Saturday, January 21, 2012

0 လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)၏(၁၅.၁.၂၀၁၂)နေ.(၁၆.၁.၂၀၁၂)နေ.တွင်ပြုလုပ်သော ဈေးရောင်းပွဲ




(၁၅.၁.၂၀၁၂)နေ့(၁၆.၁.၂၀၁၂)နေ.တွင်လူ.အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)၏ဈေးရောင်းပွဲကို အမှတ်(၉)ရပ်ကွက်၊ ပုသိမ်တဖက်ကမ်းနိဂျောဓါဗျာဒိတ်ပေးဘုရားပွဲတော်တွင် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဓိကအနေနှင့်ဗိုလ်ချုပ်ပုံ။ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများအား ပြည်သူလူထု လက်ထဲသို့ရောက်ရှိကာကွန်ယက်၏ ကျယ်ပြန်.မူ.ညီညွတ်မူ.များရရှိခဲ့ပါသည်။

HRWDN

0 ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"


"သံဃာ့ဂိုဏ်း မသင့်စေဖို့ "

မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ..သို့သော်ရေးချိန်တန်လာ သော ကြောင့် ရေးလိုက်ပါသည်

­"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"

သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံးရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်။ ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည်အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည်။

လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ်ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်။

သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင်နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။။

အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကိုတည်ထောင်တော်မူသည်။ တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှပို့ ချတော်မူခဲ့သည်။

မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအားသပိတ်မှောက် သံဃာကံပြုတော်မူကြသည်

သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည်သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအားသြ၀ါဒ ပေးတော်မူသည်။သံဃာဆိုတာညီညွတ်ရသည်..သံဃာအဆက်ဆက်ညီညွတ်ခဲ့၍ယနေ့တိုင်အောင်သာသနာတော်တည်နေခြင်းဖြစ်သည်။

မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော်
သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည်။သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရ မည်ဟု မိန်တော်မူသည်။

အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော
ထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က
အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်။

တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအားသပိတ်မှောက်ကံ ပြုစေတော်မူသည်။

ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသောစစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ။

နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။မက်မောလောက် အောင်TV အောက်စက် မှ အစ လှူသည်..သို့သော်ငယ်ဖြူသံဃာများကြွရောက်တော်မမူကြတောထွက်သံဃာများသာ ကြွရောက်တော်မူကြသည်

အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည်
ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော်အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည်။မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆စစ်တပ်နှင့်နီး၍ထိုသတင်းများကို သိခဲ့ရသည်။

မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော
အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များပြဿနာ တက်ရ တော့ မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်

သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်။မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်။

အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများအဆက်မပြတ်ထုတ်လွှင့်ခဲ့သည်

ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကိုသိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့်ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်။

ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်.ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်။

န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်းစစ်အစိုးရမှ အာဃာတ တရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်

ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြားတလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်

မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့်ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး.တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသောတိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်

ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်။ ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့်
သတင်းများစွာ လွှင့်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါတိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟုသတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို
သတိထား သတိရ သူများ ရှာဖွေကြပါကုန်....

တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်..နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ။

၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသောသံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်။
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကိုကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။

"သီလကြီးလေးပါး လုံခြုံလျှင်"


သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည်။သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ..

သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ်တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်

ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မကဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင်တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်

သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟုအစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့်ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။

ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက်ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များလူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။

နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်းထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင်သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့်
ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။

ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာသုံးလာကြသည်..
မြန်မာနိုင်ငံ ၀ယ် သံဃာဦးရေ အရမ်းများနေသည်.သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟုထင်မိပါသည်.။.

"အထူးသတိပေးချက်"

သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟုပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။

အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသောစစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်။

ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ ကယူဆနေကြသောသံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ။ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည်။တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။

ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအားအသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကိုမြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်။ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည်ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမကဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန်
ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်

သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည်သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ အင်မတန်မှ ခက်ခဲလေသည် ။

မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သောသူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်။

သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်းသံဃာတော်သည် ကြောင့်ကြမဲ့ နေတော် မမူကြပါပေ။

မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှရည်ရွယ်၍ရေးသားသည် မဟုတ်ပါ။

နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့ 
သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများမဖြစ်စေဖို့  သာသနာ အရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်

သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။

အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ်

ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။

ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ


(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ )

ကိုသိန်းဝင်း အားကျေးဇူးတင်ရှိပါသည်။

0 ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်း​ထုတ်ပြန်ချက်


ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့နေအိမ်

၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။

၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။

၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။

၎။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။

(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။

(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။

(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။

(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။

၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။

၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ “Burma VJ” မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။

၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။

၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။

ဆက်သွယ်ရန်

1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649

ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့

http://burmese.dvb.no/

0 သိန်းစိန်အစိုးရမှ(ပြောင်းလဲနေပါပြီလို့ ပြောနေတဲ့) နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ ပိတ်ပင်ခံထားရ


သိန်းစိန်အစိုးရမှ(ပြောင်းလဲနေပါပြီလို့ ပြောနေတဲ့) နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ(၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် လွတ်မြောက်လာသူများ)အား ငြင်းပယ် ပိတ်ပင်ခံထားရခြင်း သက်သေတစ်ခုအဖြစ် တင်ပြလိုက် ရပါသည်။ Here is one of the approved documents of Nwet Hnin Yi. Her passport application has been rejected by the authority of Thein Sein's government because her involvement in human rights & pro-democracy movements in Burma. She was released from Ma U Pin prison on October 12, 2011.(Nyi nyi aung)

အကျဉ်းထောင်အတွင်းအသီးသီးမှ လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသား/သူ အချို့ ပတ်စ်ပို့များ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများအပေါ် ပြုလုပ်ပေးခြင်းမရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ်သတ်မှတ်ခံနေရဆဲဖြစ်ကြောင်း ပတ်စပို့သက်တမ်းတိုးလျက်ရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

‘ဒီကိစ္စက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့ကထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ်စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက်သွားထတ်တော့လဲ စာရွက်မှာ B L (Black list) လို့ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တွင် မအူပင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး ကပြောသည်။

နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် ထိုကိစ္စမျိုးသည် ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မိမိမှာ ကျောင်းသူတစ်ယောက်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်သွားရမည့်ကိစ္စများရှိကြောင်း နိုင်ငံတော်မှ ပေးထားသော ပြစ်ဒဏ်များကိုလည်း ကျခံထားပြီးဖြစ်၍ ထိုသို့သော ကိစ္စများကိုလက်မခံနိုင်ကြောင်း မနွဲ့နှင်းရည် ကပြောသည်။

‘သူတို့ပြောသလိုဆိုရင် နိုင်ငံရေးကြောင့်ထောင်ကျတဲ့သူတွေအားလုံးကို တစ်နှစ်စောင့်ကြည့်ကာလ လို့သတ်မှတ်ထားတဲ့သဘောပဲ။ ဒါပေမယ့် တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပတ်စ်ပို့က ရတဲ့သူရတယ်။ တစ်ချို့ဆိုရင် သွားပြီးပြန်လာတဲ့သူတွေတောင် ရှိနေတယ်။ မေးချင်တာက နိုင်ငံရေးအကျဉ်းသားခြင်းအတူတူကို ဘယ်လိုလူကိုတော့ ပေးမယ်။ ဘယ်လိုလူကိုတော့မပေးဘူး လို့သတ်မှတ်ထားတာရှိလား။ သိချင်တယ်’ ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား ပတ်စ်ပို့မထုတ်ပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို ပတ်ပင်တားဆီးသည်ဟု မြင်မိကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်တိုင်းဒေသကြီးအတွင်း အမတ်လောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အဆိုတော် တစ်ဦးဖြစ်သည့် ကိုဇေယျာသော်ကပြောသည်။

‘ကျွန်တော်လဲ ပတ်စ်ပို့လျှောက်ထားတာကြာပြီ။ ကျွန်တော်ပြန်လွတ်လာတဲ့ မေလ ထဲကလျှောက်ထားတာ။ အခုထိမရသေးဘူး။ ဆိုင်းငံ့ကာလလုပ်ထားတယ်။ ကျွန်တော်တစ်ယောက်ထဲအတွက်အတော့ ကိစ္စမရှိပါဘူး။ ဘယ်မှသွားစရာမှမရှိတာ။ ဒါပေမယ့် ကျန်းမာရေးအတွက် လိုအပ်လို့ ပြည်ပမှာ ဆေးတွေဘာတွေ သွားကုရမယ်ဆို ရင်ဘယ်လိုစီစဉ်ပေးမလဲ သိချင်တာ ’ ဟု ကိုဇေယျာသော်ကပြောသည်။

ထိုကဲ့သို့ ပတ်စ်ပို့လျှောက်ထားပြီး ဆိုင်းငံ့ထားခြင်းခံရသူများမှာ ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် GW(Generation Wave) အတွင်းရှိ လူငယ် အဖွဲ့ဝင်အချို့ပါဝင်ကြောင်း သိရသည်။

`ကိုဇာဂနာကိုတော့ ထုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထုတ်မပေးဘူးလို့ပဲ ပြောရမှာပါ`ဟု GW မှ ကိုအာကာဗိုက သုံးသပ်ပြောဆိုသည်။

(မြစ်မခ)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသီဆိုထားတဲ့ အဆိုတော် Morleyရဲ့"Women of Hope."




Morley’s warm and soulful voice often gets her compared to Annie Lennox and Roberta Flack. And she uses that gorgeous voice as an instrument of change. Using music to facilitate dialogue, she works with teenagers from domestic and international conflict zones, as well as organizations such as Face to Face/Faith to Faith, the Door, the Lower East Side Girls Club, Code Pink, and the Fortune Society (a program that facilitates reentry into society from prison), to name a few. Her music has been used in an array of films, including Burma and the Media: Amplifying Voices for Democracy.

Morley's next CD, Undivided, will be available in spring 2012; until then, check out her albums Seen, Days Like These, and sunmachine ... She has collaborated and toured with artists such as Angélique Kidjo, Dr. Bernice Johnson Reagon, Toshi Reagon, Dave Matthews, Raul Midón, Amadou et Mariam and Queen Latifah.


Read more about Aung San Suu Kyi, the inspiration for "Women of Hope."

0 ၈၈ မျိုးဆက် ခွပ်ဒေါင်း မော်ကွန်း. . . .


သူုတို့ကို မြင်တာနဲ့ ခွပ်ဒေါင်းအလံတော်ကို မြင်လာတယ်...
ခွပ်ဒေါင်းအလံတော်ကို မြင်ရင် သူတို့ကို မြင်လာတယ်. . .

ခွပ်ဒေါင်းအလံတော် ဆိုတာ. . .
ကိုလိုနီခေတ်က လူမျိုးခြားကျွန်ဘ၀မှာ. . .
ငါတို့သမဂ္ဂအလံတော်ကို
ငါတို့အမျိုးသား ကဒေါင်း အလံ သုံးခွင့်မပြုနိုင်ဘူးလို့
တားမြစ်ချုပ်ချယ်ခဲ့တဲ့အတွက်
ငါတို့ဘိုးဘွားတွေက . . .ရတဲ့နည်းနဲ့ ဖန်တီးဖီဆန်ခဲ့ကြတဲ့ ခွပ်ဒေါင်း. . .။

ခွပ်ဒေါင်း ဆိုတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ
မတရားမှုမှန်သမျှကို
ဆန့်ကျင်တော်လှန်တယ်. . .
အဲဒီအလံတော်ထဲမှာ ခွပ်ဒေါင်းကစက်ဝိုင်းကို ဖေါက်ထွက်နေတာ. . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ ဖေါက်ထွက်ဆန့်ကျင်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ. . ။

ဟုတ်တယ်. . .သူတို့ဟာ ငါတို့ခေတ်ရဲ့ ခွပ်ဒေါင်းတွေ. . .
ကာလများစွာ. . သမိုင်းစာမျက်နှာမှာ ပျောက်ရှနေတဲ့
ခွပ်ဒေါင်း ကို မန်းမှုတ်. . .
အသက်သွင်းပေးခဲ့တဲ့သူတွေ. . .
အဲဒီ ခွပ်ဒေါင်းကြီးက. . ကျောင်းပရ၀ုဏ်ကနေ ပျံဝဲ. .
မြန်မာပြည် မှိုစွဲ သလို စွဲနေတဲ့
အာဏာရှင်စနစ်ကို ဆုတ်ဖြဲပစ်လိုက်စေခဲ့တယ်. . .
ရှစ်လေးလုံး တဲ့ ဟေ့ ။

၈ ၈ ၈ ၈ ဆိုတာ. ..
အဲဒီ ခွပ်ဒေါင်းတွေက မွေးဖွားခဲ့တာ. . .
ခု ခွပ်ဒေါင်းတွေ ပျံလာပြီ. . .
မြန်မာပြည်ရဲ့ အချုပ်အနှောင် အတားအဆီး
အဓမ္မမှန်သမျှ အံတုကြမယ့်
၈၈ မျိုးဆက် ခွပ်ဒေါင်းတွေ. . . . .။ ။

(ချိုတူးဇော်)

(ကျနော်တို့ရဲ့ ၈၈ ခွပ်ဒေါင်းသူရဲကောင်းများ အတွက်
ဆန်ဖရန်ရောက်နေတဲ့ ကဗျာဆရာက မော်ကွန်းရေးထိုးပေးပါတယ်)- ပန်းချီ- Min Kyaw Khine

0 မန္တလေး(NLD)all for joke ,joke for all ကာတွန်းပြပွဲနှင့် အထူးဈေးရောင်းပွဲတော်








မန္တလေးမြို့ ပဒုမ္မာခန်းမတွင် ပြသလျှက်ရှိသော ကာတွန်းပြပွဲသို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိစိတ္တဘိဝံသ(ခေါ်)အရှင်ဝီရသူမှ လာရောက်ကြည့်ရှု့အားပေးခါ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့...
၁၄ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွှတ်ခဲ့သော အရှင်ဝီရသူသည် မန္တလေးတိုင်းNLDမှကြီးမူးကျင်းပ နေသော all for joke ,joke for all ကာတွန်းပြပွဲသို့ လာရောက်ကြည့်ရှု့အားပေးခါ ဧည့်သည်တော် မှတ်တမ်း တွင် လက်မှတ်ရေးထိုးပေးသွားခဲ့ပါသည်၊ ထို့အပြင် အလှူငွေ (၃၀၀၀၀ကျပ်)ကိုထည့်ဝင်လှူဒါန်းရာ ကာတွန်းဆရာ ဟာဂျူလီ(ကသာ)မှ လက်ခံရယူခဲ့ပြီး အလှူခံ သေတ္တာပုံးအတွင်းသို့ ထည့်သွင်းပေးခဲ့ ပါသည်၊ ကာတွန်းပြပွဲမှ ရရှိငွေအားလုံးကို မန္တလေးအိုးဘိုထောင်အတွင်းကျန်ရှိနေသေးသော နိုင်/ကျဉ်း၇၄ယောက်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်၊

သတင်းဓာတ်ပုံ။ ။ ဟာဂျူလီ ကသာ၊ကာတွန်းအောင်မော်

Friday, January 20, 2012

1 ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ရွှေညဝါဆရာတော် ဦးပညာသီဟတွေ့ဆုံ(ရုပ်/သံ)



မြန်မာပြည်အရေး. . .ရင်လေး လို့ပါ. . . မနေ့က ရွှေည၀ါ ဆရာတော်အရေးနဲ့ ပါတ်သက်လို့ အုန်းအုန်းကြွက်ကြွက်ဖြစ်ကြတော့ ကျနော် စိုးရိမ်ကြောင့်ကြမှုတွေဖြစ်လိုက်ရတာဗျာ။ ကျနော်တို့ ညီနောင်တွေ လွတ်လာတာ တပါတ်တောင် မရှိသေးပါဘူး။ နောက်တကြိမ်လမ်းပေါ်ထွက်၊ နောက်တကြိမ် ပြန်ပြီး အဖမ်း ဆီးခံဆိုတာမျိုးတွေ နဲ့ မြန်မာပြည်ရှေ့မတိုးနိုင်ပဲ ဆိုးသံသ...ရာ လည် မဆုံးဖြစ်မှာ စိုးရိမ်ပါတယ်။ လမ်းပေါ်ထွက်မှ နိုင်ငံရေးမဟုတ်၊ ဆန္ဒပြတာမဟုတ်ပါဘူး။ လမ်းပေါ်ထွက်ဆန္ဒပြတဲ့အဆင့်ဟာ နောက်ဆုံး အဆင့်ပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့ မီဒီယာတွေကနေ ရေးသားဖေါ်ပြတောင်းဆိုတာဟာ လည်း ဆန္ဒပြခြင်းတမျိုးပါပဲ။ တချို့ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတာကို ကီးဘုတ်နိုင်ငံရေး ဆိုပြီး အထင်သေးနေကြ တယ်။

ကျနော်ခုချိန်မှာ ပြည်ပရောက်နေတဲ့အတွက် မပြောသာပေမယ့်၊ ပြည်တွင်းမှာကတည်းကရေးစရာရှိတာကို ပြတ်ပြတ်သားသား ရေးသားတောင်းဆိုခဲ့တာပါ။ အချိန်မရွေးလာဖမ်းနိုင်တဲ့အချိန်ကတည်းက ရေးသင့်တယ်ထင်တာကို ရေးခဲ့ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အဲဒီကာလတွေမှာ ဖမ်းလိုက်ရင် စီခနဲ နှစ် ၂၀၊ ၃၀ ပါ။ အီလက်ထရွန်နစ်ဥပဒေ ဆိုတာကြီးနဲ့လေ။ လမ်းပေါ်ထွက်မှ ဆန္ဒပြတာမဟုတ်ပါဘူး။ စာရေးတာလည်း ဆန္ဒပြတာပါပဲ။ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ကိုယ့်အင်အားတွေသာမက၊ မလိုလားအပ်တဲ့ အနှောင့်တွေ၊ အမှောင့်တွေဝင်နိုင်တယ်။ တိုင်းပြည်မှာ ဆုံးရှုံးနစ်နာမှုတွေ အနည်းနဲ့အများရှိလာနိုင်တယ်။ ထိုင်းမှာ ရှပ်နီ ရှပ်ဝါတွေကြောင့် အများကြီးဆုံးရှုံးခဲ့တာ အားလုံး အသိပါ။

အခု အမေရိကားမှာတောင် ဂူဂဲလ်နဲ့ ၀ီကီပီဒီးယားတို့က ဆန္ဒပြတဲ့အနေနဲ့အွန်လိုင်းပေါ်မှာ လုပ်ဆောင်မှု တွေ ကို လုပ်ကြတယ်။ ဂူဂဲလ်က သူတို့လိုဂိုကြီးကို အမည်းကြီးနဲ့ပိတ်ပြီး အဲဒီ ရက် အတွင်း တင်ထား တယ်။ ၀ီကီပီဒီးယားကတော့ အဲဒီရက်မှာ သူတို့ဆိုဒ်ကို သုံးမရအောင် လုပ်ပါ သတဲ့။ ဒါကြောင့်ကျောင်းတွေ အသီးသီးမှာ ကျောင်းသားတွေကို အိမ်စာ လုပ်စရာတွေ အဲဒီရက် မတိုင်မီ ပြီးအောင်လုပ်ဖို့နှိုးဆော်ကြပါတယ်။ ဒါတွေဟာ ရယ်စရာမဟုတ်သလို၊ အမြှော်မြင်ကြီးစွာ လုပ်တဲ့ လုပ်ရပ်တွေလို့မြင်စေချင်တယ်။ လူတွေဟာ အမြှော်အမြင်ရှိလာတာနဲ့အမျှ အပျက်အစီးအဆုံးရှုံးတွေကို ပိုတွက်လာ၊ ပိုထိန်းသိမ်းလာကြတဲ့သဘောဖြစ်ပါတယ်။

အာဏာပိုင်အစိုးရကလည်း အွန်လိုင်းပေါ်က ပြည်သူ့အသံ ကို ဘာမှ “အက်ရှင်” မပါလို့ ဆိုပြီး လျစ်လျူရှုမယ်ဆိုရင် လူတွေက အွန်လိုင်းပေါ်က ဆင်း လမ်းပေါ်ထွက်လာကြမယ်။ အစိုးရကသာ အွန်လိုင်းအပါအ၀င် မီဒီယာအသီးသီးက ပြည်သူ့အသံတွေကို လေးလေးစားစား နာခံရင် ဘယ်သူမှ “ကာယဒုက္ခ” အဖြစ်ခံပြီး လမ်းပေါ်ထွက်ကြမှာ မဟုတ်တော့ပါဘူး။ ကျနော့်အမြင်မှာတော့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့ကာလမှာ... လမ်းပေါ်ဆန္ဒပြပွဲ ဆိုတာ မတတ်သာတဲ့အဆုံးမှ သုံးရမယ့် လူထုရဲ့လက်နက်ပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့ အွန်လိုင်းအပါအ၀င် မီဒီယာ အသီးသီးက ဆန္ဒတွေ ဖေါ်ထုတ်မယ်။ တောင်းဆိုမှုတွေ လုပ်မယ်၊ နောက် လက်မှတ်ထိုးတောင်းဆိုမှုတွေ လုပ်မယ်၊ သက်ဆိုင်ရာ အာဏာပိုင်အသီးသီးနဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းခွင့်တွေ လုပ်မယ် ဆိုတာက အရင် ဖြစ်သင့်ပါတယ်။ မတရားမှုဟာ အတိုင်းအတာတခုကျူးလွန်လာရင် ကျနော်တို့အားလုံး အချိန်မရွေး လမ်းပေါ်ထွက်ဖို့ အသင့်ပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး ကျနော်တို့ လမ်းပေါ်ထွက်ခဲ့ကြရတာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကို မရခဲ့လို့ပါ။ ခုကျနော်တိုရဲ့၈၈ ခေါင်းဆောင်တွေအားလုံးကလည်းလွတ်မြောက်လာတာနဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ ဆက်လျှောက်ကြဖို့ တညီတညွတ်တည်းပြောခဲ့ပြီးသားပါ။

ရွှေည၀ါ ဆရာတော်ရဲ့ အရေးမှာ မဟန က ပြည်သူကိုပါနားလည်အောင် ရှင်းလင်းထုတ်ပြန်ပေး မယ် ဆိုရင်ကောင်းမယ်လို့ကျနော်မြင်မိပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲ ဆိုတော့ အဲဒီ ကိစ္စနဲ့ပါတ်သက်ပြီး ကျနော် ပြန်တင်တဲ့ သတင်းလေးတပုဒ်ရဲ့ ကွန်မင့်မှာ ဆရာတော်ကြီးတပါး ရဲ့ မေတ္တာရပ်ခံမှုကို တင်ပြလာပါတယ်။ ဒါပေမယ့် အဲဒီကွန်မင့်ကို တင်တာ ကောင်မလေးငယ် ငယ်လေး၊ ပရိုဖိုင်းပုံက ဘောင်းဘီတိုပြတ်လေးနဲ့။ တင်တဲ့ကွန်မင့်ထဲမှာက ဘုန်းဘုန်းမေတ္တာရပ် ခံချင်တာကတော့ ဆိုပြီး. . စ တယ်။ ကျနော်ဖတ်ကြည့်တော့ သိပ်ကောင်းနေတယ်။ ဆရာတော် ကြီးက (ဆရာတော်ကြီးလို့ပဲ ထင်ပါတယ်) ရွှေည၀ါ ဆရာတော်ရဲ့ဟောပြောချက်တချို့ဟာ ၀ိနည်းတော်နဲ့ ငြိနေလို့၊ အရေးယူရတယ်၊ အဲဒီလို အရေးမယူရင် သာသနာတော် ညှိုးနွမ်းမယ် လို့ ထောက်ပြတယ်။

ဒါပေမယ့် ဘယ်အချက်တွေဆို တာ သေချာမရှင်းဘူး။ နောက် ရွှေည၀ါ ဆရာတော်ကို အရေးယူတာလည်း ဖမ်းဆီးခြင်း၊ လူဝတ်လဲခိုင်းမျိုး ခြင်းမဟုတ်ဘူး။ သံဃာအဖွဲ့ အစည်းပိုင်ကျောင်းက နှင်တာ။ ဒါကလည်း ကျောင်းက သံဃာ့အဖွဲ့အစည်းပိုင် မို့လို့၊ သံဃာ့အဖွဲ့ရဲ့ စည်းမျည်းစည်းကမ်းမှ မနာခံရင် ဒီကျောင်းမှာ သီတင်းမသုံးနဲ့လို့ ဆုံးဖြတ်တာ လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ တကာတို့ အနေနဲ့ ကိုယ့်ဆရာတော်ကို ချစ်ခင်ကြည်ညိုရင် ဆရာတော်အတွက် ကိုယ့်ဖါသာ ကျောင်းစီစဉ်ပေးပါ၊ သံဃာအဖွဲ့အနေနဲ့ ဒီလို ဆုံးဖြတ်ရလိမ့်မယ် လို့ပါပါတယ်။ စာက ကျနော်တို့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဦးတည်ပြီး ရေးတာပါ။ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ခုနပြောသလို ကျနော့်ဆီကို ရောက်လာပုံက ကောင်မလေး တယောက်က တဆင့် ကွန်မင့်ထဲ ၀င်ရေးထားတာ။ ကျနော်က ဘယ်လိုလို့ ပြန်ရှယ်မလဲ။ သူ့ကို သေချာ ပြန်တက်ဂ်လုပ်ပေးဖို့၊ မူရင်းလင့်ခ်ကိုပေးဖို့ပြောတော့ ကွန်မင့်တွေ အကုန်ပြန် ဖျက်သွားပါတယ်။ ဒီတော့ ပိုဆိုးသွားတာပေါ့။ သံဃာအရေးကို သာမန်လူတွေ ရှင်းစရာမလိုတာ မှန်ပေမယ့် ဒီလိုလူထု က ဘုမသိဘမသိ ပါလာရင် အားလုံးရဲ့အကျိုးတွေကို မျှော်ကိုးပြီး ဆရာတော်ဘုရားတို့အနေနဲ့ ပြည်သူကိုလည်း နားလည်အောင် သည်းခံရှင်းလင်းပေးဖို့မေတ္တာရပ်ခံ လျှောက်ထားပါရစေဘုရား။ ခုနက လင့်ခ် ကိုတင်ကြတဲ့ သူတွေကိုလည်း သေချာ စနစ်တကျတင်တာမျိုးတွေလုပ်ဖို့ အကြံပေးချင်တယ်။ ယုတ်စွအဆုံး ကိုယ်တိုင်မတင်ချင်ရင် ကျနော့်ဖေ့စ်ဘွတ်ခ်မေးလ် ကို ပို့ပါ။ တိကျခိုင်လုံတဲ့ အခြေအမြစ်တွေတော့ ရှိသင့်တာပေါ့။ ခိုင်လုံတယ်ဆို ကျနော် ပြန်တင်ပါ့မယ်။ ကျနော်အမြဲပြောနေ ရေးနေတဲ့အတိုင်း သတင်းအားလုံး ဟာ ပွင့်လင်းမြင်သာမှု ရှိရင် ပြည်သူလူ ထု အနေနဲ့ ဘာပယောဂမှ မငြိပဲ နေနိုင်ပါလိမ့်မယ်။ ဘာပဲ ပြောပြော မနေ့က ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပဲ ပြီးစီးသွားတဲ့အတွက် အာဏာပိုင်တွေကို ကော၊ သံဃာတော်တွေကိုရော၊ ပြည်သူလူထုကိုရော ကျေးဇူးတင်ပါတယ်။ ရွှေည၀ါ ဆရာတော် ဟာ ကျနော်တို့ ချစ်ခင်လေးစားကြည်ညိုရတဲ့ ဆရာတော်ပါ။ ဒါပေမယ့် ပြဿနာကိုတော့ ငြိမ်း ချမ်းစွာ ဖြေရှင်းမှ မှန်ကန်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျနော့်အကိုတွေကလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းသွားကြမယ်၊ သွားခဲ့တယ် လို့ ယုံကြည်ပါတယ်။

ချစ်ခင်စွာ ချိုတူးဇော်

0 ကြည့်မြင်တိုင်(အောက်)လမ်းမကြီး၊ ဆင်မင်းဈေးမှတ်တိုင် အနီးရှိ ရှစ်ထပ်တိုက်တစ်လုံး ကွဲအက်ပြိုကျမည့် ဖြစ်စဉ်တစ်ခု





၁၉.၁.၂၀၁၁ ညပိုင်း ၁၀ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်(အောက်)လမ်းမကြီး၊ ဆင်မင်းဈေးမှတ်တိုင် အနီးရှိ ရှစ်ထပ်တိုက်တစ်လုံး ကွဲအက်ပြိုကျမည့် ဖြစ်စဉ်တစ်ခု စတင်ဖြစ်ပေါ်လျှက်ရှိသည်။
စောရန်ပိုင်(မြောက်)ရပ်ကွက်၊ မြကံသာစားသောက်ဆိုင်နံဘေးရှိ အမှတ် ၃၆၇ ရှစ်ထပ်တိုက်ဖြစ်ပြီး တိုက်နောက်ဖက်ရှိ ပထမထပ်မှ အုတ်နံရံများ စတင်ကွဲအက်လျှက်ရှိသည်။
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများလာရောက် စစ်ဆေးကာ တိုက်နောက်ဖက်ခြမ်းအား လူအ၀င်အထွက် မရှိစေရန် ပိတ်ဆို့ထားပြီး အောက်ကြည့်မြင်တိုင်လမ်းမကြီးကိုလည်း ကြိုးများဖြင့် တားဆီးကာ ကားဖြတ်သန်းမှုကို ပိတ်ဆို့ထားပြီဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကို လာရောက်ကြည့်ရှုသူ တစ်ထောင်နီးပါးခန့်ရှိပြီး သန်းခေါင်ကျော်အချိန်ထိ လူမစဲသေးကြောင်း အခင်းဖြစ်ရာနေရာမှ 7Day News သတင်းထောက်က ပေးပို့သည်။
ယင်းတိုက်တွင် လူပေါင်း ၃၈ ဦးခန့်နေထိုင်လျှက်ရှိပြီး ၎င်းတို့ကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့စေလိုက်ပြီဖြစ်သည်။

အနီးအနားရှိ တိုက်များမှ လူများကိုလည်းဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်း သိရသည်။ ည ၁၂ နာရီခွဲခန့်တွင် မီးသတ်ယာဉ်တစ်စီးမှ မီးမောင်းကြီးများဖြင့် အဆိုပါတိုက်အား ထိုးချိန်ထားကာ စောင့်ကြည့်နေကြသည်ကို တွေ့ရသည်။ယင်းတိုက်ကို ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ဓာတ်ပုံ- ဥက္ကာကိုကို

0 ရွှေညဝါ ဆရာတော် ကျောင်းတိုက်မှ တလအတွင်း ထွက်ရန် လက်မှတ်ထိုးလိုက်ရ

ဒိမိုကရေစီနိုင်ငံထဲက ဒီမိုကရေစီမရှိသေးသော အဖွဲ့ တည်နေရာ
ဒီကနေ့ အမိန့်ကို တာဝန်ယူလုပ်ဆောင်တာက သူပဲ ။
ဒီလူတွေ ကိုယ်တိုင် သံဃမဟာနာယကကျောင်း ရှေ့မှာ သံဆူးကြိုးတွေ ဒီလိုချခဲ့ကြ ။



ရွှေည၀ါဆရာတော် သာဓုကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိပြီး လူထုပရိသတ်အား ရှင်းလင်းပြောကြား။
သံဃာ့နာယက ကျောင်းပေါ်သို့ တက်ခွင့်ပေးရန် ဦးဂမ္ဘီရ တောင်းဆို။ အာဏာပိုင်များတားမြစ်။

လွတ်လပ်စွာပြောဆိုရေးသား စီတန်းလှည့်လည်ခွင့်က မွေးရာပါ လူ့အခွင့်အရေးဖြစ်တယ်။ ကန့်သတ်ချုပ်ချယ်လို့မရဘူး။ အခုလိုလုပ်တာဟာ ဓမ္မ၀ါနယနဲ့လည်းမညီပါဘူး.. လူ့အခွင့်အရေးကိုလည်း ချိုးဖောက်တာဖြစ်တယ်...အဲဒါကြောင့် အတိအလင်း ကန့်ကွက်ပါတယ်”” ဟု ဦးဂမ္ဘီရက တိုင...်းသံဃနာယကအဖွဲ့ရှိရာ ကျောင်းတိုက်အတွင်း မိန့်ကြား(ဓာတ်ပုံ- သူရမျိုး)



ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၊ ပဓာနဆရာတော်၊ အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တပညာသီဟအား ယနေ့ ၁၉.၁.၂၀၁၂ မှ ၁၉.၂.၂၀၁၂ တနင်္ဂနွေနေ့၊ ညနေ လေးနာရီနောက်ဆုံးထား၍ သာဓုကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန်၊ မထွက်ခွာမီကာလ အတွင်း ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားစေရန်နှင့် ငြိမ်းချမ်းစွာသီတင်းသုံးနေထိုင် ထွက်ခွာသွားရန် ရန်ကုန်တိုင်းသံဃာ့မဟာနာယကအဖွဲ့မှ ယနေ့နေ့လည် ၂ နာရီခွဲတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ဤ အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူပေါင်း သောင်းနှင့်ချီ၍ လက်မှတ်ရေးထိုး အသနားခံခဲ့ကြသော်လည်း ပယ်ချခံခဲ့ရသည်။
““ဘယ်မှာနေမလဲဆိုတာ ပြောဖို့တော့ စောသေးတယ်...။ လမ်းဘေးမှာပဲ နေရမှာပေါ့””ဟု ဆရာတော်က သာဓုကျောင်းသို့ပြန်လည်ရောက်ရှိစဉ် မိန့်ကြားသည်။
ရွှေည၀ါကျောင်းတိုက်အတွင်း မှီတင်းနေထိုင်သော တပည့်ရဟန်းသံဃာတော်စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

(Photo by- Oakkar Ko Ko -Ah Bayah
- 7Day News)

Thursday, January 19, 2012

0 ဗကသများ အဖွဲ့ ချုပ် တရားဝင်ရပ်တည်နိုင်ရေးအတွက် ဗဟိုစည်းရုံးရေး ကော်မတီဖွဲ့ စည်းခြင်း


ကျောင်းသားသမဂ္ဂသည် ကျောင်းသားထုကြား၌ အမြဲတမ်း တရားဝင်သည်။

0 နိုင်ငံရေးအကျဉ်းချခံရသောသံဃာတော်အရှင်သူမြတ်များအားဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲဖိတ်ကြားလွှာ


ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့ကိုယ်တော်အပါး ၃၀အား သိဏ္ခာထပ်မည်ဖြစ်ပါသဖြ...င့် တတ်နိုင်သလောက် ကုသိုလ်တော်ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရက်စွဲ။ ။ ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၁။

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား-

ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့အရေးတော်ပုံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်တော်များဖြစ်သော

၁။ ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
၂။ ဦးစန္ဒာသီရိ
၃။ ဦးဂမ္ဘီရ မဂ္ဂင်ကျောင်း
၎။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း
၅။ ဦးကေလာသ မန္တလေး
၆။ ဦးပဏ္ဏ၀ံသ ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး
၇။ ဦးပဏ္ဏိတ မှော်ဘီကျောင်း
၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း
၉။ ဦးရေ၀တ ချောက်
၁၀။ ဦးတိလောက
၁၁။ ဦးဝိသုဒ္ဓ
၁၂။ ဦးရေ၀တ
၁၃။ ဦးဝါယမ
၁၄။ ဦးစန္ဒိမာ
၁၅။ ဦးဆန္ဒာဓိက
၁၆။ ဦးတေဇ၀န္တ
၁၇။ ဦးဃောသိတ
၁၈။ ဦးနန္ဒ
၁၉။ ဦးဝိလာသက္က
၂၀။ ဦးဣသာရိယ
၂၁။ ဦးသုမန
၂၂။ ဦးသုမန(ခ)စာရေးဆရာမင်းဆက် မန္တလေး
၂၃။ ရှင်စန္ဒာဝရ
၂၄။ ဦးပညာစာရ (စစ်တွေ)တို့ အပါအ၀င် စုစုပေါင်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာအပါး ၃၀အား သိဏ္ခာထပ်မည်ဖြစ်ပါသဖြင့် တတ်နိုင်သလောက် ကုသိုလ်တော်ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

0 မြန်မာ့နိုင်ငံရေးအပြောင်းအလဲ သင်ခန်းစာများ

(The National မှ 16 Jan 2012 ရက်စွဲပါ “Myanmar’s Lessons for political change” ခေါင်းကြီးပိုင်းကို yangonchronicleဘာသာပြန်ဆိုသည်)

အာဏာရှင်ကို ဆန့်ကျင်သောကာလရှည် တိုက်ပွဲတွင် ဇန်နဝါရီ ၁၃ ရက် သောကြာနေ့က အဓိကမှတ်တိုင်တစ်ခု အထင်ကရထွက်ပေါ်လာပြီး နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ယင်းနိုင်ငံရေး အကျဉ်းသားများသည် ဒေသတွင်း တူနီရှား၊ အီဂျစ်၊ ဆီးရီးယား တို့မှ လတ်တလောတော်လှန်နေကြသူများ မပာုတ်ပဲ မြန်မာနိုင်ငံမှ ကာလရှည်ကြာ တော်လှန်ရေးသမားများ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော အခွင့်အရေးကို နောက်ဆုံး၌ တွေ့ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နောက်ဆုံး ထွက်ပေါ်လာသော အပြုသဘောဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ၎င်းရွေးကောက်ပွဲများသည် ကနဦးတွင် စစ်ဗိုလ်ချုပ်များ အာဏာဆက်လက်ရယူရန် စစ်ရာထူး စွန့်လွှတ်ခြင်း(သို့) တပ်မတော်အစိုးရ သစ္စာခံများနှင့်အစားထိုးခြင်းတို့ကိုသာ ဖြစ်ပေါ်စေမည်ပာု ရှုမြင်ခြင်းခံရသည်။

သို့သော် ထိုအချိန်မှစ၍ မီဒီယာတင်းကြပ်မှုကို လျှော့ပေးခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာခြင်း၊ နိုင်ငံရေးပါဝင်လှုပ်ရှားခွင့် ကြီးထွားလာခြင်းတို့ ထွက်ပေါ်လာခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည်ပာု ကြေညာလိုက်ပြီဖြစ်သည်။

တန်းတူရည်တူ အရေးကြီးသော်လည်း အလားတူ ကျယ်လောင်ခြင်းမရှိပဲ ထွက်ပေါ်လာသော သတင်းမှာ အစိုးရနှင့် ကရင်လက်နက်ကိုင် အုပ်စုအကြား ကြာသပတေးနေ့က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုပင်ဖြစ်သည်။ နိုင်ငံ၏ အရှေ့ပိုင်းတွင် အများစုနေထိုင်ကြသော ကရင်များသည် အကြီးဆုံး တိုင်းရင်းသားအုပ်စုများထဲမှ တစ်စုဖြစ်၍ ၁၉၄၈ လွတ်လပ်ရေးနောက်ပိုင်း ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ပွဲကို တိုက်ခိုက်ဆင်နွှဲနေသည့် လက်နက်ကိုင် တပ်ဖွဲ့များကို ပိုင်ဆိုင်ထားသည်။

ယခင်တပ်မတော်အစိုးရ၏ မရေတွက်နိုင်သော လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများမှာ စစ်ဒဏ်ခံတိုင်းရင်းသားပြည်နယ်များတွင် အထိန်းအချုပ်မဲ့ ဖြစ်ပွားခဲ့ပြီး အစုအပြုံလိုက်မုဒိန်းကျင့်ခြင်း၊ အဓမ္မခိုင်းစေခြင်းမှသည် ရွာများကိုအတင်းအကြပ် ရွှေ့ပြောင်းခိုင်းခြင်း၊ စနစ်တကျ သတ်ဖြတ်ခြင်းများအထိ ပါဝင်သည်။ ၂၀ ရာစု၏ လူသိနည်းအရက်စက်ဆုံး ဖြစ်ရပ်များပာုပင် ဆိုရလိမ့်မည်။ ကရင်လက်နက်ကိုင်များသည် မြန်မာအစိုးရ၏ ခေါင်းအမာဆုံးရန်သူများပာု သတ်မှတ်ခံရသော်လည်း ကချင်တို့သည် ယခုတိုင်အတိအလင်း တိုက်ခိုက်နေကြဆဲဖြစ်သလို အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားကြသည့် ချင်း၊ ရှမ်း၊ “ဝ” အဖွဲ့များကလည်း လက်နက်ကိုင်စစ်တပ်အသွင် လှုပ်ရှားနေကြဆဲပင်ဖြစ်သည်။

သောကြာနေ့က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထဲမှ လူသိများနိုင်ငံရေးသမားများက လက်ရှိအစိုးရ၏ ရည်ရွယ်ချက်များနှင့် ပြုပြင်ပြောင်းလဲပုံများအပေါ် သံသယမကင်းကြောင်း ထုတ်ဖော်ပြောကြားထားသည်။ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များကလည်း အလားတူ သံသယ ရှိနေကြဆဲပင်ဖြစ်သည်။ ၎င်းတို့စိုးရိမ်ပူပန်ကြသော အချက်မှာ အာဏာချုပ်ကိုင်ထားဆဲ အကြီးအကဲပောာင်းက လက်ရှိ ပာန်ဆောင်ပြောင်းလဲပြမှုများကိုပင် ပြန်လည်ခေါက်သိမ်းရန် ကြိုးစားနိုင်ဖွယ်ရှိခြင်း(သို့) အနည်းဆုံးအားဖြင့် နိုင်ငံရေးဖွဲ့စည်းပုံအသစ်တွင် ၎င်းတို့အတွက် အထူးဦးစားပေး အခွင့်အလမ်းများ ရအောင် ဖန်တီးအားထုတ်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် အာမခံချက်ပေးထားပြီးသော နိုင်ငံရေးလွတ်လပ်ခွင့်များကို ပြန်လည်ရုတ်သိမ်းရန် ခက်ခဲပါလိမ့်မည်။ ဆယ်စုနှစ်များစွာ ဖိနှိပ် အုပ်ချုပ်မှုနှင့် တငွေ့ငွေ့ပြည်တွင်းစစ်အပြီးတွင် ယခုအခါ စေ့စပ်ညှိနှိုင်းမှုများ၊ နိုင်ငံတကာ ဖိအားပေးမှုများ၊ ပက်ကျိ အရှိန်နှုန်းဖြင့် ပြုပြင်ပြောင်းလဲမှုများ လက်တွေ့ အထမြောက် ထွက်ပေါ်နေပြီပာု ယူဆရသည်။ ဆီးရီးယားတို့က ပဋိပက္ခနွံထဲသို့ တပာုန်ထိုးဝင်သွားချိန်တွင် မြန်မာတို့ကမူ ကျန်းမာ သန်စွမ်းသော လူ့အဖွဲ့အစည်းဆီသို့ တစ်လက်မခြင်းတိုးသွားလျက်ရှိသည်။ တစ်ယူသန်မောက်မာလွန်းသော တပ်မတော်အစိုးရပောာင်း၏ ခေါင်းဆောင်များကို ထိန်းကျောင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့နှင့် ဆက်ဆံတွေ့ထိညှိနှိုင်းခြင်းပင် ဖြစ်ပေသည်။

0 ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)

ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား

ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တစ်ယောက် အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာ သိမ်းယူပြီးသည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ် အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ထားတာကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန် ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။

မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။

ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန် ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း

နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေ ကြသည်ဟု နောက်မှ သိရပါသည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ် သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင် ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီး လာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။

ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါတယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တစ်ယောက်ချင်းဖြင့် လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း တစောင်တလေသော် လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော် လည်းကောင်း အလျဉ်း ရှာဖွေ တွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘+++’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။

++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေး လုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျ သေချာ ခိုင်လုံသည့် အထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ”ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “+++ မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက် စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်း ဝန်ခံခိုင်းနေပါသည်။

ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++ ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့”တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။

ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက်က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး”တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်း လာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက် ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)

၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။

တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန် တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာသော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာ ကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန်ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။

၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။
သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟု ဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကား သိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။

နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်(လေ)က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူ တို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အတွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်”ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။

ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။

ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုးဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲ ချေပ သော်ငြားလည်း ကျွန်ုပ် အပါ အဝင်

မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)

စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ ပြုလုပ် ဖန်တီးသည်ဟုဆိုကာ သရက် အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။

ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေးလိုက်ပါတယ်။

မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက်အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအတွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။

မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)

ကိုဘိုကြည်

တွဲဖက်အတွင်းရေးမှူး၊

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)http://www.burmavjmedia.net/?p=4567#.TxaHYFCP4x4.facebook

2 ရွှေည၀ါဆရာတော်ဘုရားနှင့်အတူ ရပ်တည်ကြပါ



ရွှေည၀ါဆရာတော်အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အခြားခေါင်းဆောင်များ လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားနေစဉ်။
ရွှေည၀ါဆရာတော် စိတ်ခံစားမှုအပြည့်ဖြင့် ကြုံတွေ့နေရသော အဖြစ်အပျက်များအပေါ် မျက်ရည်ကျလျှက် ပြောကြားနေစဉ်။

ရွှေည၀ါကျောင်းတိုက်၊ ဗုဒ္ဓတက္ကသိုလ်မှ ပညာသင်ကြားနေသော သံဃာတော်များသည် ဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံခြင်းအား ငြိမ်သက်စွာ နားထောင်နေကြစဉ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ရွှေည၀ါဆရာတော်တို့ စုပေါင်းကာ အမှတ်တရဓာတ်ပုံရိုက်စဉ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟအား မီဒီယာများမှ သံဃာ့မဟာနာယကအဖွဲ့နှင့် မနက်ဖြန်တွင် တွေ့ဆုံရမည့် အကြောင်းအား မေးမြန်းအင်တာဗျုးနေကြစဉ်။


ရွှေည၀ါဆရာတော်ဘုရားနှင့်အတူ ရပ်တည်ကြမည့်သူများအားလုံး နက်ဖြန်(၁၉.၁.၂၀၁၂) နံနက် ၁၀ နာရီတွင် ရွှေည၀ါကျောင်းတိုက်(ကြည့်မြင်တိုင်၊ နတ်စင်လမ်း)၌ စုရုံးကာ ကြားတောရလမ်းရှိ ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့တည်ရှိရာနေရာသို့ သွားရောက် ကြမည်ဖြစ်ပြီး တချို့မှာလည်း ကြားတောရလမ်းတွင် နေ့လည် ၁၂ နာရီခွဲ၌ စုရုံးကာ ဆရာတော်ဘုရားနှင့်အတူ ရပ်တည်ပေးသွားကြမည့်အကြောင်း၊ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Photo by : Oakkar Ko Ko Facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.