Saturday, January 14, 2012

0 The Child Soldiers of Myanmar(ရုပ်/သံ)


အသက်အရွယ်မပြည့်သေးသော ကလေးစစ်သားလူငယ်တဦး၏ ၀မ်းနည်းကြေကွဲဖွယ်ရာ အရွယ်နှင့်မလိုက် ၊ခါးသီးစွာ ၊သူဖြတ်သန်းခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားတဲ့အဖြစ်အပျက်တခုပါ..
Men AtFifteen အားကျေးဇူးတင်ရှိပါသည်..

0 မြန်မာပြည်၏ လတ်တလော တိုးတက်ပြောင်းလဲမှုများအပေါ် သောကြာနေ့ကHillary Clinton ၏ ထုတ်ပြန်ကြေငြာချက် အပြည့်အစုံ(ရုပ်/သံ)


U.S. Department of State တွင် မြန်မာပြည်၏ လတ်တလော တိုးတက်ပြောင်းလဲမှုများအပေါ် သောကြာနေ့က Hillary Clinton ၏ ထုတ်ပြန်ကြေငြာချက် အပြည့်အစုံကို အများသူငါကြည့်ရှုနိုင်စေ ရန် Youtubeတွင်ပြန်တင်ပေးထားသည်။`၎င်း၏အဆိုအရ ယခုစနေတနင်္ဂနွေတွင် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖုန်းခေါ်ပြီး မြန်မာပြည်၏အခြေအနေကို ဆွေးနွေးကြမည်ဟု သိရသည်။ ထို့အပြင် ဩစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုအချို့ လျှော့ချခဲ့မှုအပေါ် CNN သတင်းထောက် က ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Ruddနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းထားမှုကို့ Youtubeတွင်ပြန်တင်ပေးထားပါသည်။ ဝန်ကြီး၏အဆိုအရ ဩစတြေးလျက အများ၏ဝေဖန်မှုကို အလေးထားသည့်နည်းတူ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်လည်း မြန်မာပြည်နှင့် ဆက်လက်ပူးပေါင်းသွားမည်ဟု သိရသည်။


ကနေဒါ သံအဖွဲ့ မြန်မာပြည်လာမည်

source: The Globe and Mail
ကနေဒါနိုင်ငံမှ သံအရာရှိအဖွဲ့သည် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ပြီး ကနေဒါ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားသင့်မည်လော၊ မည်သည့်အချိန်အတွင် ဖယ်ရှားသင့်သည် အစရှိသည်တို့ကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က သောကြာနေ့က နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ Canadian Friends of Burma အဖွဲ့ကမူ ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီစံနစ်နှင့် အလှမ်းဝေးကွာနေသေးကြောင်း သတိပေးထားသည်ဟု သိရသည်။

သတင်းထောက်နှင့် ဘလော့ဂါများ ဆက်လက်လွတ်ငြိမ်းခွင့်ရရန် စောင့်မျှော်

source: IFEX / RSF

Reporters Without Borders အဖွဲ့နှင့် Burma Media Association အဖွဲ့က သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့မှုကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။ DVB သတင်းဌါနအဆိုအရ `၎င်းတို့သတင်းဌါနမှ သတင်းထောက်များအားလုံး ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။ သို့သော်Reporters Without Borders အဖွဲ့က ဧပြီ ၂၀၁၀က အထိန်းသိမ်းခံခဲ့ရသည့် ဘလော့ဂါ ကိုကောင်းမြတ်လှိုင် (နတ်ဆိုး) နှင့်အတူ အောက်ဖေါ်ပြပါ သတင်းထောက်များ၏ လွတ်မြောက်မှုသတင်းတို့ကို စောင့်မျှော်လျက်ရှိကြောင်း သိရသည်။

၁. ၁၃ အောက်တိုဘာ ၂၀ဝ၉ တွင် ထိန်းသိမ်းခံရ - ညီညီထွန်း - ကန္တ္တာရဝတီ သတင်းဂျာနယ်
၂. ၁၈ ဇွန် ၂၀ဝ၉ တွင် ထိန်းသိမ်းရ - ဇော်ထွန်း - အလွတ်သတင်းထောက်
၃. ၂၈ ဩဂုတ် ၂၀ဝ၇ တွင် ထိန်းသိမ်းခံရ - ဝင်းစိုင်း - ဓါတ်ပုံသတင်းထောက်
၎. ၂၄ မတ် ၂၀ဝ၆ တွင် ထိန်းသိမ်းခံရ - ဦးသောင်းစိန် - အလွတ်ဓါတ်ပုံသတင်းထောက်
၅. ၂၄ မတ် ၂၀ဝ၆ တွင် ထိန်းသိမ်းခံရ - ကိုမိုးထွန်း - ဓမ္မရံသီ
၆. ဖေဖေါ်ဝါရီ ၂၀ဝ၄ တွင် ထိန်းသိမ်းခံရ - နေမင်း - အလွတ်သတင်းထောက်
၇. ၁၇ ဖေဖေါ်ဝါရီ ၁၉၉၈ တွင် ထိန်းသိမ်းခံရ - အောင်ထွန်း - အလွတ်သတင်းထောက်။

မောင်သစ်စိမ်း(MMCP)

0 မန္တလေးထောင်မှလွတ်မြောက်လာသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုလှမျိုးနောင်.ကိုဂျင်မီတို့ရဲ့ သဘောထားအမြင်များ


Burma vj media network

0 လွတ်အဓိဋ္ဌာန်



လွတ်အဓိဋ္ဌာန်
၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက်(၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သား/သူတို့အား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ လှူဒါန်းမှုများပြုရန်အတွက် သွားရောက် ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အလုပ်များ မအားလပ်သည့် ကြားမှ အဓိဋ္ဌာန်ခရီး ထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား(၃)ဦးနှင့် အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက်(၅)နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက် ပြည်မြို့ သရေ ခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိဋ္ဌာန်ပုတီး (၁၀၈) ပတ် စိတ် ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးနီးပါး လွှတ်ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။ မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား သွားရောက်၍ ကျင့်ခဲ့သည်။

ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တစ်ယောက် အောင်လံမြို့သို့ ရောက်နေကြောင်း၊ မကြာမီ အချိန်အတွင်း ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ည (၈း၀၀ )နာရီအချိန်တွင် တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေ မြတ်စွာဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ် ပြီးစီးသည်နှင့် (၉း၀၀) နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။

ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထားသော အတွင်းတီရှပ်အား ဖွင့်လှစ်ပြရာ "လွှတ် … ယုံကြည်ချက် အကျဉ်းသား" တီရှပ်အကျီအား "လွှတ်" ဟူသောစာသားမှ ဟတ်ထိုး အက္ခရာအား ဆေးဖြူပိတ်ထား၍ "လွတ်" ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့် သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်" ဟူ၍ သုံးကြိမ်သုံးခါ ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား “ကျန်းမာပါစေ .. ချမ်းသာပါစေ” ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တစ်ခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ ၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင် ဆက်လက်၍ ကျင့်ကြံ အားထုတ်သွားမည် ဖြစ်သည်။ အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား “လွတ်” အဓိဋ္ဌာန်ကျင့်စဉ် ဟု အမည်နာမ တပ်လိုက်ချင်တော့သည်။

(နာရေးကူညီမှုအသင်း ရန်ကုန်)

0 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် မှ အောင်လံမြို့တွင်ပြောကြားသောနူတ်ခွန်းဆတ် မိန့်ခွန်း


0 မြောင်းမြထောင်က ပြန်လည်လွတ်မြောက်လာတဲ့ .(၂၀၀၇)ရွှေဝါရောင်ခေါင်းဆောင်အရှင် Gambira


ပြီးခဲ့တဲ့လ တုန်းက ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ပြည်ပမီဒီယာများမှ ဆက်တိုက်ရေးသား ခဲ့သော်လည်း...ယနေ့ကျန်းကျန်းမာမာထွားထားကြိုင်းကြိုင်း မြောင်းမြထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ... ရွှေဝါရောင် ခေါင်းဆောင်အရှင် Gambira ....
Photo..ဒီမိုဖက်တီး facebook

0 FREEDOM သီချင်း( ၈၈မျိုးဆက်ကျောင်းသားများ၏တချိန်ကလှုပ်ရှားမှုပုံရိပ်များ)

0 မန္တလေးအိုးဘိုထောင်က လွတ်မြောက်လာသည့်သံဃာတော်များ အိုးဘိုထောင်ရှေ့မှာပင်လူဝတ်မှ သင်္ဃန်းဝတ် ပြန်လဲခဲ့


Tin hlaing.Nyo GyiFacebook

0 ပြန်လည်လွတ်မြောက်လာကြသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ပုံရိပ်များ


ကိုမင်းကိုနိုင်နှင့် ဦးကျော်သူ ပြည်မြို့၌ တွေ့ဆုံစဉ်။

ကိုမင်းကိုနိုင်က အောင်လံမြို့ ကမ်းနားလမ်းနှင့်ဘုရားလမ်းထောင့်တွင် လူထုသို့စကားပြောနေစဉ်။

ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော ဦးကိုကိုကြီး

ဘူးသီးတောင်အကျဉ်းထောင်မှလွတ်မြောက်လာသော ကိုဌေးကြွယ်ကို တွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသော ကိုဂျင်မီအားကြိုဆိုနေသည့် မနီလာသိန်းတို့နှင့် သမီးငယ်တို့အားတွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများအား တွေ့ဆုံနှုတ်ဆက်ရန် ရောက်ရှိလာသည့် ရွှေည၀ါဆရာတော်နှင့် ကိုဂျင်မီကိုတွေ့ရစဉ်

ကိုပြုံးချိုအား မိဘနှစ်ပါးနှင့် ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသော ကိုမြအေးအား တွေ့ရစဉ်
Photo.7Day News Journal.Eleven media group

Friday, January 13, 2012

0 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုကြ

mkn
ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။

သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည် ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။

(EMG)

0 အကျဉ်းထောင်များမှ ယနေ့  လွတ်မြောက်လာသူများ စာရင်း။

သရက်အကျဉ်းထောင်မှ ဒီကနေ့ မနက် ၁၀ နာရီအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် သရက်မြို့ခံ ပြည်သူလူထုအား နှုတ်ဆက်စကား ပြောကြားနေမှု (dvb)

ဖားအံထောင်မှ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ ဘလော့ခ်ဂါနေဘုန်းလတ်နှင့် ဆက်သွယ်မေးမြန်းချက်(DVB)
ZAW THAT HTWE WIFE-INTERVIEWS by dvbradio
တောင်ကြီးထောင်က ဒီကနေ့ပြန်လွတ်လာတဲ့ အားကစာသတင်းအယ်ဒီတာကိုဇော်သက်ထွေး ကို ဒီဗွီဘီသတင်းထောက်ကိုထွေးက မေးမြန်းထားပါတယ်၊(DVB)

တောင်ကြီးထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အင်တာဗျုး (DVB)
<
သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၅၉ ဦးဇေယျ
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်
၉၄ ကိုမြတ်ကို (GW)
ဆက်လက်ဖော်ပြပေးပါမည်

0 နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသောဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲတွင် ပြောစကားများ(အပြည့်အစုံ)



Photo..The voice weekly


အခုလွတ်လာတဲ့အတွက် စိတ်ထဲမှာပျော်တော့ပျော်တာပေါ့။ မိသားစုတွေလည်း ပျော်တယ်။ ဆွေမျိုးသားချင်းတွေလည်း ပျော်ကြတယ်။ ဒါပေမဲ့ ကျန်တဲ့တပည့်တွေရှိသေးတယ်။ မလွတ်သေးတဲ့ တပည့်တွေနဲ့ လွတ်သင့်လွတ်ထိုက်သူတွေ ကျန်သေးတယ်။ အားလုံးလွတ်ရင်တော့ပိုကောင်းတာပေါ့။ လွတ်ပါစေလို့လည်း ဆုတောင်းတယ်။ ကျွန်တော်တို့ချည်းပဲ လွတ်မြောက်လာတယ်ဆိုတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ စိတ်ထဲမှာ မထင်စေချင်ဘူး။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် အချိန်ကာလ တစ်ခုအတွင်းမှာ အားလုံး လွတ်မယ်လို့ထင်ပါတယ်။´
လက်ရှိအစိုးရအပေါ် သုံးသပ်ပေးပါ။
`လက်ရှိအစိုးရက ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လက်ရှိသမ္မတကြီးရဲ့ဆောင်ရွက်ချက်တွေ ဒီနှစ်ခုစလုံးဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်ပါတယ်´

ရှေ့ဆက်ပြီး ဘာလုပ်ဖို့ရှိသလဲ။

`အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေးနေချင်သေးတယ်။ သားတွေနဲ့မတွေ့ရတာ ၇နှစ်ရှိပြီ။ အခုမှ သားကြီးနဲ့တွေ့ရတာ´

နေအိမ်အကျယ်ချုပ်အတွင်း ဘာတွေလုပ်နေလဲ။

`ဘုရား၊ တရားပဲလုပ်တယ်။ ပြီးတော့ မာလီလုပ်တယ်။ ခြံထဲမှာ သစ်ပင်တွေ စိုက်တယ်။ ပန်းပင်တွေ စိုက်တယ်´

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သုံးသပ်ပေးပါ။
`ဒေါ်အောင်ဆန်းစုကြည်က အခု ရွေးကောက်ပွဲဝင်မယ်။ ပြီးရင် လွှတ်တော်ထဲရောက်မယ်။ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်တဲ့ သူတစ်ယောက် ရောက်သွားရင် နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ် အကျိုးရှိတဲ့ပုဂ္ဂိုလ် ပါတော့ကောင်းပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ပုံတွေကိုထောက်ခံပါတယ်´

၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။`၂၀၁၅ မှာ နိုင်ငံရေးပါတီဖွဲ့ဖို့လည်း မရှိပါဘူး။´

ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

`တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်တယ်။ လက်ရှိအစိုးရကလည်း စစ်အစိုးရမဟုတ် တော့ဘူး။ ဒီမိုကရေစီအစိုးရဆိုတော့ ဒီမိုကရေစီရဲ့ကျင့်စဉ်နဲ့သွားတော့မယ်။ ပြည်သူကလည်း ဒီမို ကရေစီကျင့်စဉ်တွေနဲ့ လုပ်ရပ်တွေကိုပဲ အားပေးနေတယ်။ လိုလားနေတယ်။ အဲဒီ့လိုလားချက်တွေ အတိုင်း ဖြစ်လာမယ်လို့ထင်တယ်။ တစ်ဖက်ကလည်း ဒေါ် အောင်ဆန်းစုကြည်က ပူးပေါင်းပါဝင်နေပြီလေ။ အဲဒါ အားပဲ။ အဲဒီ့အားတွေပေါင်းလိုက်ရင် တိုင်းပြည် အနာဂတ်က ကောင်းလာမယ်လို့ထင်တယ်´

`ရှေ့ဆက်တော့ အေးအေးဆေးဆေးပဲနေဦးမယ်။ ဘာမှ မစဉ်းစားသေးဘူး။ နောက်တစ်ခုက တိုင်းပြည်အတွက် ငြိမ်းချမ်းရေးပဲရစေချင်တယ်။ အခုလည်း လုပ်တော့လုပ်နေကြပါတယ်။ လက်ရှိသမ္မတကြီးရဲ့ ဆောင်ရွက် ချက်တွေက အင်မတန်ကောင်းတဲ့ဆောင်ရွက်ချက်တွေဖြစ်တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနဲ့ ပေါင်းလိုက်ရင် တိုင်းပြည်အနာဂတ်က ပိုကောင်းလာမယ်´

၁၉၈၈ ကနေ ၂၀၁၄ ကာလအတွင်း အပစ်အခတ်ရပ်စဲရေးမှာ one of the keep player အဖြစ် ပါဝင်ခဲ့တဲ့အခါ အဲဒီ့အကြောင်းနဲ့ ဒီဘက်အပိုင်းမှာ လုပ်နေတဲ့ ခြားနားချက်လေး။


`အဲဒါတွေက ပြန်လေ့လာရဦးမယ်။ အပြင်နဲ့ အဆက်အသွယ်ပြတ်နေတာ။ အပြင်မှာ ဘယ်လိုအခြေ အနေတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကောင်းတဲ့ဦးတည် ချက်မရှိဘဲ မကောင်းတဲ့ဦးတည်ချက်တွေဖြစ်လာရင် အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတ ကာက လုပ်ဆောင်လာရင် မီဒီယာကတစ်ဆင့် လူထုဘက်ကနေ ရပ်တည်မှာပါ။´

7Day News Journal o

0 ဂျပန်နိုင်ငံစီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး H.E Mr Yuki Edanoနှင့်ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဆိုင်ရာကိစ္စများတွေ့ဆုံဆွေးနွေး(ဓာတ်ပုံ)



Photo..www.sanyo.oni.co.jp

0 ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်း


0 ဒေါ်အောင်ဆန်းစုကြည်ကို Global Vision Award ဆုချီးမြှင့်(ရုပ်/သံ)


source: Asia Society
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်အခြေစိုက် Asia Societyက ဇန်နဝါရီ ၁၁ နေ့ (ဗုဒ္ဓဟူးနေ့)ညတွင် ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် Global Vision ဆုကိုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ဆုပေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်းမရှိသဖြင့် အခမ်းအနားသို့ မှတ်တမ်းတင်ဗီဒီယို ပေးပို့ထားကြောင်းသိရသည်။ ဗီဒီယိုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သည် ဒီမိုကရေစီရရန် တာစူနေကြောင်း၊ သို့သော် မရသေးကြောင်း၊ ထိုသို့ ဒီမိုကရေစီထွန်းကားရန် ပြုလုပ်နေမှုတွင် Asia Society ကဲ့သို့ မိတ်ဆွေများ၏ အကူအညီလိုအပ်ကြောင်း ပြောကြားထားသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း တွင်"အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်းကြေငြာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီးနိုင်ငံတော်သစ်တည်ဆောက်ရေးတွင်တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။
မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
Burma Vj medianetwork

နိုင်ငံရေး အကျဉ်းသားမိသားစုများ ၏ ခံစားချက်များ
ဇန်န၀ါရီ ၁၂၊ ၂၀၁၂၊ ည ၉နာရီခွဲ

ကိုဇော်သက်ထွေး ၏ ဇနီးဖြစ်သူ မခိုင်ချိုဇော်ဝင်းတင်၏ အသံ
“ ထောင်ကိုတော့ စာရင်းမရောက်သေးဘူး ကြားတယ်၊ သတင်းတွေကတော့ ကြားနေရတာပဲ၊ သေချာတယ်၊ မကြိုတော့ဘူး၊ ကိုဂျင်မီ၊ ကိုမြအေးတို့ အတူရှိတယ်၊ အတူတူပြန်လာဖို့ နကိုထဲကပြောထားတာ၊ မသွားတော့ဘူး၊ ဒီတခါတော့ သေချာသလောက်ပြောတာပဲ” လို့ YPI ကိုပြောပါတယ်။
...
မသဇင် (ရွှေသံစဉ် ကိုဝင်းမော် ဇနီး)

“ အားလုံးနီးပါး ပါတယ်တဲ့၊ ဦးခင်ညွန့်တောင် ပါတယ်တဲ့၊ ည ၁၁ နာရီလောက်မှ ကျောက်ဖြူထောင်ကို ထပ်ဆက်ကြည့်ဦးမယ်”

ကိုချစ်ကိုလင်း (နိုင်ကျဉ်းဟောင်းနှင့် မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသူ မသက်သက်အောင် ခင်ပွန်း)

” အတိုင်းမသိဝမ်းသာတာပေါ့ဗျာ၊ ကျွန်တော့်ဇနီး တယောက်ထဲ တွက်မဟုတ်ပါဘူး၊ ရဲဘော်ရဲဘက်တွေ အားလုံးအတွက်ပါ၊ အတူတူပြန်ဆုံပြီး အလုပ်တွေ ပြန်လုပ်ဖို့ အတွက်အများကြီး ၀မ်းသာပါတယ်” လို့ သူတို့ ခံစားချက်ကို ပြောဆိုပါတယ်။

Yangon press international

Thursday, January 12, 2012

0 လူ့တန်ဖိုး ကင်းမဲ့ခြင်း -
ဆောင်းပါးရှင်-ထိန်လင်း

ဒါပေမယ့် လူနာဟာ အသက်ရှူပုံ အနေအထားမမှန်တော့တဲ့ အနေအထား ရောက်နေတာတောင် အူရောင်ငန်းဖျားနဲ့ ငှက်ဖျား ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက် လောက်သာပေးပြီး အောက်ဆီဂျင်ပေးခြင်း၊ အစာပိုက်သွင်းခြင်း စတဲ့ ကုသမှုမျိုးတွေကို မပေးခဲ့ပါဘူး။ 

လူသည် သက်ရှိသတ္တဝါဖြစ်၏။ လူသည် အမှားအမှန် အကောင်းအဆိုးကို ဆင်ခြင်ဝေဖန်နိုင်စွမ်းရှိ၏။ ထိုထက်ပို၍ လူသည် ရည်မှန်းချက်ရှိသည့်အတိုင်း လုပ်ဆောင်နိုင်၏။

အထက်ပါအဆိုကို ကမ္ဘာပေါ်က လူများစုကြီးက လက်ခံပါလိမ့်မယ်။ ကမ္ဘာတဝန်းလုံးက တညီတညွတ်တည်း ဆုံးဖြတ်လက်ခံထားတဲ့ လူမှုအခွင့်အရေးဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းမှာတောင် “လူတိုင်း၌ လူ့ဘဝ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနှင့် လုံòခံစိတ်ချရမှု အခွင့်အရေးများရှိသည်”လို့ ဖော်ပြထားသေးတယ်မဟုတ်လား။ ဒါပေမယ့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီိချက်တွေကို အတည်ပြုခဲ့တဲ့ တချိန်တည်းမှာပဲ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ နိုင်ငံတစ်ခုဟာ လူ့အခွင့်အရေးတွေကို ယနေ့အချိန်ထိ နှစ်ပေါင်းများစွာ ကျူးလွန်ဖောက်ဖျက် နေပေမယ့် ကမ္ဘာကြီးက လတ်တလော ဖြေရှင်းစရာ အရေးတကြီး ကိစ္စတစ်ခုလို့ သဘော မထားကြတာကတော့ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။ အဲဒီနိုင်ငံကတော့ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တစ်ယောက် ပေါ်ထွက်ရာ၊ လက်ရှိအချိန်မှာ အကျယ်ချုပ် အထိန်းသိမ်းခံထားရဆဲ ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် တစ်ဦးတို့ မွေးဖွားရာ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပေမယ့် အဖွဲ့ဝင် နိုင်ငံများ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းများ ကို မလိုက်နာတဲ့အပြင် နိုင်ငံသားများအပေါ် တကယ်တမ်းခွင့်ðပရမယ့် အခြေခံ အခွင့်အရေး များကိုလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ နိုင်ငံနေရာ အနှံ့အပြားမှာလည်း အဓမ္မ အနိုင်ကျင့်မှုတွေ ပြည့်နှက်လျက်ရှိပါတယ်။ အဆိုးဆုံးကတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူများအပေါ် ဖိနှိပ်မှုများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင် ၂ဝ ကျော်မှာ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီလို ထိန်းသိမ်းထားသူတွေထဲမှာ အသက်အရွယ်မျိုးစုံနဲ့ ပညာရှင်များစွာ ပါဝင်ပြီး သေဒဏ် အစရှိတဲ့ ပြစ်ဒဏ်မျိုးစုံ ချမှတ်ထားခြင်း ခံနေကြရပါတယ်။ နိုင်ငံတကာက ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မတူဘဲ ထူးခြားတယ်လို့ ပြောနိုင်တဲ့ အချက် ကတော့ သူတို့ အားလုံးလိုလိုဟာ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၁ဝ)ပါ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ရာဇဝတ်ကြောင်း တရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း လူတိုင်းသည် လွတ်လပ်၍ ဂတိမလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်”ဆိုတဲ့ အချက်နဲ့ လုံးဝ မကိုက်ညီတဲ့ တရားရုံးတွေက ထင်သလို ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။

သာမန်ပြည်သူတစ်ယောက်တောင် အခြေခံရပိုင်ခွင့်တွေ လက်လွတ်ဆုံးရှုံးနေရပြီဆိုတော့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားများအဖို့ ဆိုဖွယ်ရာ မရှိလောက်အောင် ဆိုးဝါးလှတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ လူသားချင်းစာနာမှု ကင်းမဲ့လှပြီး ငရဲတမျှ ကြောက်လန့်စရာ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့ဂုဏ်သိက္ခာ အားလုံးမရှိတော့ဘဲ အာဏာပိုင်တွေရဲ့ ဥပဒေမဟုတ်တဲ့ အနိုင်အထက်ကျင့်မှုတွေကြားမှာ ကျန်မာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်း၊ ဖြစ်သလိုချက်ပြုတ်ထားတဲ့ အစားအသောက်၊ မိသားစုနဲ့ လွယ်လင့်တကူ ဆက်သွယ်ခွင့်မရမှု စတဲ့အရာတွေနဲ့ ရင်ဆိုင်ရင်း ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားများဟာလည်း ဒီလိုနှိပ်စက်မှုတွေကို အံတုရင်း သူတို့ရဲ့ ယုံကြည်ချက်အတွက် ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက လူမဆန်မှုတွေဟာ တော်ရုံစိတ်ဓာတ်လောက်နဲ့ဆိုရင် တခြားနှိပ်စက်မှုတွေ မခံစားရဘဲနဲ့တောင် အသက်ပါ သေဆုံးသွားနိုင်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားများ အနေနဲ့ အကျဉ်းထောင်ထဲကို ရောက်ပြီဆိုတာနဲ့ လူ့တန်ဖိုးအားလုံးကို ခဝါချလိုက်ရပါတော့တယ်။ သူတို့ဟာ နိုင်ငံရေးသမားဆိုရင် တိုင်းပြည်ကို ဖျက်ဆီးသူလို့ မှိုင်းတိုက်ခြင်းခံထားရတဲ့ အကျဉ်းထောင်အာဏာပိုင် ဝန်ထမ်းတွေရယ်၊ ရာဇဝတ်မှုနဲ့ အကျဉ်းချထားခြင်း ခံထားရတဲ့ အကျဉ်းသားများရဲ့ အုပ်ချုပ်မှုတွေရယ်ကို မလွဲမသွေ ခံစားရမှာ ဖြစ်ပါတယ်။ သာမန် ရာဇဝတ် အကျဉ်းသားများနဲ့ မတူတဲ့အချက်ကတော့ ပြင်ပက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ မူတည်ပြီး ပိုမိုဖိနှိပ်ခြင်း ခံရတတ်သလို စစ်ထောက်လှမ်းများရဲ့ အချိန်မရွေး ဝင်ရောက် စစ်မေးခြင်းများကိုလည်း ခံရမှာ ဖြစ်ပါတယ်။ ဒီထက် ဆိုးတာကတော့ နိုင်ငံရေးအကျဉ်းသားများကို တရားမဲ့စွာ ထောင်ဒဏ်တိုးမြှင့်ခြင်းပါပဲ။

နိုင်ငံရေးအကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲကို မရောက်ခင်မှာ စစ်ထောက်လှမ်းရေးများရဲ့ နည်းမျိုးစုံ ညှဉ်းဆဲမှုများကို ခံစားခဲ့ကြရပါတယ်။ တချို့သူတွေဆိုရင် အဲဒီစစ်ဆေးရေးစခန်းများမှာတင် အသက်ဆုံးပါး ခဲ့ကြရရှာပါတယ်။ ဒီအဆင့်ကို ဖြတ်ကျော်လာခဲ့တဲ့ သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ အနည်းနဲ့အများ ကပ်ငြိလာကြပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ဟာ စိတ်ရောဂါဝေဒနာသည်တွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။

ရာဇဝတ်ကျူးလွန်လို့ အကျဉ်းကျတာ မဟုတ်တဲ့ အကျဉ်းသားများအနေနဲ့ အပြစ်မရှိဘဲ အနိုင်ကျင့်ခံကြရပြီး ကိုယ်မှန်တယ်ထင်ရာ ပြောခွင့်မရှိ၊ ကိုယ့်ရပိုင်ခွင့် အခွင့်အရေးကို တောင်းပိုင်ခွင့် မရှိတဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ အကျဉ်းစံဘဝကို ဖြတ်သန်းကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အဖိနှိပ်ခံထားရတဲ့ ဘဝလို့ ပြောနိုင်ပါတယ်။ သေဒဏ်ပေးထားခြင်း ခံထားရသူတွေ၊ ၃၆ နှစ်၊ ၄၅ နှစ် စသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်း ခံနေရသူများအနေနဲ့ ဘယ်လိုဖိစီးမှုတွေ ခံစားကြရမယ်ဆိုတာ စိတ်ကူးထဲမှာ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအနေနဲ့ လူ့အခွင့်အရေးတွေ ဘယ်လို ဆုံးပါးနေတယ်၊ လူသားချင်းစာနာမှု ကင်းမဲ့လှတဲ့ အုပ်စိုးသူ လူရမ်းကားတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို သာဓက တစ်ခုနဲ့ သက်သေပြလိုပါတယ်။ အဲဒီ ဥပမာကတော့ တရားလက်မဲ့ပြုကျင့်မှုများအောက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ သူကတော့ ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က သာယာဝတီ အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့ရတဲ့ ကိုစည်သူ (ခ) ကိုရဲနိုင် ရဲ့ ရင်နင့်စရာ အဖြစ်အပျက်ပါ။ သူ့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်ကို ကြည့်လိုက်တယ် ဆိုရင်ပဲ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ ရင်ဆိုင်နေရတဲ့ အနေအထားကို တွေးကြည့် နိုင်ပါလိမ့်မယ်။

ကိုစည်သူက ကွယ်လွန်ချိန်မှာ အသက် ၃၅ နှစ်ပဲ ရှိသေးတယ်. ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က လူရွယ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလက ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာ ပညာသင်ယူနေတဲ့ သတ္တဗေဒ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်ပါတယ်။ အရေးအခင်းကာလ တလျှောက်လုံး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ)ရဲ့ ဗဟိုစည်းရုံးရေး တာဝန်ခံ တစ်ဦးအဖြစ်နဲ့ ပါဝင်ဆောင်ရွက် ခဲ့သူဖြစ်ပါတယ်။ သူ့ကို ၁၉၉၁ ခုနှစ်မေလမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်မချခင် ၇ လ လုံးလုံး ရန်ကုန်òမိ့က အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ပြစ်ဒဏ် တစုံတရာ မချမှတ်ဘဲ နှစ်ဝက်ကျော်လောက် ထောင်သွင်းအကျဉ်းချခဲ့တဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ “မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ” ဆိုတဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) မှာ ပါတဲ့အတိုင်း ကျင့်ဆောင်ခြင်းကို မခံရဘဲ စစ်ထောက်လှမ်ရေးရဲ့ ထင်သလို ဖမ်းဆီးခြင်းကို ခံကြရပါတယ်။

စစ်ထောက်လှမ်းရေးများက နိုင်ငံရေး လှုပ်ရှားသူတစ်ဦးကို “ဆွေးနွေးစရာ ရှိလို့ ခဏလိုက်ခဲ့ပါ” လို့ ပြောလိုက်ပြီဆိုရင် အဲဒီစကားလုံးရဲ့ နောက်မှာ အနိမ့်ဆုံးက နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့အထိ ဆိုးဝါးတဲ့ အနေအထားရှိပါတယ်။ လက်ရှိအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာပိုင်များအနေနဲ့ ဥပဒေကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးလှုပ်ရှားသူများကို နှိပ်ကွပ်တဲ့နေရာမှာ တခါတရံ မှားယွင်းတဲ့ အမှုတွေကိုပါ စီရင်တတ်ပါတယ်။ ဒါကြောင့် အချို့သော နိုင်ငံရေးအကျဉ်းသားများဟာ လူမှားပြီး ပြစ်ဒဏ်စီရင်ထားခြင်းကို ခံကြရပါတယ်။ ဒါဟာလည်း တကယ်ဆိုးရွားလွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကို ကမ္ဘာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဝိုင်းဝန်း တည့်မတ်ဖို့ အရေးကြီး ပါတယ်။

ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုစည်သူဟာ နောက်ပိုင်း ၁၉၉၂ ခုနှစ်မှာ စစ်အစိုးရက ၁ဝ နှစ် အထက် အကျဉ်းသားအားလုံးကို ၁ဝ နှစ်တည်စေခဲ့တာကြောင့် သူဟာလည်း ၁ဝ နှစ်တည်ခဲ့ပါတယ်။ ကိုစည်သူဟာ စတင်ထောင်ကျချိန်ကနေ ၁၉၉၅ ခုနှစ် သြဂုတ်လထိ အင်းစိန်ထောင်မှာ နေထိုင်ရပြီး နောက်ပိုင်းကာလ တလျှောက်လုံး ရန်ကုနò်မိ့နဲ့ ၇၈ မိုင်ဝေးတဲ့ သာယာဝတီ အကျဉ်းထောင်မှာ နေထိုင်ခဲ့ရပါတယ်။ ကိုယ်ခန္ဓြွာသေးသေးည‡က်ည‡က်သာရှိတဲ့ ကိုစည်သူဟာ တည်တည်တံ့တံ့နေထိုင်တတ်ပြီး မထင်မှတ်လောက်အောင် စိတ်ဓာတ်ခိုင်မာလှပါတယ်။ ဒါကြောင့်ပဲ အကျဉ်းထောင် ဥပဒေအရ တရားဝင် ပြန်လွှတ်ပေးရမယ့် ၁၉၉၉ ခုနှစ် မတ်လ မှာ ပြန်မလွှတ်ပေးဘဲ “ဆန့်ကျင်ဘက် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်နေဆဲဖြစ်သည်” ဆိုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီး တင်လှိုင်ရဲ့ မှတ်ချက်နဲ့ ဆက်လက်ချုပ်နှောင်ထားခဲ့ပါတယ်။ ဒီအချက်ဟာလည်း လူသားချင်း စာနာမှုကင်းမဲ့စွာ ðပမူတဲ့ လုပ်ရပ်ပါပဲ။ မိမိရဲ့ ဆွေမျိုးစု အသိုင်းအဝိုင်း၊ မိတ်ဆွေ အပေါင်းအသင်းများနဲ့ ဝေးကွာစွာ နေထိုင်ရပြီး အနေအစား၊ ကျန်မာရေးစောင့်ရှောက်မှု အရာခပ်သိမ်း ဆိုးဝါးလှတဲ့ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်ချီနေရတဲ့ သူတစ်ယောက်အဖို့ စိတ်ဓာတ်ခွန်အား တစ်ခုတည်းနဲ့ ကြံ့ကြံ့ခံရတာပါ။ ဒီလိုနေထိုင်ခြင်းက ဆက်လက် ချုပ်နှောင်လောက်စရာ ပြစ်ချက် တစ်ခုဖြစ်မယ်ဆိုရင် အရာရာကို အရှုံးပေး အညံ့ခံရုံသာ ကျန်ပါတော့တယ်။

သာယာဝတီထောင်ဟာ သာယာဝတီမြို့နဲ့ အတန်ငယ်ဝေးပြီး ငှက်ဖျားရောဂါထူပြောရာ ပဲခူးရိုးမနဲ့ နီးကပ်စွာတည်ရှိပါတယ်။ ဒါကြောင့် အဲဒီထောင်မှာ အကျဉ်းကျနေသူတွေမှာ ငှက်ဖျားရောဂါ ကပ်ငြိပါလာတတ်စမြဲပါ။ ဒီအခြေခံကြောင့်ပဲ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကိုစည်သူဟာ ငှက်ဖျားရောဂါ အပြင်းအထန် ဖြစ်ပွားပြီး အကျဉ်းထောင် အတွင်းက ဆေးရုံမှာ တက်ရောက်ခဲ့ရပါတယ်။ သူဟာ ငှက်ဖျားရောဂါကတဆင့် အူရောင်ငန်းဖျားရောဂါ ကိုပါ ဆက်လက်ခံစားခဲ့ရရှာပါတယ်။ မြန်မာနိုင်ငံက အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု အနေအထားဟာ òမိ့ပြတွေမှာတောင် အလွန်အမင်း ညံ့ဖျင်းနေတာမို့ အကျဉ်းထောင်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှုဟာ တကယ့်ကို မည်ကာမတ္တ ဖြစ်ပါတယ်။ ဒါကြောင့် ကိုစည်သူအနေနဲ့ လိုအပ်တဲ့ဆေးဝါးများကို ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူခဲ့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ဖို့တောင် မိသားစုနဲ့ ဆက်သွယ်ရရှိနိုင်မှု၊ ဆေးဝါးဝယ်ယူခွင့် ရရှိဖို့တို့အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ရပါတယ်။ အတန်ကြာ ဆေးဝါးကုသပြီးလို့ ဆေးရုံက ဆင်းလာခဲ့ရပေမယ့် ပုံမှန်အနေအထားကို ပြန်လည်မရောက်ရှိလာဘဲ ငှက်ဖျားရောဂါက ဆက်လက်ဖိစီးခဲ့ပါတယ်။

သူရဲ့ဝေဒနာဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတာမို့ ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထောင်တွင်းဆေးရုံကို ထပ်မံတက်ခဲ့ရတယ်။ ဒါပေမယ့် သူရဲ့ ကိုယ်အပူချိန်က ၁ဝဝ- ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကနေ မလျော့ကျခဲ့ပါဘူး။ ဝေဒနာကို ဆက်တိုက်ခံစားနေရတဲ့ ကိုစည်သူက သူ့ရဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲ စမ်းသပ်မှုကအစ သေသေချာချာ လုပ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုတော့မှ ခရိုင် အရပ်ဘက်ဆေးရုံနဲ့ တွဲဖက်စမ်းသပ်ခွင့် ရရှိခဲ့ပါတယ်။ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း တို့ပြုလုပ်ပြီးမှ ဒီဇင်ဘာလဆန်းမှာ ထောင်တွင်း ဆရာဝန်ရဲ့ “Unknown Fever” ဆိုတဲ့ မှတ်ချက်နဲ့ သာယာဝတီ ခရိုင်ဆေးရုံကြီးရဲ့ သီးခြားအချုပ်ခန်းမှာ ပြောင်းရွှေ့ကုသစေခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာတောင် လွတ်ရက်စေ့ပြီး အကျဉ်းသားတစ်ဦးကို ဆက်လက် ဖမ်းဆီးထားတာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အာဏာပိုင်များရဲ့ လူသားချင်းကိုယ်ချင်းစာနာစိတ် ကင်းမဲ့စွာပြုမူပုံကို တွက်ဆနိုင်ပါတယ်။

ဆေးရုံမှာ တစ်လကျော် ကုသပြီးတဲ့နောက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ထောင်ကို ပြန်လည်ပို့ဆောင်လိုက်ပြန်ပါတယ်။ လွတ်ရက်စေ့ပေမယ့် မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးခြင်း ခံထားရတဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူ အကျဉ်းသားတစ်ယောက်ရဲ့ ဘဝကို မျက်ကွယ်ðပထားခြင်းများဟာ လွန်စွာ အကျည်းတန်လှတာမို့ လွတ်လပ်စွာ ရှင်သန်ကြီးပြင်းခွင့်ရတဲ့ လူ့အဖွဲ့အစည်းထဲက လူတွေအဖို့ ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစစ်အာဏာပိုင်များအနေနဲ့ သားသတ်သမားဟာ သူ့ရှေ့မှောက် ရောက်ရှိလာတဲ့ ဘယ်သတ္တဝါကိုမဆို သတ်ဖို့ ဝန်မလေးသလို အကြင်နာတရားကင်းဝေးစွာ ပြုကျင့်နေခဲ့တာကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ အကျဉ်းထောင်ထဲကို ပြန်ရောက်လာတဲ့ ကိုစည်သူဟာ တီိဘီရောဂါ ပျောက်ဆေးတွေကို ထောင်တွင်းဆရာဝန် ညွှန်ကြားတဲ့အတိုင်း ၆ လလောက် သောက်ခဲ့ရပါတယ်။ ထူးခြားတာက သူ့ကို ညွှန်ကြားတဲ့အညွှန်းက ပုံမှန်ကုထုံးအညွှန်း မဟုတ်တာပါပဲ။ ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေခဲ့ပြီ ဆိုတာကိုလည်း ကြားကြရပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တစ်ခါသုံး ဆေးထိုးအပ် အသုံးðပခွင့် မရရှိဘဲ ဆေးထိုးအပ် တစ်ချောင်းတည်းနဲ့ လူများစွာကို ကုသတာကြောင့် HIV ပိုး၊ တီဘီရောဂါ ကူးစက်ခြင်း စတာတွေကို ကြုံတွေ့ကြရပြီး အဲဒီ ကူးစက်ရောဂါတွေကြောင့် သေဆုံးရသူတွေ မနည်းပါဘူး။ ဒါကြောင့် ကိုစည်သူမှာ HIV ပိုး ကပ်ငြိနေပြီ ဆိုတာကို မဖြစ်နိုင်ပါဘူးလို့ ဘယ်သူကမှ ကာကွယ်ပြောဆိုနိုင်ခြင်း မရှိတာဖြစ်ပါတယ်။ မိုးရာသီဖြစ်တဲ့ ဇွန်လ ၂ဝ ရက်နေ့မှာ ကိုစည်သူဟာ ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး ဖျားပါတော့တယ်။ ထောင်တွင်းဆရာဝန်ကို ပြသပေမယ့် ရောဂါအခြေအနေ မေးမြန်းခြင်း မရှိ၊ ဆေးဝါးကုသမှု မပေးဘဲ သာမန်အကိုက်အခဲ ပျောက်ဆေးသာ ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လေးရက်ကြာတဲ့ အချိန်မှာတော့ အပူချိန် ၁ဝ၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပြီး အသက်ရှူ ခက်ခဲလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအချိန်ထိ ထိရောက်တဲ့ ကုသမှု မပေးခဲ့ပါဘူး။ ဇွန်လ ၂၇ ရက်နေ့မှာ အပူချိန်က ၁ဝ၇ ဒီဂရီထိ မြင့်တက်လာခဲ့ပြီး အစာအာဟာရ စားသောက်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ဒါကြောင့်မို့ ဝေဒနာဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ ခန္ဓွာကိုယ်မှာ ရေဓာတ် သိသိသာသာ ခန်းခြောက်သွားပါတော့တယ်။

ဒီအချိန်ကို ရောက်မှ ထောင်တွင်းဆရာဝန်က ကုသမှု တစုံတရာပေးခဲ့တယ်။ ဒါပေမယ့် လူနာဟာ အသက်ရှူပုံ အနေအထားမမှန်တော့တဲ့ အနေအထား ရောက်နေတာတောင် အူရောင်ငန်းဖျားနဲ့ ငှက်ဖျား ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက် လောက်သာပေးပြီး အောက်ဆီဂျင်ပေးခြင်း၊ အစာပိုက်သွင်းခြင်း စတဲ့ ကုသမှုမျိုးတွေကို မပေးခဲ့ပါဘူး။ ဇူလိုင်လ ၆ ရက်နေ့ကျမှ ခရိုင်ဆရာဝန်ကြီးနဲ့ အထူးကုဆရာဝန်ကြီး တစ်ဦးတို့ ရောက်လာပြီး ကုသပုံ ပြောင်းလဲစေပါတယ်။ သူတို့က လူနာဟာ အဆုတ်ရောင်ပြီး အသည်းကြီးနေတယ်လို့ ကောက်ချက်ပေးကြပါတယ်။ အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် နောက်တနေ့မှာ ခရိုင်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အများသူငါနဲ့ တန်းတူမဟုတ်တဲ့ ဆေးရုံက သီးသန့်အချုပ်ခန်းကိုပဲ ဖြစ်ပါတယ်။ ဆေးရုံပြောင်းပြီး ၅ ရက်အကြာ ဇူလိုင်လ ၁၂ ရက်မှာတော့ ကိုစည်သူဟာ သီးခြားအချုပ်ခန်းထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတော့တယ်။ မြန်မာနိုင်ငံအတွင်းမှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေး အကျဉ်းသားများအဖို့ အကျဉ်းထောင်ထဲမှာ ဘယ်လောက်ဆိုးရွားတဲ့ အနေအထားတွေနဲ့ ရပ်တည်နေကြရတယ်ဆိုတာကို သူရဲ့ အသက်နဲ့ ရင်းပြီး သက်သေပြသွားခြင်းပဲ ဖြစ်ပါတယ်။

အာဏာပိုင်များရဲ့ နိုင်လိုမင်းထက်ပြုမူပုံက ဒီလောက်နဲ့ မရပ်သေးပါဘူး။ ကိုစည်သူ ကွယ်လွန်ပြီးချိန်မှာ သူ့ရဲ့ နာရေးသတင်းကို သတင်းစာတွေထဲမှာ ထည့်ဖို့ သူ့အပေါင်းအသင်းတွေက စီစဉ်ကြပါတယ်။ အံ့သြဖို့ ကောင်းတာက ကိုစည်သူသေဆုံးတဲ့ သတင်းက သတင်းစာတိုက်ဆီ ကြိုပြီးရောက်နေပါတယ်။ ဒီလို ကြိုရောက်နေလို့ အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့တော့ မယူဆလိုက်ပါနဲ့။ ဒါဟာ သေသူတစ်ဦးအတွက် နောက်ဆုံးအခွင့်အရေးကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ရပ်သာ ဖြစ်ပါတယ်။ ကိုစည်သူရဲ့ နာရေးကြော်ငြာသတင်းကို ဘယ်သတင်းစာတိုက်မှာမှ ထည့်လို့ မရခဲ့ပါဘူး။ သုံးလေးစောင်လောက်သာ ရှိတဲ့ သတင်းစာတွေကလည်း စစ်အစိုးရလက်အောက်ခံ သတင်းစာတွေဆိုတော့ ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။ ဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ဘဝဟာ စစ်အာဏာပိုင်များရဲ့ လူမဆန်မှုအောက်မှာ စတေးလိုက်ရပါတော့တယ်။

ဒီဖြစ်ရပ်ကို ကြားလိုက်ရသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရတာ ဒီလောက်ထိ ဆိုးဝါးပါလားလို့ တွေးမိမှာ မလွဲပါဘူး။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ဒီဖြစ်ရပ်ကို အဆိုးဆုံးဖြစ်ရပ်လို့ မယူဆစေချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ထက်ပိုပြီး ဆိုးရွားတဲ့ ဖြစ်အင်တွေရှိနေလို့ပါပဲ။ တခါတလေ ကျတော့ အာဏာပိုင်များရဲ့ မတရားပြုကျင့်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ ဖြစ်ရပ်တွေက ပုံစံကွဲပြားစွာ တွေ့မြင်ကြားသိ နေကြရတာမို့ ဘယ်သူ့အဖြစ်ဟာ ဘယ်သူ့ထက်ပိုပြီး ဆိုးတယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဖြစ်ကြရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်စနစ်အောက်က တိုင်းပြည်တစ်ခုရဲ့ ပုံရိပ်ပဲ ဖြစ်ပါလိမ့်မယ်။

ကမ္ဘာပေါ်ကလူအများဟာ အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားဘက်က တကယ်ပဲ ရပ်တည်တယ်ဆိုတာကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက မျှော်လင့်နေကြပါတယ်။ အာဏာရှင် စနစ်ဆိုးကို ကမ္ဘာကြီးတစ်ခုလုံးက လက်မိခံတော့ဘူးဆိုတာကို ယုံကြည်ချင်နေကြပါတယ်။ ဒါ့အပြင် မတရားဖိနှိပ်ရက်စက်မှုတွေကို ဘယ်လောက်ရွံမုန်းပြီး ဘယ်လိုရှုတ်ချတယ်ဆိုတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်လိုကြပါတယ်။ နည်းပညာတိုးတက်မှုတွေအရ ကျဉ်းမြောင်းသွားပြီလို့ ပြောဆိုနေကြတဲ့ ကမ္ဘာကြီးဟာ လက်နက်နဲ့အနိုင်ယူပြီး ပြည်သူလူထုကို နှိပ်စက်နေကြသူ လူနည်းစုအတွက် နေရာပေးမှာလား၊ လူများစွာရဲ့ ဘဝတွေကို ကယ်တင်မလားဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း
၂၄၊ ၁ဝ၊ ၂ဝဝ၁

0 လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှ ပြိုင်ပွဲဝင် ဇာတ်လမ်းတိုဇာတ်ကား "IN THE DARK"



submission for THE ART OF FREEDOM FILM FESTIVAL

the story about a prostitute who is working at night & an officer who try to chase her.
the actress is real professional prostitute.

1 တို့ ပြည်သူတွေ မြန်မာငွေ ငါးထောင်နဲ့ မိုဘိုင်းသုံးခွင့်ရမှာလား


9 ရက်နေ့က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်းစာရှင်းလင်းပွဲ

သိပ်မကြာသေးခင်ရက်ပိုင်းက ငွေငါးထောင်နဲ့ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း သုံးလို့ ရအောင်လုပ်မယ့် စီမံကိန်းတစ်ခုကို နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားတယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ တယ်ဆိုတဲ့ သတင်းလေးလဲ အားလုံးကြားကြမယ်လို့ ထင်ပါတယ်။

အဲလို ဘဲ မြန်မာပြည်က လူတန်းစားအလွှာ အသီးသီးကလဲ ၀မ်းသာအားရ ကြိုဆိုချင်ခဲ့ကြတဲ့ သတင်းပါ။ အန်တီကြီးတစ်ဦးဆို ဘာပြောလဲ ဆိုတော့ အဲဒီ ဖုန်းထွက်ရင် ငါ့ယောင်္ကျားကို တစ်လုံးဝယ်ပေးထားဦးမှဘဲ ဆိုပြီး ပြောရှာပါတယ်။ ဒါမှ အိမ်မှာ အလုပ် ပေါ်ရင် ချက်ချင်းဆက်သွယ် လို့ရမယ်ပေါ့။ သူပြောလိုက်တာ ရယ်စရာမဟုတ်ပါဘူး ။ သူတကယ်နှစ်နှစ်ကာကာ ပြောလိုက်တာပါ။ ဒါဟာ ဆက်သွယ်ရေးပါ။ အားလုံး လိုချင်တဲ့ မျှော်လင့်ချက်ပါ။ အရင်တုန်းက ကိုရီးယား ကားလေးတွေထဲ က ကျောင်းသားလေးတွေ ဟန်းဖုန်းတကိုင်ကိုင်ကို တီဗွီမှာ မြင်ရပြီး အားကျခဲ့ကြရတဲ့ ပြည်သူလူထုကြီးတရပ်လုံးက ၀မ်းသာအားရ ။ ငါ့သားလေးကို ကျောင်းသွားရင်လဲ ဟန်းဖုန်းလေး ၀ယ်ပေးထားမှ။ ဒါဆို သူ တစ်ခုခု ဖြစ်ရင် ငါ့ကို ချက်ချင်းဆက်သွယ်လို့ရတယ်။ ဒီလို အသေးဖွဲလေးတွေကနေ လုပ်ငန်းအလယ်လတ် လုပ်ကြသူတွေ အဆုံး ဒီသတင်း ကြားမှာ ပြုံးလို့ပျော်လို့ ပေါ့။ အိမ်နီးနားချင်းတိုင်းပြည်တွေနဲ့ ပခုံးတိုက်ပြီး တို့လဲ မိုဘိုင်းဖုန်းလေးတွေ သုံးနိုင်ပြီဆိုပြီး မော်လို့ ကျော်လို့ တော်လို့တောင်ပြောလို့မရတဲ့ သတင်းလေ။

အဲဒီသတင်းနဲ့ မရှေ့ မနှောင်းမှာဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကို သတင်းသမား တစ်ဦးဦး က အင်တာဗျူး ခဲ့ပုံရတဲ့ သတင်းလေးကလဲ ပြန့်လွင့်လာပြန် ကော ။ အဲဒီဟာကို ဗျာ အတိုချုပ်ပြန်ပြောရရင်တော့ ဥပဒေအရ မဖြစ်နိုင်သေးဘူး ဆိုတဲ့ ဟာက တစ်ချက်ပေါ့ ။ ဆက်သွယ်ရေးလုပ်ငန်းကို နိုင်ငံတော်အနေနဲ့သာ လုပ်ခွင့်ပေးထားတယ်ပေါ့ ဒီလို မျိုး ဖြေသွားတယ်။ အဲလိုလေးဖတ်လိုက်ရပါတယ်။ နောက်တစ်ချက်က ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်မှ ဖြစ်မယ် ။ အဲလိုမျိုးလဲ ပြောသွားတာတွေ့ရပါတယ်။ နောက်တစ်ခုက ဆက်သွယ်ရေးနဲ့ ပေါင်းမလုပ်ရင် အခု ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေ ကို ခေါ်ဆိုလို့ မဖြစ်နိုင်တာရယ် ။ နိုင်ငံခြားကို ဖုန်းခေါ်ဖို့ အတွက်ကိုလဲ ဆက်သွယ်ရေး လက်အောက်ကွန်ယက်ကို သာ ဖြတ်ရမှာမို့ မဖြစ်နိုင်တာရယ် ကို ပြောသွားတာတွေ့ရတယ်။ နောက်တစ်ချက်က ဆက်သွယ်ရေးကို မဆက်သွယ်ဘဲ နိုင်ငံတော် သမ္မတရုံးကို တင်ခဲ့တာ မို့ ဆက်သွယ်ရေး အနေနဲ့ သေချာမသိလို့ ထင်မြင်ချက်မပေးလိုဘူးလို့ ပြောခဲ့တာလဲ တွေ့ခဲ့ရတယ်။

မျှော်နေတဲ့ လူထဲလဲ အဲ ဒီ သတင်းနှစ်ပုဒ်ကြားမှာ မပြုံးဘဲ နဲ့ ၀ါးလုံးကွဲ ရယ်ဖို့ အတော်ခက်လို့ အပျော်လေးတွေလဲပျက်သလိုလို ဖြစ်သွားကြရတယ်ပေါ့ဗျာ။ ဒါပေမယ့် သမ္မတရုံးက ဒါကို ဘယ်လို အဖြေပေးမယ်ဆိုတာတော့ ခုထိ မသိသေးပါဘူး ။

နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေရဲ့ အပိုဒ် (၃၅) မှာ ရေးထားတာက"နိုင်ငံတော်၏ စီးပွားရေး စနစ် သည် ဈေးကွက် စီးပွားရေး စနစ်ဖြစ်သည်။ ဆိုတာပါပါတယ်။ ဒါဟာ ဈေးကွက်စီးပွားရေး ရှုထောင့်ကနေ ကြည့်ရင် တော့ ခွင့်ပြုပေးချင်စရာပါ။ နိုင်ငံတကာမှာလဲ ဆင်းကဒ်တွေရဲ့ ဈေးက အဲလောက်ဘဲရှိပါတယ်။ ပြည်တွင်းခေါ်ဆိုခတွေဆိုလဲ သိပ်သက်သာပါတယ်။

အပိုဒ် (၃၆)

နိုင်ငံတော်သည်

(က) အမျိုးသားစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ ၊ ဖက်ဆက်အဖွဲ့ အစည်းများ ၊ ပုဂ္ဂလိက စသည့် စီးပွားရေးလုပ်ငန်းစု အားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်လို့ ရေးထားပါတယ်။ ဒီတော့ ဒါဟာ နိုင်ငံတကာမှာ private လုပ်ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တာမို့ နိုင်ငံတော်က သေချာစဉ်းစားပေးလိမ့်မယ်လို့ ထင်ရဖွယ်ရှိပါတယ်။

အပိုဒ် ၃၆ (ခ) မှာဘဲ စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေချင်းမှ တားစီး ကာကွယ် ရမည်

ဆိုတာပါလေတော့ ဒါဟာ စီးပွားရေးလုပ်ငန်းတစ်ခုက တရားသဖြင့်ယှဉ်ပြိုင်ဖို့ ၀င်လာတာသာဖြစ်ပါတယ်။ နိုင်ငံတကာ နဲ့ ယှည်ရင် မြန်မာပြည်ရဲ မိုဘိုင်းဆင်းကဒ် ဈေးဟာ သိပ်ကြီးမြင့်နေသေးတာမို့ လူထုဘက်ကကြည့်ရင် ဒါဟာ သုံးစွဲနေရသူ လူထု အတွက် အကျိုးစီးပွားထိခိုက်ပါတယ်။ ဒီတော့ ဒီယှဉ်ပြိုင်မှုကို သမ္မတရုံး က ခွင့်ပြုမှာ လား မပြုဘူးလားဆိုတာကလဲစောင့်ကြည့်ချင်စရာပါ။

အပိုဒ် ၃၆ (ဂ) မှာဘဲ ဘာထပ်ပါသေးလဲ ဆိုတော့ အများပြည်သူတို့၏ နေထိုင်မှု အဆင့်တန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှု ဆောင်ရွက်မည် ဆိုတဲ့ အချက်ကို ပြန်ကြည့်မယ်ဆိုရင်လဲဒီလို အဖိုးနဲ ဖုန်းတွေသာ လူထုက တကယ်သုံးနိုင်ရင် လူထုအတွက် စီးပွားရေး လုပ်ဆောင်ရာမှာ ဖြစ်စေ အခြားသော ကျန်းမာရေး လူမှု ဆက်ဆံရေး အခြေနေများအတွက်ပါ အသုံးဝင်လှတာမို့ ဒါဟာ လူထုအတွက် အကျိုးတကယ်ရှိစေမယ့် အရာလေးကလဲ ဖြစ်နေပြန်တော့ သမ္မတရုံး ရဲ့ ဆုံးဖြတ်ချက်လေးကို ကြည့်ရဦးမှာပေါ့။

တစ်ချို့သောစီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော် အနေနဲ့ ၀င်ရောက်လုပ်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက် တစ်ခုမှာ က လူထု အကျိုးစီးပွားအတွက် အရှုံးခံသင့်တဲ့ စီးပွားရေးလုပ်ငန်းမျိုး အဲလို အခြေနေမျိုးတွေမှာ လူထု ကိုငဲ့ကွက်ပြီး အစိုးရက လုပ်တာရှိပါတယ်။ ယခု မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေးထက် သက်သက် သာသာ လုပ်ပေးနိုင်တာမျိုးပေါ်လာတဲ့ အခါမှာ ကြိုဆိုမလား ။ မကြိုဆိုဘူးလားဆိုတာကတော့ ပြောရ ခက်နေပါသေးတယ်။ ကဲ ဘယ်လို ဘယ်ပုံ လုပ်ဆောင်ကြမလဲဆိုတာတော့ ကျနော်လဲ မသိတာမို့ ကိုယ့် ဘာကိုယ်သာ တွေးကြည့်ကြပါလို့ တိုက်တွန်းပါရစေ။

Ko Wai(ကိုဝေ)

0 Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်နှင့်အတူ အမေရိကန် ကော်ပိုရေးရှင်း ခေါင်းဆောင်များ မြန်မာပြည်လာမည်


source: Reuters

မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခြင်း ပြယုဂ်တစ်ခုအဖြစ် Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန် စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ မြန်မာပြည်သို့ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့စက်မှုလုပ်ငန်း အရာရှိတို့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ ဖေဖေါ်ဝါရီလအတွင်း လာရောက်ကြမည် ဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ယခုကဲ့သို့ ရောက်ရှိလာကြခြင်းမှာထူးခြားနေကြောင်း၊ မြန်မာ့အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

မြန်မာအရာရှိတို့အဆိုအရ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ပြည်တွင်းမှ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသော လုပ်ငန်းရှင်များအပါအဝင် မြန်မာ့ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 ဘယ်နိုင်ငံမှာမှမတွေ့ဘူးတဲ့ မြန်မာနိုင်ငံကစည်းမဲ့ကမ်းမဲ့ နံပတ်ပြားမဲ့ ကားများအကြောင်း




ရန်ကုန်ကို ပြန်ရောက်တဲ့ ဒီဇင်ဘာ လကုန်ပိုင်းရက်တွေမှာ အပြင်ထွက်တော့ မြင်တွေ့ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် အံ့ဩသွားပါတယ်.. လမ်းပေါ်မှာကသွားလာနေတဲ့ ကားတွေထဲက ခပ်လတ်လတ် ကားသစ်နဲ့ တူတဲ့ ကားတစ်စီးဟာ နံပတ်ပြားမပါဘဲ မောင်းနှင်နေတာကို တွေ့ရလို့ပါဘဲ... ဒါပေမယ့် သိပ်မကြာခင်မှာ သတိပြုမိတာက အဲဒီလို နံပတ်ပြားမပါတဲ့ ကားတွေ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ ဥဒဟိုမောင်းနှင်နေကြတာ ကို သတိပြုမိတဲ့အခါ အင်မတန် အံ့အားသင့်ခဲ့ရတာပါ... နောက်တော့မှ သတင်းစာနဲ့ ဂျာနယ်တွေကို ဖတ်ကြည့်တဲ့အခါ အစိုးရအသစ်ရဲ့ စီမံချက်နဲ့ ဆိပ်ကမ်းက တင်သွင်းလာတဲ့ ကားတွေကို နေအိမ်ဒါမှမဟုတ် ဆိပ်ကမ်းကနေ လိုင်စင်ရုံး ( က.ည.န )ကို သွားရောက်တဲ့ အခါ မောင်းနှင်ခွင့်ပြုထားတာဖြစ်ပြီး ကျန်တဲ့ ကိစ္စတွေမှာ အသုံးမပြုဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်... ဒါ့အပြင် ဂျာနယ်တစ်ချို့နဲ့ သတင်းစာမှာ လည်း အဲဒီလို နံပတ်ပြားတပ်ဆင်ခြင်းမရှိဘဲ မောင်းနှင်နေတဲ့ ကားတွေကို အရေးယူဖို့ တိုက်တွန်းထား တာကို လည်း ဖတ်ရပြန်ပါရော....

ဒါပေမယ့် အခွင့်အရေးတစ်ခု ပေးလိုက်ရင် လက်တစ်ဆုံးနှိုက်ပြီး အခွင့်အရေးယူတတ်တဲ့စရိုက် ထွန်းကား နေလို့လားမသိပါ... ရန်ကုန်လမ်းမတွေပေါ်မှာ ကျနော် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်အကုန်အထိ ရန်ကုန်လမ်းမပေါ်မှာ ပြေးလွှားမောင်းနှင်နေတဲ့ နံပတ်ပြားမဲ့ မော်တော်ယာဉ်တွေကို မြင်တွေ့နေရဆဲပါဘဲ.... တစ်ချို့ကားတွေကတော့ ဆိပ်ကမ်းက ထုတ်ပေးလိုက်ဟန်တူတဲ့ ( စက္ကူပေါ်မှာ လက်ရေး နဲ့ ရေးထားပြီး အစိမ်းရောင် လိုင်းနှစ်ခု အထက်အောက်တားပေးထားတဲ့ ) ယာယီနံပတ် လေးတွေကို ရှေ့မှန် နောက်မှန်မှာ ကပ်ထားပြီးမောင်းနှင်နေတာလည်း တွေ့ခဲ့ရပါတယ်.. ဒါပေမယ့် ဒီလိုကားတွေက အနည်းစု ဖြစ်ပြီး အများစု ကားတွေကတော့ နံပတ်နဲ့တူတာ တစ်ခုမှ မပါဘဲ ပုံမှာ ပြထားတဲ့အတိုင်း ကားရှုပ် လူရှုပ်တဲ့ လမ်းမ တွေပေါ်မှာ မောင်းနှင်နေကြတာကို တွေ့ခဲ့ရပါရဲ့...
ကျနော်ရောက်ဖူးသမျှ ဘယ်နိုင်ငံမှာမှ မမြင်မတွေ့ဖူးတဲ့ မြင်ကွင်းကို အမိမြန်မာပြည်မှာ တွေ့မြင်ခဲ့ရတာပါ... လမ်းမပေါ်မှာ မောင်းနှင်တဲ့ စက်တပ်ယာဉ်လို့ ခေါ်ဆိုနိုင်တဲ့ ယာဉ်တွေကို နံပတ်ပြားနဲ့ တပ်ဆင်ပြီး မောင်းနှင် စေခဲ့တာက ကမ္ဘာပေါ်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ... ဒါပေမယ့် ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာကတော့ ခေတ်မီတယ်လို့ဘဲဆိုဆို ခေတ်နောက်ပြန်ဆွဲတယ်ပြောပြော စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ တိုင်းပြည်တစ်ခုလို ဖြစ်နေတာ တွေ့ရတော့ စိတ်မကောင်းလှပါဘူး...

နောက်ထပ်ကြားသိခဲ့ရတဲ့ သတင်းတစ်ခုအရ အခုလို မော်တော်ယာဉ် အသစ် ( ပြည်ပကနေတင်သွင်းတဲ့ တစ်ပတ်ရစ် )တွေ အလုံးအရင်းနဲ့ တင်သွင်းတဲ့အချိန်မှာ အကောက်ခွန်ဌာနနဲ့ ဆိပ်ကမ်းဌာနလို ဌာနတွေ ကုန်သွယ်ရေးလို ဌာနတွေက one stop service ဆိုပြီး ဆိပ်ကမ်းထဲက အမြန်ဆုံးထုတ်ပေးနိုင်အောင် ဝန်ဆောင်မှုပေးကြတယ်လို့ဆိုပေမယ့် အဲဒီကားတွေကို တရားဝင် လိုင်စင်နဲ့ နံပတ်ပြားထုတ်ပေးနိုင်တဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ က.ည.န ရုံးကတော့ ဝန်ဆောင်မှုက တိုးတက်မလာသေးဘူးလို့ ဆိုပါတယ်... ကားတွေကို မှတ်ပုံတင်နိုင်ဖို့ တန်းစီနေတဲ့ လူတွေက ရာနဲ့ချီနေပြီး ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအင်အားက တိုးချဲ့ထားတာ အသင့်ပြင်ထားတာမရှိတဲ့အတွက် အင်မတန်နှေးကွေးတဲ့ နှုန်းထားနဲ့ ကားသစ်တွေကို လိုင်စင်ပြုလုပ်ပေးနေတယ်လို့ သိရတဲ့အခါ ဝန်ကြီးဌာနအချင်းချင်း အချိတ်အဆက်မမိတဲ့သဘောကို သတိပြုမိစေပါတယ်.... ဒါ့အပြင် လတ်တလောအခြေအနေကို ကိုယ်ပိုင်ဉာဏ်နဲ့ သုံးသပ်ပြီး လိုက်လျော ညီထွေဖြစ်အောင် အများပြည်သူအဆင်ပြေအောင် ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဌာနတွေ ရှိနေသေးတယ်... အဲဒီလို ခေတ်နဲ့လျော်ညီအောင် ပြောင်းလဲလုပ်ဆောင်ဖို့ အဆင့်အတန်းမမီတဲ့ ဝန်ကြီးတွေ တာဝန်ရှိသူတွေ ဟာလည်း အခုအချိန်အထိ အစိုးရယန္တယားထဲမှာ နေရာရနေတုန်းဘဲဆိုတာကို သတိပြုမိစေပါရဲ့.....

ပြောလက်စနဲ့ ဒီထဲမှာဘဲ ဆက်ပြောပါရစေ....

ကျနော်ရောက်ဖူးသမျှ ဘယ်နိုင်ငံမှာမှ အခုလို နံပတ်ပြားမပါတဲ့ကားတွေမောင်းနှင်နေတာ မမြင်မတွေ့ဖူးပါ ဘူး...
မြန်မာနိုင်ငံတစ်ခုတည်းမှာ မြင်တွေ့ရတာပါ.. ကျနော်လတ်တလောနေထိုင်တဲ့ ဂျပန်နိုင်ငံမှာတော့ တရားဝင် လိုင်စင် နံပတ်မရှိသေးတဲ့ ကားတွေအတွက် ]ခါရိဘန်းဂေါ့ } လို့ခေါ်တဲ့ အဖြူရောင်ပေါ်မှာ အနီရောင် ကန့်လန့်စင်းနဲ့ ယာယီနံပတ်ပြား ရှိပါတယ်... ကားအရောင်းဆိုင် ဒါမှမဟုတ် ကားအလုပ်ရုံတစ်ခုကနေ လိုင်စင်ဝင်ဖို့ သွားတဲ့လမ်းမှာ သုံးပါတယ်.. အဲဒီလိုမှမဟုတ်ရင် အဲဒီကားကို လုံးဝ မြေချမောင်းနှင်ခွင့်မရှိဘဲ ကားတင်တဲ့ ထရပ်ကားနဲ့ တင်ပြီး လိုင်စင်သွားလုပ်ရပါတယ်... ကားတစ်စီးကို လိုင်စင်ပြုလုပ်တာ ကြာချိန် အလွန်ဆုံး ဆယ့်ငါးမိနစ်ခန့်ဘဲရှိပါတယ်.. ယာဉ်ကိုစစ်တာနဲ့ လိုင်စင် နံပတ်ပြား အားလုံး ဆယ့်ငါးမိနစ်ဝန်းကျင်အတွင်း အားလုံးပြီးပါတယ်... ဒါက ကားအင်မတန်ပေါတဲ့ ဂျပန်နိုင်ငံက အခြေအနေကို အကြမ်းဖျဉ်းပြောပြတာပါ...
ဒီလိုဘဲ မြန်မာနိုင်ငံမှာလည်း ဆိပ်ကမ်းကနေ ထုတ်ယူတဲ့ ကားတွေကို မောင်းယူမယ်ဆိုရင် မဖြစ်မနေ တပ်ဆင်ဖို့ ယာယီနံပတ်ပြားကို စီစဉ်ပေးရပါမယ်... စီစဉ်ပေးတဲ့အတိုင်းမလိုက်နာတဲ့ ကားတွေကိုလည်း ဥပဒေနဲ့အညီ တိတိကျကျ အရေးယူရပါမယ်... ဒါမှ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ် တပြေးညီရရှိခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်ရရှိနိုင်မှာဖြစ်ပါတယ်...

အခုလို နိုင်ငံတကာမှာ တွေ့ရခဲတဲ့ မြင်ကွင်းမျိုးကို ရန်ကုန်မှာ တွေ့ခဲ့ရတဲ့အတွက်... ]] NO 0NE IS ABOVE THE LAW, NO 0NE IS BEYOND THE LAW }}ဒီလို စကားလုံးတွေ မကြာခဏ ကြားနေရတဲ့ ကျနော်တို့ အမိမြေမှာ အခုလို ၁၉၆၄ မော်တော်ယာဉ်နည်းဥပဒေ တို့ ရာဇသတ်ကြီးတို့နဲ့ ကိုက်ညီခြင်း မရှိဘဲ လမ်းပေါ်မှာမောင်းနေတဲ့ ကားတွေကို သတင်းစာနဲ့ ဂျာနယ်တွေက ဘယ်လိုဘဲ ထောက်ပြနေ ပေမယ့်... ယာဉ်ထိန်းတပ်ဖွဲ့က ထိထိရောက်ရောက် အရေးယူခြင်း မရှိတာကို စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်... မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရင် နံပတ်ပြားမပါတဲ့ ယာဉ်ကို ဘယ်လို ခြေရာခံပြီး ဘယ်လိုအရေးယူမယ်ဆိုတာ စဉ်းစားလို့မရနိုင်တဲ့အတွက် လတ်တလော မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေဟာ နိုင်ငံခြားက ကားသစ်ဝယ်စီးနိုင်တဲ့ နိုင်ငံသား တစ်နည်းအားဖြင့် ပိုက်ဆံရှိတဲ့လူတွေအတွက် ဘဲ အကာအကွယ်ပေးနိုင်ပြီး... ပိုက်ဆံမတတ်နိုင်လို့ ကားသစ်ဝယ်မစီးနိုင်လို့ လမ်းပေါ်မှာ ခြေလျင်လျှောက်နေတဲ့ လူ တွေ ဘတ်စ်ကားတိုးစီးနေတဲ့ ပြည်သူတွေအတွက် အကာအကွယ်မပေးနိုင်ဘူး လား ဆိုတာမေးခွန်းထုတ်စရာရှိပါတယ်..

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဆိုပြီး ချီတက်တဲ့နေရာမှာ အစိုးရဖက်က လုပ်ကိုင်ဆောင်ရွက်စရာတွေ အများကြီးရှိနေသလို ပြည်သူတွေဖက်ကလည်း ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အပိုင်းတွေအများကြီးရှိပါရဲ့... ဒါပေမယ့် တစ်ချို့တစ်ချို့သော စစ်အာဏာရှင်စံနစ်ရဲ့ နောက်မြီးဆွဲတွေ လက်ညှိုးထိုးဝါဒဖြန့်နေသလို စည်းမဲ့ကမ်းမဲ့ဖြစ်မှုတွေ... တိုးပွားလာတဲ့ ရာဇဝတ်မှုတွေကို ဒီမိုကရေစီနဲ့ ပေးစားဖို့တော့ မသင့်တော်ပါဘူး... ရာဇဝတ်မှုတွေရဲ့ အခြေခံဟာ စီးပွားရေးကျပ်တည်းမှုနဲ့ အုပ်ချုပ်ရေး( ဒါမှမဟုတ် ) ရဲတပ်ဖွဲ့ရဲ့ လျော့လျဲမှုကြောင့်ဖြစ်ရတာပါ... ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ စားသောက်ဆိုင်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို အုပ်စုနဲ့ ဝိုင်းသတ်ခွင့်မပြုပါဘူး.... လူတစ်ယောက်ကို ကြိုးနဲ့ချည်ပြီး ကားနဲ့ ဆွဲသတ်ခွင့် မပြုပါဘူး... ထို့အတူ နံပတ်ပြားမပါတဲ့ ကားတွေကို လမ်းပေါ်မှာ မောင်းခွင့်မပြုပါဘူး...

ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လူသတ်မှု အစရှိတဲ့ ရာဇဝတ်မှုမျိုးစုံနဲ့ အကျဉ်းကျနေရတဲ့ အကျဉ်းသားများကို စေတနာမေတ္တာအပြည့်ထားပြီး အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးထားခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ ရာဇဝတ်မှုတွေ တိုးပွားလာခဲ့ရင် အထွေအထူး အဖြေရှာနေစရာမလိုပါ.

... တိုင်းပြည်စီးပွားရေးအတွက် အခြေခံလူတန်းစားအတွက်... လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် စီးပွားရေးတိုးတက်မှုတွေ ဖော်ဆောင်ဖို့ အားနည်းနေသေးမယ်ဆိုရင်... ရာဇဝတ်မှုတွေ တိုးပွားလာတဲ့ အတွက် အဖြေရှာနေစရာမလိုပါ.... ပိုက်ဆံတတ်နိုင်တဲ့လူတွေ ကားသစ်စီးခွင့်ရသလို ဆင်းရဲသား လက်လုပ်လက်စားတွေ ဘတ်စ်ကားချောင်ချောင်ချိချိ စီးနိုင်ဖို့... နေအိမ်ကနေ အလုပ်ခွင်ကို အချိန်တိုတိုနဲ့ သက်တောင့်သက်သာ သွားလာနိုင်ဖို့.... တဲနဲ့ နေရတဲ့ ဘဝကနေ ဇရပ်ဘေးမှာ အဖီထိုးပြီးနေရတဲ့ ဘဝကို အလုံးအရင်းနဲ့ ကူးပြောင်းနေရတာတွေ နည်းပါးသွားစေဖို့...အစရှိသဖြင့် အခြေခံလူတန်းစားများ အတွက်လည်း စဉ်းစားလုပ်ဆောင်ပေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား...
MMCP မှkoshwemung အားကျေးဇူးတင်ရှိပါသည်..

Wednesday, January 11, 2012

0 နိုင်ငံရေးအကျဉ်းသားများ မြန်မာ့အကျဉ်းထောင် နှင့် သူတို့လွတ်မြောက်ရေး



ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ မျိုးဆက်သစ်တွေထဲမှာ အကျဉ်းကျခံရသူတွေအတော်များ တဲ့အတွက် ထောင်အတွေ့အကြုံတွေ အများကြီးသိရပါတယ် စာအုပ်တွေကတဆင့်လည်း ဖတ်ရဖူးပါတယ်။ ကဗျာဆရာကြီး ဦးတင်မိုး နှုတ်ထွက်စကား က နေ မစိုးရိမ်ဆရာတော်ဘုရား ကြီးအထိအောင် ထောင်အတွေ့အကြုံတွေမျိုးစုံကို နားထောင်ရဖူးပါတယ်။ ကျောင်းသားငယ် တွေကစပြီး ဆရာတော်တွေအထိ ဒီမိုကရေစီမြတ်နိုးသူတွေတော်တော်များများကို မြန်မာပြည်ရှိ ထောင်တွေမှာ ချုပ်နှောင်ထားပြီး၊ "အကျဉ်းထောင်နိုင်ငံ" အဖြစ် သွတ်သွင်းတာဟာ တော့ ဘုရားကြည်ညိုယောင်ဆောင် နေ ကြတဲ့ စစ်အုပ်စုတွေရဲ့ အတွင်းသရုပ်သဏ္ဍန်ကို ဖောက်ထွင်းမြင် တွေ့နိုင်ပါတယ်။ ထောင်မရှိတဲ့ နိုင်ငံကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံမှာ တရားဥပဒေ ရှိမရှိဆိုတာကို ကို အကဲခပ်ဖို့ဟာ အကျဉ်းထောင်ကိုလေ့လာရင်ကိုပဲ အတော်လေးကိုသိနိုင်ပါလိမ့်မယ်။

အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီအစိုးရအောက်မြန်မာနိုင်ငံ သာရဝေါမြို့နယ်မှာ ဆရာတော်ဦးဝိစာရ နယ်လှည့်တရားဟောနေစဉ် ၁၉၂၆ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာ အာဏာဖီဆန်မှုနဲ့ အဖမ်းခံရပြီး အလုပ် နဲ့ ထောင်ဒဏ် (၂)လ ကျခံခဲ့ရပါတယ်။ အင်္ဂလိပ် အစိုးရလက်ထက် ဆရာတော်ဦးဝိစာရဟာ သင်္ဃန်းယုံခွင့်ရပြီး အလုပ်မလုပ်ရတဲ့အပြင် ဆရာတော်ဟာ "သာယာဝတီ အကျဉ်းထောင်မှတ်တမ်း" တောင် ရေးနိုင်ခဲ့တယ်လို့မှတ်သားရဖူးပါတယ်။ အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီခေတ်မှာတောင် နိုင်ငံရေးသမားကို ရိုသေ လေးစားတာကြောင့် ထောင်ကျသွားရင်တောင် အေကလပ် (သို့) ဘီကလပ် အထူးတန်းမှာ အခွင့်ထူးခံလိုထားတယ်။ သာမန်ရာဇဝတ်သားကို စီကလပ်မှာပဲထားပါတယ်။ အင်္ဂလိပ်ခေတ်မှာ မကြာခဏထောင်ကျတဲ့ သခင်စိုးကို နိုင်ငံရေးခေါင်းဆောင်လို့သတ်မှတ်တာမို့ အေကလပ် အထူးတန်းမှာထားတယ်လို့ သမိုင်းမှာသိရနိုင်ပါတယ်။ သခင်စိုးက ထွက်သမျှ သတင်းစာအားလုံးကို အရွဲ့တိုက်ပြီးမှာလို့ တရုပ် ကုလား သတင်းစာတွေပါ ပို့ပေးရတယ်။ "သခင်ပေါက်စ ထောင်ခြောက်လ" ဆိုတဲ့ ကိုလိုနီဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေ့း ခေတ်နဲ့ အခု အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့ခေတ်ကို နှိုင်းယှဉ်လိုက်ရရင်တော့သခင်စိုးနေတဲ့အကျဉ်းထောင်ဟာစီဒိုးနားလိုဇိမ်ခံဟိုတယ်ကြီးဖြစ်သွားနိုင်ပါတယ်။

နယ်ချဲ့ကိုလိုနီခေတ်ကထောင် နဲ့ ဦးနုဒီမိုကရေစီခေတ်ကထောင် ကို ယှဉ်ကြည့်ကြပါစို့။ ပါလီမန်အစိုးရ ခေတ်တုန်းက ၅ (ည) နဲ့အဖမ်းခံရတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ လူထုဦးလှ၊ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့ထောင်ကျခဲ့ပါတယ်။ ထောင်ကျခဲ့ကြပေမဲ့ သူတို့အတွက် ထောင်ထဲမှာ စာကြည့်တိုက်ရှိတယ်။ စာဆိုတော်နေ့တွေတောင် ကျင်းပခွင့်ရကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ထောင်ထဲမှာ စာဆိုတော်နေ့ တွေတောင် ကျင်းပနိုင်ခဲ့ကြတယ် ဆိုပါတယ်။ သတင်းကျွတ်ပွဲ တန်ဆောင်တိုင်ပွဲလို အခါကြီးရက်ကြီးတွေမှာ ထောင်အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေ စုပေါင်းပြီးကပြတဲ့ ပြဇတ်တွေ၊ အငြိမ့်တွေလည်း ထောင်ထဲမှာ ပျော်ပျော်ပါးပါး ကပြနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေအတွက်ထောင်ထဲမှာ လူမှုရေးလုပ်ငန်းတွေ အပင်ပန်းခံလုပ်ကိုင်ခဲ့တဲ့လူထုဦးလှဆိုရင် ထောင်သားတိုင်းကချစ်ခင်လေးစား တယ်လို့သိရပါတယ်။ ထောင်သားအချင်းချင်းပြဿနာတက်ပြီး ထောင်အရာရှိတွေ ဘာလုပ်ရမှန်းမသိ အောင် ဦးနှောက်ချောက်ရတဲ့ ကိစ္စမျိုးကို တောင် လူထုဦးလှက ဝင်ရောက်ဖြေရှင်းရင် ပြေလည်သွားတတ် ပါတယ် လို့သိရပါတယ်။ ဒါဟာ ထောင်အုပ်ချုပ်ရေးကိစ္စတွေမှာတောင် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့တယ်ဆိုတာကို ပြသနေတဲ့သဘောဖြစ်ပါတယ်။ အပြင်ကမိတ်ဆွေ အသိတွေကိုလည်း ထောင်ထဲမှာ ထမင်းစား ဖိတ်တာ၊ အလည်ခေါ်တာမျိုးလဲ ရရှိခဲ့ကြရပါတယ်။ ၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်း ကို ရန်ကုန်ထောင်ထဲဖိတ်ကြားပြီး ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တိုက ကန်တော့ခဲ့ကြတယ်ဆိုပါတယ်။ အဲ့ဒီနေ့က ဗန်းမော်တင်အောင် ရဲ့ အခမ်းမှာတောင် ဗန်းမော်တင်အောင် နဲ့ လေထီးဦးအုန်းမောင် တို့နှစ်ဦး အမှတ်တယ ဓါတ်ပုံတွဲရိုက်ထားတာရှိတယ် လို့ကြားရဖူးပါတယ်။ ၁၉၅၆ ခုနှစ်ကလည်း ကျားဘငြိမ်း ကို ရန်ကုန်ထောင်ထဲအထိ ဖိတ်ပြီး လက်ဝှေ့ဟန်ရေးပြခိုင်းခဲ့တယ်။ နာမည်ကြီး လှံတံပစ် မခင်ထွေးကိုလည်း ထောင်ထဲဖိတ်ပြီး အားကစားသရုပ်ပြပွဲ ပြုလုပ်ခိုင်းခဲ့ပါတယ်။ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့က စာရေးဆရာ ဒဂုံတာရာကို ထောင်ထဲဖိတ်ခေါ်ပြီး ထမင်းဖိတ်ကြွေးခဲ့ပါတယ်။ ဆရာကြီး ဒဂုံတာရာဟာ ထောင်ထဲမှာ တနေကုန်နေပြီး မိတ်ဆွေစာရေးဖော်ရေးဖက်တွေ နဲ့ အားရပါးရ စကားတွေ လက်ဆုံကျခဲ့ကြပါတယ်။ ထောင်ထမင်း ထောင်ဟင်းစားပြီး ညနေ ထောင်ဗူးဝ ပိတ်ခါနီး မှ ထောင်ထဲကနေပြန်သွားတယ်လို့သိရပါတယ်။

အခုတော့ ဒီအကြောင်းတွေဟာ ယုံတမ်းစကား တွေလို့ ထင်မှတ်ရပါတယ်။ ဦးသန်းစိန် အစိုးရလက်ထတ် အကျဉ်းသားဘဝ နဲ့ တခြားစီဖြစ်နေပါပြီ။ ပျော်ပွဲရွှင်ပွဲတို့ အားကစားပွဲတို့ဆိုတာ ဝေးလို့ နေ့ထူးနေ့မြတ်တွေမှာ ကိုယ့်ဖာသာကိုယ် ဥပုသ်စောင့်တာတောင် အာဏာပိုင်တွေ က နိုင်ငံရေးလုပ်တယ် စွတ်စွဲပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ဖို့ နေနေသာသာ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိလို ပုဂ္ဂိုလ်တွေကိုတောင် နအဖ က ထောင်ထဲလာတာကကြိုက်ပါဘူး။ ရန်ကုန်ထောင်ကြီးလည်း နေရာမပြောင်း၊ အဖမ်းခံရတဲ့ ပုဒ်မတွေလည်းမပြောင်း၊ ပြောင်းသွားတာကတော့ ကိုလိုနီစနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်၊ ပါလီမန်ဒီမိုကရေစီစနစ် ကနေ အာဏာရှင်စနစ် ထဲရောက်သွားရတော့ နဝတ နအဖ လက်ထက်မှာ သံဃာကံဆောင်ပွဲလုပ်မိတဲ့ မန္တလေးမြို့မှ လေးပြင်လေးရပ် သံဃာဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ ဆရာမောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဗိသုကာဦးကျော်မင်း၊ ဦးမောင်ကို တို့ စစ်အစိုးရအကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ကြရပါတယ်။

တိုင်းတပါးသားတွေ ကိုယ့်နိုင်ငံကို ကျွန်လာပြုတာတောင် တိုင်းတပါးသားက မြန်မာ့ နိုင်ငံရေးသမားတွေကို တလေးတစားတန်ဖိုးထား တာ အထင်းသားမြင်ရနိုင်ပါတယ်။ နိုင်ငံဟာ ဒီမိုကရေစီရခါစ ဦးနုအစိုးရလက်ထက်မှာ လည်း နိုင်ငံရေးသမားတွေကို အဆင့်အတန်းရှိရှိ ဆက်ဆံခံရပါသေးတယ်။ စစ်အစိုးရတက်ပြီး ၁၉၆၂ ကစပြီး စစ်ဗိုလ်တွေဟာ နိုင်ငံရေးသမားတွေကိုကို အာဏာပြိုင်ဘက်လို သဘောထားလာရုံမက ရန်သူလိုပါ နှိပ်ကွပ်လာတာ တွေ့ရှိရပါတယ်။ဒီမိုကရေစီကိုပေးဖို့အချိန်မတန်သေးပါဘူး၊ မြန်မာပြည်ဟာ ဒီမိုကရေစီစနစ် နဲ့ အံဝင်ဂွင်ကျမဖြစ်သေးဘူး၊ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံကလာတာ စသဖြင့် စစ်အုပ်စုအဆက်ဆက်ခေါင်းဆောင်တွေက ထင်ရာမြင်ရာပြောနေကြသလို အရပ်သားအစိုးရ လို့ကြေငြာထားတဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင်တွေကလည်း ဒီလိုပဲ တသဝေမတိမ်းလိုက်ပြောတာပါပဲ။ စစ်အုပ်စုတွေ ကတိ မျိုးစုံကို အကြိမ်ကြိမ်အလီလီကို ဖောက်ဖျက်ပြီး ရေးတာတမျိုး၊ လုပ်တာတမျိုး နဲ့ လုပ်ချင်ရာလုပ်နေကြတာပါ။ ၁၉၆၂ ကစပြီး၁၉၈၈ ကနေ ယ္ခုအချိန်အထိ စစ်အုပ်စု ကနေ အရပ်သားအစိုးရ လို့ ပြောဆိုကြေငြာနေသည့်တိုင် ကျောင်းသားမျိုးဆက်တွေနဲ့ နိုင်ငံရေးမျိုးဆက် ခေါင်းဆောင်အသီးသီးကို ထောင်တွေထဲထည့် ပြီး အမျိုးမျိုးနှိပ်စက်ခဲ့ကြပါတယ်။ နိုင်ငံတကာ နဲ့ ပြည်တွင်း ကအပြင်းအထန်တောင်းဆိုလာပြန်တော့ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး လို့ဗြောင်ငြင်းဆန်လာပါတယ်။ ဥပဒေတွေကို ချိုးဖောက်လို့ဖမ်းဆီးထားကြရတာပါတဲ့။ အရှက်ကိုလုံးဝမရှိတဲ့ တာဝန်ခံမှု တာဝန်ယူမှုလုံးဝမရှိတဲ့ အာဏာကိုင်တွေဖြစ်တယ်ဆိုတာထပ်သိရပြန်တယ်။ မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူး ပြောနေရင်းက သူတို့လွှတ်လိုက်ရင် နိုင်ငံရေးအကျဉ်းသားလွှတ်တယ် ကြေငြာပြန်ပါတယ်။ ဒီလို မလိမ့်တပတ် အမြဲလုပ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာဘယ်လောက်ရှိသလဲ ဆိုတာလည်း အာဏာကိုင်တွေ ဘယ်တော့မှ ပြောလေ့ပြောထ မရှိပါဘူး။ စစ်အုပ်စုတွေက ယုံကြည်အကျဉ်းသား လို့မသတ်မှတ်ပေမဲ့ လုံခြုံအကျဉ်းသား၊ သီးသန့်အကျဉ်းသား စသဖြင့် ဘယ်လိုခေါ်ဆိုခေါ်ဆိုစေကာမူ " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " "နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" ။

"ယုံကြည်နိုင်ငံရေးအကျဉ်းသားအဖြစ်" ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာ သတ်မှတ်ထားပါတယ်။ "မြန်မာ့နိုင်ငံရေးအကျဉ်းသား"ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကြမ်းမဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာမက၊ လက်နှက်ကိုင်လှုပ်ရှားမှုအတွင်း အဖမ်းဆီးထိမ် သိမ်းခံရသူ အကျဉ်းချခံရသူတွေကိုပါ ထည့်သွင်းသတ်မှတ်ပါတယ် လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ရဲရဲဝံ့ဝံ့ကြေငြာ သတ်မှတ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း ဆိုတာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ ထောင်အတွေ့အကြုံကြီးသူတွေ ဖြစ်တာမို့၊ မြန်မာ့နိုင်ငံရေး မှာ ပြည်တွင်းစစ်ဖြစ်နေရတဲ့ နိုင်ငံမှာ ဒီလို ပြတ်ပြတ်သားသားရပ်တည်ပြသမှု ခေါင်းစဉ်အဓိပ္ပါယ်အဓိပ္ပါယ်သတ်မှတ်ပေးတာကို ကျနော် အတော်ကို ဝမ်းသာလက်ခံမိပါတယ်။ တိုင်းရင်းသားတွေ ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတိုက်ပွဲတွေကို စာနာနားလည်မှု တန်ဖိုးးထားမှုတင်မက နိုင်ငံရေးအရ အမြင်ကျယ်ပြန့်မှုရှိတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ်အဓိပ္ပါယ်သတ်မှတ်မှုဖြစ်ပါတယ်။ ဒါဟာ အလွန်အရေကြီးပြီး "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားများ" ဆိုတဲ့ "စံ" ကို အကောင်းဆုံး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် လို့တောင် မသပ်မှတ်နိုင်ဘူး စသဖြင့်ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဦးသိန်းစိန် အစိုးရအနေနဲ့ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ မြန်မာနဲ့ကမ္ဘာကို ပြောဖို့ မသင့်တော်ပါဘူး။ ဘယ်သူမှလည်းလက်ခံမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရအဖို့ အရပ်သားအစိုးရဖြစ်နေတာမို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်ပေးဆွဲထားသလိုမျိုး အရင် စစ်အုပ်စုတွေဖြစ်တဲ့ နဝတ နအဖတွေလို ဆက်လက်ထိမ်းသိမ်းချုပ်နှောင်မထားသင့်တော့ပါဘူး။ စစ်မှန်တဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်လုပ်တယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အမြန်ဆုံးပြနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှသာ ပြည်သူတွေနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ယုံကြည်မှုရပြီး မြန်မာ့ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး နဲ့ တိုင်းပြည်သာယာဝပြောရေး၊ စီးပွါးရေး ပညာရေး ကျမ္မာရေးတွေ အမြန်ဆုံး စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ် မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ကင်းဝေးသွားအောင် ဆောင်ရွက်ရေးတွေဟာ လတ်တလောလုပ်ဆောင်ရမှာတွေဖြစ်ပါတယ်။

နိုင်ငံသားချင်း အချင်းချင်း ဘာဖြစ်လို့ အမုန်းပွါးနေတော့မှာလဲ။ ထောင်တံခါးတွေဖွင့် သံခြေချင်းတွေ လက်ထိပ်တွေဖြုတ် ပြီး ပြည်သူပြည်သားတွေ စိတ်ချမ်းသာမဲ့ မင်္ဂလာနေ့တွေ ဖန်တီးလိုက်ပါ တော့လားဗျာ။

နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ထောင်ထဲ မှာ ကောင်းကောင်းမွန်မွန်နေရတယ်။ စားရတယ်။ လွယ်လွယ်သဘောပေါက်ထားကြတဲ့ အချို့လူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းကျခံနေကြရတာကို သိရှိဖို့လိုတယ်။ စစ်အာဏာရူးတွေ ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်၊ ရက်ရက်စက်စက် စစ်ကြောရေးတွေဝင်ပြီး ရိုက်နှက်ဝန်ခံခိုင်း၊ စိတ်တိုင်းကျ နှစ်တွေနဲ့ထောင်ချပစ်၊ မိဘတွေနဲ့ဝေးရာထောင်တွေထဲထည့်၊ လိုအပ်ရင် လိုအပ်သလို ပုဒ်ထီး ပုဒ်မတွေ အသစ်ထပ်ရေးဆွဲပြဌာန်း ပြီး အရေးယူ၊ ထောင်တွေထဲမှာ လူ့ဂုဏ်သိက္ခါပျက်အောင် အထိလုပ်ပစ်၊ အစားအစာလုံလောက်အောင်မပေး၊ ကျမ္မာရေး လုံးဝဂရုမစိုက် စတာတွေနဲ့ စစ်အုပ်စု အာဏာတည်မြဲရေး ကို လုပ်ဆောင်ခဲကြ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ နုနယ်လှတဲ့ဘဝတွေကို ရင်းပြီး သူတို့တွေတိုက်ပွဲဝင်နေကြတယ်ဆိုတာ မြန်မာပြည်က စနစ်ဆိုးကို ဖယ်ရှားဖို့၊ စစ်အာဏာရှင်စနစ် ကို ဖယ်ရှားဖို့၊ တရားမျှတမှုတွေ ပြည်သူတရပ်လုံးရဖို့၊ လူ့ဂုဏ်သိက္ခါနဲ့လူတိုင်းလူတိုင်း လူပီသစွာ နေကြရဖို့၊ လူထုကိုကာကွယ်တဲ့ တရားဥပဒေပေါ်လာဖို့ အချုပ်ပြောရရင် လွတ်လပ်ခြင်း ညီမျှခြင်း တရားမျှတမှုတွေကို ပေးမဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်လာဖို့ ပေးဆပ်နေကြတယ်ဆိုတာကို သိရှိဖို့သာမက၊ နိုင်ငံရေးအရ နိုးကြားသိရှိဖို့ဟာ အထူးလိုအပ်လှပါတယ်။ ပြောတိုင်းယုံ တာမဟုတ်ဘဲ လက်တွေ့နဲ့ ချိန်ထိုးနိုင်ရပါမယ်။ ယခုအထိ မြန်မာပြည်အစိုးရအကျဉ်းထောင် တွေထဲမှာ ယုံကြည်ချက်ကြောင့်ဘဝကို စွန့်လွှတ်နေကြတဲ့ ရဟန်းသံဃာတွေ ကျောင်းသားလူငယ်တွေ တိုင်းရင်းသားများ အလွှာပေါင်းစုံမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ယင်း ထောင်ကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ဖို့ ပြည်တွင်း ပြည်ပ ရှိ ကျနော်တို့က တပ်စွမ်းသမျှဝိုင်းဝန်း ကူညီပေးကြဖို့၊ တာဝန်သိ ကျေးဇူးသိတဲ့ နိုင်ငံသားကောင်းတွေအဖြစ်တာဝန်ယူ လုပ်ဆောင်ကြဖို့တိုက်တွန်းအပ်ပါတယ်။

ခွပ်ဒေါင်းကျောင်းသားတွေရဲ့ ရိုးသားမွန်မြတ်တဲ့ သမိုင်းစဉ်ကို ဂုဏ်ပြုကြပါစို့။

နိုင်ငံချစ်စိတ် အရင်းခံနဲ့ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို မမေ့ကြပါနဲ့။ သူတို့အားလုံးဟာ နိုင်ငံ့ မိတ်ဆွေတွေ မျိုးချစ်တွေဖြစ်ကြပါတယ်။ သူတို့ ကျေးဇူးတို့မမေ့ကြဘူး။

နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့သင့်လုပ်အားဖြင့် ဂုဏ်ပြုပါဝင်ကြပါစို့။

နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ရေးသားတဲ့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားဘဝ အတွေ့အကြုံများအကြောင်း စာအုပ်နှစ်အုပ်လင့်ခ့် ကို ကလစ်လုပ်ပြီး နဝတ နအဖ စစ်အားဏာရှင်တွေ ဒီမိုကရေစီလိုလားသူတွေကို အကျဉ်းထောင်တွေထဲဘယ်လို နှိပ်စက်ကလူပြုသလဲ ထောင်တွေထဲ ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်ဆိုတာတွေကို လေ့လာလို့ရပါတယ်။

ဘာလဲဟဲ့ လူ့ငရဲ (ဆရာကြီး ဦးဝင်းတင်) စာအုပ်

http://www.scribd.com/doc/77720423/U-Win-Tin-%E2%80%9C%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7-%E1%80%9C%E1%80%B0%E1%82%94%E1%80%84%E1%80%9B%E1%80%B2%E2%80%9D



လူရှင်သင်္ချိုင်း (ကိုနေလင်း) စာအုပ်

http://www.scribd.com/doc/77719413/Lu-Shin-Thin-Chine-by-Nay-Lin

လေးစားစွာဖြင့်

ဇော်ဝင်း

ခေတ္တ (မဲဆောက်)

မှတ်ချက်။ ။ ဆရာ ဦးအောင်ခင် ရဲ့ ဆောင်းပါးတွေကို ကိုးကားရေးသားထားတယ်။

0 အန်အယ်ဒီ ဖွဲ့စည်းပုံ အသစ်နဲ့ ပြန်လည် ဖွဲ့စည်းမယ်


ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် ဖွင့်ပွဲနဲ့အတူ ပါတီဝင်သစ်တွေကို ဇန်န၀ါရီ ၉ ရက်နေ့က စတင်ပြီး လက်ခံလိုက်ပါပြီ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဖွဲ့စည်းပုံကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့လည်းဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကြောင်း အပေါ်မှာ ရပ်တည်ချက် သုံးချက်နဲ့ ဝိုင်းရံ ထောက်ခံ သွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောသွားခဲ့ပါ
တယ်။
Burma vj medianetwork

0 ဒေါ်အောင်ဆန်းစု ကြည် ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်

လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အဖွဲ့ဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂ ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်န၀ါရီ ၁၀ ရက်၊ အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။

သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်ကပြောပါတယ်။

“သဘာပတိအဖွဲ့မှာက-၁။ ဦးတင်ဦး (နာယက)၊

၂။ ဦးဝင်းတင်၊

၃။ ဦးသန်းထွန်း၊

၎။ ဦးလှဖေ၊

၅။ ဦးညွန့်ဝေ။

နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-

၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊

၂။ ဦးဉာဏ်ဝင်း၊

၃။ ဦးဝင်းမြင့်၊

၎။ ဦးအုန်းကြိုင်၊

၅။ ဦးဟန်သာမြင့်၊

၆။ ဦးထွန်းထွန်းဟိန်၊

၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”

နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့ နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး တင်ကြရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။

“တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့ စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆ ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့ ပြောမှာပါ။”

ဒါ့အပြင်ရန်ကုန် NLD ရုံးချုပ်နဲ့ တိုင်းနဲ့ပြည်နယ်တွေက NLD ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ် ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင် အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်န၀ါရီလ ၅ ၇က်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

VOA

0 ရန်ကုန်တောင်ဒဂုံမှ တကိုယ်တော် ဆန္ဒပြပွဲ (ရုပ်/သံ)


ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။ ။

နောက်ဆက်တွဲသတင်း..

အခြေခံ လူ့အခွင့်အရေးများ တောင်းဆိုဆန္ဒပြသည့် တောင်ဒဂုံ အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင် ဦးစိုးကြွယ်ကို တောင်ဒဂုံရဲစခန်းမှ အာမခံဖြင့် ယနေ့ညနေတွင် ပြန်လည်လွှတ်ပေးလိုက်သည်။ လူနှစ်ဦးက အာမခံ လက်မှတ်ထိုးပေးထားရပြီး လတ်တလောတွင် ခြေချုပ်ဖြင့် ကန့်သတ်ထားရှိရာ မည်သို့ဆက်လုပ်မည်၊ မည့်သည့်ပုဒ်မဖြင့် တရားစွဲမည် ဆိုသည်ကိုမူ မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးစိုးကြွယ်သည် ယနေ့ မနက် ၉ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ကျန်စစ်သား လမ်းပေါ်တွင် တောင်းဆိုချက် ၆ ချက်ကို ရေးသားကာ လမ်းလျှောက် ဆန္ဒပြခဲ့သည်။(ဧရာဝတီဝက်ဆိုဒ်)

Tin hlaing

Tuesday, January 10, 2012

0 လွတ်..ယုံကြည်ချက်အကျဉ်းသား

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign စတင်ပြီ။







Photo.. zawhtetkoko

Monday, January 9, 2012

0 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ။။ ( ပုံစံ )


Ah Bayah အားကျေးဇူးတင်ရှိပါသည်..

0 ဂုဏ်ယူလိုက်ပါသည်.NLD သီချင်း


အန်တီစုနဲ့ NLD ကို ဂုဏ်ပြုသီဆိုထားတဲ့ မန္တလေးက Mg Moe Aung နဲ့ Yzet Emolord တို့ရဲ့ HipHop သီချင်းလေးပါ...။

ရဲဘော် သူရိန်

0 တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင် ပြန်ယူမှာပါဘဲ ။


1940 ပြည့်နှစ် ဇန်န၀ါရီလ မှာ ဒို့ဗမာ့ အစည်းအရုံးရဲ့ အလုပ်မှုဆောင် အစည်းအဝေးကို မန္တာလေးမြို့မှာ ကျင်းပလေသည် ။ ထိုအချိန်မှာ ဗြိတိလျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ကရစ် က ဗမာနိုင်ငံ အခြေအနေကို လေ့လာဖို့ ရောက်လာခိုက်နဲ့ ကြုံလို့ ဒို့ဗမာ့အစည်းအရုံးဝင် များနဲ့တွေ့ဆုံခဲ့စဉ်က ထိုလေဘာပါတီ ခေါင်းဆောင်က သခင်အောင်ဆန်းတို့ အဖွဲ့ကို အခုလို ပြောပါတယ် ။

ဗမာပြည်ကို မရောက်ခင်က ခင်ဗျာတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ ၊ ဆင်ခြင်တုံတရား ကင်းမဲ့ကာ သူပုန်ထဖို့ ကြိုးစားနေသူတွေ ၊ ပညာလက်မဲ့ အလုပ်လက်မဲ့တွေ စုပေါင်းနေတဲ့ အဖွဲ့အစည်းကြီးလို့ သိထားရတာ ။ ဒီကိုရောက်မှ အားလုံး အမြီးနဲ့ခေါင်း လွဲနေသလို ဖြစ်နေတယ် ဆိုတာကို ပြောရင်း သဘောကျစွာ ဟားတိုက် ရီနေပါတယ် ။

ထိုအခါ သခင်အောင်ဆန်းက ရယ်မောလျှက် ဒါက ဓမ္မတာပါဘဲ ။ အုပ်စိုးသူ အစိုးရ ဆိုတာ အုပ်ချုပ်ခံ လူတန်းစား အပေါ်မှာ အခုလို သဘေထားလေ့ရှိပါတယ် ။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ သူတို့တွေ ဒီလို သတင်းလွှင့်ကြမှာပါဘဲ ။

တခုပြောချင်တာက ဗမာပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တော ပညာမဲ့ အလုပ်လက်မဲ့ လူပေလူတေ လေးတွေ ဖြစ်ရတယ် ဆိုရင် ဘယ်သူ့ အပြစ်လည်း ။ ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ရတဲ့ အခုလို အဖြစ်အပျက် အတွက် ဗြိတိသျှ လူမျိုးတွေ ရှက်စရာ ကောင်းတာပေါ့ လို့ပြန်ပြောပါတယ် ။

ကရစ်ပ် ။ ။ တခုလောက် မေးစမ်းပါရစေ ၊ စပ်စုတယ်လည်း သဘောမထားပါနဲ့ ၊ ရင်းနှီးလို့ အခုလို မေးရဲတာပါ ။ ခင်ဗျားတို့က အင်္ဂလိပ် လက်အောက်ခံ ဘ၀က လွတ်မြောက်ဖို့ ကြိုးစားနေကြတယ် ။ ဘယ်လိုနည်းနဲ့လွတ်မြောက်အေင် လုပ်ကြမှာလည်း ။

သခင်အောင်ဆန်း ။ ။ နည်းကတော့ ကျန်ာတို့ တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင်ပြန်ယူမှာပါဘဲ ။

ကရစ်ပ် ။ ။ မစ္စတာ အောင်ဆန်း ပြောတာ သိပ် နားမလည်ဘူး ၊ ထပ်ရှင်းစမ်းပါအုံး ။

သခင်အောင်ဆန်း ။ ။ ရှင်းပါတယ် ။ တရားတယ် ထင်တဲ့ နည်းလမ်း ဆိုတာ ရရာ နည်းလမ်းနဲ့ လုပ်ရမယ်လို့ ဆိုတာပါဘဲ ။ ဥပမာဗျာ ခင်ဗျာ အိပ်ထဲက ဖောင်တိန်လေးဟာ ကျနော်ပိုင်တဲ့ ဖောင်တိန် ဆိုပါတော့။ ခင်ဗျာက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူသွားတယ် ထားပါတော့ ။ ဒီတော့ ကျန်ာက ခင်ဗျာကို ပြန်လည် တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ် ၊ မရရင် နောက်တနည်းနဲ့ ပြန်တောင်းမယ် ။ ဒီလိုမှ မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ် ။ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုမယ် ။

သခင်အောင်ဆန်းသည် ပြောပြာဆိုဆို ကရပ်စ်ဖို့ ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရပ်စ်၏ ကုတ်အကျီ်အိပ်ကပ်ကြီးပါ ပြဲ၍ ပါလာတော့သည် ။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အကျိံင်္ီ ပြဲသည်ကိုပင် အားမနာတတ် ၊ အလိုက်မသိတတ်ဘဲ ဆက်ပြောလိုက်သေးသည် ။ ကဲ အဲဒီနည်းဟာ ကျနော်တရားတယ် ထင်တဲ့နည်းဘဲ ။ ကျနော့် ဖောင်တိန်ပြန်ရတာ လိုရင်းဘဲ ။ ကရပ်စ်မှာ ဘာမှ မပြောနိုင်ဘဲ အားရပါးရ ဟားတိုက်၍ ရယ်မောနေတော့သည် ။

သခင်အောင်ဆန်းက ဆက်ပြီး ကဲ . အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား ။ ကျနော့်မှတော့ ဖောင်တိန်ပြန်ရပါရဲ့ ခင်ဗျာမှာတော့ အင်္ကျီအိပ်ကပ် အပြဲခံရတာသာ အဖတ်တင်သာပေါ့ ။ စောစောကသာ ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး ။ ကျနော့်လက်တောင် တော်တော် နာသွားတယ်။ ခု ကျနော် ပြောနေတာတွေက အပိုပြောတာလည်း မပါဘူး ။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး ။ တကယ်ဖြစ်လာနိုင်တာကို ပြောပြတာဘဲ ။

ကရပ်စ်မှာ ဘာမှ မပြောနိုင် ။ အူတတ်မတတ် ဖြစ်နေရှာသည် ။ နောက် အတန်ကြမှာ အို ချစ်စရာ ကောင်းတဲ့ အောင်ဆန်း ၊ ချစ်စရာ ကောင်းတဲ့ အောင်ဆန်းဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည် ။

myat thi ha

Sunday, January 8, 2012

0 နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ၊

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယနေ့သခင်သိန်းဖေ၏နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီးဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)ဦးအုန်းကျော်တို့နှင့်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်၊

ညနေပိုင်းတွင်သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်လည်းသွားရောက်ကာ အကျဉ်းသားများ လွတ်မြောက်ရေးအတွက်ဆွေးနွေးခဲကြပါသည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာမိန့်ဟာ လွတ်ငြိမ်းချမ်းသာလို့မခေါ်ထိုက်ပါဘူးဆိုပြီးပြောပါသည်။

နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးတဲ့အတွက်နိုင်ငံရေးအဓိပ္ပါယ်ကိုစဉ်းစားလို့မရဘူးဟုဆိုပါတယ်၊ ငြိမ်းချမ်းစွာလုပ်ပါ့မယ်ဆိုတဲ့လူတွေကို တချီတမောင်းတော့ ချလိုက်အုံးမယ်ဆိုတဲ့ စိတ်ခံစားချက်ဖြစ်တယ်လို့ ဆိုပါတယ်၊

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်သူလူထုရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုအမြန်ဆုံးလျှော့ချရေးဆိုတဲ့စံသုံးချက်ကို ယနေ့ကာလမှာအဓိကထားပြီးလုပ်ဆောင်ရန်ပြောကြားလိုက်ကြောင်းသိရပါတယ်၊

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်သွားရောက်တွေ့ဆုံစဉ်

သခင်သိန်းဖေ၏နေအိမ်တွင်သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်
Redstar Burma အားကျေးဇူးတင်ရှိပါသည်...

0 နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက်အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှုစတင်


မြန်မာနိုင်ငံအနှံ့အပြားရှိအကျဉ်းထောင်များတွင်ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဇန်နဝါရီလ ၈ ရက်မှ စတင်ကာ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုကိုစတင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ ၈၈ မျိုးဆက်သစ် ကျောင်းသား ဦးကိုကိုကြီး (စမ်းချောင်း)က ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး က ထုတ်ပြန်သည့် တတိယ အကြိမ်လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ဖြင့် လွတ်မြောက် လာသူ နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာနည်းပါးသဖြင့် ယင်းလှုပ်ရှား မှုကိုစတင်ခြင်း ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် ​ကျောက်မြောင်းရပ်ကွက် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစု များကိုလမ်းလျှောက် တွေ့ဆုံနေ သည့် အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှု အဖွဲ့ဝင်များ“ကျွန်တော်တို့ဒီအတိုင်းငြိမ် နေရင် မရတော့ဘူး။ တစ်ခုခုလုပ်မှရတော့မယ်ဆိုတဲ့ အတွေးပေါ်လာလို့ ဒီအဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုကို နိုင်ငံရေးအင်အား စုတွေပေါင်းပြီး လုပ်ဆောင်ရတာပါ။ကျွန်တော်တို့တတွေနိုင်ငံရေးအကျဉ်းသားမိသားစုတွေ နဲ့ တွေ့ တဲ့အခါမှာ သူတို့တွေ လွတ်မြောက်ရေးကို အဆက်မပြတ် လုပ်နေတယ်ဆိုတဲ့ သတင်းစကားကို ပြောပြပါတယ်။

ထောင်ဝင်စာ သွားတွေ့တဲ့အခါ လိုအပ်တဲ့ပစ္စည်း တွေကိုထောက်ပံ့ပါတယ်။” ဟု ဦးကိုကိုကြီး(စမ်းချောင်း) က ဆိုသည်။ အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှုအား နိုင်ငံရေး အကျဉ်းသားမိသားစု ကွန်ရက် Generation Wave ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၈၈မျိုးဆက်သစ်ကျောင်း သားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား များသမဂ္ဂ တို့က ပူးပေါင်း ပါဝင်သည့် အပြင်၊ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံရန် ရှိကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်သူ ဗကသအဖွဲ့ဝင် မဖြိုးဖြိုးအောင်က ပြောသည်။ဇန်နဝါရီ ၈ ရက်က စတင်သည့် အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှုအား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှ စတင်ခဲ့ပြီး၊အကျဉ်းကျနေ သည့်နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ မိသားစုနှင့် တွေ့ဆုံ ကာအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Yangon Media Group
Photo..Burma vj media network

0 လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆုချီးမြှင့်မှုအခမ်းအနားတွင် ကိုဇာဂနာခေါင်းဆောင်သောသီးလေးသီးနဲ့မြပုဏ္ဏမာအငြိမ့်အဖွဲ့မှတင်ဆက်သောဟာသပျက်လုံးများ


VIDEOဖိုင် ၁၄ဖိုင်တဆက်တည်းကြည့်နိုင်ပါတယ်..




Photo..Zarganar Facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.