မှတ်ချက်- (၃၀-၁၂-၂၀၁၂) ရက်နေ.ထုတ်သမဂ္ဂဂျာနယ်၊အတွဲ(၁)၊အမှတ်(၂)တွင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
ယနေ.ကာလဟာ တိုင်းပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်ပါတယ်လို. သမတကြီးဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ အဖွဲ.ကရော၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကရော၊ နှစ်ပေါင်းဆယ်ချီ အဖိနိုပ်ခံခဲ့ရတဲ့မင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေကရော ပြောဆိုနေကြပါတယ်။
လူတစ်ယောက် ( ဒါမှမဟုတ် ) လူတစ်စုက အာဏာကိုချုပ်ကိုင်ထားပြီး လက်ညှိးညွှန်ရာ ရေဖြစ်စေဆိုတဲ့နှစ်ပေါင်း(၅၀) ခန်. အခင်းအကျင်းကြီးကနေ လူအများက စုပေါင်းဆွေးနွေး ဝေဖန်ဆုံးဖြတ်တဲ့ခေတ်သစ်တစ်ခုရဲ. အစလို.ဆိုရပါမယ်။
အဟောင်းတစ်ခုကနေ အသစ်တစ်ခုကို ပြောင်းရွေ.ရာမှာ အဟောင်းတုန်းက အကြွင်းအကျန်ပြသာနာတွေရော၊
အသစ်ထပ်ရင်ဆိုင်ရတဲ့ ပြသာနာတွေရော ရောထွေးနေတဲ့ကာလပေါ့။ အခုကာလမှာ လက်ရှိအစိုးရဘက်မှာရော အတိုက်အခံလို.အများခေါ်ကြတဲ့ နိုင်ငံရေးဦးဆောင်သူတွေဘက်မှာရော ပြသာနာအဟောင်းနဲ.ပြသာနာအသစ်တွေကို ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် နှစ်ပေါင်းများစွာမဖြေရှင်းခဲ့တဲ့တိုင်းရင်းသားလူမျိုးနွယ်စုများရဲ.စစ်မီးတွေတောက်လောင်နေဆဲပါ။အတိတ်ကိုပြန်တွေးကြည့်သော် ၁၉၈၈ လူထုအုံကြွမှု တော်လှန်ရေးကာလမှာမြန်မာတစ်နိုင်ငံလုံးကလူတန်းစားအလွှာအသီးသီးက
ပုံသဏ္ဍာန်မျိုးစုံနဲ.ပါဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်ရဲ. ရက်စက်လှတဲ့ အာဏာသိမ်းနှိမ်နင်းမှုအောက်မှာတော့ အဲဒီအချိန်က တိုင်းပြည်ကောင်းအောင်
တိုင်းပြည်ပြောင်းအောင် ဦးဆောင်ခဲ့သူတွေ အများအပြား နိုပ်ကွပ်ခံခဲ့ကြရပါတယ်။ ဦးဆောင်သူတွေအပြင် နောက်ထပ်ဆင့်ပွား ဆန်.ကျင်မှုတွေမပေါ်လာနိုင်အောင် လူထုအုံကြွှမှုမှာ အလယ်အလတ်ကပါဝင်ခဲ့တဲ့သူတွေကိုလည်း မဟာဗျုဟာ ကျကျ ထပ်မံဖမ်းဆီးနှိပ်စက်မှုတွေ လုပ်ခဲ့ကြတယ်။ သဘောကတော့အညှောင့်လေးကနေအပင်ရွက်သစ်လေးတွေတောင် ပြန်မထွက်လာနိုင်အောင်ပေါ့။ နောက်ဆုံး ဆန္ဒပြတိုက်ပွဲတွေမှာလမ်းသွားလမ်းလာရပ်ကြည့်မိသူတွေကိုတောင် စစ်ထောက်လှမ်းရေးက မှတ်တမ်းဓါတ်ပုံထဲမှာပါသွားမိရင် ဖမ်းဆီးပြီးထောင်ချပစ်လိုက်သည်အထိအပြီးသတ်ချေမှုန်းခဲ့ကြပါတယ်။
အဲဒီလိုအချိန်မှာ ၁၉၈၈ လူထုအုံကြွမှု နဲ. ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေ၊ အဲဒီအချိန်ကရန်ကုန်တက္ကသိုလ်ထဲက
ကျောင်းသူကျောင်းသားတွေ၊ လူငယ်အလွှာအသီးသီးဟာ ပုံသဏ္ဍာန်မျိုးစုံနဲ. ကွဲပြားသွားခဲ့ကြပါတော့တယ်။
အဲဒီလို ၁၉၈၈-၁၉၈၉-၁၉၉၀ အပြင်းထန်ဆုံး (၃)နှစ်တာဖြိုခွဲနေချိန်မှာ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တစ်ယောက်ပြောခဲ့တဲ့ စကားတစ်ခုကိုမှတ်မိနေသေးတယ်
“ ကျွန်တော်တို.ဟာ အခုအချိန်အခါမှာ အရက်စက်ဆုံးဖြိုခွဲ ဖမ်းဆီးခံနေကြရပြီ၊ တချို.တွေက ထောင်ထဲမှာ၊
တချို.တွေက နယ်စပ်အသီးသီးမှာ တချို.တွေက ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ တချို.တွေက မိသားစု
စားဝတ်နေရေး ဘ၀ရပ်တည်ရေးတွေလုပ်ကြရတော့မယ်၊ ဒီတော့ ကျွန်တော်မှာချင်တာက နောင်နှစ်ပေါင်း
များစွာကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ. ဖြတ်ကျော်ပြီးတဲ့တစ်နေ.မှာ ကျွန်တော်တို.တိုင်းပြည်ပြောင်းလဲခွင့်ကြုံလာမယ့်
အချိန်ကျရင် ကျွန်တော်တို.တစ်တွေဟာ နေရာတစ်ခုစီ၊ အသိုင်းအ၀ိုင်းတစ်ခုစီမှာ ဦးဆောင်ဆုံးဖြတ်နိုင်သူတွေ
အဖြစ် စားပွဲဝိုင်းပေါ်မှာပြန်တွေ.ကြမယ် “ တဲ့။
အဲဒီစကားကို နားလည်သလောက်အဖြေရှာကြည့်ရင် ၁၉၈၈ လူထုဒီမိုကရေစီတော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့တိုင်းပြည်နဲ.
လူမျိုးကို ချစ်တတ်တဲ့သူတွေဟာ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ပြည်သူ.၀န်ထမ်းနယ်ပယ်၊အသိပညာရှင်
အတတ်ပညာရှင်နယ်ပယ်၊ စာပေအနုပညာနယ်ပယ် စတဲ့ နယ်ပယ်အသီးသီးမှာ ဖြတ်သန်းရှင်သန်နေကြပြီး၊
တစ်နေ.သောအခါမှာတော့ ၁၉၈၈ က စိတ်ဓါတ်တွေနဲ.အတူ စားပွဲတစ်ဝိုင်းထဲမှာ ပြန်လည်ဆုံတွေ.ကြပြီး၊ တိုင်းပြည်ရဲ.
အနာဂတ်ကိုဝိုင်းဝန်းဖန်တီးအဖြေရှာကြဖို.လို.နားလည်ပါတယ်။
ယနေ.တိုင်းပြည်ရဲ.အသွင်ကူးပြောင်းရေးကာလဟာ လွန်ခဲ့သော ၂၄ နှစ်ကျော်က၈၈ ကျောင်းသားခေါင်းဆောင်
တစ်ယောက်ပြောခဲ့တဲ့ အချိန်ပါပဲ။ ဒါပေမယ့် အခုအချိန်အခါမှာ စီးပွားရေးနယ်ပယ်မှာရောက်နေတဲ့ တိမ်မြှပ်နေတဲ့မျိုးဆက်တွေ၊
လူမှုရေးနယ်ပယ် နဲ. အသိပညာရှင် အတတ်ပညာရှင်နယ်ပယ်မှာ တိမ်မြှပ်နေကြတဲ့မျိုးဆက်တွေဟာ ( ခရိုနီ ) တွေပါ
ဆိုတဲ့ ဆိုင်းဘုတ်ဆိုးကြီးတပ်ခြင်းကိုခံစားနေကြရပါပြီ။
တိမ်မြှပ်နေတဲ့မျိုးဆက်တွေလို.ခေါ်ခေါ်၊ လျှို.၀ှက်နေတဲ့မျိုးဆက်တွေလို.ပဲခေါ်ခေါ် သူတို.တွေဟာ ယနေ. မြန်မာနိုင်ငံရဲ.
အသွင်ကူးပြောင်းရေးကာလမှာ နိုးထလာကြပါပြီ။
ခေါင်းဆောင်လုပ်သူတွေ ထောင်ကျနေချိန်၊ ဘ၀တွေပေးဆပ်နေချိန်မှာ သူတို.တစ်တွေဟာစိတ်မကောင်းကြီးစွာနဲ.
ကန်.လန်.ကာနောက်ကွယ်မှာ ဆုတောင်းပေးနေခဲ့ကြတာ ဘယ်သူမှမသိခဲ့ကြပါဘူး။ တတ်စွမ်းသမျှ အမည်မဖော်လိုသူတွေအဖြစ်နဲ.
ကူညီပံပိုးမှုတွေလုပ်ခဲ့ကြတာကိုလည်း ကာယကံရှင်တချို.မသိခဲ့ကြပါဘူး။
သူတို.တစ်တွေဟာ နှစ်ပေါင်းများစွာ သူတို.ရဲ.မိသားစုဘ၀တွေ ရှင်သန်ရပ်တည်ရေးအတွက် အာဏာရှင်တွေနဲ. ပုံစံအမျိုးမျိုးနဲ.
ဆက်ဆံခဲ့ကြရတယ်ဆိုတာ မငြင်းပါဘူး၊ တကယ်က အဲဒီ အမှောင်ခတ်ကြီးထဲမှာ အာဏာရှင်တွေနဲ.မဆက်ခံလို.မှမရတာပဲလေ။
စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ အနုပညာလုပ်ငန်းပဲဖြစ်ဖြစ် အာဏာရှင်နဲ.ဆက်ဆံရေးအဆင်ပြေမှသာ
ရှင်သန်နိုင်တဲ့ခေတ်ကို ဖြတ်သန်းခဲ့ကြရတာလေ။
အပြောင်းအလဲတစ်ခုကို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာတစ်ခုရအောင်၊ အောင်မြင်မှုတွေရအောင် သူတို.တွေ ပေါင်းခဲ့ကြပါတယ်၊
ဆက်ဆံခဲ့ကြပါတယ်။ သူတို.ရဲ. ၈၈ စိတ်ဓါတ်တွေကို တစ်နေရာမှာ ခဏသိမ်းထားပြီး ဟန်ဆောင်မျက်နှာဖုံးတွေစွပ်ခဲ့ကြတယ်။
ဒါကို သစ္စာဖောက်တွေ၊ ဖေါက်ပြန်ရေးသမားတွေလို. ခေါ်မလား။
ဟိုတစ်နေ.က ကိုဇာဂနာရဲ.စာအုပ်လက်မှတ်ထိုးပွဲနေ.မှာ လက်ရှိ ရုပ်ရှင်အစည်းအရုံး၊ ဥက္ကဌ ကိုဇင်ဝိုင်းပြောတာလေး
မှတ်မိနေသေးတယ်။
“ သူထောင်ကထွက်လာတော့ ရုပ်ရှင်လည်းရိုက်ခွင့်မရတော့ဘူး၊ ဒါနဲ. လသာလမ်းထိပ်မှာ အာလူးကြော်
ရောင်းခဲ့နေခဲ့တယ်တဲ့၊ ဒါပေမယ့် နောက်ဆုံးတော့ အာဏာရှင်ကို ဒူးထောက်တယ်လို.ပဲဆိုဆိုသူလက်မှတ်ပြန်ထိုးပြီး
ရုပ်ရှင်ပြန်ရိုက်ခဲ့ရပါတယ်တဲ့၊ အဲဒီအတွက်လည်း သူခံစားရပါတယ်၊ သူသွေးကြောင်ခဲ့သလိုဖြစ်ခဲ့ရပါတယ် “ လို.
ဝန်ခံစကားပြောခဲ့ပါတယ်။
သေသေချာချာ စဉ်းစားကြည့်ရင် ကိုဇင်ဝိုင်းဟာ အဲဒီအချိန်က သူ.ရဲ.မျိုးဆက်စိတ်ကို တိမ်မြှပ်ပြီး ခဏပြောင်းလဲပြီးနေခဲ့တဲ့အတွက်ယနေ. အသွင်ကူးပြောင်းရေးကာလမှာ သူဟာ ရုပ်ရှင်အနုပညာလောကမှာ တာဝန်ရှိအဆုံးအဖြတ်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ခဲ့ပြီ။ အခုတော့ သူလည်း မူလမျိုးဆက်အရောင်အသွေးတွေ၊ စိတ်ဓါတ်တွေ ပြန်လည်ထုတ်ဖော်ခွင့်ရရှိနေပါပြီ။
တိမ်မြှပ်နေသူတွေထဲမှာ ယနေ.နံမည်ကြီး ဘဏ် ဥက္ကဌကြီးတစ်ယောက်ဟာ တချိန်က ၈၈ သပိတ်ခေါင်းဆောင်မျိုးဆက် တစ်ယောက်ပါ။
ဂျပန်နိုင်ငံက တင်သွင်းနေတဲ့ ကား ကုမ္ပဏီပိုင်ရှင်ကြီးတစ်ယောက်ဟာလည်း တချိန်က ဗ.က.သ မျိုးဆက်တစ်ယောက်ပါ။
ဌာနဆိုင်ရာတစ်ခုက ဦးဆောင်ညွှန်ကြားရေးမှူးကြီးတစ်ယောက်ဟာလည်းတချိန်ကရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်
တစ်ယောက်ပါ။
ဒါ့အပြင် ယနေ.နံမည်ကျော်ကျောက်မြက်ရတနာဆိုင်ပိုင်ရှင် အမျိုးသမီးကြီးတစ်ယောက်ဟာလည်း တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ပါ။ ပြောရရင် အများကြီးပါပဲ သူတို.တစ်တွေဟာ အခုလို တိုင်းပြည်အသွင်ကူးပြောင်းရေးကာလမှာ နိုးထလာခဲ့ကြပါပြီ။
မူလက ၈၈ မျိုးဆက်စိတ်ဓါတ်တွေ ပြန်လည်အသက်ဝင်ခဲ့ကြပြီ။ သူတို.ကို သာမှပြန်ကူးတဲ့သူတွေလို. ခေါင်းစဉ်တပ်မလား၊
လက်မခံတော့ပဲ ဖောက်ပြန်ရေးသမားတွေလို. စွန်.ပယ်ကြမလား။
တစ်ချိန်က ၈၈ သပိတ်တပ်ကြီးအိမ်ရှေ.ကဖြတ်သွားတာတောင် အိပ်ပျော်နေပြီး အခုမှတိုင်းပြည်အတွက်လို.ထအော်နေသူ
တစ်ချို.က ( ခရိုနီ ) တွေပါလို. သူတို.ကို အမည်တပ်နေကြပါတယ်။အဲဒီမျိုးဆက်တွေ လမ်းပေါ်မှာထွက်နေတုန်းက အိပ်ပျော်နေသူတွေက အခုမှ တိုင်းပြည်အတွက်လို.ထအော်နေသူတွေတချို.ကပြုပြင်ပြောင်းလဲရေးပါဝင်လာမယ့်သူတွေကို နာမည်တပ်ပြီး ကန်.သတ်လိုက်ပါတယ်။
အဲဒီမျိုးဆက်တွေ လမ်းပေါ်မှာထွက်နေတုန်းက အိပ်ပျော်နေသူတွေက အခုမှ တိုင်းပြည်ပြောင်းလဲရေးဦးဆောင်နေသူတွေလို.
သူတို.ကိုယ်သူတို. ကင်ပွန်းတပ်နေလေတော့တိမ်မြှပ်မျိုးဆက်တွေ ဘယ်လိုခံစားနေကြရမလဲ၊ စဉ်းစားကြည့်ကြပါ။
စစ်အာဏာရှင်လက်ထက်က အစွမ်းရောက် ခရိုနီများကိုတော့အရောင်ပြောင်းခွင့်ပေးပါလို.မဆိုလိုပါ။ သူတို.ကိုယ်တိုင်လည်း
မည်သည့်အခါမှအရောင်ပြောင်းလဲလာမည် မဟုတ်ပါ။သူတို.မှာသမိုင်းကြောင်းလည်းမရှိ၊ အစဉ်အလာလည်းမရှိ၊ ပြည်သူ.မျက်နှာကို
ကြည့်တဲ့သူတွေ မဟုတ်ပါ။
ခရိုနီဆိုပြီး မြင်မြင်ရာ တံဆိပ်တပ်နေမယ့်အစားသူတို.တွေရဲ.နောက်ကြောင်းသမိုင်းစာမျက်နှာတွေကိုပြန်လေ့လာကြည့်သင့်ပါတယ်။
ဒါကြောင့် နှစ်ပေါင်းများစွာ အခြေအနေနဲ. အချိန်အခါအရ အရောင်အသွေး အမျိုးမျိုး ပြောင်းလဲပြီးရှင်သန်နေခဲ့ကြရတဲ့၊
တိမ်မြှပ်နေခဲ့ကြရတဲ့ ကျွန်တော်တို.ရဲ. မျိုးဆက်တွေကိုအရောင်ပြောင်းခွင့်ပေးလိုက်ကြပါ။
လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်က တိုင်းပြည်ကိုချစ်တဲ့အရောင်အသွေးတွေနဲ.အတူ ပြန်လည်လက်ကမ်းကြိုဆိုကြပြီး၊အနာဂတ်တိုင်းပြည်
တည်ဆောက်ရေးလမ်းပေါ်မှာ အတူလက်တွဲပြန်လျှောက်ကြပါစို.လားဗျာ။
ကျော်စွာ ( ဗ.က.သ )
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
ရယ်ရတယ်။
ReplyDeleteအ၈င်္လ်ပ်တွေ မြမာနိုင်ငဲကိုကျူးကျော်တော သူတို့ အောက်မှာ မနေချင်လို ရွေကျင်က လူကုန်တန်တဦး မိသားစုနှင့်အတူ ထိုင်ျးွှိုင်ငံမမြှာ ထိုင်းဘက်ကို အပြီးထွက်သ
ReplyDeleteွားတယ်လို ဖတ်ဖူးခဲ့ရတယိ။ ဒါမျိုးကို လေးဟားတယိ။ လုံးဝပြတ်သားတယ်။ ပြတ်ကာက်ကြောင်တော့ မလုပ်နဲ့ ။
ကျော်စွာ
ReplyDeleteမင်းရေးထားတာ နားလည်ပါတယ် ။ စစ်တပ်ထဲမှာလဲ တချို့ ဗိုလ်ချုပ်တွေ လဲ ဒီလိုစိတ်ဓါတ်ရှိသူတွေ တဥိးတလေ ရှိပါတယ် ။
တော်လှန်ရေးထဲမှာပါသူတွေက အမျိုးမျိုးပါ ။ သာပြီထင်ပြီးပါလာသူတွေလဲရှိပါတယ် ။ ပြီးကိုယ်အတ္တ အတွက် ဘက်ပြန်ပြောင်းကြတာပါ ။ သာကူးပြောမလား ဆိတ် ( ) ပြောမလား ။
ဒါပေမဲ့
တချို့ က တော်လှန်ရေးရဲဘော်အချင်းချင်းအပေါ်မှာတောင် ဥပမာ..ကားအရောင်းအ၀ယ် လုပ်တာမှာ ရဲဘော်ချင်းဆိုတဲ့စိတ်နဲ့  ငွေအကျေမချေသေးပေမဲ့ ကားကိုပေးလိုက်တာ တခါထဲ လိမ်သွားတဲ့သူ တဥိးရှိခဲ့ဘူးတယ် ။ နိုင်ငံရေးဆိုတဲ့ ခံယူချက်တောင် မ၄ဲ့ တော့ဘူး ။ ငါကိုယ်တိုင်ကြုံခဲ့ရသူ ဒို့ ထောင်ကျရဲဘော်ထဲမှာရှိတယ် ။ ဘယ်သူဆိုတာ ပြောစရာမလိုပါဘူး ။
ကုမ္မဏီစုပေါင်းထောင်တယ် ။ အားလုံးကို လိမ်ထုတ်ပထုတ်တာလုပ်တယ် ။ ဒို့ အချင်းချင်းလှုပ်ရှားမှုတွေကို ရန်သူတော်ကြိးဆီ သူလျှိုလုပ်ပို့ တယ် ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ဆီ် ကိုအ၀င်အထွက်လုပ်သူတွေ ဒုက္ခပေးတာခံရတယ် ။ ဒါပေမဲ့တချို့ ကျတော့ ၀င်ထွက်ပြီး ရံပုံငွေကိုဗြောင်ထဲ့တာတောင် ဒုက္ခမရောက်တဲ့အပြင် အလုပ်ပိုတိုးပွား ပိုနေရာရသူတွေရှိတယ် ။
လူတွေ ( ငအ ) လို့ ထင်နေတာလား ။ ကိုယ့်ရဲ့ အရေခွံကို လုံလှပြီထင်နေသေးတာလား ။
ဒို့ တော်လှန်ရေးမှာ ပါခဲ့သူအားလုံးကို မိမိရဲ့ စိတ်ဓါတ်အရင်းခံမှာ ( အတ္တ ) ဘယ်လောက်ကြိးသလဲ ဆိုတာက အဓိက ကျပါတယ် ။ အတ္တကြိးသူက အမြိးကျက်အမြိးစာ ပါ ။ အတ္တလွန်ကဲသူကတော့ အမြိးတောင်တပိုင်းလေး ကျက်တာကို ပိုင်းစားတာပါ ။
Charity begins at home..... မြန်မာလိုတော့..... ဒါန က အိမ်ကစ ။ အရင်းခံစိတ်ဓါတ်က စကားပြောတာပါ ။
၉၅ / ၉၆ က
ဒေါက်တာလှိုင်မြင့်