Monday, December 31, 2012

0 မီးခိုးဗုံးလား မီးလောင်ဗုံးလားသိရအောင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်မှ အမျိုးသမီးများက လက်တွေ့စမ်းသပ်ခံကြည့်ပါရစေတဲ့

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်စခန်းတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် သံဃာတော်များအား နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က အင်အားသုံးဖြိုခွင်းခဲ့၍ မီးလောင် ဒဏ်ရာများရရှိခဲ့ခြင်းအပေါ် မီးခိုး ဗုံး (သို့) မီးလောင်ဗုံးဟုဒွိဟဖြစ် နေမှုများအား ရှင်းလင်းစွာသိရှိနိုင် ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်မှ အမျိုးသမီး များဦးဆောင်၍ မည်သည့်အမျိုး အစားဗုံးဖြစ်ကြောင်း ဓာတုဗေဒ ပညာရှင်များ၊ အများပြည်သူနှင့် သတင်းဌာနများမှ ပုဂ်္ဂိုလ်များရှေ့ တွင် လက်တွေ့စမ်းသပ်ခံလို ကြောင်း ဆန္ဒဖော်ထုတ်ခွင့်ပြုရန် နိုင်ငံတော်သမ္မတ၊အမျိုးသား လွှတ်တော်ဥက္ကဋ္ဌပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးလက်ပံတောင်း တောင်ကြေးနီစီမံကိန်းစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်တို့ထံသို့လိပ်မူ၍ တင်ပြ ထားကြောင်း သိရသည်။

ယင်းတင်ပြချက်တွင် နိုဝင်ဘာ ၂၉ ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင်ကြေးနီစီမံ
ကိန်းရပ်ဆိုင်းရေးအတွက်
ငြိမ်းချမ်း စွာဆန္ဒဖော်ထုတ်ခဲ့သည့် သပိတ် စခန်းတွင် သံဃာတော်များနှင့် ပြည်သူလူထုကိုလိုအပ်သည်ထက် အင်အားသုံး၍ ဗုံးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် မီးလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန် သော သံဃာတော်ဦးတိက္ခဉာဏ အားထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ပင့်ဆောင်ပြီးဆေးကုသမှုခံနေရ ကြောင်း၊ ထိုကဲ့သို့ဖြိုခွင်းခံရခြင်း နှင့် ပတ်သက်၍ နယ်ပယ်အသီး သီးမှပညာရှင်များ၊ နိုင်ငံရေးဦး ဆောင်လှုပ်ရှားသူခေါင်းဆောင် များ၊ သပိတ်စခန်း၌ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသော သံဃာတော်များ လူပုဂ်္ဂိုလ်များ၏ ဝေဖန်သုံးသပ် ချက်များ၊ ပြောဆိုချက်များကို ဂျာနယ်များတွင် ဖတ်ရှုရကြောင်း။
“စဖြစ်တာကနိုဝင်ဘာ (၂၉) ရက်နေ့ နံနက် (၀၃း၀၀) နာရီ အချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။

အစဦးဆုံးမီးသတ်ပိုက်နှင့် မထိုးခင် မှာ ကျော်ရွာထိပ်ဆီက သေနတ် သံသုံးချက်ဖောက်သံကြားလိုက် ရတယ်။ အဲဒီနောက်မှာပဲစတော့ တာပဲ။ ပထမမီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာရှိနေတဲ့ သူတွေ ကို ရေတွေနဲ့ စဖြန်းပါတယ်။ (၁၀ မိနစ်လောက်ကြားတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ်တယ်။ နောက်မီးခိုးတွေထွက်တယ်။ နောက်ပေါက်ကွဲတယ်“ဟု လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်း၊ မောင်းတံဂိတ် (တောင်ပေါ် ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့သည်များကို ပြောပြကြောင်း၊ စုံစမ်းစစ်ဆေး ရေးကော်မရှင်က ၁၅.၁၂.၂၀၁၂ နေ့ သတင်းထုတ်ပြန်ချက် (၂/ ၂၀၁၂) အပိုဒ်တွင် မီးခိုးဗုံးဟုသုံး ထားပြီး အပိုဒ် ၂ တွင် မီးလောင် ဒဏ်ရာရသည်လူနာများဟုသုံး ထားကြောင်း

ထို့ကြောင့်မြန်မာနိုင်ငံ သူနိုင်ငံသားများနှင့် လက်ပံတောင်း တောင်အရေးတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများရှင်းလင်း ကာအဖြေရရန်အတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုး သမီးကွန်ယက်မှ အမျိုးသမီးများ နှင့် ဆန္ဒတူအမျိုးသမီးများစုပေါင်း ၍မည်သည်ဗုံးဖြစ်သည်ကိုကွဲပြား စေရန် စမ်းသပ်ပေးစေလို၍တင်ပြ အပ်ကြောင်းဖော်ပြထားသည်ဟု သိရသည်။

့Hot news weeklyဂျာနယ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.