Saturday, July 18, 2009

0 ကိုမင်းကိုနိုင် အားပြန်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်


တတိယ အကြိမ်မြောက် ပြန်လည်လွတ်မြောက်လာအုံးမည် ဟု သတင်းများထွက်ပေါ်နေသည့်  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

တင်ကျော်ကျော်စိုး

စစ်အစိုးရက မကြာခင်ကျင်းပတော့မည့် ၂၀၁၀ရွေးကောက်ပွဲ တွင်ပါဝင်နိုင်ရန် အတွက် ဖမ်းဆီးထားသောနိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည့် အစီအစဉ်ရှိသည် ဟုကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလ ကထောင်ဒဏ်၆၅ နှစ်ချမှတ်ခံရသည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အားပြန်လွှတ်ပေးလိမ့်မည် ဟုသတင်များ ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်ခဲ့သည်။

စစ်အစိုး၏ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးမည် ဆိုသည့် အစီအစဉ် နှင့် ပတ်သက်၍ ရွှေဝါရောင်တော်လှန်ရေး အတွင်းက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် လှုပ်ရှားတက်ကြွသူတစ်ဦး၏ မိခင်ဖြစ်သူကမူ “အန်တီ တို့ ကိုယ့်သားသမီးပြန်လွတ်လာမယ် လို့ လဲမမျှော်လင့် ရဲပါဘူးဘယ်သူပြန်လွတ်လွတ် တော့ အန်တီတို့ ဝမ်းသားတာပဲ ၊အခုတော့ ပီပီ(နိုင်ငံရေးအကျဉ်းသား) မိသားစု တွေထဲမှာတော့ မင်းကိုနိုင် ပြန်လွတ်လာမယ် လို့ သူတို့ ကြားရတဲ့ သတင်းတွေ ကတစ်ဆင့်ကိုးကားပြီးပြောနေတာကြားတယ် ဟု Freedom News Group သို့ ပြောသည်။

လက်ရှိရှမ်းပြည်နယ် ကျိုင်းတုံ ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကို မင်းကိုနိုင်မှာ အကျဉ်းထောင်ရှိရာဒေသ၏ ရာသီဥတု အခြေအနေ ဆိုးရွားခြင်းကြောင့်ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရဖွယ်ဖြစ်နေသည်။

စစ်အစိုးရ က နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းထွက်ပေါ်ပြီးနောက် မြောင်းမြထောင် ၊ပုသိမ်ထောင် ၊မြင်းခြံထောင် ၊ဘားအံထောင် နှင့် ကလေးထောင် တို့ တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား စစ်ထောက်လှမ်းရေး နှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ ဆုံမေးမြန်းမှုများရှိသည် ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းသည် ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိ
သားစု အတွက် မျှော်လင့်စရာများ ဖြစ်လာခဲ့သော် လည်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စာအုပ် ထုတ်ဝေဖြန်ချိရေးလုပ် ငန်းရှင် တစ်ဦးဖြစ်သူက “မင်းကိုနိုင် ကိုလွှတ်ပေးမယ် လို့ သတင်းထွက် လာတာဟာ အခု လက်ရှိ အာဇာနည် နေ့ ၊ရှစ်လေးလုံး နှစ်ပတ်လည် နဲ့  ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့ တွေ မှာ အီရန် လိုဖြစ်လာမှ ဆိုးလို့ သူတို့ လွှတ်မယ့်ထဲမှာ ကိုပေါ်(မင်းကိုနိုင်) လည်းပါမယ် ဆိုပြီး အရှိန် လျှော့သွားအောင် လုပ်တဲ့သဘောပါ။တကယ် လွှတ်ပေးတော့ မှ အော်လွှတ်ပေးပါလားဆိုပြီး ယုံရမှာပါ၊ အခုလည်း ကိုသူရ (ဇာဂနာ) ပါမယ်ဆိုပြီးသတင်းတွေ ထွက်နေသေးတယ် ” ဟု ပြောသည်။

စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ ဒီမိုကရေစီ အင်အားစုမှာ ထောင်ဝင်စာတွေ့ ခွင့်ရရန် လည်း အခက်အခဲရှိပြီး ကျန်းမာရေးအခြေအနေ များမှာ လည်း အထူး သဖြင့် အမျိုးသမီးများ နှင့် သက်ကြီးရွယ် အို နိုင်ငံရေးအကျဉ်းသားများတွင် များစွာ စိုးရိမ်ဖွယ်ရာဖြစ်သည်။

သတင်း။ ။Freedom News Group

0 မင်းကိုနိုင် ရဲ့ ဖခင် ဦးသက်ညွန့် ရေးဆွဲထားတဲ့ မင်းကိုနိုင် ပုံတူပန်းချီကား


ပေးပို့သူ။ ။ ကြယ်ပျိုးခင်း

0 Gtalk chat window ထဲမှာပဲ နအဖ banထားတဲ့ Youtube Video ကြည့်မယ်....


နအဖက က Ban ထားတဲ့ ဗွီဒီယို (hosting) ဆိုက်တစ်ခုဖြစ်တဲ့ www.youtube.com ကဗွီဒီယိုတွေကို မြန်မာပြည်ကလူတွေကြည့်လို့ရအောင် Gtalk Chat window ထဲမှာပဲတစ်ခါထဲပြလိုက်လို့ရတဲ့ ဆော့ဖ်ဝဲလေးကိုတွေ့မိလို့ တင်လိုက်ပါတယ်။ မြန်မာပြည်တွင်းကလူတွေလည်း ဒီဆော့ဝယ်ကို ဒေါင်းလုပ်လုပ်မှ ကြည့် ရူနိုင်မည်ဖြစ်ပါသည်။
ဒီနေရာမှာ
Image Hosting by Picoodle.com


smileys,radio channels,TV news channel,google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲ မှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....

၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာwinrar ဆော့ဖ်ဝဲရှိဖို့တော့ လိုအပ်ပါတယ်။ မရှိခဲ့လျှင်တော့ ဒီမှာဒေါင်းလုပ်အရင်လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့ ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကို အရင်ဒေါင်းလုပ်လုပ်ရပါမယ်။ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်
၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...

ပြီးလျှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအားအရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကို
ရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။

Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....Start--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကိုရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။

မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင် google video အား


sravi:gvideo: < Google Video Link Here in this Bracket>


You tube video ဆိုလျှင်
sravi:utube:<http://www.youtube.com/watch?v=P6HYimHlj4E>

ဟုမိမိပြချင်သည့်သူအား ၎င်းနှင့်ချက်နေသည့်ဝင်းဒိုးလေးထဲတွင်ရေးထည့်ပေးလိုက်လျှင် ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထားလျှင် ကြည့်လို့ရပြီဖြစ်ပါတယ်။အထက်က youtube video link နေရာမှာဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brownရဲ့withyouဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....
ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....


Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အားဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်
လမ်းညွှန်ပြထားပါတယ်။

Credit = Ravi Sharma

0 အလုပ်ကြမ်းနဲ့ တစ်သက်တစ်ကျွန်း (နိုင်ငံခြားရောက်ရင်)


Killer Ca$h

0 ကမ္ဘာ့လူတုပ်ကွေးရောဂါတွေ့ရှိသူ စတုတ္ထမြောက်တစ်ဦး ထပ်မံတွေ့ရ

Thai Airway ခရီးစဉ်အမှတ် TG 305၃၀၅ ဖြင့်ဇူလိုင်လ ၁၂ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ခရီးသည်များအား၎င်းတို့နေထိုင်ရာနေရာများသို့ လိုက်လံစစ်ဆေးစဉ် ရန်ကုန်မြို့နေ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၌ အဖျားတက်ပြီး တုပ်ကွေးရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း၊ ဝေဘာဂီ အထူးကုဆေးရုံကြီး သီးသန့်လူနာခန်း၌ထားရှိပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနက စမ်းသပ်စစ်ဆေးခဲ့ရာ New Influenza A (H1N1)ရှိသည်ဟု အတည်ပြုတွေ့ရှိရကြောင်း.....

သတင်းအပြည့်အစုံက ဒီမှာပါ....

ကမ္ဘာ့လူတုပ်ကွေးရောဂါ

0 Orphans of the Storm ( မိဘမဲ့နာဂစ်ကလေးငယ်များ၏ ဘ၀)ဗီဒီယို


http://www.abc.net.au/foreign/ မှ ပြန်လည်ဝေမျှလိုက်ပါသည်။

0 လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ


လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ

အေးချမ်းမြေ့ (ဧရာဝတီ)

စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ
အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။

0 ဗိုလ်ချုပ်မောင်အေး၏ ၂၀၀၆ ခုနှစ် ရုရှားနိုင်ငံခရီးစဉ် လျှို့ဝှက်အစီရင်ခံစာ

Thursday, July 16, 2009

0 အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု နအဖသံအမတ်က ပြော

0 ၆၂နှစ်ပြည့် အာဇာနည်နေ့

ပေးပို့ သူ ။ ။ဒီဇိုင်းပညာရှင် ကိုမျိုး

Wednesday, July 15, 2009

0 မြန်မာပြည်တွင်းမှ လူငယ်များ ပေးပို့ လာသော စာ။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ ခင်ဗျာ . . .

ကျနော်တို့ သည် မြန်မာပြည်တွင်းမှ မြန်မာပြည်အနာဂါတ် တိုးတက်ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်နေကြသောလူငယ်များ ဖြစ်ပါသည်။

မိဘပြည်သူများအား ယခုတင်ပြမည့် အကြောင်းအရာများမှာ မိမိတို့ လူငယ်များ၏ သဘောထားနှင့် စစ်အာဏာရှင်တို့ မှ မိမိတို့ လူငယ်များအား ကောက်ကျစ်ယုတ်မာစွာဖြင့် မတရားအမှုဆင် ဖမ်းဆီးကာ၊ သားသမီးခြင်း ကိုယ်ခြင်းမစာနာပဲ ယုတ်မာသော နည်းလမ်းမျိုးစုံသုံးကာ ညင်းပန်း နှိပ်စက်နေကြပုံများကို မိဘပြည်သူများ သိရှိနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပထမဦးစွာအနေဖြင့် မည်သည့်လူငယ်မဆို လူငယ်များသည် အနာဂါတ်တွင် တိုင်းပြည်ကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လာမည့်လူငယ်များ ဖြစ်သည်။ မိမိတို့ ၏ မျိုးချစ်စိတ်၊ ယုံကြည်ချက်၊ မတရားမှု့ ကို ခေါင်းငုံမခံတတ်သည့် လူငယ်တို့ ၏ မဟုတ်မခံစိတ်တို့ ကြောင့် မိမိတို့  သည် အာဏာရှင်စနစ်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင်ကို တော်လှန် နေကြသော လူငယ်များ၏ အသက်အရွယ်အနေအထားမှာ အများအားဖြင့် အသက် (၁၆) နှစ်မှ (၂၀) ၀န်းကျင်အရွယ်များသာ ဖြစ်သည်။

ဤလူငယ်များသည် မိဘရင်ငွေ့  နှင့် ကင်းလွတ်ကာစ အရွယ်များ၊ ပညာသင်နေဆဲလူငယ်များသာ ဖြစ်သည်။ သို့ သော် ရဲရင့် သည့် စိတ်ဓါတ်နှင့် မတရားမှုကို ခေါင်းငုံမခံတတ်သော စိတ်ဓါတ်တို့  ကြောင့် ပါတီများ ၊ လူငယ်များ ဖွဲ့စည်းထားသော တော် လှန်ရေးအဖွဲ့များသို့  ၀င်ရောက် လာကြခြင်းဖြစ်သည်။ ဤသည်မှာ တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့်သိမ်းပိုက်ကာ ရဟန်းသံဃာပါ မချန် သတ်ဖြတ်နေသော ဘီလူးစိတ်ဝင်နေသည့် စစ်အာဏာရှင်တို့ ကို တော်လှန်ရန် ဖြစ်သည်။

စစ်အာဏာရှင်တို့ က ၎င်းတို့ အာဏာတည်မြဲရေးအတွက် “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟုဆိုကာ အာဏာ လက်မလွတ်ရေး ဆောင်ရွက်နေချိန်တွင် မိမိတို့လူငယ်များသည်လည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟု ရည်ရွယ်ကာ မိမိတို့ မိဘများသဖွယ် ခင်တွယ်ချစ်မြတ်နိုးရသော အဖေအမေ ၊ အဘိုးအဘွား ပြည်သူများအတွက် အာဏာရှင်ကို တော်လှန်ခဲ့ ကြခြင်း ဖြစ်သည်။

ယခုလက်ရှိ တော်လှန်နေကြသော မိမိတို့ လူငယ်များသည် အာဏာရှင်လက်ပါးစေတို့ ၏ အထက်အာဏာရှင်များ အကြိုက်လိုက် ကာ ၀ါဒ ဖြန့်ချီနေသော အရိုင်းအစိုင်း ပေတေ လေလွင့်နေသော ၊ စိတ်ရိုင်းဝင်နေသော လူငယ်များ မဟုတ်ကြပါ ။မိဘပြည်သူ တို့အတွက် အာဏာရှင်တို့ ၏ ဖိနှိပ်ညင်းပန်းခြင်း ခံနေရသောဘ၀တို့ မှ လွတ်မြောက်ရန် မခံမရပ်နိုင်ဖြစ်ကာ အာဏာရှင် တို့ ကို တော်လှန်နေကြခြင်းသာဖြစ်သည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ အကျဉ်းထောင်များအသီးသီးတွင် ကြီးလေးသော ပြစ်ဒါဏ်များဖြင့် အကျဉ်းကျခံနေကြရသောလူငယ်များ ဦးရေမှာအရေအတွက်အားဖြင့် ( ၁၀၀ ) ကျော်ခန့် ရှိနေပြီး၊ လက်ရှိအမှုရင်ဆိုင်နေရသော လူငယ်များသည်လည်းရှိနေသေးသည်။

အချို့ ဆိုလျှင်အရွယ်နှင့် မလိုက်ဖက်သော ကြမ်းတမ်းသည့် ရဲဘက်စခန်းများအထိ ရောက်ရှိနေကြသောလူငယ်များပင် ရှိနေသည်။ ဤကဲ့သို့ လောကငရဲသို့ ရောက်ရှိနေကြသော လူငယ်များသည်သူတို့သည် မတုန်လှုပ်ကြောင်း ၊ မိဘပြည်သူတို့ လွတ်မြောက်ရေး အတွက် ကြိုးစားရင်း အာဏာရှင်လက်ပါးစေတို့ မတရားအမှုဆင် ဖမ်းဆီးခံရခြင်းအတွက် ဘယ်သောအခါမှ နောင်တရလိမ့် မည် မဟုတ်ကြောင်းနှင့် ကျန်ရှိနေသော တော်လှန်ရေးမျိုးချစ်လူငယ်များအားလည်း ဆက်လက်တော်လှန် သွားကြရန်ကိုအကျဉ်းထောင် များနှင့် ရဲဘက်စခန်းများမှနေ၍ ဆက်သွယ်ရေးသားလာသောစာများတွင် ဖေါ်ပြ ထားသဖြင့် ဖတ်ရှု့ပြီး မိမိတို့ သည် မျက်ရည် စို့မိကြရပါသည်။

အဆိုပါ မိမိတို့၏ သူငယ်ချင်းများသည် သူတို့ ၏ ငယ်ရွယ်နုပျိုသော အချိန်များတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ကြမ်းတမ်းသော အလုပ်ကြမ်းများ လုပ်ဆောင်နေကြရသော်လည်း ဘယ်သောအခါမှ နောင်တရမည့်သူများ မဟုတ်ပေ။

ဤသည်မှာ သူတို့ ၏ ခံစားနေရသော ဆင်းရဲဒုက္ခအပေါင်းတို့သည် သူတို့ ကောင်းစားရေးအတွက် မဟုတ်ပဲ၊ မိဘပြည်သူတို့ အ တွက် ကြိုးစားဆောင်ရွက်ရင်း၊ ဘီလူးစိတ် သရဲစိတ်ဝင်နေကြသော အာဏာရှင်လက်ပါးစေတို့၏ လက်အတွင်း ကျဆင်းခဲ့ရသောကြောင့်သာ ဖြစ်ပေသည်။

အကယ်၍ စာဖတ်သူအနေဖြင့် မိမိ၏ သားသမီးတစ်ဦး၊ ညီအကိုမောင်နှစ်မတစ်ဦး၊ သူငယ်ချင်းတစ်ဦး၊သည် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည် ရှိသော် မည်ကဲ့သို့ ခံစားရမည်နည်း။

သို့သော် မိမိတို့ လူငယ်များသည် အမိအဖသဖွယ် သဘောထားသော ပြည်သူ တို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေနိုင်ရေးအတွက် မိမိတို့ဘ၀များကို ဆက်လက်ပေးဆပ်နေဦးမည် ဖြစ်သည်။

ကျွန်တော်တို့  လူငယ်တွေရဲ့  မြင့်မြတ်တဲ့ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ်ရှိရှိနဲ့  ကြိုးစားဆောင်ရွက်နေကြတာကို မိဘပြည် သူ တွေအနေနဲ့  အသိအမှတ်ပြုစေချင်ပြီး၊ ကျွန်တော်တို့  လူငယ်တွေအနေနဲ့  အသက်ကို ပဓါနမထားဘဲ ကြုံလာသမျှ အခက် အခဲမှန်သမျှကို ရင်ဆိုင်နေကြချိန်မှာ မိဘပြည်သူတွေအနေနဲ့ လည်း ကျွန်တော်တို့ နဲ့  အတူ ၀ိုင်းဝန်ကူညီ ပါဝင် အားဖြည့်ကြပြီး အားလုံးရင်ဆိုင်နေရတဲ့ လူမှုဘ၀နိမ့်ပါးမှုတွေကနေ လွတ်မြောက်နိုင်ဖို့ အတွက် အတူတကွ ဆောင်ရွက်ပေးကြပါလို့  ပြောကြား လိုပါတယ်။

အာဏာရှင်တွေကို ကျွန်တော်တို့  လူငယ်တွေ အသက်ပေးပြီး အခက်အခဲတွေ ရင်ဆိုင်နေရင်းနဲ့  ဆက်လက်တော်လှန်နေပါမယ်။ မိဘပြည်သူတွေကိုလည်း ပါဝင် ဦးဆောင်ပေးကြပါလို့  အနူးအညွတ် ပြောကြားလိုပါတယ်။

မြန်မာပြည်တွင်းမှ လူငယ်များ။

ပေးပို့သူ။ ။ ကိုမိုးသွေး

Tuesday, July 14, 2009

1 အကျင့်ပျက် သတင်းရဲ ကြောင့် နိုင်ငံကူးလက်မှတ် ပွဲစား(၁၁)ဦး ဖမ်းဆီးခံရ


burma passport

ရုရှားသင်တန်းပြန် စစ်ဗိုလ်ပြုတ်(၃)ဦးကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တဲ့ အကျင့်ပျက်သတင်းရဲအဖွဲ့ အတွင်း အရှုပ်အထွေးများကြောင့် ရန်ကုန်တွင် ဇူလိုင်လ စောစောပိုင်းက နိုင်ငံကူးလက်မှတ်ပွဲစား(၁၁)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်..

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား ..

သတင်းရဲအဖွဲ့အတွင်း ယခုမှ အကျင့်ပျက်ခြင်းမဟုတ်ပါ. (၄)နှစ်တာကာလ စနစ်တကျပျက်နေသည့် မြန်မာနိုင်ငံကူးလက်မှတ်

ထုတ်ပေးရေးကို ပြည်ထဲရေးဝန်ကြီးရဲ့ လက်ရုံးတစ်ဆူဖြစ်သော ဦးမြင့်သိန်းက အကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့ပါသည်...

ဦးမြင့်သိန်းနှင့် တိုက်ရိုက်ဆက်ဆံပြီး (၁)ရက်အတွင်း (၃)ရက်မကြာစေရ အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးနိုင်သည့်

ပွဲစားကြီးများဖြစ်သော ကူးမား(လွစ္စလမ်း)၊ဇော်မိုး(စင်ဝှါ)နဲ့မောင်တိတ်တို့မှာတပတ်လျှင်(၃)အုပ်ထက်မနည်းတစ်အုပ်လျှင်(၁၅)သိန်းဖြင့်
လုပ်ကိုင်ပါသည်.. ကူးမားမှာ ဦးမြင့်သိန်းနှင့်တပည့်များအား (၁၃)သိန်းပေးပြီး တအုပ်လျှင်(၂)သိန်းတွက်ချေကိုက်ပါက လုပ်ကိုင်ပါသည်. ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံကူးလက်မှတ်ပွဲစား(၁၁)ဦးအနက် ယင်းတို့ပါဝင်ခဲ့ခြင်းမရှိဘဲ အမှုနှင့်မပတ်သက်ဘူးလို့ သတင်းလွှင့်ပြီး မယားငယ်နှင့်အတူ ပြောင်ပြောင်တင်းတင်းသွားလာနေတာကို တွေ့ရပါသည်..

ကြာသပတေးနေ့က ကိုကျော်သူမှာ လွယ်အိတ်အတွင်းပါရှိခဲ့သော နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းအတုများနဲ့ ငွေကျပ်(၄)သိန်းကိုဖမ်းဆီးရေးအဖွဲ့များနှင့် တွေ့ဆုံသဖြင့် ဖျောက်ဖျက်ခဲ့ရပါသည်... ကိုကျော်သူမှ ဖမ်းဆီးရေးအဖွဲ့နှင့် ပူးပေါင်းရ်ျလက်ထောက်ချသဖြင့် ပွဲစားကြီး အောင်ကျော်ဇော အပါအ၀င်(၁၁)ဦးကို ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်. ဖမ်းဆီးခံရသူများအနက် ရဲနိုင်ဦးမှာ နိုင်ငံကူးလက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦး၏ ညီဖြစ်ပါသည်.. အောင်ကျော်ဇော အနေဖြင့် ဗိုလ်ကြီးဟောင်း(၃)ဦးထံမှ တစ်အုပ်လျှင် (၁၂)သိန်းနှုန်းရယူလုပ်ဆောင်ခဲ့ပါသည်.. ကျွန်တော်တို့ပွဲစားလောကမှာ နိုင်ငံကူးလက်မှတ်တစ်အုပ်ရဘို့ ဆင်သတ်အရပ်ဝေပြီး ပိုင်ရာဆိုင်ရာများနဲ့ အဆင့်ဆင့်ဆောင်ရွက်ရပါသည်.

မှတ်ပုံတင်ပြင်ဆင်အတုနှင့် အိမ်ထောင်စုစာရင်းလုပ်ခ - ၁၅၀၀၀၀

ကာယကံရှင်မပါ ပုံစံအရောင်းဌာန လျှောက်လွှာခ - ၃၀၀၀၀

နိုင်ငံသားစာရွက်စာတမ်းစစ်ဆေးရေးဌာန - ၃၀၀၀၀

စလစ်ထုတ်ပုံစံလက်ခံဌာန - ၇၀၀၀၀

မြို့နယ်အခွန်ပုံစံ(၁၇)ကင်းရှင်းခ - ၃၀၀၀၀

ပြည်တွင်းအခွန်ရုံးကြီးပုံစံ(၁၉)ထုတ်ခ - ၃၀၀၀၀

ရေးသွင်းဌာနအမြန်ခ - ၁၀၀၀၀၀

အမှုဟောင်းစစ်၊ စာတွဲတင်/ချခ - ၃၀၀၀၀

အာဏာပိုင်လက်မှတ်ရေးထိုး(သာမန်) - ၃၀၀၀၀၀ (တရုတ်/ကုလား) ၅၀၀၀၀၀

ကွန်ပျူတာဌာနစာရင်းနက်စစ်ခ - ၃၀၀၀၀

စာအုပ်ထုတ်ပေးဌာနအချိန်မီဆောင်ရွက်ခ - ၇၀၀၀၀

လုပ်ငန်းအဆင့်ဆင့်ပိုင်ဆိုင်ရာပွဲစားငယ်တဦးငှားရမ်းခ - ၁၅၀၀၀

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် တာဝန်အရှိဆုံးမှာ ဦးမြင့်သိန်းဖြစ်ပါသည်. ယင်းကိုယ်စား လက်မှတ်ရေးထိုးခွင့်ပြုထားသူ

အာဏာပိုင် (၃/၄)ဦးအနက် ညာလက်ရုံး ဦးမျိုးသူစိုး(ထောက်လှမ်းရေးဟောင်း ဗိုလ်ကြီး)ကတော့ တစ်လလျှင် (၃)ကြိမ်မှ (၅)ကြိမ်အထိ လက်မှတ်ရေးထိုးပြီး (၁၅)သိန်းမှ (၂၅)သိန်းနီးပါး ရရှိပါသည်. ဦးမျိုးသူစိုး၏ ဇနီးမခင်ဆွေဦး သည် ယခင်ကပင် နိုင်ငံကူးလက်မှတ်ပွဲစား တဦးဖြစ်ရ်ျ ယခုကိစ္စတွင်လည်း ပါဝင်ပတ်သက်နေရာ ခေါ်ယူစစ်ဆေးမည်ကို စိုးရိမ်ပြီး ဆေးရုံတက်ရောက်တိမ်းရှောင်နေပါသည်. ဖမ်းဆီးရေးအဖွဲ့မှ ဦးဝင်းနိုင်ဦး၏ ဇနီး(ဦးမြင့်သိန်း၏တူမ)အား (၂)ကြိမ်ခေါ်ယူစစ်ဆေးခဲ့သော်လည်း မခင်ဆွေဦးအား စစ်ဆေးခြင်းမရှိ သည့်အပေါ် ကျေနပ်မှုမရှိကြောင်း ကြားသိရပါသည်.. ဦးမြင့်သိန်း၏ ဘယ်လက်ရုံး ရေးသွင်းဌာနက ဦးကျော်စိုး ကတော့ သားမင်္ဂလာဆောင်အခမ်းအနားကို စီဒိုးနားတွင်ပြုလုပ်ရ်ျ ဧည့်ခံပွဲအား အမ်သရီးတွင် သိန်းခြောက်ဆယ် အကုန်ကျခံကျွေးမွေးခဲ့ရာ ဖိတ်စာလက်ဆောင်လက်ဖွဲ့ အားလုံးကို ပွဲစားများကပဲ ကမကထပြုခဲ့ရပါသည်. နိုင်ငံကူးလက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦးသည်လည်း ဦးမြင့်သိန်း၏တူဖြစ်နေရ်ျ ယင်းဌာနတစ်ခုလုံးတွင်ဆွေမျိုးသားချင်းတပည့်ရင်းများဖြင့် ဖွဲ့စည်းပြီးစနစ်တကျအကျင့်ပျက်နေခြင်းဖြစ်ပါသည်.




- ၂ -


အကျင့်ပျက်သတင်းရဲမှ အရာရှိငယ်တဦးသည် အနိမ့်ဆုံး တစ်လလျှင် ကျပ်(၃)သိန်းခွဲခန့် လာဘ်ငွေရရှိသကဲ့သို့ အရာရှိကြီးများမှာလည်း

တစ်လလျှင်ကျပ်သိန်း(၃၀)ထက်မနည်းရရှိနေသဖြင့် ဦးမြင့်သိန်းမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ကွန်ဒိုတိုက်ခန်း/နေအိမ် အဆောက်အဦး မြောက်များစွာပိုင်ဆိုင်ခဲ့ပါသည်... သန်လျှင်ကျိုက်ခေါက်ဘုရားအနီး မြေကွက်ကျယ်ကြီး

တွင် ယခုအခါ (၂)ထပ်တိုက်တစ်လုံးကို ပွဲစားများမှ ထပ်မံဆောက်လုပ်ပေးနေရပါသည်.

တရားဥပဒေသည် အားလုံးအတွက်မဟုတ်ဘဲ ပိုင်းခြားရ်ျ စောင့်ရှောက်ကာကွယ်ထားသည်ကို အများပြည်သူနှင့်တကွ

ကျနော်တို့ပွဲစားလောကသားများကိုယ်စား ဗိုလ်ချုပ်မှူးကြီး သိရှိနိုင်ပါရန် ရေးသားဖော်ပြအပ်ပါသည်...

ပွဲစားတစ်ဦး
ပေးပို့သူ ။ ။ လွင်မာ

0 နအဖစစ်အရာရှိတစ်ဦး ကြိုးဆွဲချသေ

သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မန်စီမြို့ အခြေဆိုက် ခမရ (၃၁၉) မှ တပ်ထောက်တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေသည် ဇွန်လ (၂၈)ရက်နေ့က ၎င်း၏ အိမ်ထောင်သည် လိုင်းခန်း အတွင်း၌ ကြိုးဆွဲချ သေသွားကြောင်း သိရသည်။

စစ်တပ်ထဲမှ စစ်အရာရှိကြီးများက အရာခံဗိုလ်ထွန်းရွှေ ကြိုးဆွဲချသေသည့် သတင်းပြင်ပသို့ မပေါက်ကြားရန် ထိန်းချုပ် ထားကြောင်း သိရသည် ။

အရာခံဗိုလ်ထွန်းရွှေ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလို ပြောကြားသည် ။

“CQ ကြီးဦးထွန်းရွှေတဲ့ ဇွန်လ (၂၈) ရက်နေ့က ကြိုးဆွဲချပြီး သတ်သေထားတာ သူ့သား ကိုနိုင်နဲ့ပတ်သက်ပြီး သူ့ အဖေ ဆုံးသွားတယ်ဆိုတော့ ဘာဖြစ်လို့ဆုံးသွားတာလည်းမေးမှ ကြိုးဆွဲချပြီးသေသွားတာလေဆိုမှ သိလိုက်ရတာ ” လို့ သူပြောသည် ။

၎င်း၏ သားဖြစ်သူ ကိုနိုင်သည် အငယ်ဆုံးဖြစ်ပြီး သူ့ထက် အကြီးတစ်ယောက်မှာ ရဲဝန်ထမ်းဖြစ်ကြောင်း သိရသည် ။

“မိသားစု ပြသနာကတော့ မဖြစ်နိုင်ဘူး စားရေးသောက်ရေးက မပြေလည်စရာအကြောင်းမရှိဘူး သားနှစ်ယောက် ထဲမှာ တစ်ယောက်ကလည်း ရဲဝန်ထမ်း တစ်ယောက်က ဆိုင်ကယ် အရောင်းအ၀ယ် လုပ်နေတယ် သူတို့ မိသားစုက အပြင်မှာ အိမ်ဆောက်ပြီး နေကြတာ အရာရှိတွေနဲ့ပဲ အဆင်မပြေလို့လား စစ်တပ်ထဲမှာပဲ ပြဿနာရှိလို့လား တစ်ခုခုပဲ သေတာ ဘယ်မှာသေသလဲ အပြင်အိမ်မှာလားလို့မေးတော့ မဟုတ်ဘူး စစ်တပ်ထဲမှာသေတာ ကြိုးကြီး တန်းလမ်းနဲ့ လို့အဲလို ပြောတယ် ” လို့သူကပြောသည် ။

နအဖစစ်တပ်အတွင်း အထက်အောက် ကွာခြားမှုများနှင့် ကြီးနိုင်ငယ်ညှင်း နှိပ်စက်မှုများကြောင့် တပ်ပြေးမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း စစ်တပ်နှင့်နီးစပ်သူများက ဆိုသည် ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိစကခ (၁၆) ရှိ တပ်ရင်းတစ်ရင်းမှ တပ်ရင်းမှူး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ခိုင်လုံသည့်စစ်တပ်သတင်း ရပ်ကွက်ကသိရသည် ။

Sunday, July 12, 2009

0 ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးအဆင့် ထုချေဖို့ ဇူလိုင်၂၄ ရက် ချိန်း


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုနေတဲ့ အမှုရဲ့ ဒီကနေ့ရုံးချိန်းမှာ နောက်ဆုံးကျန်တဲ့ သက်သေတဦးတည်းကိုပဲ စစ်ဆေးမေးမြန်းခဲ့ပြီး အဲဒီလို မေးမြန်းတာနဲ့ပဲ တနေကုန် သွားခဲ့ပါတယ်။ အဲဒီလို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဟာ လက်ရှိမှာကို အသက်ဝင်နေဆဲ ရှိသေးတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ်လွင်အောင် တရားလို ရှေ့နေ တွေ က မေးခွန်းများစွာ ပြင်ဆင်ပြီး မေးမြန်းခဲ့ကြတာကြောင့် ဒီလောက် အချိန်ကုန် သွားခဲ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ စောင့်ကြည့် နေတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲတင်ထားတာဟာ ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ အချက်က အဓိကစွဲချက် ဖြစ်ပါတယ်။ ဒီစွဲချက်ပုဒ်မတွေ အားလုံးဟာလည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေကနေ မြစ်ဖျားခံလာတာပါ။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျွန်ယက်တောကို လက်ခံတာဟာ အဲဒီအခြေခံဥပဒေမှာ ပါတဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတဲ့ အချက်ကို ဖောက်ဖျက်တာလို့ တရားလိုတွေဘက်ကနေ စွပ်စွဲထားပါတယ်။ ဒါ့ကြောင့်လည်း ဒီကနေ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ စွဲတင်ထားတာတွေဟာ မမှန်ဘူး၊ ဒီစွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ကျူးလွန်ခြင်း မရှိဘူး ဆိုတာကို ပေါ်လွင်အောင် နောက်ဆုံး သက်သေ ဒေါ်ခင်မိုးမိုးကို မေးခွန်းထုတ် မေးမြန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့က အသေမဟုတ်ဘူး။ေ၉၇၄ ခုနှစ် အခြေခံဥပဒေက အသက်မရှိတော့ဘူး။ ဒါကြောင့် အဲဒီကလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပေါ်မှာ တင်တဲ့အမှုက မရှိဘူး။ ဒါက တခု။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတယ်ဆိုရင်လည်း ပုဂ္ဂလိက လွတ်လပ်မှု ဆိုတဲ့ စကားလုံး အနက်အဓိပ္ပါယ်ကို ဘယ်မှာမှ မပါဘူး။ ဘယ်ဥပဒေမှာမှ မပါဘူး။ အဲဒီလို မပါရင် တရားလိုဘက်က စွပ်စွဲသလို အစာကြွေးတာ၊ နုတ်ဆက်တာ စကားပြောတာ၊ နေရာပေးတာဟာ အဲဒီရဲ့ အကျုံးဝင်းခြင်း မ၀င်ခြင်း ဆိုတာ တရားလိုအဖွဲ့အစည်း တရားစွဲအဖွဲ့အစည်းမှာ လုံးဝ အဓိပ္ပါယ် ဖွင့်ဆိုခွင့် မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၉၇၄ အရ ပြည်သူ့လွှတ်တော်ကသာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။ ပြည်သူ့လွှတ်တော် ဆိုတာလည်း အခု မရှိဘူး။ ဒါကြောင့် ဒီပြစ်မှုကို ဒေါ်အောင်ဆန်းစုကြည်လည်း မကျူးလွန်ဘူး။ အဲဒီလို ကျနော်တို့ သွားတာပါ။”

တရားလိုတွေ ဘက်ကလည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ အသက်ရှိသေးတယ် ဆိုတာကို ပေါ်လွင်ဖို့နဲ့ ခုခံသူတွေဘက် က ဥပဒေအရ ထိုးနှက်ချက်ကို ကာကွယ်ဖို့ မေးခွန်း အများအပြား ပြင်ဆင်လာပြီး မေးမြန်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ဟိုဘက်က ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ဘူးလို့ ပြောတာကို အကြီးအကျယ် မေးခွန်းတွေ ထုတ်တာ၊ အကြီးအကျယ် ဆိုတာ မေးခွန်းပေါင်း မြောက်များစွာ ထုတ်တယ်။ ဒီနေ့ အဲဒါနဲ့ အချိန်ကုန်တာ။”

ဒီကနေ့တရားခွင်မှာ လျှောက်လဲချက်ပေး ထွက်ဆိုခဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ရှမ်းပြည်နယ် တောင်ကြီးမြို့က ဥပဒေပညာရှင် ဒေါ်ခင်မိုးမိုး ပါ။ ဒီလို ဒေါ်ခင်မိုးမိုး ထွက်ဆိုခွင့် ရဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အတော်လေး ကြိုးပမ်းခဲ့ရပါတယ်။ ပထမဆုံး တင်သွင်းတဲ့ သက်သေ လေးယောက်ထဲမှာ ဒေါ်ခင်မိုးမိုး ပါ ပါပေမယ့် မူလ ခရိုင် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ရန်ကုန်တိုင်း တရားရုံးကို အယူခံ တင်လျှောက်ထားခဲ့တဲ့ အခါ ဒေါ်ခင်မိုးမိုးကို ခွင့်ပြုခဲ့ပေမဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် တို့ကိုတော့ ဆက်ပြီး ပယ်ချခဲ့ပါတယ်။

နောက်ဆုံးအဆင့် ဗဟိုတရားရုံးကို အယူခံတင် လျှောက်ထားရာမှာလည်း ပယ်ချခဲ့တဲ့အတွက် အခုတော့ ဒေါ်ခင်မိုးမိုး တယောက်ပဲ ဒီကနေ့ ထွက်ဆိုခဲ့ပြီး နှစ်ဘက် ထွက်ဆိုလျှောက်လဲချက်တွေ အားလုံး ပြီးသွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒေါ်ခင်မိုးမိုးဟာ ခုခံချေပသူတွေဘက်က တင်သွင်းတဲ့ သက်သေနှစ်ယောက်ထဲမှာမှ အတော်လေး အဓိကကျတဲ့ သက်သေ ဖြစ်တယ် ဆိုရင် မမှားပါဘူး။

နောက်ဆုံးအဆင့် လျှောက်လဲချက် ပေးကြဖို့ ဇူလိုင်လ ၂၄ ရက်၊ သောကြာနေ့၊ နေ့လည် ၂ နာရီကို ရုံးချိန်း ပေးလိုက်တယ် လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီနေ့တရားရုံးမှာတွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့လည်း -

“ကောင်းပါတယ်။ ကျန်းမာရေး အခြေအနေလေ။ ကောင်းတယ်။ နောက်ပြီးတော့ ကျနော်တို့က တပြိုင်နက်မှာပဲ စာမျက်နှာ ၁၈ မျက်နှာ ပြုစုပေးတာ။ သူက ညတွင်းချင်း ပြန်ရေး၊ ပြန်ပြီးတော့ remark လုပ်တာပေါ့လေ။ ဒါ final argument အတွက် ကျနော်တို့ ပြင်ဆင်နေကြတာပေါ့။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းပါ။

ဒီအမှုကို အဓိက စဖြစ်စေခဲ့သူလို့ ပြောရမယ့် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆေးရုံတင် ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီကနေ့တော့ တရားခွင်မှာ ပုံမှန်အတိုင်း တွေ့ခဲ့ရတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တရားစစ်ဆေးခဲ့တဲ့ အင်းစိန်ထောင်ဝင်းပြင်ပမှာ လက်နက်ကိုင် လုံခြုံရေးရဲတွေ တင်းတင်းကျပ်ကျပ် ချထားပြီး လမ်းတွေ လည်း ပိတ်ထားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တွေကတော့ အင်းစိန်ထောင်နား ပတ်ဝန်းကျင်တ၀ိုက် စုဝေးရောက်ရှိနေခဲ့ကြတယ် လို့လည်း ပြောပါတယ်။

အမှုစစ်ဆေးနေတာဟာ မကြာခင် သီတင်းပတ်တွေအတွင်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ် ချက်က ဘယ်လိုဖြစ်လာမယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့မှာ အပြစ် မရှိတဲ့အကြောင်း ရုံးတင်စစ်ဆေးမှု အစမှာကတည်းကိုက ပြောထားခဲ့ဖူးသလို သူ့အပေါ် တင်ထားတဲ့ စွဲချက် တွေ အားလုံးဟာ နိုင်ငံရေး ရည်ရွယ်ချက် နဲ့ စွဲတင်ထားတာ ဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အမှုကို အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးတာ မဟုတ်သလို သက်သေတွေ ခွင့်ပြုတာကလည်း အရေအတွက် မညီမျှလွန်းတဲ့ အတွက် မျှတမှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကလည်း ပြောထားပါတယ်။

ဒီအမှုစကတည်းကိုက နိုင်ငံတကာကနေ မြန်မာစစ်အစိုးရပေါ် ပြစ်တင်ဝေဖန်တာတွေ ပိုတိုးလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံလာပြီး တောင်းဆိုခဲ့ပေမယ့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ခွင့်တောင် မပေးခဲ့ပါဘူး။ ဒါ့ကြောင့်လည်း မြန်မာစစ်အစိုးရဟာ နိုင်ငံရေး ပွင့်လင်းမှုခေတ်သစ်ကို သန္နိဋ္ဌာန်ချ သွားနေပါတယ် ဆိုတာကို ပြသဖို့ တကယ့် အခွင့်အလန်းကောင်း တခုကို လက်လွတ်သွားတယ်လို့ သူယုံကြည်ကြောင်း မြန်မာနိုင်ငံကနေ ပြန်မထွက်ခင်လေးမှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဘာမှတ်ချက် တစုံတရာမှ ပြောကြားတာမျိုး မရှိခဲ့ပါဘူး။ သူနဲ့ မစ္စတာဘန်ကီမွန်း တို့ တွေ့ခွင့်ရမယ် ဆိုရင်တောင်မှ သူ့ရဲ့အမှုကိစ္စအတွက် ပြောဆိုဆွေးနွေးမှာ မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကိုသာ ဆွေးနွေးမှာဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း မလာခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားခဲ့ပါတယ်။ voa မှကူးယူဖော်ပြပါသည်။

0 7th july Tokyo

video။ ။ kopwar

0 ပြည်သူလူထု ထမင်းငတ်သည်မှာ အရေးမဟုတ် ဟု တိုင်းမှူးသောင်းအေး ဆို

တာကလူး (နိရဉ္စရာ)
ရခိုင်ပြည်နယ်တွင် အများပြည်သူ ထမင်းငတ် အခက်ကြုံနေသည်မှာ အရေးမဟုတ် စစ်တပ် မိသားစုများသာ ထမင်းမငတ်ဖို့ အရေးကြီးသည်ဟု တိုင်းမှူးသောင်းအေးက ပြောကြား လိုက်ကြောင်း ပုဏ္ဍားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

အဆိုပါ ပြောကြားမူမှာဏ္ဍားကျွန်းမြို့နယ်ရှိ တန်းစွယ်၊ မင်းဂံ နှင့် ကျော်ဇံ ကျေးရွာတို့မှ ဒေသခံ တောင်သူလယ်သမားများမှ လယ်မြေ သိမ်းခံရ၍ လုပ်ကိုင် စားသောက်ရန် အခက်အခဲ ဖြစ်နေကြရသဖြင့် အနောက်ပိုင်း တိုင်းမှူး တိုင်းမှူးအား သွားရောက် အသနားခံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများမှ ကျေးရွာသားများ စုပေါင်း ပိုင်ဆိုင်သည့် ကျွဲနွားစားကျက်မြေ (၁၆) ဧကကို ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ(၅၅၀)မှ ဗိုလ်ကြီးနိုင်ဝင်း ဦးဆောင် ပြီး ဇူလိုင်လ (၂)ရက်နေ့တွင် သိမ်းယူခဲ့သည်။

ကျွဲနွား စားကျက်မြေများကို စစ်တပ်မှ အတင်းအဓမ္မ သိမ်းယူခဲ့ပြီးနောက် အဆိုပါ စားကျက်မြေတွင် ကျေးရွာသားများကို ခေါ်ယူပြီး အခမဲ့ လယ်ယာ ထွန်ယက်စိုက်ပျိုး ခိုင်းခဲ့သည်။ သို့အတွက် ဒေသခံ လယ်သမားများက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပြီး တိုင်းမှူးသောင်းအေးကို တိုင်ကြားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးက “တိုင်းမှူး သောင်းအေးက ခင်ဗျားတို့ ထမင်းငတ်နေတယ် အခက်ကြုံနေတယ် ဆိုတာ အရေးမကြီးဘူး၊ စစ်တပ်မိသားစုတွေ မငတ်ဖို့ အရေးကြီးတယ်။ စစ်တပ်က ပြောတာကို လိုက်နာရမယ်။ ခိုင်းတာကို လုပ်ပါ။ လယ်ထွန် ခိုင်းရင် ထွန်ပေးရမယ်။ မထွန်ပေးဘူးဆိုရင် ဒဏ်ငွေ ၅၀၀၀၀ စီပေးရမယ် ဆိုပြီး တုန့်ပြန် ပြောကြား ခဲ့ပါတယ်” ဟု ပြောသည်။

တိုင်းမှူးသောင်းအေးသည် မြန်မာနိုင်ငံအတွင်း ကျေးလက်မြို့ပြ တပြေးညီ တဟုန်ထိုး တိုးတက်ရေးအတွက် နေ့ညမအား ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်ဟု ပြောဆိုနေသည့် နအဖ စစ်အစိုးရ၏ ရခိုင်ပြည်နယ် ဆိုင်ရာ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အတင်းအဓမ္မ မြေသိမ်းယူခဲ့သည့် လယ်မြေများပေါ်တွင် တန်းစွယ်ရွာမှ (၆)ဧက၊ မင်းဂံရွာမှ လ(၅)ဧက နှင့် ကျော်ဇံရွာမှ (၅) ဧက ထွန်ယက် စိုက်ပျိုးပေးရမည်ဟု စစ်တပ်က ခွဲတမ်းချ ခဲ့သည်ဟု သိရသည်။

တခြား လယ်သမားတစ်ဦးက “ကျွဲနွားတိရစ္ဆာန်တွေကို အသုံးပြုပြီး လယ်ထွန် နေရတာဆိုတော့ စားကျက်မြေဆိုတာ လယ်သမားတွေ အတွက် အင်မတန်မှ အရေးကြီးပါတယ်။ မြေကို သိမ်းလိုက်တဲ့ အပြင် သူတို့ဆီက ဘာမှမပေးပဲ ထွန်ယက်စိုက်ပျိုးခိုင်းတယ်။ ကျွန်တော်တို့ ကျေးရွာတွေမှာက အကုန်လုံး ဆင်းရဲသား လယ်သမားတွေပါ။ ဒီလို စိုက်ချိန်ပျိုးချိန် အလုပ်များနေတဲ့ အချိန်မှာ အရင်းမပါပဲ အလုပ်လဲ လာခိုင်းတယ်ဆိုတော့ ဘယ်သူ့မှ မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် မလုပ်ရင် ကျပ်ငွေ ၅၀၀၀၀ လျော်ရမယ်ဆိုတော့ နောက်ဆုံးတော့ စစ်တပ်က ခိုင်းတာကို လုပ်ပေးကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် တိုင်းမှူး သောင်းအေးက အဆိုပါ စားကျက်မြေများအပြင် ရခိုင်ပြည်နယ်အတွင်း လယ်သမားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ အားလုံးကိုလည်း စစ်တပ်မှ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည် ဟုဆိုသည်။

0 19 July အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.