘောထားထုတ်ပြန်ချက်

The Statement No-1-2011 of ABMA

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်တဲ့ ပင်လုံညီလာခံနှင့် ပင်လုံစာချုပ် ဟောပြောပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မနေ့ကနေ့လည် ၁၂နာရီကနေ ညနေ ၂နာ၇ီ ၁၅ မိနစ်အချိန်ထိ ပင်လုံညီလာခံနှင့် ပင်လုံစာချုပ် ဟောပြောပွဲ ကျင်းပပါတယ်။ ဦးပုကျင့်ရှင်းထန်နှင့်ဦးစိုင်းစောအောင်တို့မှ ပင်လုံစာချုပ်အကြောင်း ဟောပြောပါတယ်။
ဟောပြောပွဲတက်ရောက်သူပေါင်း ၁၂၀ ၀န်းကျင်ခန့်ရှိပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် ပင်လုံစာချုပ်အကြောင်း အပြန်အလှန်ဆွေးနွေးကြပါတယ်။
photo and news/ မြစ်မခ

0 NLD ရပ်တည်ခွင့်ပယ်ချမှု လူ့အခွင့်ရေးညီလာခံတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး အတွက် အထူးအယူခံဝင်ထားတဲ့ကိစ္စကို နေပြည်တော် တရားရုံးချုပ်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြီး နိုင်ငံတကာ ဥပဒေနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဒီအမှုကို ဒီကနေ့မနက်ကပဲ နေပြည်တော်တရားရုံးချုပ်မှာ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့အဖွဲ့က ပယ်ချလိုက်တဲ့အကြောင်း ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီကနေ့မနက် ၁၀ နာရီမှာ ကျနော်တို့အမှုနဲ့ပတ်သက်ပြီးတော့ တရားသူကြီးချုပ် ဦးအောင်တိုးရယ်၊ ဒု-ချုပ် ဦးထွန်းထွန်းဦးရယ်၊ ဦးချစ်နွယ်ရယ် သုံးယောက်ပါ။ သူတို့ ဒီကနေ့အမိန့်ချပါတယ်။ ကျနော်တို့က ဥပဒေပြဿနာ ၅ ရပ်ရှိတယ်။ အရေးယူလောက်တဲ့ ဥပဒေပြဿနာဆိုပြီး အဲဒီလိုတင်ပြတာကို ဒီပြဿနာတွေ မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ရဲ့ လျှောက်လွှာကို ပယ်လိုက်တာပါ။”
အခု ပယ်လိုက်ပြီဆိုတော့ ဒီကိစ္စက ဥပဒေလမ်းကြောင်းအရ ပြီးသွားပြီလား။ -
“ဥပဒေလမ်းကြောင်းအရ အယူခံခွင့် အခွင့်အရေးတွေက နောက်ဆုံး ဖြစ်သွားပါပြီ။”
ကျနော်တို့ တဖက်မှာကြားရတာက နိုင်ငံတော်တရားသူကြီးချုပ်ထံမှာ ထပ်ပြီးတော့ အယူခံခွင့်ရှိသေးတယ် ဆိုလားလို့ပါခင်ဗျား။ -
“ဒီလိုပါ။ အဲဒီဟာက တရားသူကြီးချုပ်မှာ ချွင်းချက်အာဏာတွေ ရှိတယ်။ ဒါပေမဲ့ ဒါဟာ တရားသူကြီးကို အယူခံခွင့်အခွင့်အရေး မဟုတ်ပါဘူး။ ဒီဟာလည်း ကျနော်တို့ လျှောက်မှာမဟုတ်ပါဘူး။”
တကယ်လို့ တရားသူကြီးချုပ်ထံမှာ လျှောက်လဲချက်ပေးချင်တယ်ဆိုရင်တော့ ပေးခွင့်ရှိသေးတယ် ဆိုတဲ့သဘောပေါ့။ -
“ဟုတ်တယ်။ ကျနော်တို့ လျှောက်လွှာတင်ရင်လည်း တင်နိုင်တာမဟုတ်ဘူး။ တင်တင် မတင်တင် သူပြင်နိုင်တယ်။ သူ့မှာ ဒီဥစ္စာက ဥပဒေအရပေးထားတာ။ အဲဒီတော့ ဒါဟာ အယူခံအခွင့်အရေး မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ မလျှောက်ဘူး။”
NLD ဗဟိုဥပဒေ အထောက်ကူပြုအဖွဲ့ဝင်လည်းဖြစ်၊ ဒီအမှုကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။
မြန်မာနိုင်ငံအတွင်းမှာ ဥပဒေလမ်းကြောင်းအရ ဒီကိစ္စကို ရှေ့ဆက်လုပ်စရာ မရှိတော့ပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ဒါက ကျနော်တို့က ပြီးသွားပြီဆိုရင်တော့ အထက်ရုံးတရားရုံး ပြီးသွားပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံတကာနဲ့ပတ်သက်ပြီး လုပ်နိုင်အောင်လို့တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီဟာနဲ့ပတ်သက်တာအားလုံး မျှတမှုမရှိကြောင်းကိုတော့ ကျနော်တို့ဘက်က အထောက်အထားအပြည့်စုံနဲ့ တင်ရမှာပေါ့ဗျာ။ အဲဒီလို တင်ဖို့ပဲ ဆုံးဖြတ်တယ်။ စိတ်ကူးတယ်လေ။ အဲဒီတော့ ဒါကတော့ တင်ဖြစ်သွားမယ်လို့ ကျနော်တို့က တွက်ဆထားပါတယ်။”
ပြည်တွင်းမှာ ဥပဒေလမ်းကြောင်းအရ ဆက်ပြီးအလုပ်လုပ်လို့မရတဲ့နောက်ဆုံး နိုင်ငံတကာမှာရှိတဲ့ ဥပဒေလမ်းကြောင်းတွေနဲ့ ဒီကိစ္စကို ဆက်ပြီး ဆောက်ရွက်သွားမယ်ဆိုတဲ့ သဘောလားခင်ဗျ။ -
“ဟုတ်တယ်။ အဲဒါကတော့ အခုရှိသမျှ ဒီဥပဒေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို အပြည့်စုံ လုပ်ထားတာ အသင့်ရှိပြီးသားဖြစ်တယ်။ အဲဒါကို ဦးဉာဏ်ဝင်းတို့ ပြန်ရောက်လာပြီးရင် ဒီကိစ္စနဲ့ပတ်သက်တာအားလုံး အမြန်ဆုံး ကုလသမဂ္ဂမှာ အခုလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံးရောက်အောင် ကြိုးစားပြီး တင်မယ့်သဘောပေါ့။ အဲဒါပေါ့။ လူ့အခွင့်အရေးကောင်စီနဲ့ သွားရတော့မယ့်သဘောပါပဲလေ။”
အဲဒီတော့ ဒီကိစ္စ ရက်ပိုင်းအတွင်း ဖြစ်လာမယ်ပေါ့။ -
“ဟုတ်တယ်။ အဲဒါ ကျနော်တို့ ပြန်လာမယ့်လူတွေ စောင့်နေတာ။ ကျနော်တို့ ကော်မတီထိုင်ပြီးရင် ချက်ချင်းကို မြန်မြန်ဆန်ဆန်ကို လုပ်မယ်ခင်ဗျ။”
ဒါပေမဲ့ ဒီကြားထဲမှာ အဲဒီဟာကိုတင်ထားတဲ့ အတော်အတွင်းမှာ NLD ရဲ့ ရပ်တည်ချက်က ဘယ်လိုဖြစ်သွားမလဲ။ -
“ဒီအတိုင်းပဲဖြစ်မယ်။ NLD နဲ့ပတ်သက်ရင် ဒီအတိုင်းပဲနေမှာပဲလေ။ လုပ်စရာရှိတာ လုပ်နေမှာပဲပေါ့။ ကျနော်တို့က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နေတဲ့ဟာပဲ။ လုပ်နေမယ့်ကိစ္စအ၀၀ကလည်းပဲ ဒီနေ့ လုပ်နေသမျှ အားလုံးဟာလည်း လူထုအကျိုးပြု အထောက်အကူပြုတဲ့ နိုင်ငံရေးပဲ လုပ်နေတာပဲလေ။”
တကယ်လို့ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရလည်း လုပ်ရတာမဖြစ်နိုင်တော့ဘူး ဆိုရင်လည်း ဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမလား။ -
“အဓိက ကတော့ ရှင်းနေပါတယ်လေ။ ကျနော်တို့ရဲ့ အဖွဲ့အစည်းက ကျနော်တို့ကို ဘယ်လိုပဲ ပျက်တယ်ပြုတယ် တရားရုံးကဖြစ်တယ် ပြောသော်လည်းပဲ ဥပဒေလမ်းကြောင်းအရ လုပ်နိုင်တာအားလုံးကို ကျနော်တို့ လုပ်ဖို့ကြိုးစားရမှာပေါ့။ အထူးသဖြင့်ကတော့ဗျာ အဓိကအင်အားကတော့ ပြည်သူလူထုပဲ။ ဒီနေ့ ပြည်သူလူထုနဲ့ ပတ်သက်တာ အားလုံးကို ကျနော်တို့က ထဲထဲဝင်ဝင်ပေါ့။ ဒါ လူမှုရေး၊ နိုင်ငံရေးကိစ္စရော လုပ်ကိုင်ပေးနေတာပဲ။ အဲဒီတော့ လူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ကျနော်တို့ လုံးပမ်းနေတယ်လေ။ အဲဒီ လူထုထောက်ခံမှု အားလုံးရရင် ကျနော်တို့ဟာ ဒီအတိုင်းပဲ မားမားမတ်မတ် ရပ်တည်သွားနိုင်တယ်ပေါ့။ ဒီလိုပြောရအောင်ဗျာ၊ မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ မတုံမလှုပ် ဆက်လက်ပြီးတော့ အေးချမ်းငြိမ်းချမ်းစွာ နည်းလမ်းများကို ရှာကြံပြီးဆောင်ရွက်သွားမယ် ဆိုတဲ့သဘောပဲ။ ဒါပါပဲ။”
တဖက်မှာ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် ရပ်တည်ခွင့်ရရေးအတွက် နိုင်ငံတကာဥပဒေတွေ နည်းလမ်းအရတွေရော ဆက်ပြီးတော့ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မကြာခင်မှာ အစိုးရသစ်တရပ် ကလည်း ပေါ်တော့မယ်ဆိုတော့ ဒီအစိုးရသစ်နဲ့ရော တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကို တဖက်မှာလုပ်ဖို့အစီအစဉ် ရှိပါသလားခင်ဗျ။ -
“အမှန်ကတော့ ကျနော်တို့က အမြဲတမ်း တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်တာကို ဖွင့်ထားတာပဲလေ။ ဆွေးနွေးပွဲကို ခေါ်တယ်ဆိုရင် ကျနော်တို့က အသင့်ပဲလေ။ ကျနော်တို့ ဆွေးနွေးမှာပေါ့။”
သဘောက သူတို့နဲ့ဆွေးနွေးပြီး အဆင်ပြေသွားရင် ပိုပြီးတော့ကောင်းတာပေါ့။ -
“ကောင်းတာပေါ့။ သိပ်ကောင်းတာပေါ့ဗျ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပေါင်းများပါပြီ။ ကျနော်တို့ အခုလို အချိန်မျိုးမှာ တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း ညီရာညီကြောင်း ဒါတွေကို ကျနော်တို့ လုပ်ကိုင်သွားနိုင်တဲ့ ဟာတွေ ရှိတယ်။ ဒါတွေကို ဆွေးနွေးပြီး လုပ်ကိုင်လို့ရတယ်လို့ အမြဲတမ်း သူ ဖွင့်ထားတာပဲခင်ဗျ။”
နေပြည်တော်တရားရုံးချုပ်က NLD တရားဝင်ရပ်ခွင့် အယူခံကို ပယ်ချလိုက်ပြီးနောက် ရှေ့ဘာဆက်လုပ်မယ် ဆိုတာတွေကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောပြခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရည်တည်ခွင့် မရတော့သလို ဖြစ်သွားစေခဲ့တဲ့အတွက် ဒီကိစ္စကို NLD က တရားစွဲဆိုပြီး အကြိမ်ကြိမ် အယူခံဝင်ခဲ့ပေမဲ့ စစ်အစိုးရအာဏာပိုင်တွေက အခု နောက်ဆုံးအဆင့် အယူခံကိုပါ ပယ်ချလိုက်တာဖြစ်ပါတယ်။
နှစ်ဖက် အကျိုးဆောင်ရှေ့နေတွေရဲ့ နောက်ဆုံး လျှောက်လဲချက်တွေကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က နေပြည်တော် တရားရုံးချုပ်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
(voa)

Friday, January 28, 2011

0 " ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၄ )
ရေးသူ-မောင်မောင်ဝမ်း

သမိုင်းသင်တယ်ဆိုတာ “ မအ ” အောင်လို့ ဆိုပြီး သမိုင်း ပါမောက္ခကြီး ဆရာ ဒေါက်တာသန်းထွန်းက ပြောခဲ့ဘူးတယ်။ ပစ္စုပန်တည့်တည့်ရှု့ပါဆိုတာ လောကုတ္တရာအရမှန်ပေမဲ့ လောကီခရီးစဉ်မှာတော့ အတိတ်ဖြစ်ခဲ့တဲ့ သမိုင်းဟာ သိပ်အရေးပါလှပါတယ်။သမိုင်းကိုချန်လှပ်ပြီး ပစ္စုပ္ပန်နဲ့အနာဂါတ်ကိုလှမ်းဘို့ဆိုတာ ဆားမပါတဲ့ဟင်းတခွက်ကိုစားရသလိုပဲဖြစ်နေပါလိမ့်မယ်။

ဒီနေ့ မနက်စောစော ကျနော့်ဆီကို ကိုသွေးတို့ လေးယောက်သားအုပ်စုရောက်လာကြတယ်လေ၊ သူတို့ပြောပြမှဘုန်းကြီးဆွမ်းကြွေးဖိတ်ထားလို့သွားကြမလို့တဲ့..အကို့ကိုလည်းဖိတ်ခိုင်းလို့လာခေါ်တာတဲ့..မြို့မရပ်ကွက်ထဲက မသီရိစု တို့အိမ်မှာ..ကျနော် သီရိစုကို သိနေတာတော့ကြာပါပြီ..သူက နိုင်ငံရေးနဲ့ပတ်သက်လာရင် အမြဲတက်ကြွနေတတ်သူတယောက် နောက် မဟုတ်မခံစိတ်ရှိတယ်၊အမှန်တရားကိုမြတ်နိုးတတ်တယ်၊ ထက်အောင် ကတဆက်ထဲ..မက်ဆေ့တခုပါထပ်ပေးလာတယ်..ကျနော်တို့အေးအေးဆေးဆေးဆွေးနွေးဘို့ အိမ်အပေါ်ထပ်မှာစီစဉ်ထားတယ်တဲ့…ဒါနဲ့ ကျနော်လည်း လူငယ်အုပ်စုတွေနဲ့ထလိုက်လာခဲ့တယ်…. ဘုန်းကြီးဆွမ်းကြွေးတဲ့ သီရိစုတို့ အိမ်ရောက်တော့ လူလည်းသိပ်မရှိတော့ပါဘူး….သူကကျနော်တို့ အုပ်စုကိုလှိုက်လှိုက်လှဲလှဲကြိုဆိုရင်း….

“ ချမ်းမြေ့တို့အုပ်စုတွေ လာမှလာပါ့မလားလို့..ငါဖြင့်မျှော်နေလိုက်ရတာ..တခါတည်း ကိုမောင်မောင်ဝမ်း ပါခေါ်လာတော့ ၀မ်းသာလိုက်တာဟယ်….နောက်တောင်ကျနေတယ်.. ” သီရိစုကပြောပြောဆိုဆိုနဲ့ မုန့်ဟင်းခါးပွဲတွေကိုပြင်ရင်းပြောနေတော့ စန်းမောင်က……

“ အင်း..နောက်ကျသွားတော့ မုန့်ဟင်းခါးဟင်းရည်တော့….ရေရောပြီးလောက်ပြီးထင်တယ်..”

“ စန်းမောင်ရယ်..ငါနင်တို့ဘို့ သီးခြားကိုဖယ်ထားတာ..မပူပါနဲ့..ရေမရောပါဘူး..စိတ်ချပါ…ရေနွေးပဲရောတာပါ ” အားလုံးပွဲကျသွားကြတယ်..အညာမုန့်ဟင်းခါးကိုအားရပါးရစားအပြီးမှာတော့..သီရိစုက…ကျနော်တို့အားလုံးကို သူ့အိမ်အပေါ်ထပ်ခေါ်သွားပြီး လဘက်ရည်၊ အချိုပွဲတွေနဲ့ဧည့်ခံတယ်..“ ဒါက..အထူးအစီအစဉ်လေ….အောက်ထပ်မှာဆို..ဧည့်သည်တွေလာရင်..စကားကောင်းကောင်းပြောလို့မရမှာဆိုးလို့..အ ပေါ်ထပ်မှာ စီစဉ်ထားတာ… နိုင်ငံရေးစကားဝိုင်းလေး.. လုပ်ချင်နေတာကြာပြီ… အခြေနေမပေးတာနဲ့.. မလုပ်ဖြစ်သေးတာ..ထက်အောင်တောင်ပြောမိသေးတယ်..အမ..တို့မိန်းခလေးတွေမှာခက်တယ်..ယောကျာင်္းလေးတွေလို..လဘက်ရည်ဆိုင်ထိုင်ဘို့က လည်းမသင့်တော်ဆိုတော့..ငါ နင်တို့နဲ့ရော..အကို..ကိုမောင်မောင်ဝမ်းနဲ့ရော နိုင်ငံရေးအကြောင်းဆွေးနွေးတာတွေ အရမ်းနားထောင်ချင်တာဟယ်….” သီရိစုက လဘက်ရည်ခွက်ထဲကို လဘက်ရည်လိုက်ဖြည့်ပေးရင်းနဲ့ပြောလိုက်တော့…

“လောကမှာ အဲဒါကြောင့်ပြောတာပေါ့..ပြဌာန်းထားတဲ့ ဥပဒေက..ပြန်ဖျက်လို့ရတယ်..” ကျနော်စကားစလိုက်တယ်ဆိုရင်ပဲ..အားလုံးက လဘက်ရည်ခွက်တွေကိုသောက်မလို့ဟန်ပြင်ရင်းကနေ နားစွင့်လိုက်ကြတယ်…

“ မပြဌာန်းပဲနဲ့ တည်နေတဲ့ ဥပဒေကဖျက်လို့ကိုမရဘူး…” ဆိုတော့ စန်းမောင်က..လဘက်ရည်ခွက်ကိုချလိုက်ပြီး

“ အကို..ဘာကိုဆိုလိုတာလည်း..ရှင်းပြပေးပါ့လား ”

“ ဒီလိုကွာ..ဥပမာ…ဥပဒေတခုကို အစိုးရက ဒါမှမဟုတ် လွှတ်တော်က ပြဌာန်းလိုက်ပြီဆိုပါတော့…အဲဒီ ဥပဒေကို လက်မခံနိုင်တော့တဲ့ အခါ ပြန်ဖျက်လို့ရတယ်…တို့ အခု နအဖက ပြောနေတဲ့ ဟာတခုကွာ…လွှတ်တော်ထဲကို အလိုအလျှောက် စစ်ဗိုလ် တမတ်သား ( ၂၅ % ) ပါရမယ်ဆိုတဲ့ ကိစ္စ…ဒါကို တချိန်မှာ..အားလုံးက လက်မခံနိုင်လို့ ပယ်ချမယ်ဆို..ပယ်ဖျက်လို့ရတယ်ကွ….”

“ ဒါ ..ရ..ရမှာပေါ့ အကိုရ..မရလို့ဘယ်ဖြစ်မလည်း..ကျနော်တို့ ၀ိုင်းကြိုးစားရမယ်…” ကိုသွေးက ပျာရိပျာယာဝင်ပြောလိုက်တယ်…

“ မှန်တယ်…ဒါ ပြဌာန်းထားတဲ့ အရာ..တနည်းအားဖြင့် နအဖ စစ်အာဏာရှင်တွေက ပြဌာန်းထားတဲ့ ဥပဒေ..လိုက်နာတဲ့သူတွေ ရှိသလို မလိုက်နာတဲ့သူတွေလည်း ရှိနေတာပဲ…ဒါပေမဲ့ ဘယ်သူက ပြဌာန်းထားမှန်းမသိတဲ့ ဥပဒေကြ..အားလုံးလိုက်နာကြရတယ်ဗျ.. ဖျက်လို့လည်းမရဘူး….ဥပမာကွာ..ယောကျာင်္းတို့မျက်ရည်မြေ၀ယ်မကျကောင်း ဆိုတာမျိုး…ဘယ်သူက ပြဌာန်းသွားမှန်းလည်းမသိဘူး..တို့အားလုံးကလည်း တသွေမတိမ်းကို လိုက်နာနေကြရတာ…” ကျနော့်စကားအဆုံး အားလုံးရီကြတယ်…ချမ်းမြေ့က…

“ ဟုတ်တယ်နော်..အကို..ကြံကြံဖန်ဖန်လည်း..ပြောတတ်တယ်..အကိုရာ…”

“ ဟေ့ကောင်..ငါ့ကို စွတ်အထင်မကြီးနဲ့ဦး..အဲဒါ ငါပြောတာမဟုတ်ဘူး..စာရေးဆရာကြီး ဦးအောင်သင်းပြောတာ..အခုလည်း..သီရိစုပြောတာ ငါစဉ်းစားမိလို့ပါ…မိန်းခလေးတွေ လဘက်ရည်ဆိုင်မထိုင်ရလို့..ဘယ်သူကပြဌာန်းသွားမှန်းမသိဘူး..ဖျက်လို့လည်းမရဘူး..အားလုံးသောမိန်းခလေးနီးပါးမျှ..ဒီဥပဒေကို လိုက်နာနေကြတာဗျ ..ဟား..ဟား… ” ကျနော်ကပြောပြောဆိုဆို ရီမိလိုက်တယ်..ရီသံအဆုံးမှာ…စန်းမောင်ကစကားစလာတယ်…

“ အကို..ဒီနေ့..ဘယ်အကြောင်းအရာဆွေးနွေးမယ်လို့ စဉ်းစားလာလည်း ”

“ ဒီနေ့..ရှစ်လေးလုံးလူထုအရေးတော်ပုံဆိုတာ..ဘာလည်းဆိုတဲ့ အကြောင်းအရာကိုဆွေးနွေးချင်တယ်..ဘာဖြစ်လို့လည်းဆိုတော့..ဒီနေ့နိုင်ငံရေးလှုတ်ရှားမှု့တော်တော်များများမှာ..ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ဂယက်ဟာအဓိက ကျတယ်ဆိုမမှားလောက်ပါဘူး…ဒီအရေးတော်ပုံကြီးကနေ..လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ တော်တော်များများကို မွေးထုတ်ပေးခဲ့တယ်.. စစ်အာဏာရှင်ခေါင်းဆောင်တွေကိုဖြုတ်ချနိုင်ခဲ့တယ်..ဒီမိုကရေစီရေးးလှုတ် ရှားမှု့တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့တယ်…ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဆိုးကိုတော့ ဖြုတ်မချနိုင်သေးဘူး..အခုထိပေါ့ကွာ.” အားလုံးက စိတ်ဝင်တစားမှင်သက်နားထောင်နေရာမှ…ချမ်းမြေ့က.

“ ကျနော်တို့က ရှစ်လေးလုံးဖြစ်တော့ ကလေးတွေပဲရှိသေးတယ်..ဘာမှကိုကောင်းကောင်းမသိတာ…အခုနောက်မျိုးဆက်တွေဆို ရှစ်လေးလုံးပြီးမှမွေးလာတာတွေများတော့..လုံးလုံးကိုမသိသလောက်ပဲအကိုရေ..နောက် ဒီအရေးတော်ပုံကြီးကို စစ်အာဏာရှင်နဲ့လက်ပါးစေတွေက..အမျိုးမျိုးပုံဖျက်ကြတော့..လူငယ်တွေတော်တော်များများခမျာ..သို့လော..သို့လောတွေဖြစ်နေကြတယ်..ဘယ်ဟာကိုယုံရမှန်းမသိဘူး..စာပေလွတ်လပ်ခွင့်ကလည်းမရှိဆိုတော့..သမိုင်းတွေပျောက်..ပြောင်းတည်းပြောင်းပြန်တွေဖြစ်တာကဖြစ်နဲ့….ကျနော်တို့ဆို သိချင်တာမှ တအားပဲ ..”

“ ငါ တတ်နိုင်သလောက် သမိုင်းမှတ်တမ်းတွေကို ဖတ်ခဲ့ရတာတွေရော၊ သူများအတွေ့အကြုံတွေရော၊ ကိုယ်တွေ့တွေရောပေါ့ကွာ….လူငယ်တွေအနေနဲ့ဒီသမိုင်းကိုသိထားသင့်ပါတယ်..အပြည့်စုံမဟုတ်တောင်..တစိတ်တဒေသပေါ့….တကယ်တော့ ၈၈-အရေးတော်ပုံကြီးက ရုတ်တရက်ဝုန်းကနဲ ကောက်ကာငင်ကာဖြစ်လာခဲ့တာမဟုတ်ပါဘူး.. ဒီလိုအားကောင်းလာဘို့အတွက်..နှစ်ပေါင်းများစွာ သန္ဓေတည်လာခဲ့တာပါ…..ပြောမယ်ဆို.. တို့နိုင်ငံက..၁၉၄၈ လွတ်လပ်ရေးရပြီး ပါတီစုံဒီမိုကရေစီခေတ်ကို ၁၄နှစ်လောက်တော့ ဖြတ်ခဲ့ဘူးတယ်..၁၉၆၂ ထိပေါ့..အဲဒီ့ကြားကာလမှာနိုင်ငံရေးသမားတွေရဲ့မညီညွတ်မှု့တွေ..အယူအဆပြင်းထံမှု့တွေကြောင့်..ပါတီစုံဒီမိုကရေစီလမ်းကြောင်းကနေ..စစ်အာဏာရှင်လက်ထဲရောက်ခဲ့ရတယ်..တကယ်တော့..အဲဒီကာလက..စစ်ဗိုလ်တွေကို..နိုင်ငံရေးမှာနေရာပေးပြီး ပုခုံးထမ်းတင်ပေးခဲ့တဲ့..နိုင်ငံရေးခေါင်းဆောင်တွေမှာတာဝန်ရှိတယ်ကွ….” ကျနော်ကစကားအဆုံး..သောက်လက်စကျန်နေတဲ့..လဘက်ရည်တကျိုက်ကို မော့လိုက်အပြီး..နားထောင်နေတဲ့ လူငယ်တွေ လှုတ်တိလှုတ်ရွဖြစ်လာတာကိုသိလိုက်တယ်….

“နိုင်ငံရေးခေါင်းဆောင်ဟောင်းကြီးတယောက်ကပြောဘူးတယ်…၁၉၆၂မှာ စစ်တပ်က ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ စစ်အာဏာရှင်တစုက အာဏာသိမ်းလိုက်တော့..အဲဒီကာလက ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုဆို ဘယ်လောက်ထိခံလိုက်ရသလည်းဆိုတော့..သူ့ကို ဖမ်းအပြီး..သူကတခြားသူတွေကိုမေးတယ်.ဗိုလ်ချုပ်နေ၀င်းကိုလည်း ဘယ်မှာ ဖမ်းထားသလည်းတဲ့..ကဲစဉ်းစား သာကြည့်ပေတော့.. ဦးနုက..သူ့ကိုဖမ်းတာ… ဗိုလ်နေ၀င်းလို့တောင် မသိရှာဘူး.. သူ့စိတ်ထဲမှာ ဗိုလ်နေ၀င်းလည်း သူတို့နဲ့အတူရော အဖမ်းခံရတယ်ထင်တာ..ဦးနေ၀င်း ( ဗိုလ်ချုပ်နေ၀င်း ) က အဲလို ပိပိယိယိ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေကို..အယုံသွင်းပြီးမှ..လုပ်ချလိုက်တာ..အပိုင်ကို အာဏာသိမ်းပစ်လိုက်တာ…အဲဒီကစလိုက်တဲ့ စစ်အုပ်ချုပ်ရေးဟာ..အခုထိတိုင်ကို အဆုံးမသတ်သေးဘူး ဆိုပါတော့ကွာ..”

“ဒါဆို..စစ်အုပ်ချုပ်ရေးသက်တမ်းက..နှစ်ပေါင်း ၅၀လောက်ရှိပြီပေါ့နော်”

“အေးပေါ့..ဘယ်လိုပဲ နံမည်တွေပြောင်းလာပြောင်းလာ..စစ်အုပ်ချုပ်ရေးကတော့ပြောင်းလည်းမလာခဲ့ပါဘူး..အဲဒီတုန်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းဗုံးထောင်ဖြိုပစ်လိုက်တယ်လေ..ရဟန်း ရှင်လူကျောင်းသားပြည်သူတွေအများကြီး အသက်ပေးခဲ့ရတာပေါ့…လွတ်လပ်ရေးတိုက်ပွဲတွေကစလို့..သမိုင်းဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂဟာ..တရားဝင်ရပ်တည်နေရာကနေ..တရားမ၀င်အဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်တယ်…အဲဒီကနေ အဆက်ဆက် လူထုတိုက်ပွဲတွေဆင်နွဲလာလိုက်တာ..ဦးသန့်အရေးခင်း၊မှိုင်းရာပြည့်အရေးအခင်း တော်တော်လေးဖြစ်ခဲ့ပါတယ်….ဒီလိုနဲ့..၁၉၆၂ ကစစ်အာဏာသိမ်း ဗိုလ်နေ၀င်းအစိုးရက မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတနိုင်ငံအဖြစ်ပုံသွင်းခဲ့တယ်..မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ တခုတည်းသောအဖွဲ့အစည်းနဲ့..တိုင်းပြည်ကိုချီတက်ခဲ့တာပေါ့….အာဏာသိမ်းပြီးလို့သိပ်မကြာတယ်ဆိုရင်ပဲ..တိုင်းပြည်မှာရှိနေတဲ့ ပုဂ္ဂိလိကပိုင်အခန်းကဏ္ဍကိုချက်ခြင်းဖျက်သိမ်းပစ်လိုက်တယ်..ပုဂ္ဂိလိကလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေအကုန်ပြည်သူပိုင်သိမ်းလိုက် တယ်….ပိုင်ဆိုင်မှု့စည်းစိမ်းဥစ္စာတွေ အသိမ်းခံလိုက်ရတယ့် လုပ်ငန်းရှင်တွေဆိုတာ နည်းလားကွာ..တနိုင်ငံလုံးပဲ..”

“ ဟုတ်တယ် အကို ..ကျမ တို့အဘိုးပိုင်ခဲ့တဲ့ ရေနံတွင်းတွေတောင် ပြည်သူပိုင်အသိမ်းခံလိုက်ရတာ..အဖွားဆို ဒီစိတ်နဲ့ဆုံးသွားတာ..ပြန်တွေးကြည့်ရင်ရင်နာစရာကြီးနော်..လူတွေ သွေးတွေချွှေးတွေနဲ့ရှာဖွေထားတဲ့ ဥစ္စာဓန ကို ဓါးပြတိုက်ယူလိုက်သလိုပဲ ” သီရိစု ရဲ့စကားသံတွေထဲမှာခံပြင်းဒေါသသံတွေပါလာတယ်…

“ လက်ဝဲစနစ်ရဲ့လူတန်းစားညီမျှရေးမူကလည်း စလာလာခြင်း ဆောက်နဲ့ထွင်းလိုက်သလိုပဲနော်…လူထုက အနှစ်နှစ်အလလ သွေးတွေချွှေးတွေနဲ့ရုန်းကန်ရင်းရလာတဲ့ ပိုင်ဆိုင်မှု့တွေကို ..သိမ်းပြီးမှ တိုင်းပြည်တည်ဆောက်တယ်ဆိုကထဲက ..အစမကောင်းတော့တာ သေချာနေသလိုပဲ..”

“ စန်းမောင်ပြောမယ်ဆိုလည်းပြောလောက်ပါတယ်…နောက်ဒီထက်ထပ်ဆိုးသွားတာက ..တံခါးပိတ်စီးပွားရေးမှုဝါဒကိုကျင့်သုံးလိုက်တာပဲ..”

“ တံခါးပိတ် စီးပွားရေးမူဝါဒဆိုတာ..ဘာလည်း အကို ” ထက်အောင်ကမေးလိုက်တော့…

“နိုင်ငံတကာက တို့နိုင်ငံကို စီးပွားရေးလာရင်းနှီးမြူတ်နှံမှု့မှန်သမျှ.. လက်မခံတော့ဘူး… ကိုယ့်လူထုရဲ့အားနဲ့ကိုယ့်နိုင်ငံကိုထူထောင်မယ်..ဆိုရှယ်လစ်လူ့ဘောင်ဆီကို အရာက်လှမ်းမယ်ပေါ့ကွာ….” အဖြေကိုကျေနပ်သွားဟန်ရှိတဲ့ ထက်အောင် ကခေါင်းလေးတငြိမ့်ငြိမ့်နဲ့….

“ပြောမယ်ဆို တိုင်းပြည်က တဖြေးဖြေးနဲ့ ဆင်းရဲတွင်းနက်လာလိုက်တာ.. ကမ္ဘာ့ဖွံ့ဖြိုးမှု့အနိမ့်ကျဆုံးနိုင်ငံစာရင်းထဲမှာ ပါသွားတယ်..ဒီလိုနဲ့ ၁၉၈၇ လောက်မှာ အစိုးရကနေ လက်ရှိသုံးစွဲနေတဲ့ငွေစက္ကူတွေကို တရားမ၀င်ငွေစက္ကူများအဖြစ်အမိန့်ကျေငြာစာနဲ့ ကျေငြာလိုက်တဲ့ အခါမှာတော့.. လူထုရဲ့ဒေါသတွေဟာ..အထွတ်အထိပ်ထိရောက်သွားတယ်ပဲပြောပါတော့…လူတွေပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေဟာ..သာမန်စက္ကူစုတ်လောက်တောင်တန်ဘိုးမရှိဖြစ်သွားခဲ့တယ်လေ..ဒါပေမဲ့လည်း လူထုကြီးက၀ုန်းကနဲပေါက်ကွဲထွက်မလာသေးဘူး….ဒေါသတွေကိုမြိုသိပ်ထားကြတယ်….ဒီလိုနဲ့ ၁၉၈၈ ခုနှစ်မတ်လ ထဲမှာ ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားတွေနဲ့..အရပ်သားတွေ လဘက်ရည်ဆိုင်မှာရန်ဖြစ်ရာကအစ..အုံကြွမှု့တွေဖြစ်လာတော့..အစိုးရက ကျောင်းသားတွေကို ပစ်ခပ်နှိမ်နင်းတယ်..အဲဒီလိုနှိမ်နင်းတဲ့အတွက် ..အခုမင်းတို့လည်းကြားဘူးပါတယ်..ကျောင်းသား ကိုဖုန်းမော်နဲ့ ကျောင်းသားတွေသေဆုံးခဲ့ရတယ်…အဲဒီဂယက်ဟာ..ရန်ကုန်စက်မှု့တက္ကသိုလ်ကနေ ရန်ကုန်တက္ကသိုလ် ( ပင်မ ) အပါဝင် ကျောင်းအသီးသီးကို ကူးစက်သွားပြီး…ကျောင်းသားဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ခဲ့တယ်..တခါ အဲဒီကျောင်းသားတွေကိုပါ အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့လို့.. ကျောင်းသားအများအပြားသွေးမြေကျခဲ့ရပြီး. .ရာနဲ့ချီအဖမ်းခံခဲ့ရတယ်…ကျောင်းတွေကိုလည်း ပိတ်ပစ်လိုက်တယ်…အဲဒီလှုတ်ရှားမှု့များဟာယာယီအားဖြင့်တော့ ခနငြိမ်သွားတာပေါ့…ဒါပေမဲ့ ၁၉၈၈ ဇွန်လ ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းသားလှုတ်ရှားမှု့တွေကို ပြန်လည်အကောင်ထည်ဖော်ခဲ့ကြတယ်..ဇွန်လ ကျောင်းသားလှုတ်ရှားမှု့မှာ တခုထူးခြားတာက..ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို..အစပျိုးခဲ့တာရယ်..ကျောင်းသားအရေးတော်ပုံကြီးကနေ..တနိုင်ငံလုံးအရေးတော်ပုံကြီးပေါ် ပေါက်ဘို့ကို မှုချမှတ်နိုင်ခဲ့တာတွေကတော့..ကျောင်းသားတွေရဲ့မှတ်တိုင်တခုပေါ့ကွာ…အဲဒီကစလို့ ကျောင်းသားတွေရဲ့ရင်ထဲနှလုံးသားထဲမှာ နိုင်ငံရေးဆိုတဲ့စိတ်တွေ ၀င်ရောက်လာပြီး… မတရားမှု့မှန်သမျှကို တော်လှန်မှရမယ်ဆိုတဲ့ အသိတွေကိန်းအောင်းလာကြတယ်…ဇွန်ကျောင်းသားလှုတ်ရှားမှု့ကိုလည်း အကြမ်းဖက်ဖြိုခွင်းခံရပြန်တယ်..ကျောင်းသားလူငယ်တွေ ဒီလှုပ်ရှားမှု့မှာလည်း အသက်တွေ ပေးခဲ့ရပြန်တယ်.. ကျောင်းတွေကိုပိတ်လိုက်လို့ နယ်အသီးသီးက ကျောင်းသားတွေအိမ်တွေပြန်ကြတော့..အားလုံးရဲ့စိတ်တွေထဲမှာ ဒီတပါတီ အာဏာရှင် မဆလ ( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ) ကိုဖြုတ်ချမှဖြစ်မယ်ဆိုတဲ့ အသိစိတ်တွေက အသီးသီးကိန်းဝပ်လာကြတယ်လေ..တခါ ဒီကြားထဲမှာ မဆလ ပါတီညီလာခံလုပ်တော့ ပါတီဥက္ကဌကြီး ဦးနေ၀င်း ( ဗိုလ်ချုပ်နေ၀င်း )က လူထုကိုစိန်ခေါ်တဲ့ မိန့်ခွန်းပြောခဲ့တယ်လေ…တိုင်းပြည်မှာ ဆူဆူပူပူလုပ်တဲ့သူမှန်သမျှ သတိနဲ့သာနေကြပေတော့ ..စစ်တပ်ဆိုတာ..မိုးပေါ်ထောင်မပစ်ဘူး..ပစ်ရင်.မှန်အောင်ပစ်တယ်ဆိုတဲ့ စကားက..လူထုကိုစိန်ခေါ်လိုက်သလိုဖြစ်သွားတယ်….” နားထောင်နေရာက အားလုံးလှုတ်လှုတ်ရွရွဖြစ်သွားတာကို သတိထားမိလိုက်တယ်…ချမ်းမြေ့က..

“ တိုင်းပြည်ခေါင်းဆောင်တဲ့သူက..ဒီလို လူမိုက်စကားပြောရဲတာ..အံ့ပါရဲ့ဗျာ ”

“ အော်..လူမိုက်ပါဆိုနေမှ..ပြောထွက်တော့မှာပေါ့..” သီရိစုက နှုတ်ခမ်းကိုစူရင်းပြောလိုက်တော့….

“ အဲဒီအချက်ကလည်း လူထုကိုစိန်ခေါ်လိုက်သလိုမျိုးဖြစ်သွားတယ်လေ…ဒီလိုနဲ့ ရန်ကုန်က ကျောင်းသားခေါင်းဆောင်တွေက တိုက်ပွဲခေါ်သံနေ့ကိုသတ်မှတ်ပေးလိုက်တယ်..အဲဒီ့ရက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သိပ်လှတဲ့နေ့ပေါ့ သြဂုတ်လ ၈ ရက် ၁၉၈၈ ဆိုတော့ ( ၈.၈.၈၈ ) ဖြစ်နေတာပေါ့..အဲဒီနေ့ကို တနိုင်ငံလုံးလူထုဆန္ဒပြပွဲကြီးကျင်းပဘို့ ရေဒီယိုသတင်းဌာနတွေကတဆင့် ထုတ်လွှင့်လိုက်တယ်လေ…. အဲဒီရက်မတိုင်မှီမှာကို နယ်မြို့တချို့မှာ ဆန္ဒပြပွဲတွေစတင်လာခဲ့တယ်…သြဂုတ်လ ၈ ရက် ၁၉၈၈မှာတော့ တနိုင်ငံလုံး တောနေလှေအောင်း မြင်းဇောင်းမကျန် လူထုဆန္ဒကိုထုတ်ဖော်ပြသခဲ့တဲ့နေ့ထူးနေ့မြတ်ဖြစ်ခဲ့တာပေါ့…”

“ အဲဒီ လူထုဆန္ဒပြပွဲက ဘာတွေကိုပြကြတာလည်းဟင် ”

“ ငါကလည်းပြောရင်းနဲ့ အဓိက အကြောင်းအရာတခုကိုမေ့သွားတယ်…အဓိက အချက်ကတော့

----ဒီမိုကရေစီရရှိရေး

---တပါတီ အာဏာရှင်စနစ်ဖျက်သိမ်းရေး

---လူအခွင့်ရေးအပြည့်အ၀ရရှိရေး

--ကျောင်းသားသမဂ္ဂ တရားဝင်ပြန်လည်ဖွဲ့စည်းခွင့်ရရေး…ဒါတွေပေါ့ ……”

“ ၈၈ လူထုအရေးတော်ပုံကြီးက ကမ္ဘာမှာတော်တော်ထင်ရှားခဲ့တဲ့ လှုတ်ရှားမှု့ကြီးတခုလို့တော့ ကြားဘူးတာ..အကိုရှင်းပြမှပဲ…ရိုးတိုးရိပ်တိတ်သိတော့တယ်..အစက ဘာမှန်းကိုမသိတာ..”

“ ဒီအရေးတော်ပုံကြီးကပဲ..အခုမင်းတို့ ငါတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကိုမွေးထုတ်ပေးလိုက်တာပဲလေ..” အတန်ကြာငြိမ်နားထောင်နေတဲ့ ကိုသွေးက ကြားဖြတ်ဝင်လာပြီး..

“ ဒီအရေးတော်ပုံကြီးမှာ..စစ်တပ်က အာဏာသိမ်းလိုက်တယ်နော်..ခုထိပဲဆိုပါတော့…ဒီတော့ အကိုရာ ကျနော်မေးချင်တာ..ဒီ အရေးတော်ပုံကြီးကနေ..ဘာတွေများအမြတ်တွေရလိုက်သလည်း…”

“ ကိုသွေး မင်းမေးလိုက်တဲ့မေးခွန်းလေးက သိပ်တန်ဘိုးရှိတယ်ကွ…တကယ်တော့ ၈၈ လူထုအရေးတော်ပုံကြီးကို စစ်အာဏာရှင်နဲ့ လက်ပါးစေတွေက ပုံဖျက် မဟုတ်မမှန်သတင်းတွေနဲ့ဝါဒဖြန့်ခဲ့လို့ တချို့လူငယ်တွေရဲ့စိတ်ထဲမှာ သို့်လော သို့လော သံသယတွေဖြစ်နေကြတယ်…၈၈ မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ.. ဆူပူမှု့မဟုတ်ဘူးကွ.. အကြောင်းမဲ့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့… အရာလည်းမဟုတ်ဘူး.. အရေးအခင်းလည်းမဟုတ်ဘူး..၈၈ ဟာလူထုအရေးတော်ပုံ..လူထုက တပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်လို့တောင်းဆို ဆန္ဒပြခဲ့တဲ့ အရေးတော်ပုံကြီးပါ…ဒီအရေးတော်ပုံကြီးကနေ တို့တတွေအမြတ်ရလိုက်တာကတော့..တပါတီ အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီလမ်းကို ခင်းပေးလိုက်ရတယ်ကွာ..တပါတီအာဏာရှင် သမ္မတ အဆက်ဆက်ကိုဖြုတ်ချနိုင်ခဲ့တယ်…ဒီမိုကရေစီဆိုတဲ့ အသံတနိုင်ငံလုံးညံသွားစေခဲ့တယ်..လူထုရဲ့ကြားမှာ အရင်ကထက် နိုင်ငံရေးနိုးကြားမှု့တွေ ထက်သန်လာစေခဲ့တယ်….စစ်တပ်က ..အာဏာသိမ်းပြီးတိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ပေမဲ့လည်း.. သူတို့ပါးစပ်ဖျားကနေ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို မဖြစ်မနေသုံးလာရတယ်… နောက်ပြောမယ်ဆို.. လူထုရှေ့ဆောင်ပါတီ..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးထုတ်ပေးနိုင်ခဲ့တယ်..လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် ခေါင်းဆောင်တွေကို ပေါ်ထွန်းလာစေနိုင်ခဲ့တယ်… တံခါးပိတ်စီးပွားရေးစနစ်ကနေ..တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလည်းကျင့်သုံးလာရတယ်… အများကြီးအမြတ်တွေရပါတယ်..ဒါပေမဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကိုတော့ အရောက်မလှမ်းနိုင်သေးဘူးပေါ့..”

“ ဒါဆို နိုင်ငံရေးလောကမှာပြောပြောနေတဲ့ အကြမ်းမဖက်လမ်းစဉ်ဆိုတာကရောဘာကိုပြောတာလည်း…၈၈ လူထုအရေးတော်ပုံကြီးက..အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ ပြုလုပ်ခဲ့တာလို့ကြားဘူးလို့ပါ..”

“ အကြမ်းမဖက်လမ်းစဉ်ဆိုကထဲက..တို့ရဲ့တိုက်ပွဲကို အနုနည်းနဲ့ လူထုအားကိုယူပြီးတော့ပဲ..ကိုယ်လိုချင်တာကိုတောင်းဆိုခဲ့တာကိုဆိုလိုတာပါ..လက်နှက်ကိုင်တိုက်ခဲ့တာမဟုတ်ဘူး… အကြမ်းဖက်တဲ့ဘယ်လုပ်ရပ်ကိုမှ..တို့မလုပ်ခဲ့ဘူး ” ကျနော့်ရဲ့စကားအဆုံး ထက်အောင်က….

“ ခေါင်းဖြတ်တာတွေ..စက်ရုံတွေဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့တယ်နော်..အဲဒါက ဘယ်လိုဖြစ်တာလည်း အကိုရ ”

“ ဒီလုပ်ရပ်ကို..နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျောင်းသားအဖွဲ့စည်းတွေ ဘယ်သူမှမလုပ်ခဲ့ပါဘူး..ဒီလိုဖြစ်သွားအောင်လည်း အဲဒီကာလက..အာဏာရှင်တသိုက်က သူတို့အာဏာစွန့်ရမှာဆိုးလို့..အဓိပ္ပါယ်ရှိရှိ.မကောင်းကြံစည်ခဲ့တာပေါ့ကွာ..တိုင်းပြည်ရဲ့အုပ်ချုပ်ရေး ယန္တရားကြီးကိုရပ်တန့်ပစ်လိုက်တယ်လေ…အဲဒီအခါမှာ…သူတို့ရဲ့ လူတွေကိုလွှတ်ပြီး..မင်းမဲ့စရိုက်တွေဖြစ်အောင်..သူတို့ပဲစလုပ်ခဲ့တာပါ….”

“ တော်တော်ယုတ်မာတာပဲနော် ” စန်းမောင်ရင်ထဲမှာခံပြင်းနေပုံရတယ်..အားလုံးက ကျနော့်ရဲ့စကားသံကိုနားစွန့်နေကြရင်း…..

“ ဒီလို မင်းမဲ့စရိုက်တွေကို ဖန်တီးပေးထားမှ..စစ်တပ်က အာဏာသိမ်းရတာကောင်းမှာပေါ့..ဒီယုန်မြင်လို့ ဒီခြုံထွင်တာတွေပေါ့…ဒါရှင်းပါတယ်..တကမ္ဘာလုံးကလည်းသိပါတယ်…ဒါပေမဲ့ ..သူတို့ဘာတွေပဲလုပ်လုပ်..၈၈ လူထုအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့..ဒီမိုကရေစီရှင်သန်ရေးစိတ်ဓါတ်တွေကတော့..ဘယ်သူဖျက်လို့မှ..ပျက်မသွားပါဘူးကွာ…..

-------------အရေးတော်ပုံ…..အောင်ရမည်။

အပိုင်း ( ၅ ) ဆက်ပါဦးမည်။

လေးစားစွာဖြင့်

မောင်မောင်ဝမ်း

0 ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ (၅၀)ပြည့်နှစ် ရွှေရတုမွေးနေ့မင်္ဂလာအတွက်




မြန်မာပြည်ရဲ့သူရဲကောင်းအနုပညာရှင် ပြည်သူ့အချစ်တော်လူရွင်တော် ကိုဇာဂနာ (၅၀)ပြည့်နှစ်ရွှေရတုမွေးနေ့မင်္ဂလာမှ အသက်ရာကျော်ရှည်ပါစေ....
photo။ ။ KOMYO (design)

Thursday, January 27, 2011

0 လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးအကျဉ်းသားမိသားစုများအား ပြောခဲ့သော မိန့်ခွန်း


ကျွန်မအားပေးစကားပြောစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိသားစုတွေက အားရှိပြီးသားဖြစ်လို့ပါ။
ဒီမိသားစုတွေက ကျွန်မကိုပြန်ပြီးအားပေးရမှာပါ။ အင်အားပြည့်ပြီးသားလူတွေကို အားပေးစကားပြောစရာမလို ဘူးလေ။
ကျွန်မတို့ ပထမအစီအစဉ်ကတော့ သိပ်ပြီးတော့ ရှည်ရှည်ကြီးလုပ်မှာ မဟုတ်ပါဘူး။

အဓိကကတော့ ကျွန်မတို့ နိုင်ငံရေးသမားအကျဉ်းသမားတွေရဲ့ မိသားစုများရဲ့ ရှိနေတဲ့အခက်အခဲတွေကို နားထောင်ဖို့ပါပဲ။ နားထောင်ဖို့အတွက် နားထောင်ရုံတင်မဟုတ်ဘူး။ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ နည်းကို ကျမတို့ရှာဖို့ပါပဲ။ ကျမတို့ ပဏ္ဍိတာရာမမှာ ကိုဌေးကြွယ်ရဲ့-------------ကျင်းပတော့ တွေ့တဲ့အခါက တချို့အခက်အခဲတွေကို ပြောခဲ့ပါတယ်။ အဲဒါတွေလည်း ကျမစပြီးတော့ လုပ်နေပြီဆိုတာ ပြောပါရစေ။ ဒီအခါမှာလည်း ပြည့်ပြည့်စုံစုံပေါ့နော်။ ပိုပြီးတော့ဘာတွေဖြစ်စေချင်သလဲ။ ဘယ်လိုအခက်အခဲတွေရှိသလဲ။ တချို့ဟာတွေကတော့ ဥပဒေအရဆိုရင် သူတို့မှာ ရပိုင်ခွင့်တွေရှိတယ်။ ဒါကြောင့်မို့လို့ ဦးဥာဏ်ဝင်းက ဒီကိစ္စနဲ့ပတ်သက်လို့ပြောမှာပါ။ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ ရဲဖော်ရဲဖက်တွေရော အကျဉ်းကျမိသားစုတွေရော ဥပဒေအရ ဘာတွေအခွင့်အရေးတွေရှိတယ် ဆိုတာကို မသိကြဘူး။

မသိတဲ့အခါကြတော့ လုပ်သမျှကို ခံနေရတဲ့သဘောပေါ့နော်။ အဲတော့ ကျမကတော့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ကိုယ်လုပ်နိုင်တာကိုလုပ်ရမယ်။ လုပ်သမျှခံနေလို့ မဖြစ်ဘူး။ ကျမတို့က ဥပဒေစိုးမိုးရေးကို ယုံကြည်တယ်ဆိုရင် ကိုယ့်ရဲ့ ဥပဒေဘောင်အတွင်းက ရပိုင်ခွင့်တွေအတွက်တော့ ဆောင်ရွက်ရဲရမယ်။ တောင်းဆိုရဲ ရမယ်။ တောင်းဆိုရဲရမယ်ဆိုတာ ပါးစပ်တင်မဟုတ်ဘူး။ ဥပဒေလမ်းကြောင်းအရ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီ့ဟာတွေသိဖို့လိုပါတယ်။

အဲဒါကြောင့်မို့ ကျမတို့ ရှေ့နေအကျိုးဆောင်ကြီးဖြစ်တဲ့ ဦးဥာဏ်ဝင်းကနေပြီးတော့ ရှင်းပြမှာပါ။
ဦးသန်းလင်း ကတော့ ကျမတို့တွေရဲ့ နိုင်ငံရေးအကျဥ်းသားများအတွက် လူမှုအထောက်အကူအဖွဲ့ဆိုတာ ဖွဲ့ထားပါတယ်။ ဘာဖြစ်လို့လူမှုအထောက်အကူအဖွဲ့လို့ မှဲ့ထားရလဲဆိုတော့ နိုင်ငံရေးအကျဉ်းသူတွေပါ မကဘူး အကျဉ်းကျမိသားစုတွေကိုပါ ကျမတို့ကနေပြီးတော့ ကူညီနိုင်လို့ ဒါကြောင့်မို့ လူမှုအထောက်အကူအဖွဲ့လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

ကျမတို့ အဓိကကတော့ ကျမ်းမာရေးပေါ့နော်။ ကျမ်းမာရေး၊ ဥပဒေဆိုင်ရာကူညီရေး နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားမိသားစုများရဲ့ သားသမီးများပေါ့။ ကလေးများရဲ့ ပညာရေး အဲဒီ့သုံးခုကို ကျမတို့တတ်နိုင်သမျှ လုပ်ပေးပါတယ်။ အဲဒီ့ဟာမှာ ကျမတို့ မူတစ်ခုရှိပါတယ်။

ကိုယ့်ယုံကြည်ချက် အတွက်ကြောင့်မို့ အကျဥ်းချခံထားရတဲ့သူများထဲက ငွေရေးကြေးရေးမတတ်နိုင်လို့ ကျမ်းမာရေးကို မတတ်နိုင်ဘူးဆိုတာ မရှိစေရပါဘူး။ အဲဒါကြောင့် ကျမတို့ ကျမ်းမာရေးကို အဓိကထားပါတယ်။ နောက်ပြီးတော့ ဥပဒေဆိုင်ရာ အထောက်အကူပေါ့။  ကျမတို့နိုင်ငံရေးအကျဉ်းကျများပဲဖြစ်ဖြစ်။ အကျဉ်းကျမိသားစုများဘဲဖြစ်ဖြစ်ပေါ့နော် ဥပဒေလမ်းကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိုက်ဆံငွေရေးကြေးရေး မလုံလောက်လို့ မရနိုင်ဘူးဆိုတာ မဖြစ်စေရဘူး။ ကျမတို့ အဲဒီ့မူအတိုင်းသွားပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ရှေ့နေအကျိုးဆောင်များက ဘာမှအကျိုးဆောင်ခမယူဘဲနဲ့ လုပ်ပေးပါတယ်။ ကျမတို့ကလည်း ကုန်ကျမယ့်ကိစ္စတွေအားလုံး ပံ့ပိုးပေးပါတယ်။ နောက်တစ်ခုကတော့ ပညာရေးပေါ့နော်။

ကိုယ့်ရဲ့မိဘတွေ၊ ကိုယ့်ရဲ့သားသမီးတွေ သားသမီးတွေဆိုတာ ဆိုတော့ ပညာရေးပေါ့နော်။ မထိခိုက်အောင်လို့ မိဘတွေက ထောင်ကျသွားခဲ့ရင် သားသမီးတွေရဲ့ ပညာရေးမထိခိုက်နိုင်ဖို့ ကျမတို့ ဘယ်လိုကူနိုင်မလဲဆိုတာ အဲဒီ့ဟာကိုလည်း ကျမတို့ ဦးတည်ပြီးတော့လုပ်ပါတယ်။ အထူးသဖြင့်ပေါ့ ကလေးတွေ။ မူလတန်း၊ အလယ်တန်း အထိပေါ့ မိဘတွေက ထောင်ကျနေတယ်။ အကျဉ်းကျနေလို့ ငွေရေးကြေးရေး အလုံးလောက်လို့ ကျောင်းမနေရဘူးဆိုတဲ့ ကျမတို့ အဲဒီ့မူနဲ့ သွားပါတယ်။ တက္ကသိုလ်ပညာရေးအဆင့်ကျတော့ ကျမတို့ အမြဲတမ်း မကူညီနိုင်ပါဘူး။ ဒါပေမယ့် တော်တော်များများတော့ ကျမတို့ကူညီနိုင်ခဲ့ပါတယ်။
ကျမတို့ဆိုရင် ဆေးတက္ကသိုလ်ကို သွားနိုင်လောက်အောင်အထိ ကူညီနိုင်တဲ့အခွင့်အရေးတွေလည်း ကျမတို့မှာရရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးအကျဥ်းကျ မိသားစုတွေအနေနဲ့ အားငယ်စရာလည်းမလိုပါဘူး။ အားလည်းမငယ်ပါဘူးဆိုတာ ကျမတို့သိပါတယ်။ အင်အားအပြည့်နဲ့ နှစ်နဲ့ချီပြီးတော့ ခံခဲ့ရတဲ့မိသားစုတွေက အများကြီးပဲ အဲဒီ့မိသားစုတွေက ကျမတို့ကို ပြန်ပြီးတော့ သင်ပေးစရာရှိရင်လည်းသင်ပေးပါ။ အကြံဥာဏ်ပေးစရာရှိရင်လည်း အကြံဥာဏ်ပေးပါ။ အားမငယ်သူကို လက်တွဲပြီးတော့ လုပ်မှကျမတို့က တောင့်တောင့်တင်းတင်းနဲ့ ခံနိုင်ရည်တင်မကဘူး။ ခံနေဖို့ပဲမဟုတ်ဘူးနော်။ တိုးတက်အောင်လည်းလုပ်ရမယ်။ ရှေ့ကိုလည်း ဆက်သွားရမယ်။ ခံချည်းခံနေတာကြီးတော့ ကျမကသိပ်ပြီးတော့ ၀ါဒနာမပါဘူး။ အဲတော့ ကျမတို့နိုင်ငံရေးအကျဥ်းကနေသူတွေကလည်း ထိုင်ပြီးတော့ ခံနေလို့တော့ ဘာမှမဖြစ်လာဘူးဆိုတာကို ယုံကြည်လို့ပဲ မြန်မာကိုချစ်တဲ့အတွက် အထဲရောက်နေတာပေါ့လေ။ အဲတော့ ကျမတို့အားလုံးဟာလက်တွဲပြီးတော့ တယောက်နဲ့ တယောက် ဘယ်လိုအားဖြည့်ပေးမလဲ။ ဘယ်လိုပံ့ပိုးပေးမလဲ။ လက်တွေ့ကျကျ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အဲဒါတွေကို ဆွေးနွေးဖို့ ဒီနေ့အခမ်းအနားလေးကို ခေါ်တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်နေတော့ အင်မတန်မှ သင့်တော်တယ်လို့ ကျမတို့ထင်ပါတယ်။ ဒီမြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအများစုဟာ အားလုံးလိုလိုပါပဲ။  လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဖြေတွေပါ။အခြေခံအားဖြင့်တော့ လူ့အခွင့်အရေးပေါ့။ နိုင်ငံရေးလို့ဆိုရင်လည်း နိုင်ငံရေးဆိုတာကို နိုင်ငံရေးလုပ်ပိုင်ခွင့်ဆိုတာကိုက လူ့အခွင့်အရေးတစ်ရပ်ပဲ။ အဲဒါကြောင့်မို့ ကျမတို့အခု လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးအတွက် အကျဉ်းကျခံနေရတဲ့ လူပုဂ္ဂိုလ်များရဲ့ မိသားစုတွေကို ဘယ်လိုကျမတို့ ဆထက်တပိုးတိုးပြီးတော့ ကူညီပံ့ပိုးနိုင်မလဲဆိုတာကို အဖြေရှာဖို့ကျမတို့ ကျင်းပတာပါ။ အဲဒါလေးကို အားလုံးဝိုင်းပြီးတော့ ကူညီလိမ့်မယ်လို့ကျမတို့ယုံကြည် ပါတယ်။ ကျေးဇူးတင်ပါတယ်။

မျှဝေသော(မြစ်မခ) အားကျေးဇူးတင်ရှိပါသည်.

0 ကျောင်းကြီးမပြီးခင် (ဟန်ထူးလွင်)


* တချိန်တော့ လူတိုင်းကြုံရမှာပဲ
အမှန်တရားကို မေ့ကာမျက်နှာလွှဲ
ရှင်သန်ခြင်းလည်း မင်းအတွက်အခိုက်အတန့်လေးပါပဲ
ပိုင်ဆိုင်သမျှ တစ်ဘဝစာပဲ
သေရင် ပြစ်ထားခဲ့ရတာပဲ ဘာထူးလဲ
...* အချိန်ရှိခိုက် မင်းမျက်လုံးကို ဖွင့်
လိုအပ်ချက်တိုင်းအတွက် နားကိုစွင့်
စာနာခြင်းကင်းမဲ့တဲ့ လူ့ဘဝ အဓိပါယ်မဲ့
လူလူချင်း ချစ်မေတ္တာထား
ကူညီဖေးမကြမယ် ဒို့အနာဂါတ်အတွက်
ကျန်ရစ်သော ဘဝများစွာအတွက်
အတူလက်တွဲ အားပေးကာ ဆက်ချီတက်မယ် ....။
(ဟန်ထူးလွင် - Big Bag)

အဆိုတော်ဟန်ထူးလွင်သီဆိုသောငြိမ်းချမ်းရေးသီချင်းအား ကိုကျော်သူမျှဝေပါတယ်....

0 ထောက်ပံ့ငွေ ဖြတ်၍ DVB ရေဒီယိုနှင့် ရုပ်သံအစီအစဉ်အချို့ ရပ်နားမည်

နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (ဒီဗွီဘီ) ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး ဖြတ်တောက် ခံရတာကြောင့် လက်ရှိအစီအစဉ် တချို့ ရပ်ဆိုင်းဖို့ ရှိတယ်လို့ ဒီဗွီဘီ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဇန်နဝါရီ ၂၅ ရက် မနေ့က RFA ကို ပြောပါတယ်။





နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော် အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရုံးတွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း (ယာ) နှင့် အဖွဲ့သူတဦး အလုပ်လုပ်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ထောက်ပံ့တဲ့ ရန်ပုံငွေအပေါ် မှီတည်နေရတဲ့ ဒီဗွီဘီအတွက် အခုလို ထောက်ပံ့ငွေ ဖြတ်တောက်ခံရမှုကြောင့် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အခုလောလောဆယ် ဒီ စဉ်းစားထားတဲ့အခါမှာတော့ အများဆုံးကတော့ပေါ့နော်၊ ကျွန်တော်တို့ ခုနက ရေဒီယိုပိုင်းက တချို့ ကျွန်တော်တို့ မနက်ပိုင်း အစီအစဉ်ကို ကျွန်တော်တို့ ဟို ရပ်ကောင်း ရပ်နိုင်တယ်။ ဟို ရပ်ဖို့လည်း တော်တော်လေး အလားအလာ များပါတယ်။ နောက်တခုက ကျွန်တော်တို့ ဒီ အော်စလိုမှာ ရှိနေတဲ့ အော်ပရေးရှင်းတချို့ ကျွန်တော်တို့ ရပ်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကုန်ကျစရိတ် များတာကော ဘာကော အကုန်လုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ဒီ အော်စလို အပိုင်းက ကျွန်တော်တို့ ဒီ လျှော့ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ လျှော့လျှော့ ဟို ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး စဉ်းစားထားတာတော့၊ ကျွန်တော်တို့ လွှင့်နေတဲ့ အစီအစဉ်တွေ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းကို အသံလွှင့်တဲ့ လုပ်ငန်းတွေ၊ အဲဒါတွေကို အထိခိုက် အနည်းနိုင်ဆုံး နည်းအောင်ပေါ့နော်၊ ထားပြီးတော့ ကျန်တဲ့ နေရာတွေမှာ ကျွန်တော်တို့ အစီအစဉ်တွေ တော်တော်များများ လျှော့ဖို့ ရှိပါတယ်။”
ဒီဗွီဘီကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းနှစ်ခု အတွင်း ပြဿနာတွေ ပေါ်နေတာကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတာ ဖြစ်တယ်လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံနေတဲ့ TBBC စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေ ဒီနှစ်အတွင်း လျှော့ချခံခဲ့ရပါတယ်။
ဒီဗွီဘီ ရေဒီယိုအစီအစဉ်ကို နော်ဝေးနိုင်ငံမှာ ၁၉၉၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းထောက်ပံ့ ကူညီခဲ့ပေမဲ့ နော်ဝေးအစိုးရက အဓိက ပံ့ပိုးပေးခဲ့တာပါ။ ရုပ်မြင်သံကြား အစီအစဉ်ကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မြန်မာပြည်တွင်းမှာ ၂၄ နာရီလုံး ဖမ်းယူ ကြည့်ရှုနိုင်ခဲ့ပါတယ်။( RFA)

0 ဆိုက်ဘာစစ်ပွဲများနှင့် အာရပ်ကမ္ဘာ ( အောင်မိုးဝင်း)

လက်နက်ကိုင်တော်လှန်ရေးအကြောင်းမကြာခဏာလာပြောတတ်တဲ့ မိတ်ဆွေတချို့ကို အမေရိကန် အမျိုးသား လုံခြုံရေးဘာသာရပ်မှာ သင်ကြားလေ့ရှိတဲ့စိုးရိမ်မှုတွေအကြောင်း၊ ဆွေးနွေးကြည့်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကိုအကြမ်းဖက်တိုက်ခိုက်မဲ့သူတွေဟာ ဇီဝဗေဒနည်းပညာတွေကို အမေရိကန်တက္ကသိုလ်တွေဆီမှာသင်ယူပြီး၊ နိုင်ငံတွင်းမှာလက်နက်အဖြစ်အသုံးချတိုက်ခိုက်လာနိုင်တယ်။ ဆိုင်ဘာ အကြမ်းဖက်မှုတွေကလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် အဲ့ဒီ အန္တရာယ်နှစ်ခုကို အဆက်မပြတ်စောင့်ကြည့်ကာကွယ်နေရတယ် လို့ဆိုတယ်။ Biomedical Engineering၊ Biotech ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်စားနေတဲ့ဘာသာရပ်တခုဖြစ်လာသလို၊ ဆိုင်ဘာတိုက်ခိုက်မှုနည်းပညာတွေ ကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် ဆန်းသစ်တီထွင်စရာနယ်ပယ်တခုလိုဖြစ်နေခဲ့တယ်။

တူနီးရှားနိုင်ငံရဲ့လှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကိုတွေ့ရတယ်။အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူတယောက်ယောက်ရဲ့ ကွန်ပြူတာကို ဟက်ခ် လုပ်မိပြီဆိုရင်၊ကျန်တဲ့ ကွန်ပြူတာတွေရဲ့ မျက်နှာပြင်မှာ “ အန်မာ- ၄၀၄” ဆိုတဲ့ အစိုးရဆင်ဆာအဖွဲ့နာမည်ပေါ်လာပြီး လှုပ်ရှားသူတွေ အားလုံးကို သတိပေးလိုက်တယ်။ ကျန်တဲ့သူတွေက အမြန်ဆုံးခြေရာဖျောက်နိုင်ခဲ့ပြီး၊ နောက်ထပ် ဆက်သွယ်ရေးကွန်ယက်တခုကိုတည်ဆောက်ကြပြန်တယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အစိုးရကြားမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြိတ်ဖြစ်နေခဲ့တာ ရက်အတော်ကြာနေပြီ။
နည်းပညာအသစ်တွေဟာ ၉၆ ခြောက်ပါးရောဂါအားလုံးပျောက်သွားမယ် လို့ ဘယ်သူကမှ မကြွေး ကြော်ခဲ့ကြ ပါဘူး။ ဒါပေမဲ့ အတတ်ပညာကို အကျိုးရှိရှိအသုံးချတတ်သူရဲ့အတိမ်အနက်ပေါ်မှာကြည့်ပြီး လှုပ်ရှားမှုရဲ့အရှိန်ကို ချိန်ဆကြည့်ခြင်း၊ တဘက်နဲ့တဘက်အားပြိုင်ခြင်းတွေပေါ်ပေါက်လာကြပါမယ်။

သေချာတာတခုကတော့ အတိတ်တုံးက မြေအောက်လှုပ်ရှားမှုလုပ်တဲ့အခါ၊ ပြည်သူလူထုကို အချိန်ယူ လှုံ့ဆော်နေရတဲ့စာရွက်စာတမ်းတွေအစား၊ လူတွေကိုရင်းနှီးမြှုပ်နှံရမဲ့ စွန့်စားမှုတွေအစား၊နည်းပညာ သစ်တွေရဲ့အကျိုးကျေးဇူးကြောင့် လူထုနဲ့နိုင်ငံရေးသမားတွေကြားကအသံတွေဟာ အမြန်ဆုံး ကူးလူးဆက်ဆံခဲ့ကြတယ်။ လှုံ့ဆော်နိုင်ခဲ့ကြတယ်။

ဒီတပတ် လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တူနီးရှားနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုတွေ အကြောင်းတင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

ဂြိုလ်တုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာမှုနဲ့အတူ သတင်းနဲ့မီဒီယာခေတ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတယ်။ လူမှုဆက်သွယ်ရေးကွန်ယက်တွေဟာ ဖိနှိပ်တဲ့ အစိုးရတွေနဲ့ လက်ရွေးစင်နိုင်ငံရေးသမားတွေပြန်ပေးဆွဲထားတဲ့သတင်းဋ္ဌာနတွေအားလုံးကိုပြန်လည်လုယူလိုက်ကြပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တူနီးရှားနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကိုကြည့်မယ်ဆိုရင် ဒီအချက်ကို အထင်အရှားတွေ့ရပါလိမ့်မယ်။

တူနီးရှားအစိုးရရဲ့၁၉၅၆ ကတည်းက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက် (၁) အရ- လွတ်လပ်စွာ ပြောဆို ရေးသားထုတ်ဝေခွင့်၊ လူထုစုဝေးခွင့် တွေအားလုံးဟာ တူနီးရှားဥပဒေဘောင်အတွင်းမှာသာ ရှိရမယ်လို့ဆိုခဲ့ပါတယ်။ အရာအားလုံးဟာ အစိုးရဝါဒဖြန့်လက်တံတွေအဖြစ်တည်ရှိခဲ့ပါတယ်။

တူနီးရှားသမ္မတ ဘင်အလီ လက်ထက်မှာတော့ မီဒီယာတွေအပေါ် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်
လာမှုဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ တူနီးရှားရေဒီယိုနဲ့ရုပ်မြင်သံကြား (၇) ၊ Canal 21 တို့ဟာ အစိုးရရဲ့
သတင်းဋ္ဌာနတွေဖြစ်ခဲ့တာမို့ အစိုးရအရာရှိတွေရဲ့မိန့်ခွန်းတွေ၊ သူတို့ရဲ့အစည်းအဝေးမှတ်တမ်းတွေ၊
ခရီးသွားလာမှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။၂၀၀၅-၂၀၀၇ ခုနှစ်မှာတော့ ရေဒီယို မိုဇိုင်းကွီး နဲ့
ဇီတမ်မာ လို လွတ်လပ်တဲ့ အသံလွှင့်ဋ္ဌာနတွေကို လွှင့်ထုတ်ခွင့်ပေးခဲ့ပေမဲ့ လူငယ်ထုအတွက်ဖြေဖြော်ရေး၊ ဘာသာရေးတွေကလွဲလို့ ကျန်တဲ့အရာတွေကိုထုတ်လွှင့်ခွင့်မပြုခဲ့ပါဘူး။ လွတ်လပ်တဲ့လူမှုအဖွဲ့
အစည်းတွေ၊ ရှေ့နေတွေ၊ ပညာတတ်တွေနဲ့အလုပ်သမားသမဂ္ဂတွေအတွက်တော့ အစိုးရအသံလွှင့်
ဋ္ဌာနတွေနဲ့လွတ်လပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေမှာ နေရာမရှိခဲ့ပါဘူး။ သူတို့ရဲ့အသံတွေပျောက်ခဲ့ပါတယ်။

နိုင်ငံတကာသတင်းစာတွေဖြစ်တဲ့ လီမွန်ဒီ နဲ့ လီ ဖီဂါရို သတင်းစာတွေက စိုးရအရာရှိတွေရဲ့ခြစားမှုတွေ၊
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီမိုကရေစီဆုံးရှုံးနေမှုတွေကို ဖေါ်ထုတ်ရေးသားဖို့ကြိုးစားတဲ့အခါတိုင်း၊ အစိုးရရဲ့ဆင်ဆာဖြတ်တောက်မှု၊ ခြိမ်းခြောက်မှုတွေကို ကြုံခဲ့ရပါတယ်။ သတင်းထောက်တွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အစိုးရရဲ့အဓိက ပစ်မှတ်တွေလိုဖြစ်လာခဲ့ပါတယ်။

“ပုံသဏ္ဍန်အသစ် မီဒီယာတွေဟာ တူနီးရှားနိုင်ငံအပြောင်းအလဲမှာ အဓိကနေရာကနေ ပါဝင်နေခဲ့တယ်။
ဘွဲ့လွန်ကျောင်းသားတယောက်ဖြစ်တဲ့ မိုဟာမက်အဇစ် ကိုယ့်ဘာသာမီးရှို့ဆန္ဒပြတဲ့ သတင်းသာမက နှစ်ပတ်လုံးလုံးတနိုင်ငံလုံးမှာဖြစ်နေတဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကို တူနီးရှားအစိုးရဟာ ဘာတခုမှ
ထုတ်ဖေါ်မပြောကြားခဲ့ဘူး။ လူထုဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့ဘွတ် နဲ့ တွစ်တာကို အသုံးပြုပြီး မိုဟာမက်အဇစ်အကြောင်းဖွင့်ချလိုက်ကြတဲ့အခါ မြို့တော်တူးနစ်အပါအဝင်၊ဂျန်ဒေါင်ဘာ၊ ဟာမန်မက်၊ ဘိုင်ဇာတီ လို့မြို့တွေအထိ ဆန္ဒပြပွဲတွေကူးစက်ပြန့်ပွားသွားခဲ့တယ်။တကယ်တော့
လူထုမီဒီယာတွေရဲ့ ထိရောက်တဲ့လုပ်ဆောင်ချက် နှစ်ခုကိုအထင်အရှားတွေ့ရတယ်။

ပထမ တခုကတော့ အဆက်အသွယ်ဖြတ်တောက်ခံနေရတဲ့ အသံတွေ၊ အဖြစ်အပျက်တွေကို နိုင်ငံတကာ လူထုနဲ့မိတ်ဆက်ပေးပြီး၊ လှုပ်ရှားမှုအဟုန်ကို ထိန်းသိမ်းပေးထားခြင်းဖြစ်တယ်။
ဒုတိယ တခုကတော့ အဖြစ်အပျက်တွေအပေါ်မှာ ရှုမြင်သုံးသပ်ဝေဖန်မှုပေးကြတဲ့လူထုရဲ့သဘောထား
တွေကို လုပ်ငန်းစဉ်တွေအဖြစ်ကောက်ယူပြီး၊ ကစားပွဲစည်းမျဉ်းစည်းကမ်းတွေကိုလိုအပ်သလို ပြောင်းလဲ ဖြည့်စွက်ခြင်းဖြစ်တယ်”

တူနီးရှားအာဏာရှင် ဘင်အလီက ကလည်း အစိုးရသတင်းဋ္ဌာနတွေနဲ့အပြိုင် အားပြိုင်ထုတ်လွှင့်မဲ့
လူထုမီဒီယာတွေရဲ့စွမ်းအားကို စတင်သဘောပေါက်လာတာကြောင့် ကစားပွဲကိုပြောင်းပစ်ဖို့ကြိုးစား
ခဲ့ပါတယ်။ တူနီးရှား ဒိုင်နာငွေ (၅) ဘီလျှံဖိုးကုန်ကျမဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့အတူ၊ အလုပ်အကိုင် သုံးသိန်းကျော်ဖန်တီးပေးပါမယ်။ မီဒီယာတွေမှာ လွတ်လပ်စွာပြောဆိုထုတ်ဖေါ်ခွင့်၊ အင်တာနက်သုံးစွဲမှုအပေါ်တင်းကြပ်ထားတာတွေကို ပြင်ဆင်လျော့ပေါ့ပေးပါမယ်လို့ ဂတိပေးခဲ့ပါတယ်။

“ မရတော့ဘူးလေ။ အနှစ် (၅၀) ကျော်သတင်းအမှောင်ချထားမှုထဲမှာနေထိုင်ခဲ့ရတဲ့သူတွေအပါအဝင်၊
မျိုးဆက်သစ်တွေဟာ လူမှုဆက်သွယ်ရေးမီဒီယာတွေကို အရှိန်မြင့်အသုံးချခဲ့ကြတယ်။ ဘလောက်တွေနဲ့
ဖေ့ဘွတ်တွေကတဆင့် “ သမ္မတရေ- မင်းရဲ့လူတွေကတော့ သူတို့ဘာသာမီးရှို့သတ်သေနေကြပြီ”
ဆိုပြီး တူနီးရှားလုံခြုံရေးစစ်သားတွေရဲ့ပုံကို မီးလောင်နေတဲ့မြင်ကွင်းတွေထဲမှာ ပုံဖေါ်ပြခဲ့ကြသလို၊ “ညနေ (၄) နာရီမှာ ဆန္ဒပြကြမယ်။ မြို့တော်ခမ်းမရှေ့မှာ စုကြပါ” ဆိုတဲ့ အချက်ပေးသံတွေကိုလည်း
အစီအစဉ်ကျကျပြုလုပ်ခဲ့ကြတယ်။ လူတွေစိတ်အဝင်စားဆုံးအရာတခုကတော့ အသက်(၂၂) နှစ်
အရွယ် ရက်ပ်အဆိုတော် ဟာမန်ဒါဘင်အမ်မာရဲ့ ပို့စ်တခုပဲဗျ။ သူ က ဒီမိုကရေစီရေးလှုပ်ရှားသူ
တချို့ကို ဦးဆောင်ပြီး တူနီးရှားအာဏာပိုင်တွေဆီ သွားရောက်အဖမ်းခံတယ်။ သူတို့နဲ့တူနီးရှားစစ်တပ်
အခြေအတင်ပြောတဲ့စကားတွေ၊ သွေးထွက်သံယိုဖြစ်တဲ့အရာတွေကို သူ့ရဲ့ဘလောက်မှာ ဗီဒီယိုကလစ်
လုပ်ပြီး ပို့ခိုင်းလိုက်တယ်။ သူတို့ရဲ့သတ္တိရှိရှိစိန်ခေါ်မှုတွေဟာ လူထုဆန္ဒပြပွဲတွေကို အရှိန်မြှင့်
ပေးသလို ဖြစ်ခဲ့တယ်”

တကယ်တော့ တူနီးရှား လူထုမီဒီယာတွေရဲ့အရေးပါမှုကို သိနားလည်နေတဲ့နိုင်ငံတကာအသံလွှင့်
ဋ္ဌာနတွေထဲမှာ အယ်ဂျာဇီးယားရုပ်သံ က အဓိကပါဝင်ခဲ့ပါတယ်။ တူနီးရှားလူမှုကွန်ယက်တွေဖြစ်တဲ့
ဖေ့ဘွတ်နဲ့တွစ်တာဆီက သတင်းတွေ၊အဖြစ်အပျက်တွေကို မှီငြမ်းပြီး သူ့ရဲ့အသံလွှင့်ဋ္ဌာနကတဆင့် နိုင်ငံတကာကိုမိတ်ဆက်ပေးခဲ့တာကြောင့် တူနီးရှားဒီမိုကရေစီရေးလှုပ်ရှားမှုအတိုင်း ပုံဖေါ်ကြမဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့တယ်။ အာရပ်ကမ္ဘာက အာဏာရှင်တွေဟာ ထိတ်လန့်စိုးရိမ်ခဲ့ပါတယ်။

“ လမ်းမပေါ်မှာ အာဏာရှင်ရဲ့ဖိနှိပ်ရေးလက်တံတွေကို လူထုကထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသလို၊အစိုးရနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ကွန်ပြူတာ ပရိုဂရမ်မာတွေရဲ့အားပြိုင်မှု ဆိုင်ဘာစစ်ပွဲတွေကလည်း  ပြင်းထန်နေခဲ့တယ်။ အစိုးရက တက်ကြွလှုပ်ရှားသူတယောက်တယောက်ရဲ့ကွန်ပြူတာကို
အင်တာနက်ကတဆင့် ခြေရာခံလိုက်မိသွားပြီဆိုရင် ကွန်ပြူတာအားလုံးရဲ့မျက်နှာပြင်မှာ အန်မာ-၄၀၄ ဆိုတဲ့ အစိုးရရဲ့အင်တာနက်ဆင်ဆာနံမည်တခုပေါ်လာပြီး ကျန်တဲ့သူတွေကို သတိပေးလိုက်တယ်။ နောက်-ဆက်တိုက်ဆိုသလို၊ အစိုးရဝက်ဆိုက်တွေကို စံနစ်တကျပြန်တိုက်ခိုက်ကြတယ်။

တူနီးရှားအစိုးရဝက်ဆိုက်တွေဆီမှာ “အစိုးရသို့အိပ်ဖွင့်ပေးစာ” စာတွေဆက်တိုက်နေရာယူလာတဲ့ အခါမှာတော့ ဘင်အလီဟာ လူထုသတင်းကွန်ယက်တွေရဲ့စွမ်းအားကိုခုခံနိုင်စွမ်းမရှိတော့ပါဘူး။
အစိုးရအဖွဲ့အတွင်းမှာလည်း ယောက်ယက်ခပ်ရှုပ်ထွေးနေတာကြောင့် နိုင်ငံကနေထွက်ပြေးခဲ့ရ
ပါတော့တယ်။
သောတရှင်များခင်ဗျား

လူထုမီဒီယာတွေဟာ အကျိုးဖြစ်ထွန်းမှုအချက်(၂)ချက်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ သတင်းဖြစ်ရပ်မှန်တွေကို
မိမိလူထုသာမက နိုင်ငံတကာကသိရှိလာပြီး ကိုယ့်ရဲ့လှုပ်ရှားမှုကိုဆက်လက်အသက်ဝင်နေဖို့ဖြစ်တယ်။
လူထုရဲ့ထင်မြင်ယူဆချက်တွေကိုသုံးသပ်၊လုပ်ငန်းစဉ်တွေအဖြစ်ဆောင်ရွက်ခါ ကစားပွဲကိုပြောင်းလဲ
ပစ်ဖို့ဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူမှုဆက်သွယ်ရေးကွန်ယက်တွေကို
ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ချင်နေသလို၊ သောတရှင်တို့လည်းကစားပွဲကိုပြောင်းလဲပစ်နိုင်ကြပါစေ။

Tuesday, January 25, 2011

0 BCSS (NY) Distributes "Pink Flowers" Postcards Created by Daw Aung San Suu Kyi

မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးလုပ်ငန်းများဖြစ်သည့် မိဘမဲ့ကလေးများ၏ပညာရေး ထောက်ပံ့ကူညီရန်၊ HIV/AIDS ဝေဒနာ ရှင်များအား ကူညီစောင့်ရှောက်ရန်နှင့် သဘာဝဘေးဒုက္ခသည်များအတွက် သောက်သုံးရေတွင်းများ တူးဖော်ရန် စသည်တို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားသော "Pink Flowers" ဟု အမည်ပေးထားသည့် postcard များကို မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) – Burma Community Service Society (New York) မှ အမေရိကန်ပြည်ထောင်စုတွင် တာဝန်ခံဖြန့်ချိလျက်ရှိပါသည်။ အဆိုပါ ပို့စ်ကတ်ပြား၏အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် "အမေရိကန်နိုင်ငံမှ မြန်မာမိသားစုများအတွက် မေတ္တာဖြင့် - အောင်ဆန်းစုကြည်" ဟု အမှတ်တရ လက်မှတ် ရေးထိုးထားသည့်စာသား ပါရှိပါသည်။
ဤပို့စ်ကတ်သည် ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ (၇) နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်အတွင်း ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား (၇) ခုအနက်မှ တစ်ခုဖြစ်ပါသည်။ ထိုပန်းချီကားများသည် မြန်မာနိုင်ငံတွင်သာ ရံပုံငွေအဖြစ် ပို့စ်ကတ် ပြုလုပ်၍ ရောင်းချခဲ့ကြသော်လည်း "Pink Flowers" အမည်ရှိ ပို့စ်ကတ်ကို မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) မှ ပြည်ပတွင် ပထမဆုံးအကြိမ် အဖြစ် တာဝန်ခံ ဖြန့်ချိရောင်းချခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲသည့် ပန်းချီကားလည်းဖြစ်သည့်အပြင် အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ အတွက် မကြုံစဖူး လက်မှတ်ရေးထိုးပေးထားသော နှုတ်ခွန်းဆက်စကားပါရှိသည့် ဤပို့စ်ကတ်သည် မြန်မာမိသားစုတိုင်းမှ မိမိချစ်ခင်ရသော မိသားစုဝင်များ၊ မိတ်ဆွေများ၊ အပေါင်းအသင်းများကို အမှတ်တရလက်ဆောင်ပေးပို့ခြင်း၊ အမှတ်တရ သိမ်းဆည်းထားခြင်းတို့အတွက် မွန်မြတ်ပြီး အထူးသင့်တော်သော ပို့စ်ကတ် ဖြစ်ပါသည်။
 
ပို့စ်ကတ်တခုလျှင် ရံပုံငွေ (၁၀) ဒေါ်လာနှုန်းဖြင့် သတ်မှတ်ကာ ရောင်းချလျက်ရှိပါသည်။ ရောင်းချ၍ရရှိသော ရံပုံငွေမှာ မြန်မာနိုင်ငံတွင်း ရှိ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးဒုက္ခသည်များ၏ လူမှုရေးလိုအပ်ချက်များတွင်သာ အသုံးပြုမည်ဖြစ်ပါသည်။ ကူညီရောင်းချပေးလို သူများအနေဖြင့် ပို့စ်ကတ် အခုရေ (၃၀) နှင့်အထက် မှာယူရောင်းချလိုပါက စာပို့ခစရိတ်ငြိမ်း ပို့ပေးပါမည်။ BCSS (NY) သို့ မိမိတို့မှာယူလိုသည့် အစောင်အရေအတွက်၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များနှင့်အတူ ဆက်သွယ်နိုင်ပါသည်။ ပို့စ်ကတ်ရောင်းချရာတွင် သတ်မှတ်ထားသည့် အတိုင်း တခု (၁၀) ဒေါ်လာနှုန်းဖြင့်သာ ရောင်းချပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ BCSS(NY (Logo).jpg Burma Community Service Society (New York) (646) 397-7741, bcssny@gmail.com, http://www.bcssny.org/ မှတ်ချက်။ ။ ဝယ်ယူလိုပါက အထက်ပါလိပ်စာသို့ ဖုန်းဖြင့်လည်းကောင်း email ဖြင့်လည်းလောင်း ဆက်သွယ်မှာယူနိုင်ပါသည်။ Money order ဖြင့်သာ မှာကြားပေးချေနိုင်ပါသည်။

0 တပ်မတော်ခန်းမအတွင်း ကျင်းပတဲ့ ကားပြပွဲမှာကားပြပွဲမဟုတ်ဘဲမလုံ့တလုံ မော်လ်ဂယ်များပြပွဲဟုလူပြောများ


video။ ။ gossip.myanmarcelebrity.com

0 “သာမန်အချိန်မှာ သာမန်ပြည်သူဖြစ်ချင်သူ” ( မျိုးမြင့်ချို )


အခုတလော လူပြောအများဆုံးဖြစ်မည်ထင်သည့် ပြည်တွင်းသတင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း
ဖြစ်ဖို့များမည်။ ကမ္ဘာကြီး ရွာဖြစ်သွားပြီ၊ ကမ္ဘာကြီးပြားသွားပြီ၊ ကမ္ဘာမှုပြုခြင်းဖြစ်နေပြီ စသည်ဖြင့် ပြောဆိုသံများထောင်းလမောင်းထမည်မျှပင်ထထ၊ အချုပ်အခြာအာဏာဆိုသည်နှင့်ပတ်သက်လျှင်ကား ထို
အကောက်အယူများမှန်ကန်ကြောင်း ထောက်ပြနိုင်စရာ “အရွေ့” များများစားစားမယ်မယ်ရရ ဘာတခု မရှိသေးသည်မှာ သေချာဆဲပင်ဖြစ်သည်။ အင်တာနက်နှင့်ခေတ်သစ်နည်းပညာများက နိုင်ငံတို့၏ နယ်နမိတ် တို့ကိုဖြုတ်ချလိုက်ပြီဟု ဘယ်သို့ပင်ဆိုဆို သက်ဆိုင်ရာအစိုးရတို့က သူတို့မကြည့်စေ မမြင်စေချင်သည့် အင်တာနက်ဝက်ဘ်ဆိုက်များကို ကန့်ထား ပိတ်ထား ဆို့ထားနေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ နိုင်ငံတို့၏ နယ်နမိတ်များ၊ စည်းများ ဖျက်ချလို့မရနိုင်သေး။ နိုင်ငံအချို့ဆိုလျှင် ခြံစည်းရိုးပင်ခတ်လိုက်သေး၏။ ဘာတတ်နိုင်သနည်း။ ဘာမှမတတ်နိုင်။ သူ့အခြေအနေ သူ့အကျိုးအကြောင်း အဆက်အစပ်တို့ အထင်အရှားရှိနေသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။ နိုင်ငံတို့၏ “အချူပ်အခြာအာဏာနှင့်နယ်နမိတ်စည်းများ” ရှိနေဆဲပင်ဖြစ်သည်။ဖျက်လို့ မရနိုင်သေး၊ ဖျက်လို့မဖြစ်နိုင်သေး။

နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဆိုခြင်း ဥပဒေအကြောင်းပြောလျှင် နိုင်ငံတကာနှုန်းစံတန်ဖိုးတွေနှင့် ချိန်ကြည့်ကြရမည် ထင်သည်။ နိုင်ငံတကာစံဆိုသည့်အထိုင်ပေါ်မှပြောမှလည်း ခြုံမိမည်ထင်၏။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုသည် ဆိုသည့်ဥပဒေများရှိတတ်ကြသည်။
ဥပဒေဆိုသည့်အတိုင်း ခြွင်းချက်များလည်းရှိ၏။ မထူးဆန်း။ ထိုသို့ဆိုက ဒါဆိုလျှင် ဒီကိစ္စဟာ “စကားလုပ်ပြောနေစရာအကြောင်းမရှိဘူးလား” ဟု တွေးစရာရှိပါမည်။ ရှိပါသည်။ နိုင်ငံတကာစံများအကြောင်းထက် ဗမာပြည်၏လက်ရှိထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေအကြောင်း၊ ထိုဥပဒေလိုအပ်/မလိုအပ်။
ဘာကြောင့် ထိုဥဒေထုတ်ပြန်ရ အကျိုးဆက်ဘာတွေဖြစ် စသည်တို့ကား မပြောမဖြစ် ပြောရမည့် ကိစ္စဖြစ်သည်ဟု ယူဆမိသည်။

နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုအပ်သည် ဆိုသည့်ဥပဒေကို ယင်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥဒေများတွင် ပြဋ္ဌာန်းထားသောသက်ဆိုင်ရာနိုင်ငံတို့သည်ယင်းနိုင်ငံသားတို့အားအမြဲတမ်းအချိန်ပြည့်စစ်သည်တော်များအဖြစ် ကာလအကန့်အသတ်ဖြင့် ပုံမှန်တပ်မတော်များတွင် အမှုထမ်းခိုင်းခြင်းမှာ အလွန်နည်းပါး ပါသည်။ “ကမ္ဘာနှင့်ချီ၍ စစ်ရိပ်စစ်ငွေ့များသန်းလာချိန်၊ တနိုင်ငံကတနိုင်ငံကိုကျူးကျော်စစ်ပြုရန် စစ်ပြင်ချိန်၊ တနိုင်ငံငံ၏ ကျူးကျော်စစ်အား တွန်းလှန်ရန်ခုခံစစ်ပြင်ချိန်” စသည့်အချိန်များတွင်ကား အစိုးရတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဆိုသည့် ဝှက်ဖဲအားထုတ်သုံးကြရတော့သည်။ သာမန်အချိန်တွင် သာမန်ပြည်သူတို့ သတိပင်မထားမိသည့်အချက်ဖြစ်၏။

ကမ္ဘာပေါ်တွင်အကန့်အသတ်နှင့်ဖြစ်နေသည့် စစ်ပူရာဒေသများရှိနေသည် မှန်သော်လည်း တကမ္ဘာလုံးနှင့် ချီ၍ စစ်ဖြစ်မည့်အလားအလာများ လက်တွေ့တွင်မရှိသေးပါ။ ဗမာပြည်သည်ကမ္ဘာ့အစိတ်အပိုင်းဖြစ်ပါသည်။ ကမ္ဘာနှင့်ချီ၍ စစ်ပူနေခြင်းမရှိသေးသလို စစ်ရိပ်စစ်ငွေ့များလည်းမတွေ့ရသေးပါ။ ကမ္ဘာစစ်ကြီးဆိုသည့်လှန့်လုံးဖြင့် ထိုဥပဒေ ပြဋ္ဌာန်းရမည့်အချိန်မဟုတ်ပါ။ မရောက်သေးပါ။ မလိုပါ။

ဗမာပြည်၏ပကတိအခြေအနေအရ တိုင်းတပါးကိုကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းတရားအရရော လက်တွေအနေအထားအရရော ဘာမှပြစရာမရှိပါ။လက်ဆုပ်လက်ကိုင်လည်း ပြမရပါ။ စစ်အင်အား၊ နည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတို့တွင်လည်း တိုင်းတပါးအားကျူးကျော်ချင်ဦးတော့ အဖက်ဖက်မှာ နိမ့်နေသေးသည်။ အရည်အသွေးပြည့်ဝသည့်ခေတ်မီတပ်မတော်မဖြစ်သေး။ ခေတ်မီတပ်မတော်များနှင့်မယှဉ်နိုင်သေး။ ထို့အတွက် တိုင်းတပါးအားကျူးကျော်ရန်ဟူ၍ စစ်သားသစ်စုဆောင်းစရာ၊ ထိုဥပဒေပြဋ္ဌာန်းစရာအကြောင်းမမြင်ပါ။ မရှိပါ။မလိုပါ။

ပတ်လည်နိုင်ငံများကဖြစ်ဖြစ် အဝေးတိုင်းပြည်များကဖြစ်ဖြစ် ဗမာပြည်အားကျူးကျော်စစ် ဆင်နွှဲရန်စစ်ပြင်နေသည့် လက္ခဏာဘာတခုမှမရှိ။ ထိုနိုင်ငံများမှငွေကြေး၊ နည်းပညာ၊ အရင်းအနှီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုတ်နှံမှုများသာ ဒလဟောဝင်လာနေသည်။ စစ်ဝင်လာခြင်းမရှိ။ ထို့အတွက် ခုခံစစ်အတွက်၊“အမျိုးသားရေးတို့၊ အချူပ်အခြာအာဏာကိုကာကွယ်ရန်“တို့ ဆိုပြီးစစ်သားသစ် သိမ်းသွင်းယူစရာမလိုအပ်။ တပ်တိုးချဲ့ရန်မလိုအပ်။ နောက်တခုကလည်းသန်း ၅ဝ သော ပြည်သူအတွက် စစ်တပ်အင်အားယခုထက်ပိုရှိနေလည်း “အမျိုးသားသွေးစည်းညီညွတ်မှု” မရှိလျှင် ဘာမှလုပ်မရ။ ဘယ်တော့မှတွန်းလှန်မရ။အမျိုးသားသွေးစည်းညီညွတ်မှုအတွက် အကောင်းဆုံးပြယုဂ်မှာ ဗမာ့မျိုးချစ်တပ်မတော်၏ အစပင်ဖြစ်သည်။ ဘီအိုင်အေကို ဗိုလ်တေဇဦးဆောင်ပြီးဝင်လာချိန်က  ဗမာပြည်တွင် “အမျိုးသားအမြဲတမ်းမတော်”မရှိ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်လက်နက်ကိုယ်ရှာပြီး စစ်သားဖြစ်လာသူတွေသာများ၏။

အမျိုးသားသွေးစည်းညီညွတ်မှုဖြင့်သာ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။အမြင်တချို့က ယခုလုပ်ဆောင်ချက်အား န.အ.ဖ လက်ထက်တွင် တပ်အင်အားတွေတိုးချဲ့လာသည်။ တပ်တွေမှာ နံပတ်တွေသာ တိုးလာသော်လည်း ဖွဲ့စည်းပုံမပြည့်၊ တပ်သားအင်အားနှင့်အရာရှိအချိုးအစားကမညီ ထို့ကြောင့် တပ်ဖွဲ့စည်းပုံဖြည့်ရန်နှင့် အချိုးမညီသည်ကိုညီအောင်လုပ်ခြင်းဖြစ်သည်၊
“ဖွဲ့စည်းပုံပြည့်ရေးနှင့်အချိုးညီရေး” လောက်သာ လုပ်ခြင်းဖြစ်သည်၊ ထို့ထက်မပို ဟုဆိုသည်။ သည့်ထက်ပိုမတွေးချင်တာလား မတွေးမိတာလားမပြောတတ်။ထိုမျှနှင့် အတွေးရပ်သွားသည်မှာလည်း မသင့်ဟုထင်သည်။
နောက်အမြင်တခုက မငြိမ်းသေးသည့်ပြည်တွင်းစစ်ကို စစ်ဖြင့်အပြီးငြှိမ်းရန်(တနည်းပြောရလျှင် အပြုတ်တိုက်ရန်) တပ်အင်အားတိုးချဲ့ခြင်းဖြစ်သည်။ ကြီးထွားလာမည့်တပ်အင်အားကြီးဖြင့် “ပြည်တွင်းစစ်ကိုအပြုတ်တိုက်ပြီး နယအ.ဖ က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြရန်” ရည်ရွယ်ခြင်းဖြစ်သည် ဟုဆိုသည်။ စစ်ပွဲကို သို့မဟုတ် စစ်ပွဲတပွဲကို စစ်ဖြင့်အနိုင်တိုက်၍ရပါသည်။ စစ်ပွဲနိုင်ရုံမျှဖြင့် ငြိမ်းချမ်းရေးကိစ္စပြီးမြောက်သွားသည်ဟု အဓိပ္ပါယ်မထွက်ပါ။
စစ်ပွဲနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တသီကြီးရှိနေပါသည်။ စစ်မတိုင်မီ (သို့မဟုတ်) စစ်အတွင်း (သို့မဟုတ်) စစ်အပြီးတွင် စားပွဲဝိုင်းဆွေးနွေးမှုများဖြင့် မျှမျှတတအပေးအယူများ ရှိရပါမည်။ ထိုသို့မဟုတ်မူကား နောက်ထပ်စစ်ပွဲများစွာ လိုက်နေပါလိမ့်မည်။ နောက်အမြင်တခုက “နိုင်ငံသားတိုင်းစစ်ပညာတတ်မြောက်ထားဖို့” လိုသည်။ တတ်ထားလျှင်ကောင်းသည်။ စစ်ဖြစ်လျှင် “ရော့သေနတ်” ဆိုပြီးပေးလိုက်ရုံဖြင့်ပွဲပြီးသည် ဟုဆိုသည်။ စစ်ပညာတတ်မြောက်ထားလျှင်၊ သင်ယူထားနိုင်လျှင်၊ သင်ပေးထားနိုင်လျှင်ကောင်းပါသည်။ သို့သော် “စစ်ပညာတတ်မြောက်ထားရန်လိုခြင်း”နှင့်“မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း”တွင် ကွာခြားချက်တွေ အများကြီးရှိသည်။ မတူ။ ယခုကိစ္စက စစ်ပညာသင်ပေးခြင်း၊ သင်ယူခြင်းမဟုတ်။

မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ကွဲကွဲပြားပြားရှိရန်၊ မြင်ရန်လိုမည်ထင်သည်။
သို့ဆိုလျှင် ဘာကြောင့် ဒီအချိန်မှာ ဒီဥဒေကိုတိုးတိုးတိတ်တိတ် ထုတ်ပြန်ရသနည်း။ စဉ်းစားစရာရှိလာပြီဖြစ်သည်။ န.အ.ဖ အနေဖြင့် နိုင်ငံသားတိုင်းကိုသေနတ်ကိုင်ထားသည့် (သို့မဟုတ်) ပစ်တတ်ခတ်တတ်သည့်သူများ(တနည်း စစ်သားများ) အဖြစ်မခံနိုင်ပါ။ စစ်သားဆိုသည်မှာ အမိန့်နာခံခြင်းဆိုသည်နှင့်အသေတုတ်ထားခံရသည့် လူသားများဖြစ်သည်။ လူချင်းလည်းအတူတူ၊ သူရောကိုယ်ပါသေနတ်တလက်စီ ကိုင်ထားတာလည်းအတူတူ၊ အဘယ်ကြောင့်အခြားသူတယောက်၏အမိန့်ကို အခြားသူတယောက်က အသက်ပေး၍လိုက်နာနေကြရသနည်း။ ထို အရာသည် “အမိန့်နာခံခြင်း” ပင်ဖြစ်သည်။ မိမိဆန္ဒအလျှောက် စစ်သားဖြစ်လာသူနှင့် မထမ်းမနေရအမိန့်ကြောင့် စစ်သားဖြစ်ရသူမှာ အလွန်ခြားနားပါသည်။ ဆန္ဒအလျှောက်စစ်သားလုပ်သူမှာ စစ်သားမဖြစ်မီကပင် စစ်သားဖြစ်လျှင်ဘယ်လိုနေရ ကျင့်ကြံရမည်ကိုကြိုတွေပြီးသား ဖြစ်နေတတ်သည်။ တနည်းပြောရလျှင် အပိုးကျိုးပြီးသား အမိန့်နာခံလိုစိတ်မွေးပြီးသူများဖြစ်နေသည်။ မထမ်းမနေရကြောင့် စစ်သားဖြစ်ရသူမှာကား ထိုသို့မဟုတ်။ ကိုယ့်ကိုယ်ကိုအပိုးချိုးမထား၊ အမိန့်နာခံရန်အဆင်သင့်မဖြစ်။ အမိန့်နာခံလိုစိတ်လည်းမရှိတတ်။
သို့အတွက် စစ်သားခြင်းအတူတူမှန်သော်လည်း ကိုင်တွယ်ရပုံမှာခြားနားလာသည်။ ခွဲခြားကိုင်တွယ်ရသည်။ တတန်းတည်းထားလို့မရ။ မဖြစ်။ သည်တော့မထမ်းမနေရစစ်သားကို အမိန့်ဆိုသည့်ကြိုးဖြင့် နေရာတကာမှာချုပ်လို့မရ။ အလျှော့အတင်းရှိရသည်။ ထားရသည်။ ကိုင်ရတွယ်ရခက်လာသည်။ သေစမ်းသတ်စမ်းဟူ၍ အမိန့်ဖြင့် ထိန်းချုပ်ခိုင်းစေရသည့်နယ်ပယ်တွင် “အမိန့်နာခံရေး/မနာခံရေး”ဆိုသည်ထက် ကြီးသောပြဿနာဆိုသည်မှာမရှိ။ သည်တော့တပ်တွင်းမှာ ပြဿနာတွေတက်လာသည်။ လျော့တိလျောရဲတွေဖြစ်လာသည်။ အာဏာဖီဆန်တာတွေ အမိန့်မနာခံတာတွေဖြစ်လာသည်။ သည်မှာတင်အမိန့်ဆိုသည့်ကြိုးသည် ကောင်းကောင်းအမြဲနိုင်တော့။ စစ်တပ်သည် စစ်တပ်နှင့်မတူတော့။ န.အ.ဖသည် သူစိတ်တိုင်းကျထူထောင်သည့်တပ်အား ထိုအဖြစ်မျိုးအရောက်မခံနိုင်။ အရောက်ခံလို့မရ။ “စစ်တပ်ဖြင့်ထူထောင်ထားသည့်အာဏာ” သည် စစ်မိန့်အတိုင်းမသွားတော့လျှင် အာဏာလက်ဆုပ်ပြေမည်။
န.အ.ဖက အာဏာလက်ဆုပ်ဖြေချင်သူမဟုတ်။န.အ.ဖ ပြချင်သည်က ၂ ခု ဖြစ်မည်။ သူ့စိတ်တိုင်းကျရွေးကောက်ပွဲလည်းပြီးပြီ။ သူလိုချင်တာလည်းရပြီ။ ရွေးကောက်ပွဲဝင်သူတိုင်းကလည်း ၂ဝဝ၈ဖွဲ့စည်းပုံကိုသစ္စာထားပါမည်ဟု အတိအလင်းပြောပြီးပြီ။ စစ်တပ်က တိုက်ရိုက်လာမည့် စစ်ဗိုလ်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲဝင်ရန်အသင့်ဖြစ်ပြီ။

အကုန်အစင်ပြီးပြီလားဆိုတော့မပြီးသေး “ငါတို့နောက်ကိုဒီအတိုင်းလုပ်သွားတော့မယ်” ဆိုသည်ကို ချပြထားရဦးမည်။ ဤတွင် ယခုဥပဒေရေးပြီး တိုးတိုးတိတ်တိတ်ချပြထားရသည်။ “မင်းတို့ လွှတ်တော်ထဲကကောင်တွေက၊ ငါတို့ရေးပေးလိုက်တာကို ဥပဒေဖြစ်လာအောင်လုပ်၊ အတည်ပြုပြဋ္ဌာန်းပေး၊ မင်းတို့ခြင်း နည်းနည်းပါးပါးငြင်းစရာ ခုန်စရာဖြစ်မှာလေးတွေ မသိမသာလေးထည့်ပေးထားမယ်။ အဲဒါလေးတွေကို ငြင်းကြခုန်ကြပေါ့၊ ပြီးရင်ဖြုတ်လိုက်ကွာ၊လူကြားလည်းကောင်း အမြင်လည်း တင့်တယ်တာပေါ့၊ နောက်နောင်လည်း ဒီအတိုင်းသွားကြတာပေါ့” ဆိုသည်ကို လုပ်ပြခြင်းဖြစ်သည်။ ဒါက “အနာဂတ်မြန်မာနိုင်ငံတော်တွင် တပ်မတော်၏အမျိုးသားရေးဦးဆောင်မှုကဏ္ဍ” ဆိုသည်မှာ ဒီအတိုင်းပင် ဖြစ်ကိုဖြစ်ရမည်ဆိုသည်ကို နိုင်ငံရေးလက်ဦးမှုယူပြီး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ၊ ခြေလှမ်းရှိရှိ လုပ်ပြခြင်းဖြစ်သည်။
နောက်တကြောင်းက န.အ.ဖ အနေဖြင့် မြောက်ကိုးရီးယားလို “စစ်တပ်ပထမတိုင်းပြည်” တည်ဆောက်မည် ဆိုလျှင် စစ်သားများအားတိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုထဲတွင်ပါဝင်စေရမည်။ တပြိုင်နက်တည်းတွင် စစ်သားသည် စစ်သားလည်းဖြစ် အလုပ်သမားလည်းဖြစ်နေရမည်။ ထိုသို့ဆိုလျှင် တိုင်းပြည်သည်
စစ်ဝန်ကိုအထမ်းရသက်သာ၏။ စစ်အင်အားကြီးထွားခြင်းဆိုသည်မှာ စစ်သည်များကိုမှီခိုနေရသည့် မိသားစုဝင်များပါကြီးထွားလာခြင်းဖြစ်သည်။ စစ်သားများနှင့်ယင်းတို့၏မိသားစုများသည် ကုန်ထုတ်စွမ်းအားစုတွင်မပါပါက တိုင်းပြည်အတွက် “ဝန်ထုံ့ဝန်ပို” ဖြစ်သည်။ ရေရှည်မှာမထမ်းနိုင်။ ဝန်ပိပြီးပြိုမည်။
ထိုသို့လည်း အပြိုမခံနိုင်၊ သူတပ်သားတွေကိုလည်း အလုပ်သမားအဖြစ်မခံနိုင်သည့် န.အ.ဖ အနေဖြင့် အခြားတလမ်းကိုစဉ်းစားလာရသည်။ ဤလမ်းမှာတိုင်းသူပြည်သားတိုင်း စစ်သားဖြစ်ရေးမဟုတ်။ စစ်သားများနှယ် စစ်မိန့်မှန်သမျှ နာခံရမည့်၊ နာခံရသည့်၊ နာခံတတ်သည့်အရပ်သားများ မွေးမြူရေး
ဖြစ်လာသည်။ “စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်” ကိုထူထောင်လိုခြင်းဖြစ်သည်။
ဤအကြောင်း ၂ ရပ်အတွက် ဤဥဒေကို ဤအချိန်အတွင်းလက်သိပ်ထိုးပြဋ္ဌာန်းလိုက်ခြင်းဖြစ်မည်ဟုထင်၏။

                                                                             မျိုးမြင့်ချို (၁၊ ၂၃၊ ၂၀၁၁)

0 ပြည်ပ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား


မြန်မာနိုင်ငံကို ပြည်ပခရီးသည် ၀င်ရောက်မှု နည်းပါးနေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ လူအများက ထင်ထားကြပါတယ် ။ အမှန်တရားကို လူအများက အတ္တများနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ကိုယ့်ဘက် ဆွဲတွေးနေရုံနဲ့တော့ အမှန်တရားက ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပထမဦးဆုံး အနေနဲ့ လက်ခံစေချင်ပါတယ် ။

ကမ္ဘာ့မြေပုံပေါ်မှာ အရမ်းကို ချစ်စရာ ကောင်းတဲ့ ကချေသည်လေး တစ်ယောက် ကကြိုးကကွက် ဆင်လို့ အသက်ဝင်နေတဲ့ ပုံပမာ လှပနေရှာတဲ့ ဗမာ့နိုင်ငံမြေပုံလေးက မြင်သူတိုင်း နှစ်ခြိုက်စရာ ကောင်းသလို ရေမြေတောတောင် သယံဇာတတွေ ပြည့်လျှမ်းနေတဲ့ ဗမာနိုင်ငံရဲ့ မြေပေါ်ကို အလည်တစ်ခေါက် လာရောက် လည်ပတ်လိုသူတွေ အများကြီး ဆိုတာကတော့ သေချာလွန်းလှပါတယ် ။ အင်မတန်မှ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး သုံးယောက်ပမာ အလှည့်ကျ ၀င်ရောက် ကူညီ ဖျော်ဖြေပေးနေတဲ့ နွေမိုးဆောင်း ကလည်း အခြားတိုင်းပြည်များနဲ့ ကွာခြားချက်က စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ် ။ ရွက်ဟောင်းတွေ ကြွေကြလို့ မိုးပေါက်လေးတွေ စတင်သက်ဆင်းလာတာနဲ့ အမေကို တွေ့လို့ ပြေးထွက်လာတဲ့ သားငယ်များပမာ အရွက်သစ်လေးတွေ ထိုးထွက်လာပုံက သက်ဝင်လုပ်ရှားလို့ မိုးရာသီရဲ့ အစများဟာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလွန်းလှပါတယ် ။

မိုးရေ ပက်ဖျန်းလို့ အရွယ်ရောက်လာတဲ့ စပါးပင်တွေ အချိန်လို့ ရင်မှည့်တဲ့အခါ ရွှေဝါရောင် စပါးခင်းများကြားမှာ လယ်သမားတို့ အလုပ်များတဲ့ အချိန် တော့ မိုးသားတွေကို ရုပ်သိမ်းပြီးတဲ့ အခါ အလုပ်လုပ်နေသူတွေ အေးမြပါစေ လို့ ဆုတောင်းပြည့်တဲ့ ပုံပမာ ဆောင်းကညာရဲ့ ၀င်ရောက်လာပုံက ညက်ညောလွန်းလှပါတယ် ။ အဲဒီလို အချိန်များမှာ အလုပ်ခွင်စောစောဝင်ကြတဲ့ လူအများက အေးမြမှုကို အန်တုဖို့ အတွက် မီးဖိုနားမှာ ၀ိုင်းစုကြပြီး ပူပူနွေးနွေး စားစရာလေးတွေကို လုပ်ကိုင်စားသောက်လေ့ ရှိတဲ့ အလေ့အထများဟာ တိုးတက်ခေတ်မှီတဲ့ နိုင်ငံများမှာ တကူးတက လုပ်ဆောင်ကြတာကို သွားတွေ့ရပြန်တယ် ။ ဆောင်းရာသီ ကုန်ဆုံးလို့ နွေဝင်စ အချိန်အခါ သာယာလှတဲ့ မြန်မာပြည်ရဲ့ သဘာဝ အလှဟာ ကမ္ဘာကျော် ပန်းချီဆရာ တွေရဲ့ စိတ်ကူးယဉ် ပန်းချီးကားထက် အများကြီးသာတာပေါ့ဗျာ ။

နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေကို လာရောက် လည်ပတ်နိုင်အောင် အစိုးရက အဓိက လုပ်ဆောင်ပေးရမှာက တရားမျှတမှု နှင့် လုံခြုံရေးပါဘဲ ။ 2007 ရွှေဝါရောင်မှာ ဂျပန်နိုင်ငံက သတင်းထောက်ကို လူတွေ စောင့်ကြည့်နေတဲ့ အချိန်မှာတောင် ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုပြီး တည့်တည့်ကြီး ဆော်ပစ်လိုက်တဲ့ အချက်က ကမ္ဘာလှည့် ခရီးသွားတွေ ရင်ထဲကို စိုးရိမ်စိတ်တွေ ၀င် လာစေတာ အမှန်ပါဘဲ ။ ဒီလို အဖြစ်အပျက်တွေဟာ သတ်ဖြတ်ခြင်း အလုပ်မှာ ယဉ်ပါးနေတဲ့ စစ်သားတွေ အတွက် သိပ်မဆန်းဘူး ထင်ရပေမယ့် မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နောက်တွန့်သွားစေခဲ့တယ် ဆိုတာ အုပ်ချုပ်ရေးပိုင်းက လူတွေ သိထားစေချင်သလို လက်ခံထားစေချင်ပါတယ် ။

တိုင်းတပါးသား ကို အသာထား ကိုယ့်နိုင်ငံသား အချင်းချင်း တောင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရဘဲ အစစ်ဆေး အမေးမြန်းထူလွန်းတဲ့ အချက်များက အပန်းဖြေ အနားယူဖို့ လာရောက်ကြတဲ့ ခရီးသွားများ စိတ်ရှုပ်ဖွယ်ရာ ခံစားသွားရတာလည်း သတိထားပြီး ပြင်စေချင်ပါတယ် ။ဝမ်းစာအရေးကို ခက်နေသေးတဲ့ ပြည်သူ့ဝန်ထမ်းများကလည်း ဂွင်မပါရင် ဘယ်အခါမှ အလုပ်မလုပ်ချင်တော့လို့ စီမံချက်ဟူ၍ တမျိုး ၊ ဥပဒေထုတ်၍ တဖုံ လုပ်စားနေတာကို ကြုံရတဲ့ ခရီးသွားက စိတ်ပျက်လို့ ညည်းညူသွားကြတာ အမှန်ပါဘဲ.....။

အချို့ ကမ္ဘာလှည့် ခရီးသည်တွေ ကြတော့လည်း အားနည်းချက်တွေကို ခဏမေ့ထားပြီး ရောက်ဖူးချင်ဇော အားကြီးလို့ လာရောက်ပြီး နောက်တခါ မြန်မာနိုင်ငံဆို လှည့်မကြည့်ချင် လောက်အောင် ဖြစ်သွားတတ်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျင့်ဆိုးလေးတွေကိုလည်း ထင်ရှားလွန်းလှပါပေတယ် ။ ။ သူများနိုင်ငံသားတွေက ဂျင်ပေါ်က ထုံး ဆိုရင် ဗမာနိုင်ငံသားတွေက ထုံးပေါ်က လေပွေလို့ ခေါ်ရလောက် အောင် လိမ်လည် လှည့်ဖျားခြင်း အတတ် မှာ ပါရဂူမြောက်နေတဲ့ ကောက်ကျစ်တဲ့လုပ်ရပ်လေးတွေကိုလည်း ကိုယ်ကျင့်တရားလေးနဲ့ ပြန်ထိန်းပေးစေချင်ပါတယ် ။

နောက်တစ်ချက်က သဘာဝကို စနစ်ကျစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လည်း အထူး လိုအပ်ပါတယ် ။ ခန္စာကိုယ်မှာ သွေးကုန်ခမ်းလို့ ခြောက်နွမ်းသွားသလို ဖြစ်သွားတဲ့ အင်းလေးကန်ကြီး က ညီးတွား နေရှာတဲ့ ပုံရိပ်တခုဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စနစ် ကို ညွှန်းဆိုပြနေတယ် ဆိုတာ မမေ့ပါနဲ့အုံး ။ ကမ္ဘာမှာ ခြေနဲ့လှေလှော်ကြတဲ့ အလေ့အထ နဲ့ ရေပြင်အလယ်မှာ တည်ထားတဲ့ အင်းလေး ဖော်တော်ဦး စေတီတော်ကို ကို မြင်ဘူးချင်လို့ လာရောက် ရှုစားကြတဲ့ လူအများ တွေ့မြင်ရလိုက်တဲ့ ရေခန်းနေတဲ့ အင်းလေးအိုင်ရဲ့ အက်ကွဲနေတဲ့ မြေသားတွေက ကမ္ဘာလှည့် ခရီးသွားတွေကို နောက်တခါ မလာမိအောင် သတိထားဖို့ အသိပေးလိုက်သလို ဖြစ်သွားပါတယ် ။

ပုံမှန်စီးဆင်းနေတဲ့ ရေစီးအားက အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကို သယ်ဆောင်သွားနိုင်ပေမယ့် သူတို့ခွန်အားများကို ဖြတ်တောက်ထားတဲ့ မြစ်ကြီးလေးသွယ်က သူတို့ကိုယ်တောင် အနိုင်နိုင်နဲ့ ချီတက်နေကြတာကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာကို ထည့်မတွက်ခဲ့ကြတာ သိပ်ကို မှားသွားပါတယ် ။ ချောင်းတွေ့ရင် ဆည်ဆောက် ၊ မြစ်တွေ့ရင် တံတားဖောက် ဆိုတဲ့ စီမံချက်တွေက ထိုးနှက်ချက်က သူတို့သားသမီးတွေကို မောင်ပိုင်စီးခံရလို့ အရင်က ငြိမ့်ညောင်းခဲ့သလောက် အခုတော့ ဒေါသပြင်းပြသွားတဲ့ မြစ်ကြီးလေးသွယ်ရဲ့ ကြုံးဝါးသံတွေက အမုန်းလှိုင်းသံတွေ ဆူညံလာခဲ့တဲ့ အကျိုးဆက်ကို ပိုးစိုးပက်စက် ခံနေရတဲ့ ပြည်သူလူထု ဘ၀ကလည်း တကယ့်ကို သနားစရာပါ ။

အင်မတန်မှ နုပျိုလှပတဲ့ မိန်းကလေးတစ်ဦးကို လောဘရမ္မက်အားကြီးသူတွေက သူတို့ အလိုဆန္ဒ ပြည့်ဝစေဖို့ အနိုင်ကျင့် ခံလိုက်ရနေတာကြောင့် ဘ၀ အလှ ညစ်နွမ်းသွား ရတဲ့ မြစ်ဆုံအလှ ကို မြင်တွေ့လိုက်ရတဲ့ ကမ္ဘာလှည့် ခရီးသွားတိုင်းက သူတို့ တိုင်းပြည်ကို ပြန်အရောက်မှာ မြန်မာနိုင်ငံဆိုတာ လူသားတွေတင် အနိုင်ကျင့်ခံရတာ မဟုတ်ဘူး.........သဘာဝ အလှကိုပါ ဖျက်စီးနေတဲ့ လူသားတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ပါလို့ ပြောကြားလိုက်တဲ့ စကားသံတွေက အတင်းပြောတာ မဟုတ်ပေမယ့် နောက်ထပ်လာဖို့ စိတ်ကူးထားတဲ့ ခရီးသွားတွေ ခြေဦးမလှည့်ချင်အောင် ဖြစ်သွားတတ်ကြတာကို အသိပေးချင်တယ်ဗျာ..။

တချိန်တခါက ညို့မှောင် အုပ်ဆိုင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရိုးမကြီးတွေ အလှဟာ ကိုယ်ကျိုးအတ္တ အတွက် လူအများက တရားဝင် တဖုံ ၊ မတရား နည်းလမ်းသဖွယ် စီးပွားရှာလိုက်တဲ့ ဒဏ်များ အပြင် ကိုယ့်နိုင်ငံက သယံဇတကို ကိုယ်တိုင် ပြန်လည် အသုံးမချရဘဲ ထင်းမီးနဲ့ မီးသွေးကို အားကိုးနေရတဲ့ပြည်သူလူထုက လည်း အသုံးချခံရတော့ အင်မတန်မှ တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ် ။

ဆံပင်ရှည်လေးနဲ့ကျက်သရေ ရှိလှတဲ့မိန်းကလေးတစ်ယောက်ကို ခေတ်မှီအောင် ဆံပင်တိုပေးလိုက်တာ အားမရလို့ အခု ဂတုံးလုပ်ပေးဖို့ ကြိုးစားနေတာကို ရှက်လွန်းအားကြီးလို့ ရိုးမကြီးတွေ ငိုက်ရှိုက်နေရင်း အသိပေးတာက ဥတုရာသီ တောကိုမှီဆိုတဲ့စကားလေးကို သတိထားကြပါအုံးတဲ့ဗျာ... ။

နိုင်ငံတကာမှာ ရှေးဟောင်း ယှဉ်ကျေးမှုကို အမြတ်တနိုး တန်ဖိုးထားကြတာကို ကန့်လန့်တိုက်တာဘဲလား ၊ မသိလို့ဘဲ တမင်တကာ လုပ်တာလား မသေချာပေမယ့် သေချာတာတခုကတော့ အသက်အရွယ်အိုမင်းနေတဲ့ အဖွားအိုကို မိတ်ကပ်တွေ အတင်းချယ်ပြီး မော်ဒယ်ပမာ ပွဲထုတ်ချင်နေကြတဲ့ ညဏ်မပါနဲ့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ပုံစံတွေ ကို စိတ်ပျက်နေရှာတဲ့ သမိုင်းဝင် အဆောက်အဦးတွေ က ပြောလိုက်တဲ့ မင်းတို့ လက်ထက်ကြမှ လုပ်ရပ်လေခြင်း ဆိုတဲ့ စကားသံကို ဟစ်ကြွေးနေသယောင် ခံစားမိတယ်ဗျာ ။

ဒီနေ့ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နိုင်ငံတော်တော်များများကို သတိထားကြည့်မယ်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍကို မေ့ထားလို့ မရပေမယ့် ကျနော်တို့ နိုင်ငံက ဥာဏ်ကြီး ရှင်များက ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာကြေမယ် ၊ ရင်ချောင်စေအောင် လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ အလိုက်တသိ မွမ်းမံပေးထားတာ နေသားကျနေတဲ့ ကျနော်တို့ အတွက် မသိသာလှပေမယ့် ခရီးသွားတွေ စိတ်ပျက်သွားစေတာ အမှန်ပါဘဲဗျာ ။ နိုင်ငံတကာ ခရီးသည်တွေကို အသာထား ကိုယ့်နိုင်သားတွေတောင် တိကျတဲ့ ဈေးနှုန်းနဲ့ ဘယ်တော့မှ မတွေ့ဆုံရတဲ့ ပို့ဆောင်ဆက်သွယ်ရေး အခန်းဂဏ္ဍ က ပညာပြပုံလေးတွေ က မှတ်သားလောက်ပါပေတယ် ။

ကျနော်ရေးခဲ့တဲ့ အရာတွေဟာ အမှန်တွေလား အမှားတွေလား မြန်မာနိုင်ငံ အနှံ့အပြားမှာ မှီတင်းနေထိုင်ကြတဲ့ လူအများက အထူးကြိုးစားပြီး ဖြေကြားစရာ မလို မျက်တောင် တချက်ခတ်လိုက် တိုင်း အားနည်း ချက် တချက်ကို တွေ့ရလောက်အောင် အဘက်ဘက်က ပြိုကျပျက်စီးနေတဲက မြန်မာနိုင်ငံက ခရီးသွားတွေကို မစွဲဆောင်နိုင်လို့ ခရီးသည် အလာနည်းတာလား ၊ စီးပွားရေး ပိတ်ဆို့မှု ကြောင့် ခရီးသည် အလာနည်းတာလား စာဖတ်သူမှာ အသိဥာဏ် ရှိရင် စဉ်းစားကြည့် တာနဲ့ သိသာ ထင်ရှားနေပါတယ် ။ အခု ကျနော် ပြောဆိုခဲ့တဲ့ ချို့ယွင်းနေတဲ့ အချက်တွေကို ပြည်လည် ပြင်ဆင်ပြီး စစ်မှန်တဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းမှု တွေ ပြန်လုပ်ရင် အရင်က သဘာဝ အလှနဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကျနော်တို့ မြန်မာပြည်ကို မလာပါနဲ့လို့ အတင်း ဆွဲထားရင်တောင် ဇွတ်အတင်းဝင်လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ များလာမှာ မြင်ယောင်မိပါတယ် လို့ လေးစားစွာ အကြံပြုတင်ပြချင်ါတယ် ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဘက်က ချို့ယွင်းချက်ကို မပြင်ဘဲ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှု ကြောင့်ပါလို့ မျက်လုံး စုံမှိတ်ပြီး အော်ရတာကို ကြည်နူးနေကြသူများနဲ့ သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့ လူအများလည်း ဆက်လက်ပြီး များများ အော်မယ်လို့ စဉ်းစားရင် ငါ့မှာ လူသားတို့ရဲ့ အသိဥာဏ် ရှိရဲ့လားလို့ နှိုင်းယှဉ် စဉ်းစားကြည့် နိုင်ပါစေ.။

ဗမာ့သွေး

Monday, January 24, 2011

0 နအဖ၏ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့်ဒေသခံပြည်သူများကျန်းမာရေးစိုက်ပျိုးရေးများစွာထိခိုက်(ရုပ်/သံ)


ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ရွာအနီးက ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့်လေနှင့်ရေထုညစ်ညမ်းပြီးဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့စိုက်ပျိုးရေးကိုတော်တော်ထိခိုက်နေတယ်လို့hPa-Oh Youth Organizationအစီရင်ခံစာကဆိုပါတယ်.. အဲဒီကထွက်လာတဲ့ရေဆိုးတွေကလည်း အင်းလေးကန်ထဲကိုစီးဆင်းသွားတယ်လို့ဆိုပါတယ်.နအဖအာဏာရူးများကဖြစ်ပေါ်လာမဲ့ ပြဿနာများကို ဘာမှကြိုမတွေး၊ ဂရုမစိုက်ဘဲငွေရရင်ပြီးရော လုပ်ချင်သလိုလုပ်နေတာ ပြည်သူတွေ ခါးသည်းစွာခံစားနေရပါတယ်။ “အဆိပ်သင့် တိမ်များ” ဟုအမည်ရတဲ့ အစီရင်ခံစာကိုအောက်မှာဖတ်ရူနိုင်ပါတယ်...
PoisonClouds Burmese
source: http://pyo-org.blogspot.com/

Sunday, January 23, 2011

0 စစ်အာဏာရှင်စံနစ်ကိုတော်လှန်ခဲ့တဲ့ မျိုးဆက်သုံးဆက် (ရုပ်/သံ)


လုပ်ဖော်ကိုင်ဖက်
ရဲဘော်များ ခင်ဗျား

အားလုံးကျန်းမာကြပါစေလို့ ဆုတောင်း ရင်း မိတ်ဆက်လိုပါတယ်။ ကျနော့ အမည်က ဆလိုင်း ယော အောင်
ဖြစ်ပြီး ယခုထက်ထိ မကဒတ (ကျောင်းသားတပ်မတော်) မှာဆက်လက် တာဝန်ထမ်း ဆောင်နေတဲ့ ရဲဘော်တဦးပါ။

အခါအခွင့်သင့်တဲ့အတွက်ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) အခြေအနေကို မိတ်ဆက် ပေးခြင်းပါတယ်။ အချို့လည်း သိကြမယ်လို့မျှော်လင့်ပါတယ်။ မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သက်တမ်းဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ဆိုလျင်(၂၂)နှစ်ပြည့်မှာဖြစ်ပါတယ်။ ဒီ (၂၂)နှစ် တာကာလမှာ ယနေ့ အခြေအနေဟာ အခက်အခဲဆုံး အခြေအနေနှင့်ရင်ဆိုင်နေရတဲ့ကာလလို့ ပြောရင် မမှားနိုင်ပါဘူး။ မည့်သည့် NGOs များရဲ့အကူအညီမှ မရှိဘဲရပ်တည်နေရတဲ့အခြေအနေပါ။ လူအင်အား ကျဆင်းမှု၊ ရုပ်ဝတ္ထုအင်အား ကျဆင်းမှု၊ နိုင်ငံရေး စိန်ခေါ်မှုများနှင့်
ရင်ဆိုင်နေရတဲ့ ကာလဖြစ်သလို ခေါင်းဆောင်မှုအပေါ်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရတဲ့ကာလလည်း
ဖြစ်ပါတယ်။ မကဒတကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဘို့ ၁၉၈၈ ခုနှစ် ၈၈၈၈ လူထု အရေး တော်ပုံကြီး
က တာဝန်ပေးခဲ့တာဖြစ်တယ် မွေးဖွားပေးခဲ့တာဖြစ်တယ်။ မကဒတ (ကျောင်းသားတပ် မတော်) ဟာ ကမ္ဘာမြေကြီး
နှင့် မြန်မာ့မြေပေါ်မှာ တကယ်တည်ရှိခဲ့တယ်။ ကမ္ဘာ နှင့် မြန်မာ့သမိုင်းမှာ တကယ် ပေါ်ထွန်းခဲ့တာ
ဖြစ်တယ်။ ယနေ့ထက်ထိ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။

အနှစ်(၂၀)ကာလအတွင်းမှာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့မှတ်တမ်းများအရ ကျဆုံး၊ ဒဏ်ရာ နှင့်
သေဆုံးသူဦးရေ (၁,၀၀၅)ယောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီရဲဘော်တွေဟာ ကျနော်တို့ တိုင်းပြည်ရဲ့
လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အနစ်နာခံ
ပေးဆပ် စွန့်လွှတ် ခဲ့သူများ ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး မငြင်းနိုင်ပါဘူး။ မကဒတ
(ကျောင်းသားတပ်မတော်) ပျောက်ရင် ထိုရဲဘော်တွေရဲ့ အနစ်နာခံ ပေးဆပ်မှုတွေလည်း သူ့အလိုလို
ပျောက်သွားမှာဖြစ်ပါတယ်။ ထိုအချက်ကို စစ်အာဏာရှင်တွေက လိုလားနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့
အကြောက်ဆုံးရန်သူဟာ မကဒတ (ကျောင်းသားတပ်မတော်) ဖြစ်တယ်။ ထိုရဲဘော်တွေအတွက် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။
ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိ မကဒတ (ကျောင်းသားတပ်မတော်)တခုတည်းမှာတင် တာဝန်ရှိတာမဟုတ်ပါ။ မကဒတ နှင့် ပက်သက်ခဲ့သူများ အားလုံးမှာ တာဝန်ရှိတယ်လို့ထင်ပါတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်ဒီမိုကရေစီကိုမြတ်နိုးတဲ့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန်ရှိပါတယ်။ ယနေ့ကာလသည်ကျနော်တို့ အကြားမှာ တယောက် နှင့် တယောက်အပြစ်တင် ဝေဖန်ရမည့် အချိန် ကာလ မဟုတ်ပါ။ သွေးစည်းရမည့်အချိန်ဖြစ်ပါတယ်။ကျနော်တို့တတွေရဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ကိုပြသရမည့် အချိန်ကာလ လည်းဖြစ်ပါတယ်။

အဲဒီတော့မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန်နိုင်ရေး တည်ရှိရေး တနည်း အားဖြင့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ ဆက်လက်လွှင့်ထူနိုင်ရေးဟာ ကျနော် တို့အတွက် အရေး ကြီးဆုံးဖြစ်ပါတယ်။ ထို့အတူကျနော်တို့ တိုင်းပြည်အတွက်လည်း အရေးကြီးသော အချိန် ကာလကိုရောက်ရှိနေပြီဟု မှတ်ယူပါတယ်။
ကျနော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ကျနော်တို့ လက်ထဲမှာဘဲရှိပါတယ် မည့်သည့် နိုင်ငံခြားတိုင်းပြည်ကမှ
ဝင်ရောက်ကူညီ ဖြေရှင်းပေးမည် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။
ကျနော်တို့ရဲ့ လုံးလထုတ် ကြိုးစား မှုမပါဘဲ မည်သည့် ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်သလို
မည်သည့် နိုင်ငံခြားတိုင်းပြည်များ ထံမှလည်း အကူအညီများ ရရှိနိုင် မည် မဟုတ်ပါ။
My sister-in-law, Ma Htay, wife of Zaw Zaw Min (Generation 88) and mother of De Nyein Lin meets with Daw Suu and her son
မကဒတမှတတိယနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာ သွားသူများ အရေအတွက်မှာ မနည်းပါ။
ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် ထိုသူများ၏ အကူအညီများလိုအပ်လျက်ရှိတယ် ဆိုသည်မှာသေချာပါတယ်။ ထို့ကြောင့် လုပ်ဖော် ကိုင်ဖက်များအနေဖြင့်
ကျနော့၏ တင်ပြချက်ကို လေးနက်စွာ စဉ်းစားပေးကြဘို့ ပန်ကြားအပ်ပါတယ်။

လေးစားစွာဖြင့်
-ဆလိုင်းယောအောင်
မကဒတ

မှတ်ချက်။ ။ လက်လှမ်းမှီသလောက် ဆက်လက်ဖြန့်ချီပေးကြဘို့မေတ္တာရပ်ခံအပ်ပါတယ်။

0 Oregon ပြည်နယ် Portland မြို့မှ မြန်မာပြည်တွင်းရှိ HIV- AIDS ဝေဒနာရှင်များအား ကူညီရေး ရံပုံငွေဈေးရောင်းပွဲအတွက် ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း


(moemakha media)

0 စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၁)

တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်က စစ်တပ်တိုင်းမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုကတော့ အထက်ကပေးအပ်တဲ့ အမိန့်ကို နာခံလိုက်နာ ဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ ကျည်ဆံမိုးတွေ ရွာသွန်းနေပါစေ၊ စစ်သည်တွေဟာ အထက်ကအမိန့်အတိုင်း ရန်သူ့တောင်ကုန်းကို လှံစွပ်တက်ထိုးဆို တက်ထိုး ကြပါတယ်။ ရန်သူရဲ့ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေး တိုက်ခိုက်ကြပါတယ်။ ရန်သူရဲ့ သင်္ဘောကြီးပေါ်ကို မိမိရဲ့တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန်တိုက်လေယာဉ်မှူးတွေလည်း ဒုတိယကမ္ဘာစစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်ကအမိန့်ကို တသွေမတိမ်း နာခံပြီး တိုက်ကြခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူဆောင်ရွက်ချက်တွေပါ။ ရန်သူနဲ့ သူသေကိုယ်သေ တိုက် ခိုက်နေရတယ် ဆိုတဲ့ အခြေအနေပေါ်မှာ အနိုင်မခံအရှုံးမပေးလိုတဲ့ စိတ်ဓါတ်၊ ငါ့တပ်မတော် ငါ့တိုင်းပြည်အတွက် ငါ့ အသက်ကို စွန့်လွှတ်မယ်ဆိုတဲ့စိတ်ဓါတ်၊ အဲဒီ စိတ်ဓါတ်တွေနဲ့ အထက်ကအမိန့်ကိုနာခံပြီး အသက်ကိုစွန့်လွှတ်အသေခံ လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့နိုင်ငံအသီး သီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် မြောက်ကိုရီးယားသူလျှိုတွေကို လက်ရဖမ်းဆီးစဉ်က သေမယ်ဆိုတာ သိလျှက်နဲ့၊ အမိန့်ကို တသွေမတိမ်းလိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင်သွားကြတဲ့ မြန်မာ့တပ်မ တော်သားတွေရဲ့လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သံလျင်မြို့ခလရ(၉၀)က တပ်သားဟောင်းဦးထွန်းလင်းက ၂၀၁၀ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခု လိုပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီး ပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေ၊ နံမည်တွေ၊ နေရပ်လိပ်စာတွေ အဖေအမေနံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါ မှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့ လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန် သူ ဒဏ်ရာရတာ မလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ်ပေးတယ်။ အမိန့်ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော် တို့ကို အမှန်ကတော့ သရဏဂုံတင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကို ထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးက ပေါ့ဗျာ ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက် အစွန် မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက်တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက် တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော်သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့အသံနဲ့ ပြေးသွား တယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်းတခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင်ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ် ချပြီးတော့ ရှေ့တစ်လှမ်းတက်ပေါ့ ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။ ဒါပေမယ့် ကံကောင်းချင် တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထားတော၊့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ၀င်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေ ကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာတစ်ခုကတော့၊ လက်နက်ရှိတဲ့ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် အမိန့် ကို ကျနော်တို့က ဦးထိပ်ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူးပေါ့ နော်။ အဲဒီအချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာအဓိဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်။ ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကိုစောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့လူမျိုး အတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့အသက်တွေပေး ကျနော်တို့ခန္ဓာကိုယ်တွေ စတေး၊ ဘ၀တွေ စတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ် ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကို လာတဲ့ ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့လဲပြီး တော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………)

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ဂီတလောကမှာ ထင်ရှားကျော်ကြားလာခဲ့သူ ဗြိတိသျှအဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှတပ်မတော်(ကြည်း)မှာ တာဝန်ထမ်းဆောင်ခဲ့ သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှတပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့အတွက် တော်ဝင် Sandhurst စစ် တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ သူဟာ စစ်မှုထမ်းဘ၀မှာ ကျရာ နေရာကို သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ဥရောပ ယူဂိုဆလားဗီးယားနိုင်ငံထဲက ကိုဆိုဗိုဒေသမှာ ဒေသ ခံ အယ်(လ်)ဘေးနီးယားတိုင်းရင်းသားတွေကို ဆားဗီးယားစစ်တပ်က ဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေတာကြောင့် မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ဝင်တွေက ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေအဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယားဒေသခံတွေကို အကာအကွယ်ပေးနေသလို ရုရှတပ်မတော်ရဲ့တပ်ဖွဲ့တွေကလည်း ရှေးရိုးအစဉ်အလာမဟာမိတ်ဖြစ်တဲ့ ယူဂိုဆလား ဗီးယားနိုင်ငံထဲက ဆားဗီးယားစစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်းမခံရအောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိနေခဲ့ကြပါတယ်။ ၁၉၉၉ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေးကင်းထောက်တပ်ဖွဲ့ရဲ့ တပ်မှူးငယ် အသက်(၂၅) နှစ်ပဲရှိသေးတဲ့ ဗိုလ်ကြီး James Blunt ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက်နေပါတယ်။ တပ်ဦးက ဗိုလ်ကြီးJames Blunt ရဲ့တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှားတပ်ဖွဲ့တွေက Pristina နိုင်ငံတကာလေဆိပ်ကို ကြိုတင် ရောက်ရှိ သိမ်းပိုက်ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်ကြီး James Blunt ဆီကို ရေဒီယိုဆက်သွယ်ရေးစက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက နေ တိုက်ရိုက်ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိလာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိခဲ့တဲ့အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုင်ဝင်ဘာလ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီ အစဉ်တင်ဆက် တဲ့ John Pienaar နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခု လိုပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာလေဆိပ်က အင်အား(၂၀၀)လောက်ရှိတဲ့ ရုရှတပ်ကို အနိုင်တိုက်ပြီး လေ ယာဉ်ကွင်းကိုသိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက်အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့အမိန့် က ရေဒီယိုဆက်သွယ်ရေးစက်ထဲကနေ ထွက်လာခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေးpointတပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီးတပ်ရင်း တစ်ရင်း ပါ။ အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကားအမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက်လာခဲ့တဲ့လမ်းမကြီးတလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင်၊ လက်နက်အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀)လောက် သူ့တပ်အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေ ပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့ တပ်ပေါ့၊ သွေးရိုးသားရိုးမဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယကမ္ဘာစစ်ကြီး ဖြစ် သွားနိုင်တဲ့ အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စည်းရယူဖို့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပေးတဲ့အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့၊ ဒီအမိန့်အတိုင်းနာခံပြီး လိုက်နာဆောင်ရွက် ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ သူ ဘယ်လို တွေးတော ဆင်ခြင်ခဲ့ပါသလဲလို့ James Blunt ကို မေးတဲ့အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ ဗျာ၊ ကျနော့်ရဲ့ တပ်က၊ တိုက်ချင်ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ်ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကိုရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချထားနိုင်ပြီပေါ့ ဗျာ။ ဒီလို နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် တပ်ဦးက ကျနော့်ရဲ့တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ် ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက် လုပ်လိုက်လို့ကတော့ တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင် တယ်လို့ ကျနော်တွေးမိတယ်။ ဒါကြောင့်လည်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာ ပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၂)” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ် စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

0 အမျိုးသားလူငယ်ကွန်ယက်ရဲ့ ပထမဆုံး ခြေလှမ်း အဖြစ် ဦးသန့် အသက် ၁၀၂ နှစ်မြောက် မွေးနေ့အလှူအတန်း ပြုလုပ်


ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ ဦးသန့် အသက် ၁၀၂ နှစ်မြောက် မွေးနေ့ အတွက် အမျိုးသားလူငယ်ကွန်ယက်ရဲ့ ပထမဆုံး ခြေလှမ်း အဖြစ် သန်လျှင် မြို့နယ်အတွင်းမှဘုံပြန်ကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက်၊ ၀န၀ါသိ သီလရှင် ကျောင်းတိုက်တို့တွင် သွားရောက်ပြီး အလှူအတန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.