Sunday, December 2, 2012

1 သံဃာတော်ကြီးများအား လိမ်၍ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပဇ္ဇောတာရုံကျောင်းတိုက်မှဆို

ယမန်နေ့က အာဏာပိုင်များ၏ တောင်းပန်ခြင်းခံခဲ့ရသောသံဃာတော်ကြီးများသည်၎င်းတို့အနေဖြင့် အကျိုးအကြောင်းမသိရဘဲ ပင့်ဖိတ်ခံရခြင်းဖြစ်ပြီး အဆိုပါ ကစ္စနှင့်ဆက်လျဉ်း၍ သံဃာတော်များအကြား လှုပ်ခတ်မှုများရှိနေ ကြောင်း ပဇ္ဇောတာရုံကျောင်းတိုက်ထံမှသိရသည်။

မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ပက်သက်၍အာဏာပိုင်များက သံဃာတော်ကြီးများကို ပင့်ဖိတ်၍တောင်းပန်ခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စနှင့် ပက်သက်၍သံဃာတော်ကြီးများအနေဖြင့် ပင့်ဖိတ်သည့်အကြောင်းအရင်းများ ကို ပြောကြား၍ ပင့်ဖိတ်ခဲ့ခြင်းမဟုတ်ကြောင်းကို ပဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် နီးစပ်သူတစ်ဦး ကဆိုသည်။

"ဒီအကြောင်းကိုသိရင်လိုက်မသွားဘူး၊သြ၀ါဒခံယူပွဲမှာလည်း ၀ိနည်းလွတ်အောင်မနည်းပြောခဲ့ရတယ်၊ ဒီကိစ္စနဲ့ပါတ်သက်လို့အတော်စိတ်မကောင်းဖြစ်ရတယ်" ဟု ပဇ္ဇောတာရုံကျောင်းတိုက်မှ လက်ထောက်ဆရာတော်ကြီး ဦးဇောတိပါလ ကမိန့်ကြားခဲ့ကြောင်း အဆိုပါနီးစပ်သူကပြောသည်။၊

"ဒါတွေနဲ့ပက်သက်လို့လိုက်သွားမိတဲ့ ဆရာတော်တွေ စိတ်မကောင်းဖြစ်နေတယ်၊ဘာမှမပြောဘဲနဲ့ပင့်ဖိတ်သွားတာ၊ အင်တာနက်မှာလှူဒါန်းတဲ့ပုံတွေကြောင့်လည်းသံဃာတော်တွေကြားထဲမှာ လှုပ်ခက်မှုဖြစ်နေတယ်" ဟု
၎င်းကဆိုသည်။

မုံရွာမြို့ရှိ လူအများလေးစားရသော ဆရာတော်၊သံဃာတော်အပါး(၂၀)အား အကျိုးအကြောင်း တစ်စုံတစ်ရာပြောကြားခြင်းမရှိဘဲ ပင့်ဖိတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသြ၀ါဒခံယူပွဲသို့ သံဃာတော်ကြီး ၁၀ ပါးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ရဲတွေက အပြောတခြားအလုပ်တခြား စပြောတာက တောင်းပန်ပွဲဆိုပြီး လုပ်တယ်နောက်ပိုင်းကြတော့ သြ၀ါဒခံယူပွဲဆိုပြီးစာထွက်တယ်၊ဆရာတော်တွေက မလိမ့်တစ်ပါတ်လုပ်ခံရတယ်။မုံရွာမြို့ရဲ့လေးစားရတဲ့ ဆရာတော်ကြီးတွေကို ဒီလိုလုပ်တယ်ဆိုတာမကောင်းပါဘူး" ဇီးတောရွာ၊စံပြ၀တီကျောင်းတိုက်မှ ဆရာတော်ဦးအာလောက မိန့်သည်။

မုံရွာမြို့ရှိ သံဃာတော်များ၊ရပ်မိရပ်ဖများက တောင်းပန်ရုံနှင့် မကျေနပ်နိုင်ကြောင်းဆရာတော်ဦးအာလောက ကထပ်မံမိန့်ဆိုခဲ့ပြီး "လက်ရှိဖြစ်ခဲ့တဲ့ကိစ္စမှာ သံဃာအများစုခံခဲ့ရတယ်၊ဒီလိုလေးတောင်းပန်လိုက်ရုံနဲ့ ကျေနပ်လိုက်ရမယ့်အဆင့်လား၊ တချို့သံဃာတွေဆို ဆေးရုံကမဆင်းနိုင်သေးဘူး" ဟုထပ်မံမိန့်ကြားသည်။

"ကျွန်တော်တို့လေးစားရတဲ့ ဆရာတော်ကြီးတွေကို ဂိုဏ်းကွဲအောင်လုပ်တဲ့ပွဲလို့ပဲထင်တယ်၊သြ၀ါဒခံယူပွဲမှာ သူတို့ဘက်က မှားပါတယ်ဆိုတာကိုလုံးဝထုတ်ဖော်မပြဘူး၊တောင်းပန်ရုံနဲ့တော့ ပြည်သူတွေက ကျေနပ်နိုင်ဘူး၊ဦးဆောင်မဲူ့သူရှိရင်တော့ နောက်ကနေလိုက်ဖို့ အဆင်သင့်ဘဲ" ဟု မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

ယမန်နေ့ညက မုံရွာဆေးရုံကြီးမှ မီးလောင်ဓဏ်ရာရ သံဃာတော် ၂၄ ပါးအားမန္တလေးဆေးရုံကြီး သို့ပြောင်းရွှေ့ ကုသမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊မန္တလေးနှင့် ပခုက္ကူ မြို့နယ်များရှိ သံဃာတော်များကလည်း လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပက်သက် ၍ ကျေနပ်မှုမရှိကြောင်းနှင့် အဆိုပါအကြမ်းဖက်မှုအား သံဃာတော်များက ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား ၍ စောင့်ကြည့် သွားမည်ဖြစ်ပြီး စိတ်ကျေနပ်စေရန် ပြုလုပ်မှုများမရှိပါက နိုင်ငံအ၀ှမ်းရှိ သံဃာတော်များဆန္ဒထုတ်ဖော်ပြမည် ဟု ကြေညာချက်များထုတ်ပြန်ထားသည်။

ရန်နိုင်၊စူးရှ၊မောင်ယဉ်ကျော်(မြန်မာ့ခောတ်)

1 comment:

  1. မိုးနတ်မင်းDecember 3, 2012 at 2:37 AM

    ဒီလိုလိမ်ပြီးလုပ်စားနေတာကြာပါပြီကော။သန်ရှင်းသောအစိုးရဖြစ်ဘို့မလွယ်လောက်ဘူး။ပြည်သူတွေအကင်းပါးကြပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.