Saturday, April 17, 2010

1 သင်္ကြန်အကျနေ့က ခမောက်ဝေတဲ့လှုပ်ရှားမှု


သင်္ကြန်အကျနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြတုန်းက ဓာတ်ပုံအချို့ပါ။

အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းမတင်ပြနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝေတဲ့သူတွေ လုံခြုံရေးနဲ့ လက်ခံရယူသူတွေ လုံခြုံရေးအတွက်ပါ။ နတ်မောက်မှာဝေတဲ့ သံဃာလေးပါးကို နောက်တနေ့မှာ မဝတက လာရောက်စုံစမ်းတဲ့ အတွက် တိမ်းရှောင်နေရပါတယ်။
ပေးပို့သူ. . ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်အနီးတွင်ယနေ့ဗုံးပေါက်မှုဖြစ်ပွား

(ဧရာဝတီ)
ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

တရုတ်ပညာရှင်များ ရေးဆွဲထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဝေဟင်မှမြင်တွေ့ရပုံ (ဓာတ်ပုံ - စိန်ဌေး)

“အလုပ်သမားတွေ နေတဲ့နေရာတော့မပါဘူး၊ စီမံကိန်းအုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာပေါက်တာ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။

မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့သည်။

စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အေးရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး (ဓာတ်ပုံ - ကချင် သတင်းစဉ်)

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံ ကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးအစီအစဉ်ကို ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က လူထုအစည်းအ၀းခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေး ကြောင်း နယ်စပ်သတင်းများ အရသိရသည်။
http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html

0 ပြီးခဲ့သည့်ရန်ကုန်သင်္ကြန်တွင်ဗုံးပေါက်ခဲ့ပြီးပြီးချင်း တွေ့မြင်ရသည့်မြင်ကွင်းဗီဒီယိုမှတ်တမ်းတို

0 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ အင်းလျားကန်ဘောင်အနီးငါးလွှတ်ဆုတောင်းပွဲပြုလုပ်




ယနေ့ကျရောက်တဲ့မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အင်းလျားကန်ဘောင်အနီး ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဘက်သို့မျက်နှာမူ၍ ဆုတောင်းမေတ္တာပို့ငါးလွှတ်ဆုတောင်း ပွဲပြုလုပ်ခဲ့ကြပါတယ်။

1 နိုင်ငံကျော်အဆိုတော်အန်တီမာမာအေးရဲ့ ၂၀၁၀ မြန်မာနှစ်သစ်အတွက် အထူးသီချင်း

အခုဗီဒီယိုလိုက်ဖ်ရှိုးကဒိန်းမတ်နိုင်ငံရောက်စဉ်မြန်မာသင်္ကြန်ပွဲမှာသီဆိုခဲ့တာဖြစ်ပါတယ်။

မင်္ဂလာအမိမြန်မာပြည် လို့အမည်ရတဲ့သီချင်းကို အဆိုတော်မာမာအေး က ကိုယ်တိုင်ရေးစပ်သီဆိုထားတာဖြစ်ပါတယ်။ လက်ရှိ နိုင်ငံကျော်အဆိုတော်ဒေါ်မာမာအေးဟာ လန်ဒန်မြို့ကိုရောက်ရှိနေပြီး မနက်ဖြန် လန်ဒန်မြို့မှာပြုလုပ်မဲ့ မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်မှာရွှေတံဆိပ်၁၉ဆုရရွာစားသီရိမောင်မောင်နဲ့အတူလာရောက်ဖျော်ဖြေမယ်လို့သိရပါတယ်။ လန်ဒန် အတာသင်္ကြန်ပွဲတော်ကို ဦးစီးကျင်းပတာကတော့ လန်ဒန်မြို့ သာသနရံသီကျောင်းမှ ဆရာတော် ဦးဥတ္တရဖြစ်ပါတယ်။

မြန်မာနှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလေ့ရှိကြပေမဲ့ ဒီနှစ်ကူးကတော့ မသမာသူတွေရဲ့ ဗုံးဖေါက်ခွဲမှုလက်ချက်ကြောင့် နှစ်စမှာ ဝမ်းနည်းဖွယ်ရာတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့မခံစားကြရပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်။


လန်ဒန်ရောက် အဆိုတော်ဒေါ်မာမာအေးနှင့် သီးလေးသီးအဖွဲ့. မင်္ဂလာဒိုးဂျပန် တို့ရဲ့ နှစ်သစ်ဆုတောင်း။ သင်္ကြန်တွင်းအတွေ့အကြုံတွေ၊ သံချပ်တွေကို ဘီဘီစီမှ တဆင့်တဖန်ပြန်လည်တင်ဆက်လိုက်ပါတယ်။

0 ဘလော့ဂါ နေဘုန်းလတ်ကို နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်

စစ်အစိုးရက ထောင်သွင်းအကျဉ်းချထားတဲ့ ဘလော့ဂါ ကိုနေဘုန်း လတ်ကို နိုင်ငံတကာက လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ပင်းန်-အမေရိကန်စင်တာက ၂၀၁၀ ခုနှစ်အတွက် Barbara Goldssmith Freedom to write Awardလွတ်လပ်စွာ ရေးသားဖော်ပြခွင့်ဆိုင်ရာ လူ့အခွင့် အရေးဆု ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းရင်း ညှင်းပမ်းနှိပ်စက်ခံရ၊ အကျဉ်းကျခံရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့် တာပါ။ ကိုနေဘုန်းလတ်ဟာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် အတွက် ကြိုးပမ်းကာကွယ်တဲ့ မြန်မာလူငယ် မျိုးဆက်သစ်တွေကို ကိုယ်စားပြုသူ ပါလို့ ပင်းန် အမေရိကန်စင်တာ ဥက္ကဋ္ဌ ကွမ်အန်ထနီ အပီယာ က ပြောပါတယ်။ ဆုပေးပွဲကို ဧပြီ ၂၇ ရက်နေ့ နယူးယောက်မြို့ရှိ အမေရိကန် သဘာဝ သမိုင်း ပြတိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလို ကိုနေဘုန်းလတ် ဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး သူ့မိခင် ဒေါ်အေးအေးသန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ အာဏာ ပိုင် တွေက အကျဉ်းချထားတဲ့ သူ့သားကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အပေါ် ကျေးဇူးတင် ဝမ်းသာကြောင်း စတင် ပြောပြပါတယ်။ “အန်တီဝမ်းတော့ သာတာပေါ့။ သားရဲ့စာပေနဲ့ ပတ်သက်လို့ ဆု ချီးမြှင့်ခံရတဲ့ အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံအသီးသီး အသိအမှတ်ပြုတာ ဝမ်းသာပါတယ်။ သားလည်း ဝမ်းသာမှာပါ။ ဒီလို အသိအမှတ် ပြုခံရတာကို၊ အားလုံးကို ကျေးဇူး တင်ပါတယ်။”

ိုနိုင်ငံတကာကနေပြီးတော့ သူ့အတွက် ဆု ချီးမြှင့်လိုက်တာက သူ့လွတ်မြောက်ရေး အတွက်များ တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်စေမယ်လို့ အန်တီ ယုံကြည် ထားလား။

“အန်တီကတော့ စပြီးထောင်ကျကတည်းက သူ့မှာ အပြစ်မရှိဘဲနဲ့ ထောင် ချခံရတယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်ယူထားတယ်။ အန်တီ့သားက သူတပါး အကျိုးစီးပွား ပျက်ပြားအောင် တခုမှ လုပ်ခဲ့တာ မရှိဘူး။ သူတပါးကို တိုက်ခိုက်ပြီးတော့ ပြောဆို တာလည်း မရှိခဲ့ဘူး။ အဲလိုကနေ သက်သက် ပုဒ်မတွေအများကြီးနဲ့ နှစ်ရှည် ထောင် ဒဏ်တွေ အများကြီး ချလိုက်တာပေါ့နော်။ စပြီးတော့ ထောင်ချတဲ့ရက်က အန်တီ သတင်းပို့လိုက်တာကို မယုံတဲ့သူတွေ အများကြီးပဲ။ ဒီသတင်းကို ဘယ်ကပို့လဲ။ မဖြစ်နိုင်ဘူးပေါ့၊ အဲလိုတောင် အပြောခံရတယ်။ “အဲဒါကြောင့်မို့လို့ ဘယ်သူမှ မထင်မှတ်လောက်အောင် နှစ်ရှည် အပြစ် ဒဏ်တွေ ကျခံရတာပေါ့။ ဒါပေမယ့် သူပြစ်မှု ကျူးလွန်လားဆိုတော့ အန်တီ့သားက သူတပါး အကျိုးစီးပွား ပျက်ပြားအောင် ဘာမှလည်း မလုပ်ခဲ့ဘူး။ အဲတော့ ဒါမတ ရား ထောင်ချခံရတဲ့အတွက်ကြောင့် တချိန်ချိန်မှာတော့ နှစ်ပြည့်နေရမယ်လို့တော့ အန်တီလုံးဝ မယုံကြည်ဘူး။ ဒါကတော့ သူတယောက်ထည်း မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းးသား အားလုံးပေါ့။” အန်တီသားရေးတဲ့ စာပေတွေနဲ့ ပတ်သက်လို့ကော အန်တီ ဘယ်လိုမြင်တွေ့ရလဲ။ “သူရေးတဲ့ စာထဲမှာဆိုရင်တော့ လူငယ်တွေ လမ်းမှား မရောက်အောင် စာကြည့်တိုက်တွေ များများဖွင့်ဖို့၊ နောက်ပြီးတော့ အင်တာနက်နဲ့ ပတ်သက်လို့ရှိရင် ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်။ ဒါပေမယ့် အဲဒီ ကောင်းတာနဲ့ ဆိုးတာ နဲ့ ဆိုရင် ကောင်းတာကို ယူဖို့၊ အဲဒါမျိုးလေးတွေ သူရေးသားတာပေါ့။ အကျိုးပြု စာပေ ရေးသားတာ များတာပေါ့။” ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးပြု စာပေတွေ ရေးနေတယ်။

ကိုနေဘုန်းလတ်က ကောင်းတာတွေ လုပ်နေတယ်ပေါ့နော်။ စောစောက အန်တီ့သားကို သက်သက် မယ့် ပုဒ်မတွေ တပ်ပြီးတော့ နှစ်ရှည်ထောင်ချ လိုက်တယ်လို့ ပြောပါတယ်၊ ဒါဆို အာဏာပိုင်တွေက အန်တီ့သားကို ဘာတွေများ သူတို့က စိုးရိမ်ကြောင့်ကြပြီး ဒီလို နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တယ်လို့ ယူဆရသလဲ။ “အထူးသဖြင့်ကတော့ အန်အယ်ဒီ လူငယ်အဖွဲ့မှာ သားက ပါနေတာပေါ့၊ အန်အယ်ဒီ လူငယ်ဖြစ်နေတဲ့ အတွက်ကြောင့် ဒီလို ကြီးလေးတဲ့ ပုဒ်မတွေကို တမင် သက်သက်ပေါ့၊ ဒါက အန်အယ်ဒီအဖွဲ့ရဲ့ အမြဲတမ်းခံနေရတဲ့ ပြဿနာတွေပေါ့၊ အန် အယ်လ်ဒီ ဆိုလို့ရှိရင် လွတ်ကို မလွတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။” အန်တီထောင်ဝင်စာဘယ်နေ့က တွေ့ပြန်လာပါလဲရှင်။

“ဧပြီလ ၁ ရက်နေ့က တွေ့ခဲ့တယ်။” သူ့ရဲ့အခြေအနေနဲ့ သူ့ရဲ့ ကျန်းမာရေး စိတ်ပိုင်းရုပ်ပိုင်း အခြေအနေကော ဘယ်လို ရှိပါသလဲ။ “ကျန်းမာရေးကတော့ ကောင်းတယ်၊ ဘာလို့လဲဆိုတော့ သူတို့က လူငယ် တွေချည်းပဲ နေတာဆိုတော့ ဖားအံ့ထောင်မှာက ဒေါက်တာနေဝင်းနဲ့ ပြစ်ဒဏ်အဟောင်းနဲ့ ကျနေတဲ့ နေကျော်တို့ပဲ သူတို့ပဲ အသက်ကြီးပိုင်းရှိတယ်၊ ကျန်တာက လူငယ်တွေချည်းပဲ။ အဲတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ အားလုံး ကောင်း တယ်။” ဟိုထဲမှာ သူစာဖတ်ခွင့် အခြေအနေရော အန်တီ။ “စာကတော့ အများကြီး ဖတ်လို့ ရပါတယ်၊ တခါတလေတော့ နည်းနည်း ကန့်သတ်ခံ ရတာပေါ့။ စာအုပ်တွေကို သူတို့ ဘာသာမပြန်နိုင်လို့ အင်္ဂလိပ် စာအုပ် တွေတော့ တခါတလေကျ ကန့်သတ်ခံရတယ်၊ သူမှာတာ များသောအားဖြင့် အင်္ဂ လိပ် စာအုပ်တွေ များတယ်။” အသက် ၂၉ နှစ်အရွယ် ကိုနေဘုန်းလတ်ကို ရွှေဝါရောင် စက်တင်ဘာ လှုပ် ရှားမှုအပြီး ၂၀ဝ၈ ခုနှစ် ဇန်နဝါရီ အတွင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အီလက်ထရောနစ်ပုဒ်မ၊ ဗီဒီယို အက်ဥပဒေပုဒ်မ၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုပုဒ်မတွေနဲ့ ထောင် အနှစ် ၂၀ နဲ့ ၆ လ ချမှတ်ခဲ့ပါတယ်။ အယူခံ ဝင်တဲ့အတွက် ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့ပေးခဲ့တာကြောင့် ဒီ ထောင်ဒဏ် ၁၂ နှစ် နဲ့ ကရင်ပြည်နယ် ဘားအံ့ထောင်ဆီ ပို့ထားတာ ဖြစ်ပါတယ်။
(ဒီဗီဘီ)

0 အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့

(၂၀၁၀) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့။
မြန်မာသင်္ကြန် အကြတ်နေ့။

င်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။

“မြန်မာလူမျိုးဖြစ်လာရတာ ၀ဋ္ဋ်ကြွေး ပါလာလို့” ဟု အချို့က ဆိုကြဖူးသည်။ မျိုးဆက်တခုပြီး တခု ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင်စနစ် အစရှိသော စနစ်ဆိုး အဖုံဖုံတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားခဲ့ကြရသည်။ မွေးဖွားလာသည့် အချိန်မှစ၍ မွေးရာပါ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများကို အပြည့်အ၀ မခံစားခဲ့ကြရ။ အကြောက်တရားနှင့် ဖိနှိပ်မှုများအကြားတွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းခဲ့ကြရသည်။ ဘ၀အနာဂတ်များ ပျောက်ဆုံးခဲ့ကြရသည်။

အခြေအနေအမျိုးမျိုးနှင့် ပြည်ပသို့ ရောက်လာပြန်တော့လဲ နှလုံးသားထဲတွင် မိမိကိုယ်ကို မြန်မာဟု ခံယူထားသည်ဆိုလျှင်၊ ပြည်တွင်းတွင် ကျန်ခဲ့သော မြန်မာပြည်သူလူထုအား သွေးသားရင်းချာ မောင်ရင်းနှမသဖွယ် စိတ်ထဲ ရှိသည်ဆိုလျှင် အိပ်မက်ဆိုးများ၊ စိတ်ဒဏ်ရာများက ပြီးဆုံးသွားမည် မဟုတ်သေး။ နေ့စဉ်နှင့်အမျှ ကြားနေရသော သတင်းဆိုးများက အိပ်စက် နားနေချိန်များကို ခိုးယူသွားတတ်ပြန်သည်။ ဘယ်နေရာမှာ လူတွေကို ဖမ်းသွားပြန်ပြီ၊ ဘယ်မှာတော့ လူကို ရိုက်သတ်လိုက်ပြန်ပြီ၊ ဘယ်မှာတော့ ကလေးငယ်လေးတွေ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် သေဆုံးရပြန်ပြီ၊ ဘယ်မှာတော့ တောင်းစားသူ ကလေးငယ်များ ပိုများလာပြီ၊ ဘယ်ရွာက အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရပြန်ပြီ၊ ရွာ ဘယ်နှစ်ရွာ ဖျက်ဆီးခံလိုက်ရပြန်ပြီ၊ နိုင်ငံရေး ဒုက္ခသည်တွေ ပိုများလာပြန်ပြီ အစရှိသည့် သတင်းဆိုးများမှသည် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မည်မျှအထိ မြင့်တက်နေပြီ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက မည်မျှအထိ နောက်ကျကျန်ရစ်နေသည်၊ သယံဇာတ အရင်းအမြစ်များက မည်မျှအထိ လက်ဝါးကြီးအုပ် အရင်းရှင်များ၏ လက်ထဲသို့ ရောက်နေသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်မျှအထိ မြင့်မားနေသည် အစရှိသော အစီရင်ခံစာများ အထိ သတင်းဆိုးများက စုံပဲ စုံလွန်းလှသည်။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ရှိနေသည် ဆိုသော်လည်း အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုများ၊ အားနည်းချက်များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ အလုံးစုံ ပျက်စီးနေသည့် မြန်မာပြည်လို နိုင်ငံမျိုးက ကမ္ဘာတ၀ှမ်းမှာ နိုင်ငံအနည်းငယ်သာ ကျန်ရစ်ပါတော့သည်။ လူသားတယောက်အဖြစ် တကမ္ဘာလုံးက လူအများ တွေ့ကြုံနေရသည့် ဒုက္ခဆိုးများကို ခံစားနားလည်မိသော်လည်း ကိုယ်ခန္ဓာထဲတွင် လည်ပတ်စီးဆင်းနေသော သွေးများက မြန်မာသွေးဖြစ်သည်မို့ မြန်မာဆိုလျှင်တော့ ပိုမို ခံစားနေရသည်လား မသိ။ သတင်းဆိုးများက “ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ငါဘာလုပ်ပေးရမလဲ” ဆိုသော စဉ်းစားတွေးခေါ်ချက်များကို စိတ်အစဉ်မှာ စွဲမြဲလာအောင် လှုံဆော်လျက်ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။

မြန်မာတယောက်အတွက် ဒီလိုနေ့စဉ် သတင်းဆိုးများနှင့်ကလဲ မပြီးသေး။ မြန်မာ့သမိုင်းကို သွေးနှင့် ရေးခံထားရသော အဖြစ်ဆိုးကြီးများကလဲ ရှိသေးသည်။ စာရေးသူ ပြည်ပသို့ စတင်ရောက်ရှိချိန်က ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းကာလ။ ရောက်ပြီး သိပ်ပင်မကြာလိုက်ပါ။ တုန်လှုပ်ဖွယ် သတင်းဆိုးကြီးတခုက ထွက်ပေါ်လာတော့သည်။ ယဉ်ကျေးသော လူသားမျိုးနွယ်များဆီမှာ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို မည်သို့မျှပင် ယုံစားစရာ မရှိ။ လက်နက်ဆို၍ အပ်တစင်းမျှပင် ပါမသွားခဲ့သော တရားဝင် နိုင်ငံရေး ပါတီ တခု၏ ယာဉ်တန်းကို စောင့်ကြို တိုက်ခိုက်ပြီး လူအများကို ရိုက်နှက် သတ်ဖြတ်သည်တဲ့။ အမျိုးသမီးများကို လမ်းမပေါ်တွင်ပင် မုဒိမ်းကျင့် သတ်ဖြတ်သည်တဲ့။ ဒီလို လုပ်ရပ်မျိုးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး လက်သပ်မွေးထားသော အရိုးအရင်း ကိုက်ရသူများက အကွက်ချ စီမံ ကျူးလွန်ခဲ့ကြသည်တဲ့။ သတ်ဖြတ်သူများကို အရေးမယူပဲ အကြမ်းဖက် သတ်ဖြတ်မှုများ၏ သားကောင်များဘ၀ ကျရောက်ပြီး အသက်မသေ ကျန်ရစ်ခဲ့သူများကို ထောင်ချပစ်သည်တဲ့။ ၂၁ ရာစုသစ်၏ တိုးတက်သော လူ့သမိုင်း ယဉ်ကျေးမှုကို မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ ပြလိုက်လေတော့သည်။ နိုင်ငံတော် အစိုးရကိုယ်တိုင် ဦးဆောင်ကျူးလွန်ခဲ့သည့် နိုင်ငံတော် အကြမ်းဖက်မှု ပြယုဂ် တခု။ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး၏ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော စိတ်ဒဏ်ရာကြီး တခု။

ဤမျှနှင့်ကား မပြီးသေး။ ၂၀၀၇ ခုနှစ်ရောက်ပြန်တော့ ဗုဒ္ဓဘာသာ နိုင်ငံဆိုသည့် အချက်ကိုမှ မထောက်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ လှည့်လည်ကြသော ရဟန်းသံဃာတော်များကို လူအများ မြင်ကွင်း လမ်းများပေါ်တွင်ပင် ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်လိုက်ကြပြန်သည်။ မြန်မာပြည်သူများသာမက တကမ္ဘာလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ကမ္ဘာ့လူသမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။ ဒီမြင်ကွင်းများကို ကြည့်ရင်း လက်သီးဆုပ် မျက်ရည်ကျခဲ့ကြရသော မြန်မာလူမျိုးများ တကမ္ဘာလုံးတွင် မည်မျှ ရှိခဲ့လေသနည်း။ မည်မျှ ယူကျုံး မရ ဖြစ်ကြရမည်နည်း။ မည်သို့ပဲဖြစ်စေ ဤမျှကြီးမားသော နိုင်ငံတော်အကြမ်းဖက်မှုကြီးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပြန်ပါသည်။

ဤမျှနှင့် ပြီးပြီလားဆိုတော့လဲ မပြီးသေးပြန်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် သန်းနှင့်ချီသော ပြည်သူအများ ဒုက္ခရောက်နေကြချိန်တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ငြင်းဆန်ပြီး လူအများ ပိုမို အတိဒုက္ခရောက်စေသော ရာဇ၀တ်မှုကြီးကို ကမ္ဘာသိပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြလိုက်ပြန်ပါတော့သည်။ အလောင်းများက ပျံ့ကျဲနေသည်။ မနေနိုင်သည့် လူမှုရေး စိတ်ရှိသူများက ကူညီဖို့ ကြိုးစားသည်။ သတင်းသမားများက သတင်းယူသည်။ ဒါကိုပင် မနာလို မရှုစိမ့်နိုင်။ အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးသူများကို ဖမ်းဆီးထောင်ချသည်။ သတင်းသမားများကို ဖမ်းဆီးသည်။ ရပ်သိရွာသိ၊ ကမ္ဘာသိ ကျူးလွန်လိုက်သည့် နိုင်ငံတော်အကြမ်းဖက်မှုများ။

နိုင်ငံတော် အစိုးရဟူသည် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့ပေမယ့် နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို စိတ်ပါလက်ပါ ကျူးလွန်နေသည့်အခါ ပြည်သူအများမှာ တောင်ပြေးမြောက်ပြေး ဖြစ်နေကြရတော့သည်။ လူဆိုသည်က သံယောဇဉ်နှောင်ထုံးများနှင့် အသက်ရှင် ရပ်တည်နေကြသူများ။ မွေးဖွားရာ အမိမြေကို မဆိုထားနှင့်။ နေထိုင်ကြီးပြင်းခဲ့ရာ မိသားစု အိမ်လေးကိုပင် သံယောဇဉ်တွယ်တတ်ကြသည်။ ရေမြေရပ်ခြားတွင် “အမေ့အိမ်” ဆိုသော သီချင်းသံလေးကို ကြားလျှင် ငိုင်သွားတတ်သူများကြီးသာ။ ဤမျှအထိ သံယောဇဉ်ကြီးတတ်ကြပါသည်။ အမိမြန်မာပြည်ဆိုလျှင်တော့ ပိုဆိုးသည်ပေါ့။

ပြီးတော့ မြန်မာ့မြေ၊ မြန်မာ့ရေကိုကလဲ သံယောဇဉ်လေးများကို ဖြစ်ထွန်းစေတတ်သည်လား မသိ။ လွန်ခဲ့သော လေးနှစ်ခန့်က သြစတြီးယား မှ ထုတ်ဝေသော မဂ္ဂဇင်းလေးတခုတွင် ရှမ်းမောမြေကို လွမ်းဆွတ်သည့် စာလေး တပုဒ်ရေးခဲ့ဖူးသည်။ ဒါကို ကနေဒါတွင် နေထိုင်သော အသက် ကိုးဆယ်အဖွားအို တယောက်က ဖတ်မိပြီး အယ်ဒီတာမှ တဆင့် စာရေးသူဆီ ဆက်သွယ်လာသည်။ သူက ဆယ့်လေးနှစ်အထိ ကလောတွင် နေခဲ့ဖူးသည်တဲ့။ မိတ်ဆက်လာခြင်းဖြစ်သည်။ နောက်ပိုင်းခင်မင်ရင်းနှီးသွားတော့ မြန်မာပြည်ကို သူမည်မျှ သံယောဇဉ်ရှိကြောင်း၊ စစ်အစိုးရ ပြုတ်ကျမှ သွားလည်မည်ဆိုပြီး စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ သူ့အသက်ရှင်နေတုန်းမှာ ရောက်ချင်သေးကြောင်း ပြောသည်။ မြန်မာလူမျိုးပင် မဆိုထားနှင့်။ မြန်မာပြည်တွင် ခေတ္တ နေခဲ့ဖူးသူတောင်မှ အာဏာရှင်စနစ်ဆိုးအကြောင်းကို နားလည်သည်။ ကန့်ကွက်ဆန့်ကျင်သည် ဆိုသည့်အချက်ကို အသက် ကိုးဆယ်အရွယ် လူမျိုးခြား အဖွားအိုတယောက်ထံမှ ရှင်းရှင်းလင်းလင်း သိခဲ့ရသောအသိ။ ထိုစဉ်က “မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရင် ကိုယ်တိုင်အလည်လာခေါ်မယ်” လို့ ကတိပေးခဲ့ဖူးသည်။ သူစောင့်နေမည်တဲ့။ ပြောသလိုပင် အဖွား “ကက်သရင်း” တယောက် အခုထိ စောင့်နေဆဲပါ။ မြန်မာပြည်ကား ဤမျှအထိ လူ့နှလုံးစိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။

မြန်မာတမျိုးသားလုံးကို အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုများမှ ကင်းဝေးစေချင်သည်မှာ အဖွားကက်သရင်းတို့လို ကမ္ဘာ့ပြည်သူများအပါအ၀င် မြန်မာလူမျိုးအားလုံး၏ စိတ်ဆန္ဒ။ ဒီစိတ်ဆန္ဒတွေက ပြည်တွင်းတွင် စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်နေပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေစိုက် နေထိုင်နေကြရသည့် မြန်မာလူမျိုး အလုပ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နှလုံးသားထဲတွင်လည်း ဖြစ်တည်နေပါသည်။ အာဏာရှင်များ၏ လက်ကိုင်တုတ်များ အန္တရာယ်ကြောင့် ပြေးလွှားပုန်းအောင်းရင်း အနာဂတ်မဲ့နေကြရသော Internally Displaced Persons (IDP) လူဦးရေ တသန်းကျော်၏ ရင်ထဲက ဆန္ဒမှန်လဲ ဖြစ်ပါသည်။

သို့ပေမယ့် ဤဆန္ဒမှန်များ ပြည့်ဝလာမည့် ရွှေရောင်နေ့ရက်များနှင့်ကား ဝေးကွာနေကြရဆဲ။ ဝေးကွာနေရုံတင်မက နိုင်ငံတော်အစိုးရမှ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအ၀င် အကြမ်းဖက်မှုများ၏ အန္တရာယ်များကလဲ လူထု၏ စိတ်နှလုံးကို ခြောက်လှန့်နေကြဆဲ။

ခုလဲ- ထွက်ပေါ်လာပြန်ပါပြီ။ မြန်မာ့ရိုးရာ အခါသင်္ကြန်ကာလမှာ ပေါ်ထွက်လာသည့် ဗုံးသံများ။ ဗုံးသံများ၏ နောက်မှာ သေနတ်သံများ ပေါ်ထွက်လာဦးမည်လား။ စိုးရိမ်ဖွယ် အလွန်ပင် ကောင်းနေပါပြီ။ ဤ အကြမ်းဖက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများနှင့် ပြောဆို ငြင်းခုန်မှုများက တောမီးပမာ ပျံ့နှံ့ပေါ်ထွက်နေပါသည်။ ပေါ်ထွက်လာသော အသံများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒါကို စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတော် အကြမ်းဖက်မှု ပုံစံသစ် တခုအနေဖြင့် ကောက်ချက်ချ သတ်မှတ်ကြပါသည်။ ကောက်ချက်ချနိုင်ဖွယ် နိုင်ငံရေး အကျပ်အတည်းများကလဲ အာဏာရှင် အစိုးရတွင် ဖြစ်ပေါ်နေပါသည်။

အာဏာရှင် အစိုးရက သူတို့အလိုကျ စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်သည်။ သို့ရာတွင် ဤ ပြင်ဆင်ချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (democratic transitions) ကို ဦးတည်ခြင်း မဟုတ်ပဲ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ထွန်းကားလာစေရေးကို သာ ဦးတည်နေသည်။ ဒါကို သိမြင်သော တပ်ဦးနိုင်ငံရေးပါတီက ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် စစ်အာဏာရှင်တို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး စီမံချက်များကို ငြင်းဆန်ထားသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရမှာ အရူးမီးဝိုင်းသလို ဒုက္ခရောက်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လိုချင်၍ ဒီမိုကရေစီ အမည်ခံထားသည့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို မလိမ့်တပတ် အကောင်အထည်ဖော်ရန် ကြိုးပမ်းကာမှ “မခိုးမီက လူမိ” သည့် အခြေအနေကို ဆိုက်နေသည်။

ဤအခြေအနေမျိုးတွင် တပ်ဦးနိုင်ငံ ရေး ပါတီ ခေါင်းဆောင်များကို ဗြောင်သွားဖမ်းလို့ကလဲ မရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သေနတ်သံသွားပေးလို့ကလဲ မရ။ လူထုက လက်ခံမည်မဟုတ်။ ယင်းအတွက် လူထု၏ စိတ်အာရုံကို လှည့်စားရန်နှင့် လူထု လေးစားသော အဖွဲ့အစည်းများကို လူထုနှင့် ခွဲထုတ်ရန် အခြေအနေကြီးတခု ဖန်တီးဖို့ ယင်းတို့အတွက် လိုအပ်နေသည်။ ဒီအတွက် အကြမ်းဖက် တိုက်ခိုက်မှုများကို လူအများစုဝေးသွားလာတတ်သော နေရာများတွင် ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်။ ယင်းသို့ လုပ်လိုက်ခြင်းဖြင့် ၄င်းတို့ ပစ်မှတ်ထားသော ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြ ဖမ်းဆီးနိုင်သည်။ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများဖြင့် စတင်တိုက်ခိုက်နိုင်လာသည်။ စစ်ရေးလေ့လာသူများက ဤသို့သော မဟာဗျူဟာကို (Winning the Hearts and Minds of People) ဟု ခေါ်တွင် သုံးစွဲလေ့ရှိပြီး၊ ဤမဟာဗျူဟာကို အာဏာရှင် အစိုးရများက တလွဲဆံပင်ကောင်း အသုံးချတတ်လေ့ရှိသည်။ ဤသည်ကား သုံးသပ်ချက်သာဖြစ်သည်။ စွပ်စွဲချက်မဟုတ်။

အချို့ကလည်း ဤဖြစ်ရပ်ကို တော်လှန်ရေးသမားများ လက်ချက်ဟု ဆိုကြသည်။ လူထုတော်လှန်ရေးဆိုသည်မှာ လူထုထဲတွင် တပ်ဖျောက်ပြီး၊ လူထုနှင့် တသားတည်းရှိမှသာ အောင်မြင်သည်။ လူထုနှင့် တော်လှန်ရေး အဆက်ပြတ်လို့ မဖြစ်။ တော်လှန်ရေးသမား တယောက်အတွက် ပြည်သူလူထုသည်သာ အဖ၊ ပြည်သူလူထုသည်သာ အမိဖြစ်သည်။ လူထုက လက်ခံနေသရွေ့ကာလပတ်လုံး အာဏာရှင်အစိုးရက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ တော်လှန်ရေး ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးသမားက လူထု၏ ဒုက္ခဆင်းရဲကို တွေ့မြင်ပြီး လူထုကြီးရှေ့က မားမားမတ်မတ်ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်သည်။ လူထုကြီးကလဲ တော်လှန်ရေးသမားများကို ငွေအား၊ လူအား၊ စိတ်ဓာတ်အင်အားဖြင့် ပံ့ပိုးသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည် ဖြစ်သည်။

အဆိုပါ အမှီသဟဲ ပြုနေသည့် တော်လှန်ရေးသဘောသဘာဝကို စိတ်ပေါ့သွမ်း ရူးသွပ်နေခြင်း မရှိသည့် တော်လှန်ရေးသမား တိုင်း နားလည်သည်။ အာဏာရှင် လက်ကိုင်တုတ်များက အမိအဖနှင့်တူသော ပြည်သူလူထုကြီး၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်တတ်ပေမယ့် စစ်မှန်သော တော်လှန်ရေးသမားများတွင် ဤသို့ ကိုက်လေ့ကိုက်ထ ထုံးစံမရှိ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို ပြည်သူလူထုကို အသုံးချ အမြတ်ထုတ်လိုသော စိတ်ပေါ့သွမ်း ရူးသွပ်သူများလဲ မရှိဘူးဟု မဆိုနိုင်။ ဤကား သုံးသပ်ချက်သာ ဖြစ်သည်။ စွပ်စွဲချက် မဟုတ်။

မည်သို့ဆိုစေ အပြန်အလှန် စွပ်စွဲနေရုံနှင့်လဲ ပြီးမည်မဟုတ်။ ဟိုထင်၊ ဒီထင် ထင်ကြေးများ ပေးနေကြရုံနှင့်လဲ ပြီးမည့် အရာ မဟုတ်။ အောက်တန်းကျသော၊ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်သူများအတွက်ကတော့ ဘယ်သူသိသိ၊ မသိသိ၊ ကိုယ့်ဘာသာကိုယ် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ သံသရာ အဆက်ဆက်တွင် တူသောအကျိုးကို ခံစားကြရပေလိမ့်မည်။

လက်ရှိတွင် မြန်မာတမျိုးသားလုံးအတွက် အရေးကြီးသည့် စဉ်းစားမှုကား “နိုင်ငံတော် အကြမ်းဖက်မှုအပါအ၀င် ယခု အဖြစ်ဆိုးကဲ့သို့သော အကြမ်းဖက်မှု သတင်းဆိုးများကို မည်မျှအထိ ခံနိုင်ရည်ရှိရှိ ဆက်လက် နားဆင်လိုနေကြသေးသနည်း” ဆိုသည်ပင် ဖြစ်သည်။ ဘယ်သူလုပ်သည်ဆိုသည်ထက် ဘာကြောင့် ဒီလို ဖြစ်ရသည်ဆိုသည်ကို ဖောက်ထွက် တွေးတောကြဖို့ လိုအပ်လာပြီဖြစ်သည်။ ပြဿနာ အရင်းခံမှာ နိုင်ငံရေး မတည်ငြိမ်မှုပင် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော နိုင်ငံရေး မတည်ငြိမ်မှုမှာ ဘာကြောင့် ဖြစ်ရသနည်း။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ စစ်အာဏာရှင် စနစ် မရှိသည့် နိုင်ငံများတွင်ကော အကြမ်းဖက် တိုက်ခိုက်မှုများ မရှိဖူးလားလို့ မေးလိုသူက မေးလိုပေလိမ့်မည်။ ရှိသည်ဟုပင် ဖြေရပေမည်။

သို့ပေမယ့် အကြမ်းဖက်မှု အသွင်သဏ္ဍာန်ပုံစံများက ကွဲပြားခြားနားသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမျိုးသားညီညွတ်ရေး အပေါ်တွင် အခြေတည်ထားသော ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရမှ ကျူးလွန်သည့် နိုင်ငံတော် အကြမ်းဖက်မှု (state terrorism) အမျိုးအစားများ မရှိသလောက်ရှားသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ထွက်လာနိုင်သော အကြမ်းဖက်မှုများ နည်းပါးသည်။ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက် အဖွဲ့များဖြစ်သော Transnational actors များကြောင့် ဖြစ်ပွားရသော အကြမ်းဖက်မှု အန္တရာယ်မှ လွဲလျှင် အခြားသော အကြမ်းဖက်မှု အမျိုးအစားများ၏ အန္တရာယ်ကို ကြုံတွေ့ရမှု နည်းပါးသည်။ ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်သည့် နည်းလမ်းများက လည်း နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပိုမို ထိရောက်သည်။ လူထုနှင့် အစိုးရအကြားတွင် ရှင်းလင်းသော ဆက်ဆံရေး ရှိခြင်းကြောင့် အမျိုးသားအကျိုးစီးပွားကို ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူများနှင့် အစိုးရ သုံးဦးသုံးဖလှယ် ပူးတွဲ ကာကွယ်စောင့်ရှောက်နိုင်သည်။ မြန်မာနိုင်ငံတွင်ကား နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို ကျူးလွန်နေသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မည်သို့မှ ပူးတွဲအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသကဲ့သို့ အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာသည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှု ပြဿနာများသာလျှင် ဖြစ်တော့သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်ကလည်း စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရန် လုပ်ဆောင်ရုံမှ တပါး အခြားနည်းလမ်းက မရှိ။ အုတ်မြစ် မခိုင်၍ ယိုင်နေသော အဆောက်အအုံကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုလုပ်၍ မရပါ။ လိုအပ်လျှင် အဆောက်အအုံ တခုလုံးကို ဖြိုချပြီး အုတ်မြစ် အသစ် ချတန်လျှင် ချရပေလိမ့်မည်။

သို့ပါ၍ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး အတူတကွ လက်တွဲကာ “နိုင်ငံတော်အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံ အား ဆန့်ကျင်ကန့်ကွက်၍၊ ခြစား ယိုယွင်းနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကြီးကို ဖြိုလှဲကာ၊ လူသားလုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်း လုံခြုံရေး (Society Security) ကို ဆောင်ကျဉ်းပေးနိုင်သော မြန်မာ့ လူဘောင်သစ်ကို တည်ဆောက်ကြပါစို့” ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။

ခင်မမမျိုး (၁၆၊ ၄၊ ၂၀၁၀)

(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်။ နိုင်ငံတကာ လေ့လာရေးအသင်းကြီး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး (SIG) အဖွဲ့ဝင်ဖြစ်ပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အင်စတီကျူတခုမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုတေသနစာတမ်းများ လေ့လာရေးသားခြင်းနှင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်နေပါသည်။)

0 သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အတွက် ဆုတောင်းမေတ္တာပို့ ပေးကြပါရန် မြန်မာပြည်သူပြည်သားအပေါင်းအား အလေးအနက် နူးညွှတ်စွာ ပန်ကြားအပ်ပါတယ်။



၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ရေပက်လောင်းကာ ပျော်ရွှင်ကြည်နူးကြသော ပြည်သူအပေါင်းတို့  သွေးမြေကျခဲ့ရသည့် ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုအစဉ်အလာသမိုင်းကြောင်းအား အကျဉ်းတန်စေခဲ့ရုံသာမက အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ တစ်နေ့  ဖြစ်ခဲ့ရပါတယ်။

အပြစ်မဲ့ပြည်သူတို့ ၏ အသက်သွေးဆုံးရှုံးစေခဲ့သော ဤနေ့ အား မြန်မာရိုးရာသင်္ကြန် အစဉ်အလာသမိုင်းတွင် သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် ဖြစ်စေရန် မှတ်တမ်းထားအပ်ပါတယ်။

မနက်ဖြန်ကျရောက်မည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ မှ စ၍ (၃) ရက်တိုင်တိုင် ဘုရားကျောင်းကန်စေတီပုထိုးများတွင်လည်းကောင်း၊ မိမိတို့  ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမှုပြုရာ နေရာဌာနများတွင်လည်းကောင်း၊ မိမိတို့  နေအိမ်များတွင်လည်းကောင်း မြန်မာပြည်သူပြည်သားအပေါင်းတို့ မှ အပြစ်မဲ့စွာ သေဆုံးသွားကြရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတ္တ၁ပို့ ဆုတောင်းပေးကြပါရန် အလေးအနက် နူးညွတ်စွာ ပန်ကြားအပ်ပါတယ်။ မိမိတို့ မိသားစုများ ဆွေမျိုးသင်္ဂဟများ မိတ်ဆွေအပေါင်းအသင်းများ နီးစပ်ရာ သိကွမ်းသူများအား ယခုဆုတောင်းမှုအား စုပေါင်း ပြုလုပ်ပေးကြပါရန်ကိုလည်း လက်ဆင့်ကမ်း အသိပေး မေတ္တာရပ်ခံပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့် အချိန်အခါတွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- မြန်မာပြည်သူလူထုအပေါင်းတို့  ဘေးအန္တရာယ်အသွယ်သွယ်မှ အစဉ်အမြဲ ကင်းဝေးကြပါစေသား။

အသက်ဆုံးရှုံးခဲ့ကြရသောသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။

ပေးပို့သူ. မမြတ်လေးငုံ

0 ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား


သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။

ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။
သတင်းထောက်သုံးဦးအနက် နှစ်ဦး အား ၎င်းတို့ ၏ သက်ဆိုင်ရာဂျာနယ်များမှ လိုက်လံ တာဝန်ယူသောကြောင့်
ပြန်လည် လွတ်မြောက်လာပြီး ကျန်ရှိသည့် တစ်ဦးအား ယနေ့ မနက် အစောပိုင်းတွင် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ တစ်ဆင့် ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

လာရောက်ကြည့် ရှုသူ အချို့ အား ဖမ်းဆီးထားမှု ရှိရာ ပြန်လွှတ်ပေးခြင်း မရှိသေးပဲ X2O မဏ္ဍပ် ၏ တာဝန်ခံ ကိုညီညီဆိုသူ အားလည်း စစ်ဆေးမေးမြန်းရန် အတွက် ဖမ်းဆီးထားသည် ။ ထို့ ပြင် X20 မဏ္ဍပ် တွင် ရေကစားသူများ အားလုံးကို လည်း လိုက်လံ စစ်မေးမှု ပြုသည်။

အကြတ် နေ့  ဗုံးပေါက်ကွဲမှု သည် ၂၀၀၅ ခုနှစ် မေလက ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန ဗုံးပေါက် မှု ပြီးနောက် ပထမဆုံး အကြိမ်လူ အမြောက် အမြားသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်သည်။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူများနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်
ဟု ကျောင်းမြောင်းရှိ လူငယ်များက Freedom News Group သို့ ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof)
မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်
ကွဲမှု ဖြစ်သည် ဟု ဆိုသည်။

ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွားသည် ဟု မျက်မြင်များကပြောသည်။
http://freedomnewsgroup.com/

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု voa သတင်းရုပ်/သံ

0 ဗုံးပေါက်ကွဲမှုနှင့်အနီးဆုံးတွင် ရှိနေသော X2O မဏ္ဍပ်အပါအ၀င် မဏ္ဍပ်အချို့ သင်္ကြန်နောက်ဆုံးနေ့တွင် ရေပြန်ကစားနေ

ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့က ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲ မှုနှင့် အနီးဆုံးတွင် တည်ရှိသော X2O ရေကစား မဏ္ဍပ် အပါအ၀င် ကန်တော်ကြီး ပတ်လမ်း (ကန်ရိပ်သာလမ်း)အတွင်းရှိ ရေကစား မဏ္ဍပ်အချို့ သင်္ကြန် နောက်ဆုံးနေ့ တွင် ရေပြန် ကစား နေကြောင်း တွေ့ရှိ ရသည်။ သို့သော် အဆိုပါ မဏ္ဍပ် များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ သင်္ကြန် ရက်များက ကဲ့သို့ ရေကစား သူများပြားမှု မရှိကြောင်းလည်း တွေ့ရသည်။ ထို့အပြင် အချို့ မဏ္ဍပ် များမှာမူ လုံးဝ ပိတ်သိမ်း ထားပြီး ရေကစားခြင်း မပြုတော့ကြောင်း တွေ့ရသည်။









''ကျွန်တော်က X2O မဏ္ဍပ်မှာ ရက် အားလုံး ရေကစားဖို့ လက်မှတ် ၀ယ်ထား တာပါ။ မနေ့က ဖြစ်ရပ်ကြောင့် ဒီနေ့ရေ ကစား မဏ္ဍပ်ဖွင့် မဖွင့် မသေချာ သလို ကျွန်တော် ကိုယ်တိုင် ကလည်း ကစားချင်စိတ် မရှိတော့ဘူး။ ဒါပေမယ့် တစ်နှစ်မှ တစ်ခါ ပျော်ရတဲ့ သင်္ကြန် ဆိုတော့လဲ ပျော်ချင် ပါးချင်တဲ့ စိတ်က ရှိသေးတာပေါ့။ ဒါပေမယ့် ကိုယ့် အသက်အန္တရာယ်ထက်တော့ အရေးကြီးတာ ဘာမှ မရှိပါဘူးဗျာ။ အခု သူငယ်ချင်းတွေနဲ့ မဏ္ဍပ်မှာ မထိုင်တော့ဘဲ လျောက်လည်ဖို့ ထွက်လာ ရင်းနဲ့ မဏ္ဍပ် ပြန်ဖွင့်နေတယ် ဆိုတာ ကြားလို့ လာကြည့် တာပါ''ဟု X2O ရေကစားမဏ္ဍပ်တွင် All Days လက်မှတ် ၀ယ်ထားသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ထင်တာက ကန်တော်ကြီး ပတ်လမ်းမှာ ရှိတဲ့ မဏ္ဍပ် အားလုံးနီးပါး ရေကစားမှာ မဟုတ်ဘူးလို့ ထင်ထားတာ။ ဒီဘက် ရောက်တော့ မဏ္ဍပ်တွေ တချို့ ဖွင့်နေတယ် ပြောလို့ ၀င်ကြည့် တာပါ။ မဏ္ဍပ် နှစ်ခု၊ သုံးခု လောက်ကတော့ ရေကစားတာ ရပ်ပြီး စက်တွေ သိမ်းနေတာ တွေ့ရတယ်။ ဖွင့်တဲ့ တချို့ မဏ္ဍပ်တွေ ကျတော့ လဲ ရေကစားတဲ့သူ မပြော ပလောက်တဲ့ အရေ အတွက်ပဲ ရှိတာ တွေ့ရတယ်။ ဒီလမ်းထဲေ ရပက်ခံ လာတဲ့ ကားလဲ သိသိ သာသာကို မရှိသလောက် နည်းသွားတယ်''ဟု သင်္ကြန် အတက်နေ့ (ဧပြီလ ၁၆ ရက်နေ့) ကန်တော်ကြီး ပတ်လမ်း အတွင်း ၀င်ရောက် လည်ပတ်သူ တစ်ဦးက ရှင်းပြ ခဲ့သည်။

ယခုနှစ် သင်္ကြန် ကာလ တွင် ယခင် နှစ်များ ကကဲ့သို့ အင်းယားလမ်း အတွင်း မဏ္ဍပ် ဆောက်လုပ်ခြင်း ကို ခွင့်မပြု ခဲ့ဘဲ ရန်ကုန် တစ်မြို့လုံးတွင် မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့် ၄၆ ခု ခွင့် ပြုခဲ့ရာတွင် ကန်တော်ကြီး ပတ်လမ်းတွင် ရေကစား မဏ္ဍပ် အကြီး ၁၆ ခုဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။ ကန်တော်ကြီး ပတ်လမ်း အတွင်းရှိ မဏ္ဍပ်အကြီး များမှာ ပေ ၆၀ နှင့် ပေ ၁၀၀ ကြားရှိသော ရေကစား မဏ္ဍပ်များ ဖြစ်ကြောင်း သိရသည်။

သင်္ကြန် နောက်ဆုံး နေ့တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေး စေတီလမ်း၊ ပြည်လမ်း နှင့် မြို့တွင်း ဧရိယာ များရှိ ရေကစား မဏ္ဍပ်များတွင် ပုံမှန် အတိုင်း ရေကစား နေကြ သော်လည်း ရန်ကုန်မြို့ရှိ လမ်းမကြီးများ ပေါ်တွင်မူ ရေပက်ခံ ထွက်သည့် ကားများ သိသိ သာသာ နည်းပါး သွားကြောင်း Weekly Eleven တွင်ဖော်ပြထားပါသည်။

Friday, April 16, 2010

0 အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်

() ရန်ကုန်မြို့၊ ကရ၀ိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ aungzawaywd@ yahoo.com> အီးမေးလ်အား အသုံးပြုကာ (ဗုံးဖောက်ခွဲသော အဖွဲ့အစည်းမှာ ပြည်ပ အခြေစိုက် NCUM ( www.ncum.info ) အဖွဲ့ မှ ဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲရေး သမား () ဦးအား မဲဆောက်မှ တဆင့် ရန်ကုန်သို့ ၁၃//၂၀၁၀ နေ့တွင်စေလွှတ်ကြောင်း မဲဆောက် နိုင်ငံရေး အသိုင်း အ၀ိုင်းမှ ပြောကြား ပါသည်။ NCUM အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြပါ) ဟူသော သတင်းအား 8888peoplepower@ yahoogroups. com အပါအ၀င် အီးမေးလ်အုပ်စုများသို့ လိုက်လံဖြန့်ဝေလျက် ရှိပါသည်။

() အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ ဟု အမည်တွင်သော Nation Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။

() NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။

() ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား () ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။


() ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။

() သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင်ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော်လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်းသည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ရွှေစင်ထွန်း

ပြည်ပတာဝန်ခံကိုယ်စားလှယ်

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+1) 301-523-9292


ခင်မမမျိုး

ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+44) 778-406-3636

www.ncum.info

0 စစ်အာဏာရှင်တို့၏ နိုင်ငံရေးအကြမ်းဖက်ရန်လုပ်ကြံမှု ဓာတ်ပြားဟောင်းဖွင့်ပြီလားဟု သံသယရှိကြ

ယမန်နေ့ ညနေက ရန်ကုန်၊ သိမ်ဖြူ၊ ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ်တခုရှေ့၊ နေ့ခင်း ၃ နာရီခန့်က ဗုံးများ ပေါက်ကွဲခဲ့ရာ လူ ၈ ဦး ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အခင်းဖြစ်ပွားရာသို့ လာရောက် ၀ိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး ပြောဆိုနေသူ လူကြီး လူငယ်အချို့ကို လုံခြုံရေးလာရောက်ယူထားသော လက်နက်ကိုင်စစ်သားများနှင့် အရပ်ဝတ်ထောက်လှမ်းရေးတို့က တားဆီးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တို့က ပြောကြားသည်။ ပျောက်ဆုံးနေသူများအတွက် သက်ဆိုင်ရာတို့က မည်သို့စုံစမ်းရန်၊ သတင်းပို့ကြရန် လမ်းညွှန်ချက်မပေးသော်လည်း အစိုးရရုပ်မြင်သံကြားတွင်မူ လုံခြုံရေးအဖွဲ့များထံ မသကာင်္ဖွယ်ရာများကို အကြောင်းကြားကြရန် တောင်းဆိုထားသည်။
ဗုံးပေါက်ပြီးပြီးချင်း တယ်လီဖုံးများ၊ တဆင့်စကားများဖြင့် ရန်ကုန်တမြို့လုံး သတင်းပြန့်နှံ့သွားပြီး ၁ နာရီခန့်အကြာတွင် အင်တာနက်နှင့် ပြည်ပမီဒီယာများ၊ ဘလောက်များတွင် ရန်ကုန်ဗုံးပေါက်ကွဲမှု သတင်းနှင့် ဓာတ်ပုံများ တက်လာသည်ကို တွေ့ရသည်။ အဆိုပါသတင်းများထဲတွင် စစ်အစိုးရ၏ အလိုကျ အတိုက်အခံများကို တိုက်ခိုက်ရှုတ်ချရေးသားလေ့ရှိသော ဘလောက်အချို့က ဗုံးပေါက်သည့်သတင်းကို ဓာတ်ပုံများ ၀င်မလာခင် အရင်ဆုံး တင်ကြပြီး၊ ထိုတင်ဆက်ချက်နှင့်အတူ လူမဆန်သောလုပ်ရပ်အဖြစ် ရွံရှာရပါကြောင်းကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်ဟု စာဖတ်သူအချို့က မှတ်ချက်ပေးသည်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေးတွင် မြန်မာပြည်တွင်းရှိ အတိုက်အခံနိုင်ငံရေးပါတီနှင့် နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုများ၊ ဖိအားများနှင့် ရင်ဆိုင်နေရသော စစ်အစိုးရသည် ၎င်း၏ လှည့်ကွက်များဖြစ်သည့် အဓိကရုန်းများ ဖန်တီးခြင်း၊ ဘာသာရေးဆူပူလှုံဆော်မှုများ ပြုခြင်း၊ အကြမ်းဖက် ဗုံးဖောက်မှုများ ပြုလုပ်ခြင်း၊ နယ်စပ်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျုးလွန်ခြင်းတို့ ဆောင်ရွက်ပြီး မြန်မာပြည်တွင်းရှိ အကြမ်းမဖက်သော ငြိမ်းချမ်းမှုကို လိုလားသော နိုင်ငံရေးလှုပ်ရှားသူများ၊ လူမှုရေး၊ ဘာသာရေးလုပ်ကိုင်နေသူ ပြည်သူများ၊ အတိုက်အခံများကို တဖက်သတ် ဖိနှိပ်နှိမ်နင်းရန် အကြောင်းရှာသည့် စစ်အာဏာရှင်ထိုးဇာတ်၊ လုပ်ကြံဇာတ် ဓာတ်ပြားဟောင်း ပြန်ဖွင့်ရန် ခြေလှမ်းပြင်နေပြီလားဟု မြန်မာပြည်တွင်းရှိ ၀ါရင့်စာနယ်ဇင်းဆရာတို့က သုံးသပ်ကြသည်။
(မိုးမခ)

0 Reuters သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုသတင်း...


ဗုံးပေါက်ကွဲခဲ့ရာ X 2 o မဏ္ဍပ် သည် နှစ်စဉ် ရေပက် မဏ္ဍပ် ဆောက်လုပ်သည့် ရန်ကုန် မြို့  ၏ နာမည် ကျော်မ ဏ္ဍပ်တစ်ခုဖြစ်ပြီး ယခင်ကာ အင်လျှားလမ်း တွင် နှစ်စဉ် မဏ္ဍပ် ပြုလုပ်ခဲ့သည်။ယခုနှစ် ကန်ပတ် လမ်းတွင် ဆောက် လုပ်သည့်မဏ္ဍပ် များ ဉ် လည်း အကြီးဆုံးဖြစ်သည်။

ထိုသို့ ဗုံးပေါက်ကွဲ ခြင်းသည် နေပြည်တော် သင်္ကြန် စည်ကားမှု မရှိပဲ ရန်ကုန် သင်္ကြန် အလွန် စည်ကားခြင်းကို မနာလို ဖြစ်သည့် စစ်ခေါင်းဆောင် များက ဗုံးဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ ခံတို့ ကပြောကြသည်။

ဗုံးပေါက်ကွဲပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့ ဝင်များက X2o မဏ္ဍပ် အနီးရှိ ရေကစား နေသူ အချို့ နှင့် ၀မ်းရေးအတွက်အသက်မွေးနေ သူ အချို့ ကို လိုက်လံ ဖမ်းဆီးသည် ဟု သိရသည်။

ဗုံးပေါက်ကွဲ မှု သတင်း အား မြန်မာ့ ရုပ်မြင်သံကြားမှ ညနေ ခြောက်နာရီတွင် ကြားဖြတ် သတင်း လွှင့်ထုတ်သွားခဲ့သည်။
ဗုံးပေါက်ကွဲ မှုကြောင့် မင်္ဂလာ တောင်ညွှန့်  မယက ဥက္ကဌ နှင့် ဒုရဲ အုပ် တစ်ဦး ပြင်းထန် စွာ ထိခိုက် ဒဏ်ရာရရှိသွားသည်။

ဗုံးပေါက်ကွဲ မှု မတိုင်ခင် တစ်ရက် အလို သင်္ကြန် အကျနေ့ ညနေကတည်းက ရန်ကုန် ဆေးရုံကြီး ရှိ လူနာဆောင်များ နှင့်အရေးပေါ်ကုသခန်းများ အား အာဏာပိုင်များက ရှင်းလင်း ထားခိုင်းသဖြင့် ဆေးရုံကြီး ဆရာဝန် အချို့ က ထို ဗုံးပေါက်ကွဲမှု မှာ စစ်အစိုးရ ၏ လက်ချက် ဟု ယူဆကြသည်။

ဗုံးပေါက်ကွဲပြီးနောက် မင်္ဂလာတောင်ညွှန့် မျှော်စင်ကျွန်း ၀င်ပေါက် လမ်းဆုံမှ နေ၍ ဦးထောင်ဗိုလ် အ၀ိုင်းထိ လမ်းများပိတ်ထားသည် ။ဗုံးပေါက်ကွဲမှုကြောင့် ကန်ပတ် လမ်းတွင် ရေကစားနေ သူ တို့ မှာ ကမ္ဘာပျက်မတတ် ဖြစ်သွားခဲ့သည်။

ဗုံးကွဲမှုကြောင့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူ များမှာ မိန်းကလေး အများစု ဖြစ်သည် ။
freedom news group


ိုမမှန်သတင်းလွှင့်ပေးနေတဲ့ နအဖ စစ်အစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ MRTV ကကြေငြာသွားတဲ့ ဗုံးပေါက်ကွဲမှု.(ရုပ်သံ.သတင်း)

0 ရန်ကုန်ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု

ဓာတ်ပုံများကိုညီလင်းဆက်ထံမှရယူပါသည်။

အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏဿဍာပ်မှာ လူတွေ ပြေးပြီ


ပြည်သူ့ရဲများ



ရဲတွေ အလုပ်ရှုပ်ပြီ


လူတွေအားလုံး လစ်ကြပြီ


ရဲတွေလည်း ဘာလိုက်လို့ လိုက်ရမှန်းမသိ


လူနာတင်ယာဉ်


လူနာတင်ယာဉ်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အခင်းဖြစ်တဲ့ X2O မဏဿဍာပ်




မဏဿဍာပ်ရှေ့မှာ လုံခြုံရေး အပြည့်


သေဆုံး ဒဏ်ရာရသူတွေကို သယ်ပြီ


ဒီထက်ပိုပြီး အနားကပ်မရ


တခြားမဏဿဍာပ်တွေလည်း ဘာဖြစ်မှန်းမသိ ဘာလုပ်ရမှန်းမသိ


လူနာတင်ယာဉ်လည်း ခက်ခက်ခဲခဲ လာရတယ်


စွမ်းအားရှင်တွေရော ရဲတွေရော


လူ/ကား ဘာကိုမှ ဖြတ်ခွင့် မပြုတော့


ရဲတွေ ရောက်လာတာ မြန်တယ်




ထွက်ပြေးကြတော့ လူပိပြီး ဒဏ်ရာရတဲ့သူတင် မနည်းဘူး


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


လုံခြုံရေးရဲများ


လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.