Saturday, December 8, 2012
0 (LEADER) ခေါင်းဆောင် ဖြစ်လာဖို့ လွယ်ကောင်းလွယ်မည်.. သို့သော် ခေါင်းဆောင်အလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်ဖို့ ခက်သည်။
နိုင်ငံတခုမှာ လူအများက ဘယ်လောက် အတိုင်းအတာထိ ကြီးမား ကျယ်ပြန့်စွာ တူညီတဲ့ အမြော်အမြင် ရှိကြလဲ... ဘယ်လောက်ထိ သွေးစည်း ညီညွတ်နိုင်ကြသလဲ .. ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ.. ဒါတွေကို ကျနော်တို့ ပြန်ပြီး စိစစ်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီကိစ္စအပေါ်မှာ အမြဲတမ်း အားမလိုအားမရ ပြောဆို ဆုံးမ ပဲ့ပြင်ပေးလေ့ရှိတာ လူတိုင်း သိကြ လက်ခံကြပါတယ်။
ဒီကိစ္စဟာ အစိုးရအပါအဝင် ကျနော်တို့ ပြည်သူတွေအားလုံး အမြဲတမ်း အထူး သတိထား ဖြည့်ဆည်း မြှင့်တင်သင့်တဲ့ ကိစ္စတခုလို့ ဆိုချင်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် တာဝန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်နဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ယူရတဲ့ ခေါင်းဆောင်တွေက အချိန်အခါ အားလျော်စွာ အားတက်သရော လုပ်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါမှလည်း နောက်လိုက်တွေက အလေးအနက် လိုက်လုပ်လာနိုင်စရာရှိလို့ နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ ကောင်းတဲ့ဘက်က ပုံသွင်းယူလာနိုင်ဖို့ ရှိပါမယ်။ 
ဂျပန်နိုင်ငံက အဖြစ်တခု
ဥပမာ ဂျပန် ဆိုပါတော့.. ၂ဝ၁၁ မတ်လ ၁၁ ရက်နေ့က ဆုနမိ ရေလှိုင်း (magnitude 9.0) ကြောင့် လူ နှစ်သောင်းကျော် သေဆုံးပျောက်ဆုံးရပြီး ဒုက္ခ အကြီးအကျယ်ရောက်တော့ တနိုင်ငံလုံးက မျှဝေ ခံစား
0 အာဏာပိုင်များ၏ မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့် ချွေးသိပ်သော အတွေးအခေါ်သည်သာ တကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်-Nay than maung
Photo..US campaign for Burma
ဥပဒေချိုးဖောက်ပြီး ဆန္ဒပြခြင်းနဲ့ ထိုဆန္ဒပြခြင်းကို ဖမ်းဆီးမှုများသည် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းလား၊ Issue ပေါ်မူတည်ပြီး နိုင်ငံရေးအရ လုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်ကိုသွားနေသည့် ကာလတွင် ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာနေသည်။ဆန္ဒပြမှုများ ရှိလာခြင်းသည် နောက်ပြန်လှည့်ရန် စိန်ခေါ်နေသည်ဟု ခံစားရသူများ ရှိလာနေသည်။နောက်ပြန်လှည့်ခြင်းသည် ဆန္ဒပြမှုများနှင့် အင်အားသုံး ဖြိုခွဲမှုများ ထိပ်တိုက်တွေ့ရာ မှ ပေါ်ပေါက်လာနိုင်သောကြောင့် အင်အားသုံးဖြိုခွဲမှုသည် လစ်ဘရယ် ဒီမိုကရေစီ အခြေကျရန် အကြီးဆုံးသော အဟန့်အတားဟု မမြင်ဘဲ ဆန္ဒပြခြင်းသည် ထိုအင်အားသုံးခြင်းကို ဖိတ်ခေါ်သောကြောင့် နောက်ပြန်မလှည့်ရန် မလုပ်သင့်ဟု ဆက်ပြီး ခံစားကြခြင်းဖြစ်သည်။
ဆန္ဒပြခြင်းအတွက် ဥပဒေဘောင်အတွင်း သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသော စည်းကမ်းများကို ပေါ်လာသည့် issue အလိုက် ဥပဒေအရမဟုတ်ဘဲ နိုင်ငံရေးအရ ခွဲခြားသောအခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆန္ဒပြသူများက မလုပ်ဆောင်ကြတော့။
ထိုသို့ မလုပ်ဆောင်ကြသည့် ဆန္ဒပြမှုများရှိသော်လည်း Issue အပေါ်လိုက်ပြီး အာဏာပိုင်များက အရေးယူသည့် ပုံစံများ ကွဲပြားလာသည်။ ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ၃ကြိမ်အထိ
4 ဦးပိုင် က လျှို့ဝှက်ထားသမျှ ....ကျွဲခိုးပေါ်ပြီ
ကြေးနီစီမံကိန်းအတွက် ရယူထားသည့် မြေဧကခြောက်ထောင်အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် ကျပ် ၅ သိန်းခွဲဖြင့် ပေးလျော်ပြီးဖြစ်သည်ဟု တရုတ်သံအမတ်ကြီးပြောကြား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်ရန် ရယူထားသည့် မြေဧက ၆၀၀၀ အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးလျော်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့ကတွေ့ဆုံစဉ် ပြောကြားလိုက်သည်။
'' ၀မ်ပေါင်ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တိုင်ပင်ပြီးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ရွာသားတွေ ရဲ့မြေယာကိုရယူရာမှာ မြန်မာနိုင်ငံရဲ့ ဥပဒေများနဲ့ ကိုက်ညီတဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာဥပဒေအရ မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၀မ်ပေါင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာကုမ္ပဏီနဲ့ ပြည်သူရဲ့လိုအပ်ချက်ကို ညှိနှိုင်းပြီးတော့ တစ်ဧကကို ကျပ် ၅ သိန်း ၅ သောင်း လျော်ပေးခဲ့ပါတယ်'' ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဒေသခံပြည်သူများအတွက် နေထိုင်စရာအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ပေးရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့သည်။
'' လက်ရှိအချိန်ထိ ရွာသူရွာသားတွေနေဖို့ အိမ်ခြေ ၂၀၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးရုံ တစ်ရုံ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း တည်ဆောက်ပေးပြီး ဖြစ်ပါတယ်'' ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ထိုကဲ့သို့ ၀မ်ပေါင်ကုမ္ပဏီမှ ဆောင်ရွက်ပေးမှုများကို ကျေနပ်မှုမရှိပါက လက်ရှိဥပဒေနှင့်အညီ ညှိနှိုင်းတောင်းဆိုနိုင်သည်ဟု ၎င်းကဆိုသည်။
'' ဒေသခံတွေက အထင်လွဲလို့ အရင်တုန်းက အသေးစိတ်သတင်းတွေကို မသိလို့ ယခုဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောင်မှာ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီများအတွက် ကောင်းကျိုးမရှိနိုင်ပါဘူး'' ဟု သံအမတ်ကြီးက သုံးသပ်သည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ၀မ်ပေါင်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ကာလမှာ နှစ် ၃၀ ဖြစ် သည်။
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီတူးဖော်မှု စီမံကိန်းကို ယူဂိုစလား ဗီးလား၊ ကနေဒါနိုင်ငံများမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တတိ ယမြောက် စီမံကိန်းလုပ်ကိုင်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
(EMG)
0 ခရမ်းသားများ၏ အမှန်တရားအတွက် မကြောက်တရား
ဗိုလ်ချုပ်ကြေးရုပ် ခန့်ခန့်ညားညား မီးလင်းထွန်းညှိနိုင်ရန် စွမ်းဆောင်ခဲ့ကြသော ခေတ်ဆန်းလူငယ် စာကြည့်တိုက်လူငယ် များ(ခရမ်းမြို့)အား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
မှောင်မဲနေသော ဗိုလ်ချုပ်ကြေးရုပ် မီးလင်းတော့မည်။ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ့လူငယ်များမှ့ ၇.၁၂.၂၀၁၂ နေ့တွင် မီးထွန်းပါတော့မည်။လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မီးထွန်းရန် အချိန် ၁လ ခန့်ကြာမြင့်စွာ လုပ်ဆောင်ရပါသည်။
အသက်မရှိတော့သော ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ရဲ့ ကြေးရုပ်ကို မီးလင်းစေရန် အခက်အခဲများစွာကို ကြိုးစား ကျော်ဖြတ်နေရပါသည်။
ခရမ်းမြို့၏ မြို့လယ်တွင် မားမားမတ်မတ် တည်ရှိနေသည့်ဗိုလ်ချုပ်ကြေးရုပ်ကို မီးလင်းစေဖို့ အဆင့်ဆင့်သော ဌာန ဆိုင်ရာများတွင် ခွင့်ပြုပေးရန် တင်ပြ၊ ပြောဆိုနေရသည်မှာ အချိန် ၁ လခန့်နောက်ကျခဲ့ရပါသည်။
ထို့ကြောင့်ကိုယ်မြို့၊ ကိုယ်ရွာ ဖွံ့ဖြိုးတိုးတက် စေဖို့ ကိုယ့်မြို့သားတွေမှာ တာဝန်ရှိပါတယ်။ဌာနဆိုင်ရာဆိုသူများ က ဧည့်သည်တွေပါ၊ အချိန်တန်ရင် ကိုယ်နေရာကိုယ်ပြန်ရတာတွေပါ။
ထို့ကြောင့် ဒီမိုကရေစီခရီးလမ်းမှာ ဒီလို ကိစ္စလေးတွေက အစ နောက်ပြန်ဆွဲနေသလိုမျိုး လုပ်ဆောင်နေမယ်ဆိုရင် အရမ်းကို ရုပ်ဆိုးလွန်းလှပါတယ်။
နောက်ဆုံးအနေနဲ့ ပြောလိုသည်မှာ ခွင့်ပြုမိန့်ပေးချင်ပေး၊ မပေးချင်နေ၊ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များမှ့ ၇.၁၂.၂၀၁၂ သောကြာ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မီးထွန်းပါမည်။
ဖမ်းတာက ဌာနဆိုင်ရာတွေ ရဲ့ အလုပ်ပါ။ ကိုယ်မြို့တိုးတက်စေဖို့က ကျနော်တို့ ခရမ်းသားတွေရဲ့ အလုပ်ပါ။
မှတ်ချက်။ စိန်ခေါ်ခြင်းမဟုတ်ပါ….မကြောက်ခြင်းဖြစ်ပါတယ်။
ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များ( ခရမ်းမြို့ )
ဇေယျာဦး
0 အမျိုးသားနေ့တွင် သံဃာတော်များ လက်ပံတောင်းပြဿနာအား တိကျသော အဖြေမပေးသဖြင့် လမ်းလျှောက်ဆန္ဒထုတ် ဖော်မည်
လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍တောင်းဆိုမှုများကို အကြိမ် ကြိမ် ပြုလုပ်ခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ဒီဇင်ဘာ၈ ရက် အမျိုးသားနေ့တွင် အိမ်တော်ရာဘုးရားမှ စတင်ကာ သံဃာတော်များစီတန်းလှည့်လည် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ခြင်းကို မပြုလုပ်ရန်အတွက် တားမြစ်ခြင်းများ ရှိသော်လည်း တိကျသော အကြောင်းပြန်ကြားခြင်း မပြု သဖြင့် ယခုကဲ့သို့ ထပ်မံပြုလုပ်ခြင်း ဖြစ်သည်ဟု ဆရာတော် ဦးသောဘိသထံမှ သိရသည်။
"ဆန္ဒဖော်ထုတ်တာတွေကို မလုပ်တော့ဖို့ ဒီနေ့ညခုနှစ်နာရီလောက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြီး ပြောတယ်။ သူတို့ အနေနဲ့ သံဃာမဟာနယကအဖွဲ့ကိုလည်း ပြောပြီးပြီ။ ဆေးဝါးကုသမှုတွေ ကိုလည်း အဆင်ပြေ အောင် လုပ်ပေးပြီးတဲ့အတွက် ဆက်မလုပ်ဖို့ ပြောပေမယ့် လက်မခံခဲ့ပါဘူး" ဟု ခေါ်ယူ တွေ့ဆုံခဲ့စဉ် ပါဝင်ခဲ့သော ဆရာတော် တစ်ပါးက မိန့်ကြားခဲ့သည်။
ထို့ကြောင့် ဒီဇင်ဘာ၈ရက်နေ နေ့လည် ၁နာရီတွင်အိမ်တော်ရာဘုရားမှ စတင်ကာ ၂၆ဘီလမ်းအတိုင်းအရှေ့သို့တက်ကာ ၈၄လမ်းမှ အနောက်သို့ပြန်ဆင်း၍ သကျသီဟဘုရားဘက်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးသန့်(မြန်မာ့ခေတ်)
0 ကျေးဇူးဂါရဝ သံဓိဋ္ဌာန်ချ အခမ်းအနား
ကျေးဇူးဂါရဝ သံဓိဋ္ဌာန်ချ အခမ်းအနား
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျွန်တော်တို့အားလုံး၏ ကျေးဇူးရှင်၊ ပြည်သူ/သား အားလုံး၏ ကျေးဇူးရှင်တစ်ဦးဖြစ်သူ၊ (၇)ရက်သားသမီးတို့၏ နာရေးကိစ္စများကို “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်” ဟူသော စကားအတိုင်း လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မရွေးတို့၏ နာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး၊ စာရေးဆရာ၊ ဒါရိုက်တာ ဘဘဦးသုခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသည်မှာ (၇)နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျေးဇူးရှင် ဘဘဦးသုခ၏ နောက်ဆုံးချိန် ခေါင်းချရာဖြစ်သော ရေဝေးသုဿန်ရှိ အုတ်ဂူအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့ဦးဆောင်၍ အသင်းသား/သူများ၊ ဝန်ထမ်းများနှင့် သွားရောက်၍ ပေါင်းသင်၊ မြက်နှုတ် သန့်ရှင်းရေးလုပ်ငန်းများကို သွားရောက်ပြုလုပ်ခဲ့ပါသည်။
နံနက်(၆း၃ဝ)နာရီအချိန်မှစ၍အသင်းတည်ရှိရာအမှတ်(၁၃/က)၊ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်မှ ရေဝေးသုဿန်သို့ ပေါက်တူး၊ ပေါက်ပြား၊ တံမြတ်စည်း၊ လှေခါး၊ ရေအိုးရေခွက်၊ ဂျီးချွတ်ဆေးရည်၊ ပန်းအိုး၊ ပန်းများအား သယ်ဆောင်၍ ရေဝေးသုဿန်သို့ ထွက်ခွာခဲ့ပြီး အုတ်ဂူ၏ အနီး ပတ်ဝန်းကျင်ရှိရှုတ်ထွေးနေသော မြက်ပင်များအားနှုတ်ခြင်း၊ အုတ်ဂူနှင့်သံတိုင်များအား ဆေးကြောသန့်စင် မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ဆီမီး၊ အမွှေးတိုင်၊ ပန်းတို့ဖြင့် ဂါရဝတရားရှေ့ထားကာ ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့် ပြစ်မှားခဲ့သည်ရှိပါက ခွင့်လွှတ်ပါရန် နှင့် မိမိတို့ ပြုခဲ့သမျှ (၂ဝဝ၁ ခုနှစ်မှ ယနေ့တိုင် (၁၂) နှစ်တာကာလ) အတွင်း ကုသိုလ်ကောင်းမှု အစုစုတို့ ကို အမျှပေးဝေခဲ့ပါသည်။ တလက်စတည်း ရေဝေးသုဿန်ရှိ ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်ဂါရဝပြု၍ ဆီမီး၊
0 သီတဂူဆရာတော်ဘုရားကြီး မှ လက်ပန်တောင်းတောင်အကြမ်းဖက်ဖြိုခွဲမှု အရေးကို အခြေခံပြီး ဟောကြားတော်မူခဲ့သော ( ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်ကြပါစေ ) တရားတော်
ရန်ကုန်တိုင်း လမ်းမတော်မြို့ နယ်လှည်းတန်းလမ်း ( အောက်လမ်း )မှာ ၃၀.၁၁.၂၀၁၂ (သောင်္ကြာနေ့ )က သီတဂူဆရာတော်ဘုရားကြီး မှ လက်ပန်တောင်းတောင်အကြမ်းဖက်ဖြိုခွဲမှု အရေးကို အခြေခံပြီး ဟောကြားတော်မူခဲ့သော ( ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်ကြပါစေ ) တရားတော် ။ အသံဖိုင်။ ။ Ahbayah
1 ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနဆိုင်ရာငွေကြေးများ အလွဲသုံး စားပြုနေကြောင်း အသိပေးဖော်ပြချက်
နိုင်ငံတော် သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေကြပြီဖြစ်သဖြင့် သန့်ရှင်းသောအစိုးရအဖြစ်ရပ် တည်မည်ဟု ကြွေးကြော်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်၍ ဆောင်ရွက်လျှက်ရှိရာ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကို အဓီကထားစစ်ဆေးဖော်ထုတ်အရေးယူလျှက်ရှိသည်ကို မီဒိယာများမှတဆင့် ကြားသိ ရပါသည်။
အောက်ခြေ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးအတွက် ၀န်ထမ်းများအား ခံဝန်လက်မှတ်ရေးထိုးစေ ပြီး အထက်လူကြီး၏ တပည့်များမှာတော့ မည်သူကိုမှဂရုမစိုက်ဘဲ လူကြီးအတွက်ဆိုကာ ပြောင်ပြောင်တင်း တင်းပင် လာဘ်ယူမှုများ၊ အလွဲသုံးစားမှုများ ပြုလုပ်နေကြပါသည်။
အမည်နှင့်တကွအတိအကျဆိုရလျှင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၏ တပည့်များဖြစ်သော ပဲခူးမြို့နယ်စည် ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူး ဦးမိုးကျော်နှင့် ဈေးများကြီးကြပ်ရေးမှူး ဒုဦးစီး ခိုင်လျန်ထန် ဆိုသူ တို့မှာ ပဲခူးမြို့ရှိ တရားမ၀င်ကျူးကျော်ဈေးများဖြစ်သော အင်းဝင်ဈေး၊ ဘူတာဈေး၊ ပြင်စီဈေးနှင့် မှော်ကန်ဈေး များမှ ဈေးသူဈေးသားများမှ တရာမ၀င်ငွေများကောက်ခံပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၏ ကျောက်တန်း ကျေးရွာရှိခြံနှင့် ဘုလယ်အင်းကျေးရွာရှိ ခြံများတွင် သုံးစွဲလျှက်ရှိပါသည်။ ထို့အပြင် ဦးသိန်းညွန့်၏ ခြံများတွင် မြီု့နယ်စည်ပင်မှ ၀န်ထမ်းများနှင့် ပြင်ပအလုပ်သမားများကို ငှားရမ်းပြီး ခြံလုပ်ငန်းများကို လုပ်ကိုင်စေပါသည်။ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
2 "အံ့သြလွန်းလို့ သေတော့မယ်"-ငြိမ်းချမ်းအေး
"အံ့သြလွန်းလို့ သေတော့မယ်" ဆိုတဲ့ သူတွေ နှစ်ခါပြန် သေ လို့ရတယ်..။ ပြည်သူကို အမှန်ချပြ..၊ ချမပြောဘဲ၊ အသိဖွင့်မပေးဘဲနဲ့ လောဘီလုပ်တဲ့ စာနယ်ဇင်းတွေ၊ နိုင်ငံရေး ဂုရုတွေ..၊ ပဂေးတွေ၊ ပညာရှင် တွေ ရှိနေမှတော့ သေတော့မယ် ဆိုရင် နှစ်ခါပြန် သေနိုင်တယ်..။
ဦးနု နဲ့ ဗိုလ်သိန်းစိန် နှိုင်းစရာ မဟုတ်တာ လာနှိုင်းပြီး ခုအချိန်ထိ စစ်အုပ်စု လမ်းကြောင်းမှန်နဲ့ လားရာ ကို အမှန်အတိုင်း မသုံးသပ်ရဲ..၊ မသုံးသပ်ဝံ့ဘဲ နဲ့ တောင်ပြော၊ မြောက်ပြော ဗိုလ်သိန်းစိန် ဘောမ နိုင်ငံရေး နှပ်ကြောင်းပေးနေသမျှ တိုင်းပြည်ရဲ့ ငယ်ထိပ်မြွေပေါက် ခံရမယ့် အခြေအနေက လွတ်မှာမဟုတ်တဲ့ အတွက် "အံ့သြလွန်းလို့ သေတော့မယ်" ဆိုသူတွေ မြန်မြန်သေလေ.. တိုင်းပြည် ကောင်းလေပဲ..။
ဦးနု နဲ့ ဖဆပလ အစိုးရ မှာ ဂိုဏ်၊ အုပ်စု အမျိုးမျိုးနဲ့ နိုင်ငံရေး အရ အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်..။ ဒါပေမယ့် ဦးနု ရဲ့ ကိုယ်ကျင့်သိက္ခာ၊ မူ၊ သတ္တိ နဲ့ သူ့ရဲ့ နိုင်ငံရေး သမိုင်း ကို ဘယ်လိုမှ ဘယ်တော့မှ မေးခွန်းထုတ် ထောက်ပြလို့ မရဘူး..။
သူက "တိုင်းပြည်အာဏာကို ပစ္စည်း တစ်ခုလို သဘောမျိုးနဲ့ ဟိုအပ်သည်လွှဲ" လုပ်ခဲ့တာမဟုတ်ဘူး..။ သူ့အိမ် အပါအဝင် ရန်ကုန်ရဲ့ အချက်အခြာ ကျတဲ့ နေရာတွေအားလုံးကို စစ်တပ် က အမြောက် နဲ့ ချိန်ပြီး ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စစ်အုပ်စု က အာဏာတောင်းလို့ "ဒီလို မင်းမဲ့စရိုက် လက်နက်နဲ့ အာဏာ တက်သိမ်းရင် ငါတို့ရဲ့ တိုင်းပြည် လွတ်လပ်စ ဒီမိုကရေစီ သမိုင်းမှာ
Friday, December 7, 2012
1 “ဒီတောင်ကြီးကို ဆက်ဖြိုနေတုန်း”
မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုခဲ့ရသော့ သာသနာ့အာဇာနည် လယ်တီဆရာတော်ဘုရားကြီး တရားကျင့်ခဲ့သောနေရာအား ယခုကဲ့သို့ ချန်လှပ်ထားခဲ့သည်။ ယခုကဲ့သို့ ဘေးမြေ ကုပ်အားနည်းကာ ထီးတည်း ချန်လှပ်ထားသော အဆိုပါစေတီသည် ပြုပြင်ထိန်းသိမ်းမှု့မရှိလျှင် ဘယ်နှစ်မိုးမျှခံမည်နည်း ။ (ချီးကျူးဖို့ကောင်းချက်ဗျာ ... သာသနာ့ အဆောက်အအုံတွေ သူတို့ မဖြိုဘူး မဖျက်ဘူးပေါ့ ။ သူ့ဟာသူ ပျိုကျတာတော့ သူတို့နဲ့မဆိုင်ဘူး ပေါ့ ....)-အောင်မျိုးမြင့် Facebook
ကျွန်တော်တို့ က ဘေးပယောဂ မပါပါဘူး။ သူတို့ ခံစားချက်ရှိသလိုကျွန်တော်တို့ ခံစားချက်ရှိတယ်။ မြန်မာလူမျိုးမှန်ရင် မြန်မာလူမျိုးတွေသေလုမျောပါး အဖိအနှိပ်ခံရတာကို ၀င်ကူညီတာ၊ ရပ်တည်တာဘဲ။ဒီဆန္ဒပြသူတွေကို ကူညီတာ ဘေးပယောဂ မဟုတ်ဘူး။ကျွန်တော်တို့ ခံစားချက်နဲ့  ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ကူညီတာ။ဒါကတော့ လူလိုသိတတ်တဲ့သူတိုင်း၊ မြန်မာလူမျိုးတိုင်းဟာ မြန်မာတွေဒုက္ခခံရရင် သူတို့ ခံစားရသလိုဘဲ ခံစားရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုပ်တာ။ ကျွန်တော်တို့ အကျိုးအမြတ်လိုချင်လို့ မဟုတ်ဘူး။ သူတို့ ကိုကူညီတာက၊ ကျွန်တော်တို့ ရည်မှန်းချက်က ဒီတောင်ကြီး မပျောက်ရေးဘဲ။
ကျွန်တော်တို့ က ဒီတောင်ကြီးကို ခင်တွယ်တယ်၊ နှမြောတယ်။ဒါ့ကြောင့် ကျွန်တော်တို့ က လာကြည့်နေရတာ။ ဒါကကို တောင်မပျောက်ရေးရည်ရွယ်ချက်နဲ့  ကြည့်တာ။ ဒီလိုကိစ္စတွေရှိပါလားဆိုတာ အများပြည်သူသိအောင် လုပ်တာ။ ဒီတောင်ကြီး မပျောက်ရေး နေ့ စဉ်လှုပ်ရှားနေတဲ့သဘောဘဲ။ အရင်က တစ်ပတ်တစ်ခါလုပ်တာ။ နောက် မလုံလောက်တော့ဘူး။ လူတွေကလည်းများလာတယ်၊ ဆန္ဒလည်းရှိကြတယ်။ အများပြည်သူသိအောင်နောက် နေ့ စဉ်လုပ်တာ။ အခုဒီလိုဖြစ်တော့
0 ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။
(ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့သံမဏိမိန်းမသားနှစ်ဦး ဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York Times သတင်းစာကြီးကပါ ဖွင့်ချ ချီးကျူးရပေပြီ။ လူထုကိုချစ်တဲ့ လက်ပန်တောင်းတောင်တွေကိုချစ်တဲ့ လူထုဒုက္ခတွေကို တိုက်ပွဲဝင်တောင်းဆိုတဲ့ ဖြူစင်တဲ့ ညီမငယ်များ အာဏာရှင်များရဲ့ ဒုက္ခပေးတဲ့ဘေးဘယာ အပေါင်းမှ ကင်းဝေးပါစေ )
သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။
သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာ လောက်ပဲ တတ်ပေမယ့် လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ လုပ်ငန်းခွဲတစ်ခုတို့ကို အံတုရင်းကနေ တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင်အားကြီးမားသူများနဲ့ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင်မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။
“သူတို့ဘယ်လိုပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်းလုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်”လို့ကြေးနီမိုင်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီးဦးသိန်းစိန်က မြန်မာနိုင်ငံဟာ
0 ပြည်သူရဲ့အသံလွှတ်တော်အသံဆိုရင်
ဒီနေ့ အီမ်တော်ရာသံဃာ သပိတ်မှာဖြန့် ဝေခဲ့ကဗျာစာရွက်လေးပါ
Baydar Lam
2 အစိုးရအဖွဲ့မှ စီစဉ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲ
ကျွန်မတို့ကော်မရှင်အဖွဲ့တွေဟာ မနေ့က ရွာသူရွာသားတွေနဲ့ တွေ့ခဲ့ပါတယ်။ အခုလည်း ဆက်ပြီးတော့ တချို့ ရွာသူရွာသားတွေနဲ့ တွေ့ပြီးတော့ အခြေအနေတွေကို စုံစမ်းနေပါတယ်။ ကော်မရှင် ရဲ့လုပ်ငန်းတွေကတော့ အားလုံးသိတဲ့အတိုင်းပဲ ကြေးနီစီမံကိန်းရဲ့အခြေအနေတွေကို ကျွန်မတို့ကနေပြီးတော့ လေ့လာဖို့ဖြစ်ပါတယ်။ ရွာသူရွာသားတွေရဲ့ အခြေအနေ နောက်ပြီးတော့ ဒီကြေးနီစီမံကိန်းရဲ့ ဒေသခံ ရွာသူရွာသားတွေရဲ့ လူမှုဘ၀အပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာရော ဘယ်လိုထိရောက်မှုတွေရှိသလဲ။ နောက်ပြီးတော့ နိုင်ငံအတွက် အကျိုးရှိသလား။ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးရှိသလား။ဒါကို ကျွန်မတို့ကနေပြီးတော့ ရေရှည်အမြင်နဲ့ ကြည့်ပြီးတော့ စီစဉ်သွားရမှာပါ။ အဲဒီအထဲမှာ ဒီကြေးနီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုလည်း စုံစမ်းဖို့ဆိုတာ ပါပါတယ်။ အဲဒီအခါမှာ ကျွန်မတို့ ၂၈ ရက်နေ့ မနက်ကနေပြီး တော့ သပိတ်စခန်းမှာ သပိတ်စခန်းကိုခွဲတဲ့အခါမှာ ထိခိုက်တဲ့ကိစ္စတွေကိုလည်း ကျွန်မတို့ စုံစမ်းနေပါတယ်။ အဲတော့ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့တွေ့ရှိချက်တွေ၊ ကျွန်မတို့ရဲ့ အခုထိ ကျွန်မတို့ရဲ့ အနေအထားကို ကျွန်မတို့က ရှင်းပြချင်ပါတယ်။
ဒီပထမဦးဆုံး ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးဆိုတာကတော့ ဒါကတော့ ချက်ချင်းလက်ငင်း အဖြေပေါ် မယ့်ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေလည်း ဒါကြောင့်မို့လို့ ကွင်းဆင်းပြီးတော့ ရွာသူရွာသားတွေရဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေကို လူမှုရေးဘက်ကရော၊ ကျန်းမာရေးဘက်ကရော၊ ပတ်ဝန်း ကျင်ဘက်ကရော အားလုံးလေ့လာမယ်။ စုံစမ်းမယ်။ နောက်ပြီးတော့ ကျွန်မတို့ ကြေးနီစီမံကိန်း အလုပ်တွေကိုလည်း ဘယ်လိုပုံစံတွေနဲ့လုပ်နေတယ်။ နောက်ဆုံးနည်းပညာတွေရဲ့ အကောင်းဆုံးပုံစံတွေနဲ့ လုပ်နေရဲ့လား။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်တွေနဲ့ ကိုက်ညီရဲ့လားဆိုတဲ့ အဲဒါတွေကိုလည်း လေ့လာပါတယ်။ ကျွန်မတို့ကော်မရှင်ကနေပြီးတော့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး တော့ အကြံဉာဏ်တောင်းဖို့ ဖိတ်ခေါ်ပြီးတော့ လေ့လာတဲ့အခါမှာ ပါဝင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအတိုင်းပဲ ကျွန်မတို့ ဆက်ပြီးလုပ်မှာပါ။
ဒီသပိတ်စခန်းကို ဖြိုခွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အားလုံးသိတဲ့အတိုင်းပဲ ဒီလိုဖြိုခွဲတဲ့အချိန်မှာ သံဃာတော်များအပါအ၀င် သပိတ်စခန်းက ပုဂ္ဂိုလ်တွေ မီးလောင်ဒဏ်ရာတွေရတယ်ဆိုတာကို အားလုံးသိကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒဏ်ရာရခဲ့တဲ့ သံဃာတော်များကို သွားပြီးတော့ တွေ့ခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကိုလည်း ကျွန်မတို့ တွေ့ခဲ့ပါတယ်။ သံဃာတော်များမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မက သက်ဆိုင်ရာ ရဲအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ သက်ဆိုင်ရာ ရဲအရာရှိတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ နားလည်သလောက်ကတော့ သပိတ်စခန်း မှာ
0 မြန်မာနိုင်ငံသည် ၂၀၁၂ တွင်လည်း အဂတိလိုက်စားမှုနှင့်ပတ်သက်သော အဆင့်၌အောက်ဆုံးတွင် ရှိနေဆဲ
(5 December 2012 ရက်စွဲပါ Trustlour မှ Myanmar still near bottom of corruption ranking in 2012 despite reform ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် ယခုတစ်နှစ်အတွင်းလုပ်ဆောင်ခဲ့သော မထင်မှတ်သည့် ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူလူထုနှင့် သက်ဆိုင်သော ကဏ္ဍများရှိ အဂတိလိုက်စားမှုနှင့်ပတ်သက်သော Transparency International (TI) ၏ နောက်ဆုံးထုတ်ပြန်သော ညွှန်းကိန်းများ၌ မြန်မာနိုင်ငံ၏ ရပ်တည်မှုကို လုံးဝသက်ရောက်မှုမရှိခဲ့ပေ။ အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က Trustlour သို့ပြောကြားရာတွင် ၂၀၁၃ တွင် မြန်မာနိုင်ငံသည် ရပ်တည်သည့် ရလဒ် ကောင်းလာရန် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအရ ဆန္ဒပြင်းထန်မှုရှိနေရန် လိုအပ်ကြောင်းဆိုပါသည်။
နိုင်ငံပေါင်း (၁၇၆) နိုင်ငံအား ယခုနှစ် ရရှိထားသော အဂတိလိုက်စားမှုဆိုင်ရာ အချက်များကို အခြေခံ၍ နှစ်စဉ်အဆင့်သတ်မှတ်ချက်များ ပေးပါသည်။ အဂတိလိုက်စားမှုကို (၀) ရာခိုင်နှုန်းမှ ၁၀၀% ထိ အမှတ်ပေးရာတွင် ရမှတ် (၀) ရရှိပါက အဂတိလိုက်စားမှုအများဆုံးဟု သတ်မှတ်ပါသည်။
နှစ်နှစ်တာကာလအတွင်း စောင့်ကြည့်အမှတ်ပေးပါသည်။
ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှလွတ်မြောက်လာသူ ဆင်းရဲမွဲတေသည့်မြန်မာနိုင်ငံသည် ၁၅% သာ အမှတ်ရရှိရာ ၎င်း၏အောက်တွင် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် နှင့် ဆူဒန်
0 လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်နှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ် စုံစမ်းစစ်ဆေးမှုရလဒ်အပေါ် လူတိုင်းကျေနပ်နိုင်မည် မဟုတ်သော်လည်း အမှန်တရားကို ရဲရဲဝံ့ဝံ့ တင်ပြသွားမည်ဟု ပြောကြား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်နှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက်နေ့၌ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အဆောက်အဦတွင် ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်များအပေါ် လူတိုင်းကျေနပ်မည် မဟုတ်သော်လည်း အမှန်တရားကို ရဲရဲဝံ့ဝံ့ တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
''လူတိုင်းကို ကျေနပ်အောင်လုပ်လို့ မရဘူး။ အဲဒါဟာ ကော်မရှင်ရဲ့ တာဝန်လည်းမဟုတ်ဘူး။ ကော်မရှင်ရဲ့တာဝန်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ဒီအမှန်တရားအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သားတွေရဲ့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းများ ဖြိုခွဲခြင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲအရာရှိများနှင့်လည်း ဆွေးနွေးခဲ့ရာတွင် ပထမအဆင့်အနေဖြင့် မီးသတ်ပိုက်နှင့်ထိုးကာ ထွက်ခွာပေးဖို့ပြောခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင်မှ မျက်ရည်ယိုဗုံးသုံးခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးနှင့် ရေပေါင်းပါက မည်သည့်အာနိသင်ရှိသည် ဆိုသည်ကို စုံစမ်းရမည်ဖြစ်ကြောင်း၊
0 အညတရသူရဲကောင်း ဆုရှင်စာရင်း ထုတ်ပြန်ကြေညာချက်
 စတုတ္ထအကြိမ်မြောက် အညတရသူရဲကောင်းဆု အတွက် တိုင်းပြည်နှင့် လူမျိုးအကျိုး စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသူ အောက်ပါပုဂ္ဂိုလ် (၅) ဦးအား  အညတရသူရဲကောင်း ဆုရှင်များအဖြစ် အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
      မဖြူ (ခ) မချောစုလှိုင်
      ကိုနိုင်စိုး (ခ) မဲလုံး  (AASYC  - ရခိုင်လူငယ်ကျောင်းသားအဖွဲ့)  ပခုက္ကူထောင် ။
      ကိုအောင်သီဟ (ခ) ကိုအောင်လှိုင်ဝင်း (ABSDF )
     ဦးစိုးမြင့် (ခ) ဆရာစိုး  (UG)
    ကိုသန်းထိုက်အောင် (ခ) ကြက်ဖကြီး  (NLD) (ကွယ်လွန်)
ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်) ၌ ကျင်းပပြုလုပ်ရန်ရှိသော အမျိုးသားအောင်ပွဲနေ့  (၈.၁၂.၂၀၁၂) အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။
ဆုရှင် တဦးအတွက် ဆုငွေ ကျပ် (၁၀) သိန်း နှင့်အတူ အညတရသူရဲကောင်းဆုကော်မတီ အမှတ်တံဆိပ် ပါ ဆုတံဆိပ် တခုကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ပါသည်။
ဆုရှင်များအား အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီး နှင့် သူရသတ္တိရှင် ဟံသာဝတီ ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေးကော်မတီ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကော်မတီ တို့က  ပူးပေါင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
 အညတရသူရဲကောင်းဆုကော်မတီ
တိုကျို၊ဂျပန်။
 ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်။
2 ၁၉၈၈တွင် သေဆုံးသူ မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးရန် ဒါရိုက်တာ အဏ်ထော်ဏီ ကြိုးစား
ဖြိုးနှင့်မင်း ရုပ်ရှင်နှင့်ဗီယို ထုတ်လုပ်ဖြန့်ချီရေးမှ ဒါရိုက်တာအဏ်ထော်ဏီက ၈၈သပိတ်တွင် သေနတ်မှန်၍ သေဆုံးသွား သူ မဝင်းမော်ဦး၏ ဘဝ အကြောင်းကို ရိုက်ကူးမည့်အတွက် ကိုယ်တိုင် ဝထ္တုနှင့် ဇာတ်ညွှန်းရေးနေကြောင်း သိရသည်။
အဆိုပါ မဝင်းမော်ဦး သေဆုံးသည်မှာ ၁၉၊ ၉၊ ၂၀၁၃ တွင် ၂၅နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ယခု ရိုက်မည့်ဇာတ်ကားကို သူမ၏အ သက်၂၅နှစ်ပြည့်အမှီ ထိုဇာတ်ကားပြီးအောင် ကြိုးစားနေကြောင်း ထပ်မံသိရသည်။
ထိုဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာအဏ်ထော်ဏီက " မဝင်းမော်ဦး တိုက်ပွဲမှာ သေနတ်ထိတုန်းက သူ့ကိုကယ်ပြီး ပြေးတဲ့ဘေးက ဆရာဝန်နှစ်ယောက်ကို ဦးအထင် ကိုကိုင်ဇာနဲ့ ကိုထူးအိမ်သင်လို့ ထင်တာပေါ့။ နှစ်ယောက်လုံး မျက်မှန် တွေနဲ့ နှစ်ယောက်လုံး အနုပညာညီအကိုတွေက ဘာပဲပြောပြော ခုလိုလူမှုရေးအရ လုပ်ခဲ့တဲ့ပုံလေးလို့ ထင်ခဲ့တာ။ နောက်မှ ဒီပုံကို သေချာကြည့်တော့မှ ဆရာဝန်နှစ်ယောက် ဖြစ်နေတယ်။ အဲဒါ ကိုယ်တိုင်လွဲခဲ့တဲ့ဟာဖြစ်နေတော့ စိတ်ဝင် စားစရာ ပိုဖြစ်လာတယ်။ ဒါကို ရိုက်ဖို့ဆိုပြီးတော့ သူ့ရဲ့မိဘတွေနဲ့ ဆက်သွယ်ပြီး ဒီကလေးကို ရိုက်ဖို့အတွက်
Thursday, December 6, 2012
0် မန္တလေး၌ ထိုင်သပိတ် စတင်
လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပက်သက်ပြီး မန္တလေး၊ ရန်ကုန်အပါအ၀င် အခြားဒေသအသီးသီးမှ သံဃာတော်တွေက တောင်းဆိုချက်အသီးသီး ထုတ်ပြန်ခဲ့ပြီး ၅ ရက်အတွင်း ထူးခြားမှုမရှိတာကြောင့် ယနေ့ နေ့လယ် ၁ နာရီတွင် မန္တလေး၌ ထိုင်သပိတ် စတင်
ိdvb news
0 ပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်
“ပြည်သူ့ဂုဏ်ရည်” ဟူသည်ပြည်သူတို့၏ လူမှုရေးလိုအပ်ချက်များအား စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ကြသော ပရဟိတသမားများအား ဂုဏ်ပြုချီးမြှင့်ပေးသောအဖွဲ့ (သို့) လူမှုရေးအားဆေး ခွန်အားများ တိုက်ကျွေးပေးသောအဖွဲ့ဖြစ်သည်။ “ပြည်သူ့ဂုဏ်ရည်” အဖွဲ့သည် အမေရိကန်နိုင်ငံရှိ မြို့ပေါင်းစုံမှ မြန်မာ လူမျိုးများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်မှစ၍ ယနေ့တိုင်နှစ်စဉ် မြန်မာပြည်တွင်းရှိ လူမှုရေးစွမ်းဆောင်သူများနှင့် မြန်မာ့ပြည်သူ့အရေး စွမ်းဆောင်သူများအား “ပြည်သူ့ဂုဏ်ရည်” တည်း ဟူသောဆုတံဆိပ်အား အမေရိကန်နိုင်ငံတွင် ချီးမြှင့်ပွဲများ ကျင်းပလျှက်ရှိသည်။
ယခုဆိုလျှင် “ပြည်သူ့ဂုဏ်ရည်” အဖွဲ့အနေဖြင့် လူမှုရေးစွမ်းဆောင်သူများအား ဂုဏ်ပြုချီးမြှင့် အားဆေးတိုက်ကျွေးရုံနှင့် မကတော့ချေ။ မြန်မာတွင်းရှိ ဆင်းရဲဒုက္ခပေါင်းစုံ ခံစားနေရသော သဘာဝဘေး အန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် လူမျိုးရေးပဋိပက္ခ၊ စစ်ဘေးသင့် တိုင်း ရင်းသားပြည်သူအပေါင်းတို့အား ဖေးမကူညီ လှူဒါန်းနိုင်ရန်အတွက် ရန်ပုံငွေပွဲများကျင်းပ၍ အလှူငွေများ ရှာဖွေပေးသော အဖွဲ့ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွတ်တို့အား အမေရိကန်နိုင်ငံသို့ ဖိတ်ကြားကာ အမေ ရိကန်နိုင်ငံရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံ၍ မြန်မာတွင်းရှိ လူမှုရေးလုပ်ဆောင်ချက်များအား သိရှိနိုင် စေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ယင်းတစ်ကြိမ်တွင် မြန်မာမိသားစုများမှ သဒ္ဒါတရား
1 “ရေနဲ့ငါး၊ရဲနဲ့ပြည်သူ”
ရဲတပ်ဖွဲ့ဝင်တွေဥပဒေဘောင်အပြင်ကကျူးလွန်မှုတွေကြောင့်သေဆုံးကြရတဲ့သတင်းတွေမကြာခနလိုလို..ပြည်တွင်းသတင်းဂျာနယ်တွေမှာတွေ့ရတတ်တယ်။တလောကပဲရန်ကုန်ရွှေပြည်သာမြို့နယ်မှာမူးရစ်ဆဲဆိုနေသူတယောက်ကိုရဲ၂ယောက်ကပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်ဆက်လို့ပြင်းထန်တဲ့ဒါဏ်ရာတွေနဲ့သေဆုံးသွားတဲ့သတင်းကြားခဲ့ရတယ်။
အဲလိုမူးလို့ရဲကဖမ်းဆီးနှိပ်ဆက်ပြီးလက်လွန်သေဆုံးတဲ့သတင်းတွေဗမာပြည်မှာခနခနဖြစ်တာမဆန်းတော့သလိုပဲ။ရဲမှမဟုတ်ဖူး ၊ထောက်လှမ်းရေးကလက်လွန်လို့၊တပ်မတော်သားတွေကပစ်ခတ်လို့၊ထောင်ဝန်ထမ်းတွေနှိပ်ဆက်လို့..စတဲ့..စတဲ့. အာဏာပိုင်တွေကစည်းမဲ့ကမ်းမဲ့ဆောင်ရွက်လို့အချီးနှီးသေဆုံးခဲ့ရသူတွေမနည်းတော့ဖူး။သေချာစနစ်တကျမှတ်တမ်းတင်ထားရင်အဲလိုလက်လွန်ခြေလွန်အသုဘတွေကကံကုန်လို့သေဆုံးသွားကြသူတွေထက်ပိုများလိမ့်မယ်ထင်တယ်။
မကြာခင်ရက်ပိုင်းကဖြစ်ခဲ့တဲ့လက်ပံတောင်းသပိတ်ဖြိုခွဲမှုကလည်းမဆင်မခြင်အရေးယူလုပ်ဆောင်မှုကအခြေခံပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလက်ပံတောင်းလိုကိစ္စမျိုးဆိုရင်..တာဝန်ရှိသူတွေတလှေကြီးအရေးယူခံရမယ်၊ရာထူးကနှုတ်ထွက်ရလိမ့်မယ်။
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာလူတယောက်စီတိုင်းမှာတန်ဘိုးကိုယ်စီရှိတယ်လို့နားလည်ထားရတယ်။ခန္ဓာကိုယ်နာကျင်ဒါဏ်ရာရဘို့မဆိုထားနဲ့ကိုယ့်အပြုအမူကြောင့်လူတယောက်ရဲ့စိတ်ထဲခံစားသွားရရင်၊ဂုဏ်သိက္ခာညှိုးငယ်သွားရင်..တရားစွဲခံရတယ်။သေရာပါအမာရွတ်တွေမျက်နှာနဲ့ခန္ဓာကိုယ်မှာထင်ကျန်ရစ်ခဲ့မဲ့လူတယောက်ရဟန်းတပါးရဲ့ဂုဏ်သိက္ခာနဲ့သူရဲ့ခံစားချက်ကို၊ကိုယ်ချင်းစာကြည့်ပေါ့။
လူတယောက်သေတယ်ဆိုတာ(လူကိုလူချင်းတန်ဘိုးမထားတတ်တဲ့)အာဏာရှင်နိုင်ငံတွေမှာသာမဆန်းတော့သာ၊ ဒီမိုကရေစီနိုင်ငံတွေဆို..အုံးအုံးကြွက်ကြွက်ပဲ။
ကျနော်တို့သတင်းထောက်လောကမှာလူတယောက်သွေးရိုးသားရိုးမဟုတ်ပဲသေတယ်ဆိုသိတ်ကိုအရေးကြီးတဲ့သတင်းပဲ ။နော်ဝေးနိုင်ငံမှာဆို၊လူတယောက်ပျောက်ဆုံးနေတဲ့သတင်းဟာ..ရဲကအသက်ရှင်ရက်ဖြစ်စေ၊
0 ၆.၁၂.၂၀၁၂ရက်နေ့ မန္တလေးအိမ်တော်ရာဘုရားဝင်းအတွင်း ထိုင်သပိတ်စတင်ဆင်နွဲမည်
ကိုဝိုင်ဝိုင်ကေ
1 ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်
 ကိုယ်လုပ်ရပ် ကိုယ်ဝန်မခံ သေးသည့် လက်နက်ကိုင် လက်နက်အားကိုး လူတစု လုပ်ရပ်ကြောင့် ပြင်းထန်စွာ ဒါဏ်ရာ ရခဲ့သော ဘုရားသား သံဃာတော်များ (Video..Nay myo zin)
လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ စုံစမ်းသိရှိရသည်။
အရေပြားအထူးကုဆရာဝန်ကြီးများသည် ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မန္တလေးမြို့သို့ ၇ရက်နေ့ မတိုင် ခင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ဆေးကုသမှု အစီအစဉ်ကို မုံရွာ ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းရောင်စို Activity(မန္တလေး)၊ ဘ၀အလင်း(မန္တလေး) နှင့် ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာ တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် စိမ်းရောင်စို Activity (မန္တလေး) အဖွဲ့ ၀င်များက ပြောကြားသည်။
နိုင်ငံခြားမှ ဆရာဝန်များဆေးကုသနိုင်ရန် နေရာအတွက် မန္တလေးဆေးရုံနှင့် သွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကူညီပေးနိုင် ရန် ပြင်ပဆရာဝန်များကိုလည်း
0 တရုတ်ဘက်သို့သွယ်တန်းထားသည့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် စိုက်ခင်းများဆုံးရှုံးရမှု အပေါ်ချင်းရွာ ၉ရွာရှိ ဒေသခံများ တရားဝင် ဆန္ဒထုတ်ဖော်သွားမည်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံကူမင်းအထိသွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် စိုက်ခင်းများဆုံးရှုံး ရမှုများ ဖြစ်ပေါ်ခဲ့ သည်ဟုဆိုကာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ နယ်ရှိ ချင်းရွာ ၉ ရွာမှ ဒေသခံများက တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်သွား မည် ဖြစ်ကြောင်း ဂုတ်ကြီးရွာရှိ ဒေသခံများ ၏ ပြောကြားချက်အရ သိရ သည်။
အဆိုပါပိုက်လိုင်းသွယ်တန်းမှုတွင် ယင်းဒေသရှိ ကော်ဖီပင်စိုက်ခင်း ၊ ကွမ်းစား ဂမုန်း စိုက်ခင်း များ အပေါ် ဖြတ်သန်းသွားခြင်းကြောင့် ဆုံးရှုံးမှု များ အတွက် လျော်ကြေးငွေရရှိရေး အတွက် ဆန္ဒထုတ်ဖော် ရန်စီ စဉ်ခြင်းဖြစ်ကြောင်း ငဖဲမြို့နယ် ဂုတ်ကြီး ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ကိုအောင်လွင်က ရန်ကုန်မီဒီယာဂရုပ်သို့ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ တွင် အတည်ပြုပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကာ ဒီဇင်ဘာ ၂ ရက်နေ့က သက်ဆိုင်ရာသို့ တရားဝင်စာ တင် ထားပြီ ဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော် သည့်နေရာမှာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းထားရာနေရာဖြစ်သည့် ခုတ်စီရို နှင့် မထုံးရွာကြား ကမြင်းခံရွာ တွင် ဖြစ်ကြောင်းသိရကာ ဒေသခံအင်အား ၅၀ ခန့်ပါဝင်မည်ဟု သိရသည်။
ယင်းနှင့်ပတ်သက်၍ ဂုတ်ကြီးရွာမှ ဒေသခံတစ်ဦးက "ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့မှာ သေချာဆွေးနွေးပြီးတော့ ၁၀ ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှာပါ ၊ ဒီကြားထဲ မှာ
Wednesday, December 5, 2012
2 “တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့လမ်းခင်းနေတာလို့ယူဆရတဲ့ စကားပဲ”ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း
သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ် အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိသံဃာတော် များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိ တို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည် တွင်စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ ရ၍ ပြည်သူများအသက်ဆက်ခဲ့ရကြောင်း နှင့် တရုတ်အားရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ်ဝါရင့် သတင်းစာဆရာကြီးတစ်ဦးဖြစ်သူဟံသာ ၀တီဦးဝင်းတင်အား Hot news မှ တွေ့ဆုံ ၍ ယင်းစကားများ၏ တိုင်းပြည်နှင့် လူမျိုး အပေါ်သက်ရောက်မှုများအပေါ်အမြင် သုံးသပ်ချက်များအားမေးမြန်းဖြစ်ခဲ့ပါသည်။
ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသ ခံသံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက တပည့်တော်တို့ဟာအရေးအခင်းကာလ က စားစရာမရှိလို့တရုတ်ဆီက ရိက္ခာ သွင်းရလို့အသက်ဆက်ခဲ့ရတယ်လို့ဆိုပါ တယ်။ ဘဘ တကယ်ရောအဲဒီအချိန်က တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်ခဲ့တဲ့ အနေအထားမျိုးဖြစ်ခဲ့ပါသလား။
သူပြောတော့ ၈၈ အရေးတော်ပုံကြီး မှာ တုန်းကစားစရာမရှိလို့တရုတ်ကနေ သွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရ တယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရ တစ်ရပ်ပြောင်းဖို့
0 လက်ပံတောင်းအရေး တာမွေမှာ ဆန္ဒထုတ်ဖော်-ဒီဇင်ဘာ ၄ ရက်(ဓာတ်ပုံ)
Photo..Dvb
0 ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း Graffiti ရေးဆွဲခြင်းကို ပိတ်ပင်
ကျော်ဇင်မန်း(မြစ်မခ)
ရန်ကုန်မြို့တော် စီပင်သာယာနယ်နိမိတ်အတွင်း ဆေးရောင်စုံနံရံပန်းချီ(Graffiti)ရေးဆွဲခြင်းကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ရန်ကုန်မြို့ အမိန့်အမှတ် (၁/၂၀၁၂) အမိန့်ပြဌာန်းချက်အရ သိရှိရသည်။
အဆိုပါအမိန့်ပြဌာန်းချက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသာယာ လှပစေပြီး စနစ်ကျသည့် အဆင့်မြင့်မြို့တော်အဖြစ်တည်ဆောက်လျက်ရှိရာ အချို့သော မြို့သူမြို့သားများသည် ဆေးရောင်စုံများ အသုံးပြု၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကျဉ်းတန် အရုပ်ဆိုးစေသော စာလုံးများ၊ ရုပ်ပုံများရေးဆွဲခြင်းဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးကို
0 လျင်မြန်သောတရုတ်၏ခေါင်းပုံဖြတ်မှု
A man rides a buffalo near a section of the pipeline being constructed from Burma’s Arakan coast to the Chinese border. (Photo: The Irrawaddy) 
(1 Dec 2012 ရက်စွဲပါ Strategy Page မှ Screwed by fracked Chinese ကိုဘာသာပြန်ဆိုသည်)
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းမှ ရေနံကိုပိုမိုရယူလာရာ မြန်မာနိုင်ငံသည် ပို၍အရေးကြီးလာပါသည်။ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းမှ ရေနံများမှာ အမေရိကန်အတွက်အရေးပါမှု နည်းလာပါသည်။ (လျင်မြန်သော နည်းပညာသည် တဖြည်းဖြည်း အမေရိကန်အား ရေနံ လွတ်လပ်စွာတင်သွင်းမှုကို ဖြစ်လာစေပါသည်။ မြန်မာနိုင်ငံသည် တရုတ်၏အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် နေရာကောင်းတွင် ရှိနေခြင်းကြောင့် အရေးပါလာပါသည်။ အရှေ့အလယ်ပိုင်းမှ ရေနံများ တရုတ်အနောက်တောင်သို့ တင်ပို့ရာတွင် ပိုမိုဈေးသက်သာသော သယ်ယူပို့ဆောင်ရေးအတွက် တရုတ်သည် ရေနံပိုက်လိုင်း တည်ဆောက်လျက်ရှိပါသည်။ ရေနံများကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ သယ်ယူလာပြီး၊ ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ ပို့ဆောင်မည် ဖြစ်ပါသည်။ ယခု ဆယ်စုနှစ်အကုန်တွင် တရုတ်သည် ၎င်းလိုအပ်သောရေနံ၏ ၇၀% ကိုတင်သွင်းမည်ဖြစ်ရာ အများစုကို အိန္ဒိယသမုဒ္ဒရာမှ တစ်ဆင့် တင်သွင်းမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပိုက်လိုင်းနှင့်ပတ်သက်သော သဘောတူညီချက်မှာ ပြဿနာဖြစ်နိုင်သည့် အလားအလာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဖြတ်သန်းခအများစုသည်အဂတိလိုက်စားသောအစိုးရတာဝန်ရှိသူများထံသို့သာ
သွားပြီးပိုက်လိုင်းအတွက် မြေပေးခဲ့သော ဒေသခံများမရသောကြောင့် ဖြစ်ပါသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများ မငြိမ်သက်ရန် အကြောင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။
ပိုက်လိုင်းကဲ့သို့သော တရားဝင်ကိစ္စရပ်များတွင် အဂတိလိုက်စားမှုများ ရရှိနေသည့်အပြင် တရုတ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တရားဝင် လုပ်ဆောင်မှုတွင်လည်း အဓိကပါဝင်နေပါသည်။ အကြီးဆုံးတရားမဝင် လုပ်ငန်းတစ်ခုမှာ သစ်လုပ်ငန်းဖြစ်ပါသည်။ တရုတ်ကုန်သည်များသည် သစ်များကို ဝယ်ယူ၍ တရုတ်သို့ တင်ပို့ကြပါသည်။ ဒေသခံအစိုးရ တာဝန်ရှိသူများမှာ လာဘ်ငွေယူခဲ့ခြင်းကြောင့်
0 "ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ်"-ဟံသာဝတီဦးဝင်းတင်
ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ.....မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လာ
း။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့အပိုအလျှံ အိုဒဏ်ပေးလေတယ်မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။
ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေးခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်တွေကို ဖတ်ပြီးမှ သေကြဟဲ့”လို့အမိန့်တော်မြတ်ချမှတ်တော်မူလေသလားမသိပေါင်ဗျာ။
ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့သူတွေဗျ။
ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။
ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊
0 မှန်ကန်သော အုပ်ချုပ်ရေးစနစ်နှင့် ပညာရှိသော အစိုးရလိုသည်
Photo..EMG
တန်ဆောင်မုန်း လပြည့်ညအလွန် သန်းခေါင်ကျော် လင်းအားကြီး အချိန် ၂၉ နိုဝင်ဘာ ၂၀၁၂ နံနက် ၃ နာရီခန့်မှာ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြ နေကြသော သပိတ်စခန်းလေးခုကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွဲလိုက်ခြင်းဖြင့် လက်ရှိ အစိုးရလက်ထက် အကြီးကျယ် ဆုံးသော အမှားတစ်ခုကို ကျူးလွန်လိုက်ပါသည်။
          မည်မျှပင် ခဲကတ်ဖြေရှင်းရန်ခက်သော ပြည်သူ အစုအဝေးပင်ဖြစ်စေ၊ အကြမ်းဖက် နည်း၊ လက်နက်အင်အား သုံးသည့်နည်းဖြင့် မဖြေရှင်းရဘူး ဆိုသည်က အခြေခံမူပဲ ဖြစ်ပါ သည်။ သပိတ်စခန်းရှိ လူစုလူဝေးကြီးတွင် အများစုက သံဃာတော်များ ဖြစ်နေသည့် အတွက် ပြည်သူအများအတွက် ပို၍ စိတ်ထိခိုက် ဖွယ်ဖြစ်ခဲ့သည်။ လူဝတ်ကြောင်ဖြစ်စေ၊ သံဃာတော် များဖြစ်စေ အကြမ်းဖက် ဖြေရှင်းခြင်းငှာမထိုက်။ လူဝတ်ကြောင်များ ဆိုလျှင်တော့ လူတွေ ကစပြီး အကြမ်းဖက်တာပါဟု အတင်းငြင်းလို့ ရကောင်းရနိုင်မည် ဖြစ်သော်လည်း၊ သံဃာတော်များ ဖြစ်သည့်အတွက် တစ်ဖက်သတ် အကြမ်းဖက် ဖြေရှင်း ခဲ့ကြောင်း ထင်ရှား သွားခဲ့သည်။ မီးသတ်ပိုက်နှင့် ပက်ကာ လူစုခွဲသည်၊ နောက်မီးခိုးဗုံး၊ နောက်မီးလောင်ဗုံး များဖြင့် ပစ်ခတ်သည်ဟု သိရသည်။ သံဃာတော် အများအပြားနှင့် လူအနည်းငယ် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ဓာတုပစ္စည်းများ ပါဝင်သည့် မီးလောင်ဗုံးများဟု အရပ်က ပြောကြသည်။ မည်မျှ မှန်ကန်သည်ကို တိတိကျကျ မပြောနိုင်သော်လည်း၊ သံဃာတော်များ ရရှိသည့် မီးလောင် ဒဏ်ရာများကတော့ အတော်ပင် ဆိုးဝါးလှတာကို တွေ့ရပါသည်။ သည့်အတွက် တာဝန်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး
Tuesday, December 4, 2012
0 လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်ပွဲတွင် ဖမ်းဆီးခံထားရသူခြောက်ဦး အား စတင် ရုံးတင်
မတရားမှုကို တော်လှန်နေသူတို့ဆိုတော့ .. လူတွေကို ... ဖမ်းချုပ်ထားလည်း ... သူတို့ဟာ ... လွတ်လပ်နေတယ်
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်း ဆီးခံထား ရသူခြောက်ဦးအား သက် ဆိုင်ရာမြို့နယ်တရားရုံးများတွင် ဒီဇင်ဘာ ၃ရက်၌ စတင်စစ်ဆေးနေ ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံထားရသူ ခြောက်ဦးမှ ကိုညီညီနှင့် ကိုရဲလင်းဦး အား ကျောက်တံတားမြို့နယ် တရားရုံး တွင်သာ အမှုဖွင့်စစ်ဆေး ခဲ့သော်လည်း ကျန်လေးဦးဖြစ် သည့် ကိုမျိုးချစ်၊ ကိုဝေဠု၊ ဒေါ်နော် အုန်းလှနှင့် ဒေါ်ရှမ်းမတို့မှာ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့ နယ်တရားရုံး နှစ်နေရာစလုံးတွင် အမှုဖွင့်
0 လက်ပံတောင်း တောင်ဆန္ဒပြပွဲ ဖြို ခွဲ မူ့ တွေ ။ ကန့် ကွက် ဆန္ဒပြမူ့ တွေ နဲ့ ပတ်သက်ပြီးရွှေည၀ါ ဆရာတော် ၏ မိန့် ကြားချက်(ရုပ်/သံ)
Dvb
0 ဒေသခံ သံဃာတော်များ လက်ပန်တောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းများကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များမှ ဓါတုဗေဒ ပစ္စည်းများ ပါဝင်သော မီးလောင်ဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး လက်ပန်တောင်းတောင် ဒေသ သံဃာတော်များမှ ယနေ့ ည ၇ နာရီ တွင် အချက် ၇ ချက်ပါ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကြေညာချက်တွင်
အကြမ်းဖက်မှု၌ ပါဝင်ခဲ့သည့် တာဝန်ရှိသူ အားလုံးကို ဒီမိုကရေစီ အစိုးရမှ အပြီးအပိုင် ထုတ်ပယ်ပြီး အမြန်ဆုံး အရေးယူရန်၊
အကြမ်းဖက်မှုကို ဆန္ဒပြ ဆန့်ကျင်ခဲ့သော ကြောင့် ဖမ်းဆီးခံထားရသူ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊
အမျိုးဘာသာ သာသနာကို ငြိမ်းချမ်းစွာဖြင့် ကာကွယ်စောင့် ရှောက်နေသော သံဃာတော်များနှင့် ပြည်သူလူထုကို မီးလောင်စေ တတ်သော ဓါတုဗေဒ ပစ္စည်းများကို အသုံးပြုကာ
0 လက်ပံတောင်းတောင်အရေး နှင့် ပတ်သက်၍ ပြင်ပမှ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ရန် အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ နုတ်ထွက်ခြင်း ဖြစ်ကြောင်း ၈၈ အဖွဲ့မှ ပြောဆိုရှင်းလင်း
ယနေ့ညနေ (၄းဝဝ) နာရီတွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ကျင်းပပြုလုပ်သော လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ။
ဒီဇင်ဘာ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့စည်းခဲ့ရာ တွင် ပါဝင် ဆောင် ရွက် လိုခြင်း မရှိကြောင်း သတင်းစာရှင်းလင်း ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ''ကျွန်တော်တို့အနေနဲ့ ဒီကော်မရှင်ထဲမှာ ဝင်ရောက်ဆောင် ရွက် မှုမပြုဘဲ နဲ့ ပြင်ပကနေပါဝင်ဆောင်ရွက် တာက ပိုပြီးထိရောက်လိမ့်မယ် လို့ယူဆတယ်၊ အရေးကြီး တာက ဒေသခံပြည်သူတွေနဲ့ တပြည်လုံးမှာ တက်ကြွလှုပ်ရှား နေသူတွေနဲ့ ထိတွေ့ပြီး အသံတွေနားထောင်ဖို့၊ သဘောထား အခြေအနေ တွေလေ့လာဖို့က အဓိကကျပါ တယ်၊ နောက်တစ်ခုက သံဃာထုရဲ့ အခြေအနေ၊
0 လက်ပံတောင်းတောင်အကြမ်းဖက်မှုတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှု ခံယူနေတဲ့ ဆရာတော်တစ်ပါး စိတ်ဝေဒနာခံစားရ
လက်ပံတောင်းတောင်သပိတ်စခန်းအားဖြိုခွင်း အကြမ်းဖက်မှုတွင်ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှု ခံယူနေတဲ့ ဆရာတော်တစ်ပါး ဟာ မျက်နှာမှာရှိတဲ့ မီးလောင်ဒဏ်ရာအပြင် စိတ်ဝေဒနာခံစားနေရပြီး ကျန်းမာရေးအတော်စိုးရွားနေတယ်လို့သိရပါတယ်..
ဆရာ တော် ခ ဗျာ ပုံ မှန် ပြန် ဖြစ် ဖို့  အရမ်း ခက် သွား ပါ ပြီ။ ယခု မြင် ရသည့် အတိုင်း ဘော ပင် ကို တံတွေး ဆွတ် လိုက် စာ ရွက် မှာ အမှန် တွေ ခြစ် လိုက် လုပ် နေ ရှာ ပြီ ။ ကယ် တင် ပေး ကြ ဦး ။
Photo and news ..အောင်သီဟ Facebook(Mandalay)
0 သမ္မတဦးသိန်းစိန် ကိုယ်တိုင်လက်မှတ်ထိုးထားသော ကြေညာချက် (၂)ခုက ပြည်သူလူထုကို လှည့်စားခြင်း လား ???
Reference and Credit to -ကိုဇော်သူရိမ်ထွန်း
Monday, December 3, 2012
5 နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်မည်ဖြစ်ပြီး ပြည်ပတွင် ကြပ်ကြပ်မက်မက်ကုသရန်လိုအပ်ဟု သံဃာတော်များဆို
မန္တလေးဆေးရုံသို့ရောက်ရှိနေသော သံဃာတော်များ
မုံရွာဆေးရုံကြီးမှသံဃာတော်များမန္တလေးပြည်သူ့ဆေးရုံကြီးရောက်ရှိလာပြီးနောက် ရောက်ရှိလာသောသံဃာတော်များအနေဖြင့် နိုင်ငံတော်အဆင့်တောင်းပန်မှသာ အပြစ်ပေါ့မည်ဖြစ်ပြီး သံဃာတော်များအနေဖြင့်လည်းကျေနပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်သော သံဃာတော်များအနေဖြင့်ုပြည်ပတွင်သွားရောက် ကုသရန်လိုအပ်ကြောင်းမန္တလေးသို့ရောက်ရှိ လာသော သံဃာတော်များကို ကြီးကြပ်သည့်ပခုက္ကူကျောင်းတိုက်မှ အရှင် ဇ၀နက မြန်မာ့ခေတ်သို့မိန့်ကြားသည်။
ဘုရားသားတော်များဖြစ်သော သံဃာတော်များသို့ ယခုကဲ့သို့ကာယကံမြောက်စွာ ကျူးလွန်မှုအပေါ်နိုင်ငံတော်ရှိ တာဝန်သိသောတာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ယူပါက အပြစ်ပေါ့မည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိသံဃာများအနေဖြင့် လည်း နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်နိုင်မည်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်ခဲ့သည်ဟု သိရသည်။
"ဦးဇင်းတို့ကတော့ နိုင်ငံတော်အဆင့်တောင်းပန်မှပဲကျေနပ်မယ်၊ဦးဇင်းတို့ကဘုရားသားတော်ဆိုတော့ မေတ္တာတရားရှေ့ထားပြီးခွင့်လွှတ်ပေးလိုက်မှာ၊ဒါပေမယ့် သူတို့အတွက်ဒီလိုတောင်းပန်မှသာကျေလိမ့်မယ်၊ကျေမှပဲကျေမယ်၊ကာယကံမြောက် ကျူးလွန်ထားတာ၊အဲဒီအတွက်သူတို့အပြစ်ပေါ့တာပေါ့၊ အဇာတသတ်မင်းတောင် ဖခင်ကိုသတ်တဲ့ဟာ
2 လက်ပန်းတောင်းတောင်နဲ့ ထပ်ထားတဲ့တိုင်းပြည်ရဲ့ကံကြမ္မာ နှင့် ချဉ်ပေါင်ချဉ်ရည်ချက်တဲ့နေ့ကမွေးတဲ့ သွဲ့သွဲ့ဝင်း
လက်ပန်းတောင်းတောင်နဲ့ ထပ်ထားတဲ့တိုင်းပြည်ရဲ့ကံကြမ္မာ နှင့် ချဉ်ပေါင်ချဉ်ရည်ချက်တဲ့နေ့ကမွေးတဲ့သွဲ့သွဲ့ဝင်း
မနက်က6နာရီနိုးတယ် ဆောင်းကသူရောက်လာပြီလို့ ကယောက်ကယက်အိပ်မက်လေးနဲ့ ကျွန်တော့ကိုလှုပ်နိုးတာ အမြဲတမ်းဒီနေ့ ပဲအခုလဲညကအိပ်မက် စမက်ပါတယ်
အဲဒါဆိုရင်ဆောင်ချမ်းမြမြ ဟာ.  ----မဟုတ်တော့ပါ ဆောင်းချမ်းမမြတော့ပါ ----နာရီဝက်ကြာသည်ထိ စောင့်ကြည့်တော့ ကျွန်တော့နှလုံးသားကပူလျှက်ပါ
လက်ပန်းတောင်းတောင်အတွက်ပူလျှက်ပါ မြုံနေတယ်လို့  ငြိမ်သက်နေလွန်းတယ်လို့ ထင်မိလို့ တစ်ယောက်ထဲပူနေတာပါ  ကျွန်တော်က အဲဒီတောင်နားကလာတာအမေ အဖေ ကအဲဒီတောင်ဟိုဘက် ကပ်ရက်(၁၀) မိုင်မှာအခုရှိနေသေးတယ် အမေအဖေ သတိရတော့လည်း စိတ်က အဲဒီတောင်ကိုကျော်ပြီး အမေအဖေဆီ မရောက်နိုင်တော့ပါ ကျွန်တော့နှလုံးသားမှာနေရာယူထားသူများလည်း ဒီဆောင်းချမ်းမြမြမှာ ဒီတောင်ကိုကျော် ပြီးနေရာမယူနိုင်တော့ပါ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ဒီလက်ပန်းတောင်းတောင်နဲ့ ထပ်နေပါတယ်လို့ သူရူးတစ်ယောက်လို ကျွန်တော်တစ်ယောက်ထဲအော်ပြောနေတာပါ
( ၂ )မိုင်ပဲဝေးတဲ့ ပြဿနာတက်တဲ့ ထဲပါတဲ့ မိုးကြိုးပြင်ရွာမှာ ကျောက်ခေတ်(စ လယ် ဆုံး) (Paleolithic, Mesolithic,Neolithic)
ကျောက်သင်္ချိုင်းရယ် ၊ စပယ်တောင်၊ကြေးစင်တောင်၊လက်ပန်းတောင်းတောင်ဆိုတဲ့အဲဒီတောင်သုံးလုံးကို ဆန်းကျယ်တဲ့ ဓါတ်သတ္တုတွေနဲ့ ဖြစ်ပေါ်စေခဲ့တဲ့
ညောင်ကန်ကြေးခေတ်(Bronze Age) သင်္ချိုင်းကိုသွားတွေ့ တာရယ်ကိုပြောတာပါ NASA အာကသသိပ္ပံမှာရေဒီယိုကာဗွန် ၁၄စီ(CarbonDating)နည်းနဲ့ 
သက်တမ်းတွက်ခိုင်းတော့ လွန်ခဲ့ တဲ့နှစ် (4000) က အဆင့်မြင့်တဲ့ မြန်မာပြည်ထဲက ပထမဆုံး ယဉ်ကျေးမှုနောက်တစ်ခေတ်ကိုမြှင့်တင်လိုက်တဲ့နေရာအဖြစ်ကမ္ဘာက
အသိအမှတ်ပြုသွားပါတယ်။ ပထမဆုံးသတ္တုကိုစကိုင်ပြီး မြန်မာပြည်ထဲမှာကျောက်လက်နက်ကနေ ကြေးလက်နက်ကိုပြောင်းကိုင်လိုက်တဲ့ကြေးခေတ်ယဉ်ကျေးမှုကို ကမ္ဘာကိုကြေငြာနိုင်ခဲ့တယ်။ ပထမဆုံးကြေးလက်နက်တွေက အဲဒီ စပယ်တောင်၊ကြေးစင်တောင်၊လက်ပန်းတောင်းတောင်က ကြေးတွေဆိုတာရှေးဦးလူတွေ ကြေးထုတ်ယူသွားတဲ့ ကြေးဖိုတွေတွေ့ ပြီးသာပါ အဲဒီသမိုင်းပါပျောက်သွားမှာ စိုးပါတယ်။
Nyaung Gan Bronze Age.
LET PA DAUNG HILL FROM SALINGYI
ကိုယ့်လက်ထက်မှကြေးထုတ်တတ်တယ်မထင်ပါနဲ့ ခေတ်အဆက်ဆက်နေလာပြီးပြီ ဘယ်သူကတောင်ကိုဖြတ်ပြီးတောင်ကိုဒယ်အိုးပုံမြေကြီးဖြစ်အောင်
ရောင်းစားကြတာလဲ မိုက်မဲလွန်းလှတယ်။ စစ်ပြန်စစ်မှုထမ်းတွေဆိုက်ကားနင်းနေရလို့  သူတို့ဘဝတွေမြှင့်တင်ဖို့ ဒီတောင်ဖြတ်ရောင်းရတာလို့
လွှတ်တော်လိုနေရာမျိုးကနေ သတင်းစာတက်ရှင်းတာကိုနိုင်ငံတကာက ရယ် နေရင်အဲဒါကျွန်တော်တို မဟုတ်ဖူးလို့သူတို့ ကြားနိုင်ပါ့မလား
ကံကြမ္မာကလက်ပန်းတောင်းတောင်လို့ ပြောရတာကအမှန်ပဲ။
အင်အားအကြီးဆုံးနိုင်ငံက သမ္မတကို မနေ့ ကပေါင်းပြီး ဒီနေ့ ဒီပြဿနာကို ရုပ်ပျက်ဆင်းပျက် ယောင်းမမြင်းစီးထွက်လိုက်ရတဲ့သမ္မတခမျာ သနားစရာ ခန့် ထားတဲ့အရပ်သားဝန်ကြီးများသနားစရာ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ပူးပေါင်းလုပ်ကြစို့ ပြောလို့ ယုံမိတဲ့အတိုက်ခံတွေသနားစရာသမ္မတထွက်မလာနိုင်သေးပါ အနည်းဆုံးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပါးရိုက်ပါလိမ့်မယ် သူ့သမ္မတကိုလိမ်ငြာပြီးဒီနိုင်ငံထဲ အာမခံပြီးသွင်းမိထားပြီးကမ္ဘာမှာအရှက်ကွဲနေတဲ့
စမတ်ပါဝါ ဖြစ်သွားပါတယ် သွားသွား လုပ်လုပ် ဝင်ဝင် ဆိုပြီးလစ်ဗျားအမေရိကန်သံအမတ် အသတ်ခံလိုက်ရသောကြောင့် ကလင်တန်အစစ်ခံနေရပါတယ် မြန်မာပြည်သမ္မတကိုပိုပြီးစိတ်ဆိုးပါလိမ့်မယ်။
မန်မာနိုင်ငံ၏တရားဥပဒေသည် ရင်းနှီးမြှူတ်နှံသူများကို ကာကွယ်ပေးရမည် ဟုဆန်းကျယ်လှသောအရေးပေါ်အနီရောင်ဆိုင်းဘုတ်ကြီးများအောက်မှ
နှာစေးပြီးနေရာမှ သမိုင်းဘီးလည်ချိန်တွင် နောက်ဆုံးဆူးကို နှုတ်ရန်တည့်တည့်ရောက်လာသောအခါ သမ္မတကိုယ်တိုင်ဆူးစူးနေသည်ကို ကျွန်တော်အပါအဝင် မြန်မာပြည်သူများက သမ္မတကိုသနားနေကြပါသေးတယ် ညှစ်ပြီးရုန်းကာနောက်ဆုံးအားမာန်နှင့် နှုတ်မည်ဟုထင်နေတာလည်းပါပါတယ်
ဗဟိုချက်အားလုံး လက်ပန်းတောင်တွင်ဆုံသွားပါပြီ၊( ၅ )တန်းမျှပင်မအောင်သောဝက်မှေးရွာသူသွဲ့ သွဲ့ ဝင်းကို ယောင်္ကျားရင့်မကြီးအာဏာရှိသူတွေ
ရှင်းလို့ မရသည်မှာမှန်ကန်ခြင်းမရှိသောကြောင့် ရဲရင့်ခြင်း မရှိဆိုသည်ကို တစ်နိုင်ငံလုံးကပြတ်သားစွာနားလည်ထားဖို့ လိုပါတယ်
နောက်ဆုံး သမ္မတက ကိုယ်စားလွှတ်လိုက်တာပါဟုကြေငြာပြီးလာသော စေ့စပ်ညှိနှိုင်းရေးဇာတ်လိုက် ထွက်လာပါတယ် ကချင်ထဲသွားလိုက် ကရင်ထဲသွားလိုက်လုပ်ပြီးကျွန်တော်တစ်နိုင်ငံလုံး မြေပုံမလိုဘူး စကားပြန်မလိုဘူးသွားနိုင်တယ် ဘာလို့ တုန်းဆိုတော့ ကျွန်တော်ကအားလုံးကိုသိတယ်လေ အားလုံးကိုနားလည်တယ်လေအားလုံးကိုဘာသာပြန်နိုင်တယ်လေ ဟုကိုယ့်ကိုယ်ကိုထင်ထားလေသမျှ လက်ပန်းတောင်းတောင်ပေါ်တွင်ဘာသာမပြန်နိုင်တော့ပဲ ကျသွားရရှာပါတယ် ကိုယ့်ကိုယ်ကိုလဲနားမလည်နိုင်သေးဟုထင်ပါတယ်။
သူကြီးဦးဖြူသီးဖြစ်သွားရရှာပါတယ်
အံ့သြလောက်ဖွယ် မှတ်တမ်းတင်ရမည့်စကားများကို မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသူများက တရုပ်ကိစ္စများတွင် မအောင့်နိုင်တော့လောက်အောင် (၄)တန်းအောင်အဆင့်ပင်မရှိသည့်စကားများ ထွက်ထွက်လာတတ်သည့်နမိတ်
2 တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယာင်ဆောင်သောကျီး နှင့် သူရဲ့သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ
သမ္မတကြီး၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူအများ သိစေရန်
ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဗဟုအဖွဲ့ မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။ ဘာကြောင်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီ ရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာ နိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁)စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်းခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း၊ ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့်သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။
စက်မှု(၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုပ်လုပ်ခွင့်လိုင်စင်ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င်တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။
ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက် များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စု ၀န်ကြီးထပ်မံဖြစ်လာပါသည်။
ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီးထုပ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကိုရိုးသားသော သမ္မတကြီးမှ
0 မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ ဆန္ဒဖော်ထုတ်ပွဲ မြင်ကွင်း
ဦးဆောင်သံဃာတော်မှ... ဆန္ဒသဘောထား မိန့်ကြားနေစဉ်...။
မြင်းခြံခရိုင် ဗကသ ၊ မြင်းခြံသံဃာတော်များ နှင့် မြင်းခြံ တက်ကြွလှုပ်ရှားသူများ ဦးဆောင်…။
မြင်းခြံမြို့ မှကြွေးကြော်သံ
၁။ အကြမ်းဖက်မှု…. အလိုမရှိ…။
၂။သာသနာတော်ကို…. စောင့်ရှောက်ကြ…။
၃။သံဃာတော်များကို…စောင့်ရှောက်ကြ…။
သံဃာတော်…..။ကျောင်းသား…။ပြည်သူ….။စုစုပေါင်း အင်အား ( ၁၀၀၀ ) ကျော်ပါဝင်ဆင်နွှဲကြကြောင်းသတင်းရရှိပါတယ် ။
သတင်းဓာတ်ပုံ။ ။။ လင်းပွင့် သစ္စာ
Sunday, December 2, 2012
1 ၈၈မျိုးဆက်ကျောင်းသားများ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ သီးခြားတွေ့ဆုံ လက်ပံတောင်းအရေး ဆွေးနွေးခဲ့ကြ
 လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန်ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ခဲ့ကြပြီး တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် လက်ပံတောင်းတောင် အရေးကိစ္စများအပါအ၀င် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာများနှင့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့သည် ၆း၅၀ နာရီတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာခဲ့ကြသည်။
88 Generation studients
Photo..Sun ny
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.