Thursday, December 31, 2009

0 “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “အခမ်းအနား“

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ)
“၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “အခမ်းအနား“

အခမ်းအနား အစီအစဉ်

၁။ အခမ်းအနားကို “ နမော တဿ “ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ရန် ။

၂။ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲ ဆရာတော် အရှင်ဓမ္မဇောတိ မှ ပရိသတ်များအား “ငါးပါးသီလ“ ချီးမြှင့်ပေးတော်မူရန် ။(၃- မိနစ်)

၃။ အွန်လိုင်း မေတ္တာပို့  နှစ်သစ်မင်္ဂလာ သာရဏီယ သြ၀ါဒ ကထာ အကျဉ်းကို နယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် ဦးသြဘာသ အရှင်မြတ်မှ မြွက်ကြားပေးတော်မူပါရန် ။(၅-မိနစ်)

၎။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း“ မေတ္တာ ပို့ “ နှစ်သစ် မင်္ဂလာ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ မှ ရှင်းလင်းပြတော်မူပါရန် ။ (၅-မိနစ်)

၅။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ“ ပို့ နှစ်သစ်မင်္ဂလာ ဆုတောင်း မေတ္တာ စာလွှာ သြ၀ါဒ ကထာ အကျဉ်းကို ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင်ဆရာတော် ဦးသောပါက အရှင်မြတ်မှ ချီးမြှင့်ပေးတော်မူပါရန် ။ (၅ -မိနစ်)

၆။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့  “ နှင့်စပ်လျဉ်း၍ အနုမောဒနာ တရားတော်ကို အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် ဦးဝိသုတအရှင်မြတ်မှမြွက်ကြားပေးတော်မူပါရန် ။(၁၀-မိနစ်)

၇။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့“ မင်္ဂလာပွဲသို့ ကြွရောက်ပါဝင်တော်မူလာကြကုန်သော နိုင်ငံတကာမှ ဆရာတော်များနှင့် လူ-ဒါယကာ/ဒါယိကာမတို့ အား ယနေ့ မျက်မှောက် ပြည်တွင်းအခြေနေ နှင့်စပ်လျဉ်း၍ သံဃာတော်များဦးဆောင်ပြီးဖြေရှင်းရန်လိုအပ်ချက်နှင့်သတိထားရှေ့ဆက်ဆောင်ရွက်-သင့်သည့်အချက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှုးဦးထာဝရ အရှင်မြတ် မှ လျှောက်ထား အသိပေးတိုက်တွန်းပေးတော်မူပါရန် ။( ၁၀-မိနစ်)

၈။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ “ မှ သည် ပြည်တွင်းနှင့် နိုင်ငံတကာ မှ သံဃာ့တပ်ပေါင်းစု နှင့် သာသနာ့ ဥသျှောင်ဆရာတော်များ နှင့် သံဃာထုတစ်ရပ်လုံး အား အားပေးတိုက်တွန်းခြင်းဥယျောဇန ကထာ စကားရပ်ကို ထိုင်းနိုင်ငံ မှ သာသနာ့ ဥသျှောင် အတွင်းရေးမှူးဆရာတော် ဦးကုဿရိယ မှလျှောက်ထား တင်ပြပေးတော်မူပါရန် ။ (၁၀-မိနစ်)

၉။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို ဆုတောင်းပွဲ“ မင်္ဂလာ အချိန်ကျရောက်ပြီဖြစ်ပါ၍ နိုင်ငံတကာမှ ဆရာတော် သံဃာတော်များအား အန္တရာယ် ကင်း နှစ်သစ် မင်္ဂလာပရိတ်တရားတော်များ ချီးမြှင့် ပေးတော်မူကြပါရန် လျှောက်ထားတောင်းပန်လွှာကို သာသနာ့ဒါယကာကြီး ဦး --------------------မှလျှောက်ထားပေးပါရန် ။ (၃-မိနစ် )

၁၀။ “ အွန်လိုင်း မေတ္တာ ပို့ တော်မူကြရန် .။ မေတ္တာ သုတ် (၃) ခေါက် မောရသုတ် (၃)ခေါက် ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော် ၊ သံဃာ့ဂုဏ်တော် ၊ ယံဒုန္နိ မိတ္တံ (၃)ဂါထာ၊ ဘ၀တု သဗမဂလံ (၃)ဂါထာ နှင့် တကွ ဇယန္တော ဗောဓိယာ မူလေ တို့ကိုရွတ်ဆိုတော်မူကြရန် ။(မိနစ်- ၃၀ ခန့် )

၁၁။ (ပထမ) အကြိမ် -အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ နှစ်သစ် မင်္ဂလာ အောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာရန် နှင့် လှူဒါန်းမှုအစုစုအတွက်ရေစက်ချအမျှဝေပေးတော်မူပါရန် ။(၁၀-မိနစ်)

၁၂။ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ ပို့  ဆုတောင်းပွဲအခမ်းအနားကိုရုတ်သိမ်းကြပါရန် ။
--
ပေးပို့လာသော ကိုဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်။

0 ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး စစ်မျက်နှာအသစ်

ရေးသားသူ -၀ါတနာချိုင်း

ထိုင်းနိုင်ငံသည် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မှ ထွက်ရှိနေသည့် မူးယစ်ဆေးဝါးများကို ဥရောပနှင့် အမေရိကားသို့ တင်ပို့ရာ အဓိကဝင်ပေါက်ဖြစ်ကြောင်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထုတ်လုပ်သောမူးယစ်ဆေးဝါး ၉ဝ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ထိုင်းလူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာကြောင်း၊ ထိုင်းနိုင်ငံ၏မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရန် မြန်မာနိုင်ငံမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သူနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်သူများအပြင် ထိုင်းနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုလုပ်နေသူများကိုလည်း ထိထိရောက်ရောက် နှိမ်နှင်းရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ ၂ဝဝ၉ ခုနှစ် နှစ်ချုပ်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့ပါသည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် တရုတ်-မြန်မာနယ်စပ်တွင် ကြီးမားသောစီးပွားရေး လုပ်ငန်းများ ဖြစ်နေပါသည်။ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှထွက်ရှိသော ဘိန်းဖြူများသည် ကန်ပိုက်တီးနှင့် လိုင်ဇာတို့မှတစ်ဆင့် တရုတ်ပြည်သို့လည်းကောင်း၊ ရှမ်းပြည်နယ်မှထွက်သော ဘိန်းနှင့် စိတ်ကြွဆေးပြား (မက်သာဖက်တမင်း) များသည် တန့်ယန်း၊ မိုင်းမော၊ နမ်တစ်၊ ကွန်ဟိန်းမြို့များရှိ အပစ်ရပ်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (SSA) မှ ထုတ်လုပ်ပြီး တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လည်းကောင်း ဘိန်းတန်ချိန်များစွာနှင့် စိတ်ကြွဆေးပြားသန်းရာနှင့်ချီပြီး နှစ်စဉ်များပြားစွာ ဝင်ရောက်လျက် ရှိပါသည်။

စိတ်ကြွဆေးပြားသုံးစွဲသူ အဓိကဈေးကွက်အဖြစ် ထိုင်းနိုင်ငံကို ''ဝ''နှင့် ကိုးကန့်လူမျိုးများက သတ်မှတ်ထားပြီး ၂ဝဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက ပန်ဆန်းမှ ထုတ်လုပ်သည့် W.Y စာလုံးပါ လိမ္မော်ရောင် ရာဘာ့ (Ya Ba) ဆေးပြား သန်းပေါင်း ၃ဝ ကို ထိုင်းနယ်စပ်အနီး ဘန်ဟုန်းမှတစ်ဆင့် ချင်းမိုင်၊ ချင်းရိုင်များသို့ တင်ပို့မည့်သတင်းကို ထိုင်းထောက်လှမ်းရေးဌာနက ရရှိခဲ့ပါသည်။ ၄င်းရရှိသည့်သတင်းကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သူ ''ဝ'' တပ်ဖွဲ့ဝင်အချို့ကို အသေဖမ်းဆီးရမိ သော်လည်း ရာဘာ့ဆေးပြား အများအပြားသည် တရုတ်-မြန်မာနယ်စပ်မှ ထိုင်း-မြန်မာနယ်စပ်သို့ တောလမ်း များအတိုင်း ပြန့်နှံ့သွားခဲ့ပါသည်။ ဆေးပြားသယ်ဆောင်သူများသည် ခြေလျင်ခရီး အသုံးပြု၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ကျေးရွာများ၊ ဒုက္ခသည် စခန်းများကို ခရီးတစ်ထောက်နားခိုပြီး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ ကြပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မူးယစ်ဆေးဝါးတားဆီးစောင့်ကြည့်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ ၂ဝဝ၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်မှု အခြေအနေသုံးသပ်ချက်တွင် မြန်မာအစိုးရသည် ''ဝ'' တပ်ဖွဲ့၊ KIA ၊ မိုင်းလားအဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လိုက်လုပ်စေရန် မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံမှတစ်ဆင့် ဖိအားပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကိုးကန့်တိုက်ပွဲများအပြီး ''ဝ''နှင့် KIA အဖွဲ့များအား ထုတ်လုပ်ပြီးမူးယစ်ဆေးဝါးများကို တရုတ်နိုင်ငံမှလွဲပြီး အခြားတစ်နေရာသို့ပို့ရန် တင်းမာသော သတိပေးချက်များ ထုတ်ပြန်ထားကြောင်း၊ သို့ဖြစ်၍ တရုတ်-မြန်မာနယ်စပ်ရှိ ရာဘာ့ဆေး ထုတ်လုပ်သူများသည် ဆေးပြားသယ်ယူရာလမ်းကြောင်းကို မြောက်ပိုင်းမှတောင်ပိုင်း ကရင်/ကယား ပြည်နယ်များသို့ ပြောင်းရွှေ့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးကုန်သည်ကြီးများကလည်း တရုတ်-မြန်မာနယ်စပ်တွင် ရာဘာ့ဆေးပြား ထုတ်လုပ်မှုလျော့နည်းလာပါက ၄င်းတို့၏မူးယစ်ဆေးဝါးဈေးကွက် မထိခိုက်စေရန် မြန်မာနိုင်ငံအတွင်း ဆေးပြားထုတ်လုပ်နိုင်သည့်နယ်မြေအသစ်ကို ရှာဖွေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဖိအားကြောင့် မြန်မာဘက်မှ အဓိကမူးယစ်ဆေးဝါးထုတ်လုပ်သည့်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာနေပြီး တောင်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် အဆက်အသွယ်များ ပြုလုပ်လျက်ရှိပါသည်။

နယ်စပ်သတင်းများအရ မြန်မာအစိုးရမှ မူးယစ်တရားခံပြေးသတ်မှတ်ထားသော ဖုန်ကြားရှင်အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဖုန်စုလျှောင်နှင့်အဖွဲ့သည် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်းက KNU တပ်မဟာ(၇)နယ်မြေ သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၄င်းအဖွဲ့နှင့်အတူ ဖုန်ကြားရှင်အဖွဲ့မှ တရုတ်နိုင်ငံအတွင်း သိမ်းဆည်းရန် အခက်အခဲ ဖြစ်နေသော လက်နက်ခဲယမ်းများကို KNU အဖွဲ့သို့ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ဖုန်စုလျှောင်သည် ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ကြောင်း၊ ၄င်းတို့အဖွဲ့သည် ရာဘာ့ဆေးပြားများ ထုတ်လုပ်သည့်စက်ပစ္စည်းနှင့် ဓာတုဆေးဝါးများကိုလည်း သယ်ဆောင်လာခဲ့ကြောင်းနှင့် ရာဘာ့ဆေးပြား ထုတ်လုပ်ရောင်းချရေးအတွက် KNU ခေါင်းဆောင်ပိုင်းတွင် သဘောထားကွဲလွဲလျက်ရှိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတာဝန်ယူထားသည့် အမှတ်(၃)ယန္တယားတပ်ဖွဲ့၏ အထူးထောက်လှမ်းရေးသတင်းများအရ မြန်မာဘက်တွင် ရာဘာ့ဆေးပြားထုတ်လုပ်သည့် စက်ရုံ ၈ နေရာခန့် ရှိနေပြီး ၄င်းနေရာများကို ''ဝ'' အုပ်စု၊ SSA အုပ်စုနှင့် မိုင်းလားအုပ်စုတို့မှ လုပ်နေကြောင်း၊ ယခုအခါ ရွှေ့ပြောင်းနိုင်သော မူးယစ်ဆေးဝါးထုတ်သည့်စက်ငယ်များ KNU နယ်မြေအတွင်း ရောက်ရှိလာနေကြောင်း၊ တာချီလိတ်လမ်းကြောင်းတွင် အဖမ်းအဆီးများနေသဖြင့် မဲဟောင်ဆောင်နှင့် တာ့ခ်ခရိုင်များမှတစ်ဆင့် ထိုင်းလူမျိုးများက ဆေးပြားများကို မှာယူတင်သွင်းနေကြောင်း သိရှိရပါသည်။

သိသာထင်ရှားသည့်သက်သေအနေဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် တာ့ခ်ခရိုင် အမှတ်(၁ဝ၄) အာရှလမ်းမကြီးပေါ်ရှိ ဝမ်ဂျောင်အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထိုင်းလူမျိုး ၂ ဦး မောင်းနှင်လာသည့် လိုင်စင်မဲ့ ဗွီဂိုအမျိုးအစား ၂ ခန်းတွဲယာဉ်အား သတင်းအရရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသည့်စိတ်ကြွဆေးပြားများကို ထိုင်းမူးယစ်နှိမ်နှင်းရေးဌာနမှ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်သည့်ဆေးပြားတံဆိပ်နှင့် မတူသည့်ဆေးပြားအမျိုးအစားသစ်ဖြစ်ကြောင်း၊ ၄င်းစိတ်ကြွဆေးပြားများကို ဖုတ်ဖမြို့နယ်၊ ဝေါလေခွီးရွာ အနီးရှိ KNU အဖွဲ့ထံမှ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းဆက်အရ ဖုတ်ဖမြို့နယ် ရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ဝင်များက ဝေါလေခွီးရွာအတွင်းရှိ KNU နှင့် ပတ်သက်နေသည့်အိမ်များအား ရုတ်တရက်ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီး မသင်္ကာဖွယ်ရာ ထိုင်းလူမျိုး ၂ ဦး နှင့်ကရင်လူမျိုး ၁ ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်များအရ စိတ်ကြွဆေးပြား ထုတ်လုပ်မှု တွင် KNU အဖွဲ့မှ အမည်စိစစ်ဆဲ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ တာ့ခ်ခရိုင်အတွင်းသို့ ဝင်ရောက်လာသော ရာဘာ့ဆေးပြားအများစုသည် အုန်းဖန်ဒုက္ခသည်စခန်းမှတစ်ဆင့် ရောက်နေကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တွင် KNU လက်နက်ကိုင်အဖွဲ့အစည်းမှ စိတ်ကြွဆေးပြား ထုတ်လုပ်ရောင်းချပြီး စစ်လက်နက် ပစ္စည်းများဝယ်ယူရန် ငွေရှာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝမ်ဂျောင်ဂိတ်တွင် ဖမ်းမိသောစိတ်ကြွဆေးပြားများသည် ထိုင်းဈေးကွက်သို့ နောက်ဆုံးဝင်လာသည့် အမျိုးအစားသစ်ဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်း ကရင်လက်နက်ကိုင်အဖွဲ့မှ ထုတ်လုပ်ခြင်းဖြစ်သဖြင့် ထိုင်းမူးယစ်ဆေးဝါး နှိမ်နှင်းရေးအဖွဲ့များ အတွက် စစ်မျက်နှာသစ်တစ်ခု တိုးလာနေပြီ ဖြစ်ပါသည်။ ထိုင်းစစ်တပ်မှ KNU အဖွဲ့ပေါ် တင်းကြပ်သော စည်းကမ်းများ ထုတ်ပြန်ခြင်း၊ ဒုက္ခသည်စခန်းတွင် ထောက်ပံ့ကြေးနှင့်ရိက္ခာများ ဖြတ်တောက်မှု ခံနေရခြင်း၊ KNU အဖွဲ့၏ အဓိကမှောင်ခိုစီးပွားရေးလမ်းကြောင်း များကို DKBA အဖွဲ့မှ ထိန်းချုပ်ထား နိုင်ခြင်းတို့ကြောင့် ငွေကြေးအကြပ်အတည်းတွေ့ကြုံလာရသော KNU အဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အဖွဲ့အစည်းများကဲ့သို့ မူးယစ်ဆေးဝါးနှင့် ဝင်ငွေရှာလာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးစစ်ပွဲသည် ခက်ခဲသောတိုက်ပွဲဖြစ်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်းဘက်မှ ဝင်ရောက်လာနေသော မူးယစ်ဆေးဝါးများကို အထူးစောင့်ကြည့်ဖမ်းဆီးနေစဉ်မှာ တောင်ပိုင်းကရင်ပြည်နယ် ဘက်မှ ထုတ်လုပ်သူအသစ်၏ ရာဘာ့ဆေးပြားများသည် လမ်းကြောင်းအသစ်၊ တံဆိပ်အသစ်ဖြင့် ထိုင်းဈေးကွက်သို့ လှိမ့်ဝင်လာနေပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး စစ်မျက်နှာအသစ်ကို မည်ကဲ့သို့ ရင်ဆိုင်မည်ကို စောင့်ကြည့်ရတော့မည် ဖြစ်ပါသည်။

ပေးပို့သူ ၀ါတနာချိုင်းအား ကျေးဇူးတင်ရှိပါသည်။

0 အလွမ်းများနဲ့ဧရာဝတီဇာတ်ကား ဂျပန်လူမျိုးများပါစိတ်ဝင်စားမှုရရှိလာ




တိုကျို၊ ဒီဇင်ဘာ(၃၁)

သန့်မျိုးထွေး

၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီနှင့်ရန်ကုန်တွင်တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းအခြေပြု ရိုက်ကူးနေသည့် အလွမ်းများနှင့်ဧရာဝတီဇာတ်ကားကို ဂျပန်နေ့စဉ်ထုတ် အဆာဟိသတင်းစာတွင် ဖော်ပြခဲ့ပြီးသည့်နောက်ပိုင်း ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရှိလာကြောင်း သိရှိရသည်။

ယခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ရိုက်ကူးနေသည့် ဒါရိုက်တာသစ်သား(ဋ္ဌေးသစ်)၏ ဒုတိယခြေလှမ်းဖြစ်သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ချီးဘခရိုင် အဲ့ဒိုဂါဝမြစ်အနီးတွင်ရိုက်ကူးနေပြီး ဇတ်လမ်းတွင်ပါဝင်သည့် ကျေးရွာသူကြီးနှင့်ရွာသားများစကားပြောဆိုခန်းများ၊ဘာကြောင့်ရိုက်ကူးရသည်ဆိုသည့်အချက်အလက်များကို ဒီဇင်ဘာ(၅)ရက်နေ့ထုတ် အဆာဟိသတင်းစာတွင် စာမျက်နှာဝက်ခန့် ရေးသားဖော်ပြထားသည်။

`ဒါရိုက်တာသစ်သား`ဟု မြန်မာပြည်အနုပညာအသိုင်းအ၀ိုင်းတွင် လူသိများသော ဦးဋ္ဌေးသစ်မှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏၀ါဒဖြန့်ဇတ်ကားများတွင် ပါဝင်ရန်ငြင်းဆန်မှုဖြင့် ထောက်လှမ်းရေး၏ စောင့်ကြည့်မှုကိုခံခဲ့ရသည်။

အနုပညာသမားတဦးအနေနှင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန်မသင့်တော်သောကြောင့် ၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍ ဂျပန်တွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတဦး ဖြစ်ကြောင်း ယင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်။

"ကျနော်တို့နိုင်ငံမှာတိုက်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ဘယ်လောက်အထိဆိုးရွားပြီး လူတွေကိုထိခိုက်ခဲ့တယ်၊ ဒါဆိုနအဖက လစ်လျူရှု မသိကျိုးကျွံပြုလုပ်ခဲ့တယ်။ ကိုယ်တိုင်လဲ အကူအညီထိရောက်စွာမပေးခဲ့ဘူး၊ နိုင်ငံခြားက လူသားချင်းစာနာပြီး ပံပိုးပေးလာတဲ့ အကူအညီတွေကိုလဲပိတ်ပင်ခဲ့တယ်၊ ဒါ့ကြောင့်ပြည်သူတွေပိုမိုဆိုးရွားစွာ ဒုက္ခတွေခံစားခဲ့ရတယ်။ နောက်ပြီး နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီပေးခဲ့သူတွေကို လည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်တယ်။ ဒါကို ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးတွေသာမကပဲ ဂျပန်အစိုးရနဲ့ ဂျပန်လူမျိုးတွေရောသိအောင် နောက်ပြီး တကမ္ဘာလုံးကပါသိအောင်လို့ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါစာတမ်းထိုးပြီးပြသမှာဖြစ်တယ်"ဟု ဒါရိုက်တာသစ်သားက မိုးသောက်ကြယ်သို့ရှင်းလင်းပြောပြသည်။

ပထမအကြိမ် ၂၀၀၇ ခုနှစ်အတွင်းက ရိုက်ကူးဖြန့်ချိခဲ့ပြီးဖြစ်သော `စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ`ဇာတ်ကားကဲ့သို့ ပရိသတ်လက်ခံနိုင်သော ဇာတ်ကားမျိုးတခုဖြစ်ရန် ကြိုးစား၍ရိုက်ကူးနေကြောင်းသိရသည်။

ယခင်က ဇတ်လမ်းနှင့်ရိုက်ကူးချိန်ကို ၄၅ မိနစ်ခန့်နှင့် ယခုနှစ် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ဖြန့်ချိပြသရန်ရည်ရွယ်ခဲ့သော်လည်း ဇတ်လမ်းတွင်စိတ်ပါဝင်စား၍ ပါဝင်သရုပ်ဆောင်လာသူများပြားလာခဲ့ခြင်းကြောင့် ပြန်သချိန် ၁ နာရီ မိနစ် ၃၀ အထိရှိလာပြီး သရုပ်ဆောင်ကလေးငယ်များ၏ ကျန်မားရေးအခြေအနေနှင့်ရာသီဥတုဆိုးရွားခြင်းကြောင့် ဇာတ်သိမ်းပိုင်းရိုက်ကူမှုနောက်ကျဖွယ်ရှိနိုင်သည်ဟုလည်း ဆက်လက်ပြောဆိုသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်တွင်နေထိုင်နေသည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာမင်္ဂလာပွဲ ကျင်းပချိန်တွင် မုန်တိုင်းတိုက်ခတ်သွားသည့်အတွက် သတိုးသားအပါအဝင်၊ မိဘဆွေးမျိုးမိတ်ဆွေများအားလုံးကို တပေါင်းတစည်းတည်းခေါ်ပြီး သတ်လိုက်မိသလိုခံ စားမိသွား၍ ရူးသွပ်သွားသည့်က ရင်မိန်းကလေးငယ်တဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်တို့နှင့် မုန်တိုင်းကျပြီးနောက် ကူညီရန်ရောက်ရှိလာသည့်အနုပညာရှင်များကို အာဏာပိုင်များမှ အဓိပ္ပါယ်မဲ့ဖမ်းဆီးထောင်ချလိုက်သည့်အဖြစ်အပျက်များနှင့် မုန်တိုင်းကြောင့် ကယ်သူမဲ့သေဆုံးသွားကြသည့်အလောင်များအား ကောက်ယူမီးသဂြိုလ်ပေးသူများကို စစ်အာဏာပိုင်များမှ ဥပဒေမဲ့စွာဖမ်းဆီးခဲ့ပုံတို့ကို တကမ္ဘာလုံးမှမမေ့မပျောက်ပဲ အမှတ်ရစေရန် သဘာဝကျကျရိုက်ကူးတင်ဆက်ကြိုးစားထားကြောင်းသိရသည်။

နောက်ကျမှုနှင်ပါတ်သတ်၍ ဒါရိုက်တာသစ်သားက "အကူဒါရိုက်တာအနေနဲ့ ကိုအောင်လင်းနိုင်က ကူညီပြီး ရှေ့ကရိုက်ပြီးထားတာတွေ ကားကူးကားဆက်နဲ့ စာတမ်းထိုးတဲ့အပိုင်းကို ကြိုးစားပြီးလုပ်နေပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ နေစားရိတ်၊ စားစရိတ်ကလည်း ဈေးကြီးတော့ တဖက်ကလည်း ကိုယ့်စားဝတ်နေရေးအတွက် အလုပ်လုပ်ရသေးတယ်လေ။ အလွန်ဆုံး နာဂစ် ၂ နှစ်ပြည့် နှစ်ပါတ်လည်အချိန်လောက်မှာ အားလုံးအပြီးအစီးအချောသတ်ထုတ်ဝေဖြစ်မယ်လို့ထင်ပါတယ်"ဟုလည်း ရှင်းပြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပြည်တွင်းနှင့်ပြည်ပတွင်Documentaryအနေနှင့်ရိုက်ကူးထုတ်လုပ်မှုသာ ရှိပြီး ရသမြောက်စွာရိုက်ကူးသည့် အထိမ်းအမှတ် ဇာတ်လမ်းအနှေနှင့် ယခုဇာတ်ကားသည် ပထမဦးဆုံးဖြစ်လာမည်ဖြစ်သည်။

0 ''ကေအင်န်ယူ၏ အဓိကစီးပွားရေးသည် မူးယစ်ဆေးဝါးဖြစ်လာကြောင်းထိုင်းထောက်လှမ်းရေးက သံသယရှိနေခြင်း''

ကေအင်န်ယူထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့်ပတ်သက်နေသည့် စိတ်ကြွဆေးပြား ၁ သိန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နှင့်ဝမ်ဂျောင်မြို့နယ်အကြား၊ အမှတ်(၁ဝ၄)အာရှလမ်းမကြီးပေါ်မှာ ထိုင်းထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီလမ်းကြောင်းမှတစ်ဆင့် ထိုင်းနယ်မြေအတွင်း မူးယစ်ဆေးဝါးများဝင်ရောက်လာမှုကို မကြာခဏဖမ်းဆီးရမိခဲ့ပေမဲ့ ယခင်က KNU နှင့် ပတ်သက်ခဲ့ခြင်း မရှိပါဘူး။

ယခုစိတ်ကြွဆေးပြားဖမ်းဆီးရမှုမှာတော့ ဖမ်းဆီးရမိတဲ့ ထိုင်းလူမျိုးတရားခံ ၂ ဦးရဲ့ ထွက်ဆိုချက်အရစိတ်ကြွဆေးပြားတွေကို ဖုတ်ဖမြို့နယ်၊ ဝေါလေခွီးရွာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KNU အဖွဲ့ထံမှ ဝယ်ယူရရှိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။ ဒီထွက်ဆိုချက်တွေအရ ဝမ်ဂျောင်မြို့နယ်ရဲမှူးကြီး သွင်နုတ်ချဲချောနှင့် ဖုတ်ဖမြို့နယ် ရဲမှူးကြီး ဗန်ယျာစွပ်အမ်တို့ဦးစီးပြီး ရဲနဲ့နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့က ဝေါလေခွီးရွာ၊ ရပ်ကွက်(၅)နဲ့ ရပ်ကွက်(၇)တို့ကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး KNU နှင့်ပတ်သက်သူတွေကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ကေအင်န်ယူခေါင်းဆောင်ပိုင်းအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ကိုင်နေကြရာမှာ အရင်က သစ်မှောင်ခိုခြင်း၊ နွားမှောင်ခိုရောင်းဝယ်ခြင်း၊ ဂိတ်ကြေးကောက်ခံခြင်းတို့ လုပ်ကိုင်စားသောက်နေရာမှ အခုအခါမှာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းတို့ တိုးချဲ့လုပ်ကိုင်လာနေပါတယ်။ ကိုးကန့်မူးယစ်ရာဇာ ဖုန်ကြားရှင်အဖွဲ့နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက အဆက်အသွယ်ရှိခဲ့ပြီးနောက်ပိုင်း ထိုင်းထောက်လှမ်းရေးအဖွဲ့က KNU ကို စောင့်ကြည့်နေခဲ့ရာမှ ယခုလို့ KNU နှင့်ပတ်သက်သည့်ရာဘာ့ဆေးပြား အများအပြားကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်များအနေနဲ့ နယ်စပ်ဒုက္ခသည် စခန်းတွေမှာ မူးယစ်ဆေးဝါးကင်းစင်ဖို့ အထူးဂရုစိုက်နေပြီး သံသယဖြစ်ဖွယ်မှန်သမျှကို ပြင်းပြင်းထန်ထန် ဖမ်းဆီးမယ်လို့ အမိန့်ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှ အခြေချနေထိုင်နေတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်များအနက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သူများဟာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ အမျိုးအစားကောင်း မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ငွေကြေးသုံးစွဲမှုများမှလည်း ယခင်ထက် ပိုမိုသုံးစွဲ နေကြောင်း ထိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပေးပို့သူ။ ။ Kachin daily

0 ၂၀၀၉ ခုနှစ်၏ အထူးခြားဆုံး ရူးကြောင်ကြောင် သတင်းအဖြစ်အပျက်

Freedom News Group သည်တစ်နှစ်တာ အတွင်း ရူးကြောင်ကြောင် နိုင်လှသော သတင်း(သို့ မဟုတ်) အဖြစ်အပျက်တစ်ခု ကို ဖေါ်ပြနိုင်ရန် ရွေးချယ်ထားရာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ် အတွဲ၆ အမှတ် ၈ The Voice ဂျာနယ်မှ ဖော်ပြသော သတင်းတစ်ပုဒ် ဖြစ်သည့် “မြန်မာ့ဆိုင်းဝိုင်းများတွင်အနောက်တိုင်းတူရိယာ မသုံးရန်ညွှန် ကြားချက် ငါးခု ထုတ်ပြန် ”ဆိုသည့် သတင်းကို ဖော်ပြလိုက်ပါသည်။

ထိုသတင်း နှင့် ဆက်စပ်သည့် ကြေညာချက်အား မြန်မာ နိုင်ငံသဘင်ပညာ ရှင်များ အစည်းအရုံး (ဗဟို) ကထုတ်ပြန်ခြင်း ဖြစ်သည်။အဆိုပါ သတင်း မှာ မည်သည့် နိုင်ငံသားဂီတ ပညာရှင်မှ ပြန်မပြောရဲ လောက်အောင် ရှက်ဖွယ်လိလိ ကောင်းသော ကြေညာချက်တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံတွင် ထိုကဲ့သို့ သော ကြောညာချက် အမိန့် မျိုး ထွက်ပေါ်လာနိုင်လောက်သည့် ရေခံမြေခံ ကို ကြည့်ခြင်းအားဖြင့်

၁ ။ယခုထက်တိုင် မြန်မာနိုင်ငံတွင် ရှေးရိုးဝါဒီ နှင့် ခောတ် အမြင်မရှိသူ များ ကြီးစိုးနေခြင်းရှိနေသည် ကို ဖော်ပြရာရောက်သည်။

၂။ ခောတ်အမြင် နည်းပါးမှု နှင့် ခောတ်မှီနည်းပညာ ပေါင်းစပ်သုံးနိုင်မှု အား နည်းသည် ကိုလည်း လှစ်ဟ ပြရာရောက်သည်။

၃။မြန်မာ နိုင်ငံထက် ပိုမို ကာ ဂီတ သမိုင်း ရှည်လျှားစွာ ရှိခဲ့သည် အီဂျစ် ၊အိန္ဒိယ ၊ဂျပန် နှင့် တရုတ် တို့ သည် ၎င်း တို့ ၏ ရိုးရာ ဂီတ နှင့် ခောတ်ပေါ် အင်စထရုမန့် များကို ပေါင်းစပ်တီးခတ် ပြီး နိုင်ငံ တကာ သို့ ထိုးဖောက် ကာ လူကြိုက်များမှု ရယူနိုင်ခဲ့သည်။

အချုပ်အား ဖြင့် ဆိုရသော နှစ်ပါးသွား နှင့် တစ်ပင်တိုင် ကို ညလုံးပေါက် ထိုင်မကြည့်တော့သည် မြန်မာ ပရိသတ် များ အားဖျော်ဖြေရသည့် အနုပညာ ရှင်များ ရှင်သန် ရပ်တည် မှု ခက်ခဲသွားမည် ဖြစ်သလို မြန်မာ့ ဆိုင်းဝိုင်း နှင့် မြန်မာ့ ရိုးရာ ဂီတသည်လည်း ထိုကြေညာ ချက်ကြောင့် ပင် ပိုမို တိမ်ကော ပပျောက်သွားမည် ဖြစ်သည်။
Freedom News Group

Wednesday, December 30, 2009

0 အကျဉ်းသား ၇ ထောင်အတွက် ဆရာဝန် ၁ ဦးသာရှိ

ဧရာဝတီ

မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။

“လူဦးရေ နှစ်သိန်းခွဲ လောက်ကို ဆရာဝန် ၃၄ ဦးနဲ့ ပုံမှန် ဆေးကုသမှု ပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဆိုတာ
မလွယ်ပါဘူး။ ဒီစာရင်း အရဆိုရင် နေထိုင်မကောင်းဖြစ်တဲ့ အကျဉ်းသားတိုင်း ဆေးကုသ ခံယူခွင့် မရနိုင်လောက်ဘူး” ဟု အထွေထွေ ရောဂါကု ဆရာဝန်က ပြောသည်။

အကျဉ်းဦးစီးဌာနမှ အရာရှိတဦးအဆိုအရ အကျဉ်းထောင်နှင့် ရဲဘက်အလုပ်စခန်းအများစုတွင် ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ မရှိဘဲ ဆေးကုသမှုပညာ အနည်းငယ်သာ တတ်ကျွမ်းသော ဆေးတပ်သားများသာ ထားရှိကြောင်း သိရှိရသည်။

“အလုပ်စခန်းတွေမှာတော့ ဆရာဝန်မရှိဘူး။ လူဦးရေများတဲ့ ထောင်တချို့မှာတော့ ဆရာဝန်တဦးစီ ရှိတယ်။ ရဲဘက် အလုပ်စခန်းနဲ့ ထောင်တွေမှာ အများဆုံးထားတာက ဆေးတပ်သားတွေပဲ” ဟု သူက ဆက်ပြောသည်။

ဆေးတပ်သား ဆိုသည်မှာ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာ ပညာရပ်များကို စနစ်တကျ သင်ကြားခဲ့ခြင်းမရှိဘဲ လအနည်းငယ်မျှ ဆေးထိုး၊ ဆေးစပ်နည်းများသာ သင်ယူ ထားသူများဖြစ်ပြီး အကျဉ်းသားများကို လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု မပေးနိုင်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆရာဝန်က ဆိုသည်။

စစ်အစိုးရ အကျဉ်းထောင်များတွင်နာမကျန်းဖြစ်နေသော အကျဉ်းသားများကို စနစ်တကျ ဆေး ကုသပေးနိုင်သော ကျန်းမာရေးဝန်ထမ်း မရှိသောကြောင့် အကျဉ်းသားအများစုသည် နေထိုင် မကောင်းဖြစ်လာလျှင် ဆေးမြီးတိုများကိုသာ အားကိုးရကြောင်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသား တဦးက ရှင်းပြသည်။

“ထောင်ဝင်စာလာတွေ့တဲ့မိသားစုကို ဆေးမြီးတိုနဲ့ တိုင်းရင်းဆေးအထုပ်တွေ မှာရတယ်။ ထောင်ထဲမှာ ဖျားနာလာရင် အချင်းချင်း ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်” ဟုသူကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး ငွေကြေးတတ်နိုင်သော အကျဉ်းသားများက အကျဉ်းဦးစီး အရာရှိ များကို ငွေပေးကာ ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံရေး အကျဉ်းသားများမှာမူ ထောင်အာဏာပိုင်များ၏
ဖိနှိပ်မှုများ ခံရလေ့ရှိပြီး တခြားအကျဉ်းသားများ နည်းတူ အခွင့်အရေးတန်းတူ မရကြောင်း၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးကုသခွင့်ရရန် မလွယ်ကူကြောင်း သိရသည်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆေးကုသ ခွင့်ရဖို့ တော်တော်အရေးဆိုရတယ်” ဟု ၁၅ နှစ်ခန့် ထောင်ကျခဲ့ဖူးသူ
နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကျန်းမာရေးကိစ္စအပါအ၀င် ကိစ္စများအားလုံးကို ထောင်အာဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်ချုပ်ကြီးများအထိ တင်ပြကာ ခွင့်ပြုမိန့် တောင်းခံရလေ့ ရှိသောကြောင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ချက်ချင်း ဆေးကုသခွင့် မရနိုင်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ကြားသိရသည်။

ယခုဒီဇင်ဘာလအတွင်း အင်းစိန်ထောင်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ၃ လ ကျခံနေရသော အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေး နှလုံး သွေးကြောပေါက်ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု
ကြားသိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

0 အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ပေါ့လျော့မှုကြောင့် လူနာတစ်ဦးသေဆုံး မိသားစုအားသတင်းမပေါက်ရန်ဖိအားပေးဆောင်ရွက်နေ

ကောင်းဝါ(ဒီဇင်ဘာ- ၂၉)။ ။ ရန်ကုန်မြို့ အမှတ်-၂၁၊ ၁၃၄ လမ်း၊ မအူကုန်းတွင်နေထိုင်သူ ဒေါ်ခင်ကြည်အသက် (၆၈)နှစ်သည် အထက်တန်းပြဆရာမ (အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ဒေါ်ခင်ကြည်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါများရှိပြီး ဆေးရုံဆေးခန်းများတွင် တက်ရောက်ကုသနေကျ လူနာတစ်ဦးဖြစ်ပြီး နိုဝင်ဘာလနောက်ဆုံး အပါတ်တွင် အာရှတော်ဝင်အထူးကုဆေးခန်း၌ ဆရာဝန်များ၏မှားယွင်းကုသမှုကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာပထမအပါတ်တွင် ခြေ၊လက်နှင့် ကိုယ်တွေပါယောင်ယမ်းလာသောကြောင့် ကျောက်ကပ်ဆရာ ဝန်ထံတွင်ပြသရန် refer လုပ်ပေးခဲ့ပြီး။ ကျောက်ကပ်အထူးကုဆရာဝန်ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှ တော်ဝင်ဆေးခန်းကို တက်ခိုင်းခဲ့သည်ဟုဆို၏။ လွှဲပြောင်းတက်ရောက်တဲ့နေ့မှာ (၇.၁၁.၂ဝ၉) ရက်နေ့ဖြစ်ပါသည်။

ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပြီးစုစုပေါင်း (၅) ကြိမ်ဆေးပြီးသွားခဲ့သည်ဟု ၄င်းနှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးမှ ပြောဆိုခဲ့သည်။ လူနာ၏ လျှာနှင့်သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင် ဆေးခန်းကြီးတွင်ထိုင်သည့် ဒေါ်ကြူကြူဆွေဝင်းမှ လာစစ်ဆေးခဲ့ရာ။ လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှ ရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂ဝ၉) ရက်နေ့ နံနက် (၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား(၁၁)ချောင်းကို နှုတ်လိုက်သည်။ (၁ဝ)နာရီ တွင် operation theater မှ ပြန်ထုတ်လာခဲ့ပါသည်။ ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီ တွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ရာ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂ဝဝ၉) ရက်နေ့တွင် နံနက် (၄း၅ဝ) အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဆေးခန်းဝန်ထမ်းတစ်ဦးမှ ပြောပါသည်။ သို့ရာတွင် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဟုရေးသားဖော်ပြခဲ့ပါသည်။ လျှာ biopsy results မှာ ကင်ဆာမဟုတ် ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိရသည်ဟု အဆိုပါဆေးခန်း ဝန်ထမ်းမှ ဆက်လက်ပြောဆိုခဲ့ပါသည်။

အမည်မဖေါ်လိုသူ ကျောက်ကပ်ဆရာဝန်တစ်ဦး၏အဆိုအရ အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရသော လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းမနှုတ်သင့်ကြောင်းနှင့် ရောဂါ၏အမျိုးအစား တိတိကျကျမစစ်ဆေးဘဲ နှင့် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုပြီး စလွယ်ဆုံးဖြတ်ချက်ချခြင်းသည်
မဖြစ်သင့်ကြောင်း ကောင်းဝါးသတင်းဌာနကိုရှင်းပြခဲ့ပါသည်။

အဆိုပါသေဆုံးမှုကြောင့် True Journal /7 Days News Journal သတင်းထောက်များ မှအသေးစိတ် လာရောက်သတင်းယူမေးမြန်းခဲ့သော်လည်း အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ဤအကြောင်းအား အပြင်သို့ မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်း ကွယ်လွန်သူ၏ မိတ်ဆွေများ ပြောပြချက်အရ သိရှိရပါသည်။

http://www.kaowao.org/b/dec09-29b.php

0 ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ လဲ့လဲ့နွယ်သိန်း

ဒေါ်လဲ့လဲ့နွယ်သိန်းနှင့်ပတ်သက်ပြီး သိသလောက် ပြောပြပါရစေ ...

ဒေါ်လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။သူ့နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။

သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။(၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ living together ၃-၄ နှစ်နေခဲ့ပါတယ်)။ ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ ပါတယ်။ ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက် ၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီး ဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီး တစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီးနောက် အမျိုးသား (အဖြူ) တစ်ဦးနှင့် ထပ်အိမ်ထောင်ထပ်ကျဘူးပြီး ကွဲသွားတယ်လို. သိရပါတယ် ( အတိအကျတော့ မသိပါ)။

နောက် တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး ဒေါ်လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် ဦးအောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာပါတော့တယ်။တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) ဒေါ်လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှမများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ ဦးအောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှမဖြစ်သူ မုဆိုးမကို နေအိမ်မှာ မနေနိုင်အောင် ဒုက္ခပေးဘို. ပြင်ဆင်နေသည်မှာ ရင်နာစရာ ကောင်းပါသည်။ ဦးအောင်ဆန်းဦးရော ဒေါ်လဲ့လဲ့နွယ်သိန်းပါ ယူအက်စ် နိုင်ငံသား ခံယူထားကြပြီး ဖြစ်ပါသည်။ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။

-ရေးသားဖေါ်ပြသူ - မောင်မောင်-

0 ရုရှားလုပ် MIG-29 တိုက်လေယာဉ်များ အကြောင်း သိကောင်းစရာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရုရှားနိုင်ငံက မြန်မာ စစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိ MiG-29 Fulcrum-D အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ နှင့် ဒေါ်လာ ၇၁ သန်းဖိုးရှိ MI-5 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ရောင်းချထားသည်။

Mikoyan MiG-29 K/KUB ဖြစ်ပြီး နေတိုး၏ သတ်မှတ်ချက်အရ Fulcrum-D ဟု နာမည်ပေးထားသည်။ MiG-29 K သည် ပိုင်းလော့ တဦးတည်းမောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး MiG-29 KUB သည် ပိုင်းလော့ ၂ ယောက်ထိုင် ဘက်စုံသုံး တိုက်လေယာဉ်သို့ အမောင်းသင် လေယာဉ် ဖြစ်သည်။ ကျန်သည့် ဝန်ဆောင်နိုင်သည့် အနေအထားများမှာ တူညီသည်။

မျိုးဆက်လေးခုမြောက် စီးရီးဖြစ်ပြီး ဆီပေးစနစ် ပိုကောင်းအောင် ပြုပြင်ထားပြီး ဝန်ဆောင်နိုင်မှုအား ပိုလာသည်။ ထို့ပြင် Zhuk-ME အဆင့်မြင့် ရေဒါ တပ်ဆင်ထားပြီး ပစ်မှတ်ကို ရှာဖွေရာနှင့် ပစ်ခွင်းရာတွင် ပိုမိုတိကျမှု အားကောင်းအောင် မွမ်းမံထားသည်။

MIG-29 K/KUB လေယာဉ်၏ အရွယ်အစားနှင့် ဝန်တင်ဆောင်နိုင်မှု ပမာဏ
mig-29k
• လေယာဉ်မောင်း တဦး (MiG-29 K)
• လေယာဉ်မောင်းနှင့် အပိုတဦး၊ ပေါင်း ၂ ဦး (MiG-29 KUB)
• စတင်ပျံသန်းစဉ် အလေးချိန် (ပုံမှန်အခြေအနေ) - ၁၈၅၅ဝ ကီလိုဂရမ် (၄ဝ ၈၉၅ ပေါင်)
• စတင်ပျံသန်းစဉ် အလေးချိန် (အမြင့်ဆုံးဝန်) ၂၂ ၄ဝဝ ကီလိုဂရမ် (၄၉ ၃၈၃ ပေါင်)
• အများဆုံး သယ်ဆောင်နိုင်သည့် ဝန်ချိန် - ၅၅ဝဝ ကီလိုဂရမ် (၁၂၁၂၅ ပေါင်)
• အများဆုံးပျံသန်းနိုင်မှုနှုန်း - တနာရီလျှင် ၂၄ဝဝ ကီလိုမီတာ ( တနာရီလျှင် ၁၄၉၁ မိုင်)
• အမြင့်ဆုံး ပျံတက်နိုင်မှုနှုန်း - ပင်လယ်ရေမျက်နှာပြင်မှ တမိနစ်လျှင် ၁၇ ၇၆ဝ မီတာ (တမိနစ်လျှင် ၅၈၂၆ဝ ပေ)
• တိုက်ပွဲ၌ အမြင့်ဆုံး ပျံတက်နိုင်သည့် အကွာအဝေး - ၁၈ ၀၀၀ မီတာ (၅၉ ဝ၅၅ ပေ)
• လောင်စာဆီ တင်ဆောင်နိုင်မှု အများဆုံးပမာဏ - ၅၂၄ဝ ကီလိုဂရမ် (၁၁ ၅၅၂ ပေါင်)
• လေယာဉ်အတွင်း ဆီလှောင်ကန်မှ ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၈၅ဝ ကီလိုမီတာ (၅၂၈ မိုင်)
• အပိုဆီလှောင်ကန်အတွင်း ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၁၃ဝဝ ကီလိုမီတာ (၈ဝ၇ မိုင်)
• ဆီပြန်ဖြည့်ပြီး တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၃၅ဝဝ ကီလိုမီတာ (၂၁၇၄ မိုင်)

MiG – 29 တိုက်လေယာဉ် တစင်းတွင် ပါဝင်သော လက်နက်အမျိုးအစားများ (အကြမ်းဖျဉ်း)

• ၁ X ၃ဝ မီလီမီတာ GSh-30-1 cannon အလုံး (၁၅ဝ)
• ဒုံးပျံများနှင့် ချိန်ကိုက်ဗုံး ထိန်းချုပ်စနစ် (Semi-active Radar Homing – SARH) ပါသော လေထဲပစ် ဒုံးကျည် အပါအဝင် ၃၅ဝဝ ကီလိုဂရမ် (၇၇၂ဝ ပေါင်) အထိ အလေးချိန်ရှိသော လက်နက်များ

(SARH စနစ်သည် AA-8 "Aphid", ", AA-11 "Archer", AA-12 "Adder စသည့် လေထဲပစ်ဒုံးကျည်များနှင့် FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 စသည့် ပေါက်ကွဲအားမြင့်သော ဗုံးများကို ထိန်းချုပ်နိုင်သော စနစ် ဖြစ်သည်။)

• လေဆာစနစ် ပဲ့ထိန်း ဗုံးအမျိုးအစားများ - KAB-500KR, KAB-1000KR, KAB-1500KR ၊
• တီဗီစနစ်ဖြင့် ထိန်းချုပ်သော ဗုံးအမျိုးအစားများ - FAB-250, FAB-500, FAB-1000, FAB-1500၊
• အလွတ်ပစ် ဗုံးအမျိုးအစားများ - BetAB-250, BetAB-500၊
• ကွန်ကရစ် ထိုးဖောက်နိုင်သော ဗုံးအမျိုးအစားများ RBK-250, RBK-500
• ၃ဝ ကီလိုတန် (Kiloton – Kt) နူကလီးယားဗုံး တလုံး - S-8, S-13
• အလွတ်ပစ်ဒုံးကျည် - ZAB-500
• မီးလောင်ဗုံး - KMGU-2
• လက်နက်ခဲယမ်းမီးကျောက်ထည့်သည့် အပိုခန်းများ
• ၁၁၃၇ လီတာ (၃ဝဝ ဂါလံ) သို့မဟုတ် ၁၄ဝဝ လီတာ (၃၇ဝ ဂါလံ) ဆန့် ဆီလှောင်ကန် နှစ်ခုနှင့် ၂၂၇၄ လီတာ (၆ဝဝ ဂါလံ) ဆန့် ဆီလှောင်ကန် တခု (စုစုပေါင်း ဆီလှောင်ကန် သုံးခု)
ရေဒါတပ်ဆင်ထားမှု
• Phazotron N019 နှင့် N010 ရေဒါစနစ်

MIG-29 တိုက်လေယာဉ်အမျိုးအစား ၈ မျိုး ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
MIG-29B: (ပထမဦးဆုံး ထုတ်လုပ်ခဲ့သော အမျိုးအစားဖြစ်ပြီး ပိုင်းလော့ တယောက်စာ ထိုင်ခုံပါသည့် အမျိုးအစား)
MIG-29UB: (စစ်ပွဲသုံး နှစ်ယောက်ထိုင်ခုံပါ၊ ရေဒါစနစ် မပါသည့် အမျိုးအစား)
MIG-29SD: (အီလက်ထရွန်းနစ် စနစ်အပိုင်းကို ပြန်လည်အဆင့်မြှင့်ထား (upgrade လုပ်ထား) သော အမျိုးအစား)
MIG-29S: (အီလက်ထရွန်းနစ်နှင့် ရေဒါစနစ်ကို ပြန်လည် upgrade လုပ်ထားသော အမျိုးအစား)
MIG-29SE: (ဘက်စုံသုံး အပေါ့စား ပြည်ပတင်ပို့သည့် အမျိုးအစား)
MIG-29TVK: (အမောင်းသင် အမျိုးအစား)
MIG-29K: (တိုက်ခိုက်ရေး သို့မဟုတ် အမောင်းသင် အမျိုးအစား)
MIG-29M/ME: (လေယာဉ် စနစ်အားလုံးကို မြှင့်တင် (upgrade) လုပ်ထားပြီး, လက်နက်ထိန်းချုပ်ရေး စနစ်ပါသော အမျိုးအစား)

ပီရူးလေတပ်၏ စာရင်းဇယားများအရ MiG-29 လေယာဉ်ကို အသုံးပြုသော နိုင်ငံများ နှင့် အသုံးပြုသော လေယာဉ် အရေအတွက်


နိုင်ငံအမည် MiG-29အမျိုးအစား အရေအတွက်

အယ်လ်ဂျီးရီးယား MiG-29 51
ဘင်္ဂလားဒေ့ရှ် MiG-29SE/MiG-29UB 14/2
ဘဲလားရပ်စ် (အရေအတွက် မသိရ)
ဘူးလ်ဂေးရီးယား MiG-29S/MiG-29UB 16/4
ကျူးဘား
အရစ်ထရီးယားဟန်ဂေရီ (၂ဝ၁ဝ တွင် ဝယ်ရန် ကမ်းလှမ်းထား)

အိန္ဒိယ MiG-29/MiG-29K 69/12


(အိန္ဒိယလေတပ်တွင် ယခုလက်ရှိအသုံးပြုနေသော MiG-29 ၆၉ စီးရှိသည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းဇယားအရ အိန္ဒိယရေတပ်တွင် အသုံးပြုရန် MiG-29K အမျိုးအစား တိုက်လေယာဉ် ၁၂ စီးကို မှာယူခဲ့သည်။)


အီရန် (အရေအတွက် မသိရ)

ကာဇစ္စတန် (အရေအတွက် မသိရ)
ကာဂျစ်စတန် (အရေအတွက် မသိရ)
မလေးရှား (အရေအတွက် မသိရ)
လက်ဘနွန် ၁ဝ စီးပို့ရန် ရှိ
မြန်မာ ၁၂ စီး (ယခု ဝယ်ယူသော အရေအတွက် မပါ)
ပီရူး ၁၉ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)
မြောက်ကိုရီးယား ၄ဝ စီး (၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ စာရင်းအရ)


(မြောက်ကိုရီးယားက ဘဲလားရပ်စ် နိုင်ငံမှ အစဦးပိုင်က MiG-29 ၁၂ စီးဝယ်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရုရှနိုင်ငံမှ MiG-29SE အမျိုးအစား ၁၈ စီးအပြင်၊ နောက်ထပ် အသစ် ၃ စီး မှာယူခဲ့သည်။)


ပိုလန် ၃၆ စင်း
ရုရှ ၄ဝ၆ စင်း (၂ဝဝ၈၊ နိုဝင်ဘာ စာရင်းအရ)


(MiG-29SE အမျိုးအစား တိုက်လေယာဉ်အစီး ၁ဝဝ ကို နိုင်ငံခြားသို့ရောင်းချရန် စီစဉ်ထားသည်။ အယ်လ်ဂျီးရီးယားက MiG-29SMT အမျိုးအစား အသစ် ၃၄ စီးကို ဝယ်ယူရန် မှာခဲ့သော်လည်း နောက်ပိုင်းတွင် ဝယ်ယူရန် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။)


ဆိုက်ဘေးရီးယား ၄ စီး
စလိုဗာကီးယား ၂၁ စီး
ဆူဒန် ၁၁ စီး (နောက်ထပ် ၁၂ စီး မှာယူထား)
ဆီးရီးယား (အရေအတွက် မသိရ)
ယူကရိန်း ၂၂ဝ စီး (၂ဝဝ၈ နိုဝင်ဘာလ စာရင်းအရ)
အမေရိကား (အရေအတွက် မသိရ)
ဥဇဘက်ကစ္စတန် (အရေအတွက်မသိရ)
ရီမင် (အရေအတွက် မသိရ)

Source: MIG DESIGN BUREAU (Russian Aircraft Manufacture)
Defense News Online

Tuesday, December 29, 2009

0 အင်္ဂါနေ့တိုင်းရွတ်ဆိုရမည့် မေတ္တာသုတ်...


အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံ့ မှာ ရွတ်ဆိုကြပါရန် နှိုးဆော်အပ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အကယ်၍ မိတ်ဆွေတို့ အနေနှင့် မေတ္တာသုတ်မရလျှင်စီဒီ ကက်ဆက်ခွေဖွင့်ပြီး နေရာတိုင်း အိမ်တိုင်းမှာ အနုနည်းဖြင့် အိမ်ထဲကနေ မေတ္တာ ငြိမ်းချမ်းရေးကို ...ကျယ်ကျယ်လောင်လောင် တောင်းဆိုကြပါရန် အထူးတောင်းဆို မေတ္တာရပ်ခံအပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ......!

-အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့-
International Peace Makers

0 အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ


အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။


သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်

0 မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၁) နှစ်ပြည့် အမှတ်တရဓာတ်ပုံများ


ဓာတ်ပုံများကို ပြန်လည်မျှဝေပေးသော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ``ဖထီးကြီး စောတာမလာဘောသို့ အိတ်ဖွင့်ပေးစာ´´

ဒီဇင်ဘာ ၂၂ ရက်နေ့က ဖထီးကြီးရဲ့ အသက်ကိုးဆယ်ပြည့် မွေးနေ့ပွဲကျင်းပခဲ့တဲ့ သတင်းဓာတ်ပုံတွေ တွေ့မြင်ရတော့ ဖထီးထံစာရေးချင်စိတ်ပေါ်လာတာနဲ့ စာရေးလိုက်ပါတယ်။ ဖထီးတောင် တော်တော် အသက်ကြီးနေပြီပဲ။ ကျနော်တို့က ဒီလောက်ကြီးအသက်မကြီးသေးဘူးထင်နေတာ။ ဖထီးတို့ ကေအင်န်ယူ ဗဟိုမှာ ဘာတွေဖြစ်နေပလဲ။ လက်အောက်ခံတပ်တွေမှာရော ဘယ်လိုတွေ ဖြစ်နေပလဲ။
ဖာပွန်၊ ကရင်နှစ်သစ်ကူးပွဲတော်မှာ ဖားကော့ကော်တို့အဖွဲ့ မိုင်းထောင်ဖောက်ခွဲလိုက်တာ ကျနော်တို့ ကရင်အမျိုးသား၊ အမျိုးသမီးတွေပဲ သေကြဒဏ်ရာရကြတယ်လေ။ ဒဏ်ရာရတဲ့အထဲမှာ နအဖစစ်သား တစ်ယောက်ပဲပါတယ် ဖထီး။ ဒီလိုလုပ်တာ ဖထီးတို့ ဗဟိုကမသိဘဲ လုပ်တာလား။ တမင်လုပ်ခိုင်းတာလား။ ဘာပဲဖြစ်ဖြစ် ဖားကော့ကော်ဟာ ဖထီးတို့ တပ်မဟာ(၅)ကဆိုတော့ တာဝန်အရှိဆုံးကတော့ ဖထီးကြီးတို့ ကေအင်န်ယူမဟုတ်လား။
ဖထီးတို့အနေနဲ့ ဒီလိုမျိုးတော့ မလုပ်သင့်ပါဘူး။ ကျနော်တို့ အမြတ်တနိုး၊ တန်ဘိုးထားတဲ့ ကရင်နှစ်သစ်ကူးပွဲတော်နေ့မှာ ဒါမျိုးလုပ်တာ မိုက်ရိုင်းလွန်းပါတယ်။ စစ်အစိုးရနဲ့ စစ်တိုက်ပါ၊ ဒါမှမဟုတ် စစ်သားတွေနေတဲ့တပ်တွေမှာ သွားပြီး မိုင်းထောင်ပါ။ ဒါမျိုးဆိုရင် ကျနော်တို့ အပြစ်မမြင်ပါဘူး။ အခုဖြစ်ရပ်ကတော့ တော်တော်ကြီးအရုပ်ဆိုး အကျည်းတန်ပါတယ်။ ကျနော်တို့ကရင်လူမျိုးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆို၊ကနေတဲ့ အချိန်ကို တမင်ချိန်ကိုက်ပြီး ဖောက်ခွဲလိုက်တာမို့ အဲဒီပွဲမှာ ဦးဆောင်ဖောက်ခွဲခဲ့တဲ့ တပ်မဟာ(၅)၊ တပ်ရင်း(၁၀၂)က ဖားကော့ကော်နဲ့အဖွဲ့ကို အရေးယူအပြစ်ပေးပေးပါ။ ဒါမှ ကျနော်တို့ ကရင်တိုင်းရင်းသားတွေ ကျေနပ်ပါမယ်။
ဖထီးကြီးတို့ ကေအင်ယူဗဟိုက အဖြစ်မှန် လာစစ်ဆေး နေတယ်လို့တော့ ကျနော်တို့ကြားသိပါတယ်။ မိုင်းဖောက်ခွဲတဲ့ ဖားကော့ကော်မှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် လုပ်ခိုင်းတဲ့တပ်မဟာ(၅)ဗဟိုဌာနချုပ်က လူကြီးတွေမှာ အပြစ်ရှိတာလား။ ဖထီးကြီးအနေနဲ့ ကျနော်တို့ကရင် တိုင်းရင်းသားတွေကို ရက်ရက်စက်စက်သတ်လိုက်တဲ့ သူတွေကို အရေးယူပေးပါလို့ တောင်းဆိုပါတယ်။

စောပလာဆေး

Sunday, December 27, 2009

1 အမည်ခံ ဒီမိုကရေစီ

0 The Voice Journal Vol6/No8

Saturday, December 26, 2009

0 ရာဇ၀င်ရိုင်းတဲ့သား


ပေးပို့သူ ။ ။ ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းစေတနာ မှန်ပြီးသားပါ

ရေးသူ-မောင်သြ

၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။

ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။

စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။

နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါးရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။

အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။

အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။

ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …

နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသားတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။

၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…

အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။

ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။

“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင်ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။

ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …

“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…

မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။

ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။

0 ဂျပန်နိုင်ငံတွင်၂၀၀၉ ခုနှစ်အတွင်း ဒုက္ခသည် အဖြစ်အသိအမှတ် ပြုမှု မှာ ယမန်နှစ်ကထက် သုံးပုံ နှစ်ပုံ လျော့နည်းလာ




年からの2/3以前の上に下がっている1月-9月の避難民可決

共同Newsによって入手された法務省ドキュメントに従った昨年1月、9月の間の日本の政府による難民の状態が同じ期間のための図の3分の1未満であったという外国人当然のことの数。
ဇန္န၀ါရီလ မှ စက်တင်ဘာလ အထိ ဂျပန် နိုင်ငံ တွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရသူ အရေအတွက်မှာ
ယမန်နှစ်က အနေအထားနှင့် နှိုင်းယှဉ်ပါက သုံးပုံ တစ်ပုံ သာရှိသည်ဟု တရားရေးဝန်ကြီးဌာနဧ။် အချက်
အလက်ကို ကိုးကား၍ ကျိုဒို သတင်းဌာနကဖေါ်ပြခဲ့သည် ။

「それがアプリケーションであると考えている場合、凌がれて、記録に付番する9カ月の難民の状態に、国の状況は2008年の期間、中の日本がそれに関すると表現した避難民を支持する人々のためにセットしていました。(‘避難民のための‘閉じているドア」は悪化している'とき、国は既に見られます)。
ဤ ကိုးလ အချိန်ကာလအတွင်း ဒုက္ခသည်လျောက်ထားသည့် အရေအတွက်ကို လေ့လာကြည့်ပါက
၂၀၀၈ ခုနှစ် စံချိန်ထက်ပိုခဲ့သော်လည်း ၊ ဂျပန်နိုင်ငံဧ။် ဒုက္ခသည်များအား လက်ခံမှုအခြေအနေ ဆိုးဝါး
သည်ထက် ဆိုးဝါးလာခြင်း ၊“ တံခါးပိတ်ဝါဒ ” ဆက်လက် ကျင့်သုံးနေခြင်းတို့အပေါ် စိုးရိမ်ကြောင်း
ဒုက္ခသည်များအား ကူညီပံ့ပိုးသူများကဆိုသည် ။

ドキュメントによると、1,123人は1月、9月の間の難民の状態に申し込みました、その前の年間の1,100のアプリケーションから、しかし、15人だけが期間、承認されました、2008年の46と比べて。
ယ္ခုနှစ် ဇန္န၀ါရီလ မှ စက်တင်ဘာလ အတွင်း ဒုက္ခသည်အသိအမှတ်ပြုရန်လျောက်ထားသည့် အရေ
အတွက်မှာ ( ၁၁၂၃ ) ဦး ရှိပြီး ၊ မနှစ်ကလျောက်ထားသော ( ၁၁၀၀ ) ဦးထက် ပိုမိုများပြားခဲ့သော်လည်း၊
( ၄၆ ) ဦးအသိအမှတ်ပြုခဲ့သော ၂၀၀၈ ခုနှစ်နှိုင်းယှဉ်ပါက ၊ ယ္ခုနှစ်တွင် ( ၁၅ ) ဦးသာ အသိအမှတ်
ပြုခဲ့သည်ကို တွေ့ရသည် ။

しかし、人道的配慮のため難民の状態が否定されましたが、日本に残る特別な許可証が与えられた人々の数は昨年期間、293から399まで増加しました、とドキュメントは示しました。
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသော်လည်း လူသားချင်းစာနာထောက်ထားခြင်းကြောင့်
ဂျပန်နိုင်ငံတွင် အထူးနေထိုင်ခွင့် ရသူအရေအတွက် ( ၃၉၉ ) ဦးမှာ ယမန်နှစ်ကအရေအတွက် (၂၉၃ ) ဦး
ထက်ပိုကြောင်း စာရင်းဇယားများကဆိုသည် ။

10月、提出された応募件数が、現れるので、そこである間、遅くなっているのは民族当然のことの難民の状態の数の増加であったように思えます、その件の近くの情報筋によると。
အောက်တိုဘာလမှစ၍ လျောက်ထားသည့် အရေအတွက် ကျဆင်းလာသဖြင့် ၊ ပိုမို၍ အသိအမှတ်
ပြုလာနိုင်ဖွယ်ရှိကြောင်း အဆိုပါသတင်းဌာနနှင့် နီးစပ်သူများက ဆိုသည် ။

‘「‘私たちが、応募者が難民の状態への資格を得るかどうかと決心している、オンである、ケースバイケース、基礎、したがって、私たちが多くの(可決)を持っている何年間も私たちがわずか持っている何年間もある、」、省の入国管理局の職員を言いました。'
“ များတဲ့နှစ်ကများပြီး နဲတဲ့နှစ်ကနဲတယ် ဆိုပေမဲ့ ၊ ကျွန်တော်တို့အနေနဲ့ အမှု တစ်ခုချင်းကို သေချာစွာ
စစ်ဆေးပြီး ၊ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရနိုင်ခြင်းရှိမရှိ ၊ ဆုံးဖြတ် ချက်ချတာဖြစ်တယ် ” ဟု
တရားရေးဝန်ကြီးဌာန လက်အောက်ရှိ လ.၀.က တာဝန်ရှိသူမှ ပြောကြားသွားခဲ့သည် ။

‘「職員は、‘ある年かさらに平均では、応募者の数(そうする)が増加してもそうがすぐに(難民の状態)を与えるために承認された応募件数で反射しなかったか否かに関係なく、私たちが結論を下すにはかかります」と言いました'。
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း ၊ မပြုခြင်းအဖြေပေးရန် အဆုံးသတ်သည်အထိ လုပ်ဆောင်ချိန်မှာ
ပျမ်းမျှအားဖြင့် ၁ နှစ် (သို့ ) ၎င်းထက်ပို၍ကြာတတ်ကြောင်း ၊ လျှောက်ထားသူ အရေအတွက် တိုးမြှင့်
လာခြင်းသည် ၊ အသိအမှတ်ပြုမည့် အရေအတွက်အပေါ် ချက်ချင်း အကျိုးသက်ရောက်မှု ရှိမှာ
မဟုတ်ကြောင်းကို အဆိုပါတာဝန်ရှိသူမှ ပြောကြားသွားခဲ့သည် ။

「アムネスティ・インタナショナル日本が政府の避難民認可制を批評した、‘‘機能しません」が人々の数が亡命を認めたと言って、ある、‘‘小さ過ぎる'、‘'
ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ဂျပန်အစိုးရဧ။် ဒုက္ခသည် အသိအမှတ်ပြုရေးး
လုပ်ကိုင်ပုံမှာ “ အလုပ်မဖြစ်ကြောင်း ” ၊ အသိအမှတ်ပြုခဲ့သည့် အရေအတွက်မှာ “ အလွန်နဲကြောင်း”
သုံးသပ် ဝေဖန်သွားသည် ။

2008年に、日本の難民の状態に申し込む人々の数は1,599まで増加しました、その前の年の数字の約二倍、ミャンマーなどの国の悪化する治安のため、ありそうです。
မြန်မာနိုင်ငံ ကဲ့သို့ ပြည်သူလူထုဧ။် အသက်အိုးအိမ် ၊ စည်းစိမ် အတွက် လုံခြုံမှု အာမခံချက် ပို၍ ပို၍
ဆိုးရွားလာသော တိုင်းပြည်မျိုးမှ လျောက်ထားသူများကြောင့် ၊ ၂၀၀၈ ခုနှစ်တွင် လျောက်ထားသူ ဦးရေ
(၁၅၉၉ )ဦးသည် ၊ ၎င်းမတိုင်မီ နှစ်ကထက် ၂ ဆခန့် များပြားသော ကိန်းဂဏန်းပမာဏ ဖြစ်ခဲ့သည်။

1ポイントの外務省で、予算配分は、避難民応募者の暮らしを支持するのを助けるためにくたくたになりました。
နိုင်ငံခြားရေးဝန်ကြီးဌာနမှနေ၍ ဒုက္ခသည်လျောက်ထားသူများဧ။် လူနေမှုဘ၀ကို ကူညီထောက်ပံ့မှု၌
သုံးစွဲရန်အတွက် ၊ ဘဏ္ဍာရေးခွဲတမ်း တစ်ခုကို ချပေးခဲ့သည် ။

2008年の時点で、1981年にRefugeesのStatusの上の国際Conventionに関係するようになって以来、日本は508人に亡命を認めていました、合衆国と欧州諸国よりはるかに少ないです。
၁၉၈၁ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အသိအမှတ်ပြုရေး ပဋီဥာဉ် စာချုပ်၌ ပါဝင်လက်မှတ်
ရေးထိုးပြီးချိန်မှစ၍ ၊ ၂၀၀၈ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ အရေအတွက်
( ၅၀၈ ) ဦးမှာ ၊ အမေရိကန် နှင့် ဥရောပ နိုင်ငံများမှ လက်ခံခဲ့သော အရေအတွက်နှင့် ယှဉ်သော်
လွန်စွာမှ နဲလွန်းသည် ။

(ဒီဇင်ဘာလ ၂၀ ရက် Japan Today သတင်းမှ )
မောင်အောင်ဌေး

မူရင်းကို အောက်မှာဖတ်ရူနိုင်ပါတယ်။

Refugee approvals in Jan-Sept down over two-thirds from year before

Monday 21st December, 06:37 AM JST

TOKYO —

The number of foreigners granted refugee status by the Japanese government between January and September was less than a third of the figure for the same period last year, according to Justice Ministry documents obtained by Kyodo News.

Considering that applications for refugee status during the nine months surpassed the record number set for the period in 2008, people who support refugees in Japan expressed concern that the situation in the country, which is already seen as ‘‘closed-door’’ for refugees, is deteriorating.

According to the documents, 1,123 people applied for refugee status between January and September, up from 1,100 applications the year before, but only 15 people were approved during the period, compared with 46 in 2008.

But the number of people who were denied refugee status but granted special permits to remain in Japan due to humanitarian considerations increased during the period to 399 from 293 last year, the documents showed.

Since October, the number of applications submitted appears to have slowed while there seems to have been an increase in the number of people granted refugee status, according to sources close to the matter.

‘‘We determine whether an applicant qualifies for refugee status on a case by case basis, so there are years in which we have many (approvals) and years in which we have few,’’ said an official of the ministry’s Immigration Bureau.

‘‘It takes one year or more on average for us to conclude whether or not to grant (refugee status), so even if the number of applicants increases, that is not immediately reflected in the number of applications approved,’’ the official said.

Amnesty International Japan has criticized the government’s refugee approval system as ‘‘not functioning,’’ saying the number of people granted asylum is ‘‘too small.’‘

In 2008, the number of people applying for refugee status in Japan increased to 1,599, about double the figure for the year before, likely due to deteriorating public security in countries such as Myanmar.

The Foreign Ministry at one point exhausted its budget allocation to help support the livelihoods of refugee applicants.

As of 2008, Japan had granted asylum to 508 people since becoming a party to the International Convention on the Status of Refugees in 1981, far fewer than the United States and European countries.

0 မြန်မာနိုင်ငံရေးအကျဉ်းသားမတင်တင်ထွေးအကျဉ်းချနေစဉ် ကွယ်လွန်ခြင်းနှင့်ပတ်သတ်သည့် နောက်ဆက်တွဲသတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် မတင်တင်ထွေးသည် အသက် ၃၈ နှစ်ရှိပြီး အမှတ် ၄၈(ဘီ)၊ အုဌ်လမ်း၊ ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။ သားသမီး ၃ ယောက်ရှိပြီး အကြီးဆုံးသားမှာ တက္ကသိုလ်တွင် ပထမနှစ်တက်နေသောကျောင်းသားတဦး ဖြစ်ပါသည်။

မတင်တင်ထွေးသည် ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ထောက်လှန်းရေးတို့၏ ဖမ်းဆီးခြင်းကိုခံရကာ ထောင်ဒဏ် ၃နှစ်နှင့် ၃ လ ချမှတ်ထားခြင်းခံခဲ့ရပါသည်။ နိုင်ငံရေးရပ်တည်ချက်အရ၎င်း၊ ထောင်တွင်းဖြတ်သန်းမှုအရ၎င်း ရပ်တည်ချက် ခံယူချက်ခိုင်မာသူတဦးလည်းဖြစ်ပါသည်။

၎င်းမကွယ်လွန်မီ ၄ ရက်အလို စနေနေ့(ဒီဇင်ဘာ ၁၉၊ ၂၀၀၉)တွင် နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့ပြီး မိသားစုအား ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးသို့ သွားရောက်ကာ စည်းအဖွဲ့ဝင်းများနှင့်တွေ့ဆုံရန် ပြောကြားခဲ့ပါသည်။
၎င်းသည် သွေးတိုးရောဂါရှိသူတဦးဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့တွင် အင်းစိန်ဆေးရုံသို့တင်ပြီး နောက်တရက် ဒီဇင်ဘာ ၂၃ ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ကွယ်လွန်ပြီးချိန်တွင် မိသားစုက ၎င်း၏ရုပ်အလောင်းကို အင်းစိန်အကျဉ်းထောင်မှ ပြန်ထုတ်ယူရာတွင် ဆူဆူပူပူမလုပ်ရန်အတွက် ထောင်အာဏာပိုင်များထံ လက်မှတ်ထိုးပေးခဲ့ရပါသည်။

ယခုလည်း သူမ၏နာရေးအခမ်းအနားတွင် ဓါတ်ပုံ မထောင်ရန်၊ မချိတ်ရန်အတွက် မြို့နယ်အာဏာပိုင်များက မိသားစုဝင်များကို လာရောက်ပိတ်ပင်ထားပါသည်။ ၎င်း၏ မိသားစုဝင်တချို့မှာ စည်ပင်သာယာမှ ၀န်ထမ်းများဖြစ်ပြီး အာဏာပိုင်တို့၏ ဖိအားပေးမှုများကြောင့် ၎င်း၏အသုဘ အခမ်းအနားကိုအဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖိတ်ကြားရန် မ၀ံ့မရဲဖြစ်နေကြပါသည်။

သို့အတွက်ကြောင့် မတင်တင်ထွေး၏နာရေးသတင်းနှင့်ပတ်သက်၍ မီဒီယာများ၏ စုံစမ်းမေးမြန်းမှုများကို လက်ခံဖြေကြားပေးမည့်သူမရှိဘဲဖြစ်နေသည်ဟု နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရပါသည်။
ဒီဇင်ဘာ ၂၄၊ ၂၀၀၉ ( ၂၃း ၄၅)
ပေးပို့သူ။ ။ မမြတ်လေးငုံ

Friday, December 25, 2009

0 စာဖတ်သူတဦးထံမှ အကြံပြုစာ


ko thunya ၏ forwardmail မှပြန်လည်ဖော်ပြပါသည်။

0 နိုင်ငံရေးအကျဉ်းသူ မတင်တင်ထွေး(ခ) မပဲ ထောင်တွင်း သေဆုံးခြင်း

မတင်တင်ထွေး(ခ) မပဲ (၃၈နှစ်) သည် နှလုံးသွေးကြောပေါက် ရောဂါဖြင့် သာယာဝတီထောင် ဆေးရုံမှ အင်းစိန်သို့ ပြောင်းရွှေ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉ တွင် ကွယ်လွန်သွားခဲ့သည်။ မတင်တင်ထွေး သည် စက်တင်ဘာလ ၂၆ ရက်နေ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင်ပါဝင် ပတ်သက်မှုဖြင့် အခြားနိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၄ ဦးနှင့် အတူ အဖမ်းခံခဲ့ရပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် အာမခံကိုပြန်ရုပ်သိမ်းပြီး နိုဝင်ဘာလ ၂၄ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၀တ္တရား နှောက်ယှက်မှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ အရလည်ကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများမကြားဝံ့ မနာသာအောင် ဆဲဆိုမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရလည်ကောင်း အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ၃လ အမိန့် ချမှတ်ခံခဲ့ရသည်။

ယခုနှစ် ၂၀၀၉ တွင် မတင်တင်ထွေးအပါအ၀င် ဆလိုင်းလှမိုး၊ စောချာလိတ် တို့သုံးဦးသည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု့ ကောင်းစွာမရရှိသဖြင့် သေဆုံးခဲ့ရသည်။

အေအေပီပီ၏ စုဆောင်းရရှိခဲ့သော မှတ်တမ်းအရ ၁၉၈၈ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်း သူ/သား ပေါင်း ၁၄၃ ယောက်ရှိပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် -

ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁

ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅

Wednesday, December 23, 2009

0 အနာဂါတ်ကတို့လက်ထဲမှာ Freedom for Zay yar thaw

0 ထိုင်း-မြန်မာနယ်စပ်ရှိအမှိုက်ပုံတွင် မိမိတို့၏၀မ်းရေးအတွက်ရှာဖွေနေရသောသနားဖွယ် မြန်မာကလေးငယ်များ




ဓာတ်ပုံများ အပေါ်ဘယ်ညာဒေါင့်တွင်PREV,NEXTအလိုအလျောက်မြင်ကွင်းရှင်းလင်းစွာဖြင့်ပေါ်လာမည်ဖြစ်ပြီး ဆက်လက်နှိပ်၍ ကြည့်ရူပါရန်...
Illegal immigrants from Myanmar pass their time at a rubbish dump site near Mae Sot December 22, 2009. Despite terrible living conditions and the fear of being sent back to their country, several hundred illegal immigrants from Myanmar live and earn an average of $1 per day collecting plastic at the rubbish dump near the border town of Mae Sot. Myanmar's long-standing political crisis has forced millions of people to cross the border for a better and safer life. The first refugees arrived and set up camps in the Myanmar-Thailand border in 1984. Now, there are over 140,000 refugees in nine official camps along Thailand's western border. Many more are expected to be in unofficial settlements.

0 ဧရာဝတီတိုင်း လပွတ်တာ မြို့ နယ်နားက ရှင်စောမြတ်စေတီ ရဲ.ထီးတော် ရောင်ခြည်တော်ကွန်.မြူးနေတယ်ဆိုဘဲ

Tuesday, December 22, 2009

0 ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖမ်းဆီးထိန်းသိမ်းထားခြင်း၂၈-လမြောက်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ


ဓာတ်ပုံပေးပို့လာသော ကိုမင်းညိုဝမ်း (Moethaukkye)အားကျေးဇူးတင်ရှိပါသည်။

ဒီဇင်ဘာလ၂၁ရက်နေ့မွန်းလွဲ၃နာရီမှ၎နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ရှီနာဂါဝါမြို့နယ် နအဖအခွန်ရုံးရှေ့တွင်၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖမ်းဆီးထိမ်းသိမ်းထားခြင်း၂၈လမြောက် လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ ကို ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများပူးပေါင်းကျင်းပခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအနားမှူးအဖြစ်ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)မှဆောင်ရွက်ခဲ့ပါသည်။

ကိုထွန်းငြိမ်း -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ``မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်စဉ်အခါက ရေနံမြေအလုပ်သမားသပိတ်မှ စတင်ကာ မကွေးမြို့မှရန်ကုန်မြို့အထိ ကျောင်းသားများပါဝင်ဆန္ဒပြခဲ့ ရာမှ တက္ကသိုလ်ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပုံ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ကိုသက်လင်း(အဟာရစာစောင်) ၊ ကိုရဲငြိမ်း (အလင်းအိမ်မဂ္ဂဇင်း) ၊ကိုဖုန်းမြင့်ထွန်း (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂ)တို့ ကလည်း ဗိုလ်အောင်ကျော်နှင့် ကျောင်းသားသပိတ် အကြောင်းရေးသားထားသောကဗျာ ဖတ်ကြားခြင်း အပြင် မြန်မာပြည်တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်နှင့် အာဇာနည် ဗိုလ်အောင်ကျော် ၏ အကြောင်းအရာအကျဉ်းချုပ်တို့ကို ရှင်းပြပေးခဲ့ကြပါသည်။၎နာရီ ကျော် တွင် ဒီမိုကရေစီအရေး တောင်းဆိုချက်များကို သံပြိုင်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။အခမ်းအနားတက်ရောက်သူအင်အား ၉၀ခန့်ရှိကြောင်းသိရှိရပါသည်။

0 နအဖကိုယ်တိုင်က ဘာသာတရားကို စော်ကားနေတော့ ။


ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။

“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။
(မေးလ်ဖြင့် ပေးပို့ လာသော ဖြိုးဝေ http://www.phyowai-myanmar.co.cc အား ကျေးဇူးတင်ရှိပါသည်)။

Sunday, December 20, 2009

0 လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းတင်ဆက်ပေးထားတဲ့ ဗီဒီယို


(လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းတင်ဆက်ပေးထားတဲ့ ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)



နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ ပေါ့အဆိုတော် ဖြူဖြူကျော်သိန်းကို MTV မှ ပြုလုပ်နေသော EXIT ကင်ပိန်း၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရွေးချယ် တာဝန်ပေးကြောင်း ကင်ပိန်း လှုပ်ရှားမှု တာဝန်ရှိသူတဦးက ပြောသည်။

MTV EXIT လှုပ်ရှားမှုမှ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန်ဂေါ့ဖ် (Simon Goff) က သူတို့ ဤလှုပ်ရှားမှုကို လုပ်ဆောင်ခြင်းမှာ မြန်မာပြည်တွင်းရှိ လူကုန်ကူးမှု ပြဿနာကို လူအများ သတိထားမိရန် ဖြစ်သည်ဟု ပြောဆိုပြီး ရန်ကုန်မြို့တွင် သောကြာနေ့က မှတ်တမ်းတင် ရုပ်ရှင်ကားတကားကို ဖြူဖြူကျော်သိန်းက ဖွင့်လှစ်ပေးကာ လှုပ်ရှားမှုကို စတင်လိုက်ပြီဟု ဆိုသည်။

''ဖြူဖြူဟာ မြန်မာနိုင်ငံမှာ ထင်ရှား ကျော်ကြားသူတဦး ဖြစ်ပါတယ်။ ဒီမှတ်တမ်းတင်ကားကို မြန်မာဘာသာနဲ့ ရှင်းလင်း တင်ဆက်သူလည်း ဖြစ်ပါတယ်။ သူဟာ ဒီလှုပ်ရှားမှုရဲ့ သံအမတ်တဦး ဖြစ်လာပါပြီ'' ဟု ဂေါ့ဖ်က မဇ္ဈိမကို ပြောသည်။

MusicTV ၏ လူကုန်ကူးမှုနှင့် အမြတ်ထုတ်မှု အဆုံးသတ်ရေး `End Exploitation and Trafficking (EXIT) လှုပ်ရှားမှုကို သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဆီဒိုးနား ဟိုတယ်၌ မှတ်တမ်းတင်ကား တကားကို ပြသကာ စတင် ဖွင့်လှစ်လိုက်သည်။

''ဒီမှတ်တမ်းတင် ရုပ်ရှင်ကားဟာ လူထုကြားမှာ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား ရှိလာစေမှာ ဖြစ်ပြီး သူတို့ကိုယ် သူတို့လည်း ဒီလူကုန်ကူးသူတွေရဲ့ ရန်က ကာကွယ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်'' ဟု သူက ဆက်လက် ပြောဆိုသည်။

ဤမှတ်တမ်းတင် ရုပ်ရှင်ကားကို Music TV EXIT က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နှင့် ပူးတွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် လူကုန်ကူးခံရသူများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဂေါ့ဖ်က ပြောသည်။

လူကုန်ကူးမှု ရာဇဝတ်မှုအကြောင်း လူအများ သိရှိစေရေး လှုပ်ရှားမှုကြီးတွင် မြန်မာ ပေါ့အဆိုတော်သည် အခြား နိုင်ငံတကာနှင့် အာရှတိုက်မှ ထင်ရှား ကျော်ကြားသူများ ဖြစ်ကြသော ဟောလိဝုဒ်မှ လူစီလျူး (Lucy Liu)၊ ကိုရီးယား အဆိုတော် Rain၊ ထိုင်းပေါ့အဆိုတော် Tata Young၊ တရုတ် အဆိုတော်နှင့် ရုပ်ရှင်မင်းသမီး Karen Mok၊ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Lara Dutta တို့နှင့်အတူ လက်တွဲ ပါဝင်သွားမည်။

ဤမှတ်တမ်းတင် ရုပ်ရှင်ကားသည် ယခု လှုပ်ရှားမှုတွင် ပထမဆုံးဖြစ်ပြီး စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင်ပါ ပြသသွားမည်။ အစိုးရ ရုပ်မြင်သံကြား ဌာနများဖြစ်ကြသော MRTV, MWD, MRTV4 တို့ကလည်း ယခုမှတ်တမ်းတင် ရုပ်ရှင်ကားကို လွှင့်ထုတ်ပြသပေးရန် သဘောတူထားကြပြီး ဖြစ်သည်ဟု ဂေါ့ဖ်က ပြောသည်။

''အသေအချာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီကားက လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ထုတ်လွှင့် ပြသသွားမှာပါ'' ဟု ဂေါ့ဖ်က ပြောသည်။

မြန်မာလူမျိုး အမြောက်အမြား နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားရောက် အလုပ်လုပ်ကိုင်နေကြရာ လူကုန်ကူးမှုအကြောင်း သိရှိနားလည်ထားရန် အရေးကြီးသည်။ သို့မှသာ အန္တရာယ်ကင်းကင်း သွားရောက်၍ အလုပ် လုပ်ကိုင်နိုင်ကြမည်ဟု သူက ဆိုသည်။

''ဒီလှုပ်ရှားမှု လုပ်တဲ့ နိုင်ငံတိုင်းမှာ အဖြစ်အပျက်တွေက အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို လူ့အဖွဲ့အစည်း အားလုံးမှာ ကောင်းကောင်း သိရှိ နားလည်ထားဖို့ လိုပါတယ်'' ဟု ဂေါ့ဖ်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ''၂၀၀၉ ခုနှစ် လူကုန်ကူးမှု - မြန်မာနိုင်ငံ'' ဆိုသည့် အစီရင်ခံစာတွင် စစ်တပ် အုပ်ချုပ်နေသည့် ဤအရှေ့တောင်အာရှ နိုင်ငံကို ''အဆင့် ၃'' အဖြစ် သတ်မှတ်ထားသည်။ အဓိပ္ပာယ်မှာ လူကုန်ကူးမှု ပပျောက်ရေးအတွက် လိုအပ်သော အနိမ့်ဆုံးအဆင့် သိသာထင်ရှားသော ကြိုးပမ်း ဆောင်ရွက်မှုများကိုပင် မြန်မာအစိုးရ ပြုလုပ်ခဲ့ခြင်း မရှိဟု ဆိုလိုသည်။

''မည်သို့ပင်ဆိုစေ တခုလုံး ခြုံကြည့်လျှင် အရေးပါသော ပြဿနာကြီးများ ဆက်လက် တည်ရှိနေဆဲပင် ရှိသည်။ ယင်းတို့မှာ အဓမ္မ လုပ်အားပေးကဲ့သို့သော ပြဿနာကြီးများ ဖြစ်သည်။ လူကုန်ကူးမှု ပပျောက်ရေးအတွက် အနိမ့်ဆုံးအဆင့် လိုအပ်ချက်များကိုပင် လိုက်နာ လုပ်ဆောင်ရန် သိသာထင်ရှားသော ကြိုးပမ်း ဆောင်ရွက်မှုများကို မြန်မာအစိုးရက ကြိုးပမ်း ဆောင်ရွက်ခြင်း မရှိခဲ့သည့်အတွက် အဆင့် ၃ အဖြစ် သတ်မှတ်ရခြင်း ဖြစ်သည်'' ဟု အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ဥပဒေမဲ့ ကလေးစစ်သား အတင်းအကျပ် စုဆောင်း သိမ်းသွင်းခြင်း လုပ်ငန်းများတွင် စစ်ဘက်နယ်ဘက် အရာရှိများ ကိုယ်တိုင် တိုက်ရိုက် ပါဝင် ပတ်သက်နေကြပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရကြောင်း တိုင်ကြားမှုများမှာလည်း နှစ်စဉ်လိုပင် တိုးတက်လျက် ရှိသည်ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ပြင် စစ်အစိုးရသည် တိုင်းပြည်တွင်းရှိ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးမှုများနှင့် လုပ်အားအမြတ်ထုတ်ရန် လူကုန်ကူးခြင်းများကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိသေးဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဤလှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်နှောင်းပိုင်းက စတင်ခဲ့သည်။ မှတ်တင်းတင် ရုပ်ရှင်ကားများ ဖြစ်ကြသော (လူကုန်ကူးခြင်း - အမ်တီဗီ အထူးအစီအစဉ်) နှင့် (ရောင်းစားခြင်း - အမ်တီဗီ အထူးအစီအစဉ်) များကို အာရှနိုင်ငံ အများအပြားနှင့် အိန္ဒိယတိုက်ငယ်တို့တွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၈ ခုနှစ် တလျှောက်လုံးတွင် တိုင်းပြည် တခုချင်းအလိုက် ထုတ်လွှင့်ပြသမှုများကို ဆက်လက် ပြုလုပ်ခဲ့သည်။ လူထုနှင့် ပထမဆုံး တိုက်ရိုက် ထိတွေ့သည့် ပွဲလမ်းအဖြစ် လာအိုတွင် စစ်အစိုးရက ထောက်ခံအားပေးသည့် ဂီတပွဲတပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်တဝှန်း ပညာပေးအစီအစဉ်အဖြစ် ကမ္ဘောဒီးယားတွင် ဤလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကာ အန်ကောဝပ်၌ ကျင်းပသော ပထမဆုံး ဂီတပွဲတပွဲကိုလည်း ကျင်းပခဲ့သည်။

၂၀၀၈ ခုနှစ် နှောင်းပိုင်းကလည်း လူကုန်ကူးမှု အန္တရာယ်ကို လူအများသိရှိစေရန် ပညာပေးသည့် အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဂီတပွဲတပွဲကို MTV EXIT က စီစဉ်ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ ထင်ရှား ကျော်ကြားသူများနှင့် မြန်မာ ပေါ့အဆိုတော် ဖြူဖြူကျော်သိန်းတို့လည်း The Click Five အဖွဲ့နှင့်အတူ ပါဝင် ဆင်နွှဲခဲ့သည်။

အမ်တီဗီသည် ဂီတဖျော်ဖြေပွဲ အပါအဝင် အခြား လှုပ်ရှားမှုများကို ပြုလုပ်လိုသည်ဟု ဂေါ့ဖ်က ပြောသည်။ ''မြန်မာနိုင်ငံမှာ နောင်ဆိုရင် ဒီ့ထက် အများကြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဂီတ ဖျော်ဖြေပွဲတပွဲလည်း လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒါမျိုးတွေ ဘာမှ လုပ်လို့မရသေးပါဘူး'' ဟု သူက ပြောသည်။

0 အိုးဝေဂျာနယ် အမှတ်(၅)


ှဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်မှ ထုတ်ဝေသည်။

0 ဖာပွန်မြို့ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်

0 (၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်

Saturday, December 19, 2009

0 နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကိုနိုင်းယှဉ်ကြည့်ခြင်း

သားသမီးမကောင်း ၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နဲ့ တွေနဲ့နာမည်ကြီးနေတဲ့ လူငယ်များကိုကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်…သူတို့တွေဟာ လူငယ်တွေမို့လို့ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ပြောတာပိုမှန်ပါလိမ့်မယ်…ရှေးလူကြီးတွေရဲ့ဆိုရိုးစကားသာမှန်တယ်လို့ပြောရင် သေချာပေါက် မိဘ ဖြစ်တဲ့ ဗိုလ်မှုး၊ ဗိုလ်ချူပ် တွေမကောင်းတာပါလို့ပြော ရပါလိမ့်မယ်…ဘာကြောင့်လဲဆိုတော့ နှုတ်ကြမ်းရင် အမိယုတ်လို့ ၊ ကိုယ်ကြမ်းရင် အဖ ယုတ်တယ် လို့ဆိုရိုးစကားရှိပါတယ်…အခု ဆိုးသွမ်းပြီးမိုက်ရိုင်းတဲ့ လူငယ်တွေဟာဖြင့် နှုတ်ရော ကိုယ်ရော ကြမ်းတာကြောင့် အမိကော ၊ အဖ ကော ကမျိုးမစစ်ဘူးဆိုတာ အတိုင်းသာပေါ်လွင်နေပါတယ်…ဒီလို လူငယ်တွေရဲ့ဘ၀ က အမှန်တကယ်တော့ အလွန်ကိုသနားစရာကောင်းပါတယ်…မိဘ ရယ် စည်းစိမ်ရယ် အာဏာရယ်က ၀ိုင်းပြီး ထိုးနှက်လိုက်ချိန်မှာတော့ သူတို့တွေဟာ လူဆိုးဘ၀ နဲ့ ပြည်သူတွေနှာခေါင်းရှုံ့ရတဲ့ဘ၀ မျိုးရောက်သွားရတာပါ…

နအဖ ဗိုလ်ချူပ်သား၊ သမီးတွေနဲ့အပြိုင် ဆိုးသွမ်းနေသူများကတော့ ပိုက်ဆံရှိသားသမီးများပင်ဖြစ်ပါတယ်…အဲဒီထဲမှာ ၀န်ကြီးသားတွေ၊ အဆိုတော်တွေ ၊ဖောလံဖားနေတဲ့ လူကြီးသားသမီးများလည်းပါပါတယ်…သူတို့တွေဟာ နိုင်ငံထဲမှာ ဆိုးသွမ်းလို့ မ၀ဘဲ နိင်ငံခြားကို ပါလှည့်ပြီး မကောင်းတဲ့ အကျင့်စရိုက်တွေကို မြန်မာလူမျိုးသိက္ခာကျလောက်အောင် လုပ်ပြပါတော့တယ်…ဗိုလ်ချူပ်သားတွေ သမီးတွေမိုက်ရိုင်းတာ ကတော့ သိနေလို့ အဖတ်လုပ်ပြီး ပြောမနေချင်ပေမယ့် တချို့ လူငယ်တွေအတုခိုးနေတဲ့ ရုပ်ရှင် အနုပညာရှင်တွေ နိုင်ငံခြားရောက်ရင် အားလုံးပဲချွတ်လိုက်ပါတော့ လို့မပြောရုံတမယ် လုပ်နေတာကတော့ မြန်မာနိုင်ငံကို ဖာနိုင်ငံဖြစ်နေပြီလို့ ကမ္ဘာကို ကြေငြာနေသလိုပါပဲ..အရမ်းကို ရုပ်ဆိုးလွန်းပါတယ်…ကိုယ့်နိုင်ငံထဲမှာတော့ ယာဉ်ကျေးတဲ့ အသိုင်းအ၀ိုင်း
ဖြစ်နေလို့ မလုပ်ရဲပေမယ့် ပြင်ပ နိုင်ငံလည်းရောက်သွားရော သွေးက စကားပြောတော့တာပဲလေ…….ပြည့်တန်စာ မတစ်ယောက်လို ဆိုပြမှ၊ ဖာသည်တစ်ယောက်လို တင်လှုပ်ပြမှ အထင်ကြီးမှာလားဗျာ……..
ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလားလို့မေးစရာရှိပါတယ်…..ရှိပါ့ဗျား……

တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး…..တကမ္ဘာလုံး ကလူတွေ တအားလိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကိုရရှိထားသူ……ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီကိုသာဝတ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာအမျိုးသမီးတစ်ယောက်ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့အခွင့်အရေးကို ဘ၀အဆုံးခံပြီး
ယူပေးနေသူ…………….အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည် ပါပဲခင်ဗျာ….......ကျွန်တော် ချီးမွမ်းတာ လွန်နေရင်ပြောပါဗျာ…….အခု ဗိုလ်ချူပ်ကြီးရဲ့ သမီး စိန်စီပြီး ဒေါ်လာတွေခဲဖိုးပေးနေချိန်မှာ သူဟာ ပြည်သူတွေရဲ့ အကျိးစီးပွားအတွက် ၇တတ်မအေးဖြစ်နေတာပါ……..စင်ပေါ်တတ်ပြီး ကိုယ့်အနုပညာကို ဖင်ပေါ်၊ ခေါင်းပေါ် နဲ့ဖြစ်နေတဲ့အချိန်မှာ သူဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ မြန်မာလူမျိုးပီသစွာ အနောက်တိုင်းဝတ်စုံတောင်မ၀တ်ဘဲ ရိုးရာ အကျီင်္နဲ့ နိုင်ငံကိုကိုယ်စားပြုခဲ့တာပါ........

ကျွန်တော်တို့နိုင်ငံဟာ သူများတွေထက် အတော်ကြီးကိုနောက်ကျနေခဲ့ပါပြီကိုယ်ကျင့်သီလ နဲ့ ယာဉ်ကျေးမှုပါ ပျောက်ရင်တော့ မြန်မာလူမျိုးဆိုတာ မရှိတော့ပါဘူး…ရေဆာနေတဲ့ လူကို ရေတိုက်မှ အငတ်ပြေမှာပါ…ရေမတိုက်ဘဲနဲ့ ထမင်းကျွေးရင် စားပိုးနင့်ပြီးသေသွားမှာပါ…အနောက်နိုင်ငံတွေ မှာ အတုယူစရာတွေဒီလောက်အများကြီးရှိရက်နဲ့ မကောင်းတဲ့ အပြုအမှုကိုမှ ရွေးယူတာကိုး…….သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားပုံတွေ..လူတစ်ယောက်ရဲ့အခွင့်အရေးတွေကို အသုံးချပုံတွေ..အစားအသောက် အနေအထိုင်ဆင်ခြင်ပုံတွေ..Gentleman တစ်ယောက်ရဲ့ ထိန်းသိမ်းအပ်တဲ့ အချက်တွေ…
အများကြီးရှိနေပါတယ်……
အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကတော့ ကိုယ်ကျင့်တရားဆိုတာ အိနြေ္ဒနှင့်အရှက်ကိုလုံခြုံစွာစောင့်ထိန်းခြင်းလို့ဆိုထားပါတယ်… မြန်မာ လူမျိုးတွေမှာအိနြေ္ဒ တွေ အရှက်တွေ ရှိပါသေးရဲ့လားဗျာ…..ရှိတဲ့လူတွေကျတော့ ထောင်ထဲမှာဘဲ သက်တမ်းစေ့ သွားအောင်ချ၊ မနေနိုင်အောင် အမျိုးမျိုးလုပ်၊ နအဖရဲ့ လက်ပါးစေတွေကသားကောင်း၊ သမီးကောင်းတွေကိုဖျက်ဆီး၊ နအဖက လည်းသူ့ ထိုင်ခုံကိုမြဲဖို့အတွက်အပြစ်မဲ့တဲ့ပြည်သူတွေကို မကောင်းတဲ့အရာမျိုးစုံနဲ့ ဖျက်ဆီး၊ ဒီလို မကောင်းတဲ့အရာတွေ
လွယ်လွယ်ကူကူလုပ်နိုင်ဖို့အတွက် မူးတဲ့အရာတွေကို ဖော်ဖော်သီသီရအောင် လုပ်၊ အဲလိုနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီးနေပါတယ်….အဲလို ဖျက်ဆီးနေတာကို တော်လှန်တဲ့ သူရဲကောင်းများကိုတော့ ဂျပန်
နှိပ်စက်တာ အများကြီးသက်သာတယ်လို့ပြောလို့ရတယ်…စာသင်နေတဲ့ ကျောင်းသားလေးတွေ၊ သမာဓိရှိတဲ့ ဘုန်းဘုန်းတွေဟာ သူတို့ရဲ့ စစ်ဖိနပ်အောက်မှာ သွေးထွက်ခဲ့ရပါတယ်…ပြည်သူကိုယ်ကျင့်တရားမရှိလို့ ဆိုးသွမ်းတဲ့ အစိုးရတတ်တယ်လို့
ဆိုလို့ရှိရင် ဒီလိုဆိုးသွမ်းတဲ့ အစိုးရရှိလို့လည်း ပြည်သူတွေ ကိုယ်ကျင့်တရားပျက်ရတာပါ..

ဒါကြောင့် မြန်မာပြည်သူတွေဟာ ဘယ်ဘာသာဝင်မဆို ဘာသာတရားကိုအလွန်ပဲ ယုံကြည်လေးစားလိုက်နာကျပါတယ်..အဲဒါကြောင့် ဘာသာတိုင်းမှာ ပြဠာန်းထား တဲ့ ကိုယ်ကျင့်တရား သီလကို လက်နက်သဖွယ်အသုံးပြု၍ ဘာသာမဲ့ နအဖ အစိုးရကို တိုက်ထုတ်ကြပါစို့လို့ ဒီဆောင်းပါးလေးနဲ့တိုက်တွန်းလိုက်ပါတယ်…
ပေးပို့သူ ကိုသီလ အားကျေးဇူးတင်ရှိပါသည်။

0 ကိုကိုကြီး (၄၈)နှစ်ပြည့်မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေ.....


Thursday, December 17, 2009

0 စာရေးဆရာ အီကြာကွေး ကွယ်လွန်

ဓနုဖြူ-ကျော်ထွန်း (ခ) အီကြာကွေး (၁၉၃၈-၂၀၀၉) ၏ အတ္ထုပ္ပတ္တိအကျဉ်း

(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)

အီကြာကွေး (၁၉၃၈ - ၂၀၀၉)

၁၉၃၈ ခုနှစ်တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွှန့်မေတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလ ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာ စရေး၍ ယနေ့ အထိ စဉ်ဆက်မပြတ် ရေးသာရာ စာရေးသက် အနှစ် ငါးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ‘အီကြာကွေး’ ကလောင် အမည်ကို ထပ်ပွားသည်။
ပညာရေး

ဓနုဖြူ အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် စာပေ ဝါသနာရှင်များ အသင်း (ဓနုဖြူ) ၏ စာပေ တာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁)နှင့် အမှတ် (၂) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေး ဆရာကြီးများအား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေ ဟောပြောပွဲကို စတင် ကျင်းပ ပေးခဲ့သည်။ ဓနုဖြူတွင် စာပေ ဟောပြောပွဲကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ ကလာပ်စည်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံ ကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တခါ မေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။
ရေးခဲ့ပြီးသမျှ

(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ ၁၂ဝဝ ကျော်၊ ဝတ္ထုတို ၈ဝ ကျော်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ ပုဒ်နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း (၁) ကျမ်းကို ပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များ အတွက် လမ်းညွှန် နည်းပြ မဂ္ဂဇင်းတွင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့သည်။ ယခုအခါ သောကြာ စာစောင်တွေင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို ဆက်လက် ရေးသားခဲ့ရာ သုံးနှစ် သက်တမ်း ရှိခဲ့ပြီး ဖြစ်၏။ (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ခွပ်လိုက်ကြစို့သူငယ်ချင်း ကဏ္ဍအကြောင်းများနှင့် လက်ရှိရေးသားနေသော သက်ရှိထင်ရှားရေးဖေါ်များ စသောဆောင်းပါးများဖြင့် ဘ၀တူစာပေလောကသား အချို့အကြောင်းတစ်စေ့တစ်စောင်းပုံဖေါ်ခဲ့သည်။ ဓန / မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာတွေးစရာ အဖြစ် ၀တ္တုဆိုရမည့်စာများ ပင်တိုင်ရေးသားခဲ့သည်။

အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် ၂ဝ ရေးသားခဲ့ပြီး၍ သောကြာ စာစောင်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။
ဘ၀ဖြတ်သန်းမှု

စာစတင်ရေးသားလာစဉ်မှစ၍စာပေလုပ်ငန်းများတွင်သာအခြေချလုပ်ကိုင်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာထဲကပင် စာရေးခြင်းသက်သက်ဖြင့်ဘ၀ရပ်တည်ခဲ့သည်။ အိမ်ထောင်မပြု လူပျိုကြီးဘ၀ဖြင့်သာနေထိုင်ပြီး တောင်ဥက္ကလာပ ရှိနေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်းထားပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့၊ ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သည်။

0 အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံ

(ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင် ၃ ဦးတို့ ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြောင်း NLD ကပြောသည်။

NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် အသက် ၉၂ နှစ်ရှိ ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအ၀င် အသက် ၈၆ နှစ်ရှိ အတွင်းရေးမှူး ဦးလွင်၊ အသက် ၈၈ နှစ်ရှိ အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁၁နာရီမှ ၁၂ နာရီ အထိ ၁နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းCEC ၃ ဦးတို့သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံကြသည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“၁ နာရီကြာ တွေ့ရတယ်လို့ သိရတယ်၊ အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် တို့၏ သဘောထားများကို ပြီးခဲ့သော ရက်ပိုင်းက သွားရောက်မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ CEC ၃ဦး နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ် နေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ယင်း CEC ၃ ဦးကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။

ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

သို့သော် ယင်းတွေ့ဆုံခွင့်နှင့် ပတ်သက်၍ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

Wednesday, December 16, 2009

0 ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နေ၀င်ချိန် ရောက်ပြီ ဟု အီရန် အစိုးရ အာဘော် သတင်းစာက ဖေါ်ပြ


CHIANG MAI (Thailand) (AFP) -- As Myanmar gears up for rare elections due next year, eyes are turning to the fate of the country's ageing military strongman, Than Shwe, and a possible succession, exiled activists say.

Described by critics as reclusive, paranoid and deeply in thrall to astrology, the 76-year-old “Senior General” has ruled the country with an iron grip since 1992, but is now in the twilight of his career.

A new constitution approved in a widely criticized 2008 referendum says that the State Peace and Development Council -- the junta that Than Shwe heads -- must hand over power to a new national assembly after the elections.

Than Shwe may take over the new presidential position provided for by the constitution to maintain his hold on power, according to opposition activists living in exile in Thailand.

But after constantly striving to increase his power, he now faces underlying resentment from within the regime, the activists say.

When he eventually quits, “Than Shwe will make sure his future is safe,” said Naing Aung, secretary general of the Forum for Democracy in Burma.

She added, however: “Than Shwe has only close circles with him. He is an isolated man.”

Aung Naing Oo, a Myanmar political analyst in the northern Thai city of Chiang Mai, predicted it would be “interesting to see how he leaves politics because he cannot leave right away”.

“If he retains a formal position, it means he is not leaving. If he doesn't, then he will be protected for quite some time” by keeping his aides close to him, he said.

Than Shwe will be well aware of the fate of several previous leaders since the military took control of Myanmar in 1962.

Ex-dictator Ne Win, who ruled the country between 1962 and 1988, died under house arrest in 2002 and was not granted a state funeral, while several members of his family were sent to jail. The official press hardly mentioned his death.

Than Shwe himself presided over a purge of the military intelligence service that ended with the sentencing of ex-prime minister Khin Nyunt to 44 years' house arrest in 1994.

“He may not want to retire, but under the constitution he may have to. He will put someone he really trusts like his son,” said Win Min, an academic at Chiang Mai university and pro-democracy activist.

Win Min said that until Than Shwe played his hand, it would be impossible to predict successors in the largely opaque Myanmar military hierarchy.

“Unpredictability is his strategy. You don't know what he is going to do. He is a control freak,” he said.

In 2005 Than Shwe moved the capital almost overnight from Rangoon to the purpose-built city of Naypyidaw to satisfy his dreams of grandeur -- and also to protect himself against supposed threats to his rule.

The elections, meanwhile, have been tailored to favor the junta.

The constitution reserves a quarter of all seats for the military, while opposition leader Aung San Suu Kyi has been detained for most of the past two decades since her National League for Democracy won the last polls in 1990.

Yet critics say that Than Shwe will still have to deal with some new faces, even if they are just in the military.

“With a new constitution, whether you like it or not, you'll have new leadership,” Aung Naing Oo said. “I don't think anyone can be as bad, as manipulative as Than Shwe. The new system will open up a little bit.”

A complex power struggle is likely between Than Shwe's circle and the new military officials who will be keen to use their electoral legitimacy, analysts said.

But Than Shwe's fate will for the most part remain in his own hands.

“Than Shwe will be directing things from behind the curtain,” said Khuensai Jaigen, exiled leader of the Shan Herald Agency for News, a news service for the Shan ethnic minority.

Changes “will not come right away. People will not be in a hurry to change things like Obama after Bush,” he said ironically.

“At first, the successor will be careful. He'll try to change things a bit until he's sure he can be confident. Then there might be drastic changes.”

0 မြန်မာပြည်တွင်းရှိ နာရေးကူညီမှု့ အသင်းရံပုံပွဲ။(ဂျပန်)


နေရာ၊ ၊Toshima-ku Higashi Ikebukuro 1-19-1 Toshima Tokaito Hall
အချိန်၊ ၊၂၀၁၀-ခုနှစ်ဇန္န၀ါရီလ(၂၄)ရက်နေ့၊
ညနေ ၄ နာရီ မှ ၈ နာရီ အထိ။

မှတ်ချက်။ ။၂၀၀၁ ခုနှစ်တွင် ဆရာကြီး ဦးသုခ မှ စတင်တည်ထောင်ခဲ့သော နာရေးသူညီမှုအသင်းကို ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ မှ ဆက်လျက် ထမ်းဆောင်တာဝန်ယူခဲ့သော နာရေးကူညီမှုအသင်းသည်
နေ့စဉ် အလောင်းပေါင်း ၄၀-ကျော် နှင့် လူနာပေါင်း ၁၃၀-ကျော်ကိုနားရက်မရှိဘဲကူညီကုသပေးခဲ့ပါသည်။
ယနေ့ထိမျက်စေ့ဝေဒနာ ၁၈၀၀ -ကျော်ကိုအခမဲ့ခွဲစိပ်ကုသပေးခဲ့ပါသည်။

0 အိုဘားမား နိုဘယ်ဆု နဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံအပါအ၀င် ဇင်ဘာဘွေ (Zimbabwe) နဲ့ အီရန် (Iran) နိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို တလေးတစား ဆက်လက် အားပေး သွားမှာဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမား (Obama) က နော်ဝေး (Norway) နိုင်ငံ အော်စလို (Olso) မြို့  နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) လက်ခံရယူတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်လို တည်ငြိမ်တဲ့ ဂုဏ်သိက္ခာ အပြည့်နဲ့ ပြုပြင်ရေး ကြိုးပမ်းသူတွေ၊ ဇင်ဘာဘွေနိုင်ငံမှာ အရိုက်အနှက်ခံရတဲ့ကြား ရဲရဲဝံ့ဝံ့ မဲပေးခဲ့သူတွေ၊ အီရန်နိုင်ငံ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြသူတွေရဲ့  သတ္တိတွေကို တလေးတစား အားပေး ဂုဏ်ပြုရလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

စစ်ပွဲကာလ လိုက်နာစောင့်ထိမ်းရမဲ့ ကျင့်ဝတ်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မယ့် မဟာဗျုဟာကို မိန့်ခွန်းထဲမှာ အလေးအနက် ထည့်သွင်း ပြောဆိုရင်း ၂၀၀၉ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတအိုဘားမား လက်ခံရယူခဲ့ပါတယ်။

အာဖဂန် စစ်ပွဲအတွက် တပ်အင်အား သုံးသောင်း ထပ်မံစေလွှတ်မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတ အိုဘားမား လက်ခံရယူတာဖြစ်ပါတယ်။ ဒီဆုကို နှိမ့်ချရိုကျိုးစွာ လက်ခံရယူတဲ့အကြောင်းနဲ့ ဆုချီးမြှင့်ဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိတယ်ဆိုတာကိုလည်း သူ့အနေနဲ့ သိရှိတဲ့အကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

စစ်ရေး ပဋိပက္ခတွေ မရှိဘူးဆိုတာထက် ငြိမ်းချမ်းရေး ဆိုတာ တည်ရှိနေဖို့က ပိုပြီးအရေးကြီးတယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့ အခမ်းအနားမှာ သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ နိုင်ငံတွေအနေနဲ့ တရားမျှတတဲ့ စစ်ပွဲတွေကို ဆင်နွဲဖို့ မဖြစ်မနေ မလွှဲမရှောင်သာ အင်အားသုံး ဖြေရှင်းရတဲ့ အချိန်ကာလတွေ ရှိတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

သူဟာ စစ်ပွဲနှစ်ခုကြားမှာ ရောက်နေတဲ့ သူဆိုတာကို ၀န်ခံပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်မှု အန္တရာယ်တွေ ရင်ဆိုင်နေရာတာကို ဒီအတိုင်း ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

သမ္မတ သက်တမ်း (၁၁) လအတွင်း အခုလို နိုဘယ်ဆု ချီးမြှင့်တာဟာ အချိန်အားဖြင့် စောနေတယ်ဆိုပြီး ဝေဖန်ကြတာနဲ့ ပတ်သက်လို့ ကမ္ဘာနိုင်ငံရေး စဉ်မြင့်မှာ သူ့ရဲ့  လုပ်ရပ် အစပိုင်းပဲ ရှိပါသေးတယ်၊ ဆုံးခန်းမတိုင်သေးပါဘူးလို့ သမ္မတအိုဘားမားက ပြောဆိုသွားပါတယ်။
(voa)

Tuesday, December 15, 2009

0 တကွက်မှားလျှင် ၂၀၁၀ မှာမြွေပေါက်ခံသွားရနိုင်တယ်

လက်ရှိ န-အ-ဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်(လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရောပသမဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ ရဲ့ ကစားကွက်ကို ချဲ့ ထွင်လာ သည်ဟု စကားကြီးစကားကျယ်ပြောလို့ ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်းပြချင်ရ်ူ အီးယူကို သံတမာန်ရေးအရ ဆက်သွယ်လိုကြောင်းပြသခြင်းဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ် နှင့် လူမသိသူမသိစကားပြောနေမည်မှာ အမှန်ဖြစ်သည်။အရင်က န-အ-ဖ သည်ချောင်ပိတ်မိသောခွေး နှင့်တူသည် မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ပညာတတ်လာသည်။ အရမ်းအဆိပ် ပြင်းသည့်မြွေက အစွယ်ကျိုးချင်ယောင်ဆောင်ရ်ူ ခွေနေသည်။ ပြီလျှင် အားအပျော့ဆုံးသူကို ရုတ် တရက်ထပေါက်ရ်ူ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ် မည်နည်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပ အတိုက်အခံများတခဲနက်ထောက်ခံကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်းပြည်အတွက်ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစ်စောင်ရေးပို့ ခဲ့သည်။ ရွှေဂုံတိုင် ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြသနာက အဖွဲ့ ချုပ်အနေနှင့် ၄င်းတို့  ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာပဲ ကျောက်ချငုတ်တုပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကမှု ဆန်ရှင်ကို အကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှတဆင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် န-အ-ဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင်ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့် ခွန်းတစ်ခုတွင်ပြောဖူးသည်။ဒီတော့ သူမသည် အားပျော့သည့်အထဲတွင် မပါ သမိုင်းတွင်မြွေပေါက်ခံရကိန်းမရှိ။

နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခွင့် မရ ခြင်းတို့ ကြောင့် အဖွဲ့ ချုပ်က သီးခြား ၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင်လက်တွေ့ မှာဖြစ်သည်။ အဖွဲ့ ချုပ်သည် လူတန်းစားအသီးသီးနှင့်ဖွဲ့ စည်းထားခြင်းဖြစ် သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား ၊ ရှေ့ နေ ၊ ဆေးဆရာ ပြီးတော့ သတင်းပေး စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည်သြဇာအာဏာရှိသူ ဖြစ်လာသည်။အဖွဲ့ ချုပ်ဧ။်ဖွဲ့ စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလိုဖြစ်လာရင်လည်း န-အ-ဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရေး ကြီးသောကိစ္စရပ်များ(ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောက်ရွက်သည်။ နိုင်ငံတကာနှင့်အခြားအင်အားစုများဧ။်ဆန္ဒကိုထည့်တွက်သည်ကိုတွေ့ ရသည်။ သို့ သော်တိကျသော အက်ရှင်ပလန် မရှိခြင်း။ညီညွှတ်သော နောက်ပါအင်အားစုမဖန်တီးနိုင်ခြင်းတို့  ကြောင့် အဖျားရှူးသွားတတ်သည်။ န-အ-ဖဆီက တစ်ခုခုမြှော်ကိုးရင်းအလံနီသစ္စာဖောက်သခင်တင်မြ တို့ လိုဖြစ်သွားနိုင်သူတွေ အဖွဲ့ ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ် မှနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုဆန့် ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်ဒါကြောင့်အားနည်းသူမှာ အဖွဲ့ ချုပ်ဖြစ်သွားနိုင် သည်။သတိကြီးကြီးမထားလျှင်သမိုင်းမှာမြွေပေါက်ခံရနိုင်သည်။

န-အ-ဖ သည် ရွေးကောက်ပွဲမတိုင်မှီနိုင်ငံရေးကို စိတ်မ၀င်စားပါ။ စိတ်ဝင်စားလို့ လဲ မဖြစ်။ သူတို့ နိုင်ငံရေး နှစ်နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကို ကြည့်လျှင် လက်ရှိလုပ်ပေးနေသောလိုက်လျောမှုအချို့ုသည်လိမ်နေတာဖြစ်သည်။တိုင်းရင်းသားအ ချို့ အငိုက်မမိဖို့  လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတရား ခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ န-အ-ဖကိုရင်ဆိုင်သည့်ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့ များရှိသည်။ သူများနှင့်လိုက်သည့်စတိုင်လ်က ကိုယ်နှင့်လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူက ဆေးကုနေရသည်။ ၀တပ်ဖွဲ့ လည်း သိသိကြီး နှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့ သော် တရားဝင်ရွေးကောက်ပွဲတွင်အနိုင်ရထားသော တိုင်းရင်းသားပါတီများဧ။်ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသောကြောင့် သူ့ လူနာနှင့် သူ့ ဆေးဆရာဖြစ်လာစရာရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအနေရှိသည်။ ယတိပြတ်တော့ ပြောလို့ မရပေ။

ရွေးကောက်ပွဲဝင်သည့်သူသည်သမိုင်းတရားခံဖြစ်မည်ဟုအတိအလင်းပြောချင်သည်။ တတိယအင် အားစုဟုအမည်တွင်သူများ ၊ န-အ-ဖ ဧ။်အခပေးရှေ့ နေမောင်စူးစမ်း စသည်တို့ က စပေ့စ်အကြောင်း ကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀သာနီးလာသည် သူတို့ ပြောသည့်စပေ့စ်ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င်လုပ်နေရ သည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့  ရပ်တည်ချက်ခြင်းဒီနေရာမှာကွဲသည်။ အေးလွင်က န-အ-ဖ ဘက်တော်သား။ ဥိးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။န-အ-ဖ ဧ။် အတိုက်အခံ အတွင်း ပြည်သူလူထုအတွင်သွေးခွဲသပ်လျိုသည့် လုပ်ငန်းအောင်မြင်သည် ဟုပြောရမည်။ တတိယ အင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့ သော်ဒီလောက်ကြီးမစိုးရိမ်ရ ဗမာပြည်နိုင်ငရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလုပ်ချင်လျှင်ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာဖြစ် နေမည်။ မောင်စူးစမ်းနှင့်သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်။ အားရသည်။ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကိုပြန်လှန်ပြသည့်အတွက် သင်ခဏ်းစာများ ရသည်။ သို့သော်ကွန်မြူနစ်ပါတီအနေနှင့်ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင် အားစုများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင်အကြံညဏ် ကောင်းများပေးနိုင်မည်ဟုယူဆသည်။ မ-ဆ-လ တိုက်ခဲ့သည့်ဝါဒမှိုင်းကိုဖြေရှင်းပေးနေသည့်အဆင့် ထက် ပိုပြီးဆောင်ရွက်စေလိုသည်။ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင်တကယ်အရေးပါသည့် အင်အားစု တရပ်ရှိနေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ထောင်ထဲဘယ်သူမှမ၀င်ချင်ကြပေ။ ဒီတော့တခြားနည်းလမ်းကိုရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဥိးဝင်းတင်ပြောသည့်နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကိုအတူတူလုပ် ပြီးမတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသားစုကြားမှာ သြဇာသက်ေ၇ာက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ် ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရအောင်နေထိုင်နိုင်ခြင်းတို့ လဲ နိုင်ငံရေးဖြစ်သည်ဆိုတာကို သိ၇မည်။ အချင်းချင်းစည်းရုံးရမည်၊တွေ့ဆုံဆွေးနွေးရေးလုပ်မလိုလိုအသံကြားသည်နှင့် ရေစုံမျှော လိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်းပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီ ညွှတ်သော အင်အားတရပ်ကိုထူထောင်ထားရမည်။ ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့် လုပ်ထိုက်သည်များကိုသွက်သွက်လက်လက်ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့်လူငယ်တိုင်း နိင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကိုလေ့လာထားရမည်။ နိုင်ငံတကာကိုလဲ အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များပိုအရေးကြီးပါသည်။ ရာထူးကြိးသလို တာဝန်လဲကြီးသည် ကိုသတိရပါ။ လူငယ်အချင်းချင်း(အာဏာရှင်စနစ်ဖယ်ရှားရေး)အတွက်ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။
တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇၀ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည် ထင်ပါသည်။ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွှတ်မှု စည်းရုံးမှု တို့ အပေါ်အခြေခံမည်ဖြစ်သည်။
လူငယ်မှတ်တမ်း (youth record)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.