Sunday, September 20, 2015



အသည်းကြားကမဲတစ်ပြားဆိုသလို ဒီမိုကရေစီစနစ်တစ်ခုမှာ မဲပြားတိုင်းဟာ အရေးပါလှပါတယ်...............အကယ်ဒမီဆွေဇင်ထိုက်Kamayut
Posted by Sakhunna Ung on Friday, September 18, 2015

Tuesday, January 1, 2013

0 ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ







ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မဟာမန္ဒုလပန်းခြံရှေ့မှာ သည်နေ့ပြုလုပ်ပါတယ်။ "စစ်ဘေးသင့် ပြည်သူများ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိစေရေး"စာသားများဖြင့် ဆန္ဒဖော်ထုတ် ဆုတောင်းခြင်း ၊သံဃာတော်များက သြဝါဒစကား မိန့်ကြားကာ မေတ္တာသုတ် ရွတ်ဖတ်ခြင်း ၊
နှစ်သစ်ကူးငြိမ်းချမ်းရေး ဆုတောင်းလွှာ ဖတ်ကြားပြီးငြိမ်းချမ်းရေး သီချင်းနှင့် ကဗျာများ သီဆို ရွတ်ဖတ်ခြင်း
၊ ဖယောင်းတိုင်များဖြင့် စီတန်း လှည့်လည်ကာ ငြိမ်းချမ်းရေး အမှတ်တံဆိပ်ကို ဖယောင်းတိုင်များဖြင့် ပုံဖော်ခြင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ခံများကလည်း ငြိမ်းချမ်းရေး ဆုတောင်း စကားများ ပြောကြားပြီး လူစုခွဲမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ် အရသိရသည်။

ဓါတ်ပုံ-မော်ဒန်ဂျာနယ် —
The voice weekly

0 "ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"


၂၀၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရမှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာတကယ်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားများပီပီ လုပ်နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ ကျမထင်ပါတယ်၊

နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ၊နိုင်ငံသူနိုင်ငံသားတွေ အရည် အချင်းရှိမှ နိုင်ငံလည်းတိုတက်မယ်၊နိုင်ငံလည်းအဆင့်ရှိမယ်၊ဒါကြောင့်မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။

ကျမတို့ရဲ့ ပြည်သူပြည်သားများ တစ်နေ့ထက်တစ်နေ့ ပိုပြီး အရည်အချင်းတွေ တိုးတက်နိုင်ပါစေ၊ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိ နဲ့ ကိုယ်ရသင့် ရထိုက်တဲ့ အခွင့် အရေးတွေ အတွက် လုပ်ရဲကိုင်ရဲ ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ် ၊ကျေးဇူးတင်ပါတယ်..။

Popular myanmar News Journal

0 (နှစ်သစ်ကူး နံနက်ခင်း)တွင် နာရေးကူညီမှုအသင်း၏ ၁၂ နှစ်ပြည့် နှင့် မျက်စိဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနား ၈၈မျိုးဆက်ကျောင်းသားများ တက်ရောက်


နန်းခင်ဇေယျာ နဲ့ မင်းကိုနိုင်
( ၁၊ ဇန်န၀ါရီ၊ ၂၀၁၃ ။ နာရေးကူညီမှုအသင်း ၁၂ နှစ်ပြည့် အခမ်းအနားမှာ)

ဇင်ဝိုင်းနှင့် ကိုကိုကြီး
( ၁၊ ဇန်န၀ါရီ၊ ၂၀၁၃ ။ နာရေးကူညီမှုအသင်း ၁၂ နှစ်ပြည့် အခမ်းအနားမှာ)


Ant Bwe Kyaw

0 ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူးနုတ်ခွန်းဆက်စကား(ဒီလှိုင်းစာစောင်)

Photo.Thit Sar


0 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက

Monday, December 31, 2012

0 နှစ်သစ် ခန်းဆီး ဖွင့်လှစ်ခြင်း


တနှစ်ပြီးတနှစ် ဒီနှစ်သစ်
သက္ကရာဇ်တွေသာ ပြောင်းသွားတယ်
ဘ၀တွေက အကုန်အဟောင်း
အရာရာအားလုံး ဘာမှမပြောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
ဆုတောင်း အဟောင်းတွေ သစ်ခဲ့တယ်
ကောက်ကြောင်းတွေက ပုံမပြောင်း
အားလုံး အရင်လို နဂို အဟောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
အဟောင်းတွေ ပြန်သစ်ခဲ့တယ်
အဖြစ်တွေက မြင်မကောင်း
စစ်နွံထဲမှာ နစ်နေကြောင်း။
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
မင်းလည်းအဟောင်း ၊ ငါလည်းအဟောင်း
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
တိုင်းပြည်လည်းအဟောင်း ၊ ခေတ်လည်းအဟောင်း
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
လူတွေလည်းအဟောင်း ၊ မူလည်းအဟောင်း
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
အကျင့်လည်းအဟောင်း ၊ စနစ်လည်းအဟောင်း
အဟောင်းသံသရာ ၊ ပြည်မြန်မာမှာ
ငါ ဆုမတောင်း ၊ တိုက်မှပြောင်းမည်
သေလျှင်မြေကြီး ၊ ရှင်ရွှေထီး
နှစ်သစ် ခန်းဆီး ဖွင့်စေသတည်း။ ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ကိုရီးယား။

0 “ရှေ့ မှာ၂၀၁၃၊ထပ်ပြုံးလိုက်စို့ လားအမေ...” -
ရေးသူ-ကိုမျိုး(မြန်မာစာ)

ပြုံးရင်လှပါတယ်အမေ....။
အမေလည်းပြုံး၊သားလည်းပြုံးလို့ 
အပြုံးကိုယ်စီနဲ့ (သားတို့ )
ကြိုခဲ့တဲ့နှစ်(၂၀၁၂)
ဘာတွေပဲဖြစ်ဖြစ်
(အပြုံးနဲ့ ကြိုနိုင်ခဲ့သလို )
အပြုံးနဲ့ ပဲလက်ပြ
နှုတ်ဆက်ချန်ထားလိုက်နိုင်မှ
ရှေ့ မှာ၂၀၁၃
သားတို့ ထပ်ပြုံးနိုင်မှာမဟုတ်လားအမေ...။
(ဘာတွေပဲဖြစ်ဖြစ် )
ပြုံးရင်လှပါတယ်အမေ....။

- ကိုမျိုး(မြန်မာစာ)

[၂၀၁၂ကိုနှစ်သစ်ကြိုအပြုံးကဗျာနဲ့ 
နှစ်သစ်ကြိုအမေ့ကိုဂုဏ်ပြုခဲ့သလို
၂၀၁၃ကိုလည်းနှစ်သစ်ကြိုကဗျာနဲ့ 
အမေ့ကိုဂုဏ်ပြုလိုက်ရပါကြောင်း]

- graphic design: ko myoe

3 အရောင်ပြောင်းခွင့်ပေးလိုက်ကြပါ။ ကျော်စွာ ( ဗ.က.သ )

မှတ်ချက်- (၃၀-၁၂-၂၀၁၂) ရက်နေ.ထုတ်သမဂ္ဂဂျာနယ်၊အတွဲ(၁)၊အမှတ်(၂)တွင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ယနေ.ကာလဟာ တိုင်းပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်ပါတယ်လို. သမတကြီးဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ အဖွဲ.ကရော၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကရော၊ နှစ်ပေါင်းဆယ်ချီ အဖိနိုပ်ခံခဲ့ရတဲ့မင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေကရော ပြောဆိုနေကြပါတယ်။

လူတစ်ယောက် ( ဒါမှမဟုတ် ) လူတစ်စုက အာဏာကိုချုပ်ကိုင်ထားပြီး လက်ညှိးညွှန်ရာ ရေဖြစ်စေဆိုတဲ့နှစ်ပေါင်း(၅၀) ခန်. အခင်းအကျင်းကြီးကနေ လူအများက စုပေါင်းဆွေးနွေး ဝေဖန်ဆုံးဖြတ်တဲ့ခေတ်သစ်တစ်ခုရဲ. အစလို.ဆိုရပါမယ်။

အဟောင်းတစ်ခုကနေ အသစ်တစ်ခုကို ပြောင်းရွေ.ရာမှာ အဟောင်းတုန်းက အကြွင်းအကျန်ပြသာနာတွေရော၊
အသစ်ထပ်ရင်ဆိုင်ရတဲ့ ပြသာနာတွေရော ရောထွေးနေတဲ့ကာလပေါ့။ အခုကာလမှာ လက်ရှိအစိုးရဘက်မှာရော အတိုက်အခံလို.အများခေါ်ကြတဲ့ နိုင်ငံရေးဦးဆောင်သူတွေဘက်မှာရော ပြသာနာအဟောင်းနဲ.ပြသာနာအသစ်တွေကို ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် နှစ်ပေါင်းများစွာမဖြေရှင်းခဲ့တဲ့တိုင်းရင်းသားလူမျိုးနွယ်စုများရဲ.စစ်မီးတွေတောက်လောင်နေဆဲပါ။အတိတ်ကိုပြန်တွေးကြည့်သော် ၁၉၈၈ လူထုအုံကြွမှု တော်လှန်ရေးကာလမှာမြန်မာတစ်နိုင်ငံလုံးကလူတန်းစားအလွှာအသီးသီးက

0 ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် နှစ်သစ်ကူးဆန္ဒထုတ်ဖော်ဆုတောင်းပွဲ





ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ပြီးစစ်ဘေးသင့်ဒုက္ခသည် များ အိမ်ပြန်နိုင်ဖို့နဲ့ငြိမ်းချမ်းရေး ရရှိဖို့ ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ ပြည်သူများအားလုံး အဖြူရောင်အင်္ကျီများဝတ်ဆင်ပေးကြပါရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီလ ၁ရက် ၂၀၁၃ခုနှစ် ညနေ ၂နာရီမှ ၅နာရီထိမဟာဗန္ဓုလပန်းခြံရှေ့မှာ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူပြည်သူများကနှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲတခုပြုလုပ်သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလိုလားသူများပါဝင်ဆုတောင်းနိုင်ပါတယ်။

ယနေ့နေ့လည်ကသက်ဆိုင်ရာမှခွင့်ပြုမိန့်ရရှိခဲ့ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ငြိမ်းချမ်းရေးလိုလားသူများ ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

Moe thway (Generation Wave)

1 ကချင်ပြည်နယ်ထိုးစစ်အား ကိုမြအေး၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုကို ကြိုဆိုခြင်း

Photo..မြန်မာ့ခေတ်

ယခုရက်ပိုင်းများအတွင်း ဦးသိန်းစိန် စစ်အစိုးရ ဆင်နွှဲလျှက်ရှိသော ကချင်ပြည်နယ်ထိုးစစ်သည် အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ လူသားစိတ်မရှိဆုံး၏ ပြယုဂ်ဖြစ်လာသည်။ ပြင်းထန်လှသော လက်နက်ကြီးများ၊ တိုက် လေယဉ်များ၊ မြောက်များလှစွာသော တပ်အင်အားများကိုပါသုံးပြီး မိမိထက် အဆမတန် အင်အားနည်းပါးသော ကေအိုင်အိုကို ထိုးစစ်ဆင်နေခြင်းကြောင့်ဖြစ်သည်။ လူကြီးက ကလေးကို စိမ်ခေါ်ပြီး လက်ဝှေ့ထိုးသတ်နေသကဲ့ပင်။ ပွဲမှာ လုံးဝပင် ကြည့်မကောင်းပါ။

အလွန်အမင်းအေးချမ်းလှသော ကချင်ပြည်ဆောင်းရာသီတွင် အနွေးထည်နှင့် စောင်ကလေး များ မျှပင် လုံလောက် အောင်မရှိရှာသော ကချင်စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် တရုတ်နယ်စပ် တောတောင်များ အတွင်း ပိတ်မိ နေသဖြင့် ပြေးစရာမြေမရှိသည့် ဘ၀၌ မည်မျှ စိုးရိမ်ထိတ်လန့်ကြမည်ကို တွေးမြင်ကြည့်နိုင်သည်။ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ ဦးဆောင်သည့် စစ်အစိုးရသည် ရက်စက်လှချေတကား။ လူသားစိတ် ကင်းမဲ့လှချေ တကား။

ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်ကြီးများနုတ်ဆိတ်နေကြသည့် အချိန်တွင်“ ထိုးစစ်ချက်ခြင်းရပ်” ဟူသည့် ဆိုင်းဘုတ်များ ကိုင်ပြီး လူထုအချို့ဆန္ဒပြသည့် ပုံများပေါ်လာသည်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက “ ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး ၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း”

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.