Saturday, August 18, 2012

0 သမ္မတဦးသိန်းစိန်မှ ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော အရေးအခင်းအတွက်စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး တာဝန် ပေးအပ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ စုံစမ်းစစ်ဆေးဖို့ သီးခြားကော်မရှင် တခုကို သမ္မတက ဖွဲ့လိုက်ပါပြီ။
ကိုဇာဂနာ၊ ကိုကိုကြီး၊မောင်ဝံသ၊နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ခရစ်ယာန်နှင့်
မူစလင်ဘာသာရေးခေါင်းဆောင်များပါဝင်ပါတယ်။

ဦးသိန်းစိန်အသစ်ဖွဲ့ လိုက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မှာ...ဦးကိုကိုကြီး-၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လို့ တရားဝင်ရေးထားတယ်..ဦးရွှေမန်းကလွှတ်တော်မှာ ၈၈မျိုးဆက်ကျောင်းသား ဆိုတာမသုံးရဘူး ဆိုတာဒေါကြီးမောကြီးကန့် ကွက်ထားတယ်။ဘယ်လိုတွေဖြစ်နေကြတာတုန်း ။နားမလည်တော့ဘူး။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(အမှတ်၊ ၅၈ /၂၀၁၂)၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ရက်(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်-

(က)ဒေါက်တာမျိုးမြင့်-ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ

(ခ)သိက္ခာတော်ရဆရာတော် ဦးကျော်ညွန့်ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်မြို့
-အဖွဲ့ဝင်

(ဂ)သိက္ခာတော်ရဆရာတော် ဦးစောမာဂေကြီးအတွင်းရေးမှူး၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်း-အဖွဲ့ဝင်

်(ဃ)ဦးသိန်းထွန်းစီးပွားရေးလုပ်ငန်းရှင်-အဖွဲ့ဝင်

(င)ဦးစိုးသိန်း(ခ)မောင်ဝံသစာရေးဆရာ-အဖွဲ့ဝင်

(စ)ဦးသူရ(ခ)ဦးဇာဂနာအနုပညာရှင်-အဖွဲ့ဝင်

(ဆ)ဦးခွန်ထွန်းဦးဥက္ကဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်

(ဇ)ဒေါ်သန်းသန်းနုဒီမိုကရက်တစ်ပါတီ(မြန်မာ)-အဖွဲ့ဝင်

်(ဈ)ဦးခင်မောင်ဆွေဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-အဖွဲ့ဝင်

(ည)ဒေါက်တာအေးမောင်ဥက္ကဋ္ဌဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-အဖွဲ့ဝင် (ဋ)ဦးအေးသာအောင်ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်

(ဌ)ဦးကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့-အဖွဲ့ဝင်

(ဍ)ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်UNICEF အကြီးတန်းအရာရှိ(ငြိမ်း)-အဖွဲ့ဝင်

(ဎ)ဒေါက်တာဆလိုင်းမူးကျုံးလျံနိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ-အဖွဲ့ဝင်

(ဏ)ဦးတင်အောင်မိုးသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်-အဖွဲ့ဝင်

(တ)ဦးအောင်နိုင်ဦးအမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွင့်ဖြိုးရေးအဖွဲ့-အဖွဲ့ဝင်

(ထ)ဒေါ်ဝါဝါထွန်းဥက္ကဌ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း-အဖွဲ့ဝင်

(ဒ)ဒေါ်ဂျာနန်အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း-အဖွဲ့ဝင်

(ဓ)ဦးထွန်းအောင်ချိန်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်-အဖွဲ့ဝင်

်(န)ဟာဂျီ ဦးညွန့်မောင်သျှိန်ဥက္ကဌ၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်-အဖွဲ့ဝင်

(ပ)ဟာဂျီ ဦးတင်မောင်သန်းအတွင်းရေးမှူး၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်-အဖွဲ့ဝင်

(ဖ)ဟာဂျီ ဦးလှဝင်းဥက္ကဌ၊မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မအဖ) ဌာနချုပ်-အဖွဲ့ဝင်

(ဗ)ဦးကျော်ခင်အထွေထွေအတွင်းရေးမှူး၊ မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်-အဖွဲ့ဝင်

်(ဘ)ဟာဂျီ ဦးမြင့်ထွန်းဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်-မ-လ ဌာနချုပ်-အဖွဲ့ဝင်

(မ)ဦးလှဝင်းအတွင်းရေးမှူး၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊မ-မ-လ ဌာနချုပ်-အဖွဲ့ဝင်

(ယ)ဒေါက်တာလှထွန်းအကျိုးတော်ဆောင်၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်-အဖွဲ့ဝင်

(ရ)ဒေါက်တာကျော်ရင်လှိုင်Myanmar Egressအတွင်းရေးမှူး၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က)တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊
(ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊
(ဂ)တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊
(ဃ)ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င)ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊
(စ)ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊
(ဆ)ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊
(ဇ)စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မူရင်း..http://www.president-office.gov.mm/

3 လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ ငါးရာမှတစ်ထောင်ဝန်းကျင်ရှိပါတယ်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...

သေနတ်တလက် ၅သိန်းမှ ၁၀သိန်းကြား အသီးသီးရှိ တယ်...

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အ၀တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်းကုန်တယ်....

အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်...

ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်....

တိုက်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်း ထည့်သွားရတယ် .... လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။ လေယဉ်ဆီ ဂါလံ ၂၀၀ လောက်ကို မိနစ်ပိုင်းနဲ့ စားသွားတယ်....

KIA ဖက်ကတွက်တာတော့ KIA စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်....

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ.. မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်... သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး... နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့... ဟုမ့်.....

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။

မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်..

Kachin Duwa

1 ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီ စိန်ခေါ်မှု


ပြည်ထောင်စုအဆင့် အန္တရာယ်လို့ ခေါင်းစဉ်ပေးထားတဲ့ စာတပုဒ်ကို ဖတ်ရပါတယ်။ ရေးသူက Stephen Shwe ဖြစ်ပါတယ်။ သူ့ ရဲ့ ပိုင်းခြား သုံးသပ်ချက်က ရှင်းလင်းလှပါတယ်။ အပင်ပန်းခံ လုပ်ဆောင်ပေးထားမှန်း သိသာလှပြီး အဲဒီအတွက် Stephen Shwe ကို လေးစားချီးကျူးမိပါတယ်။ ဒါကတော့သူ့ရဲ့ လွတ်လပ်စွာ သုံးသပ်တဲ့ အမြင်ပါ။

ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကော်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင် ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကော်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီ အပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုင်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေ ပါမယ်။ ဒါ့အပြင် နှစ်စဉ် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတား အခမဲ့ ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)

(ပြည်ထောင်စုအဆင့် အန္တရာယ် by Stephen Shwe)

(၁) ။ ။ ပြည်ထောင်စုအဆင့်ဖြစ်လာရင် ဘာတွေဖြစ်မလဲ ?


ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့်အဆောင်အယောင်တွေရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကောက်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင်ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကောက်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီအပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုက်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေပါမယ်။ ဒါ့အပြင် နှစ်စဉ်သိန်း ပေါင်းများစွာတန်ဖိုးရှိတဲ့ ယဉ်ပြင်ဆင်စရိတ်တွေ၊ လမ်းတံတားအခမဲ့ဖြတ်သန်းခတွေအပြင် အခြားအဆောင်အယောင်တွေ အများကြီးပါတယ်။ (အဆောင်အယောင်ဥပဒေအရ)


(၂) ။ ။ ကော်မတီတွေကို ဘယ်သူက စတင်ဦးဆောင်ဖွဲ့ရမှာလဲ၊ ဘယ်သူတွေကအရေးပါလဲ ?


ကောက်မတီတွေကိုဖွဲ့စည်းတဲ့နေရာမှာ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ရွေးချယ်တာ၊ အဖွဲ့ဝင် အနည်းအများသတ်မှတ်တာ ကစပြီး ဘယ်အမတ်ကို ဘယ်ကော်မတီမှာခန့်ထားမယ် ဆိုတာမျိုး၊ ကော်မတီဥက္ကဌနဲ့ အဖွဲ့ဝင်ကို အရေးယူတာမျိုးတွေအထိ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌ တွေက အလွန်ပဲ သြဇာကြီးမားကြပါတယ်။ (ပြည်သူ့လွှတ်တော် နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ နဲ့ အမျိုးသားလွှတ်တော်နည်းဥပဒေ အပိုဒ် ၃၃၊ ၃၇၊ ၃၈၊ ၃၉ တွေကို လေ့လာပြီး အခုလွှတ်တော်မှာ ဆောင်ရွက်နေတာ

တွေကို မျက်ခြေမပြတ်ရင် ဒါကိုထင်ထင်ရှားရှားတွေ့နိုင့်ပါတယ်။)

(၃)။ ။ လွှတ်တော်ဥက္ကဌတွေ သြဇာကြီးမားတော့ဘာဖြစ်နိုင်လဲ ?

အပေါ်ယံတွေးမယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌတွေဟာ ဘယ်အမတ်ကို ဘယ်ကော်မတီမှာ ထည့်မယ်၊ ဘယ်အမတ်ကို ဘယ်ကော်မရှင်မှာ ထည့်မယ်ဆိုပြီး ဆောင်ရွက်တာပါပဲ။ ဒါပေမဲ့ လေးလေးနက်နက်တွေးမယ် ဆိုရင်တော့ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေထဲက သူနှစ်သက်တဲ့ သူတွေကို လစာ ၃၅ သိန်းနဲ့ ဝန်ကြီးအဆင့် အဆောင်အယောင်တွေကို ပေးပိုင်ခွင့်ရှိသူကြီးတွေဖြစ်သွားပြီ။ ကျွန်တော်တို့လွှတ်တော်ထဲမှာ အဲဒိအဆောင်အယောင်တွေကို မယူပဲလျှစ်လျှူရှုနိုင်လောက်အောင် စီးပွားရေးအရကော၊ ကိုယ်ကျင့်သိက္ခာအရကော တောင့်တင်းခိုင်မာတဲ့

အမတ် ဘယ်နှယောက်ရှိမလဲ။ (အလွန်ချမ်းသာသော ခရိုနီအမတ်များနှင့် အမေစု တို့ကတော့ အဲဒိထဲ ပါမည်မဟုတ်ပါ) အကျိုးဆက်အားဖြင့်တော့ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌ အလိုကျလိုက်ပြီး ဆောင်ရွက်ပေးမယ့် အမတ်တွေ အများစုဖြစ်လာမှာပါ။

(၄) ။ ။ လွှတ်တော်ထဲမှာ ဥက္ကဌရဲ့ ဘက်တော်သားအမတ်တွေများနေရင်ဥက္ကဌအနေနဲ့ဘာလုပ်လို့ရလဲ ?

လုပ်လို့ရတာတွေတော့အများကြီးပဲဥက္ကဌအနေနဲ့သူလုပ်ချင်တာတွေအတွက် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကော်မတီအမျိုးမျိုး ဖွဲ့စည်းမယ်။ ကော်မတီတွေကနေတဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေမှာ ဝင်ရောက် စွက်ဖက်မယ် ။ လွှတ်တော်ဥက္ကဌ နှစ်ယောက်ညှိပြီး သူ့တို့ရဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးမဲ့ ဥပဒေတွေကိုပြဌာန်းပြီး မတရား

စီးပွားရှာလို့ရတယ်။ သူတို့သက်စွန်းရှည်အောင် အခြေခံဥပဒေကို လိုသလို ပြင်လို့ရတယ်။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌနှစ်ယောက် ပူးပေါင်းပြီး impeachment ဆိုတဲ့ ပြစ်တင်ရှုံ့ချရေးနည်းလမ်းကို သုံးပြီး အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တွေကို ခြိမ်းခြောက် အကြပ်ကိုင်မယ်။ အကြပ်ကိုင်လို့မရရင် သမ္မတက စလို့ အစိုးရအဖွဲ့ဝင်တွေ အကုန်လုံးနဲ့ တရားစီရင်ရေးဆောင်ရွက်နေတဲ့လူတွေကို ပြစ်တင်ရုံ့ချထုတ်ပစ်ပြီး လွှတ်တော် ဥက္ကဌဆိုသူတွေ အလိုကျ အစိုးရအဖွဲ့နဲ့ တရားစီရင်ရေး

ဆောင်ရွက်မဲ့သူတွေနဲ့လူစားထိုးမယ်။


(၅) ။ ။ အကျိုးဆက်အားဖြင့် ပြည်သူတွေ ဘယ်လိုနစ်နာမလဲ ?

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးဟာ လွှတ်တော်ဥက္ကဋ္ဌတွေ လက်ထဲမှာရောက်နေတဲ့အတွက် လွတ်တော်ဥက္ကဋ္ဌတွေနဲ့ လက်ဝေခံအမတ်တွေရဲ့အကျိုးအတွက်သာ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်တော့မယ်။ အမတ်တွေနဲ့ သူ့မိသားစုဝင်တွေရဲ့ မတရားမှုတွေကို တရားရုံးတွေမှာတိုင်တန်းပေမဲ့လည်း ဘယ်တရားသူကြီးကမှ အရေးယူ

ပေးရဲမှာမဟုတ်ဘူး။ အဆိုးဆုံးကတော့ လွှတ်တော်ဥက္ကဌတွေအနေနဲ့ သူတို့ကို လွှတ်တော်ဥက္ကဌ အဖြစ် ဆက်လက်တည်မြဲစေဖို့ အာမခံချက် ပေးတဲ့ ပါတီ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး အဖွဲ့အစည်းတွေကို မဲစာရင်းလိမ်ခိုင်းတာမျိုးတွေ လုပ်နိုင်တယ်။ ကျွန်တော်တို့ နှစ်ပေါင်း ၅၀ လောက်ကျင်လည်ခဲ့ရတဲ့ အာဏာရှင်ဆိုတဲ့ စံနစ်ထဲကို ပြန်ရောက်သွားနိုင်ပါတယ်။

(၆) ။ ။ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါနေသားနဲ့ အဲလို လုပ်လို့ရနိုင်ပါ့မလား ?

တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တကယ်တော့ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လူတွေပါ။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်ပါတယ် ။ သမ္မတ ကို ကြိုးကိုင်ထားတဲ့ လွှတ်တော်ဥက္ကဌဟာ မိမိအလိုကျ ဆောင်ရွက်မယ့် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ဖို့ သိပ်မခက်ခဲပါဘူး။
by Stephen Shwe

လွှတ်တော်အမတ်တွေကို ပြည်ထောင်စုအဆင့် အဆောင်အယောင်ပေးပြီး လွှတ်တော်ဥက္ကဋ္ဌတွေက သြဇာ လွှမ်းမိုးထားနိုင်သလားလို့ စဉ်းစားကြည့်မိပါတယ်။ တကယ်တော့ အဆောင်အယောင် ခံစားခွင့်တွေဟာ ဒီမိုကရေစီ တာဝန်ယူထားသူတွေအတွက် စိန်ခေါ်မှု တမျိုးပါပဲ။

ကျနော်တို့ ပြည်သူတွေ လိုချင်တဲ့အဆင့်ကို ပွင့်ပွင့်လင်းလင်းပြောရရင် မဏ္ဍိုင်ကြီး (၃) ရပ်စလုံးမှာ တာဝန်ပေးခံထားရသူတွေ အားလုံးဟာ တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူ့ဆန္ဒကို အတတ်နိုင်ဆုံး အကောင်းဆုံး အကောင်အထည် ဖော်ပေးကြဖို့၊ တာဝန်ခံယူကြဖို့ ဖြစ်မယ် ထင်ပါတယ်။ တာဝန်ခံယူတယ် ဆိုတဲ့နေရာမှာ မှားတာနဲ့ (သို့) မှားတယ်လို့ ကျိုးကြောင်း ခိုင်လုံစွာ ဝေဖန်ထောက်ပြခံရတာနဲ့ နှုတ်ထွက်ပေးဖို့ပါပဲ။

လောလောဆယ်မှာတော့ အဲဒီအဆင့်ကို မရောက်သေးပါဘူး။ ဒါပေမယ့် အမြန်ဆုံး ရောက်စေချင်ပါတယ်။ ကြိုးစားနိုင်ရင်တော့ အခြား ဒီမိုကရေစီ နိုင်ငံတွေလိုပဲ ဖြစ်လာနိုင်စရာ ရှိပါမယ်။

တကယ်လို့ အဲဒီအဆင့်ကို ရောက်ပြီဆိုရင် အဆောင်အယောင် ခံစားခွင့်ကို မထိုက်တန်ဘဲ မက်မောရဲသူ ရှိမှာ မဟုတ်သလို ခန့်ထားပိုင်ခွင့်ရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း သူတို့အပေါ် သြဇာလွှမ်းမိုးမှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ခန့်ထားသူ လွှတ်တော်ဥက္ကဋ္ဌတွေတောင်မှ ခန့်ထား လုပ်ဆောင်စေတဲ့ကိစ္စမှာ တာဝန်ခံယူနေရပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူမှု သိပ်အရေးကြီးပါတယ်။ မရှိမဖြစ် လိုအပ်ပါတယ်။ သမ္မတကအစ ပြည်သူတွေအဆုံး အားလုံး ကျင့်သုံးမှ ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကို ခုချိန်မှာ ရွေးကောက်ခံထားရသူအားလုံး သဘောပေါက်နေပြီလို့ ယူဆပါတယ်။ သဘောပေါက်နေရုံမကဘဲ လက်တွေ့ကျင့်သုံးမှလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ စိန်ခေါ်မှုတွေ အများကြီးပါ။ ဒီမိုကရေစီကို လွယ်လွယ်နဲ့ လျှော့မတွက်စေချင်ပါ။ ဒီမိုကရေစီဟာလူတိုင်းကို ဘယ်သူ့မှ မျက်နှာသာ မပေးဘဲ မိနစ်စက္ကန့်မလပ် စိန်ခေါ်နေပါတယ်။ စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ခံရတဲ့ မီဒီယာတွေက အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ နိုးကြားနေတဲ့ ပြည်သူတွေက အကြံပြုဖို့၊ ဝေဖန်ကန့်ကွက်ဖို့ အမြဲ အသင့်ရှိနေပါတယ်။ ဒီမိုကရေစီရဲ့ စိန်ခေါ်သံကို ကြံ့ကြံ့ခံ ကျော်လွှားအောင်မြင်နိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တဦးပြီးတဦး ထွက်ပေါ်လာနေတာကို မြင်ချင်ပါတယ်။

လွင်အောင်စိုး
၁၇-၈-၂ဝ၁၂

0 ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

ရည်ညွှန်းချက်

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ်၏ (၂၈.၇.၂၀၁၂) ရက်စွဲပါ၊ စာအမှတ်၊၁၁/၇/ ပြည်ခိုင်ဖြိုး/၂၀၁၂(၁၀၄)

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ

၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပါသည်-

(က) ဥက္ကဋ္ဌ ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး

(ခ) အဖွဲ့ဝင် သူရဦးအေးမြင့်၊ ဗဟိုအလုပ်အမှုဆောင်

(ဂ) အဖွဲ့ဝင် ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်

စွပ်စွဲခံရသူ

၃။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း

စုံစမ်းဖေါ်ထုတ်ရန်အချက်များ

၎။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)ဟု ဖေါ်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖေါ်ပြချက်များအား Internet စာမျက်နှာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်-

(က) အဆိုပါရေးသားဖေါ်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ အမှန်တကယ်ပြောကြားချက်များအတိုင်း ဖေါ်ပြထားခြင်း ဟုတ်/မဟုတ်။

(ခ) ပြောကြားချက်များတွင် ပါတီစည်းကမ်းနှင့်ငြိစွန်းနေသောအချက်များပါရှိခြင်း ရှိ/မရှိ။

စစ်ဆေးတွေ့ရှိချက်များ

၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးအောင်သိန်းလင်းထံမှ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုး စေလျှက် ရယူပြီး ပူးတွဲ(က)အတိုင်းတင်ပြပါသည်။

၆။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေးသားဖေါ်ပြခဲ့သော အောက်ပါဂျာနယ်(၃)စောင်မှ တာဝန်ရှိ သူများကို ရန်ကုန်မြို့ Hotel Yangon တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၃)ရက်၌ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းခဲ့ပါသည်။

(က) Weekly Eleven ဂျာနယ်

(၁) Eleven Media Group CEO ဦးသန်းထွဋ်အောင်

(၂) Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုး

(ခ) မော်နီတာဂျာနယ်

(၁) CEO ဦးမြတ်ခိုင်

(ဂ) သံတော်ဆင့်ဂျာနယ်

(၁) ဦးဆန်းဝင်းထွန်း(တာဝန်ခံအယ်ဒီတာ)

(၂) ဦးပြည့်စုံထွန်း(သတင်းအယ်ဒီတာ)



၇။ Weekly Eleven ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်

(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှရှင်းလင်းပြောကြားချက်။

ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)တို့တွေ့ဆုံမေးမြန်းရေးသားဖေါ်ပြချက်အပေါ် ဂျာနယ်များ တွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ သိရှိလို၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ပါတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ မူဝါဒ၊ သဘောထားများဖေါ်ပြပြီးဖြစ်ကြောင်း။ ပါတီ၏နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့် အညီ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ကျင့်သုံးလျှက်ရှိကြောင်း၊ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ ``ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး။´´ဟု Southern Weekend(China)မှ တရုတ်လိုဖေါ်ပြချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၎င်းမှမြန်မာဘာသာဖြင့် ဂျာနယ်အချို့တွင်ဖေါ်ပြခဲ့ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အပေါ် ပြောဆိုခဲ့သည့်ဖေါ်ပြချက်မှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏မူဝါဒနှင့်ကွဲလွဲနေကြောင်း၊ ထို့ပြင် မြစ်ဆုံကိစ္စ ပြောဆိုချက်ဟုဖေါ်ပြထားခြင်းမှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏သဘော ထားနှင့်ကွဲလွဲနေကြောင်း၊အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်ကို ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုမှလှိုက်လှဲစွာထောက်ခံအားပေးနေကြ ခြင်းမှာ ``လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်လို့ပါ ´´ဟု ဖေါ်ပြထားကြောင်း၊ Crazy ဟူသော အင်္ဂလိပ်စကားကို အချို့ဂျာနယ်က ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ ကြောင်း၊ ဤအချက်အပေါ်တွင်လည်း လူထုမှအထင်မှားအမြင်မှား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များအပေါ် Southern Weekend(China)က တရုတ်လိုဖေါ်ပြ၊ ၎င်းကို အင်္ဂလိပ်ဘာသာပြန်၊ ၎င်းကို ဂျာနယ်များက မြန်မာလိုပြန်၍ ဖေါ်ပြထားမှုများ၏ အခြေအနေမှန်ကို သိရှိလိုသဖြင့် ယခုလိုတွေ့ဆုံမေးမြန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ Weekly Eleven ဂျာနယ်တွင် အဆိုပါ ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိပါသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။

Weekly Eleven ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ၂၅.၇.၂၀၁၂ ရက် ထုတ် ဂျာနယ်တွင်ဖြစ်ပါသည်။

မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြ ခဲ့တာလဲ။

ဖြေ။ Southern China(Weekend)မှ Internet တွင် တရုတ်လိုတင်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် Google Translation မှ အင်္ဂလိပ် ဘာသာဖြင့် ဖေါ်ပြချက်အရသိရှိရပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်မှ ဂျာနယ်က မြန်မာလိုဘာသာပြန်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

မေး။ မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက် အပေါ် မည်သို့မြင်ပါသလဲ။

ဖြေ။ တရုတ်သတင်းစာနှင့်ဂျာနယ်များသည် တရုတ်အစိုးရ၏ဘက်တော်သားများ ဖြစ်ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို အရမ်းပြန်လုပ်ချင်နေ သဖြင့် မြစ်ဆုံဘက်ကိုလမ်းကြောင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလျှက် ရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် အနောက်နှင့်ဆက်ဆံ ပြီး သူတို့ကိုဖယ်နေသည်ဟု ထင်မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ Southern Weelend(China)မှ မြစ်ဆုံကိစ္စအပေါ် ဦးအောင်သိန်းလင်းအား ဆွဲယူအသုံးချ ၍ မေးမြန်းသွားခြင်းဖြစ်သည်ဟု ယူဆပါသည်။

မေး။ ဂျာနယ်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ရာတွင် တိကျမှုရှိရဲ့လား။

ဖြေ။ ကျွန်တော်တို့က ဘာသာပြန်တာ တော်တော်များများတိကျပါသည်။

မေး။ အင်္ဂလိပ်လို Crazy ဟူသောစကားကို ဂျာနယ်က မည်သို့ဘာသာပြန်ခဲ့ပါသလဲ။

ဖြေ။ ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ပါသည်။ လူတွေကအရူးတွေဟု ပြန်ခြင်းမဟုတ်ဘဲ အရူးအမူးဖြစ်သည့်သဘောဖြင့် ``ရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ခြင်းဖြစ်ပါသည်။

မေး။ ``ရူးနေကြတာပါ´´ဟု ပြောခြင်းဟာ အရူးဟု မဆိုနိုင်ဘူးလား။

ဖြေ။ ``ရူးနေကြတာ´´လို့ ဘာသာပြန်ရာမှာ ရူးသွပ်တယ်လို့ မဆိုလိုပါ။ ပြည်သူတွေ ဟာအရူးလို့ ဘာသာပြန်ရင်တော့မှားပါတယ်။ ရူးနေကြတာဆိုရင် လက်ခံနိုင် ပါတယ်။ ဥပမာ ဒီအဆိုတော်ကို အရမ်းကြိုက်လို့ရူးနေကြတာဆိုခြင်းသည် အရူးအမူးနှစ်သက်တာကို ဆိုလိုခြင်းမျိုးဖြစ်ပါသည်။

မေး။ တခြားဂျာနယ်တွေမှာရော ဘယ်လိုရေးကြသလဲ။

ဖြေ။ Envoy, Popular စတဲ့ဂျာနယ်တော်တော်များများကတော့ အရူးအမူးသဘောပဲ ရေးကြတယ်ထင်ပါသည်။

မေး။ မြစ်ဆုံကိစ္စမှာရော ဦးအောင်သိန်းလင်း၏ ပြောကြားချက်ကို ဘယ်လိုဖေါ်ပြခဲ့ပါ သလဲ။

ဖြေ။ မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက်ပါ ဦးအောင်သိန်းလင်းပြောခဲ့သည်ဆိုသည့်အတိုင်း နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်ပါ။ လွှတ်တော်၏ဆုံးဖြတ်ချက်မဟုတ်ပါ။ ``မြစ်ဆုံဆည်ကို မဖြစ် မနေပြန်လည်တည်ဆောက်ရမည်´´ဟု ဖေါ်ပြခဲ့ပါသည်။

မေး။ သမ္မတတစ်ဦးတည်းဆုံးဖြတ်ချက်ဟုတ်ရဲ့လား။

ဖြေ။ လွှတ်တော်မှာလည်း ကျွန်တော့အထင်တော့ အဆိုတင်သွင်းပြီး ၀ိုင်းထောက်ခံ ကြတယ်လို့ထင်ပါသည်။(ဦးသိန်းဆွေမှ အဆိုကို မိမိကအရေးပေါ်တင်သွင်းခဲ့ပြီး အများစုမှထောက်ခံခဲ့ကြောင်း ဖြည့်စွက်ပြောကြားပါသည်။)

မေး။ ဂျာနယ်တွင် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်ဆိုပြီး``သူတို့ထပ်နိုင် ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေဆောက်မယ်လို့ ဦးအောင်သိန်းလင်းကဆိုရင် ၂၀၁၅ အတွက်အဖြေကထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး´´ ဟု ဖေါ်ပြထားခြင်းမှာ ဘာကိုရည်ရွယ်ပါသလဲ။

ဖြေ။ အဲဒါကတော့ အမှန်အတိုင်းပြောရရင် စေတနာနဲ့ပြောတဲ့စကားပါ။ ဦးအောင်သိန်းလင်းရဲ့စကားဟာ ပါတီရဲ့အာဘော်ဆိုရင် ပါတီသိပ်နစ်နာနိုင်တဲ့ အတွက် သတိပေးဖေါ်ပြခြင်းဖြစ်ပါတယ်။

မေး။ Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ တရုတ်စာနယ်ဇင်းထဲမှာ ဒီဂျာနယ်ဟာ အကြီးတန်းအဆင့်ထဲပါတယ်လို့ သိရပါ တယ်။ ဂျာနယ်ရဲ့သတင်းထောက်ဟာ မရိုးသားဘူးလို့မြင်ပါတယ်။ သူလိုချင် တာကိုဆွဲပြီးမေးမြန်းသွားတဲ့အပြင် မြစ်ဆုံကိစ္စကိုအခြေခံပြီး အစိုးရနဲ့ပါတီ အပေါ် သိက္ခာကျအောင်လုပ်တယ်လို့ထင်ပါတယ်။

၈။ မော်နီတာဂျာနယ်သို့စစ်ဆေးမေးမြန်းချက်

(က) အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။

(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြား ချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။

ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၉.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါသည်။

မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြခဲ့တာလဲ။

ဖြေ။ ဒီသတင်း Internet မှာပါလာပြီး အစောကြီးကတည်းကပြန့်နေတာဖြစ်ပါသည်။ Weekly Eleven မှာဖေါ်ပြခဲ့လို့ စာပေစိစစ်ရေးကခွင့်ပြုသည့်သဘောရှိပါသည်။ Internet ကရသည့် သတင်းအခြေအမြစ်ကတဆင့် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။

မေး။ Internet က တရုတ်ဘာသာဖေါ်ပြချက်ကိုယူပြီး ဖေါ်ပြသလား၊ အင်္ဂလိပ် ဘာသာပြန်ကတဆင့် ဖေါ်ပြတာလား။

ဖြေ။ တရုတ်ကနေ အင်္ဂလိပ်လိုပြန်ရာမှာ မှားနေသလားလို့ မိမိဂျာနယ်ရှိ တရုတ်စာ ကျွမ်းကျင်သောကလေးများကို လေ့လာခိုင်းခဲ့ပါသည်။ တရုတ်လိုရော အင်္ဂလိပ် လိုရောယူ၍ ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။

မေး။ They are crazy ဆိုသောစကားနှင့်ပတ်သက်ပြီး ဂျာနယ်တွင် မည်သို့ဖေါ်ပြခဲ့ ပါသလဲ။

ဖြေ။ ဒါကတော့ ပြည်သူတွေရဲ့အရူးအမူးဖြစ်မှုကြောင့်ပါဟု ဖေါ်ပြခဲ့ပါသည်။

မေး။ အင်္ဂလိပ်ဘာသာ Crazy ရဲ့ အဓိပ္ပါယ်ကို တရုတ်ဘာသာမှာဘယ်လိုဖေါ်ပြထား ပါသလဲ။

ဖြေ။ တရုတ်လိုမှာတော့ စိတ်ခံစားမှု နဲ့ ရူးသွပ်တယ်လို့ ဆိုလိုပါတယ်။

မေး။ ဒါဆိုရင် အရူးတွေလို့ဘာသာပြန်တာမှားတာပေါ့။

ဖြေ။ ဟုတ်ပါတယ်။ အရူးတွေလို့ဘာသာပြန်ရင် ဘာသာပြန်တဲ့လူ လွဲပါတယ်။

မေး။ ဦးအောင်သိန်းလင်းအနေနဲ့ ရန်ကုန်ကို တရုတ်မျက်စိကုအဖွဲ့နဲ့ပါလာတဲ့ Southern Weekend(China)သတင်းထောက်နဲ့ စာရင်းသောက်ရင်း အလွတ် ပြောတာကို ဂျာနယ်ထဲထည့် Internet ကထုတ်တာမျိုးလုပ်ခြင်းဟာ စာနယ်ဇင်းသဘောအရလုပ်ခွင့်ရှိပါသလား။

ဖြေ။ စာနယ်ဇင်းသဘောအရ အလွတ်ပြောတာကို ရေးခွင့်၊ ထုတ်ခွင့်မရှိပါ။ တွေ့ဆုံ မေးမြန်း(Interview)လုပ်ပါမယ်လို့ ပြောပြီးမှသာ ရေးခွင့်ထုတ်ခွင့် ရှိပါတယ်။

မေး။ ယခုကိစ္စနဲ့ပတ်သက်ပြီး Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါ သလဲ။

ဖြေ။ ဂျာနယ်သတင်းထောက်ဟာ သူလိုချင်တာဆွဲပြီး မေးမြန်းခဲ့တဲ့အပြင် အလွတ် ပြောတာကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ဥပဒေနဲ့မညီညွတ်ဟု ထင်မြင်ယူဆ ပါတယ်။

၉။ သံတော်ဆင့်ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်

(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။

(ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။ ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။

ဂျာနယ်မှဖြေ။ ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၈.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါ သည်။

မေး။ ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်းအခြေအမြစ်(Source)က ရ၍ ဖေါ်ပြ ခဲ့တာလဲ။

ဖြေ။ Internet နှင့် Facebook တွေမှာစတွေ့ပြီး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Eleven Media Group ကအစောဆုံး မြန်မာလိုဖေါ်ပြခဲ့တာဖြစ်ပါတယ်။

မေး။ Internet က တရုတ်ဘာသာဖေါ်ပြချက်ကို ယူသလား၊ အင်္ဂလိပ်ဘာသာပြန်က တဆင့်ယူပြီး ဖေါ်ပြတာလား။

ဖြေ။ အင်္ဂလိပ်လိုမှတဆင့် ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။

မေး။ အင်္ဂလိပ်လိုမှာ Crazy လို့သုံးနှုန်းတာလား။

ဖြေ။ They are crazy လို့သုံးထားတာတွေ့ရပါတယ်။

မေး။ Crazy ကို မြန်မာလိုဘယ်လိုဘာသာပြန်သလဲ။

ဖြေ။ အရူးအမူးနှစ်သက်ခြင်း၊ စွဲလန်းခြင်းလို့ ပြန်ပါတယ်။

မေး။ ဒီသတင်းအပေါ် ပါတီရဲ့သဘောထားကြေညာချက်ကိုရောသိပြီးပြီလား။

ဖြေ။ သိပြီးပါပြီ။ ဂျာနယ်မှာလည်းဖေါ်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်

၁၀။ တရုတ်နိုင်ငံထုတ် Southern weekend(China)စာစောင်ပါ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံမေးမြန်းမှု သတင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းနှင့် Weekely Eleven၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထွက်ဆိုချက်များ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အောက်ပါအတိုင်း ထင်မြင်ယူဆပါသည်-

(က) ဦးအောင်သိန်းလင်းသည် Southern Weekend(China)စာစောင်မှ သတင်းထောက်အား အလွတ်သဘောဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်ပြီး သတင်းအဖြစ် ထည့်သွင်းဖေါ်ပြခြင်း ပြုမည်/မပြုမည်ကိုလည်း မသိရှိခဲ့ပါ။

(ခ) စာစောင်တွင်ပါရှိသည့် ရေးသားဖေါ်ပြထားချက်များမှာ ဦးအောင်သိန်းလင်း၏ ပြောကြား ချက်များဖြစ်ကြောင်း ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်။


မှူးဇော်

0 သာပေါင်းမြို့နယ်ရေနှစ်မြှုပ်သတင်းဓာတ်ပုံ

သာပေါင်းမြို့နယ်ပိုင်ဇီးပင်ကွင်းကျေးရွာအိမ်ခြေ(၁၆၀)ကျော်တွင်(၁၅၀)ကျော်ရေမြူပ်။ရှမ်းကျောင်းကျေးရွာ(သာပေါင်း)ပိုင်အိမ်ခြေ၈၀ကျော်ခန်.ရှိရာ၆၀ကျော်ရေမြှပ်။

တံခွန်တိုင်။ကလားဝဲ။ကံယားကုန်း။မကျီးကုန်း။ညောင်ကုန်း။စက်ကုန်း။သီတပ်။ဥသျှစ်။ဘုရားနီ။မိချောင်းသိုက်။ပန်းပင်ဆိပ်။လေးအိမ်တန်း။ဆင်လမ်း။ငှက်ပျောတော။စစ်ပင်ကြီးနွယ်နီချောင်း။ဘုရားငူ။ရွှေညောင်ပင်။လင်းဠာကျ။ရွာလေးဆူ။မီးသွေးတိုက်။ကညင်ကုန်း။ကျားရဲစသည့်ရွာများမှာလည်းနစ်မြှပ်နေ

ပေးပို့သူ.. ကိုထက် (လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)


0 သတင်းမီဒီယာများ ဒုတိယအကြိမ် ဆန္ဒပြမည်

သြဂုတ်လ ၁၆ရက်နေ့ ရက်စွဲဖြင့် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် သြဂုတ်လ ၂၂ရက်၊ ၂၃ရက်နှင့် ၂၄ရက်နေ့များ၌ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းမီဒီယာအသီးသီးမှ မီဒီယာသမားများ ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတစ်ခုအား ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း ယင်း ကော်မတီမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဒီတစ်ခါတော့ ကျွန်တော်တို့က ဥပဒေအတိုင်း ဒီလ ၂၁ရက်နေ့ မြို့တော်ခန်းမနားမှာ ဆန္ဒပြဖို့ သက်ဆိုင်ရာ ကျောက်တံတားရဲစခန်းမှာ လျှောက်ထားတင်ပြပြီး လုပ်မှာပါ။ ဒီလိုလုပ်တဲ့အခါမှာ ၂၂ရက်နေ့မှာ ဆန္ဒထုတ်ဖော်တဲ့ မီဒီယာသမားတွေအားလုံးက Press Freedom ဆိုတဲ့တံဆိပ် တွေပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုတ်ကိုဆောင်းပြီး ဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုအား သုံးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပြီး သြဂုတ်လ ၂၂ရက်နေ့တွင် မြို့တော်ခန်းမအနီး ၌ ဒီမိုကရေစီနှင့် ထိုက်တန်သည့် သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကာ သြဂုတ်လ ၂၃ရက်နေ့တွင် ဒဂုံမြို့နယ်တရားရုံး၌ The Voice ဂျာနယ် အမှုရင်ဆိုင်နေရသည့် သတင်းနှင့် ပတ်သက်၍ သတင်းမီဒီယာများမှ အဆိုပါတီရှပ်အမည်းရောင် ဦးထုပ်များ ဝတ်ဆင်၍ သတင်းရ ယူမည်ဖြစ်ကြောင်း သိရှိရသည်။

"သြဂုတ်လ ၂၂ရက်နေ့ ဆန္ဒထုတ်ဖော်ပြီးသွားရင် သြဂုတ်လ ၂၃ရက်နေ့မှာ ဒဂုံမြို့နယ်တရာရုံးမှာ တရားရင်ဆိုင်နေရတဲ့ The Voice ဂျာနယ် အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့် တရားရုံးက အမိန့်ချမယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီးလည်း သတင်းယူတဲ့အခါမှာ သတင်းသမား တွေအားလုံး Press Freedom တံဆိပ်ပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမယ်။ ပြီးရင် သြဂုတ်လ ၂၄ရက်နေ့မှာ ပုဇွန်တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ လျှပ်တပြတ်ဂျာနယ်အမှုနဲ့ ပတ်သက်တဲ့သတင်းကိုလည်း တီရှပ်အမည်းနဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမှာဖြစ်ပါ တယ်"ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းသို့ Press Freedom တံဆိပ်ပါ တီရှပ်အမည်းရောင်းနှင့် ဦးထုပ်များဝတ်ဆင်၍ သြဂုတ်လ ၂၄ရက်နေ့၌ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် လျှပ်တပြက်ဂျာနယ်၏ အမှုစီရင်ချက်နှင့် ပတ်သက်၍ သတင်းရယူပြီးပါက နေ့လည် ၃နာရီအချိန်တွင် ဗဟန်းမြို့ နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တော်ဝင်နှင်းဆီခန်းမ၌ သတင်းလွတ်လပ်ခွင့်မရရှိသေးသည့်ကိစ္စ၊ ဆင်ဆာ မဖျက်သိမ်းသည့်ကိစ္စအပါအဝင် မီဒီယာ ဥပဒေရေးဆွဲရာ၌ မီဒီယာသမားများအား အသိပေးခြင်းမရှိပဲ ရေးဆွဲနေမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာထိန်းချုပ်မှုများ ဖယ်ရှားပေးရန်ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်း ရှင်းလင်းသွားမည်ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ မီဒီယာသမားများမှ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခြင်းမှာ ယခုအကြိမ်နှင့်ဆိုပါက ဒုတိယအ ကြိမ်မြောက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး မီဒီယာသမားများ၏ ပထမဦးဆုံး ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်မှုအား သြဂုတ်လ ၄ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ယင်းအချိန်၌ စာပေစိစစ်ရေးဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်နှစ်စောင်အား အကြောင်းအရင်း ခိုင်လုံခြင်းမရှိ ပဲ ပိတ်ပင်တားမြစ်ခဲ့ခြင်းကြောင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ATM (Yangonchronicle)

0 ဆားလင်းကြီးမြို့ ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာသူ ကျေးရွာသားများဒုက္ခဝေဒနာအပူမီးများ ငြိမ်းအေးချမ်းအောင်မီးဖယောင်းတိုင်မျှောပွဲ ကျင်းပ

၁၇-၈-၂၀၁၂ရက်နေ့ ၇ နာရီ ခန့်တွင် ဆားလင်းကြီးမြို့ ၀က်မှေး ဆည်တည်း စသည့် ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာသူ ကျေးရွာသားများ သူတို့၏ ခံစားနေရသည့် ဒုက္ခဝေဒနာအပူမီးကို ငြိမ်းအေးချမ်းအောင် ရည်စူးကာ ချင်းတွင်းမြစ်အတွင်းသို့ စက်လှေ 5 စီးဖြင့် မီးဖယောင်းတိုင်မျှောပွဲကို တစ်နာရီကျော် ကြာအောင် ကျင်းပသွားခဲ့ပါသည်။
Aung Nay Myo Facebook

0 မြန်မာပြည်မှ မိခင်နှင့် ကလေးငယ်များအတွက် သြစတြေးလျက ဒေါ်လာ ၅ သန်းပေး

(Sky News မှ 15 August 2012 ရက်စွဲပါ Australia gives $5m aid for Burmamums, kids ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှမိခင်နှင့်ကလေးငယ်များသေဆုံးမှုမှကာကွယ်နိုင်ရေးအတွက်သြစတြေးလျနိုင်ငံအနေဖြင့် ဒေါ်လာ(၅)သန်းတန်ဖိုးရှိ အကူအညီနှင့် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဘော့ဘ်ကား ကပြောကြားလိုက်သည်။ကူညီထောက်ပံ့ငွေများကို မြန်မာနိုင်ငံမှမိခင်နှင့်ကလေးငယ်သုံးသိန်းကျော်အတွက် ရောဂါကာကွယ်ဆေးထိုးနှံမှု၊ ကလေးလူနာနှင့်အရေးပေါ်ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက် မှု ဆိုင်ရာ အစီအစဉ်များလုပ်ကိုင်ရန် ပေးအပ်မည်ဖြစ်သည်ဟု မစ္စတာဘော့ဘ်ကားကဆိုသည်။

အာရှဒေသတွင် ဆင်းရဲနွမ်းပါးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ မွေးကင်းစကလေးငယ်သေဆုံးမှုနှုန်းမှာ သြစတြေးလျနိုင်ငံထက် ၁၀ဆပိုများကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံရှိ ကလေးငယ် ၁၄ဦးတွင် တစ်ဦးမှာ အသက်ငါးနှစ်အရွယ်မတိုင်မီတွင် နမိုးနီးယား၊ ဝမ်းပျက် ဝမ်းလျှောရောဂါ သို့မဟုတ် ငှက်ဖျားရောဂါစသည်ကဲ့သို့သောကြိုတင်ကာကွယ်၍ရနိုင်သည့် ရောဂါဘယများကြောင့် သေဆုံးကြရသည်ဟု ဆိုသည်။

"ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေမှာကောင်းမွန်တဲ့သားဖွားခန်းတွေတည်ဆောက်ပေးတာတို့၊ ရောဂါကာကွယ်ဆေးနဲ့ ဆေးဝါးပစ္စည်းတွေ ပံ့ပိုးပေးတာတို့ စတာတွေကိုလုပ်ဆောင်ပြီးအမျိုးသမီးတွေနဲ့ မွေးကင်းစကလေးငယ်တွေရဲ့အသက်ကယ်တဲ့အလုပ်ကို ကျွန်တော်တို့ လုပ်ကိုင်သွားမှာ ဖြစ်ပါ တယ်" ဟုသြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအတွက်အဆိုပါအကူအညီအထောက်အပံ့များကို ကျေးရွာပေါင်း ၃၀၀၀ခန့်မှမိခင်နှင့်ကလေးများအတွက် အလုပ်လုပ်ကိုင် ပေးလျက် ရှိသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် ကုလသမဂ္ဂလက်အောက်ရှိမှ အဖွဲ့အစည်းများထံသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

သြစတြေးလျကပေးမည့် ငွေများမှာ ဝေးလံသော ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်၁၄၀၀၀၀ အတွက်မေးခိုင်ရောဂါကာကွယ်ရေး၊ မွေးကင်းစ ကလေးငယ် ၁၈၂၀၀၀အတွက်ဝမ်းလျှောရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ရေး အစီအစဉ်များအတွက်အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် ငှက်ဖျားရောဂါရှိသူ အမျိုးသမီး ခြောက်သောင်းအား ကုသရေး၊ ဒေသန္တရကျန်းမာရေးဝန်ထမ်းများအား ကလေးလူနာပြုစုစောင့်ရှောက်ခြင်းနှင့် မွေးကင်းစကလေးငယ် အခြေခံ ပြုစုစောင့်ရှောက်ရေး နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်များအတွက်ပါ အဆိုပါ ရန်ပုံငွေကို အသုံးပြုမည်ဖြစ်သည်။

Yangon chronicle

Friday, August 17, 2012

0 ပြည်သူလူထု ပျောက်နေသော လွှတ်တော် -
ဆောင်းပါးရှင်-ကိုထိုက်

မြန်မာပြည်ရဲ့ လွှတ်တော်မှာ ဥပဒေဟောင်းတွေကို ပြင်ဆင် ပယ်ဖျက်တာ လုပ်ဖို့ အဆိုတင်သွင်းရင် ... "ခေတ်နဲ့ မလျှော်ညီတော့တာကြောင့်" ဆိုတာရယ်၊ "လူ့အခွင့်အရေး ရှု့ထောင့်အရ မသင့်လျှော်တာကြောင့်" ဆိုတဲ့ စကားလုံးတွေနဲ့ အကြောင်းပြတယ်။

ပယ်ချတဲ့ လူတွေက .. "အဆိုကောင်း ဖြစ်လို့ မှတ်တမ်းတင်ထားပါတယ်" "လူ့အခွင့်အရေးကို ထိခိုက်မှု မရှိဘူး" "နိုင်ငံတော် လုံခြုံရေးအရ" "မလိုအပ်သေးတာကြောင့် ပြုပြင်ဖို့ အစီအစဉ် မရှိသေးပါကြောင်း" တို့နဲ့ ပယ်ချတယ်။

ဒီတော့ဗျာ ..အဲဒီလွှတ်တော်ထဲက ဆွေးနွေးခန်းတွေမှာဘာပျောက်နေသလဲဆိုတော့"ပြည်သူလူထု" ပျောက်နေတယ်။
လွှတ်တော် အဝင်ဝမှာတော့ "ပြည်သူ့လွှတ်တော်" တို့ .. လွှတ်တော်ဟာ ပြည်သူအတွက်လို့ အဓိပ္ပါယ်ရတာတွေ ရေးထားတယ်။ ကိုယ်စားလှယ်တွေကလည်း .. အရွေးမခံရခင်က "ပြည်သူအတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်" ဆိုပြီး စည်းရုံးတယ်။ ဒါပေမယ့် ဆွေးနွေးခန်းမှာ တင်ပြ ဆွေးနွေးကြရင်တော့ "ပြည်သူလူထု" ဆိုတာ လုံးဝကို ပျောက်နေတယ်။

အနောက်နိုင်ငံတွေရဲ့ ထုတ်ကုန်ဖြစ်တဲ့ လူ့အခွင့်အရေးကိုပဲ ကျယ်ကျယ်လောင်လောင် အော်နေကြပြီး (အသံကျယ်နေကြပြီး တကယ် လိုက်နာသလားဆိုတာလည်း မေးစရာ) ... အဲဒီ "လူ့အခွင့်အရေး" ထက် မသာတာတောင်၊ မလျော့ကျဘဲ မြန်မာပြည်သူလူထုနဲ့ လိုက်လျော ညီထွေဖြစ်စေတဲ့ မြန်မာ့လူမှု လူ့အဖွဲ့အစည်းရဲ့ "ကိုယ်ကျင့်တရား" တို့ "ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့" စတာတွေကို ရည်ညွှန်း ပြောဆိုတာလည်း မတွေ့ရဘူး။

ဥပမာဗျာ ... "ခေတ်နဲ့ မလျှော် ညီတော့တာကြောင့်" ဆိုတဲ့ နေရာမှာ "ပြည်သူလူထုအတွက် အကျိုးမဖြစ်၊ အကျိုးယုတ်စေတာကြောင့်" တို့ ... "ကိုယ့်ကျင့်တရား၊ လောကပါလ တရားအပြင်၊ မြန်မာ့ ထုံးတမ်း အစဉ်အလာ" စတာတွေ ဆန့်ကျင်နေတာကြောင့် ပြင်ဆင် ပယ်ဖျက်ဖို့ ဆွေးနွေးပါတယ် ... စတဲ့ အကြောင်းပြချက်တွေနဲ့ ကျယ်ကျယ်ပြန့် ဆွေးနွေးတာကို မတွေ့ရဘူး။ ဒီတော့ ... လွှတ်တော် ဆွေးနွေးခန်းတွေဟာ အနှစ်သာရ ပျောက်နေတယ်။ "ပြည်သူလူထု" နဲ့ "ကိုယ်ကျင့်တရား (Ethic)" စတာတွေ ပျောက်နေတယ်။

ပယ်ချတဲ့ လူတွေကို ကြည့်ပြန်တော့လည်း "နိုင်ငံတော် လုံခြုံရေးအရ" တို့၊ "အစီအစဉ် မရှိသေးပါ" တို့၊ "အဆိုကောင်းဖြစ်လို့ မှတ်တမ်းတင်တယ်" တို့နဲ့ ပြီးနေတာပဲ။ ဘယ်မှာလည်း ပြည်သူလူထု အတွက်။

"နိုင်ငံတော် လုံခြုံရေးအရ" ဆိုပြီး ပြည်သူလူထုကို ခိုင်လုံတဲ့ သက်သေ အကြောင်းပြချက် မရှိဘဲ အချိန်မရွေး ဖမ်းလို့ရတဲ့ "၅ည" လို ဥပဒေမျိုးကို ပယ်ဖျက်ဖို့ဆိုရင် .. "ကိုယ်ကျင့်တရား" "တာဝန်ဝတ္တရား ကျေပွန်စွာ ထမ်းဆောင်ခြင်း" စတဲ့ စကားလုံးတွေနဲ့ ဆွေးနွေးတာလည်း မတွေ့ရဘူး။

ပြည်သူ တစ်ယောက်ကို မသင်္ကာလို့ သက်သေမခိုင်လုံဘဲ ဖမ်းတယ်ဆိုကတည်းက ဖမ်းခံရတဲ့ ပြည်သူရဲ့ သိက္ခာကို ထိခိုက်အောင် ပြုလုပ်တာ ဖြစ်ပြီး .. ဖမ်းဆီးတဲ့ အဖွဲ့အစည်းရဲ့ "ကိုယ်ကျင့်တရား" ဟာ ပျက်ယွင်းတယ် ဆိုတဲ့ ရှု့ထောင့်ကနေ ဆွေးနွေးတာလည်း မတွေ့ရဘူး။

ဒါ့အပြင် "နိုင်ငံတော် လုံခြုံရေးအရ" ဆိုပေမယ့် .. နိုင်ငံတော် လုံခြုံရေးကို တာဝန်ယူဖို့ လစာ ရိက္ခာ ယူထားတဲ့ "စစ်တပ်" "ရဲ" "ထောက်လှမ်းရေး" "လုံထိမ်း" စတဲ့ အဖွဲ့တွေကို ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ငွေတွေ ပေးပြီး ခိုင်းထားတာ ဖြစ်တယ်။ ဒီလူတွေဟာ နိုင်ငံတော် လုံခြုံရေးအတွက် မိမိတို့ရဲ့ "တာဝန် ဝတ္တရား" တွေကို ထမ်းဆောင်ရာမှာ .. ပြည်သူလူထုကို မထိခိုက်စေဘဲ "တာဝန်ကျေပွန်စွာ" ထမ်းဆောင်နိုင်ရမှာ ဖြစ်တယ်။ အဲဒီ လူတွေ စိတ်ထင်တိုင်း ဖမ်းချင်တိုင်း အဖမ်းခံရဖို့အတွက် ပြည်သူတွေက အဲဒီလူတွေကို လစာ၊ ရိက္ခာ ပေးထားတာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေကို မသင်္ကာတိုင်း သက်သေ မခိုင်လုံဘဲ ဖမ်းခွင့်ရှိတဲ့ ဥပဒေတွေကို အပြီးတိုင် ဖျက်သိမ်းရမှာ ဖြစ်တယ် ... စသဖြင့် ဆွေးနွေးနိုင်စရာ အများကြီးပါပဲ။

အခုတော့ ....

၁။ ပြည်သူကို ဗဟိုပြု စဉ်းစားတဲ့ အတွေးအခေါ်

၂။ ကိုယ်ကျင့်တရားကို ဗဟိုပြုတဲ့ အတွေးအခေါ်

၃။ တာဝန် ဝတ္တရားကို ဗဟိုပြုတဲ့ အတွေးအခေါ်

၎။ မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာကို ဗဟိုပြုတဲ့ အတွေးအခေါ်

စတဲ့ အတွေးအခေါ်တွေဟာ လွှတ်တော်ထဲမှာ လုံးဝဆိတ်သုဉ်းနေတာဟာ ပြည်သူတွေအတွက်ရင်လေးစရာသာ ဖြစ်ပြီး ... လက်ရှိ အစိုးရနဲ့ လွှတ်တော်ဟာ .. အနည်းငယ် ပြောင်းလဲတာက လွဲရင် ... စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေနဲ့ ကွာခြားမှု မရှိသေးပါကြောင်း .... ။

ကိုထိုက် facebook

3 ဧည့်စာရင်း

ဒီမိုကရေစီ ကိုဖော်ဆောင်နေသည်ဆိုသောမြန်မာပြည်သည် ယခုအချိန်အထိ ဧည့်စာရင်း တိုင်နေရဆဲသာ ဖြစ်ပါသည်။ တိုးတက်လာမှု ကိုဆိုရပါမူ ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်တွင် တစ်လ မှတစ် ကြိမ်သာဧည့်စာရင်းတိုင်ရန် လိုအပ်ပါသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အစိုးရ လက် ထက်တွင် နှစ်ပါတ် တစ် ကြိမ် ဧည့်စာရင်းတိုင်ရန်လိုအပ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာကြီး ပြီးသည့်နောက် ယာယီသန်းခေါင် စာရင်းများ ထုတ်ပေး ခဲ့ခြင်းကြောင့် နေရပ်လိပ်စာ မပြောင်းသ၍ ဧည့်စာရင်းထပ်တိုင်ရန် မလိုဟုသိရပါသည်။

စစ်ဘောင်းဘီ ကျွတ် သမ္မတကြီး ဦးသိန်းစိန် လက်ထက် တွင် ယာယီသန်းခေါင် စာရင်းများ လုံးဝ အသက်မရှိတော့ ဘဲ တစ် ပတ်တခါ ဧည့်စာရင်းတိုင်ပွဲကြီး စတင် ပါတော့သည်။ သမ္မတကြီး ဦးသိန်းစိန် က ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးတစုံတရာ ပေးရန် မလိုဟု ဆိုခဲ့ငြား လည်း ရပ်ကွက် တိုင်းရှိ အုပ်ချုပ်ရေးမှုး ရုံးများတွင် အလှူ ခံဗူး၊ အလှူခံခွက် များဖြင့် ပြောင်ပြောင် တင်းတင်းပင် တောင်းခံနေကြသည်မှာ ဥပဒေကဲ့သို့တည်တံ့ သော သမ္မတကြီး ၏ နှုတ်ထွက် စကား အား ပြက်ရယ်ပြုနေသယောင်။ တစ်ပါတ်တခါ ဧည့်စာရင်းတိုင်ကြားရခြင်း သည် ရပ် ကွက်လူကြီးများ အဖို့ တစ်ပါတ်တခါ အလှူငွေ ရရှိ ၍ အကျိုးရှိ တွက်ခြေကိုက် နိုင်သော်လည်း ဧည့်စာရင်း လာတိုင်ရသော ပြည်သူများမှာ ကထိကထ များရုံ မျှမက တစ်ပါတ် တခါမှန်မှန် လှူနေရသည့် အတွက် မစားသာလှပါ။

ဧည့်စာရင်းဟုဆိုရာ၌ ရှောင်တခင် ညအိပ်လာ သော ဧည့်သည် သာမက ရေရှည်နေသောအိမ်အလုပ်သမားများ၊ ဆိုင် အလုပ် သမားများ၊ ဆောက်လုပ် ရေးအလုပ်သမားများ နှင့် လချုပ်၊ နှစ်ချုပ် ဌားရမ်းနေထိုင်သော အိမ်ဌားများပါမကျန် တပါတ်တစ် ခါတိုင်ကြရပါသည်။ နောက်ဆုံးတွင် အများစုမှာဧည့်စာရင်း မှန်မှန် မတိုင် နိုင် ကြ တော့ပေ။ ရည်ရှည်တွင် (သို့) ဧည့်စာရင်း များ လာမတိုင် ကြသည့်အဆုံး တွင် ရပ်ကွက် လူ ကြီး များ စား ပေါက်ပိတ်ရကား ရပ်ကွက်တွင်းလှည့်လည် ၍ အသံ ချဲ့ စက်ဖြင့် ဧည့်စာရင်းတိုင်ရန် နှိုးဆော် ကြတော့သည်။ ရပ်ကွက်လူကြီးများ အလုပ်လုပ်ပုံက လည်း အံ့သြ စရာပင်။

ရပ်ကွက်ရုံးဖွင့် သည် မှာ တနင်္လာ မှ သောကြာ။ ရုံးဖွင့်ချိန်မှာ ည ၇ နာရီ မှ ည ၉ နာရီ အ ထိပါဘဲ။ အဲဒီအချိန်မှာ ဧည့် စာရင်းလာတိုင်၊ တခြားကိစ္စ၊ ပြသနာ အစရှိသည် လာပြော၊ အလိုက် အထိုက် နားထောင်ပေး ကောင်း နားထောင်ပေး၏။ Action ယူ၏ မယူ၏ ကတော့ လာရောက်တိုင် ကြားသူ၏ ဂုဏ်သရေ အဆင့်ပေါ်ကိုမှီသလား။ ၄င်း၏ သုံးစွဲမှု၊ ပေးကမ်းမှု၊ ကြွယ်ဝချမ်းသာမှု အ ပေါ်မူတည်သလား။ ၄င်း၏ ကံတရားပေါ်ဘဲမူတည်သည်လား မသိနိုင်ပါ။ ထိုရုံးဖွင့်ချိန်မဟုတ်သော အချိန်များ၌ ဖြစ် ပေါ်သမျှ ပြသနာ မိမိဖာသာရှင်းဟူ၍ဆိုနေသယောင်။ တစ်ပါတ်တခါ ဧည့်စာရင်း တိုင်ကြားရ သော စံနစ်သည် ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံမှာမှကျင့်သုံးခြင်းမရှိသေးပါ။ စစ်ဖြစ်နေ သောနိုင်ငံ၌ ပင် တစ်ပါတ်တခါ ဧည့်စာရင်း တိုင်ကြား ရခြင်းမရှိပါ။ ဤသည်ကိုကြည့်ခြင်း အား ဖြင့် အစိုးရ သည် မြို့နေပြည်သူများကိုပင်လျှင် ရာဇ၀တ်သားများဟုသဘောထား နေ သ ယောင် ရှိပါသည်။

ဤလုပ်ရပ်မှာမြို့ကြီးများတွင်အစိုးရအာဏာပိုင်များက ပြည်သူများကိုပုံစံတမျိုး ဖြင့်ဆက် ကြေး တောင်းခြင်းဟုယူဆဖွယ်ဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံခြားသား ခရီးသည်များ သည် ဟိုတယ်မှာတည်းခိုရမည်ဟူသော ဥပဒေမရှိ။ နိုင်ငံသားများအိမ်တွင် လွတ် လပ် စွာတည်းခို နိုင် သည်။ နိုင်ငံသားများသည်လည်း ဧည့်စာရင်းတိုင်ရ သည်ဟူ၍ မကြားဘူးပါ။

Ye chan

0 DVB ပြည်တွင်းသတင်းထောက်များအားလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်

နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB)ရုပ်မြင်သံကြား ရုံးချုပ်၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေနှင့်မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား လုံး သတင်းမတင်ရန်
ဆုံးဖြတ်ခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရသည့်အကြောင်းရင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVBရုံးခွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့်စီမံခန့်ခွဲမှုလုပ်ထုံလုပ်နည်းများနည်းလမ်းမကျသောကြောင့် ဖြစ်ကြောင်း ၄င်းတို့က တူညီစွာ ပြောဆိုကြသည်။

အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါထောက်ခံခဲ့ကြကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။

“ ကျွန်တော်တို့က ရွှေဝါရောင်တော်လှန်ရေး ၊ နာဂစ် ၊ ရွေးကောက်ပွဲ(၂၀၁၀နှင့်ကြားဖြတ်) တွေမှာအဖမ်းခံရမှာ မကြောက်ဘဲနဲ့ လုပ်ခဲ့တာ။ အနစ်နာ ခံခဲ့တာတွေကို ဂရုမစိုက်ဘဲမြန်မာပြည်ရုံးခွဲအတွက် တာဝန်ခံခန့် တဲ့အခါမှာ တစ်ခြားသူတွေခန့်တယ်။
ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေကလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟုနေပြည်တော်တွင် လွှတ်တော်သတင်းယူနေသာDVBသတင်းထောက်တစ်ဦးက ပြောကြားသည်။

ယနေ့ DVB သတင်းထောက် ၃၀ ဦး၏ အစည်းအဝေးဆုံးဖြတ်ချက်ကိုသဘောတူညီသည့်အနေနှင့် လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝမပို့ကြောင်း ၄င်းက ဆိုသည်။

DVBသည် ရွှေဝါရောင်တော်လှန်ရေးတွင် ဖြစ်ရပ်မှန်များကို နိုင်ငံတကာသို့ရိုက်ပြနိုင်ခဲ့သောBurmarVJအဖွဲ့ကို ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့်စွပ်စွဲတရားစွဲမှုအပြီးတွင် DVB သတင်းထောက်များကို ခံစားခွင့်များတိုးမြှင့်ပေးရန် အော်စလိုရှိ DVB ရုံးချုပ်မှ ကတိပေးထားသော်လည်းယခုအချိန်ထိ ဖြစ်လာခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်အခြေစိုက်DVBသတင်းထောက်များယနေ့အစည်းအဝေးတစ်ရပ်ပြုလုပ်၍ပြသာနာ ဖြစ်ရသည့်အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကိုနော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီး
ဖြစ်ကြောင်း ယင်းသတင်းများထံမှ သိရသည်။

“ ဒီရက်ပိုင်းအတွင်း ခုပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။မန္တလေးက သတင်းထောက်တွေလည်း ရန်ကုန်ကို လာကြမယ်။” ဟု ရန်ကုန်အခြေစိုက် DVBသတင်းထောက်က ဆိုသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလှိုင်လတွင်စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအပြီးတွင် ပိုမိုလူသိများလာခဲ့သည်။

The voice weekly

Thursday, August 16, 2012

0 ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ)



မြန်မာပြည်တလွှားရှိချို့တဲ့သော..... ပြည်သူတို့၏ကျန်းမာရေး၊ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းမှုတို့အတွက်..... ကူညီထောက်ပံ့ရန် ဖွဲ့စည်းထားသော..... ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့..... အကျိုးအမြတ်အားလုံးကို လှူဒါန်းမည့် စင်္ကာပူရောက် မြန်မာတို့၏ စာပေဟောပြောပွဲ.....။

ပြည်သူအချစ်ဆုံး ကာတွန်းဆရာ..... သြဇာအကြီးဆုံး စာရေးဆရာ..... သိက္ခာအရှိဆုံး စာနယ်ဇင်းဆရာတို့..... သုံးပွင့်ဆိုင် အပြိုင်ကျဲမည့် စာပေဟောပြောပွဲ
.....။

ဆရာများ၏ ဟောပြောချက်သာမက..... ပရိသတ်နှင့် အမေးအဖြေ အခန်းကိုပါ..... ထည့်သွင်းထားသည့်ပွဲ.....။

သုံးရက်ဆက်တိုက် အလုပ်ပိတ်တဲ့ ဟောလီးဒေးရဲ့..... ဒုတိယမြောက်နေ့မှာ ကျင်းပမှာကြောင့်..... စင်္ကာပူရောက် မြန်မာများ အေးအေးဆေးဆေး အပန်းဖြေ တက်ရောက်နိုင်မည့်ပွဲ.....။

အဆာပြေ စားသောက်စရာများ အပါအ၀င်...... အဘက်ဘက်မှ အကောင်းဆုံးဖြစ်အောင် စီစဉ်ထားသည့်ပွဲ.....။

19th Aug (Sunday)မှာ..... စင်္ကာပူ ပိုလီတက္ကနစ် ကွန်ဗင်းရှင်းစင်တာကြီးမှာ..... ဆုံတွေ့ကြပါစို့..... ပျော်ပျော်ပါးပါးပေါ့ ....

Special Benefits:
ဒေါ်ခင်ကြည် ဖောင်ဒေး၇ှင်း စာပေဟောပြောပွဲ လက်မှတ်များကိုပြပြီး MAI လေယာဉ်လက်မှတ်များ ကိုဝယ်ယူပါက အလေးချိန်အပို ၁၀ ကီလို ခံစား၇၇ှိနိုင်မည်ဖြစ်ပါသည်။ (Valid until December 2012)

ဟောပြောပွဲကျင်းပစဉ် MAI လက်မှတ် ၂ စောင်ကိုလည်း ကံစမ်းမဲ ဖောက်ပေးမည် ဖြစ်ပါသည်။
ဖိုးဝဏ္ဏအား ကျေးဇူးတင်ရှိပါသည်..

0 ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

Photo..www.betweenonline.com
(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein toaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၀၃ခုနှစ်တွင် ပြုလုပ်ထားသော နာမည်ပျက် blacklist စာရင်းမှ ထိုင်းသတင်းထောက် ၁၅ဦး၏ အမည်များကို ပယ်ဖျက်ပေးမည်ဟု မြန်မာသမ္မ တ ဦးသိန်းစိန်က ကတိပေးလိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါဆူဝန်နာတက်က မနေ့ကပြောကြားသည်။

၂၀၀၃ခုနှစ်က နာမည်ပျက်စာရင်းသွင်းထားသော ထိုင်းသတင်းထောက်၁၅ဦး၏ အမည်စာရင်းနှင့်ဓါတ်ပုံများကို ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရရှိသည်နှင့်တပြိုင်နက် မြန်မာသမ္မတက ပယ်ဖျက်မိန့်ပေးလိမ့်မည်ဟု ဆူခွန်ပေါက ဆိုသည်။

တရားဝန်နှစ်ရက်ကြာ ခရီးစဉ်ကို ယနေ့အဆုံးသတ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါက၎င်းနှင့် လိုက်ပါလာသည့် သတင်းထောက်အုပ် စုအား “ယခုဆောင်ရွက်ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၎င်းက သမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့မှုနှုတ်ဆက်ရင်း ဆွေးနွေးခဲ့သော ကိစ္စများထဲတွင် သတင်းထောက် နာမည်ပျက် စာရင်းကိစ္စ အ ပြင် နယ်မြေပိုင်နက်ကျူးကျော်မှု၊ လက်နက်နှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ဖမ်းဆီးခံထားရသော ထိုင်း(၉၂)ဦးတို့၏ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

၂၀၀၂ခုနှစ် ထိုင်း-မြန်မာနယ်ခြားဆက်ဆံရေး ဆိုးဝါးသွားခဲ့စဉ် အချိန်ကာလတွင် ၎င်းထိုင်းသတင်းထောက် ၁၅ဦးက မြန်မာဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားကာ မြန်မာအစိုးရကို သိက္ခာချပုတ်ခတ်ခဲ့သည်ဟု မြန်မာအာဏာပိုင်များက သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်း ထားခြင်းဖြစ် သည်။ ထိုစဉ်က ထိုင်းစစ်တပ်ကလည်း ရှမ်းပြည်နယ်ရှိ UWSAစစ်တပ်၏ ဘိန်းထုတ်လုပ်မှုနောက်ကွယ်တွင် မြန်မာအစိုးရရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့ သည်။

ထိုအချိန်မှစ၍ နာမည်ပျက်စာရင်းဝင် ထိုင်းသတင်းထောက်များကို မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့် ဗီဇာမပေးတော့ပါ။ အဆိုပါ သတင်းထောက် များအနက် အချို့မှာ Bangkok Post နှင့် Nation သတင်းဌာနများအတွက် အလုပ်လုပ်နေသူများ ဖြစ်သည်ဟုသိရှိရသည်။

Yangonchronicle

0 လွတ်လပ်တဲ့အယ်ဒီတာအာဘော်နဲ. ငွေမျက်နှာအရှိန်- EDITORIAL INDEPENDENCE AND MONEY WEIGHT-

ပြည်ပစာနယ်ဇင်းတွေမှာတော့အဲဒီလိုမဟုတ်ပဲသူတို.ကိုထမင်းကျွေးလစာပေး ငွေပေးသူတွေက မြန်မာပြည်သူတွေ ပရိတ်သတ်တွေက တိုက်ရိုက်မဟုတ်ပဲ ငွေ ချက်လက်မှတ် ထုတ်ပေးသူတွေက နိုင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေ ဖြစ်နေတော့ ငွေပေးတဲ့ ထမင်းကျွေးတဲ့ နိုင်ငံခြားအစိုးရတွေ နိုင်ငံခြားအဖွဲ.အစည်းအကြီးတွေ ကိုပဲ လူထုအကျိုးထက် ဦးစားပေးနေသလို ဖြစ်နေပါသည်။ Where there is an editorial independence in the exiled media??
ပြည်တွင်းက သတင်းမီဒီယာတွေဟာ ပြည်ပက အသံလွှင့်ဌာနတွေ စာနယ်ဇင်းတွေနဲ. ယှဉ်ရင် ပိုပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ရှိတယ်လို. ဆိုနိုင်ပါသည်။

စာပေစီစစ်ရေးတွေ ရှိနေသော်လည်း စာနယ်ဇင်းတွေအနေဖြင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်တာကို မချန်လပ်ပဲ ပြောကျ ရေးကျ တင်ပြကျတာပါ။ ခွင့်ပြုချက်မရလို. မတင်ပြရတာက တပိုင်းပါ။ ဒါပေမယ့် စာနယ်ဇင်းတွေ အယ်ဒီတာတွေအနေဖြင့် စိတ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ. ဘယ် ငွေရှင် ကြေးရှင်၏ ဖိအားကိုမှ ကြောက်စရာ မရှိပဲ လန်.စရာမရှိပဲ ရေးရဲ ပြောရဲတာကို ဆိုချင်တာပါ။ ကိုယ့်ငွေကိုယ်ရှာပြီး လုပ်နေကြလို.ပါ။ သူများပေးတဲ့ ငွေနဲ. စာနယ်ဇင်းတွေ အသံလွှင့်တာတွေ လုပ်တာမဟုတ်တော့ ပိုပြီး စိတ်ပိုင်းဆိုင်ရာမှာ လွတ်လပ်မှုရှိနေတာပါ။

ပြည်ပ အသံလွှင့်ဌာနတွေမှာ ဒီလိုလုပ်လို.မရပါ။ ငွေရှင်ကြေးရှင် အလှူရှင်တွေက သတ်မှတ် ထားတဲ့ စံတွ စည်းကမ်းတွေကို ကျော်လွန်လို. စိတ်ခေါ်လို. အန်တုပြီး ရေးလို.မရပါ။ ရေးတာ နဲ. အလုပ်ပြုတ်သွားမယ် အလုပ်ထုတ်ခံရနိုင်တယ်ဆိုတဲ့ အသိစိတ်တွေကြောင့် တကယ့် တမ်းမှာ လွတ်လပ်တဲ့ အယ်ဒီတာ အာဘော်တွေ မရှိပါ။

ပြည်တွင်းက ဂျာနယ်တွေ သတင်းမီဒီယာတွေဟာ စာစောင်ရောင်းလို.ရတဲ့ငွေနဲ. ရပ်တည်တယ်။ ကိုယ့်ရဲ့ ဂျာနယ်ကို သဘောကျလို. လူကြိုက်များ အဖတ်များ စောင်ရေများလို. ကြော်ငြာအပ်တဲ့ငွေနဲ. ရပ်တည်တာပါ။ ပြောရရင် ကိုယ့်ငွေကိုယ်ရှာပြီး ကိုယ့်ဈေးကွက် ကိုယ့်ပရိတ်သတ်ရဲ့ အားပေးမှုကို အခြေခံပြီး ကိုယ်ပိုင် လုပ်ငန်းကို လွတ်လွတ်လပ်လပ်နဲ. လုပ်နေတာဖြစ်ပါသည်။ ဒီတော့ ကိုယ့်အလုပ် ကိုယ့်ဂျာနယ် ကိုယ့်စီးပွား ကိုယ်ပိုင်ဖြစ်တော့ အယ်ဒီတာအာဘော် Editorial Policy ကလည်း ကိုယ့်သဘောအတိုင်း ဖြစ်ပါသည်။ တခြား ဘယ်သူကမှ သတင်းခန်းအတွင်းက မဟုတ်တဲ့လူ Anyone out side of News Room က အရိပ်မဲနဲ. ထိမ်းချုပ်တာမျိုး မရှိပါ။

ပြည်ပ သတင်းဌာနတွေ အသံလွှင့်ဌာနတွေမှာ စာနယ်ဇင်းတခု သတင်းမီဒီယာတခု ရပ်တည် လှုပ်ရှားနိုင်ဖို. အဓိက လိုအပ်တဲ့ငွေကို ကိုယ့်ဘာသာကိုယ်နဲ. ရှာရတာ မဟုတ်ပဲ သူများက သနားလို. ပေးတဲ့ ထောက်ပံ့ငွေ Projects Grants နဲ. ရပ်တည်နေရတာပါ။ ပြည်ပ အသံလွှင့်ဌာနတွေအတွက် ကုန်ကျစရိတ်တွေ ၀န်ထမ်းလစာတွေ ခရီးစရိတ်တွေ စသည့် စသည့် ကုန်ကျစရိတ်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ. ငွေရအောင် အသံလွှင့်အစီအစဉ်တွေတွေကနေ ကြော်ညာတွေကနေ စာစောင်ရောင်းလို. ရတာတွေ သို.မဟုတ် အစီအစဉ်တွေကို လူတွေက ကြိုက်လို. Subscribe လုပ်လို. Loyalty Fees ပေးကြည့်လို. ရတဲ့ ငွေတွေနဲ. လည်ပတ်နေတာမဟုတ်ပဲ နိုင်ငံခြားအစိုးရတွေ၏ နိုင်ငံခြားရေးဝန်ကြီးဌာန State Department or Foreign Office ရဲ့ အသုံးစရိတ်အရလည်းကောင်း နိုင်ငံက အစိုးရတွေကနေ ပေးတဲ့ ငွေတွေကို နိုင်ငံခြား NGOs တွေက တဆင့်ခံပေးတဲ့ အကူအညီ ထောက်ပံငွေတွေနဲ. လည်ပတ်နေတာ ဖြစ်ပါသည်။

ဒါကြောင့် လက်ရှိ အသံလွင်ဌာနတွေမှာ လုပ်နေတဲ့ အကြီးတန်းရော အငယ်တန်ရော ပြောရရင် ဌာနမှူးရော ဒါရိုက်တာရော လက်ထောက်ညွှန်ကြားရေးမှူးရော အားလုံးဟာ ကိုယ့် အသံလွှင့်ဌာန လည်ပတ်နိုင်ရေး ကုန်ကျစရိတ်တွေ ရရှိပြီး အမြတ်ထွက်အောင် သို.မဟုတ် ရှိနေတဲ့ ၀န်ထမ်းတွေကို လစာ ပေးနိုင်အောင် ငွေဝင်ငွေရအောင်အတွက် ဈေးကွက်လည်း ရှာဖို.မလို အရောင်း မြင့်တင်ဖို.လည်း မလို အစောင်ရေ တိုးဖို.လည်းမလို ကြော်ညာတွေ ဆက်တိုက် ရနေဖို. အားထုတ်ဖို. မလိုပဲ--- မြန်မာပြည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် သတင်းလွတ်လပ်ခွင့် မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ. ပြောရရင် မြန်မာပြည်သူတွေရဲ့ မျက်နှာနဲ. နာမည်ကို အသုံးချပြီး Projects Grant တွေ ဆက်ရနေတာပါ။

ဒါကြောင့် အသံလွှင့်အစီအစဉ်ကောင်းလို. လူကြိုက်များလို. ကြော်ညာခတွေ များများ ၀င်လာလို. အစောင်ရေတွေ ရောင်းရလို. ကိုယ့်အစီအစဉ်ကို ကြိုက်လို. ငွေပေး ကြည့်သူတွေ များလို. လက်ရှိ အသံလွှင့် လုပ်ငန်းတွေကို လည်ပတ်နိုင်တာ လုပ်နိုင်တာ ၀န်ထမ်းတွေကို လစာ ပေးနိုင်တာ မဟုတ်ပဲ နိုင်ငံရေးအကြောင်းပြချက်အရ နိုင်ငံခြားအစိုးရတွေက သူတို. အစိုးရ၏ မူဝါဒလိုအပ်ချက် အထူးသဖြင့် Soft- Power အတွက် လွှမ်းမိုး ထိမ်းချုပ်နိုင်ရေး အစီအစဉ်အရ ပေးနေတဲ့ ငွေတွေနဲ. လည်ပတ်နေတာ ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံခြား အစိုးရ လက်အောက်ခံ နိုင်ငံခြား အဖွဲ.အစည်းတွေ၏ လက်အောက်ခံ နိုင်ငံခြား အစိုးရတွေက ပေးတဲ့ ငွေနဲ. လည်ပတ်နေရတဲ့ စာနယ်ဇင်းတွေ သတင်းဌာနတွေဖြစ်နေတာမို. ဘယ်လို လုပ်ပြီးမှ လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ မရှိနိုင်ပါ မဖြစ်နိုင်ပါ။

Centralized News Lines လုပ်ပြီး ဗဟိုက ချပေးတဲ့ သတင်းတွေကိုပဲ ဒီနေ.အတွက် လွင့်ထုတ်ရမည့်သတင်းတွေ အဖြစ် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာပြန်ပြီး အသံလွှင့်ရတဲ့အဆင့်ပါ။

News Bulletin တခုလုံးကို ကိုယ့်ခြေကိုယ်လက် ကိုယ့်စိတ်တိုင်းကျနဲ. ကိုယ်လွှင့်ချင်တဲ့ သတင်းတွေ ကိုယ်ဦးစားပေး ဖော်ပြ ရှေ.တန်းတင်ချင်တဲ့သတင်းတွေကို ကိုယ်ကြိုက်သလိုမျိုး အယ်ဒီတာတွေက လုပ်ခွင့်ရှိတာ မဟုတ်ပဲ News and Current Affair ဌာနက ချပေးလိုက်တဲ့ ဒီနေ.အတွက် အရေးကြီး ဦးစားပေး သတင်းတွေကိုသာ မြန်မာလို ဘာသာပြန်ဆိုပြီး လွှင့်ပေးရတာပါ။ ဒါကြောင့် မြန်မာအသံလွှင့်ဌာနတွေမှာ စာနယ်ဇင်း သတင်းနည်းပညာ အတတ်ပညာတွေ Professional Journalism ပညာ မတတ်ပဲ နည်းနည်းလောက် မြန်မာစာနဲ. အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ် ဘာသာပြန်တတ်ရင်တောင် အလုပ်လုပ်လို.ရနေတဲ့အဆင့်ပါ။ ဒါကြောင့်လည်း ပြည်ပ ရောက်တွေအကြား သူလို ကိုယ်လို လူတွေ သတင်းဌာနတွေမှာ အလုပ်ရတာမို. ငါလည်း သူလောက်တော့ အင်္ဂလိပ်စာ တတ်တာပဲ သူလည်း စာနယ်ဇင်းသတင်းပညာ တတ်ထားတဲ့သူ အဲဒါနဲ. ဘွဲ.ရထားတဲ့သူမှ မဟုတ်တာ ဌာနမှူးနဲ. အဆင်ပြေရင် အလုပ်ရတာမို. အဲဒီအလုပ်ကို ရဖို. တစ်တောင်ဆစ်တွေ တွက်ချင်သူ ခြေကလန်.ထိုးပြီး နေရာ ယူသူတွေ အများစားပဲ။ ဒါကြောင့်လည်း အသံလွှင့်ဌာနတွေမှာ အလုပ်လုပ်နေသူတွေကလည်း တကယ့်လို.သာ ဒီအလုပ် ပြုတ်သွားရင် ငါလည်း သူများတွေလိုပဲ စက်ရုံ အလုပ်ရုံတွေ စားသောက်ဆိုင်တွေမှာ သွားပြီး အလုပ် လုပ်ရမယ် ဒီတော့ ဒီအလုပ်တော့ အပြုတ်မခံနိုင်ဘူး---ဆိုတဲ့ အသိစိတ် ကြောက်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်ပြီး အလိုက်အထိုက် လိုက်လုပ်နေသူတွေလည်း အများအပြားပါ။ ဆင်ဆာဆိုတာ အစိုးရက သူများက ဖြတ်မှ ဆင်ဆာ မဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ကြောက်ပြီး စိုးရိမ်ပြီး ဖြတ်တာဟာလည်း ဆင်ဆာပဲ အဲဒါကို Self-Censorship လို. စာနယ်ဇင်းလောကမှာ ခေါ်ပါသည်။

သို.ဖြစ်ပါ၍ လုပ်ငန်းတခုအတွက် အဓိကကျတဲ့ လည်ပတ်ငွေ လိုအပ်ချက် ကုန်ကျငွေတွေလည်း ရှာစရာမလို ၀န်ထမ်းတွေ လစာ ပေးစရာအတွက်လည်း စိတ် မပူရပဲ သူများပေးတဲ့ အလကားပေးတဲ့ ငွေနဲ. စာနယ်ဇင်း သတင်းမီဒီယာကို လည်ပတ်နေတာမို. ဘယ်လို လုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ရှိမှာလည်း။

ပြည်တွင်းက သတင်းမီဒီယာတွေ ဂျာနယ်တွေကတော့ အဲဒီလို မဟုတ်ပါ။ ကိုယ့်ရဲ့ ဂျာနယ် အရည်အသွေး ညံ့တာနဲ. လူတွေက ၀ယ်ဖတ်မှာ မဟုတ်ပါ။ လူတွေ ၀ယ်မဖတ်တာနဲ. ၀င်ငွေ ထိခိုက်တဲ့အပြင် လူတွေ မဖတ်တဲ့ ဂျာနယ်ကိုလည်း ဘယ် စီးပွားရေး လုပ်ငန်းရှင်က သူတို. ကုန်ပစ္စည်းတွေကို ငွေအကုန်ခံပြီး ကြော်ညာ ထည့်မှာလည်း ဒီတော့ အစောင်ရေ များများ ရောင်းချဖို. ကြော်ညာခ များများ ၀င်ဖို. ဂျာနယ် ကုန်ကျစရိတ်နဲ. ၀န်ထမ်းလစာတွေ မှန်မှန်ပေးဖို.အတွက် ကိုယ့် ဂျာနယ် ကိုယ့်စာနယ်ဇင်း အရည်အချင်းနဲ. အရည်အသွေးကောင်းဖို.ဆိုတာ အလိုလိုကို ဖိအားပေးနေတဲ့ Driving Force မောင်းနှင်အား ဖြစ်စေပါသည်။ ဒီလို ဖိအားပေး မောင်းနှင်အားမျိုး ပြည်ပ အသံလွှင့်ဌာနက ဌာနမှူးတွေမှာ ရှိစရာမလို။ မြန်မာပြည်မှာ သူတို. အသံလွှင့်ဌာနတွေ လူဘယ်နှစ် နားထောက်သလဲ ကြည့်လသဲဆိုတာလည်း မျက်မမြင် ပုဏ္နားတွေ ခန်.မှန်းသလိုပဲ တကယ်တော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါ။ အနောက်နိုင်ငံတွေမှာလို စနစ်တကျနဲ. သုတေသနတွေ Survey and Poll တွေကို လွတ်လပ်တဲ့အဖွဲ.အစည်းတွေက လုပ်ထားတာမျိုးမရှိပဲ ကိုယ့်ဘာသာကိုယ် ခန်.မှန်းပြီး ရမ်းပြောရတဲ့အဆင့်ပဲ မဟုတ်ပါလား။ ဘယ်မှာလည်း စနစ်တကျနဲ. လုပ်ထားတဲ့ စစ်တမ်းကောက်ယူချက်။

ဒါကြောင့် ပြည်တွင်းက စာနယ်ဇင်းတွေ ဂျာနယ်တွေဟာ လူထုရဲ့ ပရိတ်သက်ရဲ့ တုံ.ပြန်မှုကို တိုက်ရိုက်ရှိနေတာမို. သူတို.ရဲ့ ကောင်းချင်း ညံ့ချင်းဟာ သူတို.ရဲ့ လုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်တာ အကျိုးအမြတ်ရှိတာတွေဖြစ်နေတာမို. ပိုပြီးတော့ Editorial Independence ဖြစ်တယ်လို ဆိုရတာပါ။ လူထုနဲ. ပရိတ်သတ်က သူတို.ကို ထမင်းကျွေးသလို ငွေပေးနေတာမို. ပရိတ်သတ်နဲ. လူထုအကျိုးကို အလိုလို ဦးစားပေးရလို ဖြစ်စေပါတယ်။

ပြည်ပ စာနယ်ဇင်းတွေမှာတော့ အဲဒီလို မဟုတ်ပဲသူတို.ကိုထမင်းကျွေးလစာပေး ငွေပေးသူတွေက မြန်မာပြည်သူတွေ ပရိတ်သတ်တွေက တိုက်ရိုက်မဟုတ်ပဲ ငွေ ချက်လက်မှတ် ထုတ်ပေးသူတွေက နိုင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေ ဖြစ်နေတော့ ငွေပေးတဲ့ ထမင်းကျွေးတဲ့ နိုင်ငံခြားအစိုးရတွေ နိုင်ငံခြားအဖွဲ.အစည်းအကျိုးတွေကိုပဲ လူထုအကျိုးထက် ဦးစားပေးနေသလို ဖြစ်နေပါသည်။

အဲဒီတော့ ဘယ်လို လုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ဖြစ်မှာလည်း ရှိမှာလည်း ငွေပေးသူရဲ့ မျက်နှာမဲကိုပဲ ကြည့်နေရတာပဲ မဟုတ်ပါလား

Where there is an editorial independence in the exiled media????

Udp Myanmar

0 ပွဲလယ်တင့်စေဖို့



ပွဲလယ်တင့်စေဖို့
မြန်မာနိုင်ငံ၏ လူဦးရေမှ ၆၂ သန်းကျော်ရှိသည့်အနက် မွေးကင်းစကလေးငယ်များ၊ မူကြိုကျောင်း နှင့် ကျောင်းတက်ပညာသင်နေကြသော ကလေးငယ်ဦးရေ သုံးပုံတစ်ပုံခန့် ရှိပေသည်။ သုံးပုံတစ်ပုံခန့်ရှိ ကလေးငယ်များအား နှစ်အနည်းငယ်တည်ဆောက်မွမ်းမံ ပြောင်းလဲပေးရုံဖြင့် မြန်မာနိုင်ငံသည်အခြား နိုင်ငံများနည်းတူ အရှိန်အဟုန်မြင့် တိုးတက်မြန်ဆန် လာတော့မည်ဖြစ်သည်။ ထိုကဲ့သို့သော ကလေးငယ် များအား စတင် သင်ကြားပေး ရသော ပညာရပ်များစွာရှိသော်လည်း စာပေအသိပညာ အဓိကကြပေသည်။ ထိုသို့ ပညာသင်ကြားပေးသော အစိုးရကျောင်းများ၊ ပုပ္ပလိကကျောင်းများနှင့် အခြားအခြားသော ကျောင်းများမှ ပညာရေးကို အလေးထား သင်ကြားပေးကြသော်လည်း စီးပွားရေ မပြေလည်ကြသော မိဘများ၏သားသမီးများမှာမူ ကျောင်းတက်ရန် စရိတ်မတတ်နိုင်ကြသဖြင့်ပညာရေးတစ်ပိုင်းတစဖြင့်သာ ကျောင်းထွက်လိုက်ရသည်ကိုရင်နင့်စွာတွေ့မြင်ကြရပေသည်။

ကျောင်းပညာအား ပြည့်စုံစွာမတက် ရောက်နိုင်ကြသော ကလေးငယ်များမှာ ကမ်းနားဈေး၊ မင်္ဂလာဈေးတို့တွင် အရွယ်နှင့်မလိုက်အောင် အထုပ်အပိုးများအား ပင်ပန်းကြီးစွာဖြင့် အထပ်အမြင့်သို့ မနိုင်ဝန်ကို ထမ်းရွက်နေရခြင်းများကိုလည်း တွေ့မြင်ရပြီး စေတီဘုရားများ၊ ရထားလမ်းများ၊ ကားလမ်းမှတ်တိုင်များတို့တွင် အနာဂတ်၏ကလေးငယ်များကိုဘဝ၏မလှပခြင်းများစွာဖြင့်အများပြည်သူတို့စိတ်မကောင်းကြီးစွာ တွေ့မြင်ကြရမည်ဖြစ်သည်။ ထိုကဲ့သို့သော ကလေးများသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာကြပေလိမ့်မည်။ လူကြီးဖြစ်လာချိန်တွင် လိုချင်တက်မက်သောအရာများအား ကလေးငယ်ဘဝမှာလို ရိုးသားစွာမတောင်းယူကြတော့ဘဲ ခိုးဝှက်ခြင်း ဓါးပြတိုက်ခြင်း၊ လိမ်လည်လုယက်ခြင်းများ ဖြစ်လာခဲ့လျှင် တိုင်းပြည်အေးချမ်းသာယာမှု ရှိနိုင်မည် မဟုတ် ချေ။ ထိုသို့ မဖြစ်ရလေအောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူသားအကျိုးပြုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသော အဖွဲ့အစည်းများမှ ကလေးများအား ၄င်းတို့၏ အနာဂတ် လှပဖို့ရန်အတွက် တတ်စွမ်းသမျှကူညီ ထောက်ပံ့မှုများကို အလေးထားတာဝန်ယူ ဆောင်ရွက်ပေး နေလျှက် ရှိပါသည်။

အနာဂါတ်အား ဦးဆောင်ကြမည့် လူငယ်တိုင်း အသိပညာတိုးတက်လာသည့်အခါ ကမ္ဘာ့နိုင်ငံ၏ အနာဂါတ်ကြီး သာယာလှပလာပြီး မိမိကိုယ်တိုင်၊ မိမိမိသားစု၊ မိမိတိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှုကို ခံစား လာကြတော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့် သုခအလင်း စာကြည့်တိုက်အား ၂ဝ၁ဝ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သုခအလင်း စာကြည့်တိုက်မှစတင်၍ ပညာရေးကဏ္ဍတစ်ရပ်အား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့နှင့် နေ့အလိုက်အလုပ်အမှုဆောင်များ၊ အချိန်ပြည့်အလုပ်အမှု ဆောင်များမှ ဆွေးနွေးတိုင်ပင်ကာ ကလေးငယ်များ၏ အနာဂတ်ပညာရေးအား အထူးအလေးပေး ဆောင်ရွက်ခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခအလင်းပညာဒါနအဖြစ် တက္ကသိုလ်ဝင်တန်း ကျောင်းသား /သူများအား ပညာဒါနအဖြစ် ၁.၅.၂ဝ၁၂ ရက်နေ့မှစတင်၍ ကျောင်းသား/သူ ဦးရေ (၅၄) ဦးတို့အား စေတနာ့ အတတ်ပညာရှင် ဆရာ/မ (၁၇) ဦးတို့၏ သင်ကြားပို့ချမှုနှင့် လမ်းညွှန်သွန်သင်ပေးမှု Guide (၁ဝ) ဦးတို့၏အကူအညီဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခအလင်း ပညာဒါနအတွက် ခန့်အပ် ထားသော ဝန်ထမ်း (၁) ဦးတို့ဖြင့် နံနက် (၉:ဝဝ) နာရီအချိန်မှ ညနေ (၆:၃ဝ) နာရီအချိန်ထိ တစ်ပါတ် လျှင် (၅) ရက် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။ ထို့အပြင် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာ ကြမည့် မျိုးဆက်သစ် လူငယ်/ရွယ်များအတွက် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ အသိဉာဏ်ဖွံ့ဖြိုး တိုးတက်ရေး၊ ဗဟုသုတကြွယ်ဝရေး၊ အတွေးအခေါ် ရှင်သန်ထက်မြက်ရေးတို့အတွက် ရည်ရွယ်၍ စာပေ ပညာရှင်ကြီးများ၏ ဟောပြောပွဲများကိုလည်း လစဉ်ကျင်းပ ပြုလုပ်ပေးလျှက်ရှိသည်။

မပြည့်စုံ၍ လိုအပ်လျှက်ရှိသာ ကလေးငယ်များအား ပညာဒါနအဖြစ် ပရဟိတကျောင်းများ၊ ဘ/က ကျောင်းများ၊ (အခမဲ့) စာသင်ကျောင်းများ၊ ပညာဒါနကူညီမှု၊ မှုလတန်းလွန်ကျောင်းများတွင် ပညာဒါန အဖြစ် စေတနာရှင် ဆရာ/မများတို့သည် သင်ကြားပေးသော်လည်း နယ်၊ ကျေးရွာများရှိ ဘ/ကကျောင်း များ၊ ပရဟိတကျောင်းများရှိ ကလေးငယ်များသည် ပညာရေးအထောက်အကူပြုပစ္စည်းများအား ဝယ်ယူ၍ သင်ကြားရန်မှာ မည်သို့မျှ မတတ်နိုင်ပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံမှု များအား ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကူညီမှုပြုလာခဲ့ရာ ယနေ့ထိ ကူညီခဲ့သောကျောင်းများမှာ - စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မဟာဇောတိကာယာမကျောင်းတိုက်ရှိ ဘ/က မူလတန်းလွန် ကျောင်း၏ ပညာရေးကျောင်း ရန်ပုံငွေအဖြစ် ငွေပဒေသာပင်စိုက်ထူရန် အလှူငွေ ၁ဝ သိန်း၊ အမေ့အိမ် (အခမဲ့) ပညာဒါနကျောင်း စာကြည့်တိုက်အတွက် စာအုပ်/စာပေများ လှူဒါန်းခြင်း၊ မွန်ပြည်နယ် သထုံ မြို့နယ်၊ ကွင်းစပ်(၁) နောင်ဘိုကျေးရွာ၊ နောင်လိုကျောင်းကြီး၊ ဘ/ကကျောင်းအခြေပြု အာသောက ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် Desktop ကွန်ပျူတာ (၄) စုံ၊ UPS (၄) လုံး၊ စပီကာ (၄) လုံး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၅၅) ရပ်ကွက်၊ သိင်္ဂီလမ်း၊ ချမ်းသာအောင် သီလရှင်သင်ပညာ ရေးကျောင်းသို့ ပစ္စည်းအစုံ လှူဒါန်းမှု၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အောင်သာယာကျေးရွာရှိ အောင်ဇေယျာ ဘုန်းတော်ကြီးသင်မှုလတန်းလွန်ကျောင်းသို့် ဗလာစာအုပ် (၂ဝဝ) ဒါဇင်၊ ဘောပင် (၂ဝဝ) ချောင်း၊ ခဲတံ (၅ဝဝ) ချောင်း၊ ဘောင်ဘီတို - (၂ဝဝ) ထည်၊ အင်္ကျီ - (၂ဝဝ) ထည်၊ ကျောပိုးလွယ်အိတ် -(၁၄) လုံး၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာ၊ ဘ/ကကျောင်း သို့ ဗလာစာအုပ် - (၂ဝ) ဒါဇင်၊ ခဲတံ - (၂ဝဝ) ချောင်း၊ ဖျာပုံမြို့ရှိ ကျုံကူကျောင်းတိုက် ဘ/ကကျောင်းသို့ ဗလာစာအုပ် - (၂၃) ဒါဇင်နှင့် အင်္ဂလိပ်စာအုပ်အချို့၊ ခဲတံ - (၃ဝဝ) ချောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျပုံလတာဖွံ့ဖြိုးမှုအတွက် မဂ္ဂဇင်းစာအုပ်၊ စာစောင်များလှူဒါန်းခဲ့၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ညောင်တုန်းမြို့နယ်၊ အောင်ပန်းမြိုင်ရွာရှိ ဘ/ကကျောင်းသို့ စောင် - (၉) ထည်၊ ဘေထုပ်အထည် (၁ဝဝ) ထုပ်၊ NLD - BG သွေးကူညီပေးရေးနှင့် ပညာဒါနကူညီမှုသို့ ဗလာစာအုပ် - (၁၂) ဒါဇင်၊ ခဲတံ -(၂ဝဝ) ချောင်း၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းအုပ်စု၊ ဖက်ရှည်ကျေးရွာ၊ ဘ/ကကျောင်းအား စာအုပ်/ စာပေများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၆ ရပ်ကွက်ရှိ အမေ့အိမ် ပညာဒါန စာသင်ကျောင်းသို့ အလှူငွေ (၂) သိန်းတို့အား ကူညီလှူဒါန်းပေးခဲ့သည်။ ထို့ပြင် ဆေးတက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ကြားနေကြသော အနာဂတ်မြန်မာနိုင်ငံတွင် အားထားကြရမည့် ဆရာဝန်ကြီးများ ဖြစ်လာကြမည့် ဆေးကျောင်းသား/သူ (၁၂) ဦးအတွက် ပညာရေးဂုဏ်ပြုချီးမြှင့်ငွေ (၁၉) သိန်းကျပ် တိတိအား အချိုးကျ ချီးမြုင့်ခဲ့ပါသည်။ ကျောင်းသားလူငယ်လေးများအား ဘ/ကကျောင်းများတွင် ပညာ သင်ကြားပေးနေကြသော ဆရာ/မများအတွက်လည်း ထိရောက်သော အင်အားတစ်ရပ် တိုးမြုင့်ပေးစေလို သည့်ဆန္ဒဖြင့် မြန်မာပြည် အရပ်ရပ်မှ ဘ/ကကျောင်း (၉) ကျောင်းရှိ ဆရာ/မ (၆၄) ဦးတို့အား ၁၇၄ဝဝဝဝိ/- (တစ်ဆယ့်ခုနှစ်သိန်းလေးသောင်း) ကျပ်တိတိတို့အား အချိုးကျခွဲဝေ၍ လစာတိုးမြှင့်မှုများ ကူညီထောက်ပံ့ ပေးခဲ့သည်။

“ပညာရွှေအိုး လူမခိုး” ဟူသော ဆောင်ပုဒ်အတိုင်း မည်သူတစ်ဦးတစ်ယောက်မျှ ခိုးယူ၍ မရနိုင် သော ပညာရေးကဏ္ဍအား မြှင့်တင်ပေးခြင်းနှင့်အညီ ပြုပြင်ပြောင်းလဲနေသော ခေတ်စနစ်သစ်ထဲတွင် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များသည် နိုင်ငံတကာတွင် ထူးချွန်ထက်မြက်သော လူရည်ချွန်များ၊ အသိပညာ၊ အတတ်ပညာရှင်များဖြစ်ကာ “ပညာရဲရင့် ပွဲလယ်တင့်” ဟူသည့် ဆောင်ပုဒ်အတိုင်း ဖြစ်လာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း မိမိတို့တတ်စွမ်းသရွေ့ တစ်ဖက်တစ်လမ်းမှ ဖေးမနိုင်သည့် စွမ်းအားတို့ဖြင့် ပညာရေးကဏ္ဍအား မြှင့်တင်ပေးလျှက်ရှိပါသည်။

ကိုကျော်သူ

0 မိုးထိမိုးမိတောင်ဒေသမှ ရွှေတွင်းလုပ်သားများ၏ အသက်အိုးအိမ် ဘ၀လုံခြုံမှုများကို ခြိမ်းခြောက်နေ


မိုးထိမိုးမိတောင်ဒေသမှ ရွှေတွင်းလုပ်သားများက ရွှေလုပ်ငန်းများကို နိုင်ငံတော်နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် တင်ပြတောင်းဆိုထားကြောင်း သတင်းထုတ်ပြန်ကြေညာချက်

မိုးထိမိုးမိတောင်ဒေသမှ ရွှေတွင်းလုပ်သားများက ရွှေလုပ်ငန်းများကို နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင် ရန်အတွက် တင်ပြတောင်းဆိုထားကြောင်း သတင်းထုတ်ပြန်ကြေညာချက်ကို ဆက်လက်ဖြန့်ဝေလိုက်ပါသည်။

ဗကသ (နိုင်ငံခြားရေးရာကော်မတီ)

1 မြေနီကုန်းတွင် သမ္မတမိန့်ခွန်းအား ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများ တရားစွဲခံရ.....

သမ္မတကိုထောက်ခံလို့ ဖမ်းတာ ဘယ်နိုင်ငံမှာမှ မကြားဘူး ဘူး .. သမ္မတကိုဆန့် ကျင်တဲ့ သူတာဝန်ရှိနေသူတွေထဲမှာရှိနေပြီလား ?သမ္မတ မိန့်ခွန်းကို ထောက်ခံလို့ ဖမ်းဆီး ထောင်ချရင် သမ္မတ နာမည်ပျက်မှာ သေချာတယ်။  
မြေနီကုန်း UNHCR ရုံးရှေ့တွင် သမ္မတကြီးမိန့်ခွန်းကို အားပေးထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများမှ (၄)ဦးအား စမ်းချောင်းရဲစခန်းက ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ရာ သြဂုတ်လ (၁၆)ရက်နေ့တွင် တရားလိုပြသက်သေ စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုတွင် စမ်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဦးဇော်ဇော်က တရားလိုပြသက်သေအဖြစ် စမ်းချောင်းမြို့နယ် တရားရုံးတွင်ထွက်ဆိုသွားမည်ဟု သိရသည်။

ယခုလ (၃)ရက်နေ့တွင် မြေနီကုန်း UNHCR ရုံးရှေ့၌ ရိုဟင်ဂျာလူမျိုးရေးနှင့် ပတ်သက်၍ သမ္မတ ကြီး မိန့်ခွန်းအား ထောက်ခံပါသည်ဟု ဆန္ဒဖော်ထုတ်ဖော်ခဲ့သူများအား တရားစွဲခံရခြင်းဖြစ်သည်။

''ပုဒ်မ(၁၈)နဲ့စွဲတယ်။ ဘာပုဒ်မလဲတော့ မသိသေးဘူး။ တရားရင်ဆိုင်တဲ့နေ့မှာ တခြားသူတွေပြောတာ ကတော့ လူအခွင့်အရေး ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)လိုတော့ ပြောတာကြားမိတယ်။ ဘာကြောင့်စွဲတယ် ဆိုတာတော့ (၁၆)ရက်နေ့ရုံးချိန်းကျ တရားလိုကို စစစ်မှပဲ သိရမှာပါ။''ဟု တရားစွဲခံရသူများထဲမှ တစ်ဦးဖြစ်သူ ကိုသူရထွန်းက ပြောသည်။

ဆန္ဒဖော်ထုတ်သည့်သူများထဲမှ(၄)ဦးသည် ဆန္ဒဖော်ထုတ်လျှင် ခွင့်ပြုချက်ယူရမည်ကို သိရှိကာ စမ်းချောင်းရဲစခန်းတွင် ခွင့်ပြုမိန့်ယူခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပဲ ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် ယခုကဲ့သို့ တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း တရားစွဲခံရသူများက ပြောသည်။

''သူတို့ ၄ ယောက်က စမ်းချောင်း ရဲစခန်းမှာသွားပြီးတော့ ဆန္ဒဖော်ထုတ်ခွင့်ကို လျှောက်တယ်။ သူတို့နာမည်တွေ သွားပေးလိုက်တယ်။ ခွင့်ပြုမိန့်ကျမလာပဲ လုပ်လိုက်သလို ဖြစ်သွားတာ ခွင့်ပြုမိန့် လျှောက်တဲ့သူတွေပဲ တရားစွဲခံလိုက်ရတဲ့ သဘောမျိုးဖြစ်သွား တာပေါ့။''ဟု ကိုသူရထွန်း၏အမ မဆွေဇင်အိက ပြောသည်။

တရားစွဲခံရသူ(၄)ဦးမှာ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း၊ ကိုဝင်းခန့်နှင့် ကိုအောင်နိုင်ထွန်းတို့ ဖြစ်သည်။

ဆန္ဒဖော်ထုတ်သူအယောက်(၂ဝ)မှာ တစ်ယောက်နှင့်တစ်ယောက်မသိပဲ အွန်လိုင်းမှ တွေ့ရှိကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ခွင့်ပြုမိန့်လျှောက်သူ (၄)ဦးသာ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

'' ဆန္ဒဖော်ထုတ်ခွင့် အမိန့်မကျပဲနဲ့ လုပ်သလိုဖြစ်သွားပြီးတော့ ပုဒ်မ (၁၈)နဲ့ အရေးယူမယ် ဆိုပြီးတော့ အကြမ်း စွဲထား တာပေါ့နော်။ (၁၃)ရက်နေ့က အာမခံရတယ်။ (၁၆)ရက်နေ့ကို စမ်းချောင်းမြို့နယ် တရားရုံးမှာ ရုံချိန်းပေးထားတယ်။''ဟု မဆွေဇင်အိက ဆက်ပြောသည်။

ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup

Wednesday, August 15, 2012

1 မြန်မာငွေ ၅၀၀၀ တန်အတုများ မဟာချိုင်တွင်ဖမ်းဆီးရမိ

စုစုပေါင်း သိန်း ၁၅၀ ဖိုးခန့်ရှိ မြန်မာငွေ ၅၀၀၀ တန်အတုများမဟာချိုင်တွင်ဖမ်းဆီးရမိ ကြောင်းသတင်းရရှိပါသည်..

၎င်းပမာဏသည် မြန်မာအလုပ်သမားများထံသို့ စမ်းသပ်ဖြန့်ဝေသည့်သဘောသာဖြစ်ကြောင်း အရေအတွက် အများအပြားကို မြန်မာနိုင်ငံနယ်စပ်သို့ပို့ဆောင်ဖြန့်ဝေရန်စီစဉ်နေကြပြီး ထုတ်လုပ်သူများကို လိုက်လံစုံစမ်းဖမ်းဆီးဖော်ထုတ်နေကြောင်း တရုတ်နိုင်ငံမှ စက်ဖြင့် ထုတ်လုပ်နေကြောင်းသိရှိရပါသည်....

အတုနမူနာ

၅၀၀၀ ထောင်တန် အတုနှင့် အစစ် ခွဲခြားသိစေနိုင်ရန် အစစ်တစ်ရွက်အား အသည်းအသန် ရှာဖွေတင်ပြလိုက်ရပါသည် ,,
အတု.. ငွေမှင်အရောင်မထွက်.. ငါးထောင်တန်စာသား အရောင်မှိန်.. စာရွက် ချော်ကျိချော်ကျိ... ထောင့်စွန်း ၅၀၀၀ ဆိုသည့်နေရာများ အစစ်ဟုထင်ရအောင် အသားကြမ်းအောင်လုပ်ထား

အစစ် .. ငွေမှင်တဖိတ်ဖိတ်တောက်.. ငါးထောင်ကျပ်စာသား..ထင်းနေ.... စာရွက်တစ်ရွက်လုံးကြမ်း.. အရောင်စာသားများထင်းလင်း.

မေတ္တာဖြင့်
Aik Ngal

0 ကင်ဆာကဲ့သို့ ယဉ်ကျေးမှု-မိုးမြင့်ငြိမ်း

မက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီးများမှအစ အသေး စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အားလုံးမှာ အစိုးရအဖွဲ့ဝင်အကြီးအကဲများကို လာဘ်ပေးလိုက်ရမှသာလျှင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်၍ ရနိုင်မည်ဟူသောအသိမှာ ကင်ဆာလို အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုလိုစနစ်သစ်အပြောင်းတွင် လာဘ်ပေးလာဘ်ယူဟူသော ကင်ဆာရောဂါကို မည်သို့ ကုသရမည်နည်းဟူသော စိန်ခေါ်မှု အတော်ပင် ကြီးမားပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် လာဘ်ပေးလာဘ်ယူအမြင့်ဆုံး နိုင်ငံများစာရင်းတွင် ထိပ်ဆုံးတန်းမှ ရပ်တည်နေသော နိုင်ငံ တစ်ခုဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကတည်း မြန်မာနိုင်ငံ၏ ဗျူရိုကရေစီယန္တရားအတွင်း အကျင့်ပျက်လာဘ်စားမှု တဖြည်းဖြည်း မြင့်မားလာခဲ့သည်။ စီးပွားရေးတွင် သဘာဝမကျသည့် အမိန့်ပေးစီးပွားရေးစနစ်ကြောင့် မှောင်ခိုဈေးကွက် ကြီးထွားလာမှုနှင့်အတူ ဗျူရိုကရက်အချို့နှင့် စီးပွားရေးသမားအချို့မှာ စနစ်ဆိုးမှ အမြတ်များစွာ ရရှိခဲ့သည်။

ပုဂ္ဂလိကအခန်းကဏ္ဍမရှိခြင်းကြောင့် ပြည်သူရေးရာဝန်ဆောင်မှုများကိုဗျူရိုကရေစီယန္တရားမှအစစအရာရာ ဖြည့်ဆည်းပေးလာရသည့်အခါ ဗျူရိုကရေစီယန္တရားမှာ ဖောင်းပွလာပြီး အကောင်ကြီးအထနှေးဖြစ်ကာ စွမ်းဆောင်ရည်နိမ့်ပါး လာခဲ့သည်။

သို့နှင့် မြန်မာနိုင်ငံ၏ဗျူရိုကရေစီမှာ ပြည်သူများအားပညာရေး၊ကျန်းမာရေးအစရှိသည့် ပြည်သူ့ရေးရာဝန်ဆောင်မှုများကို ရည်ရွယ်ချက် ကောင်းဖြင့် ပေးအပ်နေမှုတွင် စနစ်မှားကြောင့် ဖြစ်ထွန်းလာသော အကျင့်ပျက်လာဘ်စားသည့် ယဉ်ကျေးမှုမှာလည်း တဖြည်းဖြည်းနှင့် တစ်ရစ်ပြီး တစ်ရစ် အမြတ်တွယ်လာလျက်ရှိလေရာ လူတစ်ပိုင်းမကောင်းဆိုးဝါးတစ်ပိုင်းဖြစ်နေသော ဖရန်ကင်စတိမ်းလိုအကောင်ကြီး ဖြစ်လာလေတော့သည်။ အင်စတီကျူးရှင်းဆိုသည်မှာ လူလုပ်သည့်အရာပင်ဖြစ်ကြောင်း နိုဘယ်ဆုရဘောဂဗေဒပညာရှင် Douglass North က ရေးသားထုတ်ဖော်ခဲ့သည်။

ထိုအတွက်ကြောင့်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က နိုင်ငံတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်နေဝင်းမှာ ၎င်းမွေးထုတ်လိုက်သည့် ယန္တရားကို ၎င်းကိုယ်တိုင် ပြန်ထိန်းဖို့ ခက်ခဲလာသည့်အဆုံး လူထုအားလုံးပါဝင်သည့် တော်လှန်ရေးတစ်ရပ်ကြီးဖြစ်ထွန်းလာအောင် နှပ်ကြောင်းပေးခဲ့ခြင်း ဖြစ် သည်။

အစွန်းရောက်ကျင့်သုံးမှု


ဤသို့ မျိုးစေ့မကောင်းခဲ့သော ဗျူရိုကရေစီတပ်မတော်အစိုးရလက်ထက်တွင် သာ၍ ဆိုးရွားသွားစေတော့သည်။ မြန်မာပြည်သူများ၏ လူနေမှု ဘဝများမှာ အတော်ကြီး ဆိုးရွားသွားလေသည်။ ၈၈ အရေးတော်ပုံကြီးကြောင့် ပြည်သူများ မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့ရသော လောကပါလတရား များမှာလည်း စစ်တပ်အာဏာသိမ်းမှုဖြင့် ပေါ်ထွန်းလာသော ဗဟိုဦးစီးစနစ်က အခြေမှ လှိုက်စားပစ်ခဲ့သည်။ စီးပွားရေးစနစ်ကိုလည်း ယခင်လို အမိန့် ပေး စီးပွားရေးစနစ်မဟုတ်တော့ဘဲ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ သို့နှင့်တိုင် ဈေးကွက်စီးပွားရေးစနစ်ကို အစွန်းရောက်အောင် ကျင့်သုံးမှုကြောင့် လူမှုရေးမညီမျှမှု ကြီးမားလာခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှုအမှားများကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်း ဆုတ်ယုတ် လာခဲ့သည်။

အမျိုးသားချန်ပီယံများ

ဤသို့ တပ်မတော်အစိုးရ၏ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမှုတွင် နိုင်ငံရေးအာဏာရှိသည့် ထိပ်ဆုံးပုဂ္ဂိုလ်ကြီးများမှ စီးပွားရေးလုပ်ငန်းရှင် ကြီးများကို တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်ပေးခဲ့သည်။ ထိုသို့ အပြိုင်အဆိုင်မရှိတက်လာသည့် အမျိုးသားချံပီယံများနှင့် အာဏာပိုင်တို့၏ ဆက်ဆံရေးမှာ မြန်မာစီးပွားရေးလုပ်ငန်းနယ်ပယ်ကြီးတစ်ခုလုံး၏ ယဉ်ကျေးမှုလို ဖြစ်လာခဲ့သည်။ မက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီးများမှအစ အသေး စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အားလုံးမှာ အစိုးရအဖွဲ့ဝင်အကြီးအကဲများကို လာဘ်ပေးလိုက်ရမှသာလျှင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်၍ ရနိုင်မည်ဟူသောအသိမှာ ကင်ဆာလို အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုလိုစနစ်သစ်အပြောင်းတွင် လာဘ်ပေးလာဘ်ယူဟူသော ကင်ဆာရောဂါကို မည်သို့ ကုသရမည်နည်းဟူသော စိန်ခေါ်မှု အတော်ပင် ကြီးမားပါသည်။ တန်းတူညီတူ လုပ်ဆောင်ခွင့်ပေးမည်ဟု မူဝါဒချမှတ်နေသည့်ကြားထဲကပင် စီးပွားရေးသမားများ၏ လာဘ်ပေးမှုကမပျောက်။ အစိုးရဝန်ထမ်းများ၏ မ.ဆ.လစိတ်ဓာတ်မှာလည်း အစိုးရဝန်ထမ်းများ၏ မျိုးဗီဇထဲတွင် ရှိနေဆဲပင်ဖြစ် သည်။

အကဲဆတ်သည့် အဆို


ထိုကြောင့် ယခုလို နိုင်ငံတည်ဆောက်ရေးကို စနစ်သစ်ဖြင့် ဆောင်ရွက်နေသည့် ယခုလိုအခါမျိုးတွင် ယခင် အမူအကျင့်ဟောင်းများကို အလေး ထားပြုပြင်မှသာလျှင် ဖွံ့ဖြိုးရေးပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သည်။ လက်တွေ့ဆောင်ရွက်မှုတွင်ကော လွယ်ကူမည်လော။ ပြည်သူ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ပုသိမ်မဲန္ဒနယ်မှ ဦးဝင်းမြင့်၏ အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှု ထုတ်ဖော်ရေးအဆိုကို ဆန္ဒ မဲခွဲရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၀မဲနှင့် ကြားနေမဲ ၁၅ မဲရရှိခဲ့သည်။ လွှတ်တော်တွင်း အမတ်ဦးရေ ၇၆ ရာခိုင်နှုန်း ကန့်ကတ်ခဲ့မှုမှာ ဘာကိုဖော်ပြသလဲဆိုရင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းအသစ်အတွင်း မိမိတို့၏ ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ် စိတ်မချနိုင်သေးဘူးဟု ဖော်ပြရာရောက် နေသည်။ အာဏာနှင့် ကြွယ်ဝချမ်းသာမှုမှာ တစ်ခုရှိလျှင် တစ်ခုရှိအောင် ဆောင်ရွက်နိုင်သည်လည်းဖြစ်ရာ ယင်းယုတ္တိအတိုင်းပင် ယခုလက်ရှိ လူ့အဖွဲ့ အစည်းအတွင်း ကြွယ်ဝချမ်းသာမှုရှိနေသော အင်အားစုမှာ အာဏာလက်ကိုင်ထားကြသူများသာ ဖြစ်နေသည်။ ထိုအတွက်ကြောင့်လည်း ယခုလို အကဲဆတ်သည့်အဆိုကို ကန့်ကွတ်မှုများခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရတို့ ဆက်ဆံရေးမှာ နိုင်ငံကြီးပွားဖို့ အဟန့်အတာဖြစ်စေသည့် ဆက်ဆံရေးမျိုးရှိနေသည်။ ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့်အစိုးရတစ်ရပ် ဖြစ်စေလိုလျှင် ယင်းချစားသည့် ယဉ်ကျေးမှုကို အလျင်အမြန်နှင့် ထိထိရောက်ရောက် ကုစားဖို့ လိုပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိလာနိုင်မည့် အခွင့်အရေးများ လက်လွတ်သွားသည့်အဖြစ်မျိုး မြန်မာနိုင်ငံကို မကြုံစေချင်သော ကြောင့် ကင်ဆာကဲ့သို့ ယဉ်ကျေးမှုကို ပြုပြင်ရန်လိုပြီဖြစ်ပါကြောင်း….။
Yangonchronicle

2 ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ဖိနှိပ်နေသည်ဟု စွပ်စွဲနေကြသော ရိုဟင်ဂျာ မူစလင်များ၏ ပညာရေး တိုးတက်စေရန် စာသင်ကျောင်းများ ဖွင့်လှစ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

VOA မြန်မာပိုင်း အစီအစဉ်မှူး ဦးသန်းလွင်ထွန်းနှင့် နေပြည်တော်တွင်ပြုလုပ်သော အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က “မတူကွဲပြားသော အ သိုင်းအဝိုင်းများ အလိုက်သင့် နေထိုင်၍ လူအခွင့်အရေး လေးစားမှုရှိရန်အတွက် ပညာရေးသည် အရေးပါကြောင်း ” ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီများ ရိုဟင်ဂျာများသည် ဘာသာရေးသင် ကျောင်းများသာရှိကြပြီး စစ်မှန်သောပညာရေး အစီအစဉ်မရှိဟု ၎င်းကဆိုသည်။ “ဒါ့ကြောင့်သူတို့ အတွက် စာသင်ကျောင်းတွေ ဖွင့်ပေးပြီး ခေတ်မီပညာရေးကိုပေးမယ်။ သူတို့ပညာတတ်လာမယ်ဆိုရင် ပိုမိုတွေးခေါ်တတ်လာပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင် ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်း၌ နေထိုင်သော ရိုဟင်ဂျာမူစလင် ခန့်မှန်းခြေ ၈သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ မြန်မာပြည် သူအများစုကလည်း ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများဟု သတ်မှတ်ထားကြသည်။

ရိုဟင်ဂျာပြဿနာနောက်ပိုင်း ဖွဲ့စည်းထားသော ဗြိတိသျှ အခြေစိုက် Restless Beings အုပ်စုကို ထူထောင်သူ ဒါရိုက်တာ မာဘရားအာမက်က ဦး သိန်းစိန်၏ စာသင်ကျောင်းအစီအစဉ်ကို ကြိုဆိုထောက်ခံသော်လည်း လူမျိုးရေးခွဲခြားမှု ရှိနိုင်ကြောင်း သတိပေးသည်။

ထို့ပြင် နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများ အနေဖြင့် မြေပိုင်ဆိုင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ကိစ္စများ ဆောင်ရွက်ရန်များစွာ အခက်အ ခဲရှိနေသည်ဟု မားဘရားအာမက်က ဆိုပါသည်။

“ယေဘူယျအားဖြင့်တော့ လူတိုင်းတန်းတူညီမျှအခွင့်အရေး ရှိပြီး မျိုးရိုးစဉ်ဆက်ဗမာ၊ တိုင်းရင်းသားဗမာ၊ ဘိုးစဉ်ဘောင်ဆက်ဗမာအစရှိတဲ့ လူမျိုး ရေးခွဲခြားမှုတွေ မရှိစေဖို့ ဥပဒေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်သင့်ပါတယ် ” ဟု အာမက်ကပြောကြားသည်။

ထို့ပြင်နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မြေပိုင်ဆိုင်ခွင့်၊ လက်ထက်ထိမ်းမြားခွင့် ကိစ္စများဆောင်ရွက်နိုင်ရန် များစွာအ ခက်အခဲများ ရှိနေသည်ဟု မားဘရားအာမက်က ဆိုသည်။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းမှုသည် ကောင်းမွန်သော အပြုသဘောဆောင်ရွက်ချက်ဖြစ်ပြီး သမ္မတ၏ အင် တာဗျူးသည် မြန်မာအစိုးရအကြီးအကဲက VOAသတင်းဋ္ဌာနကို ပထမဆုံးခွင့်ပြုသော အင်တာဗျူးလည်းဖြစ်သည်။

ယခင် တပ်မတော်အစိုးရဟောင်း လက်ထက်တွင် VOAကို ကောလဟာလသတင်းများ ဖြန့်ချိသည်ဟု စွပ်စွဲ၍ ပိတ်ပင်ထားခဲ့ဘူးသည်။ မကြာသေး မီက ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ အဓိကရုဏ်းအပေါ် နိုင်ငံခြားစုံစမ်းစစ်ဆေးမှု မှန်သမျှကို မြန်မာနိုင်ငံက ကန့်ကွက်သည်ဟု သမ္မတကထပ်မံ ပြောကြား သည်။

ထို့ပြင် အဓိကရုဏ်း ဘေးဒဏ်သင့် ဒုက္ခသည်များကို အစိုးရက အကူအညီများ ပေးအပ်နေကြောင်း လူပေါင်း၈၀ခန့် သေဆုံးခဲ့ရသော အကြမ်းဖက် မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုထားပြီးဖြစ်ကြောင်း ပြည်တွင်းဆူပူ အကြမ်းဖက်ဖြစ်စဉ်ကို စုံ စမ်းစစ်ဆေးရန် မလိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ရှင်းလင်းပြောဆိုသွားသည်။

Yangon chronicle

0 တာဝန်ခံမှု -လင်းတေဇ

(သြဂုတ်လ ၁၄ရက်နေ့ထုတ် True News ဂျာနယ် အတွဲ(၄)အမှတ်(၄၅)မှ ထုတ်ယူတင်ပြချက်။)

သာစည်ရေ

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်တက်နေပြီ။ တိုင်းရင်းသားပြည်နယ်တွေ ဆင်းရဲနေတယ်ဆိုတဲ့ အဆိုကိုတောင် ဝင်ဆွေးနွေးနေ တယ်လို့ ကြားတယ်။ လွှတ်တော်ကြီးကလည်း ပိုပြီး အသက်ဝင်လာပြီဆိုတော့ ဒီတစ်ပတ်အစိုးရ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တစ်ခု အကြောင်း ငါမင်းကိုရှင်းပြမယ်လို့ စိတ်ကူးမိတယ်။ မင်းမေးထားတဲ့မေးခွန်းတွေနဲ့လည်း ဆက်စပ်ပါတယ်။ ငါလည်းမင်းမေးတာတွေပဲဖြေနေရတာ ဆိုတော့ အပြောင်းအလဲလေးဖြစ်အောင် ငါရှင်းပြတာလည်း မင်းနားထောင်ပါဦး။

သမ္မတဦးသိန်းစိန်ဟာသူရဲ့ပထမဆုံးမိန့်ခွန်းမှာပဲ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့သန့်ရှင်းသောအစိုးရဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်သူကို ကတိပေးခဲ့တယ်။

(ငါ့စိတ်ထင်တော့ တစ်ခါမကလောက်ဘူး)။ သမ္မတက ကတိပေးခဲ့တဲ့ ကောင်းမွန်တဲံအုပ်ချုပ်မှုမှာပါတဲ့ ကျင့်ဝတ်တွေထဲက တစ်ခုအကြောင်းကို ငါရှင်းပြလို့။ တာဝန်ခံမှု (Accountability) ဆိုတဲ့ ကျင့်ဝတ်အကြောင်းပဲ။ တာဝန်ခံမှုဆိုတာကတော့ကွာ အစိုးရရဲ့ အုပ်ချုပ်ရေးဌာနက အရာရှိတွေ (သမ္မတကအစ ဟိုးအောက်ခြေအထိပေါ့)၊ ဥပဒေရေးအပိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ကို ပြည်သူကအပ်နှင်းထားတဲ့ တာဝန်ဝတ္တရား တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်တာလို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဥပမာ မင်းကို စာသင်ခန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ်ဆရာမကခန့်လိုက်ပြီဆိုရင်စာသင်ခန်းထဲက ကျောင်းသူကျောင်းသားတွေ ဖြစ်သမျှ ပြဿနာအရပ်ရပ်ကို မင်းက ဆရာမဆီ တာဝန်ခံရမယ်။ ဒီလိုပဲ ဆရာမကလည်း ကိုယ့်စာသင်ခန်းထဲက ကျောင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ပြဿနာအရပ်ရပ်ကို ကျောင်းအုပ်ကြီးဆီမှာ တာဝန်ခံရတယ်။ ကျောင်းအုပ်ကြီးကလည်း သူ့ကျောင်းတွင်း ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန်သမျှကို တာဝန်ခံရမယ်။ တာဝန်ယူရတယ်။

ဒီလိုပဲ အစိုးရအုပ်ချုပ်ရေးပိုင်းက ဝန်ကြီးတစ်ယောက်ဟာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ဟိုးအောက်ခြေထိ ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန် သမျှကို တာဝန်ခံရတယ်။ ဝန်ကြီးရဲ့လက်အောက်က အရာရှိတစ်ယောက်က နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် အပြုအမူတစ်ခုကို လုပ်လိုက် မိပြီဆိုပါစို့။ ဝန်ကြီးရဲ့ညွှန်ကြားချက်ကို နာခံရတဲ့ အရာရှိကို ဝန်ကြီးက တာဝန်ခံရတဲ့အတွက် အရာရှိမှားယွင်းတဲ့ကိစ္စမှာ ဝန်ကြီးမှာလည်း တာဝန်ရှိတယ်။ အရာရှိက အရေးယူခံရမယ်။ ဝန်ကြီးကတော့ သူ့ရဲ့တာဝန်ခံမှုကို လေးစားလိုက်နာခြင်း ရှိ၊မရှိ ဆိုတာကျတော့ ဝန်ကြီးရဲ့ တာဝန်ခံမှု အရည်အချင်း ပေါ်မှာ မူတည်တယ်။ တာဝန်ခံစိတ်ကင်းမဲ့တဲ့ ဝန်ကြီးဆိုရင်တော့ ဒီကိစ္စကနေ သူရအောင်ရုန်းထွက်ပြီး ကိုယ်လွတ်ရုန်းမယ်။ ဒါကို တာဝန်ခံမှုကင်းမဲ့ခြင်း၊ တာဝန်မယူခြင်းလို့ ခေါ်တယ်။

ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့မေလတုန်းက ပြန်ပေးဆွဲသူပုန်တွေနဲ့ အစိုးရတပ်တွေ တိုက်ခိုက်မှုဖြစ်တယ်။ အဲဒီလို တိုက်ခိုက်နေကြချိန်မှာ အစိုးရ ရဟတ် ယာဉ်တစ်စီးက ရဲတစ်ဦးကိုချန်ပြီး ထွက်ခွာသွားတယ်။ အဲဒီရဲလည်း သူပုန်တွေနဲ့တိုက်ခိုက်ရင်း သေဆုံးသွားတယ်။ ဒဏ်ရာရနေတဲ့ရဲတစ်ဦးကိုလည်း အစိုးရရဟတ်ယာဉ်က ချန်ထားခဲ့လို့ သုံးပတ်လောက် လမ်းလျှောက်ပြီး စစ်စခန်းကို ပြန်ခဲ့ရတယ်။ တိုက်ပွဲမှာ အစိုးရရဲ ရှစ်ဦးသေဆုံးတယ်။ မေလ ၁၀ ရက်နေ့မှာ ပီရူးနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးနှစ်ယောက်လုံး ရာထူးက နှုတ်ထွက်သွားတယ်။ ဒါဟာ ဝန်ကြီးနှစ်ဦးရဲ့ တာဝန်ခံမှုကို ပြတ်ပြတ်သားသား ပြလိုက်တာပဲ။ ဘာဆင်ခြေမှမပေးဘူး။ သူတို့ရဲ့တာဝန်မကင်းဘူး။ နုတ်ထွက်တယ်။ ဒါပဲ။ ကာကွယ်ရေးဝန်ကြီးကတော့ “ရဟတ် ယာဉ်မှူးသာ အမြန်မထွက်ခွာရင် တပ်ဖွဲ့ဝင် ၁၈ ဦးလုံး သေသွားနိုင်တယ်” ဆိုတာပဲ ပြောသွားတယ်။

ငါတို့ဆီမှာလည်း တာဝန်ခံမှုနဲ့ပက်သက်ပြီး ပြောကြားခဲ့တဲ့ ဝန်ကြီးတစ်ဦးရှိတယ်။ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းလေကွာ။ သတင်းမီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ဝန်ကြီးပြောကြားသွားတဲ့ စကားတချို့ကို ငါရေးပြလိုက်တယ်။

“ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေမှာ လာဘ်ကိစ္စနဲ့ပတ်သက်နေရင် ကျွန်တော်နုတ်ထွက်ပေးပါ့မယ်။ ဒါပေမယ့် အရင်က ဖြစ်ခဲ့တာတွေ အတွက်တော့ ထားလိုက်ပါ။ အခု အစိုးရသစ်လက်ထက်မှာ ကျွန်တော်အပါအ၀င် ကျွန်တော့မိတ်ဆွေတွေဖြစ်တဲ့ ဦးအောင်မင်းတို့လည်း အစစ်ဆေးခံနိုင် ပါတယ်။”

“အရင်ကဖြစ်ခဲ့တာတွေအတွက်တော့ထားလိုက်ပါ”ဆိုတာအရင်အစိုးရလက်ထက်တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက ကို ပြော တာ ကွ။ အခု အရပ်သားအစိုးရလက်ထက်မှာတော့ သူဘာမှမလုပ်တော့ပါဘူးပေါ့ကွာ။ တာဝန်ခံတယ်ပေါ့။

အုပ်ချုပ်ရေးပိုင်းကပဲ ဖြစ်ဖြစ်၊ ဥပဒေပြုရေးပိုင်းကပဲဖြစ်ဖြစ် ဘယ်သူမဆိုပြည်သူနဲ့ ထိတွေ့ရာမှာ၊ သတင်းမီဒီယာတွေနဲ့ထိတွေ့ရာမှာ ကိုယ်ပြော လိုက်တဲ့ စကားကိုလည်း ကိုယ်ကိုယ်တိုင် တာဝန်ခံရတယ်။ တာဝန်ယူရတယ်။ တလောက ပူညံပူညံဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကို ဂျာနယ်တစ်စောင်မှာ ငါဖတ်လိုက်ရတယ်။ ပါတီကြီးတစ်ခုက ဖ်ာပြထားတယ်။ မြစ်ဆုံဆည်ကြီးကို ပြည်သူ့ဆန္ဒနဲ့အညီ သမ္မတက သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းခဲ့တာနဲ့ပတ်သက်လို့ သူဖြေကြားသွားပုံက သမ္မတရဲ့တာဝန်ခံမှုကို ပြည်သူကြားမှာ သံသယဖြစ်ကုန်တာပေါ့။ “ဒါဟာ သမ္မတရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ဒါကို ဆန့်ကျင်ပါတယ်။

သမ္မတဟာတရုတ်-မြန်မာဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ခဲ့ပါတယ်” မြစ်ဆုံဆည်ပြန်ဆောက်သင့်သလား မေးမြန်းရာမှာ “ဆောက်ကိုဆောက်ရ မှာပေါ့။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့တရုတ်-မြန်မာဆက်ဆံရေးပျက်ပြားအောင် လုပ်ခဲ့တာပါ”လို့ ပြန်ဖြေတယ်။

ပါတီကြီးတစ်ခုရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအနေဲ့ နိုင်ငံတကာမီဒီယာတစ်ခုနဲ့တွေ့ဆုံရာမှာ စကားတစ်ခွန်းတိုင်း၊ တစ်ခွန်းတိုင်းကို တာဝန် ယူရတယ်။ သမ္မတရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းတယ်ဆိုရာမှာ သမ္မတရဲ့ဆန္ဒ၊ သမ္မတရဲ့အတွေးတစ်ခုနဲ့ စီမံကိန်းကို ရပ်ဆိုင်းတယ်ဆိုတဲ့သဘော သက်ရောက်နေတာပေါ့ ဘစည်ရာ..။ ပြည်သူ့ဆန္ဒအရ စီမံကိန်းကိုရပ်ဆိုင်းတယ်လို့ သမ္မတရဲ့ကြေညာချက်ထဲမှာ ပါပြီးသား လေ။ စီမံကိန်းရပ်ဆိုင်းတာကို ကျွန်တော်တို့ဆန့်ကျင်တယ်ဆိုတော့ ပြည်သူ့ဆန္ဒကို သူဆန့်ကျင်ပါတယ်လို့ပြောလိုက်တာနဲ့ အတူတူဖြစ်မသွားဘူးလား။ နောက် ကျွန်တော်တို့ဆန့်ကျင်တယ်ဆိုတဲ့စကားအရ အမှုဆောင်ကြီး တစ်ယောက်တည်း ဆန့်ကျင်တာမဟုတ်ဘဲ အဖွဲ့လိုက် ဆန့်ကျင်တဲ့သဘောလား လို့ မေးစရာကောင်းမနေဘူးလား….ဘစည်။

နောက်ထပ်ဖြေကြားသွားတဲ့အထဲမှာ “လူတွေက ရူးနေလို့။ ဗိုလ်ချုပ်သမီးဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များနေတာ” ဆိုပြီးလည်း ဖြေကြားသွားတယ်။

ဒါကိုတော့ အမှုဆောင်ကြီးက ပြန်ပြီးဖြေရှင်းတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖတ်ရတယ်။ သူက စွဲလမ်းတာလို့ပြောတာကို (crazy) ဆိုပြီးဘာသာ ပြန်ရာမှာလွဲမှားသွားတယ်လို့ဆိုတယ်။ နောက်ဆုံးကြားရတဲ့သတင်းကတော့ ပြည်ခိုင်ဖြိုးပါတီက ဇူလိုင် ၂၈ ရက်စွဲနဲ့ ကြေညာချက်ထုတ်တယ်လို့ ဆိုတယ် ။ကြေညာချက်ရဲ့လိုရင်းကတော့ အမှုဆောင်ကြီး အမှန်တကယ် ပြောကြားခဲ့တယ်ဆိုရင် သူ့ရဲ့ပြောချက်တွေပဲဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားမဟုတ်ဘူးတဲ့။ အမှန်တကယ်ပြောကြားခြင်း ရှိမရှိကိုလည်း စိစစ်နေတာပေါ့ကွာ။ စိစစ်တွေ့ရှိချက်အပေါ် မူတည်ပြီး ပါတီစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြသွားသေးတယ်။

အမှန်ကတော့ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့တာကို စောဒကတက်ပြီး တရုတ်ကုမ္ပဏီ CPI က ကမ္ဘာလုံးဆိုင်ရာ ရေကာတာကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) ကို တိုက်ရိုက်တောင်းဆိုမှုတွေတောင် လုပ်နေကြပြီလို့ ငါဖတ်လိုက်ရသေးတယ်။ ငါတစ်ခုစိုးရိမ်တာက ငါတို့ဆီက hardliner တွေဟာ ကိုယ့်ကိုယ်ကျိုးစီးပွားထက် ပိုပြီး ဧရာဝတီတွေဘာတွေ သိပ်ပြီး ဂရုစိုက်တော့တာမဟုတ်ဘူး။ ချစ်ရ ကောင်းမှန်း သိပုံမရပါဘူး။

နောက်တစ်ခု တာဝန်ခံမှုနဲ့ ပတ်သက်ပြီး ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့က ဆွေးနွေးကြတဲ့ အဆို က “လယ်ယာမြေသိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင် ရွက်ပေးရန်”ဆိုတဲ့ အဆိုကွ။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)က ဦးဂျေယောဝူ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လေးဦးက စတင်ဆွေးနွေး တယ်။

ဆွေးနွေးချက်တွေက အဓိကကျတာကို ငါရေးပြမယ်။ “အချို့သောကုမ္ပဏီများက ဥပဒေကိုအလွဲသုံးပြီး လယ်ယာမြေများ သိမ်းဆည်းမှုများ ကြောင့် အချို့တောင်သူလယ်သမားများမှာ လျော်ကြေးမရရှိခြင်း၊ ရရှိပါသော်လည်း ပေါက်ဈေးအတိုင်းမရရှိခြင်းကြောင့် တောင်သူလယ်သမားများသာ မက မိသားစုများပါ ဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း” နောက်ပြီး ပန်းတနော်မြို့နယ်က ရေနက်ကွင်းစီမံကိန်း ၁၀ခုနဲ့ ပတ်သက်ပြီး မြေဧရိယာ ၃၆၆၆၅ ဧက အကြောင်း ဆွေးနွေးတယ်။ စီမံကိန်းတွေမလုပ်ဖြစ်ရင် တောင်သူတွေရဲ့ နစ်နာမှုအတွက် အမြန်ဆုံး စုံစမ်းလေ့လာ တင်ပြပေးသင့်တယ်ပေါ့။

အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)က ဒေါက်တာခင်ရွှေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လေးဦးက ဆက်ပြီးဆွေး နွေးတယ်။ စီမံကိန်းတွေမလုပ်ဖြစ်ရင် မင်္ဂလာဒုံဥယာဉ်မြို့တော်ရှိ မူလဧက ၂၀၀ ကျော်ကို လယ်သမားတွေမနစ်နာအောင် အိုးအိမ်အနေနဲ့ တစ်ဧက ကျပ်တစ်သောင်းကို ၉၇ခုနှစ်က ပေးခဲ့တယ်။ ကျန်ဧက ၈၀၀ကျော်ကို ကာလပေါက်ဈေး တစ်ဧက ၃သိန်းပေးပြီးပြီ။ သတင်းမီဒီယာတွေကို သွေးထိုး မြှောက်ပင့်ပြီး လယ်သမားအရေးဆိုနေတဲ့ စွဲချက်တွေဟာ လွဲမှားတဲ့စွပ်စွဲချက်တွေ ဖြစ်တယ်ပေါ့ကွာ။ လိုရင်းကတော့ လယ်မြေတွေသိမ်းယူတာ တရား ဥပဒေနဲ့ညီတယ်ပေါ့။ ဒေါက်တာခင်ရွှေက ဦးဆောင်ဆွေးနွေးတယ်။

ငါလည်း လွှတ်တော်လုပ်ထုံးလုပ်နည်းတွေအကြောင်း လေ့လာနေတုန်းပဲ။ ငါနားမလည်ဘူးဆိုတာ ပန်းတနော်က လယ်မြေတွေအကြောင်း ဆွေးနွေးသွားတာကို ဒေါက်တာခင်ရွှေက ဘာလို့ မင်္ဂလာဒုံဥယျာဉ်မြို့တော်က လယ်မြေတွေဟာ ဥပဒေနဲ့အညီ သိမ်းယူပါတယ်လို့ ဘာလို့ဝင်ရောက် ဆွေးနွေးတာလဲ။

နောက်မှငါလည်းသိရတယ်ဆရာရေ…..ငါကိုကတုံးတာ။ ဒေါက်တာခင်ရွှေဟာ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန်းအတွက် ဒေါက်တာခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက လယ်မြေတွေအတွက် ဂရုဏာကြေးအနေနဲ့ လယ်သမားကို တစ်ဧက သုံးသိန်းပေးတယ်လို့ဆိုတယ်။ ဂရုဏာကြေးပေး တယ်လို့ ကြေညာတာ။ အဲဒီအချိန်က လယ်တစ်ဧကကို သိန်း ဆယ်ဂဏန်းရှိတယ်လို့ဆိုတယ်။ ဂရုဏာကြေးပေးတယ်ဆိုတဲ့အဓိပ္ပါယ်က “အလကားငါရ မယ့်ဟာကို သနားလို့ သုံးသိန်းပေးတယ်လို့” ဆိုလိုတာထင်တယ်။ ဒါကို လယ်သမားတွေက၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတဆီတင်ပြတဲ့ အသနား ခံစာတင်ထားတယ်လို့ ဆိုတယ်။

အခုဆိုမင်္ဂလာဒုံစက်မှုဇုန်က မြေကွက်တွေဟာသိန်းထောင်ဂဏန်းလောက်အထိတန်ဖိုးကြီးနေပြီလို့လည်း ပြောကြတယ်ကွ။ ငါနားမလည်တဲ့ အချက်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က နိုင်ငံရေးရာဖြစ်တဲ့ အဆိုတစ်ခုကို ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကို ဝင်ရောက် ခုခံဆွေးနွေးခွင့်ရှိလား။ ကိုယ့်ကုမ္ပဏီရဲ့ ကိုယ်ကျိုးစီးပွားထိခိုက်မှုကို လွှတ်တော်ကို အသုံးချပြီး တင်ပြခွင့်ရှိလား။ လွှတ်တော်ဟာ ကိုယ့်ကျိုးစီးပွား ထိခိုက်နစ်နာမှုတွေကို နိုင်ငံ့ရေးရာသဖွယ် ဝင်ရောက်ဆွေးနွေးတာကို ခွင့်ပြုလို့ရလား။ လွှတ်တော်ဆိုတာ တာဝန်ခံယူမှု အပြည့်အဝရှိရမယ့်နေရာ မဟုတ်လား။ ငါနားမလည်တာတွေများ သိပ်ပြီးများနေပြီလား ဘစည်ရာ။ မင်းကို နိုင်ငံရေးရာရှင်းပြနေတဲ့ ငါတောင် နားမလည်ရင် မင်းလည်းမျက်စိ လည်နေမှာပဲ။ ငါ့မိတ်ဆွေ ဥပဒေပညာရှင်ကြီးနဲ့ တွေ့ပြီးရင်တော့ ငါသေချာဆွေးနွေးပါဦးမယ်။ ငါလည်းကိုယ်တိုင် စုံစမ်းလေ့လာပါဦးမယ်။ နောက်မှ အသေးစိတ် ငါစာပြန်ပေးမယ်။

တော်သေးပြီ ဘစည်။

2 ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ

ဓာတ်ပုံအလိမ်

ဖြစ်ရပ်မှန်ဓာတ်ပုံနှင့်ဖြစ်ရပ်မှန်အကြောင်းအသေးစိတ်ရေးသားချက်လင့်
http://himsatta.com/fullstory.php?&id=&newsid=2000
This picture was taken in 2010 after an earthquake in China and captures the efforts put in by the Tibetans to help rescue the victims. Now, Islamic political parties and some other elements are sharing this image as Muslim killing and their slaughter in Burma.
Another widely circulated picture captioned “More then 1,000 people killed in Burma” is also fake.
Social media is lying to you about Burma’s Muslim ‘cleansing’
The original, as you can see below, is taken in Thailand in the year 2004. This picture shows protesters that were tear-gassed outside the Tal Bai police station in Bangkok. This is roughly 1,409.9 km away from Burma! What is grossly negligent about these photos is the factual ignorance of the hate these misleading photos can culminate.
Muslims Killing in Burma and our Social Media - Islamic Parties
Below, please find another image which was posted online, this time with an imprint of Jamaat-e-Islami on the top left . It reads ‘Terrorists of Budhism of Burma kills 500 Muslims’.
As you can guess, this is also a fabricated picture.
terrorist of bhudism of burma kills 500 muslims at the beach of bay of bangal today
In reality, this image belongs to a Human Rights violation incident by the Thai authorities against the Rohingya ethnic minority of Burma. These refugees were detained for a few weeks and then sent off drifting into the sea.
Here is another instance of such fallacy spreading across the social media sites regarding the massacre of Muslims in Burma.
stop killing muslims in burma myanmar
This picture is extremely misleading considering that the original image was about the riots in Thailand that took place in 2003!
Now, take a look at the image below and observe how it is blown out of context.

ဓါတ်ပုံတွေကို ဖြစ်ရပ်မှန်မဟုတ်ဘဲ လိမ်လည်အသုံးချဆောင်ရွတ်နေတဲ့ အသေးစိတ်အကြောင်းအရာဓာတ်ပုံများကိုSocial Media is lying to you about Muslims killing in Burmaကြည့်ရူနိုင်ပါတယ်...
ဗုဒ္ဓဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တိဗက်ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ ဖြန့်ဖြူးနေတာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တာလီဘန် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြု ဖော်ပြနေကြကြောင်း၊ ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မဟုတ်တဲ့ အခြားနိုင်ငံက ဖြစ်စဉ်တွေ ဓါတ်ပုံတွေကို အသုံးပြုပြီး ပုံကြီးချဲ့ သတင်းဖြန့်နေတဲ့ အင်တာနက်သတင်းတွေ အကြောင်းကို တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ Central Tibetan Administration ရဲ့ ထုတ်ပြန်ကြေညာချက်ရဲ့ ကြေညာချက်ဟာ ဒီဆောင်ရွက်ချက်တွေ ဖြစ်ပေါ်နေတာ မှန်ကန်နေကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။(Ref..မှူးဇော်)
HARAMSHALA, August 15: The exile Tibetan administration has expressed concerns over the misuse of photographs showing Tibetans to provoke conflict between the Buddhist and Muslim communities.

Following reports of recent clashes between Buddhists and Rohingya Muslims in Myanmar, certain sections of the media as well as social websites have portrayed photographs involving Tibetans to misinform the public and to lead a hate campaign.

The recent ethnic clashes in the Indian northeastern state of Assam have raised further tensions.

The Dharamshala based Central Tibetan Administration in a release yesterday said it was “deeply disturbed and concerned” over the circulation of a misleading photograph in some section of the media showing Tibetan monks.

The release noted that many websites in the Muslim countries, especially Pakistan have used a photograph of Tibetan monks standing in front of a pile of dead bodies in their reports on the clashes in Myanmar.

“This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010,” CTA clarified. “The Tibetan monks extended remarkable service in the rescue and relief operations at the time.”

The release said that a particular website in Pakistan which was carrying the picture removed it after CTA pointed out the factual and misleading error.

“But the photo is still in circulation, as some Muslims carrying the photo during their recent protest in Mumbai on 11 August 2012, appeared in Zee News, a leading news channel in India,” the exile Tibetan administration noted.

“We strongly appeal to the media across the world not to use this photo, which is being circulated by miscreants to provoke conflict between the Buddhist and Muslim communities.”

There have been increased concerns over the safety of Tibetans, especially in cities, after a Tibetan youth was stabbed in the south Indian city of Mysore yesterday evening.

Reports say that the youth in out of danger but the real motive of the attack, right in the centre of the city, is not fully known.

Police suspect the assailants may have attacked the Tibetan youth thinking that he is from northeast India.


 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.