လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်
လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့ ၊ ငါ့မှာမေးရိုးရှိတယ်။
ခုတော့မင်းမှာမေးရိုးမရှိပဲ မင်းလက်သီးတွေ ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ မင်းတရားလွန်လွန်းပြီ၊
( ကဗျာဆရာ-မောင်ချောနွယ် )
အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်လာတော့ ကြားလိုက်ရတဲ့စကားတွေက ကြက်သီးမွေးညှင်း ထလောက်စရာ။ “ကျမကို ထိန်းသိမ်းထားတဲ့သူတွေကို ကျမ အာဃာတမထားပါဘူး” တဲ့၊ ကိုယ့်အပေါ် ရက်ရက်စက်စက် လုပ်ထားတဲ့သူတွေအပေါ် ကျနော်တို့သာဆိုရင် ဒီလိုစကားမျိုး ပြောထွက်နိုင်ပါ့မလား စဉ်းစားကြည့်မိတယ်။ သေချာတယ်။ ကျနော် ပြောမထွက်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော် အန်တီစုလောက် စိတ်ထားမကြီးကျယ် မမြင့်မြတ်လို့ဆိုတာ သေချာတယ်၊ အာဃာတ မဟုတ်ရင်တောင်မှ မကျေနပ်မှုလောက်တော့ ရင်ထဲကျန်နေဆဲပဲ။ စိတ်ရဲ့ဖြစ်စဉ်တွေမှာ အာဃာတတို့၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းဆိုတာတွေဟာ ဒေါသစိတ်တွေပဲလို့ မှတ်သားဖူးတယ်။ ဒေါသကြီးလေ အကြောက်တရား ကြီးလေပဲတဲ့ … ထို့နည်းတူ အကြောက်ကြီးလေ ... ဒေါသကြီးလေပဲ တဲ့။
ဒီလိုခံနိုင်ရည်နဲ့ မိမိရဲ့ အာဃာတတရားတွေကို ပယ်ဖျောက်ပြီး မိမိကို ရက်စက်ခဲ့တဲ့သူတွေကို တောင်မှ အကောင်းမွန်ဆုံး ပြန်လည်ဆက်ဆံတတ်တဲ့လူတွေထဲမှာ တောင်ကိုးရီးယားနိုင်ငံမှာ သမ္မတ ဖြစ်ခဲ့တဲ့ ကင်ဒေးဂျုံရယ်၊ အန်တီစုရယ်ကိုတော့ ကျနော့်ဘဝမှာ အလေးစားဆုံးနဲ့ စံနမူနာ အယူထိုက်ဆုံးသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကင်ဒေးဂျုံဆိုတာ တောင်ကိုးရီးယားနိုင်ငံမှာ တချိန်က အတိုက်အခံ ခေါင်းဆောင်တယောက်ပါ (အခု အန်တီစုလိုပေါ့)။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးဆိုတာ တောင်ကိုးရီးယားနိုင်ငံရဲ့ လျှမ်းလျှမ်းတောက် စစ်အာဏာရှင်ကြီး (အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို)၊ ပတ်ချုံဟီး အာဏာရှိနေစဉ်မှာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာ၊ ဒီအထဲမှာ ကင်ဒေးဂျုံဆို ဘယ်လောက်ခံရသလဲဆိုတော့ သူ့ကို အလုံပိတ်သေတ္တာထဲ ကြိုးတွေနဲ့ တုတ်ထည့်ပြီး ပင်လယ်ထဲကိုတောင် မြှုပ်သတ်ခါနီးဆဲဆဲ အမေရိကန် ထောက်လှမ်းရေး စီအိုင်အေက တဆင့် အမေရိကန်အစိုးရက သိသွားတယ်။ ချက်ခြင်းပဲ လှမ်းပြီး အကြောင်းကြားလိုက်တယ်။ ကင်ဒေးဂျုံကိုသာ သတ်ဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ထိခိုက်နိုင်စရာရှိပါတယ်ဆိုမှ မသတ်တော့ဘဲ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထည့်ထားလိုက်တယ်။
နောက် ဒီထက်ဆိုးတဲ့ အဖြစ်တခုကတော့ ကင်ဒေးဂျုံကို ကားနဲ့တိုက်သတ်တာ၊ ဒါလည်း မသေဘူး။ ဒါပေမယ့် ခြေထောက် ပြင်းပြင်းထန်ထန် ကျိုးသွားတယ်။ သမ္မတဖြစ်တဲ့အချိန်မှာ သူ လမ်းလျှောက်တာ သတိထားကြည့်မိတော့ နည်းနည်း ထော့နင်း ထော့နင်း ဖြစ်နေတယ်။ အဲဒါ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး လက်ချက်တွေပေါ့၊ ဘယ်လောက် ရက်စက်ခဲ့သလဲ စဉ်းစားသာ ကြည့်ကြပါ၊ ကြောက်စရာကောင်းလောက်အောင်ကို ရက်စက်ခဲ့တာပါ။ ပတ်ချုံဟီးလည်း သူပြုသမျှ သူခံဆိုသလို သူ့လက်အောက်က အားအကိုးရဆုံး အရင်းနှီးဆုံး ထောက်လှမ်းရေးမှူးချုပ်က ဧည့်ခံပွဲမှာ သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ အဲဒီမှာတင် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးဘဝ နိဌိတံ အဆုံးသတ်သွားတော့တာပါပဲ။ ကင်ဒေးဂျုံ နိုင်ငံရေးဘဝ စာမျက်နှာတွေမှာ သေဒဏ်အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ၊ တခြားနိုင်ငံထိ သွားရောက်နေထိုင်နေရတဲ့ ပြည်နှင်ဒဏ်တွေ၊ လုပ်ကြံ သတ်ဖြတ်ခံရမှုတွေ၊ အနိမ့်ဆုံး အိမ်တွင်း နေအိမ်အကျယ်ချုပ်ဘဝတွေနဲ့ ခါးသီးဖွယ်ရာ ကျော်ဖြတ်လာခဲ့ရတာပါ။
သို့သော် ကင်ဒေးဂျုံဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ သမ္မတကြီးဖြစ်လာတဲ့အချိန် တနေ့မှာ ပတ်ချုံဟီးရဲ့ဂူဗိမာန်ကို သွားရောက် ဂါရဝပြုတယ်။ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးရဲ့ တိုင်းပြည်အပေါ် စွမ်းဆောင်ချက်တွေထဲက ကောင်းတဲ့အချက်တွေကို ထုတ်နုတ်ချီးမွှန်းခဲ့တယ်။ သူဟာ အဆက်ဆက်သော တောင်ကိုးရီးယား ခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ် တိုးတက်အောင် လုပ်ဆောင်ထားချက်များကို လက်ဆင့်ကမ်း ဆောင်ရွက်နေသူတယောက်ပါ တဲ့၊ (စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ် ညှဉ်းဆဲမှုတွေကို တလုံးတပါဒမျှ ဖွင့်ဟမသွားခဲ့ဘူး)၊ ပြီးတော့ အလေးပြုတယ်၊ ပတ်ချုံဟီးရဲ့ ဂူဗိမာန် လိုအပ်ချက်အတွက် အလှူငွေ ထည့်ဝင်ပေးခဲ့တယ်၊ ပြန်အထွက် သတင်းထောက်တွေက သူ့ကို မေးတဲ့အခါ … …
“သမ္မတကြီးခင်ဗျား ... သမ္မတကြီးကို အခုလို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သူတယောက်အပေါ် ကလဲ့စားချေချင် စိတ်၊ အဃာတ တရားတွေမရှိဘဲ သဘောထားနိုင်တာဟာ ဘာ့ကြောင့်ပါလဲ” ဆိုတော့
“ကျနော် နိုင်ငံရေးလုပ်တာ.. ကလဲ့စားချေဖို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး … တိုင်းပြည် တိုးတက်ဖို့လုပ်တာ ကလဲ့စား အပြန်အလှန် ချေမှုန်းနေခြင်းဖြင့် တိုင်းပြည်တိုးတက်မလာဘူး ... ဆုတ်ယုတ်သွားဖို့ပဲ ရှိတယ် … နောက်ပြီး .. ဒီကိစ္စတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ဘူး သံသရာလည်နေမှာပဲ”
ဆိုပြီး ပြောအပြီးမှာတော့ သမ္မတကြီး ကင်ဒေးဂျုံဟာ ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပရိတ်သတ်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့ ပရိတ်သတ်တွေအထဲမှာ ပတ်ချုံဟီးရဲ့ ဆွေတော်မျိုးတော်များ ပါရှိတယ်၊ အားလုံး အားလုံးဟာ တိုင်ပင်မထားဘဲ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာကြတယ်။ ပရိတ်သတ်ကြီးလည်း ထိုနည်းတူစွာပါပဲ။ ချက်ခြင်းဆိုသလို အဲဒီသတင်းကို ထုတ်လွှင့်လိုက်တော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ သမ္မတကြီးအပေါ် ကရုဏာတွေ သက်ဝင်သွားပြီး ပြည်သူတယောက်ကဆိုရင် “ကျမ သမ္မတကြီးကို အရင်ကထက်ကို ပိုလို့ လေးစားသွားပါပြီရှင်၊ သူဟာ ကျမတို့ တောင်ကိုရီးယားနိုင်ငံကြီး တိုးတက်ဖို့ကလွဲလို့ ကျန်တဲ့ မကောင်းစိတ်ဆိုတာ လုံးလုံးကိုမရှိတဲ့သူတယောက်လို့ ပြောချင်ပါတယ် .. အငြိုးတွေ၊ အာဃာတတွေနဲ့ တန်ပြန်နေမယ်ဆိုရင် .. အဆိုးသံသရာကြီးထဲက ကျမတို့ ဘယ်လို ရုန်းထွက်ကြတော့မှာလဲ”
ဒါ့ကြောင့် ထူးခြားတဲ့ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အမူအကျင့်တွေ ရှိတယ်၊ သာမန် လူပုဂ္ဂိုလ်တို့ ကျင့်နိုင်ခဲတဲ့ကိစ္စတွေပါ။ အန်တီစုဆို ကျနော်တို့ နိုင်ငံသားအားလုံး သိကြတဲ့အတိုင်း အမျိုးမျိုးလုပ်ကြံမှုတွေနဲ့ သေမင်းထံက အခေါက်ခေါက် ပြန်လာခဲ့ရပြီ၊ (မပြောကောင်း မဆိုကောင်း) နောက်ရော ဘယ်လိုများ ကြုံတွေ့ရပါဦးမလဲ၊ စိုးရိမ်စရာပါ။ လက်ရှိ စစ်ခေါင်းဆောင် အပါအဝင် တော်တော်များများရဲ့စိတ်က ဆတ်ဆတ်ထိမခံ၊ ကိုယ်စိတ်နှလုံးနဲ့ အကြမ်းဖက် တုံ့ပြန်မှုကို ဝန်မလေးတတ်ကြသူတွေပါ၊ ကျနော်ကြုံခဲ့ရတာလေး ဖောက်သည်ချချင်သေးတယ် … ဒီလိုပါ … …။
ကျနော် နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်တထောင်မှာ နေနေရတဲ့အချိန်၊ စစ်တပ်က အရာရှိကြီးတချို့ ထောင်ကျလာတယ်။ သူတို့ကို သာမန် ရာဇဝတ်သားတွေထားတဲ့ နေရာမှာလည်း ထားလို့က မရ (အရာရှိကြီးကြောင့်ဆိုပြီးတော့ တော့ မဟုတ်ပါဘူး၊ ရာဇဝတ်သားများက ရိုက်သတ်ပစ်မှာ စိုးလို့ပါ) အဲဒါ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ထားရာနေရာမှာ လာထားတယ်။ ထောင်ကလည်း အရမ်းသေးဆိုတော့ တခြားနေရာလည်း သွားထားစရာက မရှိဘူးလေ၊ ကျနော်တို့ဆီ လာထားပေမယ့် ကျနော်တို့က မဖွယ်မရာ မဆက်ဆံပါဘူး။ တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှုတွေနဲ့ ဆက်ဆံကြပါတယ်။ တနေ့ ထောင်ပိုင် လှည့်လည်စစ်ဆေးတော့ အရာရှိကြီးတယောက်ကို ထောင်ပိုင်က ပြောတယ်…
“ခင်ဗျားတို့ ဒီနေရာ နယ်နမိတ်ကနေကျော်ပြီး အပြင်မထွက်ပါနဲ့ .. အန္တရာယ်ရှိလို့ပါ တဲ့” ပြောသွားတာ ဒါလေးပါပဲ၊ တကယ်တော့ ထောင်ပိုင်အနေနဲ့ ပြောသင့်တဲ့စကားပါ။ ဘာလို့လည်းဆိုတော့ သူတို့က ကျနော်တို့နေရတဲ့ ပရဝဏ်အပြင်ဘက်ကို ထွက်ထွက်ပြီး စကားတွေပြော၊ ပစ္စည်း အပေးအယူတွေလုပ်နဲ့ ဆိုတော့၊ သူတို့ကို မုန်းတဲ့သူတယောက်ယောက်က တခုခုလုပ်လိုက်ရင် ထောင်ပိုင်မှာပါ လာပြဿနာတက်မှာလေ … ထောင်ပိုင်ပြောသွားတာကလည်း လူကြီး လူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ပြောသွားတာပါ .. ထောင်ပိုင်လည်း ပြန်သွားရော ..
“ဒီကောင် လူပါးဝတယ် … ငါတို့ ဘာ ရာထူးအာဏာမှ မရှိတော့လို့ စော်ကားတာ .. တွေ့မယ် .. ငါတို့မှာ ရာထူးအာဏာမရှိတော့ပေမယ့်လို့ .. အစွယ်တော့ ကျန်သေးတယ် .. တွေ့မယ်” အသားတွေ တောင် တဆတ်ဆတ်တုန်လို့ ... ကြိမ်းလိုက် ဝါးလိုက်တာ နေ့စဉ် အစားသောက်တောင် မစားနိုင်လောက်အောင်ကို ဖြစ်သွားတာ .. တော်တော် စိတ်ထိခိုက်သွားပုံရတယ်။ မတော်ဆို ကျနော်တို့ လာပြောကြည့်ပါ့လား ... မသွားနဲ့ဆို မသွားဘူးပေါ့ ဒါ စည်းကမ်းပဲ၊ ထောင်ပိုင်ပြန်မသွားခင်တောင် သူပြောတာ သတိရမှာ မဟုတ်တော့ဘူး .. စိတ်ထဲက ပျောက်သွားမှာ အသေအချာပဲ၊ ဘာမှခံစားနေရမယ့် အရာလည်း မဟုတ်ပါဘူး၊ ဒါမျိုးအဖြစ်ပျက်က ဒီတကြိမ်လားဆိုတော့ -- မဟုတ်ဘူး ခဏခဏကို တွေ့ဖူးတာ အပြင်လောက ရောက်ပြန်တော့လည်း တွေ့ဖူးတာပဲ၊ သူတို့က သူတို့ အလှည့်ရောက်ရင် မခံနိုင်ဘူး၊ အားလုံးက ပုံစံခွက်ထဲက ထုတ်လိုက်တဲ့ ကုန်ပစ္စည်းများလို .. အတူတူပဲ၊ သူတို့ရဲ့စိတ်တွေက အရမ်း ထိခိုက်ရှနာ လွယ်တယ်၊ စောစောကပြောခဲ့တဲ့ အရာရှိကြီးဆို သူတာဝန်ခဲ့ယူခဲ့တဲ့အချိန်က လူတွေအပေါ် တော်တော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတယ် အသံတွေလည်း ပြန်ကြားရပါတယ်။
ဒေါသကြီးရင် .. အကြောက်လည်း သိပ်ကြီးတယ်တဲ့ .. စိုးရိမ်စိတ်လည်း သိပ်ကြီးတယ်၊ ဒီလိုလူတွေက စိတ်အတက်အကျလည်း သိပ်မြန်တတ်တယ်။
တခါ တလောက ဖေ့ဘွတ်ကနေတဆင့် အုတ်အုတ်ကြွက်ကြွက်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဗွီဒီယိုခွေ ပြန့်နှံ့သွားတော့ ကျနော် ကြည့်လိုက်ပါတယ်။ အားလုံး တော်တော်များများလည်း သိနေပြီးသားပါ၊ သူ့ပုံက စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာသွင်ပြင်ပုံသဏ္ဍန်တွေ တွေ့နေရပါတယ်။ တချိန်က ကျနော်တို့ကို သူ့ညွှန်ကြားချက်နဲ့ နှိပ်စက်ခိုင်းခဲ့ပါတယ်ဆိုတဲ့ အာဃာတရားကို ဘေးဖယ်ပြီး လူသားတယောက်အမြင်နဲ့ ကြည့်မယ်ဆိုရင် တော်တော် သနားစရာကောင်းတဲ့ မြင်ကွင်းပါ။ တခြားဟာ သနားတာထက် စိတ်ကျဝေဒနာ ခံစားနေရတဲ့သူ့ပုံစံကိုပါ။ တဖက်ကိုလှည့်ကြည့်ရအောင် အန်တီစုလည်း သူ့လို နေအိမ်အကျယ်ချုပ်နဲ့နေနေရတာ သက်တမ်းအားဖြင့် သူ့ထက် ကြာပါတယ်၊ နေအိမ် အကျယ်ချုပ်ခြင်းအတူတူ ဘာဖြစ်လို့ ဒီလိုကွာခြားသွားတာပါလိမ့် စဉ်းစားကြည့်ရအောင် … စေတနာနဲ့ ယုံကြည်ချက်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေက ကွာသွားလို့ပါ၊ အရာရာကို ပေးဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ အန်တီစု အနေနဲ့က စွန့်လွှတ်ရတယ်ဆိုတာ သေးဖွဲတဲ့ကိစ္စ ဖြစ်သွားပါပြီလေ၊ စိတ်ဖြစ်စဉ်နဲ့သုံးသပ်မယ် ဆိုရင်ကိုက … လောဘနည်းသွားပြီ … လောဘနည်းတော့ ဒေါသလည်း နည်းသွားပြီ ... အဲဒီ ဆင့်ကဲဖြစ်စဉ်တွေအရ စိတ်ဓာတ်ကျဆင်းခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ၊ ပူဆွေးခြင်းတွေ၊ အာဃာတ အမုန်းတရားတွေဆိုတာ နည်းသွားတာ သေချာသလောက် ရှိသွားပြီပေါ့ဗျာ။
ဒီပဲယင်း ခရီးစဉ်မှာ မလိုသူတွေက ဝိုင်းရိုက်ကြတော့ အန်တီက ပြန်တုံ့ပြန်ဖို့ ညွန်ကြားခဲ့တာမှ မဟုတ်တာ၊ လုပ်သမျှ ခါးစည်းခံဖို့ပဲ ပြောခဲ့တယ်၊ အဲဒါ အကြမ်းမဖက်လမ်းစဉ်ပေါ့၊ အကြမ်းမဖက်လမ်းစဉ် ဆိုတာ ခရီးရှည်ကောင်း ရှည်နိုင်တယ်၊ ဒါပေမယ့် တိုင်းပြည် အထိနည်းတယ်၊ ကမ္ဘာနဲ့ လူထုက ထောက်ခံတယ်၊ အကြမ်းမဖက်လမ်းစဉ် ကျင့်သုံးဖို့ဆိုတာ တော်ရုံလွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
တလောက ‘ငါးမင်းဆွေ’ ဆိုတဲ့ပုဂ္ဂိုလ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို လာရောက်ပြီး အန်တီစုကို စွပ်စွဲတာ တော်တော်များများ သိပြီးသားကိစ္စတခုပါ။ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှုလုပ်တဲ့အရာပေါ်မှာ အကြမ်းဖက်မှုလို့ သူက တဖက်သတ် ပြောဆိုထားတယ်၊ ကျနော့် အမြင်လေးတခု တင်ပြချင်တယ်၊ sanction ဆိုတာ အရေးယူပိတ်ဆို့ဆောင်ရွက်မှုလို့ အကြမ်းအားဖြင့် မှတ်ထားလို့ရပါတယ်။ (sanction) ကို အမှန်တကယ် ရုတ်သိမ်းလိုတယ်ဆိုရင် နှစ်ဖက်လုံးက တပြိုင်နက်ထဲလုပ်မှ တရားမျှတမှာပေါ့နော၊ sanction ကို တဖက်သတ် ရုတ်သိမ်းခိုင်းမယ်ဆိုရင်တော့ ဘယ် တရားမျှတပါ့မလဲ၊ တကယ်တော့ sanction ကို စစ်အာဏာရှင်များကလည်း အတိုက်အခံ အင်အားစုနဲ့ ပြည်သူလူထုအပေါ် ချမှတ်ထားတာပါပဲ။ ပြည်သူတွေကို နိုင်ငံရေးနဲ့ ကင်းရှင်းခိုင်းတာတို့၊ နိုင်ငံရေးနဲ့ ဆက်နွယ်နေသူများကို အရေးယူတာတို့၊ အဘက်ဘက်က ဖိအားပေး ဆောင်ရွက်တာတို့ ဆိုတာတွေဟာ စစ်အာဏာရှင်အစိုးရက ပြည်သူတွေအပေါ် ချမှတ်ထားတဲ့ sanction တွေ မဟုတ်ဘူးလား၊ ပမာပြောရရင် အန်တီစု အင်တာနက် လျှောက်တာကိုတောင်မှ ပိတ်ဆို့ထားတာဟာ အဲဒါ sanction ပေါ့ဗျာ၊ အဲဒီတော့ တိုးတက်တဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတခုဆီကို ဦးတည်မယ်ဆိုရင် sanction ကို တဖက်သတ် မဟုတ်ဘဲ နအဖ စစ်အာဏာရှင်တွေဘက်ကရော ဖွင့်ပေးဖို့လိုလိမ့်လေ၊ အဲဒါကို အတိုက်အခံဘက်က လိုက်မလုပ်ဘူးဆိုရင်တော့ အတိုက်အခံဘက်က အဆိုးပေါ့၊ တဖက်သတ်ကြီးကတော့ မသင့်တော်ပါဘူး၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတဲ့ကိစ္စတခုပါ။ ဒါ အကြမ်းဖက်မှုလည်း မဟုတ်ဘူး၊ သူများကိုကျ လက်သီးနဲ့ထိုးချင်ပြီး မိမိကိုယ်တိုင်ကြ မေးရိုးမဲ့ဖြစ်နေတာ လောကဓမ္မတာနဲ့ကြည့်ရင် .. မသင့်တော်ပါဘူး။
ကျနော် ပြောနိုင်တာတခု ရှိပါတယ်။ မြန်မာလူထုရဲ့ စိတ်ဓာတ်တွေဟာ ရုန့်ရင်းကြမ်းတမ်း ခက်ထန်တတ်တဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ခွင့်လွှတ် သည်းခံ၊ စိတ်ရှည်တတ်တဲ့သူတွေ ဖြစ်တယ်။ တကယ်လို့ ဗိုလ်ချုပ်ကြီးများကလည်း တိုင်းပြည်မျက်နှာကို ကြည့်ပြီး အန်တီစုနဲ့ အမှန်တကယ် လက်တွဲဆောင်ရွက်သွားဖို့ အချိန်လေးက သာသာယာယာရှိနေဆဲပါ။ လူထုကရော၊ နိုင်ငံတကာကရော မျှော်လင့်နေဆဲပါ။ အဲသလိုမဟုတ်ဘဲ မုန်တိုင်းထန်တဲ့ အချိန်ရောက်မှ ဆိုလျှင်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ အမှန်ပဲ။ ဘယ်သူကမှလည်း အပြန်အလှန် ခွင့်လွှတ်ချင်တော့မှ မဟုတ်ဘူး။ ကျနော်တို့ လူထုကလည်း နားလည်ပါတယ်။ ဒီအချိန်မှာ အာဏာကို လက်ဆုပ်လက်ကိုင်ယူထားတာ ဗိုလ်ချုပ်ကြီးများပါ။ တချို့ အခွင့်အလမ်းများက တပြိုင်နက်ထဲ တောင်းဆိုလို့ ယူလို့ မရတာရှိတယ် (ဆရာ အောင်သင်း အဆိုအမိန့်ပေါ့) ဥပမာ .. ကော်ဖီ သောက်မလား၊ မုန့်စားမလားဆိုရင် ကော်ဖီလည်းသောက်မယ်၊ မုန့်လည်းစားမယ် နှစ်ခုလုံးသုံးလို့ ရတယ်၊ လူတယောက်ရဲ့ အိုခြင်းနဲ့ ရှင်သန်ခြင်း တခုခုကိုရွေးပါဆိုရင်တော့ နှစ်ခုလုံး တပြိုင်နက်ထဲ ရွေးလို့မရတော့ဘူး၊ မအိုချင်ရင် သေ (အုဝဲဆိုကထဲက သေလိုက်ရင် .. မအိုတော့ဘူး)၊ မသေချင်ရင် အိုကို အိုရမယ်၊ ဒီလိုပါပဲ၊ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုးတက်အောင် လုပ်သွားမလား၊ ဗိုလ်ချုပ်ကြီးများရဲ့ ကျူးလွန်ခဲ့တဲ့အရာတွေအတွက် တုံ့ပြန်မလားဆိုတာမှာ တခုခုကိုပဲ ရွေးချယ်ရတော့မှာဆိုတာကို လူထုက သဘောပေါက်ပါတယ်။ ဒီအဆင့်တွေမှာ အချိန်လေး ရနေပါသေးတယ်။ ဒီထက်ကျော်လွန်သွားမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးများအတွက် ရသင့်တဲ့ အခွင့်အရေးများကို လူထုက အပြီးတိုင် သိမ်းပိုက်ယူသွားပါလိမ့်မယ်။
တကယ်လို့ ခေါင်းမာစွာနဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်၊ ပုံစံမပြောင်း ဆက်လက်ချီတက်မယ်ဆိုရင်တော့ တိုင်းပြည်စီးပွားရေးဟာ အောက်ဆုံးအထိ ကျဆင်းသွားပြီး အငတ်ဆိုက်ပြဿနာတွေနဲ့ ကြုံလာပါလိမ့်မယ်၊ အခုလည်း ကြုံနေရပါပြီ။ ဒါဆိုရင် လူထုက သည်းခံနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ အဆုံးစွန်အထိ ပေါက်ကွဲထွက်လာရင် ဗိုလ်ချုပ်ကြီးများအတွက် ထွက်လမ်း ပိတ်သွားနိုင်ပါတယ်။ နိုင်ငံတကာ မကြည်ညိုသော စစ်ခေါင်းဆောင်ကြီးများ၊ လျှပ်စစ် စွမ်းအင်အား နည်းသောနိုင်ငံ၊ လာဘ်ပေးလာဘ်ယူ ကြီးထွားနေသော ယဉ်ကျေးမှုရဲ့ အောက်မှာရှိနေတဲ့ ကျနော်တို့ လက်ရှိနိုင်ငံ အခင်းအကျင်းကို ဘယ်နိုင်တကာကမှ လာရောက် စီးပွားမြှုပ်နှံမှာ မဟုတ်ဘူးဆိုတာကို သေသေချာချာ ပြောနိုင်ပါတယ်။ အခုမြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာဆိုတဲ့သူတွေက အသေးစားလေးတွေပါ၊ တိုင်းပြည်စီးပွား ဦးမော့လာအောင် မစွမ်းဆောင်နိုင်ပါဘူး၊ တိုင်းပြည်စီးပွား ဦးမော့လာဖို့ တရုတ်လောက် အားကိုးနေရုံနဲ့ မဖြစ်ဘူးဆိုတာ ပြောပါရစေ၊ အမေရိကန်နဲ့ အနောက်အုပ်စုမပါဘဲ တိုင်းပြည်စီးပွား ဦးမော့လာဖို့ဆိုတာ စိတ်ကူးယဉ်မျှသာ ဖြစ်ပါလိမ့်မယ်၊ နအဖ စစ်ဗိုလ်ချုပ်ကြီးများ ဟစ်ကြွေးနေသလို ကျနော်တို့နိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတယ်ဆိုတာ တကယ်တော့ တိုင်းပြည်တပြည်ကို စီးပွားတိုးတက်လောက်အောင်အထိ ပေါကြွယ်ဝတာ မဟုတ်ပါဘူး၊ အရေးကြီးဆုံးက လူသား အရင်းအမြစ်ပါ၊ စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတမှ မရှိဘဲ နိုင်ငံတိုးတက်အောင် ထူထောင်သွားနိုင်ပါတယ်။ ဒါဟာ စနစ်ကောင်း၊ ခေါင်းဆောင်ကောင်းနဲ့ လူသားအရင်းမြစ်များကြောင့်ပဲ ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ စစ်အာဏာရှင်များရဲ့ စနစ်ဆိုးဒဏ်ကို ပြည်သူတွေတင် မဟုတ်ပါဘူး၊ တပ်မတော်သားများလည်း ခါးစည်းခံနေရတာပါ၊ တကယ်တော့ နအဖ စစ်ခေါင်းဆောင်များကြီးဟာ မြန်မာ့တပ်မတော်ကို ကျွန်ပြုပြီး ထင်ရာကြဲနေတဲ့သူတွေဆိုရင် ငြင်းကြဦးမှာလား၊ ဒီသဘောတရားကို တပ်မတော်ဟာ နားလည်သဘောပေါက်ပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့တနေ့ စစ်အာဏာရှင်ကြီးများအတွက် များစွာသော ပေးဆပ်မှုများနဲ့ ကြုံလာရနိုင်ပါတယ်။ အကောင်းဆုံးကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရက်တစ် အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသား ကိုယ်စားပြု၊ မြေပေါ်မြေအောက် ခေါင်းဆောင်တွေရယ်၊ ဗိုလ်ချုပ်ကြီးများရယ် တိုင်းပြည်ပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သွားသင့်သောအချိန် ရောက်ရှိနေပါပြီ။
လူတယောက်ယောက်ကို လက်သီးနဲ့ ထိုးဖို့ဆိုတာ ကိုယ့်မှာ မေးရိုးရှိရတယ်။
အတိုင်းအတာတခုထိ အချိန်လေး ရနေသေးတုန်းပါပဲ။
အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း
Saturday, December 11, 2010
0
လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ် -
ရေးသူ-မောင်မောင်ဝမ်း
0 ၀ီကီလိခ်ပေါက်ကြားမှုသတင်းများအားမြေပုံပေါ်မှာကလစ်နှိပ်ပြီး မိမိသိလိုသည့်နိုင်ငံအလိုက်သတင်းများရှာဖွေနိုင်ပါတယ်
0 AFPသတင်းဌာနမှထုတ်လွှင့်သွားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုအထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များအကြောင်း(ရုပ်/သံ)
0 အလုပ်မဖြစ်သော NLD မှ “အန်ကယ်ကြီး” များဟု ၀ီကီလိခ်စ် ဖွင့်ချ
၂၀၀၈ ခုနှစ် ဇူလိုင်လ ရန်ကုန်ရှိ အမေရိကန်သံရုံးပေးပို့သော လျှို့ဝှက်ကေဘယ်တွင်လည်း NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပါလီမန်ထိုင်ခုံအများစု ရရှိဖို့ စောင့်ဆိုင်းနေသော်လည်း၊ လက်တွေ့မှာ လုံးဝ မဖြစ်နိုင် သေးကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားထောက်ခံမှုရှိသည်မှာ သံသယမရှိသော်လည်း၊ သူမပါတီမှာ အားလုံးလက်ခံနိုင်လောက်သော စွဲမက်ဖွယ် အနေအထားမျိုးမရှိကြောင်း၊ ရိုးတွင်းချဉ်ဆီခန်းနေသော အန်ကယ်ကြီးများကသာ NLD ကို ပါတီဘော့စ်များအဖြစ် ထိန်းချုပ်ထားသည်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း၊ ပါတီမှ တက်ကြွသော လူငယ်သွေးသစ်များကိုလည်း ထုတ်ပစ်ကြောင်း၊ စက်တင်ဘာလှုပ်ရှားမှုတွင် ဆန္ဒပြလှုပ်ရှားသူများက NLD ကို စိတ်ပျက်ခဲ့ကြကြောင်း ပေးပို့ထားသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများကြား သဘောထား ကွဲမှုများရှိနေကြောင်း၊ အထူးသဖြင့် အင်းစိန်ထောင်အတွင်းရှိနေတုန်း ရွေးကောက်ပွဲ ဆန့်ကျင်သူ မင်းကိုနိုင်နှင့် ထောက်ခံသူ ကိုကိုကြီး တို့အကြား ပြဿနာများရှိခဲ့ကြောင်းစသည့် အချက်အလက်များစွာကို ၀ီကီလီမှဖွင့်ချထားသည်။
www.maukkha.orgမှ
"၀ီကီလိ(က်) ပေါက်ကြားမှုတွင် အဖွဲ့ချုပ်က ဦးလေးကြီးများကို ဝေဖန်ထားဆိုတဲ့ burmatodayက သတင်းအပြည့်အစုံ
မူရင်းအပြည့်အစုံကိုအောက်မှာဖော်ပြထားပါတယ်။
US embassy cables: Burma's democracy movement being held back by 'uncles'
Monday, 14 July 2008, 06:56
C O N F I D E N T I A L SECTION 01 OF 04 RANGOON 000557
SIPDIS
DEPT FOR EAP/MLS, DRL, AND IO">IO">IO
PACOM FOR FPA
EO 12958 DECL: 07/13/2018
TAGS PGOV, PREL, PHUM, BM
SUBJECT: CONTINUING THE PURSUIT OF DEMOCRACY IN BURMA
RANGOON 00000557 001.2 OF 004
Classified By: P/E Chief Leslie Hayden for Reasons 1.4 (b) & (d)
1. (SBU) Embassy Rangoon pol/econ chief departs Post this week after ending a two-year tour that saw the largest political uprising in Burma in twenty years, the arrest and imprisonment of the pro-democracy opposition's most talented leaders, and the worst natural disaster in Burma's recorded history. We asked her to share her candid observations on the current political situation, and her recommendations on how best to advance our democratic goals.
-------------------
The Senior Generals
-------------------
2. (C) The Burma army remains firmly in control throughout most of the country, with Senior General Than Shwe retaining almost absolute power. He has the final word on all significant political and economic decisions. While outsiders may portray him as an uneducated, crass, and blundering man, he has successfully consolidated and held onto power for several years, while at the same time building lucrative relationships with his energy hungry neighbors that undermine Western efforts to cripple his regime.
3. (C) The generals keep their power through a vast system of economic patronage, not unlike a Western style Mafia. Military-owned enterprises control every profit-making natural resource and industry in the country. Economic prosperity can only be enjoyed by rising thorough the ranks of the Army, or having extremely close ties to the senior generals. This is why China's urging to the generals to begin reforming Burma's economy falls on deaf ears. Economic liberalization and reform would require the generals to dismantle the very system that ensures their power. Dismantling this system will be one of the biggest challenges for any future democratic leader of Burma.4. (C) Rumors of splits at the top of the regime are the result of uninformed analysis and wishful thinking of the exiles and outside observers. While the senior generals may disagree from time-to-time amongst themselves (as witnessed after Nargis), they follow the orders of Than Shwe. The senior generals are keenly aware that if they do not stand together, they will fall together. True democratic change will not likely happen until the top two generals, Than Shwe and Maung Aye, are off the scene. Both are extremely concerned for the safety and financial security of themselves and their families. Third-ranking general Thura Shwe Mann is rumored to be Than Shwe's pick for Burma's President in 2010, but if Than Shwe and Maung Aye are still alive, they will likely pull his strings from behind the scenes. Sources close to Thura Shwe Mann tell us he is smart, sophisticated, and well-aware of Burma's problems. Some talented Burmese intellectuals and political dissidents tell us they pass him policy papers that are reportedly solicited on his behalf. However, he is intimately involved in Burma's corruption, primarily through his sons' business interests.
5. (C) Several of our sources close to high and mid-ranking military officers tell us that some of the regional commanders are reform-minded and aware of the need for political and economic reform. However, most of the military believe that working within Burma's current military system is the only way to bring about this change while maintaining stability. While some officers begrudgingly respect Aung San Suu Kyi, they do not sympathize with the pro-democracy opposition in general. We should not expect an imminent coup to save us from the hard-line senior generals.
--------------------------------------------- --
Aung San Suu Kyi and the Pro-Democracy Movement
--------------------------------------------- --
6. (C) Since the September protests, the most dynamic and talented leaders of Burma's pro-democracy movement have been jailed, left the country, or remain in hiding. Tellingly, the NLD remain free. While many outside Burma perpetuate the
RANGOON 00000557 002.2 OF 004
impression of Aung San Suu Kyi's National League for Democracy (NLD) party as a large movement with massive support waiting to take the Parliamentary seats they won in the 1990 election, the reality is quite different. Without a doubt, Aung San Suu Kyi remains a popular and beloved figure of the Burman majority, but this status is not enjoyed by her party. Already frustrated with the sclerotic leadership of the elderly NLD "Uncles", the party lost even more credibility within the pro-democracy movement when its leaders refused to support the demonstrators last September, and even publicly criticized them.
7. (C) Many of the younger political activists are turning away from the NLD and preparing to run in the 2010 parliamentary elections, to effect political change any way they can. This includes members of 88 Generation. There is reportedly an ongoing, heated debate among the 88 Generation leaders in Insein prison on whether or not the groups' members should contest the election, with Ko Ko Gyi advocating members do so, and Min Ko Naing opting for a boycott. Those who want to run tell us they do not agree with the new constitution and despise the regime's roadmap to democracy. However, with the absence of any alternative, they see the new Parliament as a possible mechanism for dialogue between the military, the pro-democracy opposition, and the ethnic cease-fire groups.
8. (C) The way the Uncles run the NLD indicates the party is not the last great hope for democracy and Burma. The Party is strictly hierarchical, new ideas are not solicited or encouraged from younger members, and the Uncles regularly expel members they believe are "too active." NLD youth repeatedly complain to us they are frustrated with the party leaders. Repeated overtures from and "summits" with the leaders of the 88 Generation in 2007 failed to result in any significant cooperation between the factions. Indeed, lack of unity among the pro-democracy opposition remains one of the biggest obstacles to democratic change in Burma.
9. (C) The "Uncles" have repeatedly rebuffed the most dynamic and creative members of the pro-democracy opposition, who reinvigorated the pro-democracy movement throughout 2006 and 2007 by strategically working to promote change through grass-roots human rights and political awareness and highlighting the regime's economic mismanagement. Nor has the party made any effort to join forces with the technically sophisticated bloggers and young, internet-savvy activists, who have been so clever at getting out the images which repeatedly damaged the regime and undermined its international credibility. Instead, the Uncles spend endless hours discussing their entitlements from the 1990 elections and abstract policy which they are in no position to enact. XXXXXXXXXXXX Additionally, most MPs-elect show little concern for the social and economic plight of most Burmese, and therefore, most Burmese regard them as irrelevant.
----------------------------
The Ethnic Cease-Fire Groups
----------------------------
10. (C) The cease-fire groups remain an important component of Burma's future political stability and it is noteworthy that none have chosen to support Aung San Suu Kyi and her party. Instead, they have entered dialogue with the regime, at the same time cutting lucrative concession deals for many of groups' leaders. However, many leaders of the cease-fire groups have told us they would cast their lot with whomever best looked out for their interests. However badly the regime does this, the NLD has repeatedly missed opportunities to reach out to the cease-fire groups to demonstrate that they would. Instead, it has consistently issued statements calling for a dialogue between the NLD and regime first, before the ethnic cease-fire groups are brought into the mix. They have also continually feuded with ethnic MPs-elect on the Committee to Represent the People's Parliament (CRPP).
RANGOON 00000557 003.2 OF 004
11. (C) It is these long-held ethnic tensions that has kept the cease-fire groups from defecting from their dialogue with the regime to form an alliance with the NLD. Many of Burma's neighbors, including China, are aware of the tension between the NLD and the ethnic nationalities. The NLD's continuing alienation of the ethnic minority groups gives credence to the regime's most effective argument with its neighbors and ASEAN: that the military is the only force capable of guaranteeing stability in Burma.
12. (C) The recent statement Aung San Suu Kyi released through UN Special Envoy Gambari indicated she is aware of this problem and wants to rectify it. The overture she offered to the ethnic nationalities was welcomed by the cease-fire group leaders with whom we spoke. But her party failed to follow up on her initiative and issued only a half-hearted invitation for the ethnic leaders to visit them at NLD headquarters in Rangoon. Once again, they reduced the role of the ethnics to second-class supplicants. The timing of ASSK's statement was strategic: just before the referendum on a constitution, which many of the cease-fire groups were unhappy with because the regime had failed to include key compromises promised by former PM Khin Nyunt before his ouster. A genuine overture from the NLD offered the best chance yet to split the cease-fire groups from the regime and undermine its credibility with its regional supporters. The Uncles failed to use this opportunity, so the cease-fire groups continue their relationship with the regime.
-------------------------
Where do We Go From Here?
-------------------------
13. (C) Throughout the country, there is still widespread and growing frustration with the regime for its brutal and incompetent rule. Though most Burmese do not believe the NLD will be able to bring about democratic change, at least while ASSK is under house arrest, they have not given up on working for democracy. Instead, they are taking matters into their own hands and creatively working in what space is available to improve the lives of their communities.
14. (C) Like the many community-based organizations (CBOs), religious organizations, and civil society groups that responded to Cyclone Nargis while the international community was shut out, many dissidents and ordinary Burmese are creatively trying to incorporate democratic principles into their civil society programs, including private-tuition schools, environmental programs, health education, and religious organizations. Through this process, change will come about more slowly than most want, but it is a channel that functions where most other options were shut down by the regime after the September 2007 demonstrations. It is also a method that promotes change from the grass roots, teaching community responsibility at the local level, rather than a top-down movement by the urban, intellectual elite. A strong civil society is something we should seek and encourage in Burma. It will make any democratic transition in Burma more likely to succeed.
15. (C) Ending Burma's isolation will also be integral to any successful long-term change in the country. No matter how democratic transition comes about in Burma, the military will be involved given its vast control over the political and economic structures of the country. We should make an effort to seek out and speak with the more progressive military officers and to those who have access to the senior generals. Their hostility to democratic change is motivated by paranoia and distrust of the West, and a belief that we seek to punish them and obliterate a significant role for them in Burma's future. If we want to counter this, we should pursue dialogue directly with them rather than through intermediaries who can sometimes garble messages.
16. (C) If we do decide to speak with the generals again, we should do it strategically. Dialogue could be used as a tool to bring the generals into the twenty-first century.
RANGOON 00000557 004.2 OF 004
Discussions could take place on the margins of international fora, exposing them to the outside world and its diplomatic norms, juxtaposing Burma's backwardness against the modern world, which could cause greater realization among the generals about their country's lack of development. Careful preparation could be made before such events to make sure Burma's neighbors send the same messages to the generals during their bilateral meetings. Such unity of message was extremely effective in persuading the regime to open up to international assistance after Cyclone Nargis.
17. (C) While our economic sanctions give us the moral high-ground, they are largely ineffective because they are not comprehensive. Burma's biggest client states refuse to participate in them. However, the generals despise the sanctions and want them removed because they challenge the regime's legitimacy. If we really want to see the generals make progress, we need to show them what they will get in return. This means being willing to gradually remove sanctions in exchange for true steps toward dialogue and political change.
18. (C) We should start small and hold them to real action (unlike the sham dialogue they purported to initiate with Aung San Suu Kyi last November). If they do make concrete progress, we should be ready to offer them something. For instance, removing them from Tier 3 on the Trafficking in Persons rankings, or taking them off the Narcotics Majors list, areas where the regime has actually made some progress. This should be a gradual process that would be based only on the condition of concrete results. Large rewards should come only with large compromises, such as lifting the visa ban if they release Aung San Suu Kyi. We may also want to consider putting security guarantees on the table for the most senior generals and their families if we are serious about removing them from the scene. As we move toward the 2010 parliamentary elections, it may be a strategic time to begin talks with them about such an agreement. Allowing international election monitors, lifting laws that restrict free and fair debate, and freeing key political prisoners could be tied to lifting specific sanctions.
19. (C) While talking to the generals may be unpalatable, their firm control over Burma and the weakness of the pro-democracy opposition are a reality we must consider when working to promote change in Burma. The prospect for democratic change in the near future is low, but despite the setbacks after the September demonstrations, there is hope change may eventually come. After many years of waiting for the outside world to help free them from the generals' despotic rule, many Burmese are finding creative ways to take control of their country through community-based organizations and building the capacity of civil society. Through these organizations, leaders may emerge who will run in the 2010 elections and work for democratic change.
20. (C) We should seek every opportunity to support and increase the capacity of Burma's nascent civil society by expanding humanitarian assistance inside the country that promotes self-reliance, conflict resolution, and respect for human rights. Such a policy will have the added benefit of expanding our influence and increasing our access throughout the country. Not only will this approach increase our knowledge of the subtle changes occurring inside Burma, but it will strengthen our position and influence inside when change does come, so we can assist the Burmese to reform their political and economic systems in a manner that best promotes U.S. economic and strategic interests. Above all, our Burma policy should be focused on helping those Burmese who are working to bring about democratic change themselves, for that is the only way it can realistically come. VILLAROSA
guardian.co.uk
0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသော (၆၂)နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့(သတင်းဓာတ်ပုံများ)
ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့သည်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေ ပိုမိုသိမြင်လာအောင်နဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပြီး အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွားရမလဲ ဆိုတဲ့နည်းလမ်းတွေ ရှာဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကူညီနိုင်ဖို့အတွက် NLD ဘက်က အကူညီပေးရေးလုပ်ငန်းတွေ စတင်အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။ မနေ့ကကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို NLD ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံအကျဉ်သား မိသားစုဝင် ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင် ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ- Reuters ဒီမိုဝေယံ (ပြည်တွင်း)
0 မြန်မာစစ်အုပ်စုရဲ့ နျူးကလီးယား အစီအစဉ်များ ၀ီကီလိ(က်) ပေါက်ကြားမှုတွင် ပါဝင်...
ကိုညီ။ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၀
(သတင်းရင်းမြစ် - ယနေ့မြန်မာ)
Friday, December 10, 2010
0 လူ၊ ကြက် နှင့် တိရိစ္ဆာန်များ..
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော် ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော် ချင်လို့နဲ့ တူပါတယ်။င်္
- - - - - - - - - - - - - - - - - -
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။ သေတာတောင်နည်းသေး။
လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္
- - - - - - - - - - - - - - - - - --
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။
ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။
အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။
အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။
လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။
လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္
- - - - - - - - - - - - - - - - - --
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။
အကြည်တော်။
--------------------------------------------------------------------
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
ဗိုလ်ချုပ်မှုးကြီးအတွေး – ကြက်ဖက ကြက်မသေအောင် စနစ်တကျ မဟာဗျူဟာနဲ့ခင်းလုပ်သွားတာ။ တိုက်တဲ့ကားသမားလည်း ငါ့လာတိုက်ဖို့ကြံစည်လေ့ကျင့်နေတာဖြစ်နိုင်တယ်။ အစည်းအဝေးခေါ်ပြီး ကာကွယ်တဲ့နည်းလမ်းရှာဦးမှ။
ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကိုပေးပြီးပေါင်သားအိမ်သယ်မှ။ ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကိုပေးပြီး ကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။ ပြိးရင် ဟိုကောင်သတ်တယ်ပြောလိုက်မယ်။
ဒီမိုကရက်အတွေး – ကြက်မကိုတိုက်သွားတဲ့ ကားဒရိုင်ဘာ ကြံ့ ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးမှ။ တောက်..သဂြိုလ်ခကလည်း အစိုးရသောက်သုံးမကျတာနဲ့ မတရားတောင်းမှာသေချာတယ်..။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါကယ်တင်ဦးမှဖြစ်မှာပါ..။
ဘုန်းကြီးတပါးအတွေး – ကြက်တွေမှာ တိရိစ္ဆာန်ဖြစ်လို့  အသိညဏ်မရှိကြဘူး။ ကိလေသာမီးတွေလောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါပါသွားတယ်။ ရှေ့ဘ၀က အကုသိုလ်ကြောင့်ဖြစ်မှာပဲ။ ၀ဋ်ပေါ့။ ကားဆရာလည်း နောင်ဘ၀ ၀ဋ်လည်တော့မှာပဲ။ သြော်.. ကားတွေရှိနေသ၍ သတ္တ၀ါတွေ သေကြဦးမှာပဲ..။ အနိစ္စ ဒုက္ခ အနတ္တ။
Steven Yean
-------------------------------------------------------------------
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်၂ကောင်လုံးကို ချိုင့်ရှောင်လာသော ကားတစ်စီးဖြတ်တိုက် သွားသည်။
ရုရှားပညာသင်ဗိုလ်ပေါက်စအတွေး- ဒီကြက်တွေ သေတာကော၊ ကားသမားဝင်တိုက်မိတာကောက ဒေါ်လာစားတွေကြောင့်ဖြစ်မယ်၊ ဒီအကြောင်းသာသာထိုးထိုးလေး Blog မှာတက်ရေးဦးမှ။ အဘတွေကြိုက်ရင် ရာထူးပါတိုးသွားနိုင်တယ်။
ပြည်သူများအတွေး- တောက် အစိုးရသာလမ်းတွေကောင်းအောင် ဖောက်ထားပြီးသူ့အလုပ်သူလုပ်ရင် ဒီကြက်တွေ မသေဘူး၊ ကားသမားလဲ စိတ်ဆင်းမရဲရဘူး....
အစိုးရအတွေး- အကွက်တော့တွေ့ပြီ ကောင်မလေးဆီလူတွေအာရုံစိုက်နေတာကို ကြက်တွေသေတဲ့အကြောင်းပုံကြီးချဲ့၊ ကားသမားကို ထိုးကျွေးပြီး အာရုံပြောင်းရမယ်။ ဖားးမင်းဆွေကိုခေါ်၊ ဆောင်းပါးရေးခိုင်းပြီး နက်ဖြန်သတင်းစာထဲ ထည့်မှဘဲ။
သောကြာကောင်ကောင်
---------------------------------------------------
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။
ဦးသန်းရွှေ။ ။ထောင်ချထားရင် ဒီကောင်ဒီလိုသေမှာမဟုတ်ဘူး
ဒေါ်အောင်ဆန်းစုကြည်။ ။KFC ကိုကျော်ခိုင်းပီ ၂၁ ရာစု ပင်လုံညီလာခံမှာ ဧည့်ခံရမယ်။
ဘန်ကီမွန်း။ ။ ငါသာ ကြားဝင် ညှိနိုင်းပေးရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး
အိုဘားမား။ ။ ကြီုးစားရင်းသေတာမို့ သူရဲကောင်းဆုတံဆိပ် အပ်နှင်းရမယ်
ပြည်ပအတိုက်အခံများအတွေး။ ။ ဒီအကြောင်း မြန်မာသံရုံးရှေ.သွားအော်ပီး ဆန္ဒပြမယ်
ပြည်တွင်းအတိုက်အခံများ။ ။ဒါဟာ စီးပွါးရေးလုပ်ငန်းရှင်တွေရဲ.လုပ်ကွက်ပဲ ကားသမားကို အချိန်ကိုက် သတ်ခိုင်းလိုက်တာ
မြေအောက်လှုပ်ရှားသူများ။ ။ဟဟ ဒါကို စစ်အစိုးရမကောင်းလို့ဆိုပီး လက်ကမ်းစာစောင်ဖြန့်ရမယ်
ကျော်သူ။ ။ဒီကောင့်ကို သဂြိုံလ်ပေးလိုက်ရင် ဖေ့ဘွတ်မှာ တပုတ်ရေးလို့ရပီ။
အော်ပီကျယ်။ ။ ဒါဟာကာတွန့်တကွက်ပဲ ဖေ့ဘွတ်မှာဖွရမယ်
ဘလော်ဂါ။ ။ဒီသတင်းကို သူများထက်ဦးအောင်တင်မယ်။
ငါမင်းဆွေ။ ။ ဒီကြက်ဖ ဘာလဲဘယ်လဲ
BDC ။ ။BBC မှာအင်တာဗျုးဖို့အကြောင်းတခုရပီ ပီးရင်ဖေ့ဘွတ်မှာတင်ရမယ်
လက်နက်ကိုင်များ။ ။ဒါတွဲရေးထက်စာရင် ပိုကောင်းတဲ့ခွဲရေးပဲ
စွမ်းအားရှင်များ။ ။ကားပေါ်ဆွဲတင်ကွာ
ကြံ.ဖွတ်။ ။ကြိုတင်မဲ မပေးလို့သေတာ နေပစေ
ရဲသူရိန်မင်း
0 ဒုတိယ ပင်လုံ က နိုင်ငံရေး စတန့် လုပ်တာလား
ဒုတိယ ပင်လုံ ညီလာခံ လုပ်ချင်သူတွေ ဟာ အပေါစား နိုင်ငံရေး စတန့် ထွင် တာ လို့ အစိုးရပိုင် သတင်းစာထဲမှာ ရေးသား တဲ့ အပေါ် တိုင်းရင်းသား ခေါင်းဆောင် တဦး က ဒီ ညီလာခံ အရေး ဟာ အမျိုးသားရေး ဖြစ်တယ် လို့ပြန်လည် တုန့်ပြန် လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဆောင်းပါးရှင် တဦး က တပ်မတော် နဲ့၂၀၁၀ ရွေးကောက်ပွဲ ရွေးကောက်ခံ နိုင်ငံရေးပါတီ တွေမပါဝင်တဲ့ ပင်လုံညီလာခံ ကျင်းပ မည် ဆိုသော အယူအဆ သည် အပေါစား နိုင်ငံရေး စတန့်ထက် ပိုမည် မဟုတ် လို့ ရေးသားထားတဲ့ အပေါ် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးအေးသာအောင် က အခုလို တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ကြရအောင် အမျိုးသား ပြန်လည် ညီညွှတ်ရေး အတွက် ပင်လုံညီလာခံ မျိုးမှာ ဆွေးနွေး ကြရ မယ်၊ ဒီလို ဆွေးနွေး နိုင်အောင် လုပ်ရေး ဟာ တမျိုးသားလုံး နဲ့သက်ဆိုင်တဲ့ အမျိုးသားရေး ဖြစ်တယ် လို့ ပြောပါတယ်။
ဒီလို ဒုတိယ ပင်လုံညီလာခံ ကျင်းပမယ် ဆိုရင် တပ်မတော် ကော၊ ရွေးကောက်ပွဲ ဝင်တဲ့ နိုင်ငံရေး ပါတီ တွေဖြစ်စေ၊ မဝင်တဲ့ ပါတီ တွေ ဖြစ်စေ နိုင်ငံရေး အင်အားစု တွေ၊ နောက်ပြီး တိုင်းရင်းသားအဖွဲ့တွေ ဆိုရင်လည်း လက်နက်ကိုင် အဖွဲ့တွေပါမကျန် အားလုံးပါဝင်တဲ့ ညီလာခံ အဖြစ် ရည်မှန်း ထားတာ ဖြစ်ကြောင်း လည်း သူ က ပြော ပါတယ်။
ပါဝင်နိုင်တဲ့ သူ တွေ ပါဝင်ကြ သလောက် ဆွေးနွေးမယ်၊ ညှိမယ်၊ အဲဒီ က ရတဲ့ ညှိနှိုင်းချက် တွေ ကို မပါဝင် သေးတဲ့ သူတွေ ဆီ ဆက်သွယ် ညှိနှိုင်း မယ် စသဖြင့် အဆင့်ဆင့် လုပ်သွား ရမှာ ဖြစ်တယ် လို့ ဦးအေးသာအောင် က ဆိုပါတယ်။
အခု ပင်လုံညီလာခံ ကိစ္စ ကို အချိန် သတ်မှတ်ချက် ထားပြီး လုပ်သွားမှာ မဟုတ် ပဲ အားလုံး ပါဝင် နိုင်ရေး ကို အဓိကထား ကြိုးပမ်းသွားမယ် လို့လည်း သူ က ပြော ပါတယ်။
(bbc)
1
( ဒေါ်အောင်ဆန်းစုကြည် ၏ နိုဘယ်ဆု - ကျောင်းသားလှုပ်ရှားမှု့) သို့မဟုတ်- အိမ်မပြန်ခဲ့သောနှင်းများ -
ရေးသူ-အောင်မိုးဝင်း
စစ်ပွဲသံတွေပြန်ကြားရတော့ အဖြစ်အပျက်တခုကိုသွားသတိရမိတယ်။ ၁၉၉၁ အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ မြစ်ဝကျွန်းပေါ် ဘိုကလေးတိုက်ပွဲအကြောင်းပါ။ ဘိုကလေးမြို့တိုက်ပွဲမှာ နဝတ ရဲ့ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဲ့စစ်ရဟတ်ယာဉ်ကို သူပုန်တွေက ပစ်ချဖို့ကြိုးစားတယ်။ ဝမ်းပိုက် ဆီကို ထိတယ်လို့ဆိုတယ်။ ရဟတ်ယာဉ်ကိုမောင်းနှင်ခဲ့သူက ကျွမ်းကျင်လွန်းလို့ မြေပြင်ကိုအမြန်ဆုံးပြန်ဆင်းနိုင်ခဲ့ပြီး တင်ဦး တယောက်သေကံမရောက် ကံမပျောက်ဖြစ်ခဲ့ရတယ်။
သူကလည်း ရက်ရက်စက်စက်ပြန်တုန့်ပြန်တယ်။ဘိုကလေးတဝိုက်က ရွာကိုးရွာလုံးကို ပိတ်ပြီး မီးတင်ရှို့ခဲ့တယ်။
ဖြတ်လေးဖြတ်ဆင်နွဲပြီး မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးကို နိုင်အောင်ပြန်တိုက်ခဲ့တယ်။ ဘိုကလေးစစ်ပွဲသတင်းတွေက ကျနော်တို့ရဲ့ကျောင်းတွေကို ရိုက်ခပ်နေခဲ့တယ်။ ဆရာတွေကလည်း ကျောင်းသားတွေရဲ့အဆောင်တွေအားလုံးကိုစောင့်ကြည့်အကဲခပ်နေကြတယ်။ လူစိမ်းလာမလာ၊ ညတိုင်းဝင်စစ်လေ့ရှိတယ်။ အဲ့သလို လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတုံးမှာနိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်လိုက်တယ်။
ခြေရာ (၁)
ခုတော့----
ရင်ခုန်သံတွေတိုးတိတ်သွားပြီပဲ x x x စကားသံတွေမသဲကွဲ တို့နှစ်ယောက်လည်း
သီချင်းထဲကလို ----အလွမ်းစကားတွေနဲ့နှုတ်ဆက်ဖို့အချိန်မရ။ မျက်နှာရှေ့မှာ ရောက်လာသည့် ကင်မရာများကို ရိုက်ခွဲဖို့ကြိုးစားလိုက်ကြသည်။ ရထားဘီးအလိမ့်မှာ “ ဟေ့ကောင်တွေ၊ -ီးပဲကွာ။ စစ်အာဏာရှင်စံနစ် အလိုမရှိ” ဆိုသည့်အသံတွေက ရန်ကုန်ဘူတာကြီးတလျောက် ဝဲပျံနေခဲ့တယ်။ ဒီဇင်ဘာ တဲ့လေ---
ရန်ကုန်-မန္တလေး ရထားတစင်းကို ညတညလုံး--အပိုင်သိမ်းထားခဲ့ကြတဲ့ ကျောင်းသားတွေရှိတယ်။
ခြေရာ (၂)
ဒါဟာ မြုံနေတဲ့အပြုံးတခုအတွက်တော့
တွင်းနက်တခုပေါ့၊
ဥပမာ - မပွင့်သေးတဲ့ သခွပ်ပန်းတွေကို
ရင်တမမ ကြည့်နေရသလိုမျိုး၊
အခန်းကျဉ်းလေးရယ်မင်းသိပါတယ်။
အသက်ရူရတာ မ၀ဘူး။ လေကလည်းမသန့်ဘူး၊
ဘဝမှာ ထစ်အနေတဲ့ ဂီတဆိုတာလည်းရှိနေသေးတော့---
အိုအောင် ရဲ့ အချစ်ကဗျာ မှ
ဝါယာဖြူ့စ်ကြိုးတွေကို ဆွဲဖြတ်လိုက်တော့ တလောကလုံးအမှောင်။ စဉ့်ကူဆောင်ပေါ်ကကျောင်းသားတွေပြိုဆင်းလာပြီ။
“တက္ကသိုလ်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြန်ပြီ” တဲ့။ “ အဆောင်တခုလုံးမီးရှို့ပစ်ကွာ။
ဟေ့ကောင်တွေ ဆင်းခဲ့ကြလေ။ ဘာလို့ငြိမ်ခံနေကြတာလဲ”
အဆောင်မှူး ဦးအောင်ရှိန်က ကျောင်းသားတွေကိုတားဖို့ကြိုးစားတယ်။ မရတော့ပါဘူး။ ရေတမာပင်အောက်မှာ ရပ်စောင့်နေတဲ့ကျောင်းသားတွေက မီးလင်းနေသည့်အခန်းများကို ခဲများဖြင့်ပစ်ပေါက်လိုက်တဲ့အတွက် မှန်တံခါးကွဲကျသံတွေ၊ အော်ဟစ်သံတွေနဲ့ယောက်ယက်ခပ်နေတယ်။ ဇဝကဆောင်ဘက်မှ ပြေးလာသည့်ကျောင်းသားတချို့က အဆောင်တွေမှာတရားလှည့်ဟောကြဖို့၊ သမိုင်းဝင်းကိုချီတက်လှည့်လည်ကြဖို့ လှုံ့ဆော်နေကြပြီ။
“ ကျနော်တို့ရဲ့သူငယ်ချင်းတွေ ငှက်ဖျားတောထဲရောက်နေချိန်၊ အကျဉ်းထောင်ထဲ ဖြတ်သန်းနေရချိန်မှာ ခင်ဗျားတို့တတွေဒီအတိုင်းထိုင်ကြည့်နေကြမှာလား။ အခုလည်း ကျောင်းပိတ်လိုက်ပြန်ပြီ။ ငှက်ဖျားတောထဲက ခွပ်ဒေါင်းအလံစာသင်ခန်းတွေဆီကို ပြန်ရောက်မလာသေးသရွေ့၊တက္ကသိုလ်တွေဆိုတာ တိုက်ပွဲရဲ့ဗဟိုဖြစ်ရမယ်။ အပြင်ကိုထွက်လာခဲ့ကြပါ”
ဇီဝကဆောင်မှူး ဦးအောင်ကျော်မြတ်က သူ့ရဲ့ကျောင်းသားတွေကိုအပြင်မထွက်ဖို့၊ စိတ်လိုက်မာန်ပါ မလုပ်ကြဖို့ တားဆီးနေသံတွေ၊ပုံရိပ်တွေကို အတိုင်းသားမြင်နေရသည်။ ကျောင်းသားအုပ်က စိတ်မရှည်တော့ဘူး။ ပုပ္ပါးဆောင်ဘက်ကိုထွက်သွားသည့် လူတန်းကြီးနောက်ကိုဆက်လိုက်သွားကြတယ်။
ခြေသံ (၃)
ကျောင်းတွေပိတ်လိုက်ပြီ ဆိုတော့ တချို့ကလည်း ကိုယ့်ရဲ့ချစ်သူတွေဆီသွားအလွမ်းသည်နေချိန်ပေါ့။
မှတ်မှတ်ရရ အင်းကြင်းဆောင်ရှေ့ကအဖြစ်အပျက်တခုဗျာ။ စီးပွားရေးတက္ကသိုလ်ကျောင်းသားနှစ်ယောက်က
သူတို့နှစ်သက်မြတ်နိုးတဲ့ကောင်မလေးအတွက် သဇင်ပန်းလေးတွေကို အဆောင်တံခါးဝမှာ ချိတ်ပြီး ဂစ်တာတီးကြွေနေချိန်၊AD လမ်းမဘက်ကနေ TE (11) စစ်ကားတွေ ရုတ်တရက်ဝင်ရောက်လာတယ်။ အင်ကြင်းဆောင်ရှေ့ကားမှတ်တိုင်ကစပြီး စစ်သားတွေ နှစ်ယောက်တတွဲ၊ ခုန်ဆင်းနေရာယူလိုက်ကြတယ်။ သူပုန်စခန်းတခုကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလိုက်ကြတဲ့အတိုင်းပဲ။
ဂစ်တာတီးနေတဲ့ ကျောင်းသားနှစ်ယောက်ကိုလည်း စစ်ဘက်နက်နဲ့ထိုးပြီး ရိုက်နှက်ကန်ကြောက်လိုက်ကြတယ်။ အဲ့ဒီကျောင်းသားတွေက ဇွဲကပင်ဆောင်က ကျောင်းသားတွေလေ။ သူတို့နှစ်ယောက်ကို ကားကိုပစ်တင်ဖို့ကြိုးစားနေတုံး အတင်းရုန်းပြီးထွက်ပြေးလာတာလို့ဆိုတယ်။ သမိုင်းဝင်းစားသောက်ဆိုင်တန်းတွေမှာ စုရုံးရောက်ရှိနေတဲ့ ကျောင်းသားအုပ်ဆီကိုရောက်လာတော့ သူတို့မျက်နှာနဲ့လက်မောင်းမှာ သွေးတွေကျနေတယ်။ ဒဏ်ရာဒဏ်ချက်တွေကို သုတ်ပေးနေတဲ့ ကျောင်းသားတယောက်က သူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ ပြန်ပြောပြဖို့တောင်းဆိုနေချိန်မှာပဲ သေနတ်သံတွေကို အတွဲလိုက်ကြားလိုက်ရတော့တယ်။ ပုပ္ပါးဆောင် အဆောင်မှူးဦးစိုးလွင် က
“ ဟေ့ကောင်တွေ အဆောင်ထဲကို ပြန်ဝင်ကြ၊ ပြန်ဝင်ကြပါကွာ။ တခုခုဖြစ်မှာစိုးလို့ပါ” လို့ စိုးရိမ်တကြီးပြောရှာတယ်။
ကျောင်းသားတွေက ဒေါသနဲ့တုန်နေတယ်။ ဆောင်းဦးရဲ့မြက်ခြောက်တွေကို မီးတင်ရှို့လိုက်ကြတယ်။
“ ဒီကနေ့ နိုဘယ်ငြိမ်းချမ်းရေးဆုခြီးမြှင့်တဲ့ နေ့” တဲ့။ ကျနော်တို့ရဲ့နေ့ရက်တွေကတော့ မီးတွေနဲ့ကစားနေကြရဆဲပဲလေ။
ခြေသံ (၄)
ဒီအဆောင်လေးကနေခွာရတော့မယ် ဆိုတော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။
ကျောင်းကို တခါ တခါပြန်ရောက်ရောက်လာတိုင်း ကိုယ်နဲ့တွဲနေကျ အပေါင်းအသင်းတွေက ပျောက်ပျောက်သွားတယ်။ နိုင်ငံရေးဆိုတာကို နားမလည်ချင်ပါဘူး။ ဟော့ဒီကျောင်းကိုလာတက်ဖို့အတွက် ကိုယ့်မိဘက လယ်မြေတွေကိုရောင်းခဲ့ရတယ်။ ကိုယ့် ကျောင်းစရိတ်အတွက် သူတို့ထွန်ယက်ခဲ့ရတဲ့လယ်တောတွေ၊ တောစိမ်းရဲ့ညနေခင်းတွေမှာ ရထားလမ်းတလျှောက် မောင်းနှင်နေတဲ့ထွန်စက်တွေ၊ ကြံခင်းတွေထဲကအရိပ်တွေ ကို အားနာလွန်းလို့ ပြဿနာတွေနဲ့ဝေးဝေးနေနေခဲ့တယ်။ ဒါပေမဲ့ ဒီည- အရက်သောက်ချင်စိတ်က ပြင်းပြင်းရှရှ အာသီသရှိနေတယ်။ ကျောင်းသားတွေအော်ဟစ်နေတဲ့အသံတွေကို စူးစူးစိုက်စိုက်နားထောင်နေမိတယ်။ အညာဘက်က ကျောင်းသားတွေနဲ့ မြစ်ကြီးနား၊ ရှမ်းပြည်က လာတက်တဲ့ ကျောင်းသားတွေရှိရာ အခန်း (၂၁၀) ဘက်ဆီကိုထွက်လာခဲ့မိတယ်။ သူတို့ရဲ့ရာဇသံကို အဆောင်တခုလုံးကြားနေရတယ်။
“ ဒီည အဆောင်ကိုလာကပ်တဲ့လူစိမ်းမှန်သမျှ ကင်စားပစ်မယ်” တဲ့။
သူတို့ခံစားမှုကို ကိုယ်နားလည်ပါတယ်။ ညနေခင်းတုံးက အဖြစ်အပျက်က သူတို့ကို အခံရခက်စေတယ်။
ခြောက်မိုင်ခွဲဘက်က ရွှေကြယ်လက်ဘက်ရည်ဆိုင်လေးမှာ ထိုင်နေတုံး သူတို့ဆီကို သတင်းတခုသယ်လာတယ်။
“ ထွန်းမြင့်ထွေး (ဘိုးဘိုး) နဲ့ သန်းလွင်ဦး တို့ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးသွားပြီတဲ့။ သူတို့တတွေ ဒူးယားဆောင်နဲ့ ဇီဝကဆောင်ကိုလိုက်သွားကြတယ်။ ဒူးယားအဆောင်မှူး ဦးဝင်းမြင့် က ထွန်းမြင့်ထွေးကို အဆောင်တွင်းမှာ လိုက်ရှာပြီး အပ်လိုက်တာလို့ဆိုတယ်။ဦးအောင်ကျော်မြတ် ကတော့ ပါမောက္ခက ဆွေးနွေးချင်လို့ ငါထည့်ပေးလိုက်တာလို့ ပြောတယ်။
“ ဟာ -- ဆရာကလည်း ခဏလောက်ဆွေးနွေးစရာရှိလို့ပါ ဆိုပြီး (၁၀) နှစ်လောက်ကြာသွားတာ ဆရာသိရဲ့သားနဲ့” ဆိုပြီး တောက်ခေါက်အပြစ်တင်ကြတယ်။ သူတို့နှစ်ယောက်ပါသွားပြီဆိုရင် နောက်ထပ်လာဖမ်းချင်တဲ့ကျောင်းသားခေါင်းဆောင်တွေက စဉ့်ကူဆောင်မှာရှိနေတယ် လို့ သဘောပေါက်နေကြတယ်။
ကိုယ်တို့မြင်ကွင်းရှေ့မှာ ကျောင်းသားတယောက်မှ အဖမ်းမခံရစေဘူး လို့ ဆုံးဖြတ်ရင်း သူတို့အုပ်စုနဲ့ပေါင်းဖို့ အခန်းကူးလိုက်တယ်။
ခြေသံ (၅)
တကယ်တော့ စဉ့်ကူဆောင်အပေါ်ထပ်မှာ ဘယ်လိုသူတွေရှိနေတယ်ဆိုတာ စစ်ထောက်လှမ်းရေးက ကောင်းကောင်းသိပါတယ်။ အရေးတော်ပုံအပြီးမှာ တောခိုသွားပြီးပြန်လာတဲ့ကျောင်းသားတွေ၊ နယ်မြေအသီးသီးမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး အဖမ်းမခံရပဲ ကျန်ရှိနေတဲ့ ကျောင်းသားတွေ၊ မြစ်ကြီးနား၊ ရှမ်းပြည်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို--- လူစုံပဲ။
အဆောင်မှူးကလည်း စရောက်ကတည်းကပြောတယ်။
“မင်းတို့တတွေကို စုထားပေးလိုက်တော့ ငါတို့ထိန်းရလွယ်တာပေါ့”တဲ့။
ဒါပေမဲ့ အဆောင်မှူးဦးအောင်ရှိန် မှားသွားပြီထင်တယ်။
အဲ့ဒီ အပေါ်ထပ်မှာ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လူစိမ်းတက်လာရင် အဆောင်ကျောင်းသားတွေက ကျောင်းသားကဒ်ထုတ်ခိုင်းတယ်။ အရက်ဖိုးအလှူခံတယ်။ သူတို့ရဲ့လွတ်မြောက်ဒေသကို ထူထောင်လိုက်ကြတယ်။
စဉ်ကူဆောင်ဆိုတာ ငွေစက္ကူအရေးအခင်းကတည်းက အစိုးရကားတွေကို မီးတင်ရှို့ခဲ့တဲ့နေရာ။ သမိုင်းကိုဆက်ထိန်းထားရမယ်။
အဲ့ဒီတုံးက လက်ထောက်အဆောင်မှူးက သင်္ချာပြတဲ့ ဦးအေးအောင်၊ သူကတော့ ကျောင်းသားတွေ နဲ့အဆင်ပြေတယ်။ ကျောင်းသားတွေဆိုးသမျှကိုလည်းအနွံအတာခံရှာပါတယ်။ ကျနော်တို့တတွေ ဆူညံနေမှ နေသာထိုင်သာရှိတယ်လို့ ဆိုရှာတယ်။
ဒါပေမဲ့ ဒီတခါတော့ သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေလွှမ်းနေတယ်။အဆောင်အပေါ်ထပ်မှာ ဝိုင်းဖွဲ့စုထိုင်နေတဲ့ ကျောင်းသားတွေက
လှေခါးထစ်တွေကို မျက်နှာခက်ထန်စွာကြည့်နေတယ်။ သမိုင်းဆောင်တခုလုံးကို စစ်တပ်က ဝိုင်းထားလိုက်ပြီ ဆိုတော့ ဘယ်ကိုမှထွက်လို့မရတော့ဘူး။ ညနက်လာတာနဲ့အမျှ စစ်ထောက်လှမ်းရေးတွေလာတော့မယ်ဆိုတာသိနေတယ်။ အဆောင်မှူးတွေဆိုတာကလည်း ဘာမှလုပ်မပေးနိုင်ပါဘူး။ သူတို့ အလုပ်ပြုတ်မှာပဲကြောက်နေကြတာမို့လား။
အဆောင်မှူး ဦးအောင်ရှိန်က မန္တလေးဘက်ကိုပြန်မဲ့ကျောင်းသားတွေရဲ့အမည်စာရင်းကိုလာယူတယ်။
ခြေသံ (၆)
သမိုင်းဆောင်မှာ စိတ်ဆိုးဒေါသထွက်နေတဲ့ ကျောင်းသားအုပ်ရဲ့အနေအထားကို သိတော့ ညနေခင်းကတည်းက စတင်ဖမ်းခဲ့တဲ့ လူဖမ်းပွဲအစီအစဉ်ကိုရပ်လိုက်ကြတယ်ထင်တယ်။ နောက်တနေ့မနက်ကြမှ စစ်ထောက်လှမ်းရေးနှစ်ယောက် ပါပလစ်ကာ အဝါပျော့ပျော့ရောင်နဲ့ရောက်လာတယ်။ တတိယနှစ်ကျောင်းသား “-----” ကို ခဏတွေ့ချင်လို့တဲ့။
စစ်ထောက်လှမ်းရေးတွေ အဆောင်မှူးရုံးခန်းမှာရောက်နေပြီဆိုတဲ့သတင်းကိုကြားလိုက်တော့ ကျောင်းသားတွေကပြေးဆင်းသွားတယ်။အဲ့ဒီကားကို မီးရှို့ဖို့ စတင်လိုက်ကြတယ်။ ကျောင်းသားနှစ်ယောက်က ဆွဲကိုင်လှုပ်ယမ်းပြီး ကျောင်းသားတွေကို လှုံ့ဆော်နေပြီ။ အခြေအနေကို ရိပ်မိသွားတဲ့ အဆောင်မှူးနဲ့ ထောက်လှမ်းရေးတွေက အပြင်ကိုထွက်လာတယ်။
သူတို့ဟာ မော်ကွန်းထိန်းရုံးကဖြစ်ကြောင်း အမြန်မိတ်ဆက်ပြီး မောင်းပြေးသွားကြတယ်။
ဒါပေမဲ့ ရန်ကုန်ဘူတာကြီးမှာ စောင့်နေကြအုံးမယ်ဆိုတာ ကျောင်းသားတိုင်းသိနေကြတယ်လေ။
ခြေသံ (၇)
အဲ့ဒီနေ့က မှတ်မှတ်ရရ၊ စက်မှုကျောင်းသားတွေ( Mechanical Students) Assembly Drawing ဆွဲနေတဲ့အချိန်လေ။
လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက ရန်ကုန်တက္ကသိုလ်နဲ့စက်မှုတက္ကသိုလ်ကျောင်းသားတွေကြားမှာ
“ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ပွဲတပွဲလုပ်ကြမယ်” လို့ အချက်ပေးလိုက်ကြတယ်။
နေ့လည် (၁၁) နာရီလောက်မှာ ကျောင်းပင်မဆောင် ( Building 1) အောက်မှာ ဆုံကြမယ် လို့ ဆိုနေကြတယ်။
တယောက်မျက်နှာ တယောက်ကြည့်ပြီး ပုံဆွဲနေတာကို ရပ်လိုက်ကြဖို့ ကျနော်တို့တတွေ အချင်းချင်းအချက်ပေးလိုက်ကြတယ်။
ကျောင်းသားအုပ်စုတွေလည်းရောက်နှင့်နေကြပြီ။ သန်းလွင်ဦး ( Electrical Power) က ခုံတလုံးကိုဆွဲယူပြီးတရားစဟောတယ်။ ပညာရေးနစ်နာမှုတွေ ကို အစိုးရအနေနဲ့တာဝန်ယူဖြေရှင်းပေးဖို့။
နောက်-- ကျောက်ပတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လှိုင်မိုးသန်း၊ သူကလည်း ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးအကြောင်းတွေဆက်ပြောတယ်။ ဘေးနားမှာလည်း အရေးတော်ပုံအတွင်းမှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေကလည်း အားဖြည့်ပေးထားတယ်။ မော်ကွန်းထိန်းဦးဆန်းမြင့်က ကွမ်းတမြုံမြုံဝါးရင်း ခပ်ပြုံးပြုံးနဲ့ရောက်လာတယ်။ ဆရာဦးသိန်းထွန်းအောင်က ပင်မအဆောက်အဦမှာ တောင်းဆိုချက်တွေကို ထိုင်ရေးနေတဲ့ ကျောင်းသားအုပ်တွေနားကို မယောင်မလည်လာရပ်ပြီး ကြည့်နေတယ်။ ထွန်းမြင့်ထွေး (ဘိုးဘိုး) ၊ သန်းလွင်ဦး နဲ့ ကျောင်းသားအုပ်စုတွေ
တောင်းဆိုချက်တွေထိုင်ရေးနေတုံး၊ ပဉ္စမနှစ်ကျောင်းသားတယောက်က သူရေးပေးမယ်လို့ဆိုတယ်။
စာ စရေးတဲ့အချိန်မှာကတည်းက ကျောင်းသားတွေက အဲ့ဒီကျောင်းသားအပေါ် သံသယရှိသွားပြီ။
သူ့လက်ရေးက တကယ့်ကို ပရော်ဖက်ရှင်နယ်လက်ရေး။ လက်ရေးလှတဲ့အပြင် ရုံးပုံစံစာကို ကောင်းကောင်းရေးတတ်တယ်။
ကျောင်းသားတယောက်က
“ အကိုရာ ဘယ်လိုမှ မအောက်မေ့နဲ့ခင်ဗျားရဲ့ကျောင်းသားကဒ်တချက်လောက်ကြည့်ပါစေ” ဆိုပြီး တောင်းယူတယ်။
သူကလည်း ကျောင်းသားကဒ်ထုတ်ပြတယ်။ ပဉ္စမနှစ် လျှပ်စစ်စွမ်းအား ( ခုံနံပါတ် -၅) တဲ့။
ကျနော်တို့တတွေ၊ တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ တကယ်တော့ သူ့ရဲ့ကျောင်းသားကဒ်က အတုပဲ။ ခုံနံပါတ် (၅) ဘယ်သူလည်းဆိုတာ ကျနော်တို့တတွေကောင်းကောင်းသိတာပေါ့။ ကျောင်းဖွင့်ကတည်းက ရန်သူဘက်က
ကျောင်းသားကဒ်အတုတွေအများကြီးလုပ်ထားတယ်ဆိုတာတွေ၊ ကျောင်းသား (၁၀) ယောက်၊ဆရာတယောက်တာဝန်ယူရမယ်
ဆိုတာတွေ က နားယဉ်ပြီးသားမို့လား။ဘာဆက်မေးချိန်မှ မရလိုက်တော့ပါဘူး။ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့
ကျောင်းသားအုပ်ကိုကြည့်လိုက်ရင်း သတို့ လက်ညှိုးထိုးပြရာကို လှမ်းကြည့်လိုက်တော့ အပြင်မှာ စစ်ကားတွေရောက်နေပြီ။
ကျနော်တို့တတွေ အဆောင်ကို ပြန်ဖို့အတွက်လည်း ဘတ်စ်ကားကြီးတွေကို ကျောင်းရှေ့မှာ ရောက်နေကြပြီ။
ရန်ကုန်တက္ကသိုလ်အတွင်းမှာ ဖြစ်နေတဲ့ ကျောင်းသားဆန္ဒပြပွဲ နဲ့ မပေါင်းမိအောင် လက်ဦးမှုယူ ဖြတ်တောက်ပစ်ချင်ပုံရပါတယ်။
ခြေသံ (၈)
အိမ်ကိုပြန်မယ်သာပြောတာ။ စစ်ထောက်လှမ်းရေးတွေက သမိုင်းဆောင်တခုလုံးကို ပိတ်ထားပြီး ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို လက်ရ ဖမ်းဖို့ကြိုးစားနေတယ်။ သမိုင်းဝင်းထဲကို ပတ်လျှောက်ကြည့်လိုက်မယ်ဆိုရင်ဇွဲကပင်ဆောင်နဲ့အုံးတောအဆောင်ရှေ့၊ ဂန္ဓမာဆောင်ရှေ့မှာ စစ်ကားတွေနဲ့လက်နက်ကိုင်တပ်တွေ နေရာယူထားကြတယ်။ တချို့ကျောင်းသားတွေက နေရာတခုကို ဖြတ်ကနဲသတိယလိုက်ကြတယ်။ ခြောက်မိုင်ခွဲဘက်ကိုပေါက်ထွက်တဲ့လမ်းကြောင်းတခုရှိတယ်။
မိန်းကလေးဆောင်တွေက ဖြတ်သွားရင် အဲ့ဒီ လမ်းမကိုရောက်နိုင်တယ်ဆိုပြီး တချို့က လက်ဘက်ရည်ဆိုင်စားပွဲထိုးပုံစံဟန်ဆောင်ပြီး စစ်သားတွေစောင့်တဲ့ဂိတ်တွေကို ဖြတ်လျှောက်သွားကြတယ်။ လွတ်ထွက်သွားကြတယ်။
ခြေသံ (၉)
ဘူတာကြီးကိုလာရတယ်ဆိုတာကလည်း အထိတ်တလန့်ပါပဲ။ ကျောင်းဆရာတွေနဲ့အတူပါလာတဲ့ထောက်လှမ်းရေးတွေကနယ်ပြန်မဲ့ကျောင်းသားတွေရဲ့စာရင်းကိုကြည့်ပြီးပြီလေ။ သူတို့လိုချင်တဲ့ကျောင်းသားတွေကို ဖြတ်ဖမ်းတယ်။မမိလိုက်တဲ့ကျောင်းသားတွေကို ပဲခူး၊ ပျဉ်းမနား၊ သာစည်ဘူတာတွေကို ဖမ်းခဲ့တဲ့အဖြစ်အပျက်တွေ ကို မတ်လအရေးအခင်းတုံးကလည်းကြုံခဲ့ဘူးတယ်မို့လား။ ကျနော်တို့တတွေ သမိုင်းတပတ်ပြန်မကြော့အောင်မှတ်လောက်သားလောက်အောင်
လုပ်ပစ်ကြဖို့ စိတ်ကူးလိုက်ကြတယ်။
“ နိုင်ငံတော်အစိုးရမှ ကျောင်းသားများအားအေးချမ်းစွာ အိမ်ပြန်လွှတ်လိုက်သည်” သတင်းမှတ်တမ်းရိုက်နေတဲ့ ကင်မရာတွေနားကပ်သွားကြတယ်။ ရထားအထွက်မှာ ဆဲသံတွေ၊ ခဲတွေပလူပျံသွားတယ်။ ဒီ ရထားကို ကျနော်တို့ပိုင်တယ်။
အခုချိန်ကစပြီး ရထားပေါ်စစ်ထောက်လှမ်းရေးတွေတက်လာရင် ပြန်ခုခံချကြပေတော့” လို့
ကျောင်းသားကြီးတယောက်က အော်ဟစ်ကြိမ်းဝါးသံကိုကြားလိုက်ရတယ်။
ရထားရပ်မဲ့နေရာတွေမှာ မိနစ်အနည်းငယ်ပဲနားရမယ်လို့ မီးရထားမောင်းနှင်တဲ့သူနဲတွဲစောင့်တွေကို သတိပေးလိုက်တယ်။
ခြေသံ (၁၀)
တကယ်တော့ အဲ့ဒီညက ကျနော်တို့ ရထားပေါ်ကို ဘယ်လူစိမ်းမှ ရောက်လာခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ ထောက်လှမ်းရေးတွေက သက်ဆိုင်ရာ ကျောင်းသားတွေရဲ့မြို့အသီးသီး အိမ်အသီးသီးကနေ စောင့်နေခဲ့တယ်။
ခင်မောင်ရွှေ ( သတ္တုတူး၊ မုံရွာ အမြဲစိမ်းလူငယ်များအဖွဲ့)၊ မျိုးနိုင် ( ရေနံ၊ မန္တလေး)၊ ဇော်ကိုမောင် ( မြို့ပြ၊ မန္တလေး)၊စိုးလွင်( စက်မှု၊ အမရပူရ) တို့ကို အိမ်တွေမှာစောင့်ဖမ်းပြီး ချက်ခြင်းပဲ စစ်ရဟတ်ယာဉ်တွေနဲ့ ရန်ကုန်စစ်ကြောရေးဆီ ပို့ခဲ့တယ်။
ထောင်ဒဏ်နှစ်ရှည်တွေကျခဲ့ကြတယ်။ ကျနော့အခန်းဖေါ်ခင်မောင်ရွှေ တယောက်လည်း (၁၅) နှစ်အကြာမှာ အကျဉ်းထောင်က ပြန်လွတ်လာပြီး၊မုံရွာမြို့ကိုပြန်ရောက်ပြီး ကျန်းမာရေးမကောင်းဘူး၊စိတ်ကစင့်ကလျားဖြစ်နေတယ် တဲ့။
အော်----
အိမ်မပြန်ရဲသူတွေရှိတယ်။
ကမ်းပါးပြိုတဲ့ညအောက်အနီးကပ်ရောက်သွားတဲ့ ငှက်တို့ပျံသန်းရာ
လရောင် ကောက်ကြောင်းမှာတဲ့လေ……………..
ဘဝတွေကို ကြိမ်ဖန်များစွာ တရားကျခဲ့ဘူးတယ်။
ဘိုကလေးစစ်ဆင်ရေးမှာ ကရင်ရွာ (၉) ရွာကိုရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ နဝတ အတွင်းရေးမှူး (၂) တင်ဦးလည်း ရဟတ်ယာဉ်ပျက်ပြီး၊ အသေဆိုးနဲ့သေခဲ့ရတယ်။ အချင်းချင်းဇာတ်တူသားစားတဲ့ကိစ္စမှာ ဝဋ်လည်တာတွေ၊ အတုန့်အလှည့်တွေ နဲ့ သံသရာလည်နေတဲ့ ဖြစ်စဉ်တွေကြားမှာ ဘာတွေကို မျှော်လင့်နေခဲ့မိကြသလဲ။
တခါတုံးက အန္တရာယ်ကြားမှာ တယောက်ကိုတယောက် အသက်ထပ်ပြီး တိုက်ပွဲဝင်ခဲ့သူတွေ၊ နယ်စပ်မျဉ်းကိုဖြတ်ကျော်လိုက်ကတည်းက တစိမ်းဆန်ဆန်ဖြစ်ခဲ့ကြရတယ်။ သေနတ်ကျည်ဆံရှေ့မှာ ဖြတ်ပြေးဖို့ ဝန်မလေးခဲ့တဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ တယောက်ထိရင်အားလုံးပြန်ချခဲ့ဘူးသူတွေ--
မိတ်ဆွေ၊
အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ဒဏ်ရာထက် ချိုမြိန်ခဲ့တဲ့အရာ ခင်ဗျားဘဝမှာ ပိုင်ဆိုင်ဘူးပါရဲ့လား။
ခုလို ဆောင်းညတွေမှာ လိပ်ပြာသန့်သန့်နဲ့ မီးခပ်ထွန်းညှိခဲ့တဲ့ ဆွတ်ဆွတ်ဖြူ နှင်းတွေ နဲ့အတူ
ကျနော်တို့တတွေ လမ်းမတွေပေါ်ထွက်လာခဲ့ကြဘူးတယ်……………………….။
အောင်မိုးဝင်း
Thursday, December 9, 2010
0
Venues Protection အကြောင်း သိကောင်းစရာ-
ရေးသူ-ခင်မမမျိုး
အရေးပါပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။ venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့ အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။ ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။
venues protection ဆိုင်ရာ အခြေခံအချက်များ
*
စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်
*
သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်
*
လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများတွင် ၀င်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည်
*
close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။
*
close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်
*
သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလဲ ထားရှိရမည်
*
မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်
*
close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်
*
အရေးပါပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။
Outer perimeter protection
venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာ နေရာရဲ့ ပြင်ပ နဲ့ ၀င်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။
Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့
*
အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ၀န်းကျင်အနေအထားကို လေ့လာရပါမယ်
*
ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်
*
အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေရာကို သွားဖို့ လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်
*
လူအ၀င်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်
*
စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်
*
အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်
*
မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်
*
ကင်မင်ရာ၊ ဗွီဒီယိုစတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်
*
အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။
Inner perimeter protection
Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန်ပေးလေ့ရှိပါတယ်။ တာဝန်ရှိသူများဟာအိမ်၊ ရုံး အဆောက်အဦး (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်
*
အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ
*
undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်
*
အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်
အဆောက်အဦးအား ရှာဖွေခြင်း
လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အားလေးပုံတပုံက အများပြည်သူတွေ ၀င်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတ၀က်က အဆောက်အဦးမှာ ရှိတဲ့ အခန်းများကို ပတ်စိပ်တိုက်ရှာဖွေရပါမယ်။
ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦးရဲ့ ၂၅ မီတာဝန်းကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအ၀င်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။
အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။
တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲမှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။ အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye levelပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေအပါအ၀င် ရှိသမျှကို ကြည့်ရှုစစ်ဆေးရပါမယ်။
ရုံးခန်းလုံခြုံရေး
venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူရုံးသားအများရှိနေသော စားပွဲများရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများတပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။
ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ၀င်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါတယ်။ ရုံးအ၀င်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့ နေရာများ၊ အချိုးအကွေ့နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။ ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။
နိဂုံး
ကမ္ဘာတ၀ှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထုအစည်းအဝေး တွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့် သူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာလ (၈) ရက်နေ့  နံနက်တွင် သံဃာတော်များနှင့် သီလရှင်များအားအလှူဒါနပြုလုပ်
Wednesday, December 8, 2010
1 Divided Heart ဇာတ်ကားမှာ ဒေါ်စုအဖြစ် မီရှဲလ်ယိုး သရုပ်ဆောင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေမှုအကြောင်း ရုပ်ရှင်ရိုက်ကူးနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်မယ့် ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး (Michelle Yeoh) မနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါတယ်။ တိုင်းပြည်နဲ့ ဒီမိုကရေစီရေးအတွက် ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အန်မတန် ဂုဏ်ယူသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ကြိုးစား သရုပ်ဆောင်ထားတယ်လို့လည်း ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက NLD ပါတီကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး ပြင်သစ် နာမည်ကြီး ဒါရိုက်တာ လူ့ခ် ဘတ်ဆွန် (Luc Besson) က Divided Heart ခွဲခြားထားသော နှလုံးသားလို့ ယာယီ အမည်ပေးပြီး ရုပ်ရှင်ရိုက်ကူးနေတဲ့ ဇာတ်ကားမှာ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာက သရုပ်ဆောင် ရိုက်ကူးနေတာပါ။
ဒါ့ကြောင့် မနေ့က ရန်ကုန်ကို မင်းသမီး မီရှဲလ်ယိုး ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ပြောဆိုမှုတွေကို တနေ့လုံး စောင့်ကြည့်နေခဲ့သလို သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် မင်းသမီး မီရှဲလ်ယိုးက ဂုဏ်ယူ ၀မ်းသာမိတယ် ဆိုတာကို ပြောသွားခဲ့တယ်လို့ NLD ပါတီက ဦးဝင်းထိန်က ပြောပါတယ်။
“သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ တစိတ်တပိုင်းကို မင်းသမီးအဖြစ်နဲ့ တာဝန်ယူပြီး ရိုက်နေတယ်လေ။ ပထမအပိုင်းကတော့ အောက်စ်ဖို့ဒ်မှာ ဒေါ်စု ပညာသင်တဲ့ အပိုင်းကို သူရိုက်တယ်လို့ ပြောတယ်။ ရိုက်ပြီးတော့ မလေးရှားမှာ ဆက်တင်တွေ ဘာတွေ ပြင်ပြီးတော့မှ မြန်မာပြည်မှာ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားမှုတွေကို ရိုက်တယ်။
“သူပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင် တယောက်ကို ကိုယ်စားပြုပြီးတော့ သရုပ်ဆောင်ရတာ အင်မတန် ဂုဏ်ယူပါတယ်။ ဒေါ်စုလွတ်လာပြီးမှ အင်တာနက်တို့ Face book တို့မှာ တင်တဲ့ဟာတွေ သူ ကြည့်ပြီးပြီလေ။ ဒေါ်စုရဲ့ အနေအထားက International Icon ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီလိုပုဂ္ဂိုလ် တဦးကို ကိုယ်စားပြုပြီး ရုပ်ရှင်ရိုက်ရတဲ့အတွက် အရမ်း ဂုဏ်ယူတဲ့အကြောင်း ပြောသွားတာပေါ့။”
ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးဟာ ၃ နှစ်နီးပါးလောက် လေ့လာခဲ့တာကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
“ဒါရိုက်တာက အဲဒီဇာတ်ကားနဲ့ ပတ်သက်လို့ အတော်ကြိုးစားတယ်တဲ့။ ဇာတ်လမ်း အနေအထားရော၊ ဇာတ်ညွှန်း အနေအထားရော ၃ နှစ်လောက် လေ့လာတယ်။ လေ့လာပြီးတော့ သူနဲ့သင့်တော်တယ်ဆိုပြီး သူ့ကိုငှားတဲ့အခါမှာ သူတို့ ၂ ယောက်စလုံး ပေါင်းပြီးတော့ ၃ နှစ်လောက် လေ့လာပြီးတော့မှ ဒီဇာတ်ကားကို ရိုက်ကြတာလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တူအောင် သူ့ရဲ့ မိန့်ခွန်းတွေ၊ သူ့ရဲ့အမူအယာတွေကို ကြည့်ရတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ၀ိတ်ချတာ ၁၀ ပေါင်လောက် ကျသွားတယ်ဆိုပြီး သူပြောပြတာပေါ့။
“ရိုက်တဲ့အခါမှာ သူရိုက်တဲ့ပုံတွေမှာ Blackberry နဲ့ ယူလာတယ်။ ယူလာတော့ သူ့ပုံက ဒေါ်စုလို ဗမာဝတ်စုံနဲ့ ၀တ်ပြီးတော့မှ ပန်းပန်ထားပြီး ဘေးကရိုက်ထားတဲ့ပုံကို ကြည့်ရတာ ကျနော် တော်တော် အံ့သြသွားတယ်။ အရမ်းတူတာပဲ။”
ဒီဇာတ်ကားကို လန်ဒန် အပါအ၀င် မလေးရှားနဲ့ ထိုင်းနိုင်ငံတွင်းမှာလည်း ရိုက်ကူးခဲ့ရာမှာ ဒီနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။
“အောက်စ်ဖို့ဒ်မှာ ရိုက်တဲ့ အခန်းတွေကျတော့ သူ့သား ကင်မ်က အဲဒီမှာ လိုက်ပြီး ကူညီတော့၊ မလေးရှားမှာ ဆက်တင်တွေနဲ့ လုပ်ပြီးတော့ ရိုက်တဲ့အခါမှာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးတဲ့လူတွေ တော်တော်များများကို သူတို့က ငှားလိုက်တယ်။ ငှားတဲ့အခါ တချို့တ၀က်က ဆန္ဒပြတဲ့ ကျောင်းသားတွေ အမူအယာလုပ်တယ်၊ တချို့တ၀က်က သူတို့ကို နှိမ်နင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်တယ်။
“လုပ်တဲ့အခါမှာ အဲဒီကျောင်းသားတွေက ဘာမှ သင်စရာ မလိုဘူးတဲ့။ မင်းတို့ ဆန္ဒပြတဲ့ကောင်တွေ သွားပြီးတော့ နှိမ်နင်းလို့ ခေါင်းဆောင်က ညွှန်ကြားလိုက်တာနဲ့ အဲဒီကောင်တွေ ရိုက်တာ၊ နှက်တာ၊ ခြေထောက်နဲ့ ပိတ်ကန်တာတွေ၊ သူ လန့်ဖြတ်ပြီး မူးတောင် မူးသွားတယ်တဲ့။”
NLD ပါတီက ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။
မင်းသမီး မီရှဲလ်ယိုးဟာ ဒီကနေ့မှာတော့ ရန်ကုန်ကနေ စင်ကာပူနိုင်ငံကို လေကြောင်းနဲ့ ပြန်လည်ထွက်ခွာသွားပါပြီ။ ကွဲကွာနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းမှုအကြောင်း အပါအ၀င် စည်းရုံးရေး ခရီးစဉ်မျိုးတွေကိုလည်း ထည့်သွင်း ရိုက်ကူးထားပါတယ်။
အခုဇာတ်ကားကို ရိုက်ကူးတဲ့ ပြင်သစ်ဒါရိုက်တာ လူ့ခ် ဘတ်ဆွန်ဟာ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်သလို မင်းသမီး မီရှဲလ်ယိုး ဆိုရင်လည်း ဂျိမ်းစ်ဘွန်း ဇာတ်ကားတခုဖြစ်တဲ့ Tomorrow Never Dies နဲ့ ဂျပန်ကခြေသည် ဇာတ်ကားတခုဖြစ်တဲ့ Memoirs of Geisha ဇာတ်ကားနဲ့လည်း နာမည်ကြီး သရုပ်ဆောင် ဖြစ်သလို Crouching Tiger, Hidden Dragon ဆိုတဲ့ ဇာတ်ကားမှာလည်း အင်မတန် အောင်မြင်ထင်ရှားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦး ဖြစ်ပါတယ်။
(Voa)
0 သေမှာကို မေ့နေကြပြီလား
သေမှာကို မေ့နေကြပြီလား
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတစ်ရပ်လုံးအတွက် မဟာဆုံးရှုံးမှုတစ်ရပ် ပင်ဖြစ်တော့သည်။
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကို ရိုက်ကူးနေစဉ် ကျွန်တော်တို့ ၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ဆုံးပါးသွားကြောင်း သိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များ အား တောင်းပန်လျက် ဘဘ ဦးသုခ၏ ကျန်ရစ်သော ခန္ဓာအား သဂြိုလ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာ ဂူသွင်းသဂြိုလ်မှုပြုလုပ်ပြီး ညနေ လေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသော ခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။
ဘဘ မှာခဲ့သည် ရှိသည်။
“မောင်ကျော်သူရေ … ကျော်သူနဲ့ သုခ ဆိုတာ ကက်ကင်း” တဲ့။
“ဒါဆိုရင် … ကျော်သူနဲ့ သချိုင်း ဆိုတာလဲ ကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။
“ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘ ဆုံးရင်လဲ။ မောင်ကျော်သူဘဲ စီစဉ် သဂြိုလ်ပေး” တဲ့။
ဘဘ ဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည် တို့၏ လမ်းပြကြယ်ပင်ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သော အင်အား တို့ဖြင့် စောင့်ရှောက်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးပင် ဖြစ်တော့သည်။
ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်ဖွဲ့စည်းခဲ့သူ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘ ဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါက သေသောသူသည်သုဿန်သို့ သက်သက်သာသာသွားနိုင်ခဲ့ပြီ” ဖြစ်သည်။
ထိုကဲ့သို့သော ဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေး ကိစ္စရပ်များကို ရှေ့ဆောင်လမ်းပြပေးသော အဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစ်စင်း ဖြစ်သူ ဘဘ ဦးသုခ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဘဘ ဦးသုခအား ကြည်ညို လေးစားကြသော (၇) ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘ ဦးသုခ၏ အုတ်ဂူအား ရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်းဆက်ကပ်ခြင်း၊ ဘဘ၏ အုတ်ဂူရှိ ဓါတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာ မင်းကျော်ခိုင်ရဲ့ ရေးဆွဲ ပေးထားသော ဘဘ၏ ပုံတူ Sketch အား စတီးပြားပေါ်တွင် ထွင်းလုပ်ထားသော လက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သ ကန်တော့ကြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်း စုပေါင်းမေတ္တာ ပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဥာဏ်ထဲသို့ မေးခွန်းများ ဖျတ်ကနဲ ပေါ်လာမိသည်။
ဘဘ၏ ကျေးဇူးတရားများမကင်းကြသော ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သော အချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာ လုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ် နစ်မြုပ်နေကြပြီလား …? သေမှာကိုမေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ? ဟူသော မေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များအနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ မေ့ချင်ဟန်ဆောင်၍လည်း မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည်ဖြစ်သည်။
နောက်တစ်ချက် … ဘဘ ဦးသုခ၏ ကျေးဇူးတရားများကို သတိတရ ဖော်ကျူးကြသော ဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘ ဦးသုခ လမ်းညွှန်ချပြပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပတ်သက်၍ တစ်လုံးတပါဒမျှ မပါရှိခြင်းသည် ဘဘ ဦးသု၏ ဂုဏ်ပုဒ် ကျေးဇူး တရားများကို ဖော်ကျူးကြသော ရေးသားသူတို့အနေဖြင့် -
မဖော်ကျူးကြခြင်းလား … ?
မရေးသားကြခြင်းလား … ?
ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?
ဘဘ ဦးသုခ၏ သမိုင်းကို ဖွက်ထားကြခြင်းလား … ?
ဘဘ ဦးသုခ၏ သမိုင်းကို မြေမြုပ်ပစ်လိုက်ခြင်းလား … ?
အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ? စသည့် အံ့သြကုန်
နိုင်ဖွယ်ရာများ ဖြစ်တော့သည်။
ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘ၀တစ်ပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင်မပြီးသေးပါ။ မသေခင် သင်ဘာတွေများ ပေးဆပ်ခဲ့ပြီးပြီလဲ ဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။
ကျော်သူ
Tuesday, December 7, 2010
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်း မနက်ရှစ်နာရီငါးဆယ်မင်္ဂလာဒုံလေဆိပ်မှ ပြန်လည်ထွက်ခွာ
1 ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မြေးမှ မန်ယူအသင်း အား ဒေါ်လာသန်းတစ်ထောင်ဖြင့် ၀ယ်ဖို့ပြော
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသော
အမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။
ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလသမဂ္ဂမှ စိတ်ဆိုး ဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံး အသင်းအား ဒေါ်လာ သန်းတစ်ထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ် မှုးကြီးက ဘောလုံး အသင်း ၀ယ်ယူလိုက်လျှင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး စီးပွားရေး ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ် သတင်း ပေးပို့မှုတွင် ဖော်ပြထားသည်။
နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်း စားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီလ အစောပိုင်းတွင် ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထိုအချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။
မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တစ်ဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စတာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ချက်တွင် ပါရှိသည်။
ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ်ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခစတဲ့ ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျ ခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဒေါ်လာတစ်သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက်တွင် ပါရှိသည်။
မကွေးအသင်းမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၁၅၅၀၀၀ ကုန်ကျသည်။ ဘဏ်လုပ်ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇ အသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းမှာ အာဖရိကမှ ကြေးစား ဘောလုံးသမား ၅ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသမားများစွာ ခေါ်ယူ ခဲ့သည်။
အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုးအမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာမရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးကခိုင်းရင် အားလုံး စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေကြားကြောင်း ပါရှိသည်။
ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရတနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များ ကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက်သူဌေး ဇော်ဇော် လည်းပါရှိသည်။ ဖော်ဖော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက် ဆော့ကစားဖို့ ပြောဆိုသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှုရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ် ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။
မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်က အပြင်းအထန် ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူအသင်း ကို အကျင့်ပျက်အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ဖော်ပြခဲ့သည်။
သတင်း Guardian
မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931 (www.maukkha.org)မှ
0 သဘာဝကျလှသော အမေနဲ့သား
မချစ်လို့ သားတွေကို ထားရစ်ခဲ့တာမဟုတ်ပါ ။ မြန်မာပြည်သူတွေကိုလည်း ချစ်လွန်းလို့ပါ ။
ဓာတ်ပုံများအတွက် ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်။
0 GoogleChinaမှမြန်မာပြည်သူတို့၏ အင်တာနက်အချက်အလက်ရှာဖွေမူကိုထိန်းချုပ်မှုသည်မြန်မာပြည်သူတို့၏ အချုပ်အခြာအာဏာကိုထိပါးမှုဖြစ်သည်
မြန်မာတွေ google လုပ်တာကို တရုပ်ကထိန်းချုပ်လိုက်သတဲ့..ခွင့်ပေးသူက မြန်မာစစ်အာဏာရှင်တွေတဲ့.။ ရက်စက်လိုက်ကြတာ..လုပ်ရက်လိုက်ကြတာ...စစ်တပ်ထဲက ပညာတတ် ဘယ်မျိုးချစ်ပုဂိုလ်ကမှမတားဆီးနိုင်ကြတော့ဘူးလား။ ဒီကိစ္ခ္စ ဟာ နိုင်ငံတော်ကိစ္ခ္စ အချုပ်အချာအာဏာဆိုင်ရာကိစ္ခ္စတရပ်ဖြစ်ပြီး ယခုမျိုးဆက်တွေ နောင်လာမည့် မျိုးဆက်တွေရဲ့အကျိုးနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် စိတ်နှလုံးကြေကွဲစရာကိစ္ခ္စတခုပါ။
ပြောရရင်ဒါဟာနိုင်ငံသားအားလုံးရဲ့အချုပ်အခြာအာဏာဆုံးပါးမှုတခု ပြည်သူပြည်သားတွေရဲ့ လွတ်လပ်မှုဆုံးရှုံးခြင်းလက္ခ္ခဏာတခုပါ။ တနည်းပြောရရင် တိုင်းပြည် ရဲ့အချုပ်အခြာအာဏာအစိတ်အပိုင်းတခုကို တရုတ်လက်အောက်ကို ပေးလိုက်ပြီဆိုတဲ့ သဘောပါ။ စစ်အုပ်စုအာဏာရူးများဟာ ဖိနှိပ်မှုယန္တ ယားကိုခိုင်ခန့်ဘို့လောက်ကိုပဲ မျက်စေ့တဆုံးစဉ်းစားပြီး.. သူတို့ကိုဆန့်ကျင်မည့်သူများ (ကိုယ်ပြည်သူလူထု) မတိုးတက်ရင်ပြီးရော၊ မတိုးတက်လို့ မပုန်ကန်ရင်ပြီးရော သူတို့အာဏာမြဲဘို့ မရှက်မကြောက် ဘာမဆိုလုပ်မယ်လို့ လူထုကို ထပ်မံဗြောင်စိန်ခေါ်ကြေငြာလိုက်ပါပြီကောလား။ အဲဒီပိတ်ဆို့မှုရဲ့အကျိုးဆက်တွေနဲ့ ဆိုးကြိုးသက်ရောက်မူတွေ ဘယ်လောက်ရှိမယ်.. နောက်လာမည့်မျိုးဆက်တွေ ဒီအကျိုးဆက်ရဲ့ဆိုးကျိုးကို နိုင်ငံရေးအရ ပညာရေးအရ စီးပွားရေးအရ လူမှုရေးအရ ဦးနောက်ဖွံ့ဖြိုးမှုတွေအရ ဘယ်လောက်ထိခိုက်လာမယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့် ပြည်သူအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတရပ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ လက်ရှိ မြန်မာတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေးတခုဆုံးရှုံးသလို လွတ်လပ်ရေးဆုံးရှုံးလိုက်ရသလို ခံစားလိုက်ကြရပါတယ်။ ယခင်စစ်အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းကလည်း အာဏာရှင်ဦးနေ၀င်းက အလားတူပိတ်ဆို့မှုမျိုးလုပ်ခဲ့ပါတယ်။ ပုံသဏ္ဍန်မတူပေမယ့် အနစ်သာရကတော့အတူတူပါပဲ။ ဦးနေ၀င်းအုပ်ချုပ်စဉ်တုန်းက အနောက်ကိုဆန့်ကျင်ရရင်ပြီးရော အဆင်အခြင်မဲ့ အရမ်းကာရော လုပ်ချင်ရာလုပ်ခဲ့တာကြောင့် ဆိုရှယ်လစ်ဖြစ်ဘို့ဆိုရင် အနောက်ကိုဆန့်ကျင်ရမယ်လို့ ခေတ်မမှီတဲ့ကျဉ်းမြောင်းတဲ့ စဉ်းစားချက်တခုအောက်မှာ အင်္ဂလိပ်ကိုဆန့်ကျင်တာနဲ့ရောပြီး ခေတ်မီတဲ့ အင်္ဂလိပ်ပညာရေးကို ဖျက်သိမ်းခဲ့တာတွေအပြင် ၂၆ နစ်ကြာကျင့်သုံးတဲ့ အဆင်အခြင်မဲ့ တံခါးပိတ်ဝါဒကြောင့် မြန်မာတွေကမ္ဘာ နဲ့အဆက်အသွယ်ပြတ်ပြီး အစစအရာရာနောက်တန်းရောက်ကာ လူလုံးသူလုံးမလှဖြစ်ရတာ ယနေ့အချိန်အထိပါပဲ။ ယခင်လွတ်လပ်ရေးရပြီးကာစအထိ အန္ဒိယနိုင်ငံသားတွေနဲ့ ဘေးပတ်ဝန်းကျင်တိုင်းပြည်တွေက အဆင့်မြင့်ပညာတတ်ချင်တဲ့ကျောင်းသားတွေ မြန်မာပြည်ကိုတောင် တကူးတက ပညာလာသင် ဆည်းပူးကြရတာပါ။ ယခင်က ပညာတတ်မြန်မာတွေ အင်္ဂလိပ်စာ စကားပြောအရေးအဖတ် အလွန်ကောင်းခဲ့ပါတယ်.။ ယနေ့တော့မြန်မာပညာတတ်တွေဟာ အင်္ဂလိပ်စာကို စကားကို ကြောက်စိတ် အထင်ကြီးစိတ်ကလေးတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ။ စီးပွားရေးမှာလည်း အာရှရဲ့စပါးကျည်လို့ ဆိုရလောက်အောင် ဆန်ရေစပါးပေါများခဲ့တာပါ။ ထိုင်းဆန်ဆိုတာ ဗမာဆန်ကို မယှဉ်နိုင်သေးပါဘူး။ အဲဒီလို အိမ်နီးနားချင်းတိုင်းပြည်တွေက စီးပွားရေးအရ ပညာရေးအရ နိုင်ငံရေးအရ မြန်မာပြည်ကို မော်ကြည့်နေရသည့် ဘ၀ကနေ အခြားနိုင်ငံတွေက သူတို့မြန်မာအစိုးရနဲ့ဆက်ဆံရတာ ဘာကြောင့်ပါ.. ဘယ်လိုပါ...လို့ ဆိုပြီး သူတို့မြန်မာနိုင်ငံနဲ့ ဆက်ဆံနေရခြင်းအကြောင်းတရားကို နိုင်ငံတကာမှာ ဆင်ခြေပေး.. ဖြေရှင်းချက်တွေထုတ်တာကို ခံနေရတဲ့ဘ၀ ဘေးဖယ်ထားခံရတဲ့ ဘ၀ကို မြန်မာနိုင်ငံရောက်ရှိခဲ့ရပါတယ်။
ဒါက (၂၆) နစ်ကြာ တံခါးပိတ်ခဲ့တာကြောင့်ရခဲ့တဲ့ ဆိုးကြိုးတွေပါ။ တခုပြောပါရစေ။ ပိတ်ထားရင်တော့ ဘာမှတော့မ၀င်ဘူး။ အဲ...ဘာမှမဖြစ်လာနိုင်တော့သလို.. ဘာမှလည်းမတိုးတက်နိုင်ပါဘူး။ ရလာဒ်အနေနဲ့ တိုင်းပြည်နှိမ့်ကျသွားတာ အမျိုးသားအချုပ်အခြာအာဏာဆုံးပါးသွားနိုင်တာပဲရှိမှာပါ။
တိုင်းပြည်တခုရဲ့အချုပ်အခြာအာဏာ (sovereignty) ဆိုတာ ထိုတိုင်းပြည်ရဲ့ အကြွင်းမဲ့အာဏာ (Supreme power) ပါ။ အဲဒီအကြွင်းမဲ့အာဏာကိုအသေးစိတ်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဆိုတာ နိုင်ငံရေးအရ ၊ စီးပွားရေးအရ၊ စစ်အင်အားအရ၊ လူမှုရေးအရ၊ နယ်နမိတ်အရ၊ လွတ်လပ်မှုအရ၊ ပြင်ပထိန်းချုပ်မှုကင်းတဲ့၊ ကိုယ့်အချုပ်အခြာအာဏာစီရင်ပိုင်ခွင့် ကိုဆိုတာဖြစ်ပါတယ်။ ဒီလိုအချုပ်အချာအာဏာကိစ္ခ္စ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။
ယခင်က တိုင်းပြည်တပြည်ရဲ့အချုပ်အချာအဏာပိုင်ဆိုင်မှုကိုသတ်မှတ်ဘို့ နယ်စပ်မျဉ်းတွေနဲ့ ပိုင်းခြားကြပါတယ်။ အဲဒီနယ်စပ်မျဉ်းတွေဆိုတာ ပထ၀ီအနေအထား သဘာဝမျဉ်းကြောင်းတွေဖြစ်တဲ့ မြစ်တွေ ချောင်းတွေ တောင်တန်းတွေနဲ့ နိုင်ငံတကာကသတ်မှတ်ထားတဲ့ ရေပိုင်နက် လေပိုင်နက် အကွာအဝေးတွေဖြစ်ပါတယ်။ တခါတရံ ပထ၀ီဆိုင်ရာ သဘာဝဆုံးဖြတ်မှုအကြောင်းအမျိုးမျိုးကြောင့် မြစ်ကြောင်းကောက်လို့ သောင်ကမ်းထွန်းရင် နိုင်ငံတွေ သူပိုင်ငါပိုင် အငြင်းပွားကြပြီး တခါတရံစစ်ဖြစ်ကြတာပဲ။ ကမ္ဘာ့ ပထ၀ီမြေပုံကိုချသွားသူကတော့ တချိန်က နေမ၀င်အင်ပါယာလို့ထင်ရှားပြီး ကမ္ဘာ့ ကိုကြီးစိုးခဲ့တဲ့ အင်္ဂလိပ်ပါ။
ယခုလို တိုးတက်တဲ့ခေတ်ကြီးမှာတော့ အချုပ်အချာအာဏာဆိုတာ ယခင်လို နယ်နမိတ်တွေပေါ်မှာသာအဓိကအခြေပြုမနေတော့ပဲ ကိုယ့်တိုင်းပြည်အကျိုးစီးပွားသတ်မှတ်ချက်တွေပေါ်မူတည်ပြီး ခေတ်ကာလအလိုက် သတ်မှတ်ချက်တွေပြောင်းကုန်ပါပြီ။ သတိထပ်ပေးပါရစေ.. ဒီလိုအချုပ်အချာအာဏာကိစ္ခ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။
ဥပမာ-တိုင်းပြည်တပြည်က ကိုယ့်တိုင်းပြည်ရဲ့စီးပွားရေးစားကျက်ကို လုယူတဲ့ကိစ္ခ္စ ဟာ အချုပ်အခြာအာဏာဆိုင်ရာကိစ္ခ္စ ဖြစ်လာတတ်ပါတယ်။ ပညာရေးကိစ္ခ္စ နည်းပညာဆိုင်ရာကိစ္ခ္စတွေ ပြိုင်ဆိုင်မှုမှာလည်း အလားတူဖြစ်တတ်ပါတယ်.။ တဖန် တိုင်းပြည်တခုက စစ်အင်အားတိုးချဲ့တည်ဆောက်မူဟာ အခြားတိုင်းပြည်တခုရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတတ်ပါတယ်။ ဥပမာ-အမေရိကန်ရဲ့ စတားဝါး (Star War) စီမံကိန်း နဲ့ အတူ အာကာသထဲမှာနဲ့ ကမ္ဘာပတ်လမ်းထည်း လွတ်တင်ထားတဲ့ ဂြိုလ်ထုစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ တိုးတက်လာနေတဲ့ အာကာသတွင်း ဂြိုလ်ထု (satellite system) စနစ်အခြေပြု GPS စနစ်တွေ (The Global Positioning System (GPS)) ဟာ နိုင်ငံတခုကို အပေါ်ကမိုးကြည့်ပြီး သက်ဆိုင်ရာနိုင်ငံကို စစ်ရေး နိုင်ငံရေး လုံခြုံရေးအရ ချိန်းခြောက်နေနိုင်တာမို့ အခြားနိုင်ငံတွေက သူတို့တိုင်းပြည်ရဲ့ အချုပ်အချာအဏာပိုင်ဆိုင်မှုဆိုတာကို မေးခွန်းအကြီးအကျယ်ထုတ်လာကြပြီး ဂြိုလ်ထုစနစ်ကိုတန်ပြန်ဖျက်ဆီးနိုင်တဲ့ နည်းပညာတွေ (anti-satellite technology) ကို ပိုင်ဆိုင် ရယူနိုင်ဘို့  အပြင်းအထန်ကြိုးပမ်းလာကြပါတယ်.။ ဥပမာ- အဲဒါတွေကိုတုန့်ပြန်ဖို့ တရုတ်ဟာ ၂၀၀၇ ခုနစ် ဇန်န၀ါရီလ (၁၉) ရက်နေ့မှာ သူ့နိုင်ငံအပေါ်ဘက်က ကမ္ဘာ ပတ်လမ်းထည်းသူလွတ်တင်ထားတဲ့ သူ့ဂြိုလ်ထုကို ကမ္ဘာသိ သူပြန်ပစ်ချပြခဲ့ပါတယ်။ ဒါဟာစစ်ရေး အားပြိုင်မှုတခုသက်သက်ဆိုတာထက် ငါတို့ မှာ အစွမ်းအစရှိတယ်..အာကာသထည်းကလည်းထောက်လှမ်း ခြိမ်းခြောက်လို့မရဘူး..ငါတို့အချုပ်အချာအာဏာ ငါတို့ပိုင်တယ်လို့ ကမ္ဘာကသိအောင် လုပ်ပြလိုက်တာဖြစ်ပါတယ်။ ဒါကို အမေရိကန်က ဒါကိုစစ်ရေးချိမ်းခြောက်မူလို့သတ်မှတ်ပြီး နိုင်ငံရေးအရဒေါသထွက်ပြခဲ့ပေမယ့် လွန်ခဲ့တဲ့ နစ်ပေါင်းနစ်ဆယ်ကျော်လောက် (၁၉၈၅ ခုနစ်က) သမတရေဂင်လက်ထက်လောက်မှာကထည်းက သူတို့စဉ်းစားလုပ်ဆောင်ခဲ့တဲ့ စီမံကိန်း သူတို့ဖြတ်သန်းခဲ့ဘူးတဲ့ဖြစ်စဉ်ဖြစ်တာကြောင့် ဘာမှထပ်မပြောတော့ပါဘူး။ တိတ်တိတ်ကလေး ကြိတ်ရယ်နေနိုင်ပါတယ်။ ရုရှလည်း ၁၉၈၀ နစ် ကာလများတုန်းကအဲလိုလုပ်ဘူးပါတယ်။ အခုလိုဥပမာတွေပေးရတာဟာ အခြားတိုင်းပြည်တွေက သူတို့ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုဆိုတဲ့ ကိစ္စကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ သတ်မှတ်ပြီး ဘယ်လောက်အလေးထားကြတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။
ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .. ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေ မတိုးတက်ရင် အလိုလိုနေရင်း စီးပွားရေးအရ နိုင်ငံရေးအရ စစ်အင်အားအရ လူမူရေးအရ ပညာရေးအရ လူ့ဂုဏ်သိက္ခာအရ အခြားနိုင်ငံတွေ က ကိုယ့်အချုပ်အခြာအာဏာကိုလာရောက်ထိပါးတာကိုခံရစမြဲပါပဲ။ ပြဿနာတွေများမြှောင်လှတဲ့ မြန်မာပြည်လို တိုင်းပြည်ဟာ ကိုယ့်ပြဿနာတွေကို ကိုယ်တိုင်မရှင်းပဲ ကိုယ့်ပြည်သူ (ကိုယ့်အမေ) ကံကြမ္မ္မာကို အခြားတိုင်းပြည်တွေကို ပုံအပ် ပထွေးတော်ပြီး အစစအရာရာ မှီခိုတဲ့ အခါမျိုးကျတော့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဆိုတာ ရှိသေးရဲ့လား အမျိုးသားဂုဏ်သိက္ခာဆိုတာရှိသေးရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။ အဲဒါတွေကိုကျော်လွန်ဘို့ ရှုပ်ထွေးလှတဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ လိမ်မာပါးနပ်စွာနဲ့ ကိုယ့်တိုင်းပြည်ရဲ့ အခန်းကဏ္ဍတခုကို အများကအသိအမှတ်ပြုအောင် ၊ ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ တရုတ်ကြီး ကုလားကြီးနဲ့ ပေါင်းနေလို့လည်း ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ မတွင်ကျယ်ဘူး မီးမသေဘူး၊ မပြီးဘူးဆိုတာ စစ်အုပ်စုဝင်တွေအမြန် သိဘို့လိုနေပါပြီ.။ ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .ကိုယ်တိုင်းပြည် ထိုက်တန်တဲ့ အဆင့်တနေရာကိုရရှိဘို့ဆိုရင် ကိုယ်ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ဖြေရှင်းရပါမယ်။ ကိုယ့်တိုင်းပြည်မှာ မြန်မြန်ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ပါမှ ဟိုနိုင်ငံကလူပါးဝ ဒီနိုင်ငံကလူပါးဝတာတွေကို မခံရမှာဖြစ်ပါတယ်။ နို့မို့ဆိုရင် သူတို့တိုင်းပြည်ကိုသွား ရယ်ပြပြုံးပြပြီး ကိုယ့်အာဏာတည်မြဲရုံလောက်လေးလုပ်တဲ့ နိုင်ငံရေးမျိုးနဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ ဗိုလ်ချုပ်ပြောတဲ့ "ဖါသည်နိုင်ငံကြီး" ဆက်ဖြစ်နေဦးမှာဖြစ်တယ်။ ကိုယ့်ပြဿနာတွေကို ရှင်းပြီးမှ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေကို အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးလုပ်ဆောင်ရပါမယ်။
ယခုလို google China ရဲ့ထိန်းချုပ်တာခံရတဲ့ကိစ္ခ္စဟာ နိုင်ငံတကာလျှိုဝှက်ချက်တွေကိုဖွင့်ချပေးလိုက်တဲ့ Wikileaks အရှုပ်တော်ပုံနဲ့အတူ ပေါ်ပေါက်လာတဲ့... "ဗမာအစိုးရဟာ တရုတ်အတွက်စပိုင်လုပ်ပေးနေတယ်" ဆိုတဲ့ Wikileaks ကပြောသွားတဲ့အချက်ကိုပိုမိုခိုင်မာသွားစေပြီး တရုတ်စပိုင်ဖြစ်ရတဲ့ မိမိတိုင်းပြည်ကံကြမ္မာအတွက်၊ လူမျိုးအတွက် ရင်ထုမနာဖြစ်မိပါတယ်။ { Wikileaks က စင်ကာပူဝန်ကြီးချုပ်လီကွမ်ယု (Lee Kuan Yew) နဲ့ US Deputy Secretary of State ဂျိမ်းစ် စတိန်းဘတ်ဂ် (James B. Steinberg) တို့ရဲ့ လျှို့ဝှက်ဆွေးနွေးပွဲကိုကိုးကားပြီး ပြောသွားခဲ့}
နောက်ဆုံးပြောရရင် ဒီလို google China ကမြန်မာပြည်အင်တာနက်အချက်အလက်ရှာဖွေမှုစနစ်ကိုထိန်းချုပ်တဲ့ကိစ္ခ္စဟာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိပါးတဲ့ နိုင်ငံတော်ဆိုင်ရာ အမျိုးသားရေးဆိုင်ရာပြဿနာတရပ် ဖြစ်ပြီး တိုင်းသူပြည်သားတို့ရဲ့ ယခုမျိုးဆက် နောက်မျိုးဆက်တွေနဲ့ဆိုင်တဲ့ကိစ္ခ ဖြစ်တာကြောင့် ပေါ့ပေါ့လေးမစဉ်းစားကြပဲ ကျနော်တို့မြန်မာပြည်သူပြည်သားတွေအားလုံး ကုလသမဂနဲ့ နိုင်ငံတကာမှာ ကန့်ကွက်နိုင်အောင် ဒီလုပ်ရပ်ကိုရပ်တန့်သွားအောင် နည်းလမ်းတွေ ရှာဖွေလုပ်ကိုင်သွားကြရမှာဖြစ်တယ်။ google China ရဲ့မြန်မာပြည်က အင်တာနက်ကိုထိန်းချုပ်မူဟာ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာဆုံးပါးမှုတခု ဖြစ်တယ် သို့ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်... (google China's control over internet in Burma is the loss of sovereignty for Burmese people or threat to sovereignty of Burma) ဆိုတဲ့ ကန်ပိန်း(campaigns) တွေ လုပ်ပြီး....သက်ဆိုင်ရာအဖွဲ့အစည်းများအား အစိုးရများအား ဆန့်ကျင်ကန့်ကွက်တဲ့လုပ်ငန်းတွေကို စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေထဲက အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ထားရှိပြီး တိုက်ပွဲဝင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်.။
မေတ္တာဖြင့်
လူထုနေဦး
ဒီဇင်ဘာလ ၅ရက်နေ့ သကရာဇ်၂၀၁၀
http://www.facebook.com/note.php?note_id=133963896661729&id=100001911549428