၂၀၁၁-ဖေဖေါ်ဝါရီလ(၁၃)ရက်-ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်ဂီတပွဲ
စစ်အာဏာရှင်လက်အောက် ဗမာပြည်သူများ လွတ်မြောက်ရေးနှင့် တရားမျှတမှု၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှား
ဆောင်ရွက်ရင်း မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမှန်တရားကိုမြတ်နိုးသော ဂီတအနုပညာရှင်များနှင့် နိုင်ငံရေးအင်အားစုများမှ “ ပိတ်လှောင်ထားသော စစ်အာဏာရှင်စနစ်နှင့် ချုပ်နှောင်ထားသောထောင်နံရံများအား ဂီတသံစဉ်ဖြင့် ရိုက်ချိုးချေဖျက်မည့် Unplugged ဂီတပွဲ ” ကိုပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေများ၏ လွတ်လပ်နေသော
အချိန်များကိုလာရောက် အသုံးပြုပေးပါရန် လေးစားစွာဖိတ်ကြားလိုက်ပါသည်။
နေ့ရက် ။ ။ ၁၃.၂.၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ ၆း၀၀ နာရီမှ ည ၉း၀၀ နာရီထိ
နေရာ ။ ။ အီကဲဘုကုရို ကူမင်စင်တာ (၆ ထပ်)
Ikebukuro Kumin Center, 6F ( East Stage )
အောက်ဖေါ်ပြပါ link မှလည်း ဂီတပွဲတော်အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှုအားပေးနိုင်ပါသည်။
http://www.ustream.tv/channel/mgbiruma
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်