Saturday, July 30, 2011

0 ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဆရာအော်ပီကျယ်၏ ဆွေးနွေးချက်

ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ
၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel
The Fourth Estate Symposium တွင်အော်ပီကျယ်၏ ဆွေးနွေးချက်
ဆရာအော်ပီကျယ်၏ facebookမှရယူဖော်ပြပါသည်..


အရင်တစ်ပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ - - -” လို့ စကားစလိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင်- ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့ကို နောက်နေတယ်ထင်ပြီး စကားဆက်မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲ ဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလားတွေးပြီး စကား မဆက်ရဲတော့ဘူး။

ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခဲ့ရတယ်။ “သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်က အင်မတန်အရေးကြီးတယ် လို့ ပြောသွားတယ်လေ။ ကိုမြင့်မောင်ကျော်၊ ကိုအော်ပီကျယ်- ခင်ဗျားတို့ ရေးနေတာ အရင်အတိုင်းပဲ၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ပေးနေပြီလေ” လို့ ရပ်ကွက်ထဲမှာ အပြောခံရတယ်။ သူတို့အမြင်မှာ ခွင့်ပြုပေးလျက်နဲ့ ကိုယ်တောင် တာဝန်မကျေသလိုလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို ထိန်းကျောင်းပေးရမယ်လို့ ဆိုလိုတာပေါ့။ တနည်းပြောရရင် ဟောင်ပေးရသောခွေး (Watchdog) လို့လည်း ခေါ်ကြတယ်။ ယဉ်ယဉ်ကျေးကျေးဆိုရင် ခေါင်းလောင်းထိုးသူတွေ ပေါ့။

ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ရင် of the people, by the people, for the people လို့ ဆိုကြတယ်။ ဒီအခန်းအနားမစခင်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့တွေ့တော့ “ဘာတွေလုပ်နေ၊ ဆွေးနွေးနေလဲ” လို့ မေးမိတယ်။ သူက “ဆွေးနွေးနေတာတွေ အတည်မပြုရသေးခင် ပြောခွင့်မရှိဘူး” တဲ့။ ဒါဆို by the people က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ပြည်သူလူထု people က တို့အတွက် (for the people) ဖြစ်ရဲ့လားဆိုတာ သိခွင့်မရှိဘူးဆိုတဲ့သဘော ဖြစ်နေတယ်။

ကိုယ်က ကာတွန်းဆရာဆိုတော့ ကာတွန်းတွေး တွေးတယ်။ စတုတ္ထမဏ္ဍိုင် ဆိုပေမဲ့ သုံးချောင်းထောက်ထိုင်ခုံတွေ တွေ့တိုင်း “အော်- သုံးချောင်းထဲနဲ့လည်း ဖြစ်သားပဲ” လို့ တွေးမိတယ်။ အရက်ဘားတွေမှာ ဒေါက်တိုင်တစ်ချောင်းတည်းနဲ့ ခုံတွေ တွေ့ရတော့လည်း “တစ်ချောင်းတည်း ထောက်ထားတဲ့ ခုံတွေလည်း ရှိနေတာပဲ” လို့ တွေးမိပြန်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ထိုင်ခုံကျတော့ အောက်ဘက်မှာ တန်းလေးတစ်တန်း ရိုက်ထားတယ်။ တိုင်တွေ မရွဲ့စောင်းအောင် ချုပ်တန်းသဘောရိုက်ထားတာလားလို့ မေးတော့- မိတ်ဆွေက “ မဟုတ်ဘူး၊ ခြေတင်ဖို့ လုပ်ထားတာ” တဲ့။ အဲဒီတိုင်လေး စတုတ္ထမဏ္ဍိုင် ဖြစ် မဖြစ် တွေးမိတယ်။

ကျွန်တော်တို့ စာနယ်ဇင်းမှာ တွေ့နေတာ ရှိတယ်။ အဘိုးကြီးတစ်ယောက်က မြေးဖြစ်သူကို ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ခွေးတစ်ကောင်က စိတ်ဓာတ် ယုတ်ညံ့တယ်၊ ရန်လိုတယ်၊ အတ္တကြီးတယ်။ နောက်တစ်ကောင်က စိတ်ရင်းကောင်းတယ်။ သိမ်မွေ့တယ်။ အများအကျိုး ကြည့်တတ်တယ်။ တစ်နေ့မှာ အဲဒီခွေးနှစ်ကောင် ကိုက်ကြရော တဲ့။ နားထောင်နေတဲ့ မြေးက “ဘယ်ခွေး နိုင်သွားလဲ”လို့ သိချင်ဇောနဲ့ မေးလိုက်တယ်။ အဘိုးဖြေလိုက်တာက “ငါမွေးထားတဲ့ခွေး နိုင်တာပေါ့” တဲ့။ အဲဒီလို ငါမွေးထားတဲ့ခွေး ပြဿနာတွေလည်း ရှိတာပဲ။

မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။
အခု စာပေလွတ်လပ်ခွင့် အချို့အဝက် ရလာတော့ မဆိုးဘူး၊ ကောင်းတယ်လို့ မြင်တဲ့ အကောင်းမြင်သမားတွေ တွေ့ရတယ်။ ကျွန်တော်က ကာတွန်းဆရာဆိုတော့ အဆိုးမြင်တတ်သူလို့ ထင်ကြတယ်။ ကျွန်တော် အဆိုးမြင် မဟုတ်ပါဘူး။ အမှန်မြင်ပါ။ အကောင်းမြင်၊ အဆိုးမြင်ကို ရေခွက်ထဲမှာ ရေတစ်ဝက်ရှိတာနဲ့ ဥပမာပေးကြတယ်။ အကောင်းမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်လို့ မြင်တယ်။ အဆိုးမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတယ်လို့ မြင်တယ်။ ဒီဥပမာမှာ ပမာဏ၊ အရည်အတွက် ကိုပဲ ကြည့်တာဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော်က ရေဆာနေလို့ အခုရတဲ့တစ်ဝက်သောက်မယ်။ နောက်တစ်ဝက်ထပ်ရတဲ့အခါ ထပ်သောက်ရင် ဗိုက်ပြည့်မယ်။ အရည်အချင်းသဘောဆိုရင်တော့ ကိစ္စရှိတယ်။ ရေဆူရမယ့် ကိစ္စမျိုးဆိုရင် ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေဆူမယ်။ ရေထဲက ပိုးမွှားတွေ သေမယ်။ အဲဒီနေရာမှာ ၅၀ ဒီဂရီပဲ အပူရမယ်။ တော်ကြာ အေးသွားပြီးမှ နောက် ၅၀ ဒီဂရီ ထပ်ရမယ်ဆိုရင် တစ်သက်လုံး ၁၀၀ ဒီဂရီ မရောက်တော့ဘူး။ ရေက ဘယ်တော့မှ မကျက်တော့ဘူး။ မကျက်တဲ့ရေသောက်ရင် ဝမ်းလျှောမယ်။ ပိုးတွေကလည်း မသေတော့ဘူး။ ဒါ အကောင်းမြင်လဲ မဟုတ်ဘူး။ အဆိုးမြင်လည်း မဟုတ်ဘူး။ အမှန်အတိုင်း မြင်တာပါ။ အပြောင်းအလဲဖြစ်ဖို့ မြန်ဖို့ မလောပေမဲ့ မှန်ဖို့တော့ လိုတယ်။ တစ်ရင်ချင်းပဲ လျှော့လျှော့၊ တစ်လှမ်းချင်းပဲ သွားသွား ဘယ်လောက်ကြာမှာလဲဆိုတာကတော့ အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တောတို့ ၅၀ ဒီဂရီပဲ အပူပေးထားတဲ့ မကျက်တဲ့ရေကိုပဲ သောက်နေရသလို ဖြစ်နေမယ်လို့ ထင်ပါတယ်။

0 မြန်မာ- အိုမန်ဘောလုံးပွဲ Video Clipများ

0 စည်းကမ်း မရှိကြဘူး ဆိုသတဲ့လား...

ကျွန်တော့ ဘ၀မှာ ဒီမိုကရေစီ နဲ့ မနေဘူးဘူး..........

မွေးလာကတည်းက စစ်ကျွန်လက်အောက် စည်းကမ်းမရှိတာအမှန်ပဲ..လူကူးမျဉ်းကျား က လမ်းဖြတ်ကူးတာ လက်ချိုးရေလို့ရတယ် အမှိုက်လား လမ်းတွေ့ပစ်တယ်..

ဆေးလိပ် နေရာတကာသောက်တယ် ( ဒါတွေ ဘာလို့ ဖြစ်နေသလဲ စဉ်းစားပါ)

ကျွန်တော်တို့ တိုင်းပြည်မှာ စည်းကမ်းမဲ့တာ လူတိုင်းပဲ ဒီလိုဖြစ်နေတာ အနှစ် ၄၀ ရှိပြီ..ကျွန်တော်တို့ ကို ဒီလိုဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့ကြတာလဲ နိမ့်ကျတဲ့ လူမှုဘ၀တွေနိမ့်ကျတဲ့ အခြေခံပစ္စည်းတွေ နိမ့်ကျတဲ့ ပညာရေး စနစ်တွေ နိမ့်ကျတဲ့ သင်ကြားမှုတွေပြော၇ရင် တထောင့်တစ်ည ပုံပြင်တွေပါပဲ

ကိုယ်တိုင်လည်း သိတယ် မြင်နေရတယ် လူတွေဘယ်လောက် အောက်တန်းကျ ကိုယ်ကျင့်တရားပျက်နေ ကြပြီလဲ ဆိုတာ ...ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လက်ညိုးထိုး အပြစ်ပြောရင် ပြီးပြီလား...........

လူတိုင်းကို အပြစ်ပြောကြမှာလား ... အခြေခံ လူတန်းစားတွေ အသိပညာ အတတ်ပညာ စားဝတ်နေရေးအတွက်
တိုင်းပြည်က လုပ်ပေးနေသလား တိုင်းပြည်က လုပ်ပေးနိုင်ပြီလား.. တိုင်းပြည်အုပ်ချုပ်သူတွေ ကို ပြည်သူက ဘယ်လိုသဘောထားသလဲ အဘက်ဘက်စဉ်းစားရမှာပါ၊

ဥပမာ- တခု ( အခု ရန်ကုန်မှာ အထူးကားတွေ ခေတ်စားနေတယ် စစခြင်းတုန်းက လူပို မတင်ရပါဘူး တယောက်ကို 200 ပေးစီးရပါတယ်. တကယ်လဲ လူပိုမတင်ကြပါဘူး နောက်ပိုင်း လူစီးများလာတော့ ရသလောက်တင်တယ် ဆန့်သလောက် စီးခိုင်းတယ်။ကားမှာလည်း စာတန်းကြီးက ကပ်ထားသေးတယ်.. လူပိုမတင်ပါတဲ့ ဒါဆို ဒီကိစ္စကို အထက်ကလူကြီးတွေ မသိကြဘူးလားမသိချင်ယောင်ဆောင်နေတာလား...... တွေးကြည့်ကြပါ။)

စည်းကမ်းတခု ထုတ်ရင် စည်းကမ်း ထုတ်တဲ့လူတွေကိုယ်တိုင် လိုက်နာမှ ဖြစ်မှာပါ ..အခုတော့ မြန်မာပြည်မှာ မသိရင်ပြည်သူတွေ ကပဲ အောက်တန်းကျနေသလို ပြည်သူတွေပဲ စည်းကမ်းဖောက်နေကြသလိုလို...

* ပြည်သူကို သေနတ်ကိုင် အုပ်ချုပ်နေတဲ့ စစ်တပ်ရှိနေသရွေ့တော့ သူတို့ ထုတ်တဲ့ ဥပဒေကို ဘယ်သူက လေးစားချင်မှာလဲဗျာ

* တိုင်းပြည်ကို စည်းကမ်းရှိချင်တယ် ဆိုရင် အုပ်ချုပ်သူကိုယ်တိုင် စည်းကမ်းကို လိုက်နာမှရပါမယ်

လေးစားစွာဖြင့်

ချမ်းမြေ့

0 *BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ဖြစ်သော အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန*


"နိုင်ငံ၏အရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်။ ပြည်သူကိုမညာပါနဲ့
ပြည်သူကိုညာရင် ပြည်သူက ညှာလိမ့်မည်မဟုတ်..."

၂၀၀၆ မှ စတင်၍ သွေးအကူအညီပေးခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ) ၏ စိတ်ကူး ၊ ၂၀၁၀ ဆယ်နှစ်လပိုင်း (၁၁) ရက်နေ့မှ စတင်၍ အမေစု လွတ်မြောက်မှု အကြိုအဖြစ် လူထုအင်အားကိုယူ၍ ရန်ကုန်မြို့ရှိ ဆေးရုံတိုင်းတွင် သွေးအကူအညီပေးခဲ့ရာ ပြည်သူနှင့် ဆေးရုံဆရာဝန်များ၏ ထောက်ခံမှုဖြင့် BG (Blood Group @ Bo-Gyoke ) ဟူ၍ အမည်တွင်ခဲ့သည်။ ယခုဆိုလျှင် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ကချင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် သွေးအကူအညီပေးရေး အဖွဲ့များဖွဲ့နိုင်ခဲ့သည်။ လူငယ်မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်.။

ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယနေ့အထိ သွေးအလုံးရေ (၃၀၀၀) ၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ပြီး လူနာများ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ လူမှုရေး လုပ်ငန်းများဖြင့်လည်း ရေရှားပါးသော နေရာများတွင် ရေတုံကင်လှူဒါန်းပေးခြင်း၊ အ၀တ်အထည်များ လှူဒါန်းပေးခြင်း၊ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် အာဟာရတိုက်ကျွေးခြင်းများ အပြင် ယခုဆိုလျှင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ်အနေဖြင့် မိဘမဲ့ လေလွင့် အမှိုက်ကောက် ကလေးငယ်များ၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အသိပညာ အတတ်ပညာများအား သင်ကြားပေးသော အခမဲ့ ပညာဒါနကျောင်းအား (၁၇ - ၇ - ၂၀၁၁) နေ့ နံနက် ကိုးနာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားခြင်းအစီအစဉ်ကို (၂၃ - ၇ -၂၀၁၁ ) တွင် စတင်ခဲ့ပါသည်။

ကွန်ပြူတာအခြေခံသင်တန်းအတွက် သင်တန်းသား (၁၀၀) ကျော်ကို Section - A , B , C ခွဲ၍ သင်ကြားလျက်ရှိပါသည်။ လေလွင့် ကလေးငယ် (၇၅) ယောက်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်နှစ်ရက် သင်ကြားပေးပြီး သင်ကြားပြီးသည်နှင့် ထမင်းအာဟာရ ဆက်လက်ကျွေးမွေးပါသည်။ အသက်မွေးဝမ်းကြောင်းပညာများ​ကို ရှစ်လပိုင်း လဆန်းပိုင်းမှစ၍ သင်ကြားသွားမည်ဖြစ်သည်။ အခက်အခဲများရှိသော်လည်း ယုံကြည်မှုကိုအားပြု၍ ဆက်လက် ကြိုးစားသွားမည်ဖြစ်သည်။

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး)

(BG ပညာဒါနနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး )
(ဆက်သွယ်ရန် အကြံပေးရန် ၊ ဝေဖန်ရန် - ဖုန်း - ၀၉-၄၉၃၂၈၀၅၅ ၊ ၀၉-၇၃၀၇၉၇၉၂)

0 အတွေ့အကြုံနည်းသေးလို့ကိုး


ကော်မရှင်အမျိုးပေါင်းများစွာရှိပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကတော့ ကျန်တာတွေနဲ့ မတူ တမူ ထူးခြားပါတယ်။ သူဆောင်ရွက်ရမဲ့လုပ်ငန်းအတွက် သူ့မှာက ဥပဒေပြုနိုင်ခွင့်ရှိပါတယ်။ ကော်မရှင်ဥက္ကဌကအစ အဖွဲ့ဝင်များအလယ် ဝန်ထမ်းများအဆုံး သမာသမတ်ကျရပါတယ်။ ဘက်မ လိုက်ရပါ။ မှန်ကန်တဲ့သစ္စာတရား လက်ကိုင်ထားရပါတယ်။ ဖြောင့်မတ်တဲ့ သမာဓိဂုဏ်ရှိရပါတယ်။ တရားမျှတမှု ရှိရပါတယ်။ အကျင့်သိက္ခာပြည့်ပြည့်ဝဝနဲ့ တာဝန်ကျေကျေထမ်းဆောင်ရမှာပါ။ ဥပဒေ ရေးရာနဲ့ဆက်နွယ်နေတာကြောင့် ‘ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ’ ထုံးကို ကျင့်သုံးရမှာ ဖြစ်ပါ တယ်။ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာစံနှုန်းများလို့ သတ်မှတ်နိုင်ပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကအတည်ပြုလိုက် ပါတယ်။ ဦးတင်အေးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အဖြစ်ကနေ ၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့က ရုတ်တရက်နုတ်ထွက်သွားပြီး၊ နောက်ရက်မှာ သမ္မတဦးသိန်းစိန်ကအဆိုတင်ခဲ့ကာ လွှတ်တော် က သဘောတူခဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လာတာပါ။

နအဖစစ်အစိုးရလက်ထက် စစ်တပ်ရန်ပုံငွေအတွက်ရှာရတဲ့ ဦးပိုင်ကုမ္ပဏီအကြီးအကဲအပြင် အရေးပါ တဲ့ရာထူးများယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဟာ အဆင့်မြင့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင် ဖြစ်ပါ တယ်။

နေပြည်တော်မှာ ၂၀၁၁ ခု ဇူလိုင် ၂၇ ရက် ဗုဒ္ဓဟူး နေ့က ၃၆ ပါတီခေါင်းဆောင်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ခေါင်းဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ကော်မရှင်ဥက္ကဌက သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ပြောကြားခဲ့ပါတယ်။ တဆက်ထဲဘဲ တပ်မ တော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်လိုတယ်လို့လဲ ဦးတင်အေးက ပြောဆိုခဲ့ ပါတယ်။ ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အနိုင်ရခဲ့ကြောင်းလဲ သူက ဝန်ခံ ပြောသွားခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက အဲန်အယ်လ်ဒီက တပ်မတော်အကြီးအကဲတွေကို စစ်ခုံရုံးတွေ ဘာတွေ တင်မယ်ဆိုလို့ အာဏာမလွှဲခဲ့တာလို့ဆိုပါတယ်။

အမှန်တကယ်က စစ်တပ်ကပဲအနိုင်ရမယ်လို့ ကြိမ်းသေတွက်ထားခဲ့ကြတာပါ။ မဆလ ပါတီ တဖြစ်လဲ တစည ပါတီ သေချာပေါက် နိုင်ကိုနိုင်မှာလို့ တကယ်ယုံကြည်စိတ်ချခဲ့တာပါ။ ဒါကြောင့် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲကို ရဲရဲကြီး လုပ်ပေးခဲ့ကြတာပါ။ ၁၉၇၄ ခုနှစ်ကစတင်ဖွဲ့ခဲ့တဲ့ မဆလ ပါတီရဲ့ ၁၄ နှစ်ကျော်အင်အားကို အယုံကြီးခဲ့တာပါ။ အရပ်သားတွေရဲ့ တနှစ်ကျော်ကျော်အင်အားကို အထင်သေး လျှော့တွက်ခဲ့ကြတာပါ။ ပြည်သူတွေနဲ့ ယူနီဖောင်းဝတ်တို့ရဲ့ အာဏာရှင်စံနစ်ကို ရွံရှာမုန်းတီး ခါးသီး စက်ဆုပ်တဲ့ စိတ်ဓါတ်ကို အထင်သေးမျက်ကွယ်ပြုခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ်ထွက်လာတော့မှ မျက်ဖြူဆိုက် အကျပ်ရိုက်ခဲ့ကြတာပါ။ အဲဒီတော့မှ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံစွက်ကာ အာဏာ သိမ်းဘို့ အကွက်ချခဲ့ကြတာပါ။ ဒီဖြစ်ရပ်မှန်တွေအတွက် သမိုင်းသက်သေတွေရှိလျက်ပါ။

လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်တဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး မှာ နိုင်ငံရေးပါတီများ ပါဝင်လုပ်ဆောင်ကြဘို့ အဲဒီတွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက် ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အစိုးရနဲ့နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနဲ့ ပြည် သူလူထုများကို ထိခိုက်တာမို့ ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီဆောင်ရွက်သွား ဘို့ လိုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ပါတီတွေက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ပတ်သက်လို့ တင်ပြကြပါတယ်။ အဲဒီတော့ ကော်မရှင်ဥက္ကဋ္ဌသစ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကြံ့ဖွံ့ပါတီခေါင်းဆောင်ဟောင်း ဦးတင်အေးက ရွေး ကောက်ပွဲအတွင်း မဲ မသမာမှုတွေ၊ ကြိုတင်မဲနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ပေါ်ပေါက်လာ တာဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးလို့ပါဆိုပြီး ဆင်ခြေပေးလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အကဲခတ်အဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံတကာက ကမ်းလှမ်းတုန်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက်ရှိတဲ့အတွက် အကဲခတ်တွေ မလိုဘူးလို့ ပြောခဲ့ဘူးပါတယ်။ ဒါကြောင့် ကော်မရှင်ဥက္ကဌရဲ့ အခုပြောဆိုချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလိုက်တဲ့ ဘက်လိုက်တဲ့ စကားပါ။

တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေုးပြုလုပ်ရန်ပြောကြားဘို့ အဆိုတင်တာကိုတော့

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ လာမဲ့ပြည်ထောင်စုလွတ်တော် ကိုတင်ပြဘို့အကြံပြုခဲ့ပါတယ်။ သူတို့ဘက်လှည့်လာမဲ့မြားဦးတော့ ရှောင်တတ်သားပါကလား။ တိုင်း ရင်းသားတွေကို စစ်ဘေးစစ်ဒဏ်က အကာအကွယ်ပေးဘို့ကိုတော့ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။ ဒါကျတော့ အတွေ့အကြုံက ရင့်ကျက်နေလို့ပေါ့။ သူတို့ရဲ့စီမံကိန်းပျက်မှာကို ရှောင်ရှားဘို့ပေါ့။

အရင်က ဘယ်အဆင့်နဲ့ ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ ယခုအခါမှာ ရာထူးနဲ့လိုက်ဘက်ညီအောင် တာဝန်ထမ်း ဆောင်ရမှာပဲဖြစ်ပါတယ်။ ဦးတင်အေးဟာ စစ်ကောင်စီရဲ့အဆင့်မြင့် ဒုဗိုလ်ချုပ်ကြီး၊ ကြံ့ဖွံ့ဗဟိုကော် မီတီဝင် မဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဌဖြစ်နေပါပြီ။ ရွေးကောက်ပွဲနဲ့စပ်ဆိုင်သမျှ လုပ်ငန်းဆောင်တာများကို ပီပီပြင်ပြင် ကျေပွန်စွာထမ်းရွက်ရတော့မှာသာဖြစ်ပါတယ်။ တရားမျှတ ဘက်မလိုက်တဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်ပြောနေရမှာ မဟုတ်ပါ။ ပြောဆိုပိုင်ခွင့်အာဏာလဲ မရှိတော့ပါ။ အာဏာပိုင်တွေလို ညွှန်ကြား ပြောဆိုနေရမဲ့အခါလဲ မဟုတ်တော့ပေ။ ဘူးလုံးနားမထွေးနဲ့ ရူးချင်ယောင်ဆောင်လို့ မဖြစ်တော့ပါ။ ရောထွေးယှက်တင် ထင်တိုင်းပြောဘို့မလိုတော့ပါ။ လက်ရှိရာထူးနဲ့အညီ ကျင့်ကြံ ထမ်းဆောင်ရတော့ မှာသာဖြစ်ပါတယ်။

အခုလို မိမိကိုယ်မိမိ အုပ်ချုပ်ရေးအာဏာပိုင်တဦးလို လက်ရှိတာဝန်ပိုင်းနဲ့ လုံးဝမဆိုင်တဲ့ ‘တပ်မတော်
ကို သွေးမခွဲဘို့၊ မဖြိုခွဲဘို့၊ အဲန်အယ်လ်ဒီကို အာဏာလွှဲမပေးခဲ့တာတို့၊ ဆန်ရှင်ကိုဆန့်ကျင်ဘို့’ တွေကို
ဦးတင်အေးက သတိပေးပြောကြားသွားခဲ့တာကတော့ သူ့ခမျာ ကော်မရှင်ဥက္ကဌသက်တမ်း လပိုင်း ပဲရှိသေးပြီး လုပ်သက်ကနုသမို့ အတွေ့အကြုံကနည်းသေးလို့ကိုး။

မောင်မောင်လှကြိုင်

၂၀၁၁ ဇူလိုင် ၂၉

Friday, July 29, 2011

1 သုဝဏ္ဏ ကွင်း၊ ဘောလုံးပွဲတစ်ပွဲ၊ မြန်မာတို့၏စိတ်ဓာတ် နှင့် နာယက ခေါင်းဆောင်


ရေးသားသူ. .Ernesto Kee Ling



ဂျူလိုင်လ ၂၈ ရက်နေ့ တိမ်ကင်းစင်လေသော အခါသမယ ညနေ ၂နာရီခွဲ Ernesto တစ်ယောက် မြန်မာတို့၏ အမှတ်မရှိသောစိတ်ဓာတ်အပြည့်နှင့် သုဝဏ္ဏ ကွင်းဆီသို့ ချီတက်ခဲ့သည်။ ကွင်းဝအရောက် ရွှေမြန်မာတို့ အကျင့် အတိုင်း မှောင်ခိုဈေးကွက်မှ လက်မှတ်များကို အထူးတန်းမှကြည့်ရန် ၃၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ တရားဝင်ရောင်းဈေးမှာ ၁၀၀၀ ..။ သို့နှင့် လက်မှတ်ကိုင်ကာ သူငယ်ချင်းတစ်စုနှင့် ဂိတ်ပေါက်မှ ၀င်မည်ဟု တန်းစီလူတန်းကြီးနောက် ၀င်ရောက်တန်းစီ..။သို့ရာတွင် နေထိုင်သည်က မြန်မာပြည်၊ကိုင်ထားသည်က မှောင်ခိုလက်မှတ် ပုံမှန်ဂိတ်က ပိတ်နေ။ သြော် မြန်မာ ပြည်သားပေပဲ ။ ဘယ်ရမလဲ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကားဝင်ရန်ဂိတ်မှ တံခါးနားတွင်သွားစောင့် ။ လာပါပြီ

အမြီးရှည်နဲ့ တစ်ကောင် သူ့ကားအ၀င် သူငယ်ချင်းတစ်အုပ် လက်ကိုတွဲ “ သားကြီးတို့ရေ ကိုင်ထားဟ လူစုကွဲနေမယ် ” အချင်းချင်း အော်ပြော ... အတင်းတိုးဝင်..။ ဒီလိုနဲ့ အထူးတန်းပေါ်ပြေးတက် လားလား နည်းတဲ့လူအုပ်ကြီးလား မြန်မာဟူသော အသိ အချင်းချင်းစည်းလုံးလိုက်ကြတာ “ မြန်မာ မြန်မာ မြန်မာ ” အော်သံတွေ ပဲ့တင်ထပ်လို့ပေါ့ ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ကို လှမ်းပြော ဟေ့ကောင်တွေ ငါတို့နေရာတွေ မှာ လူအပြည့်ပဲ နေရာမရှိတော့ဘူး ။ အာကာ က ပြန်ပြောလိုက်တယ် ဒါဆိုလည်း ရတဲ့နေရာမှာ မတ်တပ်ရပ်လို့ရမယ့်နေရာ ရှာကွာ တဲ့။ ရပ်ဖို့နေရာရ ပါပြီ။ အာကာနဲ့ ကျောင်းတော်က ရန်စမကင်းတဲ့ကောင်နဲ့ ကပ်လို့ ..။ ဒါပေမယ့် မြန်မာ အသင်းကိုချစ်လို့တူတူ လာအားပေးကြတာပဲ တစ်ယောက်နဲ့ တစ်ယောက် ဟေ့ကောင် နေရာမရရင် ငါ့နားမှာလွတ်တယ် လာခဲ့...။ တည့်နေကြတာပေါ့ဗျာ..။ အဲ့ဒါမြန်မာလေ..။မြန်မာအသင်းကိုချစ်တဲ့ မြန်မာတွေလေ။

ဘေးဘီဝဲယာ တစ်ချက်ဖမ်းရှိုးတော့ လားလား GTC ကျောင်းဝတ်စုံတွေနဲ့ ဆေး-၂ က သူငယ်ချင်းတစ်ချို့ နှင့် လား လား.. အဖြူအစိမ်းတွေနဲ့တောင်ပါသေး။ သူတို့တွေ ဒီပွဲအတွက် အတန်းတွေ ဖျက်လာကြတယ်လေ။ Ernesto ရောဘာထူးလဲ မကွေးကနေ လာကြည့်တာဆိုတော့ ကျောင်းက ပျက်ပေါ့။ မြန်မာအသင်းကိုချစ်တဲ့ မြန်မာဆိုတဲ့နာမည်ပါရင်တောင် အားပေးတတ်တဲ့ ညာဉ်ဆိုးကြောင့်ပေါ့။

Ernesto လေ မြန်မာပွဲတွေကြည့်ရင် ကြက်သီးထတဲ့ အချိန်တစ်ချိန်ရှိတယ် ။ ပရိသတ်တွေ အားလုံးတူညီ “နိုင်ငံတော်သီချင်း” ဆိုတဲ့အချိန်ပေါ့။ ပွဲစပြီ နိုင်ငံတော်သီချင်းနဲ့ ။ Ernesto တို့နားက ဗုံနဲ့ဗျား...။ပွဲစတော့ မြန်မာက နည်းနည်းဖိထားပါတယ်။ ဂိုးနားတော့ သိပ်မရောက်သေးပါဘူး။ အိုမန်တွေက skill သာတယ် ( မြန်မာတွေထက်ပေါ့ )။ ဒီလိုနဲ့ ၂၂မိနစ်လောက်မှာ ဂိုးပေးလိုက်ရတယ် ။မြန်မာဂိုးသမားနဲ့ နောက်တန်းတို့ ညံ့ဖျင်းမှုကြောင့်ပေါ့။ ဆဲဆိုသံတွေ ဆူညံပွက်သွားတယ် ။ ဒါပေမယ့် ခဏပါပဲ ဗုံသံမြိုင်မြိုင် နဲ့ “ မြန်မာ ” အော်သံတွေ ကွင်းလုံးလျှံတက် ထွက်လာတာပါပဲ။

မြန်မာတွေလေဗျာ.. မြန်မာ ဆိုတဲ့အသံကြားရင် သွေးသားထဲက ဆူတက်နေတဲ့ မြန်မာတွေလေဗျာ။ Ernesto တို့ သူငယ်ချင်းတစ်စုထဲ မှာ အသက်အကြီးဆုံး ကိုလင်းထွန်းက သူ့ရှေ့က အလံ လွှင့်နေတဲ့ နှစ်ယောက်ကို “ ဟေ့ကောင်တွေ ထမီ အလံတွေ လွှင့်မနေနဲ့ ကျက်သရေရှိတဲ့ တို့နိုင်ငံ အလံ ပါလာရင်လွှင့် မပါရင် မလွှင့်နဲ့ တဲ့ ” ဖြန်းခနဲ ထ လာတယ်...။ နိုင်ငံတော်အလံ အတွက် မခံချင်စိတ်လား....၊ ဇာတိမာန်လား....။ အိုမန်သားတွေကလည်းဗျာ သူတို့ခန္ဓာကိုယ်မှ သူတို့အားမနာ တဖုန်းဖုန်းလဲပြနေတယ်ဗျာ....။ ကျွန်တော်တို့ ရှေ့တန်းက ရန်ပိုင် အ၀ါကဒ်ထိပြီ။ မကြာပါဘူး နောက်တန်းက ရှင်းထုတ်တာ ဘောလုံးထိပါတယ် ပင်နယ်တီ ပေးလည်းရတယ် မပေးလည်းရတယ်ပေါ့ ဒီအလုံးက။ ဒိုင်က ပင်နယ်တီ ပေးလိုက်တော့ စတာပါပဲ အဲ့မှာ မြန်မာ စိတ်ဓာတ်...။

Ernesto တို့တစ်စု သွားအားပေးတယ်..။ ရှုံးမယ်ဆိုတာ သိနေတာပဲ ။မကျော်နိုင်ဘူးသိနေတာပဲ ဗျာ..။ မြန်မာဆိုတဲ့ စိတ်ဓာတ်ရယ်.. အားကစားစိတ်ဓာတ်အပြည့်နဲ့ ဘောလုံးပွဲတစ်ပွဲ ကြည့်ချင်လို့ပါ။ ပစ်ခတ်ပွဲတွေ စတာပါပဲဗျာ။ ပထမက Ernesto တို့ အထူးတန်းနဲ့ ကပ်လျက် ရိုးရိုးတန်းက ပရိသတ်တွေက အိုမန် အရန် အသင်းက သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့ကောင် တွေကို ရေသန့် ပုလင်းနဲ့ စပေါက်တာပဲ( သူတို့ ပင်နယ်တီကန်ခါနီးမှာပေါ့ ) ပေါက်လည်းပေါက်ချင်စရာဗျာ။ မြန်မာဂိုးစည်းနားကပ် နေကြတော့ စည်းကြပ်ဒိုင်က ဝေးဝေးသွားခိုင်းတယ်..။သူတို့က ရစ်သီ ရစ်သီ လုပ်နေကြတော့ နီးနီးကပ်ကပ် မြင်နေရတဲ့ ပရိတ်သတ် ဘယ်ခံ နိုင်မလဲဗျာ။ ပြုပြင်သင့်တဲ့ မြန်မာ့စိတ်ဓာတ်တစ်ခုပေါ့။ ရေသန့်ဘူးနဲ့ ထုတော့တာပဲ အဲ့ကောင်တွေကို...။ပွဲက စတည်းက ယဉ်သကို ဆိုသလိုပါပဲဗျာ

အယ်ဟက်ဘ်စီနဲ့ သူ့အရန် ဂိုးသမားတို့ ပွဲမစခင် သွေးပူလေ့ကျင့်နေတုန်းတည်းက ရေသန့်ဘူးတွေ ၀င်နေတာ။ အဲ့ဒီ ဂိုးသမားကလည်း နည်းနည်း ရိုင်းတယ်ဗျ...။ပွဲက ပင်နယ်တီကနေ ဂိုးပေးရပြီးတည်းက ပိုပို ဆူလာတယ်..။နောက် သည်းမခံနိုင်တဲ့ စိတ်ဓာတ်တွေ မရင့်ကျက်သေးတဲ့ စိတ်ဓာတ်တွေကြောင့် ပွဲက ပျော်စရာ မောစရာ ဆိုတဲ့ အတိုင်း အစက ပျော်ပျော် ရွှင် ရွှင် ကြည့်နေရာက မောလာရပြီ။ အိုမန်ကစားသမားတွေ ဘောလုံးတောင် သွားမကောက်ရဲတော့ဘူး..။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးဇော်ဇော်ဆိုတဲ့ လူကြီး ကွင်းထဲ ၀င်လာတယ် .....သူဝင်လာပြီးမကြာပါဘူး.. ရဲတပ်ရင်း ၂ ရင်းစာလောက် ကွင်းထဲဝင်လာကြတယ်... ပွဲက ပိုဆူလာတယ် ဘောလုံးသမားတွေ မဟုတ်ဘူး ပရိသတ်တွေ... ကွင်းလုံခြုံရေးဆိုတဲ့ ရဲတွေဟာ နိုင်ငံရပ်ခြားမှာလည်းရှိပါတယ်... ဒါပေမယ့် သေနတ်ကိုင်တာတော့ မတွေ့ဖူးဘူး... မြန်မာပြည်သုဝဏ္ဏ ကွင်း မှာတေ့ ရှိတယ်ဗျာ...။အေးလေ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ အုပ်ချုပ်ဆဲ တိုင်းပြည်ပဲကိုး...။ မလုပ်ပါနဲ့ဗျ မြန်မာတွေဟာ ယဉ်ကျေးပါတယ် ဒါပေမယ့် မေတ္တာ ဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်လေ .. ။

ပြောပြလည်း ကျွဲပါးစောင်းတီး သလို နွားပလာတာ ကျွေးသလို နားလည်မှာ မဟုတ်ဘူးလို့ပြောရင်လည်း Ernesto လွန်ရာကျမယ်။ အဲ ဦးဇော်ဇော်ဆိုတဲ့ မြန်မာ့ဘောလုံးဥက္ကဌကြီး ကွင်းထဲ ၀င်ပြီးလိုက်တောင်းပန်တယ်...။ ပိုဆိုးလာပါရောဗျာ...။ သူ့ပါ ပစ်တော့တာ..။ အဲ့မှာ Ernesto အတွေးတစ်ခုဝင်လာတယ်... ဥက္ကဌရာထူးဘယ်သူက ပေးတာလဲတော့မသိဘူး လက်ရှိနိုင်ငံ့ခေါင်းဆောင် တွေမရနိုင်တဲ့ ပြည်သူ( ပရိသတ်) ဆီကလေးစားမှု ရ နိုင်လောက်အောင် သူဘာတွေ လုပ်ထားလို့ လိုက်တောင်းပန်ပြီး ငြိမ်ဖို့ ပြောရဲရတာလဲ ရှင်းပါတယ်... သူ အာရှ ဘောလုံးလောကမှာ မျက်နှာပျက်မှာစိုးတာ ထိပ်ဆုံးက နေမှာမလို့ပါ...။ ဒီလိုလုပ်လိုက်တော့ မြန်မာတွေရဲ့ အဆင့်အတန်းကို ဟိုး အ၀ီစိရဲ့အောက် သူကိုယ်တိုင်ပို့လိုက်တာပါပဲ။ နဂိုရ်ကမှ ရေသန့်ပုလင်း ကွင်းထဲရောက်လို့ကျနေရတဲ့ အဆင့်အတန်းကို ... သူ့ အဆင့်နဲ့ မရ နိုင်တဲ့ respect ကို အတင်းကာရော ဟန်ဆောင်ပြီး ကွင်းပတ် လိုက်တောင်းပန်နေတော့ကော ရနိုင်ပါ့မလား...။( Ernesto ရဲ့ အမြင်သီးသန့်ပါ)

သူလည်း တောင်းပန်လို့အပြီး နားနေတဲ့နေရာကိုပြန်သွားရော... အိုမန်အသင်းရဲ့ နည်းပြအဖွဲ့ထိုင်နေတဲ့နားက ခွမ်းခနဲ အသံကြားလိုက်ရလို့ လှည့်အကြည့် အိုမန်တွေ ကွင်းလယ်စည်းထဲ ပြေးဝင်သွားတာမှ လုံးခနဲပဲ။ သူတို့ဂိုးနည်းပြက ခေါင်းကိုလက်နဲ့ အုပ်လဲကျလို့ပေါ့..။

သွားပြီ..... Ernesto စိတ်ထဲတွေးလိုက်ပါပြီ။ ပိုးစိုးပက်စက်ကို ရှုံးပြီ။ ရလာဒ် ကြောင့်ရှုံးတာက လက်ခံနိုင်လောက်ပါတယ်။ဂုဏ်သိက္ခာ ရှိပါတယ်။ ခုဟာက စိတ်ဓာတ် sport spirit ရှုံးပြီ။ သူတစ်ပါးရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးပြီ။ နောက်တော့ ဦးဇော်ဇော်က ပွဲဖျက်လိုက်ကြောင်းကြေညာတယ် ။

ဒီလိုနဲ့ ပြန်လာတော့ ဘလော့ ၂ ခုလောက်ထိ ရဲက လမ်းပိတ်ထားတယ်။ တစ်ခြားလမ်းက သွားပါတဲ့။ ရဲတပ်ရင်းအပြင်မှာ တပ်ရင်း ၃ ခုလောက်ရှိလောက်တယ် ။ အကုန် လက်နက်ကိုင်တွေ ????? ဘာလို့လဲ Ernesto စဉ်းစားမရဘူး ။ဒီလိုနဲ့ အိမ်ပြန်ရောက်လို့ အားကစားဆိုဒ်တစ်ခုကို လှန်လှောအကြည့် comment တစ်ခုက ဒီလိုရေးထားတာကိုတွေ့လိုက်ရတယ် “ဦးဇော်ဇော်နဲ့ ပြိုင်ဘက်ကစားသမားအားဖိနပ် ထီး ရေသန့်ဘူးတို့နှင့် ပစ်ပေါက်သူအား ရှုံ့ချကြောင်း (ပစ်တဲ့လူကိုလည်းကိုယ်ချင်းစာပါတယ် ဒါပေမယ့် ပွဲဖျက်တဲ့အထိတော့မဖြစ်သင့်ပါဘူး) ဦးဇော်ဇော်ရေ ဟတ်ပြီလား ကိုယ့်အတတ်ကိုဆူးတာ ရိုးရိုးတန်းကို အလာကားပေးဝင် ရိုးရိုးတန်းက အောက်တန်းစားတွေက အရင်ပစ်ပေါက်ကြတာ”.....

“ စိတ်ဓါတ်အောက်ဆုံးထိထိုးကျနေတဲ့ အပေါစားပရိတ်သတ်တချို့ကြောင့် ပွဲပျက်ပါတယ်... ဥက္ကဌက လိုက်တောင်းပန်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဘောလုံးဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်ကို လေးစားပြီး ရေဘူးတွေ၊ပုလင်းတွေနဲ့ မပစ်တင့်ဘူး... ဒီပွဲလာကန်တဲ့အိုမန်..နောက်လာကြည့်တဲ့ တခြားနိုင်ငံက တာဝန်ရှိသူတွေ မြန်မာတွေကို စည်းမရှိ ကမ်းမရှိလို့ စည်းကမ်းမဲ့လူနည်းစုကြောင့် အထင်သေးခံရပါလိမ့်မယ်.. နဂိုက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ကြားထဲ တချို့ ပရိတ်သတ်တွေရဲ့ အဆင့်မရှိတဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာ့ အဆင့်အတန်းကျတယ်ဗျာ..... ” အစ ရှိသည်ဖြင့်ပေါ့ဗျာ..့ ပြါဗျာ ကျွန်တော်တို့ မြန်မာတွေ ဘာဆက်လုပ်သင့်သလဲ... ဂျပန်စကားပုံတစ်ခု ရှိတယ်ဗျ....

“ အပြစ်မရှာပါနဲ့ အဖြေကိုရှာပါ လူတိုင်း အပြစ်ရှာတတ်ပါသည် ” တဲ့ အဖြေရှာရအောင်ဗျာ....

Ernesto ထင်တာက စိတ်ဓါတ်တွေက အစ ပြင်ရမယ် ... ဒါပေမယ့် ဒီလိုမျိုးရိုးရိုး ပြင်လို့မရဘူး... ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ မြတ်နိုးပြီး နှစ်နှစ်ကာကာ ချစ်ခင်လေးစားတဲ့ နာယက ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ကြရပါမယ် ။ဒီလိုဆိုရင် အခုလို အဖြစ်မျိုး နောက်ထပ် မဖြစ်လာနိုင်တော့ပါဘူး။ ဖြစ်လာပါဆိုရင်တောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး...။ သုဝဏ္ဏ ကွင်း က ဘောလုံးပွဲ တစ်ပွဲကနေ Ernesto ရဲ့ ကိုယ်ပိုင် သီးသန့် အမြင် ချဲ့ထွင်မှုပါ....
Photo ..Reuters
Ernesto facebookမှ

0 တစ်ခန်းရပ်ပြဇာတ်


တစ်ခန်းရပ်ပြဇာတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။

တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားများထံသို့အိပ်ဖွင့်ပေးစာ...

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
aungsansuukyi openletter

0 ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ၂ - (မောင်မောင်ဝမ်း )


တကယ်တော့ဗိုလ်ချုပ်ကြီးနေ၀င်း(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်း)၁၉၆၂ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာ…ဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်….သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိပ်သုဉ်းသွားရရှာတယ်…၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုပြီး….တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်းဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်…တံခါးပိတ်စီးပွားရေးမူဝါဒကိုချမှတ်ပြီး…နိုင်ငံတကာရဲ့လာ ရောက်ရင်းနှီးမြုတ်နှံမူ့တွေကိုလက်မခံဘူး…အဲဒီတော့ဘာဖြစ်လာသည်းဆိုတော့…မှောင်ခိုစီးပွားရေးစနစ်ဟာ…မဆလအစိုးရခေတ်မှာအရမ်းကြီးထွားခဲ့တယ်….ကျနော်တို့တိုင်းပြည်ကနည်းပညာအားနည်းတော့…ဘာများဖြစ်ဖြစ်မြောက်မြောက်တီထွင်နိုင်မှာလည်း….ပြည်တွင်းမှာထုတ်လုပ်တဲ့ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲသုံးစွဲရတော့တယ်..….ကျနော်တို့ကျောင်းသားဘ၀က..တက္ကသိုလ်အဆောင်တွေမှာပေးထားတဲ့..ဆင်တဲထုတ်ရုပ်မြင်သံကြားတွေဆို…ဒီနေ့လူငယ်တွေတွေ့လိုက်ရင်ရီကြမှာအမှန်ပဲ….ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး….

နောက်တခါအံ့အားသင့်စရာမဆလအစိုးရရဲ့လုပ်ရပ်တခုရှိသေးတယ်ဗျ….ပိုက်ဆံချမ်းသာလို့အဖမ်းခံရတယ်ဆိုရင်…ယုံမလားမသိဘူး..အဲဒါတကယ်ပါ…ပိုက်ဆံချမ်းသာတဲ့သူတွေကို“ဆူဇကာစစ်ဆင်ရေး”ဆိုထောင်ထဲထဲ့ထားတယ်….သဘောကတော့…ဂုတ်သွေးစုတ်အရင်းရှင်တွေပေါ့…ဒီလုပ်တွေလုပ်လာနေမှာတော့…ဒီတိုင်းပြည်မှမမွဲ..ဘယ်သူမွဲတော့မှာလည်း….ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတယ်….ဒီလိုနဲ့…၁၉၆၂စစ်အာဏာသိမ်းစဉ်ကပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာအကြီးအကဲ တယောက်အဖြစ် ပါဝင်ခဲ့တဲ့…ဦးအောင်ကြီးဗိုလ်မူးချုပ်ဟောင်းအောင်ကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ..ခနလေး ဥက္ကဌဖြစ်ခဲ့ဘူးသူ)သူက..ဦးနေ၀င်းဆီပေးပို့ထားတဲ့..စာမျက်နှာလေးဆယ်ကျော်ပါစာတမ်းတခုကလူထုကြားထွက်ပေါ်လာတယ်လေ…..ဦးအောင်ကြီးဟာဦးနေ၀င်းရဲ့ အမျက်တော်ရှမူ့ကြောင့် အာဏာရုတ်သိမ်းခံရသူ တယောက်ပေါ့…..မဆလကနေအထုတ်ခံလိုက်ရပြီး..ရန်ကုန်မြို့စမ်းချောင်းအရပ်ဒေသမှာလဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး…နိုင်ငံကျော်“အောင်ကြီးကိတ်”ဆိုတာသူ့စီးပွားရေးလုပ်ငန်းတွေပါ….သူ့စာတမ်းက..လူထုကြားမှာတော်တော်လေးပြန့်ပြန့်နှံ့နှံ့ရောက်သွားခဲ့တယ်…ဗိုလ်ချုပ်ကြီးခင်ဗျားဆို…အစချီထားပြီး…ဖြစ်ပေါ်နေတဲ့…လူမူ့၊စီးပွား၊နိုင်ငံရေးအကြပ်အတည်းတွေကိုတင်ပြထားတယ်….ဒါပေမဲ့သူ့စာထဲမှာဦးနေ၀င်းကိုတော့အပြစ်ဖို့မထားဘူး…ဒါတွေဦးနေ၀င်းမသိပါဘူးေးပါ့(သဘောကတော့…သူမသိလို့..ဒီလိုတွေဖြစ်နေရတာပါပေါ့)…နောက်တခါ၁၉၆၂အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးဖောက်ခွဲပြီး..ကျောင်းသားအများအပြားသေဆုံးခဲ့ကြရတဲ့ဖြစ်စဉ်မှာ..သူရော..ဦးနေ၀င်းရောနှစ်ယောက်လုံး..အပြစ်ကင်းမဲ့လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂အာဏာသိမ်းတော့စစ်အာဏာရှင်များဟာ…ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့…ကျောင်းသားသမဂ္ဂအဆောက်အဦကိုဗုံးဖောက်ခွဲပြီး ပစ်ခပ်နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကျေခဲ့ရပါတယ်…. များစွာ..ထောင်သွင်းအကျဉ်းချခြင်းခဲ့ရပါတယ်…အဲဒါကိုတော့…ဆဲဗင်းဂျူလိုင်ကျောင်းသားလှုတ်ရှားမူ့လို့သမိုင်းတွင်စေခဲ့ပါတယ်…အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင်ရပ်တည်ခွင့်မပေးတော့တာအခုထိပါပဲ)

ဘာပဲဖြစ်ဖြစ်…ဦးအောင်ကြီးရဲ့စာတမ်းကတော့…မျက်မှောက်အခြေနေနဲ့အနီးစပ်ဆုံးအံဝင်ဂွင်ကျဖြစ်သွားတဲ့အတွက်…လူထုကြားမှာ..တော်တော်..ဂယက်ထသွားပြီ…ဘယ်လောက်ထိဂယက်ရိုက်သလည်းဆို တော့ပါတီညီလာခံမှာ…ဦးနေ၀င်းကိုယ်တိုင်ကျောင်းသားသမဂ္ဂကိစ္စ္ဂကိုဖြေရှင်းချက်ပေးရတော့တယ်…သူ့ဖြေရှင်းက…ဦးအောင်ကြီးကိုပဲ…ပြန်ပြီးလက်ညှိုးထိုးတရားခံအဖြစ်အပြစ်ဖို့သရောင်ရောင်ပြောဆိုချက်တွေနဲ့ပြောဆို ထားတယ်လေ….အဲဒီပါတီညီလာခံမှာပဲ…ဦးနေ၀င်းကနိုင်ငံရေးအစတခုကိုဟပေးလိုက်တယ်…တိုင်းပြည်ကို…တပါတီစနစ်နဲ့ပဲသွားမလား…ပါတီစုံစနစ်နဲ့ပဲသွားမှာလားဆိုတာ…အဆုံးအဖြတ်ပေးဘို့…ညီလာခံကိုတင်ပြခဲ့ တယ်…..အဆိုးဆုံးက…လူထုကိုစိမ်ခေါ်တဲ့စကားပြောဆိုသွားခြင်းပါ…ကျနော်တို့…တခုတည်းသောမြန့်မာ့ရုပ်မြင်သံကြားကတဆင့်ပါတီညီလာခံကျင်းပတာကိုကြည့်လိုက်ရတယ်…ကျနော်မှတ်မိသေးတယ်….ဦးနေ၀င်းဟာ..မိန့်ခွန်းပြောဆိုနေရင်းက..ဒေါသတွေထွက်လာတယ်….

(ကြည့်ရတော်တော်ကိုရုပ်ဆိုးတာပါ)…ဘာပြောသလည်းဆိုတော့…..“ဒီတခါတိုင်းပြည်မှာ..ဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ်……စစ်တပ်ဆိုတာမိုးပေါ်ထောင်မဖောက်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…နောက်တခါဆူဆူပူပူလုပ်လို့ကတော့…မလွယ်ဘူးသာပြင်”ဆိုတော့တိုင်းပြည်ကလူထုကပိုချဉ်သွားကြတော့တယ်….စဉ်းစားကြည့်ပါ…တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူ ပြောအပ်သောစကားလားဆိုတာ…. .ဒါဟာ.. ခေတ်အဆက်ဆက်ကျန်ရစ်နေတဲ့..ဦးနေ၀င်းရဲ့သမိုင်းဝင်မိန့်ခွန်းပါ….လူထုကဘာဖြစ်လာသလည်းဆိုတော့….ကြောက်လန့်မလာပဲ….ဒေါသတွေပိုထွက်လာကြတယ်…….နဂိုကမှအထွေထွေအကြပ်အတည်းတွေငွေစက္ကူတွေကိုတရားမ၀င်သတ်မှတ်လိုက်တဲ့ကိစ္စတွေကြောင့်..မကျေနပ်မူ့အဆိုင်အခဲက..ဦးနေ၀င်းမိန့်ခွန်းကြောင့်…ပိုဆိုးလာကြတယ်……

ကျနော်ဇာတိမြေကိုပြန်ရောက်တော့…ထူးခြားချက်တခုက…သက်ဆိုင်ရာနယ်မြေများမှာပါတီဝင်များကနေ…ကျောင်းသားများကိုအနီးကပ်စောင့်ကြည့်ဘို့ကိုညွှန်ကြားထားတယ်လေ….ကျနော်ရေနံချောင်းပြန်ရောက်တော့…အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်စစ်မူ့ထမ်းဟောင်း အမိန့်ရလိုင်စင်ထန်းရည်ဆိုင် ဌားတယ်… အဲဒီမှာတာဝန်ခံလုပ်နေတဲ့…ဦးအံ့မောင်ဆိုတာသူကရပ်ကွက်ပါတီစိတ်မှုး…သူ့ကိုမြို့နယ်ပါတီယူနစ်က…တာဝန်ပေးထားတာ..ကျနော့်ကိုအနီးကပ်စောင့်ကြည့်ဖို့ပေါ့…ကျနော်ကလည်း…ဟန်မပျက်နေရတယ်…သူကလည်းအရိပ်တကြည့်ကြည့်…ကျနော်အိမ်ကိုဝင်ထွက်သွားလာတတ်တဲ့သူငယ်ချင်းတွေကိုအမြဲလေ့လာတယ်ပြီးရင်မှတ်တမ်းတင်တယ်…သတင်းပို့တယ်…..ဦးအောင်ကြီးစာတမ်းတွေကိုဖြန့်တော့….သူငယ်ချင်းတယောက်ကစာရွက်တွေကိုကော်ပီကူးလို့ရအောင်…လက်နဲ့လုပ်ထားတဲ့ပစ္စည်းလေးသူကဖန်တီးလာတယ်…လုပ်ရမဲ့နေရကလည်းမရှိတော့…..ကျနော့်အိမ်မှာပဲကူးကြတယ်….ကျနော်ကတခုကြံရတော့တယ်…အခန်းထဲမှာဆိုရိပ်မိနိုင်တယ်… ဒါ့ကြောင့်အခန်းထဲမှာမကူးပဲ..အပြင်မှာပဲပေါ်တင်လုပ်တယ်….ဘယ်လိုလုပ်သလည်းဆိုတော့….ကူးပြီးသားစာရွက်တွေကိုဖွက်ထား…တရွက်ထွက်လာ..တရွက်ဖွက်ပေါ့….ဘေးနားမှာ…ဆယ်တန်းသချာင်္သင်ကြားချက် စာရွက်တွေကိုအသင့်ပုံထားတယ်…..ထင်တဲ့အတိုင်း….သူကလာကြည့်တယ်….ဘာတွေလုပ်နေကြတာလည်းပေါ့….ဒါနဲ့ကျနော်က…“ကျောင်းအားရက်သုံးဘို့ပိုက်ဆံမရှိတာနဲ့…ကျူရှင်ကစာရွက်တွေကိုကူးရင်း..ပိုက်ဆံရှာ နေတာပါ ”လို့ဆိုတော့…သူကတရွက်ယူကြည့်ပြီး…အဖြေကိုကျေနပ်သွားပုံရတယ်…

“ ကောင်းပါတယ်…မုန့်ဘိုးရှာကြပေါ့…ပေါက်တတ်ကရတွေမလုပ်ပြီးတာပါပဲ ”

ကျနော်က မကျေနပ်တဲ့ပုံနဲ့….“ ပေါက်တတ်ကရတွေဆိုတာ…ဘာကိုဆိုလိုတာလည်းဗျ ”

“ဆူဆူပူပူမလုပ်ရင်ပြီးတာပါပဲကွာ…ငါ့ကိုပါတီက..ခိုင်းထားလို့ကွ…..ငါလည်းမင်းကိုစောင့်ကြည့်ရတာ..တဒုက္ခ….” သူကရိုးတယ်…သူ့ရင်ထဲကပွင့်ပွင့်လင်းလင်းထွက်ကျလာတယ်…ကျနော်သနားသွားမိတယ်……

ကျနော်တို့ဖြန့်လိုက်တဲ့ဦးအောင်ကြီး.စာတမ်းတွေကလည်း…လက်သိပ်ထိုးတော်တော်ပြန့်သွားတယ်….အဲဒီကာလတွေကရေဒီယိုအသံလွင့်ဌာနဆိုတာ..သုံးခုလားပဲရှိတယ်..ဘီဘီစီရယ်၊ဗွီအိုအေ၊အောအိန္ဒိယ …တသက်လုံးကရေဒီယိုနားမထောင်ဘူးတဲ့ကျနော်တို့တတွေ…အခုမပြတ်တမ်းနားထောင်နေရတယ်လေ…လူတွေတော်တော်များများလည်း..နားထောင်ကြတယ်….တိုင်းကျော်…လဘက်ရည်ဆိုင်မှာရေဒီယိုအသံလွင့် ချိန်ဆိုဆိုင်ရှင်ကဖွင့်ပေးထားတော့…လဘက်ရည်လာသောက်သူရောပြင်ပကသူတွေရောနေ့စဉ်လာနား ထောင်ကြတာအများသားလား….အဲဒီမှာ….သတင်းထောက်ခရစ္စတိုဖာဂါးနက်ဆိုသူကကျောင်းသားခေါင်း ဆောင်..ကိုဌေးကြွယ်၊ကိုဌေးအောင်၊ကိုတင်မောင်မောင်ထွေး၊ကိုကိုလတ်တို့နဲ့တွေ့ပြီး….အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက…တစ်ယောက်ပေါ့..သူ့နဲ့အင်တာဗျူးခန်းကလူထုစိတ်ကိုနှိုးဆွစေခဲ့တာ..သူကအဖမ်းခံရ စဉ်မှာ..လုံခြုံရေးတပ်သားတွေရဲ့မုဒိန်းကျင့်ပုံတွေကိုပြောပြတယ်…ကြားရတဲ့လူထုရင်ထဲ..မခံစားပဲမနေနိုင်ကြ တော့ဘူး….မျက်ရည်ကျ..ကြတယ်….

ကျနော်တို့ကလည်း…လူထုအရေးတော်ပုံကြီးပေါ်ပေါက်ရေးအတွက်…တမြို့နယ်နဲ့တမြို့နယ်..လျှို့ဝှက်ဆက်သွယ်ကြ…အသင့်ပြင်ကြပေါ့….ဒီကြားထဲမှာ…လူထုရဲ့အစိုးရပေါ်မကျေနပ်မူ့ကြီးကို…အာရုံပြောင်းစေချင် တော့….မဆလအစိုးရကဘာလုပ်သလည်းဆိုတော့….လူမျိုးရေးအဓိကရုန်းကိုဖန်တီးပေးလိုက်တယ်…ဒါက လည်းဦးနေ၀င်းအာဏာသိမ်းပြီးကထဲက…တိုင်းပြည်မှာ..အစိုးရကို..လူထုကမကျေနပ်မူ့ကြီးလာပြီဆို…အာရုံ ပြောင်းအောင်လုပ်နေကြ…ဒါမှအစိုးရကိုဆန့်ကျင်တဲ့..ဆန္ဒပြပွဲတွေမပေါ်ပေါက်တော့မှာကိုး…..တောင်ကြီး ၊အောင်လံ၊ပြည်၊ပဲခူးဘက်တွေမှာကုလားဗမာအဓိကရုန်းတွေဖြစ်တယ်…မွတ်စလင်တော်တော်များများခံလိုက်ရတယ်…သေဆုံးမူ့တချို့ရှိခဲ့တယ်…….ဒီအချိန်မှာတနိုင်ငံလုံးကိုရိုက်ခပ်စေမဲ့တပ်လှန့်သံက..အသံလွှင့်သတင်း ဌာနတွေကထွက်လာပြီ….၁၉၈၈သြဂုတ်လ၈ရက်နေ့မှာ..တနိုင်ငံလုံးမဆလလို့ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုတပြိုင်နက်ထဲတော်လှန်ကြမယ်…လူထုတော်လှန်ရေးကြီးဆင်နွှဲကြမယ်………အဲဒီနေ့ကလည်း…သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံးပေါင်းဆုံထားတဲ့နေ့…၈.၈.၁၉၈၈………..

သတင်းတွေကပြန့်နေပြီ….အရပ်ထဲ..ရွာထဲ..ဈေးထဲ..ကျောင်းထဲ….ကျောင်းသားတွေ…ဆန္ဒပြကြတော့မယ်တဲ့…ဒါပေမဲ့….မဆလအစိုးရက..သိပ်ထိပ်လန့်ပုံတော့မပြဘူး…အရင်အခါတွေတုန်းကလို…နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲထင်နေဆဲ….တနိုင်ငံလုံးမှာ..သူတို့ပါတီတွေ…လုံခြုံရေးတွေကိုနည်းနည်းပါးပါးတပ်လှန့်ထားယုံကလွဲလို့အရမ်းကာရောကြီးတင်းကြပ်မထားဘူး…မြို့နယ်အသီးသီးက…အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေကိုယ်တိုင်ကင်းစောင့်နေရတယ်….ကျနော်တို့အားလုံးစီစဉ်ရတော့တယ်…..အဲဒီမှာပြသနာကဘာလည်းဆိုတော့..ကျနော်တို့ကကျောင်းသားတွေ…၀င်ငွေမရှိဘူး….ပိုက်ဆံဆိုတာမိဘတွေကပေးမှမုန့်ဘိုးအဖြစ်ရကြတာ…နယ်အသီးသီးကိုသွားဖို့..ဆက်သွယ်ဖို့…စာရွက်စာတမ်းတွေဖြန့်ဝေဖို့ငွေလိုတယ်…လူတကာဆီလိုက်အလူခံလို့ရတဲ့အမျိုးလည်းမဟုတ်ဘူး….ဒါနဲ့လျှို့ဝှက်အစည်းဝေးထိုင်ဘာလုပ်ခဲ့ရသလည်းဆိုတော့….ချဲရောင်းမယ်…များများစားစားမဟုတ်ဘူး…၁၀ဘိုးအကွက်လားမသိဘူး..ဒါနဲ့လူခွဲပြီးလိုက်ရောင်းတယ်….တယောက်က မေးတယ်…ပေါက်ရင်ဘယ်လိုလုပ်မလည်းဆိုတော့…ငါတို့က ၈ရက်နေ့မှာ လူထုအုံကြွမူ့စမှာ… ချဲက ၁၅ရက်နေ့မှထွက်မှာ…အဲဒီတော့..ဒါထဲ့တွက်ဘို့မလိုတော့ဘူး…ပေါက်တဲ့သူရှိရင်လည်းတောင်းပန်လိုက်မယ်ကွာဆိုပြီး…ကိုယ်မြင်တဲ့အမြင်သေးသေးလေးလေးနဲ့ဖြေရှင်းခဲ့ကြတယ်…ချဲရောင်းလို့ရတဲ့ငွေတွေနဲ့..နယ်အသီးသီးကိုသွားကြ…စာရွက်စာတမ်းတွေဝေကြပေါ့……

ဒီလိုနဲ့တဖြေးဖြေးသြဂုတ်လ၈ရက်နေ့နီးကပ်လာတယ်…….တနေ့…ကျနော့်သူငယ်ချင်းတယောက်ကအူယားဖားရားသတင်းလာပေးတယ်…..

“ဟေ့ကောင်…ငါသတင်းအတိကျရထားပြီ…..ပါတီယူနစ်အတွင်းသတင်းကပေါက်ထွက်လာတာ….ငါတို့ကျောင်းသားတွေကိုဒီရက်ပိုင်းအတွင်းအကျယ်ခေါ်ပြီးထိန်းသိမ်းထားလိမ့်မယ်…..အထူးသဖြင့်ရန်ကုန်မှာကျောင်းတက် နေတဲ့သူတွေဖြစ်ဘို့များတယ်…..”ကျနော်လည်းခေါင်းတော်တော်စားသွားတယ်..ဘာလုပ်ရမှန်းမသိတော့ဘူး…အတွေ့အကြုံကလည်းမရှိ…အသက်အရွယ်ကလည်းငယ်ရွယ်တဲ့သူတွေဆိုတော့…ဆုံးဖြတ်ရခက်သွားတယ်..ဒါနဲ့ကျနော်တို့ချက်ခြင်းလူစုပြီး…အစည်းအဝေးထိုင်တယ်….အားလုံးကသဘာတူညီစွာနဲ့…ဆန္ဒပြပွဲကိုသြဂုတ်လ၈ရက်နေ့လုပ်မဲ့အစားရှေ့တိုးပြီး၆.ရက်နေ့မှာစတင်ဘို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်…..ရက်ကအရမ်းနီးနေပြီ..လုပ်စရာရှိတာစီစဉ်စရာရှိတာတွေကိုအသေးစိတ်စီစဉ်ရတော့တယ်….နောက်တခါရေနံမြေကအလုပ်သမားတချို့နဲ့ကျနော်တို့ကျောင်းသားတွေချိတ်ဆက်မိတယ်…သူတို့ပါ..ပါဝင်လာတယ်..

လူထုဆန္ဒပြပွဲကိုစတင်ဘို့…မြို့လယ်နဲ့မနီးမဝေးမှာရှိတဲ့…အထက(၁)ကိုရွေးချယ်လိုက်တယ်..ဒီ ကျောင်းကသမိုင်းအစဉ်လာကြီးတဲ့ကျောင်း…ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမဂျူးတို့ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး…. တယောက်ကကျောင်းရဲ့ မြေပုံကိုပြုစုတယ်… အဖွဲ့တွေအသီးသီးခွဲလိုက်ကြတယ်…..ပြန်စဉ်းစားကြည့်လိုက်တိုင်းကျေနပ်မိတာတခုကကျနော်တို့အားလုံးကထင်ရာမြင်ရာတွေနဲ့စုပေါင်းလုပ်လိုက်ကြတာ…နည်းနည်းတော့စနစ်ကျတယ်ပြောလို့ရပါတယ်…အဖွဲ့အသီးသီးခွဲပြီးဘယ်သူကဘယ်ကျောင်းဆောင်မှာတာဝန်ယူမယ်…ဘယ်သူနဲ့အဖွဲ့ကကျောင်းရှေ့တံခါးကိုပိတ်လုံခြုံရေးစောင့်ကြည့်တာဝန်…မြို့ထဲတလျှောက်ကနေကျောင်းအထိ..ကြားထဲမှာကျနော်တို့လူတွေတယောက်ပြီးတယောက်ချထားတယ်…အချိန်ကိုက်…တပ်လှန့်ထားတယ်….သတ်မှတ်တဲ့အချိန်ရောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူထုကိုကျောင်းသားတွေဆန္ဒပြပြီဆိုတာကိုဆော်သြဘို့ပေါ့…….

၁၉၈၈ သြဂုတ်လ (၆)- ရက်

ကျနော်….၅..ရက်နေ့တညလုံးနီးပါးလောက်မအိပ်ရဘူး…ကြွေးကြော်သံစာရွက်ငယ်လေးတွေကူးနေတာ…မနက်လင်းခါနီးလောက်ကြမှတမှေးလောက်ပဲမှေးလိုက်ရတယ်…မနက်..၈နာရီလောက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ရင်း..ဆုံရပ်ရှိရာကိုထွက်လာခဲ့တယ်….လမ်းတလျှောက်ဖြတ်လာရင်းကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့အနည်းငယ်အကွာဝေးဆီမှာမရောင်မလည်လုပ်ရင်းနေရာယူနေတာကိုတွေ့လိုက်ရတော့ တော်တော်အားတက်သွားမိတယ်…..

အထက(၁)ကျောင်းရှေ့မှာရှိတဲ့လဘက်ရည်ဆိုင်ကနေကျောင်းထဲကိုလှမ်းပြီးအဆက်မပြတ်အကဲခပ် ကြည့်လိုက်တော့..ကျောင်းဝန်းတံခါးအ၀င်ဝမှာဆရာတွေကကျောင်းသားတွေကိုစောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတာကိုလှမ်းမြင်နေရတယ်….ရှေ့တံခါးပေါက်မကြီးက၀င်ရောက်ရမှာက သုံးဦး… ကျနော်ရယ်… သက်နိုင် (ဒသာနိကဗေဒ)ရယ် ကျော်ဆန်းဦး (မကွေးကောလိပ်) ……အားလုံးကရင်ခုံနေကြတယ်…. ဘာရယ်မဟုတ်ဘူး..ကျနော်ခါးကြားမှာဓါးမြှောင်တိုလေးတချောင်းဆောင်လာတယ်…ပထမကျောင်းတက်ခေါင်းလောင်းထိုးသံကြားလိုက်ရပြီ……ရင်ခုံသံတွေက..အရင်ကထက်ပိုကျယ်လောင်လာပြီ….သုံးရောက်လုံးလဘက်ရည်ဆိုင်ကနေ…ထထွက်လာပြီးအသင့်နေရာယူလိုက်တယ်…ဒုတိယခေါင်းလောင်းထိုးပြီးရင်ကျောင်းတံခါးကိုပိတ်လိုက်တော့မှာ လေ… အချိန်က နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်…. ခပ်လှမ်းလှမ်းကိုလှမ်းကြည့်လိုက်တော့ စီးပွားရေးတက္ကသိုလ်ကျောင်းသားကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက ..ကျောင်းဝန်းတံခါးတွေကိုပိတ်ပြီးထိန်းသိမ်းထားဘို့အသင့်…ကျနော့်ကိုသူကလက်မထောင်ပြတယ်( အားလုံးအိုကေပေါ့)…နောက် ကျောင်းနောက်ဖက်ကနေ ပတ်ဝင်ပြီးသွားမဲ့ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ…..သက်နိုင်ကကျနော်ကိုကပ်ပြီးတိုးတိုးလေး လှမ်းပြောတယ် …..

“ကိုဝမ်း…မတတ်နိုင်ဘူးဗျာ…ရှေ့ကစောင့်နေတဲ့ဆရာတွေက…ခင်ဗျားတို့ကျနော်တို့ဆရာတွေ…..သူတို့ဘယ်လိုတားတား ကျနော်တို့နားမရောင်နဲ့ တွန့်မသွားနဲ့ရှေ့ဆက်တိုးမယ်….”ဆိုတော့ ကျော်ဆန်းဦးက….

“ငါတို့ဆုံးဖြတ်ချက်ချပြီးသားပဲ….သေချင်သေပါစေ…နောက်မဆုတ်ဘူး….ဆက်လုပ်မယ်…”

တောင်ဘက်အရပ်ဆီကတိုက်ခပ်လာတဲ့တချက်သောလေအဝှေ့မှာ….ဖုန်မူန့်တွေဖွားကနဲလွင့်ထွက်လာတယ်…ရှေ့မှာမောင်းနှင်လာတဲ့…မြင်းလှည်းတစီးရဲ့မြင်းခွာရိုက်သံက..ဂီတစည်းချက်အလား…ကျနော်တို့ရဲ့ရင်ခုန်သံ များအလား…ပြီးတော့ပတ်ဝန်းကျင်ကြီးဟာ…ပုံမှန်ထက်များငြိမ်သက်နေရော့သလားစိတ်အစဉ်မှာခံစားနေရင်းက….ကျောင်းဝန်းအတွင်းက…ဒုတိယခေါင်းလောင်းသံကထိုးဖောက်ထွက်လာပြီ…….

……….ဂလိုင်….ဂလိုင်….ဂလိုင်….ဂလိုင်…..ဂလိုင်………..

အပိုင်း ( ၃ ) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Thursday, July 28, 2011

0 မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာကိုဟိန်းမင်းအောင်သက်သေအဖြစ် တင်ပြ



Congressional Brefing on Burmese Child Soldier - Hein Min Aung

အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင်က သွားရောက် ကာမြန်မာနိုင်ငံ ရှိ ခလေးစစ်သား များ ကိုယ်စား သက်သေအဖြစ် တင်ပြခြင်းဖြစ်ပါတယ်။

...ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦးဆောင်ပြီးတော့ အမေရိကန်နိုင်ငံ ။ (Texas)တက်ကဆက်ပြည်နယ်ရဲ့ ကွန်ဂရက်စ် အမတ်ဖြစ်တဲ့ (Eddie Bernice Johnson) အယ်ဒီဘားနစ်စ်ဂျွန်ဆင်မှ ဦးဆောင်ပြီး ဒီအစီအစဉ် ကိုဖြစ်မြောက်အောင် ပြု လုပ်ပေးခြင်းဖြစ် ပါတယ်။ ဒီအစဉ် အစဉ် ဖြစ်မြောက်ရန်အတွက် (HREIB), (US Campaign for Burma), (Burma Campaign New Zealand)တို့ မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကိုဟိန်းမင်းအောင်သည် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ ရှိနိုင်ငံတကာလေဆိပ်မှ ဇူလိုင်လ (၂၈)ရက် နံနက် (၇)နာရီ ၁၅မိနစ်တွင် ထွက်ခွာသွားပြီး၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ ဒူးလီးစ် (Dulles)လေဆိပ်သို့  အမေရိကန်စံတော်ချိန် (၂၈)ရက် ည (၇)နာရီ (၅၅)မိနစ် တွင် Los Angeles မှ (Virgin American Airline - Flight 110)ဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။


http://www.eventbrite.com/even​t/1953427755

မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်...

0 ဟစ်တလာနဲ့ မြန်မာ့အင်တာနက်၊ ဆက်သွယ်ရေး (joke ရုပ်/သံ)

0 ပဲခူးရေဘေးဒဏ်ခံ ပြည်သူတွေကိုရင်းနှီး နွေးထွေးတဲ့ နှုတ်ဆက်မှုဆိုတာ ဘာလဲဆိုတာတောင်မသိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့


ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပဲခူးရေဘေးဒဏ်ခံ ပြည်သူတွေကို ``ရင်းရင်းနှီးနှီး`` နှုတ်ဆက်အားပေးလို့ ပုံစာရေးထားပြီး ဓာတ်ပုံမြင်တော့ စိတ်ထဲ မဟုတ်သေးပါဘူးလို့ ခံစားလိုက်ရတယ်။ လက်အုပ်မချီထားခိုင်း တာတောင် ကျေးဇူးတင်ရမလိုဖြစ်နေတယ်..

ဝေဒနာရှင်တွေ၊ ဒုက္ခသည်တွေကို ရင်းနှီး နွေးထွေးတဲ့ နှုတ်ဆက်မှုဆိုတာ ဘာလဲဆိုတာတောင် မြန်မာခေါင်းဆောင်တွေ မသိဘူးလား လို့လည်း ဆက်တွေးမိပါတယ်။ ဒါနဲ့ အမေရိကန်၊ တရုတ်နဲ့ တခြား မြန်မာခေါင်းဆောင်တွေ ဘယ်လို ရင်းနှီးမှုပေးသလဲလို့ ကြည့်လိုက်တော့...။


Photoများစုဆောင်းဖော်ပြပေးသော ကိုမျိုးသာထက်အားကျေးဇူးတင်ရှိပါသည်.

0 တရားဥပဒေစိုးမိုးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန်

Nld Statement

0 “သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…”

“သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…”
မောင်ချင့်ချိန်

၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမား​ဝန်ကြီး​ဌာနဝန်ကြီး​ ဦး​အောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့ ၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အ တွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာ မှု ဘာမှမရှိသေးတာတွေ့ရပါတယ် ။

ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကိုလိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ ။

(၁)နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။

(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကိုအရှိန်မြှင့်နေတာ ။

(၃)မကြာသေးခင်(တစ်လတောင်မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ကနေ ဦးအောင်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ခြိမ်းခြောက်ခဲ့တာ ။

(၄)ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အကြောင်းအရာတွေဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲသဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။

(၅)နအဖအမည်နဲ့စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကိုခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ကြိမ်တွေ့ဆုံဆွေး နွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှုမလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုတာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။

(၆)အမျိုးသားညီလာခံကို ၁၅နှစ်ကြာအောင်လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ်ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ ။

(၇)မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။

စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။

ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်က (၁၈)လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက် နေခဲ့ ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာတွေ့ခဲ့တာလဲ ၊ ရှင်းပါတယ် ၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲဖြစ်ပါတယ် ။

မေလထဲမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ် ၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲ ရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ်၂၅%နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူးမပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC)ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်ကပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်းဖြစ်ရတာတွေကိုဖြေရှင်းဖို့လိုတယ် ၊ အဲဒါတွေဆောင်ရွက်ဖို့ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိ ခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့ နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်း ဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။

လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင်သွားရောက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆိုတော့ သမ္မတကြီးအမည်ခံဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ် ။

နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက်နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ပထမဆုံးစတင်ဆွေးနွေးဖို့စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကိုပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကိုထပ်တိုးခဲ့သလို အင်းလျားကန်ကိုရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကိုလက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကိုရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့မသမာမှုတွေကိုဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBAတပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကိုငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလိုနိုင်ငံရေးအကျပ်အတည်းတွေအများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာ တွေဟာ အာရုံလွှဲဖို့ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာဖြစ်ပါတယ် ။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့တွက်စစ်ကြည့်ဖို့လိုပါတယ် ။

စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်းအလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေး ချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLDကိုကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုမဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲမတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာ လည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာသဘောထားခဲ့ပြီး ဝတ် ကျေတန်းကျေဆွေးနွေးမှုအဖြစ် NLD ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီကနှုတ်ထွက်စကား (ဆွေးနွေးချက်)ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင်ထွက်ခဲ့ပြီးပြီ ဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး အဖြစ်နဲ့ ပဲဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေကပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကိုအချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံ ဆောင်ရွက်ဖို့ လိုပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ်​ဦး​အောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာ တွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေအိုးအိမ်အခြေမဲ့ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်းအသက်ဆုံးသွားရတဲ့ မောင်ချစ်လိုအဖြစ်မျိုးဟာပုံနှိုင်းအတုယူစရာပါ ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေကခေါင်းဆောင်တွေမပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက်မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုးမဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက် ပိုတဲ့ဦးဆောင်မှုမျိုးဖြစ်ဖို့လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ရပါတယ်ဆိုတဲ့အကြောင်း…။

အင်အားတူအခြေအနေမရှိရင် စစ်မှန်တဲ့ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ ။

မောင်ချင့်ချိန်

Wednesday, July 27, 2011

0 ပြည်သူချစ် နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(၆၉)နှစ်ပြည့်မွေးနေ့​စကား…။


အဆိုတော်မာမာအေး Facebookမှ

0 ၀န်ကြီးအဆင့်ထက် ပိုမြင့်သူနှင့် ဒေါ်စု ဆွေးနွေးရန် တိုင်းရင်းသားများ လိုလား

(YPI) -မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာအစိုးရသစ်ထဲမှ ၀န်ကြီးအဆင့်သာ ရှိသည့် ဦးအောင်ကြည် နှင့် တွေ့ဆုံနိုင်မှု အပေါ် ကချင် ၊ ချင် ၊မွန် ၊ ကရင် စသည့် ခေါင်းဆောင်များက အားရစရာ မရှိကြောင်း ပြောဆိုလိုက်သည်။ အထူးသဖြင့် တိုင်းရင်းသား အရေးတွင် လက်ငင်း မျှော်လင့်နိုင်စရာ မရှိဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည့်တို့၏ ယနေ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသော်လည်း ကချင်တိုင်ရင်သား အတိုင်ပင်ခံအဖွဲ့ ဦးဆင်ဝါးနော်က တိုင်ရင်းသားအရေး နှင့် ပတ်သက်ပြီး ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီတွေ့ဆုံမူအပေါ်မှာဘာမှ မမျှော်လင့်ပါဘူး မျှော်လင့်နေရင် မောရုံပဲပေါ့ ” ဟု ဦးဆင်ဝါးနော်က ပြောသည်။

တိုင်းရင်းသား အရေး ဖြေရှင်းပေးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော် ဒုတိယ သမ္မတ အဆင့်နှင့် တွေ့ဆုံသင့်သည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဘောက်ဂျာကပြောသည်။

“ဦးအောင်ကြည်ဆိုတာ အလုပ်သမားဝန်ကြီးပဲ တကယ်ဒေါ်စုနဲ့တွေ့သင့်တာက ဒုသမ္မတအဆင့် တွေ့သင့်တယ်လို့ ထင်ပါတယ်၊ အခုတွေ့ဆုံမှုကနေ ကျွန်မအနေနဲ့ ဘာမျော်လင့်ချက် မရှိပါဘူး” ဟု သူမကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုင်ရင်သား ပါတီတစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ ဥက္ကဌဦးဇိုဇမ် ကလည်း ဦးအောင်ကြည်သည် ယခင်စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အလုပ်သမားဝန်ကြီး၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး အနေဖြင့် တွေ့ဆုံသည့်အတွက် “တိုင်ရင်သားအနေနဲ့ ဘာမှာမမျော်လင့်ပါဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ၉ကြိမ် တိုင်တွေ့ဆုံခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သဖြင့် ယခု နောက်ဆုံး တွေ့ဆုံမှုသည်လည်းတိုင်ရင်းသား နှင့် ပြည်သူများအတွက်ပါ အကျိုးရှိမည် မဟုတ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကပြောသည်။

ထို့အတူ ကရင်အမျိုးသား အရေး လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်ကလည်း ယခုအစိုးရသည် ယခင် စစ်အစိုးရ၏ အဆက် ဖြစ်သောကြောင့် ယခုတွေ့ဆုံမှုမှ မျှော်လင့်စရာမရှိ ဟုဆိုပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ “ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။” ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် “အမည်ခံ” အရပ်သားအစိုးရသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရဝန်ကြီး အဆင့်ရှိသူတစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

ယခင်အစိုးရဟောင်းလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ကိုးကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ဇန်န၀ါရီ ၁၅ တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီး ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်အမြင်ချင်း မတူသည့် မြန်မာနိုင်ငံသားဖြစ်ကြသည့် ပြည်တွင်ပြည်ပ အဖွဲ့အစည်းများလည်း ရှိနေသေးသည်ကို အသိအမှတ်ပြုထားပြီး ထိုသို့ကွဲပြားသည့် အမြင်ရှိသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် တူညီသည့် ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ထည့်သွင်းပြောကြားခဲ့ဖူးသည်။
Yangon PressInternational

0 သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဇယသိလကာရာမကျောင်းတိုက်တွင်ကျင်းပသော နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(၆၉)နှစ်ပြည့်မွေးနေ့​မင်္ဂလာအလှူတော်…။



Photo.....Ashin Warthawa

Tuesday, July 26, 2011

0 ဟုတ်ပါ့မလား မောင်ကာဠုရယ်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမားဝန်ကြီး ဌာန ဦးအောင်ကြည်တို့ ၂၀၁၁ ဇူလိုင် ၂၅ ရက် တနင်္လာနေ့ နေ့လည်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဘို့ ၂၀၁၁ ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့ကမှ အကြောင်းကြားဘိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများ ပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င်ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”လို့ တွေ့ဆုံပြောဆိုပြီးနောက် ဦး အောင်ကြည်က အသင့်ပြင်လာတဲ့ ကြေညာချက်ကိုဘတ်ကြားပြခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့အမူ အရာ လှုပ်ရှားမှုတွေဟာ အသက်ဝင်မှုမရှိသလို တက်ကြွမှုလဲ မရှိလှပါ။ မဖြစ်မနေ တာဝန်ထမ်း ဆောင်ပေးနေရတဲ့အသွင် ပေါ်လွင်လှပါတယ်။ “ပျားရည်ဖုံးမျက်နှာ”မှာ“သကာရည်” အတတ်နိုင်ဆုံး လောင်းထားလျက်ပါ။ တွေ့ဆုံပြောဆိုတာကို ‘အပြသဘော SHOW JOBSအနေနဲ့ မလွှဲသာ မရှောင် သာ လုပ်ဆောင်ပြခဲ့တာပါ။ စိတ်ရင်း စေတနာကောင်းနဲ့တော့ ဟုတ်ဟန်မတူပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတို့အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများဆက်သွယ်လုပ်ဆောင်ရန် ယင်းဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်တယ်လို့ စစ်အစိုးရကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ဟာ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံ ခဲ့ပြီး တွေ့ဆုံမှု ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့အချိန်တွေကတော့

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။ တို့ဖြစ်ကြပါတယ်။
ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီ ၉ ကြိမ်တွေ့ဆုံမှုတွေအပေါ် ဒေါ်စုက အားရကျေနပ်မှုမရှိခဲ့လို့ စိတ်ပျက် မိရကြောင်း ပြောကြားခဲ့ပါတယ်။ မျက်နှာသွင်ပြင်မှာလဲ ခံပြင်းမှုတွေပေါ်လွင်ခဲ့တာတွေ့ရပါတယ်။
“လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ၂၀၁၁ ဇူလိုင် ၂၂ ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း မှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။

ဟီလာရီ ကလင်တန်က တရုတ်ပြည်ရောက်၊ ၂ နိုင်ငံအရေးကြီးကိစ္စများပြောမယ်၊ မြန်မာ့အရေးလဲ ပြောမယ်၊ တိုက်တွန်းမယ်၊ တရုတ်ကလဲ မြန်မာ့အစိုးရကိုပြောမယ်။ အမေရိကန်ရဲ့စကားကြောင့် ရုတ်ချည်း ကောက်လုပ်ပြတာလား၊ တရုတ်ရဲ့ဖိအားကြောင့် ကမန်းက တန်းထလုပ်တာလား၊ အာဆီ ယံဥက္ကဌ ဖြစ်လိုစိတ်အားကြီးလို့ အချိန်မှီ ထလုပ်ပြတာလား၊ တဘက်သတ်ဖန်တီးနေတဲ့ ပြည်တွင်းစစ် ကိုဖုံးကွယ်လိုလို့လား၊ ဒီမိုကရေစီအစိုးရဖြစ် SHOW JOBSတွေလုပ်ဘို့ ဖန်တီးလိုလို့လား ဆိုတဲ့ သံသယ အတွေးတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါ။

ဒီမိုကရေစီအတုအယောင်အစိုးရရဲ့ ရောင်းစားမဲ့ “အချိန်” တွေကို အလကားပဲတင်းနဲ့ ဝယ်ကြရဦးမှာပါ။

အခုတကြိမ်တွေ့ဆုံစကားပြောဘို့လဲ ဗြုန်းစားကြီးစီစဉ်တာပါ။ နောင်ဆက်လုပ်မဲ့အစီအစဉ် အတိအ ကျ မရှိလှပါ။ မရေရာ မသေချာတဲ့ ယေဘူယျဆန်တဲ့ အပြောတွေနဲ့ပဲ တခန်းရပ်လိုက်ပြန်ပါပြီ။ မဖြစ်မ နေ အခြေအနေကြောင့် ထလုပ်ပြရနေသလိုပဲ။ ယခင် ၉ ကြိမ်က လုပ်နည်းလုပ်ပုံအတိုင်း မသပ်မယပ် ထလုပ်ပုံပေါ်နေလျက်ပါ။ မနက်ဖန်တွေ့ဘို့ ဒီနေ့အကြောင်းကြား၊ ချိန်းထားချိန်ရောက်တော့ လာခေါ်၊ ခဏတဖြုတ်ပြောနဲ့။ ဒေါ်စုကိုများ ဂျပန်ပြည်က “ရိုဘော့”အရုပ်ကလေးလိုပဲ။ လိုရင် ယူဆော့လိုက်၊ မလိုရင် ချောင်ထိုးထားလိုက်နဲ့။

ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ်အတွက်လုံခြုံရေးကို အစိုးရမှာတာဝန်ရှိတယ်လို့ ဇွန် လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John Mccain)က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်စုကို သာမန်ပြည်သူတယောက်လိုသာ သဘောထား ကြောင်း လက်ရှိ နိုင်ငံ့အကြီးအကဲတဦးက အတိအလင်းပြောခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲ ရေးဝန်ကြီးက ဦးအောင်ရွှေ၊ ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ကြဘို့ ရပ်တန်းက ရပ်ဘို့ (၂၀၁၁ ဇွန် ၂၈)နေ့က အကြောင်းကြား သတိပေးခဲ့တာပါ။

ခုတော့လဲ သူတို့ မဟုတ်သလိုပါပဲ။ တလေးတစားအရေးတယူနဲ့ ပျူငှာရင်းနှီးပြနေလိုက်ကြတာ။

ဖြတ်ကနဲပေါ်- ဖြုတ်ကနဲထ- ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ဉာဉ်အတိုင်း “ဖ ဦးထုပ် ၃ လုံး လမ်းစဉ်” ပါပဲ။ ယခင်က လုပ်ကိုင်ပြောဆိုသလိုပဲ အပြောင်းအလဲမရှိသေးပါ။ မိမိ တို့အကျိုးစီးပွါးကို ထိခိုက်လာတော့မှ အိနြေ္ဒမဲ့စွာ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြတာပါ။

မလိုအပ်တဲ့အချိန်ကျရင် ဒေါ်စုကို တရားခံရှာလိုတာ မဟုတ်ဘူးလို့ ဘယ်သူကအာမခံမှာလဲ။

ဗက ဘိုးဘိုးကြီးလို “ဟုတ်ပါ့မလား မောင်ကာဠု ရာ”လို့သာ ဦးးအောင်ကြည်ကို မေးရတော့မှာပေါ့။


မောင်မောင်လှကြိုင်

၂၀၁၁ ဇူလိုင် ၂၆

0 သူငယ်ချင်းထံ ပေးစာ


ဘူးသီးထောင်အကျဉ်းထောင်

ရခိုင်ပြည်နယ်

၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။


သူငယ်ချင်းမောင်ဌေးကြွယ်

မနေ့  နေ့ လည်ခင်းက ရန်ကုန်မြို့ ၊ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့  တွေ့ ဆုံစကားပြောကြတယ်သူငယ်ချင်း။ သူတို့ နှစ်ယောက် လူသိ
ရှင်ကြား တွေ့ ကြတော့မယ်လို့  သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော်ဖြိုးမင်းသိန်းနဲ့  ဘူးသီးတောင်အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့  သ၀ဏ်လွှာကိုလည်း ဧရာဝတီသတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့ တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိတယ်ချစ်တီးရေ။

“ဆန်စင်ရာ ကျည်ပွေ့ လိုက်နေလို့  မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေ
လုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့  မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာ
ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။

သူငယ်ချင်းရေ...

ခက်သားကလားကွာ။ တို့ နိုင်ငံအနှံ့  ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့  သုံးသပ်
ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ က သူတို့ လုပ်တာလို့  ၀န်ခံ
ရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့” ။ ဘယ်လိုလုပ်မလဲချစ်တီး။ ပြည်သူလူထုကြီးရဲ့  ယုံကြည်မှု၊
မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့ မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့ လည်း ရတာမှ မဟုတ်
တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ 
စံပယ်တွေ ပွင့်ရိုးထုံးစံမရှိပါဘူး။

ည အိပ်ခါနီးတိုင်း၊ မနက် မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း ထောင်ထဲရောက်နေကြတဲ့ မင်းတို့ လို နိုင်ငံရေး
အကျဉ်းသမားတွေကို ငါ အမြဲသတိရတယ်။ တစ်ခါတစ်ရံ မင်းကို အိပ်မက်မက်တယ်။ အဲဒီ အိပ်မက်ဟာ
ဆူးတစ်ချောင်းဆိုရင် တို့ နိုင်ငံရဲ့ အတွင်းနက်နက်ကို ထိုးစိုက်နေတဲ့ ဆူးတစ်ချောင်းဘဲသူငယ်ချင်း။ တို့ နိုင်ငံဟာ
ဆူးပေါင်းမြောက်မြားစွာ စူးနေရှာတဲ့ ဝေဒနာသည်နိုင်ငံကြီးပါကွာ။ လက်ထိပ်ခြေထိပ်မှာ ဆူးသေးသေးလေး
စိုက်ဝင်နေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံး နေရထိုင်ရပျက်နေသလို ခံစားရတယ်မဟုတ်လား။ မင်းတို့ လို
အရွယ်ကောင်းလူတော်တွေ မြန်မာ့လူ့ အဖွဲ့ အစည်းနဲ့  ဝေးရာကို အပို့ ခံထားရလေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ 
တရားဥပဒေဆိုတာကို ငါတို့  စိတ်ဒုံးဒုံးချ မယုံနိုင်သေးဘူး။ ဘယ်လိုတွေ့ ဆုံဆွေးနွေးခြင်းကိုမှ အမြင်မကြည်လင်
နိုင်သေးဘူးဆိုခဲ့ရင် ငါတို့ ကို အဆိုးမြင်ဝါဒီလို့  တံဆိပ်ကပ်လည်း သေတဖန်သက်တဆုံးသာ ရှုမြင်လိုက်ကြ
ရုံပေါ့ကွာ။ မင်းတို့  လွတ်မှ ဖြစ်မယ်။ အကျဉ်းထောင်နဲ့  မင်းတို့ နဲ့  ဘာဆိုင်လို့ လဲ။

ချစ်တီးရေ...

ရှစ်လေးလုံး နှစ်ပတ်လည်နေ့ လည်း တစ်ကျော့ပြန် နီးလာပါပြီ။ ငါတို့ အုပ်စုကို “မြန်မာနိုင်ငံတွင်းမှ သစ္စာ
ဖောက် ပုဆိန်ရိုးများ”လို့  အခု ဖမ်းဆီးခံထားရတဲ့ ထောက်လှန်းရေးတပ်မှူးဟောင်းဦးခင်ညွန့် က ပယ်ပယ်နယ်
နယ် ဝေဖန်ခဲ့တာ ဒီကနေ့ တိုင် မမေ့နိုင်သေးဘူး။ ပေါ်ဦးတို့ အုပ်စုကိုတော့ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ 
မြေပေါ်မြေအောက်လှုပ်ရှားမှု” ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားတာလည်း ဦးခင်ညွန့် ဘဲ။ မင်းတို့ ရော
ဦးခင်ညွန့် ရော အခု ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းသားတွေအဖြစ် ဘ၀တူနေကြပေမယ့် တချိန်ကျရင် “ပုဆိန်ရိုး၊
ကွန်မြူနစ်” ကိစ္စတွေလည်း ရှင်းလင်းဖြည်ထုတ်ဖို့  မဖြစ်မနေလုပ်ကြရဦးမယ်။ ဒါသည်လည်း စူးတစ်ချောင်း
ဘဲလို့  ငါတို့ တွေ ယူဆထားပြီးသားပါ။

၈၈ လူထုအုံကြွမှုကြီးကို “ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး တောင်းဆိုကြခြင်း” ဆိုတဲ့ မြင့်မြတ်တဲ့ အခန်း
ကဏ္ဍထဲက ဖယ်ရှားမောင်းထုတ်ချင်နေကြတဲ့၊ “ပုဆိန်ရိုး ကွန်မြူနစ်” ခေါင်းစဉ်ထဲ ဆွဲသွင်းထားချင်နေကြတဲ့
လူတစ်စု အခုထိ ရှိနေသေးတယ်ဆိုရင်တော့ ဧရာမအမှားဘဲလို့  ပြောလိုက်ပါရစေ။ မပြေလည်မှုတွေ၊ စိတ်
ဝမ်းကွဲမှုတွေဟာ အဲဒီက စီးဆင်းလာတာဘဲသူငယ်ချင်း။ နိဂုံးချုပ်သွားလို့ လား၊ အဆုံးသတ်နိုင်ခဲ့လို့ လား။
“ပုဆိန်ရိုး ကွန်မြူနစ် တွေဟေ့၊ ရှောင်ကြရှားကြ” လို့  ဦးခင်ညွန့် ရိုက်နှိပ်ပေးခဲ့တဲ့  တံဆိပ်တွေကို ငါတို့ 
ပြည်သူလူထုကြီးက ယုံကြည်လက်ခံခဲ့ကြလို့ လား။ ပြောခြင်းပြောရရင် ပုဆိန်ရိုး ကွန်မြူနစ်တွေသာ ပိုတိုးတိုး
လာတယ်လို့  ဆိုရမလားဘဲနော်။ ရှစ်လေးလုံးလှုပ်ရှားမှုကြီးဟာ ဘယ်တော့မှ နွံမနစ်ဘူး။ ရာသီတွေပြောင်းပေ
မယ့် ငါတို့ သမိုင်း မနွမ်းဘူ၊ တည်စေခန့် စေရမယ်။

မောင်ဌေးကြွယ်ရေ...

ဘီဘီစီသတင်းထောက်ကြီးခရစ်တိုဖာဂါးနက်ကို သတိရတယ်ကွာ။ ၆- ၈- ၁၉၈၈ ရက်နေ့ က ဘီဘီစီ
မြန်မာပိုင်းရဲ့  ညဘက်ထုတ်လွှင့်ချက်ကို သတိရတယ်ကွာ။ အဲဒီနေ့ က အင်တာဗျူးမှာ ပါဝင်ခဲ့ကြတဲ့သူတွေ
အားလုံးကို ဒီရက်ပိုင်းတွေ ရောက်လာရင် နင့်နင့်သီးသီး လွမ်းဆွတ်မိပါတယ်။ မင်းတစ်ယောက်ထဲသာ
ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းစခန်းမှာ အချုပ်အနှောင်ခံထားရပြီး အများစုက နိုင်ငံခြားမှာ၊ ကျန်တဲ့ သုံးယောက်ဘဲ
ပြည်တွင်းမှာ ရှိပါတော့တယ်။ မင်းကဖြင့် အလံတွေ လွှင့်တုန်း၊ လူးလွန့် နာကျင်တုန်း၊ တကယ့် သံမဏိ
စိတ်ဓာတ်နဲ့  ခရီးရှည်ထွက်နေတုန်း။

ဘယ်လိုတွေ ခံရမယ်၊ ဘာတွေ ပေးဆပ်ရမယ်ဆိုတာ လုံးလုံးမစဉ်းစားဘဲ ငါတို့ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့
နဲ့  အရိုးရှင်းဆုံးလုပ်ခဲ့ကြတဲ့သမိုင်းကို နှစ်(၂၀) ကြာလာတဲ့အချိန်မှာ ချောင်ထိုးအရောင်ဆိုးပြီး ပုံဖျက်ချင်ကြ
တဲ့ သမိုင်းဆရာဆိုး လူ့ အန္ဓတွေကိုတော့ ငါတို့ အနေနဲ့  တာဝန်အရ ဆက်လက်ရင်ဆိုင်သွားဦးမှာဘဲ။

၈၈ သမိုင်းကို နေရာမှန် မရောက်သေးသရွေ့ ဆက်ပြီး တွန်းရွှေ့ သွားနေရဦးမှာဘဲ။ မြန်မာ့လူ့ ဘောင်က
ထမ်းတင်ပေးလိုက်တဲ့  ၈၈ မျိုးဆက်တွေရဲ့  မပြီးပြတ်သေးတဲ့ တာဝန်တွေပါဘဲ။

လက်ရှိအစိုးရအနေနဲ့ လည်း ၈၈၈၈ သမိုင်းအပေါ် မဟုတ်မမှန်ဝါဒဖြန့် မှုတွေကို ပြည်ဖုံးကားချသင့်ပြီလို့ ငါတော့ ယူဆမိတယ်သူငယ်ချင်း။ ငါတို့ နိုင်ငံရှေ့ ခရီးအတွက် ဘယ်လိုအပေါင်းလက္ခဏာမှ ထွက်မလာနိုင်တဲ့
အပြင် အညှိုးအတေးတွေသာ ဆင့်ဆင့် ပုံလာဖို့ ရှိပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှု အက်ကြောင်းသာ ကြီးထွားလာ
လိမ့်မယ်မဟုတ်လား။ ကိုယ့်ဘက်ကို ကြည်ကြည်ပျပျမြင်စေချင်ရင် အဦးဆုံး ကိုယ်ကလည်း သူများဘက်ကို
စိတ်ဖြောင့်အူရှင်း သဘောထားနိုင်ဖို့  လိုအပ်ပါတယ်။

ကုလားရေ...

ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရတာဝန်ရှိဝန်ကြီးတစ်ယောက်နဲ့  တွေ့ ဆုံတဲ့အပေါ် မင်းအနေနဲ့  ဘယ်လို
မှတ်ချက်ပေးချင်သလဲလို့  မေးခွင့်ရရင် မေးချင်ပါတယ်။ မင်းမှ မဟုတ်ပါဘူး။ မြန်မာပြည်က ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးရဲ့  အသံကိုလည်း ကြားချင်ပါသေးတယ်။ ထို့ အတူ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်သူနဲ့ တွေ့ တွေ့ ၊ ဘာတွေ လုပ်လုပ်၊ ဘာစကား ပြောပြော “ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်ကို ဖြန့် မချ လိုက်ပါစေနဲ့ လို့  ငါတော့

အမှာစကား ပါးလိုက်ချင်တယ်ကွာ။

ကိုသန်းတင်ကြီး ဆေးရုံတင်ထားရတယ်သူငယ်ချင်း။


သူငယ်ချင်းအာနိုး
(အောင်မျိုးထွန်း)

0 Bogyoke Aung San Tattoo!


Ohn Mar Oo Facebookမှ

Monday, July 25, 2011

0 ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံ​မှ တင်ဆက်တဲ့(၈၈၈၈)အရေးတော်ပုံ ၂၃နှစ်မြောက်အထိမ်းအမှတ်စကားဝို​င်း(ရုပ်/သံ)

ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံ​မှ ၁၉၈၈ အရေးတော်ပုံနဲ့ပတ်သက်တဲ့စကားဝို​င်း အပိုင်း(၁)


ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံ​မှ ၁၉၈၈ အရေးတော်ပုံနဲ့ပတ်သက်တဲ့စကားဝို​င်း အပိုင်း(၂)

ဆလိုင်းကိုကိုဦး၊ ဒေါက်တာသီဟ၊ ဦးစိုးချိန်၊ ကိုမျိုးမြင့်တို့က ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ ၂၃နှစ်မြောက်အထိမ်းအမှတ်အဖြစ်ဆွေးနွေးတဲ့စကားဝိုင်းပါ
Golden Moon TV (မြန်မာ ရုပ်သံအစီအစဉ်)

Thiha Kyi Facebookမှ

0 အဘမှိုင်းပြတိုက်



အဘမှိုင်းပြတိုက်

၁၉.၇.၂၀၁၁ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။

ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုလ်ပြီး ဆရာကြီး ၏ ဂုဏ်သိက္ခာနှင့်လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် (၄) ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီးခပ်နှိပ် ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် -

(၁) စာပေယဉ်ကျေးမှု တော်လှန်ရေးကြီးဆင်နွှဲခဲ့လို့ တံဆိပ်မှာ စာအုပ်ကတစ်ကန့်။

(၂) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့လို့ ဒေါင်းကတစ်ကန့်။

(၃) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရးကိုဆောင်ရွက်ခဲ့လို့ ချိုးငှက်ကတစ်ကန့်။

(၄) အဖိအနှိပ်ခံ ပြည်သူတွေဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတွင်းနက်မှုက လွတ်မြောက်စေလိုတဲ့ အထိမ်းအမှတ်အဖြစ် တူ တံစဉ်ကတစ်ကန့် တံဆိပ်ခပ်နှိပ်ထားရှိသည်။

ဂူတွင်းသို့ ၀င်ရောက်လိုက်သည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တစ်ပိုင်းကြေး သွန်းရုပ်ပုံအား ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာကိုမြင် တွေ့ရမှာဖြစ်ပြီး ဗိမာန်အနောက်ဘက် နံရံတွင် “တပြည်သား နယ်ချဲ့ အစွန်းရန်ကို တကယ် တကယ့် တွန်းလှန်ဖို့ အရေးကလည်း မဝေးတော့ပြီမို့၊ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့် ၀ိုင်းကြပေရော့” (၁၃၁၄ ခု) (၁၉၅၂) ဆိုသည့် ဆရာကြီး၏ လေးချိုးကြီးတစ်ပုဒ်ကို ကောက်နှုတ်ချက် ရေးထားပါသည်။ တောင်ဘက်နံရံဘက်တွင် “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” (၁၂၈၁ ခု) ၁၉၂၀) လို့ ရေးသားထားပါသည်။ မြောက်ဘက် နံရံတွင်လည်း “ဆရာမသေခင် တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၃၁၈ - ၁၃၂၆) (၁၉၅၇) (၁၉၆၄) ဟု ဆရာကြီးရေးခဲ့ ပြောခဲ့သည့် စကားလုံးများကို ထွင်းထား ပါသည်။

၁၂၃၇ ခုနှစ်၊ တပေါင်းလတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့အပိုင် ၀ါးလည်ရွာတွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်အမည်မှာ မောင်လွန်းဖြစ်ပြီး (၉) နှစ်သားအရွယ်တွင် မန္တလေးရှိ ဦးလေးဘုန်းကြီးများနှင့်လိုက်ပါပြီး မြတောင်တိုက်တွင် စာပေပညာသင်ယူခဲ့သည်။ ကလေး အရွယ်ဘ၀၌ အရှင် (၂) ပါး ပါတော်မူတာကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူစဉ် (၁၁) နှစ်သားအရွယ်သို့ ရောက်ရှိနေသည်။ ရန်ကုန်သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး ဇဗ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်သမားဘ၀မှ အယ်ဒီတာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ပြဇာတ် (၈၀) ခန့်ကိုရေးသားပြီး ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းသတင်းစာတွင် မြန်မာအယ်ဒီတာအဖြစ်၎င်း၊ မော်လမြိုင်မြို့ရှိ မြန်မာတိုင်း သတင်းစာ တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ မောင်သမာဓိ အမည်ဖြင့်လည်း ဆောင်းပါးများ ရေးသား ခဲ့သည်။ ဇင်းကျိုက်တောင်တွင်လည်း အချိန်အတော်ကြာ အဂ္ဂိရတ်ထိုးခဲ့ပြီးနောက် ရန်ကုန်သို့ ပြန်သွားပြီး သူရိယ သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ပြန်ခဲ့သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်ဆုံးစကားဖြစ်သည့် “အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ တကယ့် လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ” လို့ တစ်လုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောကြားခဲ့ပြီး (၂၂) ရက်အကြာ ၂၂.၇.၁၉၆၄ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဆရာကြီး အဘသခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဟူ၍ မပေါ်ပေါက်ခင် တစ်နှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းအား သူ့အမြင်၊ သူ့မေတ္တာ၊ သူ့စေတနာနှင့် သူ့ဘာသာ ဦးဆောင်မှုယူပြီး ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ စတာလင်ငြိမ်းချမ်းဆုကြီးအားလည်း ပထမဦးဆုံး ချီးမြှင့်ခံခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည်။

ရှင်ဘုရင်ခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်လူ့ဘောင်သစ် တည်ဆောက်မည့် ခေတ်ကြီးသုံးခေတ်အတွင်းတွင် မဖောက်မပြန် တော်လှန်သည့်ပြည်သူများနှင့် လက်တွဲမဖြုတ် လုပ်ဆောင်သွားရှာသည့် ပြည်သူ့ဖခင် ဆရာကြီးကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ကန်တော့ရင်း ဆရာကြီးတစ်သက်လုံး ကြိုးပမ်းသွားရှာတဲ့ . . .

(၁) အမျိုးသား လွတ်လပ်ရေး၊

(၂) လွတ်လပ်တဲ့ အမျိုးသားတွေ ဆင်းရဲတွင်းက ထွက်နိုင်ရေး၊

(၃) တစ်မျိုးသားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားဖို့ အဓိဋ္ဌာန်ပြုကြရမှာ ဖြစ်ပါတော့သည်။

ထို့အပြင် အဘ သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေး၏ မွန်မြတ်သော ဆန္ဒဖြစ် သည့် အဘ သခင်ကိုယ်တော်မှိုင်းပြတိုက် ဖြစ်မြောက်ရေးကိုလည်း သမိုင်းပညာရှင်များ၊ အဖိုးတန် သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်လိုသော အလှူရှင်များ၊ ပြည်သူပြည်သားများနှင့် မျိုးဆက်သစ် လူငယ်/ရွယ်များက တာဝန်သိစွာ၊ တာဝန်ရှိစွာဖြင့် ၀ိုင်းဝန်းအကောင်အထည် ဖော်အပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(အမေ လူထုဒေါ်အမာ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)

ကျော်သူ

Sunday, July 24, 2011

0 လယ်သမားကြီးဦးထွန်းအေးအား ထောင်၃လမှ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းသို့ပြောင်းလဲ၍မတရားအမိန့်ချမှတ်


ကန်ကြီးထောင့်မြို.နယ်တရားရုံးတရားသူကြီး ဒေါ်ဖြူဖြူခိုင်မှ လယ်သမားကြီးဦးထွန်းအေးအား ပြစ်မူ့ဆိုင်ရာဥပဒေ၄၂၇နှင့်၄၄၇အရပြစ်ဒါဏ်ချမှတ်ရာတွင်(၃)လအလုပ်နှင်ထောင်ဒါဏ်ကိုတပေါင်းတည်းကျခံစေရန်ဟုအမိန်.ချမှတ်ထားသော်လည်း ထောင်အာဏာပိုင်တို့က ထောင်(၆)လကျခံရမည်ဖြစ်ကြောင်း ပြောဆိုကြားသိရပါသည်။

အလုပ်နှင့်ထောင်ဒါဏ်ဟုပြစ်ဒါဏ်ချမှတ်ထားခဲ့သော်လည်း အလုပ်ကြမ်းများခိုင်းစေရာ ရဲဘက်စခန်းသို့ ပို.ဆောင်မည်ဖြစ်ကြောင်း ကြားသိရပါသည်။ လယ်သမားကြီးဦးထွန်းအေးအား အလုပ်ကြမ်းခိုင်းစေမည်ဆိုပါက တနည်းအဓ္ဓမလုပ်အားခိုင်းစေရာလည်း ရောက်ပါသည်။

တရားရုံးအမိန်.ထောင်ဒါဏ်(၃)လသာကျခံရမည်ဖြစ်သော်လည်း ၎င်းအမိန့်ကိုဆန်.ကျင်၍ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းတို့ကို ပြစ်ဒါဏ်ခံစားရမည်ဆိုပါက တရားရုံးအမိန့်ကိုဆန်.ကျင်ကာအာဏာပိုင်လူကြီးမင်းတို့ကပြုလုပ်ရာလည်းရောက်ပါသည်။ ထို့ကြောင့်၎င်းးကိစ္စများအား လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN)အနေနှင့် လိုအပ်သလိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း........

လယ်သမားကြီးဦးထွန်းအေး၏ တိုင်ကြားစာ

ရန်ကုန်အိုင်အယ်လ်အိုရုံးသို့တိုင်ကြားသောအမှုဖြင့်အဖမ်းခံနေရသော ဦးထွန်းအေးအကြောင်းအပြည့်အစုံကို http://www.dawnmanhon.com/2011/07/blog-post_09.html မှာရေးထားပါတယ်

4 The Burma Conspiracy ရုပ်ရှင်အစအဆုံး


The Burma Conspiracy ရုပ်ရှင်အား ပိုမို၍ ရုပ်သံကြည်လင်စွာကြည့်ရူနိုင်ရန် ပြန်လည်၍ အသစ်တင်လိုက်ပါတယ်
မြန်မာစစ်အုပ်စုရဲ့ ကမ်းကုန်အောင်လူမဆန်တဲ့ယုတ်မာမှုတွေကို ဟောလီးဝုဒ်က ဖွင့်ချဖေါ်ထုတ်တဲ့ဇာတ်ကားတခုဖြစ်ပြီး ဟောလီးဝုဒ် ကနာမည်ကျော်မင်းသမီးချော ရှယ်ရွန်စတုန်း ပါဝင်တဲ့ The Burma Conspiracy ဆိုတဲ့ရုပ်ရှင်ဇာတ်ကားအစအဆုံး အင်္ဂလိပ်စာတမ်းထိုးကို တင်လိုက်ပါတယ်...


အဆိုပါဇာတ်ကားတွင် Largo Winch အဖြစ် မင်းသား Tomer Sisley ၊ Diane Francken အဖြစ် နာမည်ကျော် မင်းသမီး Sharon Stone ၊ မြန်မာမလေး Ma Lunai အဖြစ် ထိုင်းသရုပ်ဆောင် Napakpapha Nakprasittle တို့ကပါဝင်သရုပ်ဆောင်ထားကြောင်းသိရှိရပါတယ် ။

ပြည်တွင်းမှ မိတ်ဆွေများ MOVIE downloadလုပ်ချင်ရင်
Mediafire Part 1
Mediafire Part 2
Mediafire Part 3

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.