Sunday, January 15, 2012

0 ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးအလန်ယူပေး (Alain Juppe)လူထုခေါင်းဆောင်များနှင့်တွေ့ဆုံ (ဓာတ်ပုံ/ရုပ်သံ)






် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီးဖြစ်သူ မစ္စတာ အာလန်ရီပေး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ မနက် ၁၀နာရီခွဲ က တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ ဆုံခဲ့ပါတယ်။ ယနေ့ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထုတ်ပြန်ချက်ကို ပြင်သစ်ဘာသာဖြင့် ပြောကြားသွားပြီး သတင်းထောက်များ၏ မေးမြန်းမှုကို အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားသွားခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဟာသသရုပ်ဆောင် ကိုဇာဂနာ တို့ သည် ပြင်.သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအာလန်ရီပေး နှင့် ရန်ကုန် မြို့ ပြင်သစ်သံရုံးတွင် ဒီဇင်ဘာလ ၁၅ ရက် နေ့ လည် ၂ နာရီ က တွေ့ ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးသည် ကိုဇာဂနာ နှင့် အတူ လူမှုရေးလုပ်ကိုင်နေသူများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာ တွေ့ ဆုံခဲ့ပြီး ၊ ကိုမင်းကိုနိုင်နှင့် နေ့ လည် ၂ နာရီခန့် တွင် နာရီဝက်ခန့် တွေ့ ဆုံ စကားပြောခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
>Photo..Gettyimages
video..Burma vj media network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.