Tuesday, January 25, 2011

0 BCSS (NY) Distributes "Pink Flowers" Postcards Created by Daw Aung San Suu Kyi

မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးလုပ်ငန်းများဖြစ်သည့် မိဘမဲ့ကလေးများ၏ပညာရေး ထောက်ပံ့ကူညီရန်၊ HIV/AIDS ဝေဒနာ ရှင်များအား ကူညီစောင့်ရှောက်ရန်နှင့် သဘာဝဘေးဒုက္ခသည်များအတွက် သောက်သုံးရေတွင်းများ တူးဖော်ရန် စသည်တို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားသော "Pink Flowers" ဟု အမည်ပေးထားသည့် postcard များကို မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) – Burma Community Service Society (New York) မှ အမေရိကန်ပြည်ထောင်စုတွင် တာဝန်ခံဖြန့်ချိလျက်ရှိပါသည်။ အဆိုပါ ပို့စ်ကတ်ပြား၏အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် "အမေရိကန်နိုင်ငံမှ မြန်မာမိသားစုများအတွက် မေတ္တာဖြင့် - အောင်ဆန်းစုကြည်" ဟု အမှတ်တရ လက်မှတ် ရေးထိုးထားသည့်စာသား ပါရှိပါသည်။
ဤပို့စ်ကတ်သည် ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ (၇) နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်အတွင်း ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား (၇) ခုအနက်မှ တစ်ခုဖြစ်ပါသည်။ ထိုပန်းချီကားများသည် မြန်မာနိုင်ငံတွင်သာ ရံပုံငွေအဖြစ် ပို့စ်ကတ် ပြုလုပ်၍ ရောင်းချခဲ့ကြသော်လည်း "Pink Flowers" အမည်ရှိ ပို့စ်ကတ်ကို မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) မှ ပြည်ပတွင် ပထမဆုံးအကြိမ် အဖြစ် တာဝန်ခံ ဖြန့်ချိရောင်းချခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲသည့် ပန်းချီကားလည်းဖြစ်သည့်အပြင် အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ အတွက် မကြုံစဖူး လက်မှတ်ရေးထိုးပေးထားသော နှုတ်ခွန်းဆက်စကားပါရှိသည့် ဤပို့စ်ကတ်သည် မြန်မာမိသားစုတိုင်းမှ မိမိချစ်ခင်ရသော မိသားစုဝင်များ၊ မိတ်ဆွေများ၊ အပေါင်းအသင်းများကို အမှတ်တရလက်ဆောင်ပေးပို့ခြင်း၊ အမှတ်တရ သိမ်းဆည်းထားခြင်းတို့အတွက် မွန်မြတ်ပြီး အထူးသင့်တော်သော ပို့စ်ကတ် ဖြစ်ပါသည်။
 
ပို့စ်ကတ်တခုလျှင် ရံပုံငွေ (၁၀) ဒေါ်လာနှုန်းဖြင့် သတ်မှတ်ကာ ရောင်းချလျက်ရှိပါသည်။ ရောင်းချ၍ရရှိသော ရံပုံငွေမှာ မြန်မာနိုင်ငံတွင်း ရှိ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးဒုက္ခသည်များ၏ လူမှုရေးလိုအပ်ချက်များတွင်သာ အသုံးပြုမည်ဖြစ်ပါသည်။ ကူညီရောင်းချပေးလို သူများအနေဖြင့် ပို့စ်ကတ် အခုရေ (၃၀) နှင့်အထက် မှာယူရောင်းချလိုပါက စာပို့ခစရိတ်ငြိမ်း ပို့ပေးပါမည်။ BCSS (NY) သို့ မိမိတို့မှာယူလိုသည့် အစောင်အရေအတွက်၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များနှင့်အတူ ဆက်သွယ်နိုင်ပါသည်။ ပို့စ်ကတ်ရောင်းချရာတွင် သတ်မှတ်ထားသည့် အတိုင်း တခု (၁၀) ဒေါ်လာနှုန်းဖြင့်သာ ရောင်းချပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ BCSS(NY (Logo).jpg Burma Community Service Society (New York) (646) 397-7741, bcssny@gmail.com, http://www.bcssny.org/ မှတ်ချက်။ ။ ဝယ်ယူလိုပါက အထက်ပါလိပ်စာသို့ ဖုန်းဖြင့်လည်းကောင်း email ဖြင့်လည်းလောင်း ဆက်သွယ်မှာယူနိုင်ပါသည်။ Money order ဖြင့်သာ မှာကြားပေးချေနိုင်ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.