Saturday, April 28, 2012

0 ဗိုလ်နှုတ်ခမ်းမွှေး၏ဒေသအား နိုင်ငံတကာမူးယစ်တပ်ဖွဲ့များ လာရောက်စစ်ဆေးရန် ဖိတ်ခေါ်

ထိုင်းနိုင်ငံမှ အလိုရှိဆုံးဖြစ်သည့် မူးယစ်ရာဇာ ၂၅ဦးတွင် ကလိုထူးဘောတပ်ဖွဲ့၏ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအား ထည့် သွင်းထားခြင်းသည် အကြောင်းပြချက်မခိုင်လုံသည့် ဖြစ်စဉ်ဖြစ်သောကြောင့် နိုင်ငံတကာ မူးယစ်တပ်ဖွဲ့များအနေဖြင့် မိမိတို့ဒေသကို လာရောက်စစ်ဆေးရန် ဖိတ်ခေါ်ပါကြောင်းဧပြီ ၂၇ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၏စွပ်စွဲချက်များသည် မှားယွင်းနေခြင်းကြောင့် ကာယကံ ရှင်နှင့် ယင်း၏တပ်ဖွဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ရုံသာမက ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကိုပါ ကျဆင်းစေခဲ့သည့်အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အရေးယူ ဖြေရှင်းရ မည် ဖြစ်ကြောင်းပါရှိသည်။

ယင်းကြောင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)နှင့် နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ သည် ယင်းတို့၏ ဒေသသို့ လာရောက်လေ့လာ ကြည့်ရှုစေလိုပါကြောင်း ပါရှိသည်။

ထိုင်းအစိုးရအနေဖြင့်အလိုရှိဆုံးသောမှုးယစ်ရာဇာ၂၅ဦးစာရင်းကို ဧပြီ၂၀ရက်က ထုတ်ပြန်ခဲ့ပြီး ရွှေတြိဂံနယ်စပ် တွင် လှုပ်ရှားနေသည့် နော်ခမ်းနှင့် ကရင်ပြည်နယ်ရှိ ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) နှုတ်ခမ်းမွှေးနှင့် ယင်ဆေးဆိုသူတို့ ပါဝင်ခဲ့ပြီး နော်ခမ်းကို ဧပြီ ၂၆ ရက်မနက်တွင် တာချီလိတ် ဒေသမှာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

KP



Yangon Chronicle

0 ရွှေနံသာလယ်သမားများအရေး ဘယ်သူတွေ ၀င်ရှင်းပေးမလဲ?

ရွှေနံသာကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေထဲမှာ ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးနေတာတွေ နဲ့ပတ်သက်ပြီး ၂၇.၂.၂၀၁၂ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း စပါးစိုက်ချိန်မှာ လယ်ကန် သင်းတွေ ဖျက်စီးခံရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ယခုအခါမှာလည်း ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးလို့ လယ်ကန်သင်းတွေ မရှိသလောက် ဖြစ်နေပြီဆိုတဲ့အကြောင်း သက်သေသက်ကာယအနေနဲ့ လိုက်လံပြသရာ မှာ ဇေကမ္ဘာကုမ္ပဏီပိုင် ဘူဒိုဇာနှစ်စီးဟာ အပြိုင်အဆိုင် လယ်ကန်သင်းများကို ဖြိုဖျက်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

လယ်သမားကြီး ဦးလန်ချားရဲ့ လယ်ယာမြေထဲမှာ ဘူဒိုဇာတစ်စီး ဖုန်တထောင်းထောင်းနဲ့ လယ်ကန်သင်းတွေ ကိုဖြိုဖျက်စီးနေတာကို မြင်တဲ့အတွက် လယ်သမားတွေနဲ့ အတူ လိုက်သွားစဉ်မှာ လုပ်ငန်းလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ တခြားတစ်ဖက်ကို လှမ်းကြည့်တဲ့အခါမှာတော့ ဘူဒိုဇာတစ်စီးဟာ ဦးချစ်ဝင်းစိန်ရဲ့ လယ်ယာမြေအတွင်းမှာ လယ်ကန်သင်းရိုးတွေကို ဖျက်စီးနေတာ မြင်တွေ့ရလို့ ကားနဲ့ထပ်မံသွားရောက် ရာမှာလည်း လုပ်ငန်းလုပ်ဆောင်မှုကို ရပ်နားလိုက်ပြန်ပါတယ်။

လယ်သမားကြီး ဦးကျော်စိန် ပြောပြတာကတော့`ဒါက ဦးချစ်ဝင်းစိန်လယ်တွေ။ လယ်တွေက ဘောလုံးကွင်း လိုဖြစ်နေပြီ။ လယ်သမားတွေက ဘယ်လိုဆက်လုပ်ကြမလဲ။ ဇေကမ္ဘာကလယ်သမားကို ဒုက္ခပေးနေတာ။ အခုထိုးနေတာက ဦးချစ်ဝင်းစိန်လယ်အားလုံး။ မနှစ်ကလည်း တစ်ခါထိုးဖျက်လိုက်ပြီးပြီ။ ဒီနှစ်တစ်ခါ ပြန်ဖျက် နေပြန်တာ။ လယ်သမားတွေက ကိုယ့်စရိတ်နဲ့ကို ပြန်ပြင်ထားတာ။ ဟိုမှာလည်း ခုနထိုးနေတယ်။ ဒီမှာလည်း ထိုးနေတယ်။ အခုပဲစက်လိုက်တာ မြင်လား။ ဒီကားလာတာတွေ့လို့ သူတို့ရပ်လိုက်တာ´လို့ပြောပါတယ်။

လိုက်ပါလာသူ တစ်ဦးရှင်းပြတာကတော့ `ကျွန်တော်တို့နောက်ကိုလိုက်လာတဲ့ SB၊ စအဖ တွေကသွားရပ်ခိုင်း လိုက်လို့ ရပ်သွားတာ။ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုကို အကူအညီပေးရင်းနဲ့လာတာ။ လာတဲ့နေရာမှာ SB တွေ စအဖတွေ ဆိုင်ကယ်နဲ့လိုက်လာတယ်။ လိုက်လာပြီးတော့ ဒီလယ်ကွင်းထဲမှာဒီစက်တွေကို သူတို့မောင်း နေတယ်။ မောင်းနေတာကို ကျွန်တော်တို့ကို ကျော်လာပြီး သွားရပ်ခိုင်းလိုက်တဲ့အတွက် ဒီဘက်ကိုလာတဲ့ အချိန်မှာဒီစက်က ရပ်သွားတယ်။ ဟိုဘက်ကိုသွားတဲ့အချိန်မှာ ဟိုဘက်က ရပ်သွားတယ်။´ လို့ပြောပြပါတယ်။

ဦးလန်ချားရဲ့ လယ်တွေဘက်ကို ဆိုင်ကယ်နဲ့ ထပ်မံသွားရောက်ရာမှာတော့ တစ်ဖက်က စကားပြောစက်နဲ့ လှမ်း ပြောပေးနေတဲ့အတွက် ရောက်သွားချိန်မှာပဲ စက်ကို နားခိုတဲနားပြန်ကပ်ပြီး ရပ်ထားလိုက်တာကို မြင်တွေ့လိုက်ရပြန်ပါတယ်။ လယ်ရှင်ဖြစ်တဲ့ ဦးလန်ချားရဲ့ ခံစားချက်ကို မေးမြန်းကြည့်ရာမှာတော့ `နိုင်ငံ တော်က စိုက်ပျိုးရေးကိုအခြေခံ၍ ဆိုတာကိုနေ့တိုင်းကြေညာတယ်။ ကျွန်တော်တို့လယ်သမားတွေ စိုက်ပျိုးရေး လုပ်နေတာ။ သူတို့ကဘာမှ ဖြေရှင်းမပေးနိုင်ဘူး။ ဟုတ်ပလား။´လို့ပြောပါတယ်။ ဦးလေးတေို့ နောက်ဆုံး အဆင့် ဘယ်လိုဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားသလဲလို့ မေးမြန်းရာမှာတော့`ဒီနေ့ပါဆို (၂၇.၄.၂၀၁၂) လေးရက်ရှိပြီ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူးလေ။ ဘယ်သူမှ ဖြေရှင်း မပေးဘူးဆိုရင်တော့ လူစုပြီးရိုက်ကြဖို့ပဲရှိတော့တယ်။ လယ်မလုပ်ရ၊ ထမင်းငတ်မယ့်အတူတူတော့ ရိုက်ကြ မယ်ပေါ့´လို့ မွန်သံဝဲ၀ဲနဲ့ ပြောပါတယ်။

လယ်သမားတွေကတော့ လယ်တွေထဲမှာ မြေသြဇာအဖြစ် နွားခြေးခြောက်တွေ ချထားတာကိုလည်း တွေ့ရ ပါတယ်။ တင်ပြချထားတွေကို အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်လည်း ဒီအထိကြာနေစရာ မလိုဘူး။ ပထမ ပြောထားတာ နိုင်ငံတော်က သိမ်းမယ်ဆိုတာ ဦးလေးတို့ဘာမှ ပြောစရာမရှိဘူး။ လယ်သမားတွေကို ခြိမ်းခြောက်ပြီးတော့ အတင်းအဓမ္မ လက်ဝါးကြီးအုပ်ကြီးဆိုးတာကို လယ်သမားတွေ ခံနေရတယ်။ အခုတော့ လွှတ်တော်မှာလည်း ပြောနေတာပဲ။ ငွေများတရားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးဆိုတာကို လွှတ်တော်မှာလည်း ပြောနေတာပဲ´လို့ လယ်သမားတွေက ရင်နာနာနဲ့ ပြောဆိုလာပါတယ်။

နောင်တော်လေး

0 အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ

အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ

သင်္ကြန်ဆိုသည်နှင့် သံချပ်ဆိုသည် ခွဲလို့ရသည့်အရာမဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေးနားဆင်ခဲ့ရသည့် သင်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့ သည့်အတွက် အသက် (၂၀) ဝန်းကျင် လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေလည်လည်သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့်အရာပင်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်)သင်္ကြန်တွင်တော့ တစ်ခေတ်တစ်ခါကထင်ရှားသော သံချပ်အဖွဲ့များပါဝင်သလို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဟိုယခင်က နာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့”နှင့်ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပွဲဦးထွက်စတင်ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက် လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

(၈၈) မျိုးဆက်ကျောင်းသားများထိုးသည့် သံချပ်များသည် အကျဉ်းထောင်ထဲ၌ ရေးစပ်ခဲ့သည့် သီချင်းများနှင့်အတူ ပြည်သူလူထုတို့၏ အသံများအား ကိုယ်စားပြုသည့် သံချပ်များရေးဖွဲ့ခဲ့သလို ဂီတစာဆို ဂန္တဝင်မောင်ဝိုင်း၏ သားဖြစ်သူ ဒီဥက္ကာမှလည်း နိုင်ငံအတွင်း အခြေအနေအချို့အား ထည့်သွင်း ရေးစပ်ကာ “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့”တို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ ကြပြီး မထင်မှတ်ဘဲ ဖျော်ဖြေရေးမှ ရရှိခဲ့ကြသည့် အလှူငွေများအား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယနေ့ ၂၇.၄.၂၀၁၂ ညနေ (၅း၀၀) နာရီအချိန် ရုံးဆင်းချိန်၌ိုင်းမဆင့် ဘုံမဆင့်ဖြင့် (၈၈) ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့ လာရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် (၈၈) ကျောင်းခေါင်းဆောင် ကိုမင်းကိုနိုင်မှ အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ခြင်း၊ “မောင်မောင်ဆို လေ ထီးရိုးရှည်”အဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ ရွှေညဝါကျောင်းတိုက်(မှော်ဘီ)၌ သင်္ကန်းစီး၍ သီတင်းသုံးနေကြသော (၈၈) ကျောင်းသားအဖွဲ့ သံဃာတော်များကပါ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အလှူငွေ တစ်သိန်းခွဲနှင့် သုခရိပ်မြုံ HIV မိဘမဲ့ကလေးဂေဟာသို့လည်း အလှူငွေ တစ်သိန်းခွဲ အသီးသီး လှူဒါန်းခဲ့ကြသည်။ (၈၈) ကျောင်းသားသံဃာတော်များသည် ပူပြင်းလှသော ရာသီဥတု၏ အောက်ဝယ် ဖိနပ်မပါ ထီးမပါဘဲ ဆွမ်းခံကြွစဉ်က ပြည်သူလူထုမှ လှူဒါန်းမှုပြုကြသော ဝတ္ထုငွေများကို ယခုကဲ့သို့ သာသနာပြုရင်း အလှူဒါနပြုခဲ့ခြင်းဖြစ်သည်။ ထို့အတူ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးစီးသော သင်္ကြန်သံချပ်အဖွဲ့သည်လည်း နွေရာသီ၏ ပူပြင်းသောဒဏ်ကို ကြံ့ကြံ့ခကာ ပြည်သူလူထု တို့အား သံချပ်သမိုင်းကို ပြန်လည်ဖော်ထုတ်ရင်းနှင့် ရရှိခဲ့သော အလှူငွေများထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁၀) သိန်းကျပ်တိတိနှင့် “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့အား (၁၀) သိန်းကျပ် တိတိ ချီးမြှင့်ဂုဏ်ပြု လှူဒါန်းခဲ့သည်။

ထိုထိုသော ပေးဆပ်မှုများ၊ အနစ်နာခံမှုများဖြင့် ရရှိလာသော သန့်စင်မွန်မြတ်လှသည့် ငွေကြေး များကို ယခုကဲ့သို့ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ကူညီပံ့ပိုးပေးနေသော ကျွန်တော် တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခြင်းသည် မြင့်မြတ်လှသော ကောင်းမှုအလှူပွဲတော်ကြီးပင် ဖြစ်တော့သည်။

ကိုကျော်သူ

2 ပါတီဖျက်သိမ်းခံရမည်ဟု ကော်မရှင်မှသတိပေး


''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများ နှင့် ပါတီအား လိုလားထောက်ခံသူများ အား သဘောထားမှတ်ချက်တောင်းခံခြင်း

(၁) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြားစာတစ်စောင် ၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။

(၂) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေ ချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိပေးညွှန်ကြားခြင်း " ဟု ခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ ရက်စွဲပါစာအမှတ် ၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။

(၃) စာပါအကြောင်းအရာအပြည့်အစုံမှာ -

(က) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက န/သ - ၀၆၈ ဖြင့် ၃၀-၆-၂၀၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံသာလယ်သမားများပြဿနာခေါင်းစဉ်ဖြင့် ဖြန့်ဝေခဲ့သောစာစောင်သည် ပြန်ကြားရေး ၀န်ကြီးဌာနကထုတ်ဝေထားသည့် ညွှန်ကြားချက်(၄၂)ပါ စည်းကမ်းချက်များနှင့်ငြိစွန်းသဖြင့် ပါတီစာစောင် ထုတ်ဝေသူ ဦးတင်မောင်အေးနှင့် ပါတီဥက္ကဌ ဦးနေမျိုးဝေတို့ကို ၈-၇-၂၀၁၁ ရက်နေ့တွင် စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနသို့ခေါ်ယူ၍ ညွှန်ကြားချက်(၄၂)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့ပါကြောင်း ရည်ညွှန်းစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အသိပေးတင်ပြ လာပါသည် ။

(ခ) ထပ်မံ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ၂၇-၃-၂၀၁၂ ရက်နေ့တွင်ထုတ်ဝေသောစာစဉ်(၁၅) တွင် သက်ဆိုင်ရာပါတီ၏ မူဝါဒ ၊ သဘောထား ၊ မဲဆွယ်စည်းရုံးညခင်းဆိုင်ရာ အကြောင်းအချက်များ မဟုတ် သည့် ပါတီနိုင်ငံရေးနှင့် မသက်ဆိုင်သော ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ ခေါင်းစဉ်ဖြင့် ထားဝယ် အထူးစီးပွါးရေးဇုန်တည်ဆောက်မှုတွင် မြေယာအရောင်းအ၀ယ်သမားများ၏ အရှုပ်တော်ပုံများ၊ မြေသိမ်း လျော်ကြေးပေးခြင်းအပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ မမှန်မကန် ဆောင်ရွက်နေမှုများ ၊ ထားဝယ်ဒေသခံများ၏ ထုတ်ဖော်ပြောကြားချက်များကို စုစည်းဖော်ပြထားခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်(၄၂)ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၈-၇-၂၀၁၂ ရက်နေ့တွင် ပါတီစာစောင်ထုတ် ဝေသူဦးတင်မောင်အေးအား၊ စာပေစိစစ်နှင့်မျတ်ပုံတင်ဌာနသို့ ခေါ်ယူ၍ နောက်ဆုံးအကြိမ် ၀န်ခံကတိ လက်မှတ် ရေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ရကြောင်း ရည်ညွှန်းစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့အသိပေးတင်ပြလာပါသည် ။

(ဂ) နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့် ရှောက်ရေး တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေးနှင့် လူမျိုးရေးသို့မဟုတ်ဘာသာရေး သို့မဟုတ်လူတစ်ဦးချင်းသို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေးတို့ကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီးဖြစ်ပါသည် ။

(ဃ) ထို့အပြင် ယင်းဥပဒေပုဒ်မ ၂၄ အရ ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရမည်ဖြစ်ပြီး နည်းဥပဒေ ၁၅(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိလျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်းပြဌာန်းထားပါသည် ။

(င) သို့ဖြစ်ပါ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ထုတ်ဝေသော ဖော်ပြပါပါတီစာစောင်များသည် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်(၄၂)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေကို ချိုးဖောက်ရာရောက်သော ရေးသားဖော်ပြချက်များပါရှိသဖြင့် နောင်အလားတူ ဥပဒေချိုး ဖောက်မှုမျိုးမဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် သတိပေးညွှန်ကြား ပါသည် ။

ဥက္ကဌ(ကိုယ်စား)

ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်

မိတ္တူကို

ပြန်ကြားရေးဝန်ကြီးဌာန

တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး

နိုင်ငံရေးပါတီများအားလုံး ----- ကို ပေးပို့ကြောင်းပါရှိပါတယ် ။

(၄) သို့ဖြစ်ပါသောကြောင့် ဤစာကိုထုတ်ပြန်၍မိတ်ဆွေများနှင့် ပါတီဝင်များအားသဘောထားမှတ်ချက် တောင်းခံရခြင်းဖြစ်ပါသည် ။ ကျွန်ုပ်တို့ပါတီအနေဖြင့် ပါတီထူထောင်စဉ်ကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့တင်ပြ၍ မှတ်ပုံတင်လျှောက်ထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ၊ သဘော တရား ၊ လုပ်ငန်းစဉ်နှင့်ဖွဲ့စည်းပုံစာအုပ် စာမျက်နှာ ၁၀ တွင် ဖော်ပြထားသော လုပ်ငန်းစဉ်များ နှင့် ကိုက်ညီစွာ လုပ်ဆောင်နေခြင်းသာဖြစ်ပါသည် ။ ပါတီ၏ လုပ်ငန်းစဉ်ထဲတွင် - -

အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စုဆောင်းရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန်္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်းလုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။

ဟု ဖော်ပြပါရှိပါသဖြင့် ကျွန်ုပ်တို့ တင်ပြရေးသားစေသာ အထက်ပါစာအုပ်နှစ်အုပ်ဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီ နှင့်ရွှေနံ့သာလယ်သမားများပြဿနာ စာအုပ်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံစာအုပ်တွင် အထက် ဖော်ပြပါ ကျွန်ုပ်တို့ ပါတီ၏ လုပ်ငန်းစဉ်များအတိုင်းသာဖြစ်ပါသည် ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျွန်ုပ်တို့ ပါတီထူထောင်စဉ်ကာလ ဤစာအုပ်နှင့် မှတ်ပုံတင်လာရောက်လျှောက်ထားစဉ်တွင် ဖတ်ရှုလေ့လာပြီး သဘောတူကြည်ဖြူသဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ပါသည် ။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပုဒ်မ (၄၂) အရ ဟု ထောက်ပြပြီး ကျွန်ုပ်တို့မှ တိတိကျကျ ထောက်ပြ သော ပြုပြင်ပြောင်းလဲဖွယ်ရာကိစ္စများကို လိုအပ်သလို ကောက်ချက်ဆွဲစေခြင်းငှာ မသင့်ဟု ထင်မြင်ယူဆပါသည် ။

ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးလုပ်သည်ဆိုရာတွင် အလုပ်နှစ်မျိုးသာရှိပါသည် ။

ပထမအလုပ်မှာ ကျွန်ုပ်တို့ မကြိုက်မနှစ်သက်သော မူဝါဒများကိုပြုပြင်ပြောင်းလဲရန်ကြိုးပမ်းလုပ်ဆောင် ခြင်း နှင့် ကျွန်ုပ်တို့ ကြိုက်နှစ်သက်သော မူဝါဒများတည်မြဲရန် ကြိုးပမ်းခြင်းဖြစ်ပြီး

ဒုတိယအလုပ်မှာ အစိုးရ၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဟူသော ယန္တယားများ တိမ်းစောင်းမှားယွင်း ပါက ပြုပြင်ထောက်ပြရန်သာဖြစ်ပါသည် ။ ထိုသို့ထောက်ပြရန်အတွက် ဦးဖြူမှားနေပါက ဦးဖြူမှားနေ ပါသည် ဟုထောက်ပြခြင်း ၊ ဦးမဲ လာဘ်စားပါက ဦးမဲလာဘ်စားနေပါသည်ဟု ထောက်ပြခြင်းသည် နိုင်ငံကို တည်ဆောက် ပြုပြင်နေခြင်းသာဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည် ။

သို့သော် ကျွန်ုပ်တို့သည်လည်း လူသားများသာ ဖြစ်သဖြင့် အဂတိတရားလိုက်စားနိုင်ပါသည် ။ ထို့ကြောင့် ကျွန်ုပ်တို့ လွဲမှားဖော်ပြခြင်းအတွက်သာ အပြစ်ဒဏ်ခံရမည်မှာ ထိုက်တန်ပြီး ကမန်ုပ်တို့မှ မှန်ကန်တိကျစွာထောက်ပြနေခြင်းကို အပြစ်ပေးနိုင်သော ဥပဒေပုဒ်မများဖြစ်ပါက လုံးဝ မလိုလားအပ်သော ဥပဒေများသာဖြစ်ပါသည် ။ သို့ပါသောကြောင့် ကျွန်ုပ်တို့ရေးသားသော ကိစ္စများ၏ မှန်ကန်မှုကို တာဝန်ယူပါ သည် ။ မှားယွင်းပါက ပြစ်ဒဏ်ပေးပါ ။ လိုအပ်သော ပြန်ကြားရေးဆိုင်ရာ ဥပဒေများပြုပြင်ပြောင်းလဲပါဟု အကြံပြုလိုပါသည် ။

(၅) မိတ်ဆွေများ ညီနောင်ပါတီများ နှင့် ပါတီဝင်များခင်ဗျား ဤကိစ္စနှင့်ပတ်သက်သော သဘောထား အမြင်များကို အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလိပ်စာများ သို့ အကြောင်းပြန်ကြားပေးစေလိုပါသည် ။

နေမျိုးဝေ ဖုန်း 098610719 , naymyowai@gmail.com

အောက်တွင် ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာနိုင်ရန်တင်ပြပါသည် ။


(ဂ) လုပ်ငန်းစဉ်

ကျွန်ုပ်တို့ပါတီသည် မတူကွဲပြားခွင့်ရှိခြင်းကိုတန်ဖိုးထားလေးစားသည်နှင့်အညီ ပါတီတွင်းစည်းမျဉ်း စည်းကမ်းများတွင် တမူထူးခြားစွာ ပါဝင်မည့် ကိစ်္စရပ်မှာ အခြားပါတီ များနှင့်ဆက်ဆံရေးပင်ဖြစ်ပေသည် ။

ပါတီဝင်တိုင်းသည် အခြားပါတီများမှ ပါတီဝင်များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေး နိုင်ခွင့်ကိုအထူး အားပေး သွားမည် ။ ပါတီစည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ တည်ငြိမ် အေးချမ်းစွာ ရှင်းလင်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး အခြားနိုင်ငံရေးအင်အားစုများအားလုံးအပေါ်ပြိုင်ဘက်ဟူသော သဘော ထားမျိုး မရှိခြင်းသည် ကျွန်ုပ်တို့ ပါတီလုပ်ငန်းစဉ်များအားလုံး၏ အခြေခံစည်းမျဉ်းဖြစ်ပေသည်။

ကျွန်ုပ်တို့သည် အသစ်ပေါ်ထွန်းလာသော ပါတီဖြစ်သည်သည်နှင့်အညီ ၂၀၁၀ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်အရွေး ချယ်ခံနိုင်ရေး ဟူသော ကိစ်္စ နှင့် ပါတီဝင်ဦးရေသတ်မှတ်ချက်ပြည့်မီရေးဟူသောကိစ်္စသည် လုပ်ငန်းစဉ် တစ်ခုအဖြစ် ပါဝင်သော်လည်း ကျွန်ုပ်တို့၏ အရေးကြီးဆုံးအမြဲတမ်းလုပ်ငန်းတစ်ခုမဟုတ်ပေ ။

(ပါတီဝင်ဦးရေကိုလည်း ကျွန်ုပ်တို့ပါတီသည် နိုင်ငံရေးနယ်တွင် ခြေချနိုင်ယုံ နှင့် နိုင်ငံနယ် နမိတ်တစ်နံတစ်လျားတွင် ကွန်ယက်သဖွယ်ချိတ်ဆက်နိုင်ယုံပမာဏကိုသာ အများဆုံး အနေဖြင့် စုဆောင်း မည်ဖြစ်ပေသည် ။

နိုင်ငံရေးပါတီဝင်များ အလွန်အမင်း ဖောင်းပွပါဝင်နေခြင်းကို ကျွန်ုပ်တို့မလိုလား ပေ ။ နိုင်ငံရေး အခြေအနေကို သိရှိခံစား နားလည်နိုင်သောရေချိန်ရှိသူ များပြားလာစေ ရမည်ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်သာ နိုင်ငံသားတို့၏ ဘ၀ကို မြုပ်နှံစေ လိုသည်မှာ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်ပေသည် ။

နိုင်ငံရေးနိုးကြားလျှက် ကုန်ထုတ်လုပ်ငန်းထဲတွင် ရှိနေစေလိုခြင်းဖြစ်ပါသည် ။ ကုန်ထုတ်လုပ်ငန်း အတွင်းရှိနေသောနိုင်ငံသားများနိုင်ငံရေးအခြေအနေကို လွယ်ကူစွာ အစဉ်သတိပြုမိ နားလည်သုံးသပ်နိုင် စေရေးကိုသာ ဦးတည်ပါသည် ။ )

အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စုဆောင်းရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန်္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်းလုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။

လက်ရှိမူဝါဒ ရေးဆွဲချမှတ်သူများဆိုရာတွင် ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ အရွေးချယ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ မည်သည့် ပါတီမှ ဖြစ်စေ၊ တစ်သီး ပုဂ်္ဂလဖြစ်စေ အရွေးချယ်ခံရသော ကိုယ်စားလှယ် လောင်းများအားလုံး၏ အချက်အလက်စုစောင်း ရှာဖွေပေးသော အဖွဲ့အစည်း တစ်ခု ဖြစ်စေရမည်မှာ ကျွန်ုပ်တို့ ရည်ရွယ်သည့် ပင်မလုပ်ငန်းစဉ်ဖြစ်ပါ သည် ။

ကျွန်ုပ်တို့ပါတီသည် လူထု အများ စီတန်းလှည့်လည်၍ ကျွေးကြော်အော်ဟစ်သည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို မယုံကြည်ပေ ။ ကျွန်ုပ်တို့သည် ပြည်သူလူထုကို စာပေ၊ သတင်းမီဒီယာမျိုးစုံတို့မှနေ၍ အသိတရားပေးခြင်း ၊ မူဝါဒချမှတ်သူများ၏ လွဲချော်မှား ယွင်းမှု ဟု ကျွန်ုပ်တို့ ထင်မြင်ပါက ကျွန်ုပ်တို့ ၏ အယူအဆထင်မြင်ချက်များကို မီဒီယာမျိုးစုံတို့မှ နှိုင်းယှဉ်တင်ပြဆွေးနွေးစေခြင်း စသော လုပ်ငန်းစဉ်များကို သာ ယုံကြည်ပေသည် ။

လတ်တလော ပေါ်ပေါက်လာသော ပြဿနာများကို ဆွေးနွေးအဖြေရှာရာ၌လည်း အစားထိုးဖြေ ရှင်းနည်းကို မဖော်ပြ နိုင်ဘဲလျှက် ကျွန်ုပ်တို့ ဝေဖန် ထောက်ပြ လိမ့်မည် မဟုတ်ပေ ။

ထို့အပြင် ကျွန်ုပ်တို့ ဝေဖန်ထောက်ပြသော အစားထိုးဖြေရှင်းနည်းများကို မဖြစ်မနေ ကျင့်သုံး ရမည်ဟု ဆိုလိုနေသည်မဟုတ်ပေ ။ တည်ဆဲ လွှတ်တော် အဖွဲ့ဝင်များ ဆွေးနွေး ညှိနှိုင်း မဲခွဲဆုံးဖြတ်မှု၏ အဖြေကိုသာ ကျွန်ုပ်တို့ ကြည်ဖြူစွာလက်ခံမည် ။

သို့သော် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များကိုကား ကျွန်ုပ်တို့မှ မီဒီယာတွင် လွတ်လပ်စွာ ဆက်လက် ဆွေးနွေးပေလိမ့်မည် ။

ဤသည်တို့မှာ ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များဖြစ်ပေသတည်း ။


နေမျိုးဝေ

ဥက္ကဌ

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

Friday, April 27, 2012

4 ၂၀၀၇-ရွှေဝါရောင်အရေးအခင်းတုန်းက သံဃာတော်တွေကို ရိုက်သတ်ဖို့အမိန့်ပေးတဲ့ စစ်ဗိုလ်က လွှတ်တော်တက်နေ(ဓာတ်ပုံ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့  ဗိုလ်မှူးစိုးသီဟကျော်နေရာမှာ အစားထိုးပေးခဲ့တဲ့ ဒု-ဗိုလ်မူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတယ်..သံဃာ့ သွေးစက်တွေ လက်မှာ မခြောက်သေးတဲ့ လူတစ်ယောက် လွှတ်တော်ထဲရောက်လာပါပြီ..

ဓာတ်ပုံ ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်..

0 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဗမာတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများအားလုံးသို.ပန်ကြားချက်

0 စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ


စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ
"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြံ...ုတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150

စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာများ အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြန်မာနိုင်ငံသို့ ၀င်ငွေခွန် ထမ်းဆောင်ရန် မလိုတောပါ။ သို့ရာတွင် အချို့သောသူများသည် ၂၀၁၁ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံဘက်တွင် အခွန်ဆောင်ထားသူများ ရှိသည်။ ထိုသူများသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ရာ၌ မည်သည့် Status ဖြင့် စကာင်္နိုင်ငံတွင် အလုပ်လုပ်သည် ဖြစ်စေ တလလျှင် စကာင်္ပူဒေါ်လ ၄၀ နှုန်းဖြင့်သာ ပြည်တွင်း အခွန်များဦးစီးဌါနမှ တရားဝင် ကောက်ခံပါသည်။

ယခု" ခြားနားခွန်" ပြသနာသည် ၂၀၁၂ ဇန်န၀ါရီလမှ စတင်၍ အခွန်ကင်းလွတ်သည်ဟု အမိန့်ထုပ်ပြန်လိုက်သော အချိန်မှ စတင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်တွင် အခွန်ထမ်းဆောင် ထားသော Work Permit ကိုင်ဆောင်သူမှ အပ ကျန်ရှိသော (S Pass/ E Pass နှင့် PR) ကိုင်ဆောင်သူ မှန်သမျှသည်အားလုံးတို့သည် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားသော ပမာနနှင့် ကွာခြားနေသောကြောင့် ထိုကွာခြားသော ပမာနကို မြန်မာသံရုံးမှ "ခြားနားခွန်" ဟု အမည်တပ်ခါ မည်သည့် အခွန်ဥပဒေ တွင်မှ မပါရှိသော နာမည်ဖြင့် ဆက်လက် ကောက်ခံလျှက်ရှိပါသည်။

မြန်မာနိုင်ငံဘက်အခြမ်းတွင် ၂၀၁၁ ဒီဇင်ဘာလ အထိ အခွန်ထမ်းဆောင်ပြီးသော S Pass ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $40/month နှင့် E Pass and PR ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $80/month နှုန်ထားဖြင့် ထပ်ဆောင်း၍ ပေးရမည်ဟု ပြောကာ သံရုံးမှ ကောက်ခံလျှက်ရှိသည်။ ထို ခြားနားခွန်ကို မဆောင်ပါက Passport စာအုပ် သက်တမ်း တိုးမပေးခြင်း၊ Passport စာအုပ် ထုပ်မပေးခြင်းတိုဖြင့် ခြိမ်းခြောက်ကာ ကောက်ခံလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူများကို မေးချင်ပါသည်။

(၁) မြန်မာနိုင်ငံတွင်၎င်း၊ စကာင်္ပူနိုင်ငံတွင်၎င်း အခွန်ဆောင်ရာ၌ အခွန်ကောက်နှုန်းထား အဘယ့်ကြောင့် တပြေးညီမဖြစ်ပဲ ကွာဟနေပါသနည်း။
(၂) မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် ပေးဆောင်ပြီးသော အခွန်သည် တရားမ၀င် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါသလား။
(၃) တရားဝင်ဟု ဆိုသော် အဘယ်ကြောင့် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ထပ်မံကောက်ခံ ပါသနည်း။
(၄) "ခြားနားခွန်" ဟူ၍ မည်သည့် အခွန်ဥပဒေတွင် ပြဒါန်းထားပါသနည်း။
(၅) လက်ရှိ စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ကောက်ခံနေသော "ခြားနားခွန်" ဆိုသည်ကို ယခင်က မရှိပဲ အခွန်ကင်းလွတ်ခွင့် ကြောငြာလိုက်သော အချိန်မှ စတင်၍ ပေါ်ပေါက်လာသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိကြပါသလား။

အထက်ပါ မေးခွန်းများကို စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ ကိုယ်စား ဖြေကြားပေးစေလိုပါသည်။

တရားမျှတပြီး တိကျမှန်ကန်သော အခွန်ဥပဒေဖြင့်သာ ကောက်ခံပါလို့ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးအား အကြံပေးရေးသားလိုက်ပါသည်။ ကလျာ ရေးသားမေးမြန်း ထားသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေလို ဖတ်စေလိုပါသည်။

ခင်ကလျာစိုး
ဧပြီ ၂၆ ၂၀၁၂

0 သမတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ချိန်က တိုကျိုရှိသတင်းမီဒီယာများနှင့် အမေးအဖြေများ

Special

0 စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတင်းအကြပ် လုပ်ခဲ့တာ လွှတ်လပ်ပြီးတရားမျှတတယ်လို့ ဦးအောင်သိန်းလင်းမှပြော


နာဂစ်မုန်တိုင်းကြောင့်လူများသိန်းသောင်းချီသေဆုံးခဲ့ရ ဒုက္ခရောက်နေရချိန်မှာချက်ချင်းဘဲ ပြည်သူ့ဆန္ဒမပါဘဲ စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတင်းအကြပ် လုပ်ခဲ့တာ လွှတ်လပ်ပြီးတရားမျှတတယ်လို့ ဦးအောင်သိန်းလင်းမှပြော

ဘီဘီစီနဲ့ အင်တာဗျူးအား ဒေါင်းမာန်ဟုန်မှကောက်နူတ်ဖော်ပြပါသည်.

1 NLD ပါတီလွှတ်တော်တက်ရောက်မည့် ကိစ္စ မကြာခင် ပြေလည်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေး သည့် ပြဿနာကို ချောမွေ့စွာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် သူမ၏ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောဆိုလိုက်သည်။

“လွှတ်တော် အခုလက်ရှိဖြစ်နေတဲ့ လွှတ်တော်မတက်တဲ့ ပြဿနာကို မကြာမီအချိန်အတွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပဲ ချောချောမွေ့မွေ့နဲ့ ကျော်လွန်သွားမှာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ကျမတို့ဟာ အရင် နှစ် ၂၀ ကျော်ကာလက လုပ်ဆောင်ခဲ့သလို လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှာမဟုတ်ပါဘူး”ဟုလည်း ၎င်းကပြောသည်။

သူမအနေဖြင့် ယင်းကိစ္စအား နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် အကျယ်မချဲ့လိုကြောင်း၊ NLD ပါတီအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အားထုတ်မှုများကို ကျေနပ်အားရသကဲ့သို့ တိုင်းပြည်၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် သမ္မတနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဧပြီလ ၁ ရက်နေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာအနိုင်ရရှိခဲ့သော်လည်း လွှတ်တော် မတက်ရောက်ခင် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသည့် စာသားအစား လေးစားလိုက်နာပါမည်ဆိုသည့် စာသားဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုထားကာ ယခုလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်သည့် လွှတ်တော် အစည်းအဝေးသို့ မတက်ရောက်သေးပေ။

ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr.Giuliomaria TERZI DI SANT’AGATA တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြကြောင်း သူမက ပြောသည်။ ။
yangon press international

Thursday, April 26, 2012

1 မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်း



မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်

ကျွန်မ စင်ကာပူနိုင်ငံ တွင် ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။

စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။

ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ် ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။



ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။

သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ် ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ် လို့ ပြောပါ တယ် ။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှ ဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင် မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိ တွေ ကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာ ပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာ အားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာ ရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်း ပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။

ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။

၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။ သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။

၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။ ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင် Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။

အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။

သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)

သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။

အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့

တောင်းပန်ခြင်းအာမခံချက်ပေးပြီး အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး

ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။) ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။

အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။ အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။ တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။

အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း အခွန်ပေးဆောင်ခြင်း ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။

ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်

အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။ ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။

နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်

အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့ ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်

မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်

သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။ ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့ သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှ မဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံ ပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။ ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။ နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်

စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။ လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။

အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်

တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး VIP Facility လုပ်ပေးရမှာ။ အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။

သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေး တတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့ နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှု ဆိုတာ ကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။


ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။

စာကြွင်း ။ ။ အွန်လိုင်းစနစ်ကိုသုံးရင် လိုက်နာရမယ့် အချက်တွေကို သံရုံးကဖော်ပြထားတာနဲ့ တွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို ပါတင်ပေးလိုက်ပါတယ်။ အွန်လိုင်းက ရတာပါ။ လိုက်နာကျင့်သုံးရမယ့် အချက်ဆိုတာ တွေဟာ တကယ်ပဲ တရားမျှတမှန်ကန်မှုရှိမရှိဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ရှင်။ ကျွန်မနားလည်သလောက် အဲ့ဒီလိုက်နာရမယ့် အချက်တွေဆိုတာကို အကျဉ်းချုံးဘာသာပြန်ရင် ကျွန်မတို့ကို သံရုံးဝန်ထမ်းဘာလုပ်လုပ် ခံပါ့မည် ဟူသောစာကို လက်မှတ်ထိုးခိုင်းခြင်းဟုသာမြင်မိပါတော့တယ်။
Ei Chaw San

1 လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု့စာသားပြောင်းလည်းခြင်း

မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ…ပညာယူစရာ၊ဆင်ခြင်နိုင်စရာ၊မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက်ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ် တင်သွားတယ်…။ ဦးအောင်သောင်း တို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ ပြသနာကို..အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရ ဘူး….

ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ်ကလဲ့စားချေ လိုတဲ့မထိတထိမျက်နှာပေးတွေနဲ့…..ကျမ်းသစ္စာကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ..သူတို့ကအထက်စီးကရှိနေလေတဲ့လေသံတွေနဲ့ပြောဆိုနေတာတွေ့ရတော့..အတော်စက်ဆုတ်မိတယ်ဗျာ။ မိမိ အတ္တက လွဲလို့..တိုင်းပြည်အရေးအတွက် အမျှော်အမြင်မရှိသူများအဖြစ်မှတ်တမ်းတင်ထားပါတယ်။
အမှန်တကယ်က တိုင်းပြည်ကိုပြန်လည်ဦးမော့စေချင်တဲ့ စေတနာကောင်းသာရှိမယ် ဆိုရင်…တိုင်းပြည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ဘို့လိုပါတယ်။

ဒီလိုလုပ်ဆောင်ဘို့ဆိုတာ…မိမိနိုင်ငံတံခါးကိုပိတ်ပြီး…ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ဘို့ဆိုတာ… ဆိုရှယ်လစ် ခေတ်မဟုတ်တော့ပါ….။နိုင်ငံတကာအကူညီအများကြီးလိုပါတယ်…ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည် တည်ဆောက်မယ်ဆိုတဲ့ လူတွေ လိုက်စုံစမ်းကြည့်ပါ….သူတို့သားသမီးတွေ ဆွေမျိုးတွေအကုန် နိုင်ငံတကာ လွှတ်…သူတို့ကိုယ်တိုင်က…၀တ်ထားတဲ့အ၀တ်..စီးထားတဲ့ဘိနပ်…ကအစ နိုင်ငံခြားဖြစ်မလွတ် ပါးစပ်ဖျားစကားက လွဲလို့ ဘယ်သူမှ လက်တွေ့ကျင့်ကြံတာမရှိ…၊ ဒီတော့…သေချာအောင်ထပ်ပြောချင်တယ် နိုင်ငံတကာအကူညီလိုတယ်….တရုတ်လောက် ထိုင်းလောက်နဲ့ မြန်မာပြည်ဦးမမော့ဘူး စိတ်ချ……အထူးသဖြင့် အနောက်အုပ်စုရဲ့စီးပွားရေးရင်းနှီးမြှုတ်နှံမှု့ အများအပြား လိုတယ်……။ အနောက်အုပ်စုက စီးပွားရေးရင်းနှီးမြှုတ်နှံသူတွေ မြန်မာနိုင်ငံတွင်းကို ၀င်ရောက်လာဘို့ လိုတယ်…..။ဒါမှ တိုင်းပြည်စီးပွားရေး ဦးမော့မယ်….။ သူတို့ ဘယ်လိုရောက်လာနိုင်မလည်း…………….။

* လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေပြေလည်အောင်ရှင်းနိုင်တဲ့အခါ
* တိုင်းပြည် ငြိမ်းချမ်းသာယာတဲ့အခါ

ဒီလောက်ယျေဘူယသဘောပြေလည်ရင်တောင်….နိုင်ငံတကာစီးပွားရေးရင်းနှီးမြှုတ်နှံသူတွေဝင် ရောက်လာနိုင်ပါတယ်……
လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းပြေလည်အောင်….လက်ရှိအစိုးရအနေနဲ့နိုင်ငံတကာရော ပြည်သူကပါ..ထောက်ခံမှု့အပြည့်အ၀ရထားတဲ့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြေလည်ဘို့လိုပါတယ်…..ဒီလို မပြေလည်သမျှ ကာလပတ်လုံး….ဘယ်အနောက်အုပ်စု စီးပွားရေး အုပ်စုကမှ ၀င်ရောက်မလာတဲ့အပြင်…. စီးပွားရေးပိတ်စို့ထားမှု့ ပွင့်လင်းလာရေးကို လည်း.. မျှော်လင့် လို့ မရပါဘူး……။ တိုင်းပြည်ငြိမ်းချမ်းသာယာဘို့…တရားဥပဒေစိုးမိုးဘို့လိုပါတယ်…လက်နှက်ကိုင်တိုင်းရင်းသား ညီအစ်ကိုများနဲ့…ချစ်ကြည်ရင်းနှီးပြီး..စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိဘို့လိုပါတယ်…..။
ဒီအချက်ကို ပြည်သူတွေကလည်း မျှော်လင့်ကြတယ်…..သူတို့ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်နိုင်ဘို့….ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့…အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံထောက်ခံကြတယ်….ပုံမဲပေးကြတယ်…….မဲအောင်နိုင်တယ်….ပြည်သူတွေပျော်ကြတယ်…..။ ဒီလို အပျော်တွေက မကုန်သေးခင်ပဲ….လွှတ်တော်ထဲဝင်ဘို့ ကျမ်းသစ္စာကျိန်ဆိုရေးစာသား အခက်အခဲက…လာခုနေလေတော့ ရှေ့ကိုဘယ်လိုခရီးဆက်ကြမလဲ…… စဉ်းစားစရာတွေ… ရင်မောစရာ တွေဒေါသထွက်စရာတွေအပြည့်နဲ့…..အမျိုးမျိုးသောဝေဖန် ချက်တွေအပြည့်နဲ့။

ဒီနေရာမှာ ပြသနာတခုက…ကျမ်းသစ္စာကျိန်ဆိုရေးစာသား ကိစ္စမှာ NLD လုပ်ရပ်မှန်တယ်ဆိုတာ ကျနော် ထောက်ပြခဲ့ပြီးပါပြီ….သို့သော် NLD အနေနဲ့ ပြောလို့မရတာတွေ…မပြောသင့်တာတွေ သူတို့မှာ ရှိတယ်…ဒါကဘာလို့လည်းဆိုတော့…အစိုးရနဲ့နားလည်မှု့တည်ဆောက်နေဆဲကာလ….အမျိုးသားပြန်လည် သင့်မြတ်ရေးတံခါးကိုစတင်ဖွင့်လှစ်ဆဲကာလများဆိုတော့….အပြောအဆို..အနေအထိုင် သတိ ထားရတယ်…အရာရာသတိထားရတယ်…အယင် NLD မဟုတ်ဘူး…..။ လူထုက တခါ.. အာဏာ အပ်နှင်းထားခံ ရတဲ့ ( Mandate power ) တရားဝင်ရထားတဲ့ ပါတီ….။နိုင်ငံတကာရော…အစိုးရရော ပြည်သူများကပါ…အချိန်ပြည့်စောင့်ကြည့်ခံနေရတဲ့ ပါတီ…။ ဒီတော့..သူတို့ရဲ့ပြုမူဆောင်ရွက်…ပြောဆိုချက်တွေဟာ…အရပ်ဆန်လို့ မရဘူး… ထင်တာတွေ… ခန့်မှန်းတွေနဲ့လျှောက်ပြောလို့မရဘူး….။ဟိုကွေ့ကို ဟိုတက်နဲ့လှော်. .ဒီကွေ့ကို..ဒီတက်နဲ့ လှော်လုပ်လို့ မရဘူး……။ ကတိတွေကို လွယ်လွယ်ပေးလို့မရဘူး….။ ဒီအချက်တွေကိုတည်မှီပြီး….အခွင့်သာခိုက် အလစ်ချောင်းတိုက်ခိုက်ချင်သူများကလည်း…..လက်လှမ်းမှီရာ…ဒသန အတွေးအခေါ်တွေနဲ့ တိုက်ခိုက်ကြပေါ့။
သို့သော် မြန်မာ့နိုင်ငံရေးမှာ ကံကောင်းတယ်လို့ပြောနိုင်တဲ့…အစိုးရဘက်က ပြုပြင်ပြောင်းလည်းရေးကို လိုလားသူ သမ္မတ ဦးသိန်းစိန်လို…..လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို လူမျိုးတွေ ပေါ်ပေါက်လာလေတော့…..နည်းနည်းတော့…..အနာဂါတ်ရောင်ခြည်တန်းလေးမြင်နေရပြီလားလို့တွေးမယ်ဆိုတွေးနိုင်ပါတယ် ( ဒါပေမဲ့ မသေချာသေး )။….ဒီနေရာမှာ ကျနော် ရင်ထဲ ကလိ ကလိဖြစ်နေတာ ရှိတယ်…..ဒါက….ဦးဋ္ဌေးဦး နဲ့ ဦးအောင်သောင်းအင်တာဗျူးကိုနားထောင်လိုက်ရတဲ့အခါ… ဘာသွားတွေ့ရသလည်းဆိုတော့…..ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ်သိပ်အစာကြေချင်ပုံမရဘူး….ဦးသိန်းစိန်ကိုလည်း…အထက်လူမို့သာ…သီးခံထားရတယ်..သိပ်ကျေနပ်ချင်ပုံမရဘူး…. .ဦးဋ္ဌေးဦး ပြောတဲ့စကားတွေမှာဆို…သဘောက…ခင်ဗျားတို့ နဲ့ပြေလည်တဲ့ သမ္မတက..သူ့ပါဝါ ရှိသလောက် သူလုပ်ပေးပြီးသွားပြီ…..အခု ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလည်းပေးဘို့ ကိစ္စက သမ္မတ တယောက်ထဲ လုပ်လို့မရဘူး…..ကျုပ်တို့ လွှတ်တော်က…လုပ်ပေးမှရမှာ….ဒီအလုပ် ကျုပ်တို့ မလုပ်နိုင်ဘူး…လုပ်မပေးနိုင်ဘူး…(ဒီအဓိပ္ပါယ်သက်ဝင်နေတယ်)….နောက်တခါ…ဒီစာသားပြသနာဆိုတာ… .ဘာမှ အရေးမကြီးတဲ့ပုံစံ…( NLD ဘက်က ဘယ်လောက်ပဲ အရေးကြီးတယ် သဘောထားထား ) ပြင်ရမယ်ဆိုရင်တောင်…လွှတ်တော်မှာ အဆိုတင်…မဲခွဲ…၇၅ % စသဖြင့်ပေါ့… ..လုပ်ရမှာ… အရေးမကြီးတဲ့..ကိစ္စမို့ မလိုအပ်………..။ အခြေခံဥပဒေပြုပြင်ပြောင်းလဲရမှာ ( Amandment ) ကို အလိုမရှိ……….။
ဒါဆို….ကျနော် အကြံပြုချင်တယ်…………
လူကြီးမင်းတို့ပြောသလို..စဉ်းစားတွေးခေါ်လုပ်ဆောင်နေသလို….ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလည်းပေးဘို့..ကိစ္စမှာ…ခင်ဗျားတို့လိုလူတွေ မလိုအပ်တဲ့…လွှတ်တော်လည်း ဘာမှ မလိုအပ်ပဲ လုပ်လို့ရတဲ့…သာဓက တွေ…ကမ္ဘာမှာရှိခဲ့ဘူးတယ်…ဒါကို ကျနော် ထောက်ပြမယ်……။
Informal amendment ( အခြေခံဥပဒေ၏သာမာန်အစိတ်အပိုင်းများကိုပြုပြင်ခြင်း)
နိုင်ငံတော်တော်များများက အခြေခံဥပဒေများကို လေ့လာကြည့်တဲ့အခါ…..ဘယ်နိုင်ငံမှာ ပြည့်စုံတဲ့ ဟာမရှိဘူးဆိုတာ..၀န်ခံထားကြပါတယ်…သို့သော်လည်း..တတ်နိုင်သလောက်..ပြင်ဆင်စရာမလိုအောင် ပြဋ္ဌာန်းထားတာတွေရှိပါတယ်…။ ဥပဒေတွေထဲမှာ..အားနည်းချက်တွေလည်းရှိပါတယ်..။ လုံးလုံလျှားလျှား ပြင်ဆင်ဖြည့်စွက်ဘို့ လိုအပ်လို့ပြင်ဆင်လိုက်ရတာကို ( Amendment ) လို့ခေါ်ပါတယ်….။

ဒါကတော့..အခြေခံဥပဒေထဲမှာပါရှိတဲ့…အဓိကအရာ ( Main Article )ကို ပြုပြင်ခြင်း ၊ ပြောင်းလည်းပြင်ဆင်သတ်မှတ်ခြင်း ၊ ဖျက်သိမ်းခြင်းများပဲဖြစ်ပါတယ်……။ အဓိက ( Main Article ) မဟုတ်ပဲ…အဲဒီ့ အထဲက..လိုအပ်နေတဲ့ နားလည်မူ့လွဲမှားသွားစေနိုင်တဲ့…အဓိပ္ပါယ် အမျိုးမျိုးထွက်စေနိုင်တဲ့ အချက်အလက်အချို့ကိုပြင်ဆင်ခြင်းကိုတော့ ( informal amendment ) လို့ခေါ်ပါတယ်။ အဓိက ( main article ) ကိုပြုပြင်ခြင်းအတွက်….အားလုံးသိနေကြသလို….လွှတ်တော်နှစ်ရပ် မှ ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း မှထောက်ခံ၊ လူထုကလည်း အတည်ပြု စသဖြင့် ( ဦးဋ္ဌေးဦး တို့ ဦးအောင်သောင်း တို့ ထင်နေသလို ) လိုအပ်သော်လည်း…….Informal amendment ပြင်ဆင်ခြင်းမှာတော့…ဒါတွေ မလိုအပ်ပါဘူး….။
What are the five ways that the constitution can be informally amended?
Five methods to informally amend the Constitution

1. Basic Legislation

a. Details were added by Congresses

b. Ways it interprets the Constitution and carries out its duties

2. Executive Actions

a. Presidential use of “Necessary and Expedient Clause”

b. Executive Agreement

3. Supreme Court Decisions

a. Marbury v. Madison

4. Political Parties

a. Nomination process

b. Election process

5. Custom

a. Cabinet

b. 2 terms per President

c. Presidential succession

( Link -http://dhsvideo.tripod.com/id2.html )

အထက်ဖော်ပြပါ အချက်များကတော့ အမေရိကန် အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ( အခြေခံဥပဒေ၏ သာမာန် အချက်အလက်များကို ပြုပြင်ခြင်း - informal amendment ) ပါ…..။ အားလုံးကို တချက်ခြင်းရှင်းပြနေရင် ပေရှည်ပြီး လိုရင်း မရောက်မှာမို့….အဓိက အချက်ကိုပဲ တင်ပြပေးပါ့မယ်…..။ အထက်မှာ ဖော်ပြခဲ့သလို…..informal amendment ကို လွှတ်တော်မှာတင်ဆွေးနွေး ၇၅ ရာခိုင်နှုန်းထောက်ခံ လုပ်စရာမလိုပဲ….သမ္မတ အခွင့်အာဏာနဲ့ လုပ်လို့ရကြောင်း…အပိုဒ် ( ၂ ) မှာ ဖော်ပြထားပါတယ်။

အမေရိကားမှာကြုံတွေ့ခဲ့ဘူးတဲ့ သာဓက ကိုတင်ပြချင်ပါတယ်….အမေရိကား ပြည်တွင်းစစ်အပြီးမှာ ကျွှန်များကို လွတ်မြောက်ခွင့်ပေးတဲ့အကြောင်း ကွန်ဂယက် ( မြန်မာပြည်လိုဆို လွှတ်တော် ) ကနေ ဥပဒေ ကျမ်းကို အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အခါ ကျွှန်အများအပြားဟာလွတ်မြောက်သွားခဲ့ ပါတယ်… သို့သော်ပြသနာက ဘာဖြစ်သလည်းဆိုတော့…ကျွှန်အများပြားကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကျွှန်ပိုင်ရှင်များက….ဥပဒေပါ ပြဋ္ဌာန်းချက်ရဲ့ဟာကွက်ကို ထောက်ပြီး….ကျွှန်များက မွေးဖွားလာတဲ့ သားသမီး မျိုးဆက်များကို တော့ လွတ်မြောက်ခွင့်မပြုဘူး….အဲဒီမှာတင်…အရေးပေါ်အနေနဲ့ ဗဟိုတရားရုံးချုပ်ကနေ နောက်ဆက်တွဲ ဖြစ်တဲ့မျိုးဆက် (descendants) ဆိုတာ ထပ်မံဖြည့်တင်း ပေးခဲ့ရပါတယ် လွှတ်တော် မလိုအပ်ခဲ့ပါဘူး….ဥပဒေပါ စကားလုံးများဟာ ဘယ်လောက် အရေးကြီးသလည်းဆိုတာ…မှတ်သားစရာပါ….( ဥပမာဆိုပါတော့..အဲဒီနေရာမှာ…Descendants အစား Sons and daughters ဆိုတာ ဖြည့်တင်းလိုက်ရင် ဘာဖြစ်နိုင်မလည်း….မြေးတွေ မြစ်တွေ တီတွေ တွတ်တွေ ဒုက္ခရောက်မှာပေါ့…..)အလားတူ လွှတ်တော် မလိုပဲ…ပြင်ဆင်ဖြည့်စွက်ချက်ကို ဘယ်လ်ဂျီယံ နိုင်ငံမှာလည်းကြုံခဲ့ဘူးပါတယ်။အခြား ကျနော် လေ့လာ မသိရှိသေးတဲ့ နိုင်ငံများလည်း ရှိဦးမှာပါ…..။
ကျမ်းကျိန်စာသားပြောင်းလည်းရေးကိစ္စဟာ တကယ်တော ဖွဲ့စည်းပုံအခြေခံဥပဒေ ( Main Article ) ကိုပြောင်းလည်းခြင်းမဟုတ်ပါဘူး…အစိတ်အပိုင်း ( portion ) ကိုသာပြောင်းလည်းခြင်းဖြစ်သည့် အတွက် လွှတ်တော်မှ အပြီးသတ်ဆုံးဖြတ်ပေးဘို့ မလိုအပ်ပါ….တစုံလုံးကိုပြောင်းလည်းခြင်း ( Amendment ) လုပ်ရန်မလိုပါ။
လက်ရှိမြန်မာနိုင်ငံက ဖြစ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား အပြောင်းအလည်း ကိစ္စမှာ ပထမအဆင့် အခြေခံဥပဒေ ခုံရုံး ( အခြားနိုင်ငံတွေမှာတော့ ဗဟိုတရားရုံးချုပ် )ကနေပယ်ချလိုက်ပါတယ်….သို့သော် ပြသနာမရှိ…သမ္မတ ရဲ့အခွင့်အာဏာကျန်ရှိနေပါသေးတယ်…

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နားလည်မှု့တစုံတရာရှိမယ်…..သမ္မတဟာ တိုင်းပြည်ရဲ့အနာဂါတ်အတွက် အမျှော်အမြင်ရှိသူတယောက်ဖြစ်မယ်ဆိုရင်..စိုးရိမ်စရာမလိုလောက်ဘူးလို့ ယူဆရပါတယ်။ပြေလည်နိုင်မယ်လို့ယုံကြည်ပါတယ်။
တကယ်လို့ ဒီကိစ္စတွေ ကိုကျော်လွန်အောင်မြင်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ.. လွှတ်တော် အတွင်း လျှောလျှောရှုရှု ၀င်ရောက်နိုင်ပြီး……မိမိတို့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်ထည် ဖော်နိုင်မည် ဆိုရင်ဖြင့်….တိုင်းပြည်တိုးတက်ရေးထက် မိမိ အတ္တ မာနများကို… ရှေ့တန်း တင်သော.. ဦးအောင်သောင်း ၊ ဦးဋ္ဌေးဦးလို လူများအပါဝင်…ကြံ့ဖွတ် တယောက်တလေမှ လွှတ်တော်နား မကပ်နိုင်အောင် ၂၀၁၅ မှာ ကြိုးစားကြပါစို့။

( အားလုံးကို လေးစားစွာဖြင့် )
မောင်မောင်ဝမ်း

0 ပိတ်ဆို့မှုများ ဖြည်းဖြည်းသာ ရုတ်သိမ်းရန် ပြည်ပရောက်အုပ်စုများ တိုက်တွန်း


(Associated Press မှ 23 April 2012 ရက်စွဲပါ Go slow on lifting sanctions: Myanmar activists ကို yangonchronicle ဘာသာ ပြန်ဆိုသည်)

အီးယူက မြန်မာအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများကို ရပ်ဆိုင်းထားလိုက်ခြင်းသည် အမေရိကန် ပြည်ထောင်စုက ထိုလမ်း အတိုင်း မလိုက်မီ တပ်မတော်အစိုးရ ပိုမိုပြောင်းလဲလာအောင် ဖိအားပေးရန် တိုက်တွန်းနေသော ပြည်ပရောက် မြန်မာနိုင်ငံရေး လှုပ်ရှားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ပြည်ပရောက် နိုင်ငံရေးသမားတို့၏ ကန့်ကွက်မှုသည် ပိတ်ဆို့မှုများ ရှေ့တန်း ရောက်လာစေခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း ယင်းတို့ ထောက်ခံ အားပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမြင်ကွဲလွဲမှုများ ကိုလည်း ထင်ဟပ် ပြသနေသည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ယခုလ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က အီးယူ၏ လုပ်ဆောင်မှုကို အားပေး ထောက်ခံခဲ့သော်လည်း ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများကမူ အကယ်၍သာ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ နောက်ပြန် ဆုတ်သွားပါက ပိတ်ဆို့ အရေးယူမှုများ ပြန်လည် ချမှတ်ဖွယ် ရှိသည်ဟု သံသယ ရှိနေသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားသကဲ့သို့ အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်ရပ် သဘောတူညီမှုများ ရရှိထားသော်လည်း ထိုအပြောင်းအလဲများက မြန်မာနိုင်ငံသားတို့၏ ခက်ခဲသော ဘဝများနှင့် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက် ညှင်းပန်းမှုများ ဆက်လက် ဖြစ်ပွားနေခြင်းတို့အပေါ် ယခုတိုင် အကျိုးသက်ရောက်မှု မရှိသေးပါဟု ယင်းတို့က ဆိုသည်။

"အီးယူဟာ သူတို့ရဲ့ 'မှန်းချက်'ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ တိုင်းရင်းသား အုပ်စုများအပေါ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး ကိစ္စတွေမှာ 'နှမ်းထွက်' မကိုက်သေးဘူးဆိုတာ သိရက်နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရပ်ဆိုင်းလိုက်တာပါ" ဟု ထိုင်းအခြေစိုက် Forum for Democracy in Burma မှ ဦးစိုးအောင်က ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ "ဝါးတားတား ပြုပြင် ပြောင်းလဲမှု" ကို အီးယူက အပြေးအလွှား ချီးမြှောက် တုန့်ပြန်နေသည်လည်း ဦးစိုးအောင်က ဝေဖန် ပြောဆိုလိုက်သည်။ "ဒါဟာ ကျိုးကြောင်း မဆီလျှော်ဘဲ နည်းနည်လေး အကဲပိုနေတယ်" ဟု ယင်းက မှတ်ချက်ပေးသည်။

၁၉၈၈ အရေးတော်ပုံအပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော ပြည်ပရောက် မြန်မာနိုင်ငံရေး သမားများ၏ ဩဇာလွှမ်းမိုးမှုသည် နေပြည်တော်က တံခါးဖွင့်လိုက်ခြင်းကြောင့် ယခင်ကထက် မှေးမှိန် ကျဆင်းသွားသော်လည်း အငြင်းအခုန်ကိစ္စများတွင် ပါဝင်သူများ ဖြစ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ကမ္ဘာ့ဘဏ် အပါအဝင် ဝါရှင်တန်မှ မူဝါဒ သုံးသပ်သူများကို ယင်းတို့ အုပ်စုက ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ဆင်းရဲမွဲတေသော နိုင်ငံတွင် တရားသော ဥပဒေ မစိုးမိုးမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ၍ အမြတ်အစွန်း များသော သယံဇာတများကို လက်ဝါးကြီး အုပ်ထားကြသည့် တပ်မတော်နှင့် အပေါင်းပါ စီးပွားရေးသမားများကိုသာ အကျိုး ဖြစ်ထွန်း စေလိမ့်မည်ဟု ယင်းတို့က ပြောဆိုထားသည်။ အထူးသဖြင့် ယင်းသယံဇာတများသည် စစ်ပွဲနှင့် တပ်မတော်၏ ညှင်းပန်း နှိပ်စက်မှုများကြောင့် ဒေသခံ ပြည်သူများ စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးသင့် နယ်မြေများမှ ထုတ်ယူကာ ဖြတ်သန်း သယ်ဆောင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပြဿနာကို စိုးရိမ်ပူပန်နေသော အိုဘားမား အစိုးရက အရေးယူမှုများ ရုတ်သိမ်းရေး ကိစ္စကို အီးယူထက် နှေးကွေးစွာ ဆောင်ရွက်လျက် ရှိရာ မြန်မာနှင့် သံတမန် ဆက်ဆံရေးကို အဆင့်မြှင့်ကာ အချို့ကဏ္ဍများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုနေသော်လည်း ပြည်သူ အများစု အကျိုးရှိမည့် ကဏ္ဍများကိုသာ ဆုံးဖြတ်ခွင့် ပြုထားခြင်း ဖြစ်သည်။

အာရှရေးရာ မူဝါဒကို ကြီးကြပ်သော လွှတ်တော် ကော်မတီများက ယခု သီတင်းပတ်တွင် နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန၊ ဘဏ္ဍာရေး ဌာန တို့မှ အကြီးတန်းအရာရှိများ၏ ထွက်ဆိုမှုကို ကြားနာ စစ်ဆေးမည် ဖြစ်သည်။

အာရှနိုင်ငံများစွာတွင် အခြေစိုက်ထားသော Burma Partnership မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်ခင်ဥမ္မာက မြန်မာနိုင်ငံတွင် မီဒီယာဆင်ဆာ လျှော့ပေါ့ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုထားသော်လည်း တပ်မတော်အနေဖြင့် ဘေးကင်း ရန်ကင်း ထင်တိုင်းကြဲနိုင်ဆဲ ဖြစ်သည်ဟု မှတ်ချက် ပေးသည်။

"လူတွေက ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးသမားလို့ ပြောတာဟာ မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တစ်ဦးချင်း အခြေခံ ပြောင်းလဲမှု တွေထက် အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေကို ပိုမိုလိုအပ်ပါတယ်" ဟု ဒေါ်ခင်ဥမ္မာက ဝါရှင်တန်တွင် ပြောသည်။

လွှတ်တော်အပေါ် တပ်မတော် ထိန်းချုပ်မှုကို စိန်ခေါ်မည့် ၂ဝ၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အကဲဖြတ် စမ်းသပ်လိမ့်မည် ဟုလည်း သူမက ဆိုသည်။

အနောက်နိုင်ငံ အစိုးရများအနေဖြင့် အပြောင်းအလဲကို ဆန့်ကျင် နောက်ပြန်ဆွဲလိုသူများ အားနည်းသွားစေရန် ဦးသိန်းစိန်အစိုးရကို အားပေးခြင်းဖြင့် ယင်းတို့၏ အရေးပါမှုကို ထိန်းသိမ်းလျက် ရှိသည်။ အီးယူက အကဲဖြတ်ကာလ တစ်နှစ်အတွင်း လက်နက် ရောင်းဝယ်မှု တားမြစ်ချက် မှအပ အခြားပိတ်ဆို့မှုများကို ဆိုင်းငံ့ထားမည်ဟု တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာသည်။ ဂျပန်ကလည်း ကြွေးမြီဒေါ်လာ ၃.၇ ဘီလျံ လျှော့ပေါ့ပေးကာ ဖွံ့ဖြိုးရေး အကူအညီ အပြည့်အဝ ပြန်ပေးတော့မည်ဟု ကြေညာခဲ့သည်။

ယခုတစ်ပတ် ကွန်ဂရက် ကြားနာပွဲသို့ တက်ရောက် နားထောင်မည့် US Campaign for Burma မှ ဦးအောင်ဒင်က "အနောက်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန် ခက်ခဲသွားမည် ဖြစ်ပြီး ဒီမိုကရေစီ လိုလားသူများ အနေဖြင့် တပ်မတော် အစိုးရ အပေါ် ဖိအားပေးနိုင်တော့မည် မဟုတ်" ဟု သုံးသပ် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် အီးယူ၏ ဆောင်ရွက်ချက်ကို မထောက်ခံမီ အန္တရာယ်များကို တိကျစွာ သိရှိထားပါရဲ့လားဟုလည်း ဦးအောင်ဒင်က မေးခွန်းထုတ်သည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီ တာဝန်ခံ ဖြစ်ခဲ့ဖူးသူ ပရီဆိုင်လာ ကလပ် (Priseilla Clapp) က "ဒီအချိန်ဟာ မြန်မာနိုင်ငံ အပြင်ဖက်က အကဲခတ်သမား အများစုအတွက် ပြည်တွင်းက အသွင်ပြောင်းလဲမှုနဲ့ စေ့စပ် ညှိနှိုင်းရမယ့် အချိန်ကောင်းပါပဲ။ မညှိဘူးဆိုပြီး ခေါင်းမာနေဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု သုံးသပ် ပြောကြားသွားသည်။

Wednesday, April 25, 2012

0 လူထု အပြုံး၊ ပြည်သူ့ နှလုံးကို သိမ်းကျုံး ရယူပိုင်စိုးဖို့

Photo..Getty images

နန္ဒိသေနပျို့

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့။

လက်ဝဲသုန္ဒရ
 ပြည်သူ့ လွှတ်တော် ဟူသော အမည်နာမ ကိုက ပြည်သူ့ အတွက် ပြည်သူက  ရွေးကောက်တင်မြှောက် သော ပြည်သူ့ ကိုယ်စားလှယ်ကြီးများ  စည်းဝေးတိုင်ပင်ညှိနှိုင်း ရာ ဌာနကြီးလွှတ်တော် ဖြစ်နေသော ကြောင့်ပင်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်ပေးအပ်ခံရသူ တပ်မတော်သားအရာရှိကြီးများကို အထက်ပါ လက်ဝဲသုန္ဒရ ဧ။် ပျို့စာတစ်ပိုဒ်ကို ပါ လွှတ်တော်တွင်း ရွတ်ဆို တိုင်တည်ရမည့် ကျမ်းနှင့် အတူ ရွတ်ဆိုစေရန်ထည့်သွင်း ပေးသင့်ပါသည်။

လူထုက ရွေးကောက်တင်မြောက်ခြင်း မဟုတ်ပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်ထားခံရသူ တပ်မတော်သား ကိုယ်စားလှယ်ကြီးများက ပိုမိုပြီး လူထု အပြုံး၊ ပြည်သူ့ နှလုံးကို သိမ်းကျုံး ရယူပိုင်စိုးဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။

အဘယ်ကြောင့် ဆိုသော် ပြည်သူ့ လွှတ်တော် ဟူသော အမည်နာမ ကိုက ပြည်သူ့ အတွက် ပြည်သူက ရွေးကောက်တင်မြောက်သော ပြည်သူ့ ကိုယ်စားလှယ်ကြီးများ စည်းဝေးတိုင်ပင်ညှိနှိုင်း ရာ ဌာနကြီးလွှတ်တော်ဖြစ်နေသောကြောင့်ပင်။

ကျနော် တပ်မတော်တွင်း တာဝန်ထမ်းနေစဉ်က စာရေးဆရာကြီး နတ်မောက်ဘုန်းကျော် ( ဗိုလ်ချုပ်အောင်ဆန်းဧ။် ကိုယ်ရံတော် ) ဆရာကြီးဦးဘုန်းကျော် ရေးသော လူကြီးလူကောင်း ဆိုသည့် စာအုပ် တအုပ်ကို ဖတ်ခဲ့ဖူးပါသည်။ ထိုစာအုပ်ကပင် ကျနော့် ဘ၀ တလျောက်လုံး အတွက် အနာဂတ်အပေါ် ရှုမြင်ခံယူကျင့်သုံးမှုများ အတွက် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့သည်။

ယခု ထိုစာအုပ်ပါ စာပိုဒ် တချို့ကို ထပ်ဆင့် တင်ပြပါမည်။ ဆရာကြီး ဦးဘုန်းကျော် မိသားစု မှ ခွင့်လွှတ်မည်ထင်ပါသည်။ ခွင့်တောင်းပါသည်ခင်ဗျား။

စစ်ဖြစ်ရခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်တို့ကြောင့် သော်လည်းကောင်း၊ တိုင်းပြည် တပြည် လူမျိုး တမျိုး တွေ့ကြုံရသော အပျက်အစီး ဒုက္ခဗရပွများသည် မည်မျှပင် ကြီးမား များပြားစေကာမူ တိတိကျကျ ထိထိခိုက်ခိုက် ကြောက်မက်ဖွယ်ရာ စိတ်ပျက်စရာ ကောင်းလှသေးသည် မဟုတ်ပါ။

လူမျိုးတမျိုး၌ ခယ၀ယ မြောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမား စိတ်ဓါတ်၊ ကိုယ်ကျိုးရှာစိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော '' စိတ်ဓါတ်ဝဲစားသောရောဂါ " နှင့် မရိုးသား မဖြောင့်မတ်ခြင်း ၊ နိုင်ငံရေးဖြင့် ( တဆွေလုံး တမျိုးလုံး ) ကိုယ်ကျိုးရှာစီးပွား ရှာစားနေကြခြင်း၊ " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " ထိုရောဂါ နှစ်ခုကသာလျှင် အဓိက ကြောက်မက်ဖွယ် ကောင်းသော ကိစ္စဖြစ်ပါသည်။ ဟု ဆရာကြီး နတ်မောက်ဘုန်းကျော် က ရေးခဲ့ပါသည်။

ထိုအချိန်က အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး အရာရှိအဖြစ် တာဝန်ထမ်းနေသော ကျနော် စစ်ဗိုလ် အလေးအနက် စဉ်းစား ဆင်ခြင်မိပါသည်။

ကျနော်တို့ နိုင်ငံတွင် '' စိတ်ဓါတ်ဝဲစားသောရောဂါ " နှင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါကြီးများ တကယ်ဖြစ်ပွားနေပါသလား၊ ဘယ်သူတွေမှာ ထိုရောဂါ ဆိုးကြီးတွေ ကူးစက် အမြစ်တွယ် လှိုက်ပြိုရိရွဲ့ နေပါပြီလဲ။ မျက်မြင်များ အကြားအသိများမှ တဆင့် ဆင်ခြင်မိသည်။

သက်ပြင်းမောတို့သည် ထိုအချိန်က တဟူး ..... ဟူး။

အထူး သဖြင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " သည် ကျနော်တို့ နိုင်ငံ အနာဂတ်နှင့် မျိုးဆက်သစ်များ အတွက် အမြင့်မားဆုံးသော ခြိမ်းခြောက် ဖိစီးမှုကို ဖြစ်နေစေသည် ဟု လက်တွေ့ဘ၀များက မီးမောင်းထိုးပြနေသည်။

ကျနော်တို့ နိုင်ငံသည် စနစ်ဟောင်းတခု မှ စနစ်သစ် တခုဆီသို့ တာဆူချဉ်းကပ် အသွင်ြေါပာင်းရန် ပါးနပ်သိမ်မွေ့ညင်သာစွာဖြင့် ကူးရွေ့နေချိန်ဖြစ်ပါသည်။

ထို့ကြောင့် စကားကို အလို အပို မပြောလိုပါ။ လက်ရှိ လွှတ်တော်တွင်းမှ ကိုယ်စားလှယ်ကြီးများသည် နိုင်ငံ့ အနာဂတ်ကို ထုဆစ် မွမ်းမံ ပုံသွင်းခြင်းတွင် အခရာ ကျသူများဖြစ်သဖြင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " ကို ဦးဆောင် တိုက်ဖျက်ရမည့် သူများဖြစ်ကြောင်း အထွေအထူး တင်ပြဖွယ် မရှိ။

ထိုမှ တဖန် သစ်ထွန်းပေါ်ပေါက်လာသော နိုင်ငံရေး ရာသီဥတုအတွင်း စိလဆိတ်များ၊ သာယာကူးများ၊ အလိုတော်ရိ များ၊ တံတားကျိုး သခင်များကလည်း လက်ရဲ ဇက်ရဲဖြင့် သူတို့လောက်တိုင်းပြည်ပေါ် ချစ်ခဲ့သူ မရှိလေဟန် ပုံမှားရိုက်ဟန်ဆောင် လက်သီးတန်း ပြိုင်လာကြချိန်လည်း ဖြစ်ပေရာ......... နိုင်ငံ အနာဂတ်အတွက် ရင့်ကျက်သော အမြင်ဖြင့် ဆင်ခြင် ချင့်ချိန်တတ်သူတိုင်းသည် ခယ၀ယ မြောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမား စိတ်ဓါတ်၊ ကိုယ်ကျိုးရှာစိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော ''စိတ်ဓါတ်ဝဲစားသောရောဂါ " ဖြစ်နေသူများကို အထူး သတိပြုကြရမည်၊

ကိုယ်တိုင်လည်း စိတ်ဓါတ်ဝဲစားသောရောဂါ မှ ကင်းလွတ်နေခြင်း ရှိမရှိ ဆန်းစစ်ကြစေလိုသည်။ ဦးဆောင်ဦးရွက်ပြုပြီး ရိုးဖြောင့်တည်ကြည် သမာသမတ်ဖြင့် မားမားမတ်မတ် ရပ်စေလိုသည်။

ထိုရောဂါ ကြီး နှစ်ခုကို တိုက်ဖျက် ချေမှုန်းရင်း အခြား တဖက်မှ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် မျိုးဆက်သစ် လူငယ် အညွှန့်အဖူး များကို ကာယစွမ်းအား ကြံ့ခိုင်သန်မာရေး၊ ဥာဏစိတ်ဓါတ် ဖွံ့ထွားခေတ်မှီလူဆန် စေရေး၊ ကိုယ်ကျင့် စာရိတ္တ သိက္ခာ တည်ကြည် မားမတ်ရဲရင့်ရေး တို့ကိုပါ တပြိုင်တည်း တည်ဆောက် ပဲ့ပြင်သွားကြရမည်။

ဆရာကြီး ဦးဘုန်းကျော် ကပင် သူဧ။် ရောင်းလျှင် ၀ယ်သည် ဆိုသော ခေါင်းစဉ်ဖြင့်

{လောကတွင် လူ့အသုံးအဆောင် ပစ္စည်းများကိုသာ ၀ယ်လို့ရသည် မဟုတ်၊ လူကိုလည်း ၀ယ်လို့ရသည်။ ကျွန်ုပ်တို့ လူ့အသိုက်အ၀န်းတွင် လူလိမ်၊ လူကောက်၊ လူရှုပ်၊ လူပွေများ၊ ကိုယ်ကျိုးရှာ သာယာစီး နေရာရှာသူများ၊ ကိုယ့်ကိုကိုယ် တန်ဖိုး မထားသူများစွာ ရှိကြသည်။

ထိုသူတို့သည် မိမိကိုယ်ကျိုးစီးပွား ကောင်းစားရေး၊ မိမိ သားမယား ၊ ဆွေမျိုးတသိုက်ကောင်းစားရေး၊ အတွက် မိမိကိုယ် လည်းကောင်း၊ မိမိတို့ လေးစားမြတ်နိုးရသည့် ပုဂ္ဂိုလ်ကို လည်းကောင်း ရောင်းစားခဲ့ကြသည်။

နောက်ထပ်လည်း ရောင်းစားမည့်သူများ ထပ်မံပေါ်ပေါက် လာကြလိမ့်ဦးမည် ....... အားလုံး သတိ }ဆိုခဲ့သည်။
ကျနော်က ထပ်မံပြီး သတိစကားဆိုချင်ပါသည်။

ပြည်သူ့ လွှတ်တော်အတွင်းမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိလာသော ကိုယ်စားလှယ်တော်ကြီးများ သတိ .......... သတိ ................ သတိ။

ရောင်းသူရှိလျှင် ၀ယ်မည့်သူများက အဆင်သင့် ၀ယ်နေပေလိမ့်မည်။

တိုင်းပြည်အနာဂတ် အတွက် မျိုးဆက်သစ်တို့ အနာဂတ် အညွန့်အဖူးလေးများ မိမိတို့ သားသမီးလေးများ အနာဂတ်အတွက် မိမိတို့သည် မိမိတို့ သိက္ခာကို ရောင်းမစား သင့်ပါကြောင်း ..........။

Nay Myo Zin

0 ဇေကမ္ဘာက လယ်ကန်သင်းကို မြေထိုးစက်ဖြင့်ထိုး



ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေရဲ့ လယ်ကန်သင်းတွေကို မြေထိုးစက်နဲ့ ၀င်ရောက်ထိုးချေနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေရဲ့ လယ်ကန် သင်းတွေကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး မြေထိုးစက်တစ်စီးနဲ့ ၀င်ရောက်ထိုးချေနေတာ ကြောင့် လာမယ့်ရာသီမှာ လယ်စိုက်ဖို့ အခက်အခဲကြုံရတော့မယ်လို့ လယ်သမားကြီး ဦးအောင်ချစ်က ပြောပါတယ်။ “မနေ့ကတော့ လယ်သမားတွေက ပျိုးခင်းကွက်တွေက နှစ်တိုင်းပျိုးထောင်ရင်တော့ ပျိုးခင်းကွက် ကိုမီးရှို့တယ်၊ မရှို့ရင်တော့ ပျိုးနှုတ်မသွားဘူး။ အဲဒါကြောင့် လယ်သမားတွေက ရှို့တယ်။ ပျိုးခင်း ကွက်ကို သူလာတားတယ်ပေါ့။ အခုကတော့ ကန်သင်းတွေ အားလုံးကိုလည်း မနက်က ဘိုဒူဇာနဲ့ စထိုးနေပြီ။ ဇေကမ္ဘာကုမ္ပဏီကပေါ့။”

လယ်သမားကြီး ဦးလံချားကလည်း “ဒီမနက် ၉နာရီက ဘူဒိုဇာနဲ့ ကန်သင်းတွေအားလုံး သူထိုးနေ တယ်။ လယ်လုပ်ဖို့က ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ဘူး။ ရပ်ကွက်လူကြီးကလည်း သူပြော ပေးမယ်ပြောတယ်။ သူမပြောပေးဘူးဆိုရင်တော့ လယ်သမားတွေကလည်း ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။ လူစုပြီးတော့လုပ်ကြမှာပါ။ ဘာထူးမလဲ၊ ထမင်းငတ်လည်း အတူတူပဲ။ သေချင်လဲ သေပါစေတော့” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ပိုင်းက အစိုးရက ရွှေနံ့သာကျေးရွာစုက လယ်သမားတွေရဲ့ မြေတွေကို သိမ်းမယ်ဆိုတဲ့သတင်းထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီဟာ ၂၀၁၂ ဧပြီလက လယ်သမားတွေ လုပ်နေတဲ့ လယ်မြေ ၈၁၅ ဧကကို ၁ဧက ကျပ် ၃ သိန်းနှုန်းနဲ့ကရုဏာ ကြေးအဖြစ် ပေးပြီး စက်မှုဇုန် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ သူတို့ကုမ္ပဏီကို ပေးရင် ငွေလည်း ပေးမည့်အပြင် လယ်လည်းဆက်စိုက်ခွင့် ပေးမယ်လို့ ပြောဆိုတာကြောင့် လယ်သမားတွေ ကအစိုးရသိမ်းလို့ ဆုံးမယ့်အတူတူ ငွေလက်ခံရယူခဲ့ပါတယ်။ ဒီနောက်မှာ အဲဒီမြေယာတွေပေါ်မှာ စပါးစိုက်ခွင့်ကို ကန့်သတ်လာတဲ့အတွက် လယ်သမားတွေက တိုင်ကြားရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လယ်မြေပေါ်မှာ စက်မှုဇုန် တည်ဆောက်ခွင့် မရှိတာကြောင့် ရပ်နားထားဖို့ ထုတ်ဆင့်ခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက် ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေ အကြား ၁ ဧကကို သိန်း ၅၀ နှုန်းနဲ့ ပေးလျော်မယ်ဆိုရင် အမှုအခင်းမလုပ်ပါဘူးဆိုတာကို ညှိနှိုင်းခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြ ပါတယ်။ ဒါပေမယ့် လယ်သမားတစ်ဦးက အဲသလိုကျိတ်ပြီး သဘောတူတဲ့ကိစ္စကို ပြည်တွင်းမီဒီယာ တစ်ခုမှာ ထုတ်ပြောလိုက်တာကြောင့် အဲဒီကာလဥပဒေအရ ကြားဝင်ဆောင်ရွက်သူတွေပါ တာဝန်မကင်းတာကြောင့် တစ်ဧကသိန်း ၅၀ ပေးဖို့ကိစ္စ မဖြစ်တော့ဘဲ ရပ်နားခဲ့ပါတယ်။

လယ်သမားတွေကို ကူညီနေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေက အဲဒီတုန်းက ရွှေနံ့သာလယ်သမားကိစ္စကို ကိုယ်စားလှယ်လွှဲစာပြန်အပ်ခဲ့ပြီး အခုတော့ လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ “လယ်ယာမြေဥပဒေဟောင်းတွေက ဒီလူတွေလုပ်တာ မညီညွတ်ဘူး။ ၁၉၅၃ ခုနှစ် ဥပဒေဟောင်းတွေ ကတည်းက ၊၁၉၆၃ သီးစားချထားရေး ဥပဒေတွေထဲက ဇေကမ္ဘာကုမ္ပဏီကိုပေးလို့မရပါဘူး။ ဒေသခံ အဆင်းရဲဆုံးလူကို တန်းစီဇယားလုပ်ပြီး ပေးရမှာပါ။ အဲဒီဥပဒေနဲ့သူတို့မညီပါဘူး။ ဒီဘက်က ဥပဒေသစ် ထွက်လာတော့လည်းစီမံကိန်းလို့ ပြောတယ်။ တကယ်ကစီမံကိန်းလည်း မဟုတ်ပါဘူး။ အကယ်၍ စီမံကိန်းဖြစ်ရင်တောင် သတ်မှတ်ကာလအတွင်းမှာ ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်နိုင်ခြင်း မရှိဘူးဆိုရင် မူလလက်ငုတ် တောင်သူလယ်သမားတွေကို ပြန်ပေးရမယ်လို့ ပါပါတယ်။ အခုလိုအပ်ရင် လိုအပ်သလို တရားစွဲတာတို့ လိုအပ်တဲ့အဖွဲ့အစည်းတွေနဲ့ ပြန်လုပ်ပါမယ်။” ရွှေနံ့သာကျေးရွာအုပ်စုမှာ ဇေကမ္ဘာစက်မှုဇုန် အပိုင်း ၄ကို ရပ်ဆိုင်းထားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မနှစ် နှစ်ကုန်ပိုင်းကတည်းက ညွှန်ကြားထားပေမယ့် အုတ်ကား၊ သဲကားနဲ့ ကျောက်ကား တွေကိုတော့ ဆက်လက်ပို့ဆောင်နေဆဲဖြစ်တယ်လို့ လယ်သမားတွေက ပြောပြပါတယ်။
DVB

0 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ?

ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင် အကောင်အထည် ဖော်ခြင်းပင်ဖြစ်ပေသည်

လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ… မှတ်ပုံတင်ပြီး သည့်တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ ...မရှိသေးပါ … ..ယခု အချိန်ကာလသည်…ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။
( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်ပါတယ်..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )

ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင် အကောင်အထည် ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင်တင်ပြဆွေးနွေးခြင်း ဖြင့်စတင်နိုင်မယ်လို့ ထင်ပါတယ်…. လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ( ဈေးသည် စကားနဲ့ပြောရရင် ) ဈေးဦးဖောက်ဖြစ်ပါတယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် ( First Amendment ) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် ( Bill of Right )ဟာ လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 ၀န်ကြီး ဦးတင့်ဆန်းသားဖြိုးကိုကိုတင့်ဆန်းရဲ့  စေတနာ မှန်ပေါ်ပါပြီ..။


ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများက မြောင်းမြမြို့ ကားလမ်းတလျှောက် တပ်ဆင်ထားသော ပုသိမ်-မြောင်းမြ ကားလမ်းအား ဖြိုးကိုကိုတင့်ဆန်း ပိုင် ACE ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောင်ရွက်နေပါသည် ဟူသော ဆိုင်းဘုတ်များကို ရွေးကောက်ပွဲတွင် ရှုံးနိမ့် သွားသောအခါ တိတ်တဆိတ် ပြန်လည် ဖြုတ်သိမ်းသွားကြသည် ။

မြောင်းမြ မြို့ နေ လူထု မှလဲ ဖြိုးကိုကိုတင့်ဆန်းသည် မြောင်းမြ မြို့  အပေါ် အမှန်တကယ် ကောင်းကျိုး ဆောင်ရွက်လိုသည် မှန်ခဲ့ သော် ရွေးကောက်ပွဲတွင် ရှုံးသည် နိုင် သည်ဖြစ် တာဝန်ယူထားသော လမ်းကို ဆက်လက်ပြုပြင်သင့် သည် ဟုမှန်သော်လည်း ယခု အခါတွင် ၎င်း၏စိတ်ရင်း အမှန်ကို မြို့ နေလူထုမှ သိရှိသွားကြသည်ဟု ပြောဆိုနေကြပါသည်။

ဖြိုးကိုကိုတင့်ဆန်းသည် မြောင်းမြ ကားလမ်းကိုအမှန်တကယ် စေတနာဖြင့် ပြုပြုင်ပေးလို၍ မဟုတ်ပဲ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက်သာပြည်သူကို သွေးဆောင်စည်းရုံးခြင်းသာဖြစ်သည် ။

Myanmar Mediamm

0 အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးနဲ့ သွားကြမှာလဲ (မောင်ဝံသ)

မက်ဆင်ဂျာ (Messenger) ဂျာနယ်မှ ဖော်ပြခဲ့တဲ့ ဆောင်းပါး။

ဒါပေမဲ့ အဲဒီအာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေအပြင် ဒီမိုကရေစီယောင်ယောင် နိုင်ငံတွေမှာ ကျင်းပဆဲရွေးကောက်ပွဲတွေ ရှိတာဟာ ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေဖို့၊ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာ အားကောင်းလာစေဖို့ ရည်ရွယ်တာ မဟုတ်ဘူးဗျ။ တကယ်ကတော့ အဲဒါတွေဟာ လက်ရှိ အာဏာရ နေသူတွေက သူတို့ရဲ့ အာဏာ ဆက်လက်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် နိုင်ငံတကာမှာအပြကောင်းအောင် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ တွေ ဖြစ်တယ်

မျက်ကန်းတစ္ဆေမကြောက်

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ" ပြည်သူများ၏ဆန္ဒကို ပုံမှန်ကျင်းပသော လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများမှတစ်ဆင့် ထင်ရှားစေရမည် "လို့ ဖော်ပြထားတာကို သတိပြု မိကြ မယ်ထင်ပါတယ်ဗျာ။ အဲဒီကြေညာစာတမ်းကို လက်ခံကြောင်း အဖွဲ့ဝင်နိုင်ငံတိုင်းက လက်မှတ် ရေးထိုးထားကြပေမယ့် ကမ္ဘာမှာ လစဉ်နီးပါးလောက် ကျင်းပနေကြတဲ့ ရွေးကောက်ပွဲတွေအနက် စလယ်ဆုံး လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲဆိုတာ အရေအတွက် အင်မတန်မှ နည်းပါး နေ တယ်လို့လည်း အကဲခတ်များရဲ့ အစီရင်ခံစာတွေက ပြောနေတယ်ဗျ။


ရွေးကောက်ပွဲတွေ စလယ်ဆုံး လွတ်လပ် တရားမျှတပါတယ်လို့ ပြောနိုင်တာ နည်းပါးရခြင်း ရဲ့ အကြောင်း ရင်း ကတော့ အဓိကအားဖြင့် နိုင်ငံ့အကျိုးထက် မိမိတို့ပါတီအကျိုး၊ အများအကျိုးထက် မိမိအကျိုးကို ရှေ့တန်း တင် ဦးစားပေးတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ (သူတို့ထဲက အားလုံးနီးပါးဟာ အာဏာရထား သူတွေဖြစ်တယ် ဆိုတာကိုတော့ အထူးပြောဖို့လိုမယ် မထင်ဘူးဗျ။) ပဲ ဖြစ်တယ်ဗျ။ တိုင်းပြည်အပေါ် စေတနာမမှန်တဲ့ အဲဒီပုဂ္ဂိုလ်တွေနဲ့ ပါတီတွေဟာ နဂိုကတည်းကိုက အာဏာနဲ့ အာဏာရဲ့ မမှန်ကန်တဲ့ အကျိုးဆက်တစ်ခုအဖြစ် ရရှိလာတဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ စွဲလမ်းတပ်မက်လေ့ ရှိသူတွေ ဖြစ်ကြတာမို့ အာဏာမှာ အနေကြာလေ အာဏာကို ပိုမိုယစ်မူးရူးသွပ်လေ၊ အာဏာကို အလွဲသုံးစားလုပ်လေ၊ အာဏာကို စွန့်လွှတ်ဖို့ ပိုပြီးခက်ခဲလေဖြစ်လာရာကနေ ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့တဲ့ မသမာမှု၊ မတရားမှုတွေကို ရွေးကောက်ပွဲ နည်းလမ်း အတွင်းဖြစ်စေ၊ အခြားနည်းလမ်းများအတွင်းဖြစ်စေ မျက်ကန်းတစ္ဆေမကြောက် လုပ်လာကြတာပဲ ဖြစ်တယ်ဗျ။

ဒီမိုကရေစီနဲ့ရွေးကောက်ပွဲ

ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ရွေးကောက်ပွဲတွေဟာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်တယ် ဆို တာ အထူးပြောဖို့ မလိုတော့ပါဘူးဗျာ။ စစ်အေးခေတ်ပြီးဆုံးသွားမှုနဲ့အတူ လစ်ဘရယ်ဒီမိုကရေစီ စနစ် ကို အထိရောက်ဆုံး စိန်ခေါ်နိုင်ခဲ့တဲ့ နိုင်ငံရေးစနစ်ဖြစ်တဲ့ ကွန်မြူနစ် စနစ် မှိန်ဖျော့အားနည်းသွားခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီစနစ် ရှင်သန်ထမြောက်လာတဲ့အခါ ရွေးကောက်ပွဲတွေဟာလည်း ကျွဲကူးရေပါဆိုသလို ကမ္ဘာ့နိုင်ငံများအကြား ပြန်လည်ရေပန်းစား လူကြိုက်များလာခဲ့တာ ဖြစ်တယ်ဗျ။ ကျူးဘား၊ မြောက်ကိုရီးယား စတဲ့ ရှေးရိုးစွဲကွန်မြူနစ်ဝါဒီနိုင်ငံ လက်တစ်ဆုပ်စာလောက်ကလွဲလို့ ကျန်တဲ့ကမ္ဘာ့နိုင်ငံအများစုကြီး မှာ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ကြတယ်ဗျ။ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်း နိုင်ငံတချို့မှာတောင်မှ ရွေးကောက်ပွဲတွေကို မြင်တွေ့လာခဲ့ကြရတယ်ဗျာ။

ဒါပေမဲ့ အဲဒီအာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေအပြင် ဒီမိုကရေစီယောင်ယောင် နိုင်ငံတွေမှာ ကျင်းပဆဲရွေးကောက်ပွဲတွေ ရှိတာဟာ ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေဖို့၊ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာအားကောင်းလာစေဖို့ ရည်ရွယ်တာ မဟုတ်ဘူးဗျ။ တကယ်ကတော့ အဲဒါတွေဟာ လက်ရှိ အာဏာရ နေသူတွေက သူတို့ရဲ့ အာဏာ ဆက်လက်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် နိုင်ငံတကာမှာ အပြကောင်းအောင် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ တွေ ဖြစ်တယ်ဗျ။

အဲဒီလိုအရင်းခံ စေတနာကိုက မမှန်တဲ့ ရွေးကောက်ပွဲတွေဖြစ်တာကြောင့်လည်း အဲဒီလိုနိုင်ငံမျိုးတွေက ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲ မလုပ်ခင်မှာရော၊ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာရော၊ ရွေးကောက်ပွဲ လုပ်ပြီးတဲ့နောက်မှာပါ ပြဿနာပေါင်းသောင်းခြောက်ထောင် တက်ခဲ့ကြရတာဖြစ်တယ်ဗျ။

မကြာသေးမီနှစ်အနည်းငယ်အတွင်းကို ပြန်ပြီး ငဲ့ကြည့်လိုက်ရင်တောင် ကမ္ဘာတစ်လွှားက အဲဒီလိုမျိုး ပြဿနာတွေ တခြိမ်းခြိမ်းတက် ခဲ့တဲ့ ရွေးကောက်ပွဲတွေကို မျက်စိတဆုံးတွေ့ကြရမှာ ဖြစ်တယ်ဗျာ။

ဖိလစ်ပိုင်က ပြည်သူ့စွမ်းအား

ကျွန်တော်တို့ အာရှဒေသမှာ ]ပြည်သူ့စွမ်းအား} (People Power)လှုပ်ရှားမှုဆိုတဲ့ ဝေါဟာရကို တစ်ရှိန်ထိုး မြှင့်တင်ပေးခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံက ရွေးကောက်ပွဲဟာ အဲဒီ စေတနာမမှန်တဲ့ မူမမှန်တဲ့ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အင်မတန်မှ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်တယ် ဗျာ။ လက်ျာအာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ်ဟာ ၁၉၈၆ခု ဖေဖော်ဝါရီလက သူကိုယ်တိုင် ကျင်းပပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ၀န်မခံဘဲ အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဖိလစ်ပိုင်တပ်မတော် အပါအ၀င် ပြည်သူတစ်ရပ်လုံးက အတိုက်အခံ သမ္မတလောင်း ကိုရာဇန်အကွီနိုနောက်မှာ တစ်ခဲနက် အခိုင်အမာရပ်တည်ခဲ့ကြပြီး အကွီနိုကလည်း သူသာလျှင် ရွေးကောက်ပွဲအနိုင်ရသူဖြစ်ကြောင်း ရဲရဲရင့်ရင့်ကြေညာခဲ့တာကြောင့် ဖိလစ်ပိုင်မှာ အာဏာရှင်စနစ် နိဂုံးချုပ်သွားခဲ့တယ်ဗျာ။

ဆားဘီးယားက မီလိုစီဗစ်

သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီသမ္မတစလိုဘိုဒန်မီလိုစီဗစ် နိုင်ငံတကာရဲ့ ဖိအားဒဏ်မခံနိုင်တော့လို့ ကျင်းပပေးခဲ့ရတဲ့ ဆားဘီးယားနိုင်ငံက ရွေးကောက်ပွဲမှာလည်း ဒီအတိုင်းပဲဗျ။ မီလိုစီဗစ်ဟာ ရွေးကောက်ပွဲ အရှုံးကို လက်မခံဘဲ ဟိုလိုလို ဒီလိုလိုလုပ်နေလို့ အတိုက်အခံသမ္မတဟောင်း ကော်စတာနီဆာက သူ့ကို တစ်ခဲနက်ဝန်းရံနေကြတဲ့ ပြည်သူလူထုရဲ့ အားကိုယူပြီး ရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ရဲရဲရင့်ရင့်ကြေညာခဲ့တယ်။ သူ့ရဲ့ကြေညာမှုကို နိုင်ငံတကာအသိုက်အ၀န်းကလည်း အခိုင်အမာ ၀ိုင်းဝန်းထောက်ခံခဲ့ကြ တဲ့အတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အရိုင်းစိုင်း အကြမ်းကြုတ်ဆုံး စစ်ပွဲတွေကို မီးမွှေးခဲ့တဲ့ ဘောလ်ကန်ဒေသက အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့တယ်ဗျာ။

အိုင်ဗရီကို့စ် ပြည်သူ့အောင်ပွဲ


ဖိအားအမျိုးမျိုးကြောင့် မတတ်သာလို့ ရွေးကောက်ပွဲလုပ်ပေးရပေမယ့် လက်ရှိအာဏာရအစိုးရတွေက ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့တဲ့ကြားက ပြည်သူ့ဆန္ဒအောင်ပွဲရသွားခဲ့တဲ့ ဖြစ်ရပ်တွေထဲက လတ်တလော အကျဆုံးဖြစ်ရပ်ကတော့ အိုင်ဗရီကို့စ်နိုင်ငံက ဖြစ်ရပ်ဖြစ်တယ်ဗျ။ အဲဒီနိုင်ငံက ရွေးကောက်ပွဲမှာ သမ္မတလောရင့်ဂဘက်ဘိုဟာ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် နိုင်ငံတကာရဲ့ ရှုမြင်ခြင်းခံခဲ့ရတဲ့ အတိုက်အခံသမ္မတလောင်း အလက်ဆိန်းအွာတာရာကို အာဏာလွှဲ မပေးဘဲ သူ့ကို ထောက်ခံတဲ့စစ်အရာရှိ တစ်စုအားကိုးနဲ့ တင်းခံနေ တာကြောင့် အိုင်ဗီရကို့စ် စစ်တပ်ထဲက ဒီမိုကရေစီလိုလားတဲ့ တပ်ဖွဲ့ဝင် တွေ၊ အဲဒီနိုင်ငံမှာ အရင်ကတည်းက ရှိနေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေနဲ့ အိုင်ဗရီကို့စ် နိုင်ငံ ရဲ့ ကိုလိုနီပိုင်ရှင်ဟောင်း ပြင်သစ်နိုင်ငံက တပ်ဖွဲ့တွေ စုပေါင်းပြီး။ ဂဘက်ဘိုဘက်တော်သား တပ်ဖွဲ့တွေကို လအတန်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြရတယ်ဗျ။ နောက်ဆုံးတော့ ဂဘက်ဘိုတပ်တွေ လက်နက်ချပြီး အခုဆို သမ္မတဟောင်းဟာ နိုင်ငံတကာစစ်ခုံရုံး ရောက်နေပြီဖြစ်တယ်ဗျ။

ဒါပေမယ့် ရွေးကောက်ပွဲတွေက ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်မပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ကမ္ဘာမှာ အရင်ကရော အခု လက်ရှိမှာလာ အနမတဂ္ဂရှိခဲ့ရှိနေဆဲ ဖြစ်တယ်ဗျ။ အဲဒီထဲကမှ အီရန်၊ ကင်ညာ၊ ဇင်ဘာဘွေ၊ ကွန်ဂိုနိုင်ငံတွေက ရွေးကောက်ပွဲလွန် ပဋိပက္ခတွေဟာ ကမ္ဘာ့သတင်းစာကြီးတွေရဲ့ မျက်နှာဖုံးတွေမှာနေရာယူခဲ့ကြတာကို တွေ့ရတယ်ဗျာ။

ကျွဲနှစ်ကောင်နဲ့ မြေဇာပင်

ကျွန်တော်တို့ဆီမှာလည်း ၁၉၉၀ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲ ရလာဒ်ကနေ လွှတ်တော် မပေါ်ပေါက်ခဲ့ဘဲ ရွေးကောက်ပွဲ ကြီးမှူးကျင်းပပေးတဲ့ အစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီအကြား တင်းမာမှုတွေသာ ဖြစ်ပေါ်ခဲ့ပြီး နှစ်၂၀ ကျော်ကြာ အချိန်တွေ အလဟဿဖြစ်ခဲ့ရတယ်ဗျာ။

ယခုတော့ ၁၉၉၀ အနိုင်ရ ပါတီကြီးဟာ ၂၀၁၂ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ၄၅ နေရာမှာ ၄၃ နေရာ အနိုင်ရလာခြဲ့ပီဗျ။

ကြားဖြတ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ထဲရောက် သွား ရင် တော့ အနည်းစုပါတီပဲ ဖြစ်နေဦးမှာပါ။ သို့ပေမယ့် လွှတ်တော်ထဲ အများစု အနေအထား မှာရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ လူထုထောက်ခံမှုအများစု ရရှိနေတဲ့ ပါတီတို့ရဲ့ လွှတ်တော်တွင်း အပြန်အလှန် ဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်ရေးအသွင်ဖြစ်မလား၊ အစိုးရပါတီနဲ့ အတိုက်အခံပါတီ ဆက်ဆံရေး ပုံစံပဲ ဖြစ်မလားဆိုတာ မကြာခင်တွေ့လာရတော့မယ်ဗျ။ နှစ်ဖက်စလုံးအဖို့ သည်အနေအထား ပေါ် မှာ ဘယ်လို ကျင့်သုံးသွားကြမလဲ။ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ဖြစ်လာနိုင်တာကတော့ အထူးပြောစရာမလိုဘူးထင်ပါ့ဗျာ။

ကျွန်တော်တို့ကတော့ ပြည်သူ့ရှုထောင့်ကပဲ ပြောချင်ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားထဲက မြေဇာပင်ပဲ ကြေမွပျက်စီးရတယ်ဆိုတဲ့ စကားပုံနဲ့ ပုံခိုင်းပြောရရင် ပြည်သူတွေဟာ မြေဇာပင်ပဲဗျ။ မြေဇာပင်တွေ မကြေမွစေဖို့ကတော့ ကျွဲတွေ ထမခတ်ပါစေနဲ့လို့ ဆုတောင်းရမည်သာ ဖြစ်ကြောင်းပါဗျာ။


မောင်ဝံသ

၁၃၊ ၄၊ ၁၂

1 လွှတ်တော်တံခါးဝမှာသော့ခလောက်ခတ်ထား အတားအဆီးဟန့်တားတာဘယ်သူလဲ?


လွှတ်တော်တံခါးဝမှာသော့ခလောက်ခတ်ထား အတားအဆီးဟန့်တားတာဘယ်သူလဲ?Nld နာယက ဘဘဦးဝင်းတင်နှင့် ဘီဘီစီအင်တာဗျူးအား ကောက်နူတ်ဖော်ပြပါသည်.

NLDရွေးကောက်ပွဲ ၀င်တယ်ဆိုတာကကို မလိုလားအပ်တဲ့ ဥပဒေတွေကိုပြင်ဆင်ဖို့ပါ၊ခုဟာက ဥပဒေကို မပြင်စေပဲ ..ကာကွယ်မှုတောင်ပြုပေးရမယ်ဆိုပြီး ကျမ်းကျိန်ခိုင်းတာကတော့.....



ကာတွန်း။ ။ ဟာဂျူလီ ကသာ

Tuesday, April 24, 2012

0 တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်( မောင်မောင်ဝမ်း )

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
( မောင်မောင်ဝမ်း )

အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်းစားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ် ဆို…အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။

လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် ( အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့.. နိုင်ငံတွေက… ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ…သူပြောသွားတာက………

အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.

ဂျာမနီမှာ ဆိုရင် - Defend of the visit law.

ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.

ဂရိမှာလည်း ဒီတိုင်းပဲ...

အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.

ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.

စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက ( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကားနွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်



SCHEDULE FOUR

Form of Oaths or Affirmation

(Refer to Section 125)

I ................ do solemnly and sincerely promise that as an elected representative

of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold

and abide by the Constitution of the Union. I will be loyal to the Republic of the

Union of Myanmar and citizenry and hold always in esteem non-disintegration

of the Union, non-disintegration of national solidarity and perpetuation of sovereignty.

In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါ ..ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ
မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်း
စားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့
ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်
ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။

တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။

အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး… ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )…

A solemn affirmation or declaration, made with an appeal to God for the truth of what is

affirmed. The appeal to God in an oath, implies that the person imprecates his vengeance and

renounces his favor if the declaration is false, or if the declaration is a promise, the person

invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်း ထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထုက တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ..လွှတ်တော် တံခါးဝမှာ..ဆီးပိတ်ထားသော ကျမ်း သစ္စာကျိန်ဆိုခြင်း..ဆိုတဲ့ အရာကြီးရှိနေပါတယ်…ဒီတံခါးနောက်ကနေ..လက်ယပ်ခေါ်နေမှု့များကို…..လူပြိန်းဆန်သည်ဟုပြောချင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ

လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ… မှတ်ပုံတင်ပြီး သည့် တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ မရှိသေးပါ…..ယခု အချိန်ကာလသည်…ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီးထွက်နိုင်ပါတယ်..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )

ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်စတင်နိုင်မယ်လို့ ထင်ပါတယ်… .လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ( ဈေးသည် စကားနဲ့ပြောရရင် ) ဈေးဦးဖောက်ဖြစ်ပါတယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် ( First Amendment ) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် ( Bill of Right )ဟာ လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။


အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ

မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။

“သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟု ယင်းရဲအရာရှိက ပြောကြား သည်။

အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။

“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။

KP (yangonchronicle2011)

0 မြန်မာနိုင်ငံဒေသအချို့တွင်ဖြစ်ပေါ်ခဲ့သော အင်အားသုံးအကြမ်းဖက်မှုများအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ သဘောထားကြေညာချက်တစ်စောင်ယနေ့နေ့စွဲဖြင့်ထုတ်ပြန်

0 မအေးယုအောင်၏မိခင် မကြူ လက်ဗွေနှိပ်ပေးခဲ့ရသော ဦးအောင်ဖုန်းဝင်တို့ဘက်မှ ဆန္ဒရှိသည့်အတိုင်းရေးထားသော စာချုပ်

အောက်ပါသဘောတူညီချက် စာချုပ်တွင် လက်ဗွေနှိပ်ခြင်းနှင့် ပတ်သက်ပြီး မအေးယုအောင်၏မိခင် မကြူသည် စာမတတ်သည့်အတွက် မည်သည့်အကြောင်းအရာကို ရေးသားထားခြင်းမသိကြောင်း အင်တာဗျူးတွင် ဖြေဆိုပါသည်။

ဝန်ခံသဘောတူညီချက်မှတ်တမ်း

ရက်စွဲ ၆ ၄ ၁၂

ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့ သိန်တန်းရပ်ကွက်အပိုင် ၂ နေ(ဘ)ဦးချစ်၏သမီး ဒေါ်ကြူကြူ (ရ/ကကန နိုင် ၀၃၃၅၂၉)နှင့် ၄င်း၏သမီး မအေးယုအောင်တို့တွေ့ဆုံမှုတွင် အောက်ပါအခြေအနေ အရပ်ရပ်အား တွေ့မြင်သိရှိကြပြီး ဆက်လက်၍ နှစ်ဘက်သဘောတူညီချက်များကိုပြုလုပ်ကာ သဘောတူညီချက်ရရှိပြီး လှူဒါန်းငွေ (၃၀၀၀၀၀)ကျပ်က်ု မိခင်ဒေါ်ကြူကြူမှ လက်ခံရရှိခဲ့သည်မှာ မှန်ကန်ကြောင်း ၀န်ခံကတိပြုချက် လကိမှတ်ရေးထိုး မှတ်တမ်းပြုပါသည်။

တွေ့မြင်သိရှိမှု မှတ်တမ်း

၅ ၄ ၂၀၁၂ ရက်နေ့ ည (၇း၀၀) နာရီခန့်တွင်မိခင်ဖြစ်သူဒေါ်ကြူကြူနှင့် သမီးမအေးယုအောင်တို့သည် မရမ်ကုန်းမြို့နယ် ၅ ရပ်ကွက် အိမ်အမှတ် (၄၂B)တွင် တွေ့ဆုံ၍ မအေးယုအောင်၏ လည်ပင်းတွင် မီးလောင်အမာရွတ်များတွေ့ရှိပြီး (မှတ်တမ်းဓာတ်ပုံ ယူထားပါသည်။

မအေးယုအောင် ကိုယ်တိုင်မှ ထိုအမာရွတ်နှင့်ပတ်သက်၍ ၄င်းမီးပူတိုက်စဉ် မိမိဖာသာ ထိခိုက်မိကြောင်း ရှင်းလင်းပြောကြားပါသည်။ ၄င်းအနေဖြင့် ၄င်းကို မည်သူကမျှ ညှင်းပန်းနှိပ်စက်မှုမရှိကြောင်း ပြောဆိုပါသည်။

မအေးယုအောင်မှ သီးအောင်ဖုန်းဝင် ဇနီး ဒေါ်ဖြူဝင်းသက် နှင့်အတူ အထက်မြန်မာပြည် ဘုရာဖူးလိုက်သွားချင်သည်ဟု ပြောပါသည်။ ဘုရားဖူးပြီးရင် အိမ်ပြန်လိုက်မည်ဟု ပြောပါသည်။

သဘောတူညီမှုမှတ်တမ်း

--------------------------
၁။ မအေးယုအောင် ဘုရားဖူးလိုက်ချင်မှုကို ခေါ်ဆောင်သွားရန်
၂။ ၃၀ ၄ ၂၀၁၂ ရက်နေ့ ကျောက်ကြီးမြို့ မိခင်ထံ အရောက်ပို့ရန်
ဒေါ်ကြူကြူအား ထောက်ပံ့ငွေ (၃)သိန်း(သုံးသိန်းတိတိ)


(လက်ဗွေ) မကြူ (လက်ဗွေ)

ဦးအောင်ဖုန်းဝင်း အေးယုအောင်၊ဒေါ်ကြူကြူ

အသိသက်သေများ

(လက်ဗွေ) (လက်ဗွေ)

ဒေါ်မြမြတ်ခိုင်(ဘ)ဦးကျော်မောင် ဦးသက်တင်

42 B

(လက်ဗွေ)

ဒေါ်အိသက်မွန် (ဘ)ဦးလှသင်

(လက်ဗွေ)

ဒေါ်ဇင်မာထွေး (ဘ)ဦးလှသန်း

Ko Ye Facebookမှ

0 The Lady ဇာတ်ကားမှ အမှတ်တရ စကားနှစ်ခွန်း


Videoကို http://www.dawnmanhon.com/2012/04/lady-j.htmlမှာတင်ထားပါတယ်..
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လဲဖြစ် ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြကြယ်တစ်ဦးလဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝဇတ်ကြောင်းကို ရိုက်ကူးထားတဲ့ “The Lady” ဇတ်ကားမှ အာရုံထဲစွဲနေသည့် အမှတ်တရ စကားနှစ်ခွန်းအပေါ် ဆက်စပ်တွေးမိတဲ့အကြောင်းအရာအား ရေးသားဖော်ပြလိုက်ပါတယ် ။

ပထမစကားတစ်ခွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား Dr. Michael Aris အဖြစ် သရုပ်ဆောင်သူကို အစိုးရအဖွဲ့ဝင်တချို့က ပြည်ပသို့ပြန်ထွက်ခွာဖို့ ၎င်းတို့နှင့် တပါတည်းလိုက်ခဲ့ရန် လာခေါ်တဲ့ ဇတ်ဝင်ခန်းမှာ ၎င်းက အာဏာပိုင်တွေကို ပြန်မေးခဲ့သော ” Do I have time to pack? ” ဆိုတဲ့ စကားပါ ။

ရုပ်ရှင်မဟုတ်တဲ့အပြင်မှာ ကာယကံရှင် တကယ်ပြောခဲ့ ၊ မပြောခဲ့ဆိုတာ သေချာမသိပေမယ့် ဇတ်ကားထဲ ဒီလိုအချိန် ၊ ဒီလိုအခြေအနေမျိုးမှာ ဒီစကား ရွေးချယ်ပြောထားခဲ့တာကို တန်ဖိုးထားမိတာပါ ။ မရှိတော့တဲ့အချိန်အတွက် စိတ်လှုပ်ရှား ထွေပြားမနေဘဲ ဇနီးဖြစ်သူနဲ့ အတူရှိချိန် ၊ အတူရှိခွင့်အတွက် အချိန်ကို ဆွဲဆန့် အသုံးချသွားခဲ့တဲ့ စကားလေးတစ်ခွန်းလို့ တွေးမိလို့ပါ ။

ကာယကံရှင်သာ အပြင်မှာ ဒီစကားကို တကယ်ပြောခဲ့တယ်ဆိုရင်လို့ တွေးမိတဲ့အခါမှာ သူ့ရဲ့ နောက်ဆုံးအချိန်များအတွက် ပိုလို့ ကိုယ်ချင်းစာ ခံစားမိပြီး စိတ်မကောင်းဖြစ်မိပါတယ် ။

ဘာဝေဒနာမှ မခံစားရခင် ၊ အထီးကျန်ဖြစ်မနေဘဲ ဇနီးနဲ့ အတူ ဇနီးရဲ့အိမ်မှာရှိနေတဲ့ မိနစ်နဲ့ စက္ကန့်တွေကို ဆွဲဆန့်ခဲ့တဲ့ လူတစ်ယောက်ဟာ ဝေဒနာကို အပြင်းအထန်ခံစားရင်း ၊ မိဘနှစ်ဦးလုံး အနားမှာမရှိတော့ဘဲ ကြီးပြင်းရတော့မယ့် သားနှစ်ယောက်အတွက် ပူပန်ရင်း ၊ ဘယ်လိုကြိုးစား ကြိုးစား ဇနီးဖြစ်သူကို မြင်ခွင့်မရဘဲ နောက်ဆုံးနေ့ရက် ၊ လတွေကို ကျော်ဖြတ်သွားရတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ ၎င်းရဲ့နေရာမှာ ဝင်ခံစားကြည့်မိတဲ့အခါ ရင်နင့်စရာကောင်းလှသည် ။

ကိုယ်တိုင်က ဇနီးသည်ကို တွေ့ချင်လွန်းလှပေမယ့် သားနှစ်ယောက်ရဲ့ ခံစားချက်တွေ မိခင်အပေါ် မခါးသီးရအောင် အားတင်းဟန်ဆောင်ရင်း ၊ မြင်ခွင့်မရတဲ့ ဇနီးသည်ကို နောက်ဆုံးအကြိမ်ဖြစ်ဖြစ် မြင်ခွင့်ရဖို့ တမ်းတရင်း ၎င်းရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ဘယ်လောက်များ အထီးကျန်ဆန်နေခဲ့မလဲ ။

မှတ်မှတ်ရရဖြစ်တဲ့ နောက် စကားတစ်ခွန်းကတော့ မိခင်နဲ့ ဖုန်းပြောပြီး ဆေးရုံခုတင်ပေါ် လဲနေတဲ့ ဖခင်ရဲ့ မျှော်တလင့်လင့်အကြည့်ကို ဖခင် ၎င်းတို့အား ပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ “Mom sends us love.” လို့ ဖခင်ကိုနှစ်သိမ့်ရင်း ခပ်ထေ့ထေ့ပြောလိုက်တဲ့ ကိုထိန်လင်းတဖြစ်လဲ Kim အဖြစ် သရုပ်ဆောင်သူရဲ့ စကားတစ်ခွန်းပါ ။

ကောင်းကောင်း သိတတ်စပြုနေတဲ့ Kim ရဲ့ (၁၁)နှစ်အရွယ်မှာ တစ်ပတ် ၊ နှစ်ပတ် သွားခြင်းလို့ ပြောပြီးထွက်သွားတဲ့နောက် မိမိတို့နေအိမ်သို့ ပြန်ရောက်မလာခဲ့တဲ့ မိခင်အပေါ် ထားရှိတဲ့ခံစားမှု ၊ ဖခင်အသည်းအသန် ဖြစ်နေချိန်မှာတောင် မိသားစုအနား ပြန်မလာခဲ့တဲ့ မိခင်အပေါ် ခံစားမှု ၊ မိခင်ဆီက ဖုန်းလာတာနဲ့ ကြုံလေတိုင်း ဖခင်က “Your Mom sends us love.” ဆိုတဲ့စကားကို ပြန်ပြောင်းသတိရပြီး မိခင်အား တမျှော်မျှော် ဖြစ်နေတဲ့ ဖခင်အား ၎င်းတို့နေရာက ပြန်ခံစားစေလိုစိတ် ပါကောင်းပါနိုင်သော ၊ တဖက်ကလဲ မျှော်နေတဲ့ ဖခင်ကို အားပေးနှစ်သိမ့်လိုသောစိတ်နဲ့ ပြောခဲ့တဲ့ စကားအဖြစ် ခံစားကြည့်မိတဲ့အခါ သူ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်ချင်လာတယ် ။

ကာယကံရှင်ဟာ ဒီစကားကို အပြင်မှာ တကယ်ပြောခဲ့သလားဆိုတာ သေချာမသိပေမယ့် ဒီစကားကို ဒီဇတ်ဝင်ခန်းမှာ ရွေးပြောခဲ့လို့ မှတ်မှတ်ရရဖြစ်ပြီး အတွေးများစွာကို ဆက်ဖြစ်ကျန်ရစ်စေပါတယ် ။

မိခင်ထွက်သွားပြီးနောက် မချက်တတ် ချက်တတ် ကြိုးစား ချက်ပြုတ်ကျွေးခဲ့သော ဖခင်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရပြီး မိခင်နဲ့ အနေနီးတတ်တဲ့ သားတစ်ယောက်ရဲ့ မိခင်ကို လွမ်းဆွတ်မှုခံစားချက်ကို ၎င်းကိုယ်တိုင်ပဲ ခံစားသိနိုင်ပေမည် ။

သေဆုံးတော့မယ့် ဝေဒနာသည်ဖခင်ကို ဆုံးရှုံးရတော့မယ့် ခံစားမှု ၊ ဖခင်ရဲ့ နောက်ဆုံးအချိန်မှာတောင် မိသားစုကို ပြန်လာမကြည့်နိုင်တဲ့ မိခင်ရဲ့ ပြတ်သားမှုကို ဘယ်လောက်ခံရခက်ပြီး ကြေကွဲခဲ့လေမလဲ ။ (ဒီနေရာတွင် ဖခင်နဲ့ မိခင်ကြား ဘယ်လိုသဘောတူညီချက် ရှိတာကို ၎င်းတို့သိဟန်မတူ ။)

ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး Alexander Aris ရဲ့ ခံစားမှု ထည့်မပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် မိသားစုနေအိမ်မှ ထွက်ခွါသွားချိန်တွင် ၎င်း၏အသက်ဟာ (၁၅)နှစ် ရှိနေခဲ့ပြီး ဖခင်ရဲ့ အုပ်ထိန်းမှု ဆက်လက်ခံယူရသူမို့ အသက်(၁၁)နှစ်အရွယ်နှင့် မိခင်ရင်ငွေ့ မခံစားရတော့တဲ့ Kim ရဲ့ခံစားမှုကို ပိုအသားပေး ကိုယ်ချင်းစာမိခဲ့တာပါ ။

ဒီလိုခံစားခဲ့ရင်းကပဲ စိတ်ခံစားမှု အခြေခံနဲ့ လမ်းလွဲ ၊ လမ်းမှား ရောက်မသွားခဲ့ဘဲ သမာအာဇီဝ လုပ်ကိုင်စားသောက်နေခဲ့သော ၊ မိခင်ရဲ့ပါတီတံဆိပ်ကို လက်မောင်းမှာ Tattoo ထိုးထားခဲ့သော ၊ ယက်တောရဲ့ နှောင့်ယှက်မှု မိခင် ခံခဲ့ရပြီးနောက် မိခင်ကို အကာအကွယ်ပေးဖို့ ၎င်းပေးနိုင်တဲ့ တိုင်ချီဒိုအမည်ရ ခွေးကလေးကို လက်ဆောင်ပေးပြီး မိခင်ကို စောင့်ရှောက်စေခဲ့သော သားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတဲ့အခါ ကိုထိန်လင်းကို လေးစားမိပါတယ် ။

“The Lady” ဇတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ နိုင်ငံရေး ရွေးချယ်မှုကို အသားပေး တင်ပြထားပေမယ့် ဇတ်ကားကြောင့် ဒေါ်အောင်ဆန်းကြည်၏ အမျိုးသား Dr. Michael Aris ၏ ပေးဆပ်ခဲ့မှု တစိတ်တဒေသကို ပရိသတ်သိအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် စိတ်မကောင်းစရာကောင်းတာက ယခုအချိန်ဝယ် ၎င်းက သေဆုံးသွားခဲ့ပြီ ။ ချီးမွမ်း ၊ ကဲ့ရဲ့မှုတွေကို ခံစားယူနိုင်စွမ်းလဲ မရှိတော့ပြီ ။

ဒါဆို ရှိနေသေးတဲ့ ကိုထိန်လင်းတဖြစ်လဲ Kim ကို စာနာ နားလည်ပေးကြပါစို့လား ။ မိခင်နဲ့တွေ့ဖို့ အဝေးကနေ ပြန်လာတွေ့တတ်တဲ့ သူ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ တချိန်က သူ့ခံစားချက်တွေကို ဒီ့ထက်ပို နားလည်ပေးကြပါစို့လား ။ ယခုလိုအချိန်ဝယ် နှစ်နှစ်ဆယ်ကျော် ကြိုးစားမှုရလဒ်အဖြစ် ကျွန်ုပ်တို့ တစ်ခုခုရရှိအောင် တချိန်က မိခင်ရင်ငွေ့ ဆုံးရှုံးခဲ့ရတဲ့ သူ့ကို စာနာ နားလည်ပေးကြပါစို့လား ။

အကယ်၍ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ မခွဲမခွာ မိသားစုထဲရှိပြီး မိခင်ရဲ့ သွန်သင်ဆုံးမ လမ်းပြမှုအောက် ကိုထိန်လင်း ကြီးပြင်းလာခဲ့ရပါလျှင် ၎င်း ယခု လုပ်ကိုင်နေသော အလုပ်အကိုင် ၊ ရရှိနေသော အဆင့်အတန်းထက် သာလွန်ပြီး ယုံကြည်မှုပြည့်ဝ ပျော်ရွှင်စွာ ကြီးပြင်းလာသူတစ်ယောက် ဖြစ်လာမည်ကိုတော့ အသေအချာ ယုံကြည်မိရင်း Kim ရဲ့ တချိန်က ခံစားမှုကို ဝင်ခံစားကြည့်ကာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည် ။

ပုံရိပ် (Burmesehearts.com)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.