Saturday, April 21, 2012

0 မြန်မာနိုင်ငံရဟန်းတော်များအဖွဲ့ချုပ်မှအသိပေးကြေညာချက်ထုတ်ပြန်


မြန်မာနိုင်ငံရဟန်းတော်များအဖွဲ့ချုပ်မှ ၂၀-၄-၂၀၁၂ နေ့တွင် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်သည်။ ယနေ့အချိန်သည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးလိုလားကြသူအားလုံးမှ ငြိမ်းချမ်းသောနည်းဖြင့် အသွင်ကူးပြောင်းနိုင်ရေးကိုဦးတည်နေချိန်တွင် ယင်းလုပ်ရပ်များမှာ မလိုလားအပ်သော အခြေအနေများကိုဖန်တီးလိုသူများ၏လုပ်ရပ်ဖြစ်ကြောင်းနှင့် ရဟန်းသံဃာတော်များနှင့်ယင်းလုပ်ရပ်များမှာ လုံးဝ ပတ်သက်မှုမရှိကြောင်းကို သိစေလိုသဖြင့် ထုတ်ပြန် ရခြင်းဖြစ်သည်။

0 မြန်မာပြည်အနှံ့အပြားတွင်အပူချိန်ပြင်းထန်စွာခံစားနေ ရ။

မြန်မာနိုင်ငံအနှံ့အပြားတွင့်နေ့အပူချိန်များသိသိသာသာတိုးလာနေသော ကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ဒေသ များ မှလွဲပြီးတနို င်ငံလုံးတွင်အပူချိန်ပြင်းထန်စွာခံစားနေကြရပါသည်။
ယနေ့ရန်ကုန်မြို့၏ UV index နေအပူချိန်ပြင်းဆုံးသောအချိန်တွင်(၁၃)အထိပြင်းထန်စွာ မြင့်တက် နေကြောင်းကိုတွေ့ရပါတယ်။
http://www.wunderground.com/cgi-bin/...weekday=Friday

UV တန်ဖိုးဆိုသည်မှာနေထဲတွင်ပါလာသောခရမ်းလွန်ရောင်ခြည်ကိုစံနှုန်းတခုအဖြစ်
သတ်မှတ်ထားတာကိုဆိုလိုခြင်းဖြစ်ပါတယ်။

နိုင်ငံတကာမှာ(+၁၁)သတ်မှတ်လေ့ရှိပြီးအချို့နိုင်ငံတွေမှာတော့(၁၁)ကျော်သည်အထိပြထား တာ ကို လည်းတွေ့ရပါတယ်။ မည်သို့ပင်ဆိုစေUVတန်ဖိုး(၈-၁၀)ဟာပြင်းထန် တဲ့အခြေအနေကို ရောက်ပြီဖြစ်တဲ့အတွက်နေရောင်ထဲကြာရှည်မ နေသင့်ပါ။

အကယ်၍နေရောင်ထဲသွားမည်ဆိုပါက ထီး၊ဦးထုပ်၊အဖြူရောင်အဝတ်အစားများကိုဝတ်သွားသင့်
ပါတယ်။


အခုပုံလေးကတော့UVတန်ဖိုးကိုစံအဖြစ်သတ်မှတ်ထားပုံလေးဖြစ်ပါတယ်။အပေါ်ကဖေါ်ပြထားတဲ့မြေပုံမှာ မြန်မာနိုင်ငံရဲ့အရောင်လေးကို မှတ်ထားပြီးအောက်က ဇယားမှာပါတဲ့အရောင်နဲ့ တိုက်ကြည့်ရင်လည်း သိနိုင်ပါတယ်။
မြေပုံမှာတိုက်ရိုက်အညွန်းကိုလည်းကြည့်နိုင်ပါတယ်။ အောက်ဆုံးမှာအရောင်လေး နဲ့ဖေါ်ပြထားတာ ကိုတွေ့နိုင်မှာဖြစ်ပါတယ်။

အခုပုံလေးကတော့မနက်ဖန်မှာဖြစ်နိုင်မဲ့နေရောင်ခြည်အပြ င်းဆုံးအချိန်မှUV တန်ဖိုးကိုခန့်မှန်းထားတာပါ။
အခုတလောနေပေါက်ကွဲမှုခဏခဏဖြစ်တာကြောင့်မို့လို့လည်းအ ပူချိန်မြင့်တက်နေတာကိုသိသိသာသာ
ခံစားနေရတာလည်းပါပါတယ်။
ဘာဘဲဖြစ်ဖြစ်ကျွန်တော်တို့အပူချိန်မြင့်တက်မှုဒါဏ်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

MMCPမှ heronaing အားကျေးဇူးတင်ရှိပါသည်..

0 ဂျပန်က မြန်မာပြည်မှ ပြန်ဆပ်ရမည့်အကြွေး ယန်း ၃၀ဝ ဘီလျံ လျှော်ပေးရန်ရှိ

မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များအား ဂျပန်ဘုရင် အာကီဟီတိုက ဘုရင့်နန်းတော်ဝယ် လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံပွဲပြုလုပ်ရာ သမတဦးသိန်းစိန်နှင့်အတူတွေ့ရစဉ် (reuters )

source: Asahi Shimbun | Bloomberg
မြန်မာပြည်သည် ဂျပန်ပြည်မှချေးယူထားသော အကြွေးတို့ကို ပြန်ဆပ်ရန်အခက်အခဲရှိနေသဖြင့် ယန်း ၃၀ဝ ဘီလျံကို ဂျပန်က လျှော်ပေးမည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ်Yoshihiko Noda တို့ တွေ့ဆုံကြသောအခါ သဘောတူညီမှု စာချုပ်ချုပ်ကြလိမ့်မည်ဟု သတင်းများကဆိုသည်။

မြန်မာပြည်သည် ၁၉၆၇ မှ ၁၉၈၇ ခုနှစ်များအတွင်း ဂျပန်နိုင်ငံမှ ယန်း ၄၀၃ ဘီလျံချေးယူထားခဲ့ပြီး အတိုးနှင့်အရင်း စုစုပေါင်း ယန်း ၅၀ဝ ဘီလျံကျော်ခန့် ပြန်ဆပ်ရန်ရှိသည်ဟု သိရသည်။ ပထမအဆင့်အနေဖြင့် ၂၀ဝ၂ ခုနှစ်ကတည်းက ဂျပန်နိုင်ငံသည် မြန်မာပြည်၏အကြွေး ယန်း ၁၂၇.၄ ဘီလျံကို လျှော်ပေးရန် စဉ်းစားခဲ့သော်လည်း စစ်အစိုးရနှင့်အဆင်မပြေသဖြင့် အောင်မြင်မှုမရခဲ့ပေ။ ဒုတိယအဆင့်အနေဖြင့် အတိုးနှင့်ဒဏ်ကြေးများ ယန်း ၁၇၆.၁ ဘီလျံကို လျှော်ပေးရန်ဖြစ်ပြီး ၎င်းးမှာ တစ်နှစ်အတွင်း မြန်မာပြည်၏ ဒီမိုကရေစီဖေါ်ဆောင်မှုတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပေးဆပ်ရန်ကျန်ရှိနေသည့်အကြွေး ယန်း ၁၉၈.၉ ဘီလျံကို ဂျပန်အစိုးရနှင့် ဂျပန်စီးပွားရေးinstitutionတို့မှ အကြွေးသစ်ချေးယူပြီး ပြန်ဆပ်မည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့ Sophia တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Kei Nemoto က အဆင့်နှစ်ခုစုစုပေါင်း ယန်း ၃၀ဝ ဘီလျံမှာ မြန်မာပြည်၏အကြွေး ယန်း ၅၀ဝ ဘီလျံအတွက် ၆၀% ကို လျှော်ပေးခြင်းဖြစ်ကြောင်း သိရပြီး လုပ်အားခနည်းပါးမှု၊ သသဘဝအရင်းအမြစ် ကြွယ်ဝမှု၊ သမိုင်းကြောင်းဆက်စပ်မှုများနှင့် တရုတ်၏လွှမ်းမိုးလာမှုတို့ကြောင့် မြန်မာပြည်သည် ဂျပန်အတွက် အရေးကြီးသော နိုင်ငံတစ်ခုဖြစ်နေသဖြင့် ယခုကဲ့သို့ လျှော်ပေးရန်စဉ်းစားခြင်းဖြစ်ကြောင်း ဆိုသည်။

မောင်သစ်စိမ်း (MMCP)

Friday, April 20, 2012

1 ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေ နဲ့ နီးစပ်တဲ့ ရွှေဟိန်းထက် ကျောက်မျက်ကုမ္မဏီ လူနေအိမ်.တွေပါသိမ်းဖို့ကြံနေ



ဝန်ကြီးတွေ ၀န်ကြီးချုပ်တွေ နဲ့ နီးစပ်တဲ့ ရွှေဟိန်းထက် ကျောက်မျက်ကုမ္မဏီ လူနေအိမ်.တွေပါသိမ်းဖို့ကြံနေ - မကြာခင်ပွဲကြီးပွဲကောင်းနွှဲတော့မည် ထပ်မံသတင်းပေးမည်
naymyowai

0 ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား"အခြေခံဥပဒေကို လေးစား လိုက်နာပါမည်" ဆိုသည့် စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျါန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင် သွားရောက် ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။

ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


7Day News Journal

0 အရှင်ဂမ္ဘီရ လူဝတ်လဲ

An-ahsin gambia to ko nyi nyi lwin 19042012 by dvbradio၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင် သံဃာအ​ရေး​အခင်း​မှာ ဦး​ဆောင်ခဲ့​မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့​ရာက မကြာသေး​မီက လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုညီညီလွင် (အရှင်ဂမ္ဘီရ ဟာ ပြီး​ခဲ့​တဲ့​ နှစ်ဆန်း​ ၁ ရက်​နေ့က လူဝတ်လဲလိုက်ပြီလို့​ပြောပါတယ်။

လွတ်လွတ်လပ်လပ်​နေချင်လို့​ လူဝတ်လဲလိုက်တာဖြစ်ပြီး​ မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့​ မိဘ​တွေရဲ့​ ​နေအိမ်မှာပဲ ​နေထိုင်တယ်လို့ကိုညီညီလွင်က ​ပြောပါတယ်။

လူထွက်လိုက်တာဟာ အပြီး​ထွက်လိုက်တာဖြစ်ပြီး​ အပြင်မှာ ဘာ​တွေလုပ်ကိုင်စား​သောက်မယ်ဆိုတာ​တော့​ တိတိကျကျ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့ ဆိုပါတယ်။

ကိုညီညီလွင် ​ခေါ်အရှင်ဂမ္ဘီရ ဟာ သာသနာ​ဘောင်မှာ ၁၃ ဝါ​နေထိုင်ခဲ့​တယ်လို့​ ​ပြောပါတယ်။

dvb

Thursday, April 19, 2012

0 မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင်၏နောက်ဆက်တွဲသတင်း



အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(...၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှမီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင် ၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့သွားရောက်စုံစမ်းခဲ့ပါသည်။

တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊
ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ်ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင် (၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။
ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး
ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီးဝန်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက်ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊

“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟု သာပြောဆို နေ သဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊

ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိမိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းကြားမှာ အရမ်းကျောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊
အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။

Ko Shin

0 NLD ပါတီ ( အတွင်း အပြင် ) က သတင်းပေးများ အပိုင်း( ၁ )

NLD ရုံး(အတွင်း၊အပြင်)မှ သတင်းပေး လုပ်ကိုင်နေကြများကို မကြာမီတွင် ဆက်လက် တင်ပြပေးသွားမည်ဖြစ်ပါသည် ။တင်ပြရာတွင် သတင်းပေးလုပ်ကိုင်နေသူဖြစ်ကြောင်းကို မှားယွင်းစွာဖော်ပြမိပါက ဖော်ပြခံရသူမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ များစွာ ထိခိုက်စေနိုင်သည့်အတွက်  သေချာစွာ စုံစမ်းစစ်ဆေးပြီး သတင်းပေးအဖြစ်ဆောင်ရွက်နေသူ ဖြစ်ကြောင်း အချက်အလက် ခိုင်မာသေချာသည့်သူများကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ မန္တလေးပါတီဝင်အသစ်တွေမှာ - တဖက်လူ သတင်းပေး များ ၀င် လာလို့  စီစစ်နေပါတယ်လို့  မန္တလေး NLD ကအင်တာဗြူးသတင်းတခုမှာ ဖတ်လိုက်ရတယ် ၊ နောက် သတင်း သမားအချင်းချင်း က ပဲ မခံမရပ်နိုင်လို့  Facebook ကနေ အန်တီအိမ်ထဲ ကို သတင်းယူသွားခါနီးမှာ SB တွေဆီကနေ အသံဖမ်းစက်ယူ သွားပေးတာ..ပြန်အပ်ပေးတာတွေ မြင်တွေ့နေရလို့ စိတ်မချမ်းမသာဖြစ်ရတဲ့အပြင် သတင်းသမားတွေ နံမည်ပျက် မှာစိုးရိမ် မိပါတယ်လို့  ရေးကြတာတွေ ဖတ်လိုက်မိပါတယ် ။

ခုချိန်မှာတော့ ကျနော် တို့ တွေ ပွင့်ပွင့်လင်းလင်း ဒီကိစ္စတွေ ကို လူသိရှင်ကြားပြောသင့်ပြီလို့ ထင်ပါတယ် ။ အသားထဲမှာလောက်ကောင်တွေရှိနေတာသိရဲ့နဲ့ ကြာကြာမထားသင့်တော့ပါဘူး ။ ကျနော်ပြောချင်ပါတယ် ခုချိန်မှာအသစ်ဝင်လာတဲ့ ပါတီဝင်အသစ်တွေ မှ မဟုတ်ပါဘူး ယခင် ကာလ NLD အဖွဲ့ ဝင်ဟောင်းတွေ ထဲ မှာပင် သတင်းပေးတွေ အများကြီး ရှိနေပါတယ်လို့ပြောချင်ပါတယ် ။ ထိုသူများသည် ရွှေဂုံတိုင်တ၀ိုက်က လက်ဖက်ရည်ဆိုင်ကလေးများ တွင်တနေကုန် ထိုင်နေတတ်ပြီး ရုံးချုပ်ထဲ မှ ရသမျှ သတင်း များကို စုစည်းပြီးညနေပိုင်းတွင် ထောက်လှမ်းရေးများကို သတင်းပို့ပေးရပါတယ် ။ သတင်းပေး သတင်းယူ များတွင် အသက်ကြီး သူတွေပါသလို ၊ အသက်ငယ်တွေလဲပါပါသည် ။

ကျနော်တို့ ဒါတွေကို ဘာကြောင့် သိနေသလဲဆိုရင် ကျနော် တို့ကိုသူတို့မသိကြလို့ပါပဲ။ ဆိုလိုတာက ကျနော်တို့တွေ သည် ကြီးပြင်းလာကတည်း က ထိုအနားအနီးတ၀ိုက်မှာပင် ကြီးပြင်းလာခဲ့ကြသည်။ လွယ်အိတ်စုတ် ၊ တုတ်ကောက် ၊ မျက်မှန်ထူထူ ၊ ပင်နီတိုက်ပုံ ခပ်နွမ်းနွမ်း နဲ့  ရေနာလို့  အရောင်လွင့်နေတဲ့ ကချင်လုံချည် မှိန်ဖျော့ဖျော့ တွေကို ၀တ်ပြီးနေ့စဉ်လိုလို ရုံးတက်နေကြတဲ့ NLD က နိုင်ငံရေးသမားကြီးတွေ ကျနော် တို့  ငယ်ဘ၀ မှာထဲ က မြင်တွေ့  နေကြမြင်ကွင်းတွေပါ ။ မြင်ပါများလာရာကနေ အကြောင်းစုံပါသိလာရပါတယ်။ အရွယ်ရောက်လို့  အလုပ်လုပ်ရတော့  လဲ နိုင်ငံရေးသမားတွေ နဲ့ မကင်းတဲ့အလုပ်ဖြစ်နေတာကတကြောင်း ဆိုတော့ မြင်တွေ့နေရတဲ့ NLD ရုံးနားတ၀ိုက်မှာ NLD အမည်ခံပြီးသတင်းပေးတွေ လုပ်စားနေတာအမြင်မတော်တော့ပါဘူး ။မြို့ ထဲတွေ မှာ သွားရင်းလာရင်း တွေ့ ရင် ဒါဘယ်သူဆိုတာ သိနေပါတယ် ။ တခါကဆို ကျနော်တို့ထိုင်နေတဲ့ ဘေးက လက်ဖက်ဝိုင်းမှာ ထိုင်ရင်း သတင်းပေးတယောက် နဲ့ သတင်းယူသူတယောက်တို့ ပြောဆိုနေကြတာကိုတောင်ကြားခဲ့ရပါတယ် ။ သာမန်လူတယောက်ဆိုပါက သူတို့ ပြောနေတာကို မသိပေမယ့် ကျနော် ကျတော့သူတို့ ပြောဆိုနေတာ ကို ၂ ခွန်း ၃ ခွန်းကြားရုံနဲ့ ပြောဆိုနေကြတဲ့အဓိပ္ပါယ်ကို သိပါတယ် ကိုယ်နဲ့လည်း ဆက်စပ်နေတာ မဟုတ်လား ။ ဒါပေမယ့် သူတို့  ကျနော်တို့  ကို မသိတဲ့အခါ ကြတော့ သိချင်တာမေးတဲ့ သူနဲ့  ပြောပြနေတဲ့ သူ နဲ့ ကြားမှာ ကျနော် အဲလူတွေ ကို မှတ်ထားလိုက်ပါတယ် ။ နောက်ပိုင်းမှာ လဲ ရှောင်ပါတယ် ။

ဒဲ့ပြောဖို့  အချိန်ဖြစ်နေလို့  လဲ နံမည်တွေပါ တပ်ပြီးပြောပါမယ် ။ ပုဂ္ဂိုလ်ရေးထိခိုက်စေလို့ တဲ့ သဘောမပါ ပါဘူး ။ ဆူးစူးနေတာကို နှုတ်တယ်လို့ သဘောထားပေးပါ ။ ပထမဦးဆုံး ပြောမယ့် သူကတော့ ဦးအောင်မြင့် လို့  လူသိများတဲ့ အဖိုးကြီး တယောက်ပါပဲ မြောက် ဥက္ကလာဖက်မှာနေတယ်လို့ဆိုပါတယ် ။ ရှပ်အကျီင်္ လက်တို အ၀တ်များပြီး ၊ မျက်မှန်တပ်ထားပါတယ် ။ ဆံပင်ကိုသေချာသပ်ရပ်စွာဖြီးထားလေ့ ရှိပြီး လည်သာပိုက်ဆံအိတ်အနက်ရောင် တလုံးကို အမြဲ ကိုင်ထားလေ့ ရှိပါတယ် ။ သူထိုင်တတ်တဲ့ဆိုင်တွေ ကတော့ ယုဇန ဟိုတယ် နဲ့  တရုတ်ဘုံကျောင်း ရှေ့ နားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာပါပဲ ။

နနံက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်ဆိုလျှင် အဖွဲ့ချုပ်ရုံးအနီးတ၀ိုက်တွင် စတင်မြင်တွေ နိုင်ပါသည် ။ ၎င်း ဦးအောင်မြင့်သည် ညနေ ၅ နာရီ ၀န်းကျင်ခန့်ဆိုလျှင် တနေကုန်စုဆောင်းထားသမျှ သတင်းများကို သတ်မှတ်ချိန်းဆို ထားရာ နေရာများတွင်သွားရောက် ပေးရပါသည်။ ကျနော် သိသော ၎င်း တို့ ချိန်းဆိုအပေးအယူလုပ်သော နေရာများထဲမှ အချို့ကိုဖော်ပြပေးလိုက်ပါတယ် ။ ယခင် ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်ကဆိုလျှင် ပွင့်သစ်စမ်း လက်ဖက်ရည်ဆိုင်အနောက်ဖက် နှင့် ရွှေဂုံရိပ်မွန်အိမ်ယာ မြောက်ဖက် မြေကွပ်လပ်ကျယ်ထဲမှာရှိတဲ့ တထပ်တိုက် အပုလေး လေးမှာ ဖြစ်ပါတယ် ။ ထို တိုက်ပိုင်ရှင်မှာ ဗိုလ်မှုးကြီးတဦးဖြစ်သည်ဟု သိရပြီး ထိုအချိန်က ထိုဗိုလ်မှုး၏ ညီတော်စပ်သူတဦး နေထိုင်ပါသည်။ ထိုသူမှာ ထိုအချိန်က ၂ လုံးထီ ချဲထီရောင်းခြင်း ၊ ဘောလုံးပွဲပြသခြင်း ၊ ဘောပွဲဒိုင်ကိုင်ခြင်း ၊ ဘိလိယက်ခုံဖွင့် ထားခြင်း စသည့် လောင်းကစားမျိုးစုံ လုပ်ကိုင်နေသောအိမ်ဖြစ်ပါသည်။

ညနေ ၅ နာရီ ခွဲ ၀န်းကျင်တွင် အထက်ဖော်ပြပါ ဦးအောင်မြင့် ရောက်လာပြီး ခွင့်တောင်းစရာမလိုပဲ အိမ်ထဲ မှ ကုလားထိုင်တွင် ၀င်ရောက်ထိုင်ပြီး စုဆောင်းထားသော သတင်းများကိုစီရီပါတော့သည် ။ ပြီးပြီ ဆိုပါက စာပွဲပေါ်တွင် တင်ထားခဲ့ကာ ပြနလည်ထွက်သွားပါသည် ။ သတင်းယူသည်သူက လဲ ထိုကဲ့သို့ ပင်လာရောက်ယူဆောင်သွားပါသည် တချိန်တုန်း က စပ်စုခဲ့တာလေးကိုပြန်လည်တင်ပြခြင်း ဖြစ်ပါသည် ။

နောက်ထပ် ဦးအောင်မြင့်တို့ အချိန်းအချက်ပြုလုပ်ကြတဲ့နေရာကတော့ ဇီဝတဒါန သံဃာ့ဆေးရုံ မျက်နှာချင်းဆိုင် ရှိ ရွေဂုံတိုင် ကားမှတ်တိုင် အနီးမှာ ရှိတဲ့ လမ်းကြား တခုမှာပဲ ဖြစ်ပါသည် ။၎င်း လမ်းကြားလေးထဲမှာ ညနေ ၅ နာရီ ၀န်းကျင်မှာ ဆိုလျှင် အပေါ့သွားမလိုလို ဘာလိုလို နှင့်ယောင်လည်လည် လုပ်နေတတ်ပါသည် ။ ထို့ နောက်ချိန်းဆို ထားသူ နဲ့ပေးစရာရှိတာ ပေးပြီးသည်နှင့် ပြန်လည်ထွက်ခွာ သွားတော့သည် ။ထိုသို့ ဦးအောင်မြင့်လုပ်နေသည်မှာ အချိန်ကာလ အတော်ကြာမြင့် နေပြီဖြစ်သည်။ NLD ရုံးမှလည်း ဦးအောင်မြင့်ကို အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်သော်လည်းရုံးထဲသို့ ၀င်ရောက်ခွင့်ကိုတားမြစ်ထားခဲ့ပါသည် ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်မီ အချိန်တွင် ပြန်လည် အတင့်ရဲလာကာ NLD ရုံးချုပ် မှ ကျင်းပသော အခန်းအနားပွဲများ ၊ ပြည်နယ်တိုင်းဆွေးနွေးပွဲများတွင် ရုံးတွင်းသို့ဝင်ရောက် သတင်းယူခြင်းများပင် ပြန်လည်ပြုလုပ်လာခဲ့သည်မှာ ယခုအချိန်ထိဖြစ်သည်ဟု ပါတီဝင်တဦးမှပြောပြချက်အရ သိရပါသည် ။

ထပ်မံပြီး မိမိတို့ MyanmarMedia အဖွဲ့သားများမှ သိရှိထားသော NLD ရုံး(အတွင်း၊အပြင်)မှ သတင်းပေး လုပ်ကိုင်နေကြများကို မကြာမီတွင် ဆက်လက် တင်ပြပေးသွားမည်ဖြစ်ပါသည် ။တင်ပြရာတွင် သတင်းပေးလုပ်ကိုင်နေသူဖြစ်ကြောင်းကို မှားယွင်းစွာဖော်ပြမိပါက ဖော်ပြခံရသူမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ များစွာ ထိခိုက်စေနိုင်သည့်အတွက် သေချာစွာ စုံစမ်းစစ်ဆေးပြီး သတင်းပေးအဖြစ်ဆောင်ရွက်နေသူ ဖြစ်ကြောင်း အချက်အလက် ခိုင်မာသေချာသည့်သူများကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မိမိတို့အနေဖြင့် ဖော်ကောင် လုပ်ကြရခြင်းမှာ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ခြင်း ၊ သူတပါး အသက်မွေး ၀မ်းကြောင်း အလုပ်ကိုပျက်စီး စေရန် ရည်ရွယ်ခြင်းမျိုးလုံးဝ မရှိပါ ။ သူတပါးခန္ဒာကိုယ်မှဖြစ်စေ ၊ မိမိခန္ဒာကိုယ်မှဖြစ်စေ ပုပ်ပွရိရွဲပြီး လှိုက်စားနေသော အသားပုပ်များကို ဖယ်ထုတ် နိုင်စေရန်ကြိုးစားခြင်း သာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေဗျာ..။

Myanmar Mediamm

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမ အကြိမ် ပြည်ပ ခရီးထွက်ရန်ရှိ


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည်သည် ...နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။ နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂ နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင် ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

7Day News journal

Wednesday, April 18, 2012

0 တပ်မတော်ကို ကောင်းစေချင်တဲ့အတွက် ရင်ဖွင့်စာလေးတွေ ရေးမိလို့ ထောင်အနှစ် နှစ်ဆယ်ချခံလိုက်ရသူ ပြည်သူ့ သားကောင်း ဗိုလ်ကြီးနေလင်းဒွေး


ဒီနေရာမှာ အပြည့်အစုံ http://www.dawnmanhon.com/2012/04/blog-post_6050.htmlဖတ်နိုင်ပါတယ်.
ကိုနေမျိုးဇင်

2 သည်အမျိုးသမီး(မြန်မာစာတမ်းထိုး) ရုပ်ရှင် အစအဆုံး(ရုပ်/သံ)


ဘာသာပြန်.. hteink.min (myanducation ) အားဒေါင်းမာန်ဟုန်မှအထူးကျေးဇူးတင်ရှိပါသည်..


Date: September 2011
Language: English and some Burmese with English subtitles
Production Companies: EuropaCorp,
Left Bank Pictures, France 2 Cinema
Producers: Virginie Silla, Andy Harries, Jean Todt
Director: Luc Besson
Screenplay: Rebecca Frayn
Cinematographer: Thierry Arbogast
Music: Eric Serra
Costume Design: Olivier Beriot
Editor: Julien Rey
Sound: Ken Yasumoto, Didier Lozaic
Production Designer: Hugues Tissandier
Category: Drama / Romance / Biopic
Countries: France, U.K.
Filming: October 2010 - January 2011
Filming Locations: Thailand, England, France, Burma
MPAA Rating: R
Running Time: 127 minutes

Aung San Suu Kyi .... Michelle Yeoh
Michael Aris .... David Thewlis
Kim Aris .... Jonathan Raggett
Alexander Aris .... Jonathan Woodhouse
Lucinda Philips .... Susan Wooldridge
Karma Phuntsho .... Benedict Wong
General Ne Win .... Htun Lin
Than Shwe .... Agga Poechit
rest listed in alphabetic order
Military officer .... Aung Kyaw
Aide of Aung San Suu Kyi .... Daw Myint
Nita May .... Dujdao Vadhanapakorn
Nyo Ohn Myint .... Flint Bangkok
Military officer .... Khin Maung Yin
Daw Khin Yi .... Marian Yu
Aide of Aung San Suu Kyi .... Mon Mon
Win Thein .... Nay Myo Thant
Leo Nichols .... Sahajak Boonthanakit
Soldier .... Teerawat Mulvilai
Ma Then .... Victoria Sanvalli
James Baker .... William Hope

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်ဆန်း(၁)ရက်နေ့တွင်ကျင်းပသော ကော့မှူးမြို့နယ် နှစ်သစ်ကူးပွဲတော်






Photo..Thantharwin, Reuters,Getty images

Tuesday, April 17, 2012

0 တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ခံ အမည်စာရင်း ထုတ်ပြန်ခြင်း


နေ့စွဲ - ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်းဝင်သူများ
(မှတ်ချက်- အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားခြင်းဖြစ်ပါသည်။)

၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ

၂။ အရှင်ဥာဏိဿရ

၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)

၎။ အရှင် ပညာစာရ

၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်

၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း

၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး

၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ

၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)

၁၀။ ဦးရောဘတ်စန်းအောင်

၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့

၁၂။ လဖိုင်နော်မိန်း

၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

၁၄။ သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့လေးများ ဂေဟာ

၁၅။ ဦးသန်းနိုင် Community Water Filtration System

၁၆။ ဒေါ်သန်းမြင့်အောင်

၁၇။ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း)

၁၈။ ဦးအုန်း (Minamata Environmental Award ဆုရှင်)

၁၉။ Metta Development Foundation

၂၀။ Swanyee Development Foundation

ဤ ပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲများ တည်ရှိရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ရွေးချယ်ကြမည်ဖြစ်ပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ ၅ ဦး၏ အမည်စာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ပုံ အပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ။


တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇

ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇

ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇

ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁

ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆

Htain Linn

0 စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူးမောင်မောင်နိုင် NLD-BG ဖျော်ဖြေရေး ယာဉ်ကားနံပတ်အား ခိုးကြောင်ခိုးဝှက်ဖြင့် လှန်ကြည့်


ယခုည ၁၁ နာရီအချိန် ၊ ရန်ကုန်မြို့ ။ စမ်းချောင်းမြို့နယ်။ မြောင်းမြလမ်း တွင်း NLD-BG ဖျော်ဖြေရေး ယာဉ်နောက်ဆုံးဖျော်ဖြေချိန် အပြီးတွင် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူးမောင်မောင်နိုင် ဆိုသူက ကားနောက်မှ ကားနံပတ်အား ခိုးကြောင်ခိုးဝှက်ဖြင့် လာလှန်ကြည့်ကာ မှတ်သားသည်။ ဘီဂျီလူငယ်များက မိမိတို့သည် တ...ရားဝင် အထက် စည်ပင်သာယာရေး အထိ လျောက်ထားခွင့်ပြုချက် ရယူပြီးမှ ယခုဖျော်ဖြေရေး အလှပြယာဉ်အား လှည့်ပတ်ဖျော်ဖြေသည်ဖြစ်သော ကြောင့် ယခုလို ကားနံပတ်သိလိုလျင်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ခြိမ်းခြောက် စောင့်ကြည့်သလို၊ ယခင်ခေတ်က ပုံစံလို နှောက်ယှက်ဟန့်တား သလိုလို မလုပ်သင့်ကြောင်း ပြောပြကြပါသည်။

အုပ်ချုပ်ရေး စနစ်သည် ပြောင်းခဲ့ပြီဖြစ်သည်။ ခြိမ်းခြောက် အာဏာပြ၊ ဟောက်စား ခြောက်စားခေတ်သည် ပြီးဆုံးခဲ့ပြီဖြစ်သည်။

ထို အုပ်ချုပ်ရေး ဒုဦးစီးမှူးဟု သူ့ကိုယ်သူပြောသော အရက်နံ့ရနေသည့် လူအား စီစစ်ရေးကဒ်အထောက်အထား ၀န်ထမ်းဖြစ်ကြောင်း အထောက်အထားပြသရန် တောင်းဆိုသော အခါလည်း မပြသနိုင်ပေ။ သူလာရောက်စစ်ဆေးသည့် လုပ်ရပ်မှာ အထက်က ခိုင်းသောကြောင့် လုပ်ရကြောင်း သူမှန်ကြောင်းသာ မာမာထန်ထန် ပြောဆိုသည် ဟု ဆိုသည်။

ထို့နောက်တွင်မှ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်မှ လိုက်ပါလာပြီး ထို ဦးမောင်မောင်နိုင်သည် ဒုဦးစီးမှူးဖြစ်သည်မှာ မှန်ကန်ကြောင်း ပြောဆို ခေါ်ယူသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့သည် နိုင်ငံတော် သမတ မှ ဦးဆောင်ပြီး နိုင်ငံရေး စနစ်အကူးအပြောင်းကို ညင်သာသိမ်မွေ့စွာ တည်ဆောက်နေချိန်အား အလေးအနက် အသိအမှတ်ပြုပြီး၊ နိုင်ငံသားကောင်း ပီသစွာဖြင့် ယခုဖျော်ဖြေရေး ယာဉ်အား လက်ရှိအစိုးရပေါ် ထိခိုက်နှောင့်ယှက်မှုဖြစ်စေသည့် အဆင်အသွင်၊ သီချင်း၊ အဟောအပြော၊ လှုံ့ဆော်ခြင်း အလျင်း မရှိပဲ။ ယဉ်ကျေးသော ၀တ်စုံ၊ နားဝင်ပီယံဖြစ်စေသည့် သီချင်းများဖြင့် လူထုအား နိုင်ငံရေး နိုးကြားရှင်သန်စေရန်သာ ဖျော်ဖြေသမှု ပြုခဲ့ပါသည် ။

ကောင်းမွန်မှန်ကန်သော လူငယ်များညီညွတ်မှု စိတ်ဓါတ်အင်အားဖြင့် မြန်မာ့ သမိုင်းတွင် နှစ်ပေါင်း များစွာ မမြင်နိုင်ခဲ့သော လွတ်လပ်ရေး တော်လှန်ရေး သမိုင်းဝင် ခွပ်ဒေါင်း အလှပြယာဉ်ကြီးဖြင့် မိမိတို့ လူငယ်များက သမိုင်းတခေတ်ကို ရိုးရှင်းဖြောင့်မတ်စွာ ဖွင့်လှစ်ရေးသားခြင်းသာဖြစ်သည်။

သန့်ရှင်းသော အစိုးရ တရပ်အတွက် အထောက်အကူအပံ့သာ ဖြစ်စေသော လုပ်ရပ်၊ ချည်းကပ်မှုမျိုးကိုသာ မိမိတို့က ကျင့်သုံးပါသော်လည်း၊ လက်ရှိ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးများနှင့် စောင့်ကြည့်တာဝန်ယူထားသူများသည် သန့်ရှင်းသော အစိုးရသစ် ဂုဏ်သိက္ခာတည်ဆောက် နေမှု အပိုင်းကို ထိခိုက်စေသည်ဟု ထင်မြင်ပါသောကြောင့် ယခုကဲ့သို့ စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးမှူးဆိုသူများ လုပ်ရပ်အား ပြတ်သားစွာ ဝေဖန်ရှုတ်ချပါကြောင်း ။

ခေတ်ပြောင်း စနစ်ပြောင်းတွင် လူထုနှင့် မိမိတို့ လူငယ်များက စည်းစနစ် ရှိစွာ ပူးပေါင်း ဆောင်ရွက်ရန် အားထုတ်ကြိုးပမ်းနေချိန်တွင် ဦးဆောင်မှု ပြသရမည်ဖြစ်သော ၀န်ထမ်းယန္တရား အတွင်းတွင် ယခုကဲ့သို့ အာဏာရှင် စနစ် မှ အမူအကျင့် အကြွင်းအကျန်မျိုး ရှိနေသေးသည်ကို မလိုလားပါကြောင်း သမ္မတကြီး သိစေလိုပါသည်။ မည်သည့် အာဏာဖြင့် ခြိမ်းခြောက် နှောက်ယှက်မှုမျိုးကိုမှ မိမိတို့ မလိုလား လက်မခံလိုပါကြောင်း ဘီဂျီ လူငယ်များ ကိုယ်စား ကျနော် နေမျိုးဇင် မှ ပြည်သူအများ သိသာစေရန် တင်ပြရင်း ထို ၀န်ထမ်းများအား ပြည်သူ့ ၀န်ထမ်းကောင်းများ ဖြစ်လာစေရန် ပဲ့ပြင်ဆုံးမ ပေးသင့်ပါကြောင်း၊ တင်ပြပါသည်။

ပြည်သူ့ အတွက် သက်သာချောင်ချိဖျော်ဖြေရေူးကို ထိခိုက်နှောက်ယှက်လိုစိတ်ဖြင့် ပြုမူသည်ဟု သုံးသပ်တွေ့ရှိရပါသောကြောင့် ပြည်သူမှ ပေးဆောင်ထားသော အခွန်ငွေမှ ရယူနေသည့် ပြည်သူ့လစာနှင့် မထိုက်တန်ကြောင်း အစိုးရနှင့် လွှတ်တော် အဖွဲ့ဝင်များ သိရှိနိုင်ပါရန် ယခု စာမျက်နှာမှ တင်ပြပါသည်။

ကိုနေမျိုးဇင်

0 “သာဓုပါဗျာ” ၊၈၈မျိုးဆက်ကျောင်းသားသံချပ်အဖွဲ့၊ဂီတအနုပညာရှင်များနှင့်အတူ အတာသင်္ကြန် ဆင်နွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်



Photo..Thantharwin facebook

Monday, April 16, 2012

1 ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်တို့သံချပ်အဖွဲ့ကား ရန်ပြုတိုက်ခိုက်ခံရ ကာကွယ်ပေးသူ သန်လျင်လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရ

Photo. burma vj media network

ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရ။

ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊ ကိုညီညီဦး အိမ်အတွင်း ခေါ်ယူထိမ်းသိန်းထားသော အဖွဲ့ချုပ် လူငယ်များကို ကာကွယ်ပေးသောကြောင့် ထို လူရမ်းကား ၁၅ ယောက်ခန့်မှ အိမ်ကို အုတ်နီခဲ့ ၁၀ လုံးခန့်ဖြင့် ထု။ ကိုညီညီဦးမှ သန်လျင် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစဉ် ထို ၁၅ယောက် အုပ်စုမှာ သန်လျင်လျပ်စစ် ရုံးရှေ့ မဏ္ဍပ်တွင် သာမန် အရပ်သားတဦးရဲ့ ကားကို ထိုလူအုပ်ကပင် ခဲဖြင့်ထုပြီး မှန်ကိုခွဲရာ ကားသမား ထိခိုက်ပြီး ဦးခေါင်းတွင် ရှစ်ချက် ချုပ်ရ။

အသေးစိတ်သိလိုလျင် ဖုန်းနံပတ် 0973199641 ကိုညီညီဦးထံတွင် ဆက်သွယ်မေးမြန်းနိုင် မိမိလည်း ကိုညီညီဦး ပြောပြသလောက်သာ ရေးမှတ်ထားလိုက်နိုင်သဖြင့် အသေးစိတ်မသိနိုင်ပါ

သတင်း။။ ကိုညီညီဦးဖုံးမှတဆင့် ကိုနေမျိုးဇင်ပေးပို့ပါတယ်

Sunday, April 15, 2012

2 သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး]


ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။

ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။

ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မ၀တ်နဲ့ ၀တ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။

လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။

ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် ... လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင်ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။

တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။

လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။

ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။

အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ၀ိုင်းကြည့်ကြတဲ့အခါ ... ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ၀ိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မ၀တ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။

အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိသြတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။

ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။

နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ၀တ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။

ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။

ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။

ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။

အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ သြဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။

မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။အဲဒါ ကိုရီးယားကား တွေရဲ့ သြဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။
ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။

ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်ကကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။

ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။

ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ ...

ဒုံးပျံလွှတ်တာတောင် ဖွတ်ကနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။

သွန်းနေစိုး Thorn Nay Soe

0 ရန်ကုန်သင်္ကြန် အကြတ်နေ့မြင်ကွင်း


Photo.. Eleven Media Group,Dvb

0 ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ ပွင့်လင်း သင်္ကြန်သံချပ်


ကိုမင်းကိုနိုင်ဦးဆောင်တဲ့ သင်္ကြန်သံချပ်အဖွဲ့ဟာ ဒီကနေ့ နေ့လည် ၂ နာရီကစပြီး ရန်ကုန်မြို့ထဲကိုလိုက်လံပြီး လှည့်လည်သွားပါတယ်။ စာရေးဆရာ ဒါရိုက်တာ ဂန္ဒ၀င်မောင်ဝိုင်းရဲ့သားဖြစ်သလို ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမောင်မောင်ကျော်ရဲ့ညီဖြစ်သူ ဒီဥက္ကာက ဦးဆောင်တဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့တို့က ပူးပေါင်းဖျော်ဖြေပါတယ်။

သင်္ကြန်မဏ္ဍပ်နဲ့ လမ်းမတော်ဘက်က မဏ္ဍပ်တွေကို လိုက်လံသီဆိုဖျော်ဖြေသွားခဲ့ကြပါတယ်...အကြတ်နေ့နဲ့ အတတ်နေ့တွေမှာလည်း ရန်ကုန်မြို့တွင်းက ဖိတ်ကြားထားတဲ့မဏ္ဍပ်တွေမှာ အခုလို လိုက်လံ သီဆိုကြအုံးမယ်လို့သိရပါတယ်..
DVB Tv news

1 NLD-BG လူငယ်များ အမေစု အား ဂုဏ်ပြု ဦးညွှတ် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်


Video..ko nay myo zin

0 ခွပ် ချိန်တန် ခွပ် … က ချိန်တန် က

၁၄.၄.၂၀၁၂ သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီမှု လမ်းကြောင်းများအား နေ့စဉ်နေ့တိုင်း နံနက် (၈း၃၀) နာရီအချိန်မှစ၍ ကူညီဖေးမ သင်္ဂြိုလ်ပေးမှုများ လုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက် ဇဋိလ (၁)လမ်းနေ ဒေါ်စိန်ညွန့် အသက်(၈၆)နှစ်၏ နာရေးလမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသွားရောက်၍ ဒေါ်စိန်ညွန့်၏ ရုပ်အလောင်းအား ရေဝေး သုဿာန်သို့ ကူညီဖေးမ ကုသိုလ်ယူကာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။

ယနေ့ သင်္ကြန်အကြတ်နေ့ တစ်နေ့တာ နာရေးကူညီမှုစုစုပေါင်း (၃၆) ကြောင်းအား ကူညီဖေးမပေးရာတွင် ရဲမှုခင်းဆိုင်ရာ လမ်းဘေး သေဆုံးမှု လမ်းကြောင်း (၃) ကြောင်းပါဝင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း ပရိဒေ၀သောက အပူမီးများနှင့်သာ ကြုံကြိုက်တွေ့ဆုံနေရသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများအဖို့ ယနေ့ သင်္ကြန်အကြတ်နေ့ နေ့လည် (၁း၀၀)နာရီ အချိန်ခန့်တွင် အပူမီးများ ခေတ္တခဏ ပျယ်ပျောက်သွားမှုနှင့် ကြုံကြိုက်ခဲ့ရတော့သည်။ အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေး မော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၀င်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ “တို့တိုင်းဌာနီ NLD၊ ဒေါင်းပျိုမာတာ ပိတောက်ဋိကာ၊ ခွပ်ဒေါင်းပြဌာန်းသစ်၊ ခွပ်ဒေါင်းသင်္ကြန်၊ အိုးဝေ တွန်သံ၊ BG သင်္ကြန်အိုးဝေသံ၊ ကြည်မြစိမ်းစို ခွပ်ဒေါင်းပျို” စသည့်သီချင်းများအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားတို့၏ တောင်းဆိုချက်ကြောင့် “ခွပ်ဒေါင်းပြန်လာပြီ” သီချင်းအား မြိုင်ဆိုင်သီဆို ကပြဖျော်ဖြေခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် ၀င်ရောက်ကပြကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား ဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ (တစ်သောင်း)ကျပ်၊ အသင်းသူ မပြားလီမှ ဂုဏ်ပြုငွေ(နှစ်သောင်း)ကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ (ငါးသောင်း)ကျပ်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ(တစ်သိန်း)ကျပ်တို့အား ချီးမြှင့်ပေးကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေး အဖွဲ့သား/သူ အယောက်(၄၀)ကျော်တို့အား ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည်။ ထိုသို့သီဆိုဖျော်ဖြေမှုအား အသင်းသား/သူများ၊ ၀န်ထမ်းများအပြင် ပြင်ပမှဧည့်ပရိသတ်များပါ လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။ BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေး မော်တော်ယာဉ် ထွက်ခွာသွားစဉ်၌ အဖွဲ့သား/သူများ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများတို့သည် BG အဖွဲ့သား/သူများတို့အား သင်္ကြန်ရေ ပက်ဖျန်းလောင်းခဲ့သည်။

နေ့လည် (၃း၀၀)နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် လုပ်ကိုင်ဆဲ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင် ပေးဆပ်နေစဉ် (၈၈)ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် ဦးဆောင်၍ (၈၈)ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာသို့ ထပ်မံရောက်ရှိလာကြ ပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲတွင်ရေးစပ်ခဲ့သည့် သီချင်းများဖြင့် အဖွဲ့လိုက်သီဆိုဖျော်ဖြေခဲ့ရာ မမြင် မကြားရသည်မှာ နှစ်ပေါင်း (၂၀/၃၀)နှစ်ခန့်ရှိပြီဖြစ်သော သင်္ကြန်သံချပ်များဖြင့် (၈၈) အမျိုးသမီးအဖွဲ့၊ (၈၈)အမျိုးသားအဖွဲ့များမှ “မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့”နှင့် ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဂုဏ်ပြုငွေ (တစ်သိန်း)၊ ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုငွေ(တစ်သိန်း)၊ ဒုဥက္ကဋ္ဌ- ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ(သုံးသောင်း)ကျပ်တို့အား ဂုဏ်ပြုချီးမြှင့် ပေးအပ်ကာ ဒေါ်ရွှေဇီးကွက်နှင့် (၈၈)ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန် သင်္ကြန်ရေပက်ဖျန်းလောင်းကာ နေ့လည်စာ ရွှေရင်အေး၊ သာကူတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသော မဟာသင်္ကြန်နှစ်များနှင့်မတူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် မြန်မာပြည်သူ/သားများအတွက် မင်္ဂလာအရှိဆုံး မဟာသင်္ကြန် နှစ်ထူး နှစ်မြတ်ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထု တခဲနက် ထောက်ခံအားပေးမှုကိုခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုရရိှသော နှစ်ဖြစ်သလို အကျဉ်းကျနိုင်ငံရေးအကျဉ်းသားများဖြစ်သော (၈၈)ကျောင်းသားများ ပြန်လည်လွတ်မြောက်လာသော နှစ်လည်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့် မမြင်ရသည်မှာကြာပြီဖြစ်သော သံချပ်အဖွဲ့များ ပြန်လည်ပေါ်ပေါက်လာသော နှစ်သစ်လည်းဖြစ်ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကန်)၏ နေ့စဉ်မွန်းကြပ်မှုများ၊ လှောင်ပိတ်မှုများနှင့် ကျွန်တော်တို့အား ကူးစက် လွှမ်းခြုံခြင်းခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေးပရိဒေ၀ အပူမီးများအား ယခုကဲ့သို့ ခဏတာအတွင်း ပြေပျောက်အေးချမ်းမှုကို လာရောက်ဆေးကြောပေးကြသော NLD၊ BG သွေးလှူအဖွဲ့၏ ဖျော်ဖြေသီဆိုရေးအဖွဲ့နှင့် (၈၈) ကျောင်းသားများ မဟာသင်္ကြန်သံချပ်အဖွဲ့တို့အား ၀မ်းမြောက်ဝမ်းသာပီတိဖြစ်ကာ ကျေးဇူးအထူးတင်ရှိပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့ လူမှုရေး သမားများသည် အများပြည်သူတို့၏ သောကအပူမီးများကို လိုက်လံငြိမ်းသတ်ပေးနေရသကဲ့သို့ မိမိတို့တွင်စွဲကပ်နေသော သောကအပူမီးများအားလည်း ယခုကဲ့သို့ပြန်လည်၍ ငြိမ်းအေးစေသော အချိန်အခိုက်အတန့်အတွင်းတွင် ငြိမ်းအေးစေခြင်းသည် NLD၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြမော်တော်ယာဉ်အဖွဲ့သားများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သော ဥက္ကဋ္ဌ ဦးကျော်သူ၏ “ ဒေါင်းဆိုတာ … ခွပ် ချိန်တန် ခွပ် ၊ က ချိန်တန် က ရတယ် ” ဟူသော စကားပမာပင် ဖြစ်တော့သည်။

ကိုကျော်သူ

1 88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ်တွင် ဖျော်ဖြေနေစဉ်.(ရုပ်/သံ)



CJ myanmar.popular news journal

၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်ရေးစပ်ခဲ့သောသင်္ကြန်သံချပ်

ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
... တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
(ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အစဉ်အလာကောင်းကိုထိန်း)၂
သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန်ကပါစို့

မပြောမပြီး မတီးမမြည် ......... တို့စည်တီးတာ ပြည်သူ့အတွက်
ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ
ဒီမိုကရေစီအနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း
ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြလှုံကြ
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့်
ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ
မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး
နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း
ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး
မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ
ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.