Wednesday, May 16, 2012

0 အနော်ရထာစက်မှုဇုံကို ဥပဒေစည်းမျဉ်းစည်းကမ်းအညီပြန်လည်သိမ်းယူရန် တောင်းဆို


ဆယ်နှစ်ကျော်ကြာသည်အထိ အနော်ရထာ စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသော်လည်း ယခုအခါတွင် အသည်းအသန် ခြံစည်းရိုး စတင်ခတ်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကို လယ်သမားတစ်ဦးနှင့် ဦးဝင်းချိုက လိုက်ပြပါတယ် ..

သို့

ညွှန်ကြားရေးမှူး

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန

နေ့စွဲ ။ ။ ၁၅.၅.၂၀၁၂

အကြောင်းအရာ ။ ။ နစ်နာသူမူလလယ်သမားများ၏ တောင်းဆိုချက်ကိုအမြန်ဖြေရှင်းပေး နိုင်ပါ ရန်တင်ပြခြင်း

အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ ၂၆.၄.၂၀၁၂ ရက်နေ့က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဌာနသို့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စုအတွင်းမှ လယ်သိမ်းခံလယ်သမားများသည် ဌာနတွင် မြေသိမ်းဆည်းမှုနှင့် ပတ်သက်၍ တာဝန်ရှိမရှိ လာရောက်မေးမြန်းခဲ့ကြပါသည်။ အဆိုပါမေးမြန်းချက် ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးမှ ၃.၅.၂၀၁၂ ရက်နေ့တွင် တာဝန်ရှိကြောင်း ပြန်လည်အဖြေပေးခဲ့ပြီး ဖြစ်ပါသည်။

ထပ်မံ၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ၉.၅.၂၀၁၂ ရက်နေ့က တောင်းဆိုမှု (၃) ရပ်ကို လာရောက် တောင်းဆိုခဲ့ပါသည်။ အဆိုပါတောင်းဆိုချက် များမှာ-

(၁) နိုင်ငံတော် (မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန)သည် တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အရ အနော်ရထာ စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရာတွင် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူထံမှ ထုတ်ပြန် ထားသော စည်းကမ်းချက်နှင့်အညီ ပြန်လည်သိမ်းယူပေးပါရန်။

(၂) ထိုသို့သိမ်းယူပြီးလျှင် မူလမြေပိုင်ရှင်ထံ ပြန်လည်လွှဲအပ်ပေးပါရန်။

(၃) မူလမြေသိမ်းခံ ပြည်သူများမှ နိုင်ငံတော်စီမံကိန်းကို အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက် နိုင်ရန်။

အချက်(၃) ချက်ကို အဆိုပြုခဲ့ပါသည်။

အဆိုပြုချက်ပါ (၂)နှင့်(၃)သည် လက်ငင်းဆောင်ရွက်ရန် အခက်အခဲရှိနိုင်သော်လည်း အဆိုပြုချက်(၁) သည် အာဏာပိုင်အနေဖြင့် ချက်ချင်းလက်ငင်းဆောင်ရွက်နိုင်ပြီး ဆောက်ရွက်ခြင်းမရှိသည့်အတွက် ယနေ့ (၁၅.၂.၂၀၁၂) ရက်နေ့တွင် ထပ်မံလာရောက်တောင်းဆိုခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုချက်များကို မေလ(၃၁)အတွင်း အကြောင်းပြန်ကြားပေးခြင်းမရှိပါက စည်းကမ်း ဖောက်ဖျက်ကုမ္ပဏီအား နစ်နာသူများမှ လွတ်လပ်စွာဖော်ထုတ်နိုင်သော မိမိတို့၏ ဆန္ဒကို ဖော်ထုတ် ၍ ငြိမ်းချမ်းစွာ ဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား မိမိတို့မှ အသိပေး တင်ပြလိုက်သည်။

ဦးဝင်းချို
လယ်သမားများ၏ကိုယ်စားလှယ်

Naung taw lay

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.