Sunday, July 24, 2011

0 လယ်သမားကြီးဦးထွန်းအေးအား ထောင်၃လမှ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းသို့ပြောင်းလဲ၍မတရားအမိန့်ချမှတ်


ကန်ကြီးထောင့်မြို.နယ်တရားရုံးတရားသူကြီး ဒေါ်ဖြူဖြူခိုင်မှ လယ်သမားကြီးဦးထွန်းအေးအား ပြစ်မူ့ဆိုင်ရာဥပဒေ၄၂၇နှင့်၄၄၇အရပြစ်ဒါဏ်ချမှတ်ရာတွင်(၃)လအလုပ်နှင်ထောင်ဒါဏ်ကိုတပေါင်းတည်းကျခံစေရန်ဟုအမိန်.ချမှတ်ထားသော်လည်း ထောင်အာဏာပိုင်တို့က ထောင်(၆)လကျခံရမည်ဖြစ်ကြောင်း ပြောဆိုကြားသိရပါသည်။

အလုပ်နှင့်ထောင်ဒါဏ်ဟုပြစ်ဒါဏ်ချမှတ်ထားခဲ့သော်လည်း အလုပ်ကြမ်းများခိုင်းစေရာ ရဲဘက်စခန်းသို့ ပို.ဆောင်မည်ဖြစ်ကြောင်း ကြားသိရပါသည်။ လယ်သမားကြီးဦးထွန်းအေးအား အလုပ်ကြမ်းခိုင်းစေမည်ဆိုပါက တနည်းအဓ္ဓမလုပ်အားခိုင်းစေရာလည်း ရောက်ပါသည်။

တရားရုံးအမိန်.ထောင်ဒါဏ်(၃)လသာကျခံရမည်ဖြစ်သော်လည်း ၎င်းအမိန့်ကိုဆန်.ကျင်၍ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းတို့ကို ပြစ်ဒါဏ်ခံစားရမည်ဆိုပါက တရားရုံးအမိန့်ကိုဆန်.ကျင်ကာအာဏာပိုင်လူကြီးမင်းတို့ကပြုလုပ်ရာလည်းရောက်ပါသည်။ ထို့ကြောင့်၎င်းးကိစ္စများအား လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN)အနေနှင့် လိုအပ်သလိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း........

လယ်သမားကြီးဦးထွန်းအေး၏ တိုင်ကြားစာ

ရန်ကုန်အိုင်အယ်လ်အိုရုံးသို့တိုင်ကြားသောအမှုဖြင့်အဖမ်းခံနေရသော ဦးထွန်းအေးအကြောင်းအပြည့်အစုံကို http://www.dawnmanhon.com/2011/07/blog-post_09.html မှာရေးထားပါတယ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.