Saturday, February 18, 2012

0 ABSDFမြောက်ပိုင်းတွင်ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရသီချင်းများ(CD)


မန္တလာနွေ

မန္တလာနွေ ၊ ကြင်ဖေါ်တို့ အတွက်

သင့် လက်ကြမ်း နဲ့  နှိပ်စက် မင်း မူ နေ

စိမ်းရောင်စို ထို မျက်ခင်းနဲ့  ရှုချင်ဖွယ် ရေ ကမ်း စပ် တို့ 

မွဲခြောက် အ ကျည်း တန် ဆဲ

ဟေမာန်ခါ ဒီ ဆောင်း ၊ နုပြောင်း ညက်လို့ 

ငွေ စက် နှင်း မှုန် တွေ ၊ နွမ်း မျက် ခင်း သေ

ရေ ကမ်း စပ် ကို နူးညံ့လက်တွေ နဲ့  အလှဆင်နေ

ငှက်တူ စုံ ပျော်မြူး လို့  နှင်းဦးပွင့် တို့  ကို

သောက်သုံး ပြုံး ပျော် နေ

ပူလောင်စွာ နေခဲ့ဖူးတော့ ဆောင်းရဲ့  အလှကို လေ

မပြော တတ် အောင် ခံစားနိုင် ပေ

လောက ရဲ့  ဖြစ် အင် တွေ သည်လို တွေး လို့ 

ပူလောင် ရက် များ နဲ့  သောက မျက်ရည် တွေ

ပန်းတိုင် အရသာ ခံစားဖို့  အတွက်

ဆ တန်ဖိုး တိုး လို့  တိုက်ခိုက်ကြပါလေ...

ပူပါစေ မန္တလာ နွေ

ပူပါစေ မန္တလာ နွေ

ပူပါစေ လေ


ဒီသီချင်း လေး ပါဝင်တဲ့ CD ခွေလေးကို ဒီသီိချင်းရေးတဲ့ အတူသေဖေါ် ကိုညီညီ က
မြောက်ပိုင်းတွင်ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့  မှာ ကိုထွန်းအောင်ကျော်
ကို ဂုဏ်ပြု အမှတ်ရစေဖို့  ဝေငှပေးခဲ့ပါတယ် )

WAVY ECHO မှာ ဝိုင်းခေါင်းဆောင် Key bo.ard တီးတဲ့ ကိုထွန်းအောင်ကျော် က Arrangement... လုပ်ထားတာဖြစ်ပါတယ်

၁.ရွေးချယ်ချက်-ညီညီ သံစဉ် ၀င်းဗိုလ်
http://www.mediafire.com/?vtcvpoa4vkvfrfr
၂.နေရာတိုင်းမှာ
http://www.mediafire.com/?spn9phnd2fhywv4
၃.ပြင်ဆင်ချိန် - ညီညီ သံစဉ် ၀င်းဗိုလ်
http://www.mediafire.com/?8w44ez3tpnp1eo5
၎.ဘယ်မှာလည်း
http://www.mediafire.com/?52dpt76jcfdehtj
၅.သက်မွန် - ထွန်းအောင်ကျော် သံစဉ် ထွန်းအောင်ကျော်
http://www.mediafire.com/?eadh7cxq4ndoh64
၆.တရေးအိပ်ပါလေ
http://www.mediafire.com/?c4y55qp4cvgg6pf
၇.သစ္စာပန်းရဲ့ ကာရံ -ညီညီ
http://www.mediafire.com/?9dgt6ynezfbwrbn
၈.ချယ်ရီ
http://www.mediafire.com/?iu256mwrzuj2vfk
၉.ရွက်လှရဲ့ အားမာန်- ညီညီ
http://www.mediafire.com/?b1s3cpc92ibkt31
၁၀.လှလွန်းရက်သူ -ညီညီ
http://www.mediafire.com/?08nblawx1nwha7x
၁၁.ဘယ်အချိန်ဘယ်အခါ.
http://www.mediafire.com/?87zfzd89kc6px4j
၁၂.ပန်း
http://www.mediafire.com/?jgkvsbdqffkbw98
၁၃.ဝေးသွားတဲ့ အချိန်
http://www.mediafire.com/?dcnvw99wlfmlw32
၁၄.လာလမ်းလေးအတိုင်း
http://www.mediafire.com/?hbq52zchd2ppzqy
၁၅.မောလှပြီကွယ်
http://www.mediafire.com/?osruc3r47a1rcr7
၁၆.မန္တလာနွေ -ညီညီ
http://www.mediafire.com/?6s8jd2sl29c22hs
၁၇. အမှောင်ကမ္ဘာ
http://www.mediafire.com/?t0bc6ab8aatotb4

2 ကျွန်တော်တို. ဘာကြောင့် တန်ဖိုးနည်း ဖုန်းလိုင်းကို အလိုရှိပါသလဲ ။


မန္တလေး Bar Camp က ပြန်လာပြီးကတည်းက ကျွန်တော် တို. Mandalay Bar Camp မှာ လုပ်ခဲ့တဲ့ ၅၀၀၀ တန် Sim Card Sticker Campaign နဲ.ပတ်သက်ပြီး တည့်တိုးတမျိုး ၊ ရိသဲ့သဲ့ တမျိုး အမေးခံခဲ့ရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဖြေ ၊ ပြန်မပြောဖြစ်ခဲ့ ပါဘူး ။ ဒါပေမယ့် ဒီရက်ပိုင်း online ပေါ်မှာ တွေ.ရတဲ့ စာတချို. ပုံတချို.ကြောင့် ဒီ Note လေးရေးပြီး ကျွန်တော် တတ်နိုင်တဲ့ ဘက်က ဖြေရှင်းလိုက်ရပါတယ် ။ မည်သူ တဥိးတစ်ယောက်ကိုမှ ပုတ်ခတ် စော်ကားလိုတဲ့ ဆန္ဒမရှိကြောင်း ကြိုပြောထားပါရစေ ။

ဒီရက်ပိုင်း တွေ.နေရတဲ့ အထဲမှာ တချို.စာတွေမှာ တချို.ပုံတွေမှာ ဒီ ၅၀၀၀ တန် Sim Card ( တန်ဖိုးနည်းဖုန်းလိုင်း ) ကို လိုချင်လို.ကြိုးစား နေသူတွေဟာ ၅ သိန်းတန်ဖုန်းကိုတောင်မှ မကိုင်နိုင်တဲ့လူတန်းစားတွေ သို.မဟုတ် ကြီးဒေါ်နွား အလကားကျောင်းနေတဲ့ သူတွေလို. တိုက်ရိုက် မပြောရုံတမည်ပါပဲ ။ ကျွန်တော် ဥာဏ်မှီသလောက် နဲ. သိထားသလောက်ဖြေရှင်းကြည့်ပါမယ် ။ Mandalay Bar Camp 2012 မှာ ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို.ရဲ. Sticker Campaign ကို ငွေကုန် ၊ အချိန်ကုန်ခံပြီး ဦးဆောင်ခဲ့တဲ့ ကျွန်တော့ဆရာ လည်းဟုတ် ၊ အကိုကြီးဆိုလည်းဟုတ်တဲ့ ( နာမည်ကိုတော့ ကျွန်တော့မှာ Permission မရှိတဲ့အတွက်မပြောတော့ပါဘူး ) သူအကြောင်းအရင်စပြောပါ့မယ်။

သူ.ရဲ့အဖေက ဒီနေ.နေပြည်တော်ဆိုတဲ့ နေရာက မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးဆိုတဲ့ ဌာန တစ်ခုမှာ ထိပ်ပိုင်းရာထူးကြီးတစ်ခုနဲ.လူကြီးတစ်ဦးပါ ။ ဒီနေ.မန္တလေးမြို.မှာ ကာလတန်ဖိုး သိန်း ၃၀၀ အောက်လျော့ဖို.မရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ဆိုင်တစ်ခုရဲ. တစ်ဦးတည်းသော Founder ပါ။ ကျွန်တော်သိတဲ့ personal ပိုင်ဆိုင်ရာ တစ်ခုကိုထပ်ပြောရမယ်ဆိုရင် GSM ဖုန်းတွေပေါ်လာကာစတုန်းက သူစိတ်ကြိုက် ဖုန်းနံပါတ်ကို အဲဒီ အချိန်က တရုတ်နိုင်ငံလုပ် လိုင်စင်ဆိုင်ကယ် ၅ စီးတန်ဖိုးနဲ.ညီမျှတဲ့ ငွေကြေးပေးပြီး ၀ယ်ကိုင်ခဲ့တဲ့သူပါ ။ ဆိုလိုတဲ့ သဘောက သူလိုလူမျိုးဟာ ၅၀၀၀ တန် Sim Card ထွက်လာမှ ဖုန်းကိုင်နိုင်မယ့်လူမျိုးလား လို.ကျွန်တော်မေးပါရစေ ။ ဘာ အစွဲမှ မပါပဲ ရိုးရိုးလေးတွေးကြည့်ပေးပါ ။ နောက်တယောက်က ကျွန်တော်နဲ. တမြို.တည်.်းသား ညီအကို ရင်းတွေလိုနေတဲ့သူတစ်ယောက်ပါ ။ ရှည်ရှည်ဝေးဝေး မပြောတော့ဘူးဗျာ ။ သူကိုင်တဲ့ ဖုန်းက ၂၀ နဲ. စတယ်ဗျာ ။ သူကိုင်တဲ့ Hand Set က IPhone 4 ဗျာ ။ ကဲ ။ ဒီလိုလူမျိုးတွေက ဘာကြောင့် ဒီတန်ဖိုးနည်းဖုန်းလိုင်း ထွက်ပေါ်ဖို. အားတက်သရော ငွေကုန်ခံပြီး ကြိုးစားနေသလဲ ။ ဒီအဖြေကို ကျွန်တော် ဖြေပေးပါ့မယ် ။ တစ်ခုအရင်ပြောပါရစေ ။ ခု ၅သိန်းတန် ဖုန်းတွေ ပေါ်လာကာစမှာ နာမည်ကြီးဂျာနယ် တစ်စောင်က ရေးခဲ့တာလေးပါ ။

လူလတ်တန်းစားတွေ ဖုန်းကိုင်န်ုင်တဲ့ခေတ် ……………………… လို.ရေးထားခဲ့တာပါ ။ ကောင်းပြီ ။ ကျွန်တော်တစ်ခုပြောပါ့မယ် ။ ကျွန်တော် ကွန်ပြူတာ အစုတ်တွေပြင်ပါတယ် ။ နည်းနည်း လူရှိန်အောင်ပြောရရင် Hardware Engineer ပေါ့ဗျာ ။ ကျွန်တော့မှာ ကျွန်တော် ကိုယ်တိုင်ရှာလို.ရတဲ့ ပိုက်ဆံနဲ. ၀ယ်ထားတဲ့ လက်ကိုင်ဖုန်းတလုံး မရှိပါဘူး ။ ဒါဆို အထက်မှာ ပြောခဲ့တဲ့ လူလတ်တန်းစား ထဲမှာ ကျွန်တော် မပါဝင်နိုင်တော့ဘူးဗျာ ။ ဒါဆိုကျွန်တော်ဘာလဲ … ။ လူလတ်တန်းစားထဲမှာ မပါဝင်နိုင်ဘူးဆိုတော့ ရှင်းရှင်းလေးပါ ။ အောက်တန်းစား ပေါ့ဗျာ ။ ( နည်းနည်းရိုင်းသွားရင် ခွင့်လွတ်ပါ ) ။ ကောင်းပြီ ။ ကျွန်တော့ အဒေါ်တစ်ယောက်က နည်းပညာ တက္ကသိုလ် တစ်ခုမှာ နည်းပြ တစ်ယောက်ပါ ။ သူ.မှာ ကိုယ်ပိုင်ဖုန်းတစ်လုံးမရှိဘူးဗျာ ။ ကဲ ……. ။ ကျွန်တော့ သူငယ်ချင်းတစ်ယောက် က စစ်တက္ကသိုလ်ကနေ ၂၀၀၇ ခုနှစ်မှာ သင်တန်းဆင်းခဲ့ တဲ့ ပြန်တမ်းဝင် အရာရှိတစ်ယောက်ပါ ။ သူ.မှာ လက်ကိုင်ဖုန်းတစ်လုံးမရှိဘူးဗျာ …။ ကဲ …… ။အဖြေက ဒါပါပဲ ။

ကျွန်တော်တို. နိုင်ငံမှာ ကျွန်တော်တို.လိုအောက်တန်းစားတွေ(ဖုန်းမကိုင်နိုင်လို.သတ်မှတ်ခံလိုက်ရသော) ဘယ်လောက်များနေမလဲဗျာ ။ ကွန်တော်တို. က ဒီနေ. အမေရိကမှာ ၊ ထိုင်းမှာ ၊ အိန္ဒိယ မှာ ၊ တရုတ်မှာ ဒေါ်လာသောင်းချီပေး ရတဲ့ ပြိုင်ကား တစ်စီးကို မြန်မာနိုင်ငံမှာ ကျပ်ငွေ တစ်သိန်းနဲ. ရောင်းပေးပါဆိုပြီးတောင်းဆိုနေတာ မဟုတ်ပါဘူး ။ ဒီနေ. ဖုန်းတစ်လုံးကို အနည်းဆုံး ၅သိန်းကျပါတယ် ။ ဒေါ်လာ ဈေး ၈၀၀ နဲ.ပဲတွက်ကြည့်ရအောင်ဗျာ ။ ဘယ်လောက်ဒေါ်လာကျသလဲ ခင်ဗျ ။ ကဲ …. အိန္ဒိယ မှာ ဖုန်းတစ်လုံး အဲလောက်ရှိသလားခင်ဗျ ။ ဖြေကြည့်ပေးပါ ။ အဖြေကဒါပါပဲ ။ ကျွန်တော်တို. တန်ဖိုးနည်းဖုန်းလိုင်းကို တောင်းဆိုနေတယ်ဆိုတာ ရွေပြည်တံခွန် အတွက်မဟုတ်ပါဘူး ။ မြန်မာ့ ဆက်သွယ်ရေးကို မုန်းလို.လည်းမဟုတ်ပါဘူး ။ သန်းပေါင်းများစွာသော ဘ၀တူ အောက်တန်းစားတွေ အတွက်ပါ ။ ထပ်ပြီးပြောရရင်တော့ ကြီးတော် နွား အလကားကျောင်းနေကြတယ်လားဆိုရင်တော့ ….. ဟုတ်ပါတယ်ခင်ဗျာ ….. ကျွန်တော်သာ မဖြစ်မနေ နွားအလကားကျောင်းပေးရမယ်ဆိုရင်တော့ ကျွန်တော့ ဆွေမျိုးအရင်းဖြစ်တဲ့ ကြီးတော်ရဲ. နွားကိုပဲ အလကားကျောင်းလိုက်ပါတော့မယ် ။ အဖေရင်း လဲမဟုတ်ပဲနဲ.
အဖေ့နေရာ ၀င်ယူထားတဲ့ ပထွေးနွားတော့ အလကားမကျောင်းတော့ပါဘူးခင်ဗျာ . ။ အပြုသဘောဆောင်သော သဘောထားကွဲလွဲမှုအာလုံးကို ကြိုဆိုပါတယ်ခင်ဗျာ ။

အညာဘက်မှာဆို မိုဘိုင်းဆဲလ်ဖုန်းတိုင်တောင် မလိုဘူး
Yzet Emolord

3 ဆောင်းဦးလှိုင် "နှလုံးသားတွေလှူမယ့်ည "ONE MAN SHOW




(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။

ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ
တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို
ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပွဲကိုရွှေသံစဉ်တေးဂီတအဖွဲ့မှ ဂီတမှူးကိုဝင်းမော်လည်းတက်ရောက်အားပေး ခဲ့ပါတယ်။ သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းကသူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသား တွေလာမယ်ဆိုရင် ပွဲလုပ်ခွင့်မပြုဘူးလို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့ အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါတယ်၊

နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င်
အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့
ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ
ဝတ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊

ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင်
မြင်စွာတင်ဆင်ခဲ့ပါတယ်၊

နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။

shwe than zin

ဒီမိုကရေစီဟုဆိုကာ အာဏာကို အလွဲသုံးစားလုပ်နေသူ S.Bများ.......နာ/ကူဖက်တီး(ခ)ရဲသွင်


ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အများပြည်သူ(၇)ရက်သားသမီးတွေကို အစစအရာရာ ကူညီနေတာအများပြည်သူတွေအကုန်သိပါတယ်ဗျာ။ ကိုဆောင်းဦးကလဲ ကျွန်တော်တို့ရဲ့ အသင်းသားတစ်ယောက်ပါပဲ။ မနေ့က တိတိကျကျဆိုရရင် (၁၇.၂.၂၀၁၂) နေ့က ကိုဆောင်းဦးရဲ့ပွဲကို ကူညီဖို့သွားတဲ့ ကျွန်တော်တို့ဆီက အသင်းသားရဲဘော်ရဲဘက်တွေကို အဲဒီ အမျိုးသားကဇာတ်ရုင်္က တာဝန်င်္ခS.Bက ဘာပြောသလဲဆိုရင် ကျွန်တော်တို့က ဇာတ်ရုံထဲကို အသင်းဝတ်စုံနဲ့ မ၀င်ရဘူးတဲ့...

မော်တော်ကားတွေကိုလဲဝင်းအပြင်မှာရပ်ကမယ်တဲ့...ကျွန်တော်တို့ကဘာတွေဖြစ်သွားပြီလဲ.....ကျွန်တော်တို့ကအသင်းကိုယ်စားပြုလာတာ..ဒါအသင်းကိုပါ ထိခိုက်အောင်လုပ်တာမဟုတ်ဘူးလား...လူတွေကိုကူညီနေတာကို ကြည့်လို့မရတာလား၊ မနာလိုဖြစ်နေတာလား....၊ ဒါအာဏာရှင်စနစ်လား၊ ဘာဒီမိုကရေစီလဲ၊ အာဏာရှင်ဒီမိုကရေစီလား.... .အာဏာပိုင်တွေဖြေကြပါဦး.....ဒီထက်ဆိုးတာက ကိုဆောင်းဦးကို S.Bကဘာပြောလဲဆိုတော့ ဒီယူနီဖောင်းတွေနဲ့လူတွေဝင်လာရင် ပွဲကိုတာဝန်ယူမှာလား...ပိတ်ပစ်ရမှာလား....တဲ့. .မိုက်ရိုင်းလိုက်တာဗျာ...တော်တော်မိုက်ရိုင်းလိုက်တဲ့ အာဏာရှင်တွေ...ကျွန်တော်တို့ကလဲ ကိုဆောင်ဦးကိုငဲ့ပြီး သူတို့ပြောတဲ့ အတိုင်းပဲ လုပ်ပေးခဲ့ပါတယ်၊

ဒါပေမဲ့ဗျာ ဒီမိုကရေစီစနစ်ကြီးကို ဖော်ဆောင်အကောင်အထည်ဖော်နေတဲ့အချိန်ကြီးမှာ ဒီလိုမျိုး အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ ၀န်ထမ်းတွေကို လူကြီမင်းများက ဘာလို့အရေးမယူတာလဲ.... အဲဒီလူကြီးတွေကလဲ အလိုတူအလိုပါဘဲလား...ကျွန်တော်တို့က လူမျိုးမရွေး၊ ဘာသာမရွေး ကူညီနေတာပါဗျာ။ အမုန်တရားတွေမပွားပါဘူး၊ မေတ္တာတွေနဲ့ ကူညီနေတဲ့အသင်းကြီးပါ။

ဒါပေမဲ့ ဒီလိုအာဏာကိုအလွဲသုံးစား ပြုတာတော့ မကောင်းဘူးပေါ့ဗျာ။ ဒီစာကိုဖတ်ပြီးကြသူတိုင်းshare ပေးကြပါဗျာ။တော်တော်လူမဆန်တဲ့ ပုလိပ်တွေဗျာ။လူလိုမသိသေးဘူး၊ သင်းတို့ရဲ့ အာဏာရှင်စနစ်တွေက လူထုကိုဒုက္ခပေးဖို့လားမသိဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာဝတ်စားပိုင်ခွင့်ကို အာဏာသုံးပြီး ချိမ်းခြောက်တာပဲဗျ...ဘာလဲ အလကား အာဏာရှင် ဒီမိုကရေစီနိုင်ငံမှာနေပြီး ကျွန်ဖြစ်ရပြီ....ကျွန်ဖြစ်ရပြီကွ..

Video..Burma vj media nework

0 ရွှေညဝါဆရာတော် ဆွမ်းခံကြွရာ၌ ဝတ္ထုငွေသိန်းချီရသော်လည်း လှိုင်သာယာမီးဘေးသို့ လှူဒါန်း



Photo..u than win
ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရမည့် ရွှေညဝါဆရာတော် ဦးပညာသီဟသည် ကျောင်းတိုက်မှ မထွက်ခွာမီ အချိန်အတွင်း ၎င်း၏ ဒကာ/မများအား နှုတ်ဆက်သည့်အနေဖြင့် ကျောင်းတိုက်မှ အရပ်လေးမျက်နှာအား လှည့်လည်၍ ရာနှင့်ချီသော သံဃာများနှင့် အတူ ဆွမ်းခံကြွခဲ့သည်ဟု သိရသည်။

“ဆရာတော်က ၁၅၊ ၁၆၊ ၁၇၊ ၁၈ရက်တွေမှာ ဆွမ်းခံကြွခဲ့တာဖြစ်တယ်။ အဲဒီလို ဆွမ်းခံကြွရောက်တဲ့အခါမှာ ဆွမ်းတွေ၊ ဝတ္ထုတွေ၊ ဘုန်းကြီး အသုံးအဆောင်တွေလည်း လှူကြတယ်။ ဒကာ၊ဒကာမတွေလည်း တော်တော်ကြီးကို စိတ်မကောင်းဖြစ်နေကြတယ်။ တစ်ချို့ဆိုရင် ဆွမ်းလှူရင်းနဲ့ ငိုတောင်ငိုတယ်”ဟု ကမာရွတ်မြို့နယ်မှ မိန်းမတစ်ဦးမှ ပြောကြားသည်။

ရွှေညဝါဆရာတော်သည် ဒကာ/မများမှ လှူဒါန်းသည့် ဝတ္ထုငွေစုစုပေါင်း သိန်းချီရရှိခဲ့သော်လည်း ထိုဝတ္ထုငွေများနှင့် ဆွမ်းနှင့် ဆွမ်းဟင်း များအား လှိုင်သာယာ မီးဘေးဒုက္ခသည်များသို့ ပြန်လည်ဝေငှလှူဒါန်းခဲ့သည်ဟုလည်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ရွှေညဝါဆရာတော်ထံသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ လာရောက်၍ ဆရာတော်အနေဖြင့် နိုင်ငံရေးသမားများ၏ အသုံးချခံမဖြစ်စေရန် တိုင်းဝန်ကြီးချုပ်မှ လာရောက်လျှောက်ထားခိုင်းခြင်းဖြစ်ကြောင်းနှင့် ဆရာတော်မှလည်း ၎င်းအနေဖြင့် နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ လှိုင်သာယာ မီးဘေးဒုက္ခသည်များအား ကူညီရန်အတွက် ဆွမ်းခံကြွရခြင်းဖြစ်ကြောင်း လည်း ဆရာတော်မှ မိန့်ကြားသည်။

ထိုသို့ ဆွမ်းခံထွက်ရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ၈၈မျိုးဆက်ကျောင်းသားများ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ GWမှ မျိုးဆက်သစ်လူငယ်အချို့နှင့် သံလျင်မှ ကရုဏာ အဖွဲ့လူငယ်များမှလည်း ဆွမ်းခံကြွသည့် သံဃာများအတွက် ဝေယျာဝစ္စနှင့် ပတ်သက်၍ ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့သေး သည်ဟုလည်း သိရသည်။

ရွှေညဝါဆရာတော်သည် လောလောဆယ်အချိန်တွင် သီတင်းသုံးရန်အတွက် ပြင်ဆင်မှုများ မလုပ်ရသေးသည့်အတွက် မှော်ဘီမှ ဒကာများ လှူထားသည့် ခြံထဲတွင်ရှိသော သစ်ပင်တစ်ပင်အောက်တွင် သီတင်းသုံးမည်ဖြစ်ပြီး ဆရာတော်နှင့်အတူ စာသင်သားသံဃာ အပါး ၁၀၀ကိုလည်း ခေါ်ဆောင်သွားမည်ဟုလည်း သိရသည်။

“စာသင်သားသံဃာတွေအကုန်လုံးကို ခေါ်သွားမှာ။ မခေါ်သွားရင်လည်း သူတို့တွေနေဖို့အတွက် အခက်အခဲ ဖြစ်လိမ့်မယ်။ ကျုပ်ကတော့ အမြန်ဆုံး သီတင်းသုံးနိုင်ဖို့အတွက် အဆောက်အဦးကို ချက်ချင်း ပိုက်ဆံပေးပြီး ဆောက်ခိုင်းရမှာပဲ။ ဆောက်နေတဲ့အချိန် လောလောဆယ်မှာတော့ သစ်ပင်အောက်မှာပဲ နေရမယ်”ဟု ၎င်းမှ မိန့်ကြားသည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟအား၂၀၁၁ခုနှစ် ဖေဖော်ဝါရီလထဲတွင် တရားဟောခွင့် တစ်နှစ်ပိတ်ခံထားရ ပြီးနောက် ယင်းနှစ် နိုဝင်ဘာလထဲတွင် တရားဟောခွင့်အား တစ်နှစ်ထပ်မံပိတ်ပင်ခံခဲ့ရသည်ဟုလည်း သတင်းဖော်ပြချက် များအရ သိရသည်။

ATM(yangonchronicle)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်ဖျာပုံမြို့တစ်မြို့လုံးနီးပါးကြိုဆို






Photo.AP.Getty images,Facebook

Friday, February 17, 2012

1 အဲကမ္ဘောဇ လေယာဉ်ပင်လယ်ထဲ မကျအောင် သဲပုံသို့ဝင်တိုးပြီးအရှိန်သတ်



Follow up news : Air Kanbawza flight derailed in Than Dwe airport

ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်တွင် သံတွဲလေဆိပ်သို့ ဆင်းသက်လာသည့် အဲကမ္ဘောဇပိုင် ဖေါ်ကာလေယာဉ်သည် ပြေးလမ်းအရှိန်လွန်ပြီးနောက် ပင်လယ်ထဲ မကျအောင် လေယာဉ်ပြေးလမ်းအလွန် လက်ဝဲဘက်ရှိ သဲပုံသို့ဝင်တိုးပြီး ရပ်တန့်သွားခဲ့သည်။

ပြေးလမ်းအရှိန်လွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူတဦးမှ မရှိကြောင်း နှင့် လေယာဉ်၏ ရှေ့ဘီးကျိုးသွားခဲ့သည်ဟု လေဆိပ်လုံခြုံရေး တာဝန်ခံတဦးက ပြောကြားသည်။

ယခုခရီးစဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သံတွဲ ခရီးစဉ် ဖြစ်ရာ ဟဲဟိုးမှ သံတွဲသို့ဆိုက်ရောက်အလာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၅၂ ဦးပါရှိကာ ၃၀ ကျော်မှာ နိုင်ငံခြားသားခရီးသည်များ ဖြစ်သည်ဟု သိရသည်။ လေယာဉ်အား ယခုကဲ့သို့ ထိန်းသိမ်းလိုက်နိုင်သည့်အတွက် အဖြစ်အပျက်ဖြစ်ပြီးပြီးချင်း နိုင်ငံခြားသား ခရီးသည်များက လေယာဉ်မှူးအား လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးခဲ့သည်ဟု ယင်းတာဝန်ခံက YPI သို့ပြောသည်။

လေဆိပ်အနီးနေထိုင်သူ ဒေသခံတဦးကမူ “လေယာဉ်ဆင်းလာပြီးတော့ ဖောင်းဖောင်းဖောင်း ဆိုတဲ့ အသံ ၃၊ ၄ ချက်လောက်ကြားလိုက်ရတယ် ၊ နောက်တော့မှ လေယာဉ်ပြေးလမ်းချော်သွားတာလို့ သိလိုက်ရတာ” ဟုပြောသည်။

သံတွဲလေယာဉ်ကွင်းမှာ ပေအရှည် ၈၀၀၀ ရှိပြီး ဆင်းသက်သည့် လေယာဉ်များအနေဖြင့် ပြေးလမ်း အစအဆုံးအသုံးပြုပါက လုံလောက်သည့် ပြေးလမ်းအရှည်ဟု လေဆိပ်ဝန်ထမ်း တဦးကပြောသည်။

အဖြစ်အပျက်ဖြစ်ဖြစ်ချင်း လေဆိပ်ရှိ အရေးပေါ် မီးသတ်ကား၊ လေဆိပ် ဆောက်လုပ်ရေး စီမံကိန်း မှ ရေသယ်ကားများ အသင့်အနေအထားဖြင့် လေယာဉ်အနီးတွင် အသင့်စောင့်ဆိုင်းနေကြသည်ဟု လုံခြုံရေး တာဝန်ရှိသူက ပြောသည်။

ယခုလေယာဉ် အရှိန်သတ်လိုက်သည့် သဲပုံမှာ မကြာသေးမီရက်အနည်းငယ်ကမှ ပုံထားခြင်းဖြစ်၍ ယခုသဲပုံရှိနေခြင်းကြောင့် အန္တရာယ် လျော့နည်း သွားရသည်ဟုလည်း လုံခြုံရေး တာဝန်ရှိတို့က သုံးသပ်ကြသည်။

လေယာဉ်ပြေးလမ်းချော်ခြင်းကြောင့် လေဆိပ် ပုံမှန်လုပ်ငန်းများ ထိခိုက်ခြင်းမရှိပဲ သံတွဲလေဆိပ်သို့ ယနေ့ဆင်းသက်လာရန်ရှိသည့် ခရီးစဉ်များ ပုံမှန်အတိုင်း ဆင်းသက်နိုင်မည်ဟု သိရှိရသည်။ ။
Yangon Press International
photo by Caution Point

0 မရေရာသေးသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ

Larry Jagan
Asia Times online
February 16, 2012
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်သည် သဘောထားတင်းမာသူများနှင့် သဘောထား ပျော့ပျောင်း သူများကြား အာဏာလွန်ဆွဲနေချိန်ဖြစ်၍ မရေရာ မသေချာသေ...းသည့် အချိန်ကာလတစ်ခု ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်အပေါ် နိုင်ငံတကာ၏ ယုံကြည်ကိုယ်စားမှုနှင့် ပြုပြင်ပြောင်းလဲရေး အပေါ် အားပေး နေသော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ မရေရာမသေချာ ဖြစ်နေဆဲ ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်၏ ရည်ရွယ်ချက် ကောင်းသော်လည်း ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အကန့်အသတ် ဖြင့်သာ ဖြစ်နေသေးသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့ခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ယင်းကို ပြန်လည်သုံးသပ်လာနိုင်သည်။
သဘောထားပျော့ပျောင်းသည့် ဝန်ကြီးများသည် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲ မှုများကို ထောက်ခံ၍ ဝိုင်းရံပေးသော်လည်း သဘောထားတင်းမာသည့် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး နှင့် ဝန်ကြီးအချို့သည် သမ္မတကြီးအပေါ် ဖိအားပေးမှုများ ပြုလုပ်နေသဖြင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို လမ်းချော်သွားစေနိုင်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အစစ်အမှန်လား (သို့မဟုတ်) အရပ်သားမျက်နှာဖုံးဖြင့် စစ်အာဏာကို ဖုံးအုပ်ထားသည့် ဟန်ပြပြောင်းလဲမှုလား ဆိုသည်ကို လေ့လာသူပညာရှင်များနှင့် တက်ကြွ လှုပ်ရှားသူများက ဝေခွဲမရ ဖြစ်နေကြသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို မဝံ့မရဲဖြင့် လက်ခံခဲ့သော်လည်း သူမနှင့် ရင်းနှီး သည့် သတင်းအရင်းအမြစ်များ၏ အဆိုအရ ယနေ့အထိ သတိထားနေရဆဲ ဖြစ်သည်ဟု ဆိုသည်။ စုစုပေါင်း အမတ်နေရာ (၆၆၄)နေရာတွင် (၄၆)နေရာကိုသာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်တစ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမ္မဂတို့သည် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် တိုးတက်လာမည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များနှင့်အတူ စီးပွားရေး အခွင့်အလမ်းများ၊ ဘဏ္ဍာရေးအခွင့်အလမ်းများပေး၍ တုံ့ပြန်သွားမည် ဖြစ်ကြောင်း အချက်ပြထားပြီး ဖြစ်သည်။ အစိုးရ အဖွဲ့အတွင်းရှိ ပြုပြင်ပြောင်းလဲလိုသူများနှင့် သဘောထားပျော့ပျောင်းသူများ မည်သည့် အဖွဲ့က အသားစီး ရသွားမည်လဲ ဆိုသည်ကို မကြာမီ ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲ က သက်သေပြသွားမည် ဖြစ်သည်။
အစိုးရအတွင်းစည်း၏ ခန့်မှန်းချက်အရ ဝန်ကြီးအဖွဲ့၏ (၂၀) ရာခိုင်နှုန်းခန့်သည် ပြုပြင်ပြောင်းလဲရေး သမားများ ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းခန့်သည် သဘောထားတင်းမာသူများ ဖြစ်ကြသည်။ ကျန်(၆၀) ရာခိုင်နှုန်း ခန့်သည် ခြံစည်ရိုးပေါ်တွင် ခွထိုင်၍ အာဏာလွန်ဆွဲပွဲတွင် မည်သူ အနိုင်ရရှိမည်လဲ ဆိုသည်ကို စောင့်ကြည့် နေသူများ ဖြစ်ကြသည်ဟု အစိုးရအတွင်းစည်းမှ သတင်းအမြစ်အများ၏ အဆိုအရ သိရှိ ရသည်။

အစိုးရအဖွဲ့အတွင်း အဖွဲ့(၂)ဖွဲ့ ကွဲနေသည်မှာ သေချာကြောင်း၊ ပြုပြင်ပြောင်းလဲလိုသည့် အဖွဲ့နှင့် စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့ဟူ၍ ကွဲပြားနေသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင် သည့် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ကြသော ဝန်ကြီးများကို ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးကိုင် နေဆဲ ဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ် မဟာဗျူဟာ ရုပ်သေးရုပ်တစ်ခုပင် ဖြစ်ကြောင်း တပ်မတော်အစိုးရ ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် အောင်လင်းထွဋ်က Asia Times On Line သို့ ပြောဆို ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မူဝါဒများနှင့် အရာအားလုံးကို တိုက်ရိုက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် တပ်မတော်အစိုးရ၏ အုပ်ချုပ်မှုဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နိုင်ငံမှာလည်း ဖွံ့ဖြိုးမှုနိမ့်ကျနေခဲ့သည့်အတွက် နိုင်ငံကို ပြုပြင်ပြောင်းလဲခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဆီသို့ ခေါ်ဆောင်သွားရန် ဦးသိန်းစိန်အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆက်စပ်နေသူများက သဘော မတူနိုင် ဖြစ်နေကြသည်။

ဦးသိန်းစိန်နှင့် ၄င်းအား ထောက်ခံသူများကို လူကြီးလူကောင်းဆန်သူများ၊ ပြုပြင်ပြောင်းလဲရေးသမားများ အဖြစ် ဧပြီလ(၁)ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒေါက်တာ နေဝင်းမောင်က ပြောဆို ခဲ့သည်။ လက်ရှိအစိုးရအဖွဲ့တွင် ပါဝင်သည့် စစ်တပ်ခေါင်းဆောင်များနှင့် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံကြသည့် ဝန်ကြီးများကို ပြည်သူ့တာဝန်ကို ထမ်းဆောင်ကြမည့် ကစားပွဲ တစ်ခုဆီသို့ ဆွဲဆောင်သွားကြရန် လက်ရှိအစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက သတင်းထောက်များကို ပြောဆိုခဲ့သည်။ ၄င်းတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အာဏာရှင်ဆန်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတကာတွင် အထီးကျန်ဆန်မှုနှင့် နိုင်ငံ၏ ပုံရိပ်ညှိနွမ်းနေမှုများကို ရွံမုန်းကြသူများ ဖြစ်သည်။ ၄င်းတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အခန်းကဏ္ဍကို ရပ်တန့်၍ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို အဓိက တွန်းအားပေးခဲ့ကြသူများ ဖြစ်သည်။
အစိုးရဟောင်းလက်ထဲက ပျက်စီးယိုယွင်းခဲ့မှုများကို ရေရှည်စီမံချက်ဖြင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ် လိုကြောင်း သမ္မတကြီး ဦးသိန်းစိန်က နော်ဝေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးကို ပြောဆိုခဲ့ကြောင်း ရန်ကုန်ရှိ သံတမန်အသိုင်းအဝန်းက ပြောဆိုခဲ့သည်။

သမ္မတကြီးဦးသိန်းစိန်သည် အစိုးရဟောင်းတွင် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့စဉ်ကပင် ပြုပြင်ပြောင်းလဲ မှုများကို ပြုလုပ်လိုသူတစ်ဦး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် (၁၀)စုနှစ် တစ်စုကျော်ကတည်းက ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အာဏာမရှိကြောင်း သမ္မတကြီး ဦးသိန်းစိန်၏ ဇနီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့သည်။

ရင်ဖွင့်ခွင့်မရခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးသမား

တပ်မတော်အစိုးရကို ဆန့်ကျင်သည့် ၂၀၀၇ သံဃာ့အရေးအခင်းနှင့် ၂၀၀၈ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကို ကိုင်တွယ်ဆောင်ရွက်ရန် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို တာဝန်ပေးအပ်ခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအမြစ်များအရ သိရှိရသည်။ နာဂစ်ဆိုက်ကလုန်းဒဏ်ခံရသည့် ဒေသသို့ သွားရောက် စစ်ဆေးသည့် အခါ ထိုစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန်ကို တုန်လှုပ်စေခဲ့ကြောင်း သမ္မတကြီး ဦးသိန်းစိန်၏ လက်ထောက်နှင့် နီးစပ်သူ တစ်ဦးက Asia Time Online သို့ ပြောဆိုခဲ့သည်။
ပြည်သူများ၏ ကြေကွဲမှုများကို ဖြေသိမ့်ပေးလိုသည့် စစ်သားများ၊ ကောင်းမွန်သည့် ရည်ရွယ်ချက် ရှိသည့် စစ်သည်များလည်း ရှိကြောင်း မြန်မာ့ရေးရာကျွမ်းကျင်သူ David Steinberg က ပြောဆိုခဲ့သည်။ ယင်းစစ်သားများသည် စစ်တပ်၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်လိုသူ၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန် သူများ ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများကို ယနေ့အချိန်ထိ အဆက်မပြတ် အကောင်အထည်ဖော်နေသည်ကို တွေ့ရှိရသည်။ ရထားဝန်ကြီး ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိရန် စေ့စပ်ညှိနှိုင်းဆောင်ရွက်လျှက် ရှိသည်။ တိုင်းရင်းသား ခေါင်းဆောင် အချို့ကလည်း ရထားဝန်ကြီး ဦးအောင်မင်းကို ယုံကြည်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

သဘောထားတင်းမာမှုများကို အဆုံးသတ်ရန်နှင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရန်အတွက် လွန်ခဲ့သည့် လတွင် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ( KNU) ခေါင်းဆောင် တစ်ဦးက Asia Time Online သို့ ပြောဆိုခဲ့သည်။ ( KNU) အနေဖြင့် ရထားလမ်းများကို တိုက်ခိုက်ခြင်းကို ရှောင်ကျဉ်ရမည် ဖြစ်ကြောင်း၊ ယင်းကို လိုက်နာဆောင်ရွက်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ရထားဝန်ကြီး ဦးအောင်မင်း က ( KNU) ကို ပြောဆိုခဲ့သည်။ ယခုနှစ် အစောပိုင်းက ( KNU) သည် ရထားလမ်းများကို တိုက်ခိုက်မှုများ ရှိခဲ့သည်။

ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုသည် နောက်ဆုံးတွင် လိုချင်သည့် အဖြေနှင့် ပြောင်းပြန် ထွက်ပေါ်လာနိုင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်ကြား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိနေစေကာမူ အောင်မြင်မှု မရနိုင်ကြောင်း မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများးတွင် သံတမန်အဖြစ် (၁၅)နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် ဥရောပသံတမန် တစ်ဦးက ပြောဆိုသည်။ ဖြစ်စဉ်တစ်ခုလုံးတွင်း ယင်းမှာ အဓိက အားနည်းချက်တစ်ခု ဖြစ်ကြောင်း၊ အဓိက ဆောင်ရွက်မည့် မူကြမ်းမရှိကြောင်း၊ အခြေအနေ များ ပြောင်းလဲ လာသည့်တိုင်အောင် ယင်းကို နေ့ချင်းညချင်း ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ကြောင်း ၄င်းက ပြောဆို ခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် အကျင့်ပျက်ခြားစားမှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေပါက အန္တရာယ် ရှိနေနိုင်သေးကြောင်း နှစ်ပေါင်း(၂၀)အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်လည်ပတ်ခဲ့သည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တစ်ဦး ဖြစ်သည့် အောင်နိုင်ဦးက ပြောဆိုခဲ့သည်။

သဘောထားတင်းမာသူ ဖြစ်စေ၊ သဘောထားပျော့ပျောင်းသူ ဖြစ်စေ အဓိက ဆောင်ရွက်ရမည့် အချက်မှာ တည်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်သည်။ ယင်းကို စိုးရိမ်သဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည့် အချက်ကို လအတော်ကြာ နှောင့်နှေးကြန့်ကြာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ သံဃာ့အရေးအခင်းတွင် ဖမ်းဆီး၍ ထောင်ဒဏ်(၆၈)နှစ် ချမှတ်ခြင်းခံခဲ့ရသည့် အရှင်ဂန္မီရကို ပြန်လည်ဖမ်းဆီးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာလည်း ယင်းအတွက်ကြောင့် နှောင့်နှေး ကြန့်ကြာ ခဲ့ခြင်း ဖြစ်သည်။ အာဏာကို မျှဝေရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်မျှ အာဏာရှင်ဆန်စွာဖြင့် ၄င်း၏မိသားစုနှင့် စည်းစိမ်ဥစ္စာကို မခြိမ်းခြောက် နိုင်စေရန် ရည်ရွယ် သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာလရှည်ကြာအာဏာရှင် ဖြစ်ခဲ့သည့် ဦးနေဝင်း၏ မိသားစုအဖွဲ့ဝင် များကို ဖမ်းဆီးခဲ့သည်။


လူကြီးလူကောင်းသဘောတူညီချက်
မည်သို့ပင်ဖြစ်စေ သမ္မတကြီးဦးသိန်းစိန်၊ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့သည် လူကြီးလူကောင်း သဘောတူညီချက်သို့ အရောက် သွားနိုင် ကြောင်း ကြိုတင်မမြင်နိုင်ခဲ့ပေ။ အဆိုပါ သဘောတူညီချက်သည် အရှိန်ရလာပြီး ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာပြီး ပြည်သူ့ထောက်ခံမှုလည်း ရရှိလာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူရဦးရွှေမန်းကို ကျော်၍ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ သူရဦးရွှေမန်းကို လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရသည့် အောက်လွှတ်တော် ဥက္ကအဖြစ်သာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါဝင်လာမှုကို ထောက်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်ကို အမေရိကန်ပြည်ထောင်စု၏ လွှတ်တော်ကဲ့သို့ ဖြစ်စေချင်ကြောင်း သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြောဆိုခဲ့သည်။
အရေးကြီးသည့် ဆောင်ရွက်စရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂဖွံ့ဖြိုးရေးဝန်ကြီး Andris Piebalgs က ယခုသီတင်းပတ် အစောပိုင်းက ပြောဆိုခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် အနာဂတ် လူကြီးလူကောင်း သဘောတူညီချက်၏ လားရာကို ဖော်ပြမည် ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ်တွင်လည်း အကျိုးသက်ရောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ဦးသိန်းစိန်သည် သမ္မတသက်တမ်းတစ်ခုတွင်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုးတိုးတိတ်တိတ် ပြောဆို ထားသည်။ သူရဦးရွှေမန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ သမ္မတအဖြစ် ဆောင်ရွက်ရန် ရည်မှန်းထားသူ ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဦးအောင်သောင်း၊ ဦးဌေးဦးနှင့် မောင်မောင်သိန်း စသည့် သဘောထားတင်းမာသူများ အပါအဝင် အခြားအတားအဆီး များကိုလည်း ကျော်ဖြတ်ရဖွယ်ရှိသည်ဟု သူရဦးရွှေမန်း၏ အကြံပေးများ၏ ပြောဆိုချက်အရ သိရှိရသည်။
အစိုးရအဖွဲ့အတွင်း သူရဦးရွှေမန်းနှင့် မဟာမိတ်များ၏ မျှော်လင့်ချက်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက တစ်ဖက်စောင်းနင်းအနိုင်ရရှိပါက ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသည့် သဘောထား တင်းမားသူများကို ဖယ်ထုတ်ရန်နှင့် သန့်ရှင်းသော အစိုးရကို တည်ဆောက်ရန်အတွက် နိုင်ငံရေး ဆင်ခြေ ဆင်လတ် တစ်ခု ရရှိပြီး အထောက်အကူ ဖြစ်စေနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ထူးခြားသည့်အချက်မှာ သမ္မတကြီး ဦးသိန်းစိန်နှင့် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည် အတ္ထုပတ္တိကို ရေးသားခဲ့သည့် စာရေးဆရာတစ်ဦးလည်း ဖြစ်၊ ဗြိတိန် ပညာရှင်တစ်ဦးလည်း ဖြစ်သူ Justin Wintle က ပြောဆိုခဲ့သည်။ ယင်းလက္ခဏာမှာ အဆိုးမြင်စရာ မဟုတ်ကြောင်း၊ နိုင်ငံရေးပြိုင်ဘက်များနှင့် သဘောတူညီချက် ရယူနိုင်သည့် နည်းလမ်းတစ်ခုမှာ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်မှာ စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုဟု ဆိုရန်မှာ ခြွင်းချက်တစ်ခုထားရှိရဦးမည် ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောဆိုခဲ့သည်။
Precarious balance for Myanmar reform
Larry Jagan
Asia Times online
February 16, 2012
The future of Myanmar's reform process is in question as hardliners and liberals in government ramp up an increasingly bitter power struggle. Change in Myanmar remains fragile despite some encouraging reform signals and growing international goodwill towards President Thein Sein.
So far, though, President Thein Sein's good intentions have produced only limited practical change. Now, there are growing fears that the recent political gains, including the release of political prisoners and allowances for the opposition National League for Democracy (NLD) to contest upcoming by-elections, could be reversed.
The reason is that the more liberal-minded ministers who support Thein Sein and his reform agenda are being cramped by persistent pressure from hardliners led by Vice President Tin Aung Myint Oo and other ministers who seem intent to derail reforms despite publicly declaring their support for democratic change.
Analysts and activists are split on whether these signs of change are genuine or a smokescreen to hide the regime's real intention to keep the military in power for as long as possible under the guise of civilian rule. Myanmar's pro-democracy leader Aung San Suu Kyi has so far tentatively endorsed Thein Sein's reforms but according to sources close to her remains cautious.
Much rides for all sides on by-elections scheduled for April 1, where 46 of parliament's total 664 seats will be up for grabs and Suu Kyi will contest a seat on the outskirts of Yangon. The NLD overwhelmingly won polls held in 1990 but the military annulled the results and maintained its grip on power. The party failed to register and contest the 2010 elections and was banned as a result.
Both the European Union and United States have indicated they may roll back their economic and financial sanctions with more progress on reforms, including the holding of free and fair by-elections in April. The elections should also provide clarity about whether government reformers or hardliners are on the ascendency as well as the pace and extent of future reforms.

According to one government insider's estimate, around 20% of current ministers are in the liberal camp while another 20% fall with the hardliners. The other 60% are believed to be sitting on the fence waiting to see and side with whoever wins the intensifying power struggle, according to the government insider.
Other observers believe that the apparent divisions and splits among the ruling elite, both sides with military backgrounds, are being well-orchestrated and stress that the nature of the regime has not changed. They believe that even though the old military guard - led by former junta leader Senior General Than Shwe - have retired they still pull strings from behind the political curtain.
"President Thein Sein is a puppet of the new Myanmar government's strategy known as the eight-steps," said Aung Lynn Htut, a former military intelligence officer who defected when stationed as a diplomat in Washington in 2005, told Asia Times Online. "Than Shwe still directs policy and controls everything from behind the door," he said.
Others with links to top members of Thein Sein's government disagree and argue that the new nominally civilian government is sincere in its desire to bring reform, development and peace to Myanmar after decades of devastation and destruction under heavy-handed military rule.

"Thein Sein and his supporters are motivated by a 'gentlemen's' agenda," Myanmar academic, writer and editor Nay Win Maung, who died of a heart attack on January 1, frequently said of the new government he personally, advised. Old soldiers now in government and aligned with Thein Sein are now motivated by a new sense of fair play and public duty, sources close to the current Myanmar leadership told this correspondent.
Many of them now claim to have abhorred Than Shwe's abusive rule, including its mass corruption, international isolation and the tarnished image it gave the army across the country. To reverse Than Shwe's legacy is one of the key drivers behind Thein Sein's reform agenda, they contend.
Thein Sein recently told Norway's development minister that he had wanted to reform the country for a long time but was frustrated by Than Shwe's control, according to diplomats in Yangon. Thein Sein's wife told Suu Kyi that her husband wanted to introduce reforms for more than a decade but was powerless to do so, even when serving as prime minister under the previous Than Shwe-led military junta.
Pent up reformer
Some close to Thein Sein believe that the 2007 mass demonstrations by Buddhist monks against the previous military junta he led and the devastation and destruction caused the following year by Cyclone Nargis impressed on him the need for dramatic change, according to military sources in the capital, Naypyidaw.
Thein Sein was reportedly physically shaken by the devastation he observed when inspecting storm-hit areas and overseeing the government's relief work after Cyclone Nargis, a close aide to the president told Asia Times Online. Nor is Thein Sein apparently alone in this view: there are also many in the bureaucracy and military who are firmly committed to his democratic reform agenda.
"There are those in the military with honorable intentions and who want to be seen as improving the sorry lot of the people," said David Steinberg, a Myanmar expert at the US's Georgetown University. These same soldiers have a strong sense of nationalism and strong desire to redeem the honor of the military, Steinberg said.
Reforms have so far been implemented in an ad hoc, personalized manner. For example, Railways Minister Aung Min now leads the government's negotiations with various armed ethnic rebel groups to sign ceasefire agreements. Some of the ethnic leaders involved in the talks who spoke with this correspondent say that they trust in Aung Min's sincerity.

"It's personal," an ethnic Karen leader told Asia Times Online soon after the armed Karen National Union (KNU) signed a truce last month to end hostilities and agreed to exchange liaison offices with the government. Trust with the Karen was built during relaxed drinking sessions at preliminary meetings held last November in Thailand's northern Chiang Rai province, according to a source familiar with the situation.
During one of the toasts, Aung Min apparently endeared himself to certain Karen representatives when he pleaded personally that the KNU refrained from attacking public railways. There had been several attacks on Myanmar's railways earlier in the year that were believed to have been carried out by the KNU.

Some observers believe that personalized approach could eventually backfire. "Everything appears to be the result of personal connections - even the relationship between Aung San Suu Kyi and the president," said a former European diplomat who has spent more than 15 years involved in Myanmar. "That is the major flaw in this whole process - there is no overall plan so it can be thrown out overnight if circumstances change."

"Until these changes are institutionalized, there is a danger of them being reversed in the future, especially if corruption continues and there is violence," said Thailand-based former activist and development specialist Aung Naing Oo, who recently visited Myanmar for the first time in over 20 years.
The overriding concern of Myanmar's ruling establishment - both liberals and hardliners alike - is to maintain peace and stability during the political transition. Fear of renewed bouts of unrest could explain why the highly anticipated release of political prisoners was delayed for several months. Those fears also likely motivated the recent arrest and questioning of Buddhist monk U Gambira, who was recently released early from a 68-year prison sentence for his role in the 2007 uprising against the government.
Than Shwe's transitional plan clearly intended to delay reforms and pit military groups against one another in a divide and rule fashion. The 2008 constitution, which was passed in a sham referendum and embodies Than Shwe's vision for the Myanmar's political future, was intended to create a system of power sharing whereby no individual would become powerful enough to challenge his position and family's wealth. Than Shwe famously detained and harassed the family members of former long time military dictator Ne Win.

Than Shwe's new system also aims to create a structure that makes legal change difficult, including a requirement than over three-quarters of parliament must agree to make constitutional amendments. A quarter of parliament is made up of military representatives, giving the military virtual veto power over any proposed charter change.

Gentleman's agreement
However, Than Shwe seems to have failed to foresee that new President Thein Sein, speaker of the lower house Shwe Mann and army chief General Min Aung Hlaing would reach a "gentlemen's agenda" in ruling the country. This agreement has spurred an accelerated reform process that has gained momentum and moral authority through Suu Kyi's public support and upcoming participation in the process.
Often overlooked in Myanmar's evolving transition is the role parliament has played in the reform process. Analysts and activists widely believed that the upper and lower houses of the new National Assembly would rarely meet and when they did would dutifully follow a pre-arranged script - much like the Burma Socialist Program Party (BSPP) parliament in the mid-1970s did under Ne Win. So far that has not been the case. Parliament speaker Shwe Mann was apparently devastated when Than Shwe overlooked him and chose Thein Sein as president, confining Shwe Mann instead to what was expected to be a rubber stamp parliament. To give parliament a more representative veneer, Shwe Mann has lent his support to Suu Kyi's and the NLD's participation in the upcoming by-elections.

He also reportedly told US Secretary of State Hillary Clinton during a meeting at Naypyidaw in December that he wanted to make Myanmar's new parliament as good as the US Congress.

"We have taken the necessary measures so that the upcoming by-elections will be free, fair and credible," Shwe Mann told European Union development commissioner Andris Piebalgs, speaking through an interpreter, earlier this week.
The manner in which the by-elections are held, even more than the actual results, may indicate the future direction of the gentlemen's agreement. At the least, the by-election results will affect the ruling Union Solidarity Development Party (USDP), which swept the November 2010 elections in a contest foreign observers said lacked credibility but is expected to face stiffer competition, including from the NLD, at the next general elections scheduled for 2015.
Thein Sein has unofficially announced that he will only serve one term as president; Shwe Mann has made it clear he would like to one day serve as president. To win a free and fair election in 2015, however, he will need to purge the USDP of dead wood and obstacles - including hardliners like Aung Thaung, Htay Oo and Maung Maung Thein, according to Shwe Mann's senior advisors.

The hope among Shwe Mann's allies in government is that a lopsided by-election win for the NLD will provide him with the political excuse to clean house and purge hardliners opposed to reforms. If Suu Kyi wins a seat in parliament, Shwe Mann will be expected to allow her to become opposition leader. However, any strategy leveraging Suu Kyi to gain political ground against hardliners will be fraught with dangers and could open new divisions with those who currently support the reform process.
"What is remarkable is the way in which Thein Sein and company have reached out to her [Suu Kyi] since August last year [when they first met in Naypyidaw]," said Justin Wintle, a British academic and writer of a biography on Suu Kyi. "The signs are that this has not been a cynical move. One way of dealing with your political enemies is to co-opt them, but this is a genuine attempt to reconfigure Myanmar," he said.
Yet even this potentially crucial move reflects the ad hoc nature of Myanmar's still tentative reform process. If Suu Kyi is elected to parliament at the upcoming by-elections, she will quickly emerge as a challenger to Shwe Mann and the USDP's current dominance at the 2015 polls. "I know, but we'll cross that bridge when we come to it," Shwe Mann reportedly recently replied to his son Toe Naing Mann, according to sources close to the family

0 မြောက်ပိုင်းလူသတ်ပွဲကိစ္စ ပန်းချီထိန်လင်း ကို ပေါ်ပြူလာမြန်မာ မှ အင်တာဗျူး


မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့ အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် မှာ နှစ် နှစ်နေပြီးပြီ။ နေပြီးတဲ့ အချိန် မှာ အခုတောင်ကြီး ထောင်ထဲမှာ ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ လှမ်းပြီးအသံပြုလိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ အနုပညာအလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့်ချိရေးကိစ္စပေါ့။ ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့ လာလုပ်စေချင်တာဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ ခိုးဝင်လာ တာပေါ့နော်။ ရောက်တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။ အဲဒါနဲ့တင် ဘုရားဖူးတွေနဲ့ ရောပြန်ပြေးပြီးတော့ ရေနံချောင်းသွားတယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ မြောက်ပိုင်းမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့ မိုးညှင်းတို့ အဲဒီမှာရှိတဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေကလည်း သပိတ် ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ တက်သွားလိုက်တာ။

ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။ ၁၉၉ဝ နှစ် လယ်လောက်ပေါ့။ ပြောမယ်ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင် လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ထိုးစစ်က အသည်းအသန်ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅) ခွင်ပေါ့။ ကောက် ကွေ့ချောင်းနဲ့ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈) လ လောက် ကြာတယ် ထွက် မရဘူး။ အဲဒီမှာပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့ ဆန်တွေဘာတွေ စားသောက်ပြီးနေရတာ။ ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF ရဲဘော်တွေရဲ့ သဘော ထားတွေ ကြည့်ကတည်းက ပြဿနာရှိနေပြီ ဆိုတာခံစားလို့ရတယ်။ သူတို့ကကျတော့ ဘယ်လိုလဲဆိုတော့ ရွာဘက်က လာတဲ့သူတွေဖြစ်တယ်။ ပြောမယ် ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။ ကျွန်တော်တို့က မြို့ပေါ်ကလာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုးမရှိဘူး။ ဆိုလိုတာကတော့ နှီးမဖြာ တတ်ဘူး။ တိုင်မခုတ်တတ်ဘူး။ ဝါးမခုတ်တတ်ဘူး။ ဒါကို သူတို့က အပြစ်လို့ ခေါင်းဆောင်တွေပိုင်းက အစပြောတာလေ။ မင်းတို့ ရန်ကုန်က တက်လာတဲ့ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့ ကောင်တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်တို့။ ကျွန်တော်တို့က ပြောတာလည်း ပါတယ်။ ကျန် တဲ့သူတွေကိုလည်း အသိပေးနေတာ။ ဒီကောင်တွေဟာ အလကားပေါ့။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှမပေါက်ဘူး ဆိုတဲ့ဟာမျိုးပေါ့။

ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ ဘယ်ကစတာလဲ။

ဒီပြဿနာရဲ့ အစက ကျွန်တော်မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက။ ဒါက နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါပေမဲ့ လတ်တလော ပြဿနာ တစ်ခုလည်း ရှိတယ်။ လတ်တလောပြဿနာက ကျွန်တော်တို့ ဗဟိုရောက်ပြီးတော့ ရှစ်လေးလုံးပွဲလုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ မန္တလေး ဘက်က တက်လာတဲ့ စိုးမြတ်အောင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက် ထွက်ပြေးတယ်။ အဲဒီကနေ လမ်းကြောင်းရသွားတာပေါ့လေ။ သူ့ကိုဖမ်းလိုက်တယ်။ ထွက် မပြေးလည်း ဒီကိစ္စက လုပ်တော့မှာပဲ။ ဘယ်သူဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ ဖမ်းပြီးလုပ်တော့မှာပဲ။ အဲဒီတော့ ဒီပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်ကောက် တဲ့အခါမှာ ဘာဖြစ်တာလဲဆိုတော့ ကျွန်တော်မရောက်ခင် ပထမဆုံး ရှစ်လေးလုံးအပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်းစသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေ။ သူတို့က အရင်ရောက် သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုး နဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။ သူတို့မှာတော့ ဘယ်လိုပြ ဿနာတွေရှိလဲဆိုတော့ တပ်ဖွဲ့အတွင်း အကြီး အကျယ် အာဏာသုံး၊ သူတို့လာရင်မတ်တပ်ရပ် သတိဆွဲပေါ့။ ပါးရိုက်လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ဟာ မျိုးတွေ၊ နောက် တစ်ခါ အချို့ကျတော့လည်း ငွေကြေးတွေရလာတော့ ပြန်ပို့တာတို့ ဘာတို့ပေါ့ဗျာ။ စည်းစိမ်ခံတာတို့၊ အဲဒါမျိုးတွေရှိတယ်။ ရှိတော့ တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။ နိုင်ငံရေးမပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်းတစ်ခုလို၊ အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေထုံးစံ အတိုင်းရောက်လာတယ်။ ကိုထွန်း အောင်ကျော်အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို ရောက်လာတဲ့အခါကျတော့ ကွာခြားသွားတယ်။ ဥပမာကိုရဲလင်းတို့ဆို ဒီကနေတက် သွားတဲ့သူတွေ၊ ပါတီတာဝန်တွေဘာတွေ လုပ်ဖူးတယ်။ ရန်ကုန်-မန္တလေးကတက်တဲ့ ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှုလေ့လာတယ်။ သမိုင်းကြောင်း လေ့ လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ်မှာ ကြေညက်ခဲ့တယ်။ ဒါမျိုးတွေ ရှိလာတော့ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။ အသစ်ရောက် လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့သူတွေ အမြင်မှာ ဒီလူတွေနဲ့ငါတို့ ရှိထားတဲ့ခေါင်းဆောင်တွေနဲ့ဆိုတာ အကြီးအကျယ် ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။ အနေအစားတွေမှာလည်း တကယ့်ရဲဘော်ရဲဘက် စိတ်နဲ့အတူနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံတတ်တဲ့သူတွေ ပေါ့နော်။ ဆိုတဲ့အခါကျတော့ တကယ်ယဉ်ကျေးတဲ့ သူတွေက ဒီလူတွေပါလား။ သိလာတော့ ဟိုကောင်တွေကို လက်မခံချင်တော့ဘူး။ နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲဆိုတော့ တပ်တွင်းမှာ ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမဆင်းတော့တာ။ တန်းမစီ တော့တာတို့။ အဲဒီမှာတင် သူတို့ ဆွေးနွေးပွဲပြန်လုပ်တော့ ဟုတ်ပြီ ခေါင်းဆောင်တွေကို မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒီမှာတင် ဒေါ်ချိုချိုကျော်ငြိမ်းသားကို မောင်မောင်ကြွယ်၊ ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော်တို့ စသည်ဖြင့် ရန်ကုန်-မန္တလေးက တက်လာတဲ့ သူတွေက သူတို့တွေက Stage ပေါ်မှာ ကျင့်သားရနေပြီ။ ဝေဖန်တာ ပြောဆိုတာတွေကိုသူတို့တွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ခေါင်းဆောင် တွေရဲ့ အားနည်း ချက်တွေကို ထောက်ပြဝေဖန်တာတွေ။ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေတာတွေက ဘာနဲ့တူတယ်ဆိုတာမျိုးပေါ့။ လူဆိုးဂိုဏ်းနဲ့ တူတယ်ပေါ့။ ဆိုတော့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ အရှက်ရတယ်။ နောက်မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှမရတော့ဘူး။ မရတော့ ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊ ကိုရဲလင်းတို့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်စတဲ့ ရန်ကုန်၊ မန္တလေးက လာတဲ့သူတို့။ နောက်ဦးစိန်တို့၊ ဦးစိန်ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီအနေနဲ့ တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ်ကျလာတဲ့သူ။ ဆိုတော့ ပြည့်ဝမှုတို့ဘာတို့က ကွာသွားပြီလေ။ ဦးစိန်တို့ လည်း ခေါင်းဆောင်တွေဖြစ်။ ဒါပေမဲ့ ပြဿနာက ဟိုနဂိုရှိထားတဲ့ကောင်တွေက မလွှဲချင်ဘူး။ လက်နက်ကလည်း ရှိတယ်။ ဟိုသေနတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ ငါတို့က ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ဖောက်ထားတာပေါ့။ ဒီတဲတွေ ငါတို့ဆောက်ထားတာပေါ့။ အခုမှ ဒီကောင်တွေကလာပြီး ဘာညာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့ ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ သူတို့ပြောတာလည်း ဟုတ်တာပဲပေါ့။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခုထားသင့်တယ်ပေါ့။ ဆိုပြီးတော့ ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁)ပေါ့။ ကိုသံချောင်းဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက သူ့ကိုစစ်ရေးတာဝန်ခံ ဒုတိယသူ့ကိုပေးပါပေါ့။ အဲဒီမှာ ငါတို့က နိုင်ငံရေးအရ နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ် ယူကြဆိုပြီးတော့ ကိစ္စမရှိဘူးပေါ့။ အဲဒီလို ပေးလိုက်တဲ့ဥစ္စာက အခုဟာရဲ့ တကယ့်ပြဿနာပဲ။ ဘာလို့လဲဆိုတော့ အဲဒီနေရာကို ခြေကုပ်ယူပြီးတော့ အကွက်ကျကျ စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။ ကိုထွန်းအောင်ကျော်ဆိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနဲ့ ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အခြေခံကျတဲ့ ရဲဘော်တွေအောက်မှာလည်း အရင်လို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။ အဲဒီလိုမျိုးနဲ့ အချိန်ယူ ပြီးတော့ အငြှိုးအတေး အာဃာတနဲ့လက်စားချေတာ။ အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏလုပွဲပဲ။

ဆိုတော့နိုင်ငံရေး အမြင်ရှိ တဲ့သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။

ဒါပါပဲ။


အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီဘက် ရောက်နေပြီလား။

ဒေါက်တာနိုင်အောင်တို့က ဒီပြဿနာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ တောင်ပိုင်းနဲ့ ဆက်သွယ်တယ်လို့ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော် တို့ ပြဿနာတွေဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နေတော့ အဲဒီထဲကနေ ဖမ်းယူရတာပေါ့။ မျက်လုံးစီး ရိုက်နှက်နေတော့ အသံတွေနဲ့ပဲ ကြားရတာပေါ့။ ထဲထဲဝင် ဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေ မဲ့ ဒီဟာတွေက ထဲထဲဝင်ဝင်ရှိခဲ့တဲ့ အဲဒီအချိန်က ခေါင်းဆောင်တွေထဲပါတဲ့ ကိုသိုက်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးပေါ့။ သူပါတယ်။ သူက သူ့မှာ အပြစ်ရှိတယ်လို့လည်း ပြောတယ်။ သူက အဲဒီအထဲမှာ ဝင်ရိုက်ရတယ် လို့လည်းပြောတယ် စသဖြင့်ပေါ့။ အပြင်မှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင် ရဲဘော်တွေရှိသေးတယ်။ ဒီရဲဘော်တွေရဲ့ပြောပြချက်တွေနဲ့ လည်း ကျွန်တော်တို့က သိရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ တွေ့ရတယ်။ တွေ့ရတယ်ဆိုပေမယ့် စကားမပြောရဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလိုဖြစ်သွားပြီ။ သူကတကယ့်တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဖြစ်တယ်ပေါ့။ သူလာတဲ့အခါမှာ ကျွန်တော်တို့ကို ဒီကောင်တွေကို ဟိုဟာတွေဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့ ကျွန်တော် တို့ထဲမှာမှ သူတို့တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို တစ်ယောက်ချင်းခေါ်တွေ့ပြီးတော့ တချို့တွေကို ရိုက်နှက်သွားတာရှိတယ်။ ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေမကြားတော့ဘူး။ ကိုနိုင်အောင် ရိုက်သွားတာ။

ဆိုတော့ စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။ ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက်လာပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့ တဲ့နှစ် ၂ဝ က ဒီနေ့ပေါ့။ နည်းနည်း စောပြီး ကျွန်တော်တို့ကို ထမင်းကျွေး လိုက်တယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုပေါ့။ နံနက်လင်းတာနဲ့ အခုရှိနေတဲ့ ရဲဘက်ပေါ့။ အဲဒီထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။ ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင်အကုန် လုပ်ရပါတယ်။ လုပ်နေရင်းနဲ့ မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ လက်ပြန် ကြိုးတွေ တုပ်၊ မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ မလှုပ်နဲ့ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ တုပ်တုပ်မျှ မလှုပ်နဲ့ဆိုတဲ့စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင်က အုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ။ ပြီးတော့မှ နာမည်ရှိတဲ့ သူတွေ သူတို့စီစဉ်လာတဲ့ သူတွေခေါ်တယ်။ အဲတော့ အဲဒီလိုမလုပ်ခင်မှာသူတို့ လက်မှတ်ထိုးပြီးပြီလေ။ တပ်ဖွဲကို ကြေညာခဲ့ပြီ။ ဒီလူတွေကို သေဒဏ်ပေးမယ် ဆိုပြီး။ အဲသလို ကြေညာပြီးတော့မှ သူတို့ တက်လာ တာ။ တက်လာပြီးတော့မှာ ကိုထွန်းအောင်ကျော် အပါအဝင်ပေါ့ ၁၅ ယောက် ခေါ်ထုတ်သွားတာ။ ကျွန်တော်တို့တွေက ကျန်ခဲ့တယ်။ အဲဒီမှာခေါင်းဖြတ်တာ။

ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။

ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။

အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။

အဲဒီမှာ မိုးသီးဇွန်နဲ့ ဒေါက်တာ နိုင်အောင်ကွဲနေပြီ။ နောက် ကျွန် တော်တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာတယ်။ နောက် ပတ်စပို့ရလာတော့ အပြင်ထွက်ခွင့်ရတယ်။ နိုင်ငံပြင်ပ လူတွေနဲ့ ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ ကြေညာချက်သုံးစောင် ရထားတယ်။ တစ်စောင်က မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက် တာ နိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ကြေညာချက်၊ နောက်တစ်စောင်က BLC ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။ ရှေ့နေများ ကောင်စီရဲ့ ကြေညာချက်။ ဒါတွေ ကျွန်တော့်မှာရှိပါတယ်။ BLC က ဒေါက်တာနိုင်အောင်တို့နဲ့ သဘောထားတူတယ်။ ကိုမိုးသီးဇွန် ထုတ်ထားတဲ့ သဘောထားမှာ ဒါကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ ကြေညာချက်တွေက သတ်ပြီးမှရတဲ့ ကြေညာချက်တွေ။ သတ်ပြီးသွားတဲ့အချိန်မှာ ကိုမိုးသီးဆိုဒ်က လက်မခံဘူးလို့ ထုတ်တယ်။ ကိုနိုင်အောင်တို့ က ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာ ရှိတယ်။ ထောက်လှမ်းရေးတွေဟာ ကျွန်တော်တို့ တပ်ဖွဲ့ထဲဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ဘယ်လို ဖြိုခွင်းမယ်။ အဲဒါကြောင့်မို့ သူတို့လုပ်ရတာပေါ့။ BLC ကလည်း အဲဒီ သဘောပါပဲ။ ဒီဟာကို လက်ခံတယ်ဆိုတဲ့ သဘောထားမျိုး တောတွင်းဥပဒေအရ လုပ်ရတယ်ပေါ့။

ဆက်လက်ဖော်ပြပါမည်

မျိုးညွန့်၊ မိုးမြင့်မြတ်



ပေါ်ပြူလာမြန်မာ မှကူးယူဖော်ပြပါသည် (http://popularmyanmar.com/mpaper/archives/37220 )

0 မြန်မာနိုင်ငံ ၃ လအတွင်း ငြိမ်းချမ်းရေးရနိုင်ဟု အစိုးရဝန်ကြီးပြောကြား

(Reuters မှ 15 Feb 2012 ရက်စွဲပါ Myanmar Peace can be reached within 3 months minister ကို yangonchronicleဘာသာ ပြန်ဆိုသည်)

(ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း၏ ပထမဆုံး ပြည်ပသတင်းဌာန အင်တာဗျူးဖြစ်သည်)

မြန်မာအစိုးရသည် အမြဲတမ်းငြိမ်းချမ်းရေးကို ဦးတည်ဆွေးနွေးမည့် နိုင်ငံရေးဒိုင်ယာလော့လုပ်ငန်းစဉ် မစတင်မီ တိုင်းရင်းသားလက်နက်ကိုင် အုပ်စု အားလုံးနှင့် ၃ လအတွင်း အပစ်ရပ်သဘောတူညီမှုရရှိရန် ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်အဆုံးသတ်ရေးကို တာဝန်ယူဆောင်ရွက်နေသော အငြိမ်းစားဗိုလ်ချုပ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းက မြန်မာနိုင်ငံ၏ ၄၉ နှစ်ကြာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက “မြန်မာနိုင်ငံ၏ ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေးကာလအတွင်း ငြိမ်းချမ်းရေး မရနိုင်ခဲ့သော်လည်း ယခုအရပ်ဖက်အစိုးရသစ်မှာမူ သူပုန်တပ်ဖွဲ့များ၏ ယုံကြည်မှုကိုရရှိနေပြီ” ဟု ပြည်ပသတင်းဌာနနှင့် ပထမဦးဆုံး အင်တာဗျူးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခဒေသများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအစဉ်များကြောင့် ရေရှည် ခံမည့် နိုင်ငံရေး အဖြေထွက် ပြေလည်မှုများ ရရှိကာနီးပြီဟု ယင်းကဆိုသည်။ “ဒီပြဿနာက နှစ်ပေါင်း ၆၀ လောက် နာတာရှည်စွဲကပ်နေတဲ့ ရောဂါပါ။ ယခင်အစိုးရ အဆက်ဆက်က အမြစ်ပြတ်အောင် မကုနိုင်တာကတော့ အနာနဲ့ဆေးအံမဝင်လို့ပါ။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ အရာရာ ပြောင်းလဲသွားပြီး အနေအထားလည်းပြောင်းလဲသွားပြီ ဖြစ်လို့ ကျွန်တော်တို့ဒီဆေးကို ရခဲ့တာပါ”ဟု ဦးအောင်မင်းက ပြောကြားသည်။

သယံဇာတကြွယ်ဝသော်လည်း အိမ်တွင်းပုန်းစစ်အုပ်ချုပ်ရေးစနစ်ကြောင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်စနစ်ဟု ခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က Sanctions များ မရုတ်သိမ်းမီ ကြိုတင်စည်းကမ်းသတ်မှတ်ထားခဲ့သည်။ သို့သော်လည်း အစိုးရ၏ ရည်ရွယ်ချက်မှာ Sanctions ရုတ်သိမ်းရေးမဟုတ်ပါဟု ငြင်းဆိုသော ဦးအောင်မင်းက “တခြားအစိုးရကိစ္စတွေကို ကျွန်တော်မစဉ်းစားပါဘူး။ အသက်တွေပေးဆပ်သွားတဲ့ စစ်သားတွေကို အစိုးရတပ်က(သို့) တိုင်းရင်းသားတပ်ကလို့ ခွဲခြားလို့မရပါဘူး။ သူတို့အားလုံးဟာ တစ်မြေထဲမှာ မွေးဖွားလာကြတဲ့ မိသားစုဝင်တွေပါ” ဟု အလေးအနက် ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အနက်မှ ၉ ဖွဲ့နှင့် အပစ်ရပ်သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ဖြစ်၍ ယခုတိုင်တိုက်ခိုက်နေဆဲ အုပ်စုကြီး တစ်ခုဖြစ်သည့် KIA အပါအဝင် နောက်ထပ် ၆ ဖွဲ့နှင့် လအနည်း ငယ်အတွင်း သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ထားကြောင်း ဦးအောင်မင်းက ထုတ်ဖော် ပြောကြားသည်။ ကရင်နီ(ကယား)အုပ်စု KNPP သည် မတ်လ ၁ ရက်တွင် သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်ပြီး ကျန်အုပ်စု ၅ ဖွဲ့မှာလည်း လက်နက်စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရှိရသည်။

သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ထိုးစစ်များရပ်ဆိုင်းရန် အမိန်ထုတ်ပြန်ထားသည့်ကြားမှ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်မှ ပဋိပက္ခနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဦးအောင်မင်းက ငြင်းဆိုသည်။ ယခင်တပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေသည် ယခု အရပ်ဖက်အစိုးရသစ်တွင် အာဏာ ရယူထားကြသော သူ၏ တပည့်ဟောင်းများအပေါ် လွှမ်းမိုးချုပ်ကိုင်ထားခြင်းမရှိပါဟုလည်း ဦးအောင်မင်းက ပြောကြားသည်။

“ဦးသန်းရွှေက အပြည့်အဝအနားယူသွားပါပြီ။ သူ့ရဲ့အမိန့်ကို သြဇာတို့ကိုလည်း လိုက်နာဖို့ မလိုတော့ပါဘူး။ အဆက်အသွယ်လည်း လုံးဝ မရှိတော့ပါဘူး။ သူရဲ့အိမ်ဘေးမှာ စာကြည့်တိုက်ကြီးတစ်ခုရှိပါတယ်။ သူအာဏာရစဉ် အချိန်က စာဖတ်ချိန်မရှိခဲ့လို့ အခုအနားယူချိန်မှာ အတိုးချ စာဖတ်နေပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာကူးပြောင်းဖို့အတွက် အသွင်ပြောင်းကာလမှာ ဦးဆောင်မှုပေးခဲ့တဲ့ သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ။ သူ့အနေနဲ့ အချိန်အချိန်မှာ ပတ်သက်စရာမရှိတော့ပါဘူး။ လက်ရှိ အနေအထားကို ဘေးကနေ ကြည့်ပြီး ကျေနပ်နေလိမ့်မယ်လို့ ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်”ဟု ဗိုလ်ချုပ်ဦးအောင်မင်းက ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံမှ ပြည်သူအများစုက သံသယကြီးလွန်းသူ၊ လျှို့ဝှက်လွန်းသူ၊ စိတ်ဓာတ်စစ်ဆင်ရေးကျွမ်းကျင်သူ ယခင်အာဏာရှင် အကြီးအကဲဟောင်းက နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေဖွယ်ရှိကြောင်း သံသယရှိနေကြသည်။

ဦးအောင်မင်း၏ အထက်ပါမှတ်ချက်သည် မနှစ်က မတ်လတွင် ဦးသန်းရွှေ အာဏာစွန့်ပြီးနောက်ပိုင်း အစိုးရသစ်အဖွဲ့ဝင်တစ်ဦးက ပထမဦးဆုံး ကျေးဇူးစကား ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားတင်းမာသူများ ပဋိပက္ခဖြစ်နေသည် ဟူသော မှန်းဆပြောဆိုမှုများကိုလည်း ဦးအောင်မင်းက ငြင်းပယ်သည်။ “ဒါတွေက ကောလဟာလတွေပါ။ သမ္မတကြီးရဲ့ နောက်မှာ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ရှိကြပါတယ်” ဟု ယင်းကဆက်လက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအတွက် သမ္မတဦးသိန်းစိန်ချမှတ်ထားသော အဆင့် ၃ ဆင့် အစီအစဉ်တွင် အပစ်ရပ်စဲရေး၊ နိုင်ငံရေး သဘောတူညီမှုရရှိရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည်အခြေ ကျရေးတို့ပါဝင်ပြီး ထို့နောက်တွင် အုပ်စုအားလုံးပါဝင်သော လွှတ်တော် အထူးညီလာခံကျင်းပကာ ရေရှည်ခံ မည့် ငြိမ်းချမ်းရေးကို ပျိုးထောင်ရန်ဖြစ်သည်ဟု ငြိမ်းချမ်းမှုညှိနှိုင်းရေးအထူးကိုယ်စားလှယ် ဦးအောင်မင်းက ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏ သုံးပုံနှစ်ပုံခန့်မှာ နိုင်ငံကို အစဉ်အဆက်အုပ်ချုပ်ခဲ့ကြသော ဗမာ လူမျိုးများဖြစ်သည်။ ၁၉၄၈ ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ၏အဓိကပြဿနာမှာ တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှုပင်ဖြစ်သည်။ အထက်ပါကိစ္စ ဖြစ်နိုင်ခြေ အလားအလာကို ဦးအောင်မင်းက မှတ်ချက်ပေးခြင်း မရှိသော်လည်း ပြင်ဆင်၍ ရသော အခြေခံဥပဒေအောက်တွင် စီစဉ်ပြုလုပ်၍ ရနိုင်ကြောင်း၊ လက်နက်ကိုင်အုပ်စုများကလည်း နိုင်ငံရေးပါတီများဖွဲ့စည်း၍ လွှတ်တော်နိုင်ငံရေးစနစ်တွင် ပါဝင်ရန်အားတက်လာကြမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ “ဒိုင်ယာလော့အတွက် အချိန်နည်းနည်းပေးရပါလိမ့်မယ်။ ဒါပြီးရင်တော့ အမျိုးသားအဆင့်ညီလာခံ ခေါ်ယူ ကျင်းပနိုင်ပါပြီ။ ဒါပေမယ့် များများဆွေးနွေးလေ၊ အချိန်ပိုကြာလေပါပဲ။ နားလည်သဘောပေါက်လက်ခံ မှုကတော့ အုပ်စုအားလုံးအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့ မြန်မြန်တွန်းရင်လည်း တွန်းနိုင်မယ်။ ဒါမှမဟုတ် အချိန်ကြာရင်လည်း ကြာသွားနိုင်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက သုံးသပ် ပြောဆိုသည်။

တိုင်းရင်းသားအုပ်စုကွဲများထံမှ ယုံကြည်မှုရရှိရန်လက်ခံသည်။ သို့သော်လည်း အများစုမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စစ်မှန်ရိုးသားမှုရှိကြပြီး အချို့တိုင်းရင်းသားခေါင်းဆောင်များမှာ နေပြည်တော်ရှိ မိမိနေအိမ်သို့ပင် လာရောက်နေထိုင်သွားခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။ “ပထမတော့ ကျွန်တော့်ကို သူတို့မယုံကြဘူး။ ကျွန်တော့်ကိုယ်ပေါ်မှာ လက်နက်တွေ ပါလာမလားလို့ ရှာကြတယ်။ ကျွန်တော်လက်ဆောင်ပေးတဲ့ အစားအစာ တွေကိုလည်း မစားရဲကြဖူး။ အဆိပ်ခပ်ထားသလား ပေါ့လေ။ အမှတ်တရပေးတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဗုံးတွေဘာတွေ ပါမလားဆိုပြီး မယူရဲကြဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ချမှုကိုရခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း နှိမ့်ချပြီးသူတို့နဲ့ဆက်ဆံပါတယ်။” စသဖြင့် ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အပြင် မနှစ်က ထိုင်းနိုင်ငံရေကြီးစဉ်ကာလအတွင်း စက်ရုံများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရသော နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးသင့် ဒေသများတွင် ငြိမ်းချမ်းရေးရသည်နှင့် တပြိုင်နက် စက်မှုစီးပွားရေးဇုံများ ထူထောင်ရန် မျှော်မှန်းထားကြောင်း ဦးအောင်မင်းက ထုတ်ဖော်ပြောကြားသည်။

ထိုင်းနိုင်ငံသို့ အများဆုံး ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များသည် ထိုင်းတို့ပေးသော ပိုက်ဆံထက်ပိုများသော လုပ်ခလစာများ၊ လယ်ယာလုပ်ကိုင်ခွင့်များ၊ စက်ရုံအလုပ်ရုံများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ စသော မျှော်လင့်ချက်များကြောင့် အိမ်ပြန်ရန် (မြန်မာနိုင်ငံသို့ ပြန်လည် အခြေချရန်) အားတက်ပျော်ရွှင်နေကြပေလိမ့်မည်။

“အရင်ကတော့ အပစ်ရပ်ပြီးနောက်ပိုင်း ဆက်လက်ဆွေးနွေးဖို့ လုံးဝမစဉ်းစားခဲ့ကြပါဘူး။ ဒီမတိုင်ခင်ကတော့ အပစ်ရပ်စဲရုံလောက်နဲ့ပဲ ပြီးသွားကြပါတယ်။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဒါဟာ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေပါပဲ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားခဲ့သည်။

0 ဒေါ်စုကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက်မထွက်သေး


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း အတည်ပြုချက် မထွက်လာသေးတာဟာ ကန့်ကွက်သူဖက်က သူရဲ့ကန့်ကွက်လွာကို တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံဝင်ထားတာကြောင့် ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်းအရည်အချင်းကိုက်ညီမှု မရှိဘူးဆိုပြီး ကန့်ကွက်ထားတာကို ခရိုက်ကော်မရှင်ရုံးက ပယ်ချထားတာပါ၊ ဒီအကြောင်းရဲ့ နောက်ဆုံးအခြေအနေတွေ ကိုတော့ မသင်းသီရိက ဆက်ပြောပြပေးထားပါတယ်။

ဧပြီလ ၁ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ပြီး ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ အတော်များများအတည်ပြုချက် ထွက်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း အခုချိန်ထိ ထွက်မလာသေးတာဟာ သူကို ကန့်ကွက်ထားတဲ့အမှု မပြီးပြတ်သေးတာကြောင့် ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြီး ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်ထဲမှာပဲ ဝင်ပြိုင်မယ့် တခြားပါတီတခုဖြစ်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း တဦးရဲ့ အရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ဖေဖော်ဝါရီ ၆ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်ရုံးကို ကန့်ကွက်ထားတာပါ၊

ဒီကန့်ကွက်လွာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က မှာ ပယ်ချခဲ့ပေမယ့် ကန့်ကွက်သူ ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံဆက်ဝင်နေတာကြောင့် ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်ကွက်တဲ့လုပ်ငန်းက မပြီးပြတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးကနေပြီးတော့ ၁၁ ရက်နေ့က ပယ်လိုက်တယ်။ ပယ်လိုက်တော့ အဲဒီကန့်ကွက်တဲ့ သူတွေက အယူခံဝင်မယ်လို့ ကော်မရှင်ရုံးမှာ ပြောသွားတယ်။ အဲဒါကြောင့် အယူခံကိစ္စကို စောင့်နေရတယ်။ ဒါတွေပြီးပြတ်မှထွက်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက ကျနော်တို့က ခရိုင်ကော်မရှင်ကိုသွားတွေ့တဲ့အခါမှာ အမိန့်ချတဲ့အခါ ကန့်ကွက်သူရှေ့ကို အမိန့်ချတယ်၊ နောက် ဥပဒေအရလည်း အယူခံဝင်မှာလား မဝင်ဘူးလားဆိုတာမေးရပါတယ်။ အဲဒီလိုမေးတဲ့အခါ သူတို့က ဝင်မယ်လို့ ပြောသွားတာပါ။

ဥပဒေ ပြဌာန်းချက်အရ အယူခံဝင်လွှာကို ပယ်ချအပြီး ၁၅ ရက်တွင်းမှာ တိုင်းဒေသကြီး ကော်မရှင်ရုံးတင်ရမှာ ဖြစ်သလို တိုင်းကော်မရှင်ကလည်း( ၇ )၇က်အတွင်းစစ်ဆေးကာအမိန့်ချရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ကိုယ်စားလှယ်လောင်း တဦးကို ကန့်ကွက်တဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီကဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်းအရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ထားတဲ့ အချက်တွေက အဓိက အချက်တွေကို ဦးဥာဏ်ဝင်းရှင်းပြတာက

အဓိက အချက်တချက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က Domiciled ဖြစ်တယ်ပေါ့၊ ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်ရသူ ဖြစ်တယ်၊ နောက်ပြီးတော့ ဗြိတိန်နိုင်ငံရဲ့ Green Card ရသူ ဖြစ်တယ်၊အဲဒါကတော့တော်တော့်ကိုမှားယွင်းတဲ့ စွပ်စွဲချက်ပဲ၊ ဗြိတိန်နိုင်ငံမှာ Green Card လည်းမရှိပါဘူး၊ British Domiciled ဆိုတာလည်း မရှိပါဘူး။ အဲတော့ မှားယွင်းပြီးတော့ တင်ပြတဲ့ အချက်ပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကနေ ရရှိတဲ့ ဆုငွေတွေကို အစိုးရဆီမအပ်ပဲနဲ့ အသိမပေးပဲနဲ့ ထားတယ်ပေါ့။ အဲဒါလည်း လုံးဝမှားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရသမျှဆုကြေး ကို သူ့ အကောင့် ( account) လည်းမရှိဘူး။ သူလည်းမယူဘူး။ ဖောင်ဒေးရှင်းတွေကို တခါတည်းပဲ တန်းလွှဲတယ်။ ဒါ့ကြောင့် ဒီစွပ်စွဲချက်ဟာ မှားလည်းမှားတယ်။ သူတို့မှာလည်း ဘာအထောက်အထားမှမရှိပါဘူး။

NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းပါရှင်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာ (၆)နေရာအတွက် ဝင်ပြီး ပြိုင်မယ့် NLDပါတီက ကိုယ်စားလှယ်လောင်း တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ အမည်စာရင်းတွေ အတည်ပြုချက် ထွက်နေပါပြီ။ ဒါကြောင့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်က နေဝင်ပြိုင်မယ့် NLD ပါတီက ကိုဖြိုးမင်းသိန်းကဆိုရင် ကြိုတင်မဲကိစ္စတွေအတွက် စပြီး လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ကျနော်တို့ ခရိုင်ကော်မရှင်ရုံးက ၆ ရက်နေ့က ခေါ်တွေ့တဲ့အချိန်မှာ ကြိုတင်မဲ ကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ ကြိုတင်မဲ ယူမယ့်စာရင်းကို ကျနော်တို့ကိုပေးဖို့ပေါ့နော်။ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ မဲရုံကိုယ်စားလှယ်တွေကနေ သွားရောက်ယူတဲ့အချိန်မှာ လိုက်ပါခွင့်ပြုဖို့ပေါ့။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ က စီစဉ်ဆောင်ရွက် ပေးနေတယ်လို့ ကျနော့်ကိုပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုတင်မဲ ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အဓိက ကျတဲ့ ကိစ္စတရပ် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကြိုတင်မဲ သွားယူတဲ့နေရာမှာ တိတိကျကျ ဖြစ်စေဖို့အတွက် ကိုယ်စားလှယ်တွေ လိုက်ပါခွင့်ရအောင် ဆွေးနွေး ထားတာ ဖြစ်ပါတယ်။

NLD ပါတီက ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ (၁၅) ရက်နေ့ကပဲ လှည်းကူးကိုသွားကာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအတွက် စည်းရုံးရေး သွားခဲ့သေးသလို မနက်ဖန် သောကြာနေ့မှာ ကျိုက်ထော်နဲ့ ဖျာပုံကိုလည်း ပါတီစည်းရုံးရေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်နယ်ဘက်တွေကိုလည်း လူထုနဲ့တွေဖို့ ဒေါ်အောင်ဆန်းစုကြည်သွားဖို့ စီစဉ်နေတယ်လို့လည်း NLD ပါတီကပြောပါတယ်။(VOA)

Thursday, February 16, 2012

0 လှည်းကူးမြို့နယ်ခရီးစဉ်မှာပြည်သူတွေရဲ့ သူတို့ချစ်တဲ့ အမေစုကို ကြိုဆိုကြတဲ့မြင်ကွင်းပုံရိပ်များ..


ပြည်သူတွေကိုချစ်တဲ့ အမေစု၊ အမေစုကိုချစ်တဲ့ပြည်သူတွေ...
(လှည်းကူးမြို့နယ်ခရီးစဉ်မှာပြည်သူတွေရဲ့ သူတို့ချစ်တဲ့ အမေစုကို ကြိုဆိုကြတဲ့မြင်ကွင်းပုံရိပ်များ....)

လှည်းကူးမြို့ ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် လူထုအားပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက် အချို့

(၁)“ လူထုစည်းရုံးရေးဆိုတာ နှလုံးသားရဲ့လှုံ့ဆော်မှုလည်းပါရမယ်၊ဦးနှောက်ရဲ့ထောက်ခံမှုလည်းပါအောင် လုပ်ဆောင်ရမယ်။ ခံစားမှုတစ်ခုတည်းနဲ့တင်မဟုတ်ဘဲနဲ့ချင့်ချိန်စဉ်းစားပြီးတော့ထောက်ခံတာဟာ အများကြီးပိုပြီးတော့ တန်ဖိုးရှိပါတယ်။

ကျွန်မတို့အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနှစ်နှစ်ဆယ်ကျော်နိုင်ငံရေးပါတီတစ်ခုအနေနဲ့ရုံးကန်ပြီးတော့ရပ်တည် ခဲ့ပါတယ်။ ကြားအချိန်ကာလတွေမှာ ပါတီရဲ့တရားဝင်ရပ်တည်နိုင်မှုကိုတောင်မှ ကျွန်မတို့ဆုံးရှုံးရတဲ့ အခြေအနေရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ပြည်သူလူထုကိုအာကိုးပြီးတော့ ကျွန်မတို့ဆက်ပြီးတော့ ရပ်တည်ခဲ့တာ အခုဆိုရင် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ တရားဝင်မှတ်ပုံတင် နိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါတယ်။

ဒီလိုဖြစ်နိုင်အောင် လုပ်ပေးတဲ့ အစိုးရအဖွဲ့ကပုဂ္ဂိုလ်ကြီးတွေကိုလည်း

ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဒီနိုင်ငံတိုးတက်ရေးဆိုတာ အားလုံးဝိုင်းပြီးလုပ်ရမယ့်ကိစ္စပါ”

(၂)“ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်ဘက်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦးမိတ်ဖြစ်ဆွေဖြစ်သဘောလည်းရှိရပါမယ်။ ကျွန်မတို့ဟာရန်ဘက်လို့မမြင်ပါဘူး။ယှဉ်ပြိုင်ဘက်ဆိုတာ တနည်းအားဖြင့် ဒီမိုကရေစီရှင်သန်အောင်လို့ လုပ်ပေးတာလို့ ကျွန်မတို့စိတ်ထဲမှာ ထားရမှာဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ အတိုက်အခံရှိမှ ဒီမိုကရေစီဖြစ်ပါတယ်” (လူထုအသံများ..လက်ခုပ်သံများ)

(၃)“ ဒီမိုကရေစီအတိုက်အခံအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်မယ်ဆိုတဲ့ သတိနဲ့ကျွန်မတို့ယှဉ်ပြိုင်တာပါ။ အတိုက်အခံလုပ်ရဲတဲ့သတိရှိမှ တစ်ကယ်နိုင်ငံကိုဦးဆောင်နိုင်တဲ့အရည်အချင်းတွေနဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့ဟာ နိုင်လည်းနိုင်တတ်ရမယ်။ ရှုံးလည်းရှုံးတတ်ရမယ်။နိုင်တဲ့အခါကျရင် သဘောထားကြီးရမယ်၊ ညှာတာရမယ် တာဝန်သိစိတ်နဲ့ ပြည့်ဝရမယ်။ရှုံးတဲ့အခါ သိကာနဲ့ အိနြေနဲ့ နေနိုင်ရမယ်။ အောင်နိုင်တဲ့လူကို
မုဒိတာပွားနိုင်ရမယ်။ (လက်ခုပ်သံများ)

ကျွန်မတို့လာမယ့်ရွေးကောက်ပွဲမှာ ကျွန်မတို့ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနဲ့ ယှဉ်ပြိုင်မယ့်ပုဂ္ဂိုလ်တွေဟာ ရန်ဘက်အနေနဲ့ မမြင်ပါဘူး။ ကျွန်မတို့ရဲ့ပြိုင်ဘက်အနေနဲ့ သာမြင်ပါတယ်။

အဲဒီတော့ပြိုင်ဘက်အနေနဲ့ မြင်တဲ့အခါမှာ ကျွန်မတို့ ရိုးရိုးသားသားပဲပြောချင်ပါတယ်။ ကျွန်မတို့ကို မဲထည့်ပေးကြပါ။ (လက်ခုပ်သံများ)

(၄) တစ်ချို့တွေကပြောမယ်။ ၁၉၉၀ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တယ်။
အဲဒီရလာဒ်ကဘာလဲလို့မေးတဲ့သူတွေရှိပါတယ်။ ၁၉၉၀ ကမဲပေးခဲ့တဲ့ရလာဒ်ကကျွန်မတို့ အခုဒီမှာ စည်းရုံပိုင်ခွင့်ပဲ။ စုရုံးပိုင်ခွင့်ပဲ။အခုလိုဖြစ်လာတာဟာ ၁၉၉၀ ကထဲက ကြံ့ကြံ့ခိုင်ရပ်တည်လာခဲ့လို့ဖြစ်ပါတယ်။ ....

အဲဒါကြောင့်ကိုယ်လုပ်တဲ့အလုပ်တစ်ခုဟာ အကျိုးအမြတ်မရှိဘဲတော့မဖြစ်ပါဘူး။အကျိုးဆက်က သူ့အချိန်သူပေါ်လာမှာပါ။ ......


ဒီဟာတွေဟာတန်ပါတယ်။ အဲဒီလိုရုန်းကန်ခဲ့လို့ ဖြတ်ကျော်ခဲ့လို့ ကျွန်မတို့ဟာပြည်သူနဲ့အခုလို ပြန်ထိတွေ့နိုင်တာပါ။ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတိုအင်အားနဲ့ပေါင်းပြီးတော့ ကျွန်မတို့လိုချင်တဲ့နိုင်ငံကို တည်ဆောက်နိုင်တဲ့အခွင့်အရေးတွေ ပွင့်လာတာဖြစ်ပါတယ်။ ဒါက ပွင့်ရုံပဲရှိသေးတယ်နော်။
လမ်းကပွင့်ရုံပဲရှိသေးတယ်။ ကျွန်မတို့ဒီလမ်းကို မလျှောက်ရသေးဘူး.

လမ်းကပွင့်ရုံပဲဆိုလျှောက်နိုင်ဖို့ဆိုတာ ကျွန်မတို့ကို ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့မဲပေးဖို့လိုပါတယ်”

(၅)“ ပြည်သူလူထုရဲ့သြဇာလွှမ်းမိုးနိုင်မှ ပြည်သူလူထုဟာချမ်းသာမှာဖြစ်ပါတယ်။ဥပဒေစိုးမိုးရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့ပြောနေတဲ့အခါကျတောပြည့်သူလူထုရဲ့ဘ၀အကြောင်း ရုန်းကန်နေရတဲ့အကြောင်း မစဉ်းစားဘူးလားလို့တချို့က မေးခွန်းထုတ်နိုင်ပါတယ်။ အများကြီးစဉ်းစားပါတယ်။
ကျွန်မတို့နိုင်ငံမှာ အရေးကြီးတာ ဆင်းရဲမွှဲတေမှုပပျောက်အောင်လုပ်ဖို့အလုပ်တွေဖန်တီးပေးဖို့၊ ကျန်းမာရေး ပညာရေး တိုးတက်အောင်လုပ်ဖို့။ဒါဟာပြည်သူလူထုအားလုံးရဲ့လိုအပ်ချက်ဖြစ်ပါတယ်”

(၆)“ ဒီမိုကရေစီနိုင်ငံရေးမှာဆိုရင် ကိုယ်မဲထည့်တဲ့ပါတီဟာအင်မတန်အရေးကြီးပါတယ်။
ပါတီရဲ့ကိုယ်စားလှယ်အရေးကြီးတာမှန်တယ်။ ဒါပေမယ့်ါကိုယ်စားလှယ်က ဘယ်သူပဲဖြစ်နေနေ ဘယ်ပါတိကိုကိုယ်စားပြုလည်း မစဉ်းစားလို့မရပါဘူး။ အဲဒီနိုင်ငံရေးအဖွဲ့အစည်း နိုင်ငံရေါ်ပါတီဟာ ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာ ပြ့ည်သူတွေက စဉ်းစားရမှာပါ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူရဲ့ ကျေးဇူးကို မမေ့နိုင်အောင် ပြည်သူရဲကထောက်ခံမှုနဲ့ရှင်သန်ခဲ့ရတဲ့အဖွဲ့ပါ။

ကျွန်မတို့မှာအားနည်းချက်တွေလည်းရှိပ်ါတယ်။ အဲဒီအားနည်းချက်တွေလည်းပြုပြင်သွားဖို့ကြိုးစားပါ့မယ်။ ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေမှာလည်းအားနည်းချက်တွေရှိမှာပါပဲ။ အဲဒါတွေကိုလည်း တတ်နိုင်သမျှကြိုးစားကြပြီးတော့ပြုပြင်ပေးပါ့မယ်”

(၇)“ကျွန်မတို့ကို ထောက်ခံတဲ့အဖွဲ့အသီးသီး မြန်မာမွတ်စလင်အဖွဲ့ဆိုတာလည်း လမ်းမှာထောက်ခံတဲ့အခါ ကျတော့ ကျွန်မတို့ အများကြီးပီတိဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူမျိုးဘာသာမရွေးး ယုံကြည်ချက်တစ်ခုနဲ့ ဆက်ပြီးလုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်တယ်။ နောက်ပြီးတော့ အမည်မသိ ကျွန်မအမြဲပဲပြောပါတယ်။

“စစ်သည် စစ်သည်ပေါင်းများကြားထဲမှာ အညတြစစ်သည်တွေဟာ လေးစားရဆုံးပဲ နာမည်မသိ နာမထင်ရှားတဲ့ ကျွန်မတို့ကိုထောက်ခံတဲ့ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာ ကျွန်မတို့ဟာ လှည်းကူးမြို့နယ်မှာမို့လို့ တပ်မိသားစုတွေလည်း အများကြီး ပါဝင်မယ်လို့မျှော်လင့်ပါတယ်။

ဒီမြို့နယ်ကနေစပြီးတော့ ကျွန်မတို့တပ်မတော်နဲ့ ပြည်သူကြားမှာပိုပြီးနီးစပ်အောင်လို့ တပ်မတော်နဲ့ပြည်သူဟာ ဒီမိုကရေစီရအောင်လို့ လက်တွဲပြီးတော့ လုပ်ကြပါစိုးလို့ ကျွန်မဆန္ဒပြုပါတယ်” //(Yangon press international)
Photo..min kyaw khine Facebook

0 ဆက်သွယ်ရေး ၀န်ကြီးဌာန၏ မရိုးသားမှု


ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ...။

မနေ့က သူငယ်ချင်းတယောက်က ပြောပြမှ သိရတာ။ အရင်က ကြားတော့ကြားမိသား။ သေချာမသိဘူး။ မနေ့ကတော့ သူငယ်ချင်းက ပြောရုံတင်မဟုတ်ဘဲ လက်တွေ့ လုပ်ပြလိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ဟုတ်တယ်။ ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ။ ဘယ့်နှယ်....သုံးလာတာ နှစ်နဲ့ချီကြာမှ သိရတယ်လို့။ ကျွန်တော်တင်လားဆိုတော့...ဘယ်ဟုတ်မလဲ လူပေါင်း လေးသိန်းဝန်းကျင်လောက် ခံနေရတာ။

ဖုန်း Miss Call ပေးတာ (သို့) ဖြစ်သွားတာကို ဖုန်းထဲက ငွေဖြတ်သွားတယ်ဆိုတာ ကျွန်တော်တော့ ဘယ်မှာမှ မကြားဖူးပါဘူးဗျာ။ လူကြီးမင်းတို့ရော ကြားဖူးကြပါသလား။ အော်.. ပြောရဦးမယ်။ Miss Call အတွက် ဖုန်းထဲက လျော့သွားတဲ့ငွေ (တနည်းအားဖြင့်) ပြည်သူကို ရှင်းရှင်းလင်းလင်း ကြောငြာပေးမထားပါဘဲနဲ့ မရိုးမသား အဖြတ်ခံလိုက်ရတဲ့ ပမာဏကလည်း Miss Call တခါဖြစ်ရင် ကျပ်ငွေ ၃၀၀ တဲ့ဗျာ။

ကဲ... ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ....။

ဖြစ်ပုံက ဒီလိုဗျ....

CDMA 73.......... ဖုန်း ကိုင်နေတဲ့သူတွေ ခံနေကြရတာလေ။ ဆိုပါစို့...။ ခင်ဗျားရဲ့ 73...ဖုန်းကနေ နောက် 73..... ဖုန်းကို ခေါ်လိုက်တယ်။ ဟိုဖုန်းမှာ Miss Call ဖြစ်သွားတယ်(သို့) တဖက်က ဖုန်းကိုင်တဲ့သူက End Call ကို နှိပ်လိုက်တယ် ဆိုရင် ခင်ဗျားဖုန်းရဲ့ Balance မှာ ၃၀၀ လျော့သွားပါပြီ။ ခုမှ ထပ်သိရတာက တဖက်က Miss Call တွေ့လို့ ပြန်ခေါ်လိုက်တော့ လျော့သွားတဲ့ ၃၀၀ ပြန်ပေါင်းပေးတယ်ဗျ။ 73... ဖုန်း အချင်းချင်းဘဲ စမ်းကြည့်ရပါသေးတယ်။ ဖုန်းခကုန်မှာစိုးလို့ Miss Call ဘဲ ပေးတဲ့လူတွေက အများသားကလားဗျ။ စဉ်းစားသာ ကြည့်ကြပေတော့။

ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးမင်းများ မသိတာလား။ တမင် ရည်ရွယ်ချက်ရှိရှိ နဲ့ ပြည်သူကို နှိပ်စက်တာလား။ အဲဒီလောက်လုပ်ကြတာတာ့ တော်တော် မဟားဒယား ဆန်လွန်းတယ်ဗျာ။ ဆန်ကောလောက်မှ စောက်မနက်တဲ့ သူတွေဘဲ။ ဖုန်းကိုင်နေတဲ့သူ အများစုဟာ ကိုယ့်ဖုန်းထဲက ငွေလက်ကျန်ကို ခဏခဏ မစစ်ဖြစ်ကြဘူးလေ။ စစ်ကြတဲ့အခါလည်း ငွေလက်ကျန်ကိုဘဲ ကြည့်တာ။ အရင်တကြိမ်က လက်ကျန်ဘယ်လောက်ကျန်လို့ ခုတကြိမ်ပြောအပြီးမှာ ဘယ်လောက်ပဲ ရှိတော့တယ်ဆိုတာ သိတဲ့လူက မရှိသလောက်ပါ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ပြည်သူ( ဖုန်းသုံးစွဲသူ)ဆီက အခုလို မရိုးမသားလုပ်တာကိုတော့ အလေးအနက် ရှုံ့ချပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများခင်ဗျား....

ခုတော့ သုံးစွဲသူ ပြည်သူများဘက်ကလည်း ရှင်းရှင်းလင်းလင်း သိသွားပြီဆိုတော့ လူကြီးမင်းများဖက်မှ တာဝန်သိစွာဖြင့် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးစေလိုပါတယ်။ ခုလိုပုံစံမျိုးနဲ့တော့ သမ္မတကြီးရဲ့ Good Governance, Clean Government ကို အထောက်အကူ မပေးကြပါနဲ့။ တိုင်းပြည်အတွက် လုပ်ပေးခွင့်ကြုံနေတုန်းမှာ ရိက္ခာအတွက် သိက္ခာနဲ့မလဲကြပါနဲ့။ မိမိတို့သမိုင်း အရိုင်းမခံကြပါနဲ့။

ပြည်သူက လေးစားအသိအမှတ်ပြုခံရတဲ့ သမိုင်းမှတ်တိုင်များ ကိုယ်စီ စိုက်နိုင်ကြပါစေ....။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...။


ရွှေပြည်စိုး

0 Generation Wave (မျိုးဆက်သစ်လူငယ်များ)၏ "ကျည်ဆံတွေအစားပန်းများပွင့် ငါတို့ချစ်တဲ့မြန်မာပြေ" ငြိမ်းချမ်းရေးလှုပ်ရှားမှု




Generation Wave (မျိုးဆက်သစ်လူငယ်များ) မှ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတို့တွင် "ကျည်ဆံတွေအစားပန်းများပွင့် ငါတို့ချစ်တဲ့မြန်မာပြေ" ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

" ကျည်ဆံတွေအစား ပန်းများပွင့်စေ "

ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ
... ကျခဲ့တဲ့ မျက်ရည်
အပြာရောင်ရနံ့တွေဝေ့လို့
ဘယ်လမ်းလျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

... ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘ၀တွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီးပျောက်သွားတဲ့ မိဘတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီမေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ....။

ဘုန်းလူ
Generation wave facebook

Wednesday, February 15, 2012

0 ဗိုလ်ချုပ်ရုပ်ရှင်ထုတ်လုပ်ရေး ရုံးခန်းဖွင့်ပွဲမှဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်တို့ရဲ့မိန့်ခွန်း(ရုပ်/သံ)


The Opening Ceremony of Bogyoke Aung San Film Executive Board Office was held on 13th February 2012 at Da Ma Sadi Road, Ka Mar Youk Township, Yangon. Many of Myanmar Artists attended to this opening event by wearing Myanma Pin Ni Dresses. Myanmar Traditional Dancer Poe Chit donated 4 million Kyats to Bogyoke Aung San film executive board. Former famous actor, Founder of Free Funeral Service Society, Kyaw Thu also transferred the license of his father's "National film production company" to Daw Aung San Suu Kyi.

0 လူထုဟောပြောပွဲအတွက် လှည်းကူးအားကစားကွင်း သုံးခွင့် ပြန်ရ

ညနေ ငါးနာရီခွဲမှ ချက်ခြင်းလက်ငင်းမနက်ဖြန်အတွက် စင်မြင့်တည်ဆောက်နေပုံ

ဒေါ်အောင်ဆန်းစုကြည်၏ နက်ဖြန်ခါ လှည်းကူးခရီးစဉ် အတွင်း လူထုဟောပြောပွဲတွက် ဘောလုံးအားကစားကွင်း အသုံးပြုခွင့် ပြန်လည်ရရှိပြီဟု ယနေ့ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ် အာဏာပိုင်များက အန်အယ်လ်ဒီပါတီသို့ အသိပေးလိုက်သည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ယင်း ဘောလုံးကွင်း အသုံးပြုခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သော်လည်း လှည်းကူးမြို့နယ် အားကစားဋ္ဌာနက မြို့နယ်အားကစားကွင်းကို နိုင်ငံရေး ကိစ္စရပ်များတွင်သုံးစွဲခွင့်မပြုနိုင်ကြောင်း ယနေ့နေ့လည် ၁၂နာရီခွဲတွင် အကြောင်းကြားခဲ့သည်။

ယင်းအကြောင်းကြားစာကို ရရှိပြီးနောက်တွင် အန်အလ်လ်ဒီပါတီမှ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ တင်ပြခဲ့ကြသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းကိစ္စကို ပြန်လည်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို မည်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဆုံးဖြတ်ကာ အကြောင်းပြန်ကြားခဲ့သည်။

ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်အားကစား ဋ္ဌာနကခွင့်ပြုကြောင်း အကြောင်းပြန်ချက်ကို အန်အယ်လ်ဒီပါတီသို့ အသိပေးခဲ့ကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။


ယခုလ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုကြသူများ


Yangon press international
7Day News Journal-ဒေါ်အောင်ဆန်းစုကြည်၏ မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့နံနက် ကိုးနာရီ လေးဆယ်မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှ ကားများ စတင်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ၁၂ နာရီတွင် ထောက်ကြန့်လမ်းဆုံသို့ ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက်စကားပြောမည်ဖြစ်သည်။ ထို့နောက် လှည်းကူးမြို့သို့ ဆက်လက် ထွက်ခွာ မည်ဖြစ်ကာ မြို့နယ်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ရန်ကုန်သို့ ညနေ လေးနာရီအရောက် ပြန်လာမည်ဖြစ်ကာ ညနေ ငါးနာရီခွဲတွင် ဂျာမန်နိုင်ငံလွှတ်တော်အမတ် ရှစ်ဦးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်အားကစားကွင်းကို ပြည်ထောင်စုအားကစား ၀န်ကြီး မှ အသုံးပြုခွင့်မပေးနိုင်ကြောင်း ယနေ့နံနက်က ပြောဆိုခဲ့သော်လည်း ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ အသုံးပြုခွင့်ပေးရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

Tuesday, February 14, 2012

0 “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် အများပြည်သူ ပါဝင်နိင်သော အခန်းကဏ္ဍ”




“ပြည်သူ့မဲတစ်ပြားချင်းစီဖြင့် ပြည်သူ့ဘ၀ကို ရွေးချယ်ခွင့်ရမည့် ၁ရက်နေ့ ဧပရယ်လ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ”
“တို့ကျောင်းသားတို့ မဲပေးမည်...ခွတ်ဒေါင်းဘေးတွင် အမှန်ခြစ်မည်”
“အာဏာရှင်စရိုက်ပပျောက်ရေး ခွတ်ဒေါင်းဘေးမှာ အမှန်ပေး”
“ပြည်သူအာဏာရရှိရေး ခွတ်ဒေါင်းဘေးမှာ အမှန်ရွေး”
“ခွတ်ဒေါင်းဘေးတွင်အမှန်ခြစ် ပြည်သူ့ကဏ္ဍသစ်”
“NLD ကိုအမှန်ခြစ် ပြည်သူ့ဆန္ဒစစ်”
ယခုကြားဖြတ်ရွေးကောက်ပွဲကာလ ၁.၄.၂၀၁၂ ၌ လစ်လပ်နေရာ (၄၈)နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်NLDလွတ်တော်ကိုယ်စားလှယ်လောင်း(၄၈)ယောက်သည်မည်သည့်ပြည်နယ် မြို့နယ်များတွင်ဝင်ရောက်ယှဉ်ပြိုင်စေကာမူ NLD ပါတီတစ်ခုထဲမှဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုဖြင့် ပြည်သူ့ဆန္ဒအစစ်အမှန်များကို ဖော်ထုတ်မည့်သူများဟု ယုံကြည်ခံစား ပြည်သူအများမဲပေးခြင်းဖြင့် ပြည်သူ့ကဏ္ဍသစ်ကို ဖွင့်လှစ်ကြပါစို့......
မှတ်ချက်။ ။မိမိတို့နေထိုင်ရာ မြို့နယ် ပြည်နယ်များတွင် ခေါင်းစီးအလံများ ပုဝါများ ၀တ်စုံများ ထုတ်၍ ကြားဖြတ်ရွေးကောက်ပွဲအား ပါတီဝင်မဟုတ်သော ကျောင်းသားလူငယ်များနှင့်အများပြည်သူမှ ပါဝင်နိင်သောကဏ္ဍမှဝတ်ဆင်ပါဝင်နိင်ရန် လေးစားစွာ တင်ပြအပ်ပါသည်။
ကိုဝေဠု (ကျောင်းသားလူငယ်)

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်)တွင်ကျင်းပသောမြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)


Photo..Information Department of NLD.AP

0 ဟင်္သာတမြို့နယ် ဆေးရုံအုပ်ကြီး ဦးကြည်စိုး ပူးပေါင်းပါဝင်သည့် မသမာမှု အား ပြန်လည်ဖော်ထုတ်နိုင်ရန်။












ပေးပို့သူ။။ imyour friend

0 နေပြည်တော် ၀န်ကြီးဌာနများရဲ့ အတွင်းရေး အပိုင်းအစများ....ရဲသွင်ထွဋ်(FFSS)

(၁) လက်ရှိဝန်ကြီးအများစုသည် ကြံ့ဖွံ့ ပါတီဝင်များဖြစ်သည့်အလျောက် ၄င်းတို့  မဲဆန္ဒနယ်များကို ခရီးစဉ်(အလုပ်အကြောင်းပြ)အမျိုးမျိုးပြပြီး နိုင်ငံတော်စရိတ်( ကား/ စက်သုံးဆီ/ ဧည့်ခံစရိတ်/ တည်းခိုစရိတ်/ ဒေသတို့ ထောက်ပံ့လှူဒါန်းခြင်း၊...စတာတွေ၊ အများကြီးကျန်ပါသေးသည်)ဖြင့် သွားလာနေကြပါသည်။ အမှန်တွင် ပါတီအသုံးစရိတ်မှ သုံးစွဲသင့်ပါသည်။

(၂) တာဝန်ဖြင့်ခရီးသွားခြင်းတွင် ၀န်ထမ်းမဟုတ်သော ဇနီး၊ သားသမီးများကို ခေါ်ဆောင်နေကြရာ ၀န်ထမ်းများ(အထူးသဖြင့် အမျိုးသမီးများ)သည် ခင်ပွန်းနှင့် သားသမီးများပစ်ထားပြီး ပြုစုနေကြရပါသည်၊၀န်ထမ်းများ၏ စိတ်ဓါတ် တိုးတက်မြင့်မားမည့်အစား ဖော်လံဖားစိတ်ဓါတ် ၀င်နိုင်ပါသည်။

(၃) ၄င်းတို့ အတွက် ကုန်ကျစရိတ်များသဖြင့် ၀န်ထမ်းများ လာဘ်စားခြင်း၊ ဌာနတို့ တင်ပြခြင်းဖြင့် နိုင်ငံတော်စရိတ်ကုန်ကျစေပါသည်၊ ထို့ အပြင် ၄င်းအကြီးအကဲများကို အထင်သေးစိတ်ဝင်လာပါသည်။ ရွံရှာလာပါသည်။

(၄) ပါတီစည်းရုံးရေးကို လုပ်ငန်းတာဝန်ဖြင့် ရောကာ အခြားဌာနအကြီးအကဲ(MD,DG)များနှင့် နောက်လိုက်အဖွဲ့ ( ကင်မရာ၊ လုံခြုံရေးအဖွဲ့ ၊ ယာဉ်မောင်း)တို့ အတွက် ကုန်ကျငွေများမှာ သွယ်ဝိုက်ပြီး နိုင်ငံဘဏ္ဍာဆုံးရှုံးနစ်နာပါသည်။ MD,DG များ ၄င်းတို့ ဌာန အလုပ် မလုပ်နိုင်ကြပါ။

(၅) ဆောက်လုပ်ရေးဝန်ကြီးသည် ဌာနများမှ အမျိုးသမီးဝန်ထမ်းများကို တစ်လတစ်ကြိမ် အလှည့်ကျတာဝန်ချကာ ထမင်းချက်အဖြစ်ခေါ်ခိုင်းသဖြင့် ရုံးဝန်ထမ်းများ အလုပ်ပျက်၊ စိတ်ဓါတ်ကျနေကြပါသည်၊ ကုန်ကျငွေမှာ Entertainment ဆိုသော နိုင်ငံစရိတ်ဖြစ်ပါသည်။

(၆) ဆောက်လုပ်ရေးဝန်ကြီးသည် ခရီးစဉ်များထွက်ပါက (တစ်ကြိမ်မကကြုံခဲ့ရခြင်း) ရန်ကုန်အမြန်လမ်းမတစ်လျှောက် ၀န်ထမ်းများကို တစ်ဖာလုံ နှစ်ဖာလုံခြား မတ်တပ်စောင့်ခိုင်းထားပါသည်၊ ရန်ကုန်မှ အင်ဂျင်နီယာများအားလုံးက Toll gateတွင် တန်းစီစောင့်နေရပါသည်။ Surf ကဲ့သို့ သော ကားအကောင်းများလာပါက ၄င်းတို့ ခမျာ ပညာတတ်၊ အသက်အရွယ်အရ ဖခင်မိခင်ကြီးများအရင့်အမာဖြစ်ပါလျှက် ပျာပျာယာယာဖြင့် ကြိုဆိုရန် တန်းစီကြရပါသည်။ ၀န်ကြီးကားမဟုတ်က ကြုံရာတွင် ဖင်ချထိုင်ကြရပါသည်။

(၇) သို့ ရာတွင် အလုပ်လုပ်သော ၀န်ကြီးမို့  တော်ပါသေးတယ်။

(၈) ဘဏ္ဍာအခွန်ဝန်ကြီးကျတော့ ပိုဆိုးပါတယ်။

(၉) ငွေနဲ့ ပါတ်သက်သောဌာနမို့ ထင်ပါရဲ့ ငွေအရမ်းလိုချင်သူ၊ နာမည်ကောင်းရချင်သူ၊ စပွန်ဆာဖြင့် အလှူလုပ်သူဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေထဲမှာ တပ်မှူး၊ တိုင်းမှူးမလုပ်ခဲ့လို့  သိရပါတယ်၊ ဖော်လံဖားတော်တာတစ်ခုပဲဖြစ်ပြီး အလုပ်ကြတော့ စိတ်မပါကြောင်း၊ ဌာနအကြီးအကဲများအပေါ် သြဇာလွှမ်းမိုးပြီး နေ့ စဉ် နံနက်တိုင်းBriefingခေါ်ကာ အချိန်ဖြုန်းကြောင်း၊ Cabinet မရှိက ပိုဆိုးကြောင်း၊ နေ့ လည်အားလျှင် video TV ကြည့်ပြီး သမ္မတခေါ်မှ ကပျာကယာဖြင့် လိုအပ်သောစာရွက်စာတမ်းရှာဖွေကာ ဆူပူကြိမ်းမောင်းကြောင်း၊ ညနေတိုင်းနီးပါး ဌာနအကြီးအကဲများခေါ်ကာ ဂေါက်ရိုက်ကြောင်း သိရပါသည်။

(၁၀) ဘဏ်၊ ဗဟိုဘဏ်ဆောက်သော ရွှေတောင်မှ ဥတရသီရိအိမ်အားဆောက်ပေးရကြောင်း၊ ဗဟိုဘဏ်မှ ၀န်ကြီးပိုင် ကျွန်း၊ သရက်စိုက်ခင်းအတွက် တစ်လကို သိန်း ၂၀၀ ခန့်  စိုက်ထုတ်ပေးရကြောင်း သိရပါတယ်။

(၁၁) စာနာစိတ်တော့ကောင်းတယ်ပြောရမလိုပဲ။ မေမြို့ က ဘဏ်ပိုင်အိမ်တစ်လုံးလိုချင်တော့ ဘဏ်ဝင်းထဲမှာ အိမ်တစ်လုံးဆောက်ပေးပြီး ပြောင်းခိုင်းတယ်၊ အခုတော့ သူသိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

(၁၂) မန္တလေးမှာလဲ ဘဏ်ပိုင် သိန်း ၃၀၀၀ လောက်တန်တဲ့ အိမ်တလုံးကိုလဲ သူပဲ ယူတယ်လို့ သိရပါတယ်။

(၁၃) တောင်ကြီးမှာလဲ ဘဏ်က ချေးငွေအိမ်တစ်လုံးကို သူပဲယူတယ်လို့  ဘဏ်အငြိမ်းစားတစ်ဦးကပြောပါတယ်။

(၁၄) ခရီးသွားတိုင်း မိန်းမက လိုက်နေတော့ ဌာနအောက်ကလူတွေလဲ စိတ်ဓါတ်တွေကျနေကြပါတယ်။

(၁၅) မကြာသေးမီက ဘဏ်မှာ ရာထူးတိုးတစ်ခုမှာ အသက် ၅၇ ကျော်လို့ ဆိုပြီးချန်ခဲ့လို့  ၀န်ထမ်းတွေ နစ်နာကြရတယ်။

(၁၆) သူ့  PSO ကျတော့ ဗဟိုဘဏ်အလုပ် ဘာတစ်ခုမှ မတတ်ပဲ ရာထူးတွေပေးတယ်၊ ဦးဘရတ်ဆင်းနဲ့  ဦးထွန်သိန်း၊ ဦးမင်းထွဍ်တို့ ဆို ရာထူးတွေ မြန်မှမြန်နဲ့ ၊ စစ်သားချင်းတောင် ကကနက်မှ ပြန်ကြ့ည်တယ်ဆိုပြီး တခြားအရာရှိတွေ စိတ်နာနေကြတယ်။

0 အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်



အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း မွေးနေ့ဖြစ်သည်နှင့်အညီ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို အမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့ကြသည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူကြီးများ၊ လူငယ်များတက်ရောက် အားပေးခဲ့ကြသည်။ ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲ ကောင်းများအား ရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းကိုပြုလုပ်၍ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ဗိုလ်ချုပ်၏သမိုင်းကို ရိုက်ကူး ရာတွင် တက္ကသိုလ်ကျောင်းသားဘဝကို ပီပြင်ဖို့လိုကြောင်း၊ ကျောင်းသားသမ္မဂ္ဂ အဆောက်အဦးနှင့် လှုပ်ရှားမှုများပါဝင်ရန် အရေးကြီးကြောင်း” တိုက်တွန်းပြောဆိုခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ရာ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဇာတ်မင်းသား ဖိုးချစ်၊ ဦးကျော်သူ၏ ဖခင်၏ “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်+ဒေါ်မြသန်းတို့အား ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားအား နံနက် (၁၀း၃၀) နာရီခန့်တွင် ရှုပ်သိမ်းခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံစကား ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၃.၂.၂၀၁၂) မှစ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တစ်ဦး ဖြစ်သွားပြီ ဖြစ်တော့ သည်။

ကိုကျော်သူ

Monday, February 13, 2012

0 ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းအတွင်းတွင်ကျင်းပသောပြည်ထောင်စုနေ့ညပိုင်းအခမ်းအနားဓာတ်ပုံများ


ုPhoto.kyaw soe moe Facebook

Sunday, February 12, 2012

1 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၆၅)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား





Photo .AP

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.