Monday, December 3, 2012

5 နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်မည်ဖြစ်ပြီး ပြည်ပတွင် ကြပ်ကြပ်မက်မက်ကုသရန်လိုအပ်ဟု သံဃာတော်များဆို

မန္တလေးဆေးရုံသို့ရောက်ရှိနေသော သံဃာတော်များ

မုံရွာဆေးရုံကြီးမှသံဃာတော်များမန္တလေးပြည်သူ့ဆေးရုံကြီးရောက်ရှိလာပြီးနောက် ရောက်ရှိလာသောသံဃာတော်များအနေဖြင့် နိုင်ငံတော်အဆင့်တောင်းပန်မှသာ အပြစ်ပေါ့မည်ဖြစ်ပြီး သံဃာတော်များအနေဖြင့်လည်းကျေနပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်သော သံဃာတော်များအနေဖြင့်ုပြည်ပတွင်သွားရောက် ကုသရန်လိုအပ်ကြောင်းမန္တလေးသို့ရောက်ရှိ လာသော သံဃာတော်များကို ကြီးကြပ်သည့်ပခုက္ကူကျောင်းတိုက်မှ အရှင် ဇ၀နက မြန်မာ့ခေတ်သို့မိန့်ကြားသည်။

ဘုရားသားတော်များဖြစ်သော သံဃာတော်များသို့ ယခုကဲ့သို့ကာယကံမြောက်စွာ ကျူးလွန်မှုအပေါ်နိုင်ငံတော်ရှိ တာဝန်သိသောတာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ယူပါက အပြစ်ပေါ့မည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိသံဃာများအနေဖြင့် လည်း နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်နိုင်မည်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်ခဲ့သည်ဟု သိရသည်။

"ဦးဇင်းတို့ကတော့ နိုင်ငံတော်အဆင့်တောင်းပန်မှပဲကျေနပ်မယ်၊ဦးဇင်းတို့ကဘုရားသားတော်ဆိုတော့ မေတ္တာတရားရှေ့ထားပြီးခွင့်လွှတ်ပေးလိုက်မှာ၊ဒါပေမယ့် သူတို့အတွက်ဒီလိုတောင်းပန်မှသာကျေလိမ့်မယ်၊ကျေမှပဲကျေမယ်၊ကာယကံမြောက် ကျူးလွန်ထားတာ၊အဲဒီအတွက်သူတို့အပြစ်ပေါ့တာပေါ့၊ အဇာတသတ်မင်းတောင် ဖခင်ကိုသတ်တဲ့ဟာ
သာမညပါလ သုတ်ကိုနာပြီးတော့မှ အ၀ီစိ ငရဲကနေအပြောင်းခံရတာ တောင်းပန်တော့ အပြစ်တော့ပေါ့သွားတာပေါ့၊" ဟု အရှင် ဇ၀န ကမိန့်သည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး"သံဃာတော်တွေရဲ့သဘောထားတွေကိုသဘောတူတယ်၊အထူးသဖြင့်တကယ်နစ်နာထိခိုက်ခဲ့တဲ့သံဃာတော်တွေရဲ့သဘောထားကို သဘောတူပါတယ်" ဟုမန္တလေးမြို့သို့ရောက်ရှိနေသော ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုမျိုးသန့် ကထောက်ခံပြောကြားသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင်လက်ပံတောင်းတောင်အရေးကြောင့် ဆေးကုသမှုခံယူလျက်ရှိသောသံဃာတော်နှင့်လူဦးရေမှာ တစ်ရာကျော်သွားပြီဖြစ်ကြောင်းနှင့် အခြေအနေပြင်းထန်သော သံဃာတော်များအနေဖြင့် နိုင်ငံခြား တွင် သွားရောက်ဆေးကုသခံယူမှုလိုအပ်နေကြောင်း သိရသည်။

"ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ နိုင်ငံခြားမှာသွားကုတာ ကောင်းမယ်လို့ဆရာဝန်တွေကပြောတယ်၊ဒါပေမယ့်ဒီကလည်းပြည်တွင်းအလှူရှင်တွေကော ပြည်ပအလှူရှင်တွေကော အတက်နိုင်ဆုံးကုနေတဲ့အတွက်လိုအပ်တာကိုတော့ လိုအပ်သလို တက်နိုင်သမျှ ကြိုးစားနေတယ် ၊ဦးဇင်းတို့ဆီမှာ ငွေရေးကြေးရေးအခက်အခဲရှိတယ်" ဟု အရှင် ဇ၀နက မိန့်ဆိုသည်။

"ကင်ဆာရောဂါတောင်ဖြစ်တဲ့ အခြေအနေထိဖြစ်နိုင်တယ်၊ပြည်ပသွားပြီး အဆင့်မြင့်မြင့်နဲ့ကျပ်ကျပ်မက်မက်ကုနိုင်ရင် အကောင်းဆုံးပဲ" ဟု မုံရွာမြို့၊အောင်ချမ်းသာရပ်ရှိ ပရဟိတဆေးခန်းမှ ဆရာဝန်တစ်ဦးက

ပြောကြားသည်။ စူးရှ (မြန်မာ့ခေတ်)

5 comments:

  1. နိုင်ငံခြားကိုမပိုဘူးဆိုလဲကျွမ်းကျင်တဲ့ပညာရှင်ပါရဂူတွေခေါ်ကုဖို့တောင်းဆိုပါဘုရား။ဒင်းတို့မှာတာဝန်ရှိပါတယ်၊

    ReplyDelete
  2. ရဲ တွေ ။။ စစ်သား တွေ ၇ဲ အတွေးအခေါ် တွေ စဉ်း စား ကြည့် ကြ ပါ ..
    အထက် က ခိုင်းလို့ လုပ် တာပါ လို့  ပြော ကြ မှာ ပဲ ၊၊၊
    အတိတ် ဆိုတာ ရှိပါ တယ် . အဇာ တသတ် တောာင် မြတ်စွာ ဘု ၇ားနဲ့  တွေ့  ၇ ပေမဲ့ လဲ အ၀ီ ဇိ ကျ တာ ပဲ ။
    မိမိ ကိုယ် ထိလက်ေ၇ာက် ကျူး လွန်မှု က ၊ ခံ ရသူ က ခွင့် လွှတ် ပေမဲ အပြစ်က အပြစ်ပဲ လေ/??? ဒေ ၀ဒတ် လဲ ထိုနည်းတူပဲ ???? စဉ်းစား ကြ ပါ ကို ရွှေ ၇ဲ တို့ ကို စစ်သားတို့ ။။။။။
    ကို သန်းရွှေ ကို မောင် အေး ကိုသိန်းစိန်တို့  ။။။။

    ReplyDelete
  3. မိုးနတ်မင်းDecember 3, 2012 at 9:30 PM

    ကူညီပါရစေလို့သံကုန်ဟစ်နေတဲ့ပြည်သူ့ရဲကပြည်သူကိုကူညီနေတာလား။တရုတ်ကီုကူညီနေတာလား။ဗိုလ်ချုပ်ကြီးများကိုကူညီနေနတာလား။နာမယ်ပြောင်းလိုက်တော့လေ၊တရုတ်ရဲလို့။

    ReplyDelete
  4. တရုတ်ရဲ

    ReplyDelete
  5. ပြည်သူ့ထမင်းစားပြီး နားမလည်တဲ့ကောင်တွေ သူတို့ဘဲပြောပြီးတော့ ပြည်ပအားကိုးပုဆိန်ရိုးတဲ့ သူတို့ကိုယ်နှိုက်ကိုယ်က တရုတ်အားကိုးနေတာ... တရုတ်အားကိုးပုဆိန်ရိုး...

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.