Saturday, May 12, 2012

0 ဇေကမ္ဘာကလယ်ကန်သင်းတွေ ဘူဒိုဇာ နှစ်စီးနဲ့ ဖျက်စီး၊ လယ်သမားတွေက လယ်ထွန် အပြိုင်အဆိုင်ဖြစ်နေ




သူ့ဆန်စားမှတော့ ရဲကြရပြီပေါ့ ...

ဇေကမ္ဘာကုမ္ပဏီရဲ့ တာဝန်ရှိသူ မန်နေဂျာကြီးဟာ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ...ကျေးရွာ အုပ်ချုပ်ရေးမှူးများရဲ့ တားမြစ်ချက်ကို အလေးထားခြင်းမရှိဘဲ ယနေ့ (၁၁.၅.၂၀၁၂) ရက်နေ့မှာ တုတ် ၊ ဓားတွေပါ ကိုင်ဆောင်ပြီး ဘူဒိုဇာ နှစ်စီးနဲ့ လယ်ကန်သင်းတွေဖြတ် ရိုးပြတ်တွေကို အပြောင်းရှင်း မိုက်မိုက်ကန်းကန်း ပြုလုပ်နေတာကို လယ်သမားတွေထံမှ သိရှိရတဲ့အတွက် သွားရောက်ရာမှာတော့ ဓားတွေကိုသိမ်းထားလိုက်ပြီလို့ လယ်သမားတွေက ဆိုပါတယ်။

လယ်သမားတွေကို ကူညီဆောင်ရွက်သူ ဦးနေမျိုးဝေ၊ ဦးဝင်းချိုတို့ ရောက်ရှိသွားကြပြီး လယ်သမားတွေကို လည်းပြန်လည်ထွန်ယက်ဖို့ ထွန်စက်ခေါ်ပါတယ်။ ဇေကမ္ဘာက ဖျက်စီး၊ လယ်သမားတွေက လယ်ထွန် အပြိုင်အဆိုင်ဖြစ်နေတာကို မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်တယ်လို့ ဆိုပါတယ်။ လယ်သမားတွေကို အရင်လာတားတဲ့အတွက် ဇေကမ္ဘာရပ်ပေးရင် လယ်သမားတွေဘက်ကလည်း ရပ်ပေးဖို့ အဆင်သင့်ပါလို့ ပြောတဲ့အချိန်မှာတော့ ဇေကမ္ဘာကုမ္ပဏီကိုသွားရောက်တားမြစ်ရာမှာ လိုက်နာခြင်း မရှိတဲ့အတွက် ခရိုင်အဆင့်ထိ ဖုန်းဆက်အကြောင်းကြားပြီး တားမြစ်ရတယ်လို့ သိရပါတယ်။ ညနေ့ လယ်သမားများနှင့် ဇေကမ္ဘာကို သက်ဆိုင်ရာမှ တားမြစ်စာထပ်မံပို့ထားပြီး လိုက်နာခြင်း မရှိက ဥပဒေအရ အရေးယူမည်ဟု ဆိုထားကြောင်း သိရပါတယ်။

သက်ဆိုင်ရာအစိုးရ သမ္မတမှအစ အောက်ခြေအဆင့် ၀န်ထမ်းများသည် နိုင်ငံတော် လစားစား၍ နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍ လွှတ်တော် တစ်နေရာတွင် ပါဝင်နေသော လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ၏ ကုမ္ပဏီမှ လယ်သမားများအပေါ် နိုင့်ထက်ကလူပြုနေခြင်းကို ဖြေရှင်းမပေးခြင်းသည် အလွန...်အလွန်မှ တာဝန်မဲ့သော အစိုးရတစ်ရပ်အဖြစ် သုံးသပ်ရမည်ဖြစ်သည်။ အိုးအိမ်ဌာနမှ ဇေကမ္ဘာကို လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိဟုဆိုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ စက်မှုဇုန် (၄) တွင်ပါဝင်နေသည်ဟု မယုတ်မလွန်ဆို၍ အိုးအိမ်မှ အကြောင်းကြားချက်ကို သိမသိ မေးမြန်းရာ `စာနှင့်သော်လည်းကောင်း၊ နှုတ်နှင့်သော် လည်းကောင်း အကြောင်းကြားခြင်း မရှိဟု (၁၀.၅.၂၀၁၂) လယ်သမားများကို လာရောက် တားမြစ်ချိန်တွင်ပြောကြားသွားသည်။ နိုင်ငံတော်ဘဏ္ဍာစားပြီး နိုင်ငံသားကို မလိမ့်တပတ်လုပ်နေသူများ .... ပြုတ်ပြုတ်ပြုန်းပါစေသား .......

နေမျိုးဝေ by user1851801
လယ်သမားတွေကို ကူညီဆောင်ရွက်သူ ဦးနေမျိုးဝေရဲ့ပြောဆိုချက်
နောင်တော်လေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.