Sunday, January 15, 2012

1 ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ



source: m&c
အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ "ကျွန်တော် ဒီရွှေကြောကို ရှာနေတာကြာပြီ။ အခုမှပဲ အသေအချာတွေ့တော့တယ်"ဟု အငြိမ်းစားပါမောက္ခဖြစ်သူ ဦးစိုးသိန်းက ပန်းသတင်းဂျာနယ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ "အဲဒီကနေ နှစ်ပေါင်းများစွာ ရွှေတန်ချိန်ပေါင်း ထောင်နဲ့ချီပြီး ထုတ်နိုင်ပါလိမ့်မယ်"ဟု ဆိုသည်။ သတင်းအရ အဆိုပါရွှေကြောကြီးမှာ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်တွင် တည်ရှိကြောင်းသိရသည်။ "မင်းတုန်းမင်း လက်ထက်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွှေကျင်လာခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်"ဟု၎င်းးက ဆက်လက်ပြောကြားထားသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရသည်။

KNU နဲ့ငြိမ်းချမ်းရေးယူပြီးခါစပဲရှိသေးတယ် ဒီသတင်းကတက်လာတယ်။ ဘယ်လိုသဘောဆောင်သလဲ နားမလည်ပေမယ့် သာမန်ပြည်သူတစ်ယောက် အနေနဲ့ကတော့ ဟိုတစ်ခါ Al Jazeera သတင်းဌါနက မိုးကုတ်ကျောက်တွင်းတွေကို သွားပြီးရိုက်ပြထားတဲ့ သတင်းလေးကိုသတိရမိနေတယ်။ နိုင်ငံတော်က ရွှေတွင်းတွေဘာတွေ လုပ်ဖို့များအစီအမံရှိခဲ့ရင် ကရင်တိုင်းရင်းသားများအတွက် လက်ဝါးကြီးအုပ်ခံရခြင်း၊ အဓမ္မမြေအသိမ်းခံရခြင်း အစရှိတဲ့ဘေးများက ကင်းဝေးကြစေဖို့ စောစောစီးစီး ဆုတောင်းပေးလိုက်ပါတယ်။

မောင်သစ်စိမ်း(MMCP)

1 comment:

  1. အဲ့လိုမျိုးက ခိုးယူလို့ရနိုင်လားမသိဘူးနော....။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.