Sunday, December 2, 2012

4 ဒီမျက်နှာတွေလား မှားပါတယ်ဆိုပြီတော့ ၀န်ချတောင်းပန်တာ ။

Photo..Aung nay myo

၁.၁၂.၂၀၁၂ ရက်နေ့၊ နေ့လည် (၂း၃၀) တွင် မုံရွာမြို့၊ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်းဓမ္မဗိမာန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံဃာတော်များ၏ သြ၀ါဒ ခံယူပွဲတစ်ရပ်ဟုဆိုကာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။

ထိုပွဲကို စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယုမှ သံဃာတော်များကို လျှောက်ထားရာတွင် မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် သပိ တ် မဖြိုခင် ကြိုတင်သတိပေးပြီးသည့်နောက် ၂၇ နာရီအထိ အချိန်ကို ပိုပေးပြီး စောင့်ဆိုင်းခဲ့ကြောင်း၊ ဆန္ဒပြသည့် တောင်သူလယ်သမားများသည် သံဃာတော်များ၏ အရိပ်ကို ခိုကာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် မဖြစ်မနေ ဖြိုခွင်းရကြောင်း၊ မဖြိုခွင်းခင် ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် နိုင်ငံတော်၏ လုပ်ငန်းရပ်ဆိုင်းရပါက နစ်နာဆုံးရှုံးရမည့် ငွေပမာဏကို အသိပေး ဖျောင်းဖျခဲ့ပြီး ဖြစ်ကြောင်း၊ မလိုက်နာဘဲနှင့် ဆက်လက်၍ ဆန္ဒပြမှု ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ အဖြစ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ထိုပွဲသို့ မုံရွာမြို့ရှိ မဟာဇောတိကရာမကျောင်းတိုက်မှ ပင့်ဖိတ်ထားသော သံဃာတော် (၃) ပါးမှာ လုံးဝ ကြွရောက်ခဲ့ခြင်း မရှိပါ။ မုံရွာမြို့မှ ကျောင်းတိုက်များဖြစ်သော အရှေ့လေးထပ်ကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်၊ ၀ိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ဓမ္မပါရဂူကျောင်းတိုက်၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ အာသောကရုံကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက်၊ ရွှေသိမ်တော်ကျောင်းတိုက်၊ ဘုရားလှကျောင်းတိုက်၊ ဥက္ကံတောရကျောင်းတိုက်တို့မှ ဆရာတော်များသာ တက်ရောက်ခဲ့ကြပါသည်။

ဒီပွဲကို တက်ရောက်သတင်းယူခဲ့သော DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်က မေးမြန်းခဲ့သည့်အပေါ် စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယုမှထိုကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားစရာမရှိကြောင်း ပြောဆိုပါသည်။ ဖြေကြားခွင့်မရှိတာလား/မဖြေကြားချင်တာလားဟု ဆက် မေးမြန်းရာ ဖြေစရာကို မရှိတာပါဟု ပြောသွားခဲ့ပါသည်။

ိသတင်း..Dvb

4 comments:

  1. တိုင်းရဲမင်းကြီးကြည့်ရတာ သခင် က ရှူးတိုက် ကိုက်လိုက် ဟိတ်ကောင်ကြီး မလုပ်နဲ့ကွ ဆိုတော့လည်း ထန်းလျက်စားရတဲ့ မျက်နှာမျိုးနဲ့။
    သူ့အစားပြောပေးမယ် လိပ်ဖြစ်တောင် ခေါင်းမပြူဝံ့ပါဗျာ ရှက်လို့ ရှက်လို့----

    ReplyDelete
  2.ေ-ာက်ခွက်တွေကအတော်ပြောင်ကြပါလား၊ မိန်းမရွှင်တို့၊ ဖ-သယ်မတို့ထက်တောင်အဆတစ်ရာသာတယ်နော။

    ReplyDelete
  3. ခွေးအောက်ကျင်းတူးမိုက်တဲ့ အကောင်တွေပါ။

    ReplyDelete
  4. မေးစမ်းပါရစေ နိုင်ငံတကာ စံချိန်စံညွှန်း နဲ့ အညီ လုပ်တယ်ပြောရအောင် ခင်ဗျား ဖင်ကို တုတ်နဲ့ ဘယ်သူက ထိုးနေလို့ လည်း

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.