Saturday, August 11, 2012

0 သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ်

သာပေါင်းမြို့နယ်ရေကြီး 11.8.2012(Photo-Popular Myanmar News Journal )

ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။

ဒီလိုအချိန်မှာ အရင်တုန်းက NGO တစ်ခုမှာ လုပ်တုန်းက ရေကြီးရင် အရေးပေါ် သဲအိတ်တွေ နဲ့ကာကွယ်ရမယ့် နည်းစနစ်လေးတွေ ပြင်ဆင်ခဲ့ဖူးတာလေးကို ပြန်ပြီးတော့ သတိရမိတယ်။ အတိအကျ အရင်ကလုပ်ခဲ့တာမျိုး ပြင်ဆင်ပေးခဲ့တာမျိုးတော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အဆင်ပြေမယ့် ပုံစံလေးတွေနဲ့ ဘယ်လိုဘယ်ပုံဆိုတဲ့ နည်းလမ်းလေးတွေကို စနစ်တကျဖြစ်အောင် ပြန်ရေးပြချင်ပါတယ်။ တယောက်တလေလောက် ဖတ်မိလို့ သုံးဖြစ်မယ် အသုံးဝင်ခဲ့မယ်ဆိုရင် ရေးရကျိုးနပ်တယ်လို့ ခံယူပါတယ်။

ရေတွေ ရုတ်တရက် ကြီးလာတဲ့နေရာတွေ တိုးလာတဲ့ နေရာတွေမှာ သဲအိတ်နဲ့ ကာကွယ်တာဟာ အတော်လေး ထိရောက်တဲ့ နည်းလမ်းပါ။ ရေအမြင့် လေးငါးပေ အမြင့်လောက် တိုးလာတဲ့ ရေကို သဲအိတ်သုံးပြီးတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ ကာကွယ်တဲ့နေရာမှာ နေရာဒေသတစ်ခုကို ကာကွယ်တာ၊ အရေးကြီးတဲ့ နေရာတွေကို ကာကွယ်တာ၊ သောက်ရေကန်၊ ရေတွင်း စတဲ့ နေရာတွေကို ကာကွယ်တာ၊ အိမ်တံခါးပေါက် စတဲ့နေရာတွေကို ကာကွယ်တာ စသဖြင့် ပုံစံအမျိုးမျိုး နေရာအမျိုးမျိုးအတွက် သင့်လျှော်လိုက်ဖက်မယ့် နည်းစနစ်တွေ ရှိကြပါတယ်။

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်တဲ့နေရာမှာ သဲအိတ်လုပ်မယ့် အိတ်ကိုရွေးချယ်တာကအစ သဲဖြည့်တာ၊ သဲအိတ်စီတာ စတဲ့အဆင့်ဆင့်မှာ နည်းစနစ် ကျနဖို့လိုပါတယ်။

သဲအိတ်ပဲကွာအိတ်ထဲသဲထည့်ပြီးတော့ ရေတိုးတဲ့နေရာကို ကားထားရင် မပြီးဘူးလားမေးရင် မပြီးဘူးလို့ပဲ ပြောရမှာပါ။ ဖြစ်သလို စနစ်တကျ ပြင်ဆင်ပြုလုပ်ထားခြင်း မရှိတဲ့ သဲအိတ်တွေဟာ ပင်ပန်းတာပဲ အဖတ်တင်ပြီးတော့ ထိရောက်စွာ ကာကွယ်မှု မပေးနိုင်ပါဘူး။

သဲအိတ်တွေကို စီပုံစီနည်းတွေကို မရေးပြခင် အရင်ဆုံး သဲထည့်တာက စပြီးတော့ ရေးပြချင်ပါတယ်။ သဲထည့်ဖို့အတွက် ပထမဆုံး ထည့်စရာအိတ်တွေကို ရွေချယ်ရပါမယ်။ သဲထည့်ပြီး သဲအိတ်အဖြစ် အသုံးပြုမယ့် သဲအိတ်ရဲ့ အရွယ်အစားကလဲ အရေးကြီးပါတယ်။ ၁၄လက်မ အဝကျယ်နဲ့ ၂၄ လက်မကနေ ၂၆ လက်မ ရှည်တဲ့ အိတ်ဆိုဒ်က အဆင်အပြေဆုံး သုံးနိုင်တဲ့ ဆိုဒ်ပါပဲ။ ကျန်တဲ့ အိတ်အရွယ်အစားတွေ အသုံးပြုနိုင်ပေမယ့် ဒီအရွယ်အစားက အသင့်အလျှော်ဆုံးပါပဲ။ ကိုင်တွယ် အသုံးပြုရတာကော သဲအလေးချိန် အချိန်တစ်ဆယ်လောက် (၃၅ ကနေ ၄၀ ပေါင်) ထည့်ပြီးတော့ သုံးနိုင်လို့ပါ။ ဒီလောက် အလေးချိန်ဆိုရင် အဆင်ပြေပြေ သယ်ယူစီထားလို့ ရတဲ့ အနေအထားပါ။ မရတော့လဲ ရနိုင်တဲ့အိတ်ကို အဆင်ပြေသလို သုံးနိုင်ပါတယ်။

ပုံ (၁) သဲအိတ်ဖြည့်နည်း အမှန်

သဲအိတ်တွေကို သဲဖြည့်တဲ့အခါမှာ အိတ်တစ်ဝက်လောက်ပဲ ဖြည့်ပြီးတော့ အိတ်အဝနားကနေ ကပ်ပြီးတော့ အိတ်ကို ချည်နှောင်သင့်ပါတယ်။ သဲအိတ်ကို ပြည့်တင်းနေအောင် မဖြည့်ရဘူးဆိုတဲ့ သဘောပါ။ အပြည့်အတင်း ဖြည့်လိုက်ခြင်းအားဖြင့် အလေးချိန်ကြောင့် သယ်ယူရတာ အဆင်မပြေ ဖြစ်နိုင်သလို အဓိကအားဖြင့် တင်းရင်းနေတဲ့ သဲအိတ်တွေကို စီထားခဲ့ရင် သဲအိတ်တစ်ခုနဲ့ တစ်ခုကြားက လစ်လပ်နေတဲ့ နေရာတွေကနေ ရေစိမ့်ဝင်နိုင်လို့ပါပဲ။ ခပ်ပျော့ပျော့ အပြည့်မဖြည့်ထားတဲ့ သဲအိတ်ကို အသုံးပြုခြင်းအားဖြင့် တစ်အိတ်နဲ့တစ်အိတ် စီထပ်တဲ့နေရာမှာ အကြားအလပ်မရှိအောင် စီနိုင်ပြီးတော့ ပိုပြီးတော့ ခိုင်မာကျစ်လစ်တဲ့ သဲအိတ် အကာအကွယ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပုံ (၂) သဲအိတ်ဖြည့်နည်း အမှားများ



သဲအိတ်စီနည်းတွေထဲမှာ ပထမဆုံး ပြချင်တဲ့ ပုံစံကတော့ တာပုံစီတဲ့နည်းပဲ ဖြစ်ပါတယ်။ စီပုံစီနည်းကို အရင်ရေးပြပြီးမှ သဲအိတ်တွေ စီတဲ့နေရာမှာ လိုက်နာရမှာတွေ ရေးပြပါ့မယ်။ တာပုံစီနည်းကို အင်နဲ့အားနဲ့ တစ်နေရာကနေ စီးဆင်းလာတဲ့ ရေအနေအထားမှာ အသုံးပြုသင့်ပါတယ်။ ဥပမာပြောရင် မြစ်ချောင်းတွေကနေ ရေတိုးလာတဲ့ နေရာမျိုးတွေမှာ ဖြစ်ကမ်းနား ချောင်းကမ်းနားတွေမှာ စီပြီးတော့ ကာကွယ်ရာမှာ သိပ်အသုံးဝင်တဲ့ နည်းဖြစ်ပါတယ်။

ဒါ့အပြင်ရပ်ကွတ်တစ်ခု၊အိမ်တစ်စု၊ကယ်ဆယ်ရေးစခန်းတစ်ခုကိုပတ်ပြီးတော့စီထားပြီး နေရာတစ်ခုကို ရေကြီးတာကနေ ကာကွယ်ပေးဖို့လဲ အသုံးဝင်ပါသေးတယ်။

ပုံ (၃) တာပုံစီနည်း

ဒီလိုသဲအိတ်စီတော့မယ်ဆိုရင် ဖြစ်နိုင်ရင် သဲအိတ်စီမယ့် နေရာတစ်လျှောက်မှာ မြောင်းတစ်ခု အရင်တူးသင့်ပါတယ်။ စီထားတဲ့ သဲအိတ်တွေကို ရေအရှိန်နဲ့ နောက်ပြန်မရွေ့စေဖို့အတွက် ထိန်းချုပ်ထားမယ့် နေရာတစ်ခု ဖန်တီးတဲ့ သဘောဖြစ်ပါတယ်။ သဲအိတ်တွေရဲ့ အောက်ဆုံးအလွှာ မစီခင်မှာ ဒီမြောင်းကို အရင်တူးထားရပါတယ်။ မြောင်းရဲ့ အကျယ်က သဲအိတ်နှစ်အိတ်စာ၊ အနက်က တစ်အိတ်စာဆိုရင် လုံလောက်ပါပြီ။

ရေတိုးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် သဲအိတ်တာရဲ့ လိုချင်တဲ့ အမြင့်ပေါ်လိုက်ပြီး စီမယ့်သဲအိတ်တွေရဲ့ အကျယ်ကို သုံးဆဖြစ်အောင် စီသင့်ပါတယ်။ ဒီစီနည်းက အင်မတန် အသုံးဝင်သော်လည်း သဲအိတ်အရေအတွက် အများကြီးလိုပါတယ်။ ဒါကြောင့်မို့ မိမိလိုအပ်မယ်ထင်တဲ့ အမြင့်ကို ရရှိအောင် သဲအိတ်ဘယ်လောက် စီစဉ်ရမယ်ဆိုတာ အောက်က ပုံသေနည်းနဲ့ ကြိုတင်တွက်ချက် စီစဉ်ထားလို့ရပါတယ်။ တွက်တာကတော့ သဲတစ်အိတ်စာ အကျယ်နဲ့ တွက်ချက်တာပါ။ သဲတစ်အိတ်ကို တစ်ပေလို့ ခန့်မှန်းချေ တွက်ချက်ပါတယ်။

ပုံသေနည်းကတော့

သဲအိတ် အရေအတွက် = (၃ x သဲတာအမြင့်) + (၉ x သဲတာအမြင့် x သဲတာအမြင့်) / ၂
ဥပမာပြောရရင် ၃ ပေမြင့်တဲ့ သဲတာတစ်ခုအတွက် သဲအိတ်တစ်တန်းစာ သဲအိတ်ပေါင်း
= (၃ x ၃) + (၉ x ၃ x ၃) /၂ = ၄၅ အိတ်

ဒါကြောင့်မို့

၁ ပေအမြင့်အတွက် ၆ အိတ်

၂ ပေအမြင့်အတွက် ၂၁ အိတ်

၃ ပေအမြင့်အတွက် ၄၅ အိတ်

၎ ပေအမြင့်အတွက် ၇၈ အိတ်လိုပါမယ်။ ဒါက သဲအိတ်တစ်အိတ်စာ အကျယ်အတွက်ပဲ တွက်ချက်တာရှိပါသေးတယ်။

သဲအိတ်စီမယ့် နေရာရဲ့ အလျားနဲ့ တွက်ချက်ရရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်ဆိုရင် သဲအိတ် အဆတစ်ရာ လိုတာပေါ့။ အဲဒိတော့

၁ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၆၀၀

၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၂၁၀၀

၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၄၅၀၀

၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၇၈၀၀ လိုအပ်ပါမယ်။

သဲအိတ် အလုံအလောက် မရရှိနိုင်တဲ့ ဒေသတွေမှာတော့ သဲအိတ်အခြေ အကျယ်ကို အမြင့်ရဲ့ နှစ်ဆအနေနဲ့လဲ သုံးကြပါသေးတယ်။ ဒီနည်းနဲ့ စီမယ်ဆိုရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်တော့

၁ ပေအမြင့်အတွက် ၆ အိတ်ပေါင်း ၆၀၀

၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၁၇၀၀

၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၅၅၀၀

၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၉၀၀၀ လိုအပ်ပါမယ်။

ရှေ့အပိုင်းက အဆက်ဖြစ်တဲ့ တာပုံစီနည်းမှာ သဲအိတ်တာရဲ့အခြေကို သဲအိတ်တာရဲ့ အမြင့်ရဲ့ နှစ်ဆနဲ့ စီတဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
ပုံ (၄) တာပုံစီနည်း (၂)

သဲအိတ်တွေကို စီတဲ့နေရာမှာ သဲအိတ်တွေကို အချင်းချင်း ထပ်တဲ့နေရာဟာ အလွန်အရေးကြီးပါတယ်။ သဲအိတ်တွေကို တစ်ဝက်၊ ဒါမှမဟုတ် သုံးပုံ နှစ်ပုံပဲ ထည့်ထားတဲ့အတွက် သံအိတ်တွေမှာ သဲမရှိတဲ့ အပိုင်းတွေ ရှိနေပါလိမ့်မယ်။ အဲ့ဒိ သဲလွတ်နေတဲ့ အိတ်ခွံအပိုင်းကို အခြားအိတ်တစ်ခုက အပေါ်ကနေ ဖိစီပြီး ထပ်သွားခြင်းအားဖြင့် သဲအိတ်များအကြား အကြားအလပ်နည်းခြင်း၊ ရေစိမ့်ဝင်မှု နည်းပြီး ကာကွယ်နိုင်မှု မြင့်မားခြင်း၊ တစ်အိတ်နဲ့တစ်အိတ် ထောက်ပံ့ထားနိုင်သည့်အတွက် ခိုင်ခန့်ခြင်း၊ အလွယ်တကူ ကျိုးပေါက် ပျက်စီးနိုင်မှု မရှိခြင်း စတဲ့အကျိုးတွေ ရနိုင်ပါတယ်။

ပုံ (၅) သဲအိတ် နေရာချပုံ (၁)
ပုံ (၆) သဲအိတ် နေရာချပုံ (၂)
သဲအိတ်တွေကို နေရာချတဲ့အခါမှာ သဲပြည့်ပြီး တင်းနေတဲ့ ဘက်ကို ရေလာရာဘက်ဆီမှာ ထားပြီးတော့ စီသင့်ပါတယ်။
ပုံ (၇) သဲအိတ်နေရာချပုံ (၃)
သဲအိတ်တွေကို အလွှာလိုက် နေရာချပြီးတော့ စီတဲ့နေရာမှာ ပထမတန်းရဲ့ သဲအိတ်နှစ်ခုချင်စီ အဆက်နေရာတွေကို နောက်တစ်တန်းမှာ အုတ်စီသလို ပြန်ကာပြီးတော့ စီခြင်းအားဖြင့် ရေယိုစိမ့်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါမယ်။ သဲအိတ်တွေရဲ့ ခိုင်ခံမှုကိုလဲ ပိုမိုအားကောင်းစေပါတယ်။
ပုံ (၈) သဲအိတ်တာ၏ ပထမအလွှာ စီပုံကို အပေါ်စီးမှ မြင်ရပုံ
သဲအိတ်တွေ စီကြတော့မယ်ဆိုရင် အရေးကြီးတာက စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် လုပ်ဖို့ပါပဲ။ ရေတက်လာပြီဆိုရင် သဲအိတ်စီတဲ့သူ အတော်များများက အလောတကြီးနဲ့ အလျှင်စလို လုပ်တတ်ကြတာ များပါတယ်။ သေသေချာချာ ကြိုတင်ပြင်ဆင်ခြင်း မရှိတဲ့ သဲအိတ်စီခြင်းတွေက လုပ်အားကို ဖြုန်းတီးတာ သက်သက်ပါပဲ။ သဲအိတ်စီတဲ့ ပုံစံနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။

ပုံ (၁၀) သဲအိတ်စီနည်း အမှား

အပေါ်က ပုံတွေကို ကြည့်မယ်ဆိုရင် ပုံစံအမှန်က အကြားအလပ်နည်းပြီး ပုံစံအမှားမှာက အကြားအလပ်တွေ များတာကို တွေ့နိုင်မှာပါ။ လက်တွေ့မှာဆိုရင် ပိုပြီးတော့ ဆိုးတဲ့အနေအထားကို ကြုံနိုင်ပါတယ်။ အကြားအလပ်နည်းတယ်ဆိုတာ သဲတာရဲ့ ခိုင်ခန့်မှု၊ ရေစိမ့်ဝင်နိုင်မှု နည်းပါမှု၊ ကာကွယ်နိုင်စွမ်း မြင့်တာတွေရဲ့ ပြယုတ်ပါပဲ။ ဘာပဲပြောပြော အထူးသတိထားရမှာက သဲအိတ်တစ်လွှာ ခင်းပြီးတိုင်း ကြားထဲက လစ်လပ်နေတဲ့ နေရာတွေကို သဲနဲ့ဖြည့်ပေးဖို့ပါပဲ။
တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေတိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။

ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ
ပလပ်စတစ်အစကို ရေလာရာဘက် ရေတိုးရာဘက်ပိုင်းမှာ ဖြန့်ခင်းပြီး အခြေနားမှာတစ်နေရာ တာရဲ့ထိပ်ဆုံးမှာတစ်နေရာ သဲအိတ်တွေနဲ့ သေသေချာချာ ဖိပြီးတော့ တပ်ဆင်ရပါမယ်။ မြစ်ကြောင်းတစ်လျှောက်၊ ချောင်းရိုးတစ်လျှောက်မှာ ပြုလုပ်ထားတဲ့ တာမျိုးဆိုရင်တော့ ပလပ်စတစ်စကို ရေလမ်းကြောင်းနဲ့ အလျှဉ်းသင့်အောင် တစ်ခုနဲ့တစ်ခု ထပ်ပြီးတော့ သုံးစွဲသင့်ပါတယ်။ ထပ်တဲ့ပုံစံ ပြောင်းပြန်ဖြစ်ပါက ပလပ်စတစ်ကြားထဲ ရေတိုးဝင်ပြီးတော့ တာကျိုးနိုင်တဲ့အထိ ဖြစ်နိုင်လို့ သေသေချာချာ ပြုလုပ်သုံးစွဲ သင့်လှပါတယ်။

ပုံ (၁၂) ရှည်လျှားသော သဲအိတ်တာအတွက် ပလပ်စတစ်စ ခင်းနည်း

ပလပ်စတစ်စ တစ်စနှင့်တစ်စကို အနည်းဆုံး သုံးပေလောက် ထပ်ပေးဖို့လိုပါတယ်။ ရေအောက်ဘက်ကို အရင်ခင်းပြီးမှ ရေတင်ဘက်ကို ခင်းပေးရပါမယ်။ ပလပ်စတစ်စ ခင်းပြီတဲ့နောက် သဲအိတ်တွေနဲ့ တာထိပ်မှာ တစ်လိုင်း ရေလာရာဘက် အခြေမှာ တစ်လိုင်း ဖိထားပေးဖို့တော့ လိုအပ်ပါမယ်။

ရေကြီးတဲ့ဒေသတွေအတွက် အရေးအကြီးဆုံးကတော့ သောက်သုံးရေပါပဲ။ ရေကြီးရေတက်လာတဲ့ အခါမှာ နေရာဒေသအမျိုးမျိုးက အညစ်အကြေးတွေ ပျော်ဝင်စီးဆင်းလာတာတွေဟာ ရေတွင်းတွေ ရေကန်တွေဆီကို ဒလဟော ဝင်ရောက်တတ်ပါတယ်။ အဲလိုမျိုး အညစ်အကြေးတွေ ဝင်ရောက်တဲ့အတွက် သောက်သုံးရေသန့် အခက်အခဲ ဖြစ်တတ်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတဲ့အတွက် ရေကြီးရာဒေသတွေမှာ မျက်စေ့နဲ့ ပတ်သက်တဲ့ရောဂါတွေ၊ ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါတွေ ဖြစ်ပွားတတ်ကြပါတယ်။ ဒါကြောင့်မို့ ရေတွင်းရေကန်တွေကို သေသေချာချာ ကာကွယ်ထားသင့်ပါတယ်။

ရေကန်တွေကိုဆိုရင် တာဘောင်တစ်လျှောက်မှာ သဲအိတ်တွေနဲ့ ပလပ်စတစ်စတွေ အသုံးပြုပြီးတော့ ကာကွယ်သင့်သလို၊ ရေတွင်းတွေကိုလဲ သဲအိတ်တွေနဲ့ ကာကွယ်ထားသင့်ပါတယ်။ ဒီလိုကာကွယ်ခြင်းအားဖြင့် အညစ်အကြေးအရည်တွေ မြေသားမှတဆင့် စိမ့်ဝင်တာကို မကာကွယ်နိုင်ပေမယ့် တိုက်ရိုက် ဝင်ရောက်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ တိုက်ရိုက်ဝင်ရောက်ခြင်း မရှိတဲ့ရေကို ပိုမိုစိတ်ချစွာ သောက်သုံးနိုင်သလို၊ ကလိုရင်းခတ်ခြင်း ကျိုးချက်ခြင်းတို့ကိုလဲ အလွယ်တကူ ပြုလုပ်သန့်စင်လို့ ရနိုင်ပါတယ်။

ပုံ (၁၃) ရေတွင်းကို သဲအိတ်စီ၍ ကာကွယ်ထားပုံ
သဲအိတ်တွေနဲ့ ရေကြီးတာကို ကာကွယ်တဲ့ အဓိကရည်ရွယ်ချက်က ရေတက်လာတာ၊ ရေကြီးလာတာကို လုံးလုံးဖယ်ရှားနိုင်တာမျိုး မဟုတ်ပေမယ့် ရေကြီးခြင်း ရေတက်ခြင်းကို ထိရောက်စွာ အဟန့်အတား ဖြစ်စေပြီးတော့ ရေစီးကြောင်းကို နှေးစေခြင်း အားဖြင့် ရေတိုက်စားခြင်း၊ ကမ်းပြိုးခြင်း စသည်တို့ကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြဿနာများကိုတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ သဲအိတ်ဖြင့် အကာအကွယ် လုပ်ခြင်းအားဖြင့် ရေကြီးခြင်းကြောင့် ဖြစ်ပွားတဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ရေတိုးရာ လမ်းကြောင်းကို သဲအိတ်များ စီခြင်းဖြင့် လမ်းကြောင်းလွှဲခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှုတွေကို လျော့ချနိုင်ခြင်း၊ အရေးကြီးသော နေရာများကို ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတွေကိုလဲ ရနိုင်စေပါတယ်။

သဲအိတ်များစီပြီး ရေကြီးခြင်းကို ကာကွယ်ရာမှာ အဓိကထား ကာကွယ်သင့်တဲ့ နေရာတွေကတော့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းကဲ့သို့သော လူအများကို ကယ်ဆယ် ထားရှိနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ မြစ်ချောင် တစ်လျှောက် ရေတိုးနိုင်တဲ့ နေရာတွေတင်သာမက အဆိုပါနေရာတွေကိုလည်း ဦးစားပေးပီးတော့ ကာကွယ်သင့်ပါသေးတယ်။ ထိုသို့ကာကွယ်ရာမှာ ရေတိုးလာမယ့် ရေစီးကြောင်းတွေကို လေ့လာတွက်ချက်ပြီးတော့ စနစ်တကျ စီစဉ်ကာကွယ်သင့်ပါတယ်။ အဆောက်အဦးတွေကို ကာကွယ်ထားတဲ့ သဲအိတ်နံရံတွေကို ငါးပေခြားတစ်နေရာလောက်စီ သဲအိတ်လေး ငါးအိတ်လောက်နဲ့ ထောက်ကန်ထားပေးဖို့လဲ လိုအပ်ပါသေးတယ်။
ပုံ (၁၄) သဲအိတ်များဖြင့် ရေတိုက်စားခြင်းမှ ကာကွယ်ထားပုံ

ရေစီးရာလမ်းကြောင်းကို သေချာစွာ လေ့လာပြီး ရေဦးတိုက်ရာ နေရာတွေကို သဲအိတ်အပြင် အခြားအကာအကွယ်များကိုလဲ ထပ်မံတပ်ဆင်သင့်ပါသေးတယ်။ ပုံမှာဆိုရင် ရေဦးတိုက်ရာ နေရာတည့်တည့်မှာ သစ်သားနဲ့ ပြုလုပ်တဲ့ အကာအကွယ်နဲ့ အားဖြည့်ပြီး သဲအိတ်များနဲ့ ထောက်ကန်ထားပေးပါတယ်။

ကို သာ ပို Facebook

0 သမ္မတ၏ ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် မူလမြေပိုင်ရှင်ကိုသာ ပေးလိုပါတယ်

ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို မွတ်ဆလင်ဘာသာဝင် ကုလားတွေက မီးရို့ တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့  ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရို့ သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို လိမ်ညာလို့  မရတဲ့ အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင် ဘယ်လိုလာဘ်စားတဲ့  လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ် ။

စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီလ-၅-ရက်နေ့ ကလဲဘဲ အခုလို ကုလား-ရခိုင်အဓိကရုဏ်းကြောင့် ပထမတကြိမ် မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို - နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။

၂၀၀၁-ခုနှစ် မတ်လ-၂-ရက်နေ့ မှာတော့ မီးလောင်ခံရတဲ့  ရခိုင်လူမျိုးတွေနဲ့  ဘင်္ဂလီမွတ်ဆလင်ဘာသာဝင် လူမျိုး ( မှတ်ချက်- အခုအချိန်လို သမိုင်းလိမ်ကုလားနာမည်တွေနဲ့  ရေဒီယိုတွေ -မီဒီယာတွေ -ပြည်တွင်းပြည်ပတွေက မပြောဆိုခဲ့ ကြပါ ) တွေကို ခေါ်ယူပြီး မြေနေရာချထားပေးပါတယ် ။ လူတဦးကို ပေ-၂၀-၅၀ စီ အကွက်ချ ပေးတော့ တချို့  မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီကုလားတွေက လာဘ်စားတဲ့  တာဝန်ရှိ လူတွေနဲ့  ပေါင်းပြီး အချောင်မြေကွက်တွေ ရသွားကြပြန်ပါတယ် ။ ယခုအရေးအခင်း လှုံ့ ဆော် အဓိကဖန်တီးသူ နွားသတ်သမား ဦးခင်မောင်လှရဲ့  ဖခင်ဖြစ်သူ ဦးလှကျော်ဟာလဲဘဲ မြေကွက်တွေကို ရရှိသွားပါးသေးတယ် ။ ဦးဗိုလ်ထွန်းရဲ့  ( ဒသမ ရ၆ ) ဧက ဘိုးဘွားပိုင်မြေဂရမ်နဲ့  မြေပိုင်ရှင်အဖြစ် မြေစာရင်းဦးစီးဋ္ဌါနမှာ အမည်ပေါက်သူအဖြစ် ရှိနေတော့ အခုလို မီးလောင်မြေပြင်အတွက် ( ၂၀-၅၀ ) အကွက်ချပေးမယ်ဆိုပြီး အကွက်ရိုက်တဲ့ အခါ မြေအကွက်ပေါင်း ( ၃၀ ) အကွက်ပေးကြရမှာဖြစ်ပါတယ် ။

ဒါပေမဲ့  အံ့သြစရာအကောင်းဆုံး မြေနေရာအကွက်ချပေးသူတွေက ဦးဗိုလ်ထွန်းကို မြေ ( ၂၀-၅၀ )ကို ( ၃ ) ကွက်သာ ပေးပြီး ဦးဗိုလ်ထွန်းရဲ့ အလုပ်သမား မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုး အမျိုးသမီး ဒေါ်မလှစိန်ကိုတော့ မြေကွက် ( ၂၀-၅၀ ) နဲ့  အကွက် ( ၄ ) ကွက် ချပေးလိုက်တာပါဘဲ ။ ဒိပြင် တခြား ကုလားလူမျိုးတွေကိုလဲ ဦးဗိုလ်ထွန်းရဲ့  မြေကွက်တွေနဲ့  အခြားရခိုင်လူမျိုးတွေရဲ့  မြေကွက်တွေကို ချပေးလိုက်ကြပါတော့ယ် ။ ဒီလိုမြေကွက်ရိုက်ချပေးတာကို လက်မခံလို့ ဆိုပြီး တရားစွဲဖို့  ပြုလုပ်ခဲ့ ပေမဲ့ ဗိုလ်ခင်ညွန့် တို့  လက်စောင်းထက်တဲ့ ထောက်လှမ်းရေး စစ်အစိုးရလက်ထက်မှာမို့  လက်မှိုင်ချ နေခဲ့ ရပါတယ် ။ စစ်တွေမြို့ မှာ ထောက်လှန်းရေး သိန်းထွန်းကို နေအိမ်တလုံးဝယ်ပေးထားပြီး မိန်းမပေးစားကာ နွားသတ်လိုင်စင် ဦးခင်မောင်လှတို့ က ထောက်လှမ်းရေးတွေကို အိပ်ထဲ ထည့်ထားကြတဲ့ အချိန်ဖြစ်နေတဲ့ တွက် အခုလို ရခိုင်လူမျိုးတွေပိုင်တဲ့  မြေကွက်တွေဟာ ကုလားနာမည်နဲ့  မြေကွက်တွေကို ချပေးခံလိုက်ရပါတယ် ။

၂၀၀၂-ခုနှစ် ဧပြီလ-၁၂-ရက်နေ့ မှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးနဲ့  တည်ဆောက်ရေးရုံးခမ်းမမှာ ၉/၂၀၀၂ -အဆုံးအဖြတ်ချက်အရ မီးမလောင်ခင်မြေပုံနဲ့  မီးလောင်ပြီး အကွက်ချမြေပုံတွေကို စိစစ်ပြီး မူလမြေပိုင်ရှင်ကို မြေပိုင်ရှင်အဖြစ် သတ်မှတ်ပြီး မြေကွက်ကို ပြန်လည်ပေးရမည် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့ ကြပါတယ် ။ အဲဒီနေ့ က ဗိုလ်မှူးချုပ် ဘုန်းဆွေ က ( ဒကစမှူး ကိုယ်စား ) ပယကအနေနဲ့  ဆောင်ရွက်တာဖြစ်ပါတယ် ။ ဗိုလ်မှူးကြီးသိန်းကြိုင် ၊ ပြည်နယ်တရားသူကြီး ဦးမြတ်မင်း ၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲအောင်မြင့် ၊ ဒုဗိုလ်မှူးကြီး မျိုးတင့် ( ဥက္ကဋ္ဌ ) ခယက ၊ ဦးမောင်ကြည် -လက်ထေက်ညွှန်ကြားရေးမှူး မြေစာရင်းဦးစီးဋ္ဌါန တို့ က အစည်းအဝေး ဆုံးဖြတ်ချက်ချတဲ့ နေ့ မှာ တာဝန်ရှိပုဂိုလ်များအဖြစ် သတ်မှတ်ပေးကြတာဖြစ်ပါတယ် ။

ဒါပေမဲ့  လက်တွေ့ မှာတော့ ဘိုးဘွားပိုင်မြေပိုင်ရှင်ဖြစ်သူ စက္ကူစက်ပိုင်ရှင် ဦးဗိုလ်ထွန်းဟာ သူ့ ရဲ့  အလုပ်သမား ကုလားမလောက် မြေကွက်တောင် မရရှိခဲ့ ရပါဘူး ။ ဒီတော့ ဒါတွေဟာ စစ်အစိုးရရဲ့  လက်အောက်မှာ ပြည်သူတွေ ခါးစည်းခံခဲ့ ရတဲ့  သဘောဖြစ်တယ်လို့  မှတ် ယူပြီး မိသားစု ဘ၀ပျက်လောက်အောင်အထိ စီးပွါးရေးပျက်စီးကာ ရန်ကုန်ကို ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရပါတော့တယ် ။ အဲဒီကုလား-ရခိုင်အဓိကရုဏ်းကြောင့်ဘဲ ဦးဗိုလ်ထွန်းဟာ -၅-ည နဲ့  အဖမ်းဆီးခံခဲ့ ရပြီး ထောင်-၆-လ ကျခံခဲ့ ရပါတယ် ။ မီးလောင်လို့  မိမိတို့  စီးပွါးရေး အဆောက်အဦတခုလုံး ပြာကျသွားတဲ့ အခါ မီးမငြိမ်းသတ်နိုင်ဘဲ ထောင်ထဲကို ဖမ်းဆီးပို့ ပေးပြီး အပြစ်မဲ့  ခံခဲ့ ရတာကို ဗုဒ္ဒဘာသာတရားတော်အလိုအရ ကြည့်ရင် ကုသိုလ်ကံနည်းလို့ သာ မှတ် ယူခဲ့ ပါတယ် ။ ၁၉၈၈-ခုနှစ် ၈-လေးလုံးအရေးအခင်းကာလ စစ်တွေမြို့  ထောင်ခါတဲ့ အခါမှာလဲဘဲ ဦးဗိုလ်ထွန်းဟာ ထောင်ထဲမှာ -၅-ညနဲ့  အဖမ်းဆီးခံနေရလို့  အကျဉ်းသားများကို ဘေးမသီရန်ခရအောင် ထောင်တွင်းမှ ဆောင်ရွက်ပေးခဲ့ တဲ့  ပုဂိုလ်တဦးဖြစ်ပါတယ် ။

အခုတော့ မြန်မာနိုင်ငံတော်က ပြောင်းလဲ လာနေပြီ ဖြစ်တဲ့ အတွက် အခုအချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒုတိယအကြိမ် မီးလောင်မြေ ဖြစ်နေတဲ့  စက်ရုံစု ရပ်ကွက် ( ယခင်နာဇီရပ်ကွက် ဈေး ) ကို သမ္မတဦးသိန်းစိန်က နစ်နာသူများကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ သတင်းကြားရပါတယ် ။ ဒီသတင်းကြောင့် ဦးဗိုလ်ထွန်းက တကယ်မူလဘိုးဘွားပိုင် မြေပိုင်ရှင်ဖြစ်တဲ့ အတွက် စစ်အစိုးရရဲ့  လက်ထက်က ဆုံးရှုံးနစ်နာသွားခြင်းကို တရားဥပဒေစိုးမိုးရေးအရ တရားဥပဒေနဲ့ အညီ ပြန်လည်စစ်ဆေးပြီး မူလမြေပိုင်ရှင်ဖြစ်တဲ့  အတွက် အသနားခံစာ တစောင်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တင်ပို့ လိုက်ပြီလို့  သိရပါတယ် ။ စစ်အစိုးရလက်ထက်က လုပ်ချင်ရာ လုပ်နေခဲ့ ကြတဲ့  အခုလို ပြသနာမျိုးစုံကို တရားဥပဒေအရ နစ်နာသူများကို မနစ်နာရတော့အောင် ပြည်သူချစ်သော သမ္မတကြီး တဦးအနေနဲ့  သက်ညှာစွာ ဆောင်ရွက်ပေးစေလိမ့်လို့  ဦးဗိုလ်ထွန်းက ခံယူနေပါတယ် ။

ဦးဗိုလ်ထွန်းရဲ့ လိပ်စာက အမှတ် ( ၆ ) -၅-လွှာ- သုဓမ္မာလမ်း-အထက်ကျောက်မြောင်းကြီးရပ်ကွက် -တာမွေမြို့ နယ်-ရန်ကုန်တိုင်းဒေသကြီး -လက်ကိုင်ဖုံး- ၀၉၈၅၂၂၃၅၀ -ဖြစ်ပါတယ် ။ ဦးဗိုလ်ထွန်းက မိအေးနှစ်ခါ နာသလို ပထမတကြိမ် မူလမြေပိုင်ရှင်ဘ၀ကနေပြီး ဘ၀ပျက်သွားရသလို အခုတခါလဲဘဲ ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေကွက်တွေကို ကုလားလက်ထဲ ပေးခဲ့ ကြရင် ဒုတိယအကြိမ်အဖြစ် နာကြရပြီမို့ လို့  ပြောလာတဲ့ အတွက် ကြောင့်မို့  အချိန်မှီ သတိပေးလိုက်ရပါတယ် ။ ဒါကြောင့် -၂၀၀၂- ခုနှစ်က ဒုတိယဗိုလ်မှူးကြီး ဘုန်းဆွေတို့  ဆုံးဖြတ်ချက်ကို ပြန်လည်ပြုပြင်ပြီး မူလဘိုးဘွားပိုင် မြေပိုင်ရှင်သူဖြစ်သူတွေကိုသာ အမြန်ဆုံး မနစ်နာရအောင် စိစစ်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း တင်ပြလိုက်ရပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

1 ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။

ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှ ယုတ်လျှော့ဖွယ် မရှိဟု ထပ်ဆင့်စုံစမ်းသိရှိရသည်။

ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ဖော်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဦးကျော်ဆန်းသည်လမ်းစဉ်ပါတီခေတ်ကည်းကသတင်းစာပညာတော်သင် စေလွှတ်ခံရသူတစ်ဦးဖြစ်ကြောင်း ပြန်ကြားရေးနှင့် ဦးကျော်ဆန်း က ခေသူတစ်ယောက်မဟုတ်ကြောင်း လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားခဲ့ဖူးသည်။

“ဒေါ်စု လွှတ်တော်တက်တဲ့ သတင်းပုံကို အခုပြည်သူတွေ ညတိုင်းစောင့်ကြည့်တယ် စက္ကန့်ပိုင်းလောက်ပဲ ဒေါ်စုကိုမြင်ရလို့ ဦးကျော်ဆန်းကို ပြည်သူတွေ မေတ္တာပို့သံ ညတိုင်းကြားရတယ်” ဟု ကြည့်မြင်တိုင်မြို့နယ်မှ ၈၈မျိုးဆက်တစ်ဦးက ဆိုသည်။

ဦးကျော်ဆန်း တော်သည်၊ မတော်သည်ကိုမသိကြောင်း ယခုသမ္မတ ဦးသိန်းစိန်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များသည် ဦးကျော်ဆန်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် အာဃာတတရားကြောင့် ပြည်သူများ သိသင့်သလောက်မသိရကြောင်း ဒေါ်အောင်ဆန်း စုကြည်ပုံရိပ်ကို နှိမ့်ချထားလိုသည့် ဦးကျော်ဆန်း၏ ဆန္ဒကြောင့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သမ္မတကြီး၏ လှုပ်ရှားမှုပုံရိပ်များ ပျောက်ကွယ်နေရ ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

MP(Yangonchronicle)

2 ““ ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး ””

ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။

လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။

အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး "ကျွန်တော့သားလေးရဲ့ အသက်ကို ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ် စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင် လိုက်ရပါတယ်။

ဒါနဲ့ လေယာဉ်မှူးကြီးက ဘာဖြစ်တာ ပါလဲဆိုပြီး စုံစမ်းမေးမြန်း လိုက်တဲ့အခါ ဆိုင်ကယ်အက်ဆီးဒင့် ဒဏ်ရာများကြောင့် သတိမေ့ မြောနေတဲ့ အရေးပေါ် လူနာတစ်ဦးဖြစ်ပြီး ထားဝယ်-ရန်ကုန် ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လိုက်ချင်ပေမယ့် အရေးပေါ်ဖြစ်နေ တဲ့ အတွက် လက်မှတ်မ၀ယ်ရသေးလို့ အခက်အခဲဖြစ်နေတဲ့ လူနာရှင်မိသားစု လို့ သိလိုက်ရပါတယ်။

ဂလူးကို့စ်ပိုက် တန်းလန်းသွယ်ထား တဲ့ မေ့မြောနေတဲ့သားငယ်ကို ပိုက်ထား တဲ့ အဖေဖြစ်သူက လေယာဉ်မှူးကြီးကို "ကပ္ပတိန်ကြီး လေယာဉ်နဲ့ လိုက်ချင်လို့ ပါ"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ သားသမီး အပေါ် စိုးရိမ်ဝမ်းနည်းမှုငိုသံစွက်နေတဲ့ အသံနဲ့ သနားကရုဏာ သက်ဖွယ် အကူ အညီ တောင်းခံလာပါတယ်။
စေတနာကရုဏာရှင် ကိုယ်ချင်းစာ စိတ်ပြည့်ဝသူ လေယာဉ်မှူးကြီး ဦးသန်း ထွေးက ရင်ထဲကဖြစ်လာတဲ့ ကူညီချင်စိတ်နဲ့ လူနာကောင် လေးမိသားစုကို မဆိုင်းမတွဘဲ အကူအညီပေးဖို့ စတင် ဆောင်ရွက်ပါတော့တယ်။

လက်မှတ် မ၀ယ်ရသေးလို့ စိတ်ပူပန်နေတဲ့ လူနာရှင်မိဘကိုလည်း လက်မှတ်ကိစ္စ စိတ်မပူပန်ဖို့ ပြောပါတယ်။ ဒီလက်မှတ်ကို ရန်ကုန် ရောက်မှ စီစဉ် နိုင်ကြောင်းပြောပြီး လေယာဉ်မှူး ဦးသန်း ထွေးနဲ့ တွဲဖက်လေယာဉ်မှူး ဦးမင်းလွင် တို့ဟာ သတိမေ့မြောနေတဲ့ ကလေး ရဲ့ အသက်ကို အချိန်မီကယ်နိုင်ဖို့ ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးကနေ ခွဲစိတ်သမားတော် ဆရာဝန်ကြီးရဲ့ ဆေးထောက် ခံစာနဲ့ လူနာရှင်မိသားစု လေးဦး ရယ်၊ ဆရာမ ဒေါ်စုစုထွေးတို့ရဲ့ နာမည် စာရင်းတို့ကို မှတ်သားစေပြီး လေယာဉ်ပေါ် အမြန်တက်စေ ခဲ့ကာ ထားဝယ်- ရန်ကုန် ခရီးစဉ်ကို အန္တရာယ်ကင်းကင်း မြန်ဆန်စွာ ပျံသန်းမောင်းနှင်ခဲ့ပါ တယ်။
ထားဝယ်မြို့ကနေ ရန်ကုန်ကို တစ်နာရီအတွင်းရောက်ရှိခဲ့ပြီး သတိ မေ့မြောနေတဲ့ လူနာကောင်လေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို အချိန်မီ ပို့သဆေးကုသနိုင်ခဲ့ပါတယ်။

ထားဝယ် မြို့ လေဆိပ်ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်လေးကို မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ခရီးသည်တွေနဲ့ ထားဝယ်မြို့ခံတွေ၊ လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်မှူး ဦးသန်းထွေးရဲ့ လူသားအချင်းချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီ ပေးခဲ့တဲ့မြင်ကွင်း ကို အံ့ဩချီးမွမ်းမဆုံး ထားဝယ်မြို့တစ်မြို့လုံး ပြောမဆုံးဖြစ်ခဲ့ ရပါတယ်။

ဒီသတင်းလေးက ထားဝယ်မြို့မှာတင် မဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာလည်း စာရေးဆရာ ထားဝယ်သွေးရဲ့ "ဘ၀ တစ်ကွေ့ အတွေ့အကြုံ" မှာ 'အံ့ဩ ချီးမွမ်းဖွယ် လေယာဉ်မှူး' အဖြစ်လည်း ဂုဏ်ပြုချီးမွမ်း ရေးသားဖော်ပြခဲ့ တာမို့ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်က လည်း ဖတ်ခဲ့သိခဲ့ရတယ်လို့ လေယာဉ်မှူး ကြီးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။
"ပိုက်တန်းလန်းနဲ့ကလေးကို သူ့အဖေ က ပွေ့ပြီး လေယာဉ်ကွင်းထဲကို အူယား ဖားယားနဲ့ ပြေးလာတာကို မြင်လိုက်ရ တဲ့အချိန်မှာ ဦးကဘာများဖြစ်လို့ပါလဲ ဆိုပြီး စုံစမ်းလိုက်တော့ 'ကလေးက ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ရောက်လာ တာ၊ အဲဒါ လေယာဉ်လက်မှတ် တော့ မ၀ယ်ရသေးဘူး၊ လေယာဉ်နဲ့လိုက်ချင် လို့ပါ ရမလား' လို့ မေးတော့ ဦးက 'လိုက်လို့ရပါတယ်ပေါ့' အရေးပေါ်ကိစ္စ ဆိုတော့ ဒီလိုပဲ နားလည်ပေးရမှာပဲ လေ၊ လေယာဉ်လက်မှတ်က ဘယ်မှာ ၀ယ်ဝယ်ရတယ်။

"လက်မှတ်ကိစ္စကို နောက်မှပဲစီစဉ် တော့ ကလေးက အချိန်မီရောက်ဖို့ အရေးကြီးတယ်ဆိုပြီး သူတို့ကို လေ ယာဉ်ပေါ်ခေါ်နိုင်အောင် အရင်စီစဉ်ရ တယ်။ Rules & Regulations အရ ဆိုရင်တော့ ဒါခေါ်လို့မရဘူးပေါ့။ ဒါပေ မယ့်လည်း ဒါကအရေးပေါ်လူနာဖြစ်နေ တဲ့အတွက် သူ့အရေးပေါ်အခြေအနေ ကို ဦးကူညီပေးနိုင်လို့ ကူညီပေးခဲ့တာပါ။ ပြီးတော့ ဒီလိုကူညီပေးလိုက်လို့လည်း တခြားခရီး သည်တွေကို စိတ်အနှောင့် အယှက်မဖြစ်စေဘူးဆိုတော့ သူ့အချိန် နဲ့သူ အချိန်မီရောက်သွားတော့ ဦး ကုသိုလ်ရတာပေါ့" လို့ ဦးသန်းထွေးက ဆိုပါတယ်။
"ဦးတို့အလုပ်က ခရီးသည်တွေ လိုရာ အရပ်ကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ရောက်စေချင်တဲ့ ရည်ရွယ်ချက်။ ဒါ လေယာဉ်မှူး တိုင်းရဲ့တာဝန်။ အဲတော့ ဒီလူနာကလေးလည်း အချိန်မီရောက် သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရလို့ ဦးအနေနဲ့ ၀မ်းသာ မိပါတယ်။ အခုလို ဦးတတ်နိုင်သလောက် ကူညီခဲ့ရ တဲ့အတွက်ကော၊ ပြီးတော့ ဦးကူညီခဲ့တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက် ကော တကယ်ကို ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ ပီတိဖြစ်ရပါတယ်" ဟု ဦးသန်းထွေး က သူ့ခံစားချက်တွေကို ပြန်လည်ပြောပြခဲ့ပါ တယ်။
လေယာဉ်မှူးကြီး ဦးသန်းထွေးရဲ့ ပင်ကိုစိတ်ထားက လူတစ်ဖက်သားကို ကူညီရိုင်းပင်းလိုစိတ်ရှိသူတစ်ဦးဖြစ်ပြီး အများက အားကျ ဖွယ် တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်စွာ နေထိုင်တတ်တဲ့ မိသားစုကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါ တယ်။
ဦးသန်းထွေးဟာ မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် တတိယမြောက် သားဖြစ်ပြီး မိမိအထက် အစ်ကိုအစ်မ များအပေါ် ရိုသေ လေးစားမှုရှိသကဲ့သို့ မိမိအောက် ညီ၊ ညီမများ အပေါ်လည်း သနားကြင်နာစွာ အလျှော့ပေး ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ငါးဆယ် ကျော်ဆိုပေမယ့် အခုချိန်ထိ အလုပ်ကို တက်တက်ကြွကြွနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လျက် ရှိပြီး ၁၉၇၉ ခုနှစ်က စပြီး တပ်မတော်လေတပ်မှာ တပ်မတော် လေယာဉ်မောင်းခဲ့သူတစ်ဦး ဖြစ်ပါ တယ်။

တပ်မတော်လေတပ်မှာ ခြောက် နှစ်တာ လေယာဉ်မောင်းခဲ့ပြီး လေယာဉ်နည်းပြဆရာသင်တန်းတက်ခဲ့ကာ လေယာဉ်နည်းပြအဖြစ် လေးနှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်မှာတော့ မင်္ဂလာဒုံလေတပ် မှာ ဖော်ကာလေယာဉ် မောင်းခဲ့ပါသေး တယ်။ အင်ဂျင်လေးလုံးတည်းနဲ့ မောင်းရ တဲ့ ၀ိုင်အိက်စ်လေယာဉ်မျိုးတွေလည်း မောင်းခဲ့ဖူးသူပါ။
၁၉၉၈ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် မိတ္ထီလာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှူး၊ အုပ်မှူးများအဖြစ်လည်း တာဝန် ယူခဲ့ရတယ်လို့ ဆိုပါ တယ်။
အဲနောက်မှာ လေယာဉ်မှူးသင်တန်း နည်းပြဆရာ အဖြစ်လည်း အက်ဒမင်လုပ်ခဲ့ရပါသေး တယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြန်မာ့ လေ ကြောင်း ကိုပြောင်းကာ လေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ မြန်မာ့လေကြောင်းမှာ 'မြန်မာ့ လေကြောင်း လေ့ကျင့်ရေးနည်းပြချုပ်' အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း သိရပါတယ်။

ရေးသားသူ-သီဟတိုး
မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

0 အဆိပ်ပင် ရေလောင်း၊ အကြောင်း က အကုသိုလ်၊ အကျိုးက သူ.ဒဏ်ထမ်းခြင်း

မြန်မာပြည်ထဲနဲ. အနောက်နိုင်ငံတွေမှာ နေတဲ.သူတွေထဲက (အရေအတွက်များလွန်းတဲ. ကွန်ယက် များမြောင်တွေ ထဲ မှာ) ပညာရှင်တွေလိုလို၊ အာကာသဓါတ် ဆရာများလိုလို၊ ဘာသာမဲ.များလိုလို၊ အချို.ကလည်း ဘာမှ မစွက် ဘာသာရေးကိစ္စုတွေလိုလို၊ အနုအလှခံစားနည်းသင်တန်းတွေလိုလို၊ စေတီပုထိုးသမိုင်းရေးအုပ်စုလိုလို နဲ. အတွေးအခေါ်လမ်းကြောင်း မချော်ချော်အောင်တမင်လုပ်နေတဲ. သူတို. ဂိုဏ်းသားတွေ ရှိပါတယ်။ တစုံတခု ကို မဖုံးမကွယ် စေတနာမှန်ရှိတယ်ဆိုရင် အမယ်များ၊၊ အာရုံများ၊ လူများ၊ စကားများ၊ ၀င်ကစားနေကြပေမဲ. --နံမယ်တွေ၊ ခေါင်းစဉ်တွေသက်သက်မှာ ဘာအပြစ်မှမရှိသလို ၊ဘာဖြစ်စဉ် ဘာရလဒ်မှလည်း ရှိလာမှာ မဟုတ်ပါဘူး။ ငါးသိုင်းများ ဟင်းဟုန်တတ်ပါတယ်။

ဒါပေမဲ. လုပ်နေတော. ကွန်ယက်၊ နှလုံးသားမှာ တော. အာဏာရှင်ကြီးပွား အဒွန်.ရှည်ရေး၊ ရေးသမျှ စာလုံးတိုင်းမှာ စစ်အစိုးရကို ပဲ အများပြည်သူဖက် က အမြဲ ခေါင်းသျှို ပြီး ရိုရိုသေသေ ဒူးထောက်နေရမယ်၊ မိမိတို.ရရမဲ. အခွင်.အရေးတွေ ကိုလုံးဝ ပြဿနာမရှာပဲ သူတောင်းစားတောင်းသလို ၅ပြား ၁၀ပြား နဲ. တဖြည်းဖြည်းပဲ တောင်း ယူကြပါဆိုတဲ. အယူအဆ နဲ.ဆို---ဒါတွေဟာ တဖက်သတ်ဆန်လွန်းတယ်။ ဆွဲဆောင်မှု မပါနိုင် တဲ. ဇတ်နိမ်. မီဒီယာ ဟန်ပြ ၀ါဒရေးရာတွေ သာဖြစ်တယ်။၊ အချိန်တွေ အလကားဖြစ်စေတဲ. အကာလုပ်ငန်းတွေ သက်သက်သာဖြစ်တယ်၊

မှန်မှန်ကန်ကန် ရေးကြမယ်။ စာတွေရေးကြမယ်။ စိတ်နဲ. အတွေးအခေါ် အဆင်.အတန်းတွေ ကို မိမိ တို.စာတွေ လုပ်ရပ်တွေ နဲ. သက်သေပြုကြမယ်။ စာရေးဝါသနာပါတဲ. အကျင်. လေးတွေက က ဘယ်သူ.မှာ မဆို အလွန်နှစ်သက်စရာ ကောင်းတယ်။ သို.သော် လူအချို. ရဲ. ဂိုဏ်းအတ္တစွဲကြီးမှု၊ ဟန်ဆောင်မှု၊ မုသာဝါဒနဲ. ရည်ရွယ်ချက်မဲ. ကြမ်းတမ်းမှု ဒါတွေကို ကွန်ယက်တွေ နဲ. ဖုံးကွယ်ထားလို.မရဘူး။ စက်ဆုတ်စရာ အပြည်. ဖြစ်နေတဲ.အချို. ကွန်ယက်တွေမှာ ဇတ်နိမ်.မီဒီိယာ သမားတွေ အနေနဲ. မြက်ခင်းသစ် စတိုင်ကိုသာ ပျော်ပျော် ကြီး နွှဲနေကြပြီ ၊ မမှန်သော၊ကြမ်းတမ်းသော စကားများ ၊အလုပ်များ ကို ပြုမှသာ သာ သူတို.စားဝတ်နေရေးအာမခံချက်ရှိဟန် မျိုးဖြစ်ပါတယ်။ ဘင်ဂါလီ ကိစ္စ က ရခိုင် လူမျိုးတွေ မြန်မာတွေကို စိတ်ပင်ပန်းစေတယ်။ သူတို. ဘာတွေ လုပ်နေကြပါသလဲ။

ဒီလို တမင်ဖြစ်စေတဲ.သူတွေ မှာ တူသောအကျိုးတွေဖြစ်လာ လိမ်.မယ်လို. မျှော်လင်.ရတယ်။ အစိုးရကို မကြိုက်ကြသော်လည်း အများစုက မှန်သည်.ဖက်မှာ သာ ခိုင်ခိုင်ရပ်ပြီး ၊ ကိုယ်.၀မ်းစာ ကိုယ်ရှာစားပြီး တိုက်ပွဲဝင် ပေးကြမှာဖြစ်တယ်။ အစိုးရကို ကာကွယ်တယ်ဆို တာထက်၊ အားနည်းနေတဲ.ကိုယ်.နိုင်ငံအတွက် ၀င်ခံစားရပ်တည် ပေးနေကြတာဖြစ်တယ်။ (အိမ်ကျယ် အစိုးရက အပြင်ကမ္ဘာနဲ. ဆက်ဆံရေးမှာ အားနာပြီး အလုပ်သိပ်မဖြစ်တဲ.အတွက် ထွက်ရဲသူတွေ အားလုံး လမ်းကျယ်တွေ ဖြစ်အောင်လုပ်ထားရမယ်။)

အစိုးရကိုဝေဖန် ဆန်.ကျင်ကြသူများ လို. အကြမ်းဖျင်းပြောကြတဲ. အခါ၊ ဘာကြောင်. ဘယ်လို ဆန်.ကျင်နေကြသလဲဆိုတာကို မိုက်မိုက်ရိုင်းရိုင်း အပြစ်တင်ချင်သူတွေ တချက်စဉ်းစားဖို.ကောင်းပါတယ်။ နိုင်ငံတိုင်းမှာ အပြတ်အသတ် ပွဲတွေ ရှိကြတယ်။ ၈၈၈၈ ဟာပေးလိုက်ရတဲ. အဖိုးအခကြီးလွန်းတယ်။ ဒါပေမဲ. သူတို.ခုတ်လှဲထားတဲ.သစ်ပင်က အလုပ် အချို.အတွက် အတက်အချို.ပြန်ထွက်နေပြီလို. ခံစားရတယ်။ ဒီ တခါထွက်လာတဲ. အညွန်. က လဲနေတဲ. သစ်ပင် တနေရာရာ ကပဲ။ ခေါင်ကတော. မဟုတ်လောက် နိုင် ဘူး။ ဒါက သဘောတရားတွေက ထွက်လာတဲ. အညွန်.လဲ မဟုတ်ဘူး။ မတရားမှုနဲ. ဆင်းရဲ ဒုက္ခတွေ မြန်မာပြည်က နေရာတိုင်းမှာ အပြည်.၊ ဒါကိုပဲ ကြည်.မှန်တချပ်လို လို ကြည်.နေတတ်သူတွေ မှာ ဒါပဲ မြင်စရာ သိစရာ ရှိတယ်။ ခေါင်းပေါင်းဝတ်လွှတ်တော် မှာတော. ဆင်း ရဲ မရှိဘူး။ မုသာဝါဒီတွေ ပဲ ကြီးစိုးနေတယ်။

အစိုးရက အာရုံအသစ်တွေ ပေးတတ်တယ်။ ၂၀၀၈ က စ လို. ၂၀၁၁ နဲ. ၂၀၁၂ အတွင်းမှာ စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ.တယ်။ လက်ငင်း အကျိုး မပေးတဲ. အာရုံသစ်တွေ လို.ပြောရင် ပိုမှန်မယ်။ လူ အနည်းငယ် အတွက်တော. အပြောင်းအလဲ တွေ ဖြစ်လာတယ်။ ရသလောက် ပဲ (တခြားရွေးစရာမရှိလို.) ယူခဲ.ရသူတွေ အတွက် ခပ်ခါးခါး အခွင်.အရေးတွေ လည်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ. အာရုံအသစ်တခုရတိုင်း အပြောင်းအလဲ များတဲ. အကျင်.ရှိတဲ. အတိုက်အခံ ကို သာ အစိုးရ က အပြုံးမပျက် ဆက်ဖိထားနိုင်ပါတယ်။ အာရုံအသစ်ဆိုတာကလည်း ၂မျိုးရှိပါတယ်။ အချို.လူတွေ က မိမိဖက်ကတခုခုရနိုင်တဲ.၊အားသာချက်များပါတဲ.၊ အပေါ်စည်းကိစ္စ တွေ ၊ အခွင်.အရေးကောင်းတွေ မှာ လိုက်သဘောတူပေးတတ်တယ်။ အချို.လူတွေက မိမိဖက်ကဆုံးရှုံး နိုင်တဲ. အားသာချက်နည်းတဲ. အောက်စည်းကိစ္စတွေ ၊ အခွင်.အရေးဆိုး တွေ မှာ ပဲ လိုက် တိုက်ပွဲဝင်ကြတယ်။

ဘာအာရုံ ပဲပဲ ဖြစ်ဖြစ် လူတွေ ကို အလုပ်များစေတာကတော.အမှန်ပဲဖြစ်ပါတယ်။ တခုခုရနိုင်ဖို.၊ အခွင်.အရေးကောင်း တွေမှာ လိုက်နေတဲ.သူတွေ ရှိသလို၊ တဖက်မှာလည်း တခုခု ဆုံးနိုင်တဲ. အခွင်.အရေးဆိုးတွေ မှာလိုက်နေသူတွေ ရှိနိုင်ပါတယ်။ (အနောက်နိုင်ငံတွေက အကြမ်းဖက်သမား တွေ ဆိုတာ ဒီ လို အကွက်မျိုးတွေနဲ. တချက်ထဲ အသက်များစွာကို ယူခဲ.တယ်) ။

အခွင်.အရေး တွေ ကြောင်. မှားနေတဲ.သူတွေကို မျက်စ်မှိတ် ထောက်ခံ အသေကာကွယ်ပေးမဲ.သူတွေ သိပ်များလာရင်လည်း နိုင်ငံအတွက် ကြောက်ဖို.ကောင်းတယ်။ တဖက်မှာလည်း ခံရတာတွေက ထကြွမှု တွေ ဖြစ်လာပြီး၊ မှားမှားမှန်မှန် ကန်.ကွက်မှုမှန်သမျှကို လုပ်နေကြအရာတခုလို မျက်စိမှိတ်၊ လိုက်သဘောတူပေးမဲ. သူတွေ၊ ပျော်ပျော် ကြီးဖီဆန်ပေးမဲ.သူတွေ၊ အသေ ဆန်.ကျင် ခြေကန်ထားမဲ.သူတွေ သိပ်များလာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ.ရင် တည်နေဆဲ စနစ်အတွက် သာမက အားလုံးအတွက် ကြောက်ဖို.ကောင်းပါတယ်။

အများပြည်သူ တိုက်ရိုက်အကျိုးရမဲ. အပြောင်းအလဲအစစ်တွေကို အားလုံးက ရေငတ်သလိုတောင်.တ နေရတဲ.အခါမှာ ဘယ်သူမှကြောင်.ကြမဲ.မနေသင်.ဘူး။ ရှေ.နောက်ကြည်.ပြီး ကောင်းမွန်စွာ ဇတ်ပေါင်းကြမယ်ဆို တာ မဖြစ်နိုင်တဲ. အရာ လို. ဆစ်ဂနယ်ပေး လာကြရင် ဖီဆန်တဲ.သူတွေ ဘာကြောင်.ဖီဆန်နေကြတယ်ဆိုတာကို သူတို.ဖက်က အားထုတ်ပြီးနားလည်ပေးသင်.တယ် ။

ဒီမိုကရေစီမှာ အာဏာရှင်တွေကိုပဲ ဆက် နှလုံးသွင်း အားထားရမယ်ဆိုတဲ. လမ်းကြောင်းကို မည်သူမှ လက်ခံမှာမဟုတ်ပါ။ လွှတ်တော် အတွင်း အပြင် ၂ရပ်လုံးက ဒီမိုကရေစီရဲ.တာဝန်ကို မကျေဖူးဆိုရင် ဘာမှဖြစ်မလာတဲ.ကာလတခု အပြီးမှာ ဆန်.ကျင်မှုအကြီးစားကြီး တခုဖြစ်လာပါလိမ်.မယ်။ အားလုံး အလုပ်ဖြစ်အောင် တွေးထားကြဖို.လိုပါတယ်။ .

လူအချင်းချင်း နှိပ်စက် မတရားပြုထားသောသူတွေ ကို အထင်ကြီး၊ ကိုးကွယ် ဒေါက်တိုင်ခံပေးသောသူ အားလုံး၊ အမြန်ဆုံးကျဆုံးပါစေ။

by Aye Aye Soe Win

Friday, August 10, 2012

0 မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်

Photo..The voice weekly
မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association - MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ၁၁ သြဂုတ် ၂၀၁၂ စနေနေ့နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MJA ညီလာခံသို့ ပြည်နယ်/တိုင်းဒေသကြီးများမှ ညီလာခံကိုယ်စားလှယ်များနှင့် MJA ဖြစ်မြောက်ရေးကော်မ
တီဝင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၁ ညီလာခံတွင် MJA ဗဟိုဦးစီးအဖွဲ့ဝင် ၅၅ဦးကို ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး ယင်း ၅၅ ဦးအနက် ပြည်နယ်/တိုင်း သတင်းစာဆရာအသင်း ဥက္ကဌ ၁၄ ဦးကို ဗဟိုဦးစီးအဖွဲ့ဝင်များ အဖြစ် အလိုအလျောက် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ ကျန် ၄၁ဦးနေရာများအတွက် ညီလာခံ ကိုယ်စားလှယ်များက လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်ကြရမည်ဖြစ်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ပြီးသည့်အခါ ယင်းတို့အထဲမှ ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးကို ဗဟိုဦးစီးအဖွဲ့ဝင်များက ဆက်လက်ေ၇ွးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံ၏ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းထား ကြောင်း သိရပြီး ကော်မရှင်ဥက္ကဌအဖြစ် ဦးကိုနီ (မောင်ကိုနီ၊ တရားရုံးချုပ်ရှေ့နေ)၊ အတွင်းရေးမှူး အဖြစ် ဒေါ်နန်းကလျာဝင်း (ငွေသော်တာ)နှင့် အဖွဲ့ဝင်များအဖြစ် ဦးဖေမြင့်၊ ဦးမောင်မောင်အေး (မောင်ဟေမာ)၊ ဦးမျိုးအောင် (ပြည့်စုံစာပေ) တို့က ဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း သိရသည်။

MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ရုံးချိန်အတွင်း MJA ရုံးအဖွဲ့ ၀၉၄၂၁၀၉၄၆၅၉ သို့မဟုတ် ဦးဖိုးနိုင်လင်း အတွင်းရေးမှူးအဖွဲ့ ၀၉၇၃၁၃၇၄၈၉ သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

ပြည်သူ့ခောတ်ဂျာနယ်

0 ပိုဆိုးလာသော မူးယစ်ဆေးဝါးပြဿနာနှင့် မြန်မာနိုင်ငံရင်ဆိုင်နေရ(Myanmar Facing Worsening drug Problem)


(Radio Netherlands Worldwide မှ 8 Aug 2012 ရက်စွဲပါ “Myanmar Facing Worsening drug Problem” သတင်းကို ဘာသာပြန်ဆိုသည်။)

ဇူလိုင်လအတွင်းက အင်ဖက်တာမင်းဆေးပြား ၁.၄ သန်းကျော်နှင့် ဟီးရိုးအင်း ၁၁၆ ကီလိုဂရမ် အပါအ၀င် မူးယစ်ဆေးဝါး အမြောက်အများ သိမ်း ဆည်းရမိပြီး နောက်တွင် အာဏာပိုင်များက မြန်မာနိုင်ငံသည် ပိုမိုဆိုးဝါးလာသော မူးယစ်ဆေးဝါးနှင့် ရင်ဆိုင်နေရကြောင်း ဗုဒ္ဓဟူးနေ့က သတိပေး ပြောဆို လိုက်သည်။ မူးယစ်တပ်ဖွဲ့မှ အမည်မဖော်လိုသော ရဲအရာရှိကြီးတစ်ဦးက “ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အရမ်းကို အန္တရာယ်ကြီး နေပါပြီ။ ဒီပြဿနာဟာ ပိုပြီးဆိုးလာပါတယ်။ ၂၀၁၄မှာ မူးယစ်ဆေးဝါး ကင်းစင်သွားဖို့ ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ကြွဆေးပြား ပြဿနာ ရှိနေတဲ့အတွက် ကြောင့် ဘိန်းကင်းစင်တဲ့ဇုန်ုပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

ဇူလိုင်လ အတွင်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မှုခင်း ၃၄၂ မှုရှိခဲ့ပြီး သံသယရှိသူ ၄၇၃ ဦး ဖမ်းဆီးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဗုဒ္ဓဟူး နေ့တွင် သတင်းထုတ်ပြန်သည်။ စိတ်ကြွဆေးပြား အများစုကို နိုင်ငံအရှေ့ပိုင်းနယ်စပ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သော်လည်း ရန်ကုန်မြို့တော်အထိ သုံးစွဲမှုပျံ့ နှံ့နေပြီ ဟု ၎င်းရဲအရာရှိက ဆိုသည်။

“ဒီဆေးပြားတွေကို အလွယ်တကူ ၀ယ်လို့ရနိုင်ပါတယ်။ ဒါဟာ မူးယစ်တိုက်ဖျက်ရေး အာဏာပိုင်တွေအတွက် အလွန်ကြီးမားတဲ့ ပြဿနာပါ။ နည်း ပညာရင်းမြစ်၊ လူသားရင်းမြစ်၊ ကိရိယာရင်းမြစ်တွေ ချို့တဲ့မှုကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အားနည်းသွားစေပါတယ် ” ဟု ၎င်းက သတိပေး ပြော ကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက ယင်းတို့၏ တပ်ဖွဲ့ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှတဆင့် ၀င်ငွေရှာဖွေကြရသော နယ်စပ် ဒေသများတွင် ဓါတုဆေးပြား ထုတ်လုပ်မှုနှင့် ဘိန်းစိုက်ပျိုးမှု ထွန်းကားလျှက်ရှိသည်။

မနှစ်က အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရက ယခုအခါ အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အပစ်ရပ် စာချုပ်များ လက်မှတ်ထိုးကာ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း နေပြီဖြစ်သည်။

ကာလများစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးနွံ့ထဲမှ နှေးနှေးကွေးကွေး ရုန်းထွက်နေရသော မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယ အများဆုံး ဘိန်းစိုက်နိုင်ငံဖြစ်နေသည်။

ရှမ်းပြည်နယ်သည် အင်ဖက်တာမင်း အဓိက ထုတ်လုပ်ရာ ဒေသဖြစ်သည်ဟု ပြောကြားသော ကုလသမဂ္ဂအဖွဲ့က ၁၉၉၈ခုနှစ် မှ ၂၀၁၀ခုနှစ် အကြား တစ်ကမ္ဘာလုံး စိတ်ကြွဆေးပြား သိမ်းဆည်းရမိမှု ပမာဏမှာ ၃ ဆ တိုးလာခဲ့သည်ဟု ခန့်မှန်းထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍ နာမည်ပျက်မှတ်တမ်းဝင်နေသော UWSA “၀”တပ်ဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ်တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရှင်းလင်းရန်အတွက် မြန်မာအစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တို့အကြား မေလက သဘောတူညီမှု ရရှိခဲ့သည်။
Yangon chronicle

1 ပြောရဦးမယ် . . . အဘစိန် ရေ (ကျော်သူ)


ပြောရဦးမယ် . . . အဘစိန် ရေ

၁၉၅၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်ထဲ မိခင်၊ ဖခင်တို့၏ နွေးထွေးမှု ပဲ့ပင် သွန်သင်ဆုံးမမှုတို့နှင့် ကြီးပြင်းလာရသည့် ကျွန်တော် … ၊ မိခင်၊ ဖခင်တို့၏နွေးထွေးမှု ရင်ခွင်အရိပ် အာဝါသထဲ ကြီးပြင်းလာရတဲ့ ကျွန်တော် … ၊ (၃) နှစ်သားအရွယ် ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထိုအချိန်အခါက မြန်မာပြည်တွင်ရှိ စက်မှု လက်မှုကုန်ပစ္စည်းများ (ပုပ္ပလိက စက်ရုံအလုပ်ရုံထုတ်ပစ္စည်းများ)မှာ ပြည်ပနိုင်ငံများမှ အထူးနှစ်ခြိုက် အားပေးခြင်း ကို ခံခဲ့ရသည်။ သို့သော် စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများသည် အများပြည်သူတို့နှင့်သာ သက်ဆိုင်သည် ဟူသော ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ၊ ရုပ်ရှင်ရုံများ စသည်တို့ကို သိမ်းဆည်းခြင်းခံခဲ့ရ သည်သာမက စက်ရုံအလုပ်ရုံပိုင်ရှင်များကိုပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်ခဲ့ရာတွင် ကျွန်တော်၏အဖိုး ဦးချစ်မောင် (ခေတ်အကြိုက် နိုင်လွန်စက်) ကျွန်တော်၏ဖခင်၊ ကျွန်တော်၏ ဦးလေးတို့ပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။
နုငယ်စဉ် ကာလဖြစ်သည်နှင့်အညီ ကျွန်တော်သည် ထိုအကြောင်းအရာများကို မသိရှိခဲ့ပါ။ ဖခင်၏ နွေးထွေးသော အရိပ်အာဝါသအောက်မှ လွတ်ကင်းခဲ့ရသည်မှာ (၁) နှစ်ခန့် ကြာမြင့်ခဲ့သည်။ မိခင်နှင့် အဒေါ်များ၊ ဦးလေးများ လက်ဝယ်ကြီးပြင်းလာခဲ့ကာ ပညာသင်ကြားခဲ့ရာ သက်တမ်းတစ်လျှောက် ဦးနေဝင်း လက်ထက်တွင် တရုတ်ဗမာအရေးခင်း၊ ဦးသန့်အရေးအခင်း စသည်တို့အား တွေ့ကြုံခံစားခဲ့ရသည်။ ယင်းကဲ့သို့ အရေးအခင်းများ၏ ဖြစ်ရပ်များကြောင့် မီးလောင်လွင်ပြင်များ၊ အော်ဟစ်ပြေးလွှားမှုများ၊ ပစ်ခတ်ဖမ်းဆီးမှုများ၊ ရိုက်နှက်ချုပ်နှောင်မှုများ သည် သိတတ်သည့်အရွယ်ကို ရောက်ပြီဖြစ်သော် ကျွန်တော့်၏ မျက်ဝန်းထဲ၊ နှလုံးသားထဲတွင် ဆိုးဝါးလှသည့် အနိဌာရုံမြင်ကွင်းများ ကိန်းဝပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။

ထိုမှ တက္ကသိုလ်သို့ရောက်ရှိ၍ ပျော်ရွှင်ဖွယ် ပညာသင်ကြားနေခိုက်တွင် ဘဝပေးကံတရားကြောင့်လားမသိ၊ ရေစက်ကြောင့်လားမသိ ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့် အိမ်ထောင်ကျကာ ဘွဲ့မရခင် နောက်ဆုံးနှစ်တွင် ရုပ်ရှင် သရုပ်ဆောင်အဖြစ် ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့ကြသည်။ ပညာရေးလည်း ဆုံးခန်းတိုင် ဘွဲ့မရ၊ ရှုပ်ထွေးလှ သည့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့ခြင်းအပေါ် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်နေသူ ဖခင်နှင့် မိခင်တို့မှ ကျွန်တော်၏ ဘဝလမ်းကြောင်း မယိမ်းမယိုင်ဖြစ်စေရန် အနုပညာလောကတွင်လည်း စည်းကမ်းရှိစွာဖြင့် ကိုယ်ချင်း စာစိတ်မွေးဖွားနိုင်ရန်အတွက် အနီးကပ်ကြီးကြပ်ပေးခဲ့သည်။ ကျွန်တော်သည် အိမ်ထောင်သည်တစ်ဦး၊ ဖခင်တစ်ဦး ဖြစ်နေပြီဖြစ်ပါသော်လည်း မိခင်၊ ဖခင်တို့သည် ကျွန်တော့်အား ကလေးသဖွယ် မိဘတို့၏ မေတ္တာလွှမ်းခြုံမှုကို ပေးနေမြဲဖြစ်သည်။ အနုပညာလောကတွင် ကျွန်တော်ကြုံတွေ့ခံစားခဲ့ရသော ပြဿနာပေါင်းစုံတို့အား ဖခင်ဖြစ်သူ အား တိုင်ပင်ခြင်း၊ အကြံပြုစေခြင်း၊ ရင်ဆိုင်ဖြေရှင်းပေးစေခြင်း၊ ဆွေးနွေးညှိနှိုင်းစေခြင်းတို့အား ကျွန်တော်သည် အသက် (၄ဝ) ကျော် ၂ဝဝ၇ ခုနှစ်အထိ ဖခင်ဖြစ်သူအား အကူအညီတောင်းလေ့ရှိသည်။ ဖခင်ဖြစ်သူမှလည်း ကျွန်တော်ကြုံတွေ့နေရသော အခက်အခဲပြဿနာပေါင်းစုံတို့အား အသေးစိတ်ညှိနှိုင်းဖြေရှင်းမှုကို ကျွန်တော်၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကာ အမှန်တရားဘက်မှ ရပ်တည်ဖြေရှင်းပေးခဲ့သော ကျေးဇူးရှင် ဖခင်တစ်ဦး လည်းဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင် ကျင်လည်နေစဉ်ကာလ ၁၉၈၈ ခုနှစ်၊ (ရှစ်လေးလုံး) အရေးအခင်း ဖြစ်ပေါ် လာစဉ် ကာလ၌လည်း အများပြည်သူဘက်မှရပ်တည်၍ ဆန္ဒတောင်းဆိုပွဲများ၊ ချီတက်ပွဲများ၊ ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားမှုပြုရန် ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့်လည်းကောင်း၊ ကျွန်တော်၏ အများပြည်သူပရိသတ်အပေါ် တိုင်းပြည်အပေါ်ကျေးဇူးဆပ်လိုသောဆန္ဒတို့ဖြင့် ချီတက်ဆန္ဒပြခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အ.ထ.က (၁)ဒဂုံ ကျောင်းတို့တွင် ဟောပြောပွဲစင်မြင့်ပေါ်သို့ တက်ရောက်ဟောပြောခြင်းတို့ကို (ရှစ်လေးလုံး) ကာလ၌ လုပ်ဆောင် ခဲ့သည်။ (ရှစ်လေးလုံး) အဆုံးသတ်လိုက်သော အချိန်ကာလတွင် စစ်ထောက်လှမ်းရေး၏ ခေါ်ယူစစ်ဆေး မေးမြန်း ခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ထိုအချိန်ကာလ၌ ဖခင်ဖြစ်သူသည် ကျွန်တော့်အား ခေါ်ယူစစ်ဆေးသည့် မင်္ဂလာဒုံ ထောက်လှမ်းရေး (၆) ရှိရာနေရာသို့ ကျွန်တော်နှင့်အတူ ထပ်ကြပ်မကွာ သားဇောဖြင့်လိုက်ပါခဲ့သည်။

ထိုကဲ့သို့သော ဖခင်တစ်ဦး၏ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် နွေးထွေးသော အရိပ်အာဝါသ အောက်တွင် ကြီးပြင်းလာရသည့်ကျွန်တော်သည် သား - ပြည်သိမ်းကျော်နှင့် သမီး - မြင့်မိုရ်ဦးတို့ တက္ကသိုလ် တက်ရောက်သည့်အချိန်ထိ မိဘနှင့်ပတ်သက်လျှင် ကလေးငယ်တစ်ဦးသဖွယ် ဖခင်ဖြစ်သူအား ဆက်ဆံနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ ကလေးငယ်သဖွယ် မိဘအုပ်ထိန်းသူတို့နှင့် တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ကြီးပြင်း လာသည့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်၌ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဘဘဦးသုခနှင့် ပူးပေါင်းကာ လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)အား မိခင်၊ ဖခင် ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒများ၊ ဇနီးဖြစ်သူ၏ ကုသိုလ်ရေးလုပ်ကိုင်လိုသော စိတ်ဆန္ဒ ပါရမီဖြည့်မှုများ၊ အများပြည်သူတို့ကို ကျေးဇူးဆပ်လိုသော ကျွန်တော့်၏မေတ္တာတရားများကြောင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စရပ်များအား စတင် လုပ်ကိုင်ခဲ့သည်။ ထိုမှတဆင့် နာရေးကိစ္စရပ်အပြင် ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးစသည့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် ပေးဆပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဖခင်၏ ယုံကြည်စိတ်ချရသော သားကောင်း တစ်ဦးအဖြစ် ကျွန်တော် ဘာသာရေး၊ လူမှုရေးကိစ္စများကို ထဲထဲဝင်ဝင် လုပ်ကိုင်နိုင်ခဲ့သည်။ မိမိကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ အနှောင့်အယှက်များ၊ အတိုက်အခိုက်များကို ကြံ့ကြံ့ခံကာ ရင့်ကျက်သော လူကြီးတစ်ယောက် အနေဖြင့် ဖခင်၏ လောင်းရိပ်အောက်မှထွက်၍ ရင်ဆိုင်နိုင်ခဲ့သည်။ ထိုသို့ ရင်ဆိုင်နိုင်ခြင်းမှာ မိခင်၊ ဖခင်တို့၏ ကျွန်တော့်အပေါ် ယုံကြည်မှု၊ မေတ္တာတရား၊ နားလည်မှုတို့အပြင် ကျွန်တော်၏ ကျင့်ကြံပေးဆပ်ခဲ့သောသီလ၊ သစ္စာတရားများ ကြောင့်ပင်ဖြစ်သည်။

ထိုမှ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး (သံဃာ့အရေးအခင်း) သံဃာတော်များ စီတန်း လှည့်လည် မေတ္တာပို့သမှုများ ပြုလုပ်သည့်အချိန်တွင် လူမှုရေး၊ ဘာသာရေးများကို လက်ခံကျင့်သုံး ဆောင်ရွက် နေသော လူမှုရေးသမားဖြစ်သည်နှင့်အညီ ကျွန်တော်သည် ရွှေတိဂုံစေတီတော်ရှေ့ဘက် ကြေးသွန်းဘုရားကြီး အရှေ့၌ နေပူပူ၊ မိုးထဲလေထဲ ထီး၊ ဖိနပ်မပါ မေတ္တာပို့သနေသော သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်း၊ ဇနီး ဖြစ်သူ ရွှေဇီးကွက်မှလည်း ရန်ကုန်မြို့ထဲ၌ သံဃာတော်များအား သောက်ရေ၊ လိမ်းဆေး၊ မျက်နှာသုတ်ပဝါများ ဆပ်ကပ်လှူဒါန်းခြင်းတို့ကို ဗုဒ္ဓဘာသာဝင်များပီပီ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ စာနာစိတ်ဖြင့် ဆပ်ကပ်လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြသည်။ စက်တင်ဘာ သံဃာ့အရေးအခင်း ပြီးစီးအချိန်ကာလတွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပုန်းရှောင်နေသောကြောင့် ကျွန်တော့်၏ ဖခင်ဖြစ်သူအား တစ်နေကုန် ခေါ်ယူစစ်ဆေးမေးမြန်း ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော်တို့သည် ဖခင်ဖြစ်သူအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ကို ကျွန်တော်တို့ပုန်းရှောင်နေရာမှ သိရှိရကာ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် သက်ဆိုင်ရာအစိုးရဌာနသို့ နေအိမ်တွင် မိမိတို့အား လာရောက်ခေါ်ယူ ဖမ်းဆီးနိုင်ကြောင်း အကြောင်းကြားလိုက်သည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပြည်ထဲရေးရုံးနှင့် အောင်သပြေစစ်ကြောရေးစခန်းများတွင် (၈) ရက်နီးပါးခန့် ခေါ်ယူစစ်ဆေးခြင်း ကို ခံခဲ့ရတော့သည်။

ထိုအချိန်ကာလတွင် ကျွန်တော်တို့၏ နှစ်ဘက်မိဘဆွေမျိုးများ၏ စိုးရိမ်ပူပန်မှုများသည် အမြင့်မားဆုံး ဒီဂရီ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုမှတဆင့် သက်ဆိုင်ရာမှ ကျွန်တော်နှင့် ကျွန်တော့်ဇနီးအား အပြစ်မရှိ၍ နေအိမ်သို့ ပြန်လည်လွတ်မြောက်လာချိန်တွင် ကျွန်တော်သည် ရုပ်ရှင်အနုပညာလုပ်ငန်းအား လုပ်ခွင့်မရတော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်မှစ၍ အများပြည်သူတို့အတွက် ပေးဆပ်လုပ်ကိုင်ခဲ့သော လူမှုရေးလုပ်ငန်း တစ်ခုထဲကိုသာ ကုသိုလ်ယူဇောက်ချလုပ်ခဲ့တော့သည်။ ကျွန်တော်အား အနုပညာလုပ်ငန်းများ ပိတ်ဆို့လိုက်သော ပုဂ္ဂိုလ်ကြီးများအားလည်း ကျွန်တော် သာဓု ခေါ်ခဲ့ပါသည်။ ထို့အပြင် အနုပညာ(ရုပ်ရှင်)လုပ်ငန်းအား လုပ်ခွင့် မရသည့်အပေါ် ကျေနပ်စိတ်ချနေမည့်သူကား ကျွန်တော်၏ ဖခင်၊ မိခင်နှင့် ဇနီးသည်တို့ပင် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆို ကျွန်တော်သည် ရုပ်ရှင်အနုပညာနယ်ပယ်၌ ကျင်လည်စဉ်ကာလအတွင်း၌ ရှုပ်ထွေးလှသော အနုပညာနယ်ပယ်တွင် ပြဿနာပေါင်းစုံ အနည်းနှင့်အများပြုလုပ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် မိမိပြုလုပ် ခဲ့သော ပြဿနာများအား ရင်ဆိုင်ဖြေရှင်းပေးရသော ဖခင်၊ မိခင်နှင့် ဇနီးသည်တို့အတွက် အထုပ်အပိုးကြီးတစ်ခု လျော့ပါးသွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ထိုမှ ၂ဝဝ၈ ခုနှစ်မှစ၍ လူမှုရေးအသင်းအဖွဲ့များ၏ ပြဿနာများအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဦးစီးဦးဆောင် ဖြေရှင်းခဲ့ကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ နာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၏ နာရေးကိစ္စတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်မော်တော်ကား၊ နိဗ္ဗာန်ထော်လာဂျီ၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်လှည်း ယှဉ်၊ စတီးဗန်း၊ အလူမီနီယမ်ခေါင်း၊ မီးသင်္ဂြိုလ်စက်၊ သုဿန်ဇရပ်များအား မိမိတို့နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီကာ အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်၍ အများဆန္ဒအတိုင်း ပံ့ပိုးကူညီ လှူဒါန်းမှုများကို ကျွန်တော်သည် ခေါင်းဆောင်တစ်ဦးအဖြစ် လူကြီးပီသစွာ ဆုံးဖြတ် အကောင်အထည်ဖော်ပေးခဲ့သည်။ ထို့ပြင် အများပြည်သူတို့၏ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်) စသဖြင့် မြန်မာပြည် အရပ်ရပ်တွင် အများပြည်သူတို့အား (အခမဲ့) ကုသပေးခြင်း၊ ပညာရေးကဏ္ဍ အတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်း၊ 4 Skill English၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်း၊ LCCI သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာ သင်တန်း၊ TOT မွမ်းမံသင်တန်း၊ ဂျာနယ်လစ်ဇင်သင်တန်းများ အစရှိသည့် အကျိုးပြုသင်တန်းများအား တတ်သိ ပညာရှင်များနှင့် ပူးပေါင်း၍ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ သူများအတွက် ဘာသာစုံသင်တန်း၊ ဘ/ကကျောင်းများရှိ ဆရာ/မများအတွက် လစာတိုးမြှင့်ပေးခြင်း၊ ဆေးတက္က သိုလ်တက်ရောက်သည့် ဆေးကျောင်းသား/သူများအတွက် ဆရာဝန်ဖြစ်သည်အထိ သင်ကြားနိုင်ရန်အတွက် လစဉ် ဂုဏ်ပြုငွေများ လှူဒါန်းပေးခြင်းတို့ကို ပညာဒါနကုသိုလ်အဖြစ် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော လူမှုရေးလုပ် ဆောင်မှုများ များပြားလာသည်နှင့်အညီ ကြုံတွေ့ရသော ပြဿနာမျိုးစုံတို့အားလည်း ဖခင်ဖြစ်သူ၏ ကူညီပံ့ပိုး ဖြေရှင်းမှုများ မလိုအပ်တော့ဘဲ မိမိတို့၏ အလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်ပင်ညှိနှိုင်း ဖြေရှင်း၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဤသည်မှာ ကျွန်တော်တို့၏သီလ၊ ကျွန်တော်တို့၏ မှန်ကန်သောပေးဆပ်မှု၊ ကျွန်တော်တို့၏ ကုသိုလ်များကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆို “ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာ မည်” မဟုတ်ပါလား။

သို့ရာတွင် ၂ဝဝ၈ ခုနှစ် အချိန်ကာလမှ ဖခင်၏ဦးဆောင်မှု၊ ဖခင်၏လမ်းညွှန်မှု၊ ဖခက်၏အကြံပေးမှု၊ မိဘ၏ တိုက်တွန်းမှု၊ မိဘ၏အရိပ်အာဝါသမှ ရုန်းထွက်ခဲ့ကာ ကိုယ့်သမိုင်း … ကိုယ်ရေးနေသော ကျွန်တော်သည် ယခု အချိန်တွင် ငယ်စဉ်ဘဝကတည်းမှ ၂ဝဝ၇ ခုနှစ် သက်တမ်းတစ်လျှောက် ဖခင်၏နွေးထွေးစွာ အကြံပေးမှု၊ လမ်းညွှန် ပေးမှုတစ်ခုကို လိုလားတောင်းတမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ရပြန်သည်။ ထိုတောင်းတမှုသည် ငယ်စဉ်ကလေးဘဝကလို ဖခင်ဖြစ်သူအား အားကိုးတကြီးနှင့် တောင်းဆိုလိုက်ရခြင်းပင်ဖြစ်သည်။

ယင်း တောင်းဆိုရသည့် ပြဿနာရပ်ကား ကျွန်တော်တစ်ဦးတည်း ဖြေရှင်း၍လည်းမရ၊ ကျွန်တော့်၏ လူမှုရေးရဲဘော်ရဲဘက်များကလည်း မစွမ်းဆောင်နိုင်၊ အများပြည်သူတို့မှလည်း မလုပ်ဆောင်နိုင်သော ဖြစ်ရပ် တစ်ခုပင်ဖြစ်တော့သည်။ ထိုပြဿနာသည်ကား ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောစွန်းကျေးရွာ၊ ဘူးသခွတ်ကျေးရွာ၊ မကိုက်ပုံကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာတို့နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တို့ရှိ စားကျက်မြေ များ၊ အင်းများ၊ သုဿန်မြေနေရာများတို့အား စီးပွားရေးကုမ္ပဏီကြီးများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့် ပူးပေါင်း၍ သိမ်းယူခဲ့ခြင်း ပြဿနာတစ်ရပ်ပင်ဖြစ်ပေသည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးသမားတစ်ဦးဖြစ်သည်နှင့်အညီ သင်္ချိုင်းမြေများ အသိမ်းခံရခြင်း၊ သင်္ချိုင်းမြေများ တူးဖော်ခံရ ခြင်းတို့ ကိစ္စရပ်များအား မလိုလားပါ။ ထိုကဲ့သို့ သင်္ချိုင်းမြေများ အသိမ်းခံရခြင်းကြောင့် နာရေးကိစ္စဖြစ်ပေါ်လာပါက နီးစပ်ရာ နယ်နိမိတ်များအတွင် တိတ်တဆိတ် မြှပ်နှံသင်္ဂြီုလ်ခြင်းများကို တွေ့ကြုံရတော့မည်ဖြစ်ကြောင်း မြင်ယောင် မိတော့သည်။ “သေသောသူသည် သုဿန်သို့သာ သက်သက်သာသာ သွားသင့်သည်” ဟူသော ခံယူချက်အတိုင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်လုပ်ပေးနေသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မည်သို့မှ မတတ်နိုင်တော့ ချေ။ သေဆုံးကြသူများသည်လည်း နေ့စဉ်နှင့်အမျှ ဒုနဲ့ဒေး၊ ကူညီပေးဆပ်မည့်သူများကလည်း အသင့်အနေအထား၊ မြေမြှုပ်သင်္ဂြိုလ်ပေးရမည့်နေရာကား နတ္ထိဖြစ်နေသောကြောင့် နာရေးရှင်များ၊ လူမှုရေး နာရေးကူညီမှုအသင်းအဖွဲ့ များသည် မကြာမီကာလအတွင်း အလောင်းဖျောက်ဖျက်မှု၊ အလောင်းခိုးမြှုပ်မှုတည်းဟူသော ရာဇဝတ်မှုကြီးအား ကျူးလွန်ရန်အတွက် ဖိတ်ခေါ်နေသလို ဖြစ်နေတော့သည်။

ထို့ကြောင့် ဤကဲ့သို့ လက်ငင်းဖြစ်ပေါ်နေသော အဖြစ်ဆိုးကြီး (သို့) လူသားချင်းစာနာထောက်ထားစိတ် ကင်းမဲ့သော ဖြစ်ရပ်မျိုးကို မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဟု တွေးမိကာ ငယ်စဉ်ဘဝကတည်းက ဖခင်မေတ္တာဖြင့် လမ်းညွှန်ပြသခဲ့သော ဖခင်ကြီးအား ငယ်စဉ်ဘဝ ကလေးငယ်တစ်ယောက်လို အားကိုးတကြီး “ပြောရဦးမယ် … အဘစိန်ရေ” ဟု မေးမြန်းအကူအညီတောင်းလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

အကယ်၍များ ဖခင်ကြီးဖြစ်သူ အဘစိန်အနေဖြင့် မဖြေရှင်းနိုင်၊ အကြံမပြုနိုင်ပါက ကျွန်တော်တို့သည် စည်းကမ်းရှိစွာဖြင့် စနစ်တကျ ချီတက်ဆန္ဒပြ တောင်းဆိုပွဲတစ်ရပ်အား သက်ဆိုင်ရာ နိုင်ငံတော်အစိုးရဋ္ဌာနများ၏ ခွင့်ပြုချက်ဖြင့် တရားဥပဒေဘောင်အတွင်မှ “သုဿန်မြေရရှိရေး . . . ဒို့အရေး” ဟူ၍ တောင်းဆိုခြင်းမှအပ အခြား နည်းလမ်း မရှိနိုင်တော့ချေ။

ကျော်သူ
စာကြွင်း - (ကျွန်တော်၏ ဖခင်ကြီးဖြစ်သူ ဦးစိန်တင်အား အဘစိန်ဟူ၍လည်း ခေါ်ကြပါကြောင်း…

Thursday, August 9, 2012

6 ဇာတိပြလာသောလွှတ်တော်......။ဆောင်းပါးရှင်-ရန်အောင်

ဒီတစ်ပတ်မှာ NLD ရဲ့ မြန်မာတိုင်းရင်းသား ပြည်သူလူထုအတွက် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government ဆိုပြီး သမ္မတဦးသိန်းစိန် ရည်မှန်းချက်အတိုင်း တင်ခဲ့တဲ့ အဆိုတစ်ခုနဲ့ ဘင်္ဂလီကိစ္စအတွက် ရည်ညွှန်းပြီးတင်ခဲ့တဲ့ အဆိုတစ်ခုဟာ အံ့သြစွာနဲ့ရှုံးနိမ့်သွားပါတယ်..။

ပထမအဆို

ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်'' ဆိုပြီး ၂၅-၇-၂၀ဎ၂ ရက်နေ့ကတင်ခဲ့တာပါ..။ အဲဒီအဆိုကို လက်ခံဆွေးနွေးမယ်ဆိုဦးလွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီအဆိုတင်ပြီး နောက်တစ်နေ့ ၂၆ ရက်နေ့မှာ သမ္မတရုံးက စာထုတ်ပါတယ်..။ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေ လူကြီး ၇ မျိုးရဲ့ ပိုင်ဆိုင်ခွင့်တွေကို တစ်ပတ်အတွင်း တင်ဖို့ပါ...။

အဲ.. ထူးခြားတာက ၈-၈-၂၀၁၂ နေ့ထုတ်7 day News ဂျာနယ်မှာ အဲဒီသမ္မတရုံးညွှန်ကြားစာကို ဆိုင်းငံ့ကြောင်းသိရတယ်လို့ ပါဝင်လာပါတယ်..။ အဲဒီမှာ စိတ်ထဲတမျိုးဖြစ်သွားပါတယ်..။ ထင်တဲ့အတိုင်းပါပဲ..။ အဲဒီဂျာနယ်ဖတ်နေချိန်..၈-၈-၂၀၁၂ မနေ့က .. လွှတ်တော်ထဲမှာ NLD ရဲ့ အဆိုကို သမ္မတော်သားကိုယ်စားလှယ်များဘက်က အခြေခံဥပဒအောက်က သက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို အပ်နှံသူ ကွဲပြားတာကို ကတ်သီးကတ်သတ်အရေးလုပ်ထောက်ပြတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့်တို့က ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့ပါတယ်..။

အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှု အတိုင်းအတာ ပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ထောက်ခံဆွေးနွေးသူတွေက ပြောခဲ့ကြပါတယ်..။

ဒီအဆိုဟာ ဒီမိုကရေစီခေတ်မှာ နိုင်ငံအတွင်ပွင့်လင်းမြင်သာမှုအရှိဆုံးနဲ့ ပြည်သူလူထုအတွက် အရေးအကြီးဆုံးအဆိုပါ..။ တပ်မတော်သား ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင်ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း ကန့်ကွက်ဆွေးနွေးခဲ့တာပါ..။ NLD ရဲ့အဆိုက ပိုင်ဆိုင်ခွင့်ကို သမ္မတထံ အပ်နှံရမှာပါ.။ အဆိုတင်သွင်းသူ NLD က ဦးဝင်းမြင့်က

'' ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စု လွှတ်တော်နာယကဆီကို ပဲတင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုကို သမ္မတဆီ တင်ရမှာ။ ကျွန်တော်ဆိုလိုချင်တာက အများပြည်သူ သိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသား မဟုတ်ဘူး''ဆိုပြီး ဆွေးနွေးခဲ့သလိုပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရအဖွဲ့ဝင်များထံမှ ပိုင်ဆိုင်မှုစာရင်း တောင်းသကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း

အဆိုကောင်းဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပေမယ့် .....။

ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ ၁၅မဲဖြင့် ရှုံးနိမ့်ခဲ့ပါတယ်...။

အဲဒီလို ရှုံးနိမ့်ခြင်းဟာ ပြည်သူလုထု ယုံကြည်အားကိုးချင်တဲ့ အစိုးရတရပ်ဖြစ်ပေါ်ဖို့အတွက် မည်သူတွေက အတားအဆီးဖြစ်နေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလို.. အစိုးရအဖွဲ့ဝင်များအပါအ၀င် လက်ရှိအာဏာရပါတီအတွက်လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျစရာဖြစ်ပါတယ်.။ အဆိုရှင်ဦးဝင်းမြင့်က သမ္မတကို တင်ပြစေခြင်းဟာ လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲမှာ သမ္မကကလွဲလို့ အဂတိမှာ စိတ်မချရတဲ့အတွက်ဆိုတာ အားလုံးအသိပါ..။

ဒီလိုအဆိုမျိုးရှုံးနိမ့်ခြင်းဟာ အစိုးရနဲ့ ကန့်ကွက်သူလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ NLD ကို နိုင်တယ်လို့ လက်ဖမောင်းခတ်နိုင်ပေမယ့် ကမ္ဘာ့အလယ်မှာ ဘယ်တော့မှမရှိခဲ့တဲ့ အစုတ်ပြတ်ဆုံး သိက္ခာကျစရာလွှတ်တော်အဖြစ် သမိုင်းတွင်မယ်လို့ ထင်ပါတယ်..။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဆိုရဲ့အနှစ်သာရကို ကန့်ကွက်ပြီး မိမိတို့အကျိုးစီးပွားကို ပြောင်ပြောင်တင်းတင်းကာကွယ်ခဲ့တာ ပေါ်လွင်ခဲ့လို့ပါ..။ NLD ကိုလည်း လေးစားမိပါတယ်..။ တကယ့် အနှစ်သာရရှိတဲ့ အဆိုတစ်ခုတည်းနဲ့ လွှတ်တော်ရဲ့ ဇာတိရုပ်ကို ထုတ်ပြနိုင်ခဲ့လို့ပါ။

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ.. သစ္စာရှိ xxxxxxx လို ကာကွယ်မှာလား..။ ပစ္စည်းပိုင်ရှင်လို ရေရှည်တည်တန် ခိုင်မြဲအောင် အားနည်းတာတွေ ဖာထေးပြီး ပြုပြင်ထိန်းသိမ်းကာကွယ်မှာလား ဆိုတာ......။

.....................................................................................

ဒုတိယအဆို


NLD က ဒေါက်တာမြတ်ဥာဏစိုးတင်တဲ့ အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန် အဆိုပါ။

''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''

အစရှိသဖြင့်အခုဘင်္ဂလီကိစ္စကြီးဖြစ်ပေါ်လာတဲ့အသားထဲက လောက်ထွက်နေတဲ့အရေးအကြီးဆုံးအချက်တစ်ခုကို ထောက်ပြပြီး.. ကိုယ့်တိုင်းရင်းသာတွေ အနာဂတ်အတွက် ...ယိုပေါက်ကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်..။

ဒါပေမယ့် ထူးထူးခြားခြား ကန့်ကွက်သူတစ်ဦးက ထောက်ပြခဲ့ပါတယ်..။ 'ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့ အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ ကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်' ဆိုပြီးကန့်ကွက်သူကတော့ မကွေးတိုင်းဒေသကြီးကအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေပါ။

အဲဒီတော့ အဆိုကို ထောက်ခံ/ကန့်ကွက်မဲပေးဖို့ မတ်တတ်ရပ်ကြရပါတယ်..။ အဲဒီလိုမတ်တတ်ရပ်တဲ့အချိန်မာ အဆိုကို ထောက်ခံဖို့မတ်တတ်ရပ်သူက NLD နဲ့ ရခိုင်ပါတီတွေအပါအ၀င် ၂၈ ဦးပဲရှိပါတယ်..။ လွှတ်တော်စည်းမျဉ်းအရ မတ်တတ်ရပ်ထောက်ခံသူ ၄၀ ကျော်ရင် ထောက်ခံမဲ အတည်ဖြစ်ပေမယ့် ရာနဲ့ချီတဲ့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ အဆိုတင်သွင်းသူကိုယ်စားပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက တစ်ယောက်ထနိုးတစ်ယောက်ထနဲ့ တုတ်တုတ် မလှုပ်ကြပါခင်ဗျား..။

အဲဒီမှာ ဒီအဆိုကို လျှို့ဝှက်ဆန္ဒမဲမပေးပဲ မတ်တတ်ရပ်ခိုင်းတဲ့ လွှတ်တော်ဥက္ကဌကြီးရဲ့ အိုင်ဒီယာကို အံ့သြမိပါတယ်.။ မတ်တတ်ရပ်ခြင်းဟာ ပါတီ သို့ဟုတ် အသင်းအဖွဲ့ကို တိုက်ရိုက်ကိုယ်စားပြုနေတဲ့အတွက် လွှတ်တော်ထဲမှာ အင်အားအကြီးဆုံး ကိုယ်စားလှယ်အုပ်စုကြီးနှစ်စုက ခေါင်းဆောင်မရပ်ရင် ကျန်တဲ့သူက ကိုယ့်ဆန္ဒနဲ့ကိုယ် ထရပ်ဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါခင်ဗျား..။ အဲဒီလို အထက်က Action ကို မျှော်ပြီးမှ လှုပ်ရှားသူ နာလဗိန်းတုန်းများကြောင့် ရခိုင်တိုင်းရင်းသားများအရေးအတွက် အတွင်းကို မြေလှန်မယ့်အစီအစဉ်ဟာ...အလိုအလျောက် ပယ်ပြီးဖြစ်သွားပါတယ်..။ လွှတ်တော်ထဲမှာ ဦးရွှေမောင် ထ ဆွေးနွေးတာကို ငုတ်တုတ်ထိုင်နားထောင်ခဲ့ကြတဲ့ သကောင့်သားများက ဒါကျတော့ ... ညီလိုက်ကြတာဗျား...။ တစ်ယောက်မှ မထပါ..။

အဲဒါကိုလေ့လာကြည့်ရင် လွှတ်တော်ထဲက ကိုယ်စားလှယ်များ၊ လွှတ်တော်ဥက္ကဌများ အပါအ၀င် အများစုဟာ ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ဖြစ်ပေါ်လာမယ့် အစဆွဲထုတ်မှုများ၊ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်လာတာတွေ ကိုတွေးကြောက်နေကြပြီး မိမိတို့ရဲ့ အကျိုးစီးပွားအတွက် ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျက်နှာကို လုံးဝ မကြည့်ကြောင်း ပေါ်လွင်နေပါတယ်.။ တစ်ဖက်က သုံးသပ်ကြည့်ရင်လည်း သမ္မတနဲ့ တပ်မတော် ၊ အာဏာရပါတီ....အစိုးရအဖွဲ့တို့ရဲ့ နိုင်ငံရေးအားပြိုင်မှု အစရှိသဖြင့် တွေးစရာတွေးစရာတွေ အများကြီးဖြစ်လာပါတယ်..။

NLD က တင်တဲ့ အဆိုတွေ ကန့်ကွက်ခံရလို့မဟုတ်ပါ..။ ထိုကဲ့သို့သော အနှစ်သာရရှိရှိ တိတိကျကျ ထောက်ပြသောအဆိုမျိုး တင်သူ မည်သူကိုမဆို ထောက်ခံပါတယ်..။ အဲဒီလိုမျိုးအဆိုတွေ တင်တဲ့အတွက် ..ကန့်ကွက်ခံရလေ...။ လွှတ်တော်ထဲမှာ နေရာအများဆုံးယူထားသူများရဲ့ သိက္ခာ.. ကိုယ်ကျင့်တရားနဲ့ မိမိအတွက်ရပ်တည်မှုကို သိရလေပါပဲ...။

Ref : EMG, Skynet Plm Channel
ရန်အောင်

3 မြန်မာ့တပ်မတော်ရဲ့ လူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းအောင်၊အရှက်ရအောင် အခွင့်အရေးချိုးဖောက်မှုတရပ်

၈.၈.၂၀၁၂ နေ့ လည် ၁ နာရီလောက်မှာ မဟာဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ( BAK ကုန်တိုက်ရှေ့ )မှာတွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ ။ လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ ။
မြန်မာ့တပ်မတော်ရဲ့ လူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းအောင်၊အရှက်ရအောင် အခွင့်အရေးချိုးဖောက်မှုတရပ်ကို မနေ့က ရန်ကုန်မြို့လယ်မှာဗြောင်ဗြောင်တင်းတင်းချိုးဖောက်လိုက်တဲ့ဓါတ်ပုံပါ............ မည်သို့သော (စစ်ပြေးတရားခံဖြစ်နိုင်ပါသည်။)

တရားခံကိုမှလူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းမှုမျိုးပြုလုပ်ချိုးဖောက်ခွင့်မရှိရပါ........... အခုလို ရန်ကုန်မြို့မှာတောင် ဒီလိုလုပ်ရပ်မျိုးလုပ်နေတာကိုမြင်တွေ့ရတော့ ပြည်တွင်းစစ်ဖြစ်ရာ ကချင်၊ရှမ်းဒေသတွေမှာ တဖက်ရန်သူလို့အမျိုးသားတွေကိုစွပ်စွဲနှိပ်စက်၊ အမျိုးသမီးတွေ မုဒိန်းကျင့်ဆိုတဲ့သတင်းတွေဟာ ရာခိုင်နှုန်းပြည်မှန်တယ်လို့ ယုံကြည်နိုင်ကြပါပြီ။

အရာရှိတွေကနေ စပြီး .. ကိုယ်တိုင်ပါဝင်တဲ့ စစ်သားတွေအထိကို ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်တယ်ဆိုတာ ပညာပေးဖို့ လိုအပ်ပြီး ... ထပ်မံချိုးဖေါက်ပါက တရားစွဲအရေးယူနိုင်တဲ့အထိ ဆောင်ရွက်ဖို့အတွက် .. သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ .. ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌလုပ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ၂ ရပ်ရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။
ဓာတ်ပုံ..လူငယ်လေးတယောက်

3 Clean Government ဖြစ်ရေးအတွက် အခုပယ်ချခံရတဲ့အစိုးရ ဝန်ကြီးတွေနဲ့ လွှတ်တော် အမတ်တွေ အားလုံး ရဲ့ ပိုင်ဆိုင်မှုပြရေး အဆိုကိစ္စအတွက် ဝိုင်းဝန်းတောင်းဆို ဆန္ဒ ထုတ်ဖေါ်ကြစို့

photo..Ko htike
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကြေညာပေးရန် အဆို ရှုံးနိမ့်

နေပြည်တော်၊ သြဂုတ် ၈

ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ပုသိမ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆို တင်သွင်းထားသော ‘ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရ’ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့ နိုင်သော ပစ္စည်းများ၊ မပြောင်း ရွှေ့  နိုင်သော ပစ္စည်းများ စာရင်းနှင့် ၎င်းတို့၏ အကျိုး စီးပွားများ စာရင်းကို ထုတ်ဖော် ကြေညာ၍ မှတ်တမ်းတင် ထားရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်မဲ ၂၁၇ မဲ ရှိသဖြင့် ရှုံးနိမ့်ခဲ့ ရသည်။

ဦးဝင်းမြင့်၏ အဆိုကို အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ် ၇ ဦး ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၃ ဦး အပါအဝင် ရှေ့ နေချုပ် ဒေါက်တာ ထွန်းရှိန် တို့ကပါ ဝင်ရောက် ဆွေးနွေး ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက အသွင် ကူးပြောင်းရေး ကာလတွင် နိုင်ငံတော် သမ္မတကြီးဦးဆောင်သော အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်သူများ ယုံကြည်မှု တိုးမြှင့်လာစေရန် အတွက် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေငြာပေးရန် အထူးပင် လိုအပ်လျက် ရှိကြောင်း ဆွေးနွေးခဲ့ပြီး မင်္ဂလာတောင်ညွန့် ဒေါ်ဖြူဖြူသင်းက မူ အစိုးရ အဖွဲ့ဝင်များကို သာမက တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ပါ ထုတ်ဖော်ကြေငြာပေးရန် လိုအပ်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

ဒုတိယ ရှေ့ နေချုပ်၏ ဆွေးနွေးမှုတွင် ထူးခြားမှု အဖြစ် အဆိုပါ အဆိုအား အတည်ပြုပါက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု စာရင်း သာမက လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ များ၏ ပိုင်ဆိုင်မှု စာရင်းကိုပါ ထုတ်ဖော် ကြေညာ သင့်ကြောင်း၊ အစိုးရ အဖွဲ့ဝင် ဥပဒေ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြထားပြီ ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်။

ဇူလိုင်လ ပထမပတ်က ပြုလုပ်ခဲ့သော ပြည်ထောင်စု အဖွဲ့ဝင် ဝန်ကြီးသုံးဦးနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး အနေဖြင့် ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာပေးရန် အသင့်ရှိပါကြောင်း၊ ပြည်သူ လူထုအကျိုးကို ဆောင်ရွက်ပေးလိုသော စိတ်ဓာတ်သာ ပိုမို အရေးကြီးပါကြောင်း စက်မှု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲလက်ထက်တွင် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖော်ပေးရန် ကြေငြာပေးရန် အဆို ရှုံးနိမ့်ခဲ့ ရခြင်း၊ စတုတ္ထ မဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ ကို ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်းနှင့် တရားစွဲဆိုခြင်းမှာ ဖြစ်ပေါ်နေခြင်းများကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
(The Voiceweekly)

0 ၈၈ မျိုးဆက်ကျောင်းသားများ၏ ၈လေးလုံး အမှတ်တရ စကားများ (ရုပ်/သံ)

1 ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် အကျဉ်းဦးစီးဌာန ရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဒါဏ်ကြောင့် အင်းစိန်ဆေးရုံမှာတက်နေရတဲ့ ကိုဖြိုးဝေအောင်ကိုသွားရောက်တွေ့ဆုံအားပေး

ဦးဆုံး X2o သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရခြင်းကြောင့် သေဆုံး၊ ထိခိုက် ဒါဏ်ရာရခဲ့သော အပြစ်မဲ့ ပြည်သူတို့ကို အသိပေးတောင်းပန် စကားဆိုလိုသည်။ မိမိတို့ ဖြတ်သန်းခဲ့ရသော ပြီးခဲ့သည့် အုပ်ချုပ်ရေး စနစ်တွင် စကားနှင့် အလုပ် တည်သော အုပ်ချုပ်သူတို့ နည်းပါးခဲ့သည်။

ဥပဒေကို အသက်တမျှ ကာကွယ် လိုက်နာစောင့်ရှောက်ခြင်း နည်းပါးခဲ့သည်ကို မမေ့ဖို့နှင့် စွပ်စွဲအပြစ်တင်မှု တခုခုဖြင့် အရေးယူ အပြစ်ပေးခံရသူတိုင်းသည် ထို ပြစ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်သည်မှာ မသေချာ ဆိုသည့် တရားစီရင်မှု ယိုယွင်းသော ပြသနာကြီးကို သတိပြုမိဖို့ လိုပါသည်။

ဗုံးခွဲမှုဖြင့် ဖမ်းဆီးစွပ်စွဲကာ ဘယ်လိုမှ ခိုင်မာခြင်းမရှိသော အတင်းစွပ်စွဲချက်များဖြင့်အတင်း သေဒါဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင် ကို ထောင်တွင်းမှာ အတူရင်းနှီးစွာတွေ့ဆုံခဲ့ဖူးပါတယ်။ အခု သူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့တော့ လွတ်ပါတယ်။အင်းစိန် ဆေးရုံပေါ်မှာပါပဲ။ ကိုယ်အောက်ပိုင်းက လုံးဝ အသုံးပြုလို့ မရတော့ပါဘူး။ ဆေးကုသခွင့် မပေးတဲ့ ယုတ်မာသော အကျဉ်းဦးစီးဌာန ရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဒါဏ်ကို ကျနော့်နည်းတူ ခံစားခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့ သွားရောက် အားပေး စကားပြောကြားခဲ့ပါတယ်။

ကျနော်တို့ကတော့ လူမျိုး ၊ ဘာသာ မခွဲခြားပါ။ နိုင်ငံသားချင်း ဆိုတဲ့ စိတ်နဲ့ ရိုင်းပင်းကူညီစောင့်ရှောက်တာပဲ ဖြစ်ပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ပြန်လည် တည့်မတ်လာဖို့ ကိုဖြိုးဝေအောင်ကို သူ့ အမှုနဲ့ ပတ်သက်ပြီး တိကျပြတ်သားအကွက်စေ့တဲ့သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြန်မာပြည်စစ်အာဏာရှင် ခေတ်ရဲ့ တရားစီရင်ရေး စနစ်အကြောင်းကို မီးမောင်းထိုးပြဖို့ ပြန်လည်ပြင်ဆင် အရေးယူနိုင်မှုတွေ လုပ်ဖို့ ကျနော်တို့မှာ တာဝန်တွေရှိကြောင်း ကိုဖြိုးဝေအောင်ကို ပြောဆိုခဲ့ပါတယ်။

သူမကြာခင်မှာ တရားဝင် ရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။ အပြစ်မရှိသော သူတယောက် မတရားပြစ်ဒါဏ်ခံရခြင်းလောက် ဆိုးဝါးသော ရာဇ၀တ်မှု မရှိပါ။

နေမျိုးဇင်

0 ဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပသော ၂၄-နှစ်မြောက်သမိုင်းဝင် ၈၈၈၈ နေ့ဆန္ဒပြပွဲ အခမ်းအနား(ရုပ်/သံ)

Video..MaungWto

1 NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များက အဖြူအမည်း ၀တ်စုံဝတ်ဆင်ပြီး ရှစ်လေးလုံးနေ့ကို မမေ့ဘဲ သတိရကြောင်း ပြသ


ရှစ်လေးလုံးနေ့ အခမ်းအနားကို တက်ရောက်ခွင့်မရဘဲ လွှတ်တော်တာဝန်ထမ်းဆောင်နေတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များက အဖြူအမည်း ၀တ်စုံဝတ်ဆင်ပြီး ရှစ်လေးလုံးနေ့ကို မမေ့ဘဲ သတိရကြောင်း ပြသခဲ့တယ်...

၈လေးလုံးနှစ်ပတ်လည် ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် NLDအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ယနေ့ လွှတ်တော် တတ်ရောက်ချိန်တွင် အနက်ရောင်ပါသည့် လုံခြည်များကိုသာ ၀တ်ဆင်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

 လေးစားပါတယ် ကိုယ်စားလှယ်တော်များ ခင်ဗျာ...

Photo..ကိုမောပြေ,Popular news journal

Wednesday, August 8, 2012

0 ရှစ်လေးလုံးနေ့ကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖွယ်ရှိ



ယနေ့( သြဂုတ်လ ၈ ရက်)ကျင်းပသော ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ရေစက်ချလှူဒါန်း(photo..88generation studients)

ရှစ်လေးလုံးနေ့ဟုခေါ်သည့် ယနေ့ သြဂုတ်လ ၈ ရက်ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်သွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

ဦးမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော ၀ါဆိုသင်္ကန်းကပ်လှူပွဲအပြီးတွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ၌ ယနေ့ရှစ်လေးလုံးနေ့ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် မန္တလေးမြို့မှ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ စိမ်းရောင်စို activities မှ ကိုတင်သစ်က အဆိုပြုသွားခဲ့ခြင်းဖြစ်သည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အား ယင်းအဆိုနှင့် ပတ်သက်၍ မေးမြန်းရာတွင် "ကျွန်တော်ကန့်ကွက်စရာမရှိပါဘူး။သဘောလည်းတူပါတယ်။ နောက်နှစ်လုပ်မယ့် ငွေရတုမှာ ပြည်လုံးကျွတ်သဘောမျိုး လုပ်ပြီးတော့ အတည်ပြုလိုက်ရင်တော့ သင့်တော်မယ်ထင်တယ်။ အဲဒီလို စဉ်းစားထားတယ်။ ခုလည်း ကန့်ကွက်မယ့်သူမရှိဘူး။ မှတ်တမ်းလည်းတင်ထားတယ်။ နောက်နှစ်မှာ ရှမ်းပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ တိုင်းရင်းသားတွေပါ ပါပြီးတော့ အတည်ပြုလိုက်မယ်လို့ စဉ်းစားထားပါတယ်"ဟု ဖြေကြားသည်။

ရှစ်လေးလုံးအထိမ်းအမှတ်ကို မန္တလေးမြို့တွင် လာရောက်ကျင်းပရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ "လိုရင်းပြောရရင်တော့ဗျာ မန္တလေးကို ချစ်လို့ပေါ့ဗျာ။ အဲဒါ နံပါတ်တစ်ပါပဲ။ နောက်တစ်ခုကကျတော့ ဒီမှာက ပထ၀ီအနေအထားအရ အားလုံးလာဖို့လွယ်တယ်။ ပြီးတော့ အလုပ်တစ်ခုကို စလုပ်ရင် ဒီမှာက သံဃာထုအင်အားကောင်းတယ်။ ကျွန်တော်တို့နဲ့ ခေတ်ပြိုင် အလုပ်တူတူ လုပ်ခဲ့တဲ့သူတွေလည်း မန္တလေးမှာ လုပ်ဖို့အသင့်တော်ဆုံး ကန့်ကွက်မယ့်သူလည်း မရှိလို့ ဒီကိုရွေးလိုက်တာပါ။ သံဃာထုအင်အားကို အားကိုးတာလည်း ပါပါတယ်"ဟု ဦးမင်းကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် ပြည်နယ်တစ်ခုခု၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးသို့ လှည့်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

7days nws journal

0 သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု



သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု

ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ ထုတ်ပြန်ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။

၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီဟု ခေါ်ဆိုရတော့မည်။

အကြောင်းမှာ မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း၊ ရေလျှံခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ရေဘေးဒုက္ခသည်များ၊ အိုး/အိမ် ပစ် ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိသည်။ ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။

၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .

မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။ ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင် ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။ ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို တွေ့မြင် ရတော့သည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။ ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။ ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊သွားသင့်သွားထိုက်၊စားသင့်စားထိုက်သောအမှန်တရားများကိုသိရှိလာကာလူ့ဘဝသက်တမ်းတစ်လျှောက်ငြိမ်းချမ်းသာယာသောဘဝကိုမိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိုင် တော့မည် ဖြစ်ပေသည်။

ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

ကိုကျော်သူ

0 မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ရှမ်းပြည်နယ်တောင်ပိုင်း)အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ စည်းခြင်း


အချိန်...နံက်(၁၀း၀၀) ၆.၈.၂၀၁၂
နေရာ...လောကမာန်အောင်ကျောင်းတိုက်၊စိန်ပန်းရပ်ကွက်လူပုဂ္ဂိုလ်(၃၀)ခန်.တက်ရောက်ပြီး (၁၅)ဦးဖြင့် အမှုဆောင်ကော်မတီဖွဲ့ စည်းခဲ့ပါသည်။

မြစ်မခမီဒီယာမှဒေါ်မေသင်္ကြန်ဟိန်မှဦးစီးပြီးဖွဲ့ စည်းခဲ့ ပါသည်။ထို့နောက်တက်ရောက်လာသောရှမ်းပြည်နယ်တောင်ပိုင်းမီဒီယာသမားများမှလှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ ကြပါသည်။မဲရလဒ်များအရ........

ဥက္ကဌ-ဦးသန်းဝေ(သန်းဝေ-တောင်ကြီး)
ဒုဥက္ကဌ-ခွန်စည်သာဟိန်း(ကာတွန်းပေါ်ပေါ်)
ဒုဥက္ကဌ(၂)-ဦးကျော်မင်းစိုး
အတွင်းရေးမှူး-ဦးအောင်ကိုကိုဦး(ICJဖိုးသား)
အတွင်းရေးမှူး(၁)ဦးကျော်ကျော်ဦး(bloggerနေလင်းသိုက်)
အတွင်းရေးမှူး(၂)ဒေါ်ပန်းမြိုင်
အတွင်းရေးမှူး(၃)ဦးခွန်စိုးပိုင်(YPIသတင်းထောက်)
ဘဏာရေးမှူးဒေါ်မေမေနီ
စာရင်းစစ်မှူး-ဒေါ်မေဖူးနိုင်
သတင်းနှင့် ပြန်ကြာရေးမှူး-ဦးဇော်ဇော်လွင်(BLOGGER)
စည်းရုံးရေးမှူး-ဦးခွန်ရှိုင်းစိုး(blogger)
ပညာရေးမှူး-ဦးဝေယံဝင်းဇော်(ကာတွန်းဝေယံတောင်ကြီး)
သက်သာချောင်ချိရေးမှူး-ဒေါ်စုစုဇော်
ရံပုံငွေရှာဖွေရေးမှူး(၁)-ဦးဝေယံသူရိန်မောင်(blogger)
ရံပုံငွေရှာဖွေရေးမှူး(၂)ဦးသန်းဇော်မြင့် 
တို့ ဖြင့် ဖွဲ့ စည်းခဲပါသည်။ပါတီစွဲ။ဂိုဏ်းဂနစွဲ။ကင်းသောလွတ်လပ်သောမီဒီယာများပေါ်ပေါက်လာစေရန်
pressမီဒီယာများအပြင်electronicmediaများပါပါဝင်မှုရှိစေရေးတို့အားဒေါ်မေသင်္ကြန်ဟိန်းမှဆွေးနွေးခဲ့ ပါသည်။

ယခုသတင်းစာဆရာများအဖွဲ့ သည်ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပထမဆုံးဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။(၁၁.၈.၂၀၁၂၀နေ့ တွင်ကျင်းပမည့်နိုင်ငံလုံးဆိုင်ရာသတင်းစာဆရာများအသင်းညီလာခံသို့တက်ရောက်၇န်ဥက္ကဌ။ဒုဥက္ကဌနှင့် အတွင်းရေးမှူးတိုအားဦးသန်းဝေမှရွေးချယ်ပေးခဲ့ပါသည်။

အစည်းအဝေးကုန်ကျစရိတ်များအားပန်းအလင်္ကာကဖေးမှကိုမိုးမှလှူဒါန်းခဲ့ ပါသည်။နေ့ လယ်(၂း၀၀)ခန့် တွင်အစည်းအဝေးပြီးစီးခဲ့ ပါသည်။

ပေးပို့သူ...ဝေယံဝင်းဇော်

1 တိုးတက်လာသော ခေတ်သစ်အတွက် အကျင့်ဟောင်းများ စွန့်လွှတ်ရမည့် မြန်မာနိုင်ငံ

(The Nation သတင်းမှ7 August 2012 ရက်စွဲပါ “Myanmar:Old Habits Die Hard For The Powerful” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

အကယ်၍မြန်မာနိုင်ငံသည် ဒီမိုကရေစီအမည်ခံပြီး ဆင်ဆာတင်းကြပ်မှုကိုမလျှော့ပါက ကမ္ဘာ့အလယ်တွင် ရယ်ရွှင်ဖွယ်ဟာသတစ်ခု ဖြစ်လာ တော့မည်။အကယ်၍ သတင်းမီဒီယာများကို ဆက်လက်ပိတ်ပင်ထားမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအား သူတို့မြင်နေရသော အရာများသည် တကယ် အစစ်မဟုတ်ဟု ဆိုသောအချက်ကို မှားယွင်းပြသမိရာ ရောက်မည့်အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်နှင့် အစီအစဉ်များအပေါ်တွင်လည်း ဆန့်ကျင်ဘက်ဆိုးကျိုးများ သက်ရောက်လာနိုင်သည်။သို့မဟုတ်ပါက အံ့ဖွယ်ဖြစ်ရပ်ဟု တင်စားရသော ပြုပြင်ပြောင်းလဲမှု ရလာဒ်များ အားလုံးရေစုန်မျော နောက်ပြန်လျှောကျသွားနိုင်စရာ ရှိသည်။
မြန်မာနိုင်ငံတွင် ဆင်ဆာရှိတော့မည်မဟုတ်ဟူသော နေပြည်တော်အာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကြောင့် စိတ်ဓာတ် တက်ကြွမှုများ ပတ်လည်ဝိုင်နေသော်လည်း မြန်မာနိုင်ငံတွင် ဆင်ဆာပိတ်ပင်မှု ကောင်းစွာရှင်သန်နေသည်။

မြန်မာနိုင်ငံအတွင်းမှ တကယ့်ဖြစ်ရပ်မှန်များက ကွဲပြားခြားနားသော ဇာတ်လမ်းကို ဖော်ကျူးပြနေသည်။ လတ်တလောThe Voice Weekly နှင့် Envoyဂျာနယ်နှစ်စောင်ကို ပိတ်ပင်လိုက်သည် စာပေစိစစ်ရေးဘုတ်အဖွဲ့၏ နောက်ပြန်ခြေလှမ်းကို ပြည်တွင်းသတင်းထောက်များက ပြင်ဆင်ရှုတ်ချခဲ့ကြ သည်။

လွတ်လပ်စွာပြောဆိုခွင့်ကိစ္စသည် မြန်မာအသိုင်းအဝိုင်းတွင် အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ လွတ်လပ်စွာပြောဆိုခွင့် ချုပ်ချယ်မှုနှင့် မီဒီယာဆင်ဆာတင်းကြပ်မှု သမိုင်းကြောင်းရှိခဲ့သော နေပြည်တော်အာဏာပိုင်များသည် လွတ်လပ်သော လူ့အဖွဲ့အစည်းမှ မီဒီယာလွတ်လပ် ခွင့်ပုံစံကို သိသာထင်ရှားစွာ လက်ခံအသုံးပြုခြင်း မရှိပေ။

အကယ်၍မြန်မာနိုင်ငံသည် ဒီမိုကရေစီအမည်ခံပြီး ဆင်ဆာတင်းကြပ်မှုကိုမလျှော့ပါက ကမ္ဘာ့အလယ်တွင် ရယ်ရွှင်ဖွယ်ဟာသတစ်ခု ဖြစ်လာ တော့မည်။ အစိုးရအဖွဲ့ရာထူးအပြောင်းအလဲ သတင်းဖော်ပြခြင်းကို မြန်မာအာဏာပိုင်များ မနှစ်သက်ခြင်းအပေါ် နားလည်နိုင်သူ တစ်ဦးတစ်လေ ရှိပါ လိမ့်မည်။ မြန်မာနိုင်ငံရေးတွင် ဝန်ကြီးနာမည် အသစ်များကြေညာခြင်းသည် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း ကိုရည်ညွှန်းသည်။

အကယ်၍ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေး နှင့်ဒီမိုကရေစီ ကူးပြောင်းခြင်းလမ်းကြောင်း အတိုင်းရှေ့ဆက်သွားလိုသည့် ဆန္ဒရှိပါက နိုင်ငံရေးလှုပ်ရှားမှုများကို အသားကျနေဖို့လိုအပ်သည်။သို့မဟုတ်ပါက အံ့ဖွယ်ဖြစ်ရပ်ဟု တင်စားရသော ပြုပြင်ပြောင်းလဲမှု ရလာဒ်များ အားလုံးရေစုန်မျော နောက်ပြန်လျှောကျသွားနိုင်စရာ ရှိသည်။

အကယ်၍ သတင်းမီဒီယာများကို ဆက်လက်ပိတ်ပင်ထားမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအား သူတို့မြင်နေရသော အရာများသည် တကယ် အစစ်မဟုတ်ဟု ဆိုသောအချက်ကို မှားယွင်းပြသမိရာ ရောက်မည့်အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်နှင့် အစီအစဉ်များအပေါ်တွင်လည်း ဆန့်ကျင်ဘက်ဆိုးကျိုးများ သက်ရောက်လာနိုင်သည်။

လတ်တလောတွင် အပြုသဘောဆောင်သော အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံထဲသို့ အနောက်အုပ်စုနှင့် အခြားအာရှနိုင်ငံများ အပြေးအ လွှား ဝင်ရောက်လာနေကြသည်။ လွန်ခဲ့သော တစ်နှစ်ကျော် ကတစ်ကမ္ဘာလုံးဝိုင်းဝန်း အပြစ်တင် ရှုတ်ချခံရသော မြန်မာနိုင်ငံကို မေ့ထားလိုက်ကြပြီ။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် မီဒီယာကို ချုပ်ချယ်ချင်သော အယူအဆကို ပြန်စဉ်းစားဖို့ လိုသည်။အလုံးစုံ ပြုပြင်ပြောင်းလဲမှု များဆက်လက် ပြုလုပ် လျက်ရှိသော မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်၌ ပြဋ္ဌာန်းဖွယ်ရှိသော မီဒီယာဥပဒေသစ်သည် နိုင်ငံ၏ အရေးပါသော ကိရိယာ တစ်ခုဖြစ်လာလိမ့်မည်။

မြန်မာနိုင်ငံ၏ မီဒီယာဥပဒေသည် နိုင်ငံတံခါးဖွင့်ပြောင်းလဲမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်တို့ကို အားပေးမှုတို့နှင့်ကိုက်ညီ၍ ခေတ်မီမှုရှိစေရန် အတွက် မြန်မာသတင်းမီဒီယာ လောကသားများ ကိုနိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများက အကူအညီပေးလျက်ရှိသည်။

နေပြည်တော်သည် ယင်း၏ ပွင့်လင်းမှု အခန်းသစ်အပေါ် အပြစ်တင်ဝေဖန်သူများကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။လတ်တလောဂျာနယ်နှစ်စောင် ပိတ်ပင်မှုကိစ္စသာမရှိပါက မြန်မာ့မီဒီယာလွတ်လပ်ခွင့်သည် အာဆီယံ အတိုင်းအတာအားဖြင့် ယခင်ကထက်ပိုမို အဆင့်မြင့်လာခဲ့သည်။

နေပြည်တော်အနေဖြင့် မီဒီယာတို့၏ အလုပ်ဖြစ်ပုံနှင့် ၎င်းတို့၏ ကဏ္ဍကို အသိအမှတ်ပြု၍ စတင်အားပေးရမည်ဆိုသည်ကို အသိအမှတ်ပြု၍ စတင် အားပေးရမည်ဆိုသည်ကို သိရှိသဘောပေါက်ရန် လိုအပ်သည်။နိုင်ငံတိုးတက်လာသည်နှင့်အမျှ တစ်နေ့ချင်းဖြစ်ရပ်များကို အချိန်နှင့်တပြေးညီ သတင်း ပေးမှုများ မရှိမဖြစ်လိုအပ်လာသည်။မှားယွင်းသော သတင်းဖော်ပြမှုများ ရှိကောင်းရှိလာနိုင်သော်လည်း ယင်းကိစ္စသည် မီဒီယာများကို ပိတ်ပင်ဟန့်တားရ မည့် အကြောင်းအရာတစ်ခုမဟုတ်ပါ။

ပြည်တွင်းမှ မီဒီယာသမားများအနေဖြင့်လည်း ယခင်ဝါဒဖြန့် အာဏာရှင်စနစ်ဟောင်းနှင့်မတူတော့သော နိုင်ငံရေးနယ်ပယ်သစ်တွင် အကဲဆတ် သော ကိစ္စများကို ဂရုတစိုက်ကိုင်တွယ်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်သင်ယူမှုများ ပြုလုပ်ရပါလိမ့်မည်။ အဆင့်မြင့်တိုးတက်လာသော မီဒီယာသည် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံကို ကူညီနိုင်ပါလိမ့်မည်။

သတင်းများကို ပွင့်လင်းမျှတစွာဖော်ပြရန် ဝေဖန်သုံးသပ်ချက်များ ဖော်ပြနေသောသတင်းစာစောင်များအပေါ် ပိတ်ပင်ရန်အကြောင်းလုံးဝမရှိသင့်ပါ ဟု အကြံပြုတင်ပြလိုက်ပါသည်။

Yangon chronicle

0 မန္တလေးမြို.ချမ်းမြသာစည်မြို.နယ်ဘုရားကြီးအလယ်တိုက်ဒိက္ခိဏာရာမတိုက်တွင် ၂၄ နှစ်မြောက်ရှစ်လေးလုံးငွေရတုအကြို ပွဲတွင်ပြသထားသော ပါဖောင့်မန်.မြင်ကွင်း

မန္တလေးမြို.ချမ်းမြသာစည်မြို.နယ်ဘုရားကြီးအလယ်တိုက်ဒိက္ခိဏာရာမတိုက်တွင် ၂၄ နှစ်မြောက်ရှစ်လေးလုံးငွေရတုအကြို ပွဲတွင်ပြသထားသော ပါဖောင့်မန်.မြင်ကွင်း ကြိုးနဲ.နှောင်တည်းခံထားရတဲ့ ကျောက်သင်ပုန်းတချပ်
မန္တလေးမြို.ချမ်းမြသာစည်မြို.နယ်ဘုရားကြီးအလယ်တိုက်ဒိက္ခိဏာရာမတိုက်တွင် ၂၄ နှစ်မြောက်ရှစ်လေးလုံးငွေရတုအကြို ပွဲတွင်ပြသထားသော ပါဖောင့်မန်.မြင်ကွင်း မှ သွေးစွန်းခဲ့ရတဲ့ ဖိနပ်တွေ


Photo..baydar lan

0 ၈၈၈၈အရေးတော်ပုံငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ပြည်ထောင်စုဝန်ကြီးများတွေ့ဆုံအလှူငွေပေးအပ်


ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊အလယ်တိုက်ကြီး၊ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။

အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
88 Generation studients
video..dvb

Tuesday, August 7, 2012

0 ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း






ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)မှ ပညာရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ် ပန်းချီဆရာမောင်မောင် (ခ) ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်) ဥက္ကဋ္ဌ အား ဂုဏ်ပြု၍ ပုံတူပန်းချီနှင့် ပန်းပု လက်တွေ့ရေးဆွဲ ထုလုပ်ခြင်း အခမ်းအနားအား ၅.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်မှ စတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ တည်ဆောက်ဆဲ ခန်းမဆောင် (အသစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးကျော်သူသည် ပန်းချီပညာရပ်အား ငယ်ရွယ်စဉ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း နွေရာသီပန်းချီရက်တိုသင်တန်းအား ပန်းချီဆရာကြီး ဦးသောင်းဟန်ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် ဒေသကောလိပ် - ၂ (လှိုင်)၊ တက္ကသိုလ်ပန်းချီပြပွဲ၌ ပန်းချီ မောင်မောင်အမည်ဖြင့် ပိုစတာကာလာ ပန်းချီကားချပ် (၁ဝ) ချပ်ကို ဝင်ရောက်ပြသခဲ့သည်။ ဒုတိယ အကြိမ် ၁၉၈၆ ခုနှစ်တွင် ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်သည့် “အဇ္ဈတ္တပန်းချီ” ပြပွဲ၌ “နာကြည်းမှု (ဘဝဈေး)” သရုပ်ဖော်ပန်းချီ ကားချပ်တစ်ချပ် ပြသခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ပန်းချီလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပန်းချီကျော်သူအမည်ဖြင့် ရေးဆွဲထားသော “မမြင်ချင်၊ မကြားချင်၊ မပြောချင်” ပန်းချီကားချပ်အား စိတ်ကျန်းမာရေး အထူးကုဆေးရုံရှိ ပန်းချီပညာရပ်ဖြင့် ကုသနည်းခန်းမအတွက် လှူဒါန်းခဲ့သလို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား “ကြာလိုလူ” အမည်ရှိ သရုပ်ဖော်ပန်းချီကားချပ်တစ်ချပ် လှူဒါန်းပေးအပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် လောကနတ်ပန်းချီခန်းမ၌ “ဆူး” အမည်ရှိ ပေါက်ကွဲမှုပန်းချီကားချပ်တစ်ချပ် ပြသခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ကို အလည်ရောက် ဘဝ … ဘဝတွေကိုဖြတ်သန်း လှော်ခတ်ရင်း ငြိမ်းချမ်းမှု သစ္စာတရားကို ရှာဖွေတွေ့ရှိခဲ့သူ လူသားတစ်ယောက်၏ ပုံရိပ်မှတ်တိုင်များ (သို့) ကျော်သူ၏ Kyaw Thu`s Art Zone အမည်ဖြင့် ကိုယ်ပိုင်ပန်းချီပြခန်းအား ဖွင့်လှစ်ကာ တစ်ကိုယ်တော်ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် တစ်ကိုယ်တော် ပန်းချီပြပွဲအား Kyaw Thu`s Art Zone Vol:2 အဖြစ် ဒုတိယအကြိမ်မြောက် ပြသနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင်လည်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် First Break Out အမည်ဖြင့် ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ပန်းချီမောင်မောင် (ခ) ကျော်သူသည် ယနေ့ချိန်ထိ ပန်းချီကားချပ်များအား ရေးဆွဲလျှက်ရှိသည်။

ထိုကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ ပန်းချီဝါသနာရှင်လည်းဖြစ်သူ လူမှုရေးလောကတွင်လည်း အများအတွက် ပေးဆပ်လုပ်ကိုင်နေသူတစ်ဦးအား ဂုဏ်ပြုသောအားဖြင့် ၅.၈.၂ဝ၁၂ ရက်နေ့ နံနက်တွင် ဦးကျော်သူ၏ ရုပ်ပုံလွှာအား ပုံတူပန်းချီ၊ ပန်းပုပညာရှင်များက အမှတ်တရဂုဏ်ပြု ရေးဆွဲပွဲအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပန်းပုပညာရှင်ဆရာကြီးများ ဖြစ်ကြသော ဦးလွင်မောင်၊ ဦးတင်မြ၊ ဦးကြည်စိန်လေး (ထားဝယ်)၊ ဦးမြမောင်၊ ဦးကျော်ညွန့်၊ ဦးဆန်နီညိမ်း၊ စာပေလောကမှ ဦးဝင်းငြိမ်း (ရွှေအမြုတေ၊ အလင်းတန်းဂျာနယ်)၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်) စာပေပညာရှင်များနှင့် စိတ်ဝင်စားကြသူများ တက်ရောက်အားပေးခဲ့ကြသည်။ ပန်းချီ ပညာရှင်ဆရာများဖြစ်ကြသော ဦးသက်အောင်၊ ဦးသပြေမြင့်သိန်း၊ ဦးဇော်ဝင်း(ငှက်ပျောသီး)၊ ဦးကြင်၊ ဦးဇော်ဝင်းဖေ၊ ဦးရဲမြင့်(ရှေ့သို့)၊ ဦးရွှေမြင့် အစရှိသည့် ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးခန့်တို့သည် နံနက် (၉း၃ဝ) နာရီအချိန်ခန့်မှ စတင်ကာ ညနေ (၄းဝဝ) နာရီအချိန်ထိ ရေးဆွဲခဲ့ကြကာ ပန်းချီဆရာများ၏ မျိုးဆက်သစ် သမီးငယ်လေးတစ်ဦးမှလည်း ဦးကျော်သူ၏ ဂျိုးငှက်လွှတ်နေသည့်ရုပ်ပုံအား အမှတ်တရ ရေးဆွဲခဲ့ပြီး ပန်းပုပညာရှင် ကိုကျော်ကျော်မင်းမှ ဦးကျော်သူ၏ ပုံတူရုပ်တုအား ထုလုပ်ခဲ့ကြပြီး ပန်းချီ ကားချပ်များနှင့် ရုပ်တုအား ဦးကျော်သူအတွက် အမှတ်တရ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

ကျော်ကျော်မင်း (ပန်းပုပညာရှင်)


ကိုကျော်သူကတော့ မူလအစက ပန်းချီဆရာ မောင်မောင်ဖြစ်ပါတယ်။ ကျွန်တော်တို့လို ပန်းချီ ဆရာတွေထဲကနေ အခုလိုမျိုး ပြည်သူတွေကို အကျိုးပြုတဲ့လူတစ်ယောက် ပေါ်ထွန်းလာတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုရေးဆွဲခြင်းဖြစ်ပါတယ်။

ရွှေမြင့် (ပန်းချီ)

ဦးကျော်သူလုပ်ခဲ့တာက ရုပ်ရှင်ကိစ္စတို့၊ နာရေးကူညီမှုကိစ္စတွေ သူကလုပ်ခဲ့တော့ ကျွန်တော်တို့က လေးစားတယ်။ လေးစားတော့ ဂုဏ်ပြုပွဲလေးလုပ်ပြီး သူရဲ့ ပေါ့ထရစ် ရေးဆွဲမယ်။ သူ့ရဲ့ပုံစံမျက်နှာက အရမ်းရေးချင်တဲ့ ပုံမျိုးဖြစ်တယ်။

ဇော်ဝင်း (ငှက်ပျောသီး)


ဦးကျော်သူကို များသောအားဖြင့် သိကြတာကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ တွဲဖက်ပြီး ဘယ်လိုမှ ခွဲခွာလို့မရပါဘူး။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဂုဏ်ပြုရေးဆွဲခြင်း ဖြစ်ပါတယ်။

ဇော်ဝင်းဖေ (ပန်းချီ)

အရင်က ကျွန်တော်တို့ ရေးနေကြတာ အမျိုးသမီးပုံတွေ၊ ကိုရင်လေးတွေ ဒါမျိုးလေးတွေ။ အခု နောက်ပိုင်းမှာ တကယ့်အမှတ်တရ ဖြစ်နိုင်လောက်တဲ့၊ ဖြစ်စေလောက်တဲ့ ပုဂ္ဂိုလ်တွေကို ရေးဆွဲကြတာ တွေ့ရတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဦးကျော်သူဆိုတာ အခုအချိန်မှာ ကိုယ်မလုပ်နိုင်တဲ့ ကိုယ် မဖြည့်နိုင်တဲ့ ပါရမီကိုဖြည့်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ရေးခွင့်ရခဲ့တယ်။

ကြည်စိန်လေး (ထားဝယ်)

ဦးကျော်သူလိုပုဂ္ဂိုလ်မျိုး ယခုမြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီးတော့ အများအတွက် အထောက်အကူ ပြုနေတဲ့ လူတစ်ယောက် ကျွန်တော်တို့ မြန်မာမှာရော၊ ကမ္ဘာမှာရော ဂုဏ်ယူစရာ လူတစ်ယောက်အနေနဲ့ ရုပ်တုတစ်ခုထားသင့်တဲ့ အခြေအနေမှာလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဦးကျော်သူရုပ်တုကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အကောင်းဆုံးရုပ်တုတစ်ခုအနေနဲ့ နိုင်ငံခြားမှာ ဒေါက်တာတွေကို ထုထား သလို ထုချင်တဲ့ဆန္ဒ ပြင်းပြနေလျှက်ရှိပါတယ်။

ဦးဆန်နီညိမ်း (ပန်းပု)


ပုံတူဆွဲတယ်ဆိုတာ အနုပညာရှင်တစ်ယောက်ကနေပြီးတော့ နောက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို သူကတစ်ဆင့်ဖော်ပြတာပဲ။ ကိုယ်နဲ့နီးစပ်ရာတွေ ဒါမှမဟုတ် ကျော်ကြားတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ မှတ်တမ်းတင်ခဲ့ချင်လို့။ မှတ်တမ်းတင်သင့်တဲ့သူတွေကို ဆွဲတာပေါ့။ အခု ကိုကျော်သူကို ပုံတူဆွဲကြတယ်ဆိုတာကလည်း သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့တာတွေ၊ သူသယ်ပိုးခဲ့တာတွေ ကို လေးစားတန်ဖိုးထားပြီးတော့ ပုံဆွဲကြတာပါ။ ဒီကနေပွဲရဲ့ ဖန်တီးမှုကတော့ အားရစရာပါပဲ။

ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်)

လက်တွေ့ရေးဆွဲတယ်။ လက်တွေ့ဓါတ်ပုံရိုက်တယ်ဆိုတာ များသောအားဖြင့် မိန်းမချောချောလေး တွေကို ဆွဲကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အခုလို ထူးခြားတဲ့ပုံအနေနဲ့ ကိုကျော်သူကို ပန်းချီဆွဲကြတယ်။ ပန်းပုထုကြတယ်။ အင်မတန်ထူးခြားပါတယ်။ အဲဒါကြောင့် ကျွန်တော်ကြွရောက် ချီးမြှင့်ခဲ့တာပါ။ ပန်းချီ ကိုဇော်ဝင်း(ငှက်ပျောသီး)ဆိုလို့ရှိရင် စတိတ်ရှိုးတွေဆွဲရင် ပေအတော်မြင့်မြင့် ပုံကြီးတွေကို လက်တန်းဆွဲ နိုင်တဲ့ဆရာပါ။ သူဒီမှာလာပြီးတော့ ရေးဆွဲနေတယ်ဆိုတာ အတော်ကို အံ့သြစရာပါ။ ကြည်နူးစရာပါ။

ကိုလင်း (သတင်းထောက်)

ဓါတ်ပုံဆရာတွေစုပြီးတော့ မော်ဒယ်(လ်)တွေကို ရိုက်ကြတယ်။ အခုလို ထူးထူးခြားခြား ပန်းချီ လည်းပါတယ်။ ပန်းပုလည်းပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘာလည်းဆိုတော့ ကျော်သူက မော်ဒယ်(လ်)သဘောမျိုး ထိုင်နေတယ်ဆိုပေမယ့် ကျော်သူကို ရေးဆွဲကြတာမဟုတ်ဘဲနဲ့ ကျော်သူရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပြီးရေးဆွဲကြတာဆိုတော့ ကောင်းပါတယ်။ ပန်းချီဆရာအချင်းချင်းနဲ့လည်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ တစ်ယောက်ပညာ တစ်ယောက်ရမယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။

ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် (နာရေးကူညီမှုအသင်း-ရန်ကုန်) အတွင်းရေးမှူး

ကိုကျော်သူကတော့ တစ်ချိန်က အင်မတန်မှ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပေါ့။ အဲဒီဘဝတုန်းက ဘယ်သူမှသူ့ကို ပန်းချီဆွဲပေးဖို့၊ ပန်းပုထုပေးဖို့ သူ့အလိုလို စိတ်ဝင်စား တဲ့လူမရှိခဲ့ဘူး။ အခုချိန်မှာ သူ့အလိုလို စိတ်ဝင်စားပြီးတော့ ရုပ်ရည်အနေနဲ့တော့ မလှတော့ဘူး။ အများ အကျိုးကို ရွယ်သယ်ပိုးတဲ့လူတစ်ယောက်၊ ဒီလူရဲ့စိတ်ဓါတ်ကို လေးစားလို့ လာရောက်ပြီး ရေးဆွဲကြတော့။ ကျွန်မ ဘာသွားမြင်လည်းဆိုတော့ စိတ်ဓါတ်ရဲ့ အနှစ်သာရက ရုပ်ရည်ပကာသနထက် ပိုပြီးတော့ အင်အားကြီးတာကိုမြင်တယ်။ ရေးဆွဲကြတဲ့ ပညာရှင်တွေကလည်း အကာနဲ့အနှစ်ကို ခွဲတတ်တဲ့သူလို့ ကျွန်မနားလည်တယ်။

ကျော်ကျော်မြင့် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသား

အရင်ကနဲ့ အခုအချိန်မှာ ကွာခြားမှုကတော့ အကြီးကြီးဖြစ်သွားပြီ။ အရင်တုန်းကတော့ မင်းသား တစ်ယောက်အမြင်နဲ့ သိကြတယ်။ အခုက ပြည်သူတွေကို အကျိုးပြုနေတဲ့ ပရဟိတဆိုတော့ မင်းသားနဲ့ ပရဟိတသမား ပြည်သူတွေကိုပေးဆပ်တဲ့ အနေအထားခြင်းလည်း အရမ်းကွာသွားပြီ။ အဲဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။

ဝင်းလဲ့ဇင် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသူ

ဒီနေ့မြင်ကွင်းလေးက ကြည်နူးဖို့အရမ်းကောင်းပါတယ်။ ဘာပဲပြောပြော မင်းသားဘဝတုန်းက အခုလိုမျိုးမရှိခဲ့ဘူး။ အခုလိုမျိုး လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့အခါကြတော့ သူ့ပုံတူတွေလည်းဆွဲတယ်။ ပန်းပုထုကြတယ်ဆိုတော့ အရမ်းလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးတို့၏ မတူညီသော ရေးချက်များ၊ ရေးပုံ ရေးနည်း ပညာရပ်များတို့ ကြောင့် ဦးကျော်သူ၏ ပုံရိပ်လွှာများ၊ ပန်းချီကားများသည် ဦးကျော်သူကိုယ်ပွား ရုပ်ပုံလွှာ (၄ဝ) ထွက်ရှိလာခဲ့သော်လည်း ဦးကျော်သူ၏ အတွင်းစိတ်သဏ္ဍာန် ခံယူချက်များသည်ကား ပုံရိပ်လွှာတိုင်းတွင် ထူးခြားစွာဖြင့် တစ်ခုတည်းသော စိတ်အစဉ်ကို ဖော်ပြနေခြင်းအား တွေ့မြင်လိုက်ရ တော့သည်။

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.