Saturday, March 6, 2010

0 Burma VJ


မနက်ဖြန်တွင် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာကျော်အော်စကာ ဆုပေးပွဲတွင် မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည်အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိနေပါသည်။

အထူးသဖြင့် ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

Burma VJ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင်ဖော်ပြထားပါသည်။

0 ရဟန်းတို့ရဲ့ မွန်မြတ်သော သွေးအလှူဒါန

ဇွန်ပန်းပွင့်

အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၅)
ဓာတ်ပုံ-စိုးသန်းလင်း အချိန်က ည ၁၂ နာရီ။

အမိုးနိမ့်နိမ့် ပျဉ်ကျောင်းတိုက်ထဲရှိ ကွပ်ပျစ်တန်းလျားတွေပေါ်မှာ ဦးပဉ္စင်းတွေ၊ ကိုယ်ရင်တွေ အိပ်ရာကိုယ်စီနဲ့ အနားယူနေချိန်။
ရုတ်တရက် ကျယ်လောင်တဲ့ဖုန်းမြည်သံကြောင့် အဆောင်တာဝန်ခံ ဦးပဉ္စင်း အရှင် ဉာဏောဘာသ တစ်ပါး အိပ်ရာမှထကာ ဖုန်းကိုင် လိုက်တယ်။
ကျန်တဲ့ သံဃာတော်တချို့လည်း ကျိန်းစက်ရာက နိုးကုန်ကြတယ်။
အရေးပေါ်လူနာအတွက် သွေးအလှူ ခံလိုသူတစ်ဦးက ဖုန်းဆက်တာပါ။
တစ်ဖက်ကအလှူခံသူက လိုချင်တဲ့သွေး အမျိုးအစားကို ပြောပြရင်း ဝေဒနာရှင်ရဲ့ နာကျင်ခံစားမှုတွေကိုပါ တုန်ရင်တဲ့ အသံနဲ့ မသဲမကွဲ ရှင်းပြနေတယ်။
ဒီလိုနဲ့ ဦးဉာဏောဘာသတစ်ပါး ခုနစ်ဧကမျှကျယ်တဲ့ ကျောင်းတိုက်ကြီးထဲက တစ်ဆောင်ချင်းစီကို ချက်ချင်း ဖုန်းဆက်ပြီး သွေး လှူဒါန်းနိုင်မယ့် သံဃာတစ်ပါးပါးကို ရှာရပါတော့တယ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ ဝေဒနာရှင်လိုအပ်တဲ့ သွေးအမျိုးအစားရှိတဲ့ ဦးပဉ္စင်းတစ်ပါးကို ရှာတွေ့ပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ ဝေဒနာရှင်ရဲ့ မိသားစုနဲ့အတူ ဆေးရုံကို ထည့်လိုက်ရတယ်။
"တစ်ခါတစ်ရံမှာ ညနက်အချိန်ကြီးလည်း အရေးပေါ်ကိစ္စအတွက် ဒီကို ဖုန်းဆက်ပြီး သွေးအလှူခံလေ့ရှိပါတယ်" လို့ ရွာမ ပရိယတ္တိ စာသင်တိုက်မှ အုပ်ချုပ်ရေးတာဝန်ခံ ဆရာတော် အရှင် ကဉ္စန(စာချ)က မိန့်ကြားပါတယ်။
ရွာမပရိယတ္တိစာသင်တိုက်ကို ၁၉၇၀ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အင်းစိန်မြို့နယ်ထဲမှာ ရွာမပရိယတ္တိ စာသင်တိုက်က အကြီးဆုံးလည်းဖြစ်၊ သံဃာအရေ အတွက် အများဆုံးလည်းဖြစ်၊ သက်တော်ငယ် သံဃာအများအပြားရှိနေတဲ့ ကျောင်းလည်းဖြစ်လို့ အင်းစိန်ဆေးရုံက ဆရာဝန်ကြီးတွေကိုယ်တိုင် သွေးလိုအပ်ရင် ကျောင်းကိုပဲ အားကိုးပြီး လိုအပ် နေသူတွေ ကိုလည်း စာသင်တိုက်ကိုပဲ လမ်းညွှန်လေ့ရှိပါတယ်။

"လာအလှူခံတဲ့ ဝေဒနာရှင်တွေထဲက တချို့ဆို ငွေရေးကြေးရေး အခက်အခဲရှိတယ်။ သွေးလှူဖို့ လိုက်သွားတဲ့ ဒီက ကိုယ်တော်လေး တွေက ဟိုရောက်ရင် ကာယကံရှင်က သွေးထည့်ဖို့ ပိုက်တို့၊ အိတ်တို့မ၀ယ်နိုင်ရင် ကိုယ်တော်လေးတွေကပဲ စိုက်ပြီး ၀ယ်ပေးရတယ်။ တချို့ ဆင်းရဲလို့ ဘာမှတောင်မရှိရှာဘူး။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးတယ်"လို့ သွေးအလှူရှင် ဦးပဉ္စင်းတစ်ပါးဖြစ်သူ အရှင်ကဉ္စန က မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်နေ့ ဝေဒနာရှင်တွေ သုံးဦးကနေ လေးဦးအထိ လာတတ်ပြီး သွေးအလှူရှင် လာရှာကြပါတယ်။ တချို့ဆို အရေးပေါ်လူနာတွေ အတွက်ဖြစ်ပြီး ရောဂါစုံအတွက်လည်း လာရောက်အလှူခံကြတယ်လို့ သိရပါတယ်။
ကျောင်းမှာ အေဘီသွေးရှိတဲ့ ကိုယ်တော် သုံးပါးသာရှိပြီး အေ၊ ဘီနဲ့ အို အမျိုးအစားရှိတဲ့ ဦးပဉ္စင်းတွေတော့ အများကြီးရှိပါတယ်။
"တောနယ်တွေက ရန်ကုန်မှာဆေးလာကုတဲ့သူတွေ အသိအကျွမ်းလည်း မရှိ၊ ငွေရေးကြေးရေးလည်း မတတ်နိုင်လို့ သွေးဒုက္ခရောက် လို့ရှိရင် ဦးပဉ္စင်းတို့ ကျောင်းကို လာတယ်။ လာလို့ သွေးမရ ခဲ့ရင် စိတ်သောကဗျာပါဒ တော်တော်လေး များကြတာကို တွေ့ရတယ်။ သူတို့မှာ တောကလာတာဆိုတော့ အသိအကျွမ်းလည်းမရှိ၊ ကူညီမယ့်သူ လည်းမရှိ၊ ဦးပဉ္စင်းတို့ကျောင်းမှာလည်း သွေးရှာဖို့ ခက်ခဲ မယ်ဆိုရင် ဘယ်ကျောင်းမှာတော့ဖြင့် ရနိုင်တယ်လို့ ညွှန်ပေးပါတယ်"လို့ အရှင်ကဉ္စနက မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်ဦးချင်းစီက လိုအပ်လို့ ဆက်သွယ်အလှူခံတာမျိုးတွေ တင်မကဘဲ အရှင်ဆေကိန္ဒ ဦးဆောင်ပြီး လှူဒါန်းတဲ့ သွေးလှူဒါန်းပွဲတွေမှာလည်း နှစ်ကြိမ်တိုင်တိုင် စုပေါင်းပါဝင် သွေး လှူဒါန်းခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူ ဘဏ်မှာ သံဃာ ၂၉ ပါး စုပေါင်းပြီး တခြားကျောင်း တိုက်က သံဃာတော် တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။
ရွာမ ပရိယတ္တိစာသင်တိုက်မှာ လက်ရှိ ရဟန်းအပါး ၃၃၀ ရှိပြီး သွေးလှူဖို့ အသက်ပြည့်ပြီး ကျန်းမာရေးလည်း ကောင်းတဲ့ ကိုယ်တော် ၁၅၀ ခန့်ရှိပါတယ်။
ပြီးတော့ သွေးလှူနိုင်တဲ့ ကိုယ်တော်တွေရဲ့ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ ရက်စွဲ၊ အကြိမ်အရေအတွက်ကို စာရင်းထားရှိပြီး သွေးအလှူလာခံရင် သင့်တော်မယ့် ကိုယ်တော်တွေကို ထည့်ပေးလေ့ရှိပါတယ်။
"ဒကာ၊ ဒကာမတွေက များသော အားဖြင့် ပိုက်ဆံမရှိဘူး။ သွေးတစ်ပုလင်းကို သုံး၊ လေးသောင်း မတတ်နိုင်ကြဘူး။ ဒီကို သွေး အလှူရှင် လာရှာတာ တောင်မှ ပိုက်ဆံမပါကြဘူး။ ဒီကနေ လမ်းစရိတ်ကအစ ပေးရတယ်။ စာသင်တိုက်ဆိုတော့ စာသင်သားတွေက ဆင်းရဲကြတယ်။ အဲဒီတော့ စာသင်သားတွေစုပြီး တကယ့်ကို နွမ်းပါးတဲ့ဝေဒနာ ရှင်တွေကို တတ်နိုင်သလောက်လှူကြတယ်"လို့ အရှင်ဉာဏောဘာသက မိန့်ပါတယ်။
သွေးလှူတဲ့ကိုယ်တော်တွေရဲ့ အမည်၊ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ရက်စွဲ၊ သွားရောက်လှူဒါန်းတဲ့ဆေးရုံတွေကို စာရင်းပြုစုထားပြီး သွေးလှူပြီး လေးလ ပြည့်တိုင်း ဆေးရုံမှာ ဆက်လက်လှူနိုင် မနိုင်ကို သွားရောက်စစ်ဆေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဝေနာရှင် မြန်မြန်ပြန်ကောင်းလာဖို့ကိုသာ မျှော်လင့်ပြီး ဒကာ၊ ဒကာမ တွေဆီက ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ လှူဒါန်းပေမယ့် ငွေကြေးတတ်နိုင်တဲ့ အလှူရှင်တွေကတော့ နွားနို့၊ ကြက်ဥ၊ ဖျော်ရည် စတာတွေကို လှူဒါန်းလေ့ ရှိပါတယ်။
ဒီလို စာသင်သားသံဃာတွေဟာ ဗုဒ္ဓစာပေတွေကို တပင်တပန်း လေ့လာရင်း သွေးလိုသူတွေအတွက် အချိန်အခါမရွေး သန့်ရှင်းတဲ့ သွေး လှူဒါန်းနိုင်တာကို ရဟန်းတို့ရဲ့ မြတ်သောအလှူအဖြစ် ဖွင့်ဆိုချင်ပါတော့တယ်။
http://www.baymyanmar.com/2010/03/blog-post_05.html

0 တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ယခုမှသည် ဧပြီလကုန် ကာလအတွင်း တနာရီ မိုင် ၁၂ဝ နှုန်းအထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒသဌာနက သတိပေးထားသည်။

အဓိကအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အထက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်အတွင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် နေရာမရွေး လေဆင်နှာမောင်း တိုက်ခတ်ကာ အချို့နေရာများတွင် မိုးကြီးခြင်း၊ မိုးသီးကြွေခြင်းများဖြစ်နိုင်သည်ဟု နေပြည်တော်ရှိ ဇလဗေဒဌာနက ပြောသည်။

“လေတိုက်နှုန်းက ပြင်းတယ်။ နေရာကျဉ်းတယ်။ အချိန်တိုတိုလေး။ လေတိုက်နှုန်းက တနာရီမှာ ၁၂ဝ မိုင်တိုက်နိုင်မယ်။ ၃ဝ မိနစ်လောက်ကြာမယ်၊ ဧရိယာက အနံအားဖြင့် တမိုင်ခွဲ။ အရှည်အားဖြင့် ၅ မိုင်မှ ၁ဝ မိုင် အဲဒီအတွင်းဖြစ်မယ်”ဟု အဆင့်မြင့်အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

ယခုအချိန်၌ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဖြစ်မြဲထက်ပို၍ အပူချိန်များနေပြီး မြောက်ပိုင်းတွင်မူ ဖြစ်မြဲထက် ပို၍ လျော့နေသည်။

“ ဧပြီလကုန်အထိ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာကနေ တဆင့် လေပြင်းတိုက်၊ မိုးသီးကြွေတာတို့၊ မိုးသီးထန်တာတို့ နေရာကွက်၍ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ General (ယေဘူယ) ခန့်မှန်းထားတယ်” ဟု သူက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ် ခရီးသွားလာနေသည့် သဘောင်္များ၊ ရေယာဉ်များအတွက် သက်ဆိုက်ရာဌာနများသို့ သတိပေးထားပြီးဖြစ်ကြောင်းနှင့် မိုးလေဝသသတင်းကို အာရုံစိုက် နားထောင်သင့်သည်ဟု ပြောသည်။

မုန်တိုင်း တိုက်ခတ်လာသည့် လမ်းကြောင်းအောက်တွင် ရောက်ရှိလျှင် သစ်ပင်များ အမြစ်ပါမကျန် လဲပြိုခြင်း၊ အိမ်ခေါင်မိုး လှန်သွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၁၉၇၉ ခုနှစ်က တည်ဆောက်ထားခဲ့သော မိုးတိမ်တောင်ကြီးများကို ခြေရာခံနိုင်သည့် ကိရိယာမှာ ၂ဝဝ၄ ခုနှစ်တွင် ပျက်ဆီးခဲ့ပြီဖြစ်၍ စိုက်ဆင်းလေပြင်းကျရောက်မည် မကျရောက်ဘူးဆိုသည်ကို မိုးဇလအနေဖြင့် ခန့်မှန်းရခက်ခဲသည်ဟု ဝန်ထမ်းများက ဝန်ခံပြောကြားသည်။

Friday, March 5, 2010

0 စစ်အစိုးရကို ခုံရုံးတင်ရေး ကုလ ထောက်ခံမှုပေးရန် နိုဘယ်လ်ဆုရှင်တွေ တောင်းဆိုမည်

Nobel Peace Laureate Jody Williams(right) and Nobel Peace Laureate  Shirin Ebadi(Left), June 8, 2006-AP
နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ ဖြစ်သော ရှီရင်း အီဘာဒင်(၀ဲ) နှင့်
ဂျိုဒီ ၀ီလီယမ်စ်(ယာ)။
ဇွန် ၈၊ ၂၀၀၆။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူဖို့ တောင်းဆိုနေတာတွေကို အားပေး ထောက်ခံလာအောင် တိုက်တွန်းဖို့အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်ခ်မြို့မှာ ဒီကနေ့ တွေ့ဆုံဖို့ ရှိပါတယ်။

အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်တာမို့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူသင့်တဲ့အကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ရှီရင်း အီဘာဒင် (Shirin Ebadin) နဲ့ ဂျိုဒီ ၀ီလီယမ်စ် (Jody Williams) တို့က ပြောခဲ့ကြတာပါ။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ မြန်မာအမျိုးသမီးတွေလည်း တက်ရောက် ထွက်ဆိုခဲ့ကြတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကြားနာပွဲတခုကို ဒီတပတ်ထဲ ကျင်းပခဲ့ရာက ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့တုန်းကပဲ ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

နယူးယောက်ခ်မြို့က ကြားနာပွဲအတွင်း မြန်မာစစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်တာတွေ၊ နှိက်စက်ညှဉ်းပန်းတာတွေနဲ့ တခြား လူမဆန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီး ၁၂ ဦးက သက်သေခံ ထွက်ဆိုခဲ့ကြတာပါ။

ဒီနောက်မှာတော့ မြန်မာအမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒီပြဿနာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့လည်း တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ အနေနဲ့ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ ရှိစေအောင် ဖိအားပေး ဆောင်ရွက်သွားဖို့ကိုလည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။(voa)

အင်္ဂလိပ်ဘာသာဖြင့် ဒီနေရာ မှာလည်းဖတ်နိုင်ပါတယ်။

Wednesday, March 3, 2010

0 မသေဆေးစားကြသူများ


ကျွန်ုပ် အားငယ်သည်။
ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။

ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။

ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။

ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊ ပဋ္ဌာန်းဆက်ခေါ်မည်လားပဲ။ ဆရာသည်လည်း ဆရာ၏လောက ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကဲ့သို့ ခံစားခဲ့ရဖူးသည်။ ဆရာ၏မိတ်ဆွေများက ကြီးကျယ်စွာလှူကြ၊ တန်းကြသောအခါ ဆရာသည် ချောင်တစ်ချောင်၊ ထောင့်တစ်ထောင့်တွင် သိမ်ငယ်စွာ၊ အားငယ်စွာ၊ အားကျစွာ ခံစားရစမြဲပင်။

သို့သော် ဆရာသည် စိတ်မပျက်စွာ စိတ်ဓာတ်မကျဘဲ မိမိ၏ ခန္ဓာကိုယ်အားရင်းပြီး ကုသိုလ်ယူစမြဲ။ ကျွန်ုပ်သည်လည်း ဆရာ့ကို အားကျသည်။ သို့ပေမဲ့ ကျွန်ုပ်၏ သေးငယ်လှသော ခန္ဓာနှင့် ဝန်ဆောင်မှုကို ပေးရမည့်တာဝန်သည် မမျှ။ ကျွန်ုပ်ထမ်းဆောင်ရန် မဖြစ်နိုင်။

ဘာကြောင့်များ ကျွန်ုပ်၏ဆရာသည် ကျွန်ုပ်အား သည်လောက၊ သည်ပတ်ဝန်းကျင်၊ သည်အသိုင်းအဝိုင်း၊ သည်အဖွဲ့အစည်းသို့ ဇွတ်သွင်းယူခဲ့သနည်း။

ကျွန်ုပ် အဖြေရှာမရ . . .
ကျွန်ုပ် အားငယ်ရ . . .
ကျွန်ုပ် စိတ်ပျက်ရ . . .
ကျွန်ုပ် စိတ်ဓာတ်ကျရ . . .
ရှိစေတော့ . . .
ကျွန်ုပ် စောင့်ကြည့်မည်။

ကျွန်ုပ်သည် ဤလောက၊ ဤအသိုင်းအဝိုင်း၊ ဤပတ်ဝန်းကျင်သို့ ရောက်လာပြီး ဤလောက အသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ ကျေးဇူးကို မဆပ်နိုင်ခဲ့လျှင် ကျွန်ုပ်အဝေးတစ်နေရာသို့ ထွက်သွားမည်ဟု သန္နိဋ္ဌာန် ချလိုက်တော့သည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက် ရိုးသားသည်၊ ကြိုးစားသည်၊ ဖြောင့်မတ်သည်၊ ကုန်ကုန်ပြောရရင် လိပ်ပြာသန့်ကြသည်။

ဖခင်ကြီး၊ ဘကြီး၊ ဦးလေး၊ အစ်ကိုကြီးတို့သည် သူတို့တာဝန် သူတို့ကျေကြသည်။ မည်သူ့ကိုမျှ ဂုဏ်သိက္ခာ မညိုးနွမ်းစေရ။ မည်သူ့ကိုမျှ မစော်ကား၊ မမောက်မာကြ။ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ကြသည်။ သို့သော် ကိုယ်က ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်မှ ပြဿနာရှာခြင်းများ ကြုံတွေ့ရတတ်သည်။ တစ်ဖက်မှ ရမ်းကားမှု၊ စော်ကားမှုများကို ကြုံတွေ့ရတတ်သည်။ သို့သော် သည်းခံခြင်းသည် အောင်မြင်မှုမဟုတ်ပါလား။

ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကြုံရသော်
ရဲရဲသည်းခံ . . .
ရဲရဲရိုးသား . . .
ရဲရဲဖြောင့်မတ်မှုကို ချိုးဖျက်၍ မည်သို့မျှ မတုန့်ပြန်ကြ၍ နှလုံးသားအမာရွတ်နှင့် လူတစ်စုဟု ခေါ်နိုင်ပါသည်။
ဒဏ်ရာအနာတရာ ရလာသော် . . . ကျွန်ုပ်ဆရာ၏ အသိုင်းအဝိုင်းက ကုသပေးသည်။ ဘကြီးကွန်း ဟိုတစ်လောက လူကြီးရောဂါဖြစ်သည်။ ဇရာထောင်းလာ၍ ဝေဒနာခံစားလာရသည်။ ထိုအခါ ကျွန်ုပ်၏ဆရာအဖွဲ့က အင်နှင့်အားနှင့် ကုသပေးသည်။ နိုင်ငံခြားမှ ဆေးဝါးများမှာ၍ ကုသပေးသည်။ ဘကြီးကျန်းမာသန်စွမ်းလာသည်။ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်တော့သည်။

ကျွန်ုပ်၏ဖခင် ဦးဇူးသည်လည်း ထိုနည်းတူ ရိုးသားကြိုးစားစွာ လုပ်ငန်းခွင်ဝင်နေစဉ် တစ်ဖက်မှ ရမ်းကားမူးရစ်ကာ ထိုးကြိတ်မှုကို ခံခဲ့ရ၍ ဒဏ်ရာရခဲ့သည်။ သို့သော် ကျွန်ုပ်၏ ဆရာအဖွဲ့သားများက ကုသပေးခြင်းကြောင့် ရောဂါဒဏ်များ ပျောက်ကင်းပြီး လုပ်ငန်းခွင်ဆင်းနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ဆရာအဖွဲ့အား ကျွန်ုပ်တို့အတွက် “မသေဆေးဖော်သူများ” ဟုပင် တင်စားချင်သည်။

ကျွန်ုပ်သည် ကျွန်ုပ်ဆရာ၏ လောကကြီးထဲ စုန်းစုန်းဝင်ရောက်လာရပြီး မကြာခင် ကျွန်ုပ်အတွက် ကျွန်ုပ်ဆရာသည် ဝတ်စုံတစ်စုံ ဆင်ယင်ပေးသည်။ ဘာဝတ်စုံကြီးပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ဟုတ်တယ်လေ . . . အဖေတို့၊ ဦးလေးတို့၊ အစ်ကိုတို့ကျတော့ ဝတ်စုံက တည်တည်တံ့တံ့ ကျက်သရေရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်ုပ်ဘကြီးကျတော့ လူကြီးမို့လားမသိပါဘူး။ ရွှေရောင်ဝတ်စုံနှင့် ခံ့ညားလိုက်သည်ဖြစ်ခြင်း . . . ။ ကျွန်ုပ်ကျတော့ အူကြောင်ကျား . . . ပန်းပွင့်တွေ၊ Smile မျက်နှာတွေ၊ ငြိမ်းချမ်ရေး Peace ပုံတွေ၊ လိပ်ပြာပုံတွေနဲ့ ကလေးကလား၊ စိတ်ပျက်မိတယ်ဗျာ . . . ။ ဆရာဘာတွေများ လျှောက်လုပ်နေပါလိမ့်။ ကျွန်ုပ်သည် ဆရာ၏ လောကပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူပိုမဖြစ်ချင်၊ ဆန်ကုန်မြေလေးမဖြစ်ချင်။ အဓိပ္ပာယ်ရှိချင်သည်။ ကျေးဇူးဆပ်ချင်သည်။ ပေးဆပ်ချင်သည်။ တာဝန်ကျေချင်သည်။ ဟေးလားဝါးလားနဲ့ ယောင်ဝါးဝါး မဖြစ်ချင်။ ဆရာရဲ့လုပ်ရပ်တွေ ယောင်ဝါးဝါး ကြောင်တောင်တောင်တွေ ဖြစ်နေပြီလားဟု တွေးမိသည်။ သို့သော် ကျွန်ုပ်၏ အပြစ်တင်တွေးတောမှု စောသွားသည်။ ဆန္ဒစောသွားသည်။

အဲဒီ့နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့။ မင်္ဂလာရှိတဲ့နေ့၊ အဓိပ္ပာယ်ရှိတဲ့နေ့၊ တာဝန်ကျေတဲ့နေ့၊ ပီတိအဖြစ်ဆုံးနေ့၊ ပီတိစားရတဲ့နေ့ . . . ။

အဲဒီ့နေ့ . . . တစ်သက်မေ့မရတဲ့နေ့မှာ ကျွန်ုပ်ဝတ်စားဆင်ယင်မှုနဲ့အတူ ကျွန်ုပ်ဂုဏ်ယူဝင့်ကြွားရမည့်နေ့ ဖြစ်တော့သည်။ ထိုနေ့မှာ ကျွန်ုပ်၏ဆရာအဖွဲ့အစည်းမှ ကျွန်ုပ်အား ကျွန်ုပ်ခန္ဓာနှင့် လိုက်ဖက်ညီမည့် တာဝန်ဝတ္တရားတစ်ခုကို ခိုင်းတော့သည်။ ကျွန်ုပ်သည် တက်ကြွစွာဖြင့် ထမ်းဆောင်သည်။ သည်လုပ်ငန်းကို ရိုးမြေကျသည်အထိ ထမ်းဆောင်မည်ဖြစ်၍ ကျွန်ုပ်အား ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ် ချီးမြှင့်ပေးလိုက်တော့သည်။ ကျွန်ုပ်၏ အနာဂတ်အလင်းရောင်ဖြစ်သည့် ဤဂုဏ်ထူးဆောင်လက်မှတ်၏ ခေါင်းစဉ်ကို “မသေဆေးစားသူများ” ဟုပင်တင်စားလိုက်ချင်တော့သည်။

“မသေဆေးစားသူများ ဂုဏ်ထူးဆောင်လက်မှတ်”


အမည် - ဆူဇူကီး (SUZUKI)
မှတ်ပုံတင်အမှတ် - ၁ဂ/၉၄၆၇
တာဝန် - အပြစ်မဲ့၍ အကုသိုလ်ကင်းရှင်းစွာဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရသော ကလေးသူငယ်များ၏ ရုပ်ကလာပ်ကို အခမဲ့ကုသိုလ်ဖြစ် သယ်ဆောင်ပို့ပေးရန်။
ရာထူး - ကလေးနိဗ္ဗာန်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။
ဆက်သွယ်ရန်ဖုန်း - ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၇၀၄၇၈၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

ကျွန်ုပ်၏ ဖခင်ကြီး ဦးဇူး (ခ) အစ်စ်ဇူးဇူး (ISUZU)၊ ဘကြီး ဦးကွန်း (ခ) လင်ကွန်း (LINCON)၊ ဦးလေး ဦးကရောင်း (ခ) တိုယိုတာကရောင်း (TOYOTA CROWN)၊ အစ်ကိုကြီး ကိုတာ (ခ) တိုယိုတာဟိုင်းလတ် (TOYOTA HILUX) တို့၏ ခြေရာကို ထပ်ကြပ်မကွာလိုက်ရင်း ပန်းတိုင်အထိရောက်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်ခိုင်ခံ့စွာဖြင့် လိပ်ပြာသန့်စွာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်၍ ကျေးဇူးဆပ်မည့် ကျွန်ုပ်တို့၏ ဘဝသည်ကား “မသေဆေးစားကြသူများ” ပင်ဖြစ်တော့သည်။

အားလုံးကို လေးစားဦးညွတ်လျက်

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ




စာကြွင်း ။ ။ ဤဆောင်းပါး ပြီးသွားချိန်... ကျွန်ုပ်ကီးကီးသည် လူသားအကြိုးပြု လုပ်ငန်းများလုပ်ဆောင်နေဆဲ ... မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေ့ရက်တစ်ရက်တွင် မမျှော်လင့်ခဲ့သော် အကြောင်းအရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ နှစ်ပေါင်းများစွာ ကွဲကွာ၍ ကျွန်ုပ်တစ်ကြိမ်တစ်ခါမှ မဆုံဘူးခဲ့သော၊ မမြင်ဘူးခဲ့သော ကျွန်ုပ်၏ အဖိုး ( ဘကြီးကွန်း ရဲ့ဖခင်) ဖိုးဖိုးချက်နှင့် ကျွန်ုပ်တို့ ပြန်လည်ဆုံတွေ့ရခြင်းပင် ဖြစ်သည်။ ဘကြီးကွန်း၊ဦးလေး ကရောင်း၊ ဖခင်ကြီး ဦးဇူး၊ အကိုကြီး ကိုတာနှင့် ကျွန်ုပ် ကီးကီးတို့ ပျော်လိုက်သည့် ဖြစ်ခြင်း။

ဖိုးဖိုး ချက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှ အသက်မသေပဲ မိသားစုနှင့်ကွဲကွာခဲ့ရာမှ ယခုလို ပြန်လည်ဆုံတွေ့ ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။ ဖိုးဖိုးချက်သည် စစ်၏အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ နွမ်းလျလျက်ရှိနေသည်။ သို့သော် အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်သော်လည်း ယခုကျွန်ုပ်တို့နှင့်အတူ လက်တွဲမဖြုတ် လူသားအကျိုးပြု လုပ်ငန်းများလုပ်ရန် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အဖိုးထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ၊ ရာဇဝင် သမိုင်းကြောင်းများ ဂဃနဏ သိရတော့မည် ဖြစ်သည်။

ကျွန်ုပ်အဖိုး၏အမည်ရင်း - ချက်ပလက်
မှတ်ပုံတင်အမှတ် - စ/၃၃၀၀
တာဝန် - နာရေးလမ်းကြောင်းပို့ရာတွင် နိဗ္ဗာန်ယာဉ် နောက်မှ နာရေးပို့ ပရိတ်သတ် (အသုဘ ရှူ့မည့် ပရိတ်သတ်) တို့အားလိုက်လံပို့ဆောင်ရန်
ရာထူး - အသုဘပို့ဆောင်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။ အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

ဖိုးဖိုး ချက်ကို ကျွန်ုပ်ထံလာရောက် ပို့ဆောင်ကြသော ဦးဟုန်းတန်+ဒေါ်ခင်မြင့်ရီမိသားစု၊ ရပ/၁၃၁၊ နယ်မြေ-၁၀၊ ကျောင်းကြီးစု ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ (တောင်ကြီးမြို့)နှင့် ဘကြီးကွန်း (LINCON)၊ ဦးလေး ကရောင်း (TOYOTA CROWN) တို့ကိုလာရောက် ပို့ဆောင်ကြသော ဦးဇော်ဝင်း + ဇနီး ဒေါ်တင်သန်း သားကိုဗညား (ခေတ္တ ဂျပန်) မိသားစုအား၎င်း၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏ အလှုငွေဖြင့် ဖခင်ကြီး ဦးဇူး (ISUZU) ၊ အကိုကြီး ကိုတာ (TOYOTA HILUX) နှင့် ကျွန်ုပ် ကီးကီး (SUZUKI) တို့အား လူသားအကြိုးပြုလုပ်ခွင့်ပေးခဲ့သော (၇) ရက်သားသမီး အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိ၍ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ



Tuesday, March 2, 2010

0 သင်၏ ကွန်ပြူတာရှိ Hard disk driveကို ဖျက်ဆီးမည့် ဗိုင်းရပ်သတိထားရန်

It was apparently checked with Norton Anti-Virus, and they are gearing up for this virus!
Snopes was also apparently checked, and it is for real. Get this E-mail message sent around to all your contacts ASAP.

PLEASE FORWARD THIS WARNING AMONG YOUR FRIENDS, FAMILY AND CONTACTS!

You should be alert during the next few days. Do not open any message with an attachment entitled 'POSTCARD FROM HALLMARK, regardless of who sent it to you. It is a virus which opens A POSTCARD IMAGE, which 'burns' the whole hard disc C drive of your computer.

This virus will be received from someone who has your e-mail address on his/her contact list. That is the reason why you need to send this e-mail to all your contacts. It is better to receive this message 25 times than to receive the virus and open it!

If you receive a mail called' POSTCARD,' even if it is sent to you by a friend, do not open it! Shut down your computer immediately. This is the worst virus announced by CNN.

It has been classified by Microsoft as the most destructive virus ever. This virus was discovered by McAfee yesterday, and there is no repair yet for this kind of virus. This virus simply destroys the Zero Sector of the Hard Disc, where the vital information is kept.

COPY THIS E-MAIL, AND SEND IT TO YOUR FRIENDS.
REMEMBER: IF YOU SEND IT TO THEM, YOU WILL BENEFIT ALL OF US

Monday, March 1, 2010

0 နာရေးကူညီမှုအသင်းမှ ပြုလုပ်သော စွယ်တော်မြတ်အတွက် မြတ်ဒါန

Sunday, February 28, 2010

0 ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

ရွှေမင်းအေး

(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ်ဖားဖားနဲ့ဗလီဆရာတွေ
လက်ဝါးကပ်တိုင်နဲ့ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန်ဖေးမကူတွဲ
ဗမာ့ဒီမိုကရေစီတိုက်ပွဲကို
မခွဲအတူတောင်းဆိုနေကြရဲ့။
အင်္ကျီဗလာနဲ့သူဖုန်းစား
ဟန်းဖုန်းအသစ်နဲ့သူဌေးသား
ရော့ခ်ကာနဲ့ရက်ပ်ပါ
လူကြီးနဲ့လူငယ်
ကျောင်းသားနဲ့လက်လုပ်လက်စား
မိန်းမနဲ့ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်းဖြစ်တယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့
ညီညွတ်မှုပြယုဂ်အမှန်
အာဏာရှင်ကိုတွန်းလှန်ကြဖို့
ငါတို့တွေချီလာပါပြီ။

(၄)
၈၈ မျိုးဆက်ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက်ကျောင်းသားတို့
စုပေါင်းအားနဲ့လွှင့်ထူ
ခွပ်ဒေါင်းအလံတလူလူ
တို့ပြည်သူတွေလွတ်လပ်ဖို့
တို့နိုင်ငံတော်လွတ်လပ်ဖို့
အသက်ကိုပဓါနမထား
ရှေ့ဆုံးကလျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်းအသွယ်သွယ်က
မျိုးချစ်ပြည်သူအသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင်ဟစ်ကြွေးအားပေး
ငါ့တို့သွေးတွေ စည်းခဲ့ပြီ
ငါတို့သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင်ယူနီဖောင်းနဲ့ အရိုင်းကောင်တွေ
ရွံရှာစက်ဆုပ်ဖွယ်လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့အမုန်းကို
မျက်လုံးချင်းမဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ဆန္ဒပြတယ်
သံဃာတို့ရဲ့အေးမြသာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိလျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာလမ်းမတွေဟာ
" အရှေ့အရပ်၌ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့်တုန်ခါပေါ့။
မာန်ဟုန်ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီးတကားကား
ယူနီဖောင်းတလွှားလွှားနဲ့
ဝီစကီပုလင်း ခါးကြားထိုး
ခွေးမျိုးခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီအရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံကကြားစေသား။

(၇)
"လက်ညိုးညွှန်ရာ
သွေးချောင်းစီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံတစ်ဝက်မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့အတူ
မငြှိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်းသတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ...
သံဃာသတ်တဲ့မိစ္ဆာတွေ မိုးကြိုးပစ်လို့သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့အုပ်ကွယ်
သွေးအိုင်အလယ်အားတင်းရပ်
နိုင်ငံအတွက် အသက်ပေးမယ်
ဆယ်ပြန်မကသေရဲတယ်
မျိုးဆက်သစ်ငါတို့လူငယ်။


(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာပြည်သူအားလုံးရဲ့ရင်ထဲ
အမြဲရှိနေမှာပါ။
သူတို့ဟာ
သေနတ်ပြောင်းဝရှေ.မှာ
ရင်ကော့ကာအံကိုကြိတ်
အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ
အသေခံတိုက်ပွဲဝင်ခဲ့ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူငါတို့သည်
ရင်ထဲမှအမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သောလက်များဖြင့်
အလေးအမြတ်ပြုပါ၏။


(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှမခြောက်ဘူး
ငါတို့မျက်ရည်တွေလည်း
ဘယ်တော့မှမခမ်းဘူး
ငါတို့လက်ခုပ်သံတွေဟာလည်း
မမောနိုင် မပမ်းနိုင်ဆက်တီးနေဦးမှာပါပဲ။
ရှူံးနိမ့်ခြင်းကို
အလိုမတူဘဲရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေအပေါ်
နာကျည်းအံကြိတ်ကြ...ရွံရှာမုန်းတီးကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်အစိုးရပြုတ်ကျဖို့ အရေးပဲ
ငါတို့အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့အတွက် နေရာမရှိတာ
ကမ္ဘာသိအောင် ငါတို့ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။


(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။ ။

ဒီကဗျာလေးကို ထပ်ဖြန့်ပေးကြပါခင်ဗျာ.........။
2007 ကတည်းကရေးထားပေမယ့်.... ခုမှစာရိုက်ပီးဖြန့်ဖြစ်တာပါ.....
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို
အားလုံးပြန်လည်အမှတ်ရမိကြမယ်လို့မျှော်လင့်ပါတယ်......။

မြန်မာ့ဒီမိုကရေစီကျောင်းသားများ
Democracy Students of Myanmar
2010.

ပေးပို့ပေးသော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 Statement on the 2nd Anniversary of Founding Day of ABMRC _Bangladesh

0 ဆူနာမီနဲ့ နိုင်ငံတကာ အကူအညီံ
ရေးသူ- လူထုစိန်ဝင်း


သဘာဝ အန္တရာယ်ဆိုးကြီးတွေ ကျရောက်လာတဲ့အခါမျိုးမှာ ဘေးဒဏ်ခံဒေသက ဒုက္ခသည်များ အတွက် ကမ္ဘာတခုလုံးရှိ လူသားများက လူသားချင်း စာနာထောက်ထားပြီး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ကြတာ အားရစရာ ကောင်းလှပါတယ်။
"ဆူနာမီ" ရေဘေးကြီး ကျရောက်ခံ ဒေသတခုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခဲ့တဲ့ သြစတြးလျနိုင်ငံသူ အိန္ဒယနွယ်ဖွား အမျိုးသမီးဆရာဝန်တဦးက သူ့အတွေ့အကြုံကို ၂၀၀၅ ခု ဧပြီလထုတ် တိုင်းမဂ္ဂဇင်းကြီးထဲမှာ ဆောင်းပါးတပုဒ် ရေးသားဖော်ပြလိုက်တာကို ဖတ်လိုက်ရပါတယ်။

အိန္ဒိယနွယ်ဖွားဆရာဝန် Romjana Srivastava ဟာ ဆူနာမီရေဘေးကြီး ကျရောက်စဉ်က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ မိဘဆွေမျိုးများထဲ အလည်အပတ် ရောက်ရှိနေခိုက် ဖြစ်တယ်။
မော်လ်ဒိုက်နိုင်ငံဟာ သန္တာကျောက်တန်းကြီးတွေရဲ့ အကာအကွယ်ပေးမှုကြောင့် ဆူနာမီလှိုင်းလုံးကြီး များဒဏ်က လွတ်ခဲ့တယ်။ လူပေါင်း ၁၀၈ ဦးသာ သေဆုံးခဲ့ရတယ်။ ဒါပေမယ့် ဆူနာမီနောက်ဆက်တွဲ ရေလွှမ်းမိုးမှု ဒဏ်ကိုတော့ နိုင်ငံတခုလုံး ခံကြရတယ်။

ဒေါက်တာ သီရိဝတ္တ၀ရောက်ရှိသွားတဲ့ ဘူရန်ဒီ ကျွန်းကလေးမှာ ဆူနာမီကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ရေလွှမ်းမိုးဒဏ်ကြောင့် တော်တော်ဒုက္ခရောက်ကြရတယ်။ တကျွန်းလုံး ရေလွှမ်းမိုးနေတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ၊ သောက်ရေသုံးရေ ပြတ်လပ်မှု အခက်အခဲ၊ ရောဂါမျိုးစုံ ၀င်ရောက်လာမှု အခက်အခဲ စတဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတယ်။ မူလကတည်းက အင်မတန် ခေတ်နောက်ကျတဲ့ ကျွန်းကလေးဖြစ်တာကြောင့် အခြေခံ လူ့လိုအပ်ချက်များ ဘာမှမရှိ ဖြစ်ခဲ့တယ်။
ဆရာဝန်မလေး သီရိဝတ္တဟာ အဲဒီကျွန်းပေါ်ရောက်ရှိတဲ့ တဦးတည်းသော ဆရာဝန် ဖြစ်တယ်။ သူ့လိုပဲ အိန္ဒိယနွယ်ဖြစ်တဲ့ သူနာပြုဆရာမတဦးရဲ့ အကူအညီနဲ့ ဆေးကုသရေးဌာန ဖွင့်လှစ်လုပ်ဆောင်ခဲ့ရတယ်။ ဒေသခံ လုပ်အားပေး ၁၄ ဦးရဲ့ အကူအညီနဲ့ လူနာများကို စောင့်ရှောက်ကုသရတယ်။ ဘူရန်နီကျွန်းက လူဦးရေ ၁၅၀၀ အပြင် အနီးအပါး ကျွန်းများက လူနာတွေ နေ့စဉ် ရာနဲ့ချီ ရောက်ရှိလာကြတယ်။ ဘူရန်နီရှိ အိမ်တိုင်းမှာ လူပေါင်း လေးငါးဆယ်လောက် စုဝေးနေထိုင်ကြရတယ်။ တချို့ အိမ်ဆိုရင် လူပေါင်း ၉၀၊ ၁၀၀ လောက် နေကြရတယ်။ ဆူနာမီ ရေလှိုင်းကြီးထဲမှာ လူပေါင်း ၁၇ ဦး မျောပါ သေဆုံးခဲ့ရတဲ့ Vilufushi ကျွန်းကဆိုရင် တကျွန်းလုံးကို လာရောက် နေထိုင်ကြတယ်။
ကမ္ဘာတခုလုံးရှိ စေတနာရှင်တွေထံက နေ့စဉ်ရောက်ရှိလာကြတဲ့ ဆေးပစ္စည်းကရိယာတွေဟာ ဆေးခန်း လေးထဲမှာ အပြွတ်အသိပ် ညပ်နေတယ်။ တဦးတည်းသော ဆရာဝန်နဲ့ လုပ်အားပေး ၂၀ ယောက်လည်း လက်မလည်အောင် အလုပ် ရှုပ်နေကြတယ်။ လူနာတဦးရောက်ရှိလာတာနဲ့ ပြင်ပလုပ်အားပေးများက မှတ်ပုံတင်ပြီး သူနာပြုထံ ပို့ရတယ်။ သူနာပြုဆီရောက်တော့ တခါထပ် မှတ်ပုံတင်ပြီး ဆရာဝန်ဆီ ပို့ရတယ်။ ဆရာဝန်ကလည်း စမ်းသပ်စစ်ဆေးပြီး ရောဂါကို မှတ်တမ်းတင် ရေးရတယ်။ လိုအပ်တဲ့ ဆေးဝါးများကို ရေးပြီး စာရင်းမှတ်ရတယ်။ ဆရာဝန်ရေးပေးလိုက်တဲ့ ဆေးစာအတိုင်း သူနာပြုဆရာမက ဆေးထုတ်ပေးပြီး စာရင်းစာအုပ်မှာ မှတ်သားရပြန်တယ်။ နောက်တခြား လုပ်အားပေးတွေက ဆေးဝင်ဆေးထွက်စာရင်း စာအုပ်မှာ ရေးသွင်း မှတ်သားရပြန်တယ်။ ဒါက ဆရာဝန် ဆရာမများအတွက် ပထမဆုံး စိတ်ညစ်စရာ ဒုက္ခ။
နောက်ဒုက္ခက လိုအပ်တဲ့ ဆေးဝါးကရိယာတွေ မရှိတဲ့ ကိစ္စ။ ဆေးခန်းတခုလုံး ခြေချစရာမရှိအောင် ပြည့်နှက်စုပုံနေတဲ့ ဆေးသေတ္တာတွေ အများစုဟာ ဖွင့်တောင် မဖွင့်ကြရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားဘာသာ စကားမျိုးစုံနဲ့ ရေးသားထားတာတွေဆိုတော့ ဘာဆေးတွေမှန်း ဘယ်သူမှ မသိနိုင်ကြဘူး။ ဒီတော့ ဒီဆေးသေတ္တာတွေဟာ အသုံးမ၀င်တဲ့ ကတ်ပုံးတွေပဲ ဖြစ်နေတော့တယ်။
နောက်ပီး တချို့က မလိုအပ်တဲ့ စတီးရောင် တပြောင်ပြောင်နဲ့ စက်ကရိယာတွေ၊ သွေးချို ဆီးချိုတိုင်းတဲ့ စက်ကြီးတွေ မျိုးပေါ့။ လောလောဆယ် လိုအပ်တာက ပဋိဇီဝဆေးတွေ၊ ၀မ်းရောဂါကာကွယ်ဆေးတွေ၊ ထိခိုက်ကျိုးပဲ့ ဒဏ်ရာမျိုးစုံအတွက် လိုအပ်တဲ့ဆေးတွေ၊ ကလေးသူငယ်တွေအတွက် နို့မှုန့်နဲ့ လူကြီးများအတွက် အဟာရဖြစ်စေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ဖြစ်ကြတယ်။
တရက်မှာ အနီးအနားကျွန်း တကျွန်းက ကျန်းမာရေးလုပ်သားများက လူနာ ၁၅၀ လောက်ခေါ်ပြီး ရောက်လာတယ်။ အားလုံး ဆီးချို ဝေဒနာရှင်တွေ၊ တချို့ဆို ရောဂါဖြစ်တာ ၁၀ နှစ် ၁၅ နှစ် ကြာပြီဖြစ်လို့ မျက်စိတောင် ကွယ်နေကြပြီ။ ဒါမျိုးတွေက နောက်မှ ကုသ စောင့်ရှောက်ရမှာ မျိုးတွေ၊ ဒါပေမယ့် လူနာတွေ စိတ်ချမ်းသာအောင် စက်သစ်ကြီးတွေနဲ့ ဆီးချို သွေးချိုတိုင်းပြီး လေးငါးရက်စာ ဆေးဝါးတွေ ပေးလိုက်ရတယ်။ ဒီလောက်နဲ့ ဘာမှ မထူးပါဘူးဆိုတာ ဆရာဝန်အနေနဲ့ သိပေမယ့် လူနာတွေ စိတ်ချမ်းသာ သွားတာမြင်ရရင် ဆရာဝန်လဲ စိတ်ချမ်းသာတာပဲဆိုပြီး လုပ်ပေးလိုက်ရတာလို့ ဒေါက်တာသီရိဝတ္တ၀က ရေးသားထားပါတယ်။
ဆေးခန်းထဲမှာ ဆေးသေတ္တာတွေ အစုလိုက် အပြုံလိုက်ကြီး ပြည့်နှက်နေတယ်။ လူနာတွေမှာလည်း ရောဂါဘယမျိုးစုံ ကပ်ညိနေတယ်။ ကုသပေးမယ့် ဆရာဝန်နဲ့ ဆရာမလည်း အသင့်ရှိနေတယ်။ ဒါပေမယ့် ရောက်လာတဲ့ လူနာအတွက် လိုအပ်နေတဲ့ ဆေးဝါးပေးလိုက်နိုင်တယ် ဆိုတာမျိုးကျတော့ ရှားပါးဖြစ်ရပ်မျိုး ဖြစ်လို့နေတော့တယ်လို့လည်း သူက ဆိုထားပါတယ်။
နောက်ဆုံးကျတော့ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ အလိုအလျောက် ရောဂါပျေက်ကင်းစေနိုင်တဲ့ သဘာဝစွမ်းအားကြီးတခု အံ့သြဘွယ်ရာ ရှိနေပါလားဆိုတာ ကျွန်မ သိရှိမှတ်သားလိုက်ရပါတော့တယ်လို့လည်း သူက နိဂုံးချုပ် ဆက်လက်ရေးသားထားပါသေးတယ်။
အိန္ဒိယနွယ်ဖွား ဆရာဝန်မလေးရေးတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့ ဟုတ်ပါပေ့။ မှန်ပါပေ့လို့ နှုတ်ကထွက်ပြီး ပြောမိတဲ့အထိ သဘောကျ နှစ်ခြိုက်မိပါတယ်။ ကမ္ဘာကြီး တခုလုံးမှာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ ထောင်သောင်းမက ရှိနေကြပါတယ်။ အရေးပေါ်လာတဲ့အခါမျိုးမှာ နိုင်ငံအစိုးရများ၊ စေတနာရှင် အဖွဲ့အစည်းများက ထည့်ဝင်လှူဒါန်းကြတဲ့ ငွေကြေးရန်ပုံငွေ ဆိုတာလည်း အံ့မခန်းအောင်ကို ရရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခါမျိုးမှာမဆို ဒေါက်တာသိရိဝတ္တ၀ရဲ့ ဆောင်းပါးထဲက ရေးသားချက်အတိုင်း တကယ်လိုအပ်တဲ့ လူတွေအတွက် တကယ်လိုအပ်တဲ့ အကူအညီရမှုဆိုတာမျိုး ရှာပါးလှပါတယ်။ အများစုကတော့ မီးခတ်ကျောက်သုံးပြီး မီးမွှေးနေရသေးတဲ့ ကမ္ဘာဦးလူသား သာသာအဆင့်ရှိ ကျေးရွာတွေကို ဂက်စ်မီးဖိုတွေ လိုက်ဝေပေးနေသလို ဖြစ်နေတာမျိုးတွေချည်း ဖြစ်နေပါတယ်။
ဒီလို ပြသနာမျိုးတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ ဆွေးနွေးပွဲကြီးမျိုးတွေကို ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးကြီးက ဦးဆောင်ပြီး မကြာခဏ ကျင်းပပေးသင့်ပါတယ်။ ဒီပြသနာရဲ့ အဖြေကို မရှာနိုင်သရွေ့တော့ နိုင်ငံတကာ ကူညီထောက်ပံ့မှုဆိုတာတွေက အဟောသိကံ ဖြစ်နေကြဦးမှာသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
လူထုစိန်ဝင်း

0 ချီလီနိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိတဲ့ ငလျင်

0 နိုင်ငံပိုင်ပစ္စည်းများကို ပုဂ္ဂလိကကို လေလံတင်ရောင်းချ

ပုဂ္ဂလိကသို့ရောင်းချထားသည့် ကိုလိုနီခေတ်အဆောက်အဦး (မဟာဗန္ဒုလမ်းနှင့် ဘားလမ်းထောင့်)

အံ့ဘုန်းမြတ် (dvb)

နအဖစစ်အစိုးရက နိုင်ငံပိုင်အဆောက်အဉီး ၇၀ ရာခိုင် နှုန်း ကျော်ကို ရောင်းချ ပြီးသွားပါပြီ။ ဒီလိုရောင်းတဲ့နေရာမှာလည်း နအဖအစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေရဲ့လက်ထဲကိုပဲ ရောက်သွားတာပါ။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံပိုင်တွေဖြစ်တဲ့ တနည်းအားဖြင့် မြန်မာပြည် သူ အားလုံးပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ၊ အဆောက်အဉီးတွေ၊ ဂိုဒေါင်၊ မြေ၊ အိုးအိမ် တိုက်ခန်းတွေ သာမက ပင်လယ်ကူး သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတွေ အပါအဝင် စုစုပေါင်း ၁၁၅ ခုကို လေလံတင် ရောင်းချနေတာပါ။အဲဒါတွေထဲက ၇၀ ရာခိုင်နှုန်းကျော်ကို အစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ် တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုမ္ပဏီတွေက ရရှိ ပိုင်ဆိုင်ထားကြပြီ ဖြစ်ပါတယ်။

အတည်ပြုလို့ မရတဲ့သတင်းတွေအရ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက သမိုင်းဝင် ဝန်ကြီးများရုံးအပါအဝင် အထင်ကရ အဆောက်အဉီး တချို့ကိုလည်း ပြည်ပကုမ္ပဏီတွေကို ရောင်းချပြီး ဖြစ်ပါတယ်။ ဒီလိုရောင်း ချပြီးကာမှ ကျန်ရစ်တဲ့ အကျိုးအမြတ် သိပ်မရှိနိုင်တဲ့ နေရာမျိုး တွေကိုပဲ သာမန် စီးပွားရေး လုပ်ငန်းရှင်တွေက ချဉ်းကပ်နိုင်ကြတဲ့ အနေအထားမျိုး ပါလို့ ရန်ကုန်က စီးပွားရေးလုပ်ငန်း ရှင်တဉီးက ပြောပြပါတယ်။

“သူတို့လေလံပြစ်တဲ့ စာရင်းထဲမှာကို ပလပ်ထားတာခင်ဗျ။ လူကြီးတွေ ကြိုက်တယ် ဆိုရင်၊ ဆွဲရင် ဆွဲလို့ ရတယ်။ ဆွဲခွင့်မပေးဘူးလေ ဘာနဲ့သွားဆွဲမလဲ၊ သာမန်လုပ်ငန်းရှင် တယောက်က တိုးလို့မရဘူး၊ ကပ်လို့မရဘူး၊ တိုးလို့ရတယ် ဆိုရင် ရိုးရိုးကျဲကျဲဟာပဲ တိုးလို့ရမယ်၊ အကျိုးအမြတ် များတဲ့ဟာ၊ သူတို့စိတ်ဝင်စား တဲ့ဟာ၊ ဖော်ရိန်နာ(နိုင်ငံခြားသား)တွေ စိတ်ဝင်စားတဲ့ဟာဆို မေးလို့ မြန်းလို့ တောင် မရဘူး။”

လေလံပွဲတွေမှာ ဆွဲခွင့်ရတာမရတာကို အသာထားဉီး လေလံတင်တဲ့ လျှောက်လွှာတစောင်ကို ကျပ်နှစ်သောင်းခွဲနဲ့ ရောင်းချမှုတွေရှိ နေတယ်လို့ အဲဒီစီးပွားရေးလုပ်ငန်းရှင်းကပဲ ရှင်းပြပါတယ်။

“ဖောင်(ပုံစံ)ရောင်းတာကတော့ ကျနော်ဝယ်ဖူးတယ် ၂၅ဝ၀ဝ ကျပ်နဲ့ ထုတ်ရောင်းတယ်။ ဘယ်သူလေလံဆွဲမှာလဲ၊ ဘယ်သူ့နာမည်နဲ့လဲ၊ လေလံဆွဲမယ့် သူ ကိုယ်နှိုက် နာမည်တပ်ပေးပါ ဒီလိုလာတာ၊ ဘယ်ဟာကိုဆွဲမှာလဲ၊ ခေါင်းစဉ်က သူပစ်တဲ့ ၁၀ မျိုးထဲက နံပါတ် (၁) ကိုဆွဲချင်တာလား၊ နံပါတ် (၉) ကိုဆွဲချင်တာလား၊ နှစ်သောင်းခွဲတော့ပေး၊ ရနိုင်ခြေ၊ မရနိုင်ခြေကတော့ မရနိုင်ခြေက ပိုများတယ်။”

ဒီလို နိုင်ငံပိုင်အဆောက်အဉီးတွေ၊ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုတဲ့နေရာမှာ စစ်အာဏာပိုင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ် ချယ်လှယ် နေကြပုံကို ဝေဖန်ပိုင်းခြားပြပါတယ်။

“ဘက်ဂရောင်း (ကျောထောက်နောက်ခံ) ပေးထားရုံနဲ့ ခင်တဲ့မင်တဲ့အပြင် မဟုတ်ဘဲနဲ့ သူတို့ကိုယ်နှိုက် ပိုက်ဆံပါ ရှယ်ယာဝင်ထားတာလေ၊ ဆိုတော့ ဘာမှ ဘက်ဂရောင်းမရှိဘဲနဲ့၊ ဂေါက်သီးမရိုက်ဘဲနဲ့ ရှယ်ယာဝင်ထားတာ မပါဘဲနဲ့ကတော့ ဘာမှ လုပ်လို့မရပါဘူး၊။ အဲဒါကို အစိုးရပိုင် ကနေပြီးတော့ ပုဂ္ဂလိကပိုင် ဖြစ်သွားတယ်၊ နာမည်တပ်ထားတာကတော့ ဒီ ပုဂ္ဂလိက ပိုင်ရှင်နာမည် တပ်ထားတာပေါ့။ ဒီဇိုင်း(ပုံစံ) ကတော့ ဟို အရီးကြီးတွေ ခေတ်က အိမ်ထောင်ပြုလို့ရှိရင် ပန်းဉီးဆပ်ရတယ်ဆိုတဲ့ အနေအထား မျိုးပဲ။”

အခုလေလံပစ် ရောင်းချနေတဲ့ အထဲမှာ ၁၉၆၄ ခုနှစ် ဗိုလ်ချုပ်နေဝင်း ဉီး ဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ပြည်သူပိုင်သိမ်းခဲ့တဲ့ အ ဆောက်အဉီးတွေလည်း ပါဝင်နေပါတယ်။ နိုင်ငံပိုင်ပစ္စည်းတွေနဲ့ အဆောက်အဉီးတွေ လေလံတင်ရောင်းချရာက ရရှိ တဲ့ငွေတွေဟာ ဌာနဆိုင်ရာအလိုက် တိုင်းပြည်ဝင်ငွေမှာ ထည့်သွင်းပြီး နှစ်စဉ် အစီရင်ခံစာမှာ ပြည်သူအားလုံး သိအောင် ဖော်ပြရမှာ ဖြစ်ပေမယ့် နဝတနဲ့ နအဖ အစိုးရလက်ထက်တွေမှာ ဒီလိုအစီရင်ခံစာကို မထုတ်ပြန်တော့တာ နှစ်ပေါင်း ၂၀ နီးပါး ရှိပါပြီ။

ပုဂ္ဂလိကပိုင်လွဲပြောင်းမှုဟာ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်တဲ့ နေရာမှာ အဓိးကကျတဲ့ အပိုင်းဖြစ်တာကြောင့် စစ်အုပ်စုဟာ ဈေးကွက်စီးပွားရေး စနစ်ကို အမှန်တကယ် ဖော်ဆောင်နေသယောင် နိုင်ငံတကာက အထင်ရောက်အောင် လုပ်နေတာသာဖြစ်ပြီး နောက်လာမယ့် အရပ်သား အစိုးရလက်ထက်မှာ ဘာမှ ကျန်မနေအောင် လုပ်နေတာပါပဲလို့ တခြားစီးပွားရေးပညာရှင်တဉီးက ဝေ ဖန် သုံးသပ်ပါတယ်။

“အမှန်ကတော့ ပရိုက်ပိတ်တိုက်ဇေးရှင်း (ပုဂ္ဂလိကပိုင်ပြုရေး) ဆိုတာကတော့ ဈေးကွက် စီးပွားရေးစနစ်ကို သွားလို့ဆိုရင် ပရိုက်ပိတ် တိုက်ဇေးရှင်းနဲ့ သွားရမှာပဲလေ။ ပြည်သူပိုင်စနစ်တို့၊ ဗဟိုထိန်းချုပ်တဲ့စနစ်တို့ ဆိုတာတွေက ဈေးကွက်စီးပွားရေးစနစ် မဟုတ်ဘူးလေ၊ ဒါဟာ ဈေးကွက် စီးပွားရေး စနစ်ရဲ့ လုပ်ရမယ့် လုပ် ငန်းစဉ်တွေပေါ့၊ အခုကျတော့ အဲဒီအသွင်သဏ္ဌာန် ဖြစ်အောင်တော့ သူတို့ ဆောင် လိုက်တာပေါ့။ နိုင်ငံတကာက မသိတဲ့သူတွေကတော ဒါ ဗမာအစိုးရက ပရိုက်ဗိတ်တိုက်ဇေးရှင်း လုပ်လိုက်တာပဲ ဒါ ပုဂ္ဂလိကပိုင်းကို ပြောင်းပေးလိုက်တာပဲ ဆိုပြီးတော့ မြင်လို့ရတာပေါ့။ ပြည်သူပိုင်ဆိုတာကမှ ပြည်သူတရပ်လုံးက ပိုင်သေးတယ်၊ အခု သူတို့ရဲ့ အဆွယ်အပွား ကုမ္ပဏီတွေ လက်ထဲထည့်လိုက်တော့ သူတို့လက်ထဲ ရောက်သွား တဲ့ သဘောပေါ့၊ အဲဒီလို သဘောပါပဲ။ နောက်အစိုးရအတွက် လုပ်စရာ အခွင့်အလမ်း မကျန်တော့ဘဲနဲ့ အခုကတည်းက ရှင်းစရာရှိတာ အပြတ်ရှင်းထားတဲ့ သဘော။”

မြန်မာပြည်တွင်းက အခြားစီးပွားရေး ပါရဂူတဉီးကတော့ စစ်အစိုးရအနေနဲ့ ပုဂ္ဂလိကပိုင် လွှဲပြောင်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ကောင်းပြီး အဲဒီလိုလုပ်တဲ့နေရာမှာလည်း တပြေးညီတသမတ်တည်း ရှိသင့်သလို ယုံကြည် စိတ်ချရတဲ့ အခြေအနေလည်း ရှိဖို့လိုတယ်လို့ ပြောပါတယ်။ လူတစုက လက်ဝါးကြီးအုပ်တဲ့ပုံစံမျိုး မဖြစ်သင့်ဘဲ စီးပွားရေး လုပ်ငန်းရှင်ငယ်တွေပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ပြီး ပြည်သူအားလုံး အကျိုးရှိအောင် ဆောင်ရွက်သင့်ပါတယ်လို့ ဝေဖန်ကြပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.