Saturday, July 28, 2012

0 ဗိုလ်သန်းရွှေ စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ ကမ္ဘာကျော်အတိုက်အခံပါတီNLD ကို တုတ်တုတ်မှ မလှုပ်နိုင်အောင် ထိန်းချုပ်ဖို့  ကြိုးစား

ခွက်ခွက်လန်အောင် အရှုံးကိုခုသာခံသာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ် Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့ အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာရပါတော့တယ်။ ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာအထင်မခံရလေအောင်အခြားဒီမိုကရေစီဘက်တော်သားပါတီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ။ အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စုလွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြပါပြီ။
proportional representation ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးသတင်း ကို http://www.bbc.co.uk/burmese/burma/2012/07/120724_uthuwei.shtml

၂၀၁၀ ပါတီစုံရွေးကောက်ပွဲကြီးဟာ အာဏာရှင်ဗိုလ်သန်းရွှေ စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ စနစ်တကျပြင်ဆင်၊ ရေပက်မ၀င်အောင် အခုအခံ လက်နက်မျိုးစုံ ထုတ်သုံးပြီးပိုင်ပြီဆိုမှ ထကြဲ လေတဲ့ ဒီမိုကရေစီ ခေါင်းပါးတဲ့ ပြိုင်ပွဲဖြစ်ပေမယ့်နောက်ဆုံးအချိန်အထိ မတရားတဲ့ အောက်လမ်းနည်း ရှိရှိသမျှကိုစစ်အာဏာပိုင်တွေ ကျောထောက်နောက်ခံပြုလို့  နိုင်ငံတော်အာဏာကိုအရှက်မဲ့မဲ့ အနိုင်ကျင့်သိမ်းပိုက်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အထက်လွှတ်တော်၊အောက်လွှတ်တော်ထဲမှာအလိုအလျောက်စစ်အမတ်တစ်မတ်သားမျက်နှာပြောင်တိုက်ဝင်ထိုင်ခွင့်ရနေရုံအပြင် စစ်တပ်ပါတီကြံ့ဖွံ့ အနေနဲ့ လည်း လွှတ်တော်နှစ်ရပ်လုံးမှာ နေရာအများစု အုပ်စီးထားနိုင်တဲ့ရလဒ် ထွက်ကိုထွက်မှဖြစ်မယ်၊ အခြား ဘာအဖြေမှ ပေါ်မလာစေရ ဆိုတဲ့ပေါ်လစီကို ချမှတ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါမှသာ နောင် (၅) လုံးလုံးပြည်ထောင်စုလွှတ်တော်ကို စစ်ဒဿန အခြေပြုအမတ်တွေချည်းမောင်ပိုင်စီး သိမ်းပိုက်ချုပ်ကိုင်လို့  ခေတ်အဆက်ဆက်က အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်နိုင်မယ့် ဥပဒေတွေကို လိုအပ်သလို ရေးဆွဲ၊ပယ်ချခြင်းတွေကို စိမ်ပြေနပြေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

စစ်အုပ်စုအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအလိုမရှိသေးတဲ့အချိန်၂၀၁၀ရွေးကောက်ပွဲမှာဖယ်ကျဉ်ထားနိုင်ခဲ့ပေမယ့်ဦးသိန်းစိန်ဦးဆောင်တဲ့အရပ်သားအရေခြုံစစ်တစ်ပိုင်းအစိုးရဟာသူတို့ အပေါ်နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ၊ အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြုမှုကို အရေးတကြီး လိုအပ်လာတဲ့အတွက် ဒေါ်စုနဲ့ သူ့ ပါတီကို
နေပြည်တော်နိုင်ငံရေးထဲ မဖြစ်မနေ ဆွဲသွင်းခေါ်ယူဖို့  နည်းဗျူဟာမြောက်လက်ကမ်းလာရပါတော့တယ်။

တစောင်းနဲ့ မျက်ချေးဖြစ်ခဲ့ကြတဲ့သူတွေဟာဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံပြု ဓာတ်ပုံတွဲရိုက်ကြအပြီး ပြည်သူတွေ ဘာမှန်းမသိကြရတဲ့ “ယုံကြည်ပါတယ်၊ တူတာတွဲလုပ်ကြပါစို့ ” ဆိုတဲ့
လေတစ်လုံးမိုးတစ်လုံးသံတွေ ဆူညံကာ ဒေါ်စု ကိုယ်တိုင်လည်းကော့မှူးအမတ်အဖြစ် ပြည်သူ့ လွှတ်တော်ရဲ့  ထိုင်ခုံတစ်လုံးပေါ် ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါဒေါ်စုပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့အပေါ် စစ်တစ်ပိုင်းအစိုးရဘက်ကခေါင်းနပန်းကြီး အောင့်သီးအောင့်သက်ဖြစ်ခဲ့တဲ့အခါ လာမယ့် ၂၀၁၅ရွေးကောက်ပွဲအတွက် စီမံကိန်းချ အကြံဥာဏ်ထုတ်ရပါတော့တယ်။

လူထုစိန်ဝင်း ဝေဖန်သလို NLD ဟာ အာဏာရနဲ့  မောင်နှမပါတီတွေအဖြစ်သမုတ်ခံရပေမယ့် မြန်မာပြည်သူတွေရဲ့  လူကိုခင်မှ မူကိုမင်နိုင်မယ် ဆိုတဲ့အလေ့အထ အစွဲအလမ်းကို သဘောပေါက်မိတဲ့ ကြံ့ဖွံ့ အစိုးရဟာ လာမယ့်
ရွေးကောက်ပွဲတွေမှာလည်း ဒေါ်စုကို ဘယ်လိုမှ လူလိုသူလို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စွမ်းမရှိမှန်း ဆ၀ါးမိတဲ့အခါ ခွက်ခွက်လန်အောင် အရှုံးကိုခုသာခံသာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ
ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ် Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့ အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာရပါတော့တယ်။

ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာ အထင်မခံရလေအောင် အခြား ဒီမိုကရေစီဘက်တော်သားပါတီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ။ အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စု
လွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြပါပြီ။

ဒါဟာဒေါ်စုနဲ့  NLD ဘက်က အစိုးရနဲ့ ဘယ်လိုဘဲ ပူးပေါင်းဆောင်ရွက်စမ်းပါစေနောက်ဆုံး အညံ့ခံတဲ့အထိ ဖြစ်လာပါစေဦး၊ ကြံ့ဖွံ့ ပါတီဘက်က အာသာပြေကျေနပ်တင်းတိမ်နေမှာ မဟုတ်ဘဲကမ္ဘာကျော်အတိုက်အခံပါတီကြီးဖြစ်တဲ့
NLD ကို မြန်မာ့နိုင်ငံရေးရှေ့ ခရီးမှာ ၂၀၀၈ ဥပဒေတွင်း ရှိနေသမျှတုတ်တုတ်မှ မလှုပ်နိုင်အောင် ထိန်းချုပ်ဖို့  ကြိုးစားလာနေခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

(PR စနစ်နှင့် အခြား ရွေးကောက်ပွဲစနစ်များအကြောင်း လေ့လာကြပါရန်)
Aung myo tun

0 ဒီလှိုင်းစာစောင် အတွဲ၁ ။ အမှတ်(၂၇)

0 လန်ဒန်မြို့ ၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဓာတ်ပုံ)

Myanmar's flagbearer Zaw Win Thet (C) leads his delegation during the opening ceremony of the London 2012 Olympic Games on July 27, 2012 at the Olympic Stadium in London. AFP PHOTO / GABRIEL BOUYS
AFP

london2012.com
Photo...london2012.com
ဓာတ်ပုံ(၁၄၀)ကျော် စုပေါင်းတင်ပြလိုက်ပါတယ်...

0 ဗြိတိန် ယဉ်ကျေးမှုကို ဖော်ညွှန်းတဲ့ အိုလံပစ် ဖွင့်ပွဲ (ရုပ်/သံ-ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်)


လန်ဒန်မြို့၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင် ဖွင့်လှစ် ပေးလိုက်ပါပြီ။

ဆက်စပ်အကြောင်းအရာများအားကစားအခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး အားကစား သမားတွေ ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge က မှတ်ချက်ချပါတယ်။နိုင်ငံ အသီးသီးက ပါဝင်ယှဉ်ပြိုင် ကြမယ့် အားကစား သမားတွေ အားလုံး ကွင်းထဲမှာ တန်းစီ ချီတက်ကြရာမှာ မြန်မာအသင်း အားကစား သမားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဒီပွဲရဲ့ အခင်းအကျင်း ပြင်ဆင်မှုတွေကိုတော့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ဒန်နီ ဘွိုင်းက တာဝန်ယူ ဖန်တီးတာ ဖြစ်ပါတယ်။အားကစားကွင်း အလယ်မှာ ဗြိတိန်နိုင်ငံရဲ့ ရှေးခေတ် ကျေးလက် ပုံသဏ္ဍန်ကို ဖန်တီး ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီနောက် အားကစား ကွင်းလယ်မှာ မြေအောက်ကနေ မီးခိုခေါင်းတိုင်ကြီးတွေ ထွက်လာပါတယ်။ မီးခိုးခေါင်းတိုင်ကြီးတွေဟာ တဖြည်းဖြည်းနဲ့ ဝါးဆယ်ပြန်လောက် မြင့်တက် သွားပါတယ်။ မီးခိုးခေါင်းတိုင် ထိပ်က နေ မီးခိုးတွေလည်း တလူလူ ထွက်လာတာ တွေ့ကြရပါတယ်။မီးခိုးတွေထွက်လာတာ တွေ့ရရုံသာမက ပွဲကြည့်ပရိသတ်တွေကို မီးခိုးနံ့ပါ ရအောင် စီစဉ်ထားတဲ့ အတွက် တကယ့် မီးခိုးခေါင်းတိုင်ကြီးတွေလို့ ခံစားကြရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သံမဏိ စက်ရုံ ကြီးတွေ သဏ္ဍန်ပေါ်ထွက်လာပြီး စက်ရုံထဲကနေ သံရည်ပူရဲရဲတွေ စီးကျလာပုံကိုလည်း ပေါ်လွင်အောင် ပြသသွားပါတယ်။

ဗြိတိသျှ လူမျိုးတွေ ဂုဏ်ယူကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ညွှန်းတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကလေးငယ်တွေနဲ့သရုပ်ဖော်ပြသသွားပါတယ်။

နာမည်ကြီး ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်ကိုလည်း ရုပ်ရှင်ဆန်ဆန် ထည့်သွင်း ပြသသွားပါတယ်။ဗြိတိသျှ နာမည်ကျော် လူရွှင်တော် မစ္စတာ ဘီးန် ကိုလည်း ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ဟယ်ရီပေါ်တာ စာရေး ဆရာ ဂျေကေ ရိုးလင်းရဲ့ မှော်ဇာတ်ကောင်တွေကိုလည်း ထည့်သွင်း ပြသသွားပါတယ်။ဒီပွဲဟာ ခန်းနားကြီးကျယ်ရုံသာမက ဗြိတိသျှ သမိုင်းနဲ့ ယဉ်ကျေးမှုကိုပါ ဖော်ပြထားတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဒန်နီ ဘွိုင်း ကဆိုပါတယ်။

(ဘီဘီစီ)

2 ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး

အကျယ်ဖတ်ရန် ဒီနေရာ ကို နှိပ်ပါ..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပတ်စဉ်ထုတ်ဝေနေတဲ့ ဒီလှိုင်း စာစောင်ပါ NLD နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဒီကနေ့ခေါ်ယူသတိပေးခဲ့ပါတယ်။

Ref..Rfa

0 ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊မြန်မာ ခံစားမှုကို အဓိက ချဉ်းကပ်သော မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးလျက်ရှိ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော မှတ်တမ်း ရုပ်ရှင်တစ်ခုကို ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့် အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ “အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာလုံးကမသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက ကဗျာသွားတောင်းတုန်းက တစ်ခါတွေ့တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့ အကြောင်း ပြောဖြစ်တာ၊ အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက ရိုက်ခွင့်ပြုခဲ့တာ အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ““အမေစု အော်စလိုကို သွားတုန်းကလည်း လိုက်ပြီး မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့ ထပ်ပြီး ရှာရဦးမယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အဘယ်ကြောင့် ရွေးချယ်ရခြင်း နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ လွတ်မြောက်သေးတယ်။ အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့ အဲဒါကို ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ”ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့ နှစ်ခုကွာခြားမှု အခြေအနေနှင့် ပတ်သက်၍လည်း “ The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။ မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့ တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့ အချက်အလက် တွေကို အခြေခံထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ”ဟု ပြောကြားသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင်မှုအပေါ် မူတည်၍ ရိုက်ကူးသွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ “ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊ နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်)လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်အဖြစ် အင်းသီး(The Floating Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အာဆီယံ ရုပ်ရှင်ပွဲတော်၌ အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။
www.myanmarij.com

Friday, July 27, 2012

3 ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

မူရင်းလင့် အပြည့်အစုံကိုhttp://tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/မှာ ဖတ်နိုင်ပါတယ်...

ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်တွင် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။
ရိုဟင်ဂျာကိစ္စ အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံကို ချိမ်းခြောက်တဲ့ Tehrik-i-Taliban Pakistan (the TTP) ဆိုတဲ့ အကြမ်းဖက်သမားအုပ်စုဟာ US Drone (မောင်းသူမဲ့လေယာဉ်) စာ ခဏခဏ မိလို့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်..။

ပါကစ္စတန် ကောင်းကင်ယံမှာ ၀ဲနေတဲ့ US UAV Drone တွေကြောင့် အင်အားချိနဲ့လာတဲ့အဖွဲ့ဖြစ်သော်လည်း မနေ့က ပါကစ္စတန်အစိုးရနဲ့ ပတ်သက်တဲ့ Bajaur Agency ကို မနေ့က ဗုံးခွဲခဲ့လို့ လူ ၉ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်..။

ဖော်ပြပါပုံထဲက ညာဖက်က မုတ်ဆိတ်နဲ့ လူကတော့ မြန်မာနိုင်ငံကို ခြိမ်းမြောက်တဲ့ TTP အကြမ်းဖက် အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Ehsan Ullah Ehsan ဖြစ်ပါတယ်...။

သူတို့ရဲ့ခေါင်းဆောင် Ameer Hakimullah Mehsud (သေနတ်နဲ့ချိန်နေသူ) ဟာ ၂၀၁၀ ဇန်န၀ါရီ ၁၄ တုန်းက သူအိပ်နေချိန် မှာ US Drone က ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကြောင့် သူ့လူ ၁၈ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် မသေခဲ့ပါဘူး..။ ဒဏ်ရာသာရခဲ့ပြီး နှစ်လအကြာ ဗီဒီယိုမှတ်တမ်းတွေထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်..။

ဒါပေမယ့် ယခုနှစ် ၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့ညမှာUSDroneကပစ်ခတ်လိုက်တဲ့ဒုံးကျည်ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်..။

TTP ဘက်က မသေဘူးလို့ ငြင်းဆိုပေမယ့် အရင်ကလို သူတို့ခေါင်းဆောင်ရဲ့လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ယနေ့အထိ ထပ်မံမထုတ်ပြန်တော့ပါဘူး။

US က ဒီအဖွဲ့ကို သဲကြီးမဲကြီး နှစ်ပေါင်းများစွာတိုက်ခိုက်ချေမှုန်းနေပြီး ပါကစ္စတန်အစိုးရက US Drone တွေ သူတို့ကောင်းကင်မှာ ၀ဲနေတာကို ဘာ့ကြောင့်လက်ပိုက်ကြည့်နေရတာလဲဆိုရင် ..

TTP တာလီဘန်အဖွဲ့ဟာ...
၂၀၀၇ ဒီဇင်ဘာ မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၈ ရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံမယ့် ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ်ဟောင်း လူထုခေါင်းဆောင် ဘနာဇီဘူတို ကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်ခဲ့လို့ပါ..။

ထူးခြားတာက ကုလသမဂ္ဂနဲ့ ကမ္ဘာ့ထောက်လှမ်းရေးဌာနပေါင်းစုံရဲ့ စုံစမ်းထောက်လှမ်းချက်များအရ ယခင်ပါကစ္စတန် သမ္မတဟောင်း မူရှာယက်ဖ်ပါ ဘနာဇီဘူတိုကိုသတ်ရန်ကြံစည်မှု မှု ဖမ်းဝရမ်းနဲ့ တရားရင်ဆိုင်နေပါတယ်.။

ဘနာဇီဘူတို ဟာ Oxford က ကျောင်းပြီးသူပါ.....။

ဒီလောက်ဆို အခြေအနေကို အားလုံး သတိထားသင့်ပြီလို့ ထင်ပါတယ်.။

အားလုံး လက်တွဲညီကြပါစေ..။

eleven media group,ရန်အောင်

0 သားပျောက် အဖေ ရဲ့ တမ်းချင်း တစ်ပုဒ် ( သားများပျောက်ဆုံး သွားခဲ့ဖူးသော အဖေများ ကိုယ်စား)-
ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ပြောသည့်အတိုင်း လုပ်ပြီး၊ လုပ်သည့်အတိုင်း ပြောတတ်သည့် တိုင်းပြည်ကို တိုးတက်စေလိုစိတ် ပြင်းပြသော စစ်သားဟောင်း ကိုနေမျိုးဇင် အခမ်းအနားတက် စစ်ယူနီဖေါင်း ဗိုလ်အဆင့် ဖြင့် အမှတ်တရ

လူစိမ်းမျက်လုံးများ အောက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုတဲ့ စာစုလေး အကြောင်း ယနေ့ အဖွဲ့ချုပ် (ရွှေဂုံတိုင်) ကိုရောက်တော့ အတော်များများက ၀ိုင်းပြောကြပါတယ်။ ကိုယ်ချင်းစာတဲ့ အကြောင်းနဲ့ တပ်မတော် ကို တကယ်ကောင်းစေချင်တဲ့ စေတနာအမှန်၊ရင်ထဲကခံစားချက်အမှန်နဲ့တိုက်တွန်းမှုကို လေးစားကြောင်း၊ နိုင်ငံကို ကောင်းစေချင်လို့ ကျနော်ရဲ့ ပေးဆပ် ကြိုးပမ်းမှုကို အသိအမှတ်ပြုပါကြောင်း ၊ ပါတီဝင် တချို့နဲ့ ပါတီဝင်မဟုတ်သော စစ်မှုထမ်းများ အရာရှိ အချို့ကပါ သနား ဂရုဏာသံများဖြင့် ပြောကြပါတယ်။ အခုမြန်မာပြည်ဟာ အရင် မြန်မာပြည် မဟုတ်တော့ပါဘူး။ တပ်မတော်တွင်းမှာရော အရပ်သူ အရပ်သား ပြည်သူလူထု အတွင်းမှာပါ ပွင့်လင်းလွတ်လပ်မှု တစုံတရာထိ ရှိလာပါပြီ၊

နေရာတိုင်းမှာ ကြောက်ရွံ့ဝပ်တွားမှုတွေနဲ့ ငြိမ်ကုတ်နေကြတော့သည် မဟုတ်။ မှန်သည်ကို မှန်သည်ဟု ပြောရဲလာကြပေပြီ၊ မတရားသည်ကို မတရား ဟု ပြောရဲ ဝေဖန်ရဲလာယုံတင်မက မတရားမှုကို ဘယ်သူက တိုက်ဖျက်နေပြီး၊ မတရားမှုကို ဘယ်လိုလူတွေက ကျူးလွန်နေသည်ကိုလည်း ၀န်ထမ်း ယန္တယားအတွင်းမှာ သိလာကြပေပြီ၊

အခွင့်အာဏာထိန်းချုပ်အုပ်စီးထားတဲ့ဒါရိုက်တာတွေဝန်ကြီးဝန်ကလေးတွေကိုဘုရားထူးမတတ် ကြောက်လန့်ခစား နေရသေးတဲ့ လက်ရှိ အုပ်ချုပ်ရေး စနစ်အတွင်းက အခြေအနေတွေကို သူတို့ ပြောင်းလဲလိုချင်နေကြပါပြီ။

အကြောက်တရားနဲ့ ချုပ်ထိန်း ခိုင်းစေပြီး ၊ တဖက်က အခွင့်အရေးနဲ့ ရာထူး၊ နေရာ၊ ငွေကြေးတွေနဲ့ မျှားဖြားယောင်း ကာ သိတတတ်သူ ၊ ပါးနပ်သူ၊ ခေါင်းတော်ညိတ် စိတ်တော်သိသူ ၀န်ထမ်းဆိုးတွေနဲ့ ကိုယ်ကျိုးသမား ၀န်ကြီးဝန်ကလေး၊ မန်နေဂျာ၊ ညွန်ချုပ်တွေ ပလဲနံပ သင့်စွာနဲ့ နိုင်ငံဘဏ္ဍာကို အပြိုင် ဘုန်းခဲ့လို့ တိုင်းပြည် အခု ဘယ်အခြေ ဆိုက်ခဲ့ရပြီ ဆိုတာကိုလည်း ၀န်ထမ်း တွေ အတော်များများ သိနားလည်စ ပြုလာပါပြီ။

သူတို့တွေ ၀န်ထမ်းတွေ ကောင်းမှ နိုင်ငံကောင်းမှာမို့ သူတို့ဝန်ထမ်းတွေ အမှန်မြင်လာပြီး အမှန်ဘက် ဥပဒေ စိုးမိုးရေး အတွက် အားပေးပူးပေါင်း ကူညီလာခြင်းကလည်း နိုင်ငံတိုးတက်ဖို့ အခါအခွင့်ကောင်းကြီး ဖြစ်ပါသည်ကော။

တချို့က ပြောခဲ့ဖူးပါတယ်။ သံကန့်လန့်ကာ တိုင်းပြည်။ အရာရာ ပိတ်ဆို့ထားသော တိုင်းပြည် ။ စစ်အာဏာရှင် စနစ်ဆိုးအုပ်စိုးသော တိုင်းပြည်၊ အမှန်တရားတို့ ပျောက်ဆုံးနေသော တိုင်းပြည် စတာတွေနဲ့ စုံနေတာပေါ့လေ။

ဖြတ်သန်း ဖြစ်တည်ခဲ့ဖူးသော မြန်မာပြည်ရဲ့အလှမ်းမကွာသေး ဆေးမခြောက်သေးသောသမိုင်းလတ်လတ်ဆတ်ဆတ်ကြီးကို တပ်အပ်ကြီး ဝေဖန်သံတွေ ညံနေခဲ့တာပေါ့၊

ပြောမယ် ဆိုလည်း ပြောစရာပါပဲ။ ကျနော်တို့ နိုင်ငံဟာ အလွန်ကို ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သမိုင်းနေ့စွဲတွေ၊ အလွန်ကို နှမြောဖို့ကောင်းတဲ့ နှစ်သက်တမ်းတွေ၊ ဖြတ်သန်း ဖြစ်ပေါ်ခဲ့ဖူးတာကိုး။

အလွန်ကို ခြောက်ခြား ကြောက်လန့်စရာကောင်းတဲ့ စစ်အာဏာရှင် ယန္တားရားကြီးက ခေါင်းဖြတ်စက်ကြီး ပမာ နိုင်ငံသားတိုင်းရဲ့ ဂုတ်ပိုး ဇက်ပိုးပေါ် ၀ဲပျံလူးလြာ သဲထိတ်စွာနဲ့ ဖြတ်သွားခဲ့ဖူးတာကိုး ................................။

အဲဒီလို ညဉ့်နက်နက် ၊ အသဲထိတ်မတတ် ခြောက်ခြား စရာကောင်းတဲ့ အိမ်မက်ဆိုးတွေ ဘယ်လောက် မက်မက်၊ ညဉ့်ခွေးတွေ ဘယ်လောက် အူအူ ၊ အချိန်တန်ရင် အင်မတန် သာယာတဲ့ မနက်ခင်း ဆိုတာ လာမှာပါပဲ။

အာရုဏ်ဦး ရောင်ခြည်နဲ့ အတူ အိပ်တန်းက နိုးထလာတဲ့ ကျီကျီတာတာ၊ ငှက်သံလေးတွေ၊ မနက်ခင်း သုတ်ဖြူးဆော်လာတဲ့ အေးမြတဲ့ လေညင်းလေးတွေ၊ မြူနဲ့အတူဆိုင်းနေတဲ့ နှင်းငွေ့လေအေးအေး လေးတွေ၊ နေခြည်စမ်းစ သစ်ပင်သစ်ရွက်တို့ပေါ် တင်ကျန်နေတဲ့ နှင်းစက်လေးတွေက တလက် လက် တောက်ပ နေတတ်တဲ့ အင်မတန် ကြည်နူးဖွယ် မြင်ကွင်းလေးတွေ က ညဉ့်နက်နက်ကြီးဖြတ်သန်းသွားပြီးချိန်ကျရင် ပေါ်လာမှာပဲလေ။

အသေအချာပါ။

ညဉ့်နက်ပြီးတိုင်း အာရုံမိုးသောက်ဆိုတာ လာမှာပါပဲ။
ဒါသဘာဝ ပါ.......။

ကျနော်တို့ ခါးသည်းလှတဲ့ ညဉ့်တွေကို ဖြတ်ခဲ့ဖူးပါပြီ။
ညဉ့်နက် မှောင်မှောင်ကြီး၊ ခြောက်ခြား စရာ အိမ်မက် ဆိုးဆိုးကြီးတွေလည်း မက်ခဲ့ဖူးပြီ။
၊ တဂေါက်ဂေါက် ခေါက်တတတ်တဲ့ ဂတ်စတာပို တံခါးခေါက်သံတွေ ကြားမှာလည်း ရင်ထိတ်ဖူးပြီ။

တဘုတ်ဘုတ် ဖြတ်မောင်းသွားတဲ့ ငရဲစေတမာန် ယာဉ်သံတွေ နောက် လက်ထိပ်သံ တချွှပ်ချွပ်နဲ့ ငိုရှိုက်သံ တသဲ့သဲ့တွေ ကြားေ၀၀ါးသွားတဲ့ မျက်ရည်ရွှမ်းသော အလွမ်းညတွေ၊ ညဉ့်မိုက်မိုက်နဲ့ အလွမ်းမြင့်မိုရ် အပြိုင် ထိတ်ငိုမိတဲ့ မြင်ကွင်းတွေလည်း များခဲ့ပြီ။

၊ ခါးသည်းလှတဲ့ ဆောင်းအိမ်မက် မုန်းမုန်းကြီးတွေ ၊

ပျောက်ဆုံးခဲ့တဲ့ အနာဂတ်တွေ၊

နောက်ဆုံး မဟုတ်တဲ့ အမိန့်တွေ၊

ကျဆုံးသွာတဲ့ သူရဲကောင်းတွေ၊

ကြိမ်မီးအုံးတဲ့ လက်သီးဆုပ်သံတွေနဲ့ နံရံကို ပစ်ပေါက်လိုက်တဲ့ ဓါးမြောင် တလက်လက် ဒါးမြီးတယမ်းယမ်း တို့ဟာ ပြည်သူတို့ အတွက် ဒီနေ့ကို ခင်းပေးခဲ့တဲ့ လမ်းခင်းကျောက်ဆိုင် ကျောက်စု ကျောက်မှုန် ကျောက်သွေး ပုံ။

ဒီလို အမုန်း၊ အနာ၊ အမျက်၊ အရှက်နဲ့ အသံတိတ်၊ အံကြိတ်သံတွေ လတ်ဆတ်စွာ ရင်ထဲမှာ ကိန်းအောင်းရင်းနဲ့ ပဲ ။ အိမ်ပြတင်း တံခါး ကြားတွေက ထိုးဖေါက်စိမ့်ဝင်လာတဲ့ အာရုံဦးနေခြည်လေးတွေ တဖျတလှ .............မျက်ရည်စ ၀ိုင်းဝိုင်း ကြည်နူးချင်စိတ် တပိုင်းနဲ့ လှမ်းမြင်နေရပါပြီ၊

ယုံကြည်နိုင်ဖွယ် မရှိခဲ့တဲ့ ကျောင်း တပိုင်း ဘ၀သင်ခန်းစာတွေကြောင့် အာရုံဦးနေခြည်နုနုကိုပဲ ကျနော်တို့ သံသယတွေနဲ့ ရှုနေကြရတယ်။ နေခြည်နုနုကနေ နေ၀င်အမှောင်ထုကို ရုတ်ခြည်းများ ကူးလွန့်သွားလေမလားပေါ့ ............

ပုပ်သိုးနံအောက် နေတဲ့ လေညစ်တွေ ထက် သန့်ရှင်း လတ်ဆတ်တဲ့ လေထု ငွေ့ငွေ့လေးကို ကျနော်တို့ စတင် ရှုရှိုက်ခွင့် ရလာပါပြိ။ မည်းမှောင်သိပ်သည်းနေတဲ့ အမှောင်ထုကနေ ရောင်ခြည်ဦးတို့ဖြာဝင့်လာတဲ့ အလင်းစူးလေးတွေ ကနဦး ထိတွေ့ခွင့် ရလာပါပြီ။

ဆွံ့နေတဲ့ နှုတ်တွေ အတွက် ထက်မြက်တဲ့ စကားလုံးတွေ ရွေးသီဖို့ စဉ်းစားရကောင်းမှန်း သိလာပါပြီ

တုန့်နေတဲ့ ခြေလှမ်းတွေ အတွက် လှမ်းတက်နိုင်မယ့် ခွန်အားတွေ မွေးမြူနိုင်ဖို့ စိတ်ဓါတ်တွေ ထက်သန်လာပါပြီ။

ကွဲကွာနေတဲ့ ရင်ဝယ်သားတွေ ပြန်ဆုံနိုင်ဖို့ ပေါင်းကူး တံတားတွေ ပဏ္ဍက်တွေ ချလာပါပြီ။

ပြာလဲ့ဖို့ တာဆူလာတဲ့ ကောင်းကင်ထက်ဆီက ပုဇွန်ဆီရောင် ငွေမှင်အနားကွပ်နဲ့ တိမ်စုစုလေးတွေအောက် အပြာရောင် လေဟာပြင် ကောင်းကင်ကြီးက ပြာလဲ့လဲ့ အလင်းလေးတွေနဲ့ ငြိမ်းချမ်းတေး သဲ့သဲ့လေးတွေက စီရရီ ဆင့်ရရင့် တင့်လာတော့မည်။

ကျနော်တို့ မျက်ဝန်းထောင့်မှာ ကြည်နူးလွန်းတဲ့ မျက်ရည်ငွေ့တွေ တဝေ့ဝေ့နဲ့ တ၀ဲဝဲ။

ယိုစီးကျမတတ် သျှံဝိုက်လာတဲ့ ဒီမျက်ရည် စက်လေးတွေကလေ ။ နှစ်ပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မက်ခဲ့ဖူးတဲ့ အိမ်မက်လေးတွေ ကို ထင်းထင်း မြင်ခွင့် တစိတ်တပိုင်းကြောင့် ပျော်လွန်းလို့ ယိုစိမ့်ထွက်လာတဲ့ နှလုံးသားရဲ့ အပျော်မြစ်ငယ်ပါ။

အင်း .............င်း ............င်း.................င်း.......................င်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒါပေမယ့် လည်းလေ ........ဒဏ္ဍာရီထဲက မသေသော ဘီလူး တချို့က အစွယ်လေးတွေ တလှစ်လှစ်နဲ့ လူ့ရွာကို မျက်စောင်းတွေ တခဲခဲ လုပ်နေတဲ့ သတင်းကလည်း ဟိုက သည်က ၊ လူစိမ်းတို့ မျက်လုံးတွေ အရောင်တောက်နေကြသေးတယ်။

လူစိမ်းတို့ ဆိုင်ကယ်သံတွေ အိမ်ရှေ့မှာ တ၀ဲဝဲလည်နဲ့ ဖြစ်နေချိန် အခု ည အမှောင် မိုးစက်တွေ တဖြောက်ဖြောက်နဲ့ လမ်းပေါ်က တဘုတ်ဘုတ်တို့ ရောနေချိန်လေးမှာ ကျနော် ကျနော့်  အဖေရဲ့ ဒိုင်ယာရီ စာအုပ်လေး ကို ယူဖတ်လိုက်မိတယ်။

ကျနော် မျက်ရည်တွေ ဝေ့ချင်လာတယ်။ ဖခင်တယောက်ရဲ့ အဲဒီအချိန်က ခံစားချက်ကို သိပ် ဂရုဏာသက်မိတယ်။ သူ ဒီကဗျာကို ရေးနေချိန် က ကျနော် ဟာ သံတိုင်တွေကန့်ထားတဲ့ လူ့ငရဲ ခန်း ငယ် တခုမှာ တယောက်ထဲ လေ။

နေမျိုးဇင် ရဲ့ အဖေ ဖခင် ဦးငွေဇင်က သူ့ ဒိုင်ယာရီစာအုပ်ငယ်လေးထဲမှာ အခုလို ရေးထားတယ်။သူ့စာလေးကို ကျနော် စဖတ်လိုက်ချိန်မှာ အိမ်ရှေ့မှာ ဆိုင်ကယ် ရပ်သံလိုလို ကြားလိုက်ရတယ်။ ကျနော် ရင်မခုန်တော့ပါ။

အဖေ့  ကဗျာလေးတွေကို ကျနော်ဆက်ဖတ်လိုက်တယ်။ လူစိမ်းတွေ အိမ်ရှေ့မှာ ရောက်နေ နေပေါ့။

အဖေများ ရင်ခုန်နေပြီလား မသိ။

ကဗျာ့ခေါင်းစဉ်က သားဗိုလ်ကြီးဟောင်း နေမျိုးဇင် သို့ အမှတ်တရ ..................တဲ့။

၈/၄/၂၀၁၁

၂-၄-၂၀၁၁ စနေနေ့က အဖမ်းခံရသော သား နေမျိုးဇင် သို့။

အဖမ်း ခံရပြီး၊ ရက်သတ္စ္တ တစ်ပတ် အကြာတွင် ဤ ကဗျာကို ရေးပါသည်။

သား အလွမ်းပြေ ကဗျာ ဟုဘဲ ဆိုပါစို့။

.................................................................................................

အဖေက သူ့ ဒိုင်ယာရီလေးမှာ ဒီကဗျာလေးကို ရေးထားသည်။ စာသား အချို့နေရာလေးတွေမှာ မှင်လေးတွေ ၀ါးနေ ကွက်နေသည်။ အဖေ့ မျက်ရည်စက်များ လော။ အမေ့ မျက်ရည် စက်များ ကျဆင်းထားသည်လော မသိ။ သေချာတာကတော့ ကျနော် ထောင်က ထွက်လာချိန် အဖေရော အမေပါ အတော် အိုစာ ပိန်ကျနေသည်ကို သတိပြုမိလိုက်ခြင်းပင်။

ကျနော် အဖေ့ ကဗျာလေးကို ဖတ်ရင်း စာရိုက်ရင်း မျက်ရည်တို့ ဝေ့၀ဲ လာမိပါသည်။

ယခု ဆယ်နှစ်သား ရှိလာပြီဖြစ်သည့် ကျနော့် သားလေး ကြီးပြင်းလာချိန်တွင် ကျနော် ကိုယ်တိုင် ဒီလို သား အလွမ်းပြေ ကဗျာမျိုး မရေးလိုတော့ပါ။ သား ငယ်လေးကိုလည်း ကျနော်တို့ ဖြတ်သန်းခဲ့ရသည့် ဆောင်းအိမ်မက် ကြမ်းကြမ်း၊ လမ်းဝင်္ကပါ နာနာ ၊ ဟာတာတာ အနာဂတ် တွေနဲ့ မကြီးပြင်းစေချင်တော့။ ပေးဆပ်လို့ ရသမျှ အားလုံး ပေးဆပ်ပြီး သားတို့ အပါအ၀င် နောက်မျိုးဆက်သစ်များ အတွက် အနာဂတ်လှလှလေးတွေ လမ်းခင်းပေးနိုင်အောင် ကြိုးစားသွားမှာပါ ..................................................................................

နေမျိုးဇင်

(ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၂)

0 အေဘီအက်ဒီအက်ပထမဆုံးဥက္ကဌဦးထွန်းအောင်ကျော် နှင့်ငါးဦးပါအဖွဲ့မြန်မာပြည်သို့ သွားရောက်လေ့လာမည်ဆိုခြင်း...

၁၉၇၄ခုနှစ်ဦးသန့်အရေးအခင်းတွင်ဦးဆောင်ပါဝင်ခဲ့သူတဦးလဲဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ပထမဆုံးသောဥက္ကဌဖြစ်သူဦးထွန်း အောင်ကျော်နှင့်အတူ ကိုမိုးသီးဇွန်၊ကိုကိုလေး၊ကိုရင်အေး၊ကိုမူးသာတို့သည်မကြာမှီမြန်မာနိုင်ငံသို့ လေ့လာ ရေးသွားရောက်ကြမည်ဟုသိရပါသည်။

ဦးထွန်းအောင်ကျော်နှင့်အဖွဲ့သည်သမ္မတကြီးဦးသိန်းစိန်၏ပြည်ပမြန်မာများတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လာရောက်ကြရန်နှစ်ကြိမ်တိုင်တိုင်ဖိတ်ခေါ်မှုကြောင့်လေ့လာရေးခရီးစဉ်အဖြစ်သွားရောက်ကြမည်ဟုသိရပါသည်။မြန်မာနိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးရေးအတွက်မိမိတို့မည်သည့်နေရာမှ ပုခုန်းထမ်းဝင်ရောက်လုပ်ကိုင်နိုင်မည်ကိုလေ့လာကြမည်ဟုသိရပါသည်။
ယခု ခရီးစဉ်အား ဦးထွန်းအောင်ကျော်မှ ဦးဆောင်မည်ဟု သိရပါတယ်။

http://htwduwintinfoundation.blogspot.jp/2012/07/blog-post_1848.html

0 ၀န်ကြီးချုပ်အစုရှယ်ယာပါဝင်သောထားဝယ်အများပိုင်ကုမ္မဏီမှအဆောက်အဦးဆောက်လုပ်ရန်အတွက် စိုက်ပျိုးပြီးသား လယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်း


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ကမြောကင်းတံတားအနီး၊ ကမြောကင်းလမ်းဘယ်ညာတွင် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှုအများပိုင်ကုမ္မဏီမှ စိုက်ပျိုးပြီးသာလယ်မြေများပေါ်တွင် Shopping Center နှင့် အခြားအဆောက်အဦများဆောက်လုပ်ရန်အတွက် ထားဝယ်မြစ်အတွင်း သဲလှေများမှ သဲများအား စပါးစိုက်ထားသောလယ်မြေပေါ်တွင် သဲများဖြင့်ဖုံးခြင်းအား 2012 ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှ စတင်ကာဆောင်ရွက်နေပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အများပိုင်ကုမ္မဏီကြီးများ၊ ထားဝယ်သား စီးပွားရေး လုပ်ငန်းရှင်များ၊ တနင်္သာရီတိုင်းဒေသအတွင်းရှိ ကုမ္မဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များစွာရှိတဲ့အနက် ၀န်ကြီးချုပ် ဦးမြတ်ကို ဟာ ထားဝယ်ဖွံ့ ဖြိုးတိုး တက်မှု အများပိုင်ကုမ္မဏီမှ ခင်စိုးတစ်ဦးတည်းကိုသာ အခွင့်အရေးများစွာပေးခြင်း၊ ခင်စိုး လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းကိုမဆို တာဝန် ယူဆောင် ရွက်ပေးခြင်းဖြစ်သလို အဆိုပါကုမ္မဏီမှ သူဌေးများသည်လည်း ဌာနဆိုင်ရာများသို့ လာရောက်ရာတွင် ၀န်ကြီးချုပ် ရှယ်ယာ ပါဝင်သည့် ကုမ္မဏီဖြစ်ကြောင်းပြောဆိုပြီး ၀န်ထမ်းများကို ရုံးဆင်းချိန်၊ ရုံးပိတ်ရက်များပါမကျန် အမြန်ဆုံးပြီးပြတ်အောင်စာရွက်စာတမ်း များကိ ဆောင် ရွက်ခိုင်းခြင်းများကြောင့် ၀န်ထမ်းများအနေဖြင့် စိတ်ဆင်းရဲမှုများနှင့် ကြုံတွေ့နေရပါသည်။
ထားဝယ်မြို့တွင်းရှိမြေနေရာ များအပြင်၊ ရေနက်ဆိပ်ကမ်းနှင့်အနီးဆုံးမြေနေရာများ၊ ယိုးဒယားနိုင်ငံနှင့်ထိစပ်နေသော ထီးခီးဒေသရှိ မြေနေရာများ၊ ဟိုတယ်ဆောက်လုပ်ရန် မောင်းမကန်ကမ်းခြေမြေနေရာများ၊ မြေခံအော်ဒေသမြေနေ ရာများ၊ ကျောက် တွင်းဒေသမြေနေရာများနှင့် စီးပွားရေးဈေးကွက်ကောင်းသော မြေနေရာအတော်များများ စုစုပေါင်းဧက(၅၀၀၀၀) ၀န်းကျင်ကို မကြာသေခင်ကာလအတွင်း သူဌေးကြီးခင်စိုးကိုသာလုပ်ပိုင်ခွင့်ပေးခဲပါသည်။ ယခုလက်ရှိလည်း ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ထားဝယ်နှင့်အနီးဆုံး စိုက်ပျိုးထားသော မြေနေရာတွင် SHOPPING CENTER များနှင့်အခြား အဆောက်အဦးဆောက်လုပ်ရန် ခင်စိုးမှလယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်းလုပ်ရက်မှာ အတော်ကို အကျည်းထန်လှပါတယ်....အဆိုပါမြေနေရာတွင် လယ်လုပ်သူများမှာ လက်တွန်းထွန်းစက်တောင်မရှိပါဘူး....နွားနှင့်ဘက်ပြီးလယ်ထွန်းတယ်၊ စပါးပင်တွေ ကြီးလာတော့ အများပိုင်ကုမ္မဏီကသူဌေးတွေက ၀န်ကြီးချုပ်အမိန့်ဖြင့် လာရောက်ပြီး အစိုးရမှ သိမ်းသည့်သဘောမျိုးဖြင့် လယ်လုပ်နေသူများကို ဖယ်ခိုင်းပါတယ်။ အများပိုင်ကုမ္မဏီ အနေဖြင့် ဒေသဖွံ့ရေးဆောင်ရွက်မယ် ဆိုလျှင် နိုင်ငံတော် သမ္မတ၏လမ်းညွန်ချက်အရ ဆင်းရဲနွမ်းပါမှုလျော့နည်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လမ်းညွန်ထားသော်လည်း လယ်သမားများ၊ ယာသမားများတို့ကို စိုက်ပျိုးရေးအတွက် နည်းပညာများနှင့်စက်ကရိယာများကို ကျွန်တော်တို့ထားဝယ်ဒေသမှာ အများပိုင်ကုမ္မဏီနှင့် အခြားလုပ်ပိုင်ခွင့်ရကုမ္မဏီများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးရမည့်အစား စိုက်ပျိုး ပြီးသားလယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်းဟာ ခင်စိုးအပါအ၀င် အများပိုင်ကုမ္မဏီရဲ လုပ်ရက်ဟာ ထားဝယ်ဒေသအတွက် အကျည်းတန်(တရားလွန်)လှပါတယ်။
ယခုလို လုပ်ရက်များကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာတဲ့လယ်မြေတွေကို သဲမှုတ်တင်ပြီးအဆောက်အဦဆောက်လုပ်ရမယ်ထင်ပြီး မန္တလေးက သူဌေးတွေ လယ်မြေတွေလာဝယ်နေကြတဲ့အတွက် လယ်မြေဈေးတွေတက်ကုန်ပါတယ်။ လယ်လုပ်သူများ လယ်ယာမြေတွေရောင်းစားပြီး မလေးရှား၊ ယိုးဒယားတို့လိုနိုင်ငံတွေမှာ အလုပ်သွားလုပ်ခိုင်းနေတာနဲ့အတူတူဘဲဖြစ်မနေဘူးလား။ နိုင်ငံတော်အစိုးရက တစ်ဘက်နိုင်ငံကို ရောက်နေတဲ့ထားဝယ်သားကို ထားဝယ်ကိုပြန်လာပြီးအလုပ်အကိုင်အခွင့်အရေးရအောင် လယ်ယာမြေပြန်လည်လုပ်ဆောင်ရမည့်အစား တစ်ဘက်နိုင်ငံကို ကျွန်သွားလုပ်ကိုင်တာနဲ့ မတူဘူးလား။ ဒီလုပ်ရက်တွေကို ကျွန်တော်တို့ထားဝယ် သားတွေပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။ ထားဝယ်သူထားဝယ်သားအနေဖြင့် အများပိုင် ကုမ္မဏီထူထောင်တာကို ကျွန်တော်တို့ဝမ်းမြောက် စွာအားပေးပါတယ်။ ထားဝယ်သားတွေပိုင်တဲ့လယ်တွေ၊ မြေတွေကို ဈေးကောင်းတယ်ဆိုပြီး ခင်စိုးအနေနဲ့မြေဈေးကစားဖို့၊ မန္တလေးက တရုတ်သူဌေးတွေကို ခေါ်ချတာနဲ့အတူတူဘဲမို့လား၊ သူ့ရဲ့ စီးပွားရေးအတွက် လုပ်ဆောင်နေတာကို ထားဝယ်သူ/သားတွေသိကြရဲ့လား။
ထားဝယ်ဒေသဖွဲံဖြိုးတိုးတက်ဖို့ဆိုရင် ထားဝယ်အသင်းဥက္ကဌ၊ အများပိုင်ကုမ္မဏီဥက္ကဌတို့ ကိုရွေးချယ်တင်မြောက်မယ်ဆိုရင် အကျင့်စာရိတကောင်းသူဖြစ်ရမည်၊ မှောင်ခိုစီးပွားရေးလုပ်ပြီးချမ်းသာတဲ့သူမဖြစ်ရဘူး၊ အပေါ်ယံ အရေခြုံသူမဖြစ်ရဘူး၊ သူများသားမယားဖျက်ဆီးသူမဖြစ်ရဘူး၊ အဲဒီလိုမျိုးကိုဖယ်ပြီး အကျင့်စရိတ္တ ကောင်းမွန်တဲ့လူမျိုးထားဝယ်သူ/သားထဲမှာရှိပါတယ် ၊ အဲဒီလိုလူမျိုမှ ရွေးချယ်တင်မြောက်ပြီး ဦးဆောင်နိုင်မည်ဆိုလျင် ထားဝယ်သားများပိုင် လယ်/မြေများ မပျောက်ဘဲ ထားဝယ်ဒေသကြီး ဖွံဖြိုးတိုးတက်လာမည်မှာ ထားဝယ်သူ/သားများအားလုံးမှ ယုံကြည်ကြောင်း တင်ပြလိုက်ရပါတယ်။

daweikogyi

0 တရုတ်သတင်းစာတွင် ဖော်ပြပါရှိ သည့်ဟုဆိုသည့်ဦးအောင်သိန်းလင်း ၏အင်တာဗျူးနှင့် ပက်သက်၍ပါတီ ကိုထိခိုက်မှု မရှိကြောင်း နှင့်အရေး ယူ ရန်မရှိကြောင်းပါတီ၏အထွေထွေ အတွင်းရေးမှူးဦးဌေးဦးပြောကြား

တရုတ် အပတ်စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည့်ဗဟိုအ လုပ်အမှုဆောင်ဦးအောင်သိန်းလင်း ၏အင်တာဗျုးနှင့် ပက်သက် ၍ပြည် ခိုင်ဖြိုးပါ တီအနေဖြင့်အရေးယူခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ပါတီကို လည်း ထိခိုက်မှုမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကရန်ကုန်တိုင်းမ်ဂျာနယ် ၏ဆက်သွယ်မေးမြန်း ချက်အပေါ် ဖြေကြား ခဲ့သည်။

''ကိုအောင်သိန်းလင်းကို လည်းမေးပြီးပါပြီး သူအနေနဲ့ဒီလို ပြောခဲ့တာမျိုး မဟုတ်ဘဲ ဘာသာ ပြန်အဓိပ္ပါယ်လွဲမှား တာကြောင့်ဖြစ် တယ်လို့သိရပါတယ်။ ကိုအောင်သိန်း လင်းက ပါတီအနေနဲ့ အရေးယူမယ် ဆိုလည်း ခံယူဖို့အသင့် ပဲလို့ပြော ပါ တယ်။ဒါဟာ ပါတီနဲ့လည်းမဆိုင်ပါ ဘူး။ကိုအောင်သိန်းလင်းရဲ့သဘော ထားပဲဖြစ်တဲ့ အတွက်ပါတီကအရေး ယူတာတွေ၊ ဘာတွေ လုပ် သွားဖို့မရှိ ပါဘူး။ပါတီကိုလည်း ထိခိုက်စရာမ ရှိပါဘူး''ဟုပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အထွေ ထွေ အတွင်းရေးမှူးဦးဌေးဦးကဆိုသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင် ငံတွင် ထုတ်ဝေသည် Southern weekend အပတ်စဉ်ထုတ်သတင်း စာတွင် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါ တီ၏ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်း၏အင်တာဗျူးဖော် ပြခဲ့ ခြင်းဖြစ်ပြီး နှင့်ပက်သက်၍ ဦးအောင်သိန်းလင်းကိုဆက်သွယ်မေးခြန်းခဲ့ ရာ ''မှတ်မိတာကတော့ မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့ မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့ မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။ ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။ အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။ မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အဆိုပါ အင်တာဗျူး သည် နိုင်ငံရေး အသိုင်းအဝိုင်း၊ လွှတ်တော်အသိုင်း အဝိုင်းနှင့်ပြည်သူများ အကြားတွင် လှုပ်ခတ်သွား ခဲ့သည့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး အင်တာ နက်စာမျက်နှာနှင့်ဖေစ့်ဘုတ်များတွင် ပျံနှံခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အဆိုပါ အင်တာဗျူးအား http://www.infzm.com/content/78148 တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး http://moemaka.blogspot.com/2012/07/aung-thein-lins-interview-in-southern.html တို့တွင်လည်း အင်္ဂလိပ်ဘာသာနှင့်ပြန်ဆိုထားပြီးသား ကိုတွေ့ရပါသည်။

ဝေမာသိမ့်-Yangon Media Group

0 ပိုက်ဆံပေးဒေါက်တာခေါ်ခံရမှဂုဏ်ရှိမယ်ထင်သူနဲ့ အမှန်အကန်ဒေါက်တာဘွဲ့ရတာတောင်...အခေါ်မခံချင်သူ။

Thursday, July 26, 2012

0 မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မလယ်ယာမြေ အသိမ်းခံထားရသောတောင်သူများယနေ့ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်း


(၂၅.၇.၂၀၁၂နေ့ ထွန်စက်အောက်သို့ ၀င်ရောက်၍လယ်ယာမြေအတွက်အသက်ပေးထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦးမှာ ဦးတုပ်ကြီး၊ကိုကျော်ဝင်း၊ကိုသိန်းအောင် တို့ဖြစ်သည်။)

ပြည်သူ့အကျိုးဆောင်ကွန်ရက်

သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ် ၊ ဒုတိယ၀ါဆိုလဆန်း (၇) ရက်နေ့

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်

(၂၅.၇.၂၀၁၂)

မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊ ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့ ၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုင်ကြားမှုတွေကို သက်ဆိုင် ရာက အကြောင်းပြန်မှု ဖြေရှင်းပေးမှုမရှိတဲ့အတွက် မိတ္ထီလာ ၊ သာစည် ၊ ၀မ်းတွင်း ၊ မလှိုင် လေးမြို့နယ်စလုံး ပူးပေါင်းပြီးတော့ လယ်သမားများသည် သူတို့ရဲ့လယ်ယာမြေများကို တရားမျှတစွာနဲ့ ပြန်လည်ရရှိရေးအတွက်

၁၁.၇.၂၀၁၂. ရက်နေ့မှာ စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာမြေပြန်လည်ရရှိရေးအတွက် ကူညီဖြေရှင်းပေးဖို့ လယ်သမား ၅၀-ကျော် က လက်မှတ်ရေးထိုးပြီး ကျွန်ုပ်တို့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်ကို မေတ္တာရပ်ခံပြီး အကူ အညီတောင်း ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ဒီလယ်ယာမြေပြဿနာ ဟာ ရေရှည်သဘောဆောင်ပြီး ငြိမ်းချမ်းစွာဖြင့် တရားနည်းလမ်းကျကျ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။

ထွန်တုံးတိုက်ပွဲကို ဆင်နွှဲနေတဲ့အချိန် - ၁၄.၇.၂၀၁၂. ရက်နေ့မှာ မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် အပါအ၀င် ခရိုင်အဆင့် မြေစာရင်း ၊ သစ်တော ၊ ဆည်မြောင်း စတဲ့ အရာရှိအစုံအလင်နဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေကို ခေါ်ယူဆွေးနွေးပါတယ်။ ၎င်းဆွေးနွေးမှုရဲ့အဖြေက ၄၅-ရက်အတွင်းကိုတော့ ဒီလိုမျိုး အင်နဲ့အားနဲ့ ထွန်တုံးတိုက်ပွဲ မလုပ်ပါနဲ့။ ပြေလည်ရာပြေလည်ကြောင်း အဖြေရှာဖို့ စေ့စပ်ဆွေးနွေးနေတဲ့ကာလမှာ ပြဿနာ မတက်ရအောင် ၂ဖက်လုံးကညှိနှိုင်းပြီးသွားဖို့ပြောခဲ့ပါတယ်။ လယ်သမားတွေဖက်က လူကြီးတွေရဲ့ကတိစကား ကို လေးစားသောအားဖြင့် သူတို့ရဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် တဖက်က သိမ်းပိုက်ထား တယ်ဆိုတဲ့ ကုမ္ပဏီ ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ လူတဦးတယာက်ချင်းစီတို့က လက်ဦးမှုရယူတာတွေ လုပ်ပါတယ်။ ၁၈.၇.၂၀၁၂. ရက်နေ့က တောင်သူ ၁၉-ဦးကို ပုဒ်မ ၄၂၇ ၊ ၄၄၇ ဖြင့် တရားစွဲခြင်း ၊ ၂၁.၇.၂၀၁၂. ရက်နေ့မှာ ကံကောင်းရွာမှ ထွန်တုံးတိုက်ပွဲမှာပါဝင်တဲ့ တောင်သူတွေကို သက်ဆိုင်ရာရဲက ၅ဦးစီခေါ်ပြီး ချိန်းခြောက်မှုများပြုခြင်း ၊၂၄.၇.၂၀၁၂.ရက်နေ့မှာတော့ ဆောက်လုပ်ရေးက ပြန်မပေးဘဲ သိမ်းထားတဲ့ မြေ ၁၀ဧကကို ခြံစည်းရိုးသံဇကာ ကာရံခြင်း ၊ ကောင်းကင်ကုမ္ပဏီက သူတို့သိမ်းထားတဲ့အကွက်ကို ထွန်စက်နဲ့ တက်ထွန်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

လူကြီးလူကောင်းဆန်ဆန်ထားရှိခဲ့တဲ့ ကတိစကားအရ ၄၅-ရက်အတွင်းမှာ တဖက်နဲ့တဖက် ပြဿနာဖြစ် စေမယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်ဘဲနဲ့ ပြေလည်ရေးကိုဘဲဆွေးနွေးမယ်ဆိုတဲ့ စကားကို လယ်သ္မားတွေ ဘက်က တာဝန်ယူခဲ့ပေမယ့် တဖက်က သိမ်းပိုက်ထားတဲ့သူတွေကတော့ အတင့်ရဲစွာနဲ့ချိုးဖောက်ပြီး လုပ်လာ ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၀င်ရောက်ပြီး ဟန့်တားပေးခြင်း ၊ ခင်ဗျားတို့ မလုပ်နဲ့ဦးလို့ ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။ လယ်သ္မားတွေဖက်က ဒီ၄၅-ရက်ကြားကာလမှာ သူတို့ ပိုင်ဆိုင်သင့်ပါတယ်ဆိုတဲ့ အထောက်အထားစာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာကို စာတင်ဖို့လုပ်ရာမှာ ၂၀.၇.၂၀၁၂. ရက်နေ့မှာ ဗိုလ်ချုပ်ပြည့်စုံသိမ်းထားတဲ့ မလှိုင်ကလယ်သမားတွေက စာတင်ခဲ့ပါတယ်။ တောင်သူတွေဖက်က ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ သိမ်းပိုက်ထားသူတွေဖက်က မတရားလုပ်လာတာကိုတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းပေးဖို့လိုပါတယ်။

လယ်ယာမြေပြဿနာဆိုတာ နှစ်ရှည်လများဖြစ်ခဲ့တဲပြဿနာ။ ကြီးလေးတယ် ၊ နက်ရှိုင်းတယ် ၊ သိမ်းပိုက်ခံရမှု ပုံသဏ္ဍန် အမျိုးမျိုးရှိတယ် ၊ ဆုံးရှုံးနစ်နာမှု အမျိုးမျိုးရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် စိတ်ရှည်ဖို့ ၊ သီးခံဖို့ တရားနည်းလမ်းကျကျဖြေရှင်းဖို့ လိုပါတယ်။ ဥပမာအားဖြင့် - မြေလွတ် မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ဆိုတာ ပေါ်ထွက်လာပါပြီ။ ၎င်းဥပဒေ၏ အခန်း(၈) ပုဒ်မ ၂၅ ပိုဒ်ခွဲ က.ခ.ဂ ဆိုပြီးရှိရာမှာ

အပိုဒ်(ခ)အရဆိုလျှင်

မြေလွတ် မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်း က လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သ္မားများ၏ စိုက်ပျိုးမြေများပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

စသည့် ညှိနှိုင်းရေးဆိုင်ရာ အချက်များပြဌာန်းထားသော်လည်း ညှိနှိုင်းရေးအတွက် စောင့်ဆိုင်းနေတဲ့ကာလမှာ သိမ်းပိုက်သူများက တဖက်သတ်လုပ်လာတဲ့အတွက် လယ်သ္မားများသည် မခံမရပ်နိုင်ဖြစ်လာပြီး ၊ မိုးကလည်း ကျလာပြီဖြစ်တဲ့အတွက် သူတို့လယ်ကွက်များကို ပြန်လည်ထွန်ယက်မှု ဒီကနေ့မှာဘဲ စတင်ခဲ့ကြ ပါတယ်။ ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ တောင်သူဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့ထွန်နေတာဖြစ်ပြီး ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံတိုက်မယ်ဆိုတာထိဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ ကိုဋ္ဌေးလွင်ဆိုသူက ထွန်စက်ကို ဆက်မောင်းဖို့ပြောခဲ့ပေမဲ့ ထွန်စက်မောင်းသူက မမောင်းရဲလို့ ထွန်စက်ကိုရပ်လိုက်ပါတယ်။

ဒီလို လယ်သ္မားတွေ ထွန်နေတာဟာလည်း အုံကြွဆူပူနေတာ မဟုတ်ပါဘူး။ သူတို့အခွင့်အရေးအတွက် လုပ်တတ်သလို ဆောင်ရွက်နေတာဖြစ်ပါတယ်။တရားနည်းလမ်းတကျ ပြေလည်ရေးလမ်း ကြောင်းဖြစ်ဖို့ဆိုရင် နှစ်ဖက်ညှိနှိုင်းရေးဆောင်ရွက်ကာလဖြစ်တဲ့ ၄၅-ရက်အတွင်းမှာ အပြန်အလှန် သဘော တူညီချက်များဖြစ်တဲ့အတိုင်း ညှိနှိုင်းရေး ၊ စာရင်းဇယားတွေပြုစုရေး ၊ လေ့လာရေးတွေနဲ့ ညှိနှိုင်းမှသာ အဆင် ပြေမှာဖြစ်ပါတယ်။ အဲဒီလိုမလုပ်ဘဲ သိမ်းပိုက်ထားတဲ့ပုဂ္ဂိုလ်များရဲ့အတင်းအဓမ္မလှုပ်ရှားဆောင်ရွက်မှုတွေလုပ်လာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ပြဿနာအရပ်ရပ်သည် ဆုံးရှုံးနစ်နာသူ တောင်သူလယ်သ္မားတွေအပေါ်မှာ တာဝန်ရှိတာမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကတိစကားတွေပေးထားတဲ့ တာဝန်ရှိသူတွေနဲ့ သိမ်းပိုက်ထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ ဆောင်ရွက်မှုကြောင့်သာဖြစ်ပေါ်လာတဲ့ အကျိုးဆက်များဖြစ်တယ်လို့ ကျွန်ုပ်တို့ ကွန်ရက်က သဘောထားပါတယ်။ တောင်သူလယ်သ္မားတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ တိုင်းပြည်ဟာ မငြိမ်းချမ်းနိုင်တဲ့အတွက် စာနာထောက်ထားစွာဖြင့် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းအပ်ပါသည်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၂၅.၇.၂၀၁၂)

ဆက်သွယ်ရန်လိပ်စာ

maythanmyint@gmail.com

0 ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်-ဟံသာဝတီ ဦးဝင်းတင်

ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။

ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကားတစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။

ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလဲ ပါတာပေါ့။

ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ““မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်”” ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား ဖြစ်သွားခဲ့တာပေါ့။

ကိုစိန်ကြီးက မြို့တောင်ဖက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဖက် ရပ်ကွက်မှာ နေတယ်။သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါ သွားတယ်။ သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ် တက်တယ်။

သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မှာနေတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)

ကိုစိန်ကြီး ကြိုးပေးကွပ်မျက် ခံရတယ်။ ဂဠုန်ဦးစောတို့နှင့်အတူ ပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီး ထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေး မှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြ တာပေါ့။

သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန် နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက်လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင် မောင်းမောင်း၊ မာမာ တင်းတင်း၊ မှုန်မှုန် တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။

ဦးစောအဆွယ် ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်း မှာ အင်တင်တင်ပဲတဲ့။ နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။

ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်းပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။)ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့ သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီး အကြောင်းတော့ စကားမဟဖြစ်ဘူး။

ကိုစိန်ကြီး ကြိုးတိုက်(လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း)ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုး လောက်ကို သူ့ရည်းစားနဲ့ သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။

ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီး ဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစောငှားပေးတဲ့ ရှေ့နေကို သူလက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစော ပေးတဲ့ အဝတ်အစားတွေ တောင်မယူ။

မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင် တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဆဲသတဲ့။ ကြိုးစင် ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ သွားသတဲ့။

နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။

လပိုင်းလောက် ကာလတိုလေး အတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇ ကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲလူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့ ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေ ထွက်တဲ့ သာယာဝတီနယ်သား ဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။

လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူ ရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။

ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတစ်လှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။

ကိုစိန်ကြီးဟာ ဆရာကြီးဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ်ဗိုလ်မှူးဖိုးကွန်း)လို ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်း အဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိ ဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။

သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီအထက် မြန်မာပြည်တာဝန်ခံ)တို့၊ ကိုကြည်အေး (နောင်ဗြိတိန် စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူ တွေကို ပခုံးချင်း ယှဉ်ချင်လို့လား။

အကြောင်းတရား တွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။

ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတစ်ခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်း မမှားအောင် သွန်သင်လမ်းပြတဲ့လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာ ပျက်ကွက်တာကြောင့်ဖြစ်တယ်။ အပြန်အလှန် သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါး အားနည်းတာကြောင့်ဖြစ်တယ်။

ဒါဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။

ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန် လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမဲ့ အသိပညာပဲရယ်လို့ လက်ခံနေကြရမှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့…။ ခေတ်လူငယ် မျိုးဆက် သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ ဓါးကို အသွားတစ်ဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင် ပေးကြပါ။

အမှောင်ခေတ်အလွန် တစ်ဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ် လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓားနားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင် ခံသာသေး။ လည်ပြတ်ရင် အာဇာနည် ဇာတ် တစ်ပတ်ကျော့ နိုင်တယ်ဗျ။ မှတ်ထားကြ။

ကျုပ်ပြောပြချင်တာ ဒါပါပဲ။

ဟံသာဝတီ ဦးဝင်းတင်

www.myanmarij.com

0 မြန်မာနိုင်ငံမှ သွင်းကုန်ကန့်သတ်ပိတ်ပင်ထားမှု ဖြေလျော့ရန် အချိန်သတ်မှတ်ချက်မရှိသေးပာု အမေရိကန်အစိုးရ တာဝန်ရှိသူပြော

(23 July 2012 ရက်စွဲပါ Reuters မှ Doug Palmer ရေးသားသော No timetable for easing import ban on Myanmar: US official ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသောစီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများ အပေါ်အားတက်မှုရှိကြောင်း၊သို့သော် မြန်မာနိုင်ငံမှပစ္စည်းများတင်သွင်းခြင်းကိုကာလရှည်ကြာပိတ်ပင်ထားခြင်းကို ဖြေလျော့မပေးမီ နောက်ထပ်တိုးတက်မှုများ မြင်တွေ့ရန် လိုအပ်ကြောင်း ထိပ်တန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။

မကြာမီက နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံရာတွင် အတူရှိနေခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူပုဂ္ဂိုလ် Robert Hormats က Center for Strategic and International Studies သို့ပြောကြားရာတွင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေခြင်းအတွက် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။

“ဝန်ကြီး ပီာလာရီကလင်တန်နဲ့ တွေ့ဆုံရာမှာ ဦးသိန်းစိန်ပာာ ပြောပြတာအလွန်ရှင်းပါတယ်။ သူပာာ သူ့နိုင်ငံသားတွေလူနေမှုအဆင့်မြင့်လာမယ့် အရာတွေလုပ်လိုတယ်လို့ ဆိုပါတယ်။ ဆွဲဆောင်မှုရှိတယ်လို့ထင်ပါတယ်။ လက်ခံနိုင်ဖွယ်ရှိတယ်လို့လဲ ထင်ပါတယ်”ပာု Hormats ကပြောသည်။

သမ္မတ Obama အစိုးရသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးရန် ခွင့်ပြုခဲ့သည်။

အမေရိကန်မှ အမတ်များသည် အဆိုပါကိစ္စကို အစိုးရကကိုင်တွယ်ရန် ယေဘူယျအားဖြင့် ထောက်ခံခဲ့သည်။ ၎င်းတို့သည် လာမည့်ရက်များအတွင်း မြန်မာနိုင်ငံမှ သွင်းကုန်များပိတ်ပင်ထားမှုအား ဆက်လက် သက်တမ်းတိုး ရန်နှင့် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ကိုင်လိုပါက အရေးယူမှုများရုတ်သိမ်းနိုင်ရေး အိမ်ဖြူတော်သို့ အာဏာအပ်နှင်းနိုင်ရေးတို့အတွက် ဆန္ဒမဲပေးကြရန် ရှိသည်။

အခြားအမေရိကန်အရေးယူမှုများတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တမြား၊ ကျောက်စိမ်းတို့နှင့်ပြုလုပ်သောာ ရတနာများပိတ်ပင်ခြင်းနှင့်ကမ္ဘာ့ဘဏ်နှင့်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော ငွေချေးသောအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ ငွေချေးခြင်းကို ပိတ်ပင်ထားခြင်းများ ပါဝင်သည်။

Hormatကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးခြင်းကဲ့သို့သော နောက်ထပ်လုပ်ဆောင်မှုများရှိလာပါကတုန့်ပြန်မှုအနေဖြင့်အမေရိကန်အစိုးရကအရေးယူမှုများပိုမိုဖယ်ရှားပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။

သို့သော် အကောင်းဆုံးအခြေအနေများဖြစ်လာခဲ့လျှင်ပင် သွင်းကုန်ပိတ်ပင်ထားမှုကို မည်မျှလျင်လျင်မြန်မြန် ရုတ်သိမ်းပေးနိုင်မည်ဆိုသည်ကို ၎င်းက ပြောကြားသွားခြင်းမရှိပေ။

အမေရိကန်သို့မြန်မာ့ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်ထားခြင်းအား ရုတ်သိမ်းပေးခဲ့ပါက အလုပ်လက်မဲ့နှုန်း ၂၅% ခန့်ရှိပြီး အလုပ်လက်မဲ့နှုန်း ဆိုးဝါးစွာမြင့်တက်နေမှုကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည်၂၀၀၂ခုနှစ်က မြန်မာနိုင်ငံမှအဝတ်အထည်နှင့်အခြားကုန်ပစ္စည်းများ ဒေါ်လာ(၃၅၆.၄)သန်းဖိုး တင်သွင်းခဲ့ရာ၊ သွင်းကုန်ပိတ်ပင်ခြင်းမပြုမီ အပြည့်အဝတင်သွင်းခဲ့သော နောက်ဆုံးနှစ်ဖြစ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် သွင်းကုန်မပိတ်မီ ဒေါ်လာ(၂၇၅.၇)သန်းဖိုး တင်သွင်းခဲ့ပြီး နောက်နှစ်များတွင် ပိတ်သွားခဲ့သည်
yangonchronicle

0 ဇူလိုင်လ(၂၅)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးရဲ့ထူးခြားသောဖော်ပြချက်။

Photo.. Messenger journal

0 ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ဖိတ်စာ...။

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲမှာ အသုံးပြုမယ့် ရင်ထိုးတံဆိပ်။

88 Generation Students

0 မဲဆွယ်သည့် အချိန်တုန်းက ဘာ/ ညာလုပ်ပေးမည်ဟုပြောဆို ဂတိပေးလေ့ ရှိသော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြုလုပ်ငန်းကိုမျှ ထိထိရောက်ရောက်လုပ်ဆောင်ခြင်းမရှိ

ယနေ့ည ၇ နာရီအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမကြီး (ယခင် တာမွေအ၀ိုင်းအနီး) ပေါ်တွင် မိုးရေများ လျှံနေလျှက်ရှိရာ ဘတ်စ်ကားကြီးများပင် သွားလာမရဘဲ ရပ်ထားကြရသည်။ အချို့ အရဲစွန့် မောင်းခဲ့သော ဆလွန်းကားများမှာ လမ်းလယ်ခေါင်တွင် ရေတစ်ဝက်မြုပ်လျှက် ရပ်သွားသည်အထိ ဒုက္ခရောက်လျှက် ရှိနေသည်။

"ကျွန်တော်တို့ က ဘတ်စ်ကားကြီးနဲ့ လာခဲ့တာ။ ရေမြုပ်နေတဲ့ နေရာမှာ ကားက စက်ရပ်သွားလို့ ဆင်းပြီးလမ်းလျှောက်လာရတယ်။ ဘယ်မြို့တော်ဝန်ဘဲ အုပ်ချူပ်အုပ်ချူပ် လမ်းတွေကတော့ မိုးရွာရင် ပင်လယ်ပြင် ဖြစ်တော့တာဘဲ။" ဟု ခြေလျှင် လမ်းလျှောက်လာသူ တာမွေမြို့နယ်သား ကိုကျော်မြင့် က ပြောသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့်ရန်ကုန် မြို့တော်ကြီးကိုအဆင့်မှီ မြို့တော်ကြီးဖြစ်စေရမည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအချိန်အထိ တိုးတက်မှု အရိပ်အရောင်မျှပင် မြင်တွေ့ရခြင်း မရှိသေးကြောင်း အချို့ပါတီများရှိ လွှတ်တော် အမတ်များ အနေဖြင့်လည်း မဲဆွယ်သည့် အချိန်တွင်သာ ဘာလုပ်ပေးမည် ညာလုပ်ပေးမည်ဟု ပြောဆို ဂတိပေးလေ့ ရှိသော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြုလုပ်ငန်းကိုမျှ ထိထိရောက်ရောက်လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ တာမွေသားမှ ဆက်လက်ပြောကြားခဲ့သည်။

Zaw lwin win

Wednesday, July 25, 2012

0 တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဆွေးနွေးချက် အပြည့်အစုံ



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ဆွေးနွေးခဲ့ရာ

( ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဆွေးနွေးချက် အပြည့်အစုံ )

လေးစားအပ်ပါသောလွှတ်တော်ဥက္ကဌကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များရှင်။ကျမကရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမအနေနဲ့ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃
ခုနှစ်ကစပြီးဒီနေ့နိုင်ငံမှာမှီတင်းနေထိုင်ခဲ့တဲ့လူမျိုးများကိုဆိုလိုတာလို့အဓိပါယ်ဖေါ်ထားပါတယ်။အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။
အခု ဆွေးနွေးချက်တွေ အ၇ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့် အရေးတွေ ကိုရည်ညွန်းပြီးတော့ပြောကြတယ်လို့ ကျမတို့ မှတ် ယူရပါတယ်။

ပြည်နယ်တွေ အကြောင်းပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာဆင်းရဲမွဲတေမှုနဲ့ပတ်သက်လို့ပြည်နယ်ဒေသတွေဟာ အဆိုးဝါးဆုံးဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင်ခု နောက်ဆုံး အာရှ ဖွံ့ဖြိုးရေး ရဲ့နောက်ဆုံး
ဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်းရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ရာခိုင်နှုန်း ။ရှမ်းမြောက် ဆိုရင် ၃၇.၄ရာခိုင်နှုန်း။ရှမ်းတောင် ဆိုရင် ၂၅.၂ ရာခိုင်နှုန်းပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနုန်းဟာ ၃၇.၁
ရာခိုင်နုန်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေနေကတော့ ၄၃.၅ ရာခိုင်နုန်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ပျမ်းမျ ဆင်းရဲမွဲတေမှု နှုန်းဟာ ၂၅. ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့်မို့ ဒီပြည်နယ်တွေမှာပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနုန်းမြင့်နေတယ်လို့ပြောလို့ရပါတယ်။ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈. ၆ ပျမ်းမျှခြင်းရာခိုင်နုန်းထက်မြင့်နေပါတယ်။
မွန်ကယားနဲ့ကရင်တို့ကတော့ပိုပြီးတော့နိမ့်ကျနေတယ်။ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့်ကျမတို့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေနေဟာ ကြေနပ်ဖွယ်ရာ မ၇ှိဘူးဆိုတာ ထင်ရှားပါတယ်။

ထို့အပြင်လည်းကျမတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီးငြိမ်းသွားတယ်ဆိုတာမရှိသေးပါဘူး။ဒါကြောင့်တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးများကိုကာကွယ်စောင့်ရှေက်ခြင်းဆိုတာဟာဘာသာစကားယဉ်ကျေးမှုထိန်းသိမ်းခြင်းနဲ့ပိုပြီး..များစွာကျယ်ပြန့်နက်နဲတယ်ဆိုတာကိုကျမတို့ဆိုနိုင်ပါတယ်။..ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓါတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့ မရတဲ့တန်းတူညီမျရေးအပြန်အလှန် လေးစားယုံကြည်ရေးတို့ကိုအခြေခံပြီးတော့စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီး
ပေါ်ထွန်းလာရေးအတွက် ကျမတို့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့အတွက်ဥ ပဒေများကိုလိုအပ်သလို ပြုပြင်ခြင်း ၊လိုအပ်သလို
ပြဌာန်းခြင်းတို့ များဆောင်ရွက်ဖို့ရန်ကိုတိုက်တွန်းရင်းဦးတီခွန်မြတ်ရဲ့အဆိုကိုကျမအနေနဲ့ထောက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။
The voice weekly

0 လူငယ်တွေကိုယုံပါ


လူငယ်တွေကိုယုံပါ
ဂျာနယ်လစ်ဆိုတာ လူမှုအသိုက်အဝန်း၏ ဘယ်ကဏ္ဍမှာမဆို အရေးကြီးသောအလုပ်ကို ဆောင်ရွက်နေသူ တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။ ဂျာနယ်လစ်အများစုသည် လူအများလိုအပ်တယ်လို့ ယူဆရတဲ့ သတင်း အချက်အလက်များကို ပေးကြသည်။ လူအများသိလိုသည့် သိထိုက်သည့် သူတို့ပတ်ဝန်းကျင်ကမ္ဘာရဲ့ အကြောင်းတွေကို လူထုရှေ့မှောက်ရောက်အောင် ဆောင်ကျဉ်းပေးကြသည်။ ၄င်းသတင်းအချက်အလက်များမှ ပြည်သူတွေဟာ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြသည်။ တစ်ခါတစ်ရံ အချို့သတင်း အချက်အလက်တွေဟာ လူတွေရဲ့ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်များကို တွေ့ရပါသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အရေးကြီးသော (Journalism) ကဏ္ဍတစ်ရပ်အား လူငယ်များ အတွက် သင်တန်းတစ်ရပ် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၂ဝ) ရက်နေ့မှစ၍ (၂၂) ရက်နေ့အထိ Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်၌ အလင်းဆက်(IR) မှ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) အထိ (၃) ရက်ကြာ ရက်တို သင်ကြားပို့ချပေးခဲ့ပါသည်။ ယင်းသင်တန်းတွင် အသင်းသူ/သားများအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၊ Citizen Journalism အား စိတ်ပါဝင်စား၍ လာရောက် တက်ရောက်သင်ကြားကြသူများ၊ ဂျာနယ်လစ်များ စသဖြင့် သင်တန်းသား/သူ (၂၈)ဦး တို့ တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာများအနေဖြင့် အလင်းဆက်(IR)၊ နီအဲဝိုင် (Mosa)မှ သင်ကြားပို့ချပေးခဲ့သည်။

Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ပနိုင်ငံသို့သွားရောက်စဉ်က ကိုယ်အင်္ဂါမသန်စွမ်းသူ (လက်နှစ်ဖက် မရှိသူ) တစ်ဦးသည် မိမိတို့ကျင်းပသော လူမှုရေးလုပ်ဆောင်ချက် အခမ်းအနားသို့ တက်ရောက်လာကာ မိမိအား သူကိုယ်တိုင် ရေးစပ်ထားသော ကဗျာနှင့် ဒီဇိုင်းပုံအား ပေးခဲ့ရာ ထိုသူသည် သူကိုယ်တိုင်ရေးဖွဲ့ စပ်ဆိုထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရခဲ့ပါသည်။ ယင်းကဗျာ စာသားနှင့် ဒီဇိုင်းပုံတို့သည် အလွန်ပင် ထူးခြား သပ်ရပ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသူသည် သူ၏ ခြေနှစ်ဖက်ဖြင့် ကွန်ပြူတာအား အသုံးပြုကိုင်စွဲကာ အကျိုးပြု စာ၊ ကဗျာများအား ရေးသားခဲ့သော လူမှုရေးသူရဲကောင်း Citizen Journalist တစ်ဦးဖြစ်ကြောင်းကို မိမိ အသိ အမှတ်ပြု ဂုဏ်ယူမိကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်ကြသော ညီအစ်ကို မောင်နှမများသည် ကိုယ် အင်္ဂါသန်စွမ်းမှုများရှိနေသောကြောင့် မိမိတို့၏ သန်စွမ်းသောကိုယ်အင်္ဂါနှင့် မိမိတို့၏ ထက်မြတ်သော ဦးနှောက်ကို အသုံးပြုကာ အများပြည်သူ အကျိုးရှိစေမည့် သတင်းအချက်အလက်များကို ရှာဖွေရေးသားကြရန် အင်အားတစ်ရပ် အား ပြောကြားခဲ့ကာ သင်တန်းအား အလင်းဆက် (IR)မှ စတင်သင်ကြားပေးခဲ့သည်။

ယင်းသင်တန်းတွင် အလင်းဆက်(IR)မှ ဂျာနယ်လစ်ဇင်(Journalism)၊ သတင်းဓါတ်ပုံကောင်းအတွက် အရေးကြီးမှု၊ ဂျာနယ်လစ်ကောင်းတစ်ယောက်၏ အရည်အချင်း၊ ဂျာနယ်လစ်တို့၏ကဏ္ဍ အစရှိသည့် သင်ခန်းစာ တို့ အား သင်ကြားပို့ချပေးခဲ့ပြီး၊ နည်းပညာပိုင်းအနေဖြင့် နီအဲဝိုင်(Mosa)မှ Internet နည်းပညာများ၊ Internet Journalism (Blogger)၏ အရေးပါပုံများ၊ Mobile ဖုန်းများ၏ အသုံးဝင်ပုံများစသဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်စေရန် နိုင်ငံသားဂျာနယ်လစ်သင်တန်းအား သင်ကြားပို့ချပေးခဲ့ပါသည်။

Journalism & Citizen Journialism သင်တန်းပို့ချပေးခြင်းဖြင့် ရရှိခဲ့သော အတွေးအခေါ်များ၊ အမြင် များအား တုန့်ပြန်ချက် (Feedback)အနေဖြင့် သင်တန်းသား/သူများမှ ပြောကြားခဲ့ကြရာတွင် “မိမိတို့သည် ယခင်က ကွဲလွဲစွာ မသိသေးခဲ့သော ဂျာနယ်လစ်ဇင်နှင့် နိုင်ငံသားဂျာနယ်လစ်ဇင်အား ယခုအခါတွင် ကွဲလွဲစွာ နားလည်သဘောပေါက်ခဲ့ကြောင်း၊ နိုင်ငံသားဂျာနယ်လစ်ဇင်ဆိုတာ နိုင်ငံသားများအပေါ် အခြေပြုပြီး (သို့) နိုင်ငံ သားများ ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး သတင်းနှင့် သတင်းဖြစ်လောက်သည့် အချက်အလက်များကို စုဆောင်းခြင်း၊ သတင်းပို့ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းနှင့် ထုတ်လွှတ်ဝေဖန်ခြင်းကို ကောင်းစွာနားလည် သဘောပေါက် လာကြောင်း” စသဖြင့် တုန့်ပြန်ချက် (Feedback)များ ကိုပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီလမ်းစဉ် ဘက်သို့ ကူးပြောင်းလာပြီဖြစ်သော မြန်မာနိုင်ငံသည် ပွင့်လင်းညှင်သာသော လူအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက် လာစေရန်အတွက် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းလာစေမည့် Journalism & Citizen Journialism သင်တန်းအား ပို့ချပေးခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် “စုံမှိတ်မြှပ်သေကြမလား ပုံနှိပ် ထုတ်ဝေကြမလား” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု ကျင့်သုံးကြရမည်ဖြစ်သည်။

လူငယ်တွေကိုယုံပါ

လူငယ်တွေကိုယုံပါ။

သူတို့မှာ အသိကိုယ်စီရှိပါတယ်။

ကိုယ်တာဝန်ယူလုပ်တဲ့ အလုပ်တစ်ခုကို

အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာ လူ့သဘာဝပဲဖြစ်တယ်။

လူငယ်တွေကို စိတ်ချလက်ချနဲ့

လွတ်လွတ်လပ်လပ် လုပ်ခွင့်သာပေးလိုက်ပါ။

အံ့သြစရာကောင်းလောက်အောင်ကို

သူတို့ လုပ်ပြပါလိမ့်မယ်။

(လူထုစိန်ဝင်း)

ကိုကျော်သူ

2 NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။

ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။

ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။ ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်

အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ယနေ့ကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းရန် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်..။
စကားက လေးလုံးထဲပါ..။ Good & Clean ၊ Rule & Law ပါ..။

အဲဒီအဆိုဟာ .. သမိုင်းတွင်မယ့်အဆိုဖြစ်သလို ယခင် အစိုးရဟောင်းလက်ထက်က ဘောင်းဘီကျွတ်ပြီး အချောင် နေရာရလာသူများ၊ လွှတ်တော်ထဲ ရောက်လာသည့် ခရိုနီများနှင့် လွှတ်တော်ဥက္ကဌများအတွက်တော့ ဖင်ကြိမ်းစရာ အဆိုတစ်ခုဖြစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါ..။

အဲဒီအဆိုကို ကန့်ကွက်ခြင်း/ဖြတ်တောက်ခြင်း/ကန့်သတ်ခြင်းနဲ့ ပိတ်ပင်ခြင်း နှောင့်နှေးစေခြင်း ရှိမရှိဟာလည်း မြန်မာ့ဒီမိုကရေစီသမိုင်းမှာ လွတ်လပ်ခွင့်ရှိမရှိနဲ့ ကမ္ဘာက အကဲဖြတ်အမှတ်ပေးနေတဲ့ စီးပွားရေးပိတ်ဆို့မှု ပေတံကို အကျိုးများစွာ သက်ရောက်ပါလိမ့်မယ်..။

အရင်ပါလီမာန်ဒီမိုကရေစီခေတ် ၁၉၄၈-၁၉၅၈ က ၀န်ကြီးချုပ် ဦးနုရဲ့ လွှတ်တော်ထဲမှာ တရားဝင်ပြောခဲ့တဲ့စကားကို ဖတ်ဖူးတာမှတ်မိပါသေးတယ်.။

ကျုပ် ၀န်ကြီးချုပ်ရာထူးက အခုနှုတ်ထွက်ပေးမယ် ကျုပ်ပိုင်ဆိုင်မှုတွေ အခုချက်ခြင်း ကြိုက်တဲ့ လူ/ပုဂ္ဂိုလ်/အဖွဲ့အစည်းကလာစစ် ၀န်ကြီးချုပ်မဖြစ်ခင်ဘ၀က ပိုင်ဆိုင်မှုထက် တစ်ကျပ် ပိုနေရင် ကျုပ်ကိုသူခိုးလို့စွပ်စွဲ
ဒီစကားဟာ မှတ်ကျောက်တင်တဲ့စကားပါ..။

ဒီအဆိုဟာ ဘာ့ကြောင့်အရေးကြီးသလဲ လို့ ပြောရသလဲဆိုရင် Good and Clean ရည်မှန်းချက်ဟာ ...သမ္မတကြီး ဦးသိန်းစိန်ရဲ့ ခံယူချက် ဖြစ်သလို ယနေ့ ပြည်တွင်းမှာ ဖြစ်ပျက်နေသမျှ ဆိုးကျိုးကိစ္စတွေ အားလုံးနီးပါးက ယခင် စစ်အာဏာရှင် လက်ထက် ကတည်းက ဖြစ်လာတဲ့ အကြောင်းအရင်းတွေရှိခဲ့လို့ပါ..။
Clean မရှိလို့ မ Good ခြင်းလို့ ပြောလို့ပါတယ်..။

(၁) ရခိုင်အရေး (ဘင်္ဂလီသန်းပေါင်းများစွာ ဘာ့ကြောင့် ပျံ့နှံ့ဝင်ရောက်)

(၂) လယ်သမားတွေ လယ်သိမ်းခံရခြင်း (ဥပဒေကြောင်းအရ ဘ၀ပျက်ခြင်း)

(၃) အလုပ်သမားတွေ အကျိုးခံစားခွင့် နည်းခြင်း (လစာတွေ ဘာ့ကြောင့်နည်း -- ဥပဒေကြောင့်နည်း)

အဲဒီလိုမျိုး အဖြစ်အပျက်များစွာအတွက် Good နဲ့ Clean က အရေးအကြီးဆုံးပါ။

အဲဒီအဆို တင်သွင်းချိန်မှာ ....။

ဘယ်သူတွေ မျက်နှာအောက်ချ နားထောင်နေမလဲ..။ ဘယ်သူတွေ မျက်ထောင့်နီနဲ့ ကြည့်နေမလဲ..။
စင်ပေါ်မှာ ထိုင်နေသူကြီးတွေ ဖင်ကြိမ်းနေမလား..။
ပြည်ခိုင်ဖြိုး အမတ်များက PS Specialist တစ်ယောက်ဖြစ်သူ အမေစုရဲ့ ကိုယ်စားလှယ်ကို ....တန်ပြန်တိုက်ခိုက်ဖို့ ဒေတာစုနေမလား..။

Skynet ရဲ့ လွှတ်တော် Channel က ပုသိမ်မှာ သမ္မတကြီးမိန့်ခွန်း လွှင့်လို့ မရသလို အဲဒီင်္နေ့ကျမှ ထုတ်လွှင့်မှုပျက်ကွက်လေဦးမလား.။

အစရှိသည်တို့ကို တွေးတောရင်း မနက်ဖန် ၂၅-၇-၂၀၁၂ နေ့တင်သွင်းမယ့် "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဆိုတဲ့ လေ့လာချင်မိပါတယ်.။

ဘာပဲပြောပြော ဒီအဆိုဟာ ပြည်သူ့မျက်နှာ တစ်ခုတည်းကို ကြည့်တဲ့ အဆိုတစ်ခု ဖြစ်တာတော့ သေချာပါတယ်..။

လွှတ်တော်အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ထိန်းကျောင်းပဲ့ကိုင်ပေးမယ့် အဆိုဖြစ်သလို အဲဒီအဆိုကနေ အုပ်ချုပ်သူလူတန်းစားနဲ့ ဗျူရိုကရေစီယန္တရား လည်ပတ်သူတို့ကို ပဲ့ကိုင်မယ့် ဥပဒေတစ်ရပ်ရပ် ပေါ်ထွက်လာဖို့ မျှော်လင့်ပါကြောင်း..။

ရန်အောင်..

2 ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့ရဟန်းသံဃာတော်များပူးပေါင်းဆန္ဒပြထုတ်ဖော်

ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာတို့လက်တွင်"RohingyaNo"ဟု ရေးထိုးကာယနေ့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။

ကချင်ဒေသတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊မြန်ပြည်ပြန်ခွင့်နှင့် ၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန်စသည့်တောင်းဆိုချက်များပါဝင်သောအိပ်ဖွင့်ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ထံသို့ပေးအပ်ခဲ့သည်။

Photo..Reuters

1 မနက်ဖြန်ထွက်မဲ့ Popular News journal မျက်နှာဖုံးမှာတင်ထားတဲ့ လမ်းတခြမ်းခင်း၊ဦးဏှောက်တခြမ်းသုံး အောင်သိန်းလင်းကတရုပ်သတင်းဌာနကဘာသာပြန်လွဲတာပါဆိုပြီး အရှုးကွက်နင်းဖြေရှင်းပြီ။

သတင်းဌာနရဲ့ အင်တာဗျူးမေးမြန်းချက်မူရင်းလင့် တရုတ်ဘာသာနဲ့ http://www.infzm.com/content/78148မှာ ကြည့်နိုင်ပါတယ်

မြစ်ဆုံကိစ္စသဘောထားကို ပြည်သူသဘောထားနဲ့တသားတည်းပါဆိုဘဲ

“ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ”.........

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ”

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ”

ပြည်သူအားလုံးခင်ဗျား .................အောင်သိန်းလင်းရဲ့အင်တာဗျူး ကိုတရုပ်သတင်းဌာနက ဘာသာပြန်လွဲတာပါဆိုတာကို ဘယ်လိုများယုံရပါ့မလည်း...............
by- Aung pan

1 ပြည်သူကိုကိုယ်စားမပြုသော ပြည်သူ့ကိုယ်စားလှယ် -
ဆောင်းပါးရှင်-နိုင်မော်

ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီမှတဆင့် ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်ရာ သူ၏ ပြောဆိုပြုမူသည် သူကိုယ်စားပြုသောပါတီ၏ဂုဏ်သိက္ခာကိုပါများစွာထိခိုက်စေသောအပြုအမူ ပြောဆိုမှုပင် ဖြစ်ပါသည်။ မြစ်ဆုံကိစ္စကတရုတ်-မြန်မာဆက်ဆံရေးပျက်ပြားစေသည်မှာမသေချာ သော်လည်း“မြစ်ဆုံရေကာတာကို ဆောက်ကို ဆောက်ရမှာပေါ့” ဟု ပြောကြားခဲ့သော ကိုယ်စားလှယ်ကြီးသည်သာ ပြည်သူနှင့် ဆက်ဆံရေး ပျက်ပြား သွားနိုင်သည်ဟု ရှုမြင်ပါသည်။

ထို့ပြင် အဆိုပါပုဂ္ဂိုလ်ကြီးပြောခဲ့သော “အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြား အောင် လုပ်ခဲ့တာပါ” ဟူသောစကားရပ်သည်လည်း အထောက်အထား ခိုင်လုံမှုမရှိသည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု နှင့် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာမှုကို ဖြစ်စေနိုင်သည်ဟု ရှုမြင်ပါသည်။ မိမိ၏အပြောအဆိုကို ဆင်ခြင်သင့်ပါသည်။ သင်းကွဲ အောင်လုပ်သည့် သဘောထားမျိုး ဖြစ်နေသည်။
ဒီမိုကရေစီဟူသည် ပြည်သူကိုကိုယ်စားပြုသောစနစ်ဟုဆိုကြသည်။ ပြည်သူကိုယ်စားပြုသောစနစ် ဖြစ်သောကြောင့်လည်း လေးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများကျင်းပစေ၍ ပြည်သူများက သူတို့ကို ကိုယ်စားပြုသော အမတ်လောင်းများကို ရွေးချယ်တင်မြှောက်ကြ သည်။

ရွေးကောက်ပွဲကာလရောက်ပြီဆိုလျှင် ပြည်သူနားဝင်ချိုမည့်၊ ပြည်သူလိုလားသည့်စကားမျိုးကို ပြော၍ပင် စည်းရုံးဟောပြောကြသည်ကို တွေ့ရ မည် ဖြစ်သည်။ ထို့ကြောင့်လည်း Popular Vote ဖြင့် တက်လာသည်က များပေလိမ့်မည်ဖြစ်ရာ အပြောအဟောကောင်းသူများ၊ ကိုယ်ရည်ကိုယ်သွေး Talent ရှိသူများက အနိုင်ရသွားသည်က များသည်။

ဤသို့ဆိုလျှင် ပြည်သူတွေကသူတို့၏ဘဝကိုပုံအပ်၍ကိုယ်စားလှယ်များကို ရွေးချယ်ကြသလဲဟု မေးစရာရှိသည်။ ထိုအမေးကို ကျွန်တော့်၏ဆန်းစစ်ချက်အရ ဖြေရလျှင် ယုံကြည်မှုဖြင့် ရွေးသည်ဟု ဖြေရပေလိမ့်မည်။ ပြည်သူတွေက ဒီကိုယ်စားလှယ် လောင်းကတော့ ငါတို့တိုင်းပြည် ငါတို့လူမျိုးအတွက် ဆောင်ရွက်နိုင်မယ့်သူပဲဟု ရည်မျှော်မှန်းဆ၍ ရွေးချယ်ကြခြင်းပင် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ၊ မည်သည့်နည်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရလာသည်ဖြစ်စေ လွှတ်တော် အမတ်များသည် (တပ်မတော်သားကိုယ် စားလှယ်ဖြစ်ဖြစ်၊အရပ်သားကိုယ်စားလှယ်ဖြစ်ဖြစ်) ပြည်သူ့ကိုယ်စားလှယ်လောင်းများပင်ဖြစ်ရာ မိမိတို့သည် ပြည်သူကိုကိုယ်စားပြုရပေလိမ့်မည်။ ပြည်သူတို့၏ လိုလားချက်များ၊ ပြည်သူတွေ၏ လိုအပ်ချက်များ၊ ပြည်သူများ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြေရှင်းနိုင်ရန် ဝိုင်းဝန်း စဉ်းစားကြရပေ လိမ့်မည်။

တနည်းအားဖြင့် အမြော်အမြင်ရှိရမည်။ မိမိတို့၏ ပြုမူလုပ်ကိုင်ဆောင်ရွက်သမျှ ပြောဆိုမှုမှန်သမျှသည် ပြည်သူကို ကိုယ်စားပြုရပေလိမ့်မည်။ ၂၁ရာစုခေတ်သစ် တနည်းအားဖြင့် ကမ္ဘာတစ်ခုလုံးနှင့် ဆက်သွယ်နေရသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးတွင် လွှတ်တော်ကိုယ်စားလှယ်များ သည် နိုင်ငံတကာနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာကိစ္စများအတွက် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေရသည်ဖြစ်ရာ မိမိတို့၏ ပြောဆိုသမျှ သည် နိုင်ငံ၏ ပုံရိပ်ဖြစ်လာမည်ဖြစ်ရာ ပြောဆိုသမျှသည် သံတမန်ရေးရာကိစ္စဟူ၍ပင် ယူမှတ်ရမည်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသည်တက်ကြွသောအားမာန်အပြည့်ဖြင့် ခေတ်သစ်စနစ်သစ်သို့ဦးတည်လျက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုအင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အတွင်းရှိသက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ခေါင်းဆောင်အသီးသီးတို့သည် မိမိနိုင်ငံတိုးတက် ရေးအတွက် မည်သည့်နိုင်ငံနှင့်မဆို လက်တွဲ၍ ဆောင်ရွက်နေကြသည်။

နိုင်ငံတွင် နှစ်နှစ်ဆယ်ကာလပတ်လုံး လက်မတွဲနိုင်ခဲ့ကြသည့် အတိုက်အခံပါတီ NLD နှင့် အစိုးရတို့သည် ယနေ့ခေတ်တွင် လက်တွဲ၍ မတူ တာပယ်ပြီး မြန်မာပြည်သူနှင့် မြန်မာနိုင်ငံ၏အကျိုးကို ရှေးရှု၍ လက်တွဲဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက်လည်း နိုင်ငံတကာအလယ် တွင် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။ ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုမှ အထိုက်အလျောက် ဖြေလျှော့ပေးမှုများကို ရရှိခံစားလာရသည်။ မြန်မာသည် အပယ်ခံဘဝမှ နိုင်ငံတကာ၏ အရေးပေးဂရုစိုက်မှုကို ရရှိလာပြီဖြစ်သည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ပြတ်တောက်ခဲ့သော အမေရိ ကန်အပါအဝင် အင်အားကြီးနိုင်ငံများနှင့် ပြန်လည်ရင်ကြားစေ့နိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှုနှင့် ငြိမ်း ချမ်းရေးလမ်းကြောင်းပေါ်သို့ ရွှေ့နိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးဆိုလျှင် နိုင်ငံတကာကို သွားရောက်၍ပင် မြန်မာပြည်အကျိုးတွက် ဆက်သွယ် ဆောင်ရွက်နေသည်ကို တွေ့ရပေမည်။ နိုင်ငံရေးပါတီများဆိုလျှင်လည်း နိုင်ငံတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအချို့ စတင်မည့် ခြေလှမ်း များကို တွေ့နေကြရမည်ဖြစ်သည်။

ထို့သို့ လုပ်ဆောင်လျက်ရှိသော်လည်း မည်သည့်နေရာတွင်မဆို အဖျက်ပိုးမွှားများ၊ အဆိုးမြင်ဝါဒီများ ရှိစမြဲဖြစ်သည်။ ထို့နည်းတူ မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင်လည်း နောက်ကြောင်းပြန်လှည့်လိုသော၊ လက်နဲ့ရေးသည်ကို မစားရအမဲ သဲနဲ့ပတ်လိုသော အဖျက်အင်အားစုများ ရှိနေသည်။ တစ်စုံတစ်ဦးသည် အဖျက်သဘော ရှိ၊ မရှိကို ထိုသူ၏ ပြုမူပြောဆိုမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုသူ၏ စိတ်နေသဘာဝကို ထိုသူ၏ နှုတ်ထွက်စကား နိမိတ်ပြလျက် ရှိသည်။

ပြည်သူကိုယ်စားပြုကိုယ်စားလှယ်များထဲတွင်ပင် ထိုသို့သော လူမျိုးရှိနေသည်မှာ တိုင်းပြည်အတွက် ရင်လေးဖွယ်ရာ ဖြစ်တော့သည်။ ဤသို့ သောပုဂ္ဂိုလ်၏ အပြောအဆိုကိုကြည့်၍ ရွေးချယ်လိုက်သော ပြည်သူတစ်ယောက်အနေဖြင့် မိမိတို့ပေးခဲ့မိသော မဲကိုပင် နှမြောမိသည်။ မကြာမီကာလ အတွင်းက လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးက ပြည်ပမီဒီယာနှင့် အင်တာဗျူးတွင် ပြည်သူပေးသောမဲကိုမထောက် အမြော်အမြင်ကင်းမဲ့စွာ ဖြေကြား ထားသည်ကို တွေ့ရသည်။

အဆိုပါအင်တာဗျူးတွင် ထိုကိုယ်စားလှယ်တော်ကြီး ဖြေကြားသော မြစ်ဆုံကိစ္စ၊ မြန်မာ-အမေရိကန်သံတမန်ကိစ္စ၊ နိုင်ငံရေးအင်အားစုများကိစ္စ၊ ပြည်သူတို့၏ ရွေးချယ်တင်မြှောက်မှု အစရှိသည်တို့နှင့် ပတ်သက်၍ အမြော်အမြင်ကင်းမဲ့စွာ ဖြေကြားထားသည်ကို တွေ့ရမည်ဖြစ်သည်။

မြစ်ဆုံအရေး စဉ်းစားပေး

မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ အဆိုပါပြည်သူ့ကိုယ်စားလှယ်ကြီးက “ဆောက်ကိုဆောက်ရမှာပေါ့”ဟု ဖြေကြားခဲ့သည်။ ဤနေရာတွင် စဉ်းစားရ မည်မှာ ကျွန်တော်တို့အနေဖြင့် လက်ငင်းကိစ္စကို စဉ်းစားမည်လား၊ ရေရှည်အတွက်ကို စဉ်းစားမည်လား။ မြစ်ဆုံဆည်တည်ဆောက်ဖို့ စဉ်းစားမည်လား၊ ဧရာဝတီမြစ်ကြီး အစဉ်တည်တံ့ရေးကို စဉ်းစားမည်လား။ ထည့်သွင်းမြော်မြင်ဖို့လိုသည်။ ကျွန်တော်တို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားရာ တွင် Substainable ဖြစ်ဖို့ပါ ထည့်သွင်းစဉ်းစားရမည်။ ဧရာဝတီမြစ်ကိစ္စကို စဉ်းစားလျှင် ထိုမြစ်ကို အမှီပြုနေရသည့် ပြည်သူတို့၏ဘဝကို ထည့်စဉ်းစား ဖို့ လိုမည်ဖြစ်သည်။

သမ္မတကြီး၏ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာခါတွင် မရှေးမနှောင်းဆိုသလို မြန်မာနိုင်ငံ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြသည်။ ပြည်သူများက အနာဂတ်တွင် ပျောက်ကွယ်သွားနိုင်သည့် မြစ်ဧရာအတွက် စိုးရိမ်မိကြသည်။ ထိုသို့သော အခြေအနေတွင် ခေတ်သစ်စနစ်သစ်ကို စိတ်သစ်လူသစ်ဖြင့် ဖြတ်သန်းမည့် သမ္မတကြီးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံ၏ အဖိုးတန်ရေသံယံဇာတ မဆုံးရှုံးစေရန် မြစ်ဆုံဆည် စီမံကိန်းကို မိမိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်း ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် နိုင်ငံခေါင်းဆောင်တစ်ယောက်၏ မြော်အမြင်ရှိမှုကို တွေ့မြင်ရမည် ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည်ဒီမိုကရေစီအစိုးရ၏ပထမဆုံး ပြည်သူ့ဘက်ကရပ်တည်ချက်ပင် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေဖြင့် သူ့တိုင်းပြည်နှင့် သူ့ပြည်သူအကျိုး အတွက် အရေးပါသော ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့သည်ကို ကန့်ကွက်ကြလျှင် ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ပြည်သူ့ကိုယ်စားလှယ်ဟု ဆိုနိုင်ပါဦးမည်လော။ ပြည်သူ့ကိုယ်စားလှယ်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါဦးမည်လော။ ဆိုသည်ကို အဆိုပါ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပြောဆိုမှုများက သက်သေပြနေပေသည်။ ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီမှတဆင့် ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်ရာ သူ၏ ပြောဆိုပြုမူသည် သူကိုယ်စားပြုသောပါတီ၏ ဂုဏ်သိက္ခာကိုပါ များစွာ ထိခိုက်စေသောအပြုအမူ ပြောဆိုမှုပင် ဖြစ်ပါသည်။

တရုတ်-မြန်မာဆက်ဆံရေး


မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံပေါ် စိတ်ကွက်ခြင်း အနည်းနှင့်အများတော့ ရှိကောင်းရှိနိုင်သည်။ မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေနှင့်လည်း တရုတ်နိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ မြန်မာခေါင်းဆောင်များအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းချင်၍ တရုတ်နှင့် သဘောတူထားသောလုပ်ငန်းကြီးကို ရပ်ဆိုင်းခြင်း အိမ်နီးချင်း၏ ပျက်စီးရာပျက်ဆီးကြောင်း လုပ်ကိုင်ခဲ့ခြင်း မျိုး၊ အမေရိကန်ကို နှစ်သိမ့်ခြင်းမျိုး လုပ်ကိုင်ခဲ့ခြင်းမျိုးမဟုတ်။ ပြည်သူများ၏ မလိုလားသော၊ ပြည်သူစိုးရိမ်သော ကိစ္စတစ်ခုကိုဆက်မလုပ်ခြင်း၊မိမိ နိုင်ငံ၏သဘာဝအရင်းအဖြစ်များကိုထိန်းသိမ်းကာကွယ်ခြင်းသာ ဖြစ်သည်။ မြစ်ဆုံကိစ္စကတရုတ်-မြန်မာဆက်ဆံရေးပျက်ပြားစေသည်မှာမသေချာ သော်လည်း“မြစ်ဆုံရေကာတာကို ဆောက်ကို ဆောက်ရမှာပေါ့” ဟု ပြောကြားခဲ့သော ကိုယ်စားလှယ်ကြီးသည်သာ ပြည်သူနှင့် ဆက်ဆံရေး ပျက်ပြား သွားနိုင်သည်ဟု ရှုမြင်ပါသည်။ ထို့ပြင် အဆိုပါပုဂ္ဂိုလ်ကြီးပြောခဲ့သော “အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြား အောင် လုပ်ခဲ့တာပါ” ဟူသောစကားရပ်သည်လည်း အထောက်အထား ခိုင်လုံမှုမရှိသည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု နှင့် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာမှုကို ဖြစ်စေနိုင်သည်ဟု ရှုမြင်ပါသည်။ မိမိ၏အပြောအဆိုကို ဆင်ခြင်သင့်ပါသည်။ သင်းကွဲ အောင်လုပ်သည့် သဘောထားမျိုး ဖြစ်နေသည်။

အမေရိကန်အကူအညီများ


ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းကို လူတိုင်းက လိုလားသည်။ သို့ရာတွင် မှန်ကန်သော ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့ လိုသည်။ မှန်ကန်သော ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်သော နိုင်ငံ၊ အဖွဲ့အစည်း၊ လူကို လမ်းကြောင်းမှန်ပေါ်သို့ တင်ပို့ပေးရစမြဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် အခွင့်အလမ်းကောင်းများရှိနေသော ပထဝီအနေအထားတွင်ရှိခြင်းကြောင့် နိုင်ငံကြီးများအနေဖြင့် သူတို့၏ အကျိုးကိုကြည့်၍ ကူညီသည့်သဘော ပါနိုင်သည်မှာ မငြင်းနိုင်ပေ။ သို့သော် ထိုသို့သော အကူအညီတို့သည် “ဒေါ်အောင်ဆန်းစုကြည်အတွက်လာတာ” ဟုဆိုလျှင် တက်တက်စင်အောင် မှား ယွင်းပေလိမ့်မည်။

အမေရိကန်၏အကူအညီသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေးသည့်သဘောသာ ဖြစ်ပေသည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုတို့သည် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနှင့် ဖြစ်မလာနိုင်သလို၊ သမ္မတကြီးတစ်ဦးတည်းနှင့်လည်း ဖြစ်မလာနိုင်ပါ၊ နိုင်ငံ တွင် ပါဝင်ပတ်သက်နေသော Stakeholder များနှင့် အားလုံး ပူးပေါင်းဆောင်ရွက်သောကြောင့်သာ ဖြစ်လာရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ထင်ရှားခြင်းသည် ပြည်သူ့ကြောင့်ဖြစ်သည်။ သမ္မတကြီးဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံလာကြသည်မှာလည်း ပြည်သူတို့အတွက် ပြည်သူ တို့၏အခွင့်အရေးအတွက်ပင်ဖြစ်ရာအမေရိကန်၏ ထောက်ခံမှုသည်လည်းထို့အတွက်ကြောင့်ပင် ဖြစ်ပေသည်။ ပြည်သူ့အတွက်လုပ်ဆောင်နေသမျှအဆိုပါပုဂ္ဂိုလ်များကိုအများက ထောက်ခံနေမည်ဖြစ်ပြီး ပြည်သူအပေါ် စေတနာမမှန်သူတို့ကား အများ၏ငြိုငြင်မှုကို ခံရမည်သာ ဖြစ်သည်။

ပြည်သူကို စော်ကားသောအပြော

NLD အား ပြည်သူတို့ထောက်ခံမှုအပေါ် ပြည်သူတွေက ရူးနေတာပါ ဟုပြောလိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ သဘောထား၊ ရပ်တည် ချက်တို့ကို စော်ကားရာ ရောက်ပါသည်။ ပြည်သူ့ပါတီမှ ဗဟိုအမှုဆောင်တစ်ဦးအနေနှင့် မိမိတို့သည် ပြည်သူအတွက်လုပ်နေသည်၊ ပြည်သူဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူအတွက် ဆက်လက်လုပ်ဆောင်သွားရန်၊ ထည့်မစဉ်းစာပဲ ပြည်သူကို ပတ်ရမ်းခြင်းသည် မိမိအဖွဲ့အစည်းအတွက် မျက်နှာညှိုးငယ်စေ ပါသည်။

အတိတ်မှ သင်ခန်းစာယူ

မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးရေးကို နှောင့်နှေး အောင် လုပ်နိုင်ခဲ့သည့် အပြင်ပြည်တွင်းစစ်မီးလည်း တာရှည်စေခဲ့သည်ဖြစ်ရာ မှားပြီးသားအမှားမျိုး ထပ်မမှားဖို့ သင်ခန်းစာယူသင့်လှပေသည်။ အကယ် ၍ နိုင်ငံရေးအားပြိုင်မှုကြောင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးခရီး နောက်ကြောင်းပြန်လှည့်ခဲ့သည်ရှိသော် ကျွန်တော်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး နှင့် နောင်တတရားပင် ကျန်ခဲ့ပေလိမ့်မည် ဖြစ်သည်။

ထို့အတွက်ကြောင့် ပြည်သူကိုကိုယ်စားမပြုသော၊ ပြည်သူ့အသံအလေးမထားသော တစ်ဖက်စောင်းနင်းကိုယ်စားလှယ်များ မဖြစ်စေဘဲ တိုင်း ပြည်အတွက် ပြည်သူအတွက် ပြည်သူကို တကယ်တမ်း လက်တွေ့အကျိုးဆောင်ပြီး ပြည်သူ့ဘက်က ရပ်တည်မည့် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရပ်တည်ကြဖို့ လိုအပ်ကြောင်း စတုတ္ထမဏ္ဍိုင်မှ တာဝန်သိစွာ ထိန်းကျောင်း တည့်မတ်လိုက်ရပေသည်။

ပြည်သူ့ကိုယ်စားလှယ်များသို့

ပြည်သူ့ကိုယ်စားလှယ်များသည် တိုင်းပြည်နှင့်ပြည်သူတို့ အကျိုးကို ဆောင်ရွက်ရန် ယုံကြည်ချက်ဖြင့် ဝင်ရောက်ရွေးချယ်ခံသည်ကို ယုံကြည်ပါ သည်။ အဆိုပါယုံကြည်ချက်သည် လောကဓံတရားကြောင့် ပျက်ပြားသွားခြင်း မဖြစ်သင့်ပါ။ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ အပြောအဆို သည် မိမိနိုင်ငံနှင့် ပြည်သူအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမည်ဖြစ်သာကြောင့် အမြော်အမြင်ကင်းမဲ့သော ပြောဆိုမှုမျိုးကို ဆင်ခြင်သင့်လှပေသည်။ ပြည်သူကို ကိုယ်စားမပြုသည့် ပြည်သူ့ကိုယ်စားလှယ်များမဖြစ်ဖို့ အထူးသတိထားသင့်ကြောင်း---------------။

1 ဒေါက်တာတု ခင်ရွှေမှလယ်ယာမြေများကိုလယ်သမားများ အားပြန်လည်ပေးရန်မဖြစ်ကြောင်းလွှတ်တော်တွင်ပြောကြားသည်ကို နိုင်ငံပိုင်သတင်းစာတွင် ယနေ့ဖေါ်ပြ။

ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာတုခင်ရွှေကလယ်ယာမြေကိုစက်မှုဇုံစီမံကိန်းတည်ဆောက်ရန်အတွက် ၈၀ရာခိုင်နှုန်းပြီးနေ၍ လယ်သမားများကို ပြန်ပေးရန်မဖြစ်နိုင်ကြောင်း၊ လယ်သမားများသည် တစုံတဦး.........တဖွဲ့ဖွဲ့နှင့် ပြည်ပ/ပြည်တွင်းမီဒီယာများ၏ သွေးထိုးမြှောက်ပင့်မှုကြောင့် လယ်ယာမြေများပြန်တောင်းဆိုကြောင်း.......

Tuesday, July 24, 2012

0 မြန်မာ့ဆင်တွေနယ်စပ်စပ်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံသို့တရားမဝင်ရောင်းချ။

မြန်မာနိုင်ငံတောအုပ်တွေမှာကျက်စားနေထိုင်တဲ့ဆင်တွေကိုဖမ်းဆီးပြီးနယ်စပ်ဖြတ်ကျော်ကာထိုင်းနိုင်ငံသို့ရောင်းချနေမှုသည် အနာဂတ်မျိုးစိတ်ပျက်သုန်းရေးအတွက် စိုးရိမ်စရာများဖြစ်လာတော့မည်ဟု Ecologist Film Unit (EFU)သက်ရှိသတ္တဝါ၊တိရစ္ဆာန်၊သစ်ပင်စသည်တို့နှင့်ပတ်ဝန်းကျင်ဆက်စပ်မှုအခြေအနေကို လေ့လာသောပညာရှင်များအဖွဲ့စုံစမ်းပြီး ကြေညာလိုက်သည်။

ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုအလုပ်အကျွေးပြုနေရသော မြန်မာနိုင်ငံတောအုပ်များမှဆင်ပေါက်၊ဆင်မငယ်များကိုဖမ်းဆီးသည့်အရေအတွက်မှာ နှစ်စဉ်ကောင်ရေ ၅၀မှ ၁၀၀ကျော်မည်ဟု လေ့လာစုံစမ်းမှုမှတ်တမ်းများအရသိရသည်။ ထိုင်း-မြန်မာနယ်စပ်များတွင် ကမ္ဘာလှည့်ခရီးသည်ကျက်စားရာနေရာများ ဖြစ်လာသော ဆင်လေ့ကျင်ရေးစခန်း၊ ဆင်ပွဲတော်များကျင်းပခြင်းတို့ဖြင့် ကမ္ဘာလှည့်ခရီးသည်များစွဲဆောင်ထားနိုင်ခဲ့သည်။

နှစ်စဉ် သန်းနှင့်ချီသောအင်္ဂလန်ခရီးသွားဧည့်သည်များသွားရောက်လည်ပါတ်ကြပြီး အခြားနိုင်ငံများမှ ခရီးသွား များသည် လည်း နေ့စဉ်ထောင်နှင့်ချီ၍ လည်ပါတ်မှုများရှိကြောင်းသိရသည်။ ပညာရှင်များအဖွဲ့က နိုင်ငံတကာနှင့်သက်ဆိုင်သောအန္တရာယ်ရှိသောတရားမဝင်ရောင်းဝယ်မှုဆိုင်ရာတားဆီးပိတ်ပင်ရေးသဘောတူညီချက်ကို လေးစားလိုက်နာထိမ်းသိန်းရန်အတွက်ထိုင်းတာဝန်ရှိသူများကိုစတင်လှုံဆော်တိုက်တွန်းနေကြပြီဖြစ်သည်။

Ecologist Film Unit (EFU) အဖွဲ့မှလေ့လာမှတ်တမ်းတင်ထားသောဗီဒီယို -



Aung pan Facebook

0 အကုန်ရရင်ရ မရရင်ဘာမှမလိုချင်တဲ့ ၈၈ မျိုးဆက်တွေ

၈၈ မျိုးဆက်ကျောင်းသား အယောက် (၂၀)ကျော်ရဲ့  နိုင်ငံကူးလက်မှတ်လျှောက်ထားမှုမှာ လေးလနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် သက်ဆိုင်ရာမှပတ်စ်ပို့  ချထားပေးခြင်း မရှိသေးတာနဲ့  ပက်သက်ပြီး ကိုမြအေးက
"ပတ်စ်ပို့  မရသေးဘူး၊ တော်တော်ကြာပြီ လျှောက်ထားတာ" ဟု ပြောကြားသကဲ့သို့  ၈၈ ရုံးခန်းမှတာဝန်ရှိသူ တစ်ဦးကလည်း "ပတ်စ်ပို့ မရတော့ပြည်ပအဖွဲ့ အစည်းတွေက ဖိတ်ကြားထားတဲ့ ခရီးစဉ်တွေ ဖျက်လိုက်ရတာ
ရှိပါတယ်။ ဘာကြောင့် မရသလဲဆိုတာတော့ မသိဘူး" ဟု ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ ဝင်တစ်ဦးက အဆိုပါကိစ္စနှင့်ပက်သက်ပြီး "၈၈ မျိုးဆက်ကျောင်းသားတွေထဲက တချို့ ကို ပတ်စ်ပို့  ခွင့်ပြုဖို့ ရှိပေမယ့် အားလုံးမရရင် မယူဘူးလို့ 
သူတို့ ဘက်ကပြောတယ်လို့ သိရတယ်" ဟု ရှင်းလင်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပုံမှန်အားဖြင့် ပတ်စ်ပို့ လျှောက်ထားရာမှာ ပုံမှန်အားဖြင့် သုံးပတ် (၂၁ ရက်) ခန့် သာ ကြာမြင့်ကြောင်းသိရှိရပါတယ်။

(ဗီးနပ်စ်နယူး ဂျာနယ်သတင်းကို ကိုးကားဖော်ပြပါတယ်)

aung myo tun

2 ပြည်ပခိုးဝင်ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို အာရုံထားသလို အချိန်နဲ့တပြေးညီ အခွင့်အရေးယူ ၀ါးမျိုလာမဲ့ ပြည်မက တရုတ်ကိုလည်းသတိထားရမယ်

တစ်နှစ်ကို ပြည်တွင်းက နိုင်ငံတော်သူဌေးတစ်ယောက်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ အဲဒီ ပိုက်လိုင်းအသုံးပြုခွင့်ငွေအတွက် တရုတ်ဆီကရတဲ့ဝင်ငွေဟာ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာအတွက် ပေးဆပ်လိုက်ရတဲ့တန်ဘိုးတွေ၊ ငြိမ်းချမ်းရေးပျက်ပြားသွားတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့အတွက် စစ်အသုံးစရိတ်တွေ၊ ဒုက္ခပေါင်းစုံနဲ့ တိမ်းရှောင်နေတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ ဒုက္ခတွေ၊ ပိုက်လိုင်းနဲ့အပြိုင်ဖောက်မယ့် ကားလမ်း၊ ရထားလမ်းပြီးချိန်မှာ ရောက်လာမယ့် တရုတ်တွေရဲ့ ၀ါးမျိုမှုတွေနဲ့ ကာမိပါ့မလားဆိုတာ တွေးကြည့်ကြပေါ့ဗျား..။
အင်း .. လန်ဒန်အိုလံပစ်ကြီးနီးလာတာ့ သတိရမိတာက ၂၀၀၈ တရုတ်အိုလံပစ်မှာ အနုပညာအကြံပေး ဒါရိုက်တာအဖြစ် ကမ္ဘာကျော်ဒါရိုက်တာ စတီဗင်စပီးဘတ် ကို တရုတ်အစိုးရက ခန့်အပ်ချိန်မှာ စတီဗင် စပီးဘတ်က ငြင်းပယ်လိုက်တာကိုပါ..။ တရုတ်ဟာ အဲဒါကြောင့် အရှက်ကွဲခဲ့ပါသေးတယ်.။

ဘာ့ကြောင့်ငြင်းပယ်သလဲဆိုရင် ဆူဒန်နိုင်ငံ ဒါဖာဒေသက တိုက်ပွဲတွေကြောင့်ပါ..။ ဆူဒန်နိုင်ငံရဲ့ ရေနံကို စွမ်းအင်လိုအပ်ချက်ပေါ်လစီအရ တရုတ်က နည်းမျိုးစုံသုံးပြီးဝယ်တဲ့နေရာမှာ ဆူဒန်အစိုးရနဲ့ လက်နက်နဲ့ ရေနံနဲ့ လဲလှယ်ခဲ့ပါတယ်..။ အဲဒါကြောင့် ဆူဒန်ပြည်တွင်းစစ်ဖြစ်တော့ စစ်မီးဟာ မပြီးဆုံးနိုင်ပဲ လူမျိုးတုန်းသတ်ဖြတ်မှုများစွာနဲ့ သံသရာရှည်ခဲ့ပါတယ်..။ အနည်းဆုံး လူ နှစ်သိန်းလောက် သေခဲ့ပါတယ်..။

ဒါ့အပြင် နိုင်ငံတကာက ဒါကို ထောက်ပြခဲ့ပေမယ့် လုံးဝ မသိချင်ယောင်ဆောင်ခဲ့ပါသေးတယ်..။

အဲဒါကြောင့် စပီးလ်ဘတ်က တရုတ်ရဲ့ဖိတ်ခေါ်ခန့်အပ်မှုကို ငြင်းပယ်ခဲ့ခြင်းပါ။ ဒါပေမယ့် လက်ရှိ ဆူဒန်အစိုးရ သမိုင်းစာအုပ်တွေမှာ တရုတ်ရဲ့ အခန်းကဏ္ဍ မပါသလို ထိန်ဝှက်ထားခဲ့ပါတယ်.။

အဲဒါကိုကြည့်ပြီး ကျွန်တော့်မျက်စိထဲမှာ ကချင်ဒေသက ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ယောင်လာသလို တပ်မတော်နဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး စတင်ပျက်ပြားခဲ့တဲ့ ၂၀၁၀ က အကြောင်းတွေကို သတိရလာပါတယ်.။ မြစ်ဆုံကို သမ္မတရပ်ဖို့ ဆုံးဖြတ်ပြီးပြီးချင်းမှာ ရှစ်လုံး ပျာယီးပြာယာ တရုတ်ကိုပြေးတာတွေ၊ ရွှေမန်းကြီး တရုတ်ပြည်သွားတုန်းက တရုတ်ဘက်က မြစ်ဆုံကိစ္စကို အသက်ပြန်သွင်းဖို့ ပြောဆိုတာတွေ သတိထားလာမိပါတယ်..။

နောက်ပြီး ကေအိုင်အေနဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားတဲ့ ရွှေသဘာဝဓာတ်ငွေပိုက်လိုင်း/တိုက်ပွဲပြ မြေပုံနဲ့
အောင်သိန်းလင်းရဲ့ မလေးမစား ကြိမ်းဝါးသံတို့ကို တရုတ်မီဒီယာတွေမှာ ဖတ်ရတဲ့အခါ လက်ရှိ ဘင်္ဂလီကို အာရုံထားနေတာကို နည်းနည်းလျှော့လေ့လာမိလာပါတယ်..။

အဲဒီပိုက်လိုင်းအတွက် မြန်မာနိုင်ငံက တစ်နှစ်ကို ဒေါ်လာ သန်းနှစ်ဆယ်တောင် ၀င်ငွေမရှိပေမယ့် ပင်လယ်ကို ပတ်ပြီး ရေနံသယ်နေရတဲ့ တရုတ်အတွက် တစ်နှစ်ကို ဒေါ်လာသန်းထောင်ချီ သက်သာစေပါတယ်..။

ဘင်္ဂလီကိစ္စအတွင်းမှာ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းအတွက် လယ်သမားများ လယ်ယာမဲ့ဖြစ်ကုန်သလို သိမ်းယူမှုတွေများပြားလာပါတယ်.။ အစိုးရကို အခွန်မဆောင်တဲ့ တရုတ်ပိုင် ရွှေတွင်းအလုပ်သမားတွေ ဆန္ဒပြလာပါတယ်..။ နောက်ပိုင်း ဖြစ်လာတဲ့ ဆန္ဒပြမှုအများစုက လုပ်ငန်းရှင်အားလုံးက ပြည်မက တရုတ်တွေပါပဲ..။ ဘင်္ဂလီကိစ္စ စတင်ပေါ်ပေါက်ချိန်ကစပြီး ရန်ကုန် စက်မှုဇုံနေရာသစ်တွေနဲ့ မန္တလေးမှာ တရုတ်တွေ ငွေကိုင်ပြီး မြေကစားလာကြပါတယ်..။ ပြည်တွင်းက မြေယာဥပဒေမှာ မြေ၀ယ်နိုင်ရင် ငွေဖြူ ဖြစ်လာပါတယ်..။ မြစ်ဆုံကို ပြန်စဖို့ ရွာတွေကို စည်းရုံးလာပါတယ်..။ ကျွန်တော်တို့ ဘင်္ဂလီကို အာရုံထားနေချိန်မှာ တရုတ်တွေ ငြိမ်မနေပါဘူး.။


မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားတဲ့ ပိုက်လိုင်းကြီးနဲ့ ကား၊ ရထားလမ်းဟာ တစ်ချိန်မှာ ကိုယ့်နိုင်ငံကို တောင်မြောက် ဆူဒန်လို စည်းခြားထားမှာလား၊ အဲဒီလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို တရုတ်တွေ ၀ါးမျိုစိုးမိုးထားမှာလား ဆိုတဲ့အတွေးကို ကြံကြံဖန်ဖန် တွေးမိပါတော့တယ်.။

တစ်နှစ်ကို ပြည်တွင်းက နိုင်ငံတော်သူဌေးတစ်ယောက်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ အဲဒီ ပိုက်လိုင်းအသုံးပြုခွင့်ငွေအတွက် တရုတ်ဆီကရတဲ့ဝင်ငွေဟာ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာအတွက် ပေးဆပ်လိုက်ရတဲ့တန်ဘိုးတွေ၊ ငြိမ်းချမ်းရေးပျက်ပြားသွားတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့အတွက် စစ်အသုံးစရိတ်တွေ၊ ဒုက္ခပေါင်းစုံနဲ့ တိမ်းရှောင်နေတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ ဒုက္ခတွေ၊ ပိုက်လိုင်းနဲ့အပြိုင်ဖောက်မယ့် ကားလမ်း၊ ရထားလမ်းပြီးချိန်မှာ ရောက်လာမယ့် တရုတ်တွေရဲ့ ၀ါးမျိုမှုတွေနဲ့ ကာမိပါ့မလားဆိုတာ တွေးကြည့်ကြပေါ့ဗျား..။

အဲဒီတော့ ကျွန်တော်တို့ဟာ ဘင်္ဂလီကုလားကိစ္စကို အာရုံထားသလို အချိန်နဲ့တပြေးညီ အခွင့်အရေးယူ ၀ါးမျိုလာတဲ့ ပြည်မက တရုတ်ကိုလည်း လုံးဝ လွှတ်ပေးလို့မရကြောင်း .. သက်သေပါပဲ..။

ကျွန်တော်တို့က ဘာနဲ့တူသလဲဆိုရင် ရှေ့မှာ ကုလားနဲ့ ထဘီစွန်တောင်စွဲပြီး ရန်ဖြစ်နေတုန်း တရုတ်က နောက်က မုဒိန်းကျင့်နေတာကို မသိလိုက်တဲ့ တိုင်းရင်းသူ မိန်းမတစ်ယောက်နဲ့ တူနေပြီဗျ..။

ကိုရန်အောင်(Yan Aung Facebook)

1 ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများ ဖြစ်သည့်ကိစ္စ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို ခေါ်ယူမေးမြန်း

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌအား မင်္ဂလာဒုံမြို့နယ်မှူးမှ ဇေကမ္ဘာမန်နေဂျာဦးမြင့်ဇော်မှ တရားရုံးတွင် လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူမေးမြန်း

ပါတီဥက္ကဌ ဦးနေမျိုးဝေမှ ဇေကမ္ဘာကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများ ဖြစ်သည့်ကိစ္စတွင် သူ့အနေဖြင့် ဂျာနယ်စာမျက်နှာများတွင် တရားဝင်ဖော်ပြထားသည်တို့ကို ကိုးကား၍ ဥပဒေကြောင်းအရ နိုင်ငံတော်အနေဖြင့် သိမ်းယူခြင်းမဟုတ်သည်ကိုလည်ေးကာင်း၊ အိုးအိမ်ဌာနမှ လန(၃၉) ချပေး ထားခြင်းမရှိသည်ကိုလည်းကောင်း အခိုင်အမာစုံးစမ်း၍ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်းဖြင့်ရှင်းလင်း ပြောကြားခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးမှလည်း ၎င်းတို့အနေဖြင့်လည်း စုံစမ်းသိရှိပြီး ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။



www.peaceanddiversity.org

0 ဦးသိန်းစိန်ထံမှ ကာကွယ်ပေးမည့်အာမခံချက်ရရှိရန် ထိုင်းစီးပွားရေးရပ်ကွက်လိုလား

(Bangkok Post မှ 22 July 22 2012 ရက်စွဲပါ “Buisiness Sector Wants Protection guarantees from TheinSein” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကာအကွယ်ပေးမှုလုပ်ငန်းကို မြန်မာအစိုးရက ဘယ်လိုခိုင်မာအောင် ဆောင်ရွက်မှာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန်၏ခရီးစဉ်ကို အပြည့်အဝအသုံးချဖို့ လိုပါတယ်။

မြန်မာသမ္မတသည် ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ယနေ့ရောက်ရှိလာပြီ။

မြန်မာသမ္မတသည် သူစီစဉ်ထားသော ထိုင်းနိုင်ငံခရီးကို နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ခဲ့သည်။ ပြီးခဲ့သောမေလကုန် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့မီဒီယာများက အာရုံအပြည့်စိုက်နေချိန်ကာလအတွင်း တစ်ကြိမ် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် ချေင်ဘူရီရှိလိမ်ချာဘန်ရေနက်ဆိပ်ကမ်းသို့ ယနေ့သွားရောက်လည်ပတ်မည်ဖြစ်ပြီး မနက်ဖြန်တွင် ဝန်ကြီးချုပ်ယင်လပ်စ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်မည်ဖြစ်သည်။ နေပြည်တော်မပြန်မီ အင်္ဂါနေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်မည်။

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြဖွယ်ရှိသည့်ကိစ္စတစ်ခုမှာ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်တွင် မြန်မာ့မြေပေါ် ကျုးကျော်နေထိုင်မှုဖြင့် ဖမ်းဆီးခံနေရသော ထိုင်းလူမျိုး ၉၂ ဦး၏ အမှုကိစ္စဖြစ်ပြီး အချို့မှာလက်နက်ကိုင်ဆောင်မှု မူးယစ်ဆေးဝါးမှုများဖြင့် ပတ်သက်နေသည်။

အိမ်နီးချင်းနှစ်နိုင်ငံသည် ကဏ္ဍများစွာပူးပေါင်းဆောင်ရွက်ရေးအပေါ် သဘောတူညီမှုများရရှိထားပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ပြောင်းရန် ကြိုးစားပြီးနောက်ပိုင်းပေါ်ထွက်လာသော ရင်းနှီးမြှုပ်နှံမှု အလားအလာများကြောင့် ယင်းကိစ္စ အဖြူ၊ အမဲ သဲကွဲစေရန်နှင့် လက်တွေ့ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ကာကွယ်ရန်အတွက်လမ်းဖောက်ရန် ထိုင်းရင်းနှီးမြှုပ်နှံသူများက ထိုင်းအစိုးရအား ဦးသိန်းစိန်၏ ခရီးစဉ်ကို အခွင့်အလမ်းအဖြစ် အသုံးပြုစေလိုသည်ဟု သိရှိရသည်။

“အဲဒီမှာအင်အားကြီးကုမ္ပဏီတွေက တံခါးခေါက်နေကြပြီဆိုတော့ တစ်ခြားရင်းနှီးမြှုပ်နှံသူတွေလိုပဲ ကျွန်တော်တို့ ထိုင်းတွေလည်း ရင်ခုန်သံ မြန်နေကြတာပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကာကွယ်ပေးမှာလဲဆိုတာ အပါအ၀င် တရားဝင်အထောက်အထားတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်အသစ်ကိုမဝင်ခင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးမယ့် စည်းမျဉ်းတွေ သဲသဲကွဲကွဲရှိရပါမယ်။”ဟု ထိုင်းစီးပွားရေး ရပ်ကွက်က ဆိုသည်။

ဗီယက်နမ် ပုဂ္ဂလိကကုမ္ပဏီများ ခြေကုတ်မမြဲမီ Industrial Estate Authority of Thailand က အရင်ရောက်ရှိနေခဲ့သည့်အတိုင်း ယခု တစ်ကြိမ်တွင်လည်း အစိုးရကဦးဆောင်ရန်လိုအပ်သည်ဟု ထိုင်းစီးပွားရေး ရပ်ကွက်ကပြောကြားသည်။

မြန်မာနိုင်ငံ၌ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀.၃ ဘီလျှံ(၄၉.၇%)ဖြင့် တရုတ်နိုင်ငံက ဦးဆောင်နေပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉.၅ ဘီလျံ(၂၃.၄%)ရှိသော ထိုင်းနိုင်ငံက ဒုတိယအကြီးဆုံးကုန်သွယ်ဘက်အဖြစ် ရပ်တည်နေသည်ဟု မြန်မာနိုင်ငံ တရုတ်သံရုံး၏ အဆိုအရသိရသည်။

စင်ကာပူ SingaporeInstitute of South East Asia Studies မှ သုတေသနပညာရှင် မိုက်ကယ်မွန်တီဆာနိုက ဦးသိန်းစိန်၏ခရီးစဉ်သည် ထိုင်းအစိုးရနှင့် ချစ်ကြည်မှုတည်ဆောက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ကျေစေရန်နှင့် ၎င်းသည် နိုင်ငံအကြီးအကဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံအား သတိပေးရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟုယူဆကြောင်း ပြောကြားသည်။

ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်မှာ ထင်ရှားနေတဲ့ ရလဒ်တွေဟာ ထိုင်းနိုင်ငံအပေါ် အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဟာ အရင်ကနဲ့မတူတော့ပဲ စီးပွားဘက်တွေ အများကြီးရှိလာတော့မယ်ဆိုတာကို ထိုင်းနိုင်ငံက သဘောပေါက်ဖို့လိုပါတယ်ဟု မွန်တီဆာနိုက ဆိုသည်။

အခြားဆွေးနွေးဖွယ်ရှိသည့်ကိစ္စများထဲတွင် ထိုင်းနိုင်ငံက တောင်းဆိုထားသော ပရာချွတ်ကရီယန်၊ ကန်ချနာဘူရီ၊ မဲဟောင်ဆောင်နှင့် ချင်းမိုင်တွင် နယ်စပ်စစ်ဆေးရေး ဂိတ်လေးခု ဖွင့်လှစ်ရေးကိစ္စ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော နှေးကွေး၍စရိတ်ကြီးသည့် နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးကိစ္စ ဒေါ်လာ ၈.၆ ဘီလျံတန် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများ ပါဝင်သည်ဟု သိရသည်။

နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများနှင့် ပြည်ပရောက် မြန်မာနိုင်ငံရေးသမား အုပ်စုများကလည်း သမ္မတဦးသိန်းစိန်နှင့် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး ဖိအားပေးရန် ထိုင်းနိုင်ငံကို တောင်းဆိုထားကြသည်။

မြန်မာ့နိုင်ငံရေး အကဲခတ်လေ့လာသူအချို့ကမူ ထိုင်းနိုင်ငံသည် ဦးသန်းရွှေ သို့မဟုတ် ဦးသိန်းစိန်အစိုးရ ငြိုငြင်သည့်ကိစ္စများကို ရှောင်ရှားမည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်မှာ အကျိုးအမြတ်ရရှိရေးကိစ္စကိုသာ အာရုံထားလိမ့်မည်ဟု မှတ်ချက်ပေး ပြောဆိုထားသည်။

yangonchronicl

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.