Saturday, May 12, 2012

0 NLD နာယက ဘဘဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း(ရုပ်/သံ)


(အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက ExpressTimes ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ် လူကြီးတစ်ယောက်အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်းပြောကြားချက်တွေပါ... ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ... အသံဖိုင် ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင်တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်... )
ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်... မနေ့ညကကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးလိုက်နေတဲ့ ပုဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ကနေပြီးတော့သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့...သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ်မှာကတော့ဖြင့်ရင် ကျတော်တို့ လုံခြုံရေးအဖွဲ့ကပုဂိုလ်ဟာကိုယ်ထိလက်ရောက်ပြုလိုက်တဲ့အတွက်ကြောင့်မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ်လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြောကျတော်ကြားလိုက်ပါတယ်... ဒီနေရာမှာ ကျတော်ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက် အနေနဲ့... ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့အားလုံးရဲ့ အသက်တမျှအရေးကြီးတယ် ဆိုတာကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်...ဟေးးး ဖြောင်းဖြောင်း

ဖြောင်း (ပရိသတ်၏ တခဲနက် လက်ခုတ်သံ)... အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာပုဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေးနိုင်သလောက် လုပ်ပေးတာလဲ ရှိမယ်... သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး... အင်မတန် အမြဲတန်း လိုနေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တကယ်ကို သတိဝိရိယကြီးမားစွာနဲ့ စောင့်ရှောက်မှသာလျှင် လုံခြုံစွာအောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

အဲ့လိုဖြစ်တဲ့ အရေးနဲ့ပတ်သတ်လို့ မျှမျှတတပြောရရင် သဘောကတော့ လုံခြုံရေးယူတယ်ဆိုတာဟာ (အနည်းငယ် စဉ်းစားပြီး) ... ခင်ဗျားတို့အားလုံးသိကြပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဟာ ပြည်သူလူထုက တခဲနက်ချစ်မြတ်နိုးတာဟာ ကျိကျိတက်ချစ်မြတ်နိုးပါတယ်... ကျတော်တို့ခောတ် မှီပါတယ်.. .ဒီလိုပါပဲ အလားတူပဲ ပြည်သူလူထုက ရောက်ရာအရပ်မှာတိုးကြိတ်၊ တိုးဝှေ့ပြီး သူတို့ရဲ့ ယုံကြည်အားကိုတဲ့ စိတ်ဓါတ်ကို ပြတာကို တွေ့ဖူးပါတယ်... အဲ့ဒီအခါမှာ ဗိုလ်ချုပ်အောင်ဆန်းကလဲပြည်သူလူထု အားလုံးရဲ့ ချစ်မြတ်နိုးမှုကို ယုံကြည်တယ်...သို့သော်လဲပဲ ဒီထဲမှာ မသမာတဲ့သမကြိုက်တဲ့သူဆိုတာ သူ့သဘောကို မသိနိုင်ဘူး...အဲ့လိုအခါမျိုးမှာတော့ ဒီလိုပဲသတိပေးနေရင် လုပ်ကိုင်နေရင်းကြားထဲမှာပဲ ၁၉၄၇ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ နိုင်ငံခေါင်းဆောင်၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဟာ အသက်ပေးလှုရတဲ့အထိ လုပ်ကြံခြင်းခံရပြီး ကျဆုံးသွားရှာခြင်း ခံရ တယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိတယ်...

အဲ့ဒါကြောင့်လဲပဲ တိုင်းပြည်မှာ နောက်ဆက်တွဲဖြစ်ပျက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အခက်အခဲ အကျပ်အတည်းတွေဟာ ဒီနေ့အထိရုန်းကန်နေရတယ်ဆိုတာဟာ အဲ့ဒီတုန်းက ရတောင့်ရခဲခေါင်းဆောင်ဟာ မသမာ သူတို့၏ လက်ချက်ကြောင့် ဖြစ်သွားတာကြောင့်ဆိုတဲ့ ပယောဂဟာ ဒီနေ့အထိ ဒုက္ခတွေ၊ သုက္ခတွေ အမျိုးမျိုးခံနေရတယ်ဆိုတာကိုနားလည်သဘောပေါက်ဖို့လိုတယ်
ဟေးးးးးဖြောင်းဖြောင်းဖြောင်းး(ပြည်သူတွေ၏ လက်ခုပ်သံ)

ဒီတော့ဒီနေ့ ကျတော်တို့ဟာ အင်မတန် ကံကောင်းလွန်းလွန်း လို့ ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရထားတာကို သူမအသက်အန္တာရယ် ဘေးကင်းရှင်းစေရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတာ ကျတော်တို့တွေမှာရော ဒီတာဝန်ရှိသူတွေမှာရော တာဝန်ယူရမယ် ဆိုတာအားလုံးကို လေးလေးနက်နက် ကျတော်ဒီမှာပြောချင်တယ် ဟေးးးးဖြောင်းဖြောင်းဖြောင်း(ပြည်သူတွေ၏ လက်ခုပ်သံ)

ဒီတော့ပြီးခဲ့တဲ့ကိစ္စမှာလုံခြုံရေးတာဝန်ယူတယ်ဆိုတာဟာဒီနေရာမှာတင်ယူလို့မရဘူး...အတွင်းစည်းဝိုင်းမှာလဲ ယူရတယ်...အလတ်စည်းဝိုင်းမှာလဲ ယူရရတယ်... အပြင်စည်းဝိုင်းမှာလဲယူရတယ်...ဟိုးအဝေးကြီးကလာတတ်တဲ့နေရာတွေမှာလဲ ယူရတယ်...ဒီနေရာမှာ ဒုက္ခ သုက္ခပေးဖို့ဆိုတာဟာ အဝေးကြီးကလာပြီး ပေးလဲရတယ်...နောက်ပြီး အခုခောတ်ခါမှာလဲ သိတဲ့အတိုင်းပဲ ခောတ်ရဲ့ ကိရိယာ တန်ဆာပလာတွေဟာ အင်မတန်ဆန်းပြားတဲ့ အတွက်အန္တရယ်တွေဟာ ကြီးမားပါတယ်.. .ဒါကြောင့်မို့ အန္တရယ်ကြီးမားတဲ့ အတွက် လုံခြုံစောင့်ရှောက်ရန်တာဝန်ရှိတဲ့ကလေးတွေ ဟာ အင်မတန်ကို ပင်ပန်းကြီးမားစွာနဲ့ အစောင့်အရှောက် ပေးနေရတယ်လုပ်နေရတယ် ဆိုတာကိုတော့ ပထမ နားလည်စေ ချင်ပါတယ်...အခု ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရောက်တဲ့နေရာမှာဆိုရင် ပြည်သူလူထု ဟာ အင်မတန် ချစ်မြတ်နိုးတယ်...အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိတယ် ...

ပန်းဆက်ချင်တယ်...လက်ဆောင်ပေးချင်တယ်... ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ ကျတော်ဟာ အတူတကွခရီးတွေ အများကြီးသွားခဲ့ဖူးပါတယ်...သူ့ရဲ့စေတနာ ပြည်သူလူထုအားလုံးထံ ချဉ်းကပ်ပြီး ဖက်လှဲတကင်းနေချင်တယ် ဆိုတာကို ကျတော်ကောင်းကောင်းသိတယ်...သူ့နားကိုလာတဲ့သူ တားတာ ပြုတာကို သူမကြိုက်ပါဘူးးး...သူ့နားလာတဲ့ ပုဂိုလ်၊ သူနဲ့ ရင်းနှီးလိုတဲ့ ပုဂိုလ် သူနားချဉ်း ကပ်လာတာကို ကာကွယ်တာ သူမကြိုက်ပါဘူး... ဒါကို ကျတော်ကောင်းကောင်းသိတယ်...သို့သော်လဲပဲ ကျတော်တို့မှာ တာဝန်ရှိတာကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့သွားတာ ၊ လုပ်တာ၊ ကိုင်တာ လွယ်အောင် အနီးကပ် လုံခြုံရေး အဖွဲ့က ကလေးတွေကိုထားရပါတယ်...

ဒီကလေးတွေကလဲ တကယ်သူယုံကြည်စိတ်ချပြီးတော့တောက်လျှောက် သူအသုံးပြုလာတဲ့ ကလေးတွေဖြစ်တဲ့ အတွက်ဒီကလေးတွေဟာ ပင်ပန်းကြီးစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရာလာရာမှာ အခုမြင်တယ်မလားးး ရောက်တယ်ဆိုရင် ကြိုပြီး တိုးရယ်ဝှေ့ရယ် နေရာတကာတိုင်းးးပါပဲ...အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးဖြစ်ရင် ကျတော်တို့က စိုးရိမ်ပူပန်ရစမြဲပါ... အဲ့ဒါကြောင့်မို့ ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာလဲပဲ လုပ်ကိုင်ခဲ့တဲ့ကလေးသည် သူ့ခေါင်းထဲမှာ လုံခြုံမှုနဲ့ပါတ်သတ်လို့ ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက် သူတို့ဟာ အင်မတန် ပင်ပန်းကြီးစွာ လုပ်ကိုင်တာပဲ ဖြစ်ပါတယ်...အဲ့ဒီတော့ အဲ့ဒီအပိုင်းနဲ့ ပတ်သတ်လို့လဲ နားလည်ဖို့ဆိုတာ ကျတော်ပြောချင်ပါတယ်...နောက်တစ်ခါ တစ်ချို့ လုံခြုံရေးယူတဲ့ ကလေးတွေ အနေနဲ့ ပင်ပန်းကြီးလွန်းတဲ့ အခါမှာ သူတို့ဟာစိတ်လိုက်မာန်ပါ တွန်းတာ ဖြစ်တတ်ပါတယ်...အဲ့လို တွန်းတာ ဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကလဲပဲ ...

တခြားကြောင့် မဟုတ်ပါဘူးး... ဒီလုံခြုံရေးနဲ့ပတ်သတ်တဲ့ အပိုင်းမှာ အကြီးမားဆုံးတာဝန်ရှိတယ် ဆိုတာ ဖြစ်တဲ့ အတွက် လုပ်ရကိုင်ရတာ ဖြစ်ပါတယ်...တခါ သတင်းထောက်ပိုင်းက ပုဂိုလ်တွေကိုလဲ ကျတော်တို့က မျှမျှတတ ပြောချင်တာကတော့ အခုလို ခုနက ပြောတဲ့အတိုင်းဖြစ်တာ ဆိုရင်လဲပဲ ကျတော်တို့ဘက်က အကြောင်းချင်း ရာအလိုက်ဒါမျိုးနဲ့ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင်တတ်နိုင်သမျှလုံးပန်းဖို့ သဟဇာတ ဖြစ်ဖို့ ကျတော်တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ် ... သို့သော် တစ်ဖက်ကလဲပဲ သတင်းစာလောက သတင်းထောက်လောက ပိုင်းကလဲပဲ တချို့ကလဲ မှန်ပါတယ် တကယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ပုံရချင်လို့ သိမ်းထားချင်လို့ တရိုတသေ ထားချင်လို့ ရိုက်တဲ့သူလဲ ရှိတယ်...တချို့ကတော့ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပညကြောင့် ရိုက်ရတာလဲ ရှိတယ်...ရှိတဲ့ အခါမှာ သူတို့ကလဲ အလုအယက်ရိုက်ကြတဲ့ အခါကျတော့ဒါနဲ့ ပတ်သတ်တဲ့အပိုင်းမှာတော့ ဖြင့် အနီးကပ်ဖြစ်တဲ့အခါမှာတော့ ဘယ်သူရယ်ဘယ်ဝါရယ်မသိဘဲ တတ်နိုင်သမျှသူတို့က တားရဆီးရတာ ဖြစ်တယ်...အဲ့လိုတားရဆီးရရင်းနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ကျတော်နားလည်တဲ့ အတွက် ဒါနဲ့ပတ်သတ်တာ အားလုံးကိုလဲ တဘက်က နားလည်ပေးပါလို့ ပြောချင်တယ်...

ကိုမောပြေ



Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် အမေစု လုံခြုံရေး ကိုကျော်စိုးနိုင်၏ ဖြေရှင်းချက်ကို ထလော့မြန်မာသီချင်းသီဆိုသူ အဆိုတော်နေဇော်ရဲ့ အင်တာဗျူး

1 မီဒီယာ သတင်းယူတာနဲ့ လုံခြုံရေး အစီအစဉ်

မီဒီယာ သတင်းယူတာနဲ့ လုံခြုံရေး အစီအစဉ်

မီဒီယာ သတင်းထောက်တွေက ကွင်းဆင်း သတင်းယူရာမှာ ထိထိရောက်ရောက် အလုပ်ဖြစ်ချင်ဇော ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်တခုဟာ နှစ်ခါပြန်လုပ်လို့ မရနိုင်တဲ့အတွက် မီဒီယာပေါက်မယ်လို့ ယူဆမိတာကို အမိအရ လုပ်ယူရပါတယ်။ ဖြစ်စဉ်တခု ရှိနေတဲ့ အချိန်ကာလရဲ့ တစက္ကန့်တိုင်းဟာ သူတို့အတွက် သိပ်အရေးကြီးပါတယ်။ ဒါက မီဒီယာ သတင်းထောက်တွေအပေါ် နားလည်ပေးနိုင်တာ ဖြစ်ပါတယ်။

အခြားတဖက်မှာ ဆိုရင်တော့ အဲဒီ ဖြစ်စဉ် အခမ်းအနား၊ အစည်းအဝေး၊ သတင်းစာ ရှင်းလင်းပွဲ စတာတွေမှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအပိုင်းကိုလည်း မဖြစ်မနေ စီမံထားရပါတယ်။ ပွဲမပျက်အောင်လည်း ထိန်းပေးရပါတယ်။ ပရိသတ်ရှိနေရင် ကြည့်ရှုနားထောင်တာကို မထိခိုက်အောင် စီမံပေးရပါတယ်။

လွတ်လပ်တယ် ဆိုတိုင်း လမ်းပေါ်မှာ ဆေးရိုးလှန်းလို့ မရသလို မီဒီယာပိုင်းအရ အရေးကြီးတာ လုပ်ဖို့ ရှိနေသည့်တိုင်အောင် လွတ်လပ်စွာ စိတ်ကြိုက် မလုပ်သင့်တဲ့ အခြေအနေတွေကိုလည်း မီဒီယာဘက်က နားလည်ပေးထားရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ မီဒီယာ သတင်းထောက်တွေ အလုပ်လုပ်ကြတာကို လေ့လာကြည့်တဲ့အခါမှာ မီဒီယာ ရပိုင်ခွင့်ကို တန်ဖိုးထားပေးထားတာ ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ အခမ်းအနားရဲ့ Level မြင့်ရင် မြင့်သလို ဥပမာ- နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်မှု ရှိရင်ရှိသလို သတင်းရယူတဲ့ အစီအစဉ်မှာ ကန့်သတ်မှုတွေ တိတိကျကျ တင်းကြပ်ထားရပါတယ်။ ဒါက လုံခြုံရေးအရ စီမံရတာ ဖြစ်တာကြောင့် လုံခြုံရေး တာဝန်ယူသူတွေရဲ့ အစီအစဉ်ကို ဘယ်သူမဆို လေးစားလိုက်နာပေးရမှာ ဖြစ်ပါတယ်။

မီဒီယာ သတင်းထောက်တွေရဲ့ သတင်းရယူလိုဇောနဲ့ ပရိသတ်ရဲ့ အားပေးနှုတ်ဆက်ချင်ဇောကို အခွင့်ကောင်းယူတတ်တဲ့ မသမာသူတွေဟာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ပွဲမဆို ရှိနေတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတခုပေးရရင် ပါကစ္စတန်နိုင်ငံက မစ္စက် ဘင်နာဇီယာ အလီဘူတို ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ပါတ်အလို ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ အတိုက်အခံ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးရေးအပြီး လူထုပရိသတ်ကို နှုတ်ဆက်နေတုန်း ဗုံးခွဲ လုပ်ကြံခံလိုက်ရလို့ ကွယ်လွန်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ခေါင်းဆောင်တွေကို လုပ်ကြံတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ခေတ်သစ်သမိုင်းမှာ အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုကြောင့် ခန့်မှန်းလို့ မရနိုင်လောက်တဲ့ ဆုံးရှုံးမှုကြီးကို နိုင်ငံနဲ့ နိုင်ငံသားတွေကသာ လက်တွေ့ ခံစားရပါတယ်။ တဦးတယောက်ရဲ့ နိုင်ငံရေး အကျိုးအမြတ် ရယူလိုတဲ့ အတ္တဆန္ဒကြောင့် တခါတလေမှာဆိုရင် ဆယ်စုနှစ် အများကြီးကြာအောင် ပြည်သူတွေမှာ ဆုံးရှုံးနစ်နာနေတတ်ပါတယ်။

ဒါတွေကို ကျနော်တို့အားလုံးက သင်ခန်းစာ ယူကြရပါမယ်။ နောက်နောင် မဖြစ်လာစေရအောင် လူတိုင်းက အသိတရား၊ သတိတရားနဲ့ ဝိုင်းဝန်းကူညီပေးကြရပါမယ်။

လွင်အောင်စိုး

၁၂-၅-၂ဝ၁၂

0 ဇေကမ္ဘာကလယ်ကန်သင်းတွေ ဘူဒိုဇာ နှစ်စီးနဲ့ ဖျက်စီး၊ လယ်သမားတွေက လယ်ထွန် အပြိုင်အဆိုင်ဖြစ်နေ




သူ့ဆန်စားမှတော့ ရဲကြရပြီပေါ့ ...

ဇေကမ္ဘာကုမ္ပဏီရဲ့ တာဝန်ရှိသူ မန်နေဂျာကြီးဟာ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ...ကျေးရွာ အုပ်ချုပ်ရေးမှူးများရဲ့ တားမြစ်ချက်ကို အလေးထားခြင်းမရှိဘဲ ယနေ့ (၁၁.၅.၂၀၁၂) ရက်နေ့မှာ တုတ် ၊ ဓားတွေပါ ကိုင်ဆောင်ပြီး ဘူဒိုဇာ နှစ်စီးနဲ့ လယ်ကန်သင်းတွေဖြတ် ရိုးပြတ်တွေကို အပြောင်းရှင်း မိုက်မိုက်ကန်းကန်း ပြုလုပ်နေတာကို လယ်သမားတွေထံမှ သိရှိရတဲ့အတွက် သွားရောက်ရာမှာတော့ ဓားတွေကိုသိမ်းထားလိုက်ပြီလို့ လယ်သမားတွေက ဆိုပါတယ်။

လယ်သမားတွေကို ကူညီဆောင်ရွက်သူ ဦးနေမျိုးဝေ၊ ဦးဝင်းချိုတို့ ရောက်ရှိသွားကြပြီး လယ်သမားတွေကို လည်းပြန်လည်ထွန်ယက်ဖို့ ထွန်စက်ခေါ်ပါတယ်။ ဇေကမ္ဘာက ဖျက်စီး၊ လယ်သမားတွေက လယ်ထွန် အပြိုင်အဆိုင်ဖြစ်နေတာကို မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်တယ်လို့ ဆိုပါတယ်။ လယ်သမားတွေကို အရင်လာတားတဲ့အတွက် ဇေကမ္ဘာရပ်ပေးရင် လယ်သမားတွေဘက်ကလည်း ရပ်ပေးဖို့ အဆင်သင့်ပါလို့ ပြောတဲ့အချိန်မှာတော့ ဇေကမ္ဘာကုမ္ပဏီကိုသွားရောက်တားမြစ်ရာမှာ လိုက်နာခြင်း မရှိတဲ့အတွက် ခရိုင်အဆင့်ထိ ဖုန်းဆက်အကြောင်းကြားပြီး တားမြစ်ရတယ်လို့ သိရပါတယ်။ ညနေ့ လယ်သမားများနှင့် ဇေကမ္ဘာကို သက်ဆိုင်ရာမှ တားမြစ်စာထပ်မံပို့ထားပြီး လိုက်နာခြင်း မရှိက ဥပဒေအရ အရေးယူမည်ဟု ဆိုထားကြောင်း သိရပါတယ်။

သက်ဆိုင်ရာအစိုးရ သမ္မတမှအစ အောက်ခြေအဆင့် ၀န်ထမ်းများသည် နိုင်ငံတော် လစားစား၍ နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍ လွှတ်တော် တစ်နေရာတွင် ပါဝင်နေသော လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ၏ ကုမ္ပဏီမှ လယ်သမားများအပေါ် နိုင့်ထက်ကလူပြုနေခြင်းကို ဖြေရှင်းမပေးခြင်းသည် အလွန...်အလွန်မှ တာဝန်မဲ့သော အစိုးရတစ်ရပ်အဖြစ် သုံးသပ်ရမည်ဖြစ်သည်။ အိုးအိမ်ဌာနမှ ဇေကမ္ဘာကို လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိဟုဆိုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ စက်မှုဇုန် (၄) တွင်ပါဝင်နေသည်ဟု မယုတ်မလွန်ဆို၍ အိုးအိမ်မှ အကြောင်းကြားချက်ကို သိမသိ မေးမြန်းရာ `စာနှင့်သော်လည်းကောင်း၊ နှုတ်နှင့်သော် လည်းကောင်း အကြောင်းကြားခြင်း မရှိဟု (၁၀.၅.၂၀၁၂) လယ်သမားများကို လာရောက် တားမြစ်ချိန်တွင်ပြောကြားသွားသည်။ နိုင်ငံတော်ဘဏ္ဍာစားပြီး နိုင်ငံသားကို မလိမ့်တပတ်လုပ်နေသူများ .... ပြုတ်ပြုတ်ပြုန်းပါစေသား .......

နေမျိုးဝေ by user1851801
လယ်သမားတွေကို ကူညီဆောင်ရွက်သူ ဦးနေမျိုးဝေရဲ့ပြောဆိုချက်
နောင်တော်လေး

Friday, May 11, 2012

2 NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ..>

၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျနော်လဲတက်ရောက် သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသလို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...

Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာမဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီးမှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သတင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ ပြောတာ ကြား လိုက်တယ်...တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်

က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။

အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ

က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးးလို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...

အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေးပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...

ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်ဆုံးဖြတ်တာပါ... Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..

. ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦးကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံးရာရောက်ပါတယ်...

လေးစားပါတယ်ဗျာ

မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ

မောပြေKo MawPyay

1 Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်နှင့်အမေစု လုံခြုံရေးအတွက်

အင်္ကျီအဖြူ၊ ကချင်ပုဆိုး နဲ့ နှစ်ယောက်က အမေစု လုံခြုံရေးကို တာဝန်ယူပေးနေသူတွေပါ။ ကျန်တဲ့ အမေစု ရှေ့ ၀ိုင်းနေသူတွေက သတင်းထောက်တွေရော စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့ကနဲ့ ဘယ်ကမုန်းမသိတဲ့ ဖုန်းနဲ့ ဓါတ်ပုံရိုက်နေသူတွေ ဖြစ်ပါတယ်။

Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း ဆိုတာလေး ဒီနေ့မှ ဖတ်လိုက်ရပါတယ်။

မေလ ၈ ရက်၊ တနင်္လာနေ့ မနက် ၉ နာရီအချိန် မြန်မာနိုင်ငံကုန်သည်များ နဲ့ စက်မှုလက်မှုအသင်းချုပ် UMFCCI မှာကျင်းပတဲ့ ရွှေမင်းသားဖေါင်ဒေးရှင်းရဲ့ ၄ နှစ်ပြည့် အခမ်းအနားကို ဖိတ်ကြားချက်အရ ကျွန်တော်လည်း တက်ရောက်ခဲ့ပါတယ်။

ကျွန်တော် အပါအ၀င် သတင်းဓါတ်ပုံ သမားတွေဟာ အမေစု ၀င်လာကတည်းက ပရိသတ်တွေကို လုံးဝ ဂရုမပြုနိုင်...လောက်အောင်ဘဲ အမေစုရှေ့ ၀ိုင်းပြီး သူ့ထက်ငါ ဦးအောင် ဓါတ်ပုံတွေရယူခဲ့ကြတာပါ။ အမေစုရှေ့ အားလုံး ၀ိုင်းနေတာ ဆယ်မိနစ်ကျော် ကြာလာတဲ့အခါ အခမ်းအနားမှူးက လိုအပ်တဲ့ ဓါတ်ပုံရယူပြီးရင် ရှေ့မှာ ပိတ်မနေဘဲ အခမ်းအနား အမြန်ကျင်းပနိုင်ရေးအတွက်ကူညီပေးပါလို့ အသံချဲ့စက်နဲ့ အော်ပြီး မေတ္တာရပ်ခံခဲ့ပါတယ်။
(ကျွန်တော်ကတော့ အမေစုရှေ့ကနေ ခွါပြီး စတိတ်စင်ပေါ်ကနေ ဆက်ရိုက်ခဲ့ပါတယ်။)

လုံခြုံရေး ၀န်ထမ်းတွေ အနေနဲ့ အခမ်းအနား အမြန်ကျင်းပနိုင်ရေး ကူညီခဲ့သလို အမေစု လုံခြုံရေးအတွက်လည်း ဘေးကနေ စောင့်ကြည့်နေခဲ့တာကို သေချာ မြင်ခဲ့ပါတယ်။

Weekly Express Times သတင်းထုတ်ပြန်ချက်မှာ ပါတဲ့ စာသားဖြစ်တဲ့ “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့” ဆိုတဲ့စကားသံ လုံးဝ မကြားခဲ့ရဘဲ ကျွန်တော်ကို လာပြောသမျှ စကားသံ အားလုံးကတော့ မေတ္တာသံတွေနဲ့ ပြောသံသာ ကြားရပြီး စိတ်ထဲ လုံးဝ စိတ်ဆိုးစရာ မရှိခဲ့ပါဘူး။ ကျွန်တော့် စိတ်ထဲမှာလည်း ဓါတ်ပုံဆရာတွေ အနေနဲ့ အခုလို အနီးကပ်ပိတ်ပြီး ၀ိုင်းနေပုံဟာ နည်းနည်း လွန်တယ် နောက်က ပရိသတ်ကိုလည်း မလေးစားရာကျတယ် လို့ ထင်မြင်မိသလို အမေ့ လုံခြုံရေးအတွက်လည်း စိုးရိမ်မိတာ အမှန်ပါဘဲ။

ပရိုဖက်ရှင်နယ်လ် ကင်မရာမန်းတွေအနေနဲ့ ရှေ့မှာသာ လူတွေပိတ်မနေကြဘူးဆိုရင် အမေစုပုံ သတင်းဓါတ်ပုံ ယူနိုင်ဖို့အတွက် ငါပေခန့်အထိ ကပ်ပြီး ၀န်းနေဖို့ မလိုအပ်ပါဘူး။ ဆယ်ပေ ဆယ့်ငါးပေလောက်ကနေ အကောင်းဆုံးပုံတွေ လှမ်းရိုက်လို့ရနိုင်ပါတယ်။

အခုတော့ ၀ိုင်းနေတဲ့အထဲမှာ ဖုန်းကင်မရာလေးနဲ့ ရိုက်နေတဲ့သူလည်းပါသလို MP-4 နဲ့ ရိုက်နေတာလည်းတွေ့ခဲ့ရပါတယ်။ အားလုံးက သတင်းထောက် မဖြစ်နိုင်သလို ၀ိုင်းနေတဲ့အထဲ ကျွန်တော်နဲ့ မျက်မှန်းတမ်းမိတဲ့ စစ်ထောက်လှမ်းရေး တစ်ယောက် ပါနေတာလည်း သတိထားမိပါတယ်။

NLD က လုံခြုံရေးတာဝန်ယူနေတဲ့ သူတွေအနေနဲ့ လက်နှက်ကိုင်ပြီး လုံခြုံရေး တာဝန်ယူရသူတွေ မဟုတ်လေတော့ ဒီလို ၀ိုင်းနေတဲ့အချိန်မှာ အမေ့လုံခြုံရေးအတွက် စိုးရိမ်မယ်ဆို စိုးရိမ်စရာပါဘဲ။

ကျွန်တော်အခုလို ပြောတာဟာ ဘ၀တူ ဓါတ်ပုံဆရာတွေကို မစာနာဘဲ NLD ဖက်က လိုက်ပြီးပြောနေတယ်လို့ မထင်စေ့ချင်ပါဘူး။ ကျွန်တော်စိုး၇ိမ်တာက လူထုခေါင်းဆောင် အမေစု လုံခြုံရေးနဲ့ သတင်းထောက်တွေအနေနဲ့ စည်းကမ်းတကျ သတင်းယူနိုင်ဖို့ ဖြစ်ပါတယ်။

အမေစု ၀င်လာတယ် ဓါတ်ပုံဆရာ သုံးဆယ်လောက် ၀ိုင်းတယ်။ နောက်ကပရိသတ်ကို ဂရုမပြုကြဘူး။ မင်းကိုနိုင် တို့ ၀င်လာတယ် ၀ိုင်းကြပြန်တယ်။ သီတဂူ ဆရာတော် အရှင် ဥာဏိဿရလာ ၀င်လာပြန်တယ် အားလုံးဝိုင်းကြပြန်တယ်။ ဒီလိုပုံစံထက် စည်းကမ်းတကျ သတင်းယူတဲ့ပုံစံလေး ရှိဖို့ လိုအပ်လာပါပြီ။

ကျွန်တော့် အနေနဲ့ Weekly Express Times က ထုတ်ပြန်ကြေငြာထားတဲ့ စာပိုဒ်လေးထဲမှာ
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ””ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင် ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ““မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်””ဟု ဆိုကာ UMFCCI ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ““မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့ သားရဲ့ . . . ””ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။" ..လို့ ပါတယ်။

Weekly Express Times က ထုတ်ပြန်ကြေငြာထားတဲ့ အတိုင်းသာ မှန်ရင်တော့ ကျွန်တော်လည်း NLD လုံခြုံရေး တာဝန်ခံတွေကို ရှုံ့ချပါတယ်။ ကျွန်တော့်အနေနဲ့ ဖြစ်ခဲ့တာတွေကို တိတိကျကျ လုံးဝ မမြင်ခဲ့တာကတော့ အဲ့ဒီမှာ ရှိနေတဲ့ ကျွန်တော့်အနေနဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော့်ကိုတော့ အဲ့ဒီလို လုံးဝ တားဆီးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သတင်းဓါတ်ပုံ ဆရာတွေအနေနဲ့ သတင်းဓါတ်ပုံ ရယူတဲ့နေရာမှာ အများကို လေးစားမှုပေးသင့်ပြီး စည်းကမ်းတကျလေး ဖြစ်သင့်တယ်လို့ မြင်ပါကြောင်း ထပ်ဆင့် ပြောကြားလိုပါတယ်။

Zaw Lwin Win

0 စမ်ချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲမှ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထု...ရဲ့ အသံ


စမ်းချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထု...ရဲ့ အသံဖြင့်
ဘယ်သူမှမတင် ဘယ် သတင်းမှာ မှ မမြင်လိုက်ရလို့ တင်ပေးလိုက်တယ်။ (၁.၅.၂၀၁၂) အလုပ်သမားနေ့ ညနေ ၅နာရီတိတိ အချိန်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီပွဲကို ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တိုက တက်ရောက် မိန့်ခွန်းပြောပြီင်္း ဖွင့်လှစ်ခဲတာပါ။ တကယ့်နိုင်ငံရေးဆနတဲ့ ပွဲလေးပါ။ " အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုပြီး စမ်းချောင်းသားလူငယ် များက အားရပါးရကြွေးကျော်ပြီး သူတို့ ကိုင်ထားတဲ့ စာတန်းလေးတွေက လဲ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်တွေကို ပေါ်လွင်စေခဲ့ပါတယ်။

ဘယ်သူမှမတင် ဘယ် သတင်းမှာ မှ မမြင်လိုက်ရလို့ တင်ပေးလိုက်တယ်။ (၁.၅.၂၀၁၂) အလုပ်သမားနေ့ ညနေ ၅နာရီတိတိ အချိန်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီပွဲကို ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တိုက တက်ရောက် မိန့်ခွန်းပြောပြီင်္း ဖွင့်လှစ်ခဲတာပါ။ တကယ့်နိုင်ငံရေးဆန်တဲ့ ပွဲလေးပါ။ " အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုပြီး စမ်းချောင်းသားလူငယ် များက အားရပါးရကြွေးကျော်ပြီး သူတို့ ကိုင်ထားတဲ့ စာတန်းလေးတွေက လဲ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်တွေကို ပေါ်လွင်စေခဲ့ပါတယ်။

ဖိုးရှုပ်လေး

0 လမ်းဖောက်လု​ပ်မှုကြောင့် လယ်မြေများ​အဓ္ဓမအသိမ်းခံရမှု သတင်း နှင့် မှတ်တမ်းဓါတ်ပုံများ

9.5

1 နေပြည်တော်ခေါင်းဆောင်မှု


မြန်မာနိုင်ငံ အာဏာဗဟိုချက်ဖြစ်သော နေပြည်တော်အတွင်း ဘက်အာဏာစက်ဝန်း အသိုင်းအဝန်း၌ ယခုအခါတွင် နိုင်ငံရေးအကျပ်အတည်း တစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ ယခင်စစ်တပ်အစိုးရ၏ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေ၏ စီမံညွှန်ကြားမှုဖြင့် အာဏာခွဲဝေမှုများပြုလုပ်ခဲ့မှုတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ မှ အမည်စာရင်းတင်သွင်း၍ ကာကွယ်ရေးဦးစီးချုပ်ထောက်ခံမှုဖြင့် ခန့်အပ်ခြင်း ခံရသည့် ဒုတိယသမ္မတ သူရသီဟ ဦးတင် အောင်မြင့်ဦးမှာ ယခုအခါတွင် သူ၏ ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်လိုက်ရန် သမ္မတရုံသို့ စာပို့ထားသည်ဟူသော အတည်မပြုနိုင်သေး သည့် သတင်း ထွက်ပေါ်လျက်ရှိသည်။

သီဟသူရဦး တင်အောင်မြင့်ဦးမှာ ယခုနိုင်ငံရေးအပြောင်းအလဲများ ကို သဘောတင်းမာစွာထားသူ hardliner တစ်ဦးဖြစ် သည်။ နိုင်ငံ ရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ တွင် လည်း ကြားဖြတ်ရွေးကောက်ပွဲပြီးမှ လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းကို လုပ်ဆောင်ရန် နိုင်ငံရေး ကစားခဲ့ခြင်းမျိုး လည်းရှိခဲ့သည်။

ဦးတင်အောင်မြင့်ဦးမှာ သူထံချဉ်းကပ်လာသည့် စီးပွားရေးလုပ်ငန်ရှင်းများကို လုပ်ပိုင်ခွင့်များပေး၍ ဘဏ္ဍရေး ကျောထောက်နောက်ခံ ယူခဲ့သည့် အတွက်ကြောင့် ယခုအခါတွင် အပြိုင်အဆိုင်မရှိတက်လာသည့် အမျိုးသားချန်ပီယံ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တနည်း crony များ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင်၊အစိုးရအဖွဲ့ဝန်ကြီးတချို့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် မြန်မာနိုင်ငံမှာ အခြားဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုအလွန်နောက်ကျနေပြီဟု သိသည့်အလျှောက် နိုင်ငံကို ကမ္ဘာ၏လားရာအတိုင်း စီးမျှောဖို့အတွက် စနစ်သစ်ပြောင်းသည်နှင့် ပြုပြင် ပြောင်းလဲရေးများကို တစိုက်စိုက် မတ်မတ်ဆောင်ရွက်လာခဲ့သည်။ ထိုအတွက်ကြောင့် ပြည်တွင်းအင်အားစုများရော၊ နိုင်ငံတကာက ပါ အသိအမှတ်ပြုသည့် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံရေးအတိုက်အခံများအပေါ် ယခင်အစိုးရနှင့် ခြားနာစွာ ထင်ထားသလောက် မတင်းမာသည့် အတွက် ယခုလို ပြည်တွင်းအင်အားစုညီညွတ်မှု ဖြစ်ထွန်းလာရခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများကို မွေးစားခဲ့သည့် ဦးတင်အောင်မြင့်ဦးအနေဖြင့် ယခုအစိုးရလက်ထက် တွင်လည်း သူ၏ ရည်မှန်းချက်ကြီးမားသော စီမံကိန်းများကို ဒုတိယသမ္မတ၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှ အရယူရန် ကြိုးစားခဲ့သေးသည်။ အစိုးရဌာနအသီးသီးမှ တင်ပြလာသော ဘတ်ဂျက်ရေးရာ ကိစ္စရပ် များကို စီမံခန့်ခွဲရန် ဥပဒေအရတရားဝင်လုပ်ခွင့်ရသည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ၂၀၁၁-၁၂ ဘတ်ဂျက်ခွဲဝေမှု သူလိုသလို ကြိုးကိုင် ခဲ့သည်။ သို့သော် ဒီမိုကရေစီအာဏာသုံးရပ်၏ ခွဲဝေမှုအရ ဘတ်ဂျက်ခွဲဝေမှုမှာအပေါ် လွှတ်တော်၏ အတည်ပြုချက်ရယူရာ၌ သူ ထင်ထားသလို ကြိုးကိုင်၍ မရခဲ့ပါ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကုန်ကျစရိတ်ကြီးပြီး မလိုအပ်သည့် စီမံကိန်းများကို ရပ်ဆိုင်း၊ ဖြတ်သိမ်းပြီး အစိုးရဝန်ထမ်းများအား အခြေခံ လစာတိုးမြှင့်ပေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တင်သွင်းခဲ့သည့်အတွက် အဆိုပါ အထူး စီမံ ကိန်းများကို တချို့ရပ်ဆိုင်း၊ တချို့ဖြတ်သိမ်းခဲ့ရသည်။

ဦးတင်အောင်မြင့်ဦးအနေဖြင့် ဒုတိယသမ္မတအဖြစ်နှုတ်ထွက်ခြင်းအပေါ် နိုင်ငံရေးကန့်လန့်ကာနောက်ကွယ် သို့ ဝင်ရောက်သွားပြီဖြစ်သော တပ်ချုပ် ဟောင်းကြီး ဗိုလ်သန်းရွှေမှာ သဘောကျမည်တော့မဟုတ်ပါ။ ၂၀၁၀ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်မှ အဆိုတင်သွင်း သည့် တပ်မတော် သားကိုယ်စားလှယ်များက ရွေးချယ်သည့် ဒုတိယသမ္မတတစ်ဦးဖြစ်သည့် အတွက်ကြောင့် တပ်မတော်နှင့် အကျိုးစီးပွားများ ခိုင်မာစွာ ချည်နှောင်ထားသည့်သူ လည်း ဖြစ်သွားမည့် သဘောရှိသည်။ ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်မှာလည်း ဒုတိယသမ္မတနေရာနှင့် ရာထူးခြင်းတူသည့် သဘောမျိုးလည်း သက်ရောက် လျက်ရှိသည်။ စီးပွားရေးမှာ လည်း လုပ်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေး တနည်း crony စီးပွားရေး အားနည်းသွားပြီဖြစ်သောကြောင့် ယင်း ခရိုနီ များကို မွေးစားခဲ့သည့် ဦးတင်အောင်မြင့်ဦးအနေဖြင့်လည်း လုပ်ပိုင်ခွင့်များပေးဖို့ အားနည်းသွားပြီလည်းဖြစ်သည်။

ယခုအခါတွင် နေပြည်တော်အတွင်းစည်းဝိုင်းအတွင်း ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်ထွန်းနိုင်ချေ ရှိသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။ သမ္မတအကြံပေးတစ်ဦးဖြစ်သော ဦးကိုကိုလှိုင်က ပြည်ပသတင်းမီဒီယာတစ်ခုဖြစ်သော Bloomberg မှထုတ်လွှင့်သည့်သတင်းတွင် သမ္မတမှာ ပထမ သက်တမ်း ၅နှစ်အပြီး ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက အနားယူဖို့များသွားပြီ ဖြစ်ကြောင်းကို ပြောကြားသွားခဲ့သည်။ သမ္မတ ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦး အနားယူသွားလျှင် သမ္မတဖြစ်လာ နိုင်သူမှာ ယခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်သည်။ သူရဦးရွှေမန်းမှာ ယခင်အစိုးရလက်ထက်က နံပါတ် (၃) နေရာမှာရှိနေသည့်အတွက် ဝန်ကြီးချုပ် ဦးသိန်းစိန်ထက် မြင့်နေရာမှ ယခုစနစ်အပြောင်းတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရောက်ရှိသွားသော ကြောင့် နိုင်ငံတော်သမ္မတထက် ရာထူးအားဖြင့် နိမ့်ကျသွားခဲ့သည်။ ထို့အပြင် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည် သာဖြစ်သည်။ နိုင်ငံ တိုင်းတွင်း သမ္မတတိုင်းလိုလို စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရသည်။

ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်၊ မနိုင် ပေါ်မူတည်၍ သူတို့၏ ခေါင်းဆောင်မှုကို တိုင်းတာကြသည်။ စနစ်အပြောင်းအလဲကို ခေါင်းဆောင်နေသည့် သမ္မတဦးသိန်းစိန်မှာလည်း စိန်ခေါ်မှုများဖြင့် ပြည့်လျက် ရှိသည်။ အတိုင်းအတာတစ်ခုထိ ကျော်လွားသွားခဲ့သည်တောင် ပြည်တွင်း၊ နိုင်ငံတကာက ချီးကျူးခဲ့သေး လျှင် ပြီးမြောက်အောင်မြင်စွာ အပြောင်းအလဲများကို အကောင်အထည်ဖော်နိုင်မည် ဆိုပါက သမိုင်း မှတ်တမ်းဝင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

မိုးမြင့်ငြိမ်း(yangonchronicle)

Thursday, May 10, 2012

0 ကလို့ထူးဘော(ယခင်ဒီကေဘီအေ) ဌာနချုပ်မှ သတင်းစာရှင်းလင်းပွဲ။




Photo.. 7 days news journal
“သူတို့စွပ်စွဲနေတဲ့ဟာတွေကဒီအတိုင်းကာလကြာရှည်နေရင်ကျွန်တော်တို့မှာအလုပ်အကိုင်ပျက်ပါတယ်။ကျွန်
တော်တို့လုပ်ကိုင်နေတဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။အဲဒီလုပ်ငန်းတွေအတွက်အဟန့်အတားဖြစ်စေပါတယ်။ဒါကြောင့်ဒီပြသနာကိုဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းတစ်ခုကိုကျွန်တော်စဉ်းစားထားပါတယ်။အဲဒ...ါကိုအခုကြွရောက်လာတဲ့သတင်းစာဆရာကြီးများကိုကျွန်တော်တင်ပြပါမယ်။ကျွန်တော်ဟာမြန်မာနိုင်ငံသားဖြစ်ပါတယ်။ထိုင်းနိုင်ငံထဲကိုသွားပြီးအစစ်ဆေးခံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့နိုင်ငံထဲမှာလာမေးမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာလည်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့အဖွဲ့ရှိပါတယ်။အဲဒီတော့ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေရယ်၊ကျွန်တော်တို့နိုင်ငံကမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေရယ်ပူးပေါင်းပြီးကျွန်တော်တို့နိုင်ငံထဲမှာကျွန်တော်တို့နဲ့တွေ့ဆုံမေးမြန်းမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။အဲဒီအချက်ကိုမူအရလက်ခံမယ်ဆိုရင်တော့ အချိန်နဲ့နေရာကိုဆက်လက်ညှိနှိုင်းလို့ရပါတယ်။ကျွန်တော့်သဘောထားကို ဒီလောက်ပဲ ပြောကြားလိုပါတယ် “ဟုမြ၀တီတွင်ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ဗိုလ်မှူးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)ကပြောကြားသွားခဲ့ကြောင်း

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်တက်ရောက်သတင်းရယူနေသော The Messenger သတင်းထောက်က
တိုက်ရိုက်သတင်းပေးပို့သည်။

The Messenger journal

0 အားလုံး သတိမူမိစေရန်..။


မျိုးချစ်စိတ်ရှိကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်

တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ ဆက် (၁၇) နှစ် ဆက်မြောက် သမ္မတ Lee Myung-bak ဟာ မြန်မာပြည်ကို ယခုလ ဒုတိ ယအပတ် အတွင်းမှာ နှစ်ရက်ကြာ အလည်အပတ် ခရီးဖြင့် လာရောက် မယ်လို့ သိရပါတယ်။ အဲဒီသတင်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလေ့ကျင့်မှုပြုလုပ်နေတယ်လို့ ကြားရပါတယ်..။

အဲဒီအဖြစ်အပျက်က တောင်ကိုရီးယားသမ္မတ တစ်ဦးဖြစ်သူ ချန်တူးဝမ် နောက်ဆုံးလာရောက်ခဲ့စဉ် ၁၉၈၃ အောက်တိုဘာ ၉ ရက်က မြောက်ကိုရီးယား ထောက်လှန်းရေးတပ်မှူးများက ချန်တူးဝန် လ...ာရောက်ဂါရ၀ပြုမယ့် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ ဖြစ်စဉ်ကြီးကို ပြန်သတိရစေပါတယ်..။

အဲဒီဗုံးကွဲမှုကြောင့် တောင်ကိုရီးယားသမ္မတ ချန်တူးဝန် လွတ်မြောက်သွားပေမယ့် ၀န်ကြီးအဆင့်တွေ အပါ အ၀င် တောင်ကိုရီးယားနဲ့ မြန်မာ အစိုးရအဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြွင်းကျန်ရစ်တဲ့ အုတ်ဂူနဲ့ အရိုးပြာတွေ ပေါက်ကွဲမှုနဲ့ တစစီ လွင့်စင်ပျောက်ကွယ်သွားတာ ယနေ့အထိ ပါပဲ..။ ချက်ချင်းပဲ မဆလအစိုးရက မြောက်ကိုရီးယားကို သံတမန်အဆက်အသွယ်ဖြတ်လိုက်သလို တပ်မတော်ကလည်း ပင်လယ်ဝမှာစောင့်နေတဲ့ ရေငုပ်သင်္ဘောနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတပ်မှုး တွေ ထွက်မပြေးခင် အသေခံ ၀င်ရောက်ဖမ်းဆီးခဲ့တဲ့အတွက် ခလရ (၉၀) က စစ်သည်သုံးဦး တိုင်းပြည် အတွက် အသက်စွန့်ခဲ့တာ ဘယ်လိုမှမေ့မရတဲ့ဖြစ်စဉ်ပါ..။

ကျွန်တော်တို့ဗိုလ်ချုပ်ခမျာမှာ သေတာတောင်မှ အရိုးပြာတောင် သူတပါးလုပ်ကြံတာ ခံခဲ့ရပြီး ပျောက်ကွယ် ခဲ့ရ တာပါ..။ ဒါကို ဘယ်လိုမှ မမေ့နိုင်သလို မြောက်ကိုရီးယားကိုလည်း ဘယ်တော့မှ အခဲမကျေပါဘူး..။

လွှတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့အချုပ်အခြာ ရန်ကုန် မြို့လည်ကောင်ကို တိုင်းတပါးစစ်တပ်က လက်နက်နဲ့ ဖောက်ခွဲသောင်းကျန်းခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကျုးကျော်မှုပါ..။

မျိုးချစ်စိတ်ရှိကြောင်း ခဏခဏ မိန့်ခွန်းထဲထည့်ပြောတတ်တဲ့ ဦးသန်းရွှေခေတ်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ၊ သံတမန်အရ အဆက်အသွယ် ပြန်လည်ထူထောင်ပြီးနောက်ပိုင်း မြောက်ကိုရီးယား စစ်ဖက်ကျွမ်းကျင်သူပညာရှင်တွေ မြန်မာနိုင်ငံထဲမှာ ယနေ့အထိ အလုပ်လုပ်နေတာတွေရှိတယ်လို့ သတင်းတွေအရ သိရပါတယ်..။ (ဗိုလ်ချုပ်အရိုးပြာကို အိမ်သာတွင်းထဲ ပစ်ချလိုက်သလိုပါပဲ)
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလည်း ယနေ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် တင်းမာဆဲ ရန်ဘက်ဖြစ်နေဆဲပါပဲ..။

အခုလည်း ကျွန်တော်တို့ဟာ ဒါကို သင်ခန်းစာယူပြီး တောင်ကိုရီးယားသမ္မတက သီးခြားလာရောက် တွေ့ဆုံမယ့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက် ၀ိုင်းဝန်းရပါမယ်..။ ဘာ့ကြောင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တစ်ခုပဲ ဖြစ်ပါတယ်..။ အစိုးရကလည်း အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်နားမှာ လုံခြုံရေးတပ်သားတွေ ရာနဲ့ချီပြီး ပြင်ဆင်ထားပုံရပါတယ်..။
အခုတကြိမ် လာရောက်လည်ပတ်မယ့် တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာကျွန်တော်တို့လူငယ်များ information ထူးခြားရင် အချင်းချင်း လက်ဆင့်ကမ်းကြဖို့နဲ့ တပ်လှန့်နိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်..။

Yan Aung

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။ (Photo news.. Messenger journal)
၁၉၈၃ တုန်းက မြောက်ကိုရီးယားတွေ အာဇာနည်ကုန်းမှာ ဗုံးလာခွဲတဲ့ ဗွီဒီယိုမှတ်တမ်း

0 ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပ


၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် နှင့် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့က6430, Thornton Ave., Newark ရှိ Newark Pavilion တွင် ကျင်းပရာ ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်မြို့မှ လေယာဉ်ခရီးဖြင့်ရောက်ရှိလာသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ နံနက် ၁၁ နာရီ ၂၀ တွင် အခမ်းအနားကျင်းပရာ ခန်းမသို့ ရောက်ရှိလာရာ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအဖွဲ့ဝင်များနှင့် စေတနာရှင်များက ၀ိုင်းဝန်းကြိုဆိုကာ ဦးကျော်သူတို့ နှစ်ဦး ကျန်းမာစေကြောင်း ဆုတောင်းစကား ပြောကြားကြသည်။

မွန်းတည့် ၁၂ နာရီတွင် ဈေးရောင်းပွဲ စတင်ပြုလုပ်ပြီး အခမ်းအနားသို့ ရောက်ရှိလာသူများက မုန့်ဟင်းခါး၊ ကြာဆံကြော်၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ မြန်မာထမင်းဟင်း အစရှိသည့် အစားအသောက်များကို ၀ယ်ယူစားသောက်ကြသည့်အပြင် အလှူခံဌာနသို့ သွားရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေများ ပေးအပ်ကြသည်။

တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် စတင်၍ မမီးမီး နှင့်အဖွဲ့ တင်ဆက်သည့် ‘ပြည်ထောင်စုအလှ’ တေးသရုပ်ဖော်ဖြင့် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားမှူးများအဖြစ် ကိုထိန်လင်းနှင့် မနန္ဒီကျော်မင်း တို့က ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ နွေဦးဒိုးပတ်အဖွဲ့၏ သံချပ်၊ တေးသံရှင် ဇယံဓ နှင့် မခင်ခင်အုန်းတို့၏ မြိုင်ထနှစ်ပါးသွားအက၊ ကိုဝေဖြိုး ကိုကျော်ကျော်စိုး ဂျနီဖာ နှင့် အဖွဲ့က ‘လူပျို့ဝါဒ အပျို့ဝါဒ’ တေးသရုပ်ဖော်တို့ကို တင်ဆက်ခဲ့ကြသည်။

ထို့နောက် ဒေါ်ရွှေဇီးကွက်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို မနန္ဒီကျော်မင်း က ဖတ်ပြပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးကျော်သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီးနောက် ဦးကျော်သူက ၎င်း၏ အနုပညာဖြတ်သန်းမှုအကြောင်း မိတ်ဆက်စကား ပြောကြားကာ ‘ကျော်သူ၏ အတိတ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်များ’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။

ထူးခြားချက်အနေဖြင့် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာသည့်အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။

အနုပညာ မှတ်တမ်းရုပ်ရှင် ပြသပြီးနောက် ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဖြတ်သန်းမှုမှတ်တိုင်များနှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြကာ ‘F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။ ယင်းနောက် ပရိသတ်များ၏ မေးခွန်းများကို ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့က ဖြေကြားခဲ့ကြသည်။ အခမ်းအနား အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေ ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော် ရရှိကြောင်း ကြေညာခဲ့သည်။

အမေးအဖြေကဏ္ဍအပြီး၌ ကိုခင်မောင်အေးက ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ကို မြန်မာမိသားစုများကိုယ်စား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။ ထို့နောက် ကိုကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း သီဆိုကာ အဆုံးသတ်ခဲ့သည်။

အခမ်းအနားပြုလုပ်သည့် မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၂ သောင်း ၉ ထောင်ကျော် ရရှိခဲ့သည်။ ။

ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်..


Citizen of Burma Award

0 "တိုင်းရင်းမျိုးနွယ် စစ်ဘေးဒုက္ခသည် ဘ၀များဆီသို့" ဂီတဖျော်ဖြေပွဲ


သီချင်းများကို လွတ်လပ်စွာနားထောင်ကြရင်း "တိုင်းရင်းမျိုးနွယ် စစ်ဘေးဒုက္ခသည် ဘ၀များဆီသို့" စာနာစိတ်ဖြင့် ထောက်ပံ့ကူညီ ကုသိုလ်လည်း ရယူနိုင်သည့် ...

မြန်မာပြည် သိန်းတန်၊ ပလေးဘွိုင်းသန်းနိုင်၊ ဗစ်တာခင်ညို၊ တူးတူး၊ ခင်မောင်ထူး၊ မေခလာ၊ ကော်နီ၊ ချောစုခင်
... LPJ & Friends music Band
GUEST PLAYER: KEYBOARD AUNG MYAT HTUT
ဂီတဖျော်ဖြေပွဲ
၁၀-၅-၂၀၁၂ (ကြာသပတေး) ညနေ (၆) နာရီ
ဝင်ကြေး (၃၀၀၀၊ ၅၀၀၀) ကျပ်၊ ရှမ်းကျောင်း (၃၅ လမ်း၊ ၆၆ - ၆၇ ကြား) မန္တလေး။

CJ Myanmar

0 လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်နဲ. မျိုးဆက်သစ် ( ဗကသ ) တွေ.ဆုံ


(၉.၅.၂၀၁၂)ယနေ့ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ.ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် များဖြစ်ကြသော ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ ကိုသီဟ၀င်းတင်း၊မဟန်နီဦး၊ကိုန္ဒာစစ်အောင်နှင်.ကိုဘုန်းပြည့် ကြွယ်တို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( ရုံးချုပ်)တွင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေဆုံခဲ့ကြပါသည်။
ဗ.က.သများအဖွဲ့ ချုပ်(ဗဟိုစည်းရုံးရေးကော်မတီ)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောမယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့အနေအထားမျိုးမှာ သူ့အနေနဲ့ ပြောတာက ကောင်းတဲ့အရာတခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်းသဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။”

ကိုသီဟ၀င်းတင်ဟာဥပဒေဒုတိယနှစ်တက်နေတုန်း ၂၀၀၈ခုနှစ်မှာဒီမိုကရေစီအရေး လှုပ်ရှားမှု နဲ့ ထောင်ကျခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့ ပြောပြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဘုန်းပြည့်ကြွယ်တို့လည်း ထောင်က ပြန်လွတ်လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။

“ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။”

ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာ ကြတာ ဖြစ်ပါတယ်။

သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။
( DVB New )

Wednesday, May 9, 2012

1 ဂုဏ်ပြုထိုက်သောစံပြမိသားစု

တန်ဖိုးထားထိမ်းသိမ်းစောက်ရှောက်တတ်သော မိသားစုတစ်စုကျေးဇူးကြောင့်သမိုင်းတန်ဖိုး မြင့်မားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏မိန့် ခွန်းဓါတ်ပြားများကိုမျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါပြီ။ လေးစားချီးကျုးထိုက်သော မိသားစု၊ တာဝန်သိမှတ်ကျေပွန်သောမိသားစုပါ။


ဦးအုန်းမောင်+ဒေါ်ဗူးညွန့် 

သမီး

ဒေါ်နု၊ဒေါ်ညို၊ဒေါ်လှမြင့်

မြေး

ကိုတင်ကျော်ကျော်၊ကိုယဉ်မင်းထွန်း(ခ)ကိုဂျိုးဂျိုး၊မဖြိုးဝေေ၀ထွန်း

အိမ်အမှတ်(၆၅၅)၊ဘီအိုစီအနီး၊အောင်ဆန်းရပ်ကွက်၊ရေဦးမြို့ ။စစ်ကိုင်းတိုင်းဒေသကြီး မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ရေဦးမြို့ သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများမိန့် ခွန်းဓါတ်ပြား (၂၂ ) ချပ်လှူဒါန်းပါသည်

ထိုဓါတ်ပြားများထဲတွင်ဒီးဒုတ်ဦးဘချို၊မိုင်းပွန်စော်ဘွားကြီး၏ရှမ်းဘာသာနှင့်ဟောပြောထားသောမိန့် ခွန်းများပါဝင်ပြီးမြို့ တော်ခန်းမတွင်ဟောပြောသောဓါတ်ပြားများဖြစ်ပါတယ်

ရေဦးမြို့နယ်အတွက်ဂုဏ်ယူစရာမိသားစုပါ၊ကျွန်တော်ဒီနေရာကလေးစားစွာဂုဏ်ပြုလိုက်ပါတယ်။အဆိုပါဓါတ်ပြားများကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်နှင့်အတူဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီသို့ ဆက်သွယ်ပေးပို့ လှူဒါန်းမှာဖြစ်ပါတယ်။



Thankyaw Win

0 ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲမှ ဒေါ်အောင်ဆန်း စုကြည်မိန့်ခွန်း


Photo.AP


မြန်မာနိုင်ငံလွတ်လပ်ရေးကြိုပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှတ်တော်အမတ်အဖြစ် ၀င်ရောက် အရွေးခံခဲ့ဖူးတဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
dvb

0 ဒုသမ္မတ အနားယူမည့် သတင်းများဖေါ်ပြခြင်းကြောင့် ဂျာနယ် ၂ စောင်ခေါ်ယူသတိပေးခံရ

သမ္မတ ဦးသိန်းစိန် လာမည့် ၂၀၁၅ ခုတွင် အနားယူမည် ဆိုသည့်သတင်းနှင့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် အနားယူသွားသည့်သတင်းများ ဖေါ်ပြမှုကြောင့် ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးမှ ခေါ်ယူသတိပေးခဲ့ကြောင်း ဂျာနယ်တာဝန်ခံတို့က ပြောသည်။

ယမန်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး အကြောင်းပြချက် ဖြင့် ယခုလ ၃ ရက်နေ့က ရာထူးမှ အနားယူသွားပြီဖြစ်ကြောင်း ဖေါ်ပြခဲ့ရာ ဂျာနယ်ဖြန့်ချိသည့်နေ့ ညနေ ပိုင်းတွင်ပင် စာပေစိစစ်ရေးမှ ယခုဖေါ်ပြမှုကြောင့် ဂျာနယ်အား အရေးယူနိုင်သည်ကို သိရှိကြောင်း ခံဝန် လက်မှတ်ရေးထိုးစေခဲ့သည်ဟု တာဝန်ခံ အယ်ဒီတာ ကိုခိုင်လင်းကျော်က ပြောသည်။

အလားတူ ယနေ့ထုတ် ဗီးနပ်စ် သတင်းဂျာနယ်တွင်လည်း “၂၀၁၅ ခုနှစ်တွင် သမ္မတကြီး ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူမည်” ဆိုသည့်ခေါင်းစဉ်ဖြင့် ဦးသိန်းစိန် အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် အနားယူဖွယ်ရှိသည်ဟု သမ္မတအကြံပေး ဦးကိုကိုလှိုင်၏ ပြောဆိုချက်တရပ်ကို ကိုးကားရေးသား ဖေါ်ပြခဲ့သည်။

ဂျာနယ်ထွက်ရှိပြီးနောက် နေ့တွင်းချင်းပင် စာပေစိစစ်ရေးမှ တာဝန်ရှိသူက ဗီးနပ်စ်ဂျာနယ် တာဝန်ခံအယ်ဒီတာအား ခေါ်ယူ၍ ခံဝန်လက်မှတ်ရေးထိုးစေခဲ့သည်ဟု တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောသည်။ စာပေစိစစ်ရေးကို သမ္မတကြီးသတင်းနှင့် ဒုသမ္မတ နှုတ်ထွက်သည့် သတင်းတို့ကို ယမန်နေ့ညနေက စိစစ်ရေးသို့ တင်ပြရာတွင် ခွင့်မပြုကြောင်း ပြန်ကြားသော်လည်း သမ္မတကြီး အနားယူဖွယ်ရှိသည့် သတင်းကို ဖေါ်ပြခဲ့ရာမှ ယခုလို ခေါ်ယူသတိပေးခြင်း ခံရသည်ဟု တာဝန်ခံ အယ်ဒီတာက YPI သို့ပြောသည်။

ကိုသာလွန်ဇောင်းထက်က “ကျန်းမာရေး မကောင်းဘူးဆိုတာကို မကောင်းဘူးလို့ရေးတာပဲ၊ အခုလိုဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တို့ ဘာတို့ပြောနေတာ ဘာအဓိပ္ပါယ်ရှိမလဲ၊ ဒိလောက်လေးတောင် ရေးခွင့်မရှိဘူး ဆိုရင်” ဟု လည်းရှင်းပြသည်။

မြန်မာနိုင်ငံတွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် သတင်းနှင့် ဓါတ်ပုံ၊ ကြော်ငြာအားလုံး ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြကြရပြီး စိစစ်ရေးမှ ဖေါ်ပြခွင့်မပြုသည့် သတင်း၊ ဓါတ်ပုံ၊ ကြော်ငြာများကို ဖေါ်ပြပါက ခံဝန်လက်မှတ်ရေးထိုးစေခြင်း၊ တပတ်၊ ၂ ပတ်နားစေခြင်း သို့မဟုတ် ထုတ်ဝေခွင့် ပိတ်သိမ်းစေခြင်းထိ အရေးယူနိုင်သည်။

ယမန်နှစ် အရပ်သား အစိုးရသစ်တက်လာပြီးနောက် မီဒီယာ လျော့ပေါ့မှုများ ပြုလုပ်လာသည့်နောက်တွင် သတင်းဂျာနယ်များတွင် နိုင်ငံရေး စီးပွားရေး ဆိုင်ရာ သတင်း၊ သုံးသပ်ချက်၊ ဝေဖန်ချက်များ ယခင်ထက် ဖေါ်ပြခွင့်ရရှိလာသော်လည်း ယခုလို ခေါ်ယူသတိပေးခြင်းများ နောက်ဆက်တွဲ တင်ပြခွင့်မပြုခြင်း အစရှိသည့် အရေးယူမှုမျိုး ရှိနေဆဲဖြစ်သည်ဟု သတင်းအယ်ဒီတာများက ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ သတင်းမီဒီယာနှင့်ပတ်သက်သည့် ဥပဒေတရပ် နောက်လာမည့် လွှတ်တော်တွင် တင်သွင်းရန်ရှိပြီး ယင်းဥပဒေသစ်အတည်ပြုပြီးနောက်တွင် သတင်းဂျာနယ်များ မထုတ်ဝေမီ စာပေစိစစ်ရေးသို့ တင်ပြရန် လိုအပ်မည် မဟုတ်တော့ဟု ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူများက မီဒီယာဖွံ့ဖြိုးမှု ဆွေးနွေးပွဲများတွင် ပြောဆိုထားသည်။ ။

Yangon press international

0 NLdလွှတ်တော်ကိုယ်စားလှယ်တွေ သြစတြေးလျဝန်ကြီးချုပ် Julia Gillard နှင့်တွေ့ ဆုံ(ဓာတ်ပုံ)

NLD MPs with Prime Minister of Australia Julia Gillard — with Janelle Saffin at Parliament House, Canberra, Australia.
Australia's foreign minister Kevin Rudd

Photo..Radio Australia Myanmar

Tuesday, May 8, 2012

1 မသန်စွမ်းသူများကို ကူညီပေးရေး ရွှေမင်းသား ဖေါင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော အမေစု၊ မင်းကိုနိုင် နှင့် ကိုကိုကြီး




ရွှေမင်းသား ဖေါင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော ၀န်ကြီးတစ်ဦးနှင့် နုတ်ဆက်နေသော အမေစု..

ရွှေမင်းသား ဖေါင်ဒေးရှင်းက လေးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ UMFCCI ခမ်းမမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

မသန်စွမ်းများနဲ့အတူ ဒေါက်တာ အရှင်ဥာဏ္ဏိသရ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နဲ့ ၀န်ကြီးအချို့ တက်ရောက်ပါတယ်။

ရွှေမင်းသားဖေါင်ဒေးရှင်း တည်ထောင်တဲ့ ကိုမြတ်သူရ က ပြောတယ်။ဥပမာအနေနဲ့ သူ စူပါမားကတ်ကို သွားပြီး ကိုယ်တိုင်ရွေးချယ် ဈေးဝယ်ချင်တယ်၊ ဒါပေမယ့် စူပါမားကတ်မှာက မသန်စွမ်းတွေ အတွက် အဆင်ပြေအောင် ၀င်ထွက်ပေါက် မလုပ်ထားပေးဘဲ လှေခါး သုံးထစ် လုပ်ထားတဲ့အတွက် ၀ှီးချဲယားနဲ့ သူတွေဟာ ၀င်မရဘူး။

အဲ့ဒီတော့ သူတို့ ခြေလက်မရှိသူတွေက မသန်စွမ်းတာလား၊ ရုပ်ဝထ္ထုပစ္စည်းတွေက မသန်စွမ်းတာလားတဲ့၊
အဲ့ဒီလှေခါး သုံးထစ်ကိုသာ ဖြုတ်လိုက်ရင် အားလုံးဝင်မရတော့ဘူး ဒီတော့ အားလုံးက မသန်စွမ်းတာလားတဲ့။
မသန်စွမ်းတွေအတွက် လုပ်ပေးထားတရင် အားလုံးနဲ့အတူ ဒီလိုနေရာတွေ သွားရောက်နိုင်မှာ ဖြစ်ကြောင်းပြောပြခဲ့တယ်။

အမေစုက မိန့်ခွန်းပြောတဲ့အခါ မသန်စွမ်း ဆိုတာက ခြေလက်မသန်တဲ့သူတွေကို ခေါ်သင့်သလား ခြေလက် မပြည့်စုံတဲ့သူတွေအတွက်ပါ သွားလာနိုင်အောင် မလုပ်ပေးနိုင်တဲ့၊ မစီစဉ်ပေးနိုင်တဲ့ ကျွန်မတို့ အားလုံးကို ခေါ်သင့်သလား လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့အနေနဲ့ မသန်စွမ်းတွေဆီကနေ သင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ ပြောခဲ့ပါတယ်..
Zaw Lwin Win

0 ပြည်သူလူထုကို စော်ကားတဲ့ ဦးဌေးဦးသို့... ( ဟာဂျူလီ(ကသာ)၏ပေးစာ )


ဦးဌေးဦးခင်ဗျာ..

တစ်သက်နဲ့တစ်ကိုယ် ကြံ့ဖွံ့အပါအ၀င် ဘယ်အစိုးရကိုမှ အဆက်အသွယ်မလုပ်ဖူးခဲ့တဲ့ မောင်ဂျူ ဒီတစ်ခါတော့ အရှက်အကြောက်အသာထားပြီး စာလွှာလေးပါးလိုက်ပါရစေ။ ဒီအပါတ် တွဲ(၃) အမှတ်(၆))ထုတ်တဲ့ လျှပ်တစ်ပြက်ဂျာနယ်မှာ ဦးဌေးဦးပြောခဲ့တဲ့ စကားလေးကို နားခါးလွန်းလို့လည်း ဒီစာလေးရေးဖြစ်လိုက်တာပါ။ ဦးဌေးဦးပြောတာက

“Bi-electionမှာတော့ သူတို့ အကုန်ရတယ်။ သို့သော်လည်း ရပုံရနည်းတွေက လူထုကနေ ဘာကြောင့် ထည့်တယ်ဆိုတဲ့ဥစ္စာတွေသည် waveကြောင့်လည်းဖြစ်နိုင်တယ်။ wave ဆိုတာ လှိုင်းကြီးပေါ့။ ဆူနာမီပေါ့။ အမြဲတမ်းဆူနာမီတော့ မရှိဘူး။ မဟုတ်ဘူးလား။ ဆူနာမီရှိရင်တော့ အကုန်လုံးပျက်ဆီးတာပဲ။ ဒါသူ့ကိုပျက်ဆီးတယ်လို့ ပြောတာမဟုတ်ဘူးနော်။ ပြည်သူလူထုကိုထင်မြင်ယူဆတာ။ ...........................”...တဲ့။

ဟုတ်ကဲ့ ဦးဌေးဦးက မဲပေးတဲ့လူထုတွေဟာ ဆူနာမီမုန်တိုင်းလို ရက်စက်တယ်လို့ဆိုလိုလိုက်ခြင်းဟာ ရိုးသားစွာမဲပေးတဲ့လူထုအပေါ်မှာ မိုက်ရိုင်းပြလိုက်တဲ့ စကားလို့ယူဆပါတယ်။ ဆူနာမီမုန်တိုင်းဆိုတာဟာ လူသားတွေကို အသေဆိုးနဲ့သေအောင်၊ အပြစ်မဲ့တဲ့လူသားတွေရဲ့စည်းစိမ်တွေကို ပျက်ဆီးအောင်၊ သားတစ်ကွဲ မယားတစ်ကွဲ ဘ၀တွေ အလဲလဲ အပြိုပြိုဖြစ်အောင် တိုက်ခတ်ခဲ့တယ်ဆိုတာ လူ့အတွေးလူ့အခေါ်ရှိတဲ့သူတိုင်း သိကြပါတယ်။ ပိုရှင်းအောင်ပြောရရင်တော့ လူ့လောက၀န်းကျင်မှာ သဘာဝ အဇာတသတ်လို့ပဲပြောရမှာပါ။ အဲဒီလို အင်မတန်လူရွံ့မုန်းတဲ့ အမည်နာမနဲ့ မဲပေးတဲ့လူထုကို ဥပမာပေးလိုက်တာဟာ ဦးဌေးဦးတစ်ယောက် လူကြီးမဆန်မှုကိုပြလိုက်တာပဲလို့မြင်မိပါတယ်။ နောက်ပြီး ပြောရရင် ဦးဌေးဦးဆိုတာဟာ ပါတီကြီးတစ်ခုရဲ့ အကြီးမြင့်ဆုံးခေါင်းဆောင်ပါ။

အဲဒီလို ပါတီတစ်ခုရဲ့ အကြီးအကဲက လူထုကိုဒီလို ထပ်တူပြပြောဆိုလိုက်တာဟာ လူထုကို စော်ကားတာ ချိုးဖဲ့တာဖြစ်လို့ မောင်ဂျူအနေနဲ့ ဦးဌေးဦးရဲ့ ဥပမာစကားကို ဆန့်ကျင်ပါတယ်။ ရှုံ့ချပါတယ်။ အထင်သေးပါတယ်။ ဒီစကားကို ဦးဌေးဦးက မသိလို့ ခိုင်းနှိုင်းခဲ့တာလား။ သိသိကြီးနဲ့ကေးဝဋ်ပုဏ္ဏားလို အမာရွတ်မြင်တိုင်း အခဲမကြေလို့ပြောတာလားဆိုတာကတော့ ဦးဌေးဦး အသိဆုံးပဲဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဆိုဆိုပါ။ မသိလို့ပါလို့ ဆင်ခြေပေး ရင်လည်း မောင်ဂျူတို့လူထုက ပြောစရာရှိပါတယ်။ ပါတီအကြီးအကဲ တစ်ယောက်ဟာ ကိုယ်ခိုင်းနှိုင်းတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် မသိလောက်အောင် ညံ့ဖျင်းနေသလားလို့ တွေးရမှာပါ။ တကယ်လို့ သိသိကြီးနဲ့ပြောတာပါလို့ ဆိုခဲ့ရင်လည်း ခင်ဗျားအထင်သေးချိုးဖဲ့ခဲ့တဲ့ လူထုဟာ ခင်ဗျားတို့အပေါ်မှာလည်း ဘယ်သောအခါမှ ထောက်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုခိုင်းနှိုင်းမိုက်မဲပြတဲ့ ဦးဌေးဦးကို ခွဲစိပ်ဝေဖန်ပြရရင် ခုအချိန်အထိ ဦးဌေးဦးဟာ ကိုယ့် အခြေအနေနဲ့ ကိုယ့်အဖွဲ့အခြေအနေကို ကိုယ် နားမလည်သေးတဲ့လူလို့ပဲ သုံးသပ်ရမှာပါ၊

ဒီတော့ဦးဌေးဦးကို စကားလေးတစ်ခွန်း လောက် လက်ဆောင် ပေးပါရစေ။ (လာတ်ထိုးတာ မဟုတ်ဘူးနော်) “လောကကြီးမှာ ကိုယ့်ကိုကိုယ်ဘာမှန်းမသိတဲ့သူတွေဟာ လောကမှာ အညံ့ဖျင်းဆုံးဖြစ်လေသည်” ဆိုတဲ့စကားလက်ဆောင်လေးပါ။ ဦးဌေးဦး စာများများဖတ်ပြီး အတွေးအခေါ်အမြန်ပြည့်ဖြိုးနိုင်ပါစေ...။

ဟာဂျူလီ(ကသာ)

(ယခုဖော်ပြသော ပေးစာသည် သက်ဆိုင်ရာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)


CJ myanmar

1 ရွှေထီးဆောင်းခဲ့သောအတိတ်က မြန်မာနိုင်ငံ


အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.. ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူးဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်

-ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်----
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။

၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့သော ရန်ကုန်လေဆိပ်အား ဖွင့်လှစ်သူ သမ္မတကြီး မန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်လေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်မပါ) အကြီးဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။ ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ် မရှိသေးပါ..။

အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း (ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး) ဗိုင်းကောင့်(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိခဲ့သည်။ ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းခဲ့သည်။ Time Newsweek များတွင် UBA လေကြောင်းလိုင်းကြော်ငြာများ မရိုးနိုင်အောင်တွေ့ရသည်..။

စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှာသောမြို့တော်များရှိ လေဆိပ်များတွင် မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲလှယ်ခွင့်ရှိ..။ မြန်မာငွေဖြင့် ပေးချေနိုင်..။ (ဦးနေ၀င်းခေတ်တွင် နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်းပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူ)

ဆက်သွယ်ရေးကဏ္ဍ

၁၉၆၀ ၀န်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့..။

ပညာရေး
ဆေးတက္ကသိုလ်များမှဆရာဝန်ဖြစ်လာသူများနိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်လျင်အင်္ဂလန်ဆေးကောင်စီကို ပေါင်စတာလင် ၃၅၀ သွင်းလျှင် မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။ (ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်) ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြသည်..။

(အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.။ ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူးဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်..။)

By.Yan Aung

0 ဦးနေမျိုးဝေနှင့် လယ်သမားများ ဇေကမ္ဘာ ကုမ္ပဏီရုံးရှေ့ (ရွှေနံ့သာလယ်ကွင်းထဲမှာ)(ရုပ်/သံ)

0 တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ

ဂရိရေပိုင်နက်ထဲကို လှေနဲ့ ခိုးဝင်လာကြတဲ့ အာဖဂန်နစ်စတန်များကို ဂရိ လူဝင်မှုကြီးကြပ်ရေးမှ မေးမြန်းနေပုံ။

တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ၊လူ့အခွင့်အရေးတွေအကြောင်း ပြောတာပဲဖြစ်စေ၊ လူမျိုးရေးအကြောင်းတွေ ပြောတာပဲဖြစ်စေ၊ စီးပွားရေး ဆက်စပ်မှုအရပဲဖြစ်စေ၊ တိုင်းတပါးသားတွေက နိုင်ငံတွင်းကို တရားမဝင်လာရောက် ကျူးကျော်နေထိုင်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်နေတာတွေကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုအပြင် ဘာသာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း ရှုပ်ထွေးပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ရှိလာနိုင်ပါတယ်။ သွေးနှောပြီး လူမျိုးပျောက်စေတဲ့ကိစ္စွအထိ အဆုံးစွန် ဖြစ်သွားနိုင်တာကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကနေ့ မြန်မာအစိုးရ အပါအဝင် နိုင်ငံသားတိုင်းဟာ နောင်လာနောက်သား မျိုးဆက်သစ်တွေ အပေါ်မှာ ပိုမိုကြီးမားလေးလံတဲ့ ပြဿနာတွေကို တတ်နိုင်သမျှ မထားရစ်ခဲ့ဖို့ တာဝန်ရှိနေပါတယ်။

ပြည်ပကနေ တရားမဝင် လာရောက် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားနိုင်မယ့် အဓိက နည်းလမ်း (၄) မျိုးကို အကြမ်းအားဖြင့် အကြံပြုလိုက်ပါတယ်။

(၁) ပြည်ပကနေ ကျူးကျော်နေထိုင်သူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ တားဆီး အရေးယူပိုင်ခွင့် ရှိသလို အခြေအနေအရ လိုအပ်လာတဲ့အခါမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေကို ထပ်ဆင့်ပြဌာန်းခွင့်လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီလို တားဆီးရုံနဲ့တော့ မလုံလောက်ပါဘူး။

(၂) လူ့အခွင့်အရေးနဲ့ လူမျိုးရေးကို ဗန်းပြပြီး တိုင်းတပါးသားတွေ ပြည်ပကနေ ကျူးကျော်လာနိုင်အောင် ကြားကနေ ကူညီ ဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှကိုလည်း တင်းကျပ်တဲ့ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဖို့ လိုအပ်ပါမယ်။ ကြားလူ မကူညီရင် ကျူးကျော်ဖို့ အခွင့်အလမ်းက သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

အဲဒီလို ကြားခံ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံပြည်တွင်းမှာရှိရင်မြန်မာနိုင်ငံသားဟုတ်သည်ဖြစ် စေ၊ မဟုတ် သည်ဖြစ်စေ ကျောသားရင်သား မခွဲခြားဘဲ မြန်မာနိုင်ငံ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီး ပြည်ပမှာရှိရင် ဘယ်နိုင်ငံသားဖြစ်စေ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူ သင့်ပါတယ်။

(၃) အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစရှိတာတွေကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံနဲ့ တိုက်ဖျက်ကြသလိုပဲ ပြည်ပကနေ တရားမဝင် ကျူးကျော်နေထိုင်တာတွေကိုလည်း နိုင်ငံတကာပုံစံနဲ့ တားဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုမိုဂုဏ်ရှိစွာနဲ့ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အဖြစ်ချင်းတူ ကြုံတွေ့နေရတဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် အမေရိကန်၊ ဂျပန်၊ သြစတြေလျ အစရှိတဲ့ နိုင်ငံတွေနဲ့ အတူတကွ ပူးပေါင်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၄) အဓိကကျတဲ့ နောက်ဆုံးတချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ထောက်ခံအားပေးမှု ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို လိမ္မာပါးနပ်စွာ စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်ပါမယ်။

လွင်အောင်စိုး
မေလ ၇ ရက် ၂ဝ၁၂ ခုနှစ်

Monday, May 7, 2012

1 လှိုင်မြို့နယ်က စွန့်ပစ်ဓာတုရေဆိုးပြဿနာ





လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး ကိုဆိုးရွားစွာထိခိုက်ပြီး၊ ယင်းဓာတုစွန့်ပစ် ရေ ၏အငွေ့ကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊အီလက်ထရွန်းနစ်ပစ္စည်းများ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။

ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ ၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊ သီရိမြိုင်လမ်းမကြီးနှင့်အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ရေသန့်စက်ရုံ မှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း ၊ရပ်ကွက်အတွင်းစနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်းထားသောကြောင့်ရေထွက်ပေါက်များ ပိတ်ဆို့ သွားခြင်း၊စသည် အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ ၀င်ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက် ရှိနေပါသည်။

ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကို သောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ သွပ်များ၊ဒန်အိုးဒန်ခွက်များ၊ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများမကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊ လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သို့၎င်း၊တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများမှ ရင်ဖွင့်ကြပါသည်။

Ko Win Naing

0 ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံးရပ်တန့်ရေး၊စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက် ဦးရဲလွင် ဦးဆောင်တဲ့ "လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း






ကချင်ပြည်နယ်စစ်ဘေးသင့်ပြည်သူများသို့အလှူ ကိုရဲလွင် ၊ကိုသားထွေး ဦးဆောင်သောအဖွဲ့ မောနင်းစတားလက်ဘက်ရည်ဆိုင်(တိရိစ္ဆာန်ဥယျာဉ်) ၆.၅.၂၀၁၂

6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ "... လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံးရပ်
တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ လက်ဘက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေပြီး ရံပုံငွေရှာဖွေပေးရာ စုစုပေါင်း ကျပ်
784300 - တိတိ ရရှိခဲ့ပါတယ် ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်မယ့် ယခုအစီအစဉ်မှာ အဆိုတော်တွေ ထပ်မံပူးပေါင်းပါဝင်လာဦးမှာဖြစ်ပါတယ် ။ ယနေ့ ရံပုံငွေရှာခဲတဲ့ဆိုင်တွေကတော့ တိ၇စ္ဆာန်ရုံအနီးက Morning Star ၊ အလုံက I T cafe နဲ့ ကီလီလမ်းထိပ်က စံပြဒေါ်ကြည် မုန့်ဟင်းခါးဆိုင် တို့ဖြစ်ပါတယ် ။ နောက်အပတ်တွေမှာလဲ 3 ဆိုင်နှုန်းနဲ့ ရံပုံငွေဆက်ရှာပေးသွားမှာဖြစ်ပါတယ် ။ အလှူငွေများကို ကချင်ပြည်နယ်သို့ ချက်ခြင်းပို့ဆောင်လှူဒါန်းမှာဖြစ်ပါတယ် ။

By: Lay Pyay Aung,Thiri Su

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.