Saturday, August 13, 2011

0 သတင်းစာရှင်းလင်းပွဲမှာငိုယိုပြတဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း (ရုပ်/သံ)

0 ပြည်ဖျက်အုပ်စု ရှေ့ထွက်မင်းသားကြီးရဲ့ ငိုချင်း

မနေ့က (၁၂.၈.၂၀၁၁) အစိုးရသစ်ဆိုတာရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ပါသတဲ့။ ထုံးစံအတိုင်း ပြည်ဖျက်အုပ်စုရဲ့ အလိမ်အပတ်ဝိဇ္ဇာ ပြိတ္တာကျော်ဆန်းက ထွက်ရှင်းတယ်ဆိုပဲ။ ဒီတခါတော့ ပုံစံတမျိုးနဲ့ရှင်းပါတယ်။ ဘယ်လိုရှင်းလဲဆိုတော့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တည့်တည့်မဖြေဘဲ အားလုံးရဲ့ရှေ့မှာ ငိုချပြလိုက်သတဲ့။ အဲဒီမှာတင်ပဲ သတင်းစာရှင်းလင်းပွဲက ဘာမှဆက်မေးလို့မရတော့ဘဲ ရပ်ဆိုင်းလိုက်ရပါတော့တယ်။ ကဲ... ဘယ်လောက်တော်လိုက်သလဲ။

ဒါအဖြေပါပဲ။ အစိုးရသစ်ပဲပြောပြော၊ ဘာပဲပြောပြော။ နောက်ကွယ်က တပ်ချုပ်ကြီးကို လုံးဝမလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။ တချက်အဖြေမှားသွားတာနဲ့ ကားသွားမယ်ဆိုတာ ဗိုလ်ကျော်ဆန်းတို့ ကောင်းကောင်းသိပြီးသား။ အဲတော့ သူငိုချင်းချပြလိုက်တယ်။ တပ်ချုပ်ကြီးလည်း တော်တော်ကျေနပ်သွားပါလိမ့်မယ်။ ဒီကောင်မဆိုးဘူး။ ငါတို့အတွက် သောက်ရှက်မရှိ ငိုပြရဲတယ်ဆိုပြီး ရာထူးတောင် တက်ချင်တက်သွားနိုင်ပါတယ်။ သူပြောသွားတဲ့ စကားထဲမှာ သူတို့လောက်တိုင်းပြည်ကို ချစ်တဲ့လူ မရှိတော့တဲ့ အတိုင်းပါပဲ။

သေသေချာချာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုတောင် ဖြစ်လာတယ်။ သူတို့က တိုင်းပြည်ကိုပဲချစ်တာလေ။ ပြည်သူလူထုကို လုံးဝ မချစ်ပါဘူး။ ဒါကြောင့် သူတို့အုပ်စုက နေပြည်တော်မြို့သစ်ကြီးကို မရမကဖန်တီး။ ပြည်သူလူထုနဲ့ခွဲပြီး သီးသန့်နေလိုက်ကြတာပေါ့။ ပြီးတော့ သူတို့ချစ်တဲ့တိုင်းပြည်ကြီးကို သူ့ထက်ငါ အလုအယက်ချစ်လိုက်ကြတာ။ တိုင်းပြည်ကြီးလည်း တစစီဖြစ်သွားတော့တာပါပဲ။ စစ်ဗိုလ်ချုပ်တွေ အချစ်ကြီးပုံများ တတိုင်းတပြည်လုံး ပိုးလိုးပက်လက်ကို လန်နေရောဗျို့....။

အခုလည်း သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်းမေးတာပါ။ ဒီမြစ်ဆုံဆည်စီမံကိန်းကို အများကကန့်ကွက်နေကြပြီး ဘယ်လိုဆက်လုပ်မလဲပေါ့။ ဒါလေးမေးမိတာနဲ့ သူဖြေပုံက “တပ်မတော်အစိုးရက ၁၉၈၈-ခုနှစ်ကတည်းက ဒုက္ခခံခဲ့ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက အနစ်နာခံပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့်ကိစ္စ ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျနော်တို့ကို ၀ိုင်းဖိနှိပ်ပြီး...” အဲဒီမှာတင် စကားရပ်သွားကာ ငိုတော့တာပါပဲ။

သူတို့လုပ်သမျှ အပြစ်ကြီးပဲ ပြောနေကြတာပဲ။ ဘာမှန်းလည်း မသိဘူးဆိုတဲ့အကွက်နဲ့ ငိုချပစ်လိုက်တာ မို့မို့မြင့်အောင်တောင် လက်ဖျားခါလောက်ပါရဲ့။ စစ်ဗိုလ်ချုပ်တွေလည်း သူတို့ကတော်တွေက ရာထူးတည်မြဲရေးအတွက် နတ်ကနားတွေ ခဏခဏပေးနေရတာနဲ့ သူတို့ကိုယ်တိုင် အခြောက်တွေဖြစ်နေပြီဆိုတာ ခုမှပဲရုပ်လုံးပေါ်လာတော့တယ်။ ပြည်သူလူထုကတော့ အားလုံးသိနေပြီးသားပါ။

အရပ်ထဲက စကားနဲ့ ပြောရရင် “တော်စမ်းပါ... ကျော်ဆန်းရာ... မင်းလယ်က ထွက်သမျှစပါး အားလုံး အဖျင်းတွေချည်းပါပဲ။ ဒီတော့ ပြိတ္တာမျက်ရည် နောက်ထပ်ကျမပြပါနဲ့တော့ကွာ။ ပြည်သူတွေ ဒီ့ထက်ပိုပြီး ဒုက္ခရောက်ကုန်ကြဦးမယ်....”

N.M.T (ညီမင်းသစ်)

0 Press conference of Daw Aung San Suu Kyi and U Aung Kyi after the meeting

ဒီတခါလည်းစာရွတ်ကိုင်ထွက်ပြီးပြန်လာတဲ့ ဦးသိန်းစိန်ရဲ့မြန်မာဘာသာပြန်ဦးအောင်ကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲအခန်းဆက် ဇာတ်လမ်းတွဲ (နောက်နောက်ဆို မြန်မာပြည်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေ မပြတော့ဘူးတဲ့)

သတင်းထောက်များ၏ မေးခွန်း ဖြေကြားချက်များ

၁။ မေး ။ ။ ကျနော် ရန်ကုန်တိုင်း ဂျာနယ် က ဦးလှိုင်ထွန်း အယ်ဒီတာချုပ်ပါ ဒုတိယအကြိမ် တွေ့ဆုံမူ ကနေ ဘယ်လို ကဏ္ဍ တွေ မှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲတိုးတက် လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မျှော်လင့် ထားပါသလဲ ခင်ဗျာ…။

ဖြေ ။ ။ ကျမ တို့ဒီအထဲမှာ ပါတဲ့ အတိုင်းပဲ ကဏ္ဍ အသီးသီးမှာ တိုးတက် လာမယ်လို့ ကျမတို့မျှော်လင့် ထားပါတယ် နောက် အားလုံးပေါ့လေ တိုင်းပြည်အတွက် ကောင်းတဲ့ ဟာတွေ အားလုံးအတွက် နေရာတကာမှာ တိုးတက် မူ့ရှိမယ်လို့မျှော်လင့် ပါတယ် ။

မေးခွန်းတွေ က သိပ်မရှင်းလို့ ကျမ ကောင်းကောင်းနားမလည်ဘူးရှင်းရှင်း မေးပါနော်..။

မေး ။ ။ အရင်တပတ် တုန်းက ဒီလိုပဲ ယေဘူယျ သဘောပဲ ပြောသွားတာ ဖြစ်လို့ပါခင်ဗျ ။ ဘယ်လိုကဏ္ဍတွေမှာ ..ဥပမာ တိုင်းရင်းသား ကိစ္စ စသည်ဖြင့် ဒီလိုကိစ္စ မျိုးတွေမှာ ဘယ်လို မျိုးတိုးတက် မှု့ တွေရလာမယ်လို့ ယူဆ ပါသလဲခင်ဗျာ။

ဖြေ ။ ။ ကျမတို့ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စ တွေမှာလဲ တိုးတက်မူ့ ရှိရမှာပဲ ဘယ်ဖက် မှာမဆို တိုးတက်မှု့ ရှိရမှာပဲ တကယ်တော့ ကျမတို့နိုင်ငံရဲ့ အကျိုးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် မီဒီယာအပါအ၀င်ပေါ့ တိုးတက် မူ့ဆိုတာ ရှိရမှာပေါ့။

၂။ မေး ။ ။ ပြီးခဲ့တဲ့ တခေါက် ပူးတွဲထုတ်ပြန်ချက် ကြေညာသွားပါတယ် အဲဒီမှာ သဘောထားကွဲလွဲနေမူ့ ၊ စိတ်ဝမ်းကွဲပြားနေမှု့တွေကို ဆွေးနွေး တယ်လို့ ပြောပါတယ် အဲဒါ က အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ကိုပြောတာပါလား ဒါမှမဟုတ် လက်နက် ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရနဲ့ အကြား ကိုပြောတာပါလား နောက် တစ်ခုက အဲဒီမှာ လဲ ပါပါတယ် …တရားဥပဒေ စိုးမိုးရေးကိစ္စ ဆွေးနွေးတယ်လို့သိရပါတယ် …အဲဒီလိုဆွေးနွေးတာ က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ တရားမ၀င်ဘူးလို့ပြောထားတာ ရှိပါတယ် အဲဒီတော့ အဲကိစ္စ တွေ ကို ဆွေးနွေးတာပါလား ရှင်…။

(ဦးအောင်ကြည်)ဖြေ ။ ။ အဲဒီတော့ ကျနော်တို့ စိတ်ဝမ်းကွဲပြားမူ လျှော့ပါးရေး ဆိုတဲ့ကိစ္စ ဟာနေရာတိုင်းမှာ ရှိနိုင်ပါတယ် ။ သဘာဝ အားဖြင့် ကျနော်တို့က ( Diversity and Unity )ဆိုတဲ့ သဘောပေါ့ ဘယ်လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်းကွဲပြားမှု့ ဆိုတာ ရှိနိုင်ပါတယ် သို့ရာတွင် ကျနော် တို့ ဟုတ်လား … အခု ကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှု့ ကိုတော့ ကျနော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတဲ့ အနေအထားဖြစ်ပါတယ်။

၃။ မေး ။ ။ ကျနော် ဦးအောင်ကြည် ကိုမေးချင်ပါတယ် ။ ပူးပေါင်းဆောင်ရွက်မှု့ ရှိတယ်ဆိုပြီးတော့ ပြီးခဲ့ တဲ့တ ခေါက် တွေ့ဆုံမှု့ ကလဲ ပြောခဲ့ ပါတယ် ။ ဆိုတော့ အဲဒီ ပူးပေါင်းဆောင်ရွက်မှု့ က ဘယ်လိုစလုပ်နေပြီ လဲ လုပ်နေပြီဆိုလဲ ဘယ်အခြေအနေ ရောက်နေပြီလဲ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက် လဲပြောထားပါတယ် အဲဒါကိုရော ရှေ့ဆက်ပြီးတော့ မှ ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာ သိချင်ပါတယ်။

ဦးအောင်ကြည် (ဖြေ) ။ ။ ဒါတွေ အားလုံးဟာ ပူးပေါင်းဆောင်ရွက်မှု့ ခေါင်းစဉ် အောက်မှာ ပါပါတယ် ကျနော် တို့ ပူးပေါင်းဆောင်ရွက် တယ်ဆိုတာဟာ တကယ့် ကျနော်တို့နိုင်ငံအတွက် လိုအပ်တဲ့ ( Main Problem ) ကြီး တခုပါ ဒါကြီးကို ကျနော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည် သွားပြီဆိုတဲ့ အချိန် ကျလို့ရှိရင် ကျန်တဲ့ ကိစ္စ အားလုံး ဒီ ( Main Problem) ကြီးရဲ့ အကျိုးဆက်တရားများ တနည်းအားဖြင့်တော့ (Corollary) ပေါ့လေ အဲဒါတွေ ဖြစ် လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မဲ့ အနေအထားလဲဖြစ်ပါတယ် ဆိုတဲ့ အကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် …အားလုံးကို ကျေးဇူးတင်ပါတယ် …။

National League for Democracy

0 Absdfဥက္ကဌဟောင်းကိုထွန်းအောင်ကျော်မှ ပြည်ထောင်စုတပ်မတော်အဖြစ်ပြောင်းလဲရန်လိုကြောင်းပြောကြား(ရုပ်/သံ)


Htun Aung GYaw's Speech on FBE Forum in Paris


Burma arm struggle needs to change under "Pyi Thaung Suu Tat". It is crucial for united under "Federal Army" comprised with ethnic resistance groups and student army.

Friday, August 12, 2011

1 မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး

www.voanews.com/burmese မှ ကူးယူ ဖော်ပြသည်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။

ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။

မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။

ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။

နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။

ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

0 ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အိတ်ဖွင့်ပေးစာအပေါ် ၀ါရင့်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၏သဘောထား





0 ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)




ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)

၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များစွာ သေဆုံးရကြောင်းလည်း သိရသည်။

ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။

သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။

ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။

ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -

၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်

၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်

အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။

ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။

(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

ဒဂုန်တာရာ

၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ

ကိုကျော်သူ



0 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဧရာဝတီမြစ်ကြီးကယ်တင်ရေးအတွက် ပန်ကြား

Irrawaddy Appeal

Thursday, August 11, 2011

0 ဧရာဝတီ မြစ်ဆုံမှာ ရေကာတာဆောက်ရင် ဒီရုပ်ရှင်ကားထဲကလိုဖြစ်သွားမယ် (ရုပ်/သံ)


Up the Yangtzi ဆို တဲ့ Documentary Films လေး ကို ကြည့် ဖို့  ညွှန်းချင်ပါတယ်။

Yang Tzi - ယန်ဇီမြစ် ( တရုတ်လို ယန်ကျဇ်ကျန်း၊ ချန်ကျန်း ) လို့ ခေါ် တဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြစ်တစ်စင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းကားလေး တစ်ကားဖြစ်ပါသည်။

မြစ်အပေါ် ပိုင်း မှာ The Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခု တည်ဆောက်လိုက်လို့  မြစ်အကြေ မှာ ရှိတဲ့ ရွာတွေ မြို့ တွေ တိမ်ကော ပြီး၊ လူနေမှုဘ၀ တွေ ကို ပြောင်းလဲသွားတဲ့ အကြောင်း ကိုရိုက်ကူးထားပါသည်။

အဓိကဇာတ်ဆောင် ဖြစ်တဲ့ ကောင်မလေး Cindy Shui ရဲ့ မိသားစုဘ၀ ကို ရိုက်ကူးပြသရာ မှာ ဆည်ကာတာ တည်ဆောက်ခြင်းကြောင့်နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ မြစ်အောက်ပိုင်း မှာ မြစ်တိမ်ကောသွားလို့  မိသားစု လက်ငုတ်အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေး မအောင်မမြင်ဖြစ်ပီး ငတ်ပြတ်မွဲတေ ပုံ၊ ကျောင်းဆက်မတက်နိုင်လို့  မြစ်အသေ ထဲမှာ ပြေးဆွဲနေတဲ့  ကမ္ဘာလှည့်ခရီးသည်တွေ အတွက်ဖွင့်လှစ်ထားတဲ့ သင်္ဘောပေါ် မှာ အလုပ်သွားလုပ်ရပုံ၊ မိသားစုနဲ့ ကွေကွင်းရပုံတွေ ကို တင်ပြထားပါသည်။

The Three Gorges Dam -ရေအားလျှပ်စစ် ရေကာတာ တည်ဆောက်ခြင်းဖြင့် သူတို့ မိသားစု နေထိုင်ရာ သူတို့ ရွာ၊ အနီးအနားမြို့ တွေ တိမ်ကောသွား ပြီး ၊ မြစ်ကမ်းဘေးမှ အောက်ခြေလူတန်းစား အတွက် ဘာ အကျိုးကျေးဇူးမှ မခံစားရ ပဲ ဆင်းရဲတွင်း နက်သထက်နက် ကုန်ပါသည်။

တရုတ်နိုင်ငံလို မိမိပြည်သူတွေအတွက် တောင်မငဲ့ကွက်တဲ့ နိုင်ငံလိုမျိုး ကို သွားပြီး ဧရာဝတီ မြစ်ဆုံ မှာ ရေကာတာ၊ ရေအားလျှပ်စစ် စက်ရုံ လာမတည်ဆောက်ပါနဲ့ လို့ သွား ပြီး မေတ္တာရပ်ခံ လို့ ရမည် မဟုတ်ပါ။ လက်မှတ်ရေးထိုးစရာ ရှိသည်များ ကိုလည်း ရေးထိုးချုပ်ဆိုထားပြီဖြစ်လို့  သူတို့ ဖက် က အသာစီးမှာ ရှိပါသည်။

တိုင်းပြည် ၏ ရတနာ၊ ရာဇ၀င်များ ၏ သတို့ သမီး ကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ နောက်မျိုးဆက်သစ်များ ကို အကောင်းအတိုင်း လက်ဆင့်ကမ်းရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါသည်။

ထို့ ကြောင့် မိမိနိုင်ငံ၊မိမိလူမျိုး နဲ့ မိမိတို့ သမိုင်းကို ကာကွယ်ချင်သည် ဆိုလျှင်ဖြင့် မိမိတို့ အသံများကို သက်ဆိုင်ရာ က ကြားအောင်၊ တာဝန်ယူဆောင်ရွက်ပေးအောင် လုပ်ဆောင်ရမှာပဲဖြစ်ပါသည်။ တာဝန်ယူလိုစိတ်နှင့် ဆုံးခန်းတိုင်ရောက်အောင် ဆောင်ရွက်သွားမည် ဆိုသည့် ဇွဲ စိတ်များ လိုအပ်ပါသည်။

သိန်းသန်းဋ္ဌေး

၁၁ရက်၊သြဂုတ်၊၂၀၁၁။

Film Official Link: http://films.nfb.ca/up-the-yangtze/

1 နည်းနည်း စာတတ်လာပုံပဲ ... ဒူးကွေးတတ်လာပြီ

Photo..Myothahtet

ပထမတပုံတုန်းက လူတွေ စိတ်ဝင်စားတယ်ထင်လို့ အခု ထပ်ယှဉ်ပြတာပါ။ ၁၀ ရက် အတွင်းမှာ ပြောင်းလဲသွားတာပါ။ ကျွန်တော်ကတော့ အခုလို ပြည်သူကို ဆက်ဆံပုံ ပြောင်းလဲသွားတာ အင်မတန် ၀မ်းသာပါတယ်။ နှစ်ယောက်စလုံးက အရင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး တွေပါ။ အခု အစိုးရသစ်မှာလည်း သမ္မတနဲ့ ဒုတိယ သမ္မတပါ။ ဒါပေမဲ့ အပေါ်ပုံလို ``မင်းတို့ အဆင်ပြေရဲ့လားကွ`` လို့ လုပ်တာထက်စာရင် အောက်ပုံလို ရင်းရင်းနှီးနှီး ``မင်းတို့တွေ အဆင်ပြေရဲ့လားကွာ`` လို့ မေးတာမျိုးကို ပြည်သူတွေက ပိုကြိုက်ကြမယ် ထင်ပါတယ်။
အဲဒီ နှစ်ပုံစလုံးက ရေဘေးဒုက္ခသည် ပြည်သူတွေကို သွားကြည့်တာပါခင်ဗျာ၊ ``ဟုတ်ဟုတ် မဟုတ်ဟုတ်`` ဆိုတာက တကယ်မဟုတ်ရင်တော့ ရေရှည် ဒီလိုပုံစံ လုပ်လို့ မရပါဘူး။ ပြည်သူက သိပါတယ်၊ ဘယ်သူက ရင်ထဲက လာတာ... ဘယ်သူကတော့ ဟန်ဆောင် ဟန်ပြလုပ်တာ ဆိုတာကိုပါ။
(Myo tha htet)

ဒါပေမဲ့ ဧရာဝတီ ၀က်ဆိုဒ်မှာ ရေးသားထားတဲ့သတင်းအရ ရေဘေးဒုက္ခသည် ပြည်သူတွေနဲ့ လူကြီးတွေနဲ့တွေ့ခဲ့တဲ့ ကန်းစွန်းခင်း ကျေးရွာသူတဦးစကားကတော့

“အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး” လို့ပြောသွားပါတယ်..

0 ပဲခူး ရေကြီး မြို့သုံးပုံတပုံရေနစ်မြုပ်နေ

ပဲခူးမြစ်ရေလျှံတက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ပဲခူးမြို့၏ သုံးပုံတပုံ ရေနစ်မြုပ်လျက်ရှိနေသည်ကို တွေ့ရသည်။ ပဲခူးမြို့မှာ နှစ်စဉ် ရေကြီးတတ်သော်လည်း ယခုတစ်ကြိမ် ရေကြီးခြင်းမှာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆိုးဝါးဆုံး ဖြစ်သည်ဟု မြို့ခံအချို့က ၄င်းတို့အတွေ့အကြုံအရ ပြောသည်။

ရေနစ်မြုပ်လျက်ရှိသည့် ပဲခူးမြို့ လူနေရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေကြစဉ် (ဓါတ်ပုံ-YPI)

“အရင်ကျွန်မ အသက်၈နှစ်လောက်ကတော့ ရေလျှံဘူးတယ်။ အခု ၂၉နှစ်ဆိုတော့ အနှစ်နှစ်ဆယ် ကျော်အတွင်း ဒါနည်းနည်းဆိုးတဲ့ ရေလျှံမှုလို့ထင်တယ်”လို့ မအိဖြူက ပြောပြခဲ့သည်။

လက်ရှိ ရေကြီးနေသော နေရာအချို့မှာ မဇင်းရပ် ၊ ကျွန်းသာယာ ရပ်နှင့် အနိမ့်ပိုင်းနေရာများဖြစ်သည့် ဘူတာမှ အဝေးပြေးကားလမ်း တလျှောက် ရပ်ကွက်များ ဖြစ်သည်။ အဆိုပါ ရပ်ကွက်များတွင် ၃ပေခန့်အထိ ရေများနစ်မြှုပ် နေသဖြင့် ကားငယ်များ သွားလာရန်ခက်ခဲနေကြောင်း သိရသည်။ ရေမြုပ်နေသည့် ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်းလည်း သိရသည်။

“ကုန်းမြင့်ပိုင်းတွေကျတော့ ထော်လာဂျီတို့ ဆိုက်ကားတို့နဲ့ သွားတယ်။ လှေနဲ့ သွားရတဲ့နေရာတွေ လှေနဲ့သွားတယ်။ တချို့ဆို ကားကြီးတွေအပေါ် ဆိုင်ကယ်တင်ပြီးတော့ သွားရတယ်။ အိတ်စပတ်ကားတွေ မြို့ထဲဝင်လို့ မရတော့ဘူး။ ”လို့ ရှင်စောပုရပ်ကွက်တွင် နေထိုင်သူ ပဲခူးမြို့သူမအိဖြူ က ပြောပြသည်။

အိတ်စပတ်ကားနှင့် ကားငယ်များ မြို့တွင်း ၀င်မရသဖြင့် ထော်လာဂျီ ဆယ်ဘီးကားများနှင့် တယောက်လျှင် ငါးရာကျပ်ဖြင့် မြို့ထဲသို့ ပြေးဆွဲပေးနေရပြီး တချို့ ရေအ၀င်များသော ရပ်ကွက်တို့တွင် လှေများနှင့်သွားလာနေရသဖြင့် ပဲခူးသူပဲခူးသားတို့အတွက် အရင်နှစ်များထက် ရေဘေးဒုက္ခပိုကြီးနေသည်ဟု မြို့ခံများက ပြောကြသည်။

“ရေဘေးဒုက္ခသည်တွေကို လှူဖို့ ဒီနေ့လာကောက်တယ်။ လူတွေကလဲ တတ်နိုင်သလောက် အလှူထည့်ကြတယ်။ ဦးကိတ္တဆိုတဲ့ ပရဟိတလုပ်နေတဲ့ ဆရာတော်လဲ ဦးဆောင်ဦးရွက်ပြု ကူညီပေးနေတယ်လို့ ကြားတယ်။ ရွှေနံ့သာကျောင်းမှာရှိတဲ့ ပေတရာလောက် စင်္ကြန်လမ်းမှာ ဒုက္ခသည်တွေ အပြည့်ပဲ။ နောက် သာသနာ့ဗိမာန်မှာ ကျွန်တော်ကြားရသလောက်ကတော့ လူ၂၀၀လောက် ရှိတယ် ကြားတယ်”လို့ ကျောက်ဖူးကုန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

လောလောဆယ် ရေဘေးကယ်ဆယ်ရေးအတွက် ပဲခူးသာသနာ့ဗိမာန်၊ ကလျာဏီသိမ်နှင့် အနောက်ရွှေနံ့သာကျောင်းတို့တွင် အဓိက ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ်ဖွင့်လှစ်ထားပြီး အခြားရပ်ကွက်နှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်လဲ ရေဘေးဒုက္ခသည်များကို ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

Yangon PressInternational

0 ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ ခရီးစဉ်ဖိတ်စာ


ပေးပို့သော အောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်..

0 ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို

ိdemocratic voice of burma

မြန်မာ့​ လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်က အစ်ကို​တော်စပ်သူ ဦး​အောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ်တို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

တရား​ရုံး​က မဆုံး​ဖြတ်ရ​သေး​တဲ့​ ၂၀၀၁ ခုနှစ်မှာ ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်​နေထိုင်တဲ့​ ​နေအိမ်နဲ့​ ခြံနဲ့​ပတ်သက်ပြီး​ “အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ​ပေး​စေလိုမှု” ဆွဲဆိုခဲ့​တဲ့​ နဲ့​ပတ်သက်ပြီး​ ​မော်နီတာဂျာနယ်အင်တာဗျူးမှာ ဦး​အောင်ဆန်း​ဦး​က တရား​ရုံး​ရဲ့​ဆုံး​ဖြတ်ချက်ကို ​ကျော်လွန်ပြီး​ ​ပြောဆိုခဲ့​တဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုလိုက်တာပါ။

ဒီလိုတရား​ စွဲတဲ့​နေရာမှာ ဦး​အောင်ဆန်း​ဦး​နဲ့​အတူ ​ဖော်ပြသူ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်နဲ့ ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေတို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

ဒီလ ၈ ရက်​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကိုယ်စား​လှယ်​ရှေ့​နေ​တွေက တရား​ရုံး​ကို မထီမဲ့​မြင်ပြုမှုနဲ့​ တရား​ဆွဲဆိုခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒီလို တရား​စွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က အခုလို ရှင်း​လင်း​ ​ပြောဆိုပါတယ်။

“ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ အ​မွေဘုံ စီမံခန့်​ခွဲ​ပေး​စေလိုမှုဆိုပြီး​ စွဲဆိုထား​တယ်။ စွဲဆိုထား​တဲ့​အမှုက လက်ရှိအ​ခြေအ​ နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က သက်​သေ​တွေကို စစ်​ဆေး​ဖို့​အဆင့်​ရှိ​သေး​တယ်။ အမှုကမပြီး​သေး​ဘူး​၊​ အဆုံး​အဖြတ်​တွေ မချမှတ်ရ​သေး​ဘူး​။ အဲ့​ဒီအချိန်မှာ ​မော်နီတာဂျာနယ်က ပြီး​ခဲ့​တဲ့​ ဇူလိုင်လမှာ ​ဆောင်း​ပါး​တခု​ရေး​ခဲ့​တယ်။ ​ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေနဲ့​ သူအနိုင်ရပြီး​ပြီလို့​ အင်္ဂလိပ်လို​ပေါ့​ ​ရေး​ထား​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့​ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ်မပြုရ​သေး​တဲ့​ ကိစ္စကို ပုဂ္ဂိုလ် တဦး​တ​ယောက်တည်း​ရဲ့​ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့​ ကျ​နော်တို့​ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့​ ကျ​နော်တို့ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။”

လက်ရှိ​ခြေအ​ နေမှာ​တော့​ ရန်ကုန်တိုင်း​တရား​လွှတ်​တော်က အမှုကို လက်ခံထား​ပြီး​ ထုတ်ပြန်လာမယ့်​ သတိ​ပေး​ကြေညာစာကို ​စောင့်​ဆိုင်း​နေတယ်လို့​လည်း​ ဦး​ဉာဏ်ဝင်း​က ဆိုပါတယ်။

“ကျ​နော်တို့​ လျှောက်ထား​တာက ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ဥပ​ဒေ ပုဒ်မ ၂ နဲ့​ ၃ ပါ။ ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီအမှုကို လက်ခံထား​ပါတယ်။ လာမယ့်​ ရုံး​ချိန်း​တွေမှာ ဘာလုပ်မလဲဆိုတာနဲ့​ပတ်သက်ပြီး​တော့​ တရား​လွှတ်​တော်ရဲ့​ ​သောကြာ​နေ့​တိုင်း​ ထုတ်ပြန်တဲ့​ သတိ​ပေး​ကြေညာစာ​တွေကို ​စောင့်​ကြည့်​ရမှာပါ။ ပြီး​မှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်း​စား​သွား​မှာပါ။”

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ပုဒ်မ​တွေဟာ လက်ရှိ အသက်ဝင်​နေပြီဖြစ်တဲ့​ ၂၀၀၈ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ တရား​ကျင့်​ထုံး​တွေနဲ့​ ကိုက်ညီမှု ရှိမရှိဆိုတဲ့​အ​ပေါ်ကိုလည်း​ ဦး​ဉာဏ်ဝင်း​က အခုလိုရှင်း​လင်း​ပြောဆိုပါတယ်။

“လုံး​ဝ အကျုံး​ဝင်မှုရှိပါတယ်။ လက်ရှိအစိုး​ရမတက်ခင် ကာလမှာပဲ ကျ​နော်တို့​ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​တုန်း​ကလည်း​ ပြစ်ဒဏ်​ပေး​ခံရတာပါ။ ပြစ်မှု​မြောက်တာ မ​မြောက်တာကို ​ပြောတာမဟုတ်ပါဘူး​ ဒီဥပ​ဒေ အသက်ဝင်​နေ​သေး​တယ် ဆိုတာကို ကျ​နော်​ပြောတာပါ။”

ဒါ့​အပြင် ဒီအမှုမှာ ဦး​အောင်ဆန်း​ဦး​ရဲ့​ အင်တာဗျူး​ကို ​ဖော်ပြခဲ့​တဲ့​ ​မော်နီတာဂျာနယ်က တာဝန်ရှိသူ​တွေကို ထည့်​သွင်း​တရား​စွဲဆိုရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“ဦး​အောင်ဆန်း ​ဦး​ အပါအဝင် ​မော်နီတာဂျာနယ် ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေ၊​ အယ်ဒီတာချုပ် ဦး​မြတ်ခိုင် သူတို့​ကို ထည့်​ဆွဲတယ်။ သူတို့​ ၂ ​ယောက်ကို ဆွဲရတာကလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ တရား​ရုံး​ မထီမဲ့​မြင် ပြုမှုဥပ​ဒေ​တွေမှာ ဥပ​ဒေလုပ်ထုံး​ လုပ်နည်း​ ​တွေနဲ့​ အညီ တရား​ရုံး​ စီရင်ချက်​တွေမှာ ထုတ်​ဝေသူနဲ့​ အယ်ဒီတာလည်း​ တာဝန်ရှိတယ်ဆိုပြီး​ တသမတ်ထဲ ဆုံး​ဖြတ်ထား​တယ်။ ဒီအ​ပေါ်မှာ အဲဒီသုံး​ဦး​ကို တနင်္လာ​နေ့​က တရား​စွဲပါတယ်။”

တရား​စွဲဆိုခံရတဲ့​ထဲမှာ ပါဝင်တဲ့​ ​မော်နီတာဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​မြတ်ခိုင်က​တော့​ ဒီအ​ပေါ်ကို အခုလို​ပြောပါတယ်။

“ဒါ ဖြေတဲ့သူ​တွေရဲ့​ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့​ အာ​ဘော်ပဲ။ ဒါက အင်တာဗျူး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေကို အင်္ဂလိပ်လို တ​ကြောင်း​နှစ်​ကြောင်း​ပြောတယ်။ တချို့​ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့​ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့​ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။”

ဦး​အောင်ဆန်း​ ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ အဲ့​ဒီအမှုမှာ​တော့​ ဦး​အောင်ဆန်း​ဦး​ကို နိုင်ငံခြား​သား​ တဦး​အ​နေဖြင့်​ ​နေအိမ်ခြံဝင်း​ ပိုင်ဆိုင်ခွင့်​မရှိ​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​တာ​ကြောင့်​ ဦး​အောင်ဆန်း​ဦး​ အမှုရှုံး​နိမ့်​ခဲ့​ရပါတယ်။

အဲ့​ဒီ​နောက် ၂၀၀၁ ခုနှစ်မှာ​တော့​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ ​ပေး​စေလိုမှုနဲ့​ ထပ်မံတရား​စွဲဆိုခဲ့​ရာ ၁၀ နှစ်အကြာ ဒီက​နေ့​အချိန်အထိ တရား​ရုံး​က မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။

ဒီကာလအတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၂၀၀၉ ခုနှစ်မှာ ​နေအိမ်ပြင်မှုပြုလုပ်ခဲ့​စဉ်အချိန်ကလည်း​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ကန့်​ကွက်မှု​ကြောင့်​ ပြင်ဆင်မှုကို ​ခေတ္တရပ်ဆိုင်း​ထား​ရပါတယ်။

0 ပဲခူးမြို့ရေကြီး (ဓာတ်ပုံ/သတင်း)


ပဲခူးမြို့ကို ကားလေးတွေ ၀င်လို့မရတော့ဘူး၊ လှေစီးပြီးသွားလာနေကြရပါတယ်။ဒီရက်ပိုင်းတွေ အတွင်းမှာ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ င၀န်မြစ်နဲ့ ပဲခူးမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရပ်ကွက်နဲ့ ကျေးရွာ အတော်များများ ရေကြီးခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ဒု...က္ခသည် ၁၀,၀၀၀ နီးပါးလောက် လာရောက် ခိုလှုံနေရတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဆရာတော် ဦးကိတ္တိက မိန့်ကြားပါတယ်။

“ကျေးရွာတွေ အားကြီးပေါ့၊ ပဲခူးအထွက်ဆိုရင် ကနီးရယ်၊ အ၀ိုင်းရယ်၊ ကျောက်ကလေးရယ် အဲဒီဘက်မှာတော့ လယ်တွေပါ အကုန်မြုပ်ကုန်ပြီ။ ဒုက္ခသည် အားလုံးပေါင်း ၁၀,၀၀၀ လောက် ပြည့်တော့မယ်။ နေရာတွေကတော့ ပဲခူး ရွှေမော်ဓောရဲ့ အနောက်ဘက်မုခ်က ဗိမာန်တို့၊ မွန်ပိဋကတ်တို့၊ ကျောက်ကြီးဘက်ကျတော့ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ခေါင်းဆေးကျွန်းကျတော့လည်း ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေ၊ အဲဒီလိုနေရာတွေမှာ ထားထားပါတယ်။”VOA news။

(Photo) Ye Thurein Min

်facebookမှ ကိုကိုမောင်ရေးသားထားတဲ့ "ဖူကူရှီးမား ပဲခူးသား "ဆိုတဲ့ ကဗျာလေးမျှဝေလိုက်ပါတယ်..
အထူအပါးမညီညာတဲ့ ကတ္တရာလမ်းမထက်မှ
ဘယ်တော့မှ မမှန်တဲ့ နာရီစင်ကြီးက….
တစ်ဖက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်…
...ပဲခူးရယ်……………………
ပတ်ပတ်လည်မှာ
မင်းပတ်ဝန်းကျင်မှာ
မလိုအပ်လှတဲ့….
ရေကာတာတွေ ၀န်းရံ
ဆည်မြောင်းတွေ မှိုလိုအ၀ိုင်းခံထားရပြီး
ဖန်လုံးအိမ်အာနိသင်နဲ့
သဘာဝဘေးကြားမှာ…..
မင်းထမင်းထုပ်စားနေရပြီလားတဲ့……..

အစုန်အဆန် အားမာန်အပြည့်နဲ့…
ဝါကျစ်ကျစ် မြစ်ပြင်ကြီးကိုခွထားတဲ့..
ဆောက်ပြီးစ တံတားအသစ်စက်စက်ကြီးက…
တစ်ဘက်ကမ်းကို ငေးရင်း မေးကြည့်နေတယ်…
ပဲခူးရယ်……………….
လမ်းစုံလမ်းခွတွေနဲ့ နီယွန်ယဉ်ကျေးမှု
ကူးစက်စပြုနေတဲ့ မင်းလို မြို့ပြပေါက်စလေးမှာ
အခုတော့….
ငါးမျှားလို့ ရေကူး…
လှေစီးလို့ ကွန်ပြစ်..
တံငါမြို့လေး ဖြစ်လို့နေလေပြီလားတဲ့…

မြို့ရဲ့ နှလုံးသားတည့်တည့်မှာ
ရွှေရောင်အရိပ်ကိုခိုရင်း…
မြို့သားတွေနဲ့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တဲ့
ဘုရားခြေရင်းက ခြေသ်ေကြီးတွေက..
သူ့အစွယ်ကို မာန်အပြည့်ဖြဲလိုက်ရင်း…………​…….
ပေးကမ်းသူနဲ့ ဝေမျှသူ
အမြတ်ထုတ်သူနဲ့ ဆုံးရှုံးသူ
ပျော်ရွှင်သူနဲ့ ၀မ်းနည်းသူ
အားလုံး..အားလုံးသော
ပဲခူးသူ ပဲခူးသားများကြားအောင်..ဒီလို ဟိန်းလိုက်တယ်………
ပဲခူးသားတို့………………..
ဆူနာမီနဲ့ နျူကလီးယားကြားမှာ
ဂျပန်က ဖူကူရှီးမားဟာ
သွေးပျက်စရာ ဒုက္ခသည်ဖြစ်ခဲ့..
ဒါပေမယ့်…
ဖူကူရှီးမားဟာ အားငယ်သွားသလား..
ဖူကူရှီးမားဟာ သိမ်ငယ်သွားသလား…
နိုင်ငံတ၀ှမ်းက စစ်ကူတွေဘယ်လောက်လာလာ
ငါတို့ဟာ ငါတို့ကာကွယ်မယ်တဲ့..
ဖူကူရှီးမားသားဟာ
သူချစ်တဲ့ မြို့အတွက် ရဲရင့်ပြခဲ့တယ်..
ဂျပန်သားတွေဟာ
သူတို့တိုင်းပြည်ထဲက မြို့အတွက် တာဝန်ယူတတ်ခဲ့ကြတယ်

မင်းတို့ငါတို့ပဲခူးသားဆိုတာကရော
ကိုယ်ထူကိုယ်ထခေတ်ကို..
ဖြတ်သန်းခဲ့ရတဲ့ မြို့သားတွေ…
လက်မထိပ်အပ်စိုက်ပြီး
သူရဲကောင်းထွန်းကားရာ
ရာဇ၀င် မြို့ပြသားတွေ..
ရေ..မီး..စစ်..ငလျင်..
ရင်ဆိုင်တိုင်း နောက်မတွန့်ပဲ
ကျော်ဖြတ်ခဲ့တဲ့ မြို့သားတွေ..
ငါတို့ဟာ….
ငါတို့ချစ်တဲ့မြို့အတွက်..
ဘာကြောင့်များ..တွေဝေနေမလဲ
ဘာကြောင့်များ…တွန့်တိုနေမလဲ
ဘာကြောင့်များ…စဉ်းစားနေမလဲ
ဘာကြောင့်များ…ဥပေက္ခာထားနို​င်မတဲ့လဲ..
ငါတို့ဟာ…………………….
ရင်ဆိုင်ရဲခဲ့တဲ့ မြို့သား……….
ဖြတ်ကျော်ရဲခဲ့တဲ့ မြို့သား………..
သတ္တိရှိရှိတာဝန်ယူတတ်ခဲ့တဲ့​ မြို့သား…
မြန်မာပြည်ရဲ့ ဖူကူရှီးမားမြို့သား…
မြန်မာပြည်ရဲ့….
ဖူကူရှီးမား ပဲခူးသားတွေဖြစ်တယ်..
ငါတို့ဟာ
ဖူကူ၇ှီးမား ပဲခူးသားတွေ ဖြစ်တယ်….
ကိုကိုမောင်
သြဂုတ် 10

0 ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့ကဝေဖန်



ဗမာ့သွေး

သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

ထို့အပြင် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်”ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။


နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။

“ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကောပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။

မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။

အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။

ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်”ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။

Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ
၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။

“ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဥာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄၀ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။

သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက “အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။

အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။

အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။

ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေ၀ပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး”ဟု သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀၀ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။

“ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေ၀ပ်ဧရိယာကိုက စတုရန်းမိုင် ၅၀၀ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေးရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေ၀ပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။

ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။

ဒါပေမယ့် သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။

အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ၀န်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး”ဟု ထောက်ပြခဲ့ပါသည်။


၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ “ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(သြဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀၀ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရစ်ချက်တာ စကေး ၇ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်”ဟု ဆိုပါသည်။

ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။

“တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး” ဟု ၎င်းက ဆိုပါသည်။

၎င်းက “ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်”ဟုဆိုပါသည်။

၎င်းက “ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်”ဟု ဆိုပါသည်။

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။

မြစ်ကော မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းရပေမည် ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့ မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ ရေပြာကြည် သမျှ မြန်မာသွေးရှိ တတောလုံးပြောင် တတောင်လုံး လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့ နောင်အရှည် မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ် အပျက်သဘောနဲ့ မြစ်ကောမယ် လေး...။ မောင်စိန်ဝင်း ( ပုတီးကုန်း )

နေ၀င်ဆည်းဆာရိပ်ကြောင့် ကျမခန္ဓာလေးကို ပိုမို လှပပါတယ် ဆိုတာကို အနုပညာ ကို နှလုံးသားနဲ့ ခံစားသူများက မှတ်တမ်းတင်ရင်း ဂုဏ်ပြုသွားကြတာ ကို မြန်မာနိုင်ငံသားတွေက ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြရတယ်....... ။ ဒါတွေက နောင်အခါ အိပ်ယာဝင် ပုံပြင်တပုဒ်လို ဖြစ်ရတော့မယ်............။ သမိုင်းအစဉ်အဆက်မှာ မင်းဆက်ပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့ ကျမဟာ ဒီအမျိုးယုတ်တွေ လက်ထက်မှာ ကျဆုံးခဲ့တာကိုတော့ ၀မ်းနည်းလို့ မဆုံး ဖြစ်မိတာ အမှန်ပါဘဲ....။ မြန်မာနိုင်ငံသားတွေက် အတွက် နေ့မအား ညမနား ကြိုးစားပေးခဲ့တဲ့ ကျမလို လုပ်အားရှိသူမှကို ရွေးပြီး တိုင်းတပါးကို ထိုးအပ်ဖို့ အရေး လုပ်ဆောင်နေသူတွေရဲ့ တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ စကားများက ကျမကို လှောင်ပြောင်နေသလို ခံစားရလို့ ပြည်သူများကို အသိပေးရင်းက .........နောက်ဆုံးအချိန်ထိ ကျေးဇူးဆပ်ခွင့်ပေးပါ...........နော် ။

အလုပ်တွေ ပြီးဆုံးသွားလို့ အနားယူနေကြတဲ့ ရေလုပ်သားများကု ကျမကို နှုတ်ဆက်ရင်း ထွက်ခါကြတဲ့ အချိန် ၊ တနေ့တာ တာဝန်ထမ်းဆောင်ပြီးလို့ အနောက်အရပ်က သူ့အိမ်ကို ပြန်ခါနီး နေမင်းကြီးကလည်း ကျမကို လှမ်းနှုတ်ဆက်တဲ့ မြင်ကွင်းကို မြင်ရသူတွေက ကြည်နူးစရာ ကောင်းလွန်းလို့ ဆိုတဲ့အသံတွေ ကြားမှာ ပျော်မွေ့ရင်းနဲ့ဘဲ မြန်မာနိုင်ငံရဲ့ အထက်နဲ့အောက်ကို မနားမနေ ခရီးဆက်ရင်း ရှင်သန်ကြီးပြင်းခဲ့သူပါ...။ သိပ်မကြာခင်မှာ ဒါတွေက လွမ်းစရာ အဖြစ်ကျန်ရစ်ပြီး....... အနာဂတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လေးများကို ကျမ ဒီနိုင်ငံမှာ ရှင်သန်ကြီးပြင်းကာ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ဘူးကြောင်း ပြောပြပေးကြပါ.....။ သူတိုတွေက ကျမကို အမှတ်ရလို့ မေးမြန်းခဲ့ရင် အချိန်မကျဘဲ သေဆုံးခဲ့ရတဲ့ ကျမဘ၀ကို မလိမ်မညာဘဲ ဖြေကြားပေးပါလို့ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို တောင်းပန်ပါရစေနော်.။

Wednesday, August 10, 2011

0 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဦးစားပေးပါ

ရန်ကုန်၊ သြဂုတ် ၉၊ ၂၀၁၁ (YPI) - မြန်မာနိင်ငံ၏တိုင်းရင်းသားအရေးကိစ္စပြေလည်ရန် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဟောင်ကောင် City တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာကျော်ရင်လှိုင်က သြဂုတ်လ ၆ရက်နေ့တွင်ပြောကြားသည်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( Union of Myanmar Federation of Chambers of Commerce and Industry – UMFCCI) တွင်ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ဟောပြောပွဲတွင်Making Democrcy Works (ဒီမိုကရေစီ အသက်ဝင်ခြင်း) ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

လူပုဂ္ဂိုလ်ပေါ်အခြေခံထားသော အပစ်အခပ်ရပ်စဲရေးကို ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း ယခု ကိုယ်ကျိုး စီပွားများ၊ အဖွဲ့အစည်းများ၏အကျိုးစီးပွားများ အမျိုးသားခံစားခွင့်များ မတူညီသည့်အခြေအနေတွင် ခိုင်မာသောငြိမ်းချမ်းရေး မရှိနိင်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။

စစ်အစိုးရခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးအရလုပ်နိုင်ခဲ့သည်မှာ တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ အာဆီယံအသိုင်းဝိုင်းထဲသို့ဝင်ခွင့်ရခဲ့ခြင်းသာရှိခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ခဲ့သူရှစ်လေးလုံးမျိုးဆက်တစ်ဦးက သုံးသပ်သည်။

ပြည်တွင်းစစ်ကို ပိုးမွေးသလိုမွေးမြူနေခဲ့ကြသူများတွင် ဦးနု၊ဦးနေ၀င်း၊စစ်အစိုးရတို့သည် အတူတူ ပင် ဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်ပကျူးကျော်မှုမရှိချိန်တွင် ပြည်တွင်းစစ်ကို အကြောင်း ပြူပြီး စစ်အင်းအားတို့ချဲ့ကာပြည်သူများကို ဖိနှိပ်ရန်လက်နက်များတပ်ဆင်ခွင့်ရနေကြောင်း အသက်၄၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။


Yangon PressInternational

Tuesday, August 9, 2011

0 “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြား


ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားသည်။

၂၀၁၁ နွေရာသီသို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည် တောက်လောင်လာခဲ့ကြောင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲ များ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့ကြောင်း အသက်များစွာသေဆုံးနေရကြောင်းလည်း ယင်းကြေငြာချက်တွင် ဖော်ပြပါ ရှိသည်။

ဆက်ပြီး ပြည်တွင်းစစ်မီးသည် ပိုမိုပြင်းထန် ပိုမိုကျယ်ပြန့် ပိုမိုအသက်သေကြေ၊ အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ်စိုးရိမ်လာကြရကြောင်း သေဆုံးသူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား များ ဖြစ်ကြပြီး အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာများ ပျက်စီးဆုံးရှုံးရသည်မှာလည်း နိုင်ငံသားများ၏ အိုးအိမ် ပစ္စည်း၊ ဥစ္စာများသာဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်ဆုံးရှုံးရသမျှ အိုးအိမ်ပစ္စည်း ဥစ္စာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသွေးအသားများဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြထားသည်။

ထိုဆုံးရှုံးမှုများကို ဆက်ပြီးမခံ ကြရစေရန် အချင်းချင်း တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲပစ်ကြဖို့ မလုပ်မဖြစ်လို အပ်နေပြီး သက်ဆိုင်ရာအားလုံး အချင်းချင်း အပစ်အခတ်ရပ်ရန် တွေ့ဆုံဆွေးနွေးပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံထားကြောင်း ယင်းပန်ကြားလွှာ တွင်ဖော်ပြထားသည်။

အဆုံးတွင် “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဒဂုန်တာရာ ၇.၈.၂၀၁၁ အောင်ပန်းမြို့ ရှမ်းရဠ ဟု ပါရှိသည်။

NZ
(yangonchronicle သတင်းလွှာ၊ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြားမှကူးယူဖော်ပြပါသည်)

0 တိုကျိုတွင် ကျင်းပပြုလုပ်သည့် ၂၃နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (ဓာတ်ပုံ-သတင်း/ရုပ်သံ)





ဓာတ်ပုံ။ ။ ဦးသန်းဝင်း
Video/ maungwto

Monday, August 8, 2011

0 ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်ကျောင်းမှာ ပြုလုပ်တဲ့၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့  ၀ါဆိုသင်္ကန်းကပ်ပွဲ








အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်း တွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲ မှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့ အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ် ငြိမ်သက်ခြင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့  ပထမပိုင်းကတော့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်ရဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေ ကြမှာ အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှားရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ ရဲ့  စိတ်အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင်ရောက်နေမှာပါဘဲ။
လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့ တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေးလိုက်ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။

ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့ ။ အတွေး ဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ် တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊မျိုးဆက်သစ်လူငယ်များနဲ့  ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့်  လာရောက်ကြပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့စာသင်တိုက်ရဲ့  အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့  ရည်မှန်းချက်တွေအလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ ၈ လေးလုံး (၂၃)နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီးတက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့  ဆောင်ရွက်ချက်တချို့ ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျောမှုပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့  ကျွန်တော်တို့ ယူဆပြီးဒီ့ ထက်ပိုတ၊ဲ့ ဒီ့ ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့ အနာဂတ်မှာ ဆက်လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ အတူကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။

Photo..AP
အောင်မျိုးထွန်း

၈- ၈- ၂၀၁၁

0 နယူးဇီလန်နိုင်ငံ အော်ကလန်မြို့တွင်ပြုလုပ်သော(၂၃)နှစ်မြောက်ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနား


8888 Programme Burmese Final
သတင်းဓာတ်ပုံများပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ( ၃ ) ( မောင်မောင်ဝမ်း )


၁၉၈၈သြဂုတ်လ(၈)ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့..ရှစ်လေးလုံးအရေးတော်ပုံဆိုတာ… တပါတီအာဏာရှင်စနစ်ကနေ..ဒီမိုကရေစီစနစ်ကိုအကောင်ထည်ဖော်ဘို့..တောင်းဆိုခဲ့ ကြတဲ့..လူထုတော်လှန်ရေးကြီးဖြစ်တယ်..မင်းမဲ့စရိုက်တွေနဲ့ပရမ်းပတာဖြစ်ပျက်ခဲ့တဲ့..ဆူပူအရေးအခင်းမဟုတ်

ခေါင်းလောင်းသံမဆုံးခင်မှာပဲကျနော်တို့သုံးယောက်သားကျောင်းထဲကိုအပြေးဝင်သွားတယ်၊လုံခြုံရေးဆရာတ ယောက်ကတံခါးပိတ်မလို့ထအလာ…ဆရာကကျနော်တို့ကိုကြည့်ပြီးကြောင်သွားတယ်…..ကျန်တဲ့ဆရာနှစ် ယောက်ကထလာပြီးကျနော်တို့ကိုလိုက်တားတယ်……

“ဟာ…..ဟာ…ဘာလုပ်ကြမလို့လည်းခလေးတို့…ဘာလုပ်ကြမလို့လည်း….”ဆရာ့အော်သံကိုကျနော်တို့နားစွန့်မနေနိုင်ဘူး…ကျနော်တို့သုံးယောက်လုံးကျောင်းအပေါ်ထပ်ပြေးတက်သွားခဲ့တယ်…ကျောင်းအုပ်ဆရာကြီးရုံးခန်းနားရောက်တော့…ကျောင်းအုပ်ကြီးနဲ့ရုံးစာရေးတယောက်ကမတ်တပ်ရပ်လို့်…ရုတ်တရက်ဆိုတော့သူတို့လည်း ကြောင်သွားပုံရတယ်…ကျနော်က

“တယ်လီဖုန်းဘယ်မှာလည်းဗျ”ဆိုတော့…ရုံးစာရေးလုပ်တဲ့သူကလက်ညှိုးလှမ်းထိုးပြလိုက်တယ်…ကျနော်အ ပြေးအလွှားသွားပြီးပါလာတဲ့ဓါးမြှောင်နဲ့ဖုန်းကြိုးကိုဖြတ်ပစ်လိုက်တယ်…..…မြို့နယ်ပညာရေးမူးရုံးကလည်း ကျောင်းအပေါ်ထပ်မှာ…ကျနော်ပညာရေးမှုးရုံးခန်းဆီကိုတခါအပြေးဝင်သွားတယ်…ကျနော်ဝင်သွားတော့..ရုံးခန်းက၀န်ထမ်းတွေက…မတ်တပ်လေးတွေရပ်ပြီး..ဘာလုပ်ရမှန်းမသိဘူး..သူတို့စိတ်ထဲ..ဘာတွေဖြစ်နေတာလည်းကိုမသိတာ….စောစောကလိုပဲဖုန်းကိုလိုက်ရှာပြီးကြိုးကိုဖြတ်ပစ်လိုက်တယ်…အဲဒီအချိန်မှာ..သက်နိုင်နဲ့ ကျော်ဆန်းဦးက ကျောင်းဆောင်အပေါ်ထပ်ဆရာ၊ဆရာမများနားနေရာအခန်းမှာ..တရားတွေဟောလို့…

“ဆရာ၊ဆရာမတို့ခင်ဗျား…အခုချိန်ကစလို့..ကျနော်တို့လူထုတော်လှန်ရေးကြီးစပါပြီ…ဆရာတို့ဆရာမတို့ဟာကျနော်တို့ဆရာတွေပါ..အားတော့နာပါတယ်….ဒါပေမဲ့…ဆင်းရဲတွင်းနက်နေတဲ့…ပြည်သူလူထုကြီးအ တွက်လုပ်သင့်လုပ်ထိုက်တာဖြစ်လို့..ကျနော်တို့ကိုနားလည်ပေးပါ….”ကျော်ဆန်းဦးကလက်သီးလက်မောင်းတန်းပြီးတရားဟောနေတော့…ဆရာဆရာမတွေလည်းဘာမှပြန်မပြောကြဘူး..ငုတ်တုတ်လေးတွေထိုင်ပြီး..ကျနော်တို့ကိုကြောင်စီစီလေးတွေကြည့်နေကြတယ်….ကျနော်ကကျောင်းအောက်ကိုတချက်လှမ်းကြည့်လိုက်တော့ ကျောင်းရှေ့ကွင်းပြင်လယ်မှာရန်ကုန်စက်မူ့တက္ကသိုလ်ကကိုကံတင်နဲ့ ကျော်စွာတို့အုပ်စုက ခွပ်ဒေါင်း အလံကို လွင့်ပြီး ကြွေးကြော်သံတွေတိုင်လို့…

တပါတီအာဏာရှင်စနစ်ဖြုတ်ချရေး------တို့အရေး…တို့အရေး

ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-----------တို့အရေး---တို့အရေး

ဒီမိုကရေစီရရှိရေး-----------------------တို့အရေး---တို့အရေး

အရေးတော်ပုံ----------------------------အောင်ရမည်…..အောင်ရမည်

ဒါပေမဲ့ကျောင်းသားအင်အားကဘာမှမရှိဘူး…ကွင်းပြင်လည်မှာအယောက်နှစ်ဆယ်လောက်ငုတ်စုစုလေးအော်နေကြတာ…ကျနော်တော်တော်အားငယ်သွားတယ်…
ဒါနဲ့ကျနော်တို့ကျောင်းအောင်ထပ်ကိုပြန်ဆင်းလာကြပြီး….စာသင်ခန်းထဲကိုဝင်တယ်….ကျောင်းသားတွေကိုဝင်ပြီးတရားဟောတယ်…တခြားအဆောင်တွေမှာလည်း…ကျနော်တို့ရဲဘော်တွေက..စာသင်ခန်းတွေထဲဝင်..ကျောင်းသားတွေကိုကွင်းလည်ထွက်ခဲ့ဘို့ပြောတယ်…ဒါပေမဲ့ ကျောင်းသားတွေကကြောက်နေကြပြီးဘယ်သူမှထွက်မလာဘူး….ကျောင်းရှေ့ကိုလှမ်းကြည့်လိုက်တော့… ကျော်လင်းတို့အုပ်စုကတံခါးမကြီးကိုသူတို့ယူလာတဲ့သံကြိုးတွေနဲ့ချည်ပြီးပိတ်ထားလိုက်တယ်…တံခါးမကြီးရဲ့တဘက်ကျောင်းဝန်းအပြင်ဘက်မတော့…အစုလိုက်အပြုံလိုက်လူထုကြီး….နောက်မှသိရတာက…ကျနော်တို့သတ်မှတ်ထားတဲ့အချိန်ကိုက်နာရီကိုရောက်တာနဲ့တပြိုင်နက်ထဲ…မြို့ထဲမှာတာဝန်ယူထားတဲ့သူတွေက…သတင်းစကားတွေကိုလိုက်ဖြန့်ကြတယ်…ဖြစ်ချင်တော့…ကျနော်တို့ထဲကတယောက်ဖြစ်တဲ့မြင့်ငွေ(ယခု NDF ပါတီဗဟိုအလုပ်အမူ့ဆောင်အဖွဲ့ဝင်)က လမ်းတလျှောက်အော်ပြေးတယ်လေ…

“ အထက ( ၁ ) မှာ သူပုန်တွေဝင်စီးလို့ဗျို့……..အထက ( ၁ ) မှာ သူပုန်တွေဝင်စီးနေပြီ ” ဆိုတော့…မြို့နေလူထုကထိတ်လန့်သွားပြီး..သူတို့သားသမီးတွေရှိရာကျောင်းဆီကိုတဟုန်ထိုးရောက်လာကြတယ်…ကျောင်းဝန်းပြင်ပမှာသာလူထုကြီးကရောက်နေတာ…ကျောင်းဝန်းအတွင်းမှာကဘာမှမရှိသလောက်နီးပါး…ကျနော်တို့စိတ်ဓါတ်တော်တော်ကျသွားကြတယ်…ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး…ပြာယာခတ်နေကြပြီ…သက်နိုင်ကကျနော့်ကိုကြည့်ပြီး..မျက်နှာအမူအရာနဲ့…ဘာဆက်လုပ်ကြမလည်းပေါ့……ကျနော့်ခေါင်းထဲအကြံတခုဝင်လာတယ်…ဘာမှပြောမနေတော့ဘူး…ကျောင်းအပေါ်ထပ်ကိုပြေးတက်သွားပြီး..ခေါင်းလောင်းရှိရာကိုသွားတယ်…ပြီးတော့..ခေါင်းလောင်းကိုအဆက်မပြတ်တီးတော့…..ကျောင်းအုပ်ဆရာကြီးကကြောင်ပြီး ကြည့်နေတယ်….စာသင်ခန်းတွေဆီကကျောင်းသားတွေက..တကယ်ကျောင်းဆင်းတယ်ထင်ပြီးအကုန်ထွက်လာကြတယ်…အဲဒီအခါကြမှကျောင်းသားတွေကကွင်းလယ်ကိုစုရုံးရောက်ရှိလာပြီး..ကျနော်တို့လူတွေနဲ့ပေါင်းစည်းမိသွားတော့တယ်…ခွပ်ဒေါင်းအလံတော်ကိုရှေ့ကငွားငွားစွင့်စွင့်ကိုင်သူကကိုင်နဲ့စနစ်တကျတန်းဆီထွက်ဘို့လိုက်ပြောအပြီးမှတော့ငါးရောက်တွဲတန်းဆီပြီးကျောင်းထဲကနေထွက်လာတော့တယ်….ကျောင်းဝန်းအပြင်ကစောင့်ကြည့်နေကြတဲ့လူထုကြီးကအဲဒီအခါကြမှသဘောပေါက်တယ်ထင်ပါရဲ့..လက်ခုပ်သံတွေ..မုံထိယံနေ အောင်တီးလို့အားပေးကြရင်းသူတို့ပါစီတန်းဆန္ဒပြတဲ့ထဲမှာပါလာကြတယ်လေ။…..ဘေးမှာရှိတဲ့ကျောင်းသားတယောက်ကကျနော့်ကိုလက်ကိုင်ပုဝါတထည်လှမ်းကမ်းတယ်….သူကိုယ်တိုင်လည်းမျက်နှာမှာစည်းထားတော့…စိတ်ထဲမှာ..သူ့များဒီလိုလုပ်ရမယ်လို့ဘယ်သူကများပြောထားပါလိမ့်ပေါ့…ဒီလိုနဲ့နေရာတနေရာအရောက်မှာပထမဆုံးလူထုနိုင်ငံရေးတရားပွဲစကျင်းပတယ်…လူတွေကစားပွဲခုံတလုံးထုတ်ပေးတော့..ကျနော်ကအဲဒီအပေါ်တက်..ဦးထုတ်အမဲတလုံးကိုလည်းခေါင်းမှာဆောင်း…လက်ကိုင်ပုဝါကိုလည်း..မျက်နှာမှာစည်းထားရင်း(ရုပ်ဖျက်တာ)နိုင်ငံရေးတရားတွေကိုအားနဲ့မာန်နဲ့ဟောတာပေါ့

“ပြည်သူလူထုကြီးခင်ဗျား…..ကျနော်တို့ဟာတက္ကသိုလ်ကျောင်းသားတွေပါ…အခုဒီနေ့ကစလို့ကျနော်တတွေဦးဆောင်မူ့နဲ့…တပါတီအာဏာရှင်မဆလအစိုးရ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ)ကိုလူထုအုံကြွမူ့နဲ့တော်လှန်လိုက်ပါပြီ……..”

------ဖြောင်း…ဖြောင်း…ဖြောင်း….ဖြောင်း….လူထုကြီးရဲ့လက်ခုပ်သံတွေထွက်ပေါ်လာတယ်…..

“ဘာလို့တော်လှန်ရသလည်းဆိုရင်ပြည်သူလူထုကြီးသိတဲ့အတိုင်းပဲ..ကျနော်တို့နိုင်ငံဟာဆင်းရဲတွင်းနက်သ ထက်နက်လို့နေပါပြီ….ဒါဘယ်သူ့ကြောင့်ဒီလိုဖြစ်နေတယ်လို့ထင်ပါသလည်း……

“ ခွေးသူတောင်းစားအစိုးရကြောင့်……ဒီ ပါတီ၊ကောင်စီတွေကြောင့်…..”

“ဟုတ်တယ်…လက်ရှိအစိုးရကြောင့်ဒါ့ကြောင့်ဒီအစိုးရကိုကျနော်တို့အားလုံးဖြုတ်ချပစ်ရမယ်…ဒီမိုကရေစီစနစ်ကိုထူထောင်ရမယ်……အားလုံးသဘောတူပါသလားခင်ဗျား----”

“တူပါတယ်….တူပါတယ်…တူပါတယ်..”

“ကျနော်ပြောချင်တာဒီလောက်ပါပဲ…ကျနော်တို့လူထုကြီးဆက်လက်ပြီးစီတန်းလှည့်လည်ရင်းဆန္ဒတွေကိုထုတ်ဖော်ကြမယ်..ကျနော်တို့နဲ့အတူလိုက်ခဲ့ကြပါ..”

“လိုက်မယ်….လိုက်မယ်….ဖြောင်း…ဖြောင်း…ဖြောင်း…..ဟေ့ဒါမှ…တို့ရွာသစ်သား…မောင်မောင်ဝမ်းကွ..ရွာသစ်သားကွ….”

ဟာသွားပြီ..ကျနော်တော်တော်ရီချင်သွားတယ်…ရွာသစ်ဆိုတာကျနော်နေတဲ့ရပ်ကွက်.ကျနော်ကမသိအောင်ရုတ်ဖျက်ထားကာမှ..ကျနော့်နံမည်ကိုထုတ်အော်နေကြတော့..မထူးတော့ပါဘူး..မျက်နှာမှာစည်းထားတဲ့လက်ကိုင်ပုဝါရောဦးထုတ်ရောဆွဲချွှတ်ပစ်လိုက်တယ်…..လူအုပ်ကြီးကများသထက်များလာပြီ…..ကျောင်းသားတ ယောက်ကကြွေးကြော်သံရှေ့ကတိုင် ပေးတယ်……

“ တပါတီအာဏာရှင် မဆလအစိုးရ ဖြုတ်ချရေး------တို့အရေး..တို့အရေး”

“ဒီမိုကရေစီရရှိရေး----တို့အရေး…တို့အရေး”

“ကျောင်းသား ကုလသမဂ္ဂဖွဲ့စည်းရေး….တို့အရေး…တို့အရေး”

“အရေးတော်ပုံ….အောင်ရမည်…အောင်ရမည်”

ဟာသွားပြီ…ကျနော်အပြေးအလွှားလှမ်းပြောလိုက်ပေမဲ့မမှီလိုက်တော့…ဘယ်နဲ့..ကျောင်းသားကုလသမဂ္ဂရမှာလည်း ကျောင်းသားသမဂ္ဂ…ကျောင်းသားသမဂ္ဂ…ကျနော်ကသူ့ကိုရှင်းပြလိုက်တော့မှ….

“ဟုတ်လားအကို…ကျနော်က ကျောင်းသားကုလသမဂ္ဂထင်နေတာ…ကျနော်ပြန်ပြင်အော်ပါ့မယ်…”

လမ်းဘေးတလျှောက်မှာလည်းအားပေးနေကြတဲ့လူထုပရိတ်သပ်ကြီးကအားရစရာ….ရေတိုက်သူကတိုက်..မုန့်တွေပေးသူကပေး….လက်ခုပ်တီးသူကတီး….ဒီလိုနဲ့မြို့ထဲတနေရာရောက်တော့…..

“ကုလားဗလီမီးရှို့ကြမယ်ဟေ့…ကုလားတွေလိုက်ရိုက်…ကုလားဆိုင်တွေဖျက်ကြ….”ဆိုတဲ့အသံတွေကစူးထွက်လာတယ်လူတွေအားလုံးစနစ်တကျစီတန်းလှည့်လည်လာရာက၀ရုန်းသုံးကားတွေဖြစ်ကုန်ကြတယ်…ဒါနဲ့ကျနော်ကကျောင်းသားတွေအားလုံးကိုအပြေးအလွှားလိုက်ခေါ်ပြီးမွတ်စလင်ဗလီသွားရာလမ်းသွယ်ထိပ်ကနေတယောက်ကိုတယောက်လက်ခြင်းယှက်ပိတ်ထားလိုက်တယ်….စားပွဲခုံတလုံးကိုအမြန်ယူခိုင်းပြီးခုံပေါ်တက်စကားပြောရပြန်တော့တယ်…….

“ပြည်သူလူထုကြီးခင်ဗျား…ကျနော်တို့တတွေဟာ..ဘာသာရေးဆန့်ကျင်မှု့အတွက်အခုလိုဆန္ဒပြပွဲကိုဖော် ဆောင်နေတာမဟုတ်ပါဘူး…ကျနော်တို့ဟာ..လက်ရှိတပါတီအာဏာရှင်မဆလအစိုးရကိုဆန့်ကျင်တော်လှန်နေတာပါ…ဒါ့ကြောင့်အခုလို…မွတ်စလင်ဗလီများကိုဖျက်စီးဘို့ဆိုတဲ့ကိစ္စကိုမပြုလုပ်ကြဘို့အနူးညွတ်မေတ္တာရပ်ခံပါ တယ်….အာဏာရှင်တွေဟာသူတို့ကိုဆန့်ကျင်တဲ့ကိစ္စတွေအာရုံအလှည့်အပြောင်းဖြစ်သွားအောင်…လူမျိုးရေးအဓိကရုန်းတွေကိုဖန်တီးလေ့ရှိပါတယ်….တကယ်လို့ကျနော်တို့အားလုံးကဘာသာရေး၊လူမျိုးရေးအဓိကရုန်း ကို ပြုလုပ်လိုက်မယ်ဆို….အစိုးရကြိုက်ဖြစ်သွားပါလိမ့်မယ်….အစိုးရအကြိုက်အဖြစ်ခံတော့မှာလား ”

“ အဖြစ်မခံနိုင်ဘူး…ဒီခွေးသားတွေအကြိုက်အဖြစ်မခံနိုင်ဘူး…ဆက်ချီတက်ကြမယ် ”

လက်ခုပ်တွေကိုတဖြောင်းဖြောင်းတီးရင်းဆက်ချီတက်ခဲ့ကြတယ်……မြို့မြောက်ဖျားဘက်ရောက်သည်တိုင် အောင်လူထုဆန္ဒပြပွဲကြီးကိုကျင်းပခဲ့ကြတယ်..တခါမြို့ထဲဘက်ကိုပြန်လှည့်လာခဲ့တယ်….ကျနော်တို့အားလုံးကသပိတ်စခမ်းအမာခံထိုင်မဲ့နေရာကိုလျှို့ဝှက်ထားတယ်…တကယ်လို့ဒီလိုမလုပ်ပဲကြိုတင်ကျေငြာလိုက်မယ်ဆို..အာဏာပိုင်တွေကလက်နှက်ကိုင်တွေနဲ့စီးစောင့်နေမှာကိုကာကွယ်ထားတဲ့သဘောပါ….

သပိတ်စခမ်းအမာခံထိုင်မဲ့နေရာကမြို့လည်နားမှာရှိတဲ့..လည်ပေါ်(လယ်ပေါ်)သာသနာ့ဗိမ္ဗာန်…ဒီနေရာကသမိုင်းရှိခဲ့တဲ့နေရာ….တို့ဗမာအစည်းရုံးကြီးပြည်လုံးကျွှတ်ညီလာခံကျင်းပခဲ့တဲ့နေရာ….ဗိမ္ဗာန်ကြီးကလည်း တော်တော်ကြီးတယ်….ဘေးပတ်လည်ကလည်းရပ်ကွက်တွေအိမ်တွေဝန်းရံထားတော့…လက်နှက်ကိုင်တွေ တော်ယုံဝင်ဘို့မလွယ်ဘူးလည်ပေါ်သာသနာ့ဗိမ္ဗာန်ကိုဝင်မဲ့လမ်းသွယ်ထိပ်ကိုဆန္ဒပြလူအုပ်ကြီးရောက်တယ်ဆိုရင်ပဲ….ကျောင်းသားတွေအားလုံးကလမ်းကြောင်းပေးလိုက်ကြတယ်…အဲဒီ့နေရာမှာအမာခံသပိတ်စခမ်းထိုင်မယ်ဆိုတဲ့သတင်းကိုလည်းအားလုံးသိအောင်ဖြန့်ဝေလိုက်တယ်……သာသနာ့ဗိမ္ဗာန်ထဲကိုလူထုကြီးရောက်တော့…တော်တော်မောနေကြပြီ…မြို့တပတ်ဆိုတာနည်းတဲ့အကွာဝေးမှမဟုတ်တာ…ရပ်ကွက်ထဲမှာရှိတဲ့သူတွေကသောက်ဖို့..ရေတွေကိုပလပ်စတစ်ပုံးတွေ..ရေအိုးတွေနဲ့အဆက်မပြတ်သယ်လာရင်း…လာတိုက်ကြတယ်…ခနနေတော့လူထုထဲကပဲသူတို့ဖာသာသူတို့မိုက်ကရိုဖုန်းတွေလော်စပီကာတွေသယ်လာကြတယ်….မမောနိုင်မပမ်းနိုင်အသံချဲ့စက်တွေဆင်..နေရာတွေချပေါ့…..လူစုမခွဲဘို့ကျောင်းသားတွေကမေတ္တာရပ်ခံထားတော့…လူအုပ်ကြီးကကွဲမသွားဘူး…ဒီလိုနဲ့...နေ့လည်(၁)နာရီလောက်ကနေ..သာသနာ့ဗိမ္ဗာန်ထဲမှာ..အထိုင်သပိတ်စခမ်း…နိုင်ငံရေး တရားပွဲကိုကျင်းပကြတော့…တယောက်ပြီးတယောက်စင်ပေါ်တက်ပြောတော့တာပဲ….လူထုရဲ့ရင်ဖွင့်သံအသီးသီးကိုကြားနေရပြီ…

“ကျမမှာသားသမီး၅ယောက်ရှိပါတယ်…ယောကျာင်္းဆုံးသွားတာ…၁၂နှစ်လောက်ရှိပါပြီ..ကျမကအကြော်ရောင်းပြီးသားသမီးတွေကိုစောင့်ရှောက်လာခဲ့တာ..ကျမမှာဝင်ငွေနဲ့…ထွက်ငွေမလောက်ပါဘူးရှင်…မနှစ်ကသမီးအငယ်ဆုံးလေးဖျားလို့ဆေးရုံသွားပို့တာ…ကျမတို့မှာ..ဆေးကုစရာပိုက်ဆံကလည်းမရှိ..ဘယ်သူကိုအားကိုးရမှန်းလည်းမသိ….သောကတွေဝေခဲ့ရပါတယ်…ဒါပေမဲ့..ကျမသမီးလေးအသက်မရှင်ရှာပါဘူး….ဒီဘ၀မှာကျမတို့မိသားစုဘယ်သူ့ကိုအားကိုးရတော့မှာလည်း….ဟီး….ဟီး”ချုံးပွဲချငိုကြွေးရင်းရင်ဖွင့်သွားတဲ့အမျိုးသမီးတဦးရဲ့ခံစားမူ့

“အလုပ်လုပ်တိုင်းသာချမ်းသာရစတမ်းဆို…ကျုပ်ချမ်းသာတာကြာပြီဗျ….ကျုပ်ကဆိုက်ကားနင်းတယ်….အားတဲ့အချိန်ဝါသနာပါတဲ့…စာလေးပေလေးဖတ်တယ်…..ကျုပ်ရဲ့အလုပ်လုပ်ချိန်ဟာတနေ့ကို၁၀နာရီလောက်ရှိတယ်….တနေ့တနေ့စားဘို့ကိုမနည်းရုန်းကန်နေရတယ်…ဒါတောင်မတ်တပ်စာပဲရှိသေးတယ်နော်…တုန်းလုံးစာ… (နေထိုင်မကောင်းလို့ဆေးကုသရမဲ့စရိတ်)တပြားမှမရှိဘူး…နေမကောင်းလို့ဆေးရုံသွားမယ်…ဘယ်မှာလည်း ဆေး…အလုပ်မလုပ်နိုင်လို့..စားစရာမရှိရင်..ဘယ်သူကလာကြွေးမှာလည်း…ဒီစနစ်ဆိုးကြီးကိုကျုပ်မကြိုက်ဘူးဗျာ…အားလုံးတော်လှန်ပစ်ကြမယ်…

ဒီလိုနဲ့ညနေနည်းနည်းစောင်းသွားတော့….စီတန်းလှည့်လည်ဆန္ဒပြပွဲကိုဆက်လို့ဖို့..ဆုံးဖြတ်လိုက်တယ်…ကျနော်ကတချို့လူတွေကိုမေတ္တာရပ်ခံပြီးသပိတ်စခမ်းမှာစောင့်ကျန်ရစ်ခဲ့တယ်…ဘာလို့လည်းဆိုတော့…လူတွေအားလုံးထွက်ခွာသွားတဲ့အခါ….အာဏာပိုင်တွေက…သပိတ်စခမ်းကိုဝင်သိမ်းသွားမှာကိုလည်းစိုးရိမ်ရ သေးတယ်….ကျန်တဲ့ကျောင်းသားတွေခေါင်းဆောင်ပြီး…လူထုဆန္ဒပြပွဲကိုဆက်လက်လုပ်ဆောင်ခဲ့တယ်…..ညနေ၆နာရီလောက်လည်းရောက်ရော…သတင်းဆိုးတခုက၀င်လာတယ်…ဆန္ဒပြပွဲကိုအာဏာပိုင်တွေကဖြိုခွင်းနေပြီ….အခုဆန္ဒပြသမားတွေ..ပိတ်မိနေပြီ…သေနပ်နဲ့လည်းပစ်တာ…တယောက်သေသွားတယ်လို့ကြားတယ်….ကျနော်တော်တော်စိုးရိမ်သွားတယ်…စိတ်တွေလည်းအရမ်းလှုတ်ရှားနေပြီ…မတတ်နိုင်ဘူး…ကျန်ရစ်ခဲ့တဲ့သူတွေကိုဦးဆောင်ပြီးနောက်ကနေလိုက်သွားခဲ့တယ်…မြို့ထဲတလျှောက်မှာလည်း..လူထုကိုလှုံ့ဆော်ရင်း…ပိတ်မိနေတဲ့နေရာဆီချီတက်လာတော့…တနေရာအရောက်မှာ…လူတွေက၀ိုင်းတားတယ်…ရှေ့ဆက်မသွားနဲ့ပစ်လိမ့်မယ်…အကြောင်းမဲ့အသေမခံကြပါနဲ့…သပိတ်စခမ်းမကျအောင်သာကာကွယ်ကြအောင်ပါ…ဆိုတော့ကျနော်တို့နောက်ကြောင်းပြန်လှည့်လာခဲ့ကြတယ်…ရွှေဘုံသာရပ်ကွက်နေ..ဖိုးချိုဆိုတဲ့သူသေနပ်နဲ့အပစ်ခံရတာပွဲချင်းပြီးသေသွားတယ်…သုံးဦးလောက်ဒဏ်ရာရတယ်…လူထုကြီးက..အာဏာပိုင်တွေစီးလာတဲ့ကားကိုအတင်းလုယူပြီးမီးရှို့ပစ်လိုက်ကြတယ်…လူအုပ်ကြီးကယူကြုံးမရဖြစ်နေပြီ်…ဒေါသတွေပေါက်ကွဲနေပြီ…ဒါပေမဲ့အမာခံသပိတ်စခမ်းကိုတော့မကျရအောင်ပြန်လှည့်ကာကွယ်ဘို့ပြန်လာရာကနေ..ရဲစခမ်းတခုရှေ့လည်းရောက်ရော…လူအုပ်ကြီးကရဲစခမ်းဝန်းထဲက..အဆောက်တဦတခုကိုမီးရှို့ပစ်လိုက်တယ်လေ…လူအုပ်ကြီးကိုကျနော်တို့မထိန်းနိုင်တော့ဘူး…..ဘာတတ်နိုင်မှာလည်း…ကျနော်တို့ဘယ်လိုမှမတားဆီးနိုင်တော့ဘူး….

........................ညဘက်၈နာရီသတင်းမှာတော့…ဆူပူအကြမ်းဖက်ဆန္ဒပြသူလူတစုကကားကိုမီးနဲ့ရှို့လို့သေနပ်နဲ့ပြန်လည်ပစ်ခတ်တာလူတဦးသေဆုံးသွားတယ်ဆိုတာပါလာတယ်…ကျနော်တို့တတွေဒေါသထွက်လိုက်တာမပြောပါနဲ့..တကယ်က..သေနပ်နဲ့ပစ်တာ..လူတဦးသေလို့…လူထုကကားကိုမီးနဲ့ရှို့လိုက်တာ…ပြောင်းပြန်ကျေငြာသွားတယ်…အစိုးရရဲ့မသမာမှု့နဲ့လိမ်ညာမှု့ကိုအားလုံးကသဘောပေါက်သွားကြပြီ…..အဲဒီနေ့ကလူတွေတော်တော်များများဒေါသတွေထွက်ကြတယ်…ကျေကွဲကြတယ်…ဘာပဲဖြစ်ဖြစ်သပိတ်စခမ်းကိုအာဏာပိုင်တွေဝင်မစီးနင်း နိုင်အောင်တော့ ကာကွယ်ရမယ်…. သပိတ်စခမ်းတည်ရှိရာ.. ဆုံတိုက်ရပ်ကွက်သူ ရပ်ကွက်သားတွေအပါဝင်လူတွေက နိုးနိုးကြားကြားနဲ့ ၀ိုင်းဝန်းကာကွယ်ကြတယ်လေ…



အပိုင်း ( ၄ ) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 နယူးဇီလန်တွင်ပြုလုပ်သောရှစ်လေး လုံးနှစ်ပတ်လည်နေ့ အခမ်းအနားသို့ပေးပို့သော မြန်မာ့ဒီမိုကရေစီခေါင်းဆော​င်ဒေါ်အောင်ဆန်းစုကြည်၏ဗွီဒီယို မိန့် ခွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆော​င်ဒေါ်အောင်ဆန်းစုကြည် မှ နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ တွင်ပြုလုပ်သော (၂၃)နှစ်မြောက်ရှစ်လေး လုံးနှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့ သော ဗွီဒီယို မိန့် ခွန်း

ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်.

0 Massage နှင့် KTV အချို့ ဗြောင်ကျကျ ပြန်လည်ထကြွ.

  • ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့ရှိ Massage & KTV ကဲ့သို့သော လုပ်ငန်းများကို ပိတ်သိမ်းမည်ဟု ကြေငြာခဲ့ပြီးလိုက်လံစစ်ဆေးပိတ်သိမ်းမူ့များ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် ဗြောင်ကျကျ ပြန်လည်ထကြွလာလျှက် ရှိသည်ကိုတွေ့ရ

ရန်ကုန်မြို့ရှိ တရားမဝင်သော Massage & KTV အချို့မှာ ဇူလိုင်နောက်ဆုံးပတ်မှ စတင်ကာ ပြောင်ပြောင်တင်းတင်း ပြန်လည်ဖွင့်လှစ် လာကြပြီဟု ကိုယ်တွေ့သွားရောက်ခဲ့သူများ ထံမှ သိရသည်၊၊ Massage & KTV တစ်နိုင်တစ်ပိုင် ဖွင့်လှစ် ကြသူများမှာ ယနေ့ အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း အဆိုပါလုပ်ငန်းများကို ကြီးကြီးမားမား လုပ်ကိုင်ကြသူများနှင့် ဟိုတယ်ကြီးများ မှာမူ ပြန်လည်ဖွင့်လှစ်ကြပြီဟု စုံစမ်းသိရှိရသည်၊၊

“တစ်ချို့နေရာတွေဆို တစ်ကယ့်ကို အကြီးကြီး၊ KTV & Massage နှစ်မျိုးစလုံးရှိတယ်၊ စီးပွါးရေးလုပ်ငန်းကြီး လို့တောင် ပြောလို့ရတယ်၊၊ တစ်ချို့ ဟိုတယ်ငယ်တွေမှာဆိုလျှင် ဟိုတယ် အမည်ခံထားပြီး KTV & Massage, Oil Massage အထိရှိတယ်၊၊ ကျွန်တော် သွားဖူးတဲ့ ဟိုတယ် နှစ်ခုကတော့ ပြန်ဖွင့်နေပြီ” ဟု မင်္ဂလာတောင်ညွန့် တွင် နေထိုင်သူ အင်ဂျင်နီယာတစ်ဦးက ပြောသည်၊၊

ရန်ကုန်မြို့တွင်း ဧရိယာဖြစ်သော ကျောက်တံတားမြို့နယ် အတွင်းရှိ KTV အချို့သည်လည်း ပြန်လည်ဖွင့်လှစ်နေပြီဟု ကိုယ်တွေ့သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်၊၊

“အရင်တုန်းကလို KTV မယ်တွေ ရှိတုန်းပဲ၊၊ ဆိုင်မန်နေဂျာနဲ့ ရင်းနှီးလို့ ဘယ်လိုလဲ ရပြီလားလို့ မေးကြည့်တော့ စစ်ဆေးရေး ရှိတဲ့ အချိန်ဆိုရင် ခဏပိတ်ထားတယ်လို့ ပြောတယ်၊၊ စစ်ဆေးရေးရှိမရှိ ဘယ်လိုကြိုသိသလဲ ဆိုတော့ ခင်ဗျားဘာသာစဉ်းစားတော့” ဟု ၎င်းကပြောသည်၊၊

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့ရှိ KTV & Massage ကဲ့သို့ လုပ်ငန်းများကို ပိတ်သိမ်းမည်ဟု ကြေငြာခဲ့ပြီး၊ လိုက်လံစစ်ဆေး ပိတ်သိမ်းမူ့များလည်း ရှိသည့်တိုင်အောင် ကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် ဟန့်တားနေကြသော ပျက်ယွင်းနေသည့် အယူအဆရှိသည့် ဝန်ထမ်းအချို့ကြောင့် ခရီးမတွင် ဖြစ်နေရသည်ဟု ရှေ့နေကြီးတစ်ဦးက ပြောသည်၊၊

“ဒီလို လုပ်ငန်းတွေ ဖွင့်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်း တွေကြားမှာ လာဘ်ပေးလာဘ်ယူမူ့တွေက ခိုင်ခိုင်မာမာ ရှိနေကြသေးတယ်၊၊ သေသေချာချာ၊ ထိထိရောက်ရောက် မဖြေရှင်းရင် ပျောက်ကွယ်မှာ မဟုတ်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးသိန်းညွှန့်က ပြောသည်၊၊

မွန်ပြည်နယ် လွှတ်တော် ကိုယ်စာလှယ် ဒေါက်တာ အောင်နိုင်ဦးက “အခုလို ဘာမှ မကြာသေးခင်မှာ ဒီလုပ်ငန်းတွေ ပြန်ဖွင့် လာနိုင်တယ် ဆိုတာ တရားဥပဒေ စိုးမိုးရေးကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာပဲ၊၊ ဒီလုပ်ငန်းတွေက မြို့ကြီးပေါ်မှာ များတယ်၊၊ ကျွန်တော်တို့ နယ်ဘက်ကို မရောက်သေးဘူး၊၊ အခု ကတည်းက မြို့ကြီးပေါ်မှာ အမြစ်မဖြတ်ထား နိုင်ရင် တစ်ချိန်မှာ နယ်ဘက်ကို ကူးစက်မှာပဲ၊၊ အဲဒီ အခါဆို ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူး” ဟု ကောက်ချက်ချသည်၊၊

ယင်းပြဿနာကို ကိုင်တွယ်မည်ဆိုပါက အဆိုပါ လုပ်ငန်းများမှ အမျိုးသမီးများအား အမှန်တကယ် အာမခံရှိသော လုပ်ငန်းများကို ဖန်တီးပေးနိုင်ရန် လိုသည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစား သင့်သည်ဟု ဦးသိန်းညွှန့်က ပြောသည်၊၊

Par Par Gyi

0 သစ်ပုတ်မျိုးဆက်


သစ်ပုတ်မျိုးဆက်

တစ်ခါတုန်းက အမိတက္ကသိုလ်မှာ ချစ်သူရယ်၊ သူငယ်ချင်းတွေရယ်နဲ့ ပျော်ရွှင်ခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ ကမ္ဘာလေးတစ်ခုမှာ ကြီးပြင်းလာခဲ့ရတယ်။

ယခု အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ချစ်သူရယ်၊ သူငယ်ချင်းတွေရယ် မပါပဲ အထီးကျန် ပြန်ရောက်ခဲ့ ရတယ်။

ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူ တစ်ဦးရဲ့ နောက်ဆုံးခရီးလမ်းတစ်ခုအတွက် ရောက်ခဲ့ရတာပါ။ အဲဒီ … အဲဒီအချိန်မှာ အမိကျောင်းတော်ကြီးအတွင်း အလွမ်းပြေ အမောပြေ လှည့်လည်ကြည့်ရှု ခံစားမိခဲ့စဉ် “သစ်ပုတ် မျိုးဆက်” ဟူသော စကားတစ်ခွန်း ရင်ထဲရောက်လာမိတော့တယ်။

သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း

ဖုန်တလောင်းလောင်း ထနေဆဲ။

ကျောင်းတော်ကြီးရဲ့ သံတံခါး

တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။

ကျောင်းတော်ကြီးရဲ့ အမိုးသံပြား

နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။

ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ

အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။

ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး

အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။

ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်

သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။

ကျော်သူ

Sunday, August 7, 2011

0 အခေါက်အပွေး၊ အသွေးအရောင်နှင့်စေ့ထားသည့်တံခါး (မျိုးမြင့်ချို)

April 1, 2011 at 7:16am(ရေးခဲ့သည့်အချိန်ကာလကို သတိပြုစေလိုပါကြောင်း)

ကျနော်စစ်သင်တန်းတက်တော့ စက်ပစ်ကွင်းဆင်းရ၏။ ကိုက်သုံးရာအကွာတွင် လေးပေပစ်မှတ်ကိုထောင်ထားပြီး တယောက်ကို ကျည်ဆံ ၅တောင့်နုန်းဖြင့် ပစ်မှတ်၏ဗဟိုချက်တည့်တည့်ကို ပစ်ခိုင်းခြင်း။ ၅တောင့်လုံး မှန်အောင်ပစ်နိုင်သူအား “ကျည်စု”ဆု ပေး၏။ ၅တောင့်လုံး မှန်သူများလည်းရှိ၏။ ဗဟိုကိုထိတန်သလောက်ထိပြီး လေးပေပစ်မှတ်၏ အခြားနေရာများကို ထိသည်များလည်းရှိ၏။ ရည်ရွယ်ချက်က “ဗဟိုချက်ကို ပစ်ရန်နှင့်ထိရေး”။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့က န.ဝ.တ၊ န.အ.ဖ စစ်အုပ်စုထိပ်သီးများ၊ ဆွေတော်မျိုးတော်များ၊ ယင်းတို့၏ ပုလင်းတူဗူးဆို့များအပေါ် "ပစ်မှတ်ထားအပိတ်အဆို့" အဟန့်အတား လုပ်ထားသည်ကို လူတိုင်းသိပြီးသားဖြစ်၏။ ထိုတွင် ယင်းတို့၏နိုင် ငံခြားဘဏ်များရှိ ငွေသားနှင့် အခြား အပ်နှံ ထားသည့် ပစ္စည်းများပါ ထုတ်မရတော့။

န.အ.ဖက ထိုလုပ်ဆောင်မှုကို “စီးပွားရေးပိတ်ဆို့မှု” ဆိုသည့်ဝေါဟာရဖြင့် လူထုအားမှိုင်းတိုက်၏။ ဗူးလုံးနားမထွင်းဖြစ်အောင် လုပ် ထား၏။ လူထုနားတွင် “စီးပွားရေးပိတ်ဆို့မှု” ဟုကြားလိုက်သည်နှင့် စိတ်တွင် “ငါတို့ကိုပိတ်ဆို့ထားတာပါလား” ခံစားစေလိုရင်းဖြစ်၏။ သဘောက “ဗဟိုချက်အားချိန်၍ ပစ်ခြင်းနှင့်ထိရေး” ကို “လေးပေပစ်မှတ်အား ပစ်ခြင်းနှင့်ထိရေး” ဖြစ်သယောင် ဝါဒဖြန့်ခြင်း။

တလျှောက်လုံး သူတို့ကိုင်ထားသည့် မီဒီယာများမှ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဟု ကယောင်ကတမ်းအော်သံများ ညံနေအောင် ကြားရသလို၊ တဖက်မှလည်း “စီးပွားရေးပိတ်ဆို့မှုကြောင့် တိုင်းပြည်ကြီးဘယ်လောက်ပျက်စီး” ဟုပြောနေပြန်၏။ မည်သို့ နားလည်ရ မည်နည်း။ မမှုသူသည် နာကျင်သည်ဟုငြီးတွားပြီး ပျက်စီးပါပြီဟုမပြော။“တိုင်းပြည်ကြီးပျက်စီး”နေသည်မှာလည်းမှန်၏။ “ပစ်မှတ်ထားပိတ်ဆို့မှု” အလုပ်ခံထားရသည်လည်းမှန်၏။ သို့သော် “ပစ်မှတ်ထားပိတ် ဆို့မှုနှင့်တိုင်းပြည်ကြီးပျက်စီးခြင်း” ကို တတွဲတည်းကြည့်ပါက “လုံးရိုက်သည့်အမြင်နှင့်ဝေဝါးသည့်ကောက်ချက်” သာထွက်မည်။ ၁၉၆၂မှ ၁၉၈၈ အထိ ဗမာပြည်ကို ဘယ်သူမှစီးပွားရေးအပိတ်အဆို့မလုပ်။ မရှိ။ တချိန်က အရှေ့တောင်အာရှတွင် အကြွယ်ဝဆုံး ဘတိုင်းပြည်သည် ဘာကြောင့် ၁၉၈ဝ ဝန်းကျင်ရောက်တော့ “ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံ” စာရင်းဝင်သွားရသနည်း။ တိုင်းပြည်ကြီး ပျက်စီးရ၏။ မည်သူ ဖျက်ဆီးသနည်း။

ဒီဘက်ခေတ် နှစ် ၂ဝ ကျတော့ ဘာကြောင့်အပိတ်အဆို့တွေ ကြုံလာရသနည်း။ ဒီဘက်ခေတ် အနှစ် ၂ဝ ခရီးတွင် တိုင်းပြည်ကြီး ပို၍ယိုယွင်းပျက်စီးလိုက်လာသည်မှာ ပြောစရာမရှိ။ ပြည်ပထွက်အလုပ်လုပ်ကြရသူများ၊ တတိယနိုင်ငံတွင်အခြေချနေရသူများ၊ ပြည့်တန်ဆာများ၊ အိမ်ဖေါ်များ၊ ဒုစရိုက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလုပ်အားပေး၊ ကလေးစစ်သား၊ ပေါ် တာ၊ တောင်းရမ်း စားသောက်ရသူများ၊ ရောဂါဘယများ၊ မူးယစ်ဆေးဝါး၊ တကြော့ပြန်ပြည်တွင်းစစ် စသည်တို့နှင့်လုံးလည်လိုက်နေကာ အဆင်းရော အချင်းပါ အဖျက်ဆီးခံနေရ၏။ ခါးမလှဝမ်းမဝ။ နိုင်ငံနှင့်လူမျိုး၏ဥပဓိ (Identity of nation and nationality) မြင် မကောင်းအောင်ပုံပျက်ရ၏။ မည်သူဖျက်သနည်း။

ယခု သူတို့ လမ်းပြမြေပုံနောက်ဆုံးခြေလှမ်းပြီးလုပြီ။ ယခင်က သူတို့ပြောချင်သည့်စကားကို သူတို့နှုတ်က ထွက်ရ၏။ ယခု သူတို့ စကားအတွက်ပါးစပ်အငှားလည်းရပြီ။ လွှတ်တော်တွင်းက အငှားပါးစပ်တို့ကို ပြောခိုင်း၏။ ပြောလည်းပြော၏။ ပါးစပ်အငှားနှင့်ပြောတာ က “တာ” ပိုသွားမည်ကိုလည်းသိ၏။ သူတို့ တုန်းက “တို့မမှုပါ” နှင့် “တိုင်းပြည်ကြီးပျက်စီး”လောက်ပဲပြောလို့ ရသည်။ ပြောလို့ကောင်း သည်။ အငှားပါးစပ်နှင့်ကျတော့ “တို့မမှုပါ” ထဲ့ပြောလို့မကောင်း။ မဖြစ်။ ဆိုတော့ “ဘာမှမထိရောက်ပါ” “လူထုသာနာသည်” ဆိုပြီး ပြင်ပြောခိုင်းရ၏။

လူထုက အခုမှကောက်ကာငင်ကာ “ထ”နာခြင်းမဟုတ်။ ၆၂ ခုကတည်းကနာလာသည့် အနာဟောင်း အနာဆွေး။ သွေးတိတ်ဖို့ခက်၏။ အနာ၏ဇစ်မြစ်ကိုသိသိနှင့် ဆေးချက်မှန်ကိုမပေးပဲ ရေမန်းဆီမန်း ဥုံဖွအပ်ချလောင်းဖြင့်မရ။

နောက်တချက်က မထိရောက်ဆိုခြင်း။ မှန်၏။ စီးပွားရေးပိတ်ဆို့မှုတခုတည်းဖြင့် နိုင်ငံတခု၏စီးပွားရေး၊ နိုင်ငံရေးအဆောက်အဦ တခုလုံး ပြောင်းလဲသွားရသည့်သာဓက ကမ္ဘာပေါ်တွင်မရှိခဲ့။ ခေါင်းဆောင်တို့၏ နိုင်ငံရေးရေချိန်နှင့်အဆုံးအဖြတ်၊ လူထု၏လိုက် ပါနိုင်မှု၊ နိုင်ငံတကာအခင်းအကျင်းနှင့်အခြေအနေ စသည်တို့ကို ပိတ်ဆို့မှုနှင့်ပေါင်းစပ်ခဲ့ခြင်းကြောင့်သာ အပြောင်းအလဲဖြစ်ရ၏။

၅ တောင့်လုံးမမှန်သဖြင့် မထိရောက်ဟု ပြောလို့မဖြစ်။ မထိရောက်ဆိုလျှင် ဘာလို့အချိန်ကုန် လူပန်း အာညောင်းခံကာ “ရုပ်ပေးပါ၊ ရုပ်ပေးပါ” ဟု အငှားပါးစပ်တို့က တစာစာအော်ကြရသနည်း။ ရှင်းပါသည်။ အရောင်အသွေး အမွှေးအတောင်တူသည့်ငှက်များ အုပ်စုဖွဲ့ ပျံသန်းကြခြင်းဖြစ်၏။

ပိတ်ထားတာကိုဖွင့်ပေးပါဟု အော်နေခြင်းသည် လက်တွေ့နိုင်ငံရေး၏ ပကတိလိုအပ်ချက်မဟုတ်။ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ တောတွင်းကပြန်လာလိုသူများ ဘေးသီရန်မခပြန်လာနိုင်ရန်၊ ၊ အချိန်ကာလတခု သတ်မှတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲများလုပ်ရန်သာ လက်တွေ့၏တောင်းဆို လိုအပ်ချက် ဖြစ်၏။ ထိုသို့ဆိုလျှင် ဖွင့်ပေးပါ ပြောစရာမလို။ စေ့ထားသည့်တံခါး အလိုလိုပွင့်၏။

မျိုးမြင့်ချို

1 23 နှစ် ရှစ်လေးလုံးသွေးကြွေးများ


ရာသီစက်ဝန်း ဖြစ်ရပ်မျိုးစုံ အဖုံဖုံ ကို
မောင်ကျောင်းသားတို့  ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့၏။
ကျောက်စာပေစာ ပရပိုက်က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်လေပြီ။

ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ် က
ကျောင်းသားရဲဘော် အများစုမှာ
သွေးကြွေးတွေကိုဆွေးနွေးချင်လို့ 
ရိုးရိုးသားသား ကြိုးစာပြီးတောင်းဆို
အာဏာရှင်စနစ်ဖြုတ်ချရေးက
အရေးကြီးတာမို့  မဆလ အား
လူထုအားဖြင့် ကြိုးဝိုင်းထဲမှာ
ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ယူခဲ့ကြတယ်။စစ်ဖိ
နပ်အောက် ဒူးမထောက်
လက်မမြှောက် ကြောက်စိတ်မပြေ

ကိုမင်းကိုနိုင် ကိုကိုကြီး တို့  ဒို့ ကျောင်းသားတွေ

ဟိန်းထ ထိန်းမရ မွေးလာခဲ့ကြတယ်။

သွေးနီနီရဲ ပြည်သူများ အလောင်းတွေပလူပျံ

ဦးနှောက် အလီလီခုန်ထွက် ပုံပျက်လှတဲ့ အနိဌာရုံ

ငရဲပြည်ထက်ဆိုးဝါး ဒို့ လိုတာက လူ့ အခွင့်အရေး
ဦးစားပေးတာ ဒီမိုကရေစီ ညီညီညာညာ ဟစ်ကြွေးနေတာ

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး။

တချို့  က ရှစ်လေးလုံးကို အနုပညာဖြင့် ဂုဏ်ပြုမှတ်တမ်းရေးကြ

အခု ၂၃နှစ်ပြည့်ပြီ...

ရက်တစ်ရာ အစိုးရ တဲ့ ဘာမှမပြောင်းလဲ

ပြောင်းလဲတာက ပြည်သူမွဲ
အစိုးရက မစစ် မရမကအတင်းဖြစ်

တစတစ လည်ပင်းညှစ် ညှစ်လို့ အားမရ
...အသားက အစ ...အရိုးအဆုံး

အကုန်လုံးသိမ်းကျုံး
လူလုံးမလှ အပူလုံးကြွ
သတ်လိုက်ကြ ထောင်ထဲထည့်ကြ ဒါလားအစိုးရ။
ထွန်းဝေ( တိုကျို)

0 ကြွေလွင့်သွားသော ခွပ်ဒေါင်းတို့ရဲ့အရှင်သခင်






ကြွေလွင့်သွားသော ခွပ်ဒေါင်းတို့ရဲ့အရှင်သခင်

၅.၈.၂၀၁၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် ရွှေဗဟိုဆေးရုံ၌ မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတစ်ဆင်းဖြစ်သူ ပန်းချီ မောင်မောင် သိုက် အသက် (၆၆)နှစ်သည် ကြွေလွင့်သွားရှာပြီဖြစ်သည်။

ဆရာ မောင်မောင်သိုက်၏ ဈာပနအခမ်းအနားအား ၇.၈.၂၀၁၁ ရက်နေ့ ညနေ (၄း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးစီးဦးဆောင်ကာ စာပေပညာရှင်များ၊ ပန်းချီပညာရှင်များနှင့် ဆရာမောင်မောင်သိုက် အား လေးစားချစ်ခင်ကြည်ညိုကြသည့် ဧည့်ပရိသတ်ပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်။

ပန်းချီမောင်မောင်သိုက်၏ အနုပညာစွမ်းအားများသည် ဘာသာသာသနာအတွက်၎င်း၊ မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးအတွက်၎င်း၊ အနုအလှ ခံစားသူတို့အတွက်၎င်း စိုးမိုးလွှမ်းခြုံခြင်းကို ခံရမည်ဖြစ်သည်။ ထို့အပြင် တစ်ခုတည်းသော အမျိုးသားပါတီနိုင်ငံရေး အဖွဲ့အစည်း၏ အလံတော် ခွပ်ဒေါင်းနှင့် ကြယ်တို့၏ အရှင်သခင်ဖြစ်ခဲ့သည်ကို အများသူငှါ သိနိုင်တော့မည် မဟုတ်ချေ။

ဆရာသိုက် ရောက်ရှိရာ မြင့်မြတ်သော ဘုံဋ္ဌာနမှ မြန်မာတစ်မျိုးသားလုံးအတွက် ငြိမ်းချမ်းလှပ သာယာစိုပြေသော ပန်းချီကားချပ် ရေးဆွဲနိုင်ပါစေဟု ဆန္ဒပြုရင်းနှင့် . . .

ဆရာပါတုန်းက တစ်ကြိမ် “မောင်ကျော်သူ မင်းအကြောင်း ရေးဦးမယ်” တဲ့

အခု ဆရာသိုက်က တစ်ကြိမ် “ကိုကျော်သူ ခင်ဗျားပုံတူ ဆွဲဦးမယ်” တဲ့

ခုတော့ ကိုယ့်ပုံကိုယ်ဆွဲ ကိုယ့်သမိုင်းကိုယ်ရေးယုံပေါ့ ဆရာတို့ရယ် . . . . ။

ကျော်သူ

1 " ပြန်လာပြီ ပန်ထွာ ဧကရီ " ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ထောင်ထဲမှာ ရေးစပ်တဲ့ ၈လေးလုံး သီချင်း



( ပြန်လာပြီ ပန်ထွာ ဧကရီ)

ရေးသားသူ ------ကိုမင်းကိုနိုင်
သီဆိုသူ-----------မျိုးဆက်​သစ် လူငယ်များ

ဝိုး-၀ိုးဝို-၀ို--၀ို.-၀ို.-၀ို--၀ိုး-----------
ရန်ပယ်ချောင်းတွင်း ရန်စွယ်အပေါင်းရှင်းဘို. -------ညီညာရုန်းစုလို.----​ဟန်ပြင်နေပြီမို.----------​--------------
ဒီမြို့ရိုးထက်သို.----ခြေ​တင်ပြီးတက်လို. --စည်တော်ကြီးတီးနိုင်ရန်-​--------
( ပြန်လာပြီ ပန်ထွာ ဧကရီ)
ရာထောင်သောင်းသိန်းသန်း---ေ​တာင်ပံဖြန်.ငှက်တို.----ဝေဟ​င်ထဲရိုက်ခတ်--- ---ဟစ်ကြွေးသံမြည်သို.---
ညာဘယ်ပြောင်းသွဲသွဲ.-----ကြာစွယ်ဖယောင်းလက်နဲ.--------​--မာန်တင်ပြီး တီးနိုင်ရန်-------------
သေနင်္ဂဗျူဟာ ----နည်းပရိယာယ်တွေ-----( အမြင်မှန်တွေး---) အပြင်ကလူကို အတွင်းစည်း အ၀င်မခံရေး---
ဘယ်သူတရားမျှတ------ဘယ်သူက​ အဓမ္မ--------အမှောင်နဲ.အလင်း ---အားခြင်း
မျက်နှာခြင်းဆိုင်ပြီမို.--​------------------
ီဒီ -- မြို့ရိုးထက်သို.------ခြေတ​င်ပြီး တက်လို.------ စည်တော်ကြီးတီးနိုင်ရန်---​-----ပြန်လာပြိပန်ထွာ
ဧကရီ--------- ပြန်လာပြီ ပန်ထွာ--ဧကရီ--------
-------------------၀ိုဝို-​-၀ို.--၀ို.--၀ို.---------​----
၈လေးလုံး နှစ်ပတ်လည် အဖြစ် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အခမ်းအနားတွေ ဒီကနေ့ တင်ကြိုကျင်းပခဲ့ကြပါတယ်။ကျိုင်းတုံ အကျဉ်းထောင်မှာ မင်းကိုနိုင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅နှစ်ခွဲ ကျခံ နေရတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် သီချင်း တပုဒ် ဂုဏ်ပြုစပ်ဆို ထားပြီး ၈လေးလုံး နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ ၈ရက်နေ့မှာ ဖြန့်ဝေဖို့စီစဉ်ထားပါတယ်။

" ပြန်လာပြီ ပန်ထွာ ဧကရီ " လို့ အမည်ရတဲ့ အဲဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကနေ လွတ်မြောက်လာတဲ့ နေ့ကစပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြု ရေးစပ်ခဲ့ တာလို့ သိရပါတယ်။ဒီသီချင်း စာသားကို ကျိုင်းတုံထောင်ကနေ ရက်စေ့လို့လွတ်လာတဲ့ တာမွေ NLD ကိုကျော်ကျော်ဆန်း က နှုတ်တိုက်ကျက် ခဲ့ပြီး မြန်မာ ပြည်တွင်းက ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ လူငယ်တွေကနေ အများနားဆင်နိုင်အောင် ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က သူရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ နှစ်ယောက်စလုံး ထောင်က လွတ်လာခဲ့ ရင် ဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဂုဏ်ပြု ဆိုပြဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် ကိုကျော်ကျော်ဆန်းကို နှုတ်တိုက် ချပေးလိုက်တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အကျဉ်းကျနေဆဲ ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ရော၊ သူ့ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ပါ ဒီသီချင်းကို ကြိုးစား ထုတ်လုပ်ခဲ့တာ ဖြစ်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ဒီသီချင်း စာသားတွေမှာ စာရေးဆရာ နိုင်ဝင်းဆွေ ရေးတဲ့ မဟူရာ မေတ္တာထဲက ဗိဿနိုး ဧကရီ ပန်ထွာ ဘုရင်မနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းနှိုင်းထားသလို မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဆင်ခြင်သင့်တဲ့ သဘောတရားတွေကို ထည့်သွင်း စပ်ဆိုထားလို့ ပြည်သူ လူထု နှစ်သက်မယ်လို့မျှော်လင့်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးက ပြောပြပါတယ်။
(bbc)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.