Saturday, July 3, 2010

0 မကွေးအက်ဖ်စီ ဟု အမည်ထွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်များ ပျံ့နှံလျှက်ရှိ

မနေ့က ရရှိသော သတင်းများအရ.. မြန်မာပြည်၏ အစိုးရဌာနများနှင့် ကုန်မ္မဏီ ကွန်ပျူတာများတွင် မကွေးအက်ဖ်စီ ဟု အမည်ထွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်များ ပျံ့နှံလျှက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုပမာဏကိုမှု အသေးစိတ်မသိရှိရသေးပေ။ တိုက်ခိုက်ခံရသူများ၏ ပြောစကားများအရ ကွန်ပျူတာအတွင်းဖိုင်များအား ဖျက်ပစ်ကြောင်းနှင့် ဝင်းဒိုးစ် ၏ desktopရှိ start menuနေရာတွင် မကွေးအက်ဖ်စီ စာတမ်းသာ တွေ့ရတော့ကြောင်း သိရှိရပါသည်။

virusအတိုက်ခိုက်ခံရတာ အများစုဟာ .exeဖိုင်တွေကို အလွယ်တကူဖွင့်မိလို့ဖြစ်တာအများဆုံးပါ။ ဗိုင်းယပ်နံမည်က mgy.exeပါ။

mgy.exe Virus တိုက်ခိုက်ခံရသော ကွန်ပျူတာသည် ..

(၁) ကွန်ပျူတာသည် နှေးကွေးသွားခြင်း။
(၂) Memory Stick များတွင်းမှ Folder များပျောက်သွားကာ ထိုပျောက်သွားသော Folder များ၏ အမည်များဖြင့် .exe File များအစားထိုးဝင်ရောက်နေခြင်း။
(၃) Folder Option၊ Taskmanager ပျောက်သွားခြင်း။
(၄) cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်းပြန်ပိတ်သွားခြင်း။
(၄) .vbs script များ Run ၍မရခြင်း။
(၅) Desktop ၏ ညာဘက်အောက်ထောင့် ( အချိန်ဖော်ပြသောနေရာ ) တွင် အထက်ပါ ဖော်ပြထားသော Magway Fc ပုံ မကြာခဏ ပေါ်လာခြင်း
တို့ပဲဖြစ်ပါသည်။


ထိုသို့ mgy.exe Virus တိုက်ခိုက်ခြင်းခံနေရပါက ..

(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
(၂) Virus ကိုဖယ်ရှားခြင်းပြုလုပ်ရာတွင် System ကို Restart ပြုလုပ်ရန်လိုအပ်သည့် အတွက် လုပ်လက်စအလုပ်များရှိပါက Save ပြုလုပ်ထားရန်လိုအပ်ပါသည်။
(၃) Virus ဝင်ရောက်ခြင်းခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။
(၄) Myanmar Chat Online မှ Download ယူထားသော
mgyVirusRemoval.exe ကို Runလိုက်ပါ။
(၅) System Restart ဖြစ်၍ ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာတွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။
(၆) Nod32 AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ၏နေရာကို Virus မှ နေရာဝင်ရောက်ယူသွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

download

နည်းပညာ။ ။ မြန်မာချက်အွန်လိုင်းအားကျေးဇူးတင်ရှိပါသည်။

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ စံချိန်မှီ မမှီ



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် ဓါတ်မှန်ခန်းအား ဆေးခန်း မှတ်ပုံတင် ချပေးရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သက်ဆိုင်ရာ အရာရှိများနှင့် ကျန်းမာရေးဦးစီး အရာရှိတို့မှ ဆေးခန်းတစ်ခုတွင် ရှိသင့် ရှိထိုက်သည့် စံနှုန်း မှီ မမှီ၊ တားမြစ်ထားသော ထိန်းချုပ်ဆေးဝါးများ အသုံးပြု မပြု၊ ဓါတ်မှန်ခန်းတွင် ဓါတ်မှန်စက်ထားရှိမှု စံချိန်စံညွှန်း မှီ မမှီတို့ကို အဓိကထားကာ ကြည့်ရှုစစ်ဆေးသွား ခဲ့ပါသည်။

၂၀၀၇ ခုနှစ် မတ်လမှ စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသည် အခမဲ့ ဆေးဝါးကူညီမှု၊ ခွဲစိတ်မှု၊ မျက်စိ၊ အရိုးအကြော၊ ကလေး၊ ကိုယ်ဝန်ဆောင်၊ နား နာခေါင်း လည်ချောင်း၊ အပ်စိုက် အစရှိသည့် ရောဂါဝေဒနာရှင်များအား ကုသိုလ်ဖြစ် ကုသပေးခဲ့ရာ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ လူနာ စုစုပေါင်း (၉၃၉၉၄) ဦးတို့အား အခမဲ့ ကုသပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် နေ့စဉ် ပျမ်းမျှလူနာ ၁၅၀ မှ ၂၀၀ အထိ အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။

ကိုကျော်သူ

0 ခမောက်ရောင်းသမားနဲ့ မျောက်သန်းရွှေ


တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။

ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။

နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့..သူ့ခြင်းတောင်းထဲမှာခမောက်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက်ပဲကျန်တော့တယ်…။ခမောက်တွေဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်ကမျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီခမောက်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။ဒါနဲ့ပူလွန်းလို့ ခမောက်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ခမောက်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီးသူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာမျောက်တွေပစ်ချတဲ့ခမောက်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀)ကြာတဲ့အခါစောစောကဦးထုပ်သည်ကြီးရဲ့မြေးကလေးကခမောက်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ခမောက်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီးသူ့အဘိုးနည်းအတိုင်း ခမောက်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်..။ သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။

´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။


ဒီပုံပြင်လေးလိုဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က မဆလ မျောက်ဘိုးအေကြီး ဦးနေ၀င်း ဦးစောမောင်က (၁၉၉၀)ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်ပေးခဲ့တုန်းက ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး အမျှော်အမြင်ရှိလှတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေဦးဆောင်မှုကြောင့် ပြည်သူလူထုအပြည့်အ၀ထောက်ခံခဲ့တဲ့ ခမောက်ဆောင်းတဲ့ Nld (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ဟာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နအဖဟာ ဂတိချိုးဖောက်ပြီး ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအာဏာလွှဲပြောင်းမပေးဘဲ လုပ်ချင်သလိုဖိနှိပ်ချုပ်ချယ် လုပ်နေခဲ့ပါတယ်။

အခု နှစ်ပေါင်း(၂၀)လွန်မြောက်ပြီး တဖတ်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့တရားမျှတမှုမရှိတဲ့(၂၀၁၀) ရွေးကောက်ပွဲကိုလုပ်ပါတော့မယ်။အရင်တခါ(၁၉၉၀)ကလို(ခမောက်)တွေပြန်လည်အနိုင်ရယူခဲ့တာကို အဖြစ်မခံနိုင်တဲ့ သစ်ပင်ပေါ်ကဆင်းလာတဲ့ မျောက်သန်းရွှေ က" မင်းတို့လူတွေမှာလည်းအဘိုးရှိသလို ငါတို့မျောက်တွေမှာလည်း မျောက်အဖိုးရှိတယ်ကွ"လို့ပြောပြီး နအဖအာဏာတည်မြဲရေးအတွက် (ခမောက်)ကို မတရားလုယူပါတော့တယ်.......

thanhtut88

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ်ဒါနပေးဆပ်မှုများ





နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်းကို ပန်းချီ ဆရာကြီး
ဦးဝင်းကြည်မှ သင်ကြားပို့ချခဲ့ရာ ယခုဆိုရင် (၂) လတာ ကာလအတွင်းသို့ ရောက်ရှိ ခဲ့ပြီ ဖြစ်ပါသည်။
သင်တန်းကာလအတွင်း ခဲပန်းချီ ရေးဆွဲနည်း၊ အလင်းအမှောင်၊ လိုင်း၊ မျဉ်းကွေး မျဉ်းကောက် စသည့် အခြေခံ
ပန်းချီပညာရပ်ကို သင်ကြားပို့ချခဲ့ခြင်း၊ Morekha ပန်းချီပြခန်းသို့ သွားရောက် လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ယနေ့ ၃.၇.၂၀၁၀ (စနေ) နေ့တွင် ရေဆေး ပန်းချီ ပညာရပ်ကို တစ်ဆင့်တက်၍ သင်ကြားလျှက် ရှိပါသည်။

မျိုးဆက်သစ် ကလေးငယ်များသည် ပညာရေးကိုလည်း လစ်ဟင်းမှုမရှိစေဘဲ မိမိတို့ ၀ါသနာ ပါရာ
ပန်းချီပညာရပ်ကိုပါ လေ့လာလိုက်စား ၀ါသနာပါခြင်းကို ပံ့ပိုး ဖေးမ ကူညီပေးရမည်မှာ ကျွန်တော်တို့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု တစ်ခုပင် ဖြစ်တော့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အနာဂတ်အတွက် အဖိုးမဖြတ်နိုင်သော လူငယ် မျိုးဆက်သစ် ကလေးများ မွေးဖွားပေးရာ နေရာတစ်ခု ဖြစ်တော့သည်။


အနာဂတ်အတွက် Beginner သင်တန်း



စနေ၊ တနင်္ဂနွေနေ့ကျောင်းပိတ်ရက်များတွင်နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိမျိုးဆက်သစ်ကလေးငယ်များအား သင်ကြားပို့ချလျှက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းများတွင် ကလေးငယ်များ၏ ဆန္ဒအတိုင်း ပန်းချီသင်တန်း တက်လိုသူ တို့သည် ပန်းချီသင်တန်း တက်ခြင်း၊ အင်္ဂလိပ်စာ အားနည်းသော ကလေးငယ်များက အချိန်ပို အင်္ဂလိပ်စာ Beginner သင်တန်း တက်ရောက်ခြင်းတို့ကို မိမိတို့၏ စိတ်ဆန္ဒအတိုင်း မိမိတို့ အားနည်းသော ပညာရပ် ဘာသာရပ် အသီးသီးကို အထူးကြိုးစား သင်ယူလျှက်ရှိရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ တတ်သိပညာရှင် အသီးသီးတို့မှ နွေးထွေးစွာ သင်ကြားပေးလျှက် ရှိပါသည်။

မိမိတို့၏ အားနည်းချက်၊ အားသာချက်တို့ကို မိမိတို့၏ ကိုယ်ပိုင် ဦးနှောက်နှင့် ခွဲခြမ်း သုံးသပ်
ဖော်ထုတ်နိုင်ခြင်းသည် မျိုးဆက်သစ် ကလေးငယ်တို့၏ အဖိုးမဖြတ်နိုင်သော အသိဥာဏ်ပင် ဖြစ်တော့သည်။

ဆံသပညာရှင်တို့၏ စတုတ္ထအကြိမ်မြောက် ကုသိုလ်ဒါန



Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ စတုတ္ထအကြိမ်မြောက် အဖြစ် ထပ်မံ၍ မြောက်ဒဂုံမြို့နယ်ရှိ
နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၂၅) ဦးတို့မှ ၃.၇.၂၀၁၀
(စနေနေ့)တွင် နာရေးကူညီမှု လုပ်အားပေး အသင်းသူ/သားများနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်း၊ ပန်းချီသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ် များတို့ အပြင် နာရေးကူညီမှုအသင်းရှိ
သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား ဆံပင်ညှပ်ခြင်း၊ ဆံပင်ဆေးဆိုးပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း စသည်တို့ကို မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် တကိုယ်ရေ သန့်ရှင်းမှုအတွက် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။

ကိုကျော်သူ

0 မလွဲမသွေ ထာဝရ ပေးဆပ်မှုများ


မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစဟူသော လူ့လောက သဘာဝတွင် အို နာ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။ ကုသိုလ်ကံ ကောင်းသူများအဖို့ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားလာနိုင်သော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင်ကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငြူစူမှုမျိုးစုံ အောက်တွင် သိပ်ငယ်စွာ ခံစားနေထိုင် ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော “ဆည်းဆာရိပ်” ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း ဟူ၍ ပေါ်ပေါက်လာသည်။

ဂီလာန ဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦး ချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုစုစောင့်ရှောက်ရန်၊ ဘိုးဘွားများ၏ ကျန်းမာရေးကို အခါမလပ် ကြည့်ရှုစောင့်ရှောက်၍ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် အသက် (၇၀)နှစ် နှင့်အထက် ဘိုးဘွားများ၊ မျက်မမြင် ဘိုးဘွားများအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ အပါတ်စဉ် နွေးထွေးသော လက်များဖြင့် ကြိုဆို ဖေးမ ကူညီကုသ ပေးလျှက်ရှိရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် ဆရာဝန်ကြီးများ၊ ဆရာမကြီးများ၊ သူနာပြုဆရာမများ၊ လုပ်အားပေး မျိုးဆက်သစ် လူငယ်များတို့မှ ယခု ဇူလိုင်လ ၂ ရက် သောကြာနေ့တွင် မလွဲမသွေ ထာဝရ ပေးဆပ်လျှက် ရှိပါကြောင်း . . . .

ကိုကျော်သူ

0 The Voice Journal vol.6/No.33

0 “မြန်မာပြည်ရဲ့အာဏာရှင်” (THAN SHWE' UNMASKING BURMA’S TYRANT)စာအုပ်


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ရေးသားထားတဲ့ “မြန်မာပြည်ရဲ့ အာဏာရှင်” ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိတဲ့အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်း မှာ မနေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ ချွတ်ခြုံကျခဲ့ရ တဲ့အကြောင်းနဲ့ သူ့ရဲ့ ထူးခြားတဲ့ စရိုက် သဘာဝတွေကို စာရေးသူ Benedict Rogers က ရေးသားဖော်ပြထားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက် ခဲ့တဲ့ ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့အကြောင်း အတ္ထုပ္ပတ္တိဆန်ဆန်ရေးထားတဲ့ စာမျက်နှာ ၂၅၀ ပါ စာအုပ်ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး ရေးထား တာတော့မဟုတ်ပါဘူး။ စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က မြန်မာပြည်ကိုလည်း တကြိမ်မကရောက်ဖူးတဲ့သူ၊ မြန်မာ့အရေးလှုပ်ရှားမှုကိုလည်းစိတ်ဝင်တစားရှိသူ ဖြစ်ပြီး သူကိုယ်တိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်။

သူ ဒီစာအုပ်ကိုရေးတဲ့အခါမှာ ဗိုလ်ချုပ်မှူးးကြီးသန်းရွှေနဲ့ဆုံခဲ့ဖူးတဲ့ သံတမန် အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေ၊၊ ဗိုလ်ချုပ်မှူးကြီးလက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတဲ့ စစ်သားဟောင်းတွေ၊ လက်ရှိစစ်မှုထမ်းတချို့ နဲ့ ဆက်သွယ်မေးမြန်းပြီး ရတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံရေးသားထားတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူတော်တယောက်ဖြစ်ပေမယ့် လူကောင်း တယောက်တော့ မဟုတ်ဘူးလို့ ဘန်းနဲဒစ် ရော်ဂျားစ်ကပြောပါတယ်။

“ဗိုလ်ချုပ်မှူးးကြီးသန်းရွှေဟာ နိုင်ငံမှာ ထိပ်ဆုံးနေရာကိုရအောင်ယူခဲ့တဲ့သူ၊ ၁၉၉၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်မှူးကြီးရာထူးကိုရခဲ့တယ်၊ သူဟာ စစ်တပ်အပေါ်မှာ ရော တိုင်းပြည်အပေါ်မှာပါ မဟာဗျူဟာကျကျ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခွဲခြား ဆက်ဆံပြီး အုပ်ချုပ်တတ်တဲ့သူ၊ ကျနော်တို့ထင်ထားတာထက် ပိုပြီးတော့ ပါးရေ နပ်ရေရှိတဲ့သူ၊ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာလည်း ကောင်းကောင်း လှည့်ပတ် ကစားနိုင်တဲ့သူ၊ နိုင်ငံတကာရဲ့ ဖိအားတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိန်းပြီးတော့ တုန့်ပြန်တတ်တဲ့သူ၊ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ကိုကြိုက်တဲ့သူ၊ ဗေဒင်ယတြာကို ယုံကြည်အားကိုးတဲ့သူ၊ တိုင်းမ်မဂ္ဂဇင်းကို ဖတ် တဲ့သူ၊ အင်တာနက်ကိုအသုံးပြုနိုင်တဲ့သူ စတဲ့အရည်အချင်းတွေရှိတဲ့သူပါ။” လို့ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောသွားပါတယ်။

“သူဟာ အာဏာရှင်ဟောင်းဦးနေ၀င်းကို အတုခိုးပုံတူကူးတဲ့သူဆိုပေမယ့် ဦးနေ၀င်းက ပိုပြီးတော့ တိုင်းပြည်နဲ့စစ်တပ်အပေါ် ဆွဲဆောင်မှုရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် မြန်မာပြည်နဲ့မြန်မာ့တပ်မတော်ဟာ သမိုင်းတပတ် လည်သလိုမျိုး ဦးနေ၀င်းအုပ်ချုပ်ခဲ့သလို အာဏာရှင်တဦး ပြန်အုပ်ချုပ်တာမျိုး ကြုံနေရပါတယ်။” လို့ ဘန်နဲဒစ် ရော်ဂျားစ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်မှာ နေရာမပေးဘဲထားတဲ့ သူ့ရဲ့ ပါးနပ်တဲ့ ဆက်ဆံရေး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်မှာ အနှိမ်နင်းခံရတဲ့ တိုင်းရင်းသား ဒေသတွေအကြောင်း၊ သူ့အုပ်ချုပ်မှုကာလမှာ အမွေတခုအဖြစ် ထူးထူးခြားခြား ထားခဲ့ချင်တာက နေပြည်တော်စီမံကိန်းပဲဆိုတဲ့ အကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို လုံးဝထည့်မတွက်ဘဲ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ပီပီပြင်ပြင် ချေမှုန်းထိန်းချုပ်ခဲ့တဲ့အကြောင်း၊ နောက်ဆုံး နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိရည်ရွယ်ပြီး စီစဉ်မှုတွေရှိလာတဲ့ တကယ့် အာဏာရှင်ကြီးတဦးဖြစ်တဲ့အကြောင်း” စာရေးသူဘန်းနဲဒစ် ရော်ဂျားစ် က ပြောပါတယ်။

“အမှန်မတော့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှု အောက်မှာ လုံးလုံးကျရောက်နေရပြီးတော့ သူ့ရဲ့လက်ထက်မှာ မြန်မာပြည်ရဲ့ စီးပွားရေးဟာလည်း အဖျက်စီးခံခဲ့ရတယ်။သူ့ရဲ့တိုင်းသူပြည်သားတွေကလည်း ဒုက္ခတွေ ကြီးကြီးမားမား ကြုံတွေ့ခံစားနေရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အာဏာ ရှင်တွေထဲက တဦးပါပဲ။ သူပြောင်းလဲလာလိမ့်မယ်လို့လည်း မမျှော်လင့်ပါဘူး။ သူပြောင်းလဲဖို့ဆိုရင် သူ့ကိုပဲ သီးသန့်ဖိအားတွေပေးပြီး တဘက်ကလည်း သူ့ကို ထိထိရောက်ရောက် စေ့စပ်ဆွေးနွေးနေနိုင်မှ ရလိမ့်မယ်လို့ ယူဆတဲ့အကြောင်း၊” စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးကိုစိတ်ဝင်စားတဲ့ သတင်းသမားတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာပြည် ပေါ်မှာထားတဲ့ သဘောထားတွေပေါ်မှာ Benedcit Rogers နဲ့ အမြင် တူညီတာတွေ၊ မတူညီတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
(ဗီအိုအေ)

Friday, July 2, 2010

0 ရှစ်လေးလုံးစိတ်ဓာတ် (၁)

အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့ဆိုပြီး အန်နယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို တိုင့်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့ ဆိုတဲ့ ရိုး သားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ၁၉၉၀ ရွေးကောက် ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ် အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ပဲဖြစ်ပါတယ်။

ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထုနှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုန်း၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်းအသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်နယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဘို့ အတွက် အန်နယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည် လုံးအသိပါ။

ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမဲ့လဲ
မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန်းခူးစား ကလိန်ကကျစ်ကျ နေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဘို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စု က လည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက် ဘို့ ကြိုးစား ခဲ့ပါသေးတယ်။

နိုင်ငံတကာကို နဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဘို နအဖ စစ်အုပ်စုကတဘက်သတ်ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာဘဲ အသားထဲကထွက်တဲ့ လောက် ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ တိုင်းပြည်ကိုနစ် သတဲ့နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ့ အချောင်သမား အခွင့်အရေးသမားတွေကို လူထု အနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန် တခုလုံးအနေနဲ့ သော်၎င်း ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး စစ်အုပ်စုအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လစ်လျူရှု ကျော်လွန်ဲပြီး ပြုလုပ်တဲ့ အတုအလိမ် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်ကို လုံးဝ ဆန့်ကျင့်တိုက်ဖျက်သွား ရေးကိုသာ ကျနော်ယုံကြည်ပါတယ်။့ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ ရိုးသားစွာ ရေွးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူ ဟာကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ပေမဲ့လည်း ဒီမိုကရေစီတိုက်ပွဲမအောင်မြင် သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့် လွှတ်နိုင်ပါသေးတယ်။ အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက် ကိုသုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာ မည့်အချောင်သမားများ သာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။

အန်အယ်လ်ဒီ ကနှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့ အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်း ပါတယ် ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေ တော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်နယ်လ်ဒီ ကိုပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော် သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်းမမှား စေလိုသော ကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ ) သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က
မွေးဖွား ပေးခဲ့သောလူထုပါတီ တရပ်ဖြစ်သည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .

မောင်မောင်စိုး

၁-၂၆၀-၄၂၆ ၄၁၂၁

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအဖွဲ့ကြီးမှနိုးဆော်စာ

0 “ ရဲဆေး ” တင်ပေးခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘ၀တစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များ ထွက်နေခြင်း၊ ကိုယ်လက် ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းပေါင်း များစွာကို အခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။


ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့မှ ၁.၇.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ရောက်ရောက်ခြင်း ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၃/၂၀၁၀ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသ ပို့ချကာ လူမှုရေး ရဲဆေး တင်ပေးခဲ့ပါသည်။


0 သာသနာပြုမည့် ရေအလှူ


၂၉.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသန်းစိန်နှင့် အဖွဲ့သည် ပြည်မြို့ (ကျူတောရွာ၊ မကျီးစုရွာ၊ ရွှေမုဋ္ဌောကျောင်း၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်း ကုန်းရွာ၊ သဲကုန်းမြို့နယ် ပုတီးကုန်းရွာ) တို့တွင် ရေတူးဖော်မှု၊ ရရှိမှုတို့ကို ပြည်မြို့သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုရာတွင် နယ်ခံ ပြည်မြို့ရှိ ပရဟိတ လူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး စသည့် လူငယ်အဖွဲ့များက ကြိုဆို၍ ယင်းကျေးရွာများသို့ လိုက်လံ ပြသခဲ့ပါသည်။ အထူးအားဖြင့် မကျည်းစုရွာတွင် ရေလုံလောက်စွာ ရရှိသည့်အပြင် ယင်းရွာ၏ တောင်ကုန်းပေါ်တွင်ရှိသော ရွှေမုဋ္ဌောဘုရား ကျောင်းဝင်းသို့အထိ သုံးရေ သွယ်တန်းနိုင် ခဲ့ပါဖြင့် ရေလှူဒါန်းမှုသည် ပြည်သူလူထုအပေါ် ကူညီ ပံ့ပိုးပေးနိုင်ခဲ့သလို သာသနာပြုရာ လုပ်ငန်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ရေရှားပါးသည့်အချိန်တွင် ထို ရွှေမုဋ္ဌောဘုရားဝင်းရှိ သံဃာတော်များ ဆရာတော်ကြီးများသည် ရေသုံးစွဲရန်အတွက် ဧရာဝတီတစ်ဖက်ကမ်းသို့ ကူးကာ ခက်ခဲစွာ ရေသုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် ဘုရားကျောင်းဝင်းအတွင်း လွယ်ကူချောမွတ်စွာ ရေသုံးစွဲ နိုင်ပြီဖြစ်ပါသည်။ ဒေသခံ ပြည်သူလူထုများမှလည်း ကျေးဇူးတင် ၀မ်းသာအားရ သာဓု ခေါ်ဆိုကြ ပါသည်။

ထပ်မံ၍ ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီး၏ ရွှေပေါက်ပင် ကျောင်းတိုက်အတွင်း တွင်လည်း သာသနာပြုသည့် ကုသိုလ်ရေး ကိစ္စရပ်များအတွက် လိုအပ်နေသော ရေတွင်းတူးဖော်ရန် အတွက် ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ စတင် တူးဖော်ရန် လုပ်ဆောင်လျှက် ရှိပါသည်။

ကိုကျော်သူ

0 ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး ဖိုးလပြည့်ပိုင် ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ

ထွန်းထွန်း( နိရဉ္စရာ)
-------------
ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။

ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။

“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”

အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။

၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။

“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။

အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။

0 ဘဘ ဦးတင်ဦး၏ ညီမ ကွယ်လွန်


ဒေါ်မြမြခိုင် (ခ) Violet ဖေ (ဘဘ - ဦးတင်ဦး၏ ညီမ) အသက် (၇၀) နှစ်သည် ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၃၀.၆.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နံနက် (၁၀း၀၀) နာရီတွင် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

ယင်း နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရေအလှူကိစ္စ များဆောင်ရွက်ရန် ပြည်မြို့သို့ ရောက်ရှိနေ၍ ဈာပန အခမ်းအနားအတွက် နာရေးကူညီအမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများအား ဈာပန အခမ်းအနားတွင် စည်းကမ်းရှိစွာ ဆောင်ရွက်ပေးရန် အတွက် တယ်လီဖုန်းဖြင့် ပြည်မြို့မှ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များကို ကျေးဇူးတင်သည့် အနေဖြင့် အလှူငွေ လှူဒါန်းခဲ့ရာ ဂုဏ်ပြုကဒ်ပြားအား ရေဝေးသုဿန် ဈာပနအခမ်းအနားတွင် ဘဘ - ဦးတင်ဦး လက်ထဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပေးအပ် ခဲ့ပါသည်။

0 ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်

ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်



ဒီမိုကရေစီ ဝါဒ၊ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ တရားတွေ ခေတ်စား နေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထား မထား နိုင်တဲ့ နယ်ဟာ အနှေးနှင့် အမြန် အဲသည် နယ်မှာ ရှိတဲ့ လူတွေ နိုးကြားလာပြီး သည်လိုကမ္ဘာကြီးရဲ့ သဘောတရားတွေနှင့် ဖြစ်ပျက် နေတဲ့ခေတ် သဘောတရားတွေနှင့် ဆန့်ကျင်ဘက် သဘောတရား တွေကို တွန်းလှန် ပစ်ကြမှာပဲ ဆိုတာ ကျွန်တော် နိမိတ် ဖတ်ထား ချင်တယ်။

ကျွန်တော်တို့ အဖို့ မှာတော့ မင်းဆိုလိှို့လျှင် တိုင်းသူ ပြည်သား လုပ်တဲ့ လူတွေက အရမ်းလွှတ်ထား အပ်တဲ့ လူတွေမဟုတ်ဘူး။ အချုပ်အချယ် ရှိတန် သလောက် ရှိသင့်တယ်။

[Gen_Aung_San3.jpg]

(မင်း) အစိုးရ တို့ဟာ အချုပ်အချာ အာဏာကို ပိုင်ထားတဲ့ နိုင်ငံသူ နိုင်ငံသား တွေက မလိုချင်တဲ့ အခါမှာ မလိုတဲ့ အလျောက် တားဆီး နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်။


နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘယ်သူ ကတော့ဖြင့် မဲ မရထိုက်ဘူး၊ ဘယ်သူ ကတော့ဖြင့် မဲ ရထိုက်တယ် စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေ ရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လို ရာထူး မျိုးကို မရစေ ရဘူး၊ ဘယ်သူက သာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု တွေဟာ နိုင်ငံရေး တရား မျှတမှုကို ထိခိုက်တယ်။


[bojyoke+aungsan+(6).jpg]

ကျွန်တော်တို့ လိုချင်တာ ကတော့ နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့ (Buffer State) မျိုးလို နယ်ခြား နိုင်ငံကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီး တနိုင်ငံရဲ့ သြဇ လွှမ်းမိုးမှု အထူးတလည် ခံရတဲ့ (Vassal State) မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာ ကတော့ ဆန်မရှိ စောက်စားကြီးဘဲ ခေါ်ခေါ် (ရယ်သံများ) ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံတော့ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင်တယ်။


ကျွန်တော်တို့ ကတော့ ကျွန်တော် ကတော့ ကျွန်တော်တို့ သဘော အရ ပြဋ္ဌာန်း ထားတဲ့ အတိုင်းသွားမှာပဲ။ အဲသည်လို သွားတဲ့ အခါ မှာလည်း ဘယ်လို အခက်အခဲ တွေနှင့် တွေ့နေ တွေ့နေ အခက်အခဲ တွေကို ကျော်နင်းပြီး သွားမယ်။ ချောက်လျှင်လည်းကျွန်တော်တို့ မကြောက်ဘူး။ မြှောက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်း မပျော့ဘူး။ လမ်းမှန် အတိုင်း မှန်မှန် သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင် ထိအောင် ကျွန်တော်တို့ သွားမယ်။




၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်းခဲ့တဲ့ "လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ နိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်"မှကောက်နုတ်ချက်


စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်

၁.ဇူလှိုင်လ. ၂၀၁၀

Thursday, July 1, 2010

0 “သန့်ရှင်းစင်ကြည် မြစ်နဒီ” ဇာတ်ကားသစ် မိတ်ဆက်ပွဲ ကျင်းပ

ဇွန်လ ၃၀ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)

သီးညီနောင် အနုပညာမောင်နှမများ ရိုက်ကူးတင်ဆက်ထားသည့် “သန့်ရှင်းစင်ကြည် မြစ်နဒီ” အမည်ရှိ သဘာဝပတ်ဝန်းကျင်နှင့် ရေကာတာပညာပေး ဗွီစီဒီဇာတ်ကားသစ်ကို မိတ်ဆက်ပွဲ အခမ်းအနားတခု ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သီးညီနောင်မှ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြစ်ချောင်းများဆိုင်ရာ ကွန် ယက်မှ ကိုစိုင်းစိုင်းတို့က အဖွင့်မိတ်ဆက်စကား ပြောဆိုကြပြီးနောက် ၎င်းတို့ရိုက်ကူးထားသည့် “သန့်ရှင်းစင်ကြယ် မြစ်နဒီ” ဇာတ်ကားသစ်ဖြင့် အခမ်းအနားကို တက်ရောက်လာသည့် ပရိဿတ်များအား တင်ဆက်ဖျော်ဖြေခဲ့ကြသည်။













ထိုဇာတ်ကားတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ရေကာတာတည်ဆောက်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးများကို ပုံဖော်ထားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်များကို မြန်မာပြည်သူလူထုများ သိရှိလာစေရန် ရည်ရွယ်၍ ရိုက်ကူးတင်ဆက်ခြင်းဖြစ်သည်ဟု ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ ကိုဇီးသီးက ပြောသည်။

သူက “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ရေကာတာတည်ဆောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရလာနိုင်လဲ။ ဘယ်လိုမကောင်းတာတွေ ဖြစ်လာနိုင်လဲဆိုတဲ့ အဓိပ္ပါယ်လေးတွေကို ဇာတ်ကားထဲမှာ တင်ပြထားတယ်။”ဟု ပြောသည်။

အဆိုပါ ဇာတ်လမ်းကို မြန်မာအနုပညာသံချပ်သီချင်းများ၊ လူငယ်များအကြိုက် Hip-Hop သံစဉ်များအပြင် ဟာသများလည်း ရော စပ်ကာ တင်ဆက်ထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများ ကြည့်ရှုနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့်လည်း စာတမ်းထိုးထားသည်။

ယခုကျင်းပသည့် “သန့်ရှင်းစင်ကြည် မြစ်နဒီ” ဇာတ်ကားမိတ်ဆက်ပွဲ အခမ်းအနားတွင် လာရောက်ကြည့်ရှုအားပေးကြသူ မြန်မာ နိုင်ငံသား ၁၅၀ခန့်ရှိပြီး ထိုအထဲမှ မဲဆောက်မြို့တွင် အလုပ်လုပ်နေသူ မြန်မာအမျိုးသမီးတဦးကတော့ “ဒီဇာတ်လမ်းဟာ ပညာ ပေးဇာတ်လမ်းဆိုပေမဲ့ ဟာသလည်းပါတော့ ကြည့်လို့ကောင်းတယ်”ဟု ကေအိုင်စီကို ပြောသည်။

ဇာတ်ကားဖြစ်မြောက်ရေးအတွက် ရှမ်း၊ ကချင် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း ဇာတ်ကားထဲတွင် သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့မှ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး မြစပယ်ငုံတို့ အပါအဝင် ဇာတ်ပို့ဇာတ်ရံအားလုံး စုစုပေါင်း ၁၀ဦးကျော် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

သီးညီနောင် အနုပညာမောင်နှမများအနေဖြင့် ယခုလို ရေကာတာ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ပညာပေးဇာတ်ကားမျိုး ရိုက်ကူးတင်ဆက်ပြသခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

0 အိမ်ရယ်လို့ အမည်သာရှိတဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူတွေရဲ့ နေထိုင်နေရတဲ့ဘဝတွေပါ။

သို့

သူငယ်ချင်းတို့ရေ

တို့တတွေကတော့ မိုးလုံ လေလုံ အဆောက်အအုံထဲမှာ နေထိုင်စားသောက်လျက်၊ ပညာသင်ကြားလျက်၊ အိပ်မောကြလျက်၊ ရုပ်မြင်သံ ကြား ကြည့်လျက်၊……………….

သို့ပေမယ့် ဒလမြို့နယ်အတွင်း တချို့နေရာ တချို့လူတွေအတွက် မိုးရွာရင် အစို နေပူရင်အခြောက် ဆိုသလို မိုးမလုံ လေမလုံ အမိုးအ ကာမရှိတဲ့ နေရာမှာ နေထိုင် စားသောက်လို့ အသက်ရှင်သန်ဖို့အရေး ကြိုးစားရုန်းကန်နေရဆဲပါ ပညာမသင်နိုင်လို့ စာမတက်… စာမဖတ် နိုင်တော့ ဗဟုသုတနည်း…ဗဟုသုတနည်းတော့ ……ဆင်ခြင်ဥာဏ်မွဲ……….၀င်ငွေနည်း………...ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု……… ကလေးတွေကများ….……… ဒီလိုနဲ့ဘဲ ဆင်းရဲသံသရာထဲ ၀ဲနေကြရပါတော့တယ်…….ဒါကြောင့် ကျွန်တော်တို့ တက်စွမ်းသ၍ ကူညီ ဖေးမလို့ လူမပီသတဲ့ သူတို့ရဲ့ လူ့ဘ၀တွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် မြှင့်တင်ပေးကြပါစို့လားဗျာ…………….

လိုအပ်ချက်များ

၁။ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း

၂။လူနေအိမ်များ ဆောက်လုပ်ပေးခြင်း

၃။အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးခြင်း…စသည်တို့ လိုအပ်လျက်ရှိပါတယ်…

လေးစားစွာဖြင့်
ခင်ဇော်ဝင်း
လူသားအကျိုးပြု လူမှုရေးလုပ်ငန်းအဖွဲ့
ဆက်သွယ်လှုဒါန်းလိုပါက

ဖုန်း - ၂၆၉၅၅၆ (ရုံး)
အီးမေးလ် - khinzawww@gmail.com

poor1

poor2

poor3

poor4

poor5

poor6


မြန်မာဒုက္ခသည်များအစည်းအရုံး

Wednesday, June 30, 2010

0 ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးရေး သပိတ်မှောက် လှုပ်ရှားကြဖို့

ကျွန်တော်ထင်သည်။ မဲမပေးရေး သပိတ်မှောက်ကြဆိုသော စကားကို လူတိုင်းမပြောကြသေး။ ပြည်နယ်တိုင်း မပြောကြသေး။ မြိုနယ်တိုင်း မပြောကြသေး။ ထို့ကြောင့် သတိရမိသည်ကို ဖေါက်သည်ချချင်သော စိတ်ကဖြစ်ပေါ်လာသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ထောက်ခံပွဲလုပ်တုံးက ပြည်ပမှာ NO ကမ်းပိမ်းကို လုပ်ခိုင်းတော့သည်။ အိန္ဒိယဘက်က ကျွန်တော်တို့က သပိမှောက်ကမ်းပိမ်းကို လုပ်သည်။ မမှီလိုက်တော့ပါ။ အရှေ့ဘက်က ညာဏ်ကြီးရှင် အဖွဲ့များမှ NO ကမ်ပိမ်းသမားများ၏ အသံကို ပြည်သူတို့ကြားသွားကြပါသည်။ နောက်ဆုံးမှာ NLD ကလည်းကြားသွားပါသည်။ အိန္နိယနိုင်ငံ နယူးဒေလီရှိ ဒီမိုကရေစီအတိုက်အခံ အင်အားစုများတွင်မူ တိုက်ပွဲတွေ ဖြစ်ပေါ်ကြပါသည်။ အရှေ့ဘက်ကပြောသမျှကို လိုက်လုပ်သော အနောက်ဘက်က ခါတော်မှီနိုင်ငံရေးအဖွဲ့အစည်းများသည်လည်း ကြံမစုတ်ရမှာကို စိုးရိမ်ပြီး လိုက်လုပ်ကြရပါတော့သည်။ ထို့ကြောင့် စကားရည်ပွဲလုပ်ပြီး NO လား သပိတ်လား ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပ ကြပါသည်။ ယင်းစကားရည်လုပွဲတွင် ကျွန်တော့်ကို မည်သူမျှ မယှဉ်ပြိုင်နိုင်ခဲ့ပါ ။ သို့သော် ကံခေနည်းသူ မောင်ရှင်ဖြစ်သော ကျွန်တော့်မှာ အဖွဲ့အတွင်းပါသော အပေါင်းမကောင်း၍ စကားရည်လုပွဲပြုလုပ်သူ ဒိုင်လူကြီးများကသပိတ်မှောက်မည့် အဆိုရှင်ကျွန်တော်တို့အဖွဲ့ကို အရှုံးပေးလိုက်ရပါသည်။ သို့သော် လူချင်းရင်းနှီးသော ဒိုင်လူကြီးများသည် ကျွန်တော်တို့၏ စကားရည်လုပွဲတွင် ပြောဆိုချက်များကို အထူကောင်းမွန်သော်လည်း အရှုံးပေးလိုက်ရပါကြောင်း နုတ်မှ ဖွင့်ဟ ၀န်ခံသွားရှာကြပါသည်။ ချစ်စဖွယ်ကောင်းသော ကျွန်တ်ာတို့၏ စကားရည်လုပွဲအကြောင်းကို ယနေ့ထိ မမေ့နိုင်သည်မှာ ခွဲခွါခဲ့ရသော ပုဂ္ဂိုလ်များကို သတိရ၍ပင် ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့သည် မိမိတို့အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် မိဇံရပ်ကွက်ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံရွေးကောက်ပွဲကို တယောက်မကျန် သပိတ်မှောက် ဆန့်ကျင်ကာ မဲတပြားမျှ မပေးကြပါ။ ယင်းမှာကျွန်တော်တို့၏ လှုပ်ရှားမူ အောင်ပွဲဖြစ်ပါသည်။ ရှင်းပြပါမည်။ မြို့တမြို့လုံးကို ပြောပြနိုင်စွမ်း မရှိသော်လည်း ကြားသောရပ်ကွက်မှ သပိတ်မှောက်ကြပါပြီ။ ထို့ကြောင့် စစ်တွေမြို့ မှ မိဇံရပ်ကွက်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မဲမပေးသော ကန့်ကွက်သော သပိတ်မှောက်သော ရပ်ကွက်တခုဖြစ်ကြောင်း သမိုင်းမှာမှတ်တမ်းတင်ခဲ့ပါပြီ။ နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်တမ်းတင်ခဲ့သလို ကျွံန်တော်တို့၏ နိုင်ငံရေးသမိုင်းတွင်လည်း မှတ်တမ်းတင်ခဲ့ပါပြီ။ သို့အတူ အခြားသော နိုင်ငံတ၀ှမ်းလုံးရှိ မြို့ရွာရပ်ကွက် အသီးသီးများကိုလည်း ယခုအချိန်တွင် မိဖံရပ်ကွက်ကဲ့သို့ ဖြစ်စေချင်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးလျှင် နိုင်ငံသူနိုင်ငံသားတို့ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာကြမည် ဆိုပြီး ပြည်တွင်းထုတ် သတင်းစာဂျာနယ်များတွင် သတင်းစာဆရာများက ရေးသားနေကြပါသည်။ ဖတ်ရသူများမှာ တဖက်သောအသိများကို ရရှိနေကြပါသည်။ ပြည်သူတို့မှာ ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းစာဂျာနယ်များတွင် ပါရှိသော သတင်းများကို ဖတ်ရှူနေရပါသည်။ အတိုက်အခံများ၏ ဝေဖန်သုံးသပ်ချက်များ ၊နိုင်ငံရေးပါတီများ၏ တုန့်ပြန်ပြောဆိုချက်များကို သေသေချာချာ မဖတ်ကြရ။ တနည်းအားဖြင့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို နွားဖြစ်ဖြစ် ခွေးဖြစ်ဖြစ် အမဲရိုးဘဲကိုက်ရ ကိုက်ရ ၀င်ပါမည်ဟု ပြောဆိုသော ဦးသုဝေ၊ဦးဖြိုးမင်းသိန်း၊ ဒေါ်သန်းသန်းနု ။ ဦးအေးလွင်တို့တောင်မှ မည်သို့မျှ ရေးသားပြောဆိုနိုင်စွမ်း မရှိဖြစ်နေပါသည်။

အခြားတဖက်မှာ ကျွန်တော်တို့က နိုင်ငံတကာနှင့် နိုင်ငံရေးစစ်မက်ဖြစ်နေပါသည်။ ယင်းစစ်ပွဲတွင် အလူးအလှဲ ခံနေရသည်မှာ စစ်အစိုးရမဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပါသည်။ အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂ ။ ဥရောပသမဂ္ဂ ၊ အာဆီယံတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒနှင့် လုံးဝဆန့်ကျင်နေပါပြီ ။ ထော်လော်ကန့်လန့်ဖြစ်နေပါသည်။ ပြည်ပရှီကျွန်တော်တို့ ဒီမိုကရေစီအတိုက်အခံတို့နှင့်လည်း ပြဒါးတလမ်း သံတလမ်းဖြစ်နေပါပြီ။

၂၀၁၀ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံမတင်သောနေ့ကစ၍ အမေရိကန်အစိုးရနှင့် အခြားသောနိုင်ငံများ အဖွဲ့အစည်းများတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သွားရောက်တွေ့ဆုံနေပါသည်။ မှတ်ပုံမတင်ကြောင်းကို သိပါလျှက်ကယ်နှင့် ရွေးကောက်ပွဲအကြောင်းကို သွားရောက်မေးနေသည်မှာ စိတ်ပျက်စရာ နေပါသည်။ ဘာကြောင့် ရွေးကောက်ပွဲကို မ၀င်သနည်း ဆိုသောအချက်ကို ကောက်ချက်ချနေကြသည်မှာ မည်မျှအထိ မှားနေသည်ကို နိုင်ငံတကာအစိုးရ ၊ကုလသမဂ္ဂ နှင့် ဥရောပသမဂ္ဂတို့သည် လုံးဝမှားယွင်းနေပါသည်။
ဤရွေးကောက်ပွဲကော်မရှင်ထံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မှတ်ပုံမတင်ခြင်းဟု ဆိုလျင် မပြည့်စုံ။ ယင်းမှာ ယေဘူယျအချက်အလက်တခုသာဖြစ်ပါသည်။ အဓိကမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖေါ်ရေးဖြစ်ပါသည်။ အာဏာလွှဲပြောင်းပေးရေး ဖြစ်ပါသည်။ နိုင်ငံတကာရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်သော စစ်အစိုးရကို ကမ္ဘာ့ကုလသမဂ္ဂမှ သော်၎င်း။ အမေရိကန်အစိုးရမှသော်၎င်း လွှတ်ပေးနေသည်မှာ တစက်မျ ကြည့်မကောင်း။ ယင်းထက်ပိုဆိုးသည်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ပါတီပေါင်းစုံ ပါဝင်ရေးကို တောင်းဆိုနေပေးပါသေးသည်။ ဤသည်မှာ အဆိုးဆုံးဖြစ်ပါသည် ။ စစ်အစိုးရသည် ရွေးကောက်ပွဲကို တကြိမ်လုပ်၍ ပြီးခဲ့ပါပြီ။ ရွေးကောက်ပွဲတခုသည် ဒီမိုကရေစီကာလတခုကို ဖြတ်သန်းရန်အချက်အလက် တခုဟု ပြောဆိုနေသော သူတို့မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အဖက်လုပ်၍ မပြောကြ.
စင်စစ် ကျွန်တော်တို့က စစ်အစိုးရသည် ရွေးကောက်ပွဲကို တကြိမ်လုပ်ခဲ့ပါပြီ။ ယင်းအချိန်ကလည်း အာဏာလွှဲပြောင်း မပေးခဲ့။ ယခုလည်း တကြိမ်လုပ်တော့မည်။ ခုကော အာဏာလွှဲပြောင်းပေးမည်ဟု မည်သူက ဂတိခံဝံ့ပါသနည်း။ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမည်ဟု စစ်အစိုးရက ပြောသည်ဆိုလျှင် ကြည့်ပြီးစဉ်းစားရန်လိုသည်။ တနေ့က လာအိုနိုင်ငံမှ ၀န်ကြီးချုပ် နေပြည်တော်ကို ရောက်လာခဲ့ပါသည်။ ကြယ်ငါးပွင့်ဟိုတယ် နှစ်ခုသာရှိသော ကုန်းတွင်းပိတ်နိုင်ငံတနိုင်ငံဖြစ်သည့် လာအိုနိုင်ငံသည် စစ်အစိုးရအတွက် ကစားစရာရုပ်သေးတခုအဖြစ် ခံသွားရပါသည်။ လာအိုဝန်ကြီးချုပ်သည် နေပြည်တော်ရှိစစ်ဗိုလ်ချုပ်များက စစ်ရေးအခမ်းအနားဖြင့် ကြိုဆိုခြင်းထက် တိုက်ပုံဝတ်ဝန်ကြီးချုပ်များကို နဖူးတွေ့ ဒူးတွေ့မြင်သွားရပါသည်။ ကြိုးကြီးချိတ်များဖြင့် ခေါင်းပေါင်းစတလူလူနှင့် မင်္ဂလာဆောင်အခမ်းအနားတွင်မှ ၀တ်ဆင်ကြရသော မန္တလေးအချိတ်လုံချီ နှင့် တိုက်ပုံတို့မှာ စစ်ရေးပြအခန်းအနားဖြင့် လူတဦးကို ၀တ်ပြီးကြိုဆိုသည်မှာ ကြည့်၍မကောင်းလှပါ။

အထူးသဖြင့် စစ်အစိုးရက အမြတ်ထုတ်ပြလိုက်ခြင်းဖြစ်ပါသည်။ အရပ်သားဝန်ကြီးများသည် မကြာခင်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှသ်ပြိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ စစ်အစိုးရ၏ နောက်ထပ်တက်လာမည့် အစိုးရ၀န်ကြီးများဖြစ်ကြောင်း ကမ္ဘာကို ပြသလိုက်ခြင်းဖြစ်ပါသည်။ သို့ဆိုလျှင် ရွေးကောက်ပွဲတွင် ၀န်ကြီးတနေရာလောက် စဉ်းစားနေကြသော ပုဂ္ဂိုလ်တို့မှာ ၀န်ကြီးနေရာမရရှိနိုင်တော့။ ဤအချက်ကို စဉ်းစားနိုင်ရမည်ဖြစ်ပါသည်။ တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်စွမ်း မရှိသော ဦးသုဝေ၊ ဦးဖြိုးမင်းသိန်း၊ ဦးအေးလွင်။ ဦးနေမျိုးဝေတို့မှာ မည်သည့်နှင့်မျှ ၀န်ကြီးတနေရာစာ မရရှိနိုင်ကြောင်း လာအိုနိုင်ငံဝန်ကြီးချုပ် ကြိုဆိုပွဲကို ကြည့်က သိသာခံစားနိုင်ပါသည်။ တချိန်တည်းမှာပင် လွှတ်တော်အတွင်းမှာ စစ်ဗိုလ်ချုပ်များ၊ တစညများ ၊ကြံ့ဖွဲ့များနှင့် နေပြည်တော်ရှိလွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကော အမျိုးသားလွှတ်တော်ကော ဆွေးနွေးမည်ဆိုထားသည်ကိုကြည့်၍ ယင်းလွှတ်တော်၌ မည်သည့်အတန်းအစား ရှိမည်နည်းကိုလည်း တွက်ဆနိုင်ပါပြီ။

ပြီေးတာ့ မိမိတို့ ၀င်ရောက်ယှဉ်ပြိုင်လို့ကော ရွေးကောက်ပွဲမှာ အနိုင်ရပါမည်လား ဆိုသည်ကို စဉ်းစားရန်လိုနေသည်။ မနေ့တနေ့က ပြည်သူတွေကို ရစရာမရှိအောင် ဝေဖန်လိုက်ကြသည်မှာ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဖြိုးမင်းသိန်း၊ ဦးနေမျိုးဝေ တို့ဖြစ်ပါသည်။ နိုင်ငံရေးတက်ကြွမူမရှိ၊ အားလုံးကို ကြောက်နေကြသည်။ တက်ကြွမရှိဟု သူတို့တွေ၏ ပြောသောစကားတွေကို ပြည်သူတွေ ကြားကြရပါပြီ။ ပြည်သူတွေဆီက အသဲကြားမှ မဲတပြားလိုချင်၍ တောင်းခံနေသော သူတို့မှာ ပြည်သူတွေကို နိုင်ငံရေးစိတ်ဓါတ်တွေ တက်ကြွမူ မရှိဆိုပြီး ပြောဆိုနေပါပြီ။ ယင်းမှာ ပြည်သူတွေကို စော်ကားလိုက်ကြခြင်းဖြစ်ပါသည်။ ပြည်သူတွေ နလပိန်းတုံးမဟုတ်ကြောင်းကို ပြည်သူတွေက ပြောဆိုကြရပါတော့မည်။ ကျွန်တော်တို့ အတိုက်အခံသမားတွေက ချပြဖို့လိုပါပြီ။ စင်စစ် ပြည်သူတွေသည် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားတောင့်တ ကြပါသည်။ မျှော်လင့်နေကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရယူစေချင်ပါသည်။ အကယ်၍ဒေါ်အောင်ဆန်းစုကြည်ကသာ ပြည်သူတွေရှေ့မှာ အသဲကြားမှ မဲတပြားကို တောင်းခံလိုက်လျင် သူတို့နှင့် ထိပ်တိုက်တွေ့ခဲ့သော ပြည်သူတွေသည် ငြိမ်၍နေကြမည့်သူများ မဟုတ်ဟုထင်သည်။ တက်ကြွကြမည်မှာ သေချာပါသည်။ အားရပါးရလက်ခုပ်လက်ဝါး တီးပေးကြမည်ဖြစ်ပါသည်။

ဤကဲ့သို့ ထောက်ခံအားပေးကြသည်မှာ နိုင်ငံရေးနိုးကြးမူကြောင့် ဖြစ်ပါသည်။ တက်ကြွမူကြောင့် ဖြစ်ပါသည်။ မကြောက်သောစိတ်များကြောင့် ဖြစ်ပါသည်။ ပြည်သူတွေသည် ခေါင်းဆောင်ကို လိုက်ရှာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို လိုက်နာလက်ခံ ကြပါသည်။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်က မဲမပေးရေးကို ပြောဆိုလိုက်ပါသည်။ ရွေေးကာက်ပွဲတွင် မဲပေးနိုင်သော အခွင့် အရေး ရှိသလို မဲမပေး၍လည်း ရသော အခွင့်အရေးလည်း ရှိပါသည်။ ယခုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် မပါဝင်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲမပေးပါနှင့်ဟု ပြည်သူတွေကို တိုက်တွန်းလိုက်ပါပြီ။ သည်လိုဆိုလျှင် ပြည်သူတွေ မည်သို့လုပ်ကြပါမည်နည်း ။ အတိုက်အခံဒီမိုကရေစီအင်အားစုတွေကကော မည်သို့ လှုပ်ရှားပြောဆိုကြပါမည်နည်း။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ဖွံ့အစည်းအဝေးတွင် မဲအပြတ်အသတ်အနိုင်ရရှိရေးအတွက် ကြေညာချက်ထုတ်ပြီး မိန့်ခွန်းပြောဆိုပါပြီ။ နိုင်အောင်လည်း အကွက်ချကာ စီစဉ်ဆောင်ရွက် နေပါပြီ။ ပါတီပေါင်းစုံလည်း ပါဝင်နေကြပါပြီ။ တစညသည်၎င်း ကြံ့ဖွံ့သည်၎င်း သူတို့၏လက်ရုံးပါတီများဖြစ်ပါသည်။ ယင်းနှစ်ပါတီသည် အစိုးရဖွဲ့ရန် ပြင်ဆင်ထားသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။ ၀န်ကြီးချုပ်ကအစ ၀န်ကြီးငယ်များအထိ စစ်အစိုးရက စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။ တချိန်တည်းမှာပင် အခြားတဖက်က ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများမှာ ရွေးကောက်ပွဲတွင် နိုင်ပါက အရပ်သားအစိုးရဖွဲ့ရန် ပြင်ဆင်ထားမူ မရှိသေး။ ၀န်ကြီးချုပ်ကအစ ၀န်ကြီးငယ်အထိ ခန့်အပ်ထားရန် စီစဉ်ပြင်ဆင်ထားမူ မရှိသေး။ ကြားနေရသည်မှာ ကိုယ်စားလှယ်လည်း မရှိကြသေး ။ ပါတီဖွဲ့စည်းပုံတွေလည်း မရှိကြသေး။ ပါတီဝင်အင်အားတွေပင် မရှိကြသေး။ ရွံပုံငွေလည်း မရှိကြသေး။ ဆိုတော့ သေလိုက်ပါတော့လား မောင်မင်းကြီးသားတို့ဟု ပြောရုံဘဲ ရှိတော့သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲကို စစ်တွေမြို့ မှ မိဇံရပ်ကွက်လို လုပ်နိုင်ခဲ့က တနိုင်ငံလုံး၏ အခြေအနေကို ကမ္ဘာက သိသွားနိုင်ပါသည်။ မည်သူမျှ ရွေးကောက်ပွဲတွင် မ၀င်ရောက်ခဲ့ပါက ကြံ့ဖွံ့နှင့် တစည တို့ အနိုင်ရသွားမည်ဟု ပြောဆိုကြပါသည်။ အင်မတန်တော်သော နိုင်ငံရေးသုတေသီများ ဖြစ်ကြပါသည်။ နိုင်ငံရေးကို ခန့်မှန်းနိုင်သော ယင်းပုဂ္ဂိုလ်တို့ကြောင့် စစ်အစိုးရသည် ဤမျှလှည့်ဖျားနိုင်သည်ကို မတွေးတောကြပါ။ စင်စစ် မည်သူမျှ မ၀င်ပြိုင်ကြလျင်လည်း ကြံ့ဖွံ့နှင့် တစည တို့မှာ ပန်းပန်လျှက်ပါဆိုသလို ရှိနေပြီး ၀င်ပြိုင်လျင်လည်း ပန်းပန်ဆဲပါဟု ပြောနိုင်သော အခြေအနေမျိုးကို ဖန်တီးပြီးသား ဖြစ်နေပါသည်။ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခြင်း မပြိုင်ခြင်း ဆိုသည်မှာ ပြသနာမဟုတ်။ ပေါ်လီစီပိုင်းဆိုင်ရာက ပြသနာဖြစ်ပါသည်။ မူဝါဒရေးရာက ပြသနာဖြစ်ပါသည်။ စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးမှ ကျင့်သုံးမည်ဖြစ်သော အရပ်သားအစိုးရကို ကြိုက်သည့်ပါတီများသည် စစ်အစိုးမှ ချမှတ်ထားသော ပေါ်လီစီအတိုင်း ဖြတ်သန်းသွားရမည်ဖြစ်သည်။ မူဝါဒအတိုင်းလျှောက်လှမ်းချီတက်ရမည်ဖြစ်ပါသည်။

သည်တော့ စစ်အစိုးရ၏ပေါ်လီစီကို မကြိုက်ဟု ဆိုလျင် ရွေးကောက်ပွဲကိုလည်း မကြိုက်ကြောင်း သက်သေပြကြရမည်ဖြစ်ပါသည်။ မူလဘူတဖြစ်သော ယင်းအချက်ကိုကျော်လွန်ပြီး နောက်ပိုင်းမှာ လွှတ်တော်ကျလျင် ပြန်လည်ဆွေးနွေးရမည်ဟု ဆိုခြင်းမှာ လုံးလုံးမျှ အဓိပ္ပါယ်မရှိ။ လွှတ်တော်သို့ မည်သို့ ရောက်သွားနိုင်မည် ဆိုသည်ကို မစဉ်းစားဘဲ တိုက်ပုံနှင့် မောင့်ကြက်သရေခေါင်းပေါင်းရှာနေသည်မှာ ရှက်စရာဖြစ်သည်။ စစ်အစိုးရသည် အာဏာလွှဲပြောင်းပေးချင်သည်ဟု တစက်ကလေးမျှ ရှိခဲ့သည်ဆိုလျင် ပြည်သူပြည်သားတို့ကို ဆင်းရဲဒုက္ခပေါင်းစုံကို ပေးမည်မထင်။ ယခုလူတွေ ငတ်ပြတ်နေကြရသည်။ ဆင်းရဒုက္ခအမျိုးအမျိုးကို ခါးစည်းခံနေကြရသည်။ နိုင်ငံခြားများတွင် နည်းပေါင်းစုံနှင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားတို့မှာ ဦးဏှောက်ယိုစီးနေကြခြင်းဆိုလျင် ကြီးကျယ်သောစကားကို ပြောဆိုသည်ဟု ပြောကြမည်ထင်သည်။
ကျွန်တော့အထင်တော့ ဥဏှောက်ယိုစီးခြင်းလို့ မပြောချင်တော့၊ ဥဏှောက်ပျက်စီးနေကြသောသူများလို့သာ ပြောချင်ပါတော့သည်။ ကိုယ့်အရပ်ဒေသမှာ အေးအေးဆးဆေး စားနိုင်သောက်နိုင်ကြပါလျှင် သူတို့သည် မည်သည့်နည်းနှင့်မျှ အိန်နီးချင်းနိုင်ငံအများသို့ ဒုက္ခသည်များအဖြစ် ထွက်ခွါသွားကြမည့်သူများမဟုတ်။ မိမိတို့ကျေးရွာတွေ ဖျက်ဆီးခံမနေကြလျှင် မည်သို့နည်းနှင့်မျ ပြည်ပသို့ ထွက်လာကြမည်မဟုတ်။ မိမိတို့ မိဘဆွေမျိုးတွေ ရက်ရက်စက်စက် အသတ်မခံကြလျင် ဒုက္ခသည်စခမ်းများသို့ ဒုက္ခသည်များအဖြစ် ရောက်လာကြမည် မထင်။ ယင်းပြသနာများကို မည်သူက ဖန်တီးပေးကြပါသလဲ။ ရှင်းပါသည်။ စစ်အစိုးရသည် ယင်းပြသနာများကို အတိအကျ စီမံကိန်းကျကျ ဆောင်ရွက်ကာ လုပ်ပါသည်။ လုပ်နေခဲ့ပါသည်။ လုပ်နေဆဲဖြစ်ပါသည်။ လုပ်နေမြဲဖြစ်ပါသည်။ နောင်ကိုလည်း ဆက်လက်လုပ်နေပါအုံးမည်။ ထို့ကြောင့် မြန်မာနိုင်ငံတ၀ှမ်းရှိ ပြည်သူတို့သည် ကြီးငယ်မဟူ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာကြရပါပြီ။ သည်တော့ ဥဏှောက်ပျက်သူများပမာ ခိုကိုးရာမဲ့ ဘ၀ကိုရောက်မည်ဟု သိသော်လည်း အသက်တချောင်းကို ရှည်လိုစေခြင်းငှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးထိမ်းရှောင်လာကြခြင်းဖြစ်ပါသည်။
မ်ြန်မာနိုင်ငံသားတွေက သန်းနှင့်ချီ၍ ပြည်ပနိုင်ငံများတွင် ဒုက္ခမျိုးစုံကို ခံစားနေကြချိန် စစ်အစိုးရအုပ်စုမှာ သန်းနှင့်ချီ၍ ချမ်းသာနေပါပြီ။ ယင်းမှာကံကြမ္မာကို အပြစ်ပုံချ၍ ရမည်မထင်။ သူတို့ချမ်းသာကြွယ်ဝနေသည်မှာ ရက်ရက်စက်စက်ဖြစ်ပါသည်။ ရှေ့ှ့ကိုလည်း စစ်မျိုးဆက်ကို ဖန်တီးထားပါပြီ။ နူကလီးယားလက်နက်ကို ရရှိသွားပြီဆိုပါက သူတို့စစ်မျိုးဆက်သည် ကမ္ဘာကြေသရွေ့ မည်သည့်အခါမျ အာဏာလွှဲပြောင်းပေးမည် မဟုတ်။ ယခုရွေးကောက်ပွဲလုပ်သည်မှာလည်း စစ်မျိုးဆက်ကို ဖန်တီးထားခြင်းဖြစ်ပါသည်။ နောင်နှစ်ပေါင်း ၄၀ အထိ သဘာဝဓါတ်ငွေ့မှ ရရှိသောအမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၁၄၀၀ သည် စစ်အစိုးရက ရရှိမည့် ကိန်းဂဏန်းဖြစ်ပါသည်။ နောက်ထပ်သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါ်ပေါက်လာအုံးမည်ဆိုပါက သည့်ထက်ပို၍ ချမ်းသာကြွယ်ဝနေပါအုံးမည်ဖြစ်သည်။ ၄င်းငွေကြေးစည်းစိမ်ဥစ္စများကို မည်သူကမျ ခွဲဝေပေးချင်ပါမည်နည်း။ ပြီေးတာ့ သူတို့ အသက်အိုးအိမ် စည်းစိမ်ချမ်းသာကို ထိခိုက်ပျက်စီးသွားစေမည့် အာဏာလွှဲပြောင်းပေးရေးကို မည်သည့်နည်းနှင့်မျှ လုပ်မည်မဟုတ်။
တခုသာရှိပါသည်။ စစ်အစိုးရကို ဖြုတ်ချရန် နည်းလမ်းမှာ ၂၀၁၀ ရွေကောက်ပွဲကို သပိတ်မှောက်ရေးဖြစ်ပါသည်။ သပိတ်မှောက်ကြောင်းကို အမေရိကန်အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပြင် အာဆီယံ နိုင်ငံတို့ကို အသိပေးရပါတော့မည်။ ဤနိုင်ငံတို့သည် ကျွန်တော်တို့၏ စိတ်ဆန္ဒများကို မသိကြသေး ၊ နားမလည်ကြသေးပါ။ ကျွန်တော်တို့ ညံ့လွန်းအားကြီးနေပါသည်။ ယခုတောင်မှ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန်အတွက် ပြောဆိုစည်းရုံးရန် နိုင်ငံတကာမှာ အဖွဲ့အစည်းကောင်းကောင်းတခုကို ဖွဲ့စည်း၍ မရသေးခြင်းမှာ သက်သေပြနေပါသည်။ သို့အတူ အမေရိကန်အစိုးရမှာလည်း ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်မရှိသေး။ ကမ္ဘာ့ကုလသမဂ္ဂမှာလည်း လူ့အခွင့်အရေးနှင့် ပါတ်သက်၍ စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုသည့်တိုင် ဘာမျှ မပြုလုပ်ပေးသေး။ ယုတ်စွအဆုံး နိုင်ငံတကာခုံရုံးတွင် မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး တောင်းဆိုနေသည်ကို သိပါလျက်နှင့် ယောက်ျားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့များက ငြိမ်နေသည်မှာ ရှက်စရာဖြစ်နေပါသည်။
ကျွန်တော်လိုချင်သည်မှာ ယင်းအမျိုးသမီးများအဖွဲ့ကဲ့သို့ နိုင်ငံတကာရာဇ၀တ်တရားခုံရုံးမှာ စစ်အစိုးရကို ခုံရုံးတင်ရေးတို့ တောင်းဆိုရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဆိုလျင် ယင်းနိုင်ငံကပင်လျင် အသိအမှတ်မပြုဆိုသောအချက်ကို ရရှိအောင် တောင်းဆိုကြရန်လိုမည်ဖြစ်သည်။ အမေရိကန်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ဆိုလျင် စစ်အစိုးရ၏ အရပ်သားအစိုးရကို အသိအမှတ်မပြုခြင်းကို ပြောဆိုခြင်းဖြစ်ပါသည်။ သို့ဆိုလျင် ဤစကားကို အမေရိကန်အစိုးရမှ အတိအကျ ပြောပါသလား ဆိုသည်ကို ကျွန်တော်တို့ ကြိုးစားရန်လိုပါသည်။ အမေရိကန်အစိုးရပုဂ္ဂိုလ်များနှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားကြဖို့ဘဲ ရှိပါသည်။ သို့အတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံပြီး ဆွေးနွေးရန်လိုလာပါပြီ။ ဥရောပသမဂ္ဂနှင့် တွေ့ဆုံရန်လိုလာပါပြီ။ ကျွန်တော်တို့က မေးစရာမေးခွန်းမှာ တချက်သာရှိပါတော့သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် စစ်အစိုးရ၏ အရပ်သားအစိုးရကို လက်မခံလျင် ကျွန်တော်တို့က ဖွဲ့စည်းမည့် အရပ်သားအစိုးရကို လက်ခံပါမည်လား မေးခွန်းကို မေးရုံဘဲဖြစ်ပါသည်။
ကျွန်တော်ပြောနေသည်မှာ ပြည်ပတွင် ဖွဲ့စည်းမည့် အရပ်သားစင်ပြိုင်အစိုးရဖွဲ့စည်းရေးကိစ္စကို ပြောဆိုနေခြင်းမဟုတ်ချေ။ ပြည်တွင်းတွင် ဖွဲ့စည်းမည့်အရပ်သားစင်ပြိုင်အစိုးရသို့မဟုတ် လူထုအစိုးရဖြစ်သည်။ ယင်းအထဲတွင် ၁၉၉၀ ခုနှစ်ရွေးချယ်ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များပါဝင်မည်ဖြစ်သည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လူထုအစိုးရဖြစ်သည်။ ယင်းအစိုးရကို အမေရိကန်အစိုးရမှ ထောက်ခံပါမည်လား၊ ကုလသမဂ္ဂမှ လက်ခံပါမည်လား ၊ ဥရောပသမ၈္ဂမှ လက်ခံပါမည်လား။ ယင်းမေးခွန်းကို ကျွန်တော်တို့ မေးချိန်ရှိနေပါသေးသည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမှာနေထိုင်သည့် နာယကဖြစ်သူဒေါ်သင်းသင်းအောင် မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် လွန်ခဲ့သော လအနည်းငယ်ခန့်က နယူးယောက်မြို့  ကုလသမဂ္ဂရုံးမှာ တွေ့ဆုံခဲ့ပါပြီ။ သူမက စစ်အစိုးရအား နိုင်ငံတကာရားခုံရုံးတွင် ခုံရုံးစစ်ဆေးရန် တောင်းဆိုခဲ့ပါပြီ။ သူမလို အခြားသောယောက်ျားရင့်မကြီးများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှးချုပ်နှင့် ဆွေးနွေးရမည့်အချိန်ဖြစ်နေပါပြီ။ ပြောရမှာတောင် ခပ်ရှက်ရှက်ခံစားမိသည်။
မကြာခင် ဇူလိုင် ရက် နေ့ရောက်လာပါတော့မည်။ ထုံးစံအတိုင်းနယူးဒေလီမြို့ မှာ အခန်းအနားတွေကို ကျင်းပကြတော့မည်။ နယူးဒေလီမြိဲ့မှာရှိသော ဒီမိုကရေစီအင်အားစုတို့သည် မည်သည့်နေရက်မဆို အခန်းအနားတွေပြုလုပ်ပြီး စစ်အစိုးရကို ဆန့်ကျင် ကန်ကွက်ခဲ့ကြပါသည်။ မြန်မာသံရုံးရှေ့မှာ အမြဲဆန္ဒပြဖြစ်ပါသည်။ ဦးစီးဆောင်ရွက်သူများနှင့် တခဲနက်လိုက်ပါပြီး စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြသည်မှာ စစ်အစိုးရအဖို့ ရာဇပလ္လင် ဖင်မမြဲစေသည်အထိဖြစ်ပါသည်။ ယင်းသို့ပြနေသည့်အချိန်တွင် အိန္ဒိယသမတထံသို့ကော ၀န်ကြီးချုပ်ကိုပါ ပြီးနောက် စစ်အစိုးရ၏ သံရုံးသို့ကိုပါ ကြေညာချက်များကို ပေးပို့ကြပါသည်။ ထို့ကြောင့်လည်း အိန္ဒိယအစိုးရ၏ ပါလီမန်ထဲတွင် မြန်မာနိုင်ငံဒီမိုကရေစီပါလီမန် ဖိုရမ်ကော်မီတီတခုကို ဖွဲ့စည်းနိုင်ခဲ့ကြပါပြီ။ အခန်းအနားတွေ ကျရောက်လာပြီဆိုလျှင် ကြေညာချက်ကလေးထုတ်ပြီး စာပေးနေသည့်ရောဂါမှ ကျော်လွန်ကာ ထိရောက်သောလုပ်ငန်းများကို ချမှတ်လုပ်ခဲ့ကြပါပြီ။ ကြေညာချက်ထုတ်ပြန်နေသည်ဆိုခြင်းမှာ ကြီးကျယ်ခြင်းမဟုတ်သည်ထက် အတိုက်အခံအချင်းချင်း ညီးညူနေကြပါပြီ။ ကျွန်တော်ကား နယူးဒေလီကို အထူးလွမ်းဆွတ်သတိရကာ ဤလိုအခန်းအနားတွေပြုလုပ်ချိန် အာဘောင်အာရင်းသန်သန်နှင့် ၈ျန်တားမန်တားရပ်ကွက်မှာ ပြောဆိုခဲ့တာတွေကို မျက်ရည်လည်ပြီး သတိရမိနေသည်။
အနောက်ဘက် နိုင်ငံရေးလောကသည် ကြေညာချက်ထုတ်ပြန်သော နိုင်ငံရေးလောကမဟုတ်ကြောင်းကို သိသာကြသည်။ ကျွန်တော့်မှာ အနောက်ဘက်က စိတ်တွေယခုအချိန်ထိရှိနေပါသည်။ ထို့ကြောင့် အမေရိကန်အစိုးရနှင့် ထိပ်တိုက်တွေ့ရန် လူတွေကို လိုက်ရှာနေပါသည်။ အဖွဲ့အစည်းတွေကို လိုက်ရှာနေရပါပြီ။ အဘယ့်အတွက်ဆိုလျှင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို မပြုလုပ်နိုင်ရေးဖြစ်ပါသည်။ အကယ်၍ မပြုလုပ်နိုင်ခဲ့လျင် ကျွန်တော်တို့ အမြတ်ဖြစ်ပါသည်။ ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းအစိုးရကို အသိအမှတ်မပြုရေးအတွက် နိုင်ငံတကာအစိုးရတို့နှင့် စကားပြောရပါတော့မည်။ ပြည်ပမှာနေထိုင်သောကျွန်တော်တို့မှာ ညံ့နေ၍မဖြစ်တော့။ အချိန်ကာလက နည်းပါးလာပါပြီ။ တချိန်တည်းမှာ ပြည်တွင်းမှ ပြည်သူများကလည်း ရန်ကုန်နှင့် မန္တလေးကို အခြေခံကာ ရွေးကောက်ပွဲတွင် မဲမပေးရေးကမ်ပိမ်းပြုလုပ်ကြရန်လိုပါသည်။ အကြောင်းမှာ ရန်ကုန်နှင့် မန္တလေးသည် စစ်အစိုးရကို အမှန်တကယ်ဖြုတ်ချနိုင်သော အင်အားစုများရှိသည့် မြို့ ပြဖြစ်သောကြောင့်ယင်းအချက်ကို နားလည်ရန်လိုလာပါသည်။ အခြားမြို့ အခြားပြည်နယ်ဆိုသည်မှာ ဗျူဟာတခုသာဖြစ်သည်။
တိတိကျကျ ပြောရလျှင် မဲမပေးရေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါပြီ။ ပြည်သူတွေက နားထဲဝင်ရန် လိုပါပြီ။ ကမ္ဘာက ကြားရန် လိုပါပြီ။
သို့မှသာ

ခိုင်အောင်ကျော် ( နယူးယောက် )

0 Peace Walk for Burma in Berlin 2010


Peace Walk for Burma in Berlin with Ashin Kovida and Ashin Sopaka.

Tuesday, June 29, 2010

0 ကစားပွဲအသစ်ဖန်တီးကြစို့

Let_s Make a New Game_ June 27_ 2010

0 မောင်းတောမြို့နယ်မှာ ဆင်ဖြူတော်လို့ ယူဆရတဲ့ ထူးခြားဆင်တစ်ကောင် ဖမ်းမိ



၂၅-၆-၁၀ ညနေ ၄ နာရီလောက်က မောင်းတောမြို့နယ်မှာ ဆင်ဖြူတော်လို့ ယူဆရတဲ့ ထူးခြားဆင်တစ်ကောင် ဖမ်းမိခဲ့တယ်လို့သိရပါသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တွင် ဆင်ဖြူတော် ထားရှိနိုင်ရန် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများကို တောနင်းရှာဖွေခိုင်းလျက်ရှိပြီး ဒေသခံများသည်လည်း ဆင်ဖြူတော် ရှာဖွေရေးအတွက် လုပ်အားပေးနေရကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဘုရင်တွေ ဘုန်းကြီးလာရင် ဆင်ဖြူတော်ကို လိုက်ဖမ်းစရာမလိုဘူး။ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ဒီစစ်အစိုးရက ဘုန်းကြီးတယ်လို့ ထင်အောင် ဆင်ဖြူတော်လိုက်ဖမ်း နေတာ။ တကယ်ရယ်စရာပဲ” ဟု ရန်ကုန်မြို့နေ ဗေဒင်ဆရာတဦးက ဆိုသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းမကွယ်လွန်ခင်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့ ဘယ်သူဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မကြည့်ဘဲ သူတို့ကို ဘယ်လောက် အနှောင့်အယှက် ပေးတယ်ဆိုတာကိုသာ ကြည့်လေ့ရှိပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.