Saturday, May 1, 2010

0 ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်နေမှု ဥပဒေနှင့် ကိုက်ညီခြင်းမရှိ

ကြံ့ဖွတ်ပါတီခေါင်းဆောင်လုပ်ပြီး ၀န်ကြီးချူပ်ရာထူးဖြင့်လည်း ဘိလပ်မြေစက်ရုံဖွင့်ပွဲသို့သွားရောက်နေသည့် ဦးသိန်းစိန်
(ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်အနေဖြင့် ၀န်ကြီးချုပ် ရာထူး ဆက်လက်ကိုင်စွဲထားခြင်းသည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် ကိုက်ညီခြင်းမရှိကြောင်း တခြားသော ပါတီများက ဝေဖန်မှုများရှိနေသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဦးသိန်းစိန်ပါ(၂၇) ဦးသည် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ”ကို မှတ်ပုံ တင်ခွင့် လျှောက်ထားကြောင်း ဖော်ပြထားပြီး ဦးသိန်းစိန်သည် ၀န်ကြီးချုပ်ရာထူးဖြင့် ဘိလပ်မြေစက်ရုံဖွင့်ပွဲ တက်ရောက်နေသည် ကိုလည်း တွေ့ရှိရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ်(၄)တွင် ပါတီတည်ထောင်လိုသူများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု ပါရှိ သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီမှ ဦးအေးလွင်က“စစ်တပ်က နားလိုက်ရုံနဲ့ သူက ၀န်ထမ်းမဟုတ် တော့ ဘူးလား၊ ၀န်ကြီးချုပ် ဆိုတာ တိုင်းပြည်ရဲ့ အမြင့်ဆုံးဝန်ထမ်းမဟုတ်ဘူးလား၊ မှတ်ပုံတင်ဖို့ လျှောက်ကတည်းက အစိုးရ ၀န်ထမ်းမဖြစ်ရဆိုတဲ့ အချက် ပါတယ်ဗျ၊ အခုဟာကတော့ ၀န်ကြီးချုပ်ဆိုတာ နိုင်ငံ ၀န်ထမ်း မဟုတ်ဘူးလို့ မြင်ပြီးလုပ်နေသလား မသိဘူး"ဟု ပြောသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကလည်း ပါတီခေါင်းဆောင်သည် ၀န်ကြီးချုပ်ရာထူးဆက်လက် ရယူထားသည့်အပေါ် ရှင်းလင်းမှုမရှိဟု ပြောဆိုသည်။

“ဖဆပလ ခေတ်တုန်းကတော့ ၀န်ကြီးတွေက ရွေးကောက်ပွဲဝင်နိုင်တယ်လေ၊ အခုဟာကတော့ ဘယ်လိုသဘောလဲမရှင်းဘူး၊ ကျနော်တို့ ပါတီ တည်ထောင်ခွင့် အတွက် လျှောက်လွှာသွားတင်ရင်း ဒီအချက်တွေကို မေးသွားဖို့ရှိပါတယ်"ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)သည် ပါတီ ဖွဲ့စည်းလာလိမ့်မည် ဆိုသည်ကိုမူ မြန်မာ့နိုင်ငံရေး အသိုင်း အ၀ိုင်း က ကြိုတင် မှန်းဆထားကြပြီးဖြစ်ကြောင်းလည်း ဦးသုဝေက ပြောသည်။

“ဒီလိုပဲလုပ်မယ်ဆိုတာကို ကျနော်တို့တွက်ပြီးသားပါ။ ဒါပေမယ့် ကြံ့ခိုင်ရေးဆိုတဲ့ နာမည်သုံးတာကိုတော့ ကျနော်တို့ သိပ်မကြိုက် ဘူး၊ ဘာဖြစ်လို့ ဒီနာမည်ယူသုံးသလဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဆိုတာ လူမှုရေးအသင်းအဖွဲ့ကြီးပါလို့ သူတို့ အစဉ်တစိုက် ပြောခဲ့တာ ရှိတယ်လေ"ဟု ဦးသုဝေက ဆက်လက် ပြောဆိုသည်။

ကြံ့ဖွံ့သင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအသင်း အမည်ခံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်း ဆောင်များသည် ကြံ့ဖွံ့ ၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။ ယင်းကြံ့ဖွံ့အသင်းအဖွဲ့ဝင်များတွင် အစိုးရ၀န်ထမ်းများ ၊ ကျောင်း သားများလည်း ပါဝင်သည်။

၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များကို စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ကြံ့ဖွံ့က ဦးဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တွင် ၀န်ထမ်းများ ၊ ကျောင်းသားများ ပါဝင်လာနိုင်ဖွယ် ရှိမရှိကိုလည်း တခြားသော နိုင်ငံရေး ပါတီများက စောင့်ကြည့်နေကြကြောင်း သိရသည်။

ယခုကဲ့သို့ စစ်အစိုးရအဖွဲ့ဝင်များ အရပ်သားအသွင်ပြောင်းကာ ပါတီဖွဲ့လိုက်ခြင်းသည် အနာဂါတ်နိုင်ငံရေးဖြစ်စဉ်တွင် အရပ် သားများ၏ အခန်းကဏ္ဍမရှိသလောက်ဖြစ်သွားရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင် က ပြောဆိုသည်။

0 ရဲဘော် မောင်မောင်ငြိမ်း (ခ) ကဗျာဆရာကိုငြိမ်းလူရဲ့ နောက်ဆုံးခရီး ဈာပန ပုံရိပ် မှတ်တမ်း


ကဗျာဆရာကိုငြိမ်းလူ ရဲ့ နောက်ဆုံးကဗျာလေးပါ.....

ပြောင်းခင်းထဲက နေ(သို့) ရင့်မှည့်စေသောစာမျက်နှာ

ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာတူတာပဲလား

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား

ထိတာနဲ့
ရုန်းဖို့လား
အနီလားအစိမ်းလာ

ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား

ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည်ခွင့်မရတာ
အပြစ်လား

ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့

တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်

အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲ့စက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်...
တိုက်လိုက်ပါ

ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျာကို ကောင်းကောင်း ပြောပြလိမ့်မယ်

ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ပင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့

မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်

ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်

အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ........။

ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ ဘဝထဲမှာ......
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်......။

ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ

Australian Burmese Community Journal အတွဲ(၁) အမှတ်(၁၀)မေလထုတ်အတွက်
ကိုငြိမ်း(ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။ ဒါဟာကဗျာဆရာ ငြိမ်းလူ ရဲ့ နောက်ဆုံး
ကဗျာဆိုလဲ မမှားပါဘူး
ဓာတ်ပုံနှင့်ကဗျာပေးပို့သူ။ ။ မမြတ်လေးငုံ

0 မြိတ်ခရိုင်မိသားစုနှစ်ပတ်လည်မိတ်ဆုံစားပွဲအား တိုကျိုမြို့သို့သီချင်းဖျော်ဖြေရန်ရောက်ရှိလာသော အဆိုတော်များတက်ရောက်ဆင်နွဲ


သတင်းဓာတ်ပုံ။ ။ စိုးသီဟ ၊သန့်မျိုးထွေး(moethaukkye)
သတင်း-သန့်မျိုးထွေး

ဂျပန်နိုင်ငံရောက်မြိတ်မြို့နယ်သားများစုပေါင်းဖွဲ့စည်းထားသည့် "မြိတ်ခရိုင်အသင်း"၏ နှစ်ပါတ်လည်မိတ်ဆုံစားပွဲကိုယနေ့နေ့လည် (၁)နာရီက တိုကျိုမြို့၊အီကဲဘူကုရိုးရှိဗဟိုမီးသတ်အဆောက်အဦး၏ (၆)ထပ်ခန်းမတွင် ကျင်းပရာ အသင်းသူအသင်းသားများနှင့်ဧည်သည်များအပြင်လိုက်ဖ်ရှိုးပွဲအတွက် ဖျော်ဖြေရန်ရောက်ရှိနေသည့် ပြည်တွင်းအဆိုကျော်များပါ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

ဂျပန်ရောက်မြိတ်မြို့သူမြို့သားအချင်းချင်းပြန်လည်တွေ့ဆုံ၍အချင်းချင်းရိုင်းပင်းကူညီကြရန်၊မိမိတို့မြို့ရွာကိုပြန်လည်ကူညီနိုင်ရန်နှင့်မြိုတ်မြို့၏ပရိဟိတလှုမှုရေးလုပ်ငန်းများကိုကြိုးစားဖြည့်ဆည်းဆောက်ရွက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အသင်းအတွင်းရေးမှူးဦးတင်မောင်ညီမှ ရှင်းလင်းပြောပြသည်။

"မြို့မြို့မှာရှိတဲ့ ပရဟိတဂေဟာတွေက အဖေခေါ်စရာမရှိတဲ့ ကလေးတွေကို ကျနော်တို့က မွေးစားအဖေ၊ မွေးစာအမေတွေအဖြစ် ခံယူနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်၊ လူဆိုတာကလည်း တဦးတယောက်တည်း ရပ်တည်လို့မရပါဘူး၊ အပေါင်းအသင်းမိတ်ဆွေရှိမှ ပါတ်ဝန်းကျင်ဆိုတာမျိုးရှိမှ ရပ်တည်လို့ရပါတယ်၊ အဲ့ဒိအပေါင်းအသင်းဆိုတာကလည်း ရင်ထဲက ခံယူချက်ခြင်းတူမှ ပေါင်းသင်းလို့ရတာပါ၊ ဟန်ဆောင်တယ်ဆိုရင် အကြာကြီးရပ်တည်လို့မရပါဘူး၊ ခံယူချက်ခြင်းတူမှ ရေရှည်လက်တွဲသွားလို့ရတာပါ၊ ဒီဗော်လံတီယာလုပ်ငန်းဆိုတာ ကိုယ့်အိတ်ထဲက စိုက်ထုတ်နိုင်မှ လုပ်လို့ရတာပါ၊ အဲ့လိုခံယူချက်ခြင်းတူတဲ့ ညီလေးတွေ၊ ညီမလေးတွေအများကြီးလည်းရပါပြီး။ ကျေးဇူးလည်းတင်ပါတယ်။ ၀မ်းလည်သာပါတယ်ဗျာ။"ဟု အသင်းရေရှည်ရပ်တည်ရေးအတွက် လူမှုရေးခံယူချက်အကြောင်းကို ဦးတင်မောင်ညီမှပြောဆိုသွားသည်။

ယခုပွဲသို့ ဂျပန်တွင်ကျင်းပမည့်လိုက်ဒ်ရှိုးဖျော်ဖြေပွဲအတွက် ရောက်ရှိနေသည့် ၀ါရင့်ဂီတအဆိုကျော် ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီနှင့်မြိုတ်မြို့သူတဦးဖြစ်သည့် သရုပ်ဆောင်နှင့်အဆိုတော်ဇူးဇူးမောင်အပြင် ကီးဘုတ်ပလေယာဥက္ကာဦးသာနှင့် Metal Zone Bandမှ လိဒ်ဂစ်တာသမားဇော်လတ်တို့က တက်ရောက်ဆင်နွှဲအားပေးခဲ့ကြပြီး တက်ရောက်လာသူအားလုံးကို မြိတ်ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယင်းနောက်တွင်ခိုင်ထူးမှစတင်၍ဂျပန်ရောက်မြန်မာများအတွက်၎င်း၏နံမည်ကျော်"အိမ်အလွမ်း"သီချင်းဖြင့်စတင်သီဆိုပေးပြီးနောက် ဖြူဖြူကျော်သိန်းမှ"အချစ်တဲ့လား"သီချင်းနှင့်လည်ကောင်း သီဆိုပေးခဲ့သလို ရှင်ဖုန်းတို့မှလည်း အလှည့်ကျဖျော်ဖြေပေးခဲ့ပြီး အဆုံးပိတ်တွင် ဘယ်လိုမှမရိုးနိုင်သည့် "မန်းတောင်ရိပ်ခို"သီချင်းကို အားလုံးစုပေါင်းဝိုင်းဝန်းသီဆို၍ ဂျင်းနီနှင့်ဇူးဇူးမောင်တို့က အကဖြင့်ကပြဖျော်ဖြေပေးခဲ့ကြသည်။

မြိတ်ခရိုင်အသင်းတွင် ဂျပန်နိုင်ငံ၌ အမျိုးမျိုးသောနယ်ပယ်အသီးသီးတွင် ပညာသင်ယူအလုပ်လုပ်ကိုင်နေသည့် မြိုတ်မြို့သူမြို့သား စုစုပေါင်း(၃၀)ဦးဖြင့် ဖွဲ့စည်းထားပြီး စတင်တည်ထောင်ပြီးသည့် တနှစ်တာကာလအတွင်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ရန် ရံပုံငွေရှာဖွေခြင်းအဖြစ် လိုက်ဒ်ရှိုးပွဲတင်သွင်းကျင်းပခြင်း၊ အပျော်ခရီးထွက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ယခုတဖန် မြိုတ်မြို့တွင် ပရိယတ္တိစာသင်တိုက်ကြီးတခု ပေါ်ပေါက်ရေးအတွက် လိုက်ဒ်ရှိုးပွဲတခုကို မနက်ဖြန် မေလ(၂)ရက်နေ့တွင် တိုကျိုမြို့၌ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

0 စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစား ယူခဲ့သူများ စာရင်း

အောက်ပါစာရင်းတွင်ပါဝင်သော ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့်အပေါင်းပါများမှာ စစ်ဘောင်းဘီချွတ်ပြီး ဒီပဲယင်းအရေးအခင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီလိုလားသူများအားသတ်ဖြတ်ရန် စီစဉ်ခဲ့သည်ဟုနာမည်ဆိုးဖြင့်ကျော်ကြားသည့် ကြံဖွံ့(ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး)အသင်းအဖြစ်ရွေးကောက်ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။






































စဉ်အမည်မူလရာထူး
ဗိုလ်ချုပ်ကြီးသိန်းစိန် ၀န်ကြီးချုပ်
ဗိုလ်မှူးကြီးဇော်မင်း လျှပ်စစ် ၁ ဝန်ကြီး
ဗိုလ်မှူးချုပ်သိန်းဇော်ဆက်သွယ်ရေးဝန်ကြီး
ဗိုလ်မှူးချုပ်တင်နိုင်သိန်းစီးပွားကူးသန်း
ဗိုလ်ချုပ်ခင်မောင်မြင့်လျှပ်စစ် ၂
ဗိုလ်မှူးချုပ် သန်းဌေးစွမ်းအင်
ဗိုလ်မှူးချုပ် ဘုန်းဆွေပြည်ထဲရေးဒုဝန်ကြီး
ဗိုလ်ချုပ် ဉာဏ်ဝင်း နိုင်ငံခြားရေးဝန်ကြီး
ဗိုလ်ချုပ် စိုးနိုင် ဟိုတယ်ခရီးဝန်ကြီး

၁၀
ဗိုလ်ချုပ် မောင်ဦး
ုပြည်ထဲရေးဝန်ကြီး
၁၁ ဗိုလ်ချုပ် မောင်မောင်ဆွေ လူမှုဝန်ထမ်း ကယ်ဆယ်နေရာချထားရေး


၁၂ ဗိုလ်ချုပ် လှထွန်း ဘဏ္ဍာအခွန်ဝန်ကြီး



၁၃ ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် မြိုတော်ဝင် မန္တလေး



၁၄ ဗိုလ်မှူးချုပ် ကျော်အောင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး


၁၅ ဗိုလ်မှူးချုပ် ဝင်းအောင်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး


၁၆ ဗိုလ်မှူးချုပ်ညီထွန်းဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး


၁၇
ဗိုလ်မှူးချုပ်စိုးဦး
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး


၁၈ ဗိုလ်ချုပ် ကျော်စွာခိုင် စက်မှု ၂ ဒုဝန်ကြီး


၁၉ ဗိုလ်ချုပ် အေးမြင့် ကာကွယ်ရေုးဒုဝန်ကြီး

၂၀
ဗိုလ်မှူးကြီးကျော်ကျော်ဝင်း
နယ်စပ်ဒေသ ဖွံ့ဖြိုးရေး

၂၁
ဗိုလ်မှူးကြီးသန့်ရှင်း
ဝန်ကြီးချုပ်ရုံးဝန်ကြီး

၂၂ ဒုဗိုလ်မှူးကြီးဝင်းကို
ရှေ့နေချုပ်ရုံး

စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၆-၄-၂၀၁၀ ရက်စွဲပါ စာအမှတ် ၂၀ ရာထူး(၆) ၂၀၁၀ အရ တပ်မတော် (ကြည်း)တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့်ပြုလိုက်သူ​များ

0 အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကမ္ဘာ့အလုပ်သမားနေ့(Mayday)ကြေညာစာတမ်း။




Friday, April 30, 2010

0 ပါတီမဖျက်ရေး တားဝရန်းထုတ်ရန် အန်အယ်ဒီ တရားရုံးသို့ လျောက်ထား

ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားရုံးချုပ်သို့ အတိုက်အခံ ပါတီအမတ်များက ယနေ့ ဦးတိုက် လျှောက်ထားလိုက်ကြသည်။

အတိုက်အခံ ပါတီကြီးသည် မှတ်ပုံတင်ထားသော ပါတီဖြစ်ကြောင်းနှင့် စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံများ မှတ်ပုံတင်ခြင်း ဥပဒေက ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံမတင်လျှင် အလိုအလျောက် ပျက်ပြယ်သွားမည် ဆိုခြင်းကို ကန့်ကွက်သောအားဖြင့် တရားရုံးက တားဝရန်း ထုတ်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်း အလိုအလျောက် ပျက်ပြယ်သည်ဆိုခြင်းက ထိခိုက်နစ်နာမှု ဖြစ်သောကြောင့် တရားရုံးက အမတ်များ၏ ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြု ကြေညာပေးရန်နှင့် လွှတ်တော်ခေါ်ယူပေးရန် လျှောက်ထားလိုက်ကြခြင်း ဖြစ်သည်။ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က နံနက် ၁၁ နာရီချိန်တွင် သွားရောက် လျှောက်ထားခဲ့ကြခြင်း ဖြစ်ပြီး လျှောက်ထားချက် အဆိုပြုလွာများကို ၁ နာရီချိန်တွင် တရားရုံးချုပ်မှ ဒု ညွန်ကြားရေးမှူး ဒေါ်စုငယ်က လက်ခံထားလိုက်သည်။

အန်အယ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအဝင် လွှတ်တော်အမတ် ၂၆ ဦးက တရားရုံးသို့လျှောက်ထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားရေးအရ ရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။

တရားရုံးသို့လျှောက်ထားသူများတွင် အန်အယ်ဒီ ပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေး အငြင်းပွားမှုတွင် မှတ်ပုံတင်လိုသော လူနည်းစုဘက်မှဖြစ်သော စမ်းချောင်းမြို့နယ်အမတ် ဦးခင်မောင်ဆွေ၊ ကျောက်တန်းမြို့နယ်အမတ် ဒေါက်တာသန်းငြိမ်းတို့လည်း ပါဝင်သည်။

အမှုများကို တရားရုံးက လက်ခံသင့် မသင့်ကို မနက်ဖြန် မွန်းလွဲ ၁ နာရီတွင် အမိန့်ချမည်ဟု ချိန်းဆိုလိုက်ပြီး လက်ခံစဉ်းစားလျှင် အမှုတခုချင်း သီးခြားရင်ဆိုင်ရမှာဖြစ်သည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင် အန်အယ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် အန်အယ်ဒီက ၃၉၂ နေရာ အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်သည်။

အန်အယ်ဒီက တရားရေးအရ ရင်ဆိုင်သော်လည်း မြန်မာနိုင်ငံ၏ တရားရုံးများမှာ အစိုးရ အလိုကျ ဆုံးဖြတ်သော တရားရုံးများ ဖြစ်သဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက ပြောသည်။။

ဦးဥာဏ်ဝင်းကတော့ ” ကျနော်တို့ ပြောချင်တာက တရားဥပဒေအရ လုပ်ပိုင်ခွင်တရှိတာ ဥပဒေဘောင်ထဲက လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ်မယ်။” ဟုပြောသည်။

ရွေးကောက်ပွဲဥပဒေများ တရားမျှတမှုမရှိ ဆိုကာ အန်အယ်ဒီက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှကျန်ရစ်သော နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပါတီ ၄ ခုသာလျှင် ပြန်လည်မှတ်ပုံတင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မေလ ၆ ရက်နေ့မတိုင်မီ ပါတီဟောင်း ပါတီသစ်များ မှတ်ပုံတင်ရမှာဖြစ်ပြီး ကျော်လွန်သွားလျှင် ပါတီပျက်မှာ ဖြစ်သည်။

0 ကရင်ဒုက္ခသည် ၁ သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည် ထွက်ပြေးလာနိုင်

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်သည့် အချို့ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော် (DKBA)နှင့် စစ်အစိုးရအကြား တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ရွာသား ၁သောင်းခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာနိုင်သည်ဟု လူသားချင်းစာနာထောက်ထားသည့် အကူအညီ ပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

ဧပြီလ ၂၇ရက်နေ့ညမှ ၂၈ရက်နေ့အထိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ရွာသား ၃၀၀ကျော်သည် ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့ တောင်ပိုင်းရှိ ဝေါ်လေကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် အဆိုပါ လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။

ယနေ့သည် စစ်အစိုးရက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် DKBA ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး သတ်မှတ်ရက် နောက်ဆုံးဖြစ်သည့်အတွက် DKBA ခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး အသွင်ကူးပြောင်းရေးကို လက် ခံသည့် ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခ တိုးပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

စစ်တပ်၏ကြိုးကိုင်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းမည့် DKBA တပ်ကို နယ်ခြားစောင့်တပ်အသွင်ဖွဲ့စည်းရန် လက်ခံသဘော တူမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထိုသဘောတူညီမှု၏ နောက်ဆက်တွဲအဖြစ် ဒေသခံရွာသားများကို အဓမ္မ စစ်သားစု ဆောင်းမှုများ ပြုလုပ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခုလို အငြင်းပွားဖွယ်ရာ နယ်ခြားစောင့်တပ်(BGF)ကို လက်ခံမည့် DKBA ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်အပေါ် ၎င်းတို့ အဖွဲ့မှ ကျန်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်သားများကလည်း ကျေနပ်မှုမရှိဟု သိရသည်။

စစ်တပ်က ၎င်းတို့လိုလားသည့် BGF အသွင်ပြောင်းရေးကို သေချာမှုရှိစေရန် DKBA နယ်မြေတွင် စစ်တပ်က အင်အားပြသည့် အနေဖြင့် တပ်ရင်း ၁၀ခုကို ဧပြီ ၂၇ ရက်နေ့ ညနေက ထပ်မံ ပို့ဆောင်ထားကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ယခုလို BGF အသွင်ပြောင်းရေး ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သည့်အပြင် DKBA အဖွဲ့အတွင်း ၂ ဖွဲ့ဖြစ်နေသည့် အနေအထား ရှိနေပြီး ၎င်းတို့အတွင်း ပဋိပက္ခဖြစ်ရန် သေချာနေကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“DKBA အဖွဲ့ထဲမှာ အော်တိုမက်တစ် ၂ခြမ်းကွဲလာနိုင်တယ်။ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့အဖွဲ့တွေက ကျနော်တို့ BGF ကို လက်မခံရင် သူတို့နဲ့ တိုက်ပွဲတွေ ဖြစ်နိုင် တယ်။ လက်ခံသူတွေက ကရင်လူထုတွေ ပိုပြီးဒုက္ခပိုမိုခံစားမယ်လို့ အငြင်းပွား ပြော နေကြတယ်။ ဒါပေမယ့် ကျနော်တို့ ကရင်လူထုတွေက ဒုက္ခခံစား နေကြပြီးသား ပါ”ဟု ပြောသည်။

ယခုသတင်းကို ရေးသားနေချိန်တွင်ပင် လူသားချင်း စာနာကူညီပေးရေးအဖွဲ့၊ ဆေးဝန်ထမ်းများနှင့် ကရင်ခေါင်းဆောင်များ သည် ထိုင်းနယ်စပ်ကို လတ်တလော ရောက်ရှိလာနိုင်သည့် ဒုက္ခသည် ၁သောင်းခန့်ကို ၀န်ဆောင်ပေးကြရမည်ဟု ပြောဆိုခဲ့ ကြသည်။
သတင်း ။ ။ ကေအိုင်စီ

Thursday, April 29, 2010

0 (၈၁)ကြိမ်မြောက်(မေဒေး)အလုပ်သမားနေ့ချီတက်ပွဲအခမ်းအနား ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများပူးပေါင်းပါဝင် (ဓာတ်ပုံမှတ်တမ်း)


(၈၁)ကြိမ်မြောက် (မေဒေး)အလုပ်သမားနေ့ချီတက်ပွဲအခမ်းအနားကို တိုကျိုမြို့yoyogiပန်းခြံမှာ ယနေ့ကျင်းပပြုလုပ်ခဲ့ကြရာ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် FWUBC ၊ နှင့်အတူ ဂျပန်ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများမပါဝင်နိုင်အောင်ပြုလုပ်ထားပြီးစစ်အစိုးရမှ စိတ်ကြိုက်ရေးဆွဲထားသော တရားမျှတမှုမရှိသည့်အခြေခံဥပဒေ။ တရားမျှတမှုမရှိသော (၂၀၁၀)ရွေးကောက်ပွဲကို အသိအမှတ်မပြုကြပါနဲ့ဆိုတဲ့ စာသားရှည်ကိုဆွဲကိုင်ပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အခမ်းအနားကို ဂျပန်ဝန်ကြီးချုပ် YUKIO Hatoyama ကိုယ်တိုင်တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်သူပေါင်း ၃သောင်း၃ထောင်ခန့်ရှိကြောင်း ဂျပန်သတင်းဌာနမှကြေငြာသွားခဲ့ပါသည်။
ဓာတ်ပုံမှတ်တမ်း။ ။ ဦးသန်းဝင်း

0 ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ရဲစခန်းမှာ အသေခံဗုံးခွဲမှုဖြစ်ပွား


ပြီးခဲ့သည့်ရက်ပိုင်းက ကယားပြည်နယ် ဒီမောဆိုဘက်မှ လာသော လူ(၂)ဦးအား ရဲတွေက ဆိုင်ကယ်သူခိုးလို့ မသင်္ကာမှုဖြင့် လွိုင်ကော်မြို့ မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စခန်းတွင် စစ်ဆေးမေးမြန်း နေစဉ် ၎င်း၏ ခန္တာကိုယ်ထဲ တွင် အသင့်ပါလာသည့် ဆပ်ပြာဗူး အရွယ် ပစ္စည်း လေးများ အား ရဲလက်သို့အပ်မည့်ပုံစံပြုလုပ်ပြီးနောက် စနက်တန်ဖြုတ်၍ပေါက်ကွဲခြင်းဖြစ်ပွားကြောင်းသိရှိရပါသည်။ ဖောက်ခွဲသူမှာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားပြီး ဒုရဲအုပ်မှာ လက်တဖက်ပြတ်သွားပြီး အခြား(၃)ယောက်မှာ ဆေးရုံသို့အရေးပေါ်ခေါ်ဆောင်သွားပါသည်။ ဒီမောဆို ဈေးထဲ ဗုံးခွဲရန် ကြံစည်နေသူ မှာ နှစ်ဦး ဖြစ်ပြီး၎င်းနှင့်ပါသောအဖော် တဦးမှာ ဗုံးပေါက်ကွဲစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

ယခု ဗုံးပေါက်ကွဲမှု သည် ဧပြီလ အတွင်း ခုနှစ်ကြိမ်မြောက် ဗုံးပေါက်ကွဲ မှု ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့ မြန်မာ
သင်္ကြန် အကြတ်နေ့ ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် မြို့ နယ်၌ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် အနည်းဆုံး လူနှစ်
ဆယ်ကျော် သေဆုံးပြီး တစ်ရာ ကျော် ဒဏ်ရာရရှိသည်။

ဧပြီလ အတွင်း ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအ၀င် ၊တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်အေးရှားဝေါလ် ဂိတ် နှင့် ကော့ကရိတ် မြို့ နယ် တို့ တွင် လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

သတင်းနှင့် ဓာတ်ပုံအတွက် dawbote အားကျေးဇူးတင်ရှိပါသည် ။
အောက်ပါပုံများမှာ အမျိုးသမီးများ (သွေးထွက်သံယိုထိတ်လန့်တတ်သူများ)မကြည့်သင့်သောပုံများပါ၍ မကြည့်သင့်ပါ။



0 ရန်ကုန်မြို့မှ အင်တာနက် ဆိုင်များတွင် (စအဖ)မှ အမျိုးသမီးငယ်များအား ဆိုင်ဝန်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်း မြုပ်နှံထားခြင်း


အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့
လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း
ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။
(ဒီမိုဝေယံ)

0 ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်းအခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်က ပြောကြား လိုက်ပါသည်။

“အပစ်ရပ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ နိုင်ငံရေးစကားဝိုင်းမရောက်ဘဲ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အသွင်ပြောင်းဖို့ဘဲ နအဖက တဘက် သတ်ပြောနေတာ။ လက်မခံရင် အင်အားသုံးမယ်လို့တောင် အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်လာမှာမလွဲဘူး” - ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ် ကပြောပါသည်။

လွယ်တိုင်းလျဲန်း အခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်

နအဖ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုဘဲ စစ်အင်အားသုံး၍ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ခြေမှုန်းလိုသောကြောင့် နိုင်ငံရေးပြဿနာဖြေရှင်းသည့် နည်းလမ်းကောင်း မဟုတ် သဖြင့် တိုင်းပြည်ပြဿနာ ပိုမိုရှုပ်ထွေးလာစေမည်သာဖြစ်ကြောင်း - စ၀်ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။

“နအဖ က သူ့မဟာဗျူဟာအတိုင်းသူလုပ်မှာဘဲ၊ ပြည်သူအရေးစဉ်းစားမှာမဟုတ်ဘူး၊ တိုင်းရင်းသား ပြည်သူလူထု တိုးတက်ကြီးပွားမှာ၊ တိုင်းပြည်သာယာစိုပြေမှာကို သူမလိုလားဘူး၊ မိမိမွေးရပ်ကနေစွန့်ခွါကြလေ သူကကြိက်လေဘဲ၊ တိုင်းရင်းသားပိုင်ရေမြေတွေကို အပိုင်ရဖို့က စစ်အုပ်စုရဲ့ အဓိကမဟာဗျူဟာဘဲ” - ဟု စ၀်ယွက်စစ်က ဆက်ပြော ပါသည်။

တိုင်းရင်းသားများ စည်းရုံးညီညွတ်မှုရမည်ကို နအဖ အင်မတန်စိုးရိမ်နေကြောင်း၊ မိမိအမျိုးသားကောင်းစားရေးအတွက် သာကြည့်ပြီး နအဖ ဖျားယောင်းသွေးဆောင်မှုနောက် လိုက်မည်ဆိုပါက အားလုံးရေတိမ်နစ်မည်မှာ မလွဲကြောင်း၊ စည်းရုံးညီညွတ်မှုဖြင့် လက်တွဲအဖြေရှာကာ စစ်အုပ်စု၏ ဖိနှိပ်မှုရန် တွန်းလှန်မှသာလျှင် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူအခွင့်အရေးရရှိနိုင်မည်၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို နအဖ သတိမူစေရမည်ဟု ပြောကြားခဲ့ပါသေး သည်။

ထို့အတူ SSA ခေါင်းဆောင်စ၀်ယွက်စစ်က တိုင်းရင်းသားလူမျိုးစုများအားလုံး နေရပ်မှ စွန့်ခွါခြင်းသည် ပြဿနာဖြေရှင်း သည့် နည်းလမ်းမှန်မဟုတ်သည့်အပြင် စစ်အုပ်စုအသိုင်းအ၀ိုင်းတို့ အစားထိုးနေရန် ရှောင်တိမ်းပေးသကဲ့သို့ဖြစ်နေ ကြောင်း၊ ထို့ကြောင့်မွေးရပ်မြေမှစွန့်ခွာခြင်းမပြုဘဲ သေတူ ရှင်မကွဲ ရရာလက်နက်စွဲကိုင်ပြီး လွတ်မြောက်ရေးတိုက်ပွဲ ၀င်ကြဖို့ရန် ပြောကြားခဲ့ပါသေးသည်။

SSA ခေါင်းဆောင် စ၀်ယွက်စစ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌဖြစ်၏။ ထို့ပြင် သျှမ်းပြည်တိုင်းရင်း သားများတန်းတူအခွင့်အရေးအတွက်ရှေ့တန်းတင်ပြီး သျှမ်း၊ ပအိုဝ်း၊ ၀ ၊ အခါ၊ လားဟူ နှင့် အခြားတိုင်းရင်းသားများပါ ၀င်သည့် သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းစဉ်ကလည်း ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သည်။
(သျှမ်းသံတော်ဆင့်)

0 စစ်တပ်နောက်ခံ ပါတီတွေကြောင့် အရပ်ဘက် နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှု အားနည်းနိုင်


(၂၈ ရက်နေ.သတင်းစာ) မှာဆရာတော်ကြီးတွေကို သာသနာ့ဘွဲ.တံဆိပ်တွေဆက်ကပ်လှူဒါန်းပူဇော်ပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် ဆိုပြီးရေးထား
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးရာထူး ယူထားတဲ့ စစ်ခေါင်းဆောင်ပိုင်းတွေ စစ်တပ်က ယူနီဖောင်း ချွတ်လိုက်တာကြောင့် သူတို့ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ဖွဲ့လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ယူဆနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်ဟာ သူတို့ သတ်မှတ်ထားတဲ့အတိုင်း ၂၅% တင် မဟုတ်ဘဲ ပါလီမန်ထဲမှာ နေရာအပြည့် သူတို့လူတွေကို ထည့်ထားမယ့် အစီအမံ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု ဗုဒ္ဓဟူးနေ့ အစိုးရ သတင်းစာတွေမှာတော့ ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ ဖော်ပြထားတာမို့ ၀န်ကြီးအဖွဲ့ အတွင်းက စစ်အရာရှိတွေ ယူနီဖောင်း ချွတ်ကုန်ပြီဆိုတဲ့ သတင်း အတည်ပြုပေးလိုက်သလို ရှိပါတယ်။ စောင့်ကြည့် အကဲခတ်တွေကတော့ စစ်အစိုးရဘက်က ကြံ့ခိုင်ရေးအဖွဲ့အပြင် နောက်ထပ် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ အနည်းဆုံး ၃ ခုလောက် ဖွဲ့စည်းလာနိုင်တယ်လို့ တွက်ဆကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ အရင် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် ကတည်းက အခုလို စစ်တပ်က ယူနီဖောင်းချွတ်ပြီး အရပ်ဘက် အစိုးရမှာ ပါဝင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ မြန်မာစစ်တပ်မှာ အလေ့အထလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။“စစ်တပ်က သူတို့ အချိန်တန်လို့ အနားယူတာပဲလား၊ သို့မဟုတ်ရင်လည်း စစ်တပ်ကနေ ထွက်မယ်၊ ဒါပြီးရင် အချိန်တန်လို့ရှိရင် ၀န်ကြီးတွေ ခန့်ပြီးတော့ ပါတီတို့ ဘာတို့ သွားပြီးတော့ စည်းရုံးရေးတွေ လုပ်မလား။ ဒီလို တွက်စရာပါ။ ကျနော်တို့ အသက်နည်းနည်းကြီးတဲ့ လူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်တုန်းက ဆိုရင် မဆလခေတ်မှာ ဒီလိုဟာမျိုးတွေ လုပ်ခဲ့တာပါပဲဗျာ။ ဦးနေ၀င်း အပါအ၀င်ပေါ့။ ကျနော်ကတော့ အဲဒီခေတ်တုန်းက ဘာပြောလဲဆိုရင် ဘောင်းဘီချွတ်ပြီး တောင်ရှည်ဝတ်တယ် ဆိုတဲ့ဟာပေါ့။”

အခုလို အလားအလာကြောင့် ဘဏ္ဍာရေးအရရော၊ လူအင်အားအရပါ အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အရပ်ဘက် နိုင်ငံရေးပါတီတွေ အဖို့တော့ စစ်တပ်က နောက်ခံပေးတဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ အားနည်းသွားနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးဝင်းတင်ကလည်း ဒီသဘောပါပဲ။ လာမယ့် ပါလီမန်ထဲကနေ အရပ်သားအစိုးရ ဖြစ်လာလိမ့်မယ်လို့ သူက မယူဆပါဘူး။

“အစိုးရဆိုလည်း တချို့ မှန်းတဲ့လူတွေ၊ ရွေးကောက်ပွဲဝင်တဲ့ လူတွေ ကြားထဲမှာ မှန်းထားတာတွေ ရှိတာပေါ့ဗျာ။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်၊ သူတို့ ပြောပြောနေတဲ့ Political Stage တို့ ဘာတို့က ကျယ်လာမယ်၊ ဘာညာပေါ့ဗျာ။ ပြောတဲ့သူတွေ အဖို့က ဘာပဲပြောပြော သူတို့အဖို့ နေရာကို မရှိဘူး။ သူတို့ ချောင်ကပ်နေရင်တောင်မှ ကပ်လို့ ရပါ့မလား မသိဘူး။ နံရံကပ်ပြီးပေါက်တဲ့ ညောင်ပင်လိုပဲ ဖြစ်နေမလား။ နေရာမှ ရှိပါ့မလားလို့ အဲဒီလိုပဲ တွက်ရမယ်ထင်တယ်။

“အဲတော့ အခု သူတို့လုပ်မယ့်ဟာ ဒီအတိုင်းဆိုရင် စစ်တပ်ဟာ သူတို့ဟာသူတို့ စစ်တပ်က ၂၅% ယူတာတင် မကတော့ဘဲ နောက်ထပ် အုပ်စုလိုက်၊ အုပ်စုလိုက် ထွက်ပြီးတော့ သူတို့တွေရဲ့ ပါတီတွေ၊ သူတို့တွေရဲ့ အစုအဖွဲ့တွေ ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ကြဦးမယ် ဆိုရင်တော့ မြန်မာပြည်ရဲ့ ရှေ့အနာဂတ် နိုင်ငံရေးဟာ သူတို့တွေ အခုပြောနေတဲ့ ဒီမိုကရေစီ ဘာညာ ဆိုတာတွေနဲ့၊ သို့မဟုတ်ရင်လည်း စည်းကမ်းရှိသော ဒီမိုကရေစီပေါ့ဗျာ၊ သို့မဟုတ်ရင်လည်း နဖားကြိုးတပ်သော ဒီမိုကရေစီပေါ့ဗျာ၊ အဲဒါတွေနဲ့ကတော့ အတော့်ကို ဝေးတယ်။ ဒီမိုကရေစီဆော် နံဖို့ ဆိုတာတော့ အတော်ဝေးတယ်။ စစ်ဆော်နံဖို့ပဲ ပိုပြီးတော့ များတယ်။ အရပ်သား အစိုးရလို့ ပြောနိုင်လောက်တဲ့ အနေအထားတောင်မှ မရှိဘူး။ စစ်ဗိုလ်တွေ ပါဝင်တာပဲ ရှိဖို့များတယ်။ အဲဒီလိုပဲ ပြောလို့ရမယ်လို့ ကျနော်တော့ ထင်တာပဲ။”

၁၉၉၀ ရွေးကောက်ပွဲတုန်းက တကယ်တမ်းဆိုရင် စစ်တပ်က ကြားနေအနေနဲ့၊ ခုံသမာဓိ အနေနဲ့ နေခဲ့ပါတယ်။ ဘယ်သူမှ သူတို့ ၀င်ပြိုင်တာ မရှိဘူး။ ပြိုင်တယ်ဆိုတာ အရင် မဆလက အသွင်ပြောင်းလာတဲ့ တစညတို့ ဘာတို့ပဲ ရှိတယ်။ အခုအနေအထားက စစ်တပ်က ပုဂ္ဂိုလ်တွေကိုယ်တိုင် ၀င်ပြိုင်ဆိုင်မယ့် အနေအထားမှာ ဖြစ်နေတဲ့အတွက် တကယ်တမ်း စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ကြားနေဆိုတဲ့ အဆင့်အတန်း ရောက်ပါ့မလား။

“မရှိပါဘူးခင်ဗျာ။ ဒါ သိပ်ကိုထင်ရှားပါတယ်။ ထင်ရှားတယ်ဆိုတာ အခု ရွေးကောက်ပွဲ အစီအမံတွေ ကြည့်ပါ။ ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်လာပုံတွေ ကြည့်ပါ။ ရွေးကောက်ပွဲ ဒိတ်တွေ ဘာတွေ မကြေညာဘဲနဲ့ သူတို့ ထင်သလို စီမံနေတာကြည့်ရင် စစ်တပ်က ကြားနေမဟုတ်ဘူး။ သူတို့ ဘယ်လိုပြိုင်မလဲ၊ ပြိုင်ရုံတင် မဟုတ်ဘူး၊ သူတို့ ဘယ်လိုနိုင်မလဲ ဆိုတာပါ တွက်နေကြတယ်။ ဘယ်လိုပြိုင်မလဲ အထိကတော့ ကျနော်က ပြိုင်ပါစေ၊ ပြိုင်ပေါ့။

“အခုတော့ သူတို့က ဘယ်လိုနိုင်မလဲပါ ကြည့်နေတယ်ဗျ။ ဟိုတုန်းကလို ကြားနေဆိုတဲ့ အစိုးရ သဘောမျိုး၊ ကြားနေပြီး တိုင်းပြည်ရဲ့ ရွေးကောက်ပွဲတွေ ဘာတွေ ကြီးကြပ်ပေးတယ်ဆိုတဲ့ အနေအထား လုံးဝ မရှိပါဘူး။ ဒါ တော်တော် ထင်ရှားပါတယ်။ ရှင်းပါတယ်။ အဲတော့ ဒီစစ်အစိုးရက စစ်ဗိုလ်တွေကပဲ ဒီအထဲမှာ ၀င်ပြီးတော့ ပြိုင်တာပါပဲ။ နိုင်ငံရေးပါတီတွေ ထောင်၊ ထောင်ဖို့လုပ်နေတာ၊ အခု သူတို့ပါတီတွေ ဘယ်တော့ဖွဲ့မလဲ မသိဘူး၊ ကြံ့ခိုင်ရေးပါတီလား၊ ဘာလား ဒီလိုဟာတွေက ထွက်လာဦးမယ်။”

၂၀၁၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီ အများစုကတော့ စစ်အုပ်ချုပ်ရေးကနေ တဆင့်ပြီးတဆင့် အသွင်ပြောင်းရမယ်လို့ ခံယူထားကြတာ တွေ့ရပါတယ်။ စစ်အစိုးရ နောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အဖို့တော့ ဘဏ္ဍာရေးအရပါ ပြည့်စုံဖွယ် ရှိတာမို့ လာမယ့် ၂၀၁၀ အကုန်မှာ ပါလီမန်ထဲ အရပ်သားစစ်စစ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ နေရာယူနိုင်မလဲဆိုတာ စောင့်ကြည့် အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။(VOA)

0 ကွတ်ခိုင်တပ်သို့ ဗုံးခြိမ်းခြောက်စာရောက်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၄၅ သို့ ဗုံးခွဲတိုက်ခိုက်မှုဆိုသော ခြိမ်းခြောက်စာတစောင် ပို့ခံရသည်ဟု တပ်နှင့်နီးစပ်သူတဦးက ပြောသည်။

ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း အမည်ဖြင့် စာအိတ်တအိတ်ကို အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တဦးက တပ်ရင်းဂိတ်ဝရှိ ဂိတ်စောင့်အား ယခုလ ၂၆ ရက်နေ့က လာရောက်ပေးသွားခဲ့သည်။ စာထဲတွင် တပ်ဝင်းကို ဗုံးခွဲတိုက်ခိုက်မည်ဟု ရေးသားထားသည်ဟု သိရသည်။

“ဂိတ်စောင့်ကလည်း စာလာပေးတဲ့လူကို တခါမှ မမြင်ဖူးဘူးလို့ ပြောတယ်။ ဗျူဟာမှူးကို သွားပေးတော့ သူလည်းဖတ်ပြီး တပ်ဝင်းတဝင်းလုံး ဗုံးခွဲမယ့် သတင်းရလို့ လုံခြုံရေး ဂရုစိုက်ဖို့ မှာထားတယ်လို့ ပြောတယ်” ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ဗျူဟာမှူးက တပ်မိသားစုများနှင့် ဝန်ထမ်းများအား သတိထားနေကြရန်နှင့် တပ်တွင်း အဝင်အထွက်ကို ပိုမိုစိစစ်ရန် မှာကြားထားသည်။

ခြိမ်းခြောက်စာလာပို့သူကို ရှာဖွေလျက်ရှိပြီး ကွတ်ခိုင်မြို့အထွက်ရှိ မူဆယ်၊ နမ့်ခမ်းဘက်သို့သွားသည့် စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ ဝင်ရောက်လာသူများကို မှတ်ပုံတင်နှင့်တကွ အိတ်များကိုပါ ဖွင့်စစ်ဆေးမှုများ ပိုမိုပြုလုပ်လျက်ရှိသည်။

စာပို့ခြိမ်းခြောက်သူမှာ အစိုးရဆန့်ကျင်ရေးအဖွဲ့များ သို့မဟုတ် အခွန်အကောက် ပြိုင်ကောက်နေကြသော နီးစပ်ရာရှိ အခြားသော တပ်မတော် တပ်ရင်းများက ဖြစ်နိုင်သည်ဆိုသော တွက်ဆနေကြသည်။

ယခုလ ၁၅ ရက်နေ့မှစတင်၍ ဗုံးပေါက်ကွဲသော သတင်းများ မကြာခဏ ပေါ်ထွက်နေရာ အင်္ဂါနေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက် ၃ဝ နှစ်ခန့် သံသယရှိသူတဦးကို ရဲက စစ်ဆေးနေစဉ် ဗုံးဖောက်ခွဲလိုက်သဖြင့် ထိုသူသေဆုံးသွားပြီး ရဲ ၄ ဦး ဒဏ်ရာရသွားခဲ့သည်ဟု AFP သတင်းတပုဒ်တွင် ပါရှိသည်။

၂၃ ရက်နေ့က မနက်ပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့တွင် ဗုံးဟု ထင်ဟပ်စေနိုင်သော အထုပ်တထုပ်ကို တွေ့ရှိခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ နယ်မြေခံရဲများ ဦးစွာရောက်ရှိလာခဲ့ပြီး ဆေးရုံကြီး အရေးပေါ်ဌာန ရှေ့တည့်တည့်ရှိ ဧရိယာအား ပိတ်ဆို့ရှာဖွေခဲ့သည်။

မိုင်းရှင်းလင်းရေးအဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးကြည့်သည့်အခါ တရုတ်နိုင်ငံထုတ် တိုင်ကပ်နာရီတလုံးဖြစ်ကြောင်း သိရသည်။

ယခုလအစောပိုင်းက ကချင်ပြည်နယ်တွင် မြစ်ဆုံဆည်စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများကြောင့် အင်ဂျင်နီယာတဦး ဒဏ်ရာရခဲ့သည်။

ယခုလ ၁၅ ရက်နေ့က ရန်ကုန်သင်္ကြန်ပွဲတွင် ဗုံး ၃ လုံး ပေါက်ကွဲရာ ၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ၁ဝ ဦး သေဆုံးပြီး၊ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။

Wednesday, April 28, 2010

0 စစ်ဗိုလ်ချုပ် ၂၃ဦး ဘောင်းဘီချွတ်ပြီး လူယောင်ဆောင် ကြံ့ဖွံ့ပါတီထောင်တော့မည်

နအဖ ဝန်ကြီးချုပ် နှင့် အခြားဝန်ကြီး ဒုဝန်ကြီးများ ပါဝင်သော ထိပ်တန်းအဖွဲ့ဝင်များသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် သူတို့၏ စစ်ဘက်ဆိုင်ရာ ရာထူးများမှ မနေ့က ညဥ့်နက်ပိုင်းတွင် နှုတ်ထွက်သွားကြပြီဟု နအဖ အရာရှိတဦးကပြောပါသည်။
အမည်ထုတ်ဖေါ်ရန် ငြင်းဆန်သော ထို နအဖ အဆင့်မြင့် အရာရှိက ယခုအခါ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဦးသိန်းစိန်ဟု ခေါ်ဆိုရတော့မည်ဟု ဆိုပါသည်။ ၄င်းက ဆက်လက်ပြောဆိုရာတွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်း ၂၃ဦးတို့သည် သူတို့၏ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နှုတ်ထွက်ခဲ့ကြသည်ဟု ဆိုပါသည်။ သူတို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ရမည့် မေလ ၆ ရက်နေ့ မတိုင်မှီ ပါတီအဖြစ် ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်လိမ့်မည်ဟုလည်း ပြောပြခဲ့ပါသည်။

ထိုသို့ နှုတ်ထွက်ခဲ့ကြသူများတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝန်ကြီးချုပ်) ၊ ဗိုလ်မှူးချုပ်ဌေးဦး စိုက်ပျိုးရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်မင်း (ရထားပို့ဆောင်ရေး ဝန်ကြီး)၊ ဒုဗိုလ်ချုပ် တင်နိုင်ငြိမ်း ( ကုန်သွယ်ရေးဝန်ကြီး) ၊ ဗိုလ်မှူးကြီး ဇော်မင်း( အမှတ်၁ လျှပ်စစ်စွမ်းအင် ဝန်ကြီး) ၊ ဗိုလ်မှူးချုပ် ခင်မောင်မြင့် (အမှတ် ၂ လျှပ်စစ် စွမ်းအင် ဝန်ကြီး) ၊ ဒုဗိုလ်ချုပ် ဖုန်းရွှေ (ပြည်ထဲရေးဝန်ကြီး) တို့ ပါဝင်ပါသည်။အရေအတွက်ကို သိရသော်လည်း ကျန်ရှိသော နှုတ်ထွက် ဗိုလ်ချုပ်များ၏ စာရင်းကို သိရှိရခြင်း မရှိသေးပါ။
ထို အရာရှိက စစ်ဗိုလ်ချုပ်များ နှုတ်ထွက်ခြင်းနှင့်ပါတ်သက်၍ ပြောဆိုခဲ့ခြင်း မရှိသော်လည်း မကြာခင်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများအရ စစ်တပ်ရာထူး လက်ရှိ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲ ဝင်ခွင့်မရှိပါ။
ယခုအခါ NLD ပါတီက တရားမျှတခြင်း မရှိသော ရွေးကောက်ပွဲ ဥပဒေများကြောင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ယခု စစ်ဗိုလ်ချုပ်များ ဦးဆောင်ထူထောင်မည့် ကြံ့ဖွံ့ပါတီသည် လက်ရှိ အခြေအနေတွင် အင်အားအကြီးမားဆုံး ပါတီဖြစ်လာနိုင်ပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

Tuesday, April 27, 2010

0 ဂုဏ်ယူပါသည် ပြည်သူ့ဂုဏ်ရည်

ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုကိုပထမဦးဆုံးရရှိခဲ့သောအပိတ်ဆို့၊အတားမြစ်ခံ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီကျော်သူတဖြစ်လဲနွမ်းပါးသူပြည်သူများကိုစာနာကူညီဖေး မပေးနေသောနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူအားဂုဏ်ပြုရေးသားထား
သော ကဗျာလေးဖြစ်ပါတယ်။ ဒီကဗျာလေးကို ဖတ်ရှုခြင်းအားဖြင့် ဦးကျော်သူ ရဲ့ 
လူမှုရေးကူညီမှုလုပ်ငန်းများကိုအမှန်တကယ်ပြုလုပ်ပေးနေကြောင်း၊ယခုချီးမြှင့်သောပြည်သူ့
ဂုဏ်ရည်ဆုနှင့်လည်းအမှန်တကယ်ထိုက်တန်ကြောင်းပြည်သူအများသိရှိကြရမှာဖြစ်ပါတယ်။
ဖတ်ရှုအားပေးသူပြည်သူအများကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
Burma Paparazi

0 Mar Mar Aye - 2010 Burmese New Year Special Song for Citizen of Burma Award Ceremony


video။။ မိုးမခ

0 နယ်ခြားစောင့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်စောထိန်မောင် သဘောထားတုံ့ပြန်ချက်

နအဖ စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီမှ ဗိုလ်ချုပ်စောထိန်မောင် ပေးပို့သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန် တင်ပြပေးလိုက်ပါသည်။ အဆိုပါ ဗိုလ်ချုပ်ရဲမြင့် ထံသို့ ပေးပို့သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားသော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံ့ပြန်လိုက်သော ပြတ်သားသည့် ပေးစာတစောင်ဖြစ်ပါသည်။

KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချုပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။ ဗိုလ်ချုပ်ရဲမြင့် ကိုလည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားပါသည်။

စာပါအကြောင်းအရာများတွင် နအဖတပ်မတော်မှ ၎င်းတို့အပေါ် တောင်းဆိုထားသော အချက်များကို ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ် စောထိန်မောင်နှင့် ၎င်းတို့အဖွဲ့မှ ပြန်လည်တုံ့ပြန်ရေးသားထားချက်များ ဖြစ်သည်။

Letter_to_Lt_Gen_Ye_Myit__2__3_Fin -
http://sawkyawkhwi.blogspot.com .. မှကူးယူဖော်ပြသည်။

Monday, April 26, 2010

0 ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား


ဒီသီချင်းကိုKaraokeသဘောမျိုးနားထောင်ရင်းနဲ့သီချင်းစာသားကြည့်လို့ရအောင်နည်းပညာစမ်းသပ်မှုတခုအနေနဲ့ ကြိုးစားပြုလုပ်ထားပါတယ်။ နားထောင်ကြည့်စေလိုပါတယ်။

Sunday, April 25, 2010

0 ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်ချီးမြှင့်ဂုဏ်ပြုပွဲတွင်ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခြင်း

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။

ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။

ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။ အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။ အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

ပေးပို့သူ burmapaparaziအားကျေးဇူးတင်ရှိပါသည်။

0 လူမှုရေး လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှာကြား

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း စနေနေ့က သွားရောက် တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃နှစ် ချမှတ်ခဲ့တာအပေါ် အထူး အယူခံဝင်ရေးနဲ့ ပတ်သက်လို့ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး လာမဲ့ သီတင်းပတ်အတွင်း တင်နိုင်ဘို့ကြိုးစားနေတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

တခါ ပညာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး ပြည်သူတွေကို ထိထိရောက်ရောက် ကူညီနိုင်မဲ့ ကိစ္စတွေ ဆောင်ရွက်နိုင် ရေးကို လေ့လာကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပြပါတယ်။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျောင်းသားတွေကို ထောက်ပံ့ကြေး ပေးရေးနဲ့ စာအုပ်၊ ခဲတံ အစရှိသဖြင့် အကူအညီတွေ ပေးရေးတွေကို ကြိုတင် စီစဉ်ဖို့မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

NLD ပါတီနဲ့ ပတ်သက်လို့တော့ ဧပြီလ ၇ ရက်နေ့ တွေ့ခဲ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတဲ့ NLD ပါတီအနေနဲ့ ပါတီ မှတ်ပုံ တင်ရမဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ မေလ ၆ရက်နေ့ နောက်ပိုင်းမှာလည်း ပါတီရုံးတွေ၊ ပါတီဆိုင်းဘုတ်တွေ၊အလံတွေကို ဆက်လက် ထားရှိသွားဖို့ ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

ဥပဒေအရ အဲဒီရက် ကျော်သွားပြီးနောက်ပိုင်း ပါတီ ပျက်ပြယ်ပြီး ဖြစ်သည်လို့ မှတ်ယူရမည်လို့ဖေါ်ပြထားတာဟာ တရားတဲ့ ဥပဒေမဟုတ်တဲ့အတွက် NLD က လက်မခံကြောင်း၊ ဒါပေမဲ့ ဥပဒေဟာ ဥပဒေပဲ ဖြစ်တဲ့အတွက် NLD အဖွဲ့နာမည်နဲ့ နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာ မဟုတ်ပေမဲ့ နိုင်ငံရေး စိတ်ဓါတ်တော့ ဆက်ရှိနေမယ်ဆိုတဲ့ မူကို ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတယ်လို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။
(ဘီဘီစီ)

0 ၂၀၁၀ ခုနှစ် ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်အဖြစ်ကိုကျော်သူ မဲဆန္ဒအများဆုံးနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရ


မြန်မာ့သမိုင်း မှာ ပထမ ဦးဆုံးအကြိမ်အဖြစ် ပြည်ပရောက်မြန်မာများ စုပေါင်းစီစဉ်ပြီး တကမ္ဘာလုံးက မဲပေးရတဲ့ စနစ်နဲ့ ရွေးချယ်ချီးမြှင့်တဲ့ ၂၀၁၀ ခုနှစ် အတွက် " ပြည်သူ့ဂုဏ်ရည် " ဆုချီးမြှင့်ခြင်း အခန်းအနားကို Apr 24th, 2010 စနေနေ့ ညနေ ၅ နာရီမှ ၉ နာရီ ခန့် အထိ California ပြည်နယ် Whittier ကောလိပ်ထဲက Villalobos ခန်းမမှာ စည်ကားအောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

အခန်းအနားကို ကယ်လီဖိုးနီးယားမှ သံဃာတော်များ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ မြန်မာပိုင်းဆိုင်ရာ အသံနှင့် ရုပ်မြင်သံကြား သတင်းဌာန များ ပြည်ပ စာနယ်ဇင်းများ ဘလော့ဂါများ စုံလင်စွာတက်ရောက်အားပေးခဲ့ပါတယ်။

မူရင်းစီစဉ်ထားတဲ့အတိုင်း ဒီဆုအတွက် ဆန်ကာတင် ၅ ဦး ကိုသာ အများ သဘော အရ ရွေးချယ်ခဲ့ပေမယ့် ဆုရရှိသူ ကိုတော့ တစ်ကမ္ဘာလုံးကနေ အင်တာနက် နှင့် စာတိုက်မှ မဲပေးဖြင်း စနစ်နဲ့ရွေးချယ်စေခဲ့တာဖြစ်ပါတယ်။

မဲပေးရာမှာလဲ လိမ်ညာလို့ မရတဲ့ စနစ် နဲ့ သေချာစွာစီစဉ်ထားတဲ့အတွက် ရလဒ်ဟာ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒ အမှန်ကိုရောင်ပြန်ဟတ်စေမှာကလဲ စိတ်ဝင်စားဖွယ်ရာပါဘဲ။

ဆုရရှိသူ ကိုလဲ ယနေ့ ဆုပေးခါနီး အချိန်အထိ လျှို့ဝှက်ထားတဲ့ အတွက် ကြွရောက်လာသူအများစုဟာ စိတ်လှုပ်ရှားမှု အပြည့်ကိုယ်စီနဲ့ စောင့်စားနေခဲ့ကြတာလဲ တွေ့ရပါတယ်။

အခန်းအနားကို ညနေ ၅ နာရီမှာ အခြားသော မြန်မာပွဲများနှင့် မတူ ထူးခြားစွာ ကြိုတင်ကြေငြာထားတဲ့ အချိန်အတိအကျမှာဘဲ အမျိုးသားသီချင်းနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်

သက်ဆိုင်ရာ ကျေးဇူးတင်စကားများ မိန့်ခွန်းများ ပြောကြားအပြီးမှာ ဆန်ကာတင် ရွေးချယ်ခံရသူ ငါးဦးရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်များကို ဖတ်ပြရှင်းလင်းခဲ့ပါတယ်

ထို့နောက် အစားအစာများကျွေးမွေးခြင်း ရိုးရာအဆိုအက တို့နဲ့ဖျော်ဖြေရေးအစီအစဉ်လေး ကိုကျင်းပခဲ့ပါတယ်

မမြင်ရတာကြပြီဖြစ်တဲ့ ရိုးရာ ကြက်ဖခွပ်သီချင်း ကိုလဲ Oregon ကလူငယ်တစ်စုက ဟာသ နှောပြီး ရီမောစရာ တင်ဆက်ခဲ့ပါတယ်

မကြာခင်မှာဘဲ အားလုံးစောင့်စားနေတဲ့ ရလာဒ်ပါတဲ့ စာအိပ်ကို အခမ်းအနားမှုး မနီလာစိန် နဲ့ ဦး ကိုလေး တို့က ဖေါက်ဖတ်တဲ့အချိန်မှာ ခေတ္တငြိမ်သက်သွားခဲ့ပါတယ်။

" ယ္ခုနှစ် ဆုရရှိသူဟာ ကိုကျော်သူ ဖြစ်ပါတယ် " ဆိုတဲ့ ကြေငြာချက်ထွက်လာတဲ့ အချိန်မှာတော့ ပရိဿတ် အပေါင်းတို့ရဲ့လက်ခုပ်သံတွေဟာ ခန်းမ တစ်ခုလုံး ပြည့်လျှံသွားခဲ့ပါတယ်။

ထို့နောက် ကိုကျော်သူအားဂုဏ်ပြုစကား တစ်ချို့ဆိုရင်း အမှတ်တရ ဓါတ်ပုံများရိုက်ကြရင်းဘဲ ည ၉ နာရီ ကျော်ကျော်လောက်မှာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
မျိုးချစ်မြန်မာ
(သတင်း နှင့် ဓါတ်ပုံ)

0 The freedom fighter who dares to defy the Burmese regime


For some of the political prisoners held in Burma's wretched jails, the hardest thing to bear is the pain and horror of being physically tortured. For others, held away from fellow inmates, it is the isolation and the creeping sense of despair. Some think about their families, others about the seemingly hopeless cause for which they fought. For the relatives and friends of those incarcerated, there is the struggle of trying to make regular visits and the constant, aching worry as to whether a loved one will ever be freed.

Win Tin, a senior colleague of detained opposition leader Aung San Suu Kyi, served more than 19 years in jail – almost all of them in solitary confinement – before being released in 2008. "The hardest thing was the separation from other people," says the lively 80-year-old, speaking from his home in Rangoon. The former journalist was routinely beaten, kept in a dog kennel and on one occasion interrogated for five days straight. And yet it was the separation from other people that he now remembers as causing him the greatest distress. He recalls: "Even when I was in hospital I was put in a different room ... You long to have a discussion with your friends. You feel as if you are losing your mind."Burma's jails are awash with political prisoners. The military authorities that seized power in 1962 dealt harshly with dissidents, but the current junta, which took power in 1988, has jailed increasing numbers of opponents. It has done so when it felt most threatened, most notably after a pro-democracy uprising in 1988 and a democratic election in 1990 – the results of which the junta ignored – and most recently following the so-called Saffron Revolution of September 2007, when tens of thousands of Buddhist monks and demonstrators filled the streets of Burma's cities to demand change. It is impossible to know how many such prisoners are being held, but activists say they currently have details of 2,186.
Independent.co.uk

0 သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်

(သျှမ်းသံတော်ဆင့်)
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။

“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။

ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။

ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။

ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။

“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။

ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.