Tuesday, January 17, 2012

0 အမေရိကန် ဒဏ်ခတ်မှုများ ဧပြီလတွင် ပြန်လည်စဉ်းစားဖွယ်ရှိ



အမေရိကန်လွှတ်တော်အမတ် Mitchell McConnellနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဇန်နဝါရီ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအပြီး မိန့်ခွန်းပြောကြားနေစဉ်

source: Kyodo News
တနင်္လာနေ့က အမေရိကန် လွှတ်တော်အမတ်Mitchell McConnell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး အမေရိကန်သည် မြန်မာပြည်အပေါ် ထားရှိခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို လာမည့်ဧပြီလတွင် ပြန်လည်သုံးသပ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ McConnell က ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ်က မြန်မာပြည်တွင် စစ်မှန်သောအပြောင်းအလဲများ ဖြစ်ပေါ်နေပြီး မှန်ကန်သောလမ်းကြောင်းဆီသို့ ဦးတည်နေသည်ဟု လက်ခံယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ "ဧပြီလ ၁ ရက်နေ့မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပြီး ဒီလိုဖြစ်လာခဲ့ရင် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စဉ်းစားဖို့သင့်တဲ့အချိန်ပဲလို့ ယူဆမိပါတယ်"ဟု သူကဆိုသည်။

မောင်သစ်စိမ်း(MMCP)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.