Saturday, February 12, 2011

0 အောင်ဆန်းပေးတဲ့ မြန်မာပြည်


လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနုကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း

သူ့ သွေးသားအရိုးအချဉ်တွေအားလုံးလွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့


အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၆ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
- မမေ့နဲ့
မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့ အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်....
မူရင်းရေးသားသူရဲ့ နာမည်အတိအကျ ရှာ၍မရပါ။ သို့သော အမျိုးမျိုး ဖြည့်စွက်ရေးသားထားသော ကဗျာ မူကွဲများလဲ ရှိနေသေးပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ပြုလုပ်သော(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားမြင်ကွင်းများ




ဓာတ်ပုံ။ ။ ဒီမိုဝေယံ။ Ap

0 သေမင်းလက်မှ လွတ်မြောက်ခဲ့သည့် မြန်မာသင်္ဘောသားများ

ဆိုမာလီဓားပြများလက်မှ လွတ်မြောက်လာသည့် တောင်ကိုရီးယား ကုန်တင်သင်္ဘောမှ မြန်မာသင်္ဘောသား ၁၁ ဦးသည် ယခုလ ၄ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာတိုင်း(မ်)မှ လက်ထောက်စာတည်း ရဲလင်းထွဋ်က တွေ့ဆုံမေးမြန်းခဲ့သည်။

ဖမ်းဆီးရမိသည့် ဓားပြတစ်ဦးအား သင်္ဘောသားတစ်ဦးနှင့်အတူ တွေ့ရစဉ်။

တန်ချိန် ၁၁,၅၀၀ ရှိ MT. Samho Jewelry သင်္ဘောသည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ယူအေအီးနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အသွား ပြန်ပေး ဆွဲခံခဲ့ရခြင်းဖြစ်ကာ ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘော ပေါ်၌ တောင်ကိုရီးယား နိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး တာဝန်ထမ်း ဆောင်နေသည်။
"အဲဒီနေ့ မနက် ၇ နာရီ ကျော်လောက်မှာ အရေးပေါ်အချက်ပေးသံ ကြားရတော့ အင်ဂျင်ခန်းတို့၊ဘာတို့စစ်ကြည့်နေတုန်း Chief Officer (ကုန်းချုပ်)က လာခေါ်လို့ ဘာဖြစ်မှန်းမသိဘဲ လိုက်သွားခဲ့တာ။ သင်္ဘောချည်ကြိုးတွေထားတဲ့ အခန်းထဲကို အကုန်လူစုပြီး ဝင်ခဲ့
ရတယ်။ အဲဒီတော့မှ သိရတာ။ ၈ နာရီ လောက်ကနေစပြီး တံခါး
ပိတ်ပြီး အခန်းထဲမှာနေတာ နှစ်နာရီ သုံးနာရီလောက် ကြာတယ်။ "အပြင်မှာတော့ သေနတ်သံတွေဘာတွေ ကြားနေရတာပေါ့။ အဲဒီ တော့မှ ကျွန်တော်တို့ ၀င်ပုန်းနေတဲ့ အခန်းတံခါးကို ဓားပြတွေက အပြင်ကနေ လာဖွင့်တာ။ အဲဒီလိုလာဖွင့်တဲ့ အချိန်မှာ မီးသတ်ပစ္စည်း တွေထားတဲ့အခန်းကို ဆက်ထားတဲ့ အပေါက်ကနေ ကူးသွားပြီး အဲဒီ အခန်းထဲမှာ နာရီဝက်လောက်ကြာမယ်။ အဲဒီအခန်းကကျတော့ တံခါးက လွယ်လွယ်ကူကူဖွင့်လို့ရတော့ ဖွင့်ဝင်လာပြီး အကုန်လုံးကို ကုန်းပတ် ပေါ်တက် ခိုင်းတယ်။ လူစစ်ပြီးတော့ ကုမ္ပဏီကို ဖုန်းဆက်ဖို့ သူကြီး (ကပ္ပတိန်)ကို ခိုင်းတယ်"ဟု သင်္ဘောသားတစ်ဦးဖြစ်သူ ကိုကျော်စွာ က ပြောသည်။
ပင်လယ်ဓားပြဦးရေမှာ အင်အား ၃၀ ခန့်ရှိပြီး သင်္ဘောသားအားလုံးကို ကုန်းပတ်ပေါ်တွင် နှစ်နာရီခန့်ကြာ ထားပြီးနောက် ကပ္ပတိန်၏ တောင်းဆိုမှုကြောင့် အတွင်းသို့ ပြန်လည်ဝင်စေခဲ့သည်ဟုဆိုသည်။
ထို့နောက် ဓားပြ ၁၃ ဦးကိုသာ ချန်ထားခဲ့ပြီး ကျန်ဓားပြများမှာ ၎င်းတို့၏ မိခင်သင်္ဘောဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားများသည် ပထမ ဦးဆုံးရက်တွင် နေ့လယ်စာ မစားရဘဲ ဒုတိယရက်တွင် ထမင်းစားရကာ တတိယနေ့တွင် ဟင်းနှင့် ကြက်ဥသုံးလုံးကို နေ့လယ်စာ၊ ညစာအဖြစ် အာလူးပြုတ်နှင့် ကြက်သားစားရသည်ဟု ဆိုသည်။
"၁၅ ရက်နေ့ နံနက် ၈ နာရီလောက်က နေ ၂၁ ရက်နေ့ နံနက် ၅ နာရီလောက် အထိ ဓားပြတွေလက်ထဲမှာ နေခဲ့ရတာ။ ၁၈ ရက်နေ့ အထိကို ကိုရီးယား ထမင်းချက်က ချက်ပေးတာပဲ စားရတယ်။ မြန်မာနှစ်ယောက်က ကူပေးတယ်။ ၁၈ ရက်နေ့မှာ တိုက်ပွဲဖြစ်တော့ သင်္ဘော အပြင်ဘက်ကို ထုတ်ထားခံရတော့ ထမင်းချက်လို့မရတော့ဘူး။ ပင်လယ်ဓားပြ ထမင်းချက်ကြီးက ပေါင်မုန့်တွေ လာပေး တယ်။ ဆေးလိပ်တွေ လာတိုက်တယ်။ နွားနို့ဘူး လာပေးတယ်" ဟု ကိုကျော်စွာက ပြောသည်။
ထို့နောက် ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ကြပြီး တောင်ကိုရီးယားရေတပ်ဘက်မှ ပစ်ခတ်သော ကျည်ဆန်များက သင်္ဘောကို စတင်ထိမှန်ခဲ့သဖြင့် သင်္ဘောသားများမှာ နီးစပ်ရာနေရာများတွင် ၀င်ရောက် ပုန်းခိုရသည်ဟု ဆိုသည်။

ဆိုမာလီဓားပြများ ဖမ်းဆီးခဲ့သည့် ကုန်တင်သင်္ဘောကို တောင်ကိုရီးယား ရေတပ်မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ရေတပ်သားများ သင်္ဘောပေါ်သို့ တက်ရောက်လာစဉ်။ ဓာတ်ပုံများ-အောင်မိုးသူ
တောင်ကိုရီးယားရေတပ်မှ ရဟတ်ယာဉ်တစ်စင်း၊ တစ်စင်းလျှင် အထူး တိုက်ခိုက်ရေးတပ်သား ၁၅ ဦးခန့် ပါဝင်သည့် စပိဘုတ်သုံးစင်း၊ စုစုပေါင်း အင်အား ၅၀ ခန့်ဖြင့် ဓားပြများ ဖမ်းဆီးထားသည့် အဆိုပါ သင်္ဘောအား ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သင်္ဘောကို တောင်ကိုရီးယား ရေတပ်က ၀င်စီးတဲ့အခါကျတော့ အဲဒီ ကုန်းပတ်ပေါ်မှာရှိနေတဲ့ ဓားပြ ခေါင်းဆောင်ရယ်၊ ဒုတိယခေါင်းဆောင် ရယ်၊ နောက်တစ်ယောက်ရယ် သုံးယောက်စလုံးကို အဲ့ဒီနေရာမှာတင် ပစ်သတ်တာ။ ကျွန်တော်တို့ထဲမှာ လာဝင်ပုန်းတဲ့ တစ်ယောက်ဆို ကျွန်တော်နဲ့ လက်တစ်ကမ်းအကွာမှာတင် သူ့ကိုပစ်သတ်တာ အနည်း ဆုံး ရှစ်ချက်နဲ့ ၁၀ ချက်လောက်ရှိမယ်။ "ပထမ ကျွန်တော်တို့ကိုလည်း သေနတ်နဲ့ ချိန်တယ်။ ချိန်တော့ ကျွန်တော်တို့က Crew! Crew! မြန်မာ Crew! ဆိုပြီး အော်ရတာပေါ့။ အော်တော့မှ ဘေးက ဒီကောင့်ကို ပစ်သတ်တာ။ ပထမပိုင်း ကိုယ်ကိုပစ်တယ်ဗျ။ ကိုယ်ကို ခုနစ်ချက် ရှစ်ချက်လောက် ပစ်တယ်။ ပြီးတော့ ခေါင်းကို ပစ္စတိုနဲ့ ထုတ်ပြီး ထပ်ပစ်တယ်။ ပြီးတော့ အိမ်သာထဲကို ပစ်မလို့။ အပြင်ကနေ အိမ်သာကို ဖောက်ပစ်မလို့။ အထဲမှာ သင်္ဘောသားတွေပဲ ရှိတယ်လို့ ပြောလိုက်မှ မပစ်တော့တာ။ ပစ်လိုက်ရင် အထဲကကောင်တွေ နှစ်ကောင်လည်း သေမယ်ဗျ"ဟု ကိုကျော်စွာက ပြောသည်။
"ပထမဦးဆုံး ရေဒါနှစ်ခုကြားထဲ ၀င်ပုန်းနေရတယ်။ အဲဒီအချိန်မှာ သင်္ဘောကို ရဟတ်ယာဉ်နဲ့ ပတ်ပစ်တယ်။ အပြင်မှာ အာရ်ပီဂျီ (လောင်ချာ)ကိုင်ထားတဲ့ကောင်နဲ့ မရှင်းဂန်း(စက်သေနတ်ကြီး) သေနတ်ကြီးကိုင်ထားတဲ့ နှစ်ကောင်က စနိုက်ပါနဲ့ ပစ်နေတာလို့ ပြောတယ်။ အာရ်ပီဂျီ ကိုင်ထားတဲ့ကောင်က စနိုက်ပါနဲ့အပစ်ခံရတာ သေချာတယ်။ အဲဒီကောင် မျက်စိပွင့်ထွက်ပြီး သေတယ်။ လက်နက်ကြီးက အဲဒီနှစ်ခုပဲ။ ကျန်တာက အေကေ ၄၇ တွေပဲ ကိုင်ထားကြတာ။
"သင်္ဘောကို ကျည်လာထိတော့ အိမ်သာနဲ့နီးတဲ့သူတွေက အိမ်သာထဲကို ၀င်ပုန်းကြတယ်။ ရေဒါနှစ်ခုကြားထဲကို ၀င်ပုန်းတဲ့သူ တွေထဲက လေးယောက်ကို ရဟတ်ယာဉ်နဲ့ပစ်နေတဲ့ ဘက်ကို ဓားပြတွေက သေနတ်နဲ့ချိန်ပြီး ထွက်ခိုင်းတယ်။ ရဟတ်ယာဉ်ကလည်း တော်တော်နိမ့်နိမ့်အထိ ဆင်းပစ်တယ်။ မီးမထိုးဘဲ လူခေါင်းနေရာလောက်ကို ချိန်ပစ်ပုံရတယ်"ဟု ၎င်းကပြောသည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်နေစဉ် သေနတ်ကိုင် ဓားပြအချို့မှာ သင်္ဘောအတွင်းပိုင်းသို့ ဆင်းပြေးကြပြီး သင်္ဘောအပြင်ပိုင်းတွင် သေနတ်မပါသော ပင်လယ်ဓားပြအချို့ နှင့် သင်္ဘောသားများမှာ အတူတကွ ကျည်ကွယ်ရာနေရာများ၌ ပုန်းခို ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။
"ဒီကောင်တွေက ကျွန်တော်တို့ကို အပြင်ထွက်ခိုင်းတယ်။ ဒါပေမယ့် ဒီကောင်တွေမှာ သေနတ်မပါတော့ ကျွန်တော်တို့ မထွက်ကြဘူး။ ထွက်ရင်လည်း သေမှာပဲ။ ပြီးတော့ ကျွန်တော် တို့ထဲက တစ်ယောက်ကို ရေဒီယို သွားဖွင့်ခိုင်းလို့ သွားဖွင့်တယ်။ ရေဒီယိုဖွင့် ခိုင်းပြီး တော့ မပစ်ပါနဲ့၊ ရပ်ပါပေါ့။ ဒီမှာ အန္တရာယ်အရမ်းများတယ်ဆိုပြီး တောင်ကိုရီးယားရေတပ်ကို ပြောခိုင်းတယ်။
ပြီးတော့ ဓားပြတစ်ကောင်က တစ်မိနစ်ကို လူတစ်ယောက်သတ်မယ်လို့ပြောတယ်။ အပစ်ရပ်ဖို့၊ ဆက်ပစ်နေတော့ သူကြီးကို ဆွဲထုတ် သွားတယ်။
"ရေတပ်ကနေ ပြန်ပြောတာက မင်းတို့ ကိုယ့်ဟာနဲ့ ကိုယ်လုံခြုံအောင်နေပါတဲ့။ ငါတို့ဆက်ပစ်နေတယ်တဲ့။ သတိပေးနေတာပေါ့။ အားလုံးပြီးတော့ သူကြီး ဘယ်မှာသေနတ်ထိလာလဲ ကျွန်တော်တို့လည်း မသိဘူး။ ကျည်ဆန်တွေက အများကြီးပစ်နေကြတာ။ ပြီး တော့ ရဟတ်ယာဉ်ပေါ်ကပစ်တဲ့ ကျည်ဆန်တွေက သင်္ဘောသံပြားတွေကို နှစ်ထပ် သုံးထပ်အထိကို ဆင့်ပေါက်တယ်။ အဲဒီတော့ ဘယ်ကျည်ဆန်ထိလို့ ထိမှန်းတောင်သိမှာမဟုတ်ဘူး"ဟု ကိုကျော်စွာက ပြောသည်။
ရေတပ်မှ ပစ်ခတ်တိုက်ခိုက်ချိန်များတွင် ဓားပြများက သင်္ဘောသားများအား သင်္ဘော၏အမြင့်ဆုံးနေရာတွင် ထားရှိစေပြီး ပြန်လှန် ပစ်ခတ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာသင်္ဘောသားတစ်ဦးဖြစ်သူ ကိုထွန်းလင်းကလည်း "အခုဟာက ကံကောင်းလို့လွတ်လာတဲ့ အနေအထားပါ။ တစ်ယောက် မဟုတ် တစ်ယောက် ထိသွားနိုင်တယ်။ သင်္ဘောသားအလုပ်က နဂိုကတည်းက ဒီနေ့ သင်္ဘောပေါ်တက်သွားပြီးရင် ဘယ်တော့ ကမ်းပြန်ရောက်မယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ အသက် အန္တရာယ်ရှိတယ်။ အခုလိုမျိုးဆိုတော့ ပိုပြီး အသက်အန္တရာယ်နဲ့ ပိုနီးတယ်" ဟု ပြောသည်။
တောင်ကိုရီးယားရေတပ်က ပြန်လည်တိုက်ခိုက် ကယ်တင်နိုင်ရန်အတွက် လမ်းခရီးတွင် သင်္ဘော အင်ဂျင်ချွတ်ယွင်းသွားကြောင်း လိမ်လည်အကြောင်းပြ၍ အချိန်ဆွဲရပ်တန့်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ်ရှိ ဓားပြများ လူစုကွဲ အင်အားနည်း သွားစေရန် အတွက် သင်္ဘောသားများက ပူးပေါင်းအားထုတ်ပေးခဲ့ကြသည်။
"ပထမဦးဆုံးနေ့ မွန်းတည့် ၁၂ နာရီ လောက်မှာကတည်းက ရေဒီယိုနှစ်လုံး စလုံးကို ဖွင့်ထားတာ။ ဓားပြတွေ လစ်ရင် ရေဒီယိုကနေ သူကြီးက အဆက်အသွယ်လှမ်းလုပ်တယ်။ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ သင်္ဘောသုံးစင်းတွေ့တယ်။ ကျွန်တော်တို့ သင်္ဘောသား တွေက ရေဒါမှာကြည့်ပြီးတော့ သင်္ဘော နာမည်၊ အရှည်ဘယ်လောက်၊ ဘာ သင်္ဘောဆိုတာပြောပြီး မြှောက်ပေးတော့ ကျွန်တော်တို့ သင်္ဘောပေါ် တင်ထားတဲ့ ဘုတ်လေးကို ကရိန်းနဲ့ဆွဲချပြီး ဒီကောင်တွေ သွားတိုက်ကြတော့မှ ရေတပ်က ရဟတ်ယာဉ်ထွက်လာပြီး ဒီကောင်တွေကို လိုက်ပစ်တော့တာ။ ကျွန်တော်တို့က ရေဒါမှာ ရေတပ် သင်္ဘောကိုဖွက်ထားပြီး သင်္ဘောသုံးစင်းကိုပဲ ပြထားခဲ့တာ။ ဥပမာ ကျွန်တော်တို့ ရေဒါမှာပြထားတဲ့ သင်္ဘောသုံးစီးက ၁၀ မိုင်မှာရှိတယ်ဆိုရင် ရေတပ်က ၁၅ မိုင်လောက်မှာရှိတယ်။ ကျွန်တော် တို့ ရေဒါထောက်ထားတာက ၁၀ မိုင် မှာပဲ ထောက်ထားတော့ ရေတပ်ကို မမြင်ရတော့ဘူး" ဟု ကိုကျော်စွာက ပြောသည်။
အဆိုပါ သင်္ဘော ပင်လယ်ဓားပြများ လက်သို့ ကျရောက်ရခြင်းမှာ Chief Officer တာဝန်ပေါ့လျော့မှုကြောင့်လည်း ပါဝင်ကြောင်း မြန်မာသင်္ဘောသားအချို့က ဆိုကြသည်။
"Chief Officer တာဝန်ပေါ့လို့ဖြစ်တာ။ ကျွန်တော်တို့သင်္ဘောမှာ အားနည်းချက်တွေရှိတယ်။ ပင်လယ်ဓားပြ စောင့်ကြည့်ကာကွယ်မှု မရှိဘူး။ ဒီလိုဖြစ်ထားတဲ့လမ်းကြောင်းမှာ၊ ဒီတာဝန်ချိန်မှာ Chief Officerက ရေဒါ မကြည့်ဘူး။ ကွန်ပျူတာပဲ နှိပ်နေတယ်။ ပြီးတော့ ရာသီဥတုကောင်းနေတယ်။ ငါးဖမ်းသင်္ဘောလောက်ရှိတဲ့ ပင်လယ်ဓားပြသင်္ဘော ပေါ်နိုင်တာကို ရေဒါကို မကြည့်ဘူး။ အဲဒီကောင်ကို ကြိုမြင်လိုက်ရင် ပြင်ဆင်ဖို့အချိန်ပိုရနိုင်တယ်။ ပြေးလို့လည်း ရနိုင်တယ်။ "ပြီးတော့ နံနက် ၇ နာရီ နေ့သမားတွေ ထမင်းစားပြီး ထွက်တဲ့ အချိန်မှာ ဓားပြတစ်ယောက်က သင်္ဘောပေါ်ကို ရောက်နေပြီ"ဟု အမည်မဖော်လိုသည့် မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
ထို့ပြင် ယခု ပြန်လည်ရောက်ရှိလာသော မြန်မာသင်္ဘောသားအချို့မှာ ရပိုင်ခွင့်ရှိသည့် ခံစားခွင့်နှင့်လစာများ အပြည့်အ၀မရရှိသေးဟု ဆိုသည်။
"ဓားပြလက်မှာနေရတဲ့ ခုနစ်ရက်စာအတွက် ဘာမှမရသေးဘူး။ ကျွန်တော်တို့ရခဲ့တာက လစာအပြင် ပေးတဲ့ Allowance ၂၆ ရက်စာပဲ ရခဲ့တယ်။ ကျန်တဲ့ဟာတွေကို အေးဂျင့်မှာရှင်းမယ်လို့ ပြောလိုက်တယ်။ "လစာရှင်းတဲ့နေ့မှာ ဘာပြောလဲဆိုတော့ အရင်လူဟောင်း တွေက နှစ်လစာ မရသေးဘူး။ အဲဒါကို အားလုံး ရှင်းပေးလိုက်ပြီးတော့ ဇန်န၀ါရီအတွက် လစာကို ရုံးမှာရှင်းပေးမယ်လို့ ပြောတယ်။ Dangerous money ကိုကျတော့ ကျန်တဲ့ အကုန်လုံးကိုခေါ်ပြီးတော့ ညီညီမျှမျှ ပေးမယ်ဆိုပြီး နှစ်ခါ သုံးခါ ခဏနေရင် ပေးမယ်၊ ခဏနေရင် ပေးမယ်ဆိုပြီးတော့ ခုနစ်နာရီလောက်ကျတော့ ကိုရီးယားတွေကိုခေါ်ပြီး ပြန်ထွက်သွားတာ ပေါ်မလာတော့ဘူး"ဟု မြန်မာသင်္ဘောသားတစ်ဦးက ပြောသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သော တက်မကိုင်(၁) ကိုအောင်မိုးသူ က "သင်္ဘောလိုက်တာ သုံးနှစ်ကျော် လေးနှစ်နီးပါးလောက် ရှိပြီ။ ဒါမျိုးက ဒီတစ်ခါဆိုးဆိုးရွားရွား ကြုံရတာပဲ။ ဒီသင်္ဘောပေါ်ရောက်တာတော့ ခုနစ်လနဲ့ ရက်ပိုင်းပဲ ရှိသေးတယ်။ ကျွန်တော်က ရှစ်လစာချုပ်နဲ့။ ရှေ့လ စင်ကာပူ ပြန်ရောက်ရင် ဆင်းဖို့လုပ်နေတာ။ မားသားဘုတ်ပေါ် ပြန်ဆင်းသွားတဲ့ ဓားပြတွေက ကျွန်တော် တို့ရှိတဲ့ ပစ္စည်းတွေ၊ စုထားတဲ့လစာတွေကို အကုန်ယူသွားကြပြီးသား။ တချို့လည်း အင်္ကျီတွေ၊ နာရီတွေကိုလည်း သူတို့က ယူဝတ် ထားလိုက်တာဆိုတော့ တချို့လည်း အလောင်းတွေပေါ်က ပြန်မယူချင်တော့ဘူး။" "ကိုရီးယား ကမ်းခြေစောင့်တပ်က ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင်လုပ်ပေးမယ်ဆိုပြီး စစ်လိုက်ဆေးလိုက်တာလည်း မပြောပါနဲ့တော့၊ တစ်ညလုံးပဲ။ မရလည်း သိပ် ဂရုမစိုက်တော့ပါဘူး။ ဒီလို ကိုယ့်အိမ်ကိုယ် ပြန်လာရတာပဲ ကျေးဇူးတင်လှပြီ။ နောက်တစ်ခါ သင်္ဘောပြန်တက်ရင်တော့ အဲဒီဘက် လမ်းကြောင်းတွေ သွားတဲ့ သင်္ဘောလိုင်းတွေကိုတော့ မလိုက်တော့ဘူး။ ဒီ အာရှလိုင်းဘက်ပဲ ပြန်လိုက်မယ်လို့ စိတ်ကူးထားတယ်" ဟု ၎င်းက ပြောသည်။
ဓားပြများလက်မှ ပြန်လည်လွတ် မြောက်လာခဲ့သော မြန်မာသင်္ဘောသားများက ၎င်းတို့ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များမှာ အသက်ဘေး နှင့် အလွန်နီးစပ်ပြီး အန္တရာယ်အလွန်များသော်လည်း သင်္ဘောသားအလုပ်အကိုင်ကို မစွန့်လွှတ်နိုင်သေးကြောင်းနှင့် နောင်တွင် လည်း သင်္ဘောထပ်မံလိုက်ဖြစ်နေဦးမည်ဟု ဆိုသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုတွင်ကျင်းပသော (၆၄) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှ ထုတ်ပြန်ကြေညာချက် ၁၂၊၀၂၊၂၀၁၁ နှင့် သဘာပတိမိန့်ခွန်း

0 ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အဖွဲ့ချုပ်စာအုပ်လှူ


စစ်အာဏာရှင်ကသမိုင်းကိုနည်းအမျိုမျိုးနဲ.ဖျောက်ဖျက်ဖို.ကြိုးစားနေပေမယ်.ခုဗိုလ်ချုပ်အောင်ဆန်းမွေးနေ.မှာ
...မျိုးဆက်သစ်ခလေးတွေရဲ.ဗိုလ်ချုပ်အောင်ဆန်းကဗျာကိုသတိရှိစွာနဲ.ရွတ်ဆိုနေတဲ.ခလေးတွေကသမိုင်းကို
ဖျောက်ဖျက်လို.မရဘူးဆိုတာသက်သေပြလိုက်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း ကဗျာကို အနှစ်သာရ ရှိရှိ မာန်ပါပါဖြင့် ရွတ်ဆိုနေကြသော မူလတန်း ကလေးငယ်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ မင်္ဂလာဒုံ ၊တိုက်ကြီး မှော်ဘီ ၊လှည်းကူးမြို့နယ်များရှိ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း ( ၁၀၀ ) ကျော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုး...သမီးအဖွဲ့မှ ဒေါက်တာမေ၀င်းမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် ၊ ရန်ကုန်တိုင်းစည်း မှ ဒေါက်တာမျိုးအောင်နှင့် ဦးစိုးဟန် ၊ လူငယ်မှ မခင်မြတ်သူ အပါအ၀င် မြို့နယ်စည်းများ ဦးဆောင်၍ စာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြသည် ။

1 အီဂျစ်အာဏာရှင်သမ္မတမူဘာရက် သမ္မတရာထူးမှ တရားဝင်နုတ်ထွက်သွား(Aljazeera Live video)


အီဂျစ်အာဏာရှင်သမ္မတမူဘာရက် သမ္မတရာထူးမှ တရားဝင်နုတ်ထွက်သွားပြီဖြစ်သည်။ မူဘာရက် အာဏာဆင်းပေးလိုက်ပြီ.........................................ပြည်သူ့အောင်ပွဲ ဆီသို့ အီဂျစ် ထောင်ပေါင်းများစွာ ပျော်ရွှင်နေကြပြီ။ အီဂျစ်ပြည်သူများတိုက်ပွဲ အောင်မြင်စွာပြီးဆုံးသွားသည့်အတွက် လွန်စွာ ၀မ်းမြောက်ဂုဏ်ယူမိပါ ကြောင်း။ ,,,,,,,,l

photo/ Cnn
အီဂျစ်ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲရဲ့ ၁၈ ရက်မြောက်နေ့၊ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက် ညနေခင်းမှာ အီဂျစ်ဒုသမ္မတ ဆူလမင်က ရုပ်သံက ကြေညာလိုက်ရာမှာ လက်ရှိ အာဏာရှင် သမ္မတကြီး မူဘာရက်က အာဏာကို စွန့်လိုက်ပြီ။ အီဂျစ်တပ်မတော်ခေါင်းဆောင်များကို တိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းဖို့ လက်လွှဲလိုက်ပြီလို့ ဆိုလိုက်ပါတယ်။

အီဂျစ်တပ်မတော်နဲ့ လက်ရှိဒုသမ္မတတို့က တိုင်းပြည်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားမယ်၊ မူဘာရက် ကြီးစိုးစဉ်က အနှစ် ၃၀ လုံးလုံး ထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေဆိုတာကို အခြေအနေတိုးတက်လာတဲ့ အပေါ်မှာ မူတည်ပြီး ရုတ်သိမ်းပေးမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိ မူဘာရက်ဟာ မြို့တော်ကိုင်ရို သမ္မတနန်းတော်ကနေ ထွက်ခွာသွားပြီ တိုင်းပြည်ရဲ့ အစွန်အဖျားက အပမ်းဖြေစခန်းတခုမှာ ရွှေ့ပြောင်းနေထိုင်နေပြီလို့ သတင်းများက ပြောပါတယ်။

လူထုတရပ်လုံးက တခဲနက် ၀မ်းသာအားရ အောင်ပွဲခံနေကြပြီး လမ်းပေါ်က လုံခြုံရေးယူထားတဲ့ တပ်မတော်သားများကို အားပေး နှုတ်ဆက်ကြပါတယ်။ ကိုင်ရိုမြို့တော်ရဲ့ တာရီရာ ရင်ပြင်က သပိတ်မှောက်အင်အားစုတွေကော မြို့တော်ပြည်သူတွေအပါအ၀င် တနိုင်ငံလုံးက လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ လက်နက်မဲ့ လူထုတော်လှန်ရေး အောင်ပွဲကို ဆင်နွဲနေကြတာကို တွေ့နေရပါတယ်။ လက်ရှိအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး တန်တာဝီက သမ္မတနန်းတော်ထဲ ကားနဲ့ မောင်းဝင်သွားချိန်မှာ လူထုက ၀ိုင်းဝန်း ဟစ်ကြွေးပြီး ထောက်ခံမှု ပြပါတယ်။ သူကိုယ်တိုင်က ခေတ္တရပ်ပြီး လူထုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ လူငယ်နိုင်ငံရေးမျိုးဆက်သစ်တွေက လူထုအုံကြွမှု၊ လူထုတော်လှန်ရေးနဲ့ အနှစ် ၃၀ ကြာ အခြေခံဥပဒေအတုတွေ၊ ရွေးကောက်ပွဲ အတုတွေ၊ တိုင်းပြည်အရေးပေါ်ဥပဒေတွေနဲ့ ဖိနှိပ်အုပ်ချူုပ်ခဲ့သူ အာဏာရှင်မူဘာရက် ဖြုတ်ချနိုင်ခဲ့တာအတွက် သူတို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အောင်ပွဲဖြစ်တယ်။ သူတို့ အီဂျစ်နိုင်ငံသားအားလုံးရဲ့ လူသားဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင် ရယူလိုက်နိုင်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

“ကျနော်တို့ အားလုံး တသက်လုံး အရှက်မဲ့သူတွေ၊ ဂုဏ်သိက္ခာမရှိသူတွေ၊ သတ္တိမဲ့သူတွေ အဖြစ်ကနေပြီးတော့ ဒီနေ့၊ ဒီရက်မှာ ဂုဏ်သိက္ခာရှိသူတွေ၊ အကြောက်တရားကို ဖယ်ရှားနိုင်သူတွေ င်္ပြီးတော့ အားလုံးရဲ့ရှေ့မှာ ငါတို့ အီဂျစ်နိုင်ငံသားတွေ ဟေ့ လို့ ဂုဏ်ယူဝင့်ကြားနိုင်တဲ့ နေ့၊ စာမျက်နှာသစ်ကို ဖွင့်လိုက်တာ ဖြစ်တယ်။ အီဂျစ်နိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူစရာဖြစ်တဲ့ နေ့ဖြစ်တယ်။ ခေတ်ဖြစ်တယ်”

လို့ တာရီရာရင်ပြင်က လူငယ်မျိုးဆက်သစ်တွေက သူတို့ရဲ့ ဖေ့စ်ဘွတ်တွေ၊ တွစ်တာတွေကနေ ကမ္ဘာကြီးကို ပြောလိုက်ပါတယ်။

(မိုးမခ)

0 “ ပိတ်လှောင်ထားသော စစ်အာဏာရှင်စနစ်နှင့် ချုပ်နှောင်ထားသော ထောင်နံရံများအား ဂီတသံစဉ်ဖြင့် ရိုက်ချိုးချေဖျက်မည့် Unplugged ဂီတပွဲ ”

၂၀၁၁-ဖေဖေါ်ဝါရီလ(၁၃)ရက်-ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်ဂီတပွဲ

 စစ်အာဏာရှင်လက်အောက် ဗမာပြည်သူများ လွတ်မြောက်ရေးနှင့် တရားမျှတမှု၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှား
    ဆောင်ရွက်ရင်း မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမှန်တရားကိုမြတ်နိုးသော ဂီတအနုပညာရှင်များနှင့် နိုင်ငံရေးအင်အားစုများမှ “ ပိတ်လှောင်ထားသော စစ်အာဏာရှင်စနစ်နှင့် ချုပ်နှောင်ထားသောထောင်နံရံများအား ဂီတသံစဉ်ဖြင့် ရိုက်ချိုးချေဖျက်မည့် Unplugged ဂီတပွဲ ” ကိုပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေများ၏ လွတ်လပ်နေသော
     အချိန်များကိုလာရောက် အသုံးပြုပေးပါရန် လေးစားစွာဖိတ်ကြားလိုက်ပါသည်။

    နေ့ရက် ။    ။ ၁၃.၂.၂၀၁၁ (တနင်္ဂနွေနေ့)

              အချိန် ။    ။ ညနေ ၆း၀၀ နာရီမှ ည ၉း၀၀ နာရီထိ

              နေရာ ။     ။ အီကဲဘုကုရို ကူမင်စင်တာ (၆ ထပ်)

                            Ikebukuro Kumin Center, 6F ( East Stage )

အောက်ဖေါ်ပြပါ link မှလည်း ဂီတပွဲတော်အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှုအားပေးနိုင်ပါသည်။

 http://www.ustream.tv/channel/mgbiruma

Friday, February 11, 2011

0 ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုံးဖြင့်သြ၀ါဒခံယူဆွေးနွေးပွဲ




ယနေ့ ၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ၁၁ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသော မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB)မှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် တွေ့ဆုံ၍ သြဝါဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ (MINAMI OTSUKA)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
photo.ဦးသန်းဝင်း။Video..maungwto

0 ကြောက်စိတ် - ထက်ကျော်


ဒီဆောင်းပါးဟာ “HERBERT CASSON” ရဲ “BRAIN BUILDING FOR ACHIEVEMENT”
ဆိုတဲ့ စာအုပ်ထဲက ကြောက်ရွံ့စိုးရိမ်စိတ်များနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့အခန်းတစ်ခန်းကို ဆီလျော်အောင်  ဘာသာပြန်တင်ပြထားတာဖြစ်ပါတယ်။ မူရင်း စာရေးဆရာဟာ ကမ္ဘာကျော် တက်ကျမ်းဆရာကြီးတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့စာအုပ်များဟာ တိုးတက်မှုကိုလိုလားတဲ့ လူငယ်လူကြီးမရွေး လက်ကိုင်ထားရတဲ့ စာအုပ်များဖြစ်ပါတယ်။

“BRAIN BUILDING FOR ACHIEVEMENT” မှာ သူက ကြောက်စိတ်ဖြစ်ပေါ်လာပုံ၊ ကြောက်စိတ်ဟာ လူတွေကို ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေပုံ စတာတွေကို ဒီလိုတင်ပြထားပါတယ်။
ကြောက်စိတ်ဆိုတာ လူတွေကို အမြဲဒုက္ခပေးနေတဲ့ အဆိုးဆုံး စိတ် ရောဂါတစ်ခုဖြစ်ပါတယ်။ ကြောက်စိတ်ကြောင့် ဦးနှောက်စွမ်းရည်ကို ထိခိုက်ပျက်စီးနိုင်တယ်။ ကြောက်စိတ်ကြောင့် ကိုယ့်ကိုလေးစားမှုတွေပျက်ပြယ်သွားနိုင်တယ်။ ကြောက်စိတ်ကြောင့် ဘဝတိုးတက်မှုကို ထိခိုက် ပျက်စီးနိုင်တယ်။ ဒါပေမဲ့ လူတွေက တစ်ခုမဟုတ်တစ်ခုဆိုသလို အမြဲလိုလို ပဲကြောက်နေတတ်ကြတယ်။ကြောက်စရာကောင်းတာတွေကို ကြောက်ကြသလို စိတ်ကူးနဲ့မှန်းဆပြီး ကြောက်နေကြတာတွေလည်း ရှိတယ်။ ဒီလိုဖြစ်နေတဲ့အတွက် အယူသီးတဲ့လူတွေကို ခြောက်လှန့်၊ ကြုံလာမယ့်အန္တရာယ်တွေကို ကာကွယ်ပေးမယ်လို့ပြော၊ ဟိုပူဇော်မှု၊ ဒီပူဇော်မှုတွေလုပ်ပြီး ငွေလိမ်စားနေကြတဲ့ လူတွေဟာအများအပြားပါ။ အာဏာရှင်တွေကတော့ လူတွေကို မကြောက် ကြောက်အောင်ခြောက်ပြီး အုပ်ချုပ်တတ်ကြရဲ့။

လူတစ်ယောက်ဟာ သူ့ရဲ့ဦးနှောက်စွမ်းရည်နဲ့ အရည်အချင်းများအလိုက် သူတို့ရဲ့အခွင့်အလမ်းကို ရှာဖွေတတ်ကြပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့ ကြောက်စိတ်ကို သူပြန်တွေ့လာကြရမြဲပါ။ ရှေ့တစ်လှမ်းတိုးတိုင်း အတားအဆီးတစ်မျိုးမဟုတ် တစ်မျိုးတွေ့လာရတာကိုး။
ဒါဟာ ဘဝတစ်လျှောက်လုံးတွေ့ရမှာပါ။ အခက်အခဲကိုသာ ကြောက်နေရင်တော့ တိုးတက်မှုဟာ မလွှဲမသွေ နှေးသွားမှာ ဖြစ်ပါတယ်။

ဆီးနှင်းတွေက ပန်းဥယျာဉ်တစ်ခုလုံးကို ထိခိုက်စေသလို ကောင်းကျိုးမပေးတဲ့ ကြောက်စိတ်ကြောင့်လည်း ဦးနှောက်စွမ်းရည်ကိုထိခိုက်စေပါတယ်။ ကြောက်စိတ်က စဉ်းစားဆင်ခြင်နိုင်မှုကို အနှောင့်အယှက် ပေးနေလေတော့ ကြောက်နေတဲ့ လူတစ်ယောက်ဟာ ဘယ်မှာဦးနှောက်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ပါ့မလဲ။ ဘဝလုံခြုံရေးနဲ့ တည်မြဲရေးကိုပဲ အာရုံစိုက်နေရတော့ အခြားဘက်တွေမှာ အားနည်းသွားတဲ့သဘောပါ။

လူတစ်ယောက် ကြောက်စိတ်ဝင်လာပြီဆိုရင် ပျော့ညံ့သွားပြီသာမှတ်၊ အလုပ်လက်မဲ့ဘဝနဲ့ သုံးလလောက် နေရသူတစ်ဦးဟာ သူအလုပ်မရနိုင်တော့ဘူးလို့ ထင်မှတ်သွားတတ်တယ်။ တစ်နှစ်လောက်သာ အခြေအနေဆိုးတွေကို ရင်ဆိုင်နေရရင်တော့ ငါဒုက္ခရောက်တော့မယ်လို့ မကောင်းတဲ့အမြင်တွေ ဝင်သွားတတ်တယ်။ ကြောက်စိတ်တွေကြောင့် လူဟာပိုပြီး ပျော့ညံ့သွားတတ်တာဟာ ဓမ္မတာပါပဲ။

လူတော်တော်များများဟာ ကင်ဆာရောဂါကို ကြောက်ကြတယ်။ ကင်ဆာရောဂါဟာ ကူးစက်မှု မရှိသလို မျိုးရိုးကြောင့်လည်း ရောဂါမကူးစက်နိုင်ဘူးလို့ ပညာရှင်တွေက ပြောကြတယ်။ ဒါပေမဲ့ လူအတော်များများဟာ မိသားစု တစ်ခုတည်းမှာ ကင်ဆာရောဂါဖြစ်လာတယ်ဆိုရင် ကျန်တဲ့လူတွေကို ကူးစက်မှာ ကြောက်တတ် ကြတယ်။ တကယ်တော့ ဒီရောဂါဟာ မိုးကြိုးပစ်သလိုမျိုးပါ။ မိုးကြိုးဆိုတာ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ ပစ်မယ်မှန်းမသိဘဲ ကြိုပြီး ကြောက်လန့်နေတာမျိုးနဲ့တူပါတယ်။ ဒီလို ကြောက်တတ်မှုဟာ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်တာသာအဖတ်တင် ပါလိမ့်မယ်။

လူတစ်ယောက်ဟာ တောနက်တစ်ခုထဲမှာ အိမ်တစ်လုံးဆောက်ပြီး နေထိုင်ဖို့အတွက် အခြေအနေဖန်တီး လာတယ်ဆိုပါတော့။ သူဟာ အိမ်ဆောက်နေစဉ် မြွေ၊ ကျား စတဲ့ တောကောင်တွေကိုတွေးမိပြီး ကြောက်ရွံ့တဲ့ ဓာတ်ကလွှမ်းမိုးလာတယ် ဆိုပါတော့။ အဲဒီ့အချိန်မှာ သူဟာ တူတွေ၊ ဆောက်တွေ၊ လွှတွေဆိုတဲ့ လက်သမား ကိရိယာတန်ဆာပလာတွေကို ဘေးချထားပြီး ဓားတွေ၊ လှံတွေ၊ လေးမြားတွေကိုင်ရင်း သတိနဲ့နေနေရပါတယ်။ ဒီတော့ သူ့ရဲ့ မူလ အလုပ်က လစ်ဟင်းသွားပါလေရော။ ဒါဟာ ကြောက်ရွံ့နေမှုကြောင့် စဉ်းစားမှုတွေဟာ နုံနဲ့ပြီးသွားတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ စိတ်နုတဲ့သူတွေက ပိုးဆိုးပါတယ်။ ဘာမှမဟုတ်တာတွေကို အတွေးနယ်ချဲ့ပြီး တစ်စိတ်ကိုတစ်အိတ်လုပ်လို့ ကြောက်နေတတ်ကြပြန်တယ်။ မရှိတဲ့အန္တရာယ်ကို ရှိတယ်ထင်ပြီးတော့လည်း ကြောက်နေကြပြန်ရော။ အခြေအနေသစ်၊ အပြောင်းအလဲသစ်တစ်ခုနဲ့ တွေ့ပြီဆိုရင် ကြောက်စရာ၊ လန့်စရာတွေကိုပဲ ရှာကြံတွေးတောပြီး ကြောက်နေတတ်တဲ့ လူမျိုးတွေပါ။ သူတို့ဟာ အတွေးပေါင်းစုံနဲ့ အတွေးနယ်ချဲ့ပြီး ကြောက်စရာမရှိ ကြံဖန်တွေးပြီး အကြောက်လွန်နေကြသူတွေဖြစ်ပါတယ်။

အကြောက်တရား ၅၇ ပါးရှိတယ်လို့ ပြောကြတယ်။ အချို့ ကဘေးလူတွေက တောင်ပြောမြောက်ပြော ပြောခံရမှာကို ကြောက်တယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကြောက်ကြတယ်။ အလုပ်ပြုတ်မှာ၊ ရာထူးကျမှာ ကြောက်တယ်။ ဆင်းရဲမွဲတေသွားမှာကြောက်တယ်။ လမ်းပေါ်ကလူတွေကို အချိန်နည်းနည်းယူပြီးသတိထားကြည့်လိုက်စမ်းပါ။ သူတို့မျက်နှာတွေမှာ ကြောက်စိတ်ဝင်နေတာတွေကို တွေ့ရလိမ့်မယ်။ ကြောက်စိတ်ကြောင့် ပူပန်သောကတွေဖြစ်၊ သောကကြောင့်မအေးချမ်းနိုင်၊ အရေးရယ်အကြောင်းရယ်ဆိုရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြ၊ ကိုယ့်စွမ်းရည်ကိုလည်း ကိုယ်အသုံးမချနိုင်တဲ့အခါ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါရောဂါရလာကြရာက တစ်ဆင့်အိပ်မပျော်တာ၊ ရူးသွပ်သွားကြတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ အထိဖြစ်သွားကြပါတော့တယ်။ လူဆိုတာ သတ္တိရှိအောင် သတ္တိမွေးကြဖို့ လိုပါတယ်။

သတ္တိရှိတဲ့လူဆိုတာ ဘာပဲလုပ်လုပ် သောကနည်းပါတယ်။ မိသားစုကိစ္စအတွက် အနည်းအကျဉ်း သောက ရှိနေကောင်းရှိမယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်ဖို့ဝန်မလေးတတ်ကြဘူး။ မကြောက်ကြဘူး။ အန္တရာယ်ကြားမှာ စွန့်စားလုပ်ကိုင်ရဲကြတယ်။ အဲဒီလိုလူတွေဟာ ဘေးအန္တရာယ်ကို တွေးပူနေကြသူတွေ မဟုတ်ဘဲ ပေါ်လာမယ့် အခွင့်အလမ်းကိုပဲ မျှော်လင့်နေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ကြောက်စိတ်ကို ဖြေဖို့ဆိုရင် ကိုယ်တွေးပြီး ကြောက်ကြောက်နေတတ်တဲ့ ကြောက်စရာတွေ
ဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတာ ပထမဆုံးသဘောပေါက်အောင်လုပ်ဖို့ပါပဲ။ ဒီအချက်
ကို “လွိုက်အာမခံကုမ္ပဏီကြီး” ကိုကြည့်ရင် သိနိုင်မှာပါ။ ဒီအာမခံလုပ်ငန်းရဲ့ အောင်မြင်မှု၊ တိုးတက်မှုနဲ့ တည်ငြိမ်မှုတွေက သက်သေပြနေပါတယ်။ နှစ်တစ်ရာကျော်ပြီဖြစ်တဲ့ ကုမ္ပဏီသက်တမ်းမှာ လူတွေ တွေးကြောက်ပြီး အာမခံထားနေတဲ့ ကိစ္စတွေသာ တကယ်ဖြစ်လာခဲ့ရင် “လွိုက်အာမခံလုပ်ငန်း” ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံမှာရှိတဲ့ အခိုင်မာဆုံးငွေကြေးအာမခံကုမ္ပဏီကြီးဖြစ်တဲ့ “လွိုက်”ဟာ အန္တရာယ်ကို တွေးမကြောက်လို့ ဒီလိုရပ်တည်နိုင်တာဖြစ်ပါတယ်။

စစ်ပွဲတွေမှာကြည့်၊ စစ်သားတွေသာ ကြောက်စိတ်မွေးနေရင် ဘယ်မှာ အောင်မြင်ပါ့မလဲ။ သူတို့
ဟာ ကြောက်စိတ်တွေကို စိတ်စွမ်းရည်တွေနဲ့ ဖယ်ရှား၊ ဥပေက္ခာပြုသင့်တာတွေကို ဥပေက္ခာပြုပြီး
ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းသွားကြတာ ဖြစ်ပါတယ်။
စိတ်ဓာတ်စွမ်းအားတွေရရှိလာရင် ရင်ဆိုင်နေရတဲ့အခက်အခဲမှန်သမျှတွေဟာ ဘာမှမပြောပလောက်တဲ့ ကိစ္စမဟုတ်ဘဲ အသေးကလေးမှ တကယ့်အသေးကလေးတွေ ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် “ကြောက်စိတ်တွေကိုဖယ်ကြပါ” လို့ တိုက်တွန်းပါရစေ....
Ref:Herbet Casson 'Brain Building For Achievement

7days news journalဂျာနယ် အတွဲ(၉) အမှတ်(၄၆)မှ ပြန်လည်ကူးယူ မျှဝေလိုက်ပါသည်။

0 “သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု

“သံဝေဂ”ရစရာ လမ်းကြောင်း (၂) ခု
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သေဆုံးသွားသော ရုပ်အလောင်းများအား မီးသင်္ဂြိုလ်မှု ပြုလုပ်ပေးရာတွင် ယခုဆိုလျှင် မီးသင်္ဂြိုလ်ခ (၂) ဆ တိုးမြှင့်၍ ရန်ကုန်မြို့တော် စည်ပင်သာယာဌာန သို့ ပေးဆောင်၍ နာရေးကူညီမှုလုပ်ငန်းများကို နေ့စဉ်နေ့တိုင်း ပျှမ်းမျှ (၄၅/၅၀) ဦးတို့ကို  (အခမဲ့) ဖေးမကူညီသင်္ဂြိုလ်ပေးလျက် ရှိပါသည်။ ထို့အပြင် ရဲမှုခင်းများဖြစ်သော (ရေနစ်၊ ရထားကြိတ်၊ လမ်းဘေးသေ၊ ဆွဲကြိုးချ .... ) စသည့် နာရေးကိစ္စများကိုပါ ထမ်းရွက်ကူညီဖေးမ ပေးလျှက်ရှိသည်။
      ယနေ့ ၁၁.၂.၂၀၁၁ (သောကြာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ရသော နာရေး ကိစ္စများတွင် ထူးခြားသော သံဝေဂရစရာ နာရေးလမ်းကြောင်း (၂) ခုကို တွေ့ကြုံခဲ့ရသည်။ 
      ပထမဦးစွာ တောင်ဒဂုံမြို့နယ်နေ ဦးကျော်ဝင်း အသက် (၄၂) နှစ်သည် လောကဓံ၏ နှိပ်စက်ခြင်းဒဏ်ကို မခံနိုင်သည့်အဆုံး မိမိကိုယ်မိမိ သစ်ပင်တွင်ကြိုးဆွဲ၍ ဆွဲကြိုးချ အဆုံးစီရင် သွားခြင်းပင်ဖြစ်သည်။ နံနက်အစောပိုင်းတွင် ရပ်ကွက်လမ်းထိပ်သစ်ပင်၌ ဆွဲကြိုးချသေဆုံးနေ ကြောင်း ရပ်ကွက်နေ ရပ်မိရပ်ဖတို့မှတွေ့ရှိပြီး တောင်ဒဂုံရဲစခန်းမှတဆင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အကြောင်းကြား၍ သွားရောက်သယ်ဆောင်ပြီး စံပြဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ရသည်။ (သေဆုံးသူ ဦးကျော်ဝင်းသည် ညပိုင်းအချိန်၌ ဦးမောင်မောင် ဆပ်ကပ်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်ကို မြင်တွေ့ရသည်ဟု ရပ်ကွက်နေ ရပ်မိရပ်ဖများက ပြောကြားခဲ့သည်။)
      ဒုတိယ ထူးခြားသော နာရေးလမ်းကြောင်းမှာ စိန်ပန်းမြိုင်(၁)လမ်း၊ ၃၃ ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ဒေါ်လေး (ကရင်ချောင်း)၏ နာရေးလမ်းကြောင်းဖြစ်သည်။ ဒေါ်လေး (ကရင်ချောင်း) သည် ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယိကာမကြီး ဖြစ်သည်နှင့်အညီ လောကဓံ၏ လှည့်စားခြင်း၊ နှိပ်စက်ခြင်းတို့ကို မြတ်စွာဘုရား ဟောကြားခဲ့သော တရားဓမ္မနှင့်အညီ နေထိုင်၊ ကျင့်ကြံ၊ အားထုတ်မှု တို့ကြောင့် အသက် (၁၀၀) နှစ်အထိ သက်တမ်းစေ့ နေထိုင်သွားနိုင်ခဲ့သော အမေကြီးတစ်ဦးပင် ဖြစ်တော့သည်။
      ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးစုစုပေါင်း (၁၂၅၈) ဦး ရှိခဲ့သည့်အနက် သံဃာတော် - (၂၂)ပါး၊ သီလရှင် - (၆)ပါး၊ ကျား - (၆၈၀)ဦး၊ မ - (၅၃၁)ဦး၊ ကလေး - (၁၅)ဦး၊ ရဲမှုခင်းဆိုင်ရာ - ကျား - (၄) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့သည်။
      ထိုကဲ့သို့ နေ့စဉ်နေ့တိုင်း အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းတို့တွင် နာရေးကိစ္စများ အဆက်မပြတ် တွေ့ကြုံဖေးမကူညီမှုများကို လုပ်ဆောင်နေကြရာဝယ် ဦးမောင်မောင်ထွေး ရေးသားထားသော “အသုဘရှုကြွပါ” ဓမ္မဒါန စာအုပ်ငယ်ထဲမှ “လူသေကြီးက မြတ်ဓမ္မ ဟောပြနေ့ တိုင်းသာ၊ ငါသေသလိုလည်း သင်တို့လည်း သေမြဲဓမ္မတာ၊ မသေခင်က ကုသလ ပြုကြဖန်ခါခါ၊” ဟူသော အဖိုးတန်စာပိုဒ်လေးအား အဖန်ဖန်ပွားများ နေမိတော့သည်။ 

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။။

0 ၂၁ ရာစု ပင်လုံညီလာခံနှင့်စပ်လျဉ်း၍

သမိုင်းဝင် ပင်လုံစာချုပ် (၁၂-၂-၁၉၄၇)
၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည်ထည့်ဖို့ လိုပါသေးသလားဟု မေးမည့်လူများ ရှိချင်ရှိမည်....

၁။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင် နှစ်ဆယ့်တစ်ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူခဲ့ပေမဲ့ ယခုအခါမှာ ယင်းသမိုင်း မှတ်တိုင် လှုပ်တုပ်တုပ်ဖြစ် နေပါပြီ။ ယင်း လှုပ်တုပ်တုပ်ဖြစ်နေသော သမိုင်းမှတ်တိုင်ကို ကြံ့ကြံ့ခိုင်ခိုင်ဖြစ်စေရန် ရည်ရွယ်၍ ဒုတိယပင်လုံ ညီလာခံ/၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ကျွန်န်ုပ်တို့က ၂၄-၁၀-၁၀ ရက်နေ့တွင် ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်းအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ၁၂-၂-၄၇ နေ့မှာ ကျင်းပပြုလုပ်ခဲ့သော ပထမ ပင်လုံညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ တောင်းတန်းသားများ ဖြစ်ကြသည့် ရှမ်း၊ ကချင် နှင့် ချင်းတို့နှင့် ကြားဖြတ် ဗမာအစိုးရ (Interim Burmese Government) ပူးပေါင်းပြီး လွတ်လပ်ရေး အရယူပြီး၊ ဖယ် ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စု စစ်စစ် ထူထောင်ရန်တို့ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ ပင်လုံစာချုပ်မှာ အချက်ကိုးချက် ပါ၍ စာချုပ်၏ အနက်အဓိပ္ပါယ်ကို မေမြို့စုံစမ်းရေး ခေါ်သည့် ဒုတိယစုံစမ်းရေး စာအုပ်တွင် ဖော်ပြပါရှိပါသည်။ ယခုအခါမှာ ပထမ ပင်လုံညီလာခံ သဘောတူ ဆုံးဖြတ်ချက်များ မှေးမှိန်လုမတတ်ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယ ပင်လုံညီလာခံ/ ၂၁ ရာစု ပင်လုံ ညီလာခံ လိုအပ်နေခြင်းဖြစ်ပါသည်။ ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနှင့် ၂၁ ရာစု ပင်လုံညီလာခံ အဖြစ် မှည့်ခေါ်သည်မှာ အလွန်လျော်ကန် သင့် မြတ်သည်ဟု ယုံကြည်သဖြင့် ထိုသို့ပင် သုံးစွဲကြပါစို့။

ပူကျင့်ရှင်းထန်
၃။ ၂၁- ရာစု ပင်လုံညီလာခံဟု ခေါ်ကြမည်ဆိုလျှင် ပင်လုံဆိုသည့် မြို့အမည် ထည့်ဖို့ လိုပါသေးသလားဟု မေးမည့် လူများ ရှိချင် ရှိမည်။ ပင်လုံ ဆိုတဲ့စကားလုံး ကြားလိုက်တာနှင့် တပြိုင်နက်ထဲ လူတွေရဲ့ စိတ်ထဲမှာ ပေါင်းစည်းရေး စိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ် နှိုးဆွပေးပါသည်။ ထို့ကြောင့် ပင်လုံတော့ ထည့်ရမည်။
ပင်လုံဆိုသည့် အမည်သည် ပြည်ထောင်စုနေ့ ပင်လုံစိတ်ဓါတ် ပေါ်ပေါက်လာအောင် ဦးဆောင်စည်းရုံးသူ ဗိုလ်ချုပ်အောင်ဆန်းက လည်း ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်နှင့် ပင်လုံစာချုပ် နှင့် ပတ်သက်၍ ၁၉၄၇-ခုနှစ်၊ ဇွန်လ (၁၀-၁၈) ရက်ထိ ကျင်းပ ခဲ့သည့် ပထမ တိုင်းပြုပြည်ပြုလွတ်တော်တွင် ပြောကြားရာ၌ ပင်လုံစာချုပ်၏ စာဖြင့် ရေးထားသောသဘောတူညီ ချက်များ (Agreement in written) ကိုသာမက၊ စာဖြင့် မရေးထားသော်လည်း ထိုသဘောတူညီချက်ကို ဖြစ်စေခဲ့သော စာချုပ်၏ အနှစ် သာရအရ (Agreement in Spirit) ကို လေးစား လိုက်နာရမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ပြောကြားခဲ့သည်။
 ၎င်းပြင် အခြေခံဥပဒေ ရေးဆွဲရာမှာလည်း ဗိုလ်ချုပ်လမ်းညွှန် ၇ ချက် ထားခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီး အခြေအနေဥပဒေ ပြဋ္ဌာန်းလာသောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားများ ရည်မှန်းထားသည့် ပြည်ထောင်စုစစ်စစ် အခြေခံဥပဒေ ဖြစ်မလာဘူး။ ဤအချက်ကို Consitutional Advisor ဦးချန်ထွန်း (ဗိုလ်ချုပ်နှင့် အငြင်းပွားခဲ့ဖူးသူ) ကလည်း မှန်ကန် ကြောင်း ဝန်ခံခဲ့ကြောင်း Thinker က အောက်ပါအတိုင်း ရေးသည်။ "Constitutional Advisor admitted that Our constitution thought in theory federal is in practice unitary"

၎။ သို့ဖြစ်၍ ယခုအချိန်အထိ နှစ်ပေါင်း (၆၂) နှစ်အတွင် ဒီမိုကရေစီ အစိုးရ၊ ၁၉၅၈-ခုနှစ်က စတင်ခဲ့သော ပြောင်းလဲလာသော အစိုး ရ အဆက်ဆက်တွင် တိုင်းရင်းသား လူမျိုးများ၏ ဒီမိုကရေစီရေးနှင့် တန်းတူရေး မှေးမှိန်ကွယ်ပျောက်သွားသည့်အတွက် တိုင်းရင်း သား လူမျိုးများသည် ဒီမိုကရေစီရေး တန်းတူရေးရာ ရှိရန်အတွက် ဥပဒေတွင်း၊ ဥပဒေ ပ (လက်နက်ကိုင်) တိုက်ပွဲများ ယခုထက် တိုင် အဆက်မပြတ် ဖြစ်ပေါ်နေပါသည်။ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးသည်တိုင်းရင်းသား ညီညွတ်ရေးအတွက် ညှိနှိုင်း တည်ဆောက်ခဲ့သော ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်သည် ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။
ထိုစိတ်ဓါတ်ကို ပြည်လည်နှိုးဆွ အသက်သွင်းရန် လိုအပ်လာပါသည်။ ယခု ၂၁-ရာစု ပင်လုံညီလာခံသည် ကလေးမြို့က ဆုံးဖြတ် ချက် ကြေညာစာတမ်းတွင် ပါရှိသည့်အတိုင်း တပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ခွင့်လည်း မရှိသော ဖယ်ဒရယ် ပြည်ထောင် စု၊ ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးရန် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းနှင့်မျှ ထိပ်တိုက် ရင်ဆိုင်တိုက် ခိုက်ရန် မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယခုကျင်းပရန် ရည်မှန်းထားသော ၂၁-ရာစု ပင်လုံညီလာခံသည် အာဏာရ န-အ-ဖ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများ၊ လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြသည့် မျိုးချစ် နိုင်ငံရေးရဲဘော်ဟောင်းများ၊ ၈၈-မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား လူငယ်များနှင့် ဒီမိုကရေစီ အင်အားစုများ၊ အားလုံး စုပေါင်း ညှိနှိုင်း၍ ၂၁-ရာစု ပင်လုံညီ လာခံ ခေါ်ယူကျင်းပရန် ဖြစ်သည်။ ဤလုပ်နည်း လုပ်ဟန်သာလျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေး အတွက် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။ ၂၀၀၈- အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) နှင့် (ခ) အရဖြစ်ပါသည်။

အားလုံး လက်ခံနိုင်သော ၂၁ ရာစု ပင်လုံညီလာခံ အမြန်ပေါ်ပေါက်ပါစေ!
ပူကျင့်ရှင်းထန်- ဥက္ကဋ္ဌ
ဇိုမီးအမျိုးသားကွန်ကရက်- ဖေဖော်ဝါရီ ၃၊ ၂၀၁၁
စာ မူရင်း - သျှမ်းသံတော်ဆင့်

0 Aung San Suu Kyi honoured by Brighton Festival

Brighton Festival have once again shown innovation in arts programming by inviting Nobel Peace Prize winner Aung San Suu Kyi to be their Guest Director for 2011. We are delighted to have designed the marketing materials for this year’s Festival, which will include a 72 page programme, street banners, posters and press advertising.
For obvious reasons Aung San Suu Kyi will not be attending the Festival in person. With that in mind we wanted to create an image that suggested her spiritual presence in Brighton for the 2011 Festival. We settled on a ‘filmic’ feel for the 2011 Festival image, sourcing a portrait of Aung San Suu Kyi (photographed by Stuart Isett).
Inspired by the ethereal quality of analogue photography, we created a ‘double exposure’ treatment of the original Aung San Suu Kyi portrait, against the fittingly Asian influenced backdrop of Brighton’s Royal Pavilion. The final image aims to create an uplifting message of celebration and liberty. For the Brighton Festival logotype we have subtly tweaked the font ‘Progress’ to reflect the shapes that are found in Burmese typography.

0 အင်တာနက်ပေါ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ

Southeast Asia Globe မဂ္ဂဇင်းဟာ ထိုင်းနိုင်ငံမှာ လစဉ် ဖတ်သူဦးရေ တသိန်းနီးပါးရှိပြီး ကမ္ဘောဒီယားမှာ ၆၄၀၀၀ ကျော်ရှိတဲ့ ကမ္ဘာ အနှံ့လည်း စာဖတ်သူဦးရေဟာ လစဉ် တိုးပွားနေတဲ့ မဂ္ဂဇင်းတစောင်ပါ။ Southease Asia Globe မဂ္ဂဇင်းမှ အရှေ့တောင်အာရှရှိ နိုင်ငံတွေထဲက အင်တာနက်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ထိပ်တန်း ၅ ဦးကို 2011 ဖေဖေါ်ဝါရီလထုတ် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။

၁။ Chat SopheapChat Sopheap ဟာ ကမ္ဘောဒီးယား နိုင်ငံ ရဲ့ ဘလော့ရေးသားသူတွေထဲက တရားမမျှတမှုများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ နှင့်
 တရားဥပဒေဖောက်ဖျက်မှု များအကြာင်းရေးသားနေသူတဦးပါ။ 2010 မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြီးရင် သူမရဲ့အမှန်တရားထုတ်ဖေါ် ရေးသားချက်တွေကို လေးစားသူတွေက အမြဲလိုလို ချီးကျူးခံရသူလည်းဖြစ်ပါတယ်။ သူမဟာ ဘလော့ရေးသားခြင်းကို 2007 ခု စက်တင်ဘာမှ ကမ္ဘောဒီယားလူ့အခွင့်အရေးဌာနမှာ လုပ်နေစဉ် အမည်ဝှက်ကိုအသုံးပြုပြီး စတင်ရေးသားခဲ့တာပါ။ တကယ်လို့များ လူတိုင်းဟာ ခြောက်လှန့်မှုအပေါ်မှာ နုတ်ဆိတ်နေခဲ့မယ်ဆိုရင် အဲ့ဒီခြောက်လှန့်မှုဟာပိုအားကောင်းလာပါလိမ့်မယ် လို့ သူမကပြောခဲ့ပါတယ်။ကြောက်ရွံ.ခြင်းမရှိတဲ့ 25 နှစ်အရွယ်သူမဟာ (Youth Network for Change )  ပြောင်းလဲမှုအတွက်လူငယ်တို့ရဲ့ ကွန်ယက် ဆိုတဲ့ ကွန်ယက်တခုကို တည်ထောင်ခဲ့ပါတယ်။ လူနေမှုဘ၀တွေ တိုးတက်ဖို့အတွက် လုပ်အားပေးအဖွဲ့အစည်းတခုပါ။ သူမဟာ ဂျပန်နိုင်ငံ နိုင်ငံတကာတက္ကသိုလ်က ငြိမ်းချမ်းသော ဆက်ဆံရေးဘာသာရပ် ကို မဟာဝိဇ္ဖာဘွဲ့ရခဲ့သူပါ။ www.sopheapfocus.com ဆိုပြီး ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို ဆောင်းပါးတွေရေးနေပါတယ်။ မူရင်းဘလော့နာမည်က http://sopheapfocus.blogspot.com/ ဖြစ်ပြီး ခုတော့ www.sopheapfocus.com လို့ပြောင်းထားပါတယ်။ sokheounpang.wordpress.com မှာလဲ ဖတ်နိုင်ပါတယ်။


၂။ှ Soonthon PrueksapipatSoonthon Prueksapipat ဟာ ၂၀၀၆ ခုနှစ် တည်ထောင်ချိန်ကစလို့ လာရောက်ဖတ်ရှု.သူ ၁၅ သန်းထိရှိကြောင်းမှတ်တမ်းတင် ခံရတဲ့
 ထိုင်းဘာသာနဲ့ရေးသားတဲ့ နိုင်ငံရေးသတင်းတွေဖေါ်ထုတ်နေတဲ့ Thaifreenews ကိုတည်ထောင်သူဖြစ်ပါတယ်။
ထိုင်းပြည်သူတွေရဲ့ ဘ၀ဟာ 2006 ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ကသောင်းကနင်းဖြစ်မှုတွေ၊ စစ်တပ်ရဲ့
 ရှေ.တိုးနောက်ဆုတ်လုပ်ရပ်တွေ၊ နိုင်ငံရေးအစွန်းအထင်းတွေကြောင့် နိုင်ငံရေးကို တိတ်ဆိတ်စွာ ဘေးမှ ရပ်ကြည့်သူ တယောက်အဖြစ်ကို စွန့်လွတ်ခဲ့ပါတယ်။ သူ့ရဲ့ဝက်ဆိုက်ကို ၅ ကြိမ်ထက်မနည်း သတိပေးခြင်း၊ ရှင်းလင်းပြောဆိုခြင်းမရှိဘဲ အပိတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့သူဟာ နာမည်ပြောင်းခြင်း နိုင်ငံခြား ဆာဗာပေါ်သို့ ၀က်ဆိုက်ကို ပြောင်းတင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သူ့ကိုကြောက်ရွံ.လာအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ညွန့်ပေါင်းအစိုးရတက်လာပြီး ၂ နှစ်ကြာ ပြီးတဲ့နောက်မှာ အင်တာနက်စည်းကမ်းတွေဟာ ပိုမိုတင်းကြပ်လာပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စည်းကမ်းတွေသတ်မှတ်လာပါတယ်။ ဘလော့ဂါ အများစုကတော့ နာမည်ရင်းသုံးရမှာ ကြောက်ကြပေမဲ့ Soonthon ကတော့ လုံးဝမကြောက်ခဲ့ပါဘူး။ သူရဲ့ ၀က်ဆိုက်ကို www.thaifreenews.org မှာဖတ်လို့ရပါတယ်။


၃။ Nguyen Van HaiName: Nguyen Van Hai
Occupation: Blogger
Publication: Dieu Cay
Imprisoned: April 19, 2008
Charges: Tax evasion
Sentence: Two and a half years in prison
ဇန္န၀ါရီလမှာ ဗီယက်နမ် နိုင်ငံရဲ့ အမျိုးသားပါတီ ၁၁ကြိမ်မြောက်လွတ်တော်ကို ကျင်းပနိုင်ခဲ့ပါတယ်။ အင်တာနက်မှ အာဏာရှင်တို့အား ဝေဖန်မှုအတွက် အဖမ်းမခံရဘူးဆိုတဲ့ ဘလော်ဂါဟာ ဗီယက်နမ်မှာတော့ ရှာရခက်ပါလိမ့်မယ်။ ဘလော်ဂါနာမည် Dieu Cay လို့ လူသိများတဲ့ Nguyen Van Hai ဟာလည်းထိုကဲ့သို့ လုပ်ခဲ့မှုကြောင့် 2008 ပီကင်းအိုလံပစ်မီးရူးတိုင် ဟိုချီမင်း မြို.ကိုဖြတ်သန်းသယ်ဆောင်မှု မပြုခင်ကဖမ်းဆီးထိန်းသိမ်းခံခဲ့ရဘူးပါတယ်။ လွတ်လပ်သော သတင်းသမားများ ကလပ်ကိုတည်ထောင်ခဲ့သူတွေထဲက တယောက်လဲဖြစ်ပါတယ်။ သူဟာအခွန်ရှောင်တိမ်းမှုနဲ့ ၂ နှစ်ကြာထောင်ဒဏ် အပြစ်ပေးခံခဲ့ရဘူးပါတယ်။
သူ့ရဲလွှတ်ရက်စေ့ပေမဲ့လဲ သူဟာထောင်ထဲက ထွက်ခွင့်မရခဲ့ပါဘူး။ နိုင်ငံရေးကိုဆန့်ကျင်ဝေဖန်သော ဘလော်ဂါတွေကြားမှာလဲ အလွန်သြဇာ သက်ရောက်သူလဲဖြစ်ပါတယ်။ အသက် 58 နှစ်ရှိပြီဖြစ်တဲ့ သူဟာ ဘလော်ဂါတွေကြားမှာ စုစည်းဆွဲဆောင်အားကောင်းအောင် ပြုလုပ်သူအဖြစ် အာဏာပိုင်တို့မှ သတ်မှတ်ခြင်းခံရသူလည်းဖြစ်ပါတယ်။ Paracel ကျွန်းနဲ့Spratly ကျွန်းတွေကို တရုပ်က သူတို့ပိုင်အဖြစ်
 အငြင်းပွားစဉ်အခါကလည်း စိမ်ခေါ်သူတွေထဲက တယောက်ဖြစ်ခဲ့ပါတယ်။


 ၄။ Maung Zarni (Dr Maung Zarni)47 နှစ်အရွယ် မောင်ဇာနည်ဟာ နိုင်ငံရေးကို တက်ကြွစွာဝေဖန်နေသော ပြည်ပရောက် မြန်မာလူမျိုးတယောက်ပါ။ London School of Economics က မြန်မာနိုင်ငံဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ ဘလော်ဂါဆိုတဲ့ စကားလုံးကို မသုံးစွဲခင်ကတည်းက (ဘလော့ရေးခဲ့တဲ့) ပထမဆုံး မြန်မာဘလော်ဂါပါလို့ သူကပြောပါတယ်။ University of Wisconsin က ဘွဲ့ရပြီး 1995 ခုနှစ်ဦးပိုင်းကတည်း မြန်မာနိုင်ငံအကြောင်းကိုရေးသားခဲ့ပြီး 28 နိုင်ငံမှာ ပြန့်နှံ့နေထိုင်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အင်တာနက်မှ ကွန်ယက်ဖွဲ့ ခြင်းကို စတင်ခဲ့သူလည်းဖြစ်ပါတယ်။ ထိုအဖွဲ့ကပဲ နိုင်ငံတကာ စီးပွားရေးသပိတ်မှောက်မှုကိုပဲ ဦးဆောင်တိုက်ပွဲဝင်ခဲ့ပါတယ်။ အဖွဲ့နာမည်ကိုတော့ ဗမာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ( Free Burma Coalition )လို့ခေါ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ဘလော့တွေဟာ နယ်ပယ်ပိုစုံလာပါတယ် လူ့အခွင့်အရေး၊ နိုင်ငံရေးအရ ဖိနိပ်ခြင်း၊ ပထ၀ီနိုင်ငံရေးအကြောင်းတွေ
ပါဝင်လာသလို၊ စစ်တပ်တွေရဲ့ အမြင်၊ ရူးသွပ်တဲ့ ဆုံးဖြတ်ချက်နဲ့မှုဝါဒတွနောက်ကွယ်က အကြောင်းတရားများ၊ စစ်တပ်နဲ့ နိုင်ငံရေး
အကျိုးအမြတ်ထုတ်သူများကြားက စိတ်ဝင်စားဘွယ်များ မမြင်ရတဲ့စိတ်ဝင်စားဘွယ် နိုင်ငံခြားရေးမူများ ကိုယ်ကျိုးရှာ သိပ်သည်းတဲ့
ကမ္ဘာဖြစ်စဉ်များ ကြာရှည်နေပြီး ဘာမှဖြစ်မလာမှုများ၊ ပြည့်ဝတဲ့ လွတ်လပ်ရေးအတွက်လိုအပ်မှုများ၊ နှင့် မြန်မာပြည်သူများကြား
ရိုးသားမှုအကြောင်းများလည်း ဘလော့မှာပါဝင်တယ်လို့သူကဆိုပါတယ်။ သူရဲ့ အမြင်တွေကို Huffington Post အပါအ၀င် ကမ္ဘာ.နာမည်ကြီး သတင်းစာ မဂ္ဂဇင်းများမှာလည်း ကိုးကားဖေါ်ပြလေ့ရှိပါတယ်။ www.freeburmacoalition.org မှာဝင်ရောက်လေ့လာလို့ရပါတယ်။

၅။ Raja Petra Kamarudin2006 ခုနှစ်တွင် မွန်ဂိုးလီးယား ဘာသာပြန်တဦးအား သတ်ဖြတ်ခဲ့မှုအား မလေးရှားဝန်ကြီးချုပ်နှင့် ဇနီးပါဝင်ပါတ်သက်ခဲ့သည်ဟု သူ့ဝက်ဆိုက်တွင် ရေသားမှုကြောင့် တရားရုံျးတွင်လာရောက်အမှု ရင်ဆိုင်ရန် ပျက်ကွက်မှု  ဖြင့်အစိုးရအလိုရှိနေသူတဦးဖြစ်သည်။
အင်္ဂလန်မှာမွေးပြီး အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့သူဟာ မလေးရှားမှာ လူသိများတဲ့ ဘလော်ဂါတွေထဲက တဦးဖြစ်ပါတယ်။ ၂၀၀၄
 ခုနှစ်ကတည်ဆောက်ခဲ့တဲ့သူ့ ၀က်ဆိုက် www.malaysia-today.net မှာ အရှေ.တောင်အာရှနိုင်ငံတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ပုံမှန် ဖော်ပြနေသူဖြစ်တယ်။ အကြောင်းအရာစုံလင်တဲ့ သူ့ဝက်ဆိုက်ကို စင်္ကာပူနိုင်ငံက ဆာဗာမှာတင်ထားပြီး တနေ့ကို ၀င်ရောက်ကြည့်ရှု.တဲ့အကြိမ်အရေ အတွက် ၅သိန်းမှ ၁ သန်းထိရှိပါတယ်။ သူဟာ ၂၀၀၁ မှာ နိုင်ငံတကာ လုံခြုံရေး ဥပဒေအရဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ မှာလည်းတကြီမ်အဖမ်းခံရပြန်ပါတယ်။ သူဟာမနှစ်က တတိယအကြိမ်မြောက် တင်းကျပ်တဲ့နိုင်ငံတကာ လုံခြုံရေးဥပဒေအရ ဖမ်းဆီးခြင်းမခံရရန် အင်္ဂလန်နိုင်ငံကို ထွက်ပြေးလာခဲ့ပါတယ်။ သူ့ရဲ့ဘလော့ကို အစိုးရနဲ့ အတိုက်အခံပါတီတို့က သူ့ရဲ့ဝေဖန်မှုတွေကြောင့် အမျက်ဒေါသထွက်ခြင်းကိုလည်း အမြဲခံနေရပါတယ်။ မနှစ်က ဇူလိုင်လမှာ အန်န၀ါ အီဘရာဟင် ရဲ့အမှုမှာ ဆွဲချအဖွဲ့ရဲ့ ဆွဲချက်တင်ခြင်းကိုလည်းခံခဲ့ရပါတယ်။
သူ့ရဲ့ဝက်ဆိုက်ကတော့ www.malaysia-today.net ဖြစ်ပါတယ်။

ရဲသူရိန်မင်း 10.02.2011 14:30

0 " အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလဲ”
ရေးသူ-မောင်မောင်ဝမ်း

စစ်အာဏာရှင်များက လွှတ်တော်ခေါ်ပေးပြီး အစိုးရလည်းဖွဲ့ရော..ကျနော်တို့ အတိုက်အခံအင်အားစုများအပါဝင် တော်တော်များများ..စိတ်ထိခိုက်မူ့တွေဖြစ်ကုန်ကြတယ်ဆိုတာအားလုံးလည်းသိနေကြပါတယ်။ပိုဆိုးတဲ့အချက်က တယောက်နဲ့ တယောက် တဖွဲ့နဲ့တဖွဲ့ အပြစ်တွေဖို့ပြီး သူ့ကြောင့်၊ငါ့ကြောင့်၊ ဒီလိုမလုပ်လို့ --ဟိုလိုမလုပ်လို့နဲ့ ပြောဆိုဝေဖန်မူ့များလည်းညံထွက်လာပါတယ်။ကိုယ်ပစ်ရမဲ့မြှားတွေဟာပစ်မှတ်ရှိရာကိုမရောက်နိုင်တော့ပဲ..ကိုယ့်အင်အားစုတွေရဲ့အပေါ်ပြန်ကျနေတဲ့အလားနဲ့သဏ္ဍန်တူနေတယ်ဆိုရင်လွန်များသွားမလား၊စဉ်းစားကြည့်ရအောင်ပါ-------------

ကျနော် တက္ကသိုလ်ကျောင်းသားဘ၀မှာ..နိုင်ငံရေးကိုစိတ်ဝင်စားပြီးနိုင်ငံရေးစာပေတွေဖတ်.. စကားတွေပြော..ဆွေးနွေးပွဲတွေလုပ်နေတုန်းကပေါ့..၈၈ လူထုအရေးတော်ပုံကြီးလည်းမပေါ်ပေါက်သေးဘူး….မတ်လ၊ ဇွန်လ ကျောင်းသားလှုတ်ရှားမူ့တွေလည်းမဖြစ်သေးဘူး ( ဒါပေမဲ့ နည်းနည်းတော့ အချိန်ကပ်နေပြီ )…ကျနော်က ရန်ကုန်တက္ကသိုလ်ဝန်းထဲက အင်းဝဆောင်မှာနေတော့ လှည်းတန်းလမ်းမတို့ ပြည်လမ်းမတို့နဲ့ကနီးတယ်လေ.. နေ့စဉ်မကြာခန အပြင်ထွက်တိုင်းရောက်ဖြစ်တယ်…အမြဲတွေ့နေကြမြင်ကွင်းတခုကတော့ စစ်ကားတွေတ၀ီဝီ. .၀စီမှုတ်သံတညံညံနဲ့..ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတော်အကြီးအကဲများလို့ခေါ်တဲ့သူများရဲ့ယာဉ်တန်းတွေပါ..၊ ကားတွေပေါ်မှာ လက်နှက်ကိုင်လုံခြုံရေးအပြည့်ပါယုံတင်မက..သူတို့သွားလေရာ လမ်းတလျှောက်က..ဘေးဝဲယာ လမ်းမတွေပေါ်က အိမ်ဝိုင်းခြံဝန်းတွေထဲမှာလည်း လုံခြုံရေးစစ်သားများကလည်း..နေရာယူထားသေးသဗျ၊ သူတို့ကိုကြည့်ပြီး ကျနော့်စိတ်ထဲမှာဘာဖြစ်လာသလည်းဆိုတော့…ဒီလိုလူတွေကို အန်တုပြီးတော်လှန်ဘို့ဆိုတာ ဖြစ်ရောဖြစ်နိုင်ပါ့မလား..တို့မှာက လက်နှက်ဆိုလို့..ဓါးမြှောင်တချောင်းတောင်ကောင်းကောင်းရှိတာမဟုတ်… ကျနော်တို့ ဆွေးနွေးခဲ့ဘူးတဲ့..လူထုအုံကြွတော်လှန်မူ့နဲ့ဆိုတာကရော.. အပြောလွယ်သလောက် အလုပ်ရောဖြစ်ပါ့မလား… နောက်တခါ မြို့ထဲကိုသွားတိုင်း ပြည်သူ့လွှတ်တော်အဆောက်အဦရှေ့က ဖြတ်ဖြတ်သွားရတော့..လွှတ်တော်ကျင်းပနေချိန်များဆို…သက်ဆိုင်ရာကိုယ်စားလှယ်တွေရဲ့ခမ်းနားထည်ဝါမူ့တွေ…အဆောင်မှာပျင်းလို့ ရုပ်မြင်သံကြားကြည့်တဲ့အခါတိုင်း ရှောင်လို့မရပဲကြည့်နေရတဲ့ နိုင်ငံတော်ခေါင်းဆောင်ဆိုသူများရဲ့လှုတ်ရှားမူ့နေ့တဓူဝမှတ်တမ်းတွေ…ပြည်သူတွေအပိုင်းကိုကြည့်မယ်ဆိုရင်လည်း..အစိုးရလှုတ်ရှားဆောင်ရွက်နေမူ့မှန်သမျှကို ပြစ်တင်ဝေဖန်ရှုတ်ချ ဆန့်ကျင်သူဆိုတာ မတွေ့ရလောက်အောင်ရှားပါးဆိုတော့..အားလုံးကိုခြုံလိုက်ရင် သိမ်ငယ်စိတ်မသိမသာဝင်ခဲ့မိတယ်.. ဒီလိုအနေထားမျိုးမှာ လက်ရှိခန့်ခန့်ညားညား တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ မဆလ ( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ )ကိုဖြုတ်ချဘို့ဆိုတာ လေထဲ တိုက်အိမ်ဆောက်ရသလိုမျိုးများလား ဆိုတဲ့အတွေးတွေက ကိုယ့်ကိုယ်ကိုယ်ခြောက်လှန့်ခံရတာ မကြာခနပါ။ အဆင်မသင့်ရင်..ဘ၀ပျက်နိုင်မဲ့ကိန်းဆိုတော့ ကြောက်တာ သိပ်မဆန်းဘူးထင်ပါတယ်။ မဆလ အစိုးရကိုတော်လှန်တိုက်ဖယ်ရှားပစ်ရမယ်ဆိုတဲ့ ကိစ္စမှာ ကျနော်အဲဒီအချိန်အခါက နိုင်ငံရေးအတွေးခေါ်တွေ၊အယူအဆတွေဘာတွေသိပ်သိတာမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့နိမ့်ကျလာတဲ့ စီးပွားရေး၊ လူထုရဲ့ဆင်းရဲမွဲတေမူ့၊ပညာရေး ကျန်းမာရေးအဆင့်တန်းပျက်စီးလာမူ့တွေကိုမြင်တွေ့တိုင်း အုပ်ချုပ်သူအစိုးရကိုကြည့်ပြီးငြိုညင်လာရာက ဆန့်ကျင်ချင်တဲ့စိတ်တွေ ဖယ်ရှားပစ်ချင်တဲ့ခံစားမူ့တွေ ကိန်းအောင်းလာခဲ့တာဆိုပိုမှန်ပါလိမ့်မယ်။ ဒီလိုစိတ်တွေဝင်ပြီး မပြောပလောက်ဘူးလို့ထင်တဲ့လှုပ်ရှားမူ့များကိုလည်း မရဲပဲနဲ့ကျွှဲပြဲစီးနေရသလို လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့..နောက်လာလတ္တံ့သော တနှစ်ကျော်ကျော်လောက်အတိုင်းအတာမှာ အဆိုပါ မဆလ တပါတီအာဏာရှင်အစိုးရဟာဘုန်းဘုန်းလည်းပြိုကျပြီး မြန်မာ့လူထုကြားမှာမျက်နှာပမ်းမသာမယာဖြစ်သွားလိမ့်မယ်ဆိုတာ တန်ခိုးရှင်တယောက်ကပြောမယ်ဆိုရင်တောင် လုံးလုံးယုံကြည်ခဲ့မိမှာမဟုတ်တာသေချာပါတယ်လေ၊ အဲဒီအချိန်အခါတုန်းက အမြင့်နေရာတွေမှာရှိခဲ့တဲ့ အာဏာပိုင်များဟာလည်း နောက် တနှစ်ခွဲလောက်အကြာမှာ ငါတို့ဟာ ခွေးကျဝက်ကျ နဲ့လူတွေရဲ့အကြည့်စိမ်းတွေအောက်မှာထာဝရရောက်သွားတော့မယ်ဆိုတာကို နည်းနည်းလေးမှစိုးရိမ်မူ့မရှိမှာ သေချာပါတယ်။လူထုကလည်း မဆလတပါတီအာဏာရှင်အစိုးရကို ကမ္ဘာတည်သရွေ့ထင်နေမိသလို အုပ်ချုပ်နေသူများကလည်း သူတို့နေရာအသီးသီးမှာ ကမ္ဘာတည်သရွေ့ထင်ခဲ့မိမှာမလွဲပါဘူး၊

ယခု နအဖ စစ်အာဏာရှင်များလက်ထက် လွှတ်တော်ကနေပေါ်ပေါက်လာမဲ့ အစီအစဉ်များကို ကျနော်ခံစားကြုံတွေ့ခဲ့ရတဲ့ အရာများနဲ့ချိန်ထိုးပြမယ်ဆိုရင်တောင်မှ..အရင်ကဖြစ်ခဲ့တဲ့ပုံသဏ္ဍန်ကတမျိုး…အခုဖြစ်နေတဲ့ပုံစံကတမျိုး မတူဘူးလို့ဆင်ခြေတွေနဲ့ ဆန့်ကျင်ခံရင်တောင်မှခံရနိုင်ပါတယ်။ အနတ္တ ( ဘယ်အရာမှအစိုးမရခြင်း ) ကိုအစိုးရချင်တာ လူသားတွေရဲ့သဘာဝပါ ၊ အနတ္တဆိုတဲ့ တရားသဘောကိုမဆင်ချင်နိုင်လို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်များဟာ ကမ္ဘာတည်သရွှေ့ကိုစိတ်ကူးယဉ်နေတာပေါ့နော။ တူနီးရှား သမတ ဟာလွန်ခဲ့တဲ့နှစ်က ငါနောက်ထပ်တနှစ်အကြာတိုင်းပြည်ကထွက်ပြေးရတော့မယ်ဆိုစဉ်းစားမိပါသလား….စဉ်းရောစဉ်းစားမယ်ထင်ပါသလား….ထို့အတူ အီဂျစ် သမတကြီး မူဘာရတ်ဟာ..ငါ့ကို တတိုင်းပြည်လုံးက..ဆန့်ကျင်လိမ့်မယ်ဆိုကြိုတင်ပြင်ဆင်ထားမူ့တွေနဲ့ အသင့်လုပ်ထားတယ်ထင်ပါသလား…….ဝေးပါတယ်…သူတို့ကိုယ်သူတို့စဉ်းစားနေမှာကတော့..ကမ္ဘာကုန်တည်သရွေ့ ငါအာဏာရှိနေမှာပဲဆိုတဲ့ အတွေးများသာဖြစ်နေပါလိမ့်မယ်…၊ ထို့နည်းတူစွာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က မရှုမလှဇာတ်သိမ်းသွားရတဲ့သူတွေရဲ့ဖြစ်စဉ်တွေအများကြီးပါ။

ကျနော်လေ့လာမိသလောက် အာဏာရှင်နိုင်ငံတွေမှ ဒီမိုကရေစီပြောင်းလည်းလာတဲ့နိုင်ငံတွေကပြည်သူတွေတော်တော်များများဟာ ဒီမိုကရေစီနိုင်ငံတော်မရောက်သေးခင် အာဏာရှင် အအုပ်ချုပ်ခံဘ၀မှာသူတို့အုပ်ချုပ်သူအစိုးရဘာပဲလုပ်လုပ်…အတည်ထင်သွားမိတတ်ကြတာပါပဲ၊အုပ်ချုပ်သူလုပ်သမျှကိစ္စအ၀၀ကိုကြီးကျယ်ခန်းနားပြီး ပယ်ဖျက်လို့မရနိုင်လောက်အောင်ခိုင်မြဲတယ်လို့ယူဆမိတတ်ကြပါတယ်၊ အုပ်ချုပ်သူများကလည်း သူတို့အတွက် ကမ္ဘာကုန်တည်သရွေ့ဆိုတဲ့လေထဲတိုက်အိမ်နဲ့ ပြောတတ်ဆိုတတ်လေတော့…လူထုခမျာ ပိုရှိန်ကြတော့တာပေါ့။ ဒီအထဲကမှ ဖောက်ထွက်လာတတ်တဲ့လူနည်းစုလက်တဆုတ်စာ လူစုကစတင်လို့ဘ၀ပျက်သွားတဲ့ အာဏာရှင်အဆက်ဆက်တွေဆိုတာ သမိုင်းစာမျက်နှာတွေပေါ်မှာအထင်အရှားမြင်တွေ့နိုင်ပါတယ်။

နောက်တခါ ဘာကိုစဉ်းစားမိသလည်းဆိုတော့..ကျနော်တို့ငယ်ငယ်က အရပ်ထဲမှာရှိတဲ့ ဘောလုံးအသင်းကိုသွားသတိရမိပါတယ်…တရပ်ကွက်နဲ့တရပ်ကွက်ဘော့လုံးပြိုင်ကြတဲ့အခါ နိုင်တဲ့နေ့ဆိုရင်ပျော်တပြုံးပြုံးနဲ့ပြန်လာကြပေမဲ့ ရှုံးတဲ့နေ့ဆို သူ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ အပြစ်တွေကိုမပြတ်တမ်းစွပ်စွဲ ရန်ဖြစ်ကြတော့တာပဲ၊ ဒါပေမဲ့ အခု လက်ရှိနိုင်ငံရေးကိုသုံးသပ်ကြည့်ရအောင်ပါ….ကျနော်တို့ ရှုံးနေတာလား… ဘယ်သူမှ တိုက်ပွဲတခုကို ဖန်တီးတိုက်ခိုက်တဲ့ အခါ ရှုံးအောင်ကို တိုက်မယ်ဆိုတဲ့သူ ရှိနိုင်မယ်မထင်ပါဘူး၊ ဟာကွက် ပျော့ကွက်တွေဆိုတာ..နေရာတိုင်းမှာရှိနေတာပါ၊ ကျနော်နဲ့ facebook ပေါ်မှာ လူငယ်တွေတွေ့ကြတော့..သူတို့မေးတာတခုရှိတယ်…သူတို့ နိုင်ငံရေးကိုစိတ်အားထက်သန်တယ်..သူတို့တိုက်လို့ရောရနိုင်ပါ့မလားတဲ့….ကျနော်ပြန်ပြောမိတဲ့စကားရှိပါတယ်….ငါတို့ ခေတ်တုန်းက ကိုယ်ယုံကြည်တာလေးတွေကိုရေးဘို့ ဝေငှဘို့ဆိုတာ တော်တော်ခက်တဲ့ကိစ္စတခုပါ..ကျောင်းသားလှုတ်ရှားမူ့တွေလုပ်တော့တောင် သဘောထားယုံကြည်ချက်တွေကိုသိနိုင်ဘို့ ဖရောင်းစက္ကူကို ကညစ်နဲ့ရေး မီးချောင်းအရှည်နဲ့လှိမ့်ဖြန့်ခဲ့ရတာ..ဘယ်လောက်ဖြန့်နိုင်မလည်းကွာ….ဒါတောင် မဆလ အစိုးရကို အလဲထိုးနိုင်ခဲ့တယ်..မင်းတို့ခေတ်မှာ တခြားဟာ မကြည့်နဲ့ facebook လိုဟာမျိုးထဲမှာ ကိုယ်ယုံကြည်တာတွေတင်ရေး..လူသိန်းနဲ့ချီပြီးရောက်သွားတာ….စဉ်းစားသာကြည့်တော့ နောက်တခါ မြန်မာပြည်မှာတခုခုမဖြစ်လိုက်နဲ့ ကမ္ဘာနဲ့အ၀ှမ်း မိနစ်ပိုင်းလေးအတွင်းမှာအကုန်ရောက်သွားပြီ….တော်တော်များများသိကုန်ပြီ ၊လုပ်သင့်တာတွေကိုပြင်ဆင်နိုင်ပြီ…ဘယ်လောက်ကွာလည်း..ဘယ်လောက်ကွာလည်း…..ဒီလိုအခြေနေရပ်တွေကြောင့် လည်း ဗိုလ်ချုပ်မှုးကြီး ကိုယ်တိုင်ဝန်ခံရတာမဟုတ်လား..မီဒီယာထိန်းချုပ်ဘို့ခက်တယ်ဆိုတာ..၊ ဒီလိုအခြေနေမျိုးမှာ ဒီလိုအစိုးရမျိုးမှပြုတ်မကျဘူးဆိုရင်..အဲဒီအခါကျမှ ငါတို့တော်တော်ညံ့နေသေးတယ်လို့ဝန်ခံပစ်မယ်။နောက်ဆုံးမပြုတ်ရင်တောင်မှ ပြောင်းရမယ်၊

ကျနော်အားလုံးကိုမေးချင်တာ တခုရှိတယ်..နအဖ စစ်အာဏာရှင်များဟာ..သူ့ဟာသူလည်း ဒီအတိုင်းနေရင်ရတာပါပဲ…ဘာလို့ ရွေးကောက်ပွဲကျင်းပ..လွှတ်တော်လုပ်….တချို့စစ်ဗိုလ်တွေကို ကြိုက်မှန်းသိ မကြိုက်မှန်းသိ..ယူနီဖောင်းချွှတ်…နိုင်ငံရေးတွေထဲဝင်ခိုင်း စသဖြင့်ပေါ့..အဲဒါတွေ..ဘာလို့လုပ်နေဘို့လိုတာလည်း…..

ကျနော့်အမြင်ကိုပြောကြည့်မယ်….နိုင်ငံတကာထောက်ခံမူ့အတွက်လုပ်နေတာ

ဘာလို့နိုင်ငံတကာထောက်ခံမူ့လိုချင်တာလည်း………..

နိုင်ငံတကာက စီးပွားရင်းနှီးမြူတ်နှံမူ့တွေလိုချင်လို့…နောက်တခါ သူတို့ရဲ့နိုင်ငံရေးသြဇာကို ခိုင်ခံ့ချင်လို့

သူတို့ရည်မှန်းတဲ့အတိုင်းဖြစ်လာမယ်လို့ထင်သလားလို့မေးမယ်ဆိုရင်..မထင်ပါဘူးလို့ပဲဗြောင်ပြောပရစေ…၊ဒါဆို တိုင်းပြည်စီးပွားရေးက ဒုံရင်းဒုံရင်းနဲ့ပဲချာလပတ်ရမ်းနေဦးမှာပါ..၊ လာရောက်ရင်းနှီးမြူတ်နှံမဲ့သူတွေရှိခဲ့မယ်ဆိုရင်တောင်မှ မဖြစ်ညစ်ကျယ်အဆင့်ထက်မပိုနိုင်လောက်ပါဘူး၊ ဒါဆို ဗျူဟာကျကျစီစဉ်ထားတဲ့ ရွှေးကောက်ပွဲနဲ့ လွှတ်တော်ဟာ အကျိုးအနည်းငယ်ရှိနိုင်တာကလွဲလို့ မှန်းချက်နဲ့နှမ်းထွက်တော့ကိုက်မဲ့အစီအစဉ်မရှိဘူးဆိုတာကြိုမြင်နေရပါတယ်။

တကယ်တော့ ၈၈ လူထုအရေးတော်ပုံကြီးကစလို့..စစ်အာဏာရှင်များရဲ့လွှတ်တော်ပေါ်ပေါက်လာချိန်ထိ အတိုက်အခံဒီမိုကရေစီအင်အားစုများရဲ့လှုတ်ရှားမူ့များဟာ အရေးနိမ့်သွားပြီ လက်လွတ်ဆုံးရှုံးသွားပြီလို့တော့ ကျနော်လုံးဝမမြင်မိပါဘူး စီးပွားပုံစံတခုနဲ့ပြောရရင် ရင်းနှီးမြုတ်နှံပြီး အမြတ်ရရှိဘို့ကြိုးစားနေချိန်ကာလမှာ စီးပွားပျက်နေပြီလို့မြင်မယ်ဆိုရင် နဂိုကထဲက ဒီစီးပွားမလုပ်တာအကောင်းဆုံးပါ၊တကယ်လုပ်ဆောင်နေရသူတွေမှာ အခက်ခဲတွေတလှေကြီး အန္တယာယ်တွေ အနန္တ နဲ့ရင်ဆိုင်နေရတာပါ…မြန်မာ့ဒီမိုကရေစီရေစီးကြောင်းဟာ ရပ်တန့်နေသေးတာမဟုတ်ပါဘူး ဆက်လက်စီးဆင်းမြဲပါ။

နောက်တခါ တူနီးရှားတို့ အီဂျစ်တို့နဲ့ အရှေ့အလယ်ပိုင်းမှာဖြစ်ပျက်နေတဲ့ကိစ္စများဆီ တချက်လှည့်ကြည့်ရအောင်ပါ ၊ တူနီးရှားနဲ့ အီဂျစ်မှာ လူထုအုံကြွမူ့တွေဖြစ်နေတော့ ကျနော်တို့နေထိုင်ရာဒေသမှာ တူနီးရှားတွေ အီဂျစ်တွေရှိပါတယ် သူတို့နဲ့ကျနော် တွေ့ဆုံရင်းစကားတွေပြောဖြစ်ခဲ့ပါတယ်။ တူနီးရှားတယောက်ကဘာပြောသလည်းဆိုတော့….သူတို့လူထုက တော်လှန်လို့သာ တော်လှန်တာတဲ့ တကယ်တော့ အခုထွက်ပြေးသွားတဲ့ အာဏာရှင်ခေါင်ဆောင် အစိုးရကို တော်တော်ကြောက်ကြတယ်တဲ့….တခါ..အီဂျစ်တွေကလည်း ဒီအတိုင်းပဲပြောပါတယ်..အီဂျစ်မှာရှိနေတဲ့ပြည်သူလူထုကြီးဟာ မူဘာရတ် အစိုးရကို ဒီလောက်ထိရဲရဲဝံ့ဝံ့အုံကြွတော်လှန်လိမ့်မယ်လို့တောင် သူတို့မထင်မိခဲ့ဘူးတဲ့…လူထုဟာ..အစိုးရကို တော်တော်ကြောက်ရွံ့ကြတယ်တဲ့……..ကျနော် စိတ်ထဲမှာ ကောက်ချက်လေးတခုတော့ရှိနေပြီ…ဒါနဲ့ပဲ သုတေသနတခုလိုသဘောထားပြီး…ကျနော် လိုက်လံစစ်တမ်းကောက်ကြည့်ခဲ့တယ် အများကြီးတော့မဟုတ်ပါဘူး..လက်လှမ်းမှီသလောက်ပေါ့ အမေရိကားမှာနေထိုင်နေတဲ့ တူနီးရှား ၊ အီဂျစ် ၊ တောင်ကိုရီးရား ။ တောင်အာဖရိက၊ ဘော့စနီးယား စတဲ့ နိုင်ငံသားတွေထဲက တချို့ကိုစစ်တမ်းကောက်ကြည့်တဲ့ အခါ အောက်ပါ အဖြေတွေ ထွက်လာခဲ့တယ်…..

- လူထုတရပ်လုံးဟာ ကြောက်ကြောက်နဲ့ပဲတော်လှန်ခဲ့တယ်

- နိုင်ငံရေးကို ယုံကြည်လုပ်ဆောင်သူတော်တော်များများဟာ ပထမမှာ လူထုရဲ့နိုင်ငံရေးလိုက်ပါဆောင်ရွက်နိုင်မူ့အားကိုကြည့်ပြီး ၊ နိုင်ငံရေးသမားများရဲ့လုပ်ဆောင်ချက်တွေ ကိုယ်ကျိုးစီးပွားအတွက်လုပ်ဆောင်မူ့တွေကိုမြင်ပြီး စိတ်ဓါတ်တွေကျဆင်းခဲ့ကြတယ် အားမရမူ့တွေဖြစ်ခဲ့တယ်

- မိမိ တော်လှန်လိုတဲ့ အာဏာပိုင်များရဲ့ ခန်းနားထယ်ဝါမူ့တွေ ၊ ရက်စက်မူ့တွေ ၊နှိပ်ကွပ်မူ့တွေကိုကြည့်ပြီး တော်လှန်ရေး ဘယ်တော့မှအောင်မြင်ဘို့မလွယ်တော့ပါဘူးလို့ ထင်ရောင်မှားမိကြတယ်

- တော်လှန်ရေးတကယ်အောင်မြင်တဲ့အခါ မှာတော့ဒါတွေအားလုံးကွယ်ပျောက်သွားပြီး အိပ်မက်တခုလိုတောင်ခံစားခဲ့ရတယ်…ဆိုတဲ့ စတဲ့ စတဲ့ ကောက်ချက်တချို့ကိုရခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးကိုယုံကြည်ချက်ကြောင့် စိတ်ဝင်စားသူပဲဖြစ်ဖြစ် လုပ်ဆောင်နေသူများပဲဖြစ်ဖြစ် အားလုံးနီးပါးလောက်ဟာလည်း..သူတို့ခံစားခဲ့ရပုံတွေ…ကြုံတွေ့ခဲ့ရပုံတွေ….အားမရဖြစ်ခဲ့ရပုံတွေနဲ့ တသားထဲ တထပ်တည်းမဟုတ်တောင် သိပ်တော့ခြားနားမူ့မများလောက်ပါဘူး အထက်ဖော်ပြပါအချက်ထဲမှာ (မိမိ တော်လှန်လိုတဲ့ အာဏာပိုင်များရဲ့ ခန်းနားထယ်ဝါမူ့တွေ ၊ ရက်စက်မူ့တွေ ၊နှိပ်ကွပ်မူ့တွေကိုကြည့်ပြီး တော်လှန်ရေး ဘယ်တော့မှအောင်မြင်ဘို့မလွယ်တော့ပါဘူးလို့ ထင်ရောင်မှားမိကြတယ် ) ဆိုတဲ့ အချက်က သိပ်အရေးကြီးတယ်ဗျ ကျနော် တို့ ၈၈ လူထုတော်လှန်ရေးကြီးဟာ အရှိန်တော်တော်မြင့်မားနေတဲ့အချိန်ကိုရောက်နေတာတောင်မှ မဆလ တပါတီအာဏာရှင်များဟာ လွှတ်တော်ကြီးကို ခန်းခန်းနားနားကျင်းပပြီး လုပ်ကောင်းနေတုန်း အကြောင်းမသိသူများဆိုရင် “ ရှိန် ” သွားလောက်တယ်။အခုလည်း ဒီလိုပါပဲ ခပ်တည်တည်နဲ့ နေပြည်တော်မှာ ခန်းခန်းနားနားကြီးကြီးကျယ်ကျယ် လွှတ်တော်ကြီးကျင်းပနေတာဆိုတော့ မတွေ့ကြုံဘူးသေးတဲ့ ၊ တွေ့ကြုံပါတယ်ဆိုရင်တောင်မှ မခံစားဘူးသေးတဲ့ သူများအတွက်တော့ “ ရှိန် ”မယ်ဆို ရှိန်လောက်ပါပေတယ်။ ဒါဟာလူထုတော်လှန်ရေးကို မျက်ကွယ်ပြုပြီးစဉ်းစားချက်တွေပါ……၈၈ လူထုတော်လှန်ရေးကြီးဖြစ်ခါနီးလောက်မှာ ကျနော်နဲ့ နီးစပ်ရာကျောင်းသားတွေကို စည်းရုံးကြည့်တော့…လုံးဝမဖြစ်နိုင်တဲ့ကိစ္စ..မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်တဲ့လုပ်ရပ် ၊ နံရံကို ကြက်ဥနဲ့ပေါက်တဲ့ စိတ်ကူးယဉ်မူ့များ စသဖြင့် သတ်မှတ်ခံခဲ့ရဘူးပါတယ်။ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်လာတဲ့ ကျောင်းသားတော်တော်များများ ဒီအတိုင်းရင်ဆိုင်ခဲ့ဘူးပါတယ်။

ကျနော် အဓိကတင်ပြချင်တဲ့ အချက်ရှိပါတယ် အရေးကြီးတယ်လို့လည်းမြင်ပါတယ်…ဒါကတော့..ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်၊ မြန်မာပြည်ရဲ့အရေးကို မြန်မာပြည်သူများကပဲအဆုံးဖြတ်ပေးလိမ့်မည်တခြားဟာတွေ တခြားနိုင်ငံတွေမလို ဆိုတာ ရှေးက တဘက်သတ်စွဲလန်းခဲ့တဲ့အယူအဆဟောင်းတခုပဲလို့မြင်ပါတယ်…ပြည်တွင်းအားသည်ပြည်တွင်းမှာလည်းရှိတယ်ဆိုတာမငြင်းပါဘူး နိုင်ငံတကာအားလည်းလိုပါတယ်။ အာဏာရှင်မှန်သမျှဟာ ပြည်တွင်းမှာဖြစ်ပေါ်လာမဲ့ လူထုအုံကြွမူ့ကိုမကြောက်တတ်ပါဘူး တခါ နိုင်ငံတကာဖိအားပေးမူ့များကိုလည်း မစိုးရိမ်ပါဘူး သူတို့အလွန့်အလွန်ကိုကြောက်တာကတော့ ပြည်တွင်းကဖြစ်ပေါ်လာမဲ့ လူထုအုံကြွမူ့များကို နိုင်ငံတကာကဖိအားပေးဆောင်ရွက်မူ့များနဲ့ ဆက်စပ်သွားမှာကိုတော့ ကြောက်ကြပါတယ်။ အဲဒီနှစ်ခု သီးခြားရှိနေသရွေ့မည်ကဲ့သို့သော လူထုတော်လှန်ရေးကြီးပေါ်ပေါက် ပေါ်ပေါက် အာဏာရှင်များကမဖြုံတတ်ဘူးဆိုတာသေချာနေပါတယ်။ ပြည်တွင်းလူထုတော်လှန်ရေးကို နိုင်ငံတကာဖိအားနဲ့ဆက်စပ်နိုင်ဘို့ဘာတွေလိုအပ်ပါသလည်းဆိုရင်……မိမိတို့ရဲ့နိုင်ငံရေးမဟာဗျူဟာအတိအလင်း ကမ္ဘာသိအောင် ( လက်ခံနိုင်တဲ့ နိုင်ငံရေးမဟာဗျူဟာ ဖြစ်ဘို့လိုပါတယ် ) ကျေငြာနိုင်ဘို့လိုပါတယ်။ အဲဒါဟာသိပ်အရေးကြီးတဲ့ အချက်ပါ၊ ကမ္ဘာကြီးရဲ့ဒီမိုကရေစီလှိုင်းကြီးဟာ ဘယ်ကိုရွေ့နေပါသလည်း လေ့လာကြည့်ပါ…လွတ်လပ်တဲ့ဒီမိုကရေစီ လို့ပဲပြောပြော လစ်ဘရယ်ဒီမိုကရေစီလို့ပဲဆိုဆို…အဲဒီကိုဦးတည်ရွေ့လျှားနေပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံအချင်းချင်းဖေးမလက်တွဲပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ အလိုရှိသူနိုင်ငံတိုင်းကို နည်းပေါင်းစုံနဲ့ ကူညီတတ်ပါတယ်။ အဲသလိုမဟုတ်ပဲ ဆန့်ကျင်ဘက်အနေထား ဒီမိုကရေစီပဲပြောပြော စနစ်တခုပဲပြဌာန်းခဲ့မယ်ဆိုရင် ကမ္ဘာနဲ့အလှမ်းဝေးသွားမယ် ၊ လူထုတော်လှန်ရေးနဲ့ ကမ္ဘာ ချိတ်ဆက်ပြုတ်သွားပြီး စစ်အာဏာရှင်များပြုသမျှခံဘ၀မှာနှစ်များစွာကြာသွားပါလိမ့်မယ်။နိုင်ငံရေးမဟာဗျူဟာကို ရဲဝံ့ပြတ်သားစွာထုတ်ဖော်ပြသရဲဘို့လိုပါတယ်။ မှန်ဘို့လိုပါတယ်။လူထုအုံကြွမူ့နဲ့နိုင်ငံတကာဖိအားပေးနိုင်မူ့အခြေနေနှစ်ရပ်ဟာ…တခုနဲ့တခုဒွန်တွဲနိုင်တဲ့တနေ့…စစ်အစိုးရ အာဏာစွန့်ခွာရမဲ့နေ့ဖြစ်မယ်ဆိုတာ..ပြောချင်ပါတယ်။ နောက်ပြသနာတခုက နိုင်ငံရေးကို ပြည်တွင်းမှာပဲလုပ်လုပ် ပြည်ပမှာပဲလုပ်လုပ် ၊ လုပ်ဘို့လိုတာပါ ၊ ယနေ့ခေတ်ဟာ သွေးအစုတ်ခံအလုပ်သမားထုဘက်က ရပ်တည်ကြ..နယ်ချဲ့ကိုတော်လှန်ကြ ဆိုတဲ့ခေတ်မဟုတ်ပါဘူး ။ နည်းပညာခေတ် ၊ အိုင်တီခေတ် ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ ကမ္ဘာကြီးဟာရွာကြီးဖြစ်နေပါပြီ ၊ တနေရာနဲ့တနေရာ မိနစ်ပိုင်းအတွင်း အားလုံး အလုပ်လုပ်နိုင် သိနေနိုင်တဲ့ခေတ်ကြီးမှာ ဒီအတွေးခေါ်းတွေကို မတွေးသင့်တော့ပါဘူး ဒါဟာကျဉ်းမြောင်းတဲ့ အယူအဆတခုဖြစ်နေပါလိမ့်မယ်။

လွန်ခဲ့တဲ့ တစ်လလောက်က တူနီးရှား သမတဟာ..သူ့နိုင်ငံကနေ ထွက်ပြေးသွားရလိမ့်မယ်လို့ စဉ်းစားမိပါသလား..ပြည်သူလူထုတရပ်လုံးကရော..ထင်ပါသလား………

အီဂျစ်နိုင်ငံမှာ အနိုင်ကျင့်ဗိုလ်ကျမူ့တွေနဲ့ အာဏာရှင်ဆန်ဆန် နှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ သမတ မူဘာရတ်ဟာ “ ငါ့ကို နောက်တပတ်အကြာမှာ လူထုက သမတရာထူးကဆင်းပေးဘို့..အုံကြွလိမ့်မယ်လို့… သူစဉ်းစားဖြစ်လိမ့်မယ် ထင်ပါသလား…လူထုကရော ဒီလိုကြီးကျယ် ပြင်းထံတဲ့ အုံကြွမူ့ကြီးဖြစ်ပေါ်လာလိမ့်မယ်..အစိုးရအဖွဲ့ ဖျက်သိမ်းလိမ့်မယ်…သမတ မူဘာရတ် ရာထူးကနေ နားဘို့အထိ ဆုံးဖြတ်လာလိမ့်မယ်လို့…ကြိုသိထားတဲ့အတွက် လူထုအုံကြွမူ့ကို လုပ်ခဲ့တာလို့ သင်ထင်ပါသလား…..

အနာဂါတ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်ပါဘူး…စစ်အာဏာရှင်များက သူတို့လုပ်စရာရှိတာကို အရှိန်မပျက်ဆက်လုပ်ပါလိမ့်မယ်…လူထုကလည်း ကိုယ်လုပ်စရာရှိတဲ့ ( စစ်အာဏာရှင်များကို ဖြုတ်ချဘို့ ) စနစ်တကျနည်းလမ်းများ ၊ မှန်ကန်တဲ့နိုင်ငံရေးမဟာဗျူဟာများကိုချမှတ်ထားပါ…..အနိမ့်ဆုံး ၀ိရိယ အကျိုးတော့ခံစားရမှာမလွဲပါဘူးလို့တင်ပြချင်ပါတယ်။

အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?

အမိနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလွတ်မြောက်မူ့အတွက် မြွေမကြောက်ကင်းမကြောက်၊ထောင်မကြောက် တန်းမကြောက် လုပ်ဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်အပါဝင် မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျာ၊ဌေးကြွယ်အပါဝင် အားလုံး အားလုံးသော ရဲဘော်များ ပြည်သူလူထုတွေအတွက် ကျနော့်ရင်ထဲခံစားချက်တခုကိုပြောခြင်ပါတယ်…..ကျနော် မြန်မာပြည်တွင်းကနေ ပြည်ပကိုထွက်ခွာလာတော့ ကိုမင်းကိုနိုင်အပါဝင် ၈၈ ခေါင်းဆောင်တချို့ကပြောပါတယ် “ တယောက်ပဲ့သွားပြန်ပြီကွာတဲ့ ” ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာ ကျနော်စိတ်မကောင်းဖြစ်မိပါတယ် ကျနော်သူတို့ကို တနေရာကတဆင့်စကားပါးလိုက်ပါတယ်….ကျနော်ဟာ ခင်ဗျားတို့ယုံကြည်ချက်ခံယူချက်တွေနဲ့တသားတည်းရှိနေမှာပါ..ဘယ်တော့မှကွဲပြားသွားမှာမဟုတ်ပါဘူး…အဲ…ကွဲပြားသွားတဲ့အချက်ကတော့…ခင်ဗျားတို့လောက် သတ္တိမရှိတော့တာရယ်..ခင်ဗျားတို့လောက် စွန့်လွှတ်အနစ်နာမခံနိုင်တော့ဒါရယ်…အဲဒါတော့ကွဲပြားသွားပါတယ် ဒါပေမဲ့.ကျနော်တတ်နိုင်သလောက် ဒီမိုကရေစီရေးအတွက်ပေးဆပ်သွားပါ့မယ်…ခင်ဗျားတို့လောက်မဟုတ်ရင်တောင်မှပေါ့လို့….သေချာတာကတော့ မပြစ်မှားဘူး…ဘာလို့လည်းသိလား…ခင်ဗျားတို့ရဲ့အနစ်နာခံမူ့တွေ ရိုးသားမူ့တွေ သတ္တိတွေကို ယုံကြည်လို့ပဲ…..ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးမဖက် ရဲရဲဝံ့ဝံ့လုပ်ဆောင်နေသော ပြည်သူလူထုကို ဒီစကားပါးချင်ပါတယ်…ဘယ်တော့မှမပြစ်မှားဘူး …ဘာလို့လည်းသိလား……

အနစ်နာခံမူ့တွေ ရိုးသားမူ့တွေ သတ္တိတွေကို ယုံကြည်လို့ပဲ…..

အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?

အနာဂါတ်ကို ဘယ်သူကြိုသိနိုင်သလည်း……..?

အားလုံးကိုလေးစားစွာဖြင့်

မောင်မောင်ဝမ်း

Thursday, February 10, 2011

0 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးမှ စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍တိုင်းနှင့်ပြည်နယ်လူငယ်များတွေ့ဆုံပွဲတွင်အမှာစကားပြောကြား

0 စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်သည့် ၀န်ကြီးများနဲ့ဝန်ကြီးဌာနစာရင်းများ

1. ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ကာကွယ်ရေးဝန်ကြီး)
2. ဗိုလ်ချုပ်လှမင်း (ပြည်ထဲရေးဝန်ကြီး)
3. ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီး)
4. ဒေါက်တာမြအေး (ပညာရေးဝန်ကြီး)
5. ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
6. ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
7. ဦးသိန်းဌေး (နယ်စပ်ရေးရာဝန်ကြီး)
8. ဦးကျော်စွာခိုင် (စက်မှု (၁) ဝန်ကြီး)
9. ဦးစိုးသိမ်း (စက်မှု (၂) ဝန်ကြီး)
10. ဦးဖေသက်ခင် (ကျန်းမာရေးဝန်ကြီး)
11. ဦးဝင်းမြင့် (မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဝန်ကြီး)
12. ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး)
13. ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီး)
14. ဦးသိန်းထွန်း (ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီး)
15. ဦးဇော်မင်း (လျှပ်စစ်(၁) ဝန်ကြီး)
16. ဦးခင်မောင်စိုး (လျှပ်စစ်(၂) ဝန်ကြီး)
17. ဦးလှထွန်း (ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး)
18. သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီး)
19. ဦးတင်နိုင်သိန်း (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
20. ဦးဝင်းထွန်း (သစ်တောဝန်ကြီး)
21. ဦးခင်မောင်မြင့် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)
22. ဦးခင်ရီ (လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
23. ဦးအောင်ကြည် (အလုပ်သမားရေးဝန်ကြီး)
24. ဦးမြင့်လှိုင် (လယ်/ဆည် ဝန်ကြီး)
25. ဦးအေးမြင့်(သိပ္ပံနှင့်နည်းပညာဝန်ကြီး)
26. ဦးသိန်းထိုက် (ဝန်ကြီးဌာန မသိသေး)
27. ဦးစိုးမောင်(။)
28. ဦးသိမ်းညွန့်(။)
29. ဦးအုန်းမြင့်(။)
30. ဦးတင့်ဆန်း(။)

ဝန်ကြီးဌာနအရေအတွက်သည် ၃၄ ခု၊ ၀န်ကြီးအပါး ၃၀ ဖြစ်သည့်အတွက် အချို့ ၀န်ကြီးများသည် ၀န်ကြီးဌာန နှစ်ခုကို တွဲဖက်ကိုင်သွားမည့်ပုံဖြစ်သည်။

မြန်မာသတင်းများကွန်ယက် 

Wednesday, February 9, 2011

0 Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်း နှိုးဆော်ချက်

ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား

အီဂျစ်နိုင်ငံ တွင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထု ဆန္ဒပြ လှုပ်ရှားမှုများ နှင့် ပါတ်သက်၍ ကျနော်တို့ Generation Wave ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်းတွန်း နှိုးဆော်လိုက်ပါသည်။

ကျနော်တို့၏ လှုပ်ရှားဆောင်ရွက်ချက်များ၊ သဘောထားများနှင့် ရဟန်းရှင်လူ မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်းနှိုးဆော်ချက်များကို ပူးတွဲပါဖိုင်တွင် ဖတ်ရှု့နိုင်ပါသည်။

Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) GW Statement _February 8_ 2011

0 မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများနှင့်ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ထုတ်ပြန်ကြေငြာချက်

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်းနှင့်ပြည်နယ်လူငယ်များ တွေ့ဆုံပွဲမှတ်တမ်းဓာတ်ပုံများ


photo by AP/REUTER/ဒီမိုဝေယံ

0 " စစ်မှုမထမ်းမနေရအမိန့်  နင့် တတိုင်းတပြည်လုံးအတွက်အန္တရာယ်”-
ရေးသူ- ဒေါက်တာလှိုင်မြင့်

ကနေ့  န.အ.ဖ ဟာ...၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ ..ကလိန်ကကျစ် အရှက်တရား အလွန်ကင်းမဲ့စွာ..အလွန်အရုပ်ဆိုးလှတဲ့ ရွေးကောက်ပွဲအတုအလိမ်ကိုကျင်းပပေးခဲ့ပြိး..တဖက်သတ် အနိင်ယူထားယုံတောင် အားမရသေးဘဲ...နာဂစ်အခြေခံဥပဒေမှာ အတိအလင်းဆိုထားပြိးသား...ဥပဒေကို ပေါ်ပေါက်လာမဲ့ လွှတ်တော်က အတည်ြ့ပုပြိးရင် အဲဒီဥပဒေဟာ အတည်ဖြစ်စေရမယ်ဆိုထားပါတယ် ။

အခု သန်းရွှေ ဟာ မြန်မာပြည်သူတွေအားလုံးကို..( -ီး ) ထင်တယ် လုပ်ပြလိုက်တာပါဘဲ ။ လွှတ်တော်ခေါ်ဖို့  ရက်ပိုင်းလောက်သာလိုတော့တဲ့အချိန်လေးမှာ..သူစိတ်ကြိုက်ဆွဲထားတဲ့ ဥပဒေကို ( ကိုယ်မွေးထားတဲ့ ဥပဒေ ) ကို ပြန်ပြိး မုဒိမ်းကျင့်ပြလိုက်တာပါဘဲ ။ မွေးလု ဆဲဆဲ မိခင်ဝမ်းဗိုက်ထဲက ( ကိုယ့်ရင်သွေး စစ်စစ် ) ခလေး ကို မုဒိမ်း ကျင့်လိုက်တာနဲ့ဘဲ နိုင်းယှဉ်ရပါတော့မယ် ။ ရိုင်းတယ်လို့ ပြောလဲ ပြောကြပါ ။ သူဟာ ကနာမငြိမ်( desperate ) ဖြစ်နေတယ်ဆိုတာ ကို လှစ်ဟပြလိုက်တာလဲဖြစ်ပါတယ် ။ ဥပဒေကိုနားမလည်တာကိုလဲ ပြလိုက်တာပါဘဲ ။ ဥပဒေကို..မလေးစားရင်တောင် ဥပဒေကို နားလည်သူဆိုရင်..ဒီလောက်အထိ လုပ်ဝံ့ မှာ မဟုတ်ပါဘူး ။

ဥပဒေကို နဲနဲလေးမှ အလေးမထားသူ သန်းရွှေ ပါးစပ်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစိ နိုင်ငံတော် ဆိုတာ ယုံကြသူတွေ...စဉ်းစားသာကြည့်ကြတော့ ။သူဟာ ကျနော်တို့ ..၁၉၈၈ တုံးကတော်လှန်ဖြုတ်ချခဲ့တဲ့ ( ဥိး )နေ၀င်း ထက် အလွန်နိမ့်ကျသူ..အောက်တန်းကျသူတဥိးဖြစ်တယ်ဆိုတာကို ပြလိုက်တာပါဘဲ ။ ဥိးနေ၀င်းဟာ ဥပဒေကို မလွန်ဆန်မိအောင် အမြဲဆင်ခြင်ပါတယ် ။ သူဟာ နိုင်ငံတကာတွေကို နစ်စဉ်..လူကြိးလူကောင်းံပုံ့စံနဲ့ သွားလည်နေသူဆိုတော့...လူပြောမခံရအောင် ဆင်ဆင်ခြင်ခြင် ပြုမူပါတယ် ။ လူလည်ဆိုတော့..ဥပဒေကို မချိုးဖေါက်မိအောင် သတိထားတယ် ။ လည်လွန်းတော့..ဥပဒေကို သူလိုသလို ဆွဲ ကစားပါတယ် ။ ဥပဒေကို လက်တလုံးခြားလှဲ့ ကစားပါတယ် ။ ဒါပေမဲ့ ..ဥပဒေမဲ့ မလုပ်ဘူး ။ ဒေါက်တာမောင်မောင် ကို အမြဲတိုင်ပင်တတ်ပါတယ် ။ သူလုပ်ချင်တာကို...ဒီယုံဖမ်းဖို့  ဒီခြုံ ပြင်လုပ်ပါတယ် ။

အခုဆောင်းပါးမှာ ကျနော် စာဖတ်သူများကို ရှင်းပြဖို့ လိုတာလေး ရှင်းပြပါရစေခင်ဗျာ ။



ပထမ တချက်က ...အာဏာရှင် ချင်းအတူတူ ဥိးနေ၀င်းကျတော့ ဥိးနေ၀င်းလို့ သုံးနုံးပြီ...သန်းရွှေကျတော့ ( သန်းရွှေ ) လို့ သုံးတာ..ဘက်လိုက်ရာ..ကိုယ်ထက်အသက်ကြိးသူကို ရိုင်းဆိုင်းရာရောက်နေတာလေး ပထမ ရှင်းလင်းပါရစေခင်ဗျာ ။ ဥိးနေ၀င်းဟာ...အသက်ခြောက်ပြည့်တာနဲ့ ..( တဖက်လှဲံ့  ) စစ်တပ်ကထွက်ပြိး..ဥိးနေ၀င်းလို့ တရားဝင်ပြောင်းခဲ့ပါတယ် ။ မကောင်းလဲ ဥိးနေ၀င်းဘဲပေါ့ ။ မြန်မာ့ ထုံးတမ်းအရ.ဥိးတပ်ခေါ်ရမှာပါဘဲ ။ အဲဒီလိုမခေါ်ရင် ကျနော်ဟာ..ထောင်ဝန်ထမ်းတွေလိုဘဲ...ဖြစ်နေပါမယ် ။ ဥိးနေ၀င်းဟာ..အဲဒီမှာကို ဥပဒေကို ဘယ်လောက်အလေးထားတယ်ဆိုတာ ပြလိုက်တာပါဘဲ ။



သန်းရွှေဟာ...အသက်ငယ်ငယ်နဲ့ ဒု-ဥိးစိးချုပ်ဖြစ်လာရတာဟာ....ဥိးနေ၀င်းရဲ့ ဥပဒေအပေါ်အလေးထားမှု ကြောင့်ရလာတာပါ ။ ဗိုလ်ချုပ်ကျော်ထင်..အသက်ခြောက်ပြည့်လို့ ..ယူနီဖေါင်းချွှတ်ရတော့ သူ့ နောက် ဥိးစိးချုပ်လုပ်ရသူ နစ်ဥိးဟာ..( ၂..၃.) နစ်အကြာမှာ ထပ် အသက်ခြောက်ဆယ်ပြည့်လို့  ဥိးစိးချုပ် ခဏခဏ ပြောင်းရတာ..နိင်ငံတော်လုံခြုံရေးအတွက် မကောင်းလို့ ..ဥိးစိးချုပ်စောမောင် အနားယူရင်..အချိန်ကြာကြာ ဥိးစိးချုပ်ခန့် နိုင်ဖို့ ...အသက်ငယ်ရွယ်သူကို အရှာခိုင်းတော့...လူက ရိုးရိုးအအ ဟန်ဆောင်ကအကောင်း....တိုင်းမှုး ဘ၀မှာကို..အိမ်မှာ တကယ်ကြက်မွှေးမြူရေးလုပ်တဲ့သူဆိုတော့...လူရိုးဘဲ ထင်ပြိး သူ့ ကိုရွေးလိုက်တာပါ ။



သူကလဲ လူလယ်လေ ။ တပ်မှုးကြိးများညစာစားပွဲမှာဆိုရင်..ဘီယာကို မသောက်တတ်လေယောင်ဆောင်ပြိး...ဘီယာကိုဆော်ဒါရောသောက်ပြိး မှုးပြတယ်လေ ။ အဲဒီလို လူလယ် ( လူလိမ် ) မသောက်တတ်တာမဟုတ်...မသောက်တတ်ချင်ယောင်ဆောင်ပြတာ ..အယောင်တောင်တာဟာ ( လိမ်တာ ) ဘဲလေ ။ ဥိးနေ၀င်း ဥပဒေကို လေးစား လို့ သူ ဥိးစိးချုပ်ဖြစ်လာတာကိုတောင် မထောက်ထားဘဲ....သူ့ အလှဲ့ ကျတော့..ဗိုလ်ချုပ်မှုးကြိး ဆက်လုပ်နေတာဟာ....သူကိုယ်တိုင်..မြန်မာ့ဥပဒေ..တပ်မတော်ဥပဒေကို ..ထင်သလို ချိုးဖေါက်နေတာဖြစ်ပါတယ် ။



ဒီနေရာမှာ...( ကျနော်ထောင်ထဲမှာဘဲ ..ရှိသေးတယ် ) ..ဥိးနေ၀င်းက...တကြိမ်မက..တ.စ.ည သူ့ တပည့်ဟောင်းတွေနဲ့ ဆုံတိုင်း..သန်းရွှေအကြောင်းပြောမိရာမှာ...ဟာဒီလူက..အာဏာက ဆင်းပေးတော့မှာမဟုတ်ဘူး...တို့ ..သန်းရွှေက အာဏာမက်နေတာမဟုတ်ဘူး ကြိုင်ကြိုင်က မက်နေတာ....ဖြုတ်ချမှ ရတော့မယ်..ဆိုတာမျိုးပြောမိ..ပြောတတ်ပါတယ် ။ အဲဒါကို ကြိုင်ကြိုင်က အခဲမကျေတော့...လံကျုတ်ဇတ်လမ်းလုပ်ပြိးဖမ်းတာပါ ။



နောက်တခုက..တ.စ.ည တပ်မှုးဟောင်းကြိးတွေ ကတော်စောင်းကြိးတွေက ဥိးနေ၀င်းအာဏာမဂှိတော့ပေမဲ့ ..အဖေလို ကိုးကွယ်နေတာကို မနာလိုရှုစိမ့်တာလဲပါ..ပါတယ် ။ ပိုဆိုးတာက...သူတို့ တွေက..စန္ဒာဝင်းကို..လေးစားကြတာကို မခံချင်အဆုံး ပါဘဲ ။ ..၁၉၉၆ ခုနစ်..ဗိုလ်ချုပ်ကျော်ထင်နဲ့  ဗိုလ်ချုပ်စန်းယု..အာသုဘ နစ်ခု..နစ်ရက်ဘဲခြားပြိး..တော်လှန်ရေးနေ့ ဝန်ကျင်မှာ ဖြစ်လိုက်တော့...မကြိုင်သွားတာ...အများက သူ့ ကိုအလေးသိပ်မထား...မစန္ဒာ..မစန္ဒာ လုပ်နေတာ သိပြိး ဆက်မသွားတော့ဘူး ။ လှည့်ပြန်သွားပါတယ် ။ ဒီလောက်ဆို..အမြင်ကျယ်သူတွေ သဘောပေါက်ပါပြီ ။

ဒါပေမဲ့လမ်းမကြိးတွေမှာထောင်ထားတဲ့ ..ဆောင်ပုဒ်ကြိးတွေမှာ..( ဥပဒေကိုလေးစားပါ..လိုက်နာပါ ) ရေးထားတဲ့ ..ဆိုစကားတွေကိုလေးစားတာကြောင့်ကော..ကျနော်ဟာ ဥပဒေကိုမချိုးဖေါက်ချင်လို့ ..ဥပဒေဘောင်လွန်ပြိး...ဗိုလ်ချုပ်ဖြစ်နေသူ ဘယ်သူကိုမဆို..ခင်ဗျားတို့ က ကြောက်လို့ ဘဲခေါ်ခေါ် ( ဘာအကြောင်းပြချက် ) နဲ့ဘဲခေါ်ခေါ် ..အဲဒီလိုခေါ်နေတာဟာ...ခင်ဗျားတို့ ကိုယ်တိုင် ဥပဒေကိုချိုးဖေါက်ရာရောက်နေပါပြီ ။

ဥပမာဗျာ...ဆရာဝန်အတုတယောက်ကို..ခင်ဗျားတို့ က အတုမှန်းလဲသိတယ်..ထားပါတော့ ဆရာ ဆရာနဲ့ ခေါ်ကြရင်..သူ့ အကြောင်းမှန်ကိုမသိသူတွေက..ဆရာဝန်အစစ်ထင်ပြိးအားကိုးတကြိး ကုမယ်..ဒုက္ခရောက်ရင် ချင်ဗျားတို့  ပယောဂ မကင်းသလိုပေါ့ ။ မစစ်မှန်သူကို မခေါ်သင့်တာကို..မခေါ်ဆိုဖို့ ..ဘုရားဟောတွေထဲမှာကော...လက်ရှိဥပဒေထဲမှာလဲ ပြဒါန်းထားပြိးဖြစ်ပါတယ် ။

ဒီတော့ ကျနော်က ဥပဒေကို မချိုးဖေါက်နိုင်တော့...ဗိုလ်ချုပ်မှုးကြီး လို့ မပြောနဲ့အု့း..ဗိုလ်ချုပ်လို့ တောင် မခေါ်နိုင်ဘူး ။ တခါ ဥိးသန်းရွှေခေါ်ရအောင် သူကိုတိုင်က..သူ့ ကိုယ်သူ ဥိးသန်းရွှေ လို့ မှ အသိအမှတ်မပြုသေးတော့..ခေါ်စရာ..တခုဘဲရှိတော့တယ်လေ ။ သူတို့ တပ်ထဲကလူတွေ ၀န်ကြိးတွေ ..သူ့ ကို ဥိးသန်းရွှေလို့ ခေါ်ဝံ့သူ ရှိရဲ့ လား ။ မျိုးပါကန်းသွားနိုင်တယ် ။ ..ဒီတော့..သန်းရွှေ ဘဲပေါ့  ။

ဘွဲ့ ထူး ဂုဏ်ထူးတပ်ခေါ်ကျကြေးဆိုရင်...ဗိုလ်ချုပ်မှုးကြိးရာထူးကို ခိုးယူထားလေသူဆိုတော့...သူခိုးဗိုလ်ချုပ်မှုးကြိး လို့ ခေါ်ရမလား..ဗိုလ်ချုပ်မှုးသူခိုးကြိးလို့ ခေါ်ရမလား..အကြံသာပေးကြပါ ။

နောက် ဒုတိယ တခုရှင်းဖို့ လိုတာက..သူဟာ ဥပဒေကို ဘယ်လောက် (ေ-သာက် ) ရေးမလုပ်သလဲဆိုတာပါ ။ ၁၉၈၉ နစ်..မေလ..ဇွန်လလောက်မှာ..NLD လူငယ်တာဝန်ခံ..စိုးသိမ်း နဲ့ မသီတာ..တို့ ကိုယ်ဝန်ဖျက်ချမှုပေါ်ပေါက်ခဲ့ပါတယ် ။ ဒီနေရာမှာ..အဖွဲ့ ချုပ်ဘက်က အားနည်းတာလေးပါထောက်ပြလိုပါတယ် ။ အဖွဲ ချုပ်ဖွဲ့ ခါစ ကာလ မှာ...အဖွဲ့ ချုပ်ဟာ..န.အ.ဖ ကို ဟန်နဲ့ တော်လှန်ပြရဲသူကိုမှ ( ဆင်ဖမ်းမယ်...ကျားဖမ်းမယ်..မြွှေပွှေး ကစ်ဆင်ရိုက်မယ် ) ဆိုသူတွေကို..နိုင်ငံရေးသမားကောင်း..ခံယူချက်ပြည့်သူ ထင်ကြပုံရှိပါတယ် ။ အဲဒီလိုလူတွေကို နေရာပေးထားပါတယ် ။ ကျနော်က သူ့ ပုံတွေ စာမျက်နာပေါ်ပါလာတော့..( ဟာ..ဒီလိုဥပဓိ ရုပ်က သစ္စာရှိသူမဟုတ်ဆိုတာ တန်း ပြောနေမိပါတယ် ) မကြာပါဘူး..ကိုယ်ချစ်သူနဲ့ ရတဲ့ ကိုယ့်သားသမိးအရင်းကို ပြန်သတ်တဲ့ ( ဘီလူးထက်ဆိုးတဲ့လူစား ) လူယုတ်မာဆိုတာ သက်သေပြလိုက်ပါတယ် ။

အဲဒီမှာ ခင်ညွန့် တို့ က ခြုံထွင်ပါတော့တယ် ။ စိုးသိမ်းကော..မသီတာကိုကော..ကိုယ်ဖျက်ချပေးသူ..ဒေါက်တာဒေါ်ခင်ခင်( အသက် ရ၀-ခန့်ံ ) ကိုရော..ဒေါက်တာဒေါ်ခင်ခင်ဆီသွားလို့ ..နံမည်လေးညွှန်းမိသူ..ဒေါက်တာ ဦးဌေးကြွယ် ( မြောက်ဥက္ကလာ ) အပြင်..ကားနဲ့ပို့ သူအပါအ၀င်..နေမကောင်းလို့ ဆေးကုပေးသူ..( ရိုးရိုးအဖျားကျဆေးကုပေးမိသူတွေကိုပါ ) အကုန်ဆွဲ ဖမ်းပါတော့တယ် ။ ပြိးမသီတာကို..ဗဟိုအမျိုးသမိးဆေးရုံကြိးမှာ...သားအိမ်အတွင်းအပြင်..ဆေးစစ်ပါတယ် ။ သားအိမ်ကို ဆေးစစ်ပါတယ် ။ ဗဟိုအမျိုးသားဓါတ်ခွဲခန်းမှာကော...( C.I.D မှုခင်းဌာန ) ဓါတ်ခွဲခန်းမှာပါစစ်ပါတယ် ။ နစ်ဌာနစလုံးမှာ..ဖျက်ချထားတဲ့ လက္ခဏာ..ဆေးဝါး..ဘာမှမတွေ့ ပါဘူး ။

ဒီတော့ ပြန်လွှတ်လိုက်ပါတယ် ။ ဒါပေမဲ့..တဖက်လှဲ့ နဲ့ စိုးသိမ်း နဲ့ မသီတာကို ပြန်ဖမ်းမယ်..လို့ ညာသံပေးလိုက်ပါတယ် ။ တောခြောက်တယ်ပေါ့ ။ ဒီတော့ ကိုယ်တော်ချောက ပုန်းနေပါလေရော ။ အဲဒီမှာ စိုးသိမ်းအဖေပါဆိုပြိး..အဖွဲ့ ချုပ်ရုံးကို ဖုံးဆက်လာပြီး...စိုးသိမ်းအတွက်ပူပင်လို့ ဘာညာပေါ့ ။ ပြိးဥိးဝင်းတင်ကို တွေ့ ချင်တယ်ပေါ့ ။ ဥိးဝင်းတင်က အစည်းအဝေးထဲမှာမို့ ..ဘာမှမပူပါနဲ့  စိတ်ချရတဲ့နေရာမှာ..စီစဉ်ထားပေးပါတယ်ပေါ့..( တဆင့် ) ပြန်ဖြေလိုက်တယ် ။

နောက် နစ်ရက်နေတော့...နံနက်စောစောစိးစိး ( ၄.၀၀ နာရိလောက် ) မှာ...ဒေါ်ခင်ခင်..ဥိးဌေးကြွယ်..အပါအ၀င် တပြုံကြိးကိုလာဖမ်းပြိး...မနက် ၈.၀၀ နာရိမှာ..တရားရုံးကို စောဖွင့်ပြိး..တထိုင်ထဲ အမိန့် ချမှတ်လိုက်ပါတယ် ။ တခါချမှတ်လိုက်တဲ့အမိန့် ကလဲ...သူတို့ ကိုးကားတဲ့ ..ပုဒ်မ က..၃၇ ( ? ) ရာဇသတ်ကြိးပုဒ်မတွေ နဲ့ အကိုးအကားပါ ။ ဒါပေမဲ့ သူတို့ ကိုးကားတဲ့ ပုဒ်မက..ကိုယ်ဝန် ( ငါးလ အောက် ကိုယ်ဝန် ) ကို အများဆုံး..ထောင်ဒါဏ် ( ခြောက်လ ) ထက်မပိုစေရ ဆိုထားပါတယ် ။

သူတို့ ချလိုက်တာက..( ၁၀ ) နစ်ပါ ။ ဒီတော့ ကျနော်နဲ့ ..ဒေါက်တာ ဒေါ်ခင်ခင်ရဲ့ သား..ဒေါက်တာခင်မောင်လွင် တို့  အမိန့် ချမှတ်တဲ့ တရားသူကို သွားတွေ့ ပါတယ် ။ ဥပဒေစာအုပ်ကြိးနဲ့ ကိုင်ပြောတော့တာပေါ့ ။ အဲဒီမှာ တရားသူကြိး ( နံမည်တော့မေ့သွားပြီ ) က..မျက်စေ့မျက်နာပျက်ပျက်နဲ့  .( .ကျနော်ဘာမှ မသိရပါဘူး..အမှုက ဘာဆိုတာတောင် မသိရပါဘူး...မနက် ၆.၀၀ နာရီ အိမ်လာနိုးပြိး..အရေးကြိးအမှု တခုစစ်ရန်ဆိုပြိး စစ်ကားနဲ့ လာခေါ်တယ် ။ ထိုင်ခိုင်းတယ်...ပြိး ..စာအိပ်တခုပေးပြိး..ဖတ်ခိုင်းတာပါဘဲ )လို့ ဝန်ခံပါတော့တယ် ။ ( တရားသူကြိးက ပြောလိုက်ပါသေးတယ်.ကျနော်တောင် ဘာမှန်းမသိဘဲ ဖတ်နေတာမှာ..အများဆုံး ခြောက်လသာ ချနိုင်တာကို..( ဆယ်နစ် ) လို့ ဖတ်မိပြိး..တန့် သွားမိတာ ခင်ဗျားတို့ အားလုံး သတိထားမိလိုက်ကြပါတယ် ) ဆိုလာပါတယ် ။ ဟုတ်ပါတယ် ။ ဖတ်ရင်း တရားသူကြိး တန့် ကနဲ့ဖြစ်..ဟိုကြည့်..ဒီကြည့်ဖြစ်သွားပါတယ် ။

ဟုတ်ပါတယ် ။ မွေးခါနိးနိးကိုယ်ဝန်ကို ဖျက်ချရင်တောင်..အများဆုံးထောင်ဒါဏ်ကမှ...( ၃ ) နစ်ပါ ။ မသီတာကိုယ်ဝန်က..တလခွဲ ဘဲရှိသေးတော့..ထိုးဆေးထိုးပေးတာနဲ့တင် ပျက်ကျတဲ့ ကိုယ်ဝန်ပါ ။

အဲဒိတော့ တရားသူကြိးက...ဒါဟာ ဥပဒေ ဘောင်ကျော်တဲ့ဟာကို နိုင်ငံတော်အကြိးအကဲဆီစာတင်ပါဘဲ ညွှန်းလိုက်ပါတယ် ။ ဒီတော့ စောမောင်ဆိကော..သန်းရွှေ..ခင်ညွှန့် အကုန်တင်တာပေါ့ ။ ဘာမှ အကြောင်းပြန်မလာတော့..အမျိုးတော်..( အဲဒီတုံးက ဗိုလ်မှုး ) ကိုကျော်သိန်း(ထောက်လှမ်း ) ဆီကိုသွားတွေ့ ပြိး..ခင်ဗျားတို့ .ကိုးကားထားတဲ့ ..ရာဇသတ်ပုဒ်မ အရဆိုရင်..ခြောက်လ ထက်ပိုချ လို့ မရဘူး...ပြန်စဉ်းစားပေးပါတောင်းဆို ပါတယ် ။ ကိုယ်တော်...ဘာပြန်ပြောသလဲဆိုတော့...ဥပဒေစာအုပ်နဲ့လာကိုးကားတာမလုပ်နဲ့ .. ။ ပိုနာသွားမယ် ။ ကျုပ်တို့ က စစ်တပ် ဘယ်ဥပဒေမှ အရေးမလုပ်ဘူး ။ ကျနော်ကလဲ ဘယ်ရမလဲ..ဒါဆို..အမိန့် ထဲမှာထဲ့ရေးလိုက်လေ..ဥပဒေအရ ( ခြောက်ထက်မပိုရဆိုသော်လည်း..) ဆိုတာထဲ့ရေးလိုက်လေ ချဲတာပေါ့ ။ ခင်ဗျား ပြန်ပါ..ကျုပ် သွားစရာရှိတယ်လုပ် အိမ်ပေါ်တက်သွားတော့ပါတယ် ။

အဓိက ကတော့..မင်းတို့ ..ရာဇသတ်ကြိးကို ( -ီး ) ထင်တယ်ပြောလွှတ်သလိုဘဲ ခံစားနေမိတုံးပါဘဲ ။. ရှင်းနေပြိ...ဥပဒေကို (ေ-ာက်ရေးကိုမလုပ်တာနော် ) ။အဲဒီမှာ ရှိသေးတယ် ။ စိုးသိမ်းတို့ ကို ဖမ်းပြိး..တဆက်ထဲ ဥိးဝင်းတင်ကို..တရားခံပြေး ကို ကူညီ ၀ှက်ထားပေမှုနဲ့ ထောင်ဒါဏ် ( အများဆုံး ) ဆိုပြိး ( ၃ ) နစ်ချမှတ်လိုက်ပါတယ် ။ ဥိးဝင်းတင်ကို ဖမ်းချင်လို့ ..ဆင်တဲ့ အမှု ။ မတရား..အထောက်အထားမခိုင်လုံဘဲ အကွက်ဆင်လိုက်တဲ့အမှု ။ူသူတို့ ကို ခြောက်လသာချပြိး..တရားခံ ကို ၀ှက်ပေးသူကို..( ၃ -နစ် ) ချရင်..ရုပ်ပျက်ဆင်းပျက်ဖြစ်နေမှာမို့ ..ဥပဒေကိုကျော်လွန်ပြိး..ဆယ်နစ်မောင်းလိုက်တာပါ ။

မပြိးသေးဘူး...၁၉၉၂ ကျတော့...နိုင်ငံတော်လွတ်ငြိမ်းခွင့်ဆိုပြိး...စိုးသိမ်းအပါအ၀င်..အားလုံးကို..နစ်နစ်ကျော်ဖမ်းထားရာကနေ လွှတ်လိုက်ပါတယ် ။ ( ၃ .နစ် ) မောင်းထားသူ ဥိးဝင်းတင်ကို ဆက်ကာဆက်ကာ.အမှုဆင်လိုက်တာ...အနစ်..နစ်ဆယ်လောက် ဖြစ်သွားပါတော့တယ် ။

သန်းရွှေ က အဲဒီလို ဥပဒေကို..အလေးမထားတာ...ရှင်းတယ်နော် ။ တခါ အဖွဲ့ ချုပ်ဘက်က နာတာ...စိုးသိမ်း.. ( ကလေးဖျက်ချမှု ) ကို..၀င်မကူသင့်ပါဘူး ။ ကူတာ သူတို့ အမှား ။ ကူလို့ ဥိးဝင်းတင် ထောင်ချောက်မိသွားတယ် ။ စိုးသိမ်းက ထောင်က လွှတ်ပြိးတော့...နောက်ဆုံး..မန္တလေး..သပိတ်ကျင်းဘက်မှာ...ထွန်းကြည်အမျိုးတွေနဲ့ပေါင်း..ရွှေတွင်းလုပ် ချမ်းသာနေပါတော့တယ် ။ ကိုယ်ကြိုးကိုဥိးစားပေးတဲ့လူစားကို ကူမိလျှက်ဖြစ်ခဲ့တဲ့ နစ်နာမှုတွေပါ ။

ကိုယ်ဝန်ဖျက်ချမှုဆိုတာ မြန်မာပြည်မှာ..ကိုယ်ဝန်ဖျက်ချလို့ ဖမ်းတယ်ဆိုတာ...မရှိသလောက်အမှုကိစ္စပါ ။ မလွှဲသာ..လူသေတာဖြစ်ပြိး..မဖုံးနိုင်မဖိနိုင်ဖြစ်ကာမှ အမှုဖြစ်ကြတာပါ ။ အဲဒီလိုဖမ်းမယ်ဆို၇င်..ရန်ကုန်မြို့ လယ်ခေါင်က နံမည်ကြိးသားဖွားခန်းကြိးတခုမှာဆို..နေ့ စဉ် ဖျက်ချနေတာ...ဆယ်ယောက်မကဘူး ။ တောင်ဥက္ကာလာ..အားကစားကွင်းဘေး.( စစ်တပ်စွဲထားတယ်နော် ) ..တနေ့ တနေ့  အများကြိးဖျက်ချနေတာ. သတိပေးတာတောင် မလုပ်ပါဘူး ။

ထားပါတော့..

အခု စစ်မှုမထမ်းမနေရလုပ်လာပါတယ် ။ အခုမြန်မာနိုင်ငံမှာ...သူ့ ပါးစပ်ကဘဲ..ဘယ်ခေတ်ဘယ်အခါကမှ မရဘူးတဲ့ တိုင်းရင်သား..ဘယ်နစ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေးရထားတယ်ပြောတာလဲ..ဒီပါးစပ်...အခု စစ်မှုမထမ်းမနေရကို..လွှတ်တော်က အတည်ပြုအောင်ထိအောင်တောင် မအောင့်နိုင်တာလဲ ဒီပါးပါဘဲ ။ အခုငြိမ်းချမ်းရေးရနေပါတယ်ဆိုပြိး ဘာလို့  စစ်မှုမထမ်းမနေရအပြင်..နိုင်ငံတကာမှာ ကျင့်သုံးခြင်းလုံးဝမလုပ်တဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာ....စစ်မှုထမ်းပါမယ်လို့ နစ်စဉ်နစ်တိုင်း..စာတင်ရမယ် ။ မတင်ရင် ဖမ်းနိုင်းခွင့်ဆိုတဲ့ ဟာက..( ဒေါ်အောင်ဆန်းစုကြည့် ) တို့ ပြောပြောနေတဲ့..မတရားတဲ့ဥပဒေဟူသမျှ..တာဝန်အရဖီဆန်ကြ ဆိုထားတာမှာ....ဒီဥပဒေဟာ...မတရားမှုတွေအားလုံးရဲ့  ထိပ်ခေါင်ပါဘဲ ။

ကဲ..မတရားတဲ့ဥပဒေဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုသူတွေမှာတာဝန် ကျလာပါပြီ ။ ဒီဥပဒေအတည်ပြုလိုက်တာနဲ့ ..အလိုလို..စစ်ကျွှန်ဖြစ်သွားပါပြီ ။ စာမတင်တာနဲ့တင် ဖမ်းခွင့်ရှိသွားပါပြီ ။ စာတင်ပြန်ရင်လဲ..စစ်ထဲဆွဲ သွင်းခွင့်ပေးလိုက်ရပါပြီ ။ ( ရိုင်းရိုင်းပြောရရင်...စိတ်ထင်တိုင်း.( ဖ ) ချပါတော့လို့ ..ကုန်းပေးလိုက်ရတဲ့ဘ၀ ရောက်သွားပါပြီ ။ ရိုင်းတယ်မထင်ကြပါနဲ့ ...တွေးကြည့်ရင် ရင်နာစရာအလွန်ဖြစ်ရလို့ ပါ ။

ပိုဆိုးတာ ပိုလူပါးဝထားတာက...မြန်မာပြည်မှာ အခုထက်ထိ...အမျိုးသမိး လက်နက်ကိုင်တပ်ဖွဲ့ မရှိသေးဘဲ..မြေပေါါ်မြေအောက်..သက်ရှိအားလုံး..ကျားမ-မရွေး ငါတို့ ထင်တိုင်း.( မုဒိမ်း ) ကျင့် ခွင့်ပြုရေးလုပ်လိုက်တာပါဘဲ ။

ဒါဘာရည်ရွယ်ချက်လဲ စဉ်းစားမိကြပါသလား ။ သူ့ တာ၈တ် ( TARGET ) က ဘာလဲ ။ ရှင်းပါတယ် ။ နိုင်ငံရေးလှုပ်ရှားတဲ့ လူငယ်တွေကိုရွေးဆွဲမယ် ။ တပ်ထဲမှာ မတရားတင်းကျပ်မယ် ။ မလိုက်နာနိုင် ရင် ( စစ်ဥပဒေ ) နဲ့ ထောင်ချပြစ်မယ် ။ စစ်ရုံးက ချမှတ်တာကို...လွှတ်တော်က ၀င်စွက်ဖက်ခွင့်မရှိစေရဆိုထားတယ်လေ ။ တချို့ ကိုရှေ့ တန်းပို့ မယ် ။ စစ်ကြောင်းချီတက်ခိုင်းပြိး..ရန်သူအတုနဲ့  အပြတ်ရှင်းမယ်လေ ။

စစ်မှုမထမ်းချင်လို့ ပြည်ပထွက်ချင်ဖို့ တောင် မကြာခင် စစ်မှုမထမ်းသေးရင် မထွက်ရနဲ့ ကန့် သတ်လာပါမယ် ။ ထွက်ပြန်ရင်လဲ မတရားအခွန်တောင်းပါတော့မယ် ။ လာမှာပါ မပူနဲ့  ။ စစ်မှုထမ်းပြိးသူက အခွန်တမျိုး..လုပ်လာပါမယ် ။ ကြံ့ ဖွတ်ထဲဝင်မယ်ဆို၇င်..စစ်မှုထမ်းတာမကျအောင် လုပ်ပေးမယ်တွေ လာပါမယ် ။

ဒီတော့...ဒီမတရားလှတဲ့ ( မတရားတကာတို့ ရဲ့ ထိပ်ခေါင်. ).မတရားလှတဲ့ဥပဒေကြိးကို..ဒေါ်အောင်ဆန်းစုကြည် နဲ့ ဥိးဝင်းတင်တို့ ဘယ်လို ရင်ဆိုင်ပါမလဲ ။ တတိုင်းတပြည်လုံးထဆူအောင် ဆွှပေးနိင်မလား ။

ကျနော်မြင်တာလေး....ဒေါ်အောင်ဆန်းစုကြည်အနေနဲ့အမြင်တူမယ်...လုပ်ပေးလိုက်ရင်...တတိုင်းတပြည်လုံးတင်မက.. စစ်တပ်ကြိးတခုလုံးပါ ထဆူလာစေရပါမယ် ။ စစ်သားတွေရဲ့ လစာဟာ..အင်မတန် ( အာရှ မှာကို ) ရုပ်ပျက်ဆင်းပျက်နည်းနေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ ..စစ်သားတွေရဲ့ လစာကို..( ထိုင်းနိုင်ငံရဲ့  ထက်ဝက် ) လောက်ပေးနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးပြိး..မီဒီယာတွေပေါ်တင်ပေးလိုက်ပါ ။ သန်းရွှေ ထွက်ပြေးစေရပါမယ် ။ စစ်သားတွေကို...ရာသက်ပန် ကျွှန်လို မတရားသဖြင့် စာချုပ်နဲ့ ချီနောင်တုတ် ခိုင်း...စစ်မြေပြင်မှာသေတော့...အလောင်းတောခွေးစားတာ ခံရ ။ ကျန်ရစ်သူမိသားစုကတော့..နောက်ဆုံး..သူများမယားငယ် ခံကြရ..အများစုကတော့..ပြည်တန်ဆာဘ၀ ထဲရောက်သွားကြရတာတွေ ကိုစာရင်းကောက် ထုတ်ပြန်ပေးဖို့ လိုပါတယ် ။

အလုပ်သမားတွေအတွက် အနိမ့် ဆုံးလုပ်( နေ့ စား လုပ်ခ ) ကို ဘယ်လောက်သတ်မှတ်သင့်တယ် ကြေငြာလိုက်ပါ ။ အလုပ်သမားထုကြိး ထဆူလာစေရပါမယ် ။ ချကြပါ ပြောစရာမလိုပါဘူး ။ မဆူအောင်သူတို့ လစာတိုးပေးရရင်လဲ..ကိုယ်လုပ်ပေးလို့ ဆိုတာ ပြည်သူတွေက ( အ အ ) တွေမှမတုတ်တာ သိတာပေါ့ ။ ဘယ်သူကြောင့်ငါတို့ အဆင်ပြေလာတယ်ပြောလာကြပါမယ် ။ သိပါတယ် ။

လစာ..နဲ့ လုပ်ခတိုးပေးလိုက်တာနဲ့  ..န.အ.ဖ ငွေပိုတွေ ဖေါက်ထုတ်ခံလိုက်ရတာပါဘဲ ။ သူတို့ အတွက် ( ဆုတ်လဲဆူး..စားလဲရူး DILEMMA ) ဖြစ်အောင်ကိုင်တတ်ရပါမယ် ။ အခု အဖွဲ့ ချုပ်က စိးပွားရေးပိတ်ဆို့ တာကို...ဆက်လုပ်ဖို့ တောင်းဆိုတာ..ပြည်သူတွေ ကိုမထိခိုက်ဘူးဆိုတာ ကတော့ ..မှားနေပါတယ် ။ န.အ.ဖ တွေကို ထိပါတယ် ။ သူတို့ ကို ထိ သွားလို့ ဘာမှမဖြစ်ပါဘူး ။ တနစ်ကို..ဒေါ်လာနဲ့..ဆယ်သန်းမမြတ်တာဘဲရှိမယ် ။ ဒေ၀ါလီ ခံစရာအကြောင်းမမြင်ပါဘူး ။ ပြည်သူတွေကို အလုပ်အကိုင် ရှားပါးနေရတဲ့အခါမှာ..ပြည်သူတွေကို မထိခိုက်ပါဘူးဆိုတာဟာ....ကျနော် ပြည်သူတွေထဲ ကျင်လယ်လာခဲ့သူပါ ။ ထထြဲဝင်ဝင် တနေ့ လုပ် တနေ့ စားပြည်သူတွေကို တကယ်ကိုယ်တွေ့ မေးကြည့်ကြပါအု့း ။

အခု..ခေတ်က အမေရိကန်လုပ်ငန်းရှင်တွေက ၀င်လာချင်ရင်..တခြားတနိုင်ငံကနေ ၀င်လာလို့ ရနေတာဘဲ ။ အခုမြန်မာ ပစ္စည်းတွေလဲ ကြားခံနိုင်းငံတွေကနေ ထွက်နေတာဘဲ ။ မြန်မာလူထုက လုပ်ရပြိး လုပ်ခ ပိုနာတာဘဲ အဖတ်တင်တာပါ ။ အခု ထားဝယ်ရေနက်ဆိပ်ကမ်း ကို အဖွဲ့ ချုပ်က့ တားလို့ ရနိုင်မလား ။ ဒေါ်လာ..( ဘီလျှံပေါင်း ) ၁၂၀ အထက်ဝင်လာမှာပါ ။

နောက်တခုက တနေ့ တခြားမြန်မာတွေ ပြည်ပ ထွက်လုပ်တာ ပိုပိုများလာတာ..စိးပွားရေး ထိခိုက်တာရဲ့  ..အခက်အလက်တွေ မဟုတ်ပါဘူး ငြင်းချင်ပါသလား ။

အဖွဲ့ ချုပ်ဟာ..န.အ.ဖ ကို တကယ် က ပူးကပ်ပြိး သတ်ရမှာပါ ။ အလဲမထိုးနိုင်ရင် ပူးသတ်ရပါမယ် ။ န.အ.ဖ ဟာ အဖွဲ့ ချုပ်ကို ငဖယ်တေ တေလာခဲ့တာ အကြိမ်းပေါင်း များစွာ ။ အဖွဲ့ ချုပ်က န.အ.ဖ ကို ထိုးနက်နိုင်ခဲ့တာ မရှိသလောက်ပါ ။ တကယ်တော့ ..န.အ.ဖ ဟာ ဖန်( မှန် ) အိမ်ဆောက်ထားသူ နဲ့တူနေပါတယ် ။ အဖွဲ့ ချုပ်က..တဲအိမ်နဲ့  တူနေပါတယ် ။ မှန်အိမ်ထဲက လူက တဲအိမ်ကို ခဲ နဲ့ အကြိမ်ကြိမ် ထုနေတာကို..တဲအိမ်ကလူက ပြန်မထုရဲ တာပါ ။ အင်္ဂလိပ်အဆိုလေးရှိတယ် ။ မှတ်မိသလောက်လေး ရေးရရင် ( DO NOT THROW STONES TO OTHERS , IF YOU LIVES IN A GLASS HOUSE ) ကိုယ်က မှန်အိမ်မှာနေရင် သူတပါးကို..ခဲနဲ့ မထုပါနဲ့ တဲ့ ။

န.အ.ဖ ဟာ.မှန်ပါးပါးလေးနဲ့ ဆောက်ထားသလိုပါဘဲ ။ မူဝါဒ ကမရှိ ။ အလိမ်တွေ အင်တွေ အညာတွေ ။ ဟိုနိုင်ကို တမျိုးပြော..ဒီနိုင်ငံကို တမျိုးညာ..နဲ့ လိမ်ညာဖါထေးနေရတဲ့ အခြေအနေပါ ။ တကယ် နိုင်ငံရေး အမြင် ကျယ်ကျယ် နဲ့ သု့းသပ်ပြိး ကိုင်တတ်ရင်...ကော့နေအောင်..အရှိုက်ကို ထိုးချလို့ ရပါတယ် ။ ကျနော် ၂၀၀၅ --ဒီဇင်ဘာ..ခရစ်စမတ် ရက်ပိုင်း..VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်ကနေ..ငါးမိနစ်မရှိပါဘူး..ပြောလိုက်တာလေး ( သူငယ်ချင်းဆရာဝန်ပါမောက္ခကြိးတွေ လစာ ဟာ.တလမှ..ဒေါ်လာအားဖြင့်.၁၂ ဒေါ်လာဘဲရတာ ကမ္ဘာသိအောင် လုပ်ပါလေးပြောလိုက်ပါတယ် ။)

န.အ.ဖ ဟာ..ချက်ချင်း..လစာတိုးဖို့ ဆုံးဖြတ်ရတယ် ။ ၂၀၀၆ ဘတ်ဂျက် နစ်အသစ်မှာ တိုးလိုက်တာ...တိုးပြိး..၉-လ အတွင်း စစ်ဗိုလ်တွေ..၁၁၀၀၀ ( တစ်သောင်းတစ်ထောင် ) ကျော်ဖြုတ်ရ..နောက်ဆုံး..လောင်စာဆီဈေးတင် ယူရတော့တာ..ကိုမင်းကိုနိုင်တို့ ..ပညာသားပါပါ...( ပါးပါးလေး ) လည်လှီးထဲ့ တာ ခံလိုက်ရပါတယ် ။ အဲဒီမှာလဲ..အဖွဲ့ ချုပ် ရဲ့ တိုက်ကွက်..ကစားကွက်.. ထိုးနက်ချက် မပါခဲ့ပါဘူး ။ ကိုမင်းကိုနိုင်တို့ ကို ကျနော် တော်တော်လေးကို လေးစာသွားပါတယ် ။

အဲဒီတုံးက လစာတွေ တိုးပေးပြိးတာတောင်...ဆော်စရာတွေ ရှိနေပါတယ် ။ ကမောက် ကမ ဖြစ်နေတာတွေကို မီဒီယာကြိးတွေကို မေးပို့ ပါတယ် ။ ၀ိုင်းမဆော်ကြလို့ ပါ ။

ဥပမာ..တခု...လက်ထောက်ကထိက ( ဆရာဝန် ) တယောက်လစာဟာ..လစာတိုးပေးပြိးနောက်..၈၅၀၀၀ ( ကျပ် ) ။ ထားပါတော့ အိမ်ထောင်ရှိမယ် ။ သားသမိး နစ်ယောက်ဘဲထား ။ ကျောင်းစားရိတ်..အိမ်စားစရိတ်..ရေဖိုး..မိးဖိုး..ဘာညာ..မလောက်နိုင်ပါဘူး ။ ထားပါအုံး..ကားတစိးတော့ရှိတယ် ။ ကားအတွက် ဓါတ်ဆီခွဲတမ်းက..တလ..၈ါလံ ( ၆၀ ) ..အစိုးရဆိုင်က ဓါတ်ဆီဈေးက ..တစ်ဂါလံ.၂၅၀၀-ကျပ်ဗျာ...သူရတဲ့ လခ က အစိုးရဆိုင်က ဓါတ်ဆီကို ထုတ်ဖို့ တောင် မလောက်ဘူးလေ ။ ဂါလံ ( ၆၀ ) ထုတ်ဖို့ ငွေ..၁၅၀၀၀၀-ကျပ်လိုနေတာလေ ။ အဲဒီလို ကမောက်ကမ ဖြစ်နေတာ..မီဒယာကြိးတွေ ဆီမေးပို့ ပါတယ် ။ ဘာမှအကြောင်းမပြန်ပါဘူး ။ အရေးမပါတာတွေ လို့ တောင် ပြောနေကြမလားမသိဘူး ။ ကျနော်ကိုတောင် ငကြောင် လုပ်နေကြပါမယ် ။ ငါတို့ လို ကျွှမ်းကျင်သူ..ပါရဂူကိုလာပြိး..အကြံပေးရအောင် ..မင်းကိုယ်မင်းဘာကောင်ထင်နေသလဲ လုပ်နေကြပါမယ် ။

၂၀၀၆ ထဲမှာ..အခု..ဘီဘီစီ မှာလုပ်နေသူတဥိးကတော့.( အသိပါ ) ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ ..ကောလာပါတယ် ။
အခု အဖွဲ့ ချုပ်က...စိးပွားရေးပိတ်ဆို့ တာကိုထောက်ခံရင်...ငတ်နေတဲ့ပြည်သူတွေ..က တမျိုးမြင်ကြပါမယ် ။ ကျနော် က တကယ်လုပ်စေချင်တာက..အဖွဲ့ ချုပ်အနေနဲ့ ..စိးပွားရေးကို..ဖွင့်ပေးဖို့ ..အနောက်နိုင်ငံတွေနဲ့ ညှိစေချင်တယ် ။ ( ဒါပေမဲ့ ) ဒီ..ဒါပေမဲ့က အသက်ဘဲ ။ စက်ရုံတခုက..အလုပ်သမားတွေကို..တနေ့ လုပ်ခ..( အနိမ့်ဆုံး )..လေးဒေါ်လာ..နဲ့  အလုပ်ချိန်ကို...ရှစ်နာရီ ..နဲ့  အလုပ်သမား..အခွင့်အရေးအာမခံတဲ့ ကုမ္မဏီ ဖြစ်မှတင်သွင်းခွင့်လက်ခံရမယ် ( ဆို တဲ့ ) ချက်ကလေးခံထားရပါမယ် ။

ပိုပိုလိုလို...တိုင်းပြည်မှာ ..ကိုယ့်ပြည်က ထွက်တဲ့ ( ဓါတ်ငွေ့ နဲ့  ) စွမ်းအင်ပေးနိုင်တဲ့တနေ့ မှ ဆိုတာပါ ထဲ့ထားလိုက်ပါလား...န.အ.ဖ ကော့သွားစေရမယ် ။ အလုပ်သမားတွေ လုပ်အားခ တိုးလိုက်ရတာနဲ့ .စစ်သားတွေကို သူတို့ လစာတိုးပေးရပါတော့မယ် ။ တခုပြိးတခု..ဆင့်ကဲ ဆင့်ကဲ...ဒိုမီနို ကစားသလို ရိုက်ခတ်သွားစေရပါမယ် ။ ဘာမှတပြည်လုံး ထဆူစရာမလိုပါဘူး ။
ဒါကို န.အ.ဖ က ဆောင်းပါးနဲ့ တောင် ပြန် မရေးနိုင်စေရပါဘူး ။ ဒါကို ကန့် ကွက်ရင်တပြည်လုံး..ထဆူလာပါမယ် ။

အချုပ်အားဖြင့်...န.အ.ဖ က အခု တပြည်လုံးကို လည်မျိုညစ်လာပါပြီ ။ ဂဏန်းလက်မ က လည်မျိုကိုညှပ်ဖို့  လည်ကို..ရောက်နေပါပြီ ။ မတရားမှု တကာတို့ ရဲ့ ထိပ်ခေါင်...ကမ္ဘာ့အဆိုးဝါးဆုံး..မတရားမှုကြိးပါ ။ အဖွဲ့ ချုပ်ရဲ့ ဆောင်ပုဒ်...မတရားတဲ့ အမိန်အာဏာဟူသမျှ...တာဝန်အရ ဖီဆန်ကြ ။ အဲဒီဆောင်ပုဒ်ကို ဖြုတ်လိုက်ပြီလို့ တော့မသိသေးပါဘူး ။ ရှိနေပါအုံးမယ် ။

အခု ဘာလုပ်ကြမလဲ ။ မှန်အိမ်ကို ခဲသေးသေးလေဒးနဲ့ ထုရင်ကို..( ဂွမ် ..ချလွှမ် ) မြည်ပါမယ် ။ ထုမှာလား..ငုံ့ ခံနေမှာလား...ပြည်သူတွေက အကဲခတ်နေကြပါပြီ ။ အဖွဲ့ ချုပ်ရဲ့  နိုင်ငံရေး အသက်ဟာ..အခုဥပဒေ ပေါ်မှာ..ဘယ်လို တုံ့ ပြန်မယ်ဆိုတာပေးမှာ မူတည်နေပါပြီ ။ နိုင်င့ရေး အမြင်ရှိသူတွေကို..တပ်ထဲဆွဲသွင်းပြစ်မယ်ဆိုတာ နဲ့ ဟန့် ထုတ်ပစ်ဖို့ လုပ်လာတာပါ ။ ယောင်လည်လည် လုပ်နေလို့ မရတော့ပါဘူး ။

နောက်တခုက...နာဂစ်ဥပဒေဟာ....ပြင်လို့ မရအောင် ဘောင်ကွတ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီဥပဒေကြီးကို အဖွဲ့ ချုပ်က ကစားတတ်ရင်..ပြိုကျသွားပါမယ် ။ ဘယ်လို ဖြိုရမယ်ဆိုတာ န.အ.ဖ ဆိုတာ ဖျက်သိမ်းပြိးချိန်ကျရင် တင်ပြပေးပါမယ် ။ အခုနေ တင်လိုက်ရင် ကြိုကန်တာလုပ်လာနိုင်ပါတယ် ။ အဖွဲ့ ချုပ် ပါဝင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် လွယ်လွယ်နဲ့  ဖြိုချနိုင်ပါမယ် ။

ကျနော်တို့ က ပြည်ပရောက်နေပါပြီ ။ ဒီမတရားလှတဲ့ ..ဘယ်နိုင်ငံမှာမှ မကျင့်သုံးတဲ့  ..ဒီဥပဒေကို တော်လှန်ဖို့ ..ကျနော်အားလုံးမှာ တာဝန် ရှိပါတယ် ။ နောက်ဆုံးဗျာ..မရရင်..ယုတ်မာပြရပါတော့မယ် ။ ယုတ်မာမှ ရမဲ့အခြေအနေ ရောက်လာရင် ယုတ်မာတာ မခက်ပါဘူးဗျာ ။ လွယ်ပါတယ် ။ လူလဲများများကို မလိုဘဲ..ယုတ်မာပြပါမယ် ။ ဒီနည်းကို လူတွေ ကို မပြကောင်းလို့ ..မြိုသိပ်နေတာပါ ။ မဖြစ်နိုင်လို့ မဟုတ်ပါဘူး ။

အားလုံးကို..တကယ်လို့ ကျနော်ရေးသားတာ ကြမ်းတယ်..ရိုင်းတယ်ထင်ရင်..နားလည်ပေးကြပါ ။ ကိုယ်ကိုကို..စစ်မှုထမ်းရမဲ့သူတယောက်နေရာကေန ၀င်စဉ်းစားပေးပါလို့ ပန်ကြားရင်း...

လှိုင်မြင့်

Tuesday, February 8, 2011

1 မြန်မာပြည်ကသတင်းဌာနများအတုယူနိုင်ဖို့ လေးစားစရာ နီပေါသတင်းဌာန


နိုင်ငံအတွင်းလျှပ်စစ်မီးများပြတ်တောက်မှုများအား သက်သေပြ၊ အလေးထားသည့် အနေဖြင့် နီပေါနိုင်ငံ၏
ထိပ်တန်းရုပ်မြင်သံကြားအသံလွှင့် ဌာနတစ်ခုမှ ညစဉ်သတင်းများအား မီရောင်မှိန်မှိန် ( မှောင်ရီဝိုးတစ်ဝါး )
အခြေအနေဖြင့် စတင်ပြီးထုတ်လွှင့် တင်ဆက်ခဲ့ ပါတယ်....

နီပေါနိုင်ငံ၊ ကန်တီပူရ် ရုပ်မြင်သံကြားဌာနမမှ ည ၇ နာရီတွင်ထုတ်လွှင့် သည့် မိနစ် ၃၀ ကြာ သတင်းအစီစဉ်များထုတ်လွှင့် ရာတွင် ( သတင်းဖတ်ကြားကြေငြာသူက ) ရေနံဆီမီးအိမ်ကိုသာအသုံးပြုပြီးကြေငြာနေသည်ကို ယခုဖေဖော်ဝါရီလ မှစတင်ပြီး ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်...

ကန်တီပူရ်သတင်းဌာန အကြီးအကဲက ယခုကဲ့သို့ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကတော့ ဖြစ်ပျက်နေသည့် (မီးမမှန်မှု) ပြဿနာကို နီပေါအစိုးရအနေနဲ့ အရေးယူဆောင်ရွက်ဖြေရှင်းနိုင်ရန်ဖိအားပေးသည့် အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ ပါတယ်...

ယခုအခါနီပေါနိုင်ငံတွင် တစ်နေ့ လျှင် ၁၂ နာရီမီးပြတ်လျှက်ရှိပါတယ်..." အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားများပိုမိုထုတ်လုပ်ပေးဖို့ ကျွန်ုပ်တို့ ဆန္ဒရှိပါတယ်...ယခုအထိတော့ ( ဒီအစီအစဉ်နဲ့ ပါတ်သက်ပြီး ) ပရိတ်သတ်ဆီက အလွန်အပြုသဘောဆောင်တဲ့ တုံ့ ပြန်မှုတွေရပါတယ်...ဒါပေမယ့် အစိုးရထံမှတော့ ဘာမှမတုံ့ ပြန်သေးပါဘူး..." လို့ ရုပ်မြင်သံကြားသတင်းဌာနအကြီးအကဲ တာသာကိုရာလာ ကပြောကြားခဲ့ ပါတယ်...

ဗမာပြည်ဖွား ညီနောင်များမှ မျှဝေပါတယ်..

0 နေပြည်တော်ကလွှတ်တော်အမတ်ဆိုတဲ့သူတွေ နာဂစ်ဒေသကပြည်သူတွေရဲ့ဘ၀ကိုကြည့်ကြပါဦး

နာဂစ်ဒေသက ကြွက်ကို ဟင်းလုပ်ပြီးစားနေတဲ့ အိမ်ရှင်မတဦး။
နာဂစ်ဒေသက ကြွက်ကို ဟင်းလုပ်ပြီးစားနေတဲ့ အိမ်ရှင်မတဦး။ ဒန်အိုးထဲမှာ ကြွက်နှစ် ကောင်၊ အမြီးတွေက ထိုးထိုးထောင်ထောင်၊ ၀င်ငွေမရှိတဲ့အချိန်မှာကြွက်က သူတို့အတွက် ဟင်းလျာတဲ့။ ကြွက်ကို အရေခွံချွတ်ဖို့ ရေနွေးနဲ့ပြုတ်နေတာလေ။ လပွတ္တာ၊ ဆားချက်ကျေး ရွာမှာပေါ့။
 လယ်ကြွက်က ပလိပ်ရောဂါကင်းတယ်လို့ ဘယ်ပညာရှိကများ ဟောခဲ့ပါသလဲ။ ကြွက်တိုင်းမှာ ပလိပ်ရောဂါရှိနိုင်ပါတယ်။ ကြွက်တိုင်းမှာ လူကို ကူးစက်နိုင်တဲ့ တိရိစ္တာန်ရောဂါတွေရှိပါတယ်။ လယ်ကြွက်ဆိုတာလည်း ကြွက်ပါပဲ။ စပါးသာ စားတဲ့ကြွက်မို့ ရောဂါကင်းတယ်။ မြို့ကြွက်က... ရောဂါကင်းတယ်ဆိုတာမျိုးတွေ က တောရွာတွေမှာ ပြောလေ့ရှိတဲ့ ဓလေ့စကားလို့ပဲပြောရမယ်။ ဟူးးးးးးး.......
နေပူတော်က လွှတ်တော်အမတ်တွေ ဒီပုံကို မြင်ချင်စမ်းပါဘိ။ ကိုရွှေပန်း၊ ကိုပြောင်စိန်၊ ကိုသီဟသကျ ဘင်အောင်မြင့်ဦးတို့ လာကြည့်လှည့်ပါဦးကွယ်။

မြန်မာသတင်း သမားများကွန်ရက်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.