Saturday, May 19, 2012

0 ဆဲဗင်းဂျုလိုင်အတွက် လှုပ်ရှားမှု စတင် (ဗကသ/အထက်ဗမာပြည်)


နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။

မန်းမြန်မာပလာဇာသို့ ဝင်ရောက် ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။

ကျောင်းသားများက ဓါတ်ပံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင် ကပ်ခဲ့ကြသည်။ အချို့နေရာများ ပြန်လည်ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။

စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)

0 ၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု


ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားသည့် သတင်းဆောင်းပါး - (၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)-ဒီမိုဝေယံ

စွပ်စွဲချက်တွေနဲ့ အမှုဖြစ်ပြီးနောက်ပိုင်း လူသိထင်ရှား တရားဝင် လုပ်ဆောင်ချက်တွေအရ ၅ နှစ်အရွယ် ကလေးမလေးဟာ မုဒိန်းကျင့်ခံခဲ့ရတာ အလွန်ပဲ သိသာထင်ရှားလှပါတယ်။ ဒီကိစ္စဟာ လုပ်ကြံဖန်တီးပြီး အမှုဖွင့် အရေးယူစေတာ မဟုတ်မှန်း လူတိုင်းကတောင် သာမန်အားဖြင့် စဉ်းစားဆင်ခြင်နိုင်ကြပါလိမ့်တယ်။

ဒါကို ပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားလို့ တရားသေ လွှတ်လိုက်တယ်ဆိုတော့ ကာယကံရှင် ဘက်ကရော တရားဥပဒေနဲ့ တရားမျှတမှုကို လေးစား တန်ဖိုးထားသူတွေကရော အတော့်ကို မကျေနပ် ဖြစ်ကြမှာပါပဲ။ မကျေနပ်ဖြစ်စရာ ကောင်းလှတဲ့အပြင် မြန်မာ့တရားစီရင်ရေးရဲ့ တန်ဖိုးနဲ့ ပြည်သူတွေ လေးစားယုံကြည် အားကိုးထိုက်တဲ့ အခြေအနေကိုလည်း ထိခိုက်သွားစေနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ အဂတိလိုက်စားတာတွေဟာ ဆိုးဆိုးဝါးဝါး ပြောင်ပြောင်တင်းတင်း ဖြစ်ပျက်နေတုန်းပဲ ဆိုတာကို ငြင်းလို့ မရသေးပါဘူး။ ဒါဟာ ကိုယ်ကျိုးရှာ မသမာသူတွေအတွက် အခွင့်ကောင်းယူဖို့ သိပ်ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ အမှုတခုမှာ တရားတာ၊ မတရားတာ အပထား.. အမှုနိုင်ဖို့ကိုသာ ဦးတည်လုပ်ဆောင်ဖို့ တရားမဲ့ ဥပဒေမဲ့ လုပ်ဆောင်ချင်သူတွေအတွက်လည်း အခွင့်ကောင်း ဖြစ်နေပါတယ်။ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးစေဖို့၊ သိက္ခာကျစေဖို့ အဓိက အကြောင်းရင်းကြီးလည်း ဖြစ်နေပါတယ်။ အဂတိ လိုက်စားတာတွေ၊ မတရားတာတွေ၊ ဥပဒေမဲ့တာတွေကို အားပေးရင် အမှိုက်ကစ ပြဿဒ် မီးလောင်သလို တိုင်းပြည်တခုလုံး ပျက်စီးသွားနိုင်ပါတယ်။

အထက်က သတင်းဆောင်းပါးမှာ ခိုင်လုံတဲ့ သတင်းရပ်ကွက်အဆိုအရ စွပ်စွဲခံရသူဘက်က တရားသူကြီးကို လာဘ်ထိုးတယ် ဆိုတာ ဖြစ်နိုင်သလို သက်သေခံ ဖျက်ဆီးတာမျိုးကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမှုမနိုင်ရခြင်း အကြောင်းရင်းတွေကို စုံစမ်းဖော်ထုတ်ပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သင့်ပါတယ်။

တရားသူကြီးက ဒီစီရင်ချက်ကို ချမှတ်ရတဲ့ အကြောင်းပြချက်တွေကို ခိုင်လုံအောင် တင်ပြပြီးမှ တရားရုံးအမိန့်ကို ထုတ်ပြန်ပေးရပါတယ်။ အဲဒီအကြောင်းပြချက်တွေနဲ့ စီရင်ချက်ကို တရားလိုဘက်က မကျေနပ်ရင် အထက်တရားရုံးမှာ အယူခံဝင်နိုင်ခွင့် ရှိပါသေးတယ်။ တရားလိုဘက်က ကာယကံရှင်တွေဟာ ဥပဒေရေးရာကို မသိနားမလည်တဲ့ ရိုးသားသူတွေ ဖြစ်ပုံရတဲ့အတွက် သူတို့ကို နားလည် တတ်ကျွမ်းသူတွေ၊ တရားရုံးစရိတ် တတ်နိုင်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါမယ်။

တရားသူကြီးအနေနဲ့ မှုခင်းပါ ကြားနာချက်နဲ့ သက်သေခံ အထောက်အထားတွေအရသာ ဆုံးဖြတ်စီရင်ခြင်းဟာ လုံလောက်မှု မရှိပါဘူး။ ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေ အမှန်တကယ် ထွန်းကားနိုင်ရေးကို အားပေးတဲ့ ပကတိ ဥာဏ်အမြော်အမြင် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ် စီရင်တာမျိုး ဖြစ်စေလိုပါတယ်။

မုဒိန်းကျင့်ခံရတဲ့ ၅ နှစ်အရွယ် မိန်းခလေးမှာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်နဲ့ တရားဥပဒေရဲ့ ကာကွယ် စောင့်ရှောက်ခွင့်ကို အပြည့်အဝ ခံစားထိုက်ပါတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်လာဖို့ကို အားပေးကြရပါမယ်။

ဒီကိစ္စမျိုးဟာ နောက်နောင် အလားတူ မဖြစ်ရစေရဖို့က နောက်ထပ် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု အမှုမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ဦးခွေးဟာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုရင် ဒီလူဟာ အခြားလူတွေကို အချိန်မရွေး နောက်ထပ် အန္တရာယ်ပြုနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။ ဒီလို ဖြစ်လာနိုင်စရာရှိတဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့၊ တားဆီးနိုင်ဖို့အတွက် အရပ်ဖက် ပြည်သူတွေမှာရော၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိ ရဲတွေမှာလည်း မလိုအပ်ဘဲ ဝန်ထိုပ်ဝန်ပိုးတခု ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

ထပ်ပြီးတော့ ပြောပါရစေ။ ဒီကိစ္စမှာ အမှုမှန် ဖေါ်ထုတ်နိုင်ဖို့ တရားဥပဒေ မြတ်နိုးသူတွေက ဝိုင်းဝန်း ကြိုးပမ်းပေးသင့်ပါတယ်။ ဒီအမှုမှာကိုပဲ ထပ်ပြီး အယူခံဝင်ရပါမယ်။ ဒီအမှုအကြောင်းကိုလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိအောင် နှိုးဆော်ပေးကြရပါမယ်။ တရားဥပဒေ အမှန်တကယ် စိုးမိုးရေးအတွက် အစိုးရအသီးသီးနဲ့တကွ ဥပဒေဘက်တော်သားတွေ အပါအဝင် လူထုတရပ်လုံးက တက်တက်ကြွကြွ ဝိုင်းဝန်း တည်ဆောက်ဖို့ သိပ်လိုအပ်နေပါပြီ။

လွင်အောင်စိုး

၁၉-၅-၂ဝ၁၂

0 မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ အမေရိကန်သမ္မတ အိုးဘားမား၏ သတင်းထုတ်ပြန်ကြေငြာချက်


0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)











Us Embassy Rangoon

0 ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်


၂၀၁၂ ခုနှစ် မေလ(၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက် (၄၈)နှစ်၊ ကလေး(၁၂)ယောက်၏မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်းအဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့်အတူဖမ်းဆီးမိ၍ ပေါင်နှင့် ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလိုပြောပြရှာပါတယ်။ “ကျနော် တွေ့ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက်လောက်က ၀ိုင်းထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေး တယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ရိုက်သူကရိုက်၊ သေနတ်နဲ့ထုသူကထု၊ ဓားမြှောင်နဲ့ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်းနေရာကနေ နေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။

သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ပြန်ထိုးကြတယ်။ နောက်တော့ အ၀တ်အစားအကုန် ချွတ်ပေးလိုက်တာတွေ့တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထားပြီး တချို့က ထိုင်လိုက်ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ဆံနေတာ ကျနော်ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော်ဟစ် ငိုယိုရှာပါတယ်။ အ၀တ်အစားအကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေ ၀ိုင်းထားတယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီး ကျနော်သိတယ်။ စစ်သားတွေက ဒေါ်ဂွာမလေး ကို အဲသလိုဝိုင်းလုပ်နေချိန်မှာ စစ်သားတွေက ကျနော့ကိုလဲ စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက်ဖြစ်လာနေရင်းက မြင်နေရတာပါ။ သူမတအားအော်ငိုရှာတယ်။ အော်ငိုတော့ ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ပြောသလား မသိဘူး၊ သေနတ်နဲ့ချိန်ရွယ် ထိုးနှက်ကြ ပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲသွားတာ ကျနော်တွေ့ခဲ့တယ်။ ဗမာစစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေးမေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော် ဘာမှနားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ပြောတာကိုနားမလည်လို့ ကျနော်ဘာမှပြန်မပြောတတ်တော့လဲ ကျနော့ခေါင်းကို သေနတ်ဒင်နဲ့ အားကုန်ထုပေးကြတယ်။ ညာဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာချည်တုတ်ထားတယ်။ တဖွဲ့ပြီးတဖွဲ့လာပြီး တုတ်နဲ့ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ချိန်ပြီး လှံစွပ်နဲ့ထိုးလိုက် လုပ်ကြတယ်။ ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိ ထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေ့ရော၊ ညရော ချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီးနှိပ်စက် စစ်ဆေးကြတော့တာ ပါပဲ။ စစ်သားတဖွဲ့ရောက်လာပြန်ကာ သတ်ပစ်မယ်လို့ပြောတာ ထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ထိုးထည့်လိုက်ပါ တယ်။ မခံနိုင်လို့ ကျနော်အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။

နောက်ဆုံးတော့ ပေါင်တဖက်ပေါက်သွားအောင် ထိုးထည့်လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလဲသေနတ်နဲ့ ထုထည့်လိုက်တာနဲ့တပြိုင်နက် ကျနော်သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်း မကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်းဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ပေကြံလျှက် သတိမေ့မျှောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ပါတယ်။ ဒါပေမဲ့ ကျနော်မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက် ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျှောနေချိန်မှာ NDA (K) (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။

ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့တန်းက ဒဏ်ရာရစစ်သားတွေကို ပြုစု စောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြတော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည် နယ်စပ်ဆေးရုံမှာ ဆေးသွားကုဖို့အတွက် ခေါ်ထုတ်သွား ကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး (၃)ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။

ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်းသေနေတဲ့ လူနာပါ။ စစ်သားတွေဝင်လာချိန် ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။ ကျနော့ဇနီး တော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာချင်သေး တယ်။ ကျနော်တို့ (၂)ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။”

ဘာကြောင့် ကျနော်တို့ကို ဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ် ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ ဘာကြောင့်ဒီလိုလုပ်လဲ မသိတော့ဘူး။”

ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေကို ကြာက်လန့်ထိတ်လန့်ခြင်း၊ စကားလဲမပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့်လက္ခဏာများ တွေ့ရသဖြင့် မိသားစု၊ ဆွေမျိုးများက စိတ်အထူးကုဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဒေါ်ဂွာမလေး၏ခင်ပွန်း ငွါးဆာကတော့ “အစတုန်းက အကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခုတော့ ဘာမှမေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိပ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်”လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။

ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်တပ် NDA(K) တို့နှင့် ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည် ငြိမ်းချမ်းရေးလမ်းစပျောက်သွားမှာကို စိုးရိမ်စွာဖြင့် စုံစမ်းတင်ပြအပ်ပါသည်။

အချက်အလက်များ- ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးမှ ဖြစ်ပါသည်။

myitkyina.blog.com

0 ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ


ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ

စိန်မာဒင် အမည်ဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉)နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ ပို့ဆောင်ပေးခဲ့ပြီး ၁၇.၅.၂၀၁၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်၌ ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းများနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့မှ စည်ကားသိုက်မြိုက်စွာ ကူညီဖေးမခဲ့ကြသည်။

ဦးစိန်မာဒင်သည် “မဟာရန်ကုန်စံပြ” ဇာတ်သဘင်အား ထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်း အားဖြင့် (၄၈)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ “ဖိုးတဝမ်နှင့် ရွှေမင်းသား” ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်းစသည့် သိုက်သမိုင်းများလည်း အောင်မြင်မှုများရရှိခဲ့ပြီး “အရိန္ဒမာ” ဇာတ်တော်ကြီးဖြင့်လည်း အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ ပရိသတ်များ၏ အမြင်တွင်စိမ်းနေသည့် ဘဲလေးအက အား တစ်ခေတ် တစ်ခါတုန်းက “အသည်းအေးတဲ့ ဘဲလေး” အဖြစ် မိတ်ဆက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ နာမည်ကြီး လူကြိုက်များသည့် ဇာတ်မင်းသားတစ်ယောက် ဖြစ်ရုံမက သားနှင့် မြေးများဖြစ်သည့် မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ခေတ်တွင်လည်း ဇာတ်သဘင်လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား သူများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပေသည်။

ကိုကျော်သူ

0 ထားဝယ်စီမံကိန်း ဒေသခံများ ၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် သမ္မတထံ လက်မှတ်ထိုးတောင်းဆိုမှုပြုလုပ်


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ထားဝယ် ခရီးစဉ် (18.5.2012)
ထားဝယ် စည်ပင်သာယာဈေးကြီး ရောက်စဉ်..(Photo..ထားဝယ်မြို့တော်
၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော် သမ္မတကြီးနှင့်
သတင်းမီဒီယာများသို့ ပန်ကြားလွှာကို စုပေါင်းလက်မှတ်ရေးထိုးခြင်း
ရက်စွဲ ၊ ၂၀၁၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့

၁။ လျော်ကြေးပေးရာတွင် မညီမျှမှုများ၊ မကျေနပ်မှုများ၊ တိုက်ရိုက်နစ်နာသူ ကာယကံရှင်ထံ အပြည့်အ၀ မရရှိမှုများ ဖြစ်ပေါ်နေခြင်းသည် အမှန်တကယ်ပေးလျော်သူ (သို့မဟုတ်) ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက် ဈေးစကားပြောခွင့်မရခြင်းကြောင့်ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ “ ညှိနှိုင်း “ ဈေးအမှန်ဖြစ်လိုလျှင် “ ပြည်သူ့ ၀န်ထမ်း “ များက ရုံးခန်းသို့ခေါ်ကာ ဈေးဆစ်ပေးခြင်းများ မပြုလုပ်ပါရန် တောင်းဆိုပါသည်။

၂။ ယခုကာလပေါက်ဈေးအဖြစ် မြေတစ်ဧကကို ၃ သိန်းခန့် ပေးလျော်ဈေးဖြတ်ပြီး တစ်ချိန်တွင် တစ်ဧက သိန်း ၃၀၀၀ ခန့်တန်မည့် အချိန်တွင် ဒေသခံများကို မခံစားနိုင်တော့ရန် “ လျော်ငွေ “ ပမာဏ အနည်းငယ်ဖြင့် အပြတ်ဖယ်ထုတ်ခြင်းကို လက်မခံနိုင်ပါ။ လျော်ငွေသည် ယာယီဖြေရှင်းမှုဖြစ်ပြီး တန်ဖိုးမြင့်လာမည့် ဈေးကွက် ပေါက်ဈေးခံစားနိုင်ရန် ဒေသခံများ၏ ရင်းနှီးမြုပ်နှံခွင့် ရှယ်ယာလက်မှတ် ကိုလည်း မြေယာမှတ်ပုံတင် မှတဆင့် အသိအမှတ်ပြုသွားပါရန် တောင်းဆိုပါသည်။

၃။ “ လျော်ကြေး “ ဆိုသည်မှာ ဈေးဖြတ်ဈေးနှိမ်သည့် သဘောမဖြစ်စေရ။ ဆိုလိုသည်မှာ တစ်ဧက သိန်း ၃၀၀၀ ဈေးပေါက်သည့်အချိန်တွင်လည်း ဈေးကွက်၏ တန်ဖိုးကို အကျိုးခံစားခွင့်ရှိသင့်သည်။ လျော်ကြေးနှင့် လူနေအိမ်ယာမှာ ယာယီဖြေရှင်းမှုဖြစ်ပြီး “ ဆင်းရဲမှုပပျောက်ရေးအတွက် “ ရေရှည် ဖြေရှင်းမှုမဟုတ်ဟု သဘောပေါက်သည်။ မြေယာမှတ်ပုံတင်မှသည် “ အစုရှယ်ယာ “ လက်မှတ်အထိ တောင်သူလယ်သမားဘ၀၏ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ဆိုင်ရာ အကျိုးခံစားခွင့်ကို အသိအမှတ်ပြုပါရန် တောင်းဆိုပါသည်။

၎။ မြေယာမှတ်ပုံတင်ရသူများသည် ရောင်းလိုကလည်းရောင်းခွင့်ရှိပြီး မရောင်းလိုကလည်း မရောင်းပဲ နေခွင့်ရှိရမည်။ ဆိုလိုသည်မှာ မြေယာကို အတင်းတွယ်ကပ်ကာ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဇုန်စီမံကိန်းကို ဆန့်ကျင်သူများမဟုတ်ပဲ လိုအပ်သလိုဖယ်ရှားပေးမည်ဖြစ်သော်လည်း အပိုဒ် (၂) ပါ ရှယ်ယာလက်မှတ်ကို ကိုင်ဆောင်ခွင့်ကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းလင်းစွာအသိပေးလိုက်သည်။

နဘုလယ်ဒေသခံရွာသူ၊ရွာသားများ
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ

Friday, May 18, 2012

0 နော်ဝေးပါလီမန်ကို လေ့လာဖို့ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာမျိုးအောင်နဲ့ ကိုသိမ်းဆွေ

နော်ဝေးပါလီမန်က လေ့လာရေးအပြန် တည်းခိုရာ Grand Hotel ရှေ့ က..ဒေါက်တာမျိုးအောင်နဲ့ ကိုသိမ်းဆွေ.. (Grand Hotel ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေ တည်းခိုရာ.....အော်စလိုမြို့သူမြို့သားတွေက ငြိမ်းချမ်းရေးဆုရှင်တွေကို တလေးတစား လာရောက် နုတ်ဆက်ရာ နေရာလဲဖြစ်ပါတယ်
ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်းနဲ့အတူ နော်ဝေးပါလီမန်ကို လေ့လာဖို့ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ဒေါက်တာမျိုးအောင်နဲ့ ကိုသိမ်းဆွေ

ဒီဗွီဘီ သတင်းခန်းမှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံရှေ့ အမှတ်တရ ရိုက်ကူးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ...အမျိုးသားလွတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေ
DVB News Mirror and Rhythm

Thursday, May 17, 2012

0 ဒေါ်မာမာအေး ဗီဇာ လျောက် ခွင့်ပြု

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ စွယ်စုံအနုပညာရှင်ဒေါ်မာမာအေးထံ သမ္မတ ဦးသိန်းစိန် ညွှန်ကြားမှုအရ ဗီဇာလျေက်ထားဖို့ ခွင့်ပြုစာကို ၂၀၁၂ ခု မေလ၉ရက်နေ့  နေ့ စွဲနဲ့ ပေးပို့ လိုက်တာကို ကြားဝင်ပြုလုပ်ပေးတဲ့ အနုပညာရှင် က အီးမေး မှတစ်ဆင့် ပေးပို့ တဲ့အကြောင်း ဒေါ်မာမာအေး က ဘီဘီစီကိုပြောပြပါတယ်။

ဒေါ်မာမာအေးအနေ နဲ့ လည်းမြန်မာနိုင်ငံကိုခေတ္တ အလည်ပြန်လိုတဲ့ဆန္ဒရှိပုံ ၊ မြန်မာပြည်သူတွေကို အနုပညာနှင့် ပြန်လည်နှစ်သိမ့်လိုစိတ်၊ အနုပညာအသိုင်းအ၀ိုင်းကို လုပ်ကိုင်ပေးစရာ ၀ိုင်းလုပ်ပေးလိုတဲ့ဆန္ဒတွေကြောင့် ဗီဇာဘယ်နှစ်ရက် ခွင့်ပြုမယ်ဆိုတာ မခန့် မှန်းနိုင်ပေမယ့် ၀ါရှင်တန်မြန်မာသံရုံးမှာ လျှောက်ထားမဲ့အကြောင်းရှင်းပြပါတယ် ။

မိမိကိုယ်တိုင် ပြည်ဝင်ခွင့်ဗီဇာ မလျှောက်ခဲ့ဖူးပေမယ့် ၂၀၀၇ ခုက မြန်မာ ပါတ်စပို့ မှာ သက်တမ်းတိုးဖို့ လိုအပ်လို့  လျှောက်ထားရာမှာ အကြောင်းကြားစာမရလို့ ဆိုပြီး ၀ါရှင်တန်မြန်မာသံရုံးက သက်တမ်းတိုးမပေးခဲ့ကြောင်း ၊ အဆိုပါအချိန်မှာ ကိုယ်တိုင်လည်း နယူးယောက်မြို့ မှာ နှလုံးခွဲစိတ် ကုသမှု
ခံယူရချိန် ဖြစ်ပုံ ကို ဒေါ်မာမာအေးကရှင်းပြပါတယ် ။

နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း က ပရိတ်သတ် တဦးက နေ ဒေါ်မာမာအေး ကို နိုင်ငံတော်က အပါယ်ခံစာရင်းထဲ သွင်းထားတဲ့အကြောင်း အသိပေးတာကို ဘီဘီစီကို ပြောပြပါတယ်။ အခုဗီဇာလျောက်ခွင့်ရပြီ ဆိုတဲ့ တိုင်အောင် နှလုံးခွဲစိတ်မှုခံထားရတဲ့အတွက် သုံးလတကြိမ် သက်ဆိုင်ရာဆရာဝန်ကို ပြသရဆဲဖြစ်တဲ့အတွက် ၊ ဆရာဝန်ရဲ့  ညွှန်ကြားချက်ရယူဦးမှာ ဖြစ်သလို မြန်မာဌာန အတွက် ပေးပို့ နေတဲ့ ပြောပြစရာတွေ တပုံကြီးအစီအစဉ်ကို လည့်း မြန်မာနိုင်ငံအတွင်း မှ ပို့ ခွင့်ရမရ ဆိုတာတွေစီစဉ်ရမဲ့အကြောင်းတွေ ဒေါ်မာမာအေး က ဘီဘီစီကိုပြောပြပါတယ်။
http://www.bbc.co.uk/burmese/burma/2012/05/120517_marmaraye_visa.shtml


အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး ဘ၀ပုံရိပ် တစိတ်တပိုင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုပါ။

0 အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်

(YPI)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာ ရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။

'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။

ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။

ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။

လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI ပြောသည်။

ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။

ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။ ။

Yangon Press International

0ဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေး(ရုပ်/သံ)



အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေး

www.bushcenter.comမှ
“အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။”

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။”

တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။”

ဝါရှင်တန်မှာ အင်္ဂါနေ့လုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘွတ်ရှ် က ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် တဦးအဖြစ် မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် ဂီယာ ဂါစင်က ပရိသတ်ကိုယ်စားလှယ် မေးမြန်းခဲ့ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားတာတွေ ဖြစ်ပါတယ်။
(VOA)

0 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ကလေးဝ လမ်းမအတွင်း သောက်သုံးရေကန်များ ခမ်းခြောက်


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ကလေးဝ လမ်းမ၊ ၂၆မိုင်၊ ၂၇မိုင်၊ ၂၈မိုင်၊ ၂၉မိုင်၊ ၃၀မိုင်၊ ၃၁မိုင် အတွင်း သောက်သုံးရေကန်များ ခမ်းခြောက်လာကာ သောက်သုံးရေ အခက်အခဲများ ဖြစ်နေပါသည်၊ ကန်၏ အနီးအနားတွင် လက်ယက်တွင်းကလေးများတူးကာ နည်းနည်းချင်းစီ ခပ်ယူ နေရပါသည်။ ဘာလီပုံးလေးပြည့်ရန် ၁ နာရီကြာအောင် တန်းစီကာ နေပူပူထဲတွင် ရေရဖို့အရေး နေပူခံ ကာ ကြိုးစား စောင့်ခပ်ယူနေရပါသည်။ လာရောက်ခပ်ယူသူများလည်း ၂၈မိုင်၊၂၉ မိုင်၊ ၃၀မိုင် ကနေ ၃၁မိုင်ကို လာရောက်ပြီး .... နွားလှည်းရှိတဲ့သူက နွားလှည်းဖြင့် လာကြသည်၊ မရှိတဲ့သူက ခြေလျှင် လာကြရပါသည်။ ၄င်း အခု ၁၅၊ ၅၊ ၂၀၁၂ ရက်နေ့က သွားရောက်ကြည့်ခဲ့ရာ နောက် တစ်ပတ်လောက် ဆိုရင် ကန်ရေ၏ အနေအထားကို ကြည့်ရသည်မှာ လုံးဝ ခမ်းခြောက်ဖွယ် ဖြစ်နေသည်။ ထိုအတွက် အလှူရှင်များအားဖိတ်ခေါ်လိုက်ပါသည်။

ကိုသိန်းထွေး (ကနီ) သို့ ဆက်သွယ်ရန် ၀၉ ၆၄၅၀၅၅၆၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာမြို့နယ်) ရုံးသို့ဆက်သွယ်ရန် ၀၉ ၆၈၁၈၀၅၀
ayemyamyalwin@gmail.com

0 ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ကိုဇာဂနာနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ အင်တာဗျူး (ရုပ်/သံ)

0 လှူဒါန်းနေဆဲ လှူရအုံးမယ့် ဒလမြို့နယ် ရေရှားပါးမှု

ဒလမြို့နယ်မှာ သောက်သုံးရေ အခက်အခဲကြောင့် သွားရောက်လှူဒါန်းနေသူ ဦးဝင်းချိုအား ဒလရေဘေး နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ နောက်ဆုံး လှူဒါန်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြတာက တော့ ` အခုလည်းလှူနေတယ်။ ရပ်လို့မရဘူး။ ရပ်ရင် ငတ်မှာ။ ရေက ဘယ်လောက်အထိ လှူရမယ်ဆိုတာကိုလည်း မမေးနဲ့ ။ မိုးရွာလာရင်တောင် မိုးရေလှောင်စရာမရှိတဲ့ ဒေသခံတွေမှာ သောက်သုံးရေအတွက် အဆင်ပြေ ဦးမှာ မဟုတ်ဘူး။ ရေကန်တစ်ကန် ရှိတာကလည်း ရေက နွံနှစ်ရောင်ပေါက်နေပြီ။ အဲဒီကန်မှာ မနက်တစ်ခါ ညနေတစ်ခါ ရေခပ်ခွင့်ပေးထားတယ်။ သံဆူးကြိုးခတ်ပြီး ပိတ်ထားရတယ်။ မနက်စောစော အလုပ်သွားရမယ့် လူတွေဆို သူတို့ ခပ်ခွင့်ပေးတဲ့အချိန်ထိ မစောင့်နိုင်လို့ ခိုးခပ်တာမျိုးတွေတောင် ရှိတယ်´ လို့ပြောပါတယ်။

လှူဒါန်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ` ကျွန်တော်ကတော့ စမိထားတဲ့အတွက် ရပ်လို့မရပါဘူး။ အခု အလှူရှင်တွေက ဆက်သွယ်ပြီး လှူဒါန်းလာတာတွေ ရှိပါတယ်။ အဲဒါကိုလည်း လိုအပ်သလို သုံးသွားမှာပါ။ ကားတစ်စီးကို ပင်တိုင်ငှားထားပြီး တာဝန်ခံနိုင်မယ့်သူတွေကို ဦးစီးဦးဆောင် လုပ်ခိုင်းထားပါတယ်။ အလှူရှင်မရှိတဲ့နေ့တွေလည်း အမြဲတမ်းပဲ အကြွေးလှူထားရပါတယ်။ လှူဒါန်းငွေရ တော့လည်း အဆင်ပြေပါတယ်။ မရှိလည်း ဆက်တိုက်လှူနေမှာပါ။ အကြွေးတင်ခံပြီးတော့လည်း လှူရတော့မှာ ပါပဲလို့´ လို့ပြောပါတယ်။

အဲဒီမှာ တခြားသော အဖွဲ့အစည်းတွေကလည်း လှူဒါန်းနေတာတွေရှိပြီး အချို့နေ့တွေမှာတော့ ကားအစီး ၂၀ ကျော်လောက်အထိ လိုက်လံလှူဒါန်းနေတာမျိုး ရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေက သူတို့ရဲ့အခက်အခဲကို လှမ်းအကူအညီတောင်းတယ်။ ကိုယ်က ဒီကနေတစ်ဆင့် စီစဉ်ပေးရတယ်။ မိုးရွာတဲ့အထိ ရေအလှူက ရပ်လို့ ရဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ တစ်နေ့ကို ကားခ ၅၀၀၀၀ နဲ့ နေ့စဉ်မပြတ်လှူဒါန်းနေကြောင်း သိရပါတယ်။



ဒလမှာ ရေမရှိတဲ့ အုတ်ကန်မှာ တွေ့မြင်ရတဲ့ ကဗျည်းထိုး ဆိုင်းဘုတ်တင် အလွန်ဝါသနာပါတဲ့ ကြံ့ဖွံ့အမှတ်တံဆိပ်
Naung taw lay

1 တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်အစိုးရအဖွဲ့အာဇာနည်ကုန်းကိုလာဂါဝရပြုတာ သေသွားတဲ့သူတို့တောင်ကိုးရီးယားဝန်ကြီးတွေအတွက်လို့မြန်မာသတင်းစာဖော်ပြရေးသား

သတင်းစာထဲမှာတော့ ၁၉၈၃ခုနှစ်မြောက်ကိုး၇ီးယားမှအာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုကြောင့် သေသွားတဲ့သူတို့တောင်ကိုးရီးယားဝန်ကြီးတွေအတွက်..သွားပြီးပန်းခွေချတယ်လို့ရေးထားပါတယ်...

သွားတဲ့လူက..အာဇာနည်ဗိမာန်ကိုသွားပြီး..ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို..ပန်းခွေမချပဲနဲ့ သူတို့လူချည်းပဲသက်သက်အတွက်..အဲဒီလိုခေါင်းစဉ်နဲ့သွားလို့ရလား...
ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေကိုပန်းခွေမချရ...လို့ ဒီက..ကန့်သတ်ထားတာရှိလို့များလား...

မကန့်သတ်ရင်ရော...ဗိုလ်ချုပ်နဲ့အာဇာနည်တွေကိုပန်းခွေမချပဲ..သူတို့ဝန်ကြီးတွေအတွက်ပဲဂါရ၀ပြုတာကို...ဒီကလူကြီးတွေက..လက်ခံကြလား...တောင်ကိုးရီးယားသမ္မတကရောအဲဒီသဘောထားရှိလား။ရှိရင်တော့သူတကယ်ရိုင်းစိုင်းကြီးကျယ်တဲ့လူပဲ...၊မရှိရင်တော့ဒီကလွန်တာ....

သူတို့ဆီကအာဇာနည်ဗိမာန်လိုနေရာမျိုးကိုဒီကလူကြီးတွေတရားဝင်သွား..ဂါရ၀မပြုပဲ စားသောက်ပြီးပြန်လာလို့ရလားဗျာ...
သတင်းစာကရေးတာရော....မှန်ရဲ့လားဆိုတာ..တောင်ကိုးရီးယားသမ္မတကတကယ်အဲဒီသဘောဆိုရင်တောင်..သတင်းစာကထိန်းရေးရမှာ...ကိုယ့်သိက္ခာကိုယ်ချသလိုကြီးဗျာ......ထိန်းရေးသင့်တယ်..လုံးချပြီးရေးလို့ရတယ်...ဘာကြောင့်အဲဒီလိုပေါ်တင်ရေးချရတာလဲမသိ...တကယ်ကိုမသိတာပါ..

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့..လွပ်လပ်တဲ့တိုင်းပြည်အရသာကိုမခံစားတတ်လို့..ဒီလိုတွေမစဉ်းစားတတ်တာ...ခံယူချက်တွေဖြစ်လာတာလား....ကျော်ဆန်းရာ...ဗိုလ်ချုပ်အောင်ဆန်း..ဆိုရင်ကို...အာဇာနည်ဗိမာန်ဆိုရင်ကို...မင်းတို့ထွန့်ထွန့်လူးနေတာ.....၊မလုပ်သင့်တာကိုမလုပ်ပါနဲ့လို့ပြောချင်ပါတယ်...

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များအား ဂါရ၀ပြုတယ်လို.မပါဘူး...။
ကျနော်တို. နိုင်ငံ ရဲ.အာဇာနည်ဗိမာန်ကိုသွားပြီး ကျနော်တို. နိုင်ငံရဲ.အာဇာနည်တွေ ကိုတော့ ဂါရ၀မပြုဘူး ဆိုတာ စော်ကားတာပဲ။ ကျနော်တို.အစိုးရက အဲသည်လို လုပ်ခွင့်ပြုသလား ?????? သတင်းစာက ဖုံးကွယ်ပြီးရေးတာလား ?????? ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ကို လုံးဝ လက်မခံနိုင်ပါဘူး…။
တရားဝင်ဖြေရှင်းချက်ထုတ်ပေးရန်တောင်းဆိုပါတယ်..
Pa Yit

Wednesday, May 16, 2012

0 ၈၈ ကျောင်းသားခေါင်းဆောင်များ ထားဝယ်ခရီးစဉ် ဟန့်တားမှုဆက်တိုက်ကြုံ


ယနေ့ နံနက် ၈ နာရီခန့်က ထားဝယ်မြို့သို့ ရောက်ရှိလာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်း ခရီးစဉ်များအတွက် နေရာအခက်အခဲများကြုံရခြင်းတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကျော်ကျော်သက်က ပြောကြားသည်။

ထားဝယ်မြို့မှ တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈ မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် “၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ် “ ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

“ သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။ ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊ ကံပေါက်ဘောလုံးကွင်း ကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။

“ ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့ နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။ သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ “ ဟု ၈၈ ကျောင်းသားများ၏ ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ကံပေါက်ရှိ ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် “ ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊ တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ် မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။

Yangon press international

0 တောင်ကိုရီးယားသမ္မတခရီး လုံးခြုံရေး ငါးဆတိုးချ




တရုတ်နိင်ငံဘက်မှ တဆင့်မြောက်ကိုရီးယား အမျိုးသမီးသူလျှို ငါးဦးထိုးဖောက်စိမ့်ဝင်လျှက်ရှိသည်ဆိုသော သတင်းကြောင့် တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်၏ ချစ်ကြည်ရေးခရီးလုံခြုံရေးကို ငါးဆတိုးမြှင့်ချထားကြောင်း ဗဟန်းမြို့နယ်မှ(စအဖ)ခေါ် စစ်ဖက်လုံခြုံရေး သတင်းရပ်ကွက်မှ စုံးစမ်းသိရှိရသည်။

တောင်းကိုရီးယားသမ္မတသည် မေလ ၁၅ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံပြီး ရွေတိဂုံဘုရား မြောက်ဖက်မုဒ်ရှိ အာဇာနည်ဗိမာန် သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တောင်းကိုရီးယားသမ္မတ မလာခင်သုံးရက်ခန့်ကတည်းက ရန်ကုန်မြို့၏ အဓိကကျသော အ၀င်အထွက်လမ်းများအား တင်းကြပ်သောစစ်ဆေး မှုများ ပြုလုပ်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အင်းစိန်းစော်ဘွားကြီးကုန်းတွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နှစ်ပေါင်း ၃၀နီပါးအတွင်း တောင်ကိုရီးယားသမ္မတတစ်ဦး ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၁၉၈၃ ခုနှစ်က နောက်ဆုံးလာရောက်ခဲ့ သော တောင်ကိုရီယားသမ္မတ ချန်ဒူးဝမ်ခရီးစဉ်တွင် မြောက်ကိုရီယားနိင်ငံဘက်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သမ္မတချန်ဒူးဝမ် အသက်ဘေးက လွတ်မြောက်ခဲ့ သော်လည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးလေးယောက်နှင့် သံတမန်များ အသက်ဆုံးရှုံးခဲ့ရသည်။

MP(transparencymyanmar)

အပေါ်ကပုံမှာဖော်ပြထားတဲ့ လုံခြုံရေးယူနေတဲ့ တောင်ကိုး၇ီးယားကွန်မန်ဒိုလုံခြုံရေးနဲ့ လုံးဝကွာခြားတဲ့ ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်း ရွှေဂုံတိုင်မီးပွိုင့်အနီး တွေ့ရှိရသော မြန်မာလုံခြုံရေးရဲတွေရဲ့ ပုံစံဟာရဲတွေနဲ့မတူဘဲ တာဝန်ကျတာကို ပျော်ပွဲစားထွက်လာသလိုပဲ။ ဆေးလိပ်လေးသောက်လိုက်။ စကားလေး ပြောလိုက်နဲ့ဗျာ..


Photo credit should read Soe Than WIN/AFP/GettyImages)The voice weekly

0 အနော်ရထာစက်မှုဇုံကို ဥပဒေစည်းမျဉ်းစည်းကမ်းအညီပြန်လည်သိမ်းယူရန် တောင်းဆို


ဆယ်နှစ်ကျော်ကြာသည်အထိ အနော်ရထာ စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသော်လည်း ယခုအခါတွင် အသည်းအသန် ခြံစည်းရိုး စတင်ခတ်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကို လယ်သမားတစ်ဦးနှင့် ဦးဝင်းချိုက လိုက်ပြပါတယ် ..

သို့

ညွှန်ကြားရေးမှူး

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန

နေ့စွဲ ။ ။ ၁၅.၅.၂၀၁၂

အကြောင်းအရာ ။ ။ နစ်နာသူမူလလယ်သမားများ၏ တောင်းဆိုချက်ကိုအမြန်ဖြေရှင်းပေး နိုင်ပါ ရန်တင်ပြခြင်း

အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ ၂၆.၄.၂၀၁၂ ရက်နေ့က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌာနသို့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စုအတွင်းမှ လယ်သိမ်းခံလယ်သမားများသည် ဌာနတွင် မြေသိမ်းဆည်းမှုနှင့် ပတ်သက်၍ တာဝန်ရှိမရှိ လာရောက်မေးမြန်းခဲ့ကြပါသည်။ အဆိုပါမေးမြန်းချက် ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးမှ ၃.၅.၂၀၁၂ ရက်နေ့တွင် တာဝန်ရှိကြောင်း ပြန်လည်အဖြေပေးခဲ့ပြီး ဖြစ်ပါသည်။

ထပ်မံ၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ၉.၅.၂၀၁၂ ရက်နေ့က တောင်းဆိုမှု (၃) ရပ်ကို လာရောက် တောင်းဆိုခဲ့ပါသည်။ အဆိုပါတောင်းဆိုချက် များမှာ-

(၁) နိုင်ငံတော် (မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန)သည် တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အရ အနော်ရထာ စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရာတွင် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူထံမှ ထုတ်ပြန် ထားသော စည်းကမ်းချက်နှင့်အညီ ပြန်လည်သိမ်းယူပေးပါရန်။

(၂) ထိုသို့သိမ်းယူပြီးလျှင် မူလမြေပိုင်ရှင်ထံ ပြန်လည်လွှဲအပ်ပေးပါရန်။

(၃) မူလမြေသိမ်းခံ ပြည်သူများမှ နိုင်ငံတော်စီမံကိန်းကို အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက် နိုင်ရန်။

အချက်(၃) ချက်ကို အဆိုပြုခဲ့ပါသည်။

အဆိုပြုချက်ပါ (၂)နှင့်(၃)သည် လက်ငင်းဆောင်ရွက်ရန် အခက်အခဲရှိနိုင်သော်လည်း အဆိုပြုချက်(၁) သည် အာဏာပိုင်အနေဖြင့် ချက်ချင်းလက်ငင်းဆောင်ရွက်နိုင်ပြီး ဆောက်ရွက်ခြင်းမရှိသည့်အတွက် ယနေ့ (၁၅.၂.၂၀၁၂) ရက်နေ့တွင် ထပ်မံလာရောက်တောင်းဆိုခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုချက်များကို မေလ(၃၁)အတွင်း အကြောင်းပြန်ကြားပေးခြင်းမရှိပါက စည်းကမ်း ဖောက်ဖျက်ကုမ္ပဏီအား နစ်နာသူများမှ လွတ်လပ်စွာဖော်ထုတ်နိုင်သော မိမိတို့၏ ဆန္ဒကို ဖော်ထုတ် ၍ ငြိမ်းချမ်းစွာ ဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား မိမိတို့မှ အသိပေး တင်ပြလိုက်သည်။

ဦးဝင်းချို
လယ်သမားများ၏ကိုယ်စားလှယ်

Naung taw lay

Tuesday, May 15, 2012

0 ဘယ်သူပိုင်လဲ

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ 

ငယ်ငယ်တုန်းက တေဇလူငယ်၊ ရွှေသွေး၊ ဒို့ကျောင်းသား စသည်ဖြင့် ဖတ်ဖူးသည်။ မြန်မာ့အလင်းသတင်းစာကို ဘုန်းကြီးကျောင်းသားဘဝကတည်းက ဖတ်ခဲ့သည်။ မဂ္ဂဇင်းပေါင်းများစွာလည်း ဖတ်ဖူးသည်။ သဇင်တို့၊ ပေဖူးလွှာတို့၊ ရှုမဝတို့၊ သောင်းပြောင်းထွေလာရီစရာတို့ အတော်စုံသည်။ ဝတ္တုတို၊ ဝတ္တုရှည်၊ လုံချင်း၊ သိုင်းလည်း ဖတ်တာပါပဲ။ စာသင်တိုက်ရောက်သောအခါ သတင်းစာဖတ်ခွင့်မရှိသဖြင့် ဆရာတော်ဆီ သတင်းစာမရောက်ခင် ဦးအောင် ခိုးဖတ်ရသည်။

ဆရာတော်၏ စာအုပ်ဗီဒိုတွင် မြန်မာ့စွယ်စုံကျမ်းအတွဲလိုက် ရှိသည်။ ကုန်အောင် ဖတ်လိုက်သည်။ ပီမိုးနင်းစာအုပ်တို့၊ ဆရာနန္ဒာသိန်းဇံစာအုပ်တို့ဆိုလျှင် မလွတ်တမ်း ဖတ်ဖြစ်သည်။ ဖတ်ပြီး တွေးရတာကို ကြိုက်နှစ်သက်သည်။ အခုမှာ ဖတ်ဖူးသည်များကို ရေးရေးမျှသာ မှတ်မိသည်။ မှတ်မိသည့်အထဲတွင် ရီစရာဟာသတစ်ခုကို အကြောင်းတိုက်ဆိုင်၍ အတွေးထဲ ပြန်ပေါ်လာသည်။

တစ်ခါက အဖိုးကြီးတစ်ယောက်သည် တည်းခိုးခန်းတစ်ခုတွင် ခရီးတစ်ထောက်နား အိပ်ရသတဲ့။ မနက်မိုးလင်းသောအခါ သူ့ခရီးကို သူဆက်ခဲ့သည်။ မကြာပါ။ သူ့ ထီးတစ်ချောင်း တည်ခိုးခန်းတွင် ကျန်နေခဲ့ကြောင်း သိရတော့သည်။ သူက ချက်ချင်း ပြန်လှည့်လာသည်။ သို့သော် သူ တည်းခိုခဲ့သည့်အခန်းကို ကြင်စဇနီးမောင်နှံနှစ်ဦးက ယူထားနှင့်ပြီ။

အဖိုးကြီးက သူ့ထီးကိုပဲ မဲနေ၍ အခန်းရှိရာကို တန်းလာပါသည်။ အနားရောက်၍ တံခါးကို ဖွင့်မည်ကြံရာ...

"ဒီမျက်ဝန်းကို ဘယ်သူပိုင်လဲ"

အခန်းတွင်းက အသံကြားရသဖြင့် ဖွင့်လက်က တန့်သွားရသည်။

"မောင် ပိုင်တယ်"

"ဒီနှာတံလေးကော""မောင်ပဲပေါ့"

အဖိုးကြီးက အခက်တွေ့နေတော့သည်။ ဒီအတိုင်း ဝင်သွားဖို့လည်း မဖြစ်နိုင်၊ ဒီအတိုင်းထားခဲ့ဖို့လည်း မဖြစ်။ မိမိထီးရဖို့အရေး မနည်းတွေးနေရသည်။

"ဒီနှုတ်ခမ်းလေးကိုလည်း ပြောပါဦး"

"မောင်ပဲပေါ့ရှင့်"

"ဒီရင်အစုံ"

အဖိုးကြီးက နားရှက်လာပါပြီ။

"မောင်ကလွဲပြီး ဘယ်သူ့မှမရှိ"

"ဒီသေးသွယ်လှတဲ့ ခါးလေးကိုရော"

"မောင်ရယ် မောင်ပဲပေါ့"

ခါးပြီးလျှင် ဘာလာမလဲ အဖိုးကြီးက သဘောပေါက်သွားသည်။ အခြေအနေမဆိုးခင် သူအရင်ဝင်မှ ဖြစ်မည်။ ဟိုဟာကို နားထောင်ဖို့ သူ့အတွက် သတ္တိမရှိ။ အဖိုးကြီးက တံခါးဖွင့်ပြီး အဝင်...

"ဒီ....ကို ဘယ်သူပိုင်လဲ"

ညားခါစသူတို့သမီး မဖြေခင် အဖိုးကြီးကလည်း သူ့ထီးကို မဲနေသည်နှင့်...

"ဟေ့ဟေ့ ခဏရပ်ကြ၊ ဒီတစ်ခုကို ငါပိုင်တယ်ကွ"

ဆိုပြီး သူ့ထီးကို ယူပြီး လစ်ပြေးတော့သည်။ မှတ်မိသည်ကို ပြန်ရေးခြင်းပါ။ အခုလည်း တိုင်းရင်းသားဒေသတို့မှာ သယံဇာတတွေကို ဘယ်သူပိုင်လဲ တွေးကြည့်ရင်းနှင့် ဒီအကြောင်း ရောက်သွားရသည်။

မုဒုံအုပ်ချုပ်ရေးမှူးက စာရေးသူတို့ရွာက လယ်သမားတွေကို မေးဖူးသည်။

"ဒီလယ်တွေကို ဘယ်သူပိုင်လဲ"တဲ့။

လယ်သမားတွေက သဘောရိုးဖြင့် မေးသည်ထင်၍

"အဖိုးတို့ ပိုင်တာပေါ့ကွယ်"

ဆိုပြီး ပြန်ဖြေလိုက်သည်။ အရာရှိက ထီးကိုပင် အလွတ်ပေးမည့်ပုံ မပေါ်။

"ဘယ်ဟုတ်မလဲ၊ ဒီနိုင်ငံမှာရှိသမျှ တွင်းထွက်တွင်းမထွက် မြေပေါ်မြေအောက် ရှိရှိသမျှကို နိုင်ငံတော်အစိုးရက ပိုင်တယ်။ နိုင်ငံတော်က ပိုင်တယ်ဆိုတော့ ငါပိုင်တာပေါ့"တဲ့။
ဆက်မေးလျှင်

"မုတ္တမပင်လယ်ကွေ့က ဓာတ်ငွေ့ကြောကို ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ရခိုင်ရှိ ဘင်္ဂလားပင်လယ်အော်က ဓာတ်ငွေ့ကိုလည်း ဘယ်သူပိုင်လဲ"

"မောင်ပဲပေါ့"

"ကချင်က ကျောက်စိမ်းတွင်းတွေကို ဘယ်သူပိုင်လဲ"

"မောင်ကလည်း မေးစရာလိုသေးလား"

ကိုင်း ဆက်တွေးကြည့်စေချင်သည်။ တိုင်းရင်းသားတို့၏အဖြစ်ကို တွေးကြည့်စေချင်သည်။ မောင်ပိုင်စီးရုံမကသေးပါ။ ပေါက်ဖော်တွေကို ခေါ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်သေးသည်။ (ရိုင်းနေလျှင် ခွင့်လွှတ်ပါ)

ဒီတိုင်းရင်းသားတွေက ဒီမြေဒီရေဒီလေထုမှာ နှစ်ပရိစ္ဆေဒပေါင်းများစွာ နေလာခဲ့သည်။ "မောင်"ဆိုသည့်ပုဂ္ဂိုလ် မမွေးခင်ကတည်းကပါပဲ။ အခုကျမှ ပိုင်စိုးပိုင်နင်းနှင့် သူပိုင်ချည်း ဖြစ်နေသည်။

အမှန်တွင် ကုလသမဂ္ဂအတည်ပြုထားသည့် တိုင်းရင်းလူမျိုးများအခွင့်အရေးဥပဒေအရ ဤသယံဇာတများကို နိုင်ငံတော်အစိုးရက မပိုင်ပါ။ တိုင်းရင်းသားလူမျိုးများသာ ပိုင်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ သဘောတူညီချက် မရဘဲ စိတ်ကြိုက်တူးဖော်သုံးစွဲ၍ မရပါ။ သဘာဝဘေးအန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများ၊ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝကို ထိခိုက်စေသည့်လုပ်ရပ်များကို နိုင်ငံတော်အစိုးရက ကျူးလွန်ခွင့်မရှိချေ။

မသိနားမလည်သော တိုင်းရင်းသားလူမျိုးများကို အခွင့်ကောင်းယူ၍ ဗဟိုအစိုးရက အမြတ်ထုတ်နေခြင်းမျှသာ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိအခွင့်အရေးကို သိရှိနားလည်ကာကွယ်ရန်အတွက် စုစည်းညီညွတ်စွာ အရေးဆိုသင့်သည်။ မိမိပြည်နယ်ကို မိမိတို့သာ ပိုင်သည်၊ မိမိတို့ပြည်နယ်ထွက်သယံဇာတများကို မိမိတို့သည်သာ ပိုင်ဆိုင်သည်၊ မိမိတို့သဘောဆန္ဒ မိမိတို့အကျိုးစီးပွားမပါရှိဘဲ မည့်သည့်ကုမ္ပဏီမှ အခြေချလုပ်ကိုင်နိုင်ခွင့်မရှိ။

Ven Ravika

0 တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည် Sedona Hotel မင်းတုန်းခန်းမတွင် တွေ့ဆုံမှု











၁၉၈၃ခုနှစ် မြောက်ကိုး၇ီးယားမှအာဇာနည်ကုန်းဗုံးဖောက်ခွဲမှုနောက်ပိုင်း အသစ်ပြန်လည်တည်ဆောက်ထားသော အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်ဝန်ကြီးအဖွဲ့'ဒီကနေ့လာရောက်ဂါဝရပြု
AP Photo/ Yonhap, Kim Byung-man
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်...တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
(Burma vj media network)

0 ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ

နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများရှိကြောင်း သိရသည်။

အထူးသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီမှ ၃ နာရီအတွင်း ရေကျချိန်များတွင် မြစ်အလယ်အထိသို့ ရေမကူးတတ်သူများပင် သွားရောက် ရေကစားကြကြောင်း၊ မြစ်ရေမှာ မြစ်ကြမ်းပြင် အထက်ငါးပေကျော်ကျော်သာ ရှိတော့ပြီး နုန်းများမှာ နှစ်ပေကျော်ရှိကြောင်း မြစ်အတွင်းသို့ သွားရောက် ရေကစားသူများက ပြောပါသည်။

''ရေထဲဆင်းပြီး လက်နှိုက်လိုက်ရင် တစ်ချို့နေရာတွေမှာ ခေါင်းမမြုပ်ဘဲ နုန်းတွေစမ်းလို့ရတယ်''ဟု အေးရွာကျေးရွာနေ ဦးအောင်သန်းက ပြောပါသည်။

ထိုသို့ ရေကစားကြသူများတွင် အေးရွာအပါအ၀င် အနီးအနားရွာများမှသူများပါ လာရောက်ဆော့ကစားကြကြောင်း၊ ရေကျချိန်တွင် အန္တရာယ်မဖြစ်နိုင်သော်လည်း ရုတ်တရက်မြစ်ရေတက်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဒေသခံများက ဆိုပါသည်။

ထို့အပြင် ပန်းလှိုင်မြစ်မှာ လှိုင်သာယာ- တွံတေးတံတားအနီး အချို့နေရာများတွင် လုံးဝရေမရှိတော့ဘဲ နုန်းများဖြင့် သောင်များထွန်းကာ လမ်းလျောက်ဖြတ်ကူး၍ ရလောက်အောင်ပင် ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပန်းလှိုင်မြစ်အထက်ပိုင်းရှိ ကျေးရွာများမှာ ရေလမ်းကြောင်းကို အဓိက အားထားနေရသော ရွာများဖြစ်ပြီး ထိုသို့ ပန်းလှိုင်မြစ် တိမ်ကောလာမှုနှင့်အတူ ရေကျချိန်များတွင် စက်လှေသမ္ဗာန်များ သွားလာရန် မဖြစ်နိုင်သောကြောင့် မြစ်အောက်ပိုင်းရွာများသို့ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်သူများပင် ရှိလာကြောင်းလည်း သိရသည်။

''ဒီမှာနေလာတာ အနှစ် ၆၀ ကျော်ပြီ။ ဒီလိုမကြုံဖူးဘူး။ ပန်းလှိုင်မြစ်ကြီး ပျောက်တော့မယ်''ဟု အေးရွာနေ အသက် ၇၀ နှစ်အရွယ်ရှိသူ တစ်ဦးက ပြောပါသည်။

weeklyeleven.com

0 အမေရိကန် သံအရာရှိများ ဥိးနေမျိုးဝေနှင့် ရွှေနံ့သာကျေးရွာမှလယ်သမားများကို ခေါ်ယူတွေ့ဆုံ

၁၄.၅.၂၀၁၂ ရက်နေ့မှာ အမေရိကန်သံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တာဝန်ခံ မစ္စတာ ဘော့ ဘေလီ နှင့် နိုင်ငံရေး သံအရာရှိ မစ္စ အားရင်း အီး ၀က်(ဘ်)စတာ မိန်း တို့နှစ်ဦးဟာ ဦးနေမျိုးဝေ အပါအ၀င် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ဥပဒေ ပညာရှင်များ ဖြစ်ကြသည် ဦးဖိုးဖြူ ၊ ဦးညီညီထွေးတို့ကို... ခေါ်ယူတွေ့ဆုံ ပြီး ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတွေနဲ့ လယ်ယာမြေဥပဒေ အပေါ်မှာ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဥပဒေပညာရှင်တွေ အပိုင်းကတော့ ယခင်ဥပဒေအဟောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ လယ်ယာမြေ ဥပဒေအပေါ်မှာ ထောက်ပြစရာတွေကို ဆွေးနွေးခဲ့ကြပြီး ဦးနေမျိုးဝေကတော့ ရွှေနံ့သာလယ်သ မားအရေးနဲ့ သူလိုက်ပါကူညီဆောင်ရွက်ခဲ့တဲ့ လယ်ယာမြေကိစ္စတွေအကြောင်းကို အခြေပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ အပိုင်းက ထောက်ပြစရာ တွေရှိပေမယ့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ အပေးအယူ မျှမျှတတ ဖြစ်နေပြီး သူတို့အနေနဲ့ ထောက်ခံမှုအပြည့်ရှိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ယခုဖြစ်နေတဲ့ ရွှေနံ့သာလယ်သမားတွေ အရေးနဲ့ ပတ်သက်လို့တော့ ဥပဒေအဟောင်း အရပဲ ဖြစ်ဖြစ်၊ ဥပဒေအသစ်အရပဲ ဖြစ်ဖြစ် လယ်သမားတွေဘက်က သာနေကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဦးနေမျိုးဝေကပြောပါတယ်။

ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိသာ ပိုအရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအနေနဲ့က ဇေကမ္ဘာကုမ္ပဏီက လိုက်ရွှေ့နေတဲ့လမ်းကြောင်းအတိုင်း ပထမတုန်းကတော့ ဒီမြေတွေမှာ စက်မှုဇုန်အတွက်လုပ်ကိုင်နေရာမှ ယခုအခါမှာတော့ ဦးခင်ရွှေကလည်း ဒီမြေတွေမှာ သီးစား လုပ်ကိုင်ခွင့်လျှောက်ထားပြီး စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သံအရာရှိတွေသိချင်တာက ဒီကိစ္စတွေမှာ ဘယ်လိုလူမျိုးတွေက သိမ်းဆည်းနေတယ်ဆိုတာနဲ့ ယခုမှ ဖြစ်တာလား ယခင်ကတည်းက ဖြစ်နေတာတွေလား ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအနေနဲ့တော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးသင့် သလဲဆိုတဲ့ အချက်ကို မေးမြန်းတယ်လို့ သိရပါတယ်။

လယ်သမားတွေကလည်း ဇေကမ္ဘာကုမ္ပဏီလိုမျိုးပဲ စက်မှုလယ်ယာကို အကောင်အထည်ဖော်ဖို့ စုပေါင်းပြီး ကုမ္ပဏီထောင်ဖို့ စီစဉ်ပြီးဖြစ်ကြောင်းနဲ့ နေပြည်တော်ကို သွားရောက်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်မှုလယ်ယာဖော်ဆောင်ရာမှ လိုအပ်မယ့် စက်ယန္တရားတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Naung Taw Lay Facebook

0 တောင်ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်လက်ခံတွေ့ဆုံ(ဓာတ်ပုံ)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံအစိုးရနှင့်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ကိုရီးယားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးပွဲ




Photo..Hmuu Zaw

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။(VOA)

Monday, May 14, 2012

0 ၈၈မျိုးဆက် ကိုကိုကြီး ပါ့စ်ပို့ မကျသေး(ရုပ်/သံ)


မြန်မာနိုင်ငံမှာ နိုင်ငံသား တဉီး နိုင်ငံကူး ပါ့စ်ပို့လျှောက်ထားလိုရင် သီတင်းနှစ်ပတ်၊ သုံးပတ် အတွင်း ရပါစေမယ် လို့ တရားဝင် ကြေညာ ထားပေမယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဉီး ဖြစ်တဲ့ ကိုကိုကြီး သုံးလ နီးပါး ပါ့စ်ပို့ မကျသေးလို့ သူကိုယ်တိုင် မြန်မာ နိုင်ငံသား မှ ဖြစ်ပါသေးရဲ့လား လို့စောကြောမိပုံ ကို ဘီဘီစီ ကို ပြောပါပါတယ်။

ဒါမှ မဟုတ်ရင် နိုင်ငံရေး ကြောင့် အကျဉ်းကျ ခဲ့တဲ့ ကျောင်းသား နိုင်ငံရေး သမား ထောင်ထွက် တွေကို နိုင်ငံသား အဖြစ် မသတ်မှတ်ဘူး၊ ဒုတိယ တန်းစား နိုင်ငံသား အဖြစ် ခွဲခြား သတ်မှတ် ခံရတယ် လို့ခံစားမိပုံ ဘီဘီစီ ကိုရှင်းပြ ပါတယ်။

လျှောက်လွှာတင်စဉ် ကလည်း စာတစောင် သပ်သပ်ရေးတင်ဖို့၊ ထောင်ထွက် လက်မှတ် ကို မိတ္တူကူးတင်ဖို့၊ သာမန် နိုင်ငံသားထက် အပိုဆောင်း လုပ်ခဲ့ပေးရပုံ၊ ဒီ အခါမှာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် အတွင်း ထောင်ကျခဲ့ရတဲ့ အဖြစ် အပျက် အသေးစိတ် ရေးတင်ခဲ့ရပုံ လည်း ပြောပါတယ်။သူတဉီးတည်းတင် မကပဲ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ် တွေလည်း ခေါင်းဆောင်ပိုင်း တွေ မလွတ်ခင် က ပါ့စ်ပို့ လျှောက်ထား ကြပေမယ့် မရကြသေးတဲ့ အတွက်၊ တနှစ်ဆိုင်းငံ့ ထားတယ်ဆိုတဲ့ သတင်းထွက်ပုံ ကို ကိုကိုကြီး က ပြောပါတယ်။

ပြည်တွင်းမှာလည်း ပညာသင်ခွင့် မပေး၊ ပြည်ပ က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကို သင်တန်းတွေပေးဖို့ကမ်းလှမ်းတာကိုလည်း ပိတ်ပင်နေလို့ ထောင်ထွက် အကျဉ်းသား တွေဟာ အသက်အရွယ် နဲ့ မမျှအောင် နှစ်ရှည် ထောင်ဒဏ် ကျခံပြီးတဲ့တိုင် ဖိနှိပ် ပိတ်ပင်မှု ဟာ ဆိုရင် လူမဆန်တဲ့ လူသားပြစ်မှု ကို ထပ်ပြီး ကျူးလွန်တယ် လို့ မြင်တဲ့ အကြောင်း ကိုကိုကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘီဘီစီ

0 နာဂစ်၊ သံဃာတော်များနဲ့ ကြံ့ဖွံ (ရုပ်/သံ)


နာဂစ်အတွင်းက ကမ္ဘာကို လိမ်ရန် ကြံစည်နေသော ကြံ့ဖွတ်များ နှင့် မေတ္တာရှင်များ.. အခုလို ရွှေရည်စိမ် ဒီမိုကရေစီ ခေတ်ကြီးမှာ ကြံ့ဖွတ် အကြည်ညို ပျက်စေမှု ဆိုတဲ့ ဥပဒေ မရှိဘူး ထင်ပြီး လွန်ခဲ့တဲ့ လေးနှစ်ကျော် နာဂစ်မုန်တိုင်းဝင်တဲ့ကာလ ရန်ကုန်မှာ ရဟန်းသံဃာတော်တွေ က မေတ္တာရှေ့ထားပြီး လမ်းရှင်းထားတဲ့နေရာမှာ ဟန်လုပ်ပြခဲ့တဲ့ ဖွတ်တွေအကြောင်း မှတ်တမ်း ဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။ မှတ်တမ်းလေး ကြည့်ဖို့ အချိန် ၆ မိနစ်လောက် ကြာနိုင်ပါတယ်။

Zaw Lwin Win

Sunday, May 13, 2012

0 ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း( ငြိမ်းချမ်းအေး)


သတင်းတစ်ပုဒ်မှာ စစ်တပ်က ရွာတစ်ရွာမှာ ရေတွင်း၊ ရေကန်တွေကို ဖော်ပေး၊ သန့်ရှင်းရေးလုပ်ပေး တဲ့အကြောင်း ဖတ်လိုက်ရတယ်။ တခြား ဖတ်မိတဲ့ သတင်းဖတ်သူတချို့က ဒီသတင်းကြောင့် ဝမ်းသာ ကြတယ်..၊ ချီးကြူးကြတယ်။ မှန်ပါတယ်..။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်ကျတာထက်စာရင် ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ပေးရင် ဝမ်းမြောက်၊ ဝမ်းသာနဲ့ သာဓုခေါ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် အခြေခံကျကျ စဉ်းစာရမှာက ဒီလိုလုပ်ပေးတာဟာ တကယ်ကိုယ်ထိလက်ရောက် လုပ်ပေးရတဲ့ အောက်ခြေ အဆင့် ရဲဘော်၊ အကြပ်၊ တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ လုပ်ကိုင်ပေးခြင်းသာဖြစ်ရ မယ်ဆိုတဲ့ အပိုင်းပါ။ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့သာ လုပ်ရရင် ဒါတွေဟာ အဓမ္မအလုပ် စေခိုင်းမှု မှာ အကျူံးဝင်တယ်။ နိုင်ငံတကာက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း မိမိနိုင်ငံ (သို့) အခြားနိုင်ငံတစ်ခုခုမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက် ပြုပြင်ရေး၊ လုံခြုံရေး စတာတွေမှာ ပါဝင်လုပ်အားပေး ကူညီတဲ့ ဓလေ့ရှိကြတယ်။ ဒါပေမယ့် ဒါဟာ အရေးပေါ်အခြေအနေတွေအတွက် သက်သက်သာဖြစ်တဲ့အပြင် တစ်ဦးချင်းအနေနဲ့လည်း မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို ငြင်းချင်ရင် ငြင်းပိုင်ခွင့် အပြည့်ရှိတယ်။

နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊ မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေး ဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။

စာရေးသူ ငယ်စဉ်ကစားသမားဘဝက ကြုံတွေ့ဖူးတဲ့ ဖက်ထိပ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးဆိုရင် ခုအချိန်အထိ ရင်ထဲမှာ ရှိနေတယ်။ စာရေးသူထက် ကြီးတဲ့ စီနီယာ ကစားသမားကြီး တစ်ယောက်ဟာ အားကစားထူးချွန်လို့ စစ်ဌာနချုပ်တိုင်း တစ်ခုက လစာပေး၊ အပိုဆုတွေ ပေးပြီး သူတို့ စစ်ဌာနချုပ်ပြိုင်ပွဲတွေ၊ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြီး အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်ကစားစေတယ်။ နောက်တော့ လူငယ်အဆင့်မှာ တိုင်းပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရပြီး နိုင်ငံတကာမှာ ရွှေတံဆပ်တွေယူ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်။ အဲ့အတွက် စစ်တပ်ကလည်း ရာထူးတဆင့် တိုးပေးတာ၊ ဂုဏ်ပြုငွေ ချီးမြှင့်တာစတာတွေ လုပ်ပေးတယ်။ မူရင်း စစ်တိုင်းဌာနချုပ်ရှိတဲ့ တိုင်းအားကစားကွင်းကြီးမှာဆို စာရေးသူ လက်လှမ်းမှီတဲ့ အချိန်ကလောက်အထိ သူ့ဓာတ်ပုံကို ဗွီနိုင်းအဖြစ်နဲ့ ချိတ်ဆွဲဂုဏ်ပြုထားတယ်။ ဒါပေမယ့် ကစားရင်း ဒဏ်ရာအနာတရဖြစ်တဲ့အချိန်၊ အားကစားပြိုင်ပွဲတွေ မရှိတဲ့ အချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်တပ်မှာ တာဝန် ထမ်းဆောင် နေရတာ ဖြစ်တဲ့အတွက် မဖြစ်မနေ တွဲလျက် ပါလာတဲ့ လုပ်အားပေးတွေ၊ ဖက်ထိပ်တွေကို နေ့စဉ်အမျှ ရင်ဆိုင်လာရတယ်။ ကစားသမားဘဝကို မြတ်နိုးလို့၊ အားကစားနဲ့ တိုင်းပြည်တာဝန် ထမ်းချင်လို့ အားကစားတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့တဲ့ အဲ့ဒီ ကစားသမားကြီးဟာ နောက်ဆုံးတော့ နေ့စဉ် ညှင်ပမ်းနှိပ်စက်သလို မတရားခိုင်းခံနေရတဲ့ ဖက်ထိပ်ကို ကြောက်လန့်၊ ရွံ့ရှာ၊ ငြီးငွေ့ပြီး စစ်တပ်က ထွက်ခွင့်တောင်းတယ်၊ နောက်ဆုံး ထွက်ခွင့်မရတော့ ခွင့်မတောင်းဘဲ အိမ်ကိုပြန်ခဲ့တယ်။ နောက် သိပ်မကြာခင်မှာ စစ်တပ်က တပ်ပြေးမှုနဲ့ သူ့ကို ဖမ်းပြီး ထောင် (၅) နှစ်ချတယ်။ နိုင်ငံတကာမှာ ရွှေတံဆပ်တွေ ယူပေးခဲ့တဲ့ တိုင်းပြည်ဂုဏ်ဆောက် အားကစားသမားဟာ အပြစ်မရှိဘဲ ထောင်ထဲမှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း နေခဲ့ရတယ်။ ထောင်ထဲက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့အတွက်လည်း ကစာသမားဘဝနဲ့ ရိုးရိုးသားသား ချွေးနဲ့ ရင်းရှာခဲ့တဲ့ ငွေကြေးတွေကို အကုန်အသုံးပြုလိုက်ရတယ်။

ဒါမျိုးဖြစ်စဉ်တွေဟာ ကာကွယ်ရေး၊ ပြည်ထဲရေး စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ စာရေးသူရဲ့ အခြား အားကစားသမားမိတ်ဆွေတွေလည်း အမြဲကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ ထမ်းဆောင်နေတဲ့ အခြား ကစားသမားမဟုတ်တဲ့ မိတ်ဆွေတွေလည်း ခံစားရမှု အဖြစ်အပျက်တွေဟာ အတူတူပါပဲ။ လူကြီးအလှူမှာ ဗူးသီလှီး၊ ခွေးမောင်း၊ ယက်ခတ် ရတာကအစ နေ့စဉ် လူကြီးအိမ် အဝတ်လျှော်၊ ရေခပ်၊ လူကြီး ကလေးထိန်း၊ ကျောင်းပို့၊ ကျောင်းကြို၊ လူကြီးကတော် ဈေးပို့၊ ဖုန်းဘီလ် ဆောင်ပေးရတာအဆုံး မဆိုင်တဲ့ အလုပ်တာဝန်အပို၊ ကြီးကြီးသေးသေးတွေကို မထမ်းချင်ဘဲ ထမ်းနေကြရတယ်။ ဒါတွေဟာ ရာထူး အဆင့်ဆင့်အလိုက် ဟိုးထိပ်ပိုင်းအထိရှိတာဖြစ်ပြီး ကြီးနိုင်၊ ငယ်ညှင်း ဆက်ဆံမှုပုံစံဟာ ဓလေ့တစ်ခုလို ဖြစ်နေတယ်။ ကိုယ်ထက်ကြီးတဲ့လူကို ကိုယ်က ကျွန်ခံလိုက်၊ ကိုယ်ထက်ငယ်တဲ့သူကြ ကိုယ်က ကျွန်လိုခိုင်းလိုက်နဲ့ စနစ်ဆိုး သံသရာဟာ လည်နေတယ်။ အဲ့လို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦး တည်းသာ ကျွန်လို ခိုင်းခံနေရတာမဟုတ်ပဲ၊ သူရဲ့ မိသားစုပါ အမြဲလိုလို တွဲလျက် အထက်လူကြီးရဲ့ ပုဂ္ဂလိက ဘဝ အလုပ်တွေကို အခမဲ့ ဝင်ရောက် လုပ်ကိုင်ပေးရလေ့ရှိတယ်။ စာရေးသူ မိတ်ဆွေ ဗိုလ်မှုးကြီးသား တစ်ယောက်ဆို သူငယ်ငယ်တုန်းက (သူ့ဖခင် အရာရှိငယ်ဘဝတုန်းက) သူ့ဖခင်ရဲ့ အထက်အရာရှိ တပ်ရင်းမှုးရဲ့ သားနဲ့ ကစားဖို့ စိတ်မပါဘဲနဲ့ အမြဲလိုလို သွားကစားပေးခဲ့ရတာကို သတိတရနဲ့ ပြောဖူးတယ်။ ဒီလို မူလ အလုပ်တာဝန်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အပိုဝန်တွေကို မိသားစုပါ ထမ်းနေရတာဟာ ဓလေ့တစ်ခုလိုဖြစ်နေတာ၊ ကြောက်လို့ လုပ်ပေးနေရတာအပြင် အရည်အချင်းအရ ရာထူးတက်တဲ့ စနစ်အဖွဲ့အစည်း မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ အလုပ်အကိုင် ဘဝ တက်လမ်းအတွက်လည်း ဖြစ်နေကြရတယ်။

နောက်မတရားမှုတစ်ခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရက ငွေကြေး၊ လစာ၊ ရိက္ခာ အပြည့်အဝမထောက်ပံ့ပေးနိုင်ဘဲ ရူးကြောင်ကြောင်အတွေးအခေါ်နဲ့ ကိုယ်ထူကိုယ်ထ တပ်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို စီမံချက်အနေနဲ့ အတင်းအဓမ္မ လုပ်ခိုင်းနေခြင်းဖြစ်တယ်။ စစ်သင်တန်း သုံးလေးလသာ တက်ခဲ့ရတဲ့ တပ်သားလေးတွေဟာ သေနတ်အကြောင်းသာ ကောင်းကောင်းမသိရင် နေရမယ် မြေတူး၊ မြေဆွ၊ ပေါင်းသင်၊ ရေလောင်း၊ ဝက်မွေး၊ ကြက်မွေးအလုပ်တွေကိုတော့ နေ့စဉ် အဓမ္မ အခိုင်းခံနေရတော့ ကျွမ်းကျင်ကြတယ်။ ဒီလိုအလုပ်တွေကို မိမိဘာသာ အရပ်သားဘဝနဲ့ လုပ်ကိုင် စားသောက်ရင် ဘယ်အထက်လူကြီးမှ ကြောက်စရာမလို၊ ကျွန်ခံစရာမလိုဘဲ တဝမ်းတခါး လောက်ငအောင် နေထိုင်၊ စားသောက် နိုင်မှာဖြစ်ပေမယ့် စစ်သားဘဝနဲ့ ဒီလို အလုပ်တွေပဲ ပင်ပင်ပန်းပန်းလုပ်ရတယ်၊ ရလာတဲ့ အကျိုးအမြတ်၊ အသီးအပွင့်ကျတော့လည်း လူကြီးအိမ်ကိုသာ အဓိကရောက်ပြီး ကိုယ်တိုင်ကျ မသေရုံစား၊ အရှက်လုံရုံဝတ်၊ ကိုယ်ပိုင်မိသားစုဘဝ တာဝန်မကျေဖြစ်နေရတာတွေဟာ အရင်တုန်းကနဲ့ လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေခံ၊ အကြပ်၊ တပ်သားတွေ ဖြစ်ပျက်နေတဲ့ ပကတိ ဘဝတွေ ဖြစ်တယ်။ ဒီလို စုတ်ပြတ်နုံခြာ ချွန်ခြုံကျနေတဲ့ လူ့ဘဝတွေမှာ စာရိတ္တ မဏ္ဍိုင် ခိုင်ခံ့ရမယ်ဆိုတာလည်း လက်တွေ့မလွယ်တဲ့ စိတ်ကူးယဉ် ရူးသွပ်မှုသက်သက်သာ ဖြစ်ကုန်တယ်။ လက်နက်ကိုင်ထားတဲ့၊ အာဏာယူထားတဲ့ အဖွဲ့အစည်းတွေကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးတာဟာ လက်နက်မဲ့ ပြည်သူဆီက ဓါးပြတိုက်စား၊ ခြိမ်းခြောက် ငွေညှစ်စားကြလို့ သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အခွင့်ပေးနေခြင်းသာ ဖြစ်တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ မတရားမှုတွေ၊ အကျင့်ပျက်မှုတွေ၊ ပြည်သူနဲ့ စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေ၊ အကြား မုန်းတီးမှု၊ ပဠိပက္ခတွေဟာ ကြီးလာတယ်။

ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ကတည်းက ဝင်ရောက် စွက်ဖက် နေရာယူထားတဲ့အတွက် အထက်ကတင်ပြသလို လူကျင့်ဝတ်မညီတဲ့၊ လူသိက္ခာမရှိတဲ့၊ လူတစ်ဦးချင်းရဲ့ အခွင့်အရေး၊ တန်ဖိုးကို အလေးမထားတဲ့ အုပ်ချုပ်မှုပုံစံ စနစ်တွေဟာ အရပ်သားအစိုးရ ဌာနတွေမှာလည်းကူးစက်ပြီး စနစ်ဆိုးဟာ နေရာတိုင်းမှာ ရှင်သန်ကြီးထွားလာတယ်။ ဒီလိုနဲ့ ကြီးနိုင်၊ ငယ်ညှင်းလုပ်ကိုင်မှု၊ လူလူချင်း စာနာထောက်ထားမှုမရှိမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှု၊ အကျင့်စာရိတ္တ ယိုယွင်း ခြစားနေမှုတွေဟာ လူတစ်ဦးချင်းရဲ့ ချွတ်ယွင်းချက်၊ လူတစ်ဦးချင်းရဲ့ အကျင့်စာရိတ္တဖောက်ပြန်မှု ပုံစံမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဓလေ့အနေနဲ့ အံ့သြောတုန်လှုပ်ဖွယ် ဖြစ်ပေါ်လာရတယ်။ ဒီလိုနဲ့ ခရီးသည်ကို မောက်မာစော်ကားတဲ့ စပယ်ယာ၊ အကျင့်ပျက်တဲ့ ရုံးဝန်ထမ်းအစ၊ အာဏာအလွဲသုံးစားလုပ်တဲ့ မြို့နယ်၊ ပြည်နယ်တိုင်းအဆင့်ဆင့် အရာရှိကြီးအလယ်၊ လူနာအပေါ် ငွေကြေးအလိုအတွက်ပဲ စေတနာမပါ ဆက်ဆံတတ်တဲ့ တတ်သိ၊ ပညာရှင် ဆရာဝန်ကြီးအဆုံး လူမှုအဆောက်အအုံရဲ့ လှုမှု၊ လူတန်းလွှာအသီးသီးမှာ စာရိတ္တ မဏ္ဍိုင်ပျက်စီးမှုတွေဟာ ကြောက်ခမန်းလိလိ ရှင်သန်နေပြီး စနစ်ဆိုးရဲ့ သားကောင်တွေအနေနဲ့ ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်။

နောက်အကျိုးဆက်တစ်ခုကတော့ နယ်တွေမှာ၊ လူမျိုးစုဒေသတွေမှာ စစ်တပ်က လူထုအပေါ် မတရားမှုတွေ၊ နောက်ဆုံး စစ်ရာဇဝတ်မှု (War Crimes)တွေ ဖြစ်တဲ့အဆင့်ထိ လူသားမဆန်စွာ ပြုမှုဆက်ဆံမှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်လေ့ရှိတဲ့ အကြောင်းအရင်းတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒ၊ လမ်းစဉ်ရေးရာ ကွဲပြားမှုတွေကြောင့်ဆိုတာထက် အဓိကကျူးလွန်တဲ့ အစိုးရ စစ်တပ်အတွင်းမှာ ကိုက အထက်မှာ တင်ပြခဲ့သလို အထက်၊ အောက် အဆင့်ဆင့် ကြီးနိုင်ငယ်ညှင်း အဓမ္မ၊ မတရားသဖြင့် ဆက်ဆံခံနေရတဲ့အခြေအနေတွေကြောင့် ဆိုရင် ပိုမှန်မယ်။ ဒီအခြေအနေဆိုးတွေရဲ့ ရလဒ်အနေနဲ့ ကိုယ်တိုင် တပ်တွင်းမှာ မတရားမှုတွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ အောက်ခြေက အရာရှိငယ်၊ အရာခံ၊ အကြပ်၊ တပ်သားတွေဟာ ပြင်ပနဲ့ ပြုမူ၊ ဆက်ဆံ၊ လုပ်ကိုင်တဲ့နေရာမှာလည်း ဒီလို မတရားတဲ့ အလေ့အကျင့်တွေက အရိုးစွဲနေပြီး သူတို့ တပ်တွင်းမှာ ခံနေရတဲ့ ကြီးနိုင်ငယ်ညှင်းဒုက္ခတွေရဲ့ ထွက်ပေါက်အနေနဲ့လည်း လက်နက်မဲ့ ပြည်သူ၊ လူမျိုးစု တိုင်းရင်းသာတွေ အပါအဝင် အားလုံးကို ဖိထောင်းပြီး နှိပ်စက်ညှင်ပမ်းမှုတွေ ပိုဖြစ်လာကြတယ်။

ဗမာလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ကိုယ်ထူကိုယ်ထစနစ်၊ လုပ်အားပေးစနစ် စတဲ့ အဓမ္မအလုပ်စေခိုင်းမှုတွေဟာလည်း ဒီသဘောပဲ ဖြစ်တယ်။ စစ်တပ်က "ငါတို့တောင် နွားလို လုပ်ပေးနေရတာ၊ မင်းတို့ အရပ်သားတွေလည်း လုပ်ပေါ့" ဆိုတဲ့ သဘောဖြစ်တယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ရေတွင်းတူးတယ်၊ ရေကန်ဖော်တယ်၊ အစရှိတဲ့ တိုင်းပြည်တည်ဆောက်ပြုပြင်ရေး လုပ်ငန်းတွေ လုပ်တယ်ဆိုတာ တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ လုပ်ပေးရတဲ့ တာဝန်၊ ဝတ္တရားဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အတတ်ပညာရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စနစ်တကျ လုပ်ရမယ့် လုပ်ငန်းသာဖြစ်တယ်။ မဆိုင်တဲ့ စစ်သား၊ အရပ်သားတွေ ပါဝင်ပတ်သက်ရမယ့် အလုပ်မျိုး မဟုတ်ပါ။ ပညာမလိုတဲ့ အလုပ်ကြမ်းသဘောဆောင်တဲ့ အလုပ်တွေမှာ လူအင်အားမလုံလောက်လို့ အရပ်သားကို ခေါ်ခိုင်းချင်ရင်လည်း ထိုက်တန်တဲ့ အဖိုးအခပေးပြီး လုပ်အားကို အသုံးပြုရမှာသာ ဖြစ်တယ်။

စစ်တပ်က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်သာ အဓိကဖြစ်ပြီး သာမန်ပြည်သူလူထုကလည်း မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှုကို လွတ်လပ်အေးချမ်းစွာ တရားဝင် လုပ်ကိုင်စားသောက်၊ ဝမ်းစာရှာပြီး သက်ဆိုင်ရာ အခွန်တွေကို ကျေပွန်စွာ ထမ်းရွက်ဖို့သာရှိတယ်။ အစိုးရက ပြည်သူတွေ ထမ်းတဲ့အခွန်ငွေ၊ ပြည်သူ့ ဘဏ္ဍာကိုအသုံးပြုပြီး ပြည်သူ့အတွက် တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ပြည်သူ့ဝန်ထမ်း တွေမှတဆင့် ပြန်လည်တည်ဆောက်ပေး၊ ဝန်ဆောင်မှုပေးခြင်းဟာ ရိုးရှင်းတဲ့ အစိုးရ၊ ပြည်သူ ဆက်ဆံမှု ပုံစံဖြစ်တယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူ့၊ ဘယ်သူမှ ကျေးဇူးတင်စရာ မရှိ၊ ကျေးဇူးခံ၊ ကျေးဇူးစားမရှိ။ အစိုးရက အစိုးရ့ အလုပ် လုပ်တယ်၊ ပြည်သူကလည်း ပြည်သူ့အလုပ် လုပ်ခြင်းသာဖြစ်တယ်။ အစိုးရက တံတားဘယ် နှစ်စင်းဆောက်တယ်၊ လမ်းအရှည်ဘယ်လာက်ဖောက်တယ် စတာတွေကို အစိုးရပြန်တမ်းတွေမှာ မှတ်တမ်းတင်ရုံကလွဲလို့ ဒီလိုလုပ်ပေးနေပါတယ်၊ ဒီလုပ်ငန်းတွေမှာ စစ်တပ်ကလည်း ပါဝင်ကူညီနေပါတယ်ဆိုပြီး အပိုကြွားစရာ မလို။ စစ်တပ်လည်း ပါစရာ အကြောင်းမရှိ။ ပြည်သူလည်း ပါစရာ အကြောင်းမရှိ။ ပါခဲ့ရင်လည်း တစ်ဦးချင်း ဆန္ဒသဘောထားမဟုတ်ဘဲ ကြောက်လို့ လုပ်ပေးရရင် အဓမ္မအလုပ်စေခိုင်းမှုသာ ဖြစ်တယ်။ ဗမာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အကျိုးအမြတ်မပါတဲ့ လူမှုရေး အဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရရဲ့ လုပ်ငန်းတာဝန်တချို့၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ဝင်ရောက်တာဝန်ယူပေးရတဲ့ ပုံစံတွေရှိတယ်။ ဒါဟာလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ တာဝန်သိလူတစ်ဦးချင်းက မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုကြောင့်မဟုတ်ဘဲ မိမိသဘောစိတ်ဆန္ဒနဲ့ စေတနာသက်သက် (volunteer) အရပ်ဖက်လူ့မှုအဖွဲ့အစည်းပုံစံ တိုင်းပြည်တာဝန်ကို တတပ်တအား ဝင်ရောက်ထမ်းရွက်ခြင်းသာဖြစ်တယ်။

အစိုးရက အစိုးရတစ်ရပ် လုပ်ပေးရမယ့် အလုပ်တာဝန်တွေကို မကျေပွန်ရင် အချိန်ကာလ တစ်ခုအထိသာ တည်ရှိနိုင်ပြီး နောက်တော့ အစိုးရအဖြစ်ကနေ ဆင်းပေးရမှာသာ ဖြစ်တယ်။ စစ်တပ်ကလည်း တိုင်းပြည်ကာကွယ်တာ၊ အရေးပေါ်အခြေအနေတွေမှာ ဝင်ရောက်ကူညီတာပဲ တာဝန်ရှိပြီး၊ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေး၊ တည်ဆောင်ရေးတွေအတွက် တာဝန်မရှိပါ။ ပြည်သူကလည်း ပြည်သူ့ တာဝန် အခွန်ထမ်းဖို့သာရှိပြီး ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူခံရမှာသာဖြစ်တယ်။ လုပ်အားပေးရတာ၊ လုပ်အားမပေးနိုင်လို့ ဆက်ကြေးပေးရတာ၊ ယုတ်စွအဆုံး မီးကင်းစောင့်ရတာ၊ မစောင့်နိုင်လို့ မီးကင်းကြေးပေးရတာ စတာတွေအတွက် တာဝန်မရှိပါ။ အရပ်ဖက်လူ့မှုအဖွဲ့အစည်း တွေကလည်း စေတနာမှန်မှန်၊ တကယ်အကျိုးအမြတ်မပါပဲ မိမိတတ်နိုင်တဲ့ ကိစ္စတွေကို မိမိသဘောနဲ့ ဝင်ရောက်ထမ်းရွက်ခြင်းသက်သက်သာ ဖြစ်တယ်။ ဒါဟာ ရိုးရှင်းတဲ့၊ မလိုအပ်တဲ့ အပိုဆာဒါးတွေမပါတဲ့၊ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာ ရှိရမယ့် အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း ဆက်ဆံရေးပုံစံနဲ့ တာဝန်တွေဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြည်သူ (သို့) အခြားမသက်ဆိုင်တဲ့၊ လူမှုရေးအဖွဲ့အစည်းမဟုတ်တဲ့ စစ်တပ်လို အဖွဲ့အစည်း တစ်ခုခုက လူပုဂ္ဂိုလ်တွေ ဝင်ရောက်လုပ်ကိုင်ပေးနေရတာဟာ ဖက်စစ်ခေတ် သေမင်းတမန် ရထားလမ်းဖောက်ဖို့အတွက် တာဝန်ယူရတဲ့ ဖက်စစ်ရဲ့ စစ်တပ်နဲ့ သူတို့ရဲ့ အဓမ္မပြန်ပေးဆွဲ ကျွန်လို အခိုင်းခံရတဲ့ ပြည်သူလူထု ချွေးတပ်လို သဘောသာဖြစ်နေပြီး ဒီလို အားရှိသူကြောက်ရတဲ့၊ အာဏာရှိသူ၊ အုပ်ချုပ်သူခိုင်းရင် လုပ်ရတဲ့ ဓလေ့တွေ ရှင်သန်ကြီးစိုးနေတဲ့ စနစ်ဟာလည်း တရားမျှတမှု မရှိတဲ့ ဖက်စစ်စနစ်သာ ဖြစ်နေမှာ ဖြစ်တယ်။

ဗမာပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြဿနာအများစုရဲ့ အကြောင်းအရင်းဟာ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ အုပ်စုအသီးသီး၊ အဖွဲ့အစည်းအသီးသီးဟာ ကိုယ်တာဝန် မဟုတ်တာတွေကို ဝင်ရောက် စွက်ဖက် ချယ်လှယ် လုပ်ကိုင်နေတာ၊ လုပ်ကိုင်ရတာ၊ ကိုယ်တကယ် လုပ်ရမယ့်တာဝန်ကို မကျေတာ စတဲ့ ချွတ်ချော်မှုတွေကြောင့် ဖြစ်တယ်။ ထုတ်တန်းပေါ် ကြွက်တက် ခုတ်လို့ ပေါင်ကျိုးတဲ့ နွားကို တံတားဖွင့်ပဲတက်ရမှာမလို့ ဆေးကုမပေးနိုင်သေးတဲ့ ဆရာဝန် အဖြစ်လို ဆရာ အော်ပီကျယ် ကာတွန်းရေး သရော်ထားတဲ့ ကမောက်ကမနိုင်မှုတွေကြောင့်ဖြစ်နေရတာတွေပါ။ စစ်တပ်က စစ်တပ် အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ အစိုးရက အစိုးရ အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ ပြည်သူက ပြည်သူ့တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ အစရှိသလို ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ကိုယ်ယူနေရင် တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာ အများစုဟာ ပြေလည်သွားမှာ ဖြစ်တယ်။

ဒီလို ကိုယ်ကြိုးစားရင်၊ ကိုယ့်တာဝန်ဝတ္တရား ကျေရင် တိုးတက်ကြီးပွားတဲ့၊ ကိုယ်လုပ်သလောက် ကိုယ် အကျိုးစီးပွားဖြစ်စေတဲ့ ဓလေ့ဟာ ဆူကြုံနိမ့်မြင့်မရွေး သာတူ၊ ခွင့်တူ၊ လွတ်လပ်ငြိမ်းချမ်း လုပ်ကိုင်စားသောက်၊ နေထိုင်နိုင်မှုကို အာမခံတဲ့ ဒီမိုကရေစီစနစ် တိုင်းပြည်မှာ ရှင်သန်ကြီးထွားမှ ဖြစ်မှာပါ။ ဒီလို တရားမျှတ လွတ်လပ်တဲ့၊ လူ့အခွင့်အရေးအပြည့်အဝလိုက်နာတဲ့ ဒီမိုကရေစီစနစ်ကသာ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက လက်ရှိအချိန်ထိ နိုင်ငံတော်သီချင်းမှာ ထည့်သွင်း ရွက်ဆိုနေပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ "ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်" ကို တကယ်လက်တွေ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်။

ဒီလို လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ လက္ခဏာတွေ ဗမာပြည်မှာရှင်သန်ကြီးထွား စေချင်ရင်၊ တနည်းအားဖြင့် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်စေချင်ရင် နိုင်ငံရေး လှုမှုအလွှာအသီးသီး၊ အဖွဲ့အစည်းစည်းအသီးသီးမှာ ဒီမိုကရေစီ မျိုးစေ့တွေ ဖြန့်ကျက် ပြုစုပျိုးထောင်ပြီး ဒီမိုကရေစီ ရေခံ၊ မြေခံကောင်းအောင် လုပ်ပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် တိုင်းပြည်မှာ အရေးကြီးတဲ့ နေရာကို အစဉ်တစိုက် လက်ရှိအချိန်ထိလည်း ယူထားတဲ့၊ အထက်မှာ တင်ပြခဲ့သလို မတရားမှုတွေလည်း ဒင်းကြမ်းပြည့်နေတဲ့ အင်အားကြီးမားခိုင်မာတဲ့အဖွဲ့အစည်း၊ အဆောင်အအုံ (Institution) တစ်ခုဖြစ်တဲ့ တပ်မတော်မှာ ဒီမိုကရေစီဓလေ့၊ အလေ့အကျင့်တွေ ရှင်သန်မှဖြစ်ပါမယ်။ အခုလို ဒီမိုကရေစီ အခြေတည် ဖြစ်ထွန်းနေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ အရင်ကထက် ပိုမိုရင်းနှီးစွာ ဆက်ဆံလာခွင့်ရတဲ့ အချိန်မှာ တပ်မတော်မှ ဗိုလ်ချုပ်ကြီးတွေ၊ လက်ရှိ အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းကြီးတွေအနေနဲ့ အနောက်နိုင်ငံတွေက ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းတည်ဆောင် လုပ်ကိုင်၊ ကျင့်ကြံတဲ့ တပ်မတော်ပုံစံကို အတုယူ၊ အားကျပြီး ကောင်းမွန်တဲ့၊ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အလေ့အကျင့်တွေကို ဗမာ့တပ်မတော်မှာ မွေးယူကျင့်ကြံ ရှင်သန်စေမယ်ဆိုရင် ပြည်သူချစ်တဲ့ တပ်မတော်ကို အမှန်တကယ် တည်ထောင်နိုင်ပြီး တပါတည်း အစိုးရဌာန အုပ်ချုပ်မှု ယန္တယား အဆင့်ဆင့်နဲ့ အခြားတိုင်းပြည်ရဲ့ လူမှု့အဖွဲ့အစည်း၊ အလွှာအသီးသီးမှာပါ ဒီမိုကရေစီအလေ့အကျင့် ရှင်သန်ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မတရားမှုတွေ ပြည့်နှက်နေတဲ့ ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်းဟာ တဖြေးဖြေး ကွယ်ပျောက်သွားပြီး လွတ်လပ်မျှတ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး

၁၄၊ မေ၊ ၂၀၁၂

0 တောမီးငြိမ်းမှာကြောက်သော တောကြောင်များ ( မောင်မောင်ဝမ်း )

နယ်စပ် တည်ငြိမ်ပြီး မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့ အထဲမှာ ထိုင်းက ထိပ်ဆုံးကရှိတယ်နယ်စပ်တည်ငြိမ်ရင်ထိုင်းဘက်မှာရှိတဲ့စက်ရုံအလုပ်ရုံတွေဟာမြန်မာပြည်ဘက်ရွေ့လာမယ်..( ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံအလုပ်ရုံဆိုတာ တော်တော်ရှားပါတယ် တခြားနိုင်ငံသား တွေ လာရောက်ရင်းနှီးမြုတ်နှံကြတာများတယ် )

အလုပ်သမားတွေအကုန်နီးပါးလောက်ကမြန်မာနိုင်ငံသားတွေချည်းပဲ....မြန်မာနိုင်ငံဘက်မှာလာရောက်ရင်းနှီးမြုတ်နှံခြင်းဖြင့်...ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများကြီး သက်သာသွား မယ်...( ဒါကို ထိုင်း အစိုးရ အကြီးအကျယ် တုန်လှုတ်တယ် ) နောက်တခါဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ..တနှစ် တနှစ် ဒေါ်လာသန်းပေါင်းများစွာရတယ်...။ဒါတွေဆုံးရှုံးမှာကိုစိုးတယ်..။ထိုင်းနယ်စပ်မြို့ကြီးတွေဟာ..မြန်မာဘက်ကိုအလုပ်သမားကအစ..တော်တော်များများမှီခိုနေရတယ်....

ဒါ့ကြောင့် ထိုင်းမြန်မာ နယ်စပ်ငြိမ်းချမ်းသွားမှာကို စိုးရိမ်တယ်...။ဒါ့ကြောင့် DKBA ဗိုလ်စောလာပွယ် တို့ကို ပစ်မှတ်ထားပြသနာရှာ မမှန်မကန်တွေ စွပ်စွဲပြီး နယ်စပ် မတည်ငြိမ်ဖြစ်အောင်ကြိုးစားတယ် ( ကလေးကွက်တွေ )........နောက်ထပ် ထိုင်းတွေဆုံးရှုံးနိုင်တဲ့ အရာတွေလည်း ရှိသေးတယ်...( ပြောချင်တာက ) ထိုင်း တွေ ကြီးပွားချမ်းသာဘို့..ကျနော်တို့ ပြည်သူတွေ သေပေးရမှာလား
ကမ္ဘာတည်သ၍ အမြဲတန်း ဒုက္ခသည် လုပ်ပေးနေရမှာလား....။မျှော့...လို့ခေါ်တဲ့ လူမျိုးစုသေးသေး လက်နှက်ကိုင် နည်းနည်းလေးတောင် နိုင်အောင် မတိုက်နိုင်လို့...ကရင် အကူညီ ပေးမှ တည်ငြိမ်သွားတဲ့.....ကျေးဇူးကိုမှ မထောက်...မရဲပဲနဲ့ ကျွှဲပြဲစီးတဲ့....ထိုင်း ဒု ၀န်ကြီးချုပ်ဆိုသူကို သတိပေးလိုက် ချင် တယ်.....သာမညဆရာတော်ကြီးပျံတော်မမူခင်ပြောသွားတာရှိတယ်...သာမညတောင် ၀န်းကျင်မှာရှိတဲ့ မြေယာတွေကို...“ ဒီနေရာတွေဟာ တနေ့မှာ ထိုင်းတွေ လာအလုပ်လုပ်မဲ့ နေရာတွေ ”တဲ့....။ မြန်မာပြည်သူလူထု ဒီ အချက်တွေ သိသင့်တယ်ထင်လို့ ပြောပြတာပါ...။ မျိုးချစ်စိတ် အပြည့်နဲ့ တိုင်းပြည်တိုးတက်အောင် အစွမ်းကုန် ကြိုးစားပြရင်းနဲ့ ထိုင်းကို သာအောင်လုပ်ကြမယ်...။

မြန်မာပြည် အေးချမ်းတည်ငြိမ်လို့ တိုင်းပြည်စီးပွားတိုးတက်ရင် အနိမ့်ဆုံး နယ်စပ်ဒေသတွေမှာ အလုပ်သမား
ရှားပါးမှု့ပြသနာတွေတောင် သူတို့ရင်ဆိုင်ရလိမ့်မယ်....ထိုင်း နိုင်ငံရေးခေါင်းဆောင်တော်တော်များများက ( အကုန်လုံးမဆိုလို )
မြန်မာ အပေါ်မှာ ထားတဲ့သဘောထားမမှန်တာများတယ်...ဒါကိုနိုင်ငံသားတွေသိစေချင်တယ်....သူတို့မှာ ကံကောင်းနေတာကလူထုအပေါ်မှာ တကယ်စေတနာမှန်တဲ့ ဘုရင်ရှိနေတာပဲ..လူထုကလဲ သူ့ကို အရမ်းကြည်ညိုတယ်...တကယ်လည်း လေးစားထိုက်တာတွေရှိပါတယ်...။ ထိုင်း နိုင်ငံရဲ့သြဇာတက္ကိမ ကို အစစ်မှန် ရထားသူဖြစ်လေတော့...သူ့ရဲ့ပဲ့ကိုင်မှု့နဲ့ တိုင်းပြည်တိမ်းစောင်းသွားတာတွေကို ပြန်တဲ့မတ်နိုင် တယ်.....ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေတော်လို့ မဟုတ်ဘူး...ဘုရင်ရဲ့အထိန်းအသိမ်း ကောင်းမှု့ကြောင့် ထိုင်း နိုင်ငံဟာတိုးတက်သွားတာ....ဒါကို မြန်မာနိုင်ငံသားတွေ သိစေချင်တယ်။ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာမှန်သောခေါင်းဆောင်ကောင်းများများမဟုတ်တစ်ယောက်ပဲရှိ....တိုင်းပြည်တိုးတက်တယ်.....မယုံမရှိနဲ့...

ဒီကြားထဲမှာ KIA ကို အကြောင်းပြုပြီး...အပစ်အခပ်ရပ်ဆဲရေးကို ခြိမ်းခြောက်လာတဲ့...အသံတွေ တော်လှန်ရေးအင်အားစုလို့ခေါ်တဲ့သူတွေဆီကထွက်လာတော့....စစ်တပ်ကနောက်ကြောင်းပြန်မလှည့်ခင်...ခင်ဗျားတို့က အရင် နောက်ကြောင်းပြန်လှည့်တော့မှာလားလို့ မေးခွန်းထုတ်စရာဖြစ်နေပြီဗျာ....။

လက်ရှိ ဦးသိန်းစိန် အစိုးရလည်း...KIA အပစ်အခပ်ရပ်စဲရေး ကိစ္စ လုပ်စရာရှိတာ မြန်မြန်လုပ်ပါတော့....။ ရှေ့တလှမ်းတက် မယ်မှ မကြံသေးဘူး နောက် သုံးလှမ်းဆုတ်ဘို့ ကိန်းဆိုက်နေမယ်ဆို မကောင်းပါဘူး...။

တောကြောင်တွေ ကိုသတိထားကြပါ......အထူးသတိထားကြပါ။

(အခုကျနော်ရေးလိုက်တဲ့စာဟာစာတမ်းမဟုတ်သလို...သုတေသနပြုရေးထားတာလည်းမဟုတ်ဘူး...ကျနော် ကြုံတွေ့ခဲ့ရတဲ့
အတွေ့အကြုံပေါ်တည်မှီပြီး...ရင်ထဲခံစားရတာ ရေးလိုက်တာ...ဒါပါပဲ )

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.