Saturday, September 19, 2009

0 At least 104 political prisoners released

The Assistance Association for Political Prisoners (Burma) (AAPP) can confirm that so far 104 political prisoners have been released from 22 different prisons in Burma.

The 104 released include 37 members of the National League for Democracy, including 3 MPs; 18 women; 11 former political prisoners; 4 monks; 4 journalists; 9 members of the Human Rights Defenders and Promoters Network; 6 members of the 88 Generation Students; and 1 lawyer.

On the evening of September 17, 2009 in Rangoon, state-run MRTV carried a news bulletin announcing that 7,114 prisoners were to be released “on humanitarian grounds.”

The list of political prisoners released will be continually updated at our web site www.aappb.org as AAPP receives more information. In alphabetical order:

1. Angaelay (Mandalay prison) - student
2. Aung Gyi (Insein prison) - student
3. Aung Gyi @ Aung Thwin (Shwebo prison) – journalist, former political prisoner, 88 Generation Students
4. Aung Ko Oo (Tharawaddy prison) - student
5. Aung Lwin (Thandwe prison)


# Aung Myint (Myaungmya prison) - NLD member; Human Rights Defenders and Promoters member
# Aung Myo (Shwebo prison) – NLD Township Organiser
# Aung Naing (Insein prison) – NLD member
# Aung Swe (Shwebo prison) - NLD member
# Aung Tun (Tharawaddy prison) – student; member of the All Burma Federation of Student Unions
# Aye Min (a) Aye Min Min (Tharawaddy prison) – private tutor
# Ba Chit (Tharawaddy prison) – Ex-captain in the army
# Ba Min (Kale prison) – NLD member
# Bo Bo (Myingyan prison)
# Bo Gyi (Pegu prison)
# Cho Mar Htwe, (Female) (Moulmein prison) – NLD member
# Eimt Khaing Oo, Female (Insein prison) – journalist; Cyclone Nargis volunteer
# Hlaing Aye (Kale prison) - NLD MP, Former Political Prisoner
# Hla Shein, (Hinzada prison) , Human Rights Defenders and Promoters
# Htay Win (Thayet prison) – NLD Township Organizer
# Khaing Kaung Zan, (Thayet prison) – Arakan League for Democracy in exile member
# Khin Khin Lay (a) Khin Lay, (Female) (Pegu prison) – NLD member
# Khin Maung Chit (Meiktila prison) - NLD Local Secretary
# Khin Maung Thein (Shwebo prison) – NLD member
# Khin Moe Aye (a) Moe Moe (Female), (Myingyan prison) – 88 Generation Students member; former political prisoner
# Kyaw Kyaw Thant (Insein prison) – journalist; Cyclone Nargis volunteer
# Kyaw Lwin, (Hinzada prison) , Human Rights Defenders and Promoters
# Kyaw Maung (Myitkyina prison) – NLD MP
# Kyaw Thu Htike (Taunggyi prison)
# Kyaw Win (Tharawaddy prison) – All Burma Students Democratic Front
# Kyi Kyi Min, (Female) (Insein prison) – NLD member
# Kyi Lin (Myintkyina prison) – NLD member
# Ma Ei (female) (Paungde prison)
# Ma Htay (a) San San Myint, (Female) (Insein prison)
# Ma Mi Mi Swe (female) (Henzada prison)
# Maung Maung Htwe (Shwebo prison)
# Maw Si (Shwebo prison) – NLD Youth member
# Mi Mi Sein, (Female) (Insein prison) – NLD Township Joint-Secretary
# Michael Win Kyaw (Kale prison) – 88 Generation Students member; former political prisoner
# Min Min (a) La Min Tun, (Hinzada prison) , Human Rights Defenders and Promoters
# Min Min Soe (Myingyan prison) – 88 Generation Students member
# Moe Hlaing (Moulmein prison)
# Moe Kyaw Thu (a) Bo Bo (Mandalay prison)
# Moe Lwin (Moulmein prison) – individual activist
# Monywar Aung Shin (a) U Aye Kyu (Insein prison) - Member of NLD and poet
# Mya Sein, (Hinzada prison) , Human Rights Defenders and Promoters
# Myint Oo (a) Ni Ni (Mandalay prison) – NLD Township organizer; former political prisoner
# Myint Oo (Thayet prison) – NLD Township Joint Secretary
# Myo Min Lwin (Moulmein prison)
# Myo Yan Naung Thein (Thandwe prison) – 88 Generation Students member, former political prisoner
# Nay Win (Myintkyina prison) – NLD Township Organizer
# Nine Nine (Insein prison) – NLD MP, Former Political Prisoner
# Nu Nu Swe @ Pauk Pauk (female) (Myaungmya prison)
# Nyi Nyi Min (Buthidaung prison) – NLD member
# Nyo Mya (Kale prison) – NLD member
# Pe Tin (Pegu prison) – NLD member
# Pyae Phyo Aung (a) Hnan Mue (Pa-An prison)
# San Pwint (Kale prison) – NLD member; teacher
# San Ya (Tharawaddy prison) – NLD member
# Sandar Min (a) Shwee, (Myaungmya prison) – 88 Generation Students, Former Political Prisoner
# Sandar, (Female) (Myingyan prison) – NLD member
# Saw Myo Min Hlaing @ James (Thaton prison) - Private Tutor
# Saw Taw Kyi (Thayet prison) – Karen National Union member
# Shin Sandaw Batha, Monk (Insein prison) – All Burma Monks’ Alliance
# Shwe Thar (a) Tin Win (Tharawaddy prison) – Karen National Union member
# Soe Han (Lashio prison) – lawyer; Chair of the National League for Democracy’s (NLD) legal advisory body
# Soe Wai (a) Than Zaw (Myitkyina prison)
# Than Min (a) Tin Tun Aung, (Taungoo prison) – NLD member
# Than Than Htay, (Female) (Insein prison) – student
# Than Than Sint, (Female) (Insein prison)
# Than Tun (Shwebo prison)
# Than Zaw Oo (Tharawaddy prison) – NLD member
# Thar Cho, (Thayet prison) – NLD Township Organizer
# Thein Zaw (Tharawaddy prison)
# Thet Oo (Taungoo prison) – Human Rights Defenders and Promoters member
# Thet Zin (a) Maung Zin (Kale prison) – journalist; former political prisoner; member of the All Burma Federation of Student Unions and the Democratic Party for a New Society
# Thin Min Soe, (Female) (Insein prison) – labour activist
# Thura Win @ Thura Lin (Buthidaung) – Student
# Tin Mar Swe (female) (Mandalay prison)
# Tin Maung Nyunt (Shwebo prison) – NLD Township Organiser
# Tin Mya (Insein prison) - National League for Democracy Township chairperson, Former Political Prisoner
# Tin Myint (Insein prison) – NLD member
# Tin Myint (Tharawaddy prison)
# Tin Myo Htut (a) Kyaw Oo (Insein prison) – Generation Wave; former political prisoner
# Tin Tin Myint, (Female) (Insein prison) – third year chemistry student
# Tin Tun (a) Kyaw Swa (Tharawaddy prison) – UN Development Program staff (New Era journal distributor)
# Tun Hla (Tharawaddy prison)
# Tun Oo (a) Ngar Kalar (Taungoo prison)
# Tun Tun Nyein, (Thayet prison) – NLD Youth member
# Tun Tun Oo (a) Nanda Malar (Taungoo prison) – monk
# Tun Tun Oo (Thandwe prison)
# U Han Sein (Tharawaddy prison) – NLD member
# U Myint, (Hinzada prison) , Human Rights Defenders and Promoters
# U Pannita (a) Myint Aye (Taungoo prison) – monk; Human Rights Defenders and Promoters member
# U Peter (Loikaw prison)
# U Win, (Hinzada prison) , Human Rights Defenders and Promoters
# U Zawana (a) Soe Myint (Taungoo prison) - monk
# Win Myint (Insein prison)
# Wunna Soe (Pa-An prison) – Democratic Party for a New Society member
# Yan Aung Shwe (Thayet prison) – All Burma Students Democratic Front member
# Yan Naing Min (a) Nan Wai (Mandalay prison) – student
# Zaw Htet Aung (Kale prison) - student
# Zaw Tun (Taungoo prison)
# Zin Mar Aung (female) (Mandalay prison) – student; NLD member

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ ရွှေဝါရောင်ဂျပန်ဝန်ကြီးချုပ်ထံပေးစာ။.

0 ဗုံးခွဲတရားခံများ

ရန်ကုန်မြို့၊ လှိုင်သာယာနှင့် ရွှေပေါက်ကံမြို့တို့တွင် (၁၆)ရက်နှင့် (၁၇)ရက် နေ့များက ဗုံး(၆)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်၊ ပြည်သူ့ ပြောက်ကျား တပ်ဦး ဆိုတဲ့ စောက်ရူး အဖွဲ့ကလဲ သူတို့ လက်ချက်ပါဟု ရူးကြောင်ကြောင် ကြေညာချက် တစ်စောင်ကို မီဒီယာပေါ် ဖြန့်ဝေ ခဲ့ကြသည်။ အမှန်တကယ် မြန်မာ နိုင်ငံမှာ ဗုံးကွဲမှုကိစ္စသည် အထူးအဆန်း တစ်ခု မဟုတ်သလို ဘယ်သော ခါမှလဲ တရားခံကို ဖမ်းမိခဲ့ရိုး ထုံးစံမရှိခဲ့၊ ဘယ်သော ခါမှလဲ ဖမ်းမိနိုင်မည် မဟုတ်ပေ၊ ဗုံးခွဲ တရားခံသည် နအဖ ကိုယ်တိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။ နအဖသည် နိုင်ငံရေး မငြိမ်မသက် ဖြစ်စေရန် နည်းအမျိုးမျိုးနှင့် ပြုမူ လုပ်ဆောင်လေ့ ရှိသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အကြမ်းဖက် အာဏာရ အဖွဲ့အစည်း တစ်ခု ဖြစ်ပေသည်၊ ၄င်းတို့ စစ်အာဏာရှင် သက်ဆိုး ရှည်ရေး အတွက် ညစ်ပတ် ကောက်ကျစ်သည့် မည်သည့် နည်းလမ်းကို မဆို အသုံးပြုလေ့ ပြုထရှိသည့် အဖွဲ့အစည်းကြီး တစ်ခုလဲ ဖြစ်ပေသည်။

တိုင်းပြည်ကြီး အေးချမ်း နေပါတယ် ပြောသလိုပြော၊ တိုးတက် နေပါတယ် ဆိုချင်ဆိုနဲ့ စုတ်ပြတ်သပ်နေတဲ့ ပြည်သူတွေရဲ့ ဘ၀ကတော့ တစ်တိုင်း တစ်ပြည်လုံး နေရာလပ် မကျန်အောင် ပြည့်နှက် နေပေသည်။ နအဖမှာ တစ်ခုခုအတွက် ကလိမ်ကကျစ် လုပ်ဖို့ အကြောင်း ကိစ္စပေါ်လာလျှင် လူမရှိသူမရှိသည့်နေရာတွင် သေချာပေါက် ဗုံးဖောက် ခွဲလေ့ရှိပေသည်။ ဗုံးဖောက် ခွဲပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုပ်မည်၊ တိုင်းပြည် အတွက် အမျိုးမျိုး အနစ်နာခံ ဘ၀တွေ ပေးဆပ်ပြီး ရိုးသားတက်ကြွစွာ လုပ်ကိုင် ဆောင်ရွက် နေကြတဲ့ N L D လူငယ်တွေကို ဖမ်းမည်၊ ဖမ်းပြီးလျှင် အတင်းဝန်ခံ လက်မှတ် ထိုးခိုင်းမည်၊ ဗုံးဖောက် ခွဲမှုကို N L D က နောက်ကွယ်က ကြိုးကိုင် စေခိုင်းသည်၊ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အဆက်အသွယ် ရှိသည်၊ ဘာညာ သာရကာ မဟုတ်တမ်း တရားတွေနဲ့ စောက်ရူး ကျော်ဆန်း တို့က မျက်နှာ ပြောင်တိုက် အရှက်မရှိ လူပုံ အလယ်မှာ ရွှီးကြ ပြကြပေးဦးမည်။ ဒါဟာ နအဖရဲ့ ပုံသေ နိုင်ငံရေး ကစားကွက် တစ်ခု။


ဒီလို ကလိမ်ကကျစ် ကောက်ကျစ် ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုနေတဲ့ အကြမ်းဖက် သမား စစ်အုပ်စုက ၂၀၁၀ မှာ ဒီမိုကရေစီ ဖော်ဆောင် ဦးမည် တဲ့လား၊ ဖော်ဆောင်လို့ဖြစ်လာတဲ့ ဒီမိုကရေစီဟာလဲ စစ်ဗိုလ်ကိုမျက်နှာချိုသွေးရ၊ စစ်ဗိုလ် ကတော်ကို မျက်နှာချို သွေးရ ကြံ့ဖွတ်ကို မျက်နှာချို သွေးရနဲ့ ဖာသည် အကြီးစား ဒီမိုကရေစီပဲ ဖြစ်မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါဘူး။

တော်လှန်ရေး သမားတွေ အားလုံး တော်လှန်ရေး သတိရှိကြ စေချင်ပါသည်၊ နအဖဟာ ဘယ်သော ခါကမှ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ ရှိခဲ့ကြသူများ မဟုတ်ကြပါဘူး၊ ပြည်သူတွေက သူတို့ကို အယုံအကြည် မရှိဘူး ပြည်သူတွေရဲ့ ခေါင်းဆောင် အစစ် မဟုတ်ဘူး ဆိုတာ သူတို့ ကိုယ်တိုင် သိရှိ နေကြပါတယ်။ မဝေးတော့သည့် တစ်နေ့တွင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံကြရမည် အဖွဲ့သည် သန်းရွှေ ဦးဆောင်သော ကြံရာပါ နောက်လိုက် ဆိတ်လစေ့လို လူများ ဖြစ်ပေသည်။

ပြည်သူများသည် ငြိမ်းချမ်းရေးကို လိုလား တောင့်တ ငတ်မွတ် နေကြသူများ ဖြစ်သည်၊ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အချင်းချင်း သင့်သင့်မြတ်မြတ် ဖြစ်အောင် ညှိနှိုင်း တိုင်ပင် ဆွေးနွေး နိုင်မည့် စာပွဲဝိုင်း တစ်ခု ဖြစ်ပေါ် လာဖို့ လိုလားေ တာင့်တ နေကြသည်၊ ဒီအချက်ကို နအဖက မလိုလား၊ အာဏာကို တစ်ရွေးသားမှ လက်မလွတ်ချင်၊ အာဏာနှင့် အတူ တိုင်းပြည်ရဲ့ထွက်သမျှ သယံဇာတတွေ အပေါ်မှာ စည်းစိမ် ယစ်မှူး ရူးချင်တိုင်း ရူးနေကြပေသည်၊ လက်နက် အားကိုးနဲ့ ပြည်သူတွေကို အမြဲတမ်းနှိပ်စက် အနိုင်ကျင့် နေချင်သည်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ = အရာရာ အားလုံးသည် တစ်ခုမှ တည်မြဲတာ မရှိ ဆိုသည့် ဘုရားဟောသည့် အချက်ကို မေ့လျှော့ နေကြသည်၊ ဘယ်လိုပင် မေ့မေ့ မမေ့မေ့ မဝေးတော့သည့် အချိန်တွင်တော့ ကမ္ဘာ့အကြမ်းဖက် အာဏာရ ဖွတ်အဖွဲ့သည် တိုင်းပြည်မှ ခွေးပြေး ၀က်ပြေး ကြက်ပြေး နွားပြေး ပြေးကြ ရတော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

မင်းထက်အောင်(ဒဂုံ)

0 တကယ်တိုးတက်မှုကို ပြချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ့်အရေးပါလှတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်သင့်

အင်းစိန်ထောင်ရှေ့မြင်ကွင်းများ
နအဖ ဝန်ကြီးချုပ် က နယူးယောက်မှာကျင်းပမဲ့ ကုလညီလာခံကို သွားတက်တော့မှာဖြစ်လို.ပါ။

ကမ္ဘာကတောင်းဆိုထားတာက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို.ပါ။ မြန်မာပြည်က ဝန်ကြီးချုပ်သွားရင် နိုင်ငံတကာက ဝိုင်းထောင်းမှာကို ကြိုပြီးကာတဲ့အနေနဲ. အကျဉ်းသားတွေကို လွှတ်တာပါ။

နိုင်ငံသား အကျဉ်းသားလို.ပဲ ဆိုလိုတာပါခင်ဗျာ။ သူ.အရှေ့မှာ နိုင်ငံရေး လို.မပါ ပါဘူး။ အဲ့သဟာလေးကို သတိချပ်ပေးပါ။ အများဆုံးလွတ်မှာက သူခိုး ၊ ဂျပိုး ၊ လူသတ်မှုနဲ. နှစ်ရှည်ထောင်ကျနေတဲ့ သူတွေပါ။

အခုလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ လွတ်ရက်ကျော်၊ လွတ်ခါနီးတွေ အများစုပါဝင်ပြီး ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်၊တိုင်းရင်းသားခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်၊သံဃာခေါင်းဆောင်တွေပါမလာဘူးလို့သိရပါတယ်။

အခုလိုလွှတ်လိုက်တာက နအဖ၀န်ကြီးချုပ် ကုလသမဂ္ဂအစည်းအဝေးကို တက်ခါနီးအချိန်နဲ့ အချိန်ကိုက်လွှတ်ကာဖြစ်ပြီး တကယ်တိုးတက်မှုကို ပြချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ့်အရေးပါလှတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်သင့်ပါတယ်လို့ ဦးဝင်းတင်က မှတ်ချတ်ချကြောင်းသိရှိရပါတယ်။

Friday, September 18, 2009

0 ၂၀၁၀ရွေးကောက်ပွဲနှင့်စိတ်ကူးယဉ်ဝါဒီများ

Thursday, September 17, 2009

0 နအဖ ၏ ၂၀၁၀ အကြို ရှင်းလင်းသုတ်သင်မှုများ

နအဖ စစ်အုပ်စု က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ပြည်တွင်းက နိုင်ငံရေးတက်ကြွသူ လူငယ်တွေ၊ အစဉ်အလာ နဲ့ နိုးကြားလှုပ်ရှား ခဲ့ကြတဲ့ ၈၈၊ ၉၆ မျိုးဆက်ကျောင်းသားတွေ နဲ့ နောင်တော်သံဃာ့အာဇာနည်တွေ အပါအ၀င် ရွှေဝါရောင် မျိုးဆက် ဗကသ၊ သံဃာ့ အာဇာနည် မျိုးဆက်သစ်တွေအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

၂၀၁၀ ပွဲကို ၀င်နွှဲဖို့ တစ်ချို့ တွေပြင်ကြဆင်ကြ ရှိနေချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် နဲ့ စစ်အာဏာရှင် စနစ် အလုံးစုံ ချုပ်ငြိမ်းရေး ကိုင်စွဲထားသူတွေကို စစ်အုပ်စုက စတင်ရှင်းလင်းရေး လုပ်နေပါပြီ။ အခုဆိုရင် ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး ရဲ့ အမြစ်တွယ်ရာ ဗမာပြည်အလယ်ပိုင်းဒေသကို စတင် တိုက်ခိုက်ခြင်းခံနေရပြီဖြစ်ပါတယ်။ ဒီကနေ့ ၁၆ ရက် မနက်ခင်း လင်းအားကြီး ဝေလီဝေလင်းအ ချိန်မှာပဲ မြေလတ်မြို့ တစ်မြို့ ဖြစ်တဲ့ မြင်းခြံမြို့ က နိုင်ငံရေးနှိုးကြားလှုပ်ရှားသူ (၅) ဦးကို နအဖ ကျွန်ယုံ သတင်းတပ်ဖွဲ့ က ၀င်ရောက်စီး နင်းဖမ်းဆီးသွားပါတယ်။ အဖမ်းခံရသူတွေကတော့ ဒေါက်တာဝင့်သူ၊ ၈၈ နဲ့ ၉၆ မျိုးဆက်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမျိုးဟန်၊ ကိုအောင် မျိုးလတ်၊ ကိုလှမျိုးကျော် နဲ့ ကိုစိုးရာဇာ တို့ ဖြစ်ပါတယ်။

ယခု အဖမ်းခံရသူတွေဟာ မြင်းခြံမြို့ ပေါ်မှာအဖြူရောင်လှုပ်ရှားမှုတွေ၊ ၀တ်ပြူဆုတောင်းပွဲတွေ စတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အစဉ်အလာ နဲ့ လှုပ်ရှားခဲ့ကြတဲ့ တက်ကြွလူငယ်တွေ ဖြစ်တဲ့အတွက် နအဖ က ကြိုပြီးလက်ဦးမှုရယူတဲ့ သဘော လည်းဖြစ် ပါတယ်။ အခုလို နအဖ ရဲ့ လက်ဦးမှုရယူတဲ့ လုပ်ရပ်တွေဟာ ရွှေဝါရောင် နှစ်ပတ်လည်ကာလတွေမှာ ပိုမိုပြင်းထန်လာပါတယ်။

နအဖ စစ်အုပ်စု က သူတို့ ရဲ့ ၂၀၁၀ အကြို အခုလို အတိုက်အခံအင်အားစုတွေကို သုတ်သင်ရှင်းလင်းမှုဟာ နေပြည်တော် ပြသာဒ်မီး လောင်မယ့် မီးပွားတွေကို ဖန်တီးပေးသလိုဖြစ်နေတယ်ဆိုတာကို ရိပ်မိသိရှိပုံမရပါဘူး။ ဆယ်စုနှစ် နှစ်ခုကျော်ကြာဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူ တွေ ရော လွတ်လပ်မှုဆိတ်သုန်းနေတဲ့ ငရဲခန်းမှာ ကြီးပြင်းလာကြတဲ့ လူငယ်တွေ ပါ ဖိပါများလို့ ပြန်ကန်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဆောင်းဦးရာသီဟာ တော်လှန်ရေးရာသီဖြစ်ခဲ့ပြီး ရေနံမြေသပိတ်က စလို့ ခေတ်အဆက်ဆက် တော်လှန်ရေးသမား အမြောက်အများ ပေါ်ထွန်းခဲ့တဲ့ မြေလတ်ဒေသ ဟာ အာဏာရှင်အဆက်ဆက် ကြောက်ဒူးတုန်ခဲ့ရတဲ့ နေရာဖြစ်ပါတယ်။ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ စတဲ့ မြို့ တွေဟာ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အများအပြားကို မွေးထုတ်ပေးခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဟာ ပခုက္ကူ မြို့ ကသံဃာတွေ ကို စစ်တပ်က ရိုင်ရိုင်းစိုင်းစိုင်း ရိုက်နှက်ရာက အစပျိုးခဲ့ပါတယ်။ ၈၈ အရေးတော်ပုံဟာ အာဏာရှင်ရဲ့ လက်ကိုင်ဒုတ်တွေ ရက်စက်ရိုင်းစိုင်း ရာက အခြေခံခဲ့သလို အခုတဖန် မြင်းခြံမြို့ က တက်ကြွလှုပ်ရှားသူ တွေကို တပြိုင်နက် တည်း အချိန်မတော် ၀င်ရောက်စီးနင်း ဖမ်းဆီးမှုဟာ အာဏာရှင်ရဲ့ နောက်ဆုံးထွက် သက်ကို ဖန်တီးပေးသွားနိုင်ကြောင်း။

ဇော်နေအောင်
၁၆ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ်။

0 ၂၀၀၇ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လူထုလှုပ်ရှားမှတ်တမ်း

0 ဂျပန်၏သေဒဏ်စံနစ်

ဝမ်းအိုဝမ်း
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေးအဖွဲ့ကြီး (Amnesty International) ၏ ပြောဆိုချက်အရ သေဒဏ်ကျခံအကျဉ်းသားများမှာ ဆိုးရွားသောအခြေအနေ များကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်သော ဝေဒနာများခံစားလာရကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် သေဒဏ်စီရင်ချက်ချခံထားသူများကို မြန်မြန်ဆန်ဆန်သုတ်သင်ရန်နှင့် ရဲစုံစမ်းစစ် ဆေးမှု ပြုပြင်မှုများပြုလုပ်ရန်တောင်းဆိုလိုက်သည်။ ဂျပန်နိုင်ငံတွင် သေဒဏ်ကျခံရသူ (၁၀၂)ယောက်ရှိပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်၍ ဆယ်စုနှစ်တစ်ခုနီးပါး တိုက်ပိတ်ထား ခြင်းခံထားရသည်။ စိတ်ကျန်းမာရေးချို့ ယွင်းချက်ရှိလျင် သေဒဏ်စီရင်ခွင့်မရှိကြောင်း အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများတွင် ဖေါ်ပြထားသည်။

ဂျပန်တွင် ရာဇ၀တ်မှုများတွင် အပြစ်ထင်ရှားကြောင်း (၉၉%) ရှိသည်ဟု ဆုံးဖြတ်လျင် သေဒဏ်ထိုက်ကြောင်း အများပြည်သူကပါလိုလားထောက်ခံသည်။ ဗြိတိန်အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ဒါရိုက်တာ ကိတ်အယ်လင် ကသေဒဏ်စီရင်မှုများကို ချက်ချင်းရပ်တန့် ပေးရန် ဂျပန်အစိုးရသို့တောင်းဆိုလိုက်သည်။

“ရှက်ဖွယ်ကောင်းတဲ့ သေဒဏ်စီရင်မှုစနစ်ပါပဲ။ နောက်ထပ်ကွပ်မျက်မှုတွေကို အစိုးရ သစ်အနေနဲ့အချိန်ဆွဲမထားသင့်ပါဘူး” ဟု သူမကပြောဆိုခဲ့ပြီး ဆက်လက်၍ ဂျပန်၏သေဒဏ်စနစ် ကို “အသံတိတ်အစိုးရ၊ ထင်ရာစိုင်းခြင်း” စသည်ဖြင့် ဝေဖန်သွားခဲ့သည်။ နာရီအနည်းငယ်မျှဖြင့် သတ်မည့်အကြောင်း အကျဉ်းသားများကို အသိပေးပြောကြားခြင်းမှာလည်း အလွန်ရက်စက်သော အပြုအမူဖြစ်ကြောင်းရှုံ့ ချသည်။

အစီရင်ခံစာအရ အကျဉ်းထောင်တွင် အခြေအနေများကြောင့် သေဒဏ်ကျခံအကျဉ်း သားအများအပြားမှာ စိတ်ပိုင်းဆိုင်ရာချို့ ယွင်းမှုများဖြစ်ပွားလျက်ရှိကြောင်းဆိုသည်။ အစိုးရ၏ လျှို့  ၀ှက်သော တရားစီရင်ရေးစနစ်ကြောင့် အစီရင်ခံစာပြုစုရာတွင် အခက်အခဲများရှိကြောင်းဆိုသည်။ သေဒဏ်ခံအကျဉ်းသားများကို အခြားအကျဉ်းသားများနှင့် စကားပြောခွင့်မရဘဲသီးခြားခွဲ၍ထား သည်။ တစ်ပတ်နှစ်ကြိမ်(သို့)သုံးကြိမ်ပုံမှန်လေ့ကျင့်ခန်းလုပ်ချိန်မှလွဲ၍ အခန်းတွင်းထိုင်နေရုံမှလွဲ၍ လှုပ်ရှားသွားလာခွင့်မပြုပေ။ ထို့ကြောင့် သူတို့တွင် စိတ်ဝေဒနာများခံစားလာရပြီးဂယောင်ခြောက် ခြားဖြစ်လာကြသည် ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

ဂျပန်ရာဇ၀တ်ပြစ်မှုစီရင်ထုံးအရ သေဒဏ်ကျခံရသူတွင်စိတ်ရောဂါရှိနေပါက တရားစီရင်ရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ဆက်လက် ထားရှိရမည်ဖြစ်၏။ သို့သော် ဆိုးဝါးသောအခြေအနေများနှင့်ကာလရှည်လျားစွာ အထီးတည်းချုပ် နှောင်ထားမှုတို့ကြောင့် စိတ်ရောဂါလက္ခဏာများရရှိလာသည့်အကျဉ်းသားများကို ကွပ်မျက်မှုများရှိ နေသည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။ ၂၀၀၆ ဇန်န၀ါရီလမှ ၂၀၀၉ ဇန်န၀ါရီလအတွင်း အ သက်(၆၀)ကျော်(၁၇)ဦးပါဝင်ပြီး စုစုပေါင်း (၃၅)ဦးကိုကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ (၅)ဦးမှာ အ သက်(၇၀)တွင်းရှိလူများဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး သေဒဏ်စီရင်ခံရသူများဖြစ်ကြသည်။

Wednesday, September 16, 2009

0 အင်တာနက်သုံးတဲ့ မြန်မာအမျိုးသမီးများသတိထားရန်


ဘန်းကျော်မှာ အင်တာနက်သုံးတဲ့ အမျိုးသမီးများနဲ့  အွန်လိုင်းပေါ်မှာ ရင်းနှီးအောင်လုပ်၊ ရင်းနှီးသွားတော့ ဓါတ်ပုံတွေတောင်းတာတို့ ၊ အပြင်မှာ လူချင်းချိန်းတွေ့ ပြီးကွယ်ရာက နေနှစ်ယောက်တွေ့ နေပုံကိုဓါတ်ပုံခိုးရိုက်တာတို့ ၊ ရရှိတဲ့ဓါတ်ပုံများကို ကွန်ပြူတာနဲ့ လိုသလိုပြုပြင်ဖန်တီးပြီး ခြိမ်းခြောက်ငွေတောင်းခံတာတို့ ပြုလုပ်နေကြောင်း၊ The Myanmar Post ဂျာနယ်သတင်းထဲမှာ ပါလာပါတယ်။

မြန်မာအမျိုးသမီးများကလဲ ရှက်တတ်၊ ကြောက်တတ်၊ အယုံလွယ်တတ်တော့လူယုတ်မာတွေအတွက် အကွက်ကောင်းဖြစ်နေတယ်ထင်ပါ့ဗျာ။ ဒါပေမယ့် လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာ
ဆိုသလိုအမျိုးသမီးများဖက်ကလဲ မဖြစ်ခင်ကကြိုတင်ရှောင်ရှားဖို့ လိုပါတယ်။ မီးဆိုတာမလောင်ခင်တား မှပျက်စီးဆုံးရှုံးမှုနည်းမှာဖြစ်လို့  ကိုယ်နဲ့ မသိတဲ့သူတယောက်ယောက်က ဂျီတော့ ထဲမှာ invite လုပ်ရင်လက်မခံဖို့ ၊ VZO သုံးရင်လဲ webcam ကိုပိတ်ထားဖို့ သတိထားသင့်တယ်ထင်ပါတယ်။ VZO မှာမသိတဲ့လူ
တယောက်ယောက်ကလာခေါ်ရင် webcam ပိတ်ပြီးမှစကားပြန်ပြောသင့်ပါတယ်။

Monday, September 14, 2009

0 ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် ထုတ်ပြန်ကြေငြာချက်။

0 ဂျာနယ်အချို့မှာဖော်ပြခွင့်ရရှိနေတဲ့လတ်တလောမြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေအပေါ် ၀ါရင့်သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း အမြင်

အံ့ဘုန်းမြတ်
လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတာနဲ့ ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီဗွီဘီသတင်းဌာနအတွက် ဆက်သွယ် မေးမြန်းဖြစ်ထားတာတွေကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။

မေး။ ။ ဗွီုက်ဂျာနယ်တို့ဘာတို့မှာ ဦးသန့်မြင့်ဦးတို့ မစတာဂျင်ဝက်ဒ်တို့ ဆောင်းပါးမျိုးတွေကို ဘာသာပြန် ဖေါ်ပြလို့ရနေပါတယ်။ အဲဒီလိုမျိုး ဖေါ်ပြလို့ရနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာ သိချင်ပါတယ်ဆရာ။

အဲဒါက အထူးအခွင့်အရေးအနေနဲ့ ရတာဗျ။ အဲဒါနဲ့မတူတဲ့ အယူအဆတွေကို ရေးခဲ့တာတွေကျတော့ လုံးဝကိုထည့် လို့မရဘူး။ ဒါကို ကျနော်တို့က ၀မ်းသာရတယ်လို့ ပြောလို့မရဘူးဗျ။ ဒါအထူးအခွင့်အရေးနဲ့ သူတို့ တစောင်ကိုပဲရတာပါ။ သူတို့ အယူအဆတွေကို ပြန်ချေပတဲ့ ဆောင်းပါးတွေ ၄ ပုဒ်လောက်ရေးခဲ့ပါတယ်။ ၄ ပုဒ်စ လုံး အပိတ်ခံခဲ့ရတာပဲ၊”

မေး။ ။ ဟုတ်ကဲ့ဆရာ ဆရာဘယ်ဂျာနယ်တွေမှာများ ရေးခဲ့တာလဲ။

ကျနော်ရေးခဲ့တာ Weekly မှာရေးတယ်၊ News Watch မှာရေးတယ်၊ True မှာရေးတယ်၊ Favorite မှာရေးတယ်၊ အယူအဆကိုအယူအဆချင်း ပြန်ချေပတာပေါ့ဗျာ အဲဒါမျိုးတွေ ရေးလို့မရဘူး၊ သူတို့ကတော့ အထူးအခွင့်အရေးအနေနဲ့ ရေးခွင့်ရတာပေါ့ဗျာ။

မေး။ ။ ဆရာဘယ်လိုပုံစံမျိုးနဲ့ ပြန်ရေးထားတာမျိုးတွေကို အပယ်ခံခဲ့ရတာပါလဲ။

ဥပမာ ကျနော်နမူနာလေးတခုပြောမယ်။ အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။

မေး။ ။ ဆောင်းပါးတွေမှာ သူတို့ပြောတဲ့ အမျိုးသားစီးပွားကို ရှေးရှုဖို့တို့ ပြီးတော့ သမိုင်းသင်ပုန်းချေဖို့ တို့ဘာ တို့ပေါ့ဗျာ။ အဲလိုစကားလုံးမျိုးတွေက လောလောဆယ် အတိုက်အခံအင်အားစုတွေကြားထဲမှာ သဘော ထားကွဲပြားစရာတွေနဲ့ အကြောင်းအရာမျိုးတွေလည်း ပါလာတက်ပါတယ်။ အဲဒီအပေါ်ကို ဆရာဘာများ ပြောချင်ပါလဲ။

အခုဟာက သဘောထားကွဲတယ်ဆိုတာက ပြည်သူလူထုကြားထဲမှာ ဘာမှသဘောထားကွဲမှု အငြင်းပွားမှု မရှိဘူးဗျ။ နိုင်ငံရေးအချောင်သမားတွေ ကြားထဲမှာတော့ သဘောထားကွဲတာရှိနိုင်တယ်။ ပြည်သူလူထုကတော့ သဘောထား မကွဲဘူး။ ပြည်သူလူထုကို ကျနော်ကောင်းကောင်းယုံတယ်။ နိုင်ငံရေးအချောင်သမားတွေ ကတော့ဗျာ သူတို့အကျိုးစီးပွား အတွက် နိုင်ငံရေးလုပ်ကြတာကိုးဗျ။ သူတို့အကျိုးစီးပွားကို မျှော်ကြည့်မှာပဲ။ အဲဒီလိုရေးသားနေတဲ့လူတွေ အတိတ်ကို မကြည့်နဲ့ အနာဂတ်ကိုမကြည့်နဲ့ ပစုပ္ပန်ပဲကြည့်ဆိုတဲ့ လူတွေကို ကျနော်တခုပဲပြောချင်တယ် ၇၄ ကို ပြန်ကြည့်ပါလို့ ကျနော်တခွန်းတည်းပဲ ပြောချင်တယ်။

မေး။ ။ အစိုးရကိုထောက်ခံစေမယ့် ဆောင်းပါးမျိုးတွေကို ဖော်ပြနေတဲ့အပေါ် သတင်းသမားတွေအမြင်နဲ့ ဆိုရင် ဆရာဘာများပြောချင်မလဲ။

ဒါကတော့ဗျာ ကျနော့်အနေနဲ့ အစိုးရကတော့ ဒီလိုလုပ်တာ ထုံးစံပဲ၊ လုပ်မှာပဲလေ။ ဘယ်အစိုးရ မဆိုပါ။ သူတို့အကြိက်ကို ဖော်ပြတဲ့ဟာတွေကို သူတို့ လွတ်လွတ်လပ်လပ် ရေးခွင့်ပေးမယ်။ သူတို့အကြိုက်ကို မဖော်ပြတဲ့လူတွေကို ရေးခွင့်မပေးဘူး။ ဒါကတော့ အစိုးရတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ကျနော်ကတော့ လုပ်တဲ့သူတွေကိုပဲ ပြောချင်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို မထောက်ပဲနဲ့ ကိုယ့်အကျိုးစီးပွား တခုထဲအတွက်နဲ့ ဒီလိုရေးနေတဲ့ လူတွေကိုပဲ အပြစ်ပြောချင်တယ်။ သတင်းစာသမားဆိုတာ ကျနော်ခဏ ခဏလည်းရေးတယ် ခဏခဏလည်းပြောတယ်ပေါ့ဗျာ။ သတင်းစာသမားဆိုတာဟာ အစိုးရရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ နိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ သူကြည့်ရမှာက ပြည်သူလူထုရဲ့ မျက်နှာတခုထဲပဲဖြစ်ပါတယ်။ အစိုးရမျက်နှာ တခုထဲကို ကြည့်ပြီးတော့ ပြောနေမယ်။ ပြန်လည် ချေပခွင့်မရှိတဲ့အရာတွေကို တဖက်သပ်ဖိပြီးတော့ ရေးနေခြင်းဟာ သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ပါဘူး။

မေး။ ။ သူတို့က အမျိုးသားအကျိုးစီးပွားတို့လို နိုင်ငံရေးစကားလုံးတွေ သုံးပြီးတော့ လုပ်နေပေမယ့် အောက်လမ်းနည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာမျိုးတွေ ရှိနေပြန်ပါတယ်။ မီးစာတဖက် ရေမှုတ်တဖက်လို မဟုတ်ပဲနဲ့ အပေါ်ကရေမှုတ် အောက်ကမီးစာပေါ့ဗျာ။ အဲလိုမျိုးတွေလုပ်နေတဲ့အပေါ်ကိုရော ဆရာ့အမြင်ဘယ်လိုရှိလဲ၊

အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုပဲ။ ဒါတွေ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ စကားလုံး အပေါ်မှာတော့ ကျနော်တို့အနေနဲ့ သံသယဖြစ်ရလိမ့်မယ်။

မူရင်း။ ။ အံ့ဘုန်းမြတ်

Sunday, September 13, 2009

0 ဂျပန်နိုင်ငံရေးဇာတ်ခုံပေါ်က ဆာရိုနားရားဇာတ်လမ်းတစ်ပုဒ် နှင့် လူရော၊ မူပါ ပြောင်းအောင်လုပ်သည့် ရွေးကောက်ပွဲ



ဖေခင် (ကလော)

မကြာသေးခင်ကပြီးဆုံးသွားသော ဂျပန်ရွေးကောက်ပွဲသည် နိုင်ငံတကာမှ သတင်းစာဆရာများ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်တို့၏ စိတ်ကို အဖမ်းစားနိုင်ဆုံးဖြစ်သွားသည်။အကြောင်းမှာ နှစ်ပေါင်းများစွာ (နှစ် ၅၀ခန့်) အာဏာကြီးထွားခဲ့သော လစ်ဘရယ်ဒီမို ဒီမိုကရက်တစ်ပါတီ(LDP) မှာ အတိုက်အခံ ဂျပန်ဒီမို ကရက်တစ်ပါတီ (DPJ) အား ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားသောကြောင့်ဖြစ် သည်။ ပြောရလျှင် ဤရွေးကောက်ပွဲက ဩဇာအာဏာကြီးမားလွန်းသော နိုင်ငံ ရေးပါတီကြီးတစ်ခုအား ကန်ထုတ်လိုက်ရုံတင်သာမက ဂျပန်နိုင်ငံရေးစနစ် တစ်ခုလုံးကို အမြစ်ကနေဆွဲလှန်လိုက်သလို ဖြစ်သွားစေသည်။ ဂျပန်စကားဖြင့် ရိုးရိုးလေးပြောပါက ဆာရိုနား ရား(နှုတ်ဆက်ပါသည်) LDP ၊ ကွန်နီချီးဝါး (မင်္ဂလာပါ) DPJ ဟုဆိုရပေမည်။

ဂျပန်ဟု ဆိုလိုက်လျှင် မာန်မာနနှင့် စိတ်ထားကြီးသော၊ ကတိတည်ပြီး အလုပ်မှအလုပ်ဖြစ်နေသော လူမျိုးများ နေထိုင်ရာနိုင်ငံတစ်ခုအဖြစ်လူ သိများပါသည်။ စီးပွားရေးအရပြောလျှင်လည်း အာရှအင်အားကြီးများ စာရင်း၌ ထိပ်ဆုံးပိုင်းက ပါဝင်သူဖြစ်သည်။ ဤသို့ ထိပ်ပိတ် စာရင်းဝင်ရခြင်းမှာလည်း ၁၉၅၅ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သော LDP ပါတီကြောင့်ဟု ဂျပန်မျိုး ဆက်အတော်များများက လက်ခံယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် LDP ပါတီမှာ နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံရေး နှလုံးအိမ်ကို ဘောလုံးကွင်းတစ်ကွင်းအလား သဘောထားကာ စိတ်ကြိုက်ကန်ခွင့်ရခဲ့သည်။ သို့သော် ယခုဩဂုတ်လကုန်ရွေးကောက်ပွဲ နောက်ပိုင်းတွင် LDP တို့ ကြိုက်သလိုကန်ခွင့်ရတော့မည် မဟုတ်ပေ။ အနီကတ်ပြသူ၊ ဂိုးဖမ်းသူ ဂျပန်ပြည်သူများက LDP အ ပေါ် သူတို့မည်မျှအတိုင်းအတာအထိ စိတ်ကုန်နေကြောင်း၊ ယုံကြည်မှုလျော့ နည်းနေပြီဖြစ်ကြောင်းကို ထုတ်ပြလိုက်သည်။ ထို့ကြောင့်ပြိုင်ဘက် DPJ မှာ ဂျပန် ပြည်သူများကချီးမြှင့်သောပန်းကုံးကြီးကို စွပ်ကာ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရင်ကော့ပြီးတက်ခွင့်ရလိုက်သည်။

ရွေးကောက်ပွဲရလဒ်နှင့် သတင်းများကို ဖတ်ရှုရသည်မှာ ဂျပန်နိုင်ငံသားများ မဆိုထားနှင့်။ နိုင်ငံသား မဟုတ်သူများကိုပင် များစွာ အံ့အားသင့်စေပါလိမ့်မည်။ သေချာသည်မှာ ဤရွေးကောက်ပွဲသည် သာမန်မဟုတ်သော အပြောင်းအလဲကြီး တစ်ခုဖြစ်ပေါ်စေမည်ဟု ယုံကြည်ရပါသည်။ ယခုလို ယုံကြည်ရခြင်းအတွက်လည်း ခိုင်မာသောအကြောင်းပြချက် သုံးချက်ရှိသည်။ နံပါတ်-၁ အချက်မှာ DPJ ပါတီ၏ အောင်မြင်မှု အတိုင်းအတာဖြစ်သည်။ DPJ က ဥပဒေပြုလွှတ်တော် အမတ်နေရာ ၄၈၀ ရှိသည့် တွင် ၃၀၈ နေရာအထိရရှိလိုက်သည်။ LDP ပါတီက ၁၁၉ နေရာသာ ရရှိသည်။ နံပါတ်-၂ အချက်မှာ LDP ပါတီ၏အခန်းကဏ္ဍယခုလို ရုပ်ပျက်ဆင်းပျက်အဆုံးသတ်သွားမှုသည် ဂျပန် နိုင်ငံရေးယဉ်ကျေးမှုတွင် အပြောင်းအလဲကိစ္စများ အထွတ်အထိပ်သို့ရောက်ရှိသွား သောကြောင့်ဖြစ်သည်။ နံပါတ်-၃အချက်မှာ LDP ၏ ရှုံးနိမ့်မှုသည် ဂျပန်လူမျိုးများက ပါတီကိုသာမက နိုင်ငံရေးစနစ်တစ်ခုလုံးကိုပါ အိပ်သွန်ဖာမှောက်လုပ်စေလိုသည်ကို ပြသလိုက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံရေး လေ့လာသူများ၏အဆိုအရ ပြည်သူအများစုသည် LDP ပါတီကို ယခုနှစ်များအ တွင်း ယုံကြည်ချက်နည်းလာကြသည်။ အလုပ်အကိုင်ဖူလုံရေး၊ လူမှုဖူလူံရေး၊ ပင်စင်အစရှိသော ပြဿနာများကို LDP ပါတီကကောင်း စွာမဖြေရှင်းနိုင်ဟု လက်ခံကြသည်။ ပြည်သူများ၏ ဆန္ဒကို LDP ပါတီအနေဖြင့်ဖြည့် ဆည်းပေးရန်ပျက်ကွက်ရခြင်းမှာ LDP သည် ပါတီ၊ ဗျူရိုကရေစီယန္တရား၊ ဘိဇနက်ကော်ပိုရိတ်များ အင်အားကြီးထွားနိုင်ရေးသာ အချိန်ပြည့် အာရုံစိုက်ခဲ့သောကြောင့်ဟု ဆိုသည်။ LDP ပါတီလက်ထက်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဘိဇနက်လုပ်ငန်းကြီး များအတွက် အဆင်ပြေချောမွေ့သော ဘဏ္ဍာရေးစနစ်ကောင်းအချို့နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ခဲ့သည်။ လယ်သမားများကို အစိုးရက စရိတ်စိုက်ထုတ်ပေးသည်။ ဤသို့သော နည်းဗျူဟာကို ထုတ်သုံးပြီး ရွေးကောက်ပွဲတွင်ပြန်လည်ရွေးကောက် တင်မြှောက်ခံရအောင် LDP ကလုပ် လေ့ရှိသည်။ သို့သော် ၁၉၈၀ပြည့်နှစ် နှောင်းပိုင်းသို့ ရောက်လာသောအခါ ဂျပန်စီးပွားရေးတိုးတက်မှု နှုန်းထားမှာ တစ်စထက်တစ်စ နှေးကွေးလာသည်။ ပြည်သူလူထုမှာ ဝင်ငွေနည်းသော အ လုပ်အကိုင်ဖြင့် ရောင့်ရဲတင့်တိမ်နိုင်မှု မရှိတော့ကြောင်း၊ အဆင့်အတန်းမြင့်မားသော လူမှုဘဝနှင့် အလုပ်အကိုင်များ ကို တောင့်တလာကြကြောင်း ဂျပန်နိုင် ငံရေးသိပ္ပံပညာရှင်များက သုံးသပ်ပါ သည်။

“ဂျပန်တွေက ဆရာဝန်တွေ၊ ပရဟိတ ဂေဟာကြီးတွေနဲ့ အသင်အပြကောင်းတဲ့ စာသင်ကျောင်းတွေကို ပိုမက်မောလာကြတယ်။ တောမှာနေတဲ့သူက မြို့တက်ချင်လာကြတယ်။ အိမ်ရာကောင်ကောင်း ထူထောင်ချင်လာကြတယ်” ဟု တိုကျို တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ယာမာဂူချီကပြောသည်။ အစိုးရအဖွဲ့မှ ဝန်ကြီးများသည် ဗျူရိုကရက်များနှင့် ပါတီထိပ်ပိုင်းအလွှာမှ ပုဂ္ဂိုလ်များ၏ ရုပ်သေးများဖြစ်လာကာ အာဏာတည်တံ့ရေး၊ လုပ်ပိုင်ခွင့်ရရှိရေးတို့ကိုသာ အာရုံ စိုက်လာကြကြောင်း ၄င်းကပြောပါ သည်။ ဤသို့သော အနေအထားမျိုးကို ဂျပန်လူမျိုးများဆက်၍ လက်သင့်မခံချင်ကြသောကြောင့် ယခုရွေးကောက်ပွဲတွင် LDP မျက်နှာပန်းမသာတော့ခြင်း ဖြစ်ဟန်ရှိသည်။ LDP ထက် ပိုမိုပွင့်လင်းပြီး တာဝန်ယူတတ်သော အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီကို ရယူလိုခြင်းလည်းဖြစ်နိုင်သည်။ လေ့လာမှုစစ်တမ်းများအရ ဂျပန်နိုင်ငံသားများ DPJ ပါတီ အကြောင်းကို ဂဃနဏမသိသေးသော်လည်း LDP ပါတီဝင်များနှင့် မူဝါဒများကို စိတ်ပျက်ငြီးငွေ့လာသောကြောင့် DPJ ကိုမဲပေးလိုကြခြင်းဖြစ်သည်။

သတင်းများအရ DPJ ခေါင်းဆောင် ယူကိုဟာတိုယားမားမှာ စက်တင်ဘာ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်တာဝန်ယူရတော့မည်ဖြစ်သည်။ မစ္စတာ ဟာတိုယားမားအတွက် ဝန်ကြီး ချုပ်ဖြစ်သည့်အတွက် အောင်ပွဲခံနေချိန် ပင်ရမည်မဟုတ်။ ၁၉၉၀ပြည့်နှစ်ဆန်း ပိုင်းလောက်ကတည်းက တအိအိကျဆင်းလာနေသော စီးပွားရေးကိုပြန်လည် ထောင်မတ်ရန် တာဝန်များကကြိုဆိုလျက်ရှိသည်။ ဟာတိုယားမားအနေဖြင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ အစိုးရ အဖွဲ့ကို အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ပြီး ဒီဇိုင်းအသစ်ဖြင့်လည်ပတ်ရန်ဖြစ်သည်။ ဗျူရိုကရေစီယန္တရားနှင့် အစိုးရ ဘတ်ဂျက်ကိစ္စတို့က သူ၏ ထိပ်ပိတ်အာဂျင်တာများဖြစ်လာမည်။ မဲဆွဲပွဲကာလ အတွင်းပေးထားခဲ့သည့် ကတိများအတိုင်းဆိုပါက ဟာတိုယားမား၏ ကက်ဘိနက်သည် LDP လက်ထက်ကထက် ပို၍ဩဇာကြီးမားပြီး တာဝန်သိတတ်မှု ပိုများပေလိမ့်မည်။ DPJ ပါတီက အဂတိတရားကင်းပြီး ပြည်သူလူထုအပေါ် ကျိုးနွံသော ဗျူရိုကရက်များကို မွေးထုတ် မည်ဟူသော ကတိလည်းပေးထားသေးသည်။ လေ့လာအကဲခတ်သူများ အဆိုအရ DPJ အတွက် ငယ်ရွယ်ပြီးတက်ကြွသော နိုင်ငံရေးသမားများ လိုအပ်လျက်ရှိသည်။ DPJ မှ ဗျူရိုကရက်များကို မည်သို့မည်ပုံ တက်ကြွအောင်လုပ်ပြီး စည်းဖောက်သူများကို မည်သို့ အပြစ်ပေး အရေးယူမည်ဟူသော အချက်က ဝန်ကြီးချုပ်သစ်၏ အရည်အချင်းကို မလွဲမသွေ ပြသပါလိမ့်မည်။ ကက်ဘိနက်အသစ် အတွက် အပြောင်းအလဲပြုလုပ်ရေးနှင့် ပတ်သက်ပြီး ဦးနှောက်မုန်တိုင်းထန်နိုင်သည့် အချိန်မှာ ယခုကာလမှ ဒီဇင်ဘာလအတွင်းတွင်ဖြစ်နိုင်သည်။ လက်ရှိအနေအထားတွင် ဝန်ကြီးဌာနဝန်ကြီး အသီးသီးက ၄င်းတို့၏ အသုံးစရိတ်ဘတ်ဂျက်အတွက် အစီရင်ခံစာများ တင်ထားပြီးဖြစ်သည်။ DPJ ကဘတ်ဂျက်ကိစ္စကို အနစ်တကျပြန်လည်ရေးဆွဲပြီး ယခင် LDP ပါတီလက်ထက်က အား နည်းချက်များကို အားလုံးပြောင်းလဲမည် ဟုဆိုသည်။ ယခုအချိန်သည် DPJ ပါတီခေါင်းဆောင် ဟာတိုယားမားအတွက် ယခင်အစိုးရလက်ထက်က လုပ်ခွင့်မရလိုက်သည့် ပြုပြင်ပြောင်းလဲ မှုများကို ကောင်းစွာလုပ်ပြနိုင်မည့် အချိန်ဖြစ်သည်။ သူ့အတွက်အဓိက လိုအပ်ချက်မှာ ညီညွတ်မျှတသောအုပ် ချုပ်မှုပညာသာဖြစ်သည်။

အဆုံးသတ်အားဖြင့်ခြုံပြောပါက ပြီးဆုံးသွားသော ရွေးကောက်ပွဲသည် ဂျပန်နိုင်ငံပြည်သူများနှင့် နိုင်ငံရေးလောက အတွက် “ဂ”(ဂငယ်) ကွေ့တစ်ကွေ့ကိုဖော်ဆောင် ပေးလိုက်ခြင်းဖြစ်သည်။ DPJ ၏ အောင်ပွဲကြောင့်နှစ်များစွာ သရဖူဆောင်းခဲ့သော LDP မှာ အတိုက်အခံဘဝဖြင့် ဆက်နေသွားရမည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီးဖြစ်ပါသည်။ ဤနေရာတွင် ရွေးကောက်ပွဲနှင့်ပတ် သက်သော ယူဆချက်တစ်ချို့ကို ပြန်လည်ဆန်းစစ်ကြည့်လိုသည်။ ရွေးကောက်ပွဲများတွင် အချို့က အုပ်ချုပ်သူ လူကို ပြောင်းလဲစေပြီး အုပ်ချုပ်သည့်မူဝါဒကို မပြောင်းလဲစေလိုကြပေ။ အချို့က မူဝါဒကို ပြောင်းလဲစေလိုသည်၊ သို့သော် အုပ်ချုပ်သူ လူကိုမူမပြောင်းလဲစေလိုပေ။ ယခု ဂျပန်ရွေးကောက်ပွဲမှာ လူရော မူပါပြောင်းပစ်လိုက်သည့်ပွဲ ဖြစ်သည်ဟုဆိုပါက လုံးဝမှားမည်မဟုတ်ပါ။ ထိုသို့ လူရောမူပါပြောင်းလဲနိုင်အောင်လုပ်နိုင် သည့်အစွမ်းမှာ DPJ ရော၊ LDP တွင် ပါရှိမည်မဟုတ်ပါ။ ဤအစွမ်းသည် စနစ်ဟောင်း၊ အကျင့်ဟောင်းများကို ရိုးအီငြီးငွေ့နေသော ပြည်သူများတွင်သာ ရှိသည်ကို ဂျပန်နိုင်ငံသားများက ဖော်ကျူးလိုက်ခြင်းပင်ဖြစ်သည်။ ဆာရိုနား ရား LDP ။

ဖေခင် (ကလော)
http://existencemediagroup.com/?p=195r\မှ

0 ကိုညီညီအောင်အတွက် လွှတ်တော်အမတ်စိုးရိမ်

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင် အဖမ်းခံရတဲ့အပေါ်မှာ မေရီလန်း ပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen က စိုးရိမ်မကင်း ဖြစ်နေကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေက ရန်ကုန်လေဆိပ်အဝင်မှာ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ သူနေထိုင်တဲ့ အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က အောက်လွှတ်တော်အမတ် Christ Van Hollen ဆီကို သူငယ်ချင်းမိတ်ဆွေတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အကြောင်းကြားခဲ့ပြီး အလျင်အမြန် စုံစမ်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်အမတ်ရုံးက တယ်လီဖုန်းနဲ့ မနေ့က အကြောင်းပြန်ခဲ့တယ်လို့ ကိုညီညီအောင်ရဲ့မိတ်ဆွေ မဝါဝါက ပြောပါတယ်။

မဝါဝါ။ ။“သူတို့အနေနဲ့ ဒီစာကို ရရချင်းမှာ တကယ်ကို သူတို့ စိုးရိမ်ပါတယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ ဒီကိစ္စကို လွှတ်တော်က စိတ်ဝင်စားတဲ့ ကိစ္စအခုအနေနဲ့ သတ်မှတ်ထားပါတယ်။ သတ်မှတ်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ACS ကိုလည်း သူတို့ ထပ်ပြီးတော့ ပြောပြီး ဒီကိစ္စကို အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သူတို့လုပ်ထားပါတယ်ဆိုတာကို ကျမကို အကြောင်းပြန်လာတာ ဖြစ်ပါတယ်”

ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက အာဏာပိုင်တွေဆီမှာ စုံစမ်းထားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုဥပဒေအရ ကိုညီညီအောင် ကိစ္စနဲ့ပတ်သက်ပြီး အများသိအောင် ထုတ်ပြန်ကြေညာဖို့ မရှိဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်အပေါ် မဝါဝါက အခုလို တုန့်ပြန်ပြောဆိုပါတယ်။

မဝါဝါ။ ။“သူတို့အနေနဲ့ အမေရိကန်သံရုံးကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြောင်းကြားမယ်။ အကြောင်းကြားပြီးလို့ရှိရင် သူတို့အနေနဲ့ ဒီလူတယောက်ကို တွေ့နိုင်ခွင့် ဆိုတဲ့ဥစ္စာကို သူတို့က ထပ်ပြီးတော့ တောင်းဆိုရတယ်။ တောင်းဆိုတဲ့အခါမှာ မြန်မာအာဏာပိုင်များအနေနဲ့ ခွင့်ပြုမှသာ သွားပြီးတော့တွေ့ခွင့်ရှိတယ်။ ဟိုဘက်က ဘာမှ ပြန်ပြီးတော့ အကြောင်းမကြားဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ အဲဒီအတွက်ကြောင့် အခုလို စုံစမ်းစစ်ဆေးနေတဲ့အခါမှာ မြန်မာ အာဏာပိုင်များအနေနဲ့ ဘာမှ ပြန်ပြီး အကြောင်းမကြားတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဘာသတင်းမှ ထုတ်ပြန်ပြောကြားခွင့် မရှိသေးဘူးလို့ Privacy Act ကို ကျမနားလည်ပါတယ်”

ကိုညီညီအောင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မိသားစုဝင်တွေအနေနဲ့ အခုချိန်ထိ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်း။ ။RFA

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.