Saturday, July 18, 2009

0 ကိုမင်းကိုနိုင် အားပြန်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်


တတိယ အကြိမ်မြောက် ပြန်လည်လွတ်မြောက်လာအုံးမည် ဟု သတင်းများထွက်ပေါ်နေသည့်  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

တင်ကျော်ကျော်စိုး

စစ်အစိုးရက မကြာခင်ကျင်းပတော့မည့် ၂၀၁၀ရွေးကောက်ပွဲ တွင်ပါဝင်နိုင်ရန် အတွက် ဖမ်းဆီးထားသောနိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည့် အစီအစဉ်ရှိသည် ဟုကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလ ကထောင်ဒဏ်၆၅ နှစ်ချမှတ်ခံရသည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အားပြန်လွှတ်ပေးလိမ့်မည် ဟုသတင်များ ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်ခဲ့သည်။

စစ်အစိုး၏ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးမည် ဆိုသည့် အစီအစဉ် နှင့် ပတ်သက်၍ ရွှေဝါရောင်တော်လှန်ရေး အတွင်းက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် လှုပ်ရှားတက်ကြွသူတစ်ဦး၏ မိခင်ဖြစ်သူကမူ “အန်တီ တို့ ကိုယ့်သားသမီးပြန်လွတ်လာမယ် လို့ လဲမမျှော်လင့် ရဲပါဘူးဘယ်သူပြန်လွတ်လွတ် တော့ အန်တီတို့ ဝမ်းသားတာပဲ ၊အခုတော့ ပီပီ(နိုင်ငံရေးအကျဉ်းသား) မိသားစု တွေထဲမှာတော့ မင်းကိုနိုင် ပြန်လွတ်လာမယ် လို့ သူတို့ ကြားရတဲ့ သတင်းတွေ ကတစ်ဆင့်ကိုးကားပြီးပြောနေတာကြားတယ် ဟု Freedom News Group သို့ ပြောသည်။

လက်ရှိရှမ်းပြည်နယ် ကျိုင်းတုံ ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကို မင်းကိုနိုင်မှာ အကျဉ်းထောင်ရှိရာဒေသ၏ ရာသီဥတု အခြေအနေ ဆိုးရွားခြင်းကြောင့်ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရဖွယ်ဖြစ်နေသည်။

စစ်အစိုးရ က နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းထွက်ပေါ်ပြီးနောက် မြောင်းမြထောင် ၊ပုသိမ်ထောင် ၊မြင်းခြံထောင် ၊ဘားအံထောင် နှင့် ကလေးထောင် တို့ တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား စစ်ထောက်လှမ်းရေး နှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ ဆုံမေးမြန်းမှုများရှိသည် ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးမည့် သတင်းသည် ရန်ကုန် နိုင်ငံရေးအကျဉ်းသားမိ
သားစု အတွက် မျှော်လင့်စရာများ ဖြစ်လာခဲ့သော် လည်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စာအုပ် ထုတ်ဝေဖြန်ချိရေးလုပ် ငန်းရှင် တစ်ဦးဖြစ်သူက “မင်းကိုနိုင် ကိုလွှတ်ပေးမယ် လို့ သတင်းထွက် လာတာဟာ အခု လက်ရှိ အာဇာနည် နေ့ ၊ရှစ်လေးလုံး နှစ်ပတ်လည် နဲ့  ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့ တွေ မှာ အီရန် လိုဖြစ်လာမှ ဆိုးလို့ သူတို့ လွှတ်မယ့်ထဲမှာ ကိုပေါ်(မင်းကိုနိုင်) လည်းပါမယ် ဆိုပြီး အရှိန် လျှော့သွားအောင် လုပ်တဲ့သဘောပါ။တကယ် လွှတ်ပေးတော့ မှ အော်လွှတ်ပေးပါလားဆိုပြီး ယုံရမှာပါ၊ အခုလည်း ကိုသူရ (ဇာဂနာ) ပါမယ်ဆိုပြီးသတင်းတွေ ထွက်နေသေးတယ် ” ဟု ပြောသည်။

စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ ဒီမိုကရေစီ အင်အားစုမှာ ထောင်ဝင်စာတွေ့ ခွင့်ရရန် လည်း အခက်အခဲရှိပြီး ကျန်းမာရေးအခြေအနေ များမှာ လည်း အထူး သဖြင့် အမျိုးသမီးများ နှင့် သက်ကြီးရွယ် အို နိုင်ငံရေးအကျဉ်းသားများတွင် များစွာ စိုးရိမ်ဖွယ်ရာဖြစ်သည်။

သတင်း။ ။Freedom News Group

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.