Saturday, May 19, 2012

0 ထားဝယ်စီမံကိန်း ဒေသခံများ ၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် သမ္မတထံ လက်မှတ်ထိုးတောင်းဆိုမှုပြုလုပ်


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ထားဝယ် ခရီးစဉ် (18.5.2012)
ထားဝယ် စည်ပင်သာယာဈေးကြီး ရောက်စဉ်..(Photo..ထားဝယ်မြို့တော်
၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော် သမ္မတကြီးနှင့်
သတင်းမီဒီယာများသို့ ပန်ကြားလွှာကို စုပေါင်းလက်မှတ်ရေးထိုးခြင်း
ရက်စွဲ ၊ ၂၀၁၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့

၁။ လျော်ကြေးပေးရာတွင် မညီမျှမှုများ၊ မကျေနပ်မှုများ၊ တိုက်ရိုက်နစ်နာသူ ကာယကံရှင်ထံ အပြည့်အ၀ မရရှိမှုများ ဖြစ်ပေါ်နေခြင်းသည် အမှန်တကယ်ပေးလျော်သူ (သို့မဟုတ်) ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက် ဈေးစကားပြောခွင့်မရခြင်းကြောင့်ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ “ ညှိနှိုင်း “ ဈေးအမှန်ဖြစ်လိုလျှင် “ ပြည်သူ့ ၀န်ထမ်း “ များက ရုံးခန်းသို့ခေါ်ကာ ဈေးဆစ်ပေးခြင်းများ မပြုလုပ်ပါရန် တောင်းဆိုပါသည်။

၂။ ယခုကာလပေါက်ဈေးအဖြစ် မြေတစ်ဧကကို ၃ သိန်းခန့် ပေးလျော်ဈေးဖြတ်ပြီး တစ်ချိန်တွင် တစ်ဧက သိန်း ၃၀၀၀ ခန့်တန်မည့် အချိန်တွင် ဒေသခံများကို မခံစားနိုင်တော့ရန် “ လျော်ငွေ “ ပမာဏ အနည်းငယ်ဖြင့် အပြတ်ဖယ်ထုတ်ခြင်းကို လက်မခံနိုင်ပါ။ လျော်ငွေသည် ယာယီဖြေရှင်းမှုဖြစ်ပြီး တန်ဖိုးမြင့်လာမည့် ဈေးကွက် ပေါက်ဈေးခံစားနိုင်ရန် ဒေသခံများ၏ ရင်းနှီးမြုပ်နှံခွင့် ရှယ်ယာလက်မှတ် ကိုလည်း မြေယာမှတ်ပုံတင် မှတဆင့် အသိအမှတ်ပြုသွားပါရန် တောင်းဆိုပါသည်။

၃။ “ လျော်ကြေး “ ဆိုသည်မှာ ဈေးဖြတ်ဈေးနှိမ်သည့် သဘောမဖြစ်စေရ။ ဆိုလိုသည်မှာ တစ်ဧက သိန်း ၃၀၀၀ ဈေးပေါက်သည့်အချိန်တွင်လည်း ဈေးကွက်၏ တန်ဖိုးကို အကျိုးခံစားခွင့်ရှိသင့်သည်။ လျော်ကြေးနှင့် လူနေအိမ်ယာမှာ ယာယီဖြေရှင်းမှုဖြစ်ပြီး “ ဆင်းရဲမှုပပျောက်ရေးအတွက် “ ရေရှည် ဖြေရှင်းမှုမဟုတ်ဟု သဘောပေါက်သည်။ မြေယာမှတ်ပုံတင်မှသည် “ အစုရှယ်ယာ “ လက်မှတ်အထိ တောင်သူလယ်သမားဘ၀၏ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ဆိုင်ရာ အကျိုးခံစားခွင့်ကို အသိအမှတ်ပြုပါရန် တောင်းဆိုပါသည်။

၎။ မြေယာမှတ်ပုံတင်ရသူများသည် ရောင်းလိုကလည်းရောင်းခွင့်ရှိပြီး မရောင်းလိုကလည်း မရောင်းပဲ နေခွင့်ရှိရမည်။ ဆိုလိုသည်မှာ မြေယာကို အတင်းတွယ်ကပ်ကာ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဇုန်စီမံကိန်းကို ဆန့်ကျင်သူများမဟုတ်ပဲ လိုအပ်သလိုဖယ်ရှားပေးမည်ဖြစ်သော်လည်း အပိုဒ် (၂) ပါ ရှယ်ယာလက်မှတ်ကို ကိုင်ဆောင်ခွင့်ကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းလင်းစွာအသိပေးလိုက်သည်။

နဘုလယ်ဒေသခံရွာသူ၊ရွာသားများ
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.