Sunday, May 6, 2012

0 ၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန် ထပ်မံမယှဉ်ပြိုင်ဘဲ ရာထူးမှ ဖယ်ပေးလျှင်လည်း ဖယ်ပေးဖွယ်ရှိကြောင်း သမ္မတအကြံပေး ဦးကိုကိုလှိုင်ပြောကြား


၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်အနေနှင့် ထပ်မံဝင်ရောက်ချင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဆက်လက်မယှဉ်ပြိုင်ဘဲ ရာထူးမှဖယ်ပေးလျှင်လည်း ဖယ်ပေး ဖွယ်ရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဘလွန်းဘာ့ဂ်ျ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားသည်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံတော်သမ္မတကြီးအနေနဲ့အခြေခံအုတ်မြစ်ကောင်းတွေ ချပေးနိုင်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခရီး စဉ်မှာ နိုင်ငံတော်သမ္မတကြီး ဟာ ဦးဆောင်ဦးရွက်မှုကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်၊သမ္မတရဲ့လက်ရှိသမ္မတသက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးတွေအားရလောက်အောင် အောင် မြင်မှုရှိတာကိုသမ္မတအနေနဲ့ မြင်ရမယ်ဆိုရင်သူလည်း ကျေနပ်အားရမယ်လို့ ယူဆနိုင်ပါတယ်၊ ဒီမိုကရေစီလမ်းစဉ် လျှောက်လှမ်းတဲ့နောက်တစ်ဆင့်ဟာ နောက်ခေါင်းဆောင်တွေရဲ့ လက်ထဲကိုလွှဲပြောင်းပေးဖို့ရာလည်း ဖြစ်နိုင်ပါတယ်''ဟုဦးကိုကိုလှိုင်က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသွားသည်။
သမ္မတ ဦးသိန်းစိန်သည် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ရာထူး လက်ခံပြီး ၁၄လအတွင်းမှာပင် မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်နိုင်အောင် ကြိုး ပမ်းနိုင်ခဲ့သူဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သောဦးသိန်းစိန်သည်အရပ်သားအစိုးရအဖွဲ့ကိုဦးဆောင်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအများအပြားကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို၊အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လက်ရှိ နိုင်ငံရေးလမ်းကြောင်းတွင် ပူးပေါင်းပါဝင်လာအောင် ညှိနှိုင်းစည်း ရုံးနိုင်ခဲ့ကြောင်း တွေ့ရသည်။

လူဦးရေ၆၄သန်းရှိသော မြန်မာနိုင်ငံအတွက်ကမ္ဘာ့စီးပွားရေးတံခါးများကို ပြန်ဖွင့်ပေးနိုင်ခဲ့သလို၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်လာနိုင်အောင်လည်း တံခါးများ ဖွင့်လှစ်ပေးနိုင်အောင်ဦးဆောင်ကြိုးပမ်း လျက် ရှိကြောင်း တွေ့ရသည်။ အခြေခံဥပဒေအရ ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲထပ်မံကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ပတ်သက်မှုမရှိသော အရပ်သားကိုယ်စားလှယ်များ နေရာပိုမိုရရှိလာ မည့်အရေးကို ဦးသိန်းစိန်အနေနှင့် လက်ခံပေးနိုင်မည်ဖြစ်သော်လည်း တပ်မတော်၏တုံ့ပြန်မှု မည်သို့ရှိမည် ကိုမူ ကျိန်းသေပေါက်ပြော၍မရ သေးကြောင်းလည်း ဦးကိုကိုလှိုင်က ပြောကြားသွားသည်။

''လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာတပ်မတော်နဲ့ပတ်သက်မှုမရှိတဲ့အရပ်သားကိုယ်စားလှယ်တွေ နေရာများများရလာပြီး နိုင်ငံရေးပါဝါ အလွှဲအပြောင်းကာလ ဖြစ်လာချိန်မှာ တပ်မတော်ဘက်က တုံ့ပြန်မှုဘယ်လို ရှိမယ်ဆိုတာ လက်ရှိ နိုင်ငံရေးပါတီ တွေနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်မှုပုံစံပေါ်မှာ မူတည်နေပါတယ်'' ဟု ဦးကိုကို လှိုင်က ထပ်လောင်းပြောကြားသွားသည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ''မြန်မာနိုင်ငံဟာ အ ခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်နေပါပြီ၊ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေရဲ့သဘောထားဆန္ဒဟာအဓိကကျပါတယ်၊ပြည်သူတွေရဲ့သဘောထားဆန္ဒ ပေါ်မူတည်ပြီး အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်၊၂ဝ၁၅ မှာ ဖြစ်လာနိုင်တဲ့အခြေအနေကို ကြို ခန့်မှန်းပြီး ပြောဖို့ရာတော့ခက်ပါ တယ်'' ဟု ¤၎င်းကပြောကြားသွားသည်။

Source: Bloomberg.messenger journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.