Saturday, January 22, 2011

0 ကံ ဆိုတာ '' အလုပ် '' ပါပဲလို့ပြောကြားခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်NEWSWEEK သတင်းထောက်တို့အင်တာဗျုး

မြန်မာ ပြည် တပ်မတော် အစိုးရ ၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှ စီးပွားရေးပိတ်ဆို့မှု များ ၊ ကံ ကံ၏ အကျိုး နှင့် နောင် အနာဂတ် အကြောင်းများကို  NEWSWEEK သတင်းထောက် DANIELLE BERNASTEIN  နင့် အင်တာဗျုးတွင်  ပြောကြားခဲ့ ပါသည် ။

နေအိမ် အကျယ် ချုပ် ချထားခဲ့တာကြောင့် ခငိဗျားရဲ့ အချိန် တော်တော် များများ ကို ရေဒီယို နားထောင်ရင် ကုန်ဆုံးခဲ့ ရတယ်ဆိုတော့ ဘာတွေ ကို ခငိဗျား နားထောင် ဖြစ်ပါ သလဲ ?

နိုင်ငံရေး အကြောင်းနဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ ကတော့ တာဝန်တစ်ရပ် အနေနဲ့ နားထောင်ဖြစ်ပါတယ်။ အလုပ် တစ်ခု ပဲပေါ့ လေ။ ဒါပေ့မယ့်လို. ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ် တွေ ကတော့ ကျမ အကြိုက်ပါ ပဲ ။ကျမ က ဘီဘီစီ အသံလွင့် အစီအစဉ် တော်တော် များများ ကို နား ထောင် ဖြစ်ပါတယ် ။ ဒါပေမယ့်ကြည့်ရတာ သုတို့မှာ တေးဂီတ အစီအစဉ်တွေ အတွက် အချိန် သိပ် မပေးနိုင် တာကိုတွေ့ ရပါတယ် ။ကျမ နားထောင်တဲ့ အချိန် ကလည်း ဘီဘီစီ မြန်မာဘာသာ အစီအစဉ်နဲ့လွတ်လပ်သော အာရှ အသံ လာတဲ့ အချိန် မို့လို့လဲ ဖြစ်နိုင်ပါတယ် ။
တစ်နေ့ကို အနည်းဆုံး ခြောက်နာရီ လောက်တော့ နားထောင် ဖြစ်ပါတယ် ။ အချိန်တိုင်းမှာလဲ ကြောက်စရာ တုန်လှုပ်စရာ သတင်းတွေ ချည်းကြားနေရတယ် ။ကြည့်ရတာ ကတော့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲ တာ ၊ အကြမ်းဖက် တိုက်ခိုကတာ တွေ ဟာ မြန်မာပြည်မှာ တင် မဟုတ်ပဲ ကမ္ဘာ တစ်ဝှမ်း လုံး မှာ ဖြစ်ပွားနေတယ် လို့ထင်ပါတယ် ။  မြန်မာပြည်ထဲ မှာ တင်မက ပါဘူး ရေးလွမ်းမိုးမှု တွေ ၊ ငလျင်လှုပ် ခတ်မှု တွေ ၊ ဆိုင်ကလုံး မှုန် တိုင်း တွေ စတာတွေ ပေါ့ ။

ဒါဆိုရင် ၂၀၀၇ ခုနှစိ သံဃာ.လှုပ်ရှားမှု ( မြန်မာပြည် စစ်အစိုးရ ကို ဆန့်ကျင် ရှုံချမှု ) ပေါ့လေ .. ဒီသတင်းကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?

ကျမ စဖြစ်ကတည်း ကသိလိုက် တယ် ၊အဲဒါက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးလို့ ။ကျမ အရမ်း ၀မ်းနည်းရပါတယ် ။ဒါပေမယ့် ဒီ ဖြစ်စဉ်ဟာ လူတော်တော် များများ ရဲ့ စိတ်ကို ပြောင်းလဲအောင်တော့ ဖန်တီး နိုင်ခဲ့ပါတယ် ။ဒါဟာ အရမ်း အရေးကြီးတဲ့ အချက်ပါပဲ ။ ကျမ ထင်တာပေါ့လေ ..လူတော်တော် များများ က နိုင်ငံရေး ဆိုတာ သူတို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး  လို့ ထင်နေတာ သံဃာတွေ တွေ အပေါ်မှာ ပြုမှု လိုက်တဲ့ အခါ ကျတော့ ဒီနိုင်ငံ မှာ ဖြစ်နေတဲ့ ကိစ္စတွေ ကို လုံးလုံး လစ်လျု ရှု လို့ရပါလား လို့နက်နက်ရှိုင်းရှိုင်း သိသွားကြပါတယ်။

ခင်ဗျား ဟာ စီးပွားရေးပိတ်ဆို့ထားမှု  အပေါ်မှာ ခေါင်းမာမာနဲ့(မြန်မာစစ်အစိုးရ၏ဖိနှိုပ်လွမ်းမိုးအုပ်ချုပ်ထားမှုများအားဆန့်ကျင်၍) ရပ်တည်နေမှုကြောင့် ဝေဖန်ခံ နေရတယ် နော် ?

အချို့ လူတွေ ကတော့ စီးပွားရေးပိတ်ဆို့မှု ကို    နိုင်ငံတွင်း စီးပွားရေး ဖွဲ့စည်းပုံ ပျက်နေရတာ   ဒါကြောင့် ဆို  ပြီး ဆင်ခြေဆင်လက် ပေးကြပါတယ် ။ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပညာရှင်တွေက တော့ အဓိက ပြသာနာကြီးက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လိုအပ်ချက်တွေ ကြောင့် လို့ထင်ကြတယ်၊ ပြီးတော့လည်း IMF (နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့  )ပြောနေတာကလည်း စီးပွားရေးပညာရှင်တွေ နဲ့အတူတူ ပါပဲ ။

ဒါဆို သူတို့ ဘာလို့ မပြောင်းတာလဲ ?

ဘာလို့လဲ ဆိုတော့ တစ်ချို့လူတွေ က ဒီစီးပွားရေးပိတ်ဆို့မှရှိနေလည်း အပြင်ကနေ ကောင်းကောင်းလုပ်နိုင်တာပဲလေ ဒီလို ပါဝါသုံးပြီး ပိတ်ထား လည်း တစ်ဦးချင်းအလိုက် တစ်ယောက်ချင်း အလိုက်အနည်းစု အတွက်ကိုတော့ ပြောင်းလဲ ချင် အောင် စွမ်း ဆောင် မထားနိုင်ပါဘူး ။

ခင်ဗျားတို့ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေ က အသက်ကြီးနေပြီ ဆိုတော့ ဒီ လစ်ဟာနေတဲ့အပေါက်ကို ဘယ်လို ဖာထေးမှာပါလဲ ?

ဒီနိုင်ငံထဲမှာ နိုးနိုးကြားကြားတက်တက်ကြွကြွနဲ့သင်ယူလေ့လာနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ် ။သူတို့နဲ့ အပြိုင် နိုင်ငံရပ်ခြားကို ရောက် ရှိ နေလို့ သိပ်မသိကြသေးတဲ့ လူငယ်တွေလည်း ရှိပါတယ် ။သူတို့လဲ သင်ယူလေ့လာနေကြတာပါပဲ။ ဒီနိုင်ငံ ကနေ ထွက်ခွာပြီး ပညာရေး စနစ်ကောင်းကောင်း နဲ့ ပညာသင်ယူနေတဲ့ လူငယ်တွေကို ကျမတို့နဲ့ အလုပ်လုပ် ဖို့  ဒီနိုင်ငံကို ပြန်လာစေချင်ပါတယ် ။ဒါဟာ လစ်ဟ သွားတယ်လို့ မခေါ်ပါဘူး ။ ကျမ တို့ ဆန္ဒရှိနေတာ ထက် နည်းနည်း လေး နည်း တယ်ဆိုယုံပဲ။

တကယ်လို့ ဆက်နေဖို့ရွေးချယ် လိုက်တဲ့ သူတွေ အနေနဲ့ ရော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါလဲ ?

အခက်အခဲ အတားအဆီးတွေက အများကြီးပါပဲ ။ ဒါတွေ ကိုတစ်ခုခြင်းလိုက် ပြီး ရေတွက်မနေနိုင်ပါဘူး  ကျမ စဉ်းစားနေတာ '' အခက်အခဲ အတားအဆီး '' ဆိုတာထက် ပို ထိရောက်တဲ့ စကားများရှိ ဦးမလားလို့ပါ။

သူတို့အဖေ တွေ ရဲ့ ခြေရာကို နင်းနိုင်ပြီး နိုင်ငံအတွက် အလုပ်လုပ်ပေးမယ့် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ  ကနည်းနည်းလေးပဲ ရှိတယ်နော် ။အဲဒါ ခင်ဗျား အတွက်ဆို မှန်ပါမလား ?

ကျမ အဖေ( မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ) ဟာ ကျမ အတွက်တော့ စံပြပါပဲ။ကျမရဲ့ ဖခင် လည်း ဖြစ်သလို ကျမရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ် ။ကျမလုံးဝ ဥသုံ ယုံကြည်တဲ့ ပုဂ္ဂိုလ် ဘာကြောင့်လဲ ဆိုတော့ ကျမ က သူရဲ့ ဘ၀ သူရဲ့ အလုပ် နဲ့သူရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို လေ့လာခဲ့ လို့ပါ။

ဒါခင်ဗျားရဲ့ ဘ၀ပေး ကံ အကြောင်းတရားပဲ လို့ထင်ပါသလား ?

ဒါကျမရဲ့ ကံ အကျိုးပေး လို့ ကျမ မထင်ပါဘူး ။မြန်မာ တွေ ဟာ ကံ ကံ ၏ အကျိုးနဲ့ ပတ်သတ်ပြီး ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ် ကျမလည်းပဲ လူတွေ ပြောကြတာကို လက်ခံပါတယ် ကံ ဆိုတာ အကျိုးရှိလို့ အကြောင်း ရှိတာ ..ကံ ဆိုတာ '' အလုပ် '' ပါပဲ...
ရှင် အစေ့ချခဲ့ တဲ့ အပင် ကို ရှင်ပြန်လည် ရိတ်သိမ်းခူးဆွတ်ရမှာပဲလေ ။ရှင် ကောင်းတာ လုပ်ရင် ကောင်းတာ  ဖြစ်မယ် ။ရှင် ရဲ့ အလုပ် ကြောင့် ရှင်ရဲ့ ကံ ကြမ္မာ ဖြစ်ပေါ်လာတာပဲလေ ။ ရှင်ကိုယ်တိုင် လုပ်ခဲ့ တဲ့ အကျိုး ကို ရှင် ပြန် ခံစားရမှာပဲ ။ ကျမက တော့ ကံကြမ္မာ ကို ဘ၀ပေး ကြောင့်တို့ ၊ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းတို့စသည် ပုံစံမျိုး မယူဆပါဘူး ။

ခင်ဗျား ခံစားခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဟာသ တစ်ခုလို့ဖေါ်ပြချင်တာလား ?

အဲ့ ဒီ အတိုင်းပါပဲ ။
DECEMBER 27 , 2010 NEWSWEEK JOURNAL မှ ဆောင်းပါးရှင် DANIELLE BERNASTEIN နှင့် အင်တာဗျုးကို ကိုDaper Aung မှတတ်စွမ်းသလောက် ကြိုးစားပြီး ပြန်ဆိုပါသည်။
မူရင်းလင့်ကိုတော့အသေးစိတ် ဒီနေရာမှာ ဖတ်နိုင်ပါတယ်...

0 TODAY သတင်းဌာနကမနေ့ကထုတ်လွှင့်သွားခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အင်တာဗျူး (ရုပ်/သံ)


ဗီဒီယိုဖိုင်၂ဖိုင်ပေါင်းစပ်ပြီးတင်ပြလိုက်ပါတယ်။
Myanmar Democracy Advocate Gives First U.S. Television Interview
Suu Kyi: I didn't ‘suffer too much’ under house arrest
Myanmar's Aung San Suu Kyi tells TODAY's Ann Curry that despite being detained under house arrest for 15 of the last 22 years, her home is comfortable and that she didn't suffer too much by being alone.

Jan. 21: Aung San Suu Kyi, who calls Gandhi an inspiration, is refocusing her nonviolent movement for democracy, telling TODAY’s Ann Curry that she is willing to engage in dialogue with the military regime and plans on reviewing the position of international sanctions.
today msn

0 နအဖ၏စစ်မှုထမ်း ဥပဒေအပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏သဘောထား ထုတ်ပြန်ချက်

0 ကွယ်လွန်သွားသော ကျောင်းသားတပ်မတော် All Burma Students’ Democratic Front (ABSDF) မှ ရဲဘော် သန်းလွင် ဈာပန အခမ်းအနား မှတ်တမ်းဓါတ်ပုံများ။





ပေးပို့သော ကိုဇော်သူရအားကျေးဇူးတင်ရှိပါသည်။

0 သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်

သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်
      ၂၀.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) အချိန်ထိ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် တစ်နေ့တာ နာရေးကူညီမှုပေါင်း (၃၈) ဦးအား မီးသဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်း တို့ကို ကူညီဖေးမ လုပ်ဆောင်ပေးလျှက်ရှိရာ -
      နေ့လည် (၁း၀၀) နာရီခန့်တွင် သန်လျင် ဖားအောက်တောရရိပ်သာ၏ ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး မိခင်ကြီး ဆရာကြီး အဘွားဒေါ်သုမေဓာ(ခ) ဒေါ်စိန်လင်း (ပငရွာ) အသက် (၈၅) နှစ်၊ ၀ါတော် (၂၀) သည် ၁၈.၁.၂၀၁၁ (အင်္ဂါနေ့) တွင် ကွယ်လွန်သွားပါသည်။ ဈာပနအခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်နှင့် ဂျပန်နိုင်ငံတွင် အသုံးပြုသော အထူးနိဗ္ဗာန် မော် တော်ယာဉ်ကြီးတို့ဖြင့် သွားရောက်၍ ကူညီဖေးမ မီးသဂြိုလ်ပေးခဲ့ပါသည်။ ယင်း ဈာပနအခမ်းအနား သည် သန်လျင်နာရေးကူညီမှုအသင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုရေးသမားအချင်းချင်း စည်းလုံးညီညွတ်ခြင်းအင်အားကို ပြသနိုင်ခဲ့သည်။
      ယင်း အခမ်းအနား၏ ထူးခြားချက်မှာ ဆရာကြီး အဘွားဒေါ်သုမေဓာ (ခ) ဒေါ်စိန်လင်းကို သက်ဆိုင်ရာ သန်လျင်သုဿန်တွင် မီးသဂြိုလ်ခြင်း မပြုလုပ်ပဲ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် မြတ်ကြီး၏ အနောက်ဘက်ဝင်းတွင် မီးသဂြိုလ်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း မီးသဂြိုလ်ခြင်း အခမ်းအနားတွင် လောင်မြိုက်နေသော မီးတောက်များ၊ မိုးယံသို့ တက်သွားသော မီးခိုးငွေ့များ၊ လောင်ကျွမ်းသွားသော ရုပ်ခန္ဓာတို့၏ အနောက်ဖက် ခပ်လှမ်း လှမ်းတွင် ဖူးမြော်လိုက်ရသော စေတီတော်တို့ကို မြင်တွေ့လိုက်ရသည်နှင့် . . .
သေရင် … မီးခိုးနဲ့ပြာ
ပါသွားမှာက … ကုသိုလ် အကုသိုလ် ဟူသော စကားရပ်ကို ပြန်လည်​၍ ကြားယောင်မိတော့သည်။ 

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...

Friday, January 21, 2011

1 ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

photo create by dawnmanhon
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။ လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ်အကျယ်ချုပ်က ပြန်မလွတ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးပါတယ်။

(RFA)

1 ကြယ်တွေကောက်နေသူ .......... မောင်လွမ်းဏီ


ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။


မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ

ရဲဘော် သန်းလွင် (ခ) သော်ဇင်
ကိုယ်ပိုင်အမှတ် ၃၃၅၄
ဗဟိုကော်မတီဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် တတိယမြောက်သားဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ၌ မော်လမြိုင်တက္ကသိုလ် တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက် ရောက်နေဆဲဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုး သို့ ထွက်ခွာ လာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များ အတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများ အတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ် နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် ၆ နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ တွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေး အပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ် ခဲ့သည်။
Absdf Hq  facebookမှ ပြန်လည်ဖော်ပြလိုက်ပါသည်.

0 ၁၁၃ နှစ်မြောက် ဆရာကြီး ဦးရာဇတ် မွေးနေ့

ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြန်မာမွတ်စလင် အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၃ ကြိမ်မြောက် မွေးနေ့ ဆုတောင်းပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် လူငယ်များ စုပေါင်းပြီး ရန်ကုန်မြို့ တစ်နေရာတွင် ကျင်းပ ခဲ့ပါတယ်။

အဆိုပါ ဆုတောင်းပွဲသို့ မွတ်စလင်လူငယ်များ အပါအ၀င် အခြား ဖိတ်ကြားထားသော လူငယ် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ဖတ်ကြားပြီး ဆုတောင်းပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ဆရာကြီး၏ လွတ်လပ်ရေး အတွက် စွန့်လွတ်အနစ်နာခံပြီး ကြိုးပမ်းခဲ့သည့် အကြောင်းများအား လူငယ်များမှ အခြင်းခြင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

နောက်ဆုံးတွင် မိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းပေးခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
Tun Tun Aung

Web Administrator
Burmese Muslim Association
Email: tuntunaung@b-m-a.org
Website: http://www.b-m-a.org

Thursday, January 20, 2011

1 ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားပေါ်တာများ(ရုပ်သံ)

(နေ့သစ်မီဒီယာမှ ...)

1 ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
      ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲ လူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်း xxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန် ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
(ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုး တစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)

      မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေး သမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမ ကူညီပေး ကြရန် လိုအပ်ပေတော့သည်။
 





ပေးပို့သောကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.

0 တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ


တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
      နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး လူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်း များ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းများ၊ သုခအလင်း စာကြည့် တိုက်မှလည်း စာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း အများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်း ကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်းတည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံး ကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်း စတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို (အခမဲ့) သယ်ဆောင်သဂြိုလ် ပေးခြင်းတို့ အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင်သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။ ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။
      ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများရှိသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေးအထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လိုအပ်သော ရုံးသုံးပစ္စည်း ပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်း ရှိခဲ့ပါသည်။
      ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ အရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။ 

ကိုကျော်သူ

Wednesday, January 19, 2011

1 လွှတ်တော်ထဲ ဆက်သွယ်ရေး ပစ္စည်းတွေ မယူဖို့ တားမြစ်

လွတ်လပ်စွာပြောဆိုခွင့်၊ ဆွေးနွေးခွင့်များကို ပိတ်ပင်ထားသော နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦး

လွှတ်တော်အသီးသီးကို တက်ရောက်လာကြမယ့် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲကို လျှပ်စစ်ပစ္စည်း မပြောနဲ့ လွယ်အိတ်ကိုတောင် သယ်ဆောင်ခွင့် မပြုဘူးလို့ ကိုယ်စားလှယ်တွေဆီ ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ လွှတ်တော်အမတ်တွေပေါ်မှာတောင် သက်ဆိုင်ရာက စည်းကမ်းချက်ကို တင်းတင်းကျပ်ကျပ် ချထားတယ်ဆိုတာ ပေါ်လွင်နေတဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လွှတ်တော်တက်ကြမယ့် ကိုယ်စားလှယ်တွေ အနေနဲ့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ အပါအ၀င် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့် မပြုတဲ့အကြောင်း သူတို့ထံ ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ဖော်ပြထားတယ်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု စမ်းချောင်းမြို့နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင်က ပြောပြပါတယ်။

“လွှတ်တော် ပရ၀ဏ်အတွင်းကို ကင်မရာတို့၊ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကွန်ပြူတာတို့၊ လက်ကိုင်ဖုန်းတို့ မယူရပါဘူး။ အသံလွှင့် အသံဖမ်းစက် ဆိုတာမျိုးတွေ၊ လက်ဆွဲအိတ်တွေ၊ လွယ်အိတ်တွေ မယူရပါဘူး။ ခေါင်းပေါင်းနဲ့ ပတ်သက်လို့ ခေါင်းပေါင်းထည့်တဲ့ ဘူးတောင်မှ ယူခွင့်မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော်ထဲမှာ သုံးမယ်ဆိုရင် အထဲမှာ ကတ်ဖုန်း စီစဉ်ပေးပါတယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ကြိုတင်ငွေပေးကတ်ဖြင့် ဆက်သွယ်နိုင်သော တယ်လီဖုန်းများ တပ်ဆင်ထားပါတယ်တဲ့။”
ဒါဟာ လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုကြတာတွေ တိုက်ရိုက် ပေါက်ကြားမှာ စိုးတဲ့အတွက် ကိုယ်စားလှယ်တွေအပေါ် လုံခြုံရေးတွေ တင်းကျပ်ထားလိုက်တဲ့ ကန့်သတ်ချုပ်ချယ်မှု ဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောပါတယ်။
“ဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါ လုံခြုံရေးကို တင်းကျပ်တဲ့ သဘောထား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းကင်မရာတို့၊ အသံဖမ်းစက်တို့ ဘာတို့ ယူသွားမယ်ဆိုရင် Recording လုပ်တဲ့ကိစ္စတွေ၊ လွှတ်တော်အတွင်းမှာ ပြောကြဆိုကြတဲ့ ကိစ္စတွေ၊ အဲဒါတွေ အပြင်ကို တိုက်ရိုက်ကြီး ပြန်မရောက်အောင် ထိန်းချုပ်တဲ့ သဘောထားတွေ ဖြစ်ပါလိမ့်မယ်။
“ဒါကတော့ ကျနော်တို့လို နိုင်ငံမျိုးတွေကတော့ ဒီလိုပဲ ဖြစ်မှာပေါ့လေ။ ဒီ့ပြင် ဒီမိုကရေစီနိုင်ငံနဲ့ သွားယှဉ်ပြောလို့တော့ မရဘူးပေါ့။ ဒီမှာက အခုမှ စပြီး ဟကာစလေး၊ ဒီမိုကရေစီရဲ့ အဟလေး ရှိသေးတယ်ဆိုတော့ အရင်က ခေါက်ရိုးကျိုးနေတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာကို အဓိကထားပြီး လုပ်တယ်လို့ပဲ ကျနော်တို့က မြင်ရမှာပေါ့။”
စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲတဲ့ အမျိုးသားညီလာခံ ကျင်းပစဉ်မှာလည်း အလားတူ ကန့်သတ်မှုတွေ ရှိခဲ့တဲ့အပေါ် ဝေဖန် ကန့်ကွက်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
လွှတ်တော် ပရ၀ဏ်အတွင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ လုံခြုံရေးကို တင်းကျပ်ထားပေမဲ့ ကိုယ်စားလှယ်တွေ သွားလာ၊ တည်းခိုတဲ့ ကိစ္စမှာတော့ အတိုင်းအတာ တခုထိ လွတ်လပ်ခွင့် ပေးထားတာကို တွေ့ရပါတယ်။
“တည်းခို နေထိုင်ရေးနဲ့ ပတ်သက်လို့ကတော့ နေပြည်တော်မှာ ရှိနေတဲ့ ကာလအတွင်းမှာတော့ စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာမှာ တည်းခိုလိုရင် တည်းခိုနိုင်ပါတယ်တဲ့။ အဲဒီဧည့်ရိပ်သာမှာ စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားရှိတဲ့အတွက် စားသုံးလိုပါက ၀ယ်ယူ စားသုံးနိုင်ပါတယ်တဲ့။ ဒါမှမဟုတ် မိမိအစီအစဉ်နဲ့ နေထိုင်စားသောက်မယ် ဆိုရင်လည်း ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါတယ်။ မိမိအစီအစဉ်နဲ့ တည်းခိုမယ် ဆိုပါက တည်းခိုတဲ့လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းကို လွှတ်တော်ရုံးကို ပေးထားရမယ်။
“တကယ်လို့ စည်ပင်သာယာ တည်းခိုခန်းမှာပဲ တည်းမယ်ဆိုရင်တော့ စုပေါင်းပြီး စီးနင်းနိုင်တဲ့ ဘတ်စ်ကားကြီးတွေ စီစဉ်ပေးမယ်ပေါ့ဗျာ။ အချိန်နဲ့ သူ့ဟာသူ။ အဲဒီလိုမဟုတ်လို့ ဘတ်စ်ကားကို မစီးချင်ဘူးဆိုရင် အငှားယာဉ် စီးနင်းနိုင်မယ်၊ စီးနင်းချင်တယ် ဆိုရင်လည်း အငှားယာဉ် စီစဉ်ပေးထားပါမယ်။ ဒါမှမဟုတ်လို့ ကိုယ်ပိုင်ကားနဲ့ ကိုယ့်ဘာသာ မိမိအစီအစဉ်နဲ့ ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင်လည်း အဲဒီကားရဲ့ အမျိုးအစားနဲ့ ကားနံပါတ်တွေ ပေးပြီးတော့ ခွင့်ပြုချက် ယူရမှာပေါ့။”
ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးသွားလာ နေထိုင် စားသောက်တာတွေအတွက် ငွေစာရင်း ပြန်တင်ပြီး တောင်းဆိုနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တည်းခို နေထိုင်စရိတ်၊ စားသောက်စရိတ်၊ ခရီးစရိတ် စတဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ရန် ငွေစာရင်းဌာနကို အဲဒီမှာ ဖွင့်ထားပါတယ်လို့ ဒါပဲပါတယ်။ အဲတော့ မိမိခရီးစဉ်မှာ စီးနင်းခဲ့တဲ့ လေယာဉ်တို့၊ ရထားတို့၊ ကားတို့၊ အဲဒီလက်မှတ်တွေကို ယူဆောင်လာပါ။ ဥပဒေအရ သတ်မှတ်ထားတဲ့ စရိတ်တွေကို ထုတ်ပေးပါမယ်လို့ ပါပါတယ်။”
NDF ပါတီကနေ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ဦးစိုးလွင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဦးစိုးလွင်ဟာ NDF ပါတီရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ဥပဒေအရ သတ်မှတ်ထားတဲ့ စရိတ်တွေကို ပြန်ထုတ်ပေးမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပေမဲ့ အဲဒီ သတ်မှတ်စရိတ်ဆိုတာ ဘယ်လောက်ဖြစ်မယ် ဆိုတာတော့ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။
ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်ကို တက်ဖို့အတွက် ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် ၂၇ ရက်နေ့မှာ နေပြည်တော်ကို အရောက်သွားကြရမှာ ဖြစ်ပါတယ်။
အခုလို တင်းကျပ်တဲ့ ဥပဒေတွေ ကြိုတင် ထုတ်ပြန်ထားတာကြောင့် လွှတ်တော်အတွင်း အခြေခံဥပဒေပါ အကြောင်းအရာတချို့ ပြင်ဆင်ရေး အပါအ၀င် ဥပဒေမူကြမ်း အမျိုးမျိုးကို တင်သွင်းဖို့ ပြင်ဆင်နေကြတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ တကယ့်လက်တွေ့မှာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မယ်၊ အချိန် ဘယ်လောက်ကြာမှ လုပ်ဆောင်နိုင်မယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။
(voa)

0 ဂီရိမုန်တိုင်းဒဏ်ခံခဲ့ရသောသူများအတွက်အကူအညီများလိုအပ်နေဆဲဖြစ်၍ ၀ိုင်းဝန်းကူညီပေးကြပါရန်

Giri PDF

Tuesday, January 18, 2011

0 ပြည်တွင်းစစ်ဖိတ်စာ အိမ်တံခါးပေါက်အထိ ရောက်လာပြီလား။

အစိုးရက စစ်မှုမထမ်းအနေရ အမိန်.ပြဌာန်းချက်တခု ထုတ်ပြန်လိုက်တဲ့အချက်ဟာ လူအများ အထူးသဖြင့် လူငယ်အများစု တုံ.ပြန်စကား ပြောဆို ဆွေးနွေးမှုတွေ ရှိလာခဲ့ပါသည်။ ၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲလုပ်မည့် အမိန်.တွေ ၂၀၁၀ ရွေးကောက်ပွဲလုပ်မည့် သတင်းတွေထက် လူငယ်တွေရဲ့ တုံ.ပြန်မှုတွေ ပိုပြီး များပြားခဲ့တာကတော့ အမှန်ပါ။ ပိုပြီး စိတ်ဝင်စားတဲ့အရလဲ ဖြစ်ပါသည်။

ဒါဟာ ပြည်တွင်းစစ်ဖိတ်စာ အိမ်တံးခါးပေါက်တွေအထိ ရောက်လာနေပြီးလားလို တွေးစရာပါ။ အရင်တုန်းကတော့ ပြည်တွင်းစစ်ဖြစ်နေတာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်နေတာ လူအများ သိကြနေပေမည့် ဒီစစ်ပွဲတွေဟာ လူအများနဲ. ဆိုင်တဲ့ ကိစ္စလို. မထင်ကြပါဘူး။

စစ်တိုက်တာ တိုက်ပွဲတွေ ဖြစ်နေတာဟာ စစ်တပ်နဲ. တောတွင်း လက်နက်ကိုင်အဖွဲ.တွေရဲ့ကိစ္စ အဲဒီ သူတွေနဲ.ပဲ ပတ်သက်တဲ့အရာတွေလို. အကြမ်းပြင် လူတွေက ခံယူထား သဘေားထားခဲ့တာပါ။ တချို.ဆို လုံးဝကို ကိုယ်နဲ. မဆိုင်တဲ့အရာလို.တောင် ခံယူထားပုံ ရှိပါသည်။ မပတ်သက်ချင်လဲ ခပ် ကင်းကင်း ဝေးဝေးနေလို.ရခဲ့တာကိုး။

အခုတော့ နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ စစ်ပွဲတွေ မှိုင်းကွင်းတွေဟာ စစ်တပ်ထဲက စစ်သားတွေ တောတွင်းက လက်နက်ကိုင် တပ်တွေနဲ.ပဲ ဆိုင်တာ မဟုတ်ပဲ လူအားလုံး မြန်မာနိုင်ငံသား အားလုံး အထူးသဖြင့် လူငယ်တွေ အားလုံးနဲ. ဆိုင်နေတဲ့ တိုက်ရိုက် ပတ်သက်ရတော့မည့် ကိစ္စလို ဖြစ်သွားတာကြောင့် ပြည်တွင်းစစ် ဖိတ်စာဟာ အိမ်တိုင်ယာရောက် တံခါးလာခေါက်ပြီး အိမ်ပေါက်ဝအထိ ရောက်ရှိလာတဲ့ပြသာနာ အိမ်ရှေ.အထိ ရောက်လာတဲ့ကိစ္စလို ဖြစ်သွားပါတော့သည်။ အဲဒီပြသာနာတွေဟာ လူငယ် အားလုံးရဲ့ ဘ၀နဲ.အသက် ကိုယ်ခန္ဒာတွေကို တနေ.မဟုတ် တနေ. တချိန် မဟုတ် တချိန် တိုက်ရိုက် ခြိမ်းခြောက်မည့် အန္တရာယ် မကောင်းဆိုးဝါးတွေ ဖြစ်လာတော့မည် ဖြစ်ပါသည်။

အရင်တုန်းကလို စစ်ထဲဝင်တာ စစ်သားလုပ်တာဟာ အရာရှိပိုင်းဆိုရင်တော့ အဆက်အသွယ်ရှိတဲ့သူတွေ နီးစပ်တဲ့သူတွေ အတွက် ဖြစ်ပြီး သာမန်ရဲဘော်လေးတွေအဖြစ် စစ်ထဲ ၀င်တဲ့သူတွေဟာ ကျေးလက်ဒေသ တောရွာလေးတွေ နယ်စွန်နယ်ခြားက ရပ်ကွက်ထဲက အလုပ်မရှိ အကိုင်မရှိ ပညာမတတ် စာမတတ် ဆင်းရဲသား ကလေးငယ်တွေပဲ ၀င်တဲ့အရာ သွားကျတဲ့အလုပ်လို. ယေဘူယျ မြင်လို. သဘောထားလို. ရပါသည်။ တခြားမှာ ရွေးချယ်စရာမရှိတဲ့ သွားစရာ နေစရာ လုပ်စရာမရှိတဲ့ ဆင်းရဲသား မိသားစုတွေရဲ့ သားသမီးတွေလောက်ပဲ စစ်ထဲကို ၀င်ကြရသည်။ နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်ရင်လဲ သွားပြီး စစ်တိုက်တာ တိုက်ပွဲတွေမှာ ပါဝင်တာဟာလဲ အဲဒီ သာမန် စစ်သားလေးတွေရဲ့ အလုပ် ကျန်တဲ့ လူတွေ အထူးသဖြင့် ပညာတတ်တွေ လူချမ်းသာတွေ လူလတ်တန်းစား Middle class မိသားစုတွေရဲ့ သားသမီးတွေနဲ. ဘာမှ မဆိုင်သလို နေထိုင်လို လျစ်လျူရှုလို. ရရှိနိုင်ခဲ့ နေလို.ရခဲ့ပါသည်။  စစ်တိုက်တာ လုံခြုံရေး ကာကွယ်ရေးကိစ္စတွေဟာ သာမန် လူငယ်တွေနဲ. မဆိုင်ပဲ စစ်တပ်နဲ. စစ်သားတွေရဲ့ အလုပ်ပဲလို. သဘောထားပြီး ခပ်ဝေးဝေး မပတ်သက်ပဲ နေထိုင်လို.ရရှိခဲ့ပါသည်။ စစ်တပ်မှာ စစ်သား လိုရင်လဲ ရပ်ကွက်ထဲမှာ ဆင်းရဲသား ကလေးတွေ တပုံကြီးပဲ မဟုတ်လား အဲဒီ ဆင်းရဲသား ကလေးတွေပဲ သေကျ ကျေကျ ဘ၀တွေ ပျက်စီးကျ ဒုက္ခိတွေတွေ ဖြစ် မုဆိုးမတွေ ဖြစ်။ ဒီလိုတောင် တာဝန်မဲ့စွာ နေလို. သဘောထားလို. စဉ်းစားရလို ခဲ့ပါသည်။ အခုတော့ မဟုတ်ပြီး အားလုံး သွားရပါတော့မည်။ ကြိုက်သည် ဖြစ်ဖြစ် မကြိုက်သည် ဖြစ်ဖြစ်။ အစိမ်းမကြိုက်လို.ဆိုပြီး ရှေ.တန်းမှာ အနီတွေ အဖြူတွေ ၀တ်လို.မှ မရတာ။ အစိမ်းကိုပဲ ၀တ်ရတော့မည် ဖြစ်ပါသည်။

အခုတော့ ဒီလို ခံယူထားလို. စဉ်းစားလို. မရတော့ပါဘူး။ စစ်မှု မထမ်းမနေရ အမိန်.အရ အသက်ပြည့်သူ ကျန်းမာရေးနဲ. ညီညွတ်သူ လူင်ငယ်တိုင်း ကျားမ မရွေး ပတ်သတ်ရမည်ဖြစ်သည်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ဒီ ပြည်တွင်းစစ်နဲ. နယ်စပ်ဒေသက တိုက်ပွဲတွေ စစ်ပွဲတွေမှာ တိုက်ရိုက် ပါဝင် ပတ်သက်လာရတော့မည်။ အရင်ကလို ဘေးကနေ ထိုင်ပြီး လက်ရှောင်နေလို. ရပ်ကြည့်နေလို. မရတော့ အဆင့်ကို ရောက်ရှိသွားတာကြောင့် အခု ထုတ်ပြန်ချက် အမိန်.ဟာ လူတဦးချင်းစီ သို.မဟုတ် အိမ်တိုင်းအိမ်တိုင်းအထိ ပြည်တွင်းစစ် ဖိတ်စာ ရောက်ရှိသွားသလို ဖြစ်သွားတာပါ။ လူတိုင်း ဖိတ်စာရရှိထားတာမို. လူတိုင်းနည်းပါ ပါဝင် ပတ်သက်ရမည့် အနေအထားကို ရောက်ရှိသွားပါသည်။ ဒီအမိန်.ကြောင့် လွတ်မည့်သူ မရှိသလောက်ပါ။ ကိုယ်တိုင် စစ်မှု ထမ်းရတဲ့ အသက်အရွယ် အခြေအနေ မရှိရင်တောင်မှ ကိုယ်မိသားစုဝင် တဦးဦး ဆွေမျိုးသားချင်း တဦးဦး ညီအစ်ကို မောင်နှမ တဦးဦး အမျိုးထဲက တဦးဦးကတော့ ဒီအမိန်.အရ အိမ်တိုင်းစိ ရောက်ရှိလာတဲ့ ပြည်တွင်းစစ် ဖိတ်စာအရ ပါဝင် ပတ်သက်ရမည် ဖြစ်ပါတော့သည်။

ဒါကြောင့်မို.လဲ အခု တကြိမ် အမိန်.ထုတ်ပြန်ချက်ဟာ လူတိုင်း ကိုယ်စီအထိ သက်ရောက်မှုတွေ ပတ်သက်မှုတွေ ရှိစေခဲ့တာကြောင့်လဲ လူထုအကြား ပြောဆိုမှုတွေ ဝေဖန်မှုတွေ သဘောထားအမြင်တွေ ပိုပြီး များပြားနေတာလဲ ဖြစ်နိုင်ပါသည်။ အားလုံးနဲ. ဆိုင် အားလုံးနဲ. ပတ်သက်နေတာဖြစ်လို. လူတွေအနေဖြင့် အရင်က အစိုးရ အမိန်.တွေ ကြေညာချက်တွေနဲ.မတူ ငြိမ်နေလို လျစ်လျူရှုလို. မဖြစ်တဲ့ အခြေအနေကို ရောက်ရှိ သွားပါသည်။ အားလုံး လေးလေး နက်နက် စဉ်းစားရမည့် အခြေအနေကို ရောက်ရှိ သွားပါသည်။

တချိန်တည်းမှာလဲ  တောတွင်းနက်လက်ကိုင်အဖွဲ.တွေ ကျောင်းသာတပ်ဖွဲ.တွေကို သူရဲကောင်းတွေလို အမျိုးသားရေး တော်လှန်ရေး အင်အားစုတွေသဖွယ် ခံယူ အားပေးနေတဲ့ သူတွေအဖို. ပိုပြီးတောင် ပြသာနာတွေ ဖြစ်သွားနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ. ခံယူချက်တွေအရ တောတွင်းလက်နက်ကိုင်အဖွဲ.တွေကို အားပေး ထောက်ခံသူ အားကျ သဘောကျသူတွေအတွက် အခုတော့ ဒီ လက်နက်ကိုင် အဖွဲ.တွေနဲ. တောတွင်းတနေရာရာမှာ တချိန်ချိန်မှာ ကိုယ်တိုင် သို.မဟုတ် ကိုယ့်မိသားစုဝင်တွေက ထိပ်တိုက်ရင်ဆိုင်တွေ.ပြီး ရန်သူတွေအဖြစ် တိုက်ခိုက်ရမည့် အခြေအနေကို ရောက်ရှိသွားပါတော့မည်။ ကဲ ဘယ်လို လုပ်ကြတော့မည်နည်း။ အရင်ကလိုပဲ အားကျ သဘောကျပြီး တော်လှန်းတပ်တွေအဖြစ် အားပေး ထောက်ခံရတော့မှာလား အဲဒီလို အသိ စိတ်တွေ ခံစားချက်တွေ ယုံကြည်ချက်တွေဟာ ကိုယ်တိုင် ဒီတောတွင်း လက်နက်ကိုင်အဖွဲ.တွေနဲ. စစ်မြေပြင်မှာ တိုက်ပွဲတွေမှာ နယ်စပ် ဒေသတွေမှာ ထိပ်တိုက် တွေ.တဲ့အခါ ဒီအတိုင်းပဲ ဆက်ပြီး သဘော ထားနိုင်မှာလား။ လက်ခံမှာလား။ သို.မဟုတ် လက်ရှိ အခြေအနေအရ ရောက်ရှိနေတဲ့ဘ၀၏ ပကတိအခြေအနေအရ စစ်သားတဦးအနေဖြင့် ပေးတဲ့တာဝန် ပေးတဲ့ အမိန်.အတိုင်း အဲဒီ လက်နက်ကိုင် အဖွဲ.တွေကို ၇န်သူတွေ အဖျက်သမားတွေ သောင်းကျန်းသူတွေအဖြစ် ထိပ်တိုက် ကိုယ်တိုင် တိုက်ခိုက် ရှင်းလင်းရမှာလား။ တွေးစရာတွေ ခေါင်းရှုပ်စရာတွေ တွေဝေစရာတွေ ယုံကြည်ချက်နဲ. လက်တွေ.ဘ၀ သဟဇာတ မဖြစ်ပဲ ထိပ်တိုက် ပက္ဒိပက္ခဖြစ်တဲ့အခါ ဘယ်ဖက်ကို အလေးပေးပြီး စဉ်းစား ဆုံးဖြတ်ကြမှာလဲ။  ။ အခက်တွေ.စရာတွေ မဟုတ်ပါလား။ ကိုယ့် ညီအစ်ကိုမောင်နှမ တဦးဦး ချစ်ဆုံးသူ တဦးဦးေ၇ှ.တန်းမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့မယ် သေးဆုံးမယ် ကျဆုံးသွားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ခံစားချက်တွေ ခံယူချက်တွေ အမြင်တွေဟာ အရင်တိုင်းပဲ ဆက်ရှိနေဦးမလား ပြောင်းလဲ သွားမလား ဒါလဲ စိတ် ၀င်စားစရာ စဉ်းစား စရာတခုပါ။

ဒါကြောင့် အခု အမိန်.ထုတ်ပြန်ချက်ဟာ ချက်ခြင်း အကောင်အထည် ဖော်ဖို. မဖြစ်သေး အချိန်ယူဖို. လိုသေးပေမည့် အစိုးရ အနေဖြင့် အခုတလောအတွင်း လူငယ်တွေအကြား ခေတ်စားနေတဲ့ ကွန်ယက်တည်ထောင်မှု ပြောဆိုမှုတွေ ရေပန်းစားနေတဲ့အချိန်မှာ ပြည်တွင်း
စစ်ဟာ စစ်တပ်နဲ. ဆိုင်တဲ့အရာ တခုတည်း မဟုတ်ပဲ ပြည်တွင်းရှိ လူအားလုံး အထူးသဖြင့် လူငယ်အားလုံးနဲ. ဆိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတာ သတိမမေ့စေခြင်လို. လူငယ်တွေကို သတိပေးခြင်လို. ပြည်တွင်းစစ် ဖိတ်စာကို အိမ်တိုင်းစိ ပို.ပေးပြီး လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာအရ Psychological Warfare အရ စိတ်ဓာတ် စစ်ဆင်ရေးအတွက် အချိန်မှီ ထုတ်ပြန်လိုက်တာလား မေးစရာ စဉ်းစားစရပါ။

အထူးသဖြင့် အစိုးရ ဆန်.ကျင်ရေး အင်အားစုတွေ အတိုက်အခံအုပ်စုက လူငယ်တွေအနေဖြင့် စစ်တပ်အပေါ် ထားတဲ့သဘောထားတွေကို ပြန်ပြီး လေ့လာ သုံးသပ်ကာ ရပ်တည်ချက်တွေ သဘောထားတွေ အမြင်တွေ ပြောင်းဖို. စဉ်းစားရမလို ဖြစ်ပါသည်။ အရင်ကတော့ စစ်တပ်နဲ. အတိုက်အခံတွေဟာ သီးခြား ဘာမှ မဆိုင်တဲ့ အုပ်စုတွေအဖြစ် ရပ်တည်လို. ရရှိနိုင်ခဲ့ မပတ်သက်ပဲ မဆက်ဆံပဲ မထောက်ခံပဲ အားမပေးပဲ နေလို.ရခဲ့ပြီး ကြိုက်သလို ဝေဖန် တိုက်ခိုက် အပုတ်ချမှုတွေ လုပ်ခဲ့သော်လည်း အခု အမိန်.အကြောင့် ကိုယ်တိုင်းလဲ ဒီ စစ်တပ် Military Institution ရဲ့ အစိတ် အပိုင်းတခုခုအဖြစ် တချိန်ချိန်မှာ ထမ်းဆောင်ရတော့မည် ဖြစ်ပါသည်။ တချို.နယ်စပ်အဖွဲ.တွေဆိုရင် နိုင်ငံခြားအစိုးရတွေ ပြည်ပအဖွဲ.အစည်း NGOsတွေဆီက ငွေတွေယူပြီး စစ်တပ်နဲ.ပတ်သက်ပြီး မုဒိန်းတပ်တို. လူသတ်သမားတပ်တို. ဖါသည်မတပ် ဆိုပြီး အစီရင်ခံစာတွေကို ရေးသား ထုတ်ပြန်ပြီး ကမ္ဘာအနှံ ဖြန်.ချီမှုတွေတောင် ရှိခဲ့ပါသည်။ ဒါကြောင့် အခုတော့ စစ်တပ်က အဲဒီအပိုင်းတွေမှာလဲ စိမ်ခေါ်လိုက်သလို ဖြစ်နိုင်ပါတယ်။ "မင်းတို. ငါတို စစ်တပ်ကို ကြိုက်သလို ခေါ်လိုရတယ် ပြောလို.၇တယ် ဝေဖန် တိုက်ခိုက်လို.တယ် မုဒိန်းတပ်လို.ပဲ ခေါ်ခေါ် ဖာသည်မတပ်လို.ပဲ ပြောပြော လူသတ်သမားတွေလိုပဲ ဆိုဆို ခေါ်လို.ရတယ်။ဒါပေမယ့် တချိန်ချိန်မှာလဲ မင်းလဲ အဲဒီ မုဒိန်းတပ် လူသတ်သမားတတ် ဖာသည်မတပ်အဖြစ် မင်းကိုယ်တိုင်ရော မင်းအမျိုးတွေပါ ဖြစ်သွားမယ်ဆိုတာ မမေ့နဲ.လို"စိမ်ခေါ်လိုက်သလို ဖြစ်သွားပါတော့သည်။ (စကားလုံးတချို.အတွက် သီးခံခွင့်လွတ်ပါရန်။)

နယ်စပ်ဒေသက မိုင်းကွင်းတွေ မြေမြုပ်မိုင်တွေ လက်နက်ကိုင် တပ်တွေရဲ့ လက်ချက်ကြောင့်လဲ မင်းကိုယ်တိုင်း သို.မဟုတ် မင်းမိသားစုဝင်တွေ ကိုယ်တိုင်လဲ တချိန်ချိန်မှာ ဘ၀နဲ. အသက်တွေ ပေးရမယ်။ဒါကြောင့် မင်း ကြိုက်တဲ့သူကို အားကျနိုင်တယ် အားပေးနိုင်တယ်။ ဒါပေမယ့် မမေ့ဖို.က အဲဒီလူတွေရဲ့ လက်နက်နဲ. တချိန်ချိန်မှာတော့ မင်းတို.ရဲ့ သေမင်းကို သူတို.က ပို.ပေးမှာ ဖြစ်တယ်ဆိုတာ လူငယ်တွေ အထူးသဖြင့် အတိုက်အခံ အုပ်စုက လူငယ်တွေကို သတိထား ဆင်ခြင်မိလာအောင် မြင်လာအောင် ခံစားလာအောင် ကိုယ့် ကိုယ်ရေးကိုယ်တာပြသာနာ မိသားစု ပြသာနာတခုအဖြစ် ခံစားလာအောင် လုပ်လိုက်လေသလား ။ ဒါတွေဟာလဲ တကယ် ဖြစ်လာတော့မှာ မဟုတ်ပါလား။
ဒါကြောင့် လူငယ်တွေအနေဖြင့် ပြည်တွင်းစစ်နဲ. တိုင်းရင်းသာ လက်နက်ကိုင် ပက္ဒိပက္ခတွေ တိုက်ပွဲတွေ စစ်ပွဲတွေကို မဖြစ်မနေ အမြန်ဆူံး ငြိမ်းအောင် ပြီးအောင် ငြိမ်းချမ်းရေး ရရှိအောင် အရင်ကထက် ပိုပြီး လုပ်ဖို. ကျိုးစားဖို. ဖိအားပေး တိုက်တွန်းဖို. လိုပါသည်။ ဒီပြည်တွင်းစစ်ကြီးရှိနေသရွေ. နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ စစ်ပွဲတွေ တိုက်ပွဲတွေ ရှိနေသမျ တချိန်ချိန်မှာ ကိုယ်တိုင် မဟုတ်ရင် ကိုယ့်မိသားစုတွေရဲ့ ဘ၀တွေကိုပါ တိုက်ရိုက် ထိခိုက်လာမည် အန္တရယ်တွေ ဖြစ်လာမည် ဘ၀နဲ. အသက်တွေပါ အန္တရာယ် ဖြစ်စေတာမို. အခုတော့ အိမ်တံခါအထိ ရောက်ရှိနေတဲ့ ပြည်တွင်းစစ် ဖိတ်စာကို တုံ.ပြန်ဖို. လိုပါသည်။

ဒါကြောင့် လူငယ်တွေအနေဖြင့် လူကြီးတွေ ထက်ကို ပြည်တွင်းစစ် ငြိမ်းဖို. လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်ဖို. ငြိမ်းချမ်းဖို. အထူး လိုအပ်နေပါသည်။
 We need to stop the civil war in Myanmar
We need to make peace in the country
We need to help the country's healing process. We are the country: we are the people. We are the future.

လူငယ်တွေအနေဖြင့် ပြသာနာတွေရဲ့ အစိတ်အပိုင်း parts of problemsတွေ အဖြစ် မခံပဲ အဖြေတွေရဲ့ အစိတ်အပိုင်းတွေ parts of Solutions တွေ ဖြစ်ဖိုလိုပါသည်။ ကိုယ်ဟာ အဖြေရဲ့. အစိတ်အပိုင်းမဖြစ်ပဲ ပြသာနာတွေရဲ့ ခလုပ်ကန်သင်းဖြစ်နေရင်တော့ တိုင်းပြည်အတွက် အဖြေမပေးနိုင်ပဲ တိုင်းပြည်တွက် ပြသာနာတွေ အကြပ်အတည်းတွေကိုသာ ပိုပြီး ဖြစ်စေမှာ ဖြစ်ပါသည်။

ဒါကြောင့် လူတိုင်း မိသားစုတိုင်း လုငယ်တိုင်းတွေရဲ့ ဘ၀နဲ. သက်ဆိုင်လာနေပြီ ဖြစ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား ပြသာနာတွေ တင်းမာမှုတွေကို အကြမ်းနည်းတွေ စစ်ရေးတွေဖြင့် ဖြေရှင်းတဲ့ နည်းလမ်းတွေအစား နိုင်ငံရေး လူမှုရေး ဖွံဖြိုးရေး စတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေဖြင့် ကိုင်တွယ် ဖြေရှင်းသွားဖို. လူငယ်တွေက ပိုပြီး ဦးဆောင်ဖို. လိုပါသည်။

ူလူကြီးတွေက လွတ်လပ်ရေး ရရှိအောင် တိုက်ပေးခဲ့တာ မှန်သလို ပြည်တွင်းစစ်ကြီး ဖြစ်အောင် မီးမွေးခဲ့သူတွေလဲ ဖြစ်သည်။ ဗိုလ်ချုပ်တို. ခေတ်ကလွဲရင် ကျောင်းသားလူငယ်တွေ ရဲ့ လှုပ်ရှားမှုတွေ အားလုံးဟာ နိုင်တာတွေ မရှိပဲ ခံရတာ ဆှုံးရှုံးတာတွေပဲ ရှိခဲ့တာမို. အဲဒီ သမိုင်းမျိုး ခံရတဲ့ သမိုင်း အရှုံးသမိုင်းတွေပဲ များနေတဲ့ ခေတ်ကို တခန်းရပ်ပြီး ဗိုလ်ချုပ်တို. ခေတ်လိုပဲ အနိုင်ရ အောင်ပွဲခံတဲ့ သမိုင်းသစ် ဖန်တီးနိုင်ဖို. လူငယ်ထု၏ ခေါင်းဆောင်မှုကို တိုးချဲ. ဆောင်ရွက်ကြပါစို.။

အိမ်ရှေ. တံခါးဝအထိ ရောက်ရှိနေတဲ့ ပြည်တွင်းစစ် အရှုပ်ထုပ်ပြီးကို အတူတူ ဖယ်ရှားကြပါစို. ညီညွတ်ရေးနဲ. ငြိမ်းချမ်းရေးကို ကမ်းလှမ်းကြပါစို.။။။။။။။
udp မြန်မာ facebookမှ

1 ယုဇနကုမ္ပဏီမှ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင်လွှတ်တော်ကိုယ်စားလောင်း ဒေါ်ဘောက်ဂျာအား တရားစွဲဆိုရန် စီစဉ်နေခြင်း

Yuzana Co.ltd 01
ပေးပို့သောHnin Htooအားကျေးဇူးတင်ရှိပါသည်.

0 တံထွေးအဆွတ်ခံနေရသော လူငယ်ထု၏နားရွက်များံ့ -
ရေးသူ-မောင်မောင်ဝမ်း

မအောင်မြင်လျှင်ကယောင်ချောက်ချား ဖြစ်တတ်သလို အောင်ပွဲရသည့်အခါမှာ ဣနြေ္ဒမရ၊ သူတစ်ပါး မျက်စိ

နောက်လောက်အောင် မဏ္ဍပ်တိုင် တက်ပြတတ်သူတွေ အများပင်ရှိသည်။ ရှုံးနိမ့်ချိန်မှာ စိတ်

မထိန်းနိုင်လျှင် ပို၍ ရှုံးတတ်သကဲ့သို့ အောင်ပွဲခံချိန် ဣနြေ္ဒမရလျှင်လည်း အရှုံးကို ဖိတ်ခေါ် သလို

ဖြစ်သွားတတ်သည်။ ( ဆရာ-ဖေမြင့် )


အခုရက်ပိုင်းမှာ နအဖ ကထုတ်ပြန်ကျေငြာလိုက်တဲ့ စစ်မှု့ထမ်း ဥပဒေကြောင့် လူတွေတော်တော်များများလှုတ်လှုတ်ရွရွဖြစ်ကုန်ကြတယ်။အထူးသဖြင့် ပညာတတ်လူငယ်အပိုင်းမှာ စိုးရိမ်ကြောင့်ကြမှု့များတုန်လှုတ်မှု့များတော်တော်လေးကိုဖြစ်နေကြတာကိုတွေ့တော့ကျနော်တကယ်ကိုစိတ်မကောင်းဖြစ်မိတာအမှန်ပဲ။ အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်မှု့မထမ်းမနေရစနစ်ပြဌာန်းလိုက်ခြင်းဟာ..လက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှု့ရေး စတဲ့ အထွေထွေသောအခြေနေတွေနဲ့ လိုက်လျှောညီထွေဖြစ်ပါရဲ့လား၊ တကယ်တော့ နိုင်ငံရေး၊ စီးပွားရေး၊လူမှု့ရေး တစုံတရာပြေလည်ခြင်းမရှိသေးပဲနဲ့ ဒီလို ဥပဒေထုတ်လိုက်ခြင်းဟာ..အတော်ကို မလျှော်ကန်မသင့်မြတ်တဲ့ အစီအစဉ်တခုဖြစ်နေယုံမျှမကပဲ၊လူထုကို စိမ်ခေါ်မှု့တရပ်လို့ယုံကြည်မိတယ်…………………………………………

အဲဒီတော့ ကျနော်သွားစဉ်းစားမိတာလေးတခုရှိတယ်…ကျနော်တို့ အားလုံးသိနေကြတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမတိုင်ခင်ကပေါ့..ငွေစက္ကူတွေကို တရားမ၀င်ဘူးဆိုပြီးသတ်မှတ်လိုက်တဲ့ကိစ္စ၊အသက် ၃၀ ကျော်အရွှယ်လူလတ်ပိုင်းလောက်ဆို မှတ်မိနေဦးမှာပါ.. ပထမတကြိမ် ရာတန်လားမသိဘူး တရားမ၀င်သတ်မှတ်လိုက်တဲ့ အခါတုန်းက.. အချိုးကျနဲ့ပြန်လဲပေးသေးတယ်။နောက်ထပ်တခါ ၇၅ ကျပ်တန်တွေကိုလည်းသိမ်းလိုက်ရော..လုံးလုံးကိုပြန်လဲမပေးတော့ဘူး……ပြည်သူတွေပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို ဓါးပြတိုက်ယူလိုက်သလိုပဲ….ကျနော်က အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်တက်နေတဲ့ အချိန် အမေလွှဲလိုက်တဲ့ ၇၅ ကျပ်တန်လေး လေးရွက် မှတ်မိသေးတယ်…သွားထုတ်အပြီး မသုံးရသေးဘူး နောက်ထပ် ၂ ရက်လောက်အကြာမှာ အခုလိုတရားမ၀င်ငွေစက္ကူပါဆိုကျေညာလိုက်တော့မစားရက်မသောက်ရက်ငွေလေး..ဆုံးပါလေရော့လား..ကျောင်းသားတွေက မခံရပ်နိုင်ဖြစ်လို့ ဆန္ဒတွေပြကြ၊တက္ကသိုလ်ဝန်းထဲမှာထားပေးတဲ့ မီးစက်ကြီးကိုပါ မီးရှို့ပစ်လိုက်ကြတယ်၊အဲဒါနဲ့ ချက်ခြင်းဆိုသလို ကျောင်းကိုပိတ်ပစ်လိုက်ပြီး ကျနော်တို့ နယ်ကျောင်းသားတွေကိုလည်း ချက်ခြင်းအိမ်ပြန်ခိုင်းတယ်။ အိမ်ပြန်ဘို့ဆို အဆောင်မှာ ကျနော်တို့ကို လမ်းစရိတ်တွေထုတ်ပေးတယ်လေ၊ ကျနော်မြို့ကိုပြန်ရောက်တော့ ထူးခြားမှု့တွေကိုစတင်တွေ့လာရတယ်..အဲဒါကတော့ တသက်လုံး တပါတီအာဏာရှင် မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ကိုမိမိအသက်ထက်တောင်မြတ်နိုးယုံကြည်လှပါချည်ရဲ့ဆိုတဲ့ သူတွေကိုယ်တိုင် ပေါက်ကွဲမှု့တွေစလာတော့တယ်…မယုံကြည်မှု့တွေ..ဆန့်ကျင်မှု့တွေ စကိန်းဝပ်လာတော့တယ်။ ကျနော့်သူငယ်ချင်းမိဘများဆို သူ့သားကို ကျနော်နဲ့ပေါင်းတာမကြိုက်ကြဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က မကြခနဆိုသလိုအစိုးရဆန့်ကျင်ရေးစကားတွေ၊အတွေးအခေါ်တွေကိုသူငယ်ချင်းဖြစ်တဲ့သူ့သားနဲ့ပြောတတ်ဆွေးနွေးတတ်တာ သိနေကြတာကို..ဒါပေမဲ့ သူငယ်ချင်းဖြစ်သူက သူ့မိဘစကားကိုနားမထောင်ဘူး ကျနော်နဲ့ ပေါင်းတာပဲ..အဲဒီအချိန်က မဆလ တပါတီ အစိုးရဆိုလည်း သူတို့က ဘုရားတဆူဂူတလုံးကိုးကွယ်တာ..မြို့မှာရှိတဲ့ ပါတီ၊ကောင်စီလူကြီးတွေဆိုတာ သူ့တို့အိမ်ကို စားအိမ်သောက်အိမ်သဘောထားဝင်ထွက်သွားလာနေကြတာလေ၊…အဲ…..ငွေစက္ကူတွေကို တရားမ၀င်ငွေစက္ကူဖြစ်ကြောင်းလည်းကြေညာလိုက်ရော အဖွားကြီးဆို အိပ်ရာထဲ..လဲသွားလိုက်တာ တော်တော်ကြာသွားတယ်. ငွေတော်တော်များများ ဘာမှလည်းမလုပ်ရမကိုင်ရနဲ့ ဆုံးရှုံးသွားတာ တော်တော်များတယ်လို့သိလိုက်ရတယ်...စိတ်တွေတောင်ကယောက်ကယက်ဖြစ်သွားရှာတယ်…..အဲဒီနောက်ပိုင်းကစလို့ သူငယ်ချင်းမိသားစု စစ်အစိုးရ၊စစ်အာဏာရှင်အဆက်ဆက်ကိုမုန်းတီးသွားလိုက်တာ အခုထိပဲဆိုပါတော့….အဲဒီလိုလူမျိုးတွေ အများကြီးပေါ်ပေါက်လာခဲ့တယ်၊ ငွေစက္ကူတွေကို တရားမ၀င် အဖြစ်သတ်မှတ်လိုက်လို့ မစားရက်မသောက်ရက်ဆုံးရှုံးနစ်နာသွားတဲ့ ပြည်သူလူထုကြီးဆိုတာ နည်းရော့လား၊အိမ်တိုင်းနီးပါးမျှ အနည်းနဲ့အများဆိုသလိုခံလိုက်ရတယ်လေ၊ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးဖြစ်ပွားပြီး တောနေလှေအောင်းမြင်းဇောင်းမကျန် လူထုတရပ်လုံးပါဝင်လာခဲ့တဲ့ အချက်ထဲမှာ ငွေစက္ကူတွေ အသိမ်းခံရလို့ နာကျဉ်းနေခဲ့တဲ့ အချက်ကလည်းကြီးစွာသော အရေးပါမှု့တခုဖြစ်ခဲ့ပါတယ်.

အခု မြန်မာနိုင်ငံမှာ စစ်မှု့ထမ်းဥပဒေဆိုတာပေါ်ပေါက်လာတော့…လူထုကိုစစ်တမ်း ကောက်ကြည့်လိုက်ပါ..ဘယ်သူများစစ်တပ်ထဲ..စိတ်ပါလက်ပါဝင်ချင်တဲ့သူရှိလိမ့်မလည်းဆိုတာ…….စစ်မှု့ထမ်းရအောင် လည်း.လက်ရှိမြန်မာ့တပ်မတော်ကလေးစားအားကျလောက်အောင်..လူငယ်ထုကိုသိမ်းသွင်းစိတ်ပါလာနိုင်လောက်အောင်စွဲဆောင်မှု့တွေရှိနေလို့လား….စစ်မှု့ထမ်းဥပဒေအရစစ်မှု့ထမ်းပါပြီတဲ့မိမိဘ၀အနာဂါတ်အတွက်ဘယ်လောက်လုံခြုံမှု့တွေ ပေးနိုင်မှာတဲ့လည်း…..ယောကျာင်္းတွေကို အသက် ၄၅နှစ်အထိတိုင်အောင်သတ်မှတ်ထားတော့ အဲဒီ့အသက်ရွယ်ရောက်ခါနီးမှစစ်တပ်ထဲဝင်အမှု့ထမ်းရမယ်ဆိုထမင်းချက်ဟင်းချက်အဆင့်ကလွဲလို့…ဘာလုပ်နိုင်တော့မှာလည်း..နောက်တခါငွေကြေးဥစ္စာတွေနဲ့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်များဆိုပါတော့..သူတို့စီးပွားရေးလုပ်ငန်းတွေကိုစွန့်ခွာပြီး..ဆင်းဆင်းရဲရဲနဲ့ရှင်သန်နေရတဲ့တပ်မတော်ထဲစိတ်ဓါတ်အပြည့်နဲ့ဝင်ရောက်လာလိမ့်မယ်လို့ထင်ပါသလား…… စဉ်းစားစရာတွေအများကြီးပါ၊

တပ်မတော်ကိုအင်အားဖြည့်တင်းဘို့စစ်မှု့ထမ်းဥပဒေပြဌာန်းတယ်ဆိုရအောင်…ဘယ်သူတွေကိုတိုက်မှာမို့လည်း..ဘယ်မှာလည်းပြည်ပရန်…ကိုယ့်တိုင်းရင်းသားအချင်းချင်းဗိုလ်ကျစိုးမိုးဘို့..သတ်ဖြတ်တဲ့အဆင့်ထက်မပိုတဲ့စစ်တပ်ကို.. ဘယ်သူကများ ဘ၀ကိုမြှုတ်နှံပြီး ၀င်ရောက်လာချင်ကြမလည်း၊ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာဆို ကိုယ့်တိုင်းရင်းသားညီအကိုအချင်းချင်းတွေပြန်သတ်ဖြတ်ရမယ့်ကိစ္စ…အားလုံးအလေးနက်ထားစဉ်းစားကြစေလိုပါတယ်။ဒီကိစ္စကိုပြီးပြီးရောဆိုပြီးမေ့မေ့လျှော့လျှော့သဘောထားနေကြမယ်ဆိုရင်..ခေါင်းကိုဆင်နင်းခံရမှာအမှန်ပါပဲ….တချို့က လည်း စစ်တပ်ထဲဝင်ရောက်ပြီး သူတို့လက်နှက်နဲ့ သူတို့ပြန်တိုက်မယ်ဆိုတဲ့ အယူအဆရှိခဲ့မယ်ဆိုရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်..နအဖစစ်အာဏာရှင်များအဲသလောက်အတွေးမတိမ်ဘူး…ကြိုတင်စီမံချက်တွေရှိနေမှာပါ…..ကျနော် အထက်မှာတင်ပြခဲ့တဲ့ ငွေစက္ကူကိစ္စ လိုပဲ လူထုအားလုံးခံရမဲ့အဖြစ်ပါ..ငွေစက္ကူကိစ္စမှာတုန်းကတော့ လူထုက ခေါင်းငုံ့မခံခဲ့ဘူး ပြန်လှန်တုန့်ပြန်ခဲ့တယ်….ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာသိသာတယ်….ငွေစက္ကူကိစ္စတုန်းက ငွေပဲဆုံးခဲ့ရတာ..စစ်မှု့ထမ်းကိစ္စကတော့ဆင်းရဲဒုက္ခတွေနဲ့အရင်းတည်ပြီး..အဆင်မသင့်ရင်..ဘ၀တွေပျက်..အသက်ပါဆုံး ရှုံးသွားနိုင်ပါတယ်..ကျနော်တင်ပြနေတာ..တခြားတခြားသော..စစ်မှု့မထမ်းမနေရတိုင်းပြည်တွေအတွက်မဟုတ်ဘူး.. အမိမြန်မာပြည်တခုထဲကိုပဲရည်ညွန်းပြောဆိုတင်ပြနေခြင်းပဲဖြစ်ပါတယ်.ဒီလောက် မွဲတေပြီး လူစဉ်မမှီတဲ့ စစ်တပ်ထဲကိုဝင်ရောက်အမှု့ထမ်းဘို့ဟာကိုငြိမ်ခံနေကြမယ်ဆိုရင်….ပြုသမျှ နုလိုက်ကြဘို့ပဲရှိပါတော့တယ်..ဒီကိစ္စဟာ ကျနော့်အမြင်ပြောရရင် သူတို့လက်ကိုင်တုတ်..ကြံ့ဖွတ်ပါတီ လူငယ်ထုမှာတောင် ဂယက်ထနိုင်ပါတယ်.. ( ရှစ်လေးလုံးအရေးတော်ပုံကြီး မှာတောင် လမ်းစဉ်လူငယ်တွေပါလာတာအများကြီးပါ --အဲဒီတုန်းက လမ်းစဉ်လူငယ်တွေဟာ အခုလောက်မခံရနိုင်လောက်ဘူးလို့ထင်ပါတယ် )ကြော့ကြော့လေး နဲ့ အခွင့်ရေးရမလားဆိုဝင်ရောက်လာခဲ့ပြီးခါမှ..မုန့်မရပဲ တုတ် ရမဲ့ကိန်းပါ၊ သူတို့ဘ၀တွေဟာ ရင်နာစရာကောင်းလှပါတယ်..ရင်ထဲမှာပူလောင်ပြီး အပြုံးနဲ့လက်သီးတန်းပြရမဲ့အဖြစ်ကိုမြင်ရောင်နေမိပါသေးတယ်….

ဒီကိစ္စဟာ..နအဖ အတွက်မြတ်မလိုလိုနဲ့ အရှုံးပေါ်မဲ့အရာလို့ပဲမြင်မိပါတယ်….စစ်မှု့ထမ်းဥပဒေအတွက် ထိန်းသိမ်းကိုင်တွယ်ရမဲ့ အာဏာပိုင်များအတွက်ကတော့..ပွပေါက်ကြီးတခုဖြစ်လာနိုင်ပေမဲ့….မီးပွားလေးတစ ပွင့်ထွက်လာတာနဲ့တပြိုင်ထဲမှာရင်ထဲမှာအခံရှိနေတဲ့လူထုကြီးက၀ုန်းကနည်းအုံကြွထွက်လာမှာ…မလွဲပါဘူး….ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ဥပဒေမို့ပါ…လူငယ်ထုအတွက် အညွန့်တုံးစေမဲ့ ဥပဒေပါ….အတိုက်အခံအင်အားစုများအနေနဲ့ သမိုင်းသင်ခန်းစာများကိုယူပြီး.. စနစ်တကျ..ကိုင်တွယ်တတ်မယ်ဆိုရင်..စစ်အာဏာရှင်များအနေနဲ့ တူနီးရှား အာဏာရှင်လို ဆော်ဒီကိုထွက်ပြေးချိန်ရမှာမဟုတ်ပါဘူး…နေပြည်တော်မှာပဲ….အဆုံးသတ်သွားရမဲ့ဘ၀တွေပါ..

စစ်အာဏာရှင်များရဲ့စစ်မှု့ထမ်းဥပဒေကတော့…အားလုံးသောလူငယ်ထုကြီးရဲ့နားရွက်များကို တံထွေးဆွတ်လိုက်ပါပြီ…လူငယ်ထုကြီးကဘယ်လိုတုန့်ပြန်ကြမလည်း………

ကမ္ဘာ့သမိုင်းမှာ ပထမဆုံး စစ်မှု့မထမ်းမနေရ စနစ်ကိုပြဌာန်းခဲ့တဲ့ စစ်ဘုရင် နပိုလီယံကတော့..နောက်ဆုံးမှာ အနိမ့်စံ အကျဉ်းသားစစ်ရှုံးဘ၀နဲ့….နိဂုံးချုပ်သွားရတာကို သတိရမိရင်း……

မြန်မာဆိုတာ ကိုယ့်နားရွက်ကို တံထွေးအဆွတ်ခံရင်..အသဲနာတတ်တဲ့ အမျိုးဆိုတာ…စစ်အာဏာရှင်ကြီးများ ဂရုထားမိပါလေစ………

Monday, January 17, 2011

0 တိုက်ပွဲကြောင့် ထွက်ပြေး လာသူတွေ ခိုကိုးရာမဲ့နေ

မြန်မာ အစိုးရတပ်တွေနဲ့ DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် အကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် တစ်ထောင်လောက်ဟာ အကူအညီ ပေးမဲ့သူမရှိ ဖြစ်နေတာမို့ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးချိန်ကစလို့နှစ်ဖက် အကြား တိုက်ပွဲတွေ စတင်ခဲ့ရာမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဒီကေဘီအေ စခန်းဟောင်း ကချောဝါးလေး တောင်ဖက်နားမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့သလို ဦးကလေးထနဲ့ ဒီကေဘီအေ ဌာနချုပ် လေးကော် စခန်းဖက် သွားရာ လမ်းတွေ မှာလည်း ကြိုကြား ကြိုကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြန်မာဖက်က ရွာသားတွေ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်လာကြပေမဲ့ သူတို့ကို ထိုင်းဖက်မှာ ကူညီမဲ့ အဖွဲ့အစည်းတွေ မရှိလို့ ထိုင်းဖက် နယ်စပ် သောင်ရင်းမြစ် တလျှောက်မှာ ဖြစ်သလို ပုန်းအောင်း နေထိုင်ကြရတယ်လို့ ဝေါ်လေ ရွာသူကြီး က ဘီဘီစီ ကိုပြောပြပါတယ်။ဒုက္ခသည် စခန်း ဖွင့်ထားပေးတာ မရှိတဲ့အတွက် သောင်ရင်းမြစ် တလျှောက်က တောင်ယာတဲတွေ နဲ့ သစ်ပင်ကြီးတွေ အောက်မှာ ပုန်းအောင်း နေကြရကြောင်းနဲ့ ထွက်ပြေးလာသူ ရွာသားတွေမှာ အိုးခွက်၊ ပန်းကန်၊ အဝတ်အစားနဲ့ ခြုံစောင် စတာတွေ အပြည့်အစုံ မပါတဲ့အတွက် အေးခဲတဲ့ ဆောင်းရာသီဒဏ်ကို ခံနေရတယ်လို့ လည်း ပြောပါတယ်။

စစ်ပြေး ဒုက္ခသည်တွေဟာ ဝေါ်လေဖက်က နယ်စပ် တောင်ယာတွေထဲမှာ တစုမှာ တရာ၊ တရာကျော် ရှိတဲ့ အုပ်စုတွေ ၁၀စုထက် မနည်း ရှိတယ်လို့ သိရပါတယ်။ထိုင်းဖက် မိန်လိချိုင်း၊ ချောင်းခက်၊ ဟွေနမ်းနပ်က် စတဲ့ ကရင်ရွာတွေဖက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့သူတွေကတော့ ရွာထဲက ထိုင်းကရင်လူမျိုးတွေရဲ့ အိမ်တွေ အနီးအနားမှာ ခိုလှုံနေကြပြီး သူတို့မှာ ပါလာတဲ့ ရိက္ခာကိုပဲ ဝေမျှ စားသောက်နေရတယ်လို့ သိရပါတယ်။

(bbc)

Sunday, January 16, 2011

0 မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၄)


တပ်မှူးတပ်သား ပြောစကား (၀၄၃)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ငယ်တွေမှာ ဆိုရင်လည်း ပြဿနာတွေက engineering အနေနဲ့ ပြောမယ်ဆိုရင်တော့ interchangeability (အစိတ်အပိုင်း အချင်းချင်း ဖလှယ်တပ်ဆင်နိုင်မှု) မရှိတာပေါ့။ (အမှတ်စဉ် နံပါတ်တခုနှင့် ထုတ်လုပ်ထားသော သေနတ် တလက်၏ မောင်းတုံးကို အမှတ်စဉ်နံပါတ် မတူညီသော အမျိုးအစားတူ သေနတ်တလက်ထဲသို့ ပြောင်းရွှေ့ထည့်သွင်း မရနိုင်သည့် စနစ်နှင့် မြန်မာ့တပ်မတော်တွင် သေနတ်များ ထုတ်လုပ်နေခြင်းကို ဆိုလိုသည်) ကျနော်တို့ ဒီသေနတ်လေး တစ်လက်မှာ အစိတ်အပိုင်း ပေါင်း(၁၆၃)ခု ရှိတယ်ဆိုရင်၊ ဒါ စက်ရုံက ထွက်လာတာတွေကို ကျနော်တို့ ကောက်တပ်လိုက်မယ် ဆိုရင်၊ အားလုံးဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားရ မယ်။ အခုဖြစ်နေတာက အဲဒီ အစိတ်အပိုင်းပေါင်း (၁၆၃)ခုဟာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ မဖြစ်ဘဲနဲ့ တချို့နေ ရာတွေ တံစဉ်း(file) နဲ့ တိုက်ရ တာတွေ ရှိတယ်။ တချို့နေရာတွေကျတော့ တူနဲ့ ရိုက်နှက်ပြီးတော့ ထည့်ရတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ ထုတ်လုပ်တဲ့လုပ်ငန်း စဉ်မှာ နှေးကွေးကြန့်ကြာတာတွေ ရှိတယ်။ ပိုက်ဆံ ပိုပြီး ကုန်ကျတာတွေ ရှိတယ်။ ပြီးတော့ အဲဒီသေနတ်တွေက ထုထောင်းရိုက်နှက်ပြီးတော့ ဒါကို သေနတ် တလက်အဖြစ် ပုံစံသွင်းလိုက်ရတဲ့ အခါမျိုးကျတော့ ဒီ လက်ဖြစ်သေနက် တူးမီးလောက်တောင်မှ အဆင့် မရှိဘူး ဆိုတဲ့ သဘောမျိုး တွေလည်း ရှိပါတယ်။ သေချာပါတယ် ဗျာ။ နိုင်ငံခြားသေနတ်ကိုင်ထားတဲ့ သူပုန်နဲ့ ကျနော်တို့ မြန်မာ့တပ်မတော်က အမ်အေ (Myanmar Army အမည်နှင့် သေနတ်များ) ကိုင်ထားတဲ့ စစ်ဗိုလ် ယှဉ်ပစ်မယ်ဆိုရင် ကိုယ့်စစ်ဗိုလ်က သေဖို့ သေချာနေပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလောက်တောင်ဖြစ်နေတာ ကိုယ်အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ ဗုံးသီး၊ အမြောက်ကျည်ဆံ အဲဒါတွေကအစ ဒီလိုတွေ ဖြစ်နေပြီးတော့ တပ်တွေမှာလည်း တပ်ပြေးဆိုတာ လတိုင်းမှာ တစ်လကို ဘယ်လောက်ပဲ အပေါ်ကို စာရင်းတင်ရင် များလွန်းအားကြီးလို့ စာရင်းလျှော့ ပြနေရတယ်။ ပြေးကြတဲ့ အထဲမှာ အကြောင်းအမျိုးမျိုးနဲ့ပေါ့ နော်၊ အခု အရာရှိတွေ ဆိုတာ အများကြီးပါလာ ပြီ။ အဲဒီတော့ ဒီလောက် ဖြစ်ပျက်နေတဲ့ ကြားထဲကပဲ တပ်မတော်ကြီးဟာ အင်မတန်ကို အင်အားခိုင်မာတောင့်တင်းပြီးတော့ တိုင်းပြည်အတွက် ကာကွယ်ရေး စွမ်းရည်အပြည့်နဲ့ ရှိနေပါတယ် ဆိုပြီးတော့၊ စစ်ကျောင်းကြီးတွေရဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေ၊ တပ်မတော်အခမ်းအနား၊ ဟိုအခမ်း အနား ဒီအခမ်းအနားတွေမှာ တပ်မတော်ခေါင်းဆောင်တွေက ပြောဆိုပေးနေတာတွေ အပေါ်မှာ တပ်မတော်သားတွေ အနေနဲ့ ယုံကြည်မှု ရှိနိုင် ပါ့မလား ခင်ဗျ။ အခု ဗိုလ်မှူးတို့လို ကိုယ်တိုင်ကြုံတွေ့ နေရတဲ့လူ၊ ကိုယ်ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်ပစ္စည်းဟာ ရှေ့တန်းမှာ တိုက်ခိုက်နေရ တဲ့ တပ်မတော်သားတွေအတွက် ဒုက္ခပဲရောက်ဖို့ ရှိနေတယ်ဆိုတာ ကိုယ့်ဘာသာလည်းသိနေတယ်။ သိသိကြီးနဲ့ပဲ အကုန်လုံးလုပ်နေကြတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုးနဲ့ ဘက်စုံ ကဏ္ဍစုံ၊ တတိုင်းပြည်လုံးမှာ ဘယ်ကဏ္ဍမှ ဖွံ့ဖြိုးမှုကဏ္ဍ မကျန်အောင် လုပ်ဆောင်နေပါတယ်လို့ ဟိုတနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောသွားတယ်။ ကိုယ့်တပ်မတော်၊ ကိုယ့်ကဏ္ဍ၊ ကိုယ့်ကာကွယ်ရေး ကဏ္ဍမှာတောင် အဲဒီလောက်တွေ ဖြစ်ပျက်နေတာ သူတို့ အထိတော့ ထားပါတော့၊ အဆင့်ဆင့်ကကော သိကြရဲ့လားခင်ဗျ။ သိလျှက်သားနဲ့ ဒီအတိုင်းပဲ နေနေကြတာလား။ ဒါ ကြီးကို ရှင်းလို့မရလို့ "ဒီအတိုင်းပဲ ထားလိုက်ကြ၊ ငါ့လက်ထဲမှာ မဖြစ်ရင်ပြီးတာပဲ" ဆိုတဲ့ အနေအထားနဲ့ သွားနေတာလား ခင်ဗျ၊ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်ကတော့ ဒီ တပ်မတော်ကို အုပ်ချုပ်နေတဲ့လူတွေ တပ်မတော်တင်မက နိုင်ငံတော်ပါ အုပ်ချုပ်နေတဲ့ လူ တွေက စေတနာမမှန်ဘူးလို့ပဲ မြင်ပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာတင်မက လမ်းတံတားတွေဖောက်တဲ့နေရာမှာ ဆိုရင် လည်း သူက ဖောက်တယ်သာပြောတယ်လေ၊ တံတားတစ်စင်းက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သူတို့မှ ထည့်မပြောတာ။ ပြီးတော့ ဒီ တံတားတစ်စင်း ဖောက်လိုက်လို့ သူတို့အိတ်ထဲကို လာဘ်လာဘတွေဘယ်လောက်ဝင်သွားမလဲဆိုတာ လူတိုင်းက အကုန်သိနေတာပဲ။ သူတို့ လုပ်နေတဲ့ ကိစ္စတွေကိုတော့ အောက်ခြေတပ်မတော်သားတွေက အယုံအကြည်မရှိပါဘူး။ အကုန်လုံးက ကြောက်လို့သာ ငြိမ်နေကြတာပါ။ သူ တို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အယုံအကြည်မရှိတာ အထူးသဖြင့် ကျနော်တို့ စစ်တပ်ထဲမှာ နေကြတဲ့လူတွေက ကျနော်တို့ စစ်သားစကားပေါ့ဗျာ၊ ခပ်ရိုင်းရိုင်းပဲ ပြောကြပါတယ်။ “လုပ်တော့ လက်တန်း၊ တိုင်းတော့ မျက်မှန်း ၊ ပြောတော့ေ_ာက်သရမ်း” ဆိုတာ ဒီ "လူကြီး"တွေ (လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေ) လုပ်နေတဲ့ ဥစ္စာကို ကျနော်တို့ စစ်သားတွေ ပြောနေကျ စကားပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြည့်မယ်ဆိုရင်၊ ဝေါလေတိုက်ပွဲ။ ဝေါလေတိုက်ပွဲကို အခု အမေရိကန်တပ်မတော်က ပြန်သုံးသပ်ထားတာ၊ သူတို့ကတော့ အပေါ်ကနေပြီးတော့ လေကြောင်း aerial photo (ကောင်းကင်ဓါတ်ပုံ) တွေ ဘာတွေနဲ့ ကြည့်ပြီး၊ သူတို့ပြောတာက သူတို့ ထင်တောင် မထင်ဘူး။ ဒီ ဝေါလေကို မြန်မာစစ်တပ်ကနေပြီးတော့ ခံစစ်စည်းချတာ တကယ့် အခြေခံလုပ်ရမယ့် ဟာတောင်မှ အခြေခံအတိုင်း မသွားဘူး။ chopper (ရဟတ်ယာဉ်) ထားရမယ့်နေရာနဲ့ command center (အမိန့်ပေးနေ ရာ) နဲ့ နေရာလွဲတာတို့ ဘာတို့၊ အဲဒါကြောင့်မို့ အခု ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်သိမ်းတဲ့အခါမှာ အလွယ်တကူနဲ့ သူတို့ ကျ သွားတယ်။ တပ်စခန်းတစ်ခုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ ဟာမျိုးတောင်မှ နော်၊ သူတို့ မလုပ်နိုင်တော့ဘူးဆိုတော့ အခု အဖက်ဖက်က နေ ဒီလိုမျိုး ချွတ်ချုံကျနေတာ လက်နက်ခဲယမ်းပိုင်းကော၊ စိတ်ဓါတ်ရေးရာ အရကော၊ အရာရှိတွေကော စစ်သည်တွေကော တပ်ပြေးတွေ ဒီ လောက်များတာကော၊ တိုက်ပွဲတစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ ဖြစ်လာတဲ့ဟာ တကယ်တမ်း ပြည်ပရန်နဲ့ ကြုံ ရင် ဒီတပ်မတော်က ဒီတိုင်းပြည်ကို ကာကွယ်နိုင်ပါဦးမလား။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အစောက ပြောတဲ့ ဝေါလေ တိုက်ပွဲမှာ chopper တွေကို ဒီ ဗျူဟာကုန်းရဲ့ အနောက်မှာ ထားတယ်ဆိုတာက ဗျူဟာမှူး အနေနဲ့ ပူပန်မှုတွေ ရှိပါတယ်။ နိုင်ငံတကာကနေပြီးတော့ သုံးသပ်မယ်ဆိုရင်၊ မြန်မာ့တပ်မတော်ကအရာရှိတွေကို အင်မတန် ထူးဆန်း တယ်လို့ပဲ သုံးသပ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်က အရာရှိတွေက စက်ယန္တယားတွေကို လူထက်ပိုပြီးတန်ဘိုးထားကြပါတယ်။ ဒီ chopper တွေကို ဗျူဟာကုန်းရဲ့အနောက်မှာ ထားရတယ်ဆိုတာကလည်း မတော်တဆ ပျက်စီးသွားမှာစိုးလို့ ရဲဘော်တွေကို အရှေ့မှာခံပြီး chopper တွေကို အနောက်မှာ ထားရတာ ဖြစ်ပါတယ်။ ဒီ ရဟတ်ယဉ် တစ်စီး ပျက်ကျသွားမယ်ဆိုရင် အဲဒီ ဗျူဟာမှူးက စုံ/ခုံ (စုံစမ်းစစ်ဆေး ရေးခုံရုံး) တက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာလေးတွေရှိပါတယ်။ ကျနော်တို့ တပ်မတော်မှာ။

ဦးရော်နီညိမ်း။ ။ ဒါဆိုလို့ရှိရင် ဒါ သေနင်္ဂဗျူဟာအခြေခံအရ တောင်ကုန်းတစ်ကုန်းကို ခံစစ်စည်း (၃) စည်း လုပ်တဲ့နေရာမှာ၊ အလယ် ဒုတိယစည်းမှာ ဒီ chopper တွေက ထားရမယ်၊ command က နောက်ဆုံးစည်းမှာ ထားရမယ်ဆိုတာ လူတိုင်းသိပြီးသားပဲ၊ တပ်မှာပေါ့နော်။ ဒါပေမယ့် သူတို့ က chopper တွေကို နောက်ပို့ရတဲ့ အကြောင်းအရင်းက chopper တွေများ တစ်ခုခု ထိခိုက်ပျက်စီးခဲ့မယ် ဆိုရင် စစ်ခုံရုံး တက်ရမှာစိုးလို့ ဆိုတဲ့ အပေါ်မှာ ဖြစ်ရတယ်လို့ ဗိုလ်မှူးက အခုပြောပြတယ်။ အဲဒီတော့ ဒီလိုမျိုး လွဲချော်နေတဲ့ဟာက ခုနက ဗိုလ်မှူးပြောသလို ပစ္စည်းက လူထက်ပိုပြီး တန်ဘိုးရှိနေလို့ ဒါကို ကာကွယ်ရတာ ဖြစ်တယ်ဆိုတော့ စစ်သဘောတရားအရ အမှားကြီးကို သူတို့ လုပ်တဲ့ဟာက အခု ဒီမှာ အပေါ်က aerial photo နဲ့ ကြည့်တဲ့လူတောင်မှ သိနေတဲ့ ကိစ္စ။ ဆိုတော့ အဲဒါတွေက အထက်ကို ပြန်တင်ပြ လို့မရဘူးလား၊ ဒီ တိုက်ပွဲဟာ ကိုယ်က မကျဖို့ အရေးကြီး တာပေါ့။ အခုတော့ ဒီ chopper တွေကတော့ လွတ်ထွက်သွားပါရဲ့၊ ခုနက ပြောသလို နောက်ဆုံးမှာ ထားလို့၊ ဒါပေမယ့် ဒီတောင်ကုန်းကတော့ ကျသွားတယ်။ ဆိုတဲ့ဟာက၊ နောက် အများကြီးလည်း ကိုယ့်ဘက်က သေတာပေါ့။ ဒါမျိုးကို ပြန်ပြီး တော့ တင်ပြလို့ မရဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မရနိုင်ပါဘူး ခင်ဗျာ၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ ရှေ့တန်းအပို့ခံရတဲ့ ဗျူဟာမှူး ဆိုတာလည်း အမြင်ကပ်လို့ အပို့ခံရတဲ့ ဗျူဟာမှူးတွေပဲ ဖြစ်ပါတယ်။ သူတို့မှာ "ရှေ့တိုးလည်း ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ်" ဆိုတဲ့ အဖြစ်မျိုးပါ။ သူတို့ ဖြစ်နေတဲ့ ပြဿနာကလည်း များသောအားဖြင့် အလုပ်သင်က ဖြစ်တဲ့ (အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်း) ဗျူဟာမှူးတွေကိုပဲ အဲဒီ လိုမျိုး အနှိမ်ခံဗျူဟာမှူးတွေကိုပဲ ရှေ့တန်းကို ပို့တာရှိတယ်။ DSA ဆင်းဆိုရင်လည်း တော်တော်ကြီးကို သူတို့ မျက်မုန်းကျိုးတဲ့လူတွေကိုပဲ ပို့ တာရှိတယ်။ အဲဒီတော့ ခုန ဗျူဟာမှူးက လက်တွေ့အကျဆုံး အလုပ်ကို သူ လုပ်သွားတာပါပဲ။ လူတွေ အသေခံပြီးတော့ ရဟတ်ယာဉ်တွေကို ကာကွယ်သွားရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဗျူဟာမှူးက ပြီးရင် စစ်ခုံရုံးတက်ရမှာပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ DSTA ပေါ့နော်၊ "တပ်မတော်နည်းပညာတက္ကသိုလ်"ဆိုတာက ပြောမယ်ဆို စစ်အင်ဂျင်နီယာတက္ကသိုလ်ပေါ့၊ စစ်အင်ဂျင်နီယာဆိုတာ ဟိုခေတ်က B.Sc Engineering နောက် R.I.T ဆင်း၊ အဲဒါကို O.T.S တက်ပြီးတော့မှ ရွေးပြီးခေါ်တယ်။ အခု အဲဒါ ကို မဟုတ်ဘူး (၁၆)နှစ် (၁၇)နှစ်သားကတည်းက လူငယ်ဘ၀ကတည်းက စစ်ထဲဝင်လာတဲ့ ကိုယ်ယုံကြည်စိတ်ချရတဲ့ လူမျိုးကိုမှ DSA ပုံစံမျိုး နဲ့ ရွေးထုတ်ပြီးမှ မွေးမြူမယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့လုပ်လာတာ။ DSTA ကော DSMA လည်းရှိသေးတယ်။ "တပ်မတော်ဆေးတက္ကသိုလ်"၊ ဆိုတော့ အဲဒီလိုမျိုး သူတို့ ယုံကြည်ပါတယ် ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက မွေးပြီးတော့မှ ထောင်လာတဲ့ တက္ကသိုလ်ကထွက်တဲ့ ဗိုလ် မှူးဆိုရင် ဒါ DSTA အပတ်စဉ် (၁)က ထွက်တာ၊ အဲဒီတော့ အဲလို ဗိုလ်မှူးတောင်မှ ဒီလိုမျိုး သူတို့ လုပ်နေတဲ့အပေါ်မှာ ကိုယ်သဘောမတွေ့တဲ့ ကိစ္စဖြစ်လာတော့ အဲဒီ DSTA ကို တက်ဖြစ်တဲ့ အကြောင်းနဲ့ နောက် ရုရှ သွားပြီးတော့ ပညာသင်ရတဲ့ အကြောင်းကို ချုံငုံပြီး ပြောပေးပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ DSTA ကို join တာကတော့ စစ်ထဲဝင်လိုက်တယ် ဆိုတာထက် ကိုယ်က တက္ကသိုလ်တစ်ခုကို တက်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ဒါပေမယ့် စစ်သားစိတ်ပေါက်သွားတယ် ဆိုတာကတော့ ကျနော်တို့ စစ်သင်တန်း တက်ပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူသွားတယ်။ အတူတူစားတယ်။ အဲဒီလို နေလာတဲ့ အခါကျမှသာ ကျနော်တို့က စစ်သားစိတ်ဆိုတာ ဖြစ်လာပါတယ်။ စစ်သားစိတ်ဖြစ် လာတဲ့ အခါမှာလည်း ကျနော်တို့က ဒါ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်ထောင်စုသား အားလုံးကို ကာကွယ်ဖို့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိနေ တဲ့ ပြည်ထောင်စုသားဆိုရင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါပေမယ့် နောက်ပိုင်း ကိုယ့်ရဲ့ခံယူချက်တွေ ကိုယ့်ရဲ့ယုံကြည်ချက်တွေက အလွဲသုံး စား လုပ်ခံရတယ်ဆိုတာကတော့ မြင်လာတယ်ဗျ။ ကျနော့်အနေနဲ့ ပိုပြီးတော့ သိသာမြင်သာတာကတော့ ဒီ "လူကြီး" တွေရဲ့ လုပ်ပုံကိုင်ပုံဟာ စေတနာမမှန်တာကို ကျနော်တို့က သိတော့ သိလာတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ယူနီဖောင်း တစ်ရောင်တည်း ၀တ်ထားတဲ့လူအနေနဲ့ ၊ ပြီးတော့ ကိုယ်အလေးပြုနေတဲ့ လူအနေနဲ့ ကျနော်တို့ဟာ ဘာမှ ပြန်ပြီး ဝေဖန်ဖို့အတွက် စိတ်ကူးမရှိခဲ့ဘူးပေါ့ ဗျာ။ ရဲရဲမတွေးရဲဘူးပေါ့၊ အဲဒီ အချိန်မှာ နောက်ပိုင်းမှာ ရုရှကို ပညာတော်သင် သွားရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်ပွင့်လင်းသွားတယ်။ ပထမဦးဆုံး အင် တာနက်ကို စသုံးလာရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ တခြားစာပေတွေ လေ့လာခဲ့တာရှိတယ်။ တခြား မိတ်ဆွေ အပေါင်းအသင်း တွေ့ ကြုံလာတာရှိတယ်။ အဲဒါပြောဆို ဆွေးနွေးရင်းနဲ့ကမှ ပိုပြီးတော့ မျက်စိပိုပွင့် လာပြီးတော့မှ၊ နောက်ဆုံး တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့ အလုပ်တစ်ခုကို ကျနော် လုပ်ခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကို ဗိုလ်မှူးမဖြစ်သေးဘဲနဲ့ ကိုယ့်ကိုယ်ကို ဗိုလ်မှူးလို့ ပြောတယ် ဘာညာ သူတို့ သတင်းစာတွေက ရေးတယ်။ ကျနော်တို့ သိထားသလောက်ကတော့ officiating (တစ်နှစ် အစမ်းခန့်) ဗိုလ်မှူးဆိုရင်၊ ဒါ အပွင့်မတင်သေးခင်စပ်ကြားမှာ တပ်ထဲမှာ လူတိုင်း က ဗိုလ်မှူးလို့ပဲ ခေါ်ရတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဗိုလ်မှူးပဲ ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ ဒီမှာ အသက် (၈၀) နားနီးနေပြီ။ တပ်မတော် အက်ဥပဒေနဲ့ ဆိုရင် ကျနော်တို့ ကြားဖူးတာ ပုဒ်မ (၆၅) " စစ်စည်းကမ်းကျနမှု" ကို ဖောက်ဖျက်ပြီး ကိုယ်ကတော့ အငြိမ်းစား မယူဘဲနဲ့ သူများကို အသက်(၆၀) မှာ အငြိမ်းစားယူခိုင်းပြီး သူတို့လုပ်နေတယ်။ ဗိုလ်မှူးက officiating မစေ့ခင်မှာ ထွက်လာတဲ့ဟာ ကို သူတို့က ဘာပဲပြောပြော ကျနော်တို့ကတော့ ဗိုလ်မှူးကို ဗိုလ်မှူးလို့ပဲ မြင်ပါတယ်။ နောက်တခါကျတော့ ဗိုလ်မှူးက ဒီအတိုင်းပဲနေသွားရင် လည်းပဲ officiating ပြည့်ပြီး ဗိုလ်မှူးဖြစ်၊ နောက် မကြာခင်မှာပဲ ဒုဗိုလ်မှူးကြီးပေါ့ နော်၊ ဒုဗိုလ်မှူးကြီးဆိုတာ ပထမတန်း First Grade ထဲက ဒါ တံခါးဝပဲ။ အဲဒီတော့ ဒီတံခါးဝကို ဗိုလ်မှူးက ရောက်ခါနီးနေတဲ့အချိန်မှာတောင်မှ၊ ဒီကိစ္စကို ငါ ရအောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ဟာမျိုး ဘယ်အ ကြောင်း အရာကစေ့ဆော်ပြီး ဘယ်လိုဖြစ်သလဲဆိုတာ ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

(မှတ်ချက်။ ။ မြန်မာ့တပ်မတော်တွင် အရာရှိများအား ဒု-ဗိုလ် မှ ဗိုလ်ကြီး အထိ Third Grade အရာရှိ၊ ဗိုလ်မှူးအား Second Grade အရာရှိ၊ ဒု-ဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများအား First Grade အရာရှိ ဟု ခွဲခြားသတ်မှတ်ထားသည်။)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြန်မာပြည်ကို ဘယ်သူမှလည်း လာပြီး ကျူးကျော်စရာ မရှိဘူး။ သူတို့က တချိန်လုံး ဒါ ပြည်ပကျူးကျော်စစ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ တောက်လျှောက်လုပ်နေပါ တယ်။ အဲဒီမှာ ကျန်တဲ့ကဏ္ဍတွေ အားလုံးက ယုတ်လျော့သွားတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" ဆိုတဲ့ဟာကို ကျနော်က လက်မခံပါဘူး။ ကျနော်က "တိုင်းပြည် အင်အားရှိမှ တပ်မတော် အင်အားရှိမည်" ဆိုတာကိုပဲ လက်ခံပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည် အင်အားယုတ်လျော့စေတဲ့ ဒီကိစ္စကို ကျနော် လုံးဝ လက်မခံတာပါ။ ဒီ နျူးကလီးယား စီမံကိန်းဆိုတာ ကျနော်တို့ မြန်မာပြည်အတွက် လုံးဝ မလိုအပ်တဲ့ ကိစ္စပါ။ မလိုအပ်တဲ့ ကိစ္စဆိုတာ သူတို့ရဲ့ paranoia ပေါ့ ကိုယ့်ကိုယ်ကို ကြောက်နေတာ၊ တစ်တီတူး ခြေထောက်မိုးပေါ်ထောင်ပြီး အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ဆိုလိုတဲ့ သဘောက ဒီဥစ္စာကြီးက ပြည် သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးနေယုံတင်မကဘဲ ကျနော်တို့ လူငယ်တွေရဲ့ ဘ၀တွေကိုပါ ဖြုန်းတီးပစ်နေတယ်။ လူ အရင်းအမြစ်၊ ပစ္စည်းအရင်းအ မြစ်မရှိဘဲနဲ့ technology အရင်းအမြစ်မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို နိုင်ငံတကာနဲ့လည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီးတော့ လုပ်တာ လည်း မရှိဘူး။ ကျနော် ဒီကိစ္စကို ဖော်ထုတ် ရတဲ့ အကြောင်းအရင်း အဓိက ကတော့ ဒီ မအောင်မြင်နိုင်တဲ့ အဓိပ္ပါယ် မရှိတဲ့ "ရူးနှမ်းနှမ်း စီမံ ကိန်းကြီး"ကို ကျနော်က ဖျက်ချင်တာ၊ ဒီစီမံကိန်းကြီးကို ကျနော်က ရပ်တန်းက ရပ်စေချင်တဲ့ သဘောနဲ့ လုပ်တာပါ။ တပ်မတော်သားတွေ အနေနဲ့ သစ္စာစောင့်သိခြင်းမှာ အတွေးအခေါ်နဲ့ ယှဉ်ပြီး သစ္စာစောင့်သိတာက ပိုပြီး တော့ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ တပ်မတော်သား တွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခါးပုံစကိုဆွဲပြီးတော့ သစ္စာဆိုလာကြတာ မဟုတ်ပါဘူး။ နိုင်ငံတော်အလံကို ကိုင်ပြီးတော့ သစ္စာဆိုလာကြ တာပါ။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ စီမံကိန်း တွေရှိနေတယ်ဆိုတဲ့ အထောက်အ ထား တစ်ချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်ခွါလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား စတုတ္ထပိုင်း၊ နောက်ဆုံးပိုင်းကို တင်ဆက် ပေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။
(Voa)

1 ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓ္ပဘာသာဝင်အပေါင်းတို့အား သတိပေးနိုးဆော်လွှာ



 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.