Saturday, June 12, 2010

0 ကလေးစစ်သားအဖြစ်မတရားအသွင်းခံရသော အောင်လှိုင်ဖြိုးအတွက် ဖခင်ဖြစ်သူမှ ရင်ဖွင့်ပြောဆိုချက်

0 Morekha Art Gallery (သို့) ကျော်သူ၏ ခြေတစ်လှမ်း


Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ၀ါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ပြပွဲကိုဦးစီးကျင်းပပေးခဲ့သူမှာမိုးခပန်းချီပြခန်းပိုင်ရှင်ဦးဘိုဘိုဦးနှင့်ဦးဆန်နီငြိမ်းတို့ဖြစ်ကြောင်းသိရှိရပါသည်။

မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ယင်းပွဲတွင် “ အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကိုရအောင် လုပ်ယူရမည် ” … ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၏ ပန်းချီကား (၃) ကားကိုလည်း ပြသထားရှိပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစပြီး အနုပညာလုပ်ငန်းများ ( ရုပ်ရှင်၊ စာပေ … ) စသဖြင့် ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်ထားခြင်း ခံခဲ့ရသော ကျော်သူ၏ ပရိတ်သတ်များအပေါ် ပန်းချီအနုပညာကို ချပြခွင့်ရရှိသော ထူးခြားသည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အနုပညာသမားတစ်ယောက်ကို အနုပညာလုပ်ငန်းများ ပိတ်ပင် တားဆီးထားမှုမှ ပထမဦးဆုံး ပြင်ပလောကမှ အနုပညာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းခွင့် ရရှိမှုဖြစ်သည်။

ပန်းချီပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့စာပေအနုပညာရှင်များ၊ပန်းချီအနုပညာရှင်များ၊သရုပ်ဆောင်အနုပညာရှင်အချို့လည်းတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။စာရေးဆရာအဏ္ဏ၀ါစိုးမိုး၊စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ရုပ်ရှင်သရုပ်ဆောင်၊ဒါရိုက်တာအကယ်ဒမီဆုရှင်၊နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ပန်းချီဖေစိုးအောင်၊သီချင်းနှင့်ကဗျာဆရာသော်ဒီဝေ၊မကြာသေးမီအချိန်ကရမည်းသင်းအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့သောကဗျာဆရာကိုစောဝေစသည့်အနုပညာရှင်ပေါင်းများစွာတက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။

ဓာတ်ပုံ။ ။ ကိုကျော်သူ။ Burma paparazi

0 ပဲခူးမြို့ရှိဦးအေးမြင့်ခေါင်းဆောင်သောလမ်းပြကြယ်အဖွဲ့မှ စက်ရေတွင်းများအောင်မြင်စွာတူးဖော်နေ


စင်္ကာပူနိုင်ငံရောက်မြန်မာများတည်ထောင်ထားသောLOTUSFOUNDATIONအဖွဲ့၏ ၁၄တွင်းမြောက်
စက်ရေတွင်းအလှူပါ--ပဲခူးမြို့နယ်၊ အိုးဖို၊ ကျေး၇ွာတောင်ဖက်အပိုင်း--ကုလားရွာတွင်းဖြစ်ပါသည်--

အားလုံးသာဓု....ခေါ်ရန်ပါ

ပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။

0 နိုင်ငံ အနှံ ဘောလုံးပွဲ လောင်းကြေးထပ်မှု များ ကြောင့် မြန်မာ ငွေဈေး ကမောက်ကမ ဖြစ်နိုင်



(freedom new group)
ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိတောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ်များ အား ရန်ကုန် မြို့ လူဦးရေ ၏ထက်ဝက်ကျော်က လောင်ကြေးထပ် ကြည့်ရှုကြောင်း ကျပ်ငွေသိန်း ၂၀၀ (ဈေးကွက် အခေါ် ဘုံး ၂၀၀)ထိ ကြေးတင် နိုင်သည့် လောင်ကစား ဒိုင်ကြီး တစ်ခုက FreedomNews Group သို့ ပြောသည်။ အဆိုပါဒိုင်၏ တာဝန်ရှိ သူ တစ်ဦးက မနေ့က မက္ကဆီကိုနဲ့တောင်အာဖရိက ကျွန်တော့်တစ်ယောက်တည်းဆီမှာပဲလေးထောင်ကျော်တက်တယ်။ ထင်တောင်မထင်ဘူး၊အရင်နှစ်တွေက ဆိုရင် ပွဲတစ်ဝက် လောက်မှ မာန်တက်ပြီး တင်ကြ တာ အခု ပထမ ဆုံးနေ့ ပဲရှိသေးတယ်။

ယမန်နေ့ က ကျင်းပခဲ့သည့် ပွဲဦးထွက် ပွဲစဉ် တစ်ခုဖြစ်သည့် တောင်အာဖရိက နှင့် မက္ကဆီ ကို ပွဲ စဉ်တွင် မက္ကဆီကို မှ အထက်ကြေး ဖြစ်သည့်  သရေဆယ်ပြား အရှုံးပေါက်ရာ မြန်မာ ပရိသတ် က မက္ကဆီကို ဘက်မှ လောင်းကြေးထပ် ၍ သရေ ကျသည့် အတွက် ဆယ်ပြားရှုံးခဲ့ရသည် ဟု ဆိုသည်။

ရန်ကုန်မြို့ မှ ဘောလုံးလောင်းကစား ပါသည့် နာမည်ကျော် စီးပွားရေး သမားတစ်ဦး မှာ တစ်နေ့ လျှင်အပျော်လောင်း ကြေး ပင်လျှင် တစ်ပွဲလျှင် သိန်း ငါးထောင် ကျော်လောင်းသည် ဟု ဆိုသည်။ထင်ရှားသော မြန်မာစီးပွားရေး လုပ်ငန်းရှင် အချို့ မှာ ဘောလုံးလောင်းကစားမှု တွင် သိန်းထောင်ချီ လောင်းကြေးထပ်ကြသည်။

ပြီးခဲ့သည့် မေလက ကျင်းပပြီးစီးခဲ့သည့် ဥရောပ တံခွန်စိုက်ဒိုင်း ချံပီယံလိဂ် ဖိုင်နယ် ပွဲစဉ် တွင် လောင်းကြေး မြန်မာ တစ်နိုင်ငံလုံး၏ လောင်းကြေး ပမာဏ မှ ကျပ်ငွေ သိန်းဘီလျှံ ၉၀ ကျော်သည် ဟု သိရသည်။

ယနေ့ ကန်မည့် အသင်းများ ၏ ပေါက်ဈေးမှာ အင်္ဂလန်အသင်းက အမေရိကန် အသင်းကို ၁ လုံး ၁၀ပြားရှုံး၊အာဂျင်တီးနား အသင်းက နိုင်ဂျီးယား အသင်းကို တစ်လုံးငါးမူးရှုံးနှင့် ဂရိအသင်း က တောင်ကိုရီးယား အသင်း ကို လည်ပယ် တစ်မတ် ရှုံး ဖြင့်ကြေးဖွင့်သည် ဟု သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား တစ်ဦးက ဘယ်သူ နိုင်နိုင်၊ဘယ်သူ ရှုံးရှုံး၊ ထိုးသား တွေ ကတော့ကော်မရှင် ကြေးဆယ်ပြား၊ငါးပြား အကွာ နဲ့  အရှုံးတွေ ချဉ်းပဲ ဒိုင်တွေ နဲ့  ဒိုင်တွေ က ဆက်ကြေးကောက်တဲ့ လူတွေ ပဲ နိုင်မှာ ဟု သုံးသပ်သည်။

မြန်မာ နိုင်ငံတွင်း မှ လောင်းကြေးထပ်ငွေများ များပြား လာပါက ဟောင်ကောင် ၊တရုတ် ၊ထိုင်ဝမ်နှင့် ထိုင်း နိုင်ငံတို့ မှ ဘွတ်ကီဒိုင်များ အား တစ်ဆင့် ထပ်မံ တင်သည် ဟု ရန်ကုန် မြို့ ရှိ လောင်းကြေး တာဝန် ခံ တစ်ဦး ကပြောသည်။

ဘောလုံးလောင်ကစား အကြီးအကျယ် ပြုလုပ်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေးထိုင်းမှိုင်းမှုကြောင့်ဖြစ်ပြီး လောင်းကစား ကျသူများ မှာ စီးပွားရေး နှင့် ၀င်ငွေ နိမ့်ကျခြင်း ကို ထွက်ပေါက်ရှာသည် သူများ က အများစု ဖြစ်သည် ဟု သိရသည်။

မြန်မာ စီးပွားရေး ဆောင်းပါးရှင် တစ်ဦးက ‘ဘောလုံးပွဲ တအားရှုံးရင် မလွယ်ဘူး၊မြန်မာ ပြည်ကပိုက်ဆံတွေ နိုင်ငံခြားကို ထွက်မှာ ပြည်ပ နိုင်ငံတွေ ကို ပေးဖို့ ဒေါ်လာ ၀ယ်ရမယ်လေ ၊ဒေါ်လာဈေး တအား တက်သွားမယ် ငွေဖောင်းပွ လာ နိုင်တယ်။နိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့ဟု ပြောသည်။

ဘောလုံးလောင်းကစား ကြသူများမှာ အသက် ၁၅ နှစ် အရွယ်မှ အသက် ၇၅ နှစ် အရွယ်ထိ ပါသည်
ဟု သိရသည်။

0 2010 FIFA World Cup South Africa Concert Shakira Orlando Stadium

0 လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို


video by Burma Democratic Concern (BDC)

0 ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမှု့အဖွဲ့ အထူးထုတ်ပြန်ကြေငြာချက်-(၂/၂၀၁၀)


ပေးပို့သူ ။ ။ ဒီမိုဝေယံ

0 တပ်ရင်း တစ်ခုလုံး နုတ်ထွက်ဖို့ကြိုးပမ်းမှုကြီး

ကရင်ပြည်နယ် နတ်ကြီးကျေးရွာမှာ အခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃) မှာ တပ်ရင်း တစ်ရင်းလုံး နုတ်ထွက်ဖို့ ကြိုး ပမ်းမှု ဖြစ်ပွား ခဲ့တယ် လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘီးလင်း မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

Burmese Soldiersစစ်တပ်အတွင်း အောက်ခြေနဲ့ အထက် အရာရှိ တွေကြား ကွာဟမှုတွေရှိအဲဒီတပ်ဟာ မော်လမြိုင် ရန်ကုန် ကားလမ်း နံဘေးက ဘီးလင်းမြို့အနားမှာ အခြေစိုက်တာ ဖြစ်ပါတယ်။တပ်တွင်းမှာ အောက်ခြေက တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အထက်က အမိန့်ပေး ခိုင်းစေတာတွေကို မကျေနပ်ကြတဲ့ အတွက် တပ်ရင်းမှူးက အစ အောက်ခြေ တပ်သားတွေ အဆုံး နုတ်ထွက်ဖို့ ပြင်ဆင် ကြတာကို တပ်မမှူး သိသွားလို့ ထိန်းချုပ် ထားလိုက်တဲ့ အကြောင်းလည်း ဘီးလင်း မြို့ခံက ဘီဘီစီကို ပြောပါတယ်။

အခုတော့ တပ်ရင်းမှူး အပြောင်းအလဲ လုပ်လိုက်ပြီး ပထမတပ်ရင်းမှူး အပါအဝင် ဂျီတူး နဲ့ ဂျီ သရီး တွေ အပြင် တခြား တာဝန်ရှိသူ တွေကိုလည်း ထုချေလွှာ တောင်းပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။မြန်မာ စစ်တပ် အတွင်းမှာ အခုလို တပ်တွင်းမှာ မကျေမနပ် ဖြစ်မှုတွေ အကြောင်း မကြာ ခဏကြားရတတ်လေ့ ရှိပေမဲ့ မြန်မာ အစိုးရ ဘက်က တရားဝင် သတင်း ထုတ်ပြန် လေ့ မရှိလို့ အတည်ပြုချက် ရယူဖို့ ခက်ပါတယ်။ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ထဲမှာ စားဝတ် နေရေး မပြေလည်တဲ့ အတွက် အင်းမက တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့မှာ တပ်တွင်း အမိန့်မနာခံမှု တွေ ဖြစ်ခဲ့ပါတယ်။
(ဘီဘီစီ)

0 ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုကြောင်း ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ နေအိမ်ပြင်ဆင်ခွင့် ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ အင်ဂျင်နီယာဦးခွန်သာမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရယ် အန်ကယ်ရယ် ဒီနေ့ ၁နာရီကနေ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိက သွားတွေ့တာကတော့ ခြံဝင်းထဲမှာ ပျက်ဆီးနေတဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့ဒါကို ဖျက်သိမ်းဖို့ စည်ပင်ကို တင်တော့ပထမ ခွင့်ပြုတယ်..... နောက်တစ်ခါ ပြန်ရုပ်သိမ်းတယ်....။ အဲ့ဒါကို မြို့တော်ဝန်ကို တင်ပြဖို့ ဥပဒေအချက်အလက်တွေ အဲ့ဒါတွေကို သွားဆွေးနွေးတာ။ အဲ့ဒါရေးပြီး နောက်တစ်ပတ်ထဲမှာ တင်ဖို့ သွားဆွေးနွေးတာ...။

နောက်တစ်ခု ပြောဖြစ်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ဘို့လိုတယ်။ ပျိုးထောင်တဲ့ လူတွေကိုယ်တိုင်က သဘောထားကြီးရမယ်။ ရဲဘော် ရဲဘက်စိတ် ရှိရမယ် အဲ့ဒါလေးပြောပါတယ်။ နောက်တစ်ခုက NLD အတွက်ခုလို ခက်ခဲနေချိန်မှာ NLD အဖွဲ့ဝင်တွေ၊ လူငယ်တွေ ၊ အမျိုးသမီးအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ဆောင်ရွက်နေတဲ့ အတွက် ဒါဟာအကောင်းဆုံးပဲ ဂုဏ်ယူပါတယ် လို့ပြောပါတယ်... ဒုတိယအချက်ပေါ့ နောက်ပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိရှိလာအောင် ကြိုးစားဆောင်ရွက်ရမယ် ဒီလိုကြိုးစားဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် လို့ပြောပါတယ်။

မဲပေးတာနဲ့ ပတ်သတ်ပြီး ပြည်သူလူထုက မဲဆန္ဒပေးတာလည်း သူရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ သူ့ရဲ့ အခွင့်အရေးပဲလို့ အဲ့သလို ပြောပါတယ်။ သတင်းအနေနဲ့ ပြောနိုင်ဖို့ အဲ့ဒီအချက်တွေ ပေးလိုက်ပါတယ်.. ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမယ့် အပတ် ၁၉ရက်နေ့ စနေနေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ပွဲ အခမ်းအနားကို မင်္ဂလာဒုံ ၁၀မိုင်ကုန်းမှာရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အရ အဲ့ဒီမှာလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က ဆင်းရဲချို့တဲ့တယ့် ကျောင်းသားလေးတွေ ကို ခဲတံ၊ စာအုပ်၊ Dictionary တွေလှုမယ်။ အဲ့တော့ ဒီမှာလည်း ဗဟိုအမျိုးသမီးအဖွဲ့က အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ " ။ ဟု ဆက်လက်ပြောဆို သွားပါတယ်။

ပြောခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးကျနေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမ္ဘာလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်(BBC)။ စစ်အစိုးရကကတော့ ယနေ့အထိ ရွေးကောက်ပွဲရက်ကို အတိအလင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်မစေ့မှီ စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားပုံရကြောင်း မြန်မာ့အရေးလေ့လာ သူများကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှု ရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

သတင်း.. ဒီမိုဝေယံ....။

0 စစ်အစိုးရ နှုတ်မပိတ်နိုင်တဲ့ လူနှစ်ယောက် သို့မဟုတ် ဇာဂနာမော်ကွန်း

တစ်ယောက်က ပြည်ပမှာ ခုံလှုံနေသူဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အာဏာရှင်စစ်အစိုးရကို ဝေဘန်မှုနဲ့ အကျဉ်းချခံထားရသူ။ ဒါပေမဲ့ မကြာသေးခင်ကထွက်ပေါ်လာတဲ့ ဝေဘန်ရေးကဗျာတစ်ပုဒ်က အနုပညာရှင်တွေဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုထိန်လင်းတို့ဟာ စစ်အစိုးရအတွက်တော့ ဆူးငြောက်ကြီးတစ်ခု ဖြစ်နေတုန်းပဲဆိုတာကို ပြသနေလေရဲ့။

-မူရင်းဆောင်းပါးရှင် = Andrew Buncombe (09/06/2010/ The Independent)


မြန်မာအာဏာပိုင်များက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်လူရွှင်တော် ကိုဇာဂနာကို (၅၉)နှစ်လောက် ထောင်ထဲထည့်ထားလိုက်ရင်တော့
စစ်အစိုးရကို ဝေဖန်ရေးမှာ နာမည်ကြီးလှတဲ့ ဒီလူဟာ နှုတ်ပိတ်သွားမှာပဲ လို့ ထင်နေကြမှာပါ။ ဒါပေမဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ကဗျာတွေနဲ့ လူအသိများလှတဲ့ ဒီလူ့ကို ရန်ကုန်ရှိသူ့မိသားစုအိမ်ကနေ ဝေးကွာလှတဲ့ ထောင်ထဲပို့ထားလင့်ကစား၊ သံဘောင်တွေနောက်က သူ့ဘ၀ကတော့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ထုတ်ဖေါ်ပြောဆိုရဲတဲ့ဆန္ဒတွေကို လျော့ပါးသွားစေပုံမရပါဘူး။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက (သူ) နောက်ထပ်ရေးလိုက်တဲ့ကဗျာလေးတစ်ပုဒ်ဟာ တိုတောင်းပေမဲ့ အားပြည့်လှတာကိုတွေ့ရပါတယ်။ အသက် (၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအနုပညာရှင်ဟာ အဲဒီကဗျာကို ထောင်ထဲက ခိုးထုတ်ပြီး သူ့မိတ်ဆွေတွေဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီကဗျာကတော့-----------


"It's lucky my forehead is flat

Since my arm must often rest there

Beneath it shines a light I must invite

From a moon I cannot see

In Myitkyina."

~~~~~~~~~~~~~~~~~~~~~

ကံထူးလို့ မှတ်ယူ

ငါ့နဖူး ပြားချပ်ကွဲ့

ငါ့လက် နားယူ

လရောင်မူ

အပြင်မှာတောက်လင်း

အတွင်းဆောင်ချင်ငဲ့

ဒီငထောင် မြစ်ကြီးနားမှာ

မိုက်မှောင်က ဖျက်။

မှတ်ချက်။ (အထက်ပါကဗျာကို ဘာသာပြန်သူက ကိုထိန်လင်းရဲ့အင်္ဂလိပ်ကဗျာအတိုင်း တိုက်ရိုက်ပြန်ထားခြင်းဖြစ်ပါသည်၊ ကိုဇာဂနာရေးတဲ့ မူရင်းကဗျာကို ရပါက ဆက်လက်ဖေါ်ပြပေးမည် ဖြစ်ပါကြောင်း။)

မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားထောင်ထဲက အကျဉ်းသားတွေရဲ့ ဒုက္ခကို ထင်ဟန့်စေတဲ့ ဒီကဗျာလေးကို လက်ခံရရှိသူကတော့ ကိုဇာဂနာရဲ့ မိတ်ဆွေကြီး ကိုထိန်းလင်းပါ။ မြန်မာအနုပညာရှင်ကိုထိန်းလင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး အခု ယူကေမှာ အခြေကျနေပါပြီ။ သူက ဒီကဗျာလေးကို ဗြိတိသျှလူမျိုးဖြစ်တဲ့ သူ့ဇနီးအကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုရုံတင်မက သူ့မိတ်ဆွေရဲ့ကဗျာစာကြောင်းတွေနောက်လိုက်ပြီး ပိုမိုစိတ်ဝင်စားဘွယ်ဖြစ်အောင် သီကုံးရေးချယ်ခဲ့ပါတယ်။ (ဒီကဗျာရဲ့) ထိရှတဲ့ပုံရိပ်ထဲမှာ အကျဉ်းစံမိတ်ဆွေရဲ့ ဦးခေါင်းဟာ သူ့လက်ဖျံတွေထဲ နစ်ဝင်နေပြီလို့ ညွှန်းဆိုထားပါတယ်။ လက်တွေဟာ အမြဲတမ်းမြှောက်ထားရတဲ့ အခြေအနေပါ။

ကိုထိန်းလင်းက “ကျနော်သူနဲ့စတွေ့တာ ၁၉၈၄-ခု၊ တက္ကသိုလ်တက်တုန်းကပါ၊ အဲဒီမှာ ကျနော်တို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပေါ့၊ ကျနော်က ထောင်ထဲမှာ ခြောက်နှစ်နဲ့ ခြောက်လလောက်နေခဲ့ရပါတယ်၊ ထောင်ကထွက်လာတော့ ကျနော့်မှာ နေစရာမရှိတော့ပါဘူး၊ ကိုဇာဂနာက ကျနော့်ကို နေစရာပေးခဲ့တဲ့အပြင် အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းအတွက် ကွန်ပျူတာသုံးပုံသုံးနည်းကိုပါ ပြသခဲ့ပါတယ်…ကျနော်ပန်းချီဆရာလုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” လို့ (သူနဲ့ ကိုဇာဂနာတို့ ဆုံစည်းရပုံကို ပြန်ပြောင်း) ပြောပြပါတယ်။

ကိုဇာဂနာဟာ လူလတ်တန်းစားဖြစ်တဲ့ ရန်ကုန်က ပညာတတ်မိသားစုမှာ မွေးဖွါးလာသူတစ်ယောက်ဖြစ်ပြီး ကျောင်းသားဘ၀ကတည်းက ကဇာတ်ဖျော်ဖြေရေးနဲ့ စည်းရုံးရေးတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ သူဟာ အာဏာရှင်တွေရဲ့ချို့ယွင်းချက်တွေကို အလိမ္မာသုံးပြီး ဝေဘန်ညွန်ပြလေ့ရှိတဲ့ မြန်မာ့ဇာတ်သဘင်လောကက အနုပညာရှင်တွေ၊ လူရွှင်တော်ကြီးတွေရဲ့ ရှည်လျားလှတဲ့ အစဉ်အလာထဲ ၀င်ရောက်ခဲ့ပါတော့တယ်။ သူဟာ ၂၀၀၂ ခုနှစ်တုန်းက ကွယ်လွန်သွားတဲ့ အာဏာရှင်ဦးနေ၀င်းကို “သူတောင်းစား” ဆိုတဲ့နာမည်နဲ့ ပျက်လုံးထုတ်ခဲ့ပေမဲ့ အလွန်နာမည်ရလာပြီးတော့ တီဗွီဖန်သားပြင်ပေါ်မှာ ပုံမှန်တွေ့လာရပါတယ်။

အနုပညာသမားကိုဇာဂနာဟာ ၁၉၈၈-ခုနှစ် အထွေထွေသပိတ်ကြီးထဲ ပါဝင်ရာကနေ နောက်ဆုံးတော့ အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်ပြီး ဖမ်းဆီးထောင်ချတာကို ခံရပါတော့တယ်။ အဲဒီအချိန်ကစပြီး (အာဏာပိုင်တွေနဲ့) အနှစ်ဆယ်လောက်နီးပါး ကြောင်နဲ့ကြွက်လို ပြေးတမ်းလိုက်တမ်းကစားလာတာ အခုအချိန်အထိဆိုပါတော့။ သူဟာ အစမှာ ဇာတ်ခုံပေါ်တင်ဆက်ဖျော်ဖြေမှုတွေ ရုပ်သိမ်းခံခဲ့ရပြီး၊ ၂၀၀၆-ခုနှစ်မှာတော့ ဘယ်အနုပညာဆိုင်ရာလုပ်ငန်းမှ လုပ်ခွင့်မရအောင် အပိတ်ခံလိုက်ရပါတယ်။

၂၀၀၈-ခုနှစ် ဆိုင်ကလုန်းနာဂစ်အရေးအခင်းမှာလှုပ်ရှားမှုကြောင့် (ကိုဇာဂနာဟာ) ထောင်ထဲမှာ လောလောဆယ်အကျဉ်းချခံထားရပါတယ်။ နာဂစ်ပေါ် စစ်အစိုးရရဲ့ တာဝန်မဲ့တုန့်ပြန်မှုတွေကြောင့် မြန်မာပြည်သူပြည်သား အတော်များများဟာ သူတို့ကိုယ်တိုင်စုပေါင်းတာဝန်ယူပြီးတော့ မုန်တိုင်းဒဏ်ကြောင့်အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားကြရရှာတဲ့ ဧရာဝတီလူထုထောင်ပေါင်းများစွာတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။ ကိုဇာဂနာဟာလည်း အဲဒီလိုဆောင်ရွက်ပေးသူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

သူဟာ စစ်အစိုးရရဲ့ တာဝန်ယူညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေကို ဖွင့်ဟပြောပြခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ ဧရာဝတီမဂ္ဂဇင်းကတစ်ဆင့် “အာဏာပိုင်တွေက ဆင်းရဲသူဆင်းရဲသားတွေအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို အကူအညီကောက်ခံလို့ မရအောင် တားဆီးပိတ်ပင်ဖို့ ကြိုးစားနေကြောင်း” ပြောကြားခဲ့ပါတယ်။

“အစမှာတော့ ကျနော်တို့ တော်တော်လေးကို အရဲစွန့်ရပါတယ်၊ ကိုယ့်ဖာသာ ရှေ့ဆက်ချီတက်ရမည့်ကိစ္စကိုး၊ တစ်ခါတစ်ခါ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ရတွေလည်း မနည်းဘူး၊ ဥပမာဗျား၊ ကျနော်တို့ကို မေးတယ်၊ သူတို့ကို မတိုင်ပင်ပဲနဲ့ ဘာဖြစ်လို့ ကိုယ့်ဖာသာလုပ်နေရတာလဲတို့၊ ကျနော်တို့ကို သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်တို့ ဘာတို့ပေါ့၊ ပြီးတော့ ပြောသေးတယ်၊ ကျနော်တို့အသက်ကို တာဝန်မယူနိုင်ဘူးဆိုပြီးတော့”။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားပါ။

စစ်အာဏာရှင်တွေဟာ လူပေါင်း (၁၃၅၀၀၀)လောက် အသက်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ ဒီသဘာဝဘေးကြီးအပေါ် သူတို့ရဲ့တုန့်ပြန်မှုတွေ အချိုးမကျကြောင်း အပြစ်တင်ဝေဖန်သံတွေကို လျှစ်စ်လျှူရှုပြီးတော့ အတိုက်အခံတွေ၊ သတင်းထောက်တွေ၊ ဝေဖန်သူတွေ ဒါဇင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့ကြပါတယ်။ ကိုဇာဂနာကိုတော့ (၅၉) နှစ်ထိ ထောင်ဒဏ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ (၃၅)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကိုဇာဂနာဟာ ရန်ကုန်နဲ့ မိုင် (၉၀၀) လောက်ဝေးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ထဲမှာပါ။

အခြားနိုင်ငံရေးအကျဉ်းသားအများစုလိုပဲ ကိုဇာဂနာကိုလည်း သူ့အိမ်နဲ့ဝေးကွာတဲ့ဒေသမှာ အကျဉ်းချထားတာဖြစ်ပါတယ်။ ယူကေရှိ မြန်မာ့လှုပ်ရှားရေးအဖွဲ့သားတစ်ဦးဖြစ်သူ Anna Roberts ကတော့ “ဒါဟာ စစ်အစိုးရက အကွက်ချစီစဉ်ထားတဲ့ မူဝါဒတစ်ခုပဲ၊ ဒီမူဝါဒ ဟာ ၂၀၀၇ အရေးအခင်းအပြီးမှာ ပိုအသက်ဝင်လာတယ်” လို့ဆိုပါတယ်။ သူကဆက်ပြီးတော့ “ဒီလိုလုပ်တာကတော့ စစ်အစိုးရဲ့ အပြစ်ပေးနည်းတွေထဲက အစိတ်အပိုင်းတစ်ခုပေါ့၊ ထောင်ထဲမှာ အစားအသောက်တွေ၊ ဆေးဝါးတွေဟာ သိပ်ရှားပါးလှပါတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေရဖို့အရေး သူတို့သက်ဆိုင်ရာအိမ်ကိုပဲ အားကိုးကြရရှာတာပါ၊ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အိမ်နဲ့ဝေးတဲ့ ဒေသတွေဆီပို့ပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်နေတာပါ၊ အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာမိသားစုတွေအတွက် သွားရေးလာရေးအခက်အခဲရှိပြီး ငွေကုန်ကျေးကျများအောင်ပါပဲ” လို့ သုံးသပ်ထားပါတယ်။

ဗြိတိသျှမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးသူ Rex Bloomstein က ကိုဇာဂနာရဲ့အကြောင်းကို သူရေးတဲ့ကဗျာလေး ရောက်လာတဲ့သတင်းကို အခြေခံပြီးတော့ မှတ်တမ်းတင်ကားတစ်ခုအနေနဲ့ “ဒါ ကျုပ်နေတဲ့ ထောင်ပါ” ဆိုတဲ့ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒီမှတ်တမ်းတင်ကားကို ဒီ (ဂျွန်) လမကုန်ခင် မြူးနစ်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစစ်ထားပါတယ်။ မစ္စတာ ဘလူးစတိန်းဟာ လူ့အခွင့်အရေးတွေနဲ့ ကပ်ဘေးကြီးတွေအမျိုးမျိုးကို လေ့လာနေသူတစ်ယောက်ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်မှာ ကိုဇာဂနာနဲ့ ဆုံခဲ့ရကြောင်း ပြောပါတယ်။

“ကျုပ်မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အမှတ်ရဘွယ်သူသားတွေထဲမှာ သူ့ကိုလည်း တစ်ယောက်အနေနဲ့ မြင်မိပါတယ်၊ သူဟာ တကဲ့ကို အသိအမှတ်ပြုထိုက်တဲ့လူတစ်ယောက်ပါ၊ အကြောက်အရွံ့ကင်းသလို ဖျားယောင်းသွေးဆောင်လို့ ရမည့်လူစားလည်းမဟုတ်ပါဘူး၊ သူဟာ ဗမာ့စိတ်ဓာတ်ရဲ့ အံ့ဘွယ်ပြယုဂ်တစ်ခုပါပဲ၊ ဒါကြောင့်လည်း စစ်အစိုးရက ဒီစိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကျိုးစားနေတာပါ၊ ဒါပေမဲ့ မရပါဘူး” လို့ မစ္စတာ ဘလူးစတိန်းက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆုရဓာတ်ပုံဆရာ James Mackay လုပ်ခဲ့တဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ စီမံကိန်းတစ်ခုမှာ အတူပါဝင်ဆောင်ရွက်ခဲ့သူ ကိုထိန်းလင်းက “ကိုဇာဂနာဟာ ထောင်ထဲရောက်နေပေမဲ့လို့ နောက်ထပ် သူ့ဆီက သတင်းတွေ ထပ်ကြားရဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။ လူရွှင်တော်ဇာဂနာဟာ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၁၀၀)ကျော်ကျော်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ အားလုံးဟာ ဗမာ့ထောင်တွေထဲမှာ ဒုက္ခအကြီးအကျယ်ရောက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်နေကြပါတယ်။

“ကျနော့်အတွက်တော့ သူဒီကဗျာကို ရေးတယ် ဆိုတဲ့သတင်းကြားရတာဟာ အံ့သြစရာတစ်ခုမဟုတ်ပါဘူး၊ ကျနော်က သူ့အကြောင်း ကောင်းကောင်းသိနေတာကိုး၊ အရင် ထောင်ထဲနေရစဉ်တုန်းကလည်း ရုပ်ရှင်ကားတစ်ခုလုံးရဲ့ဇာတ်ညွှန်းကို သူ့ခေါင်းထဲ ရေးခဲ့ဘူးတယ်၊ ထောင်ကထွက်ထွက်ချင်း အဲဒီရုပ်ရှင်ကားရိုက်တော့ လူတွေကတောင် “ခင်းဗျား ဇာတ်ညွှန်းကို ဘယ်တုန်းက ရေးခဲ့တာလဲ” လို့ မေးနေကြသေးတယ်၊ သူ အဲဒီဇာတ်ညွှန်းကို ထောင်ထဲမှာ နေ့တိုင်းရေးခဲ့တာ၊ တစ်ချိန်လုံး သူအလုပ်လုပ်နေတာပါပဲ၊ ကျနော်သိတယ်ဗျာ့၊ သူက ကဗျာတစ်ပုဒ်ကို ရေးနေတာမျိုးလည်းဖြစ်မယ်၊ ဒါမှမဟုတ်၊ ပျက်လုံးတစ်ခုခု ထုတ်နေတာလည်းဖြစ်မယ်၊ နေ့တိုင်းပေါ့” လို့ ကိုထိန်လင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

*ဘာသာပြန်ဆိုသူ-မင်းထက်*


အနုပညာရှင် ကိုထိန်လင်း
အနုပညာရှင် ကိုထိန်လင်း
ကိုမျိုး (design)အားကျေးဇူးတင်ရှိပါသည်။

0 ဗိုလ်ကြီး - စိုင်းသိန်းဝင်း ၊ ဗိုလ်မှူး - အောင်လင်းထွဋ် နှင့် DVB အပေါ် စစ်အစိုးရမှ မတရား စွတ်စွဲ ပြောဆိုချက်


http://www.htwd.info/2009/11/dvb.html

0 ၁၀.၀၆.၂၀၁၀နေ့လည်၁၂နာရီမှာသိမ်ကြီးဈေးနဲ့အနော်ရထာလမ်းတစ်လျှောက်ကားနဲ့စည်းရုံးရေးဆင်းထွက်နေတဲ့၈၈မျိုးဖြတ်ကျောင်းနွားများ


ခွပ်ဒေါင်းအလံတွေ။ ခွပ်ဒေါင်းရင်ထိုးတွေထိုးပြီး မသိနားမလည်တဲ့သူတွေဆီက မဲလိမ်ရဖို့အတွက် လှည့်ဖျားစည်းရုံးရေးဆင်းနေတဲ့ ၈၈မျိုးဖြတ်ကျောင်းနွား အေးလွင်တို့အဖွဲ့ဖြစ်ပါတယ်။

Friday, June 11, 2010

1 ပြည်သူဘက်သို့ကူးပြောင်းခိုဝင်လာသော ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့်အဖွဲ့အား မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအဖွဲ့ကြီးမှ ကြိုဆိုကြောင်းကြေညာချက်


0 ကိုလိုနီခေတ်ဥပဒေပါ နူန်းထားဖြင့် လယ်သမားများကို လျော်ကြေးပေးဆိုတဲ့ RFA မှသတင်းကို ခံစားမိသမျှ


စစ်တပ်က ၅ နှစ်နီးပါး သိမ်းယူထားတဲ့ မကွေးတိုင်းထဲက လယ်မြေတွေအတွက် လျော်ကြေးအဖြစ် တဧကကို ၁၂ ကျပ်နှုန်း တောင်သူလယ်သမားတွေကို ပြန်ပေးလို့ လယ်သမားတွေက မကျေနပ်ဖြစ် နေတယ်လို့ RFAက သတင်းရရှိပါတယ်။

မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စုက ဒေသခံ လယ်သမားတွေရဲ့ လယ်မြေဧကပေါင်း ၄ ထောင်ကျော် ၅ ထောင်နီးပါးကို ၂၀ဝ၅ ခုနှစ်က ပင်မ စစ်လက်နက်တပ်က သိမ်းဆည်းခဲ့တာပါ။ အဲဒီသိမ်းဆည်းထားတဲ့ လယ်မြေတွေကို စစ်တပ်ကပဲ တခြားဒေသက လယ်သမားတွေကို တဧက ၃ သောင်းနှုန်းနဲ့ အငှားချခဲ့တယ်လို့ လယ်သိမ်းခံထားရသူ တဦးက ပြောပါတယ်။ အဲဒီလယ်မြေတွေအတွက် ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် နေ့မှာ စစ်တပ်နဲ့ကျေးရွာ ရယက အာဏာပိုင်တွေက လယ်သမားတွေကို ခေါ်တွေ့ပြီး လျော်ကြေးပေးတာလို့ လယ်သမားတဦးက RFAကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီမှာ စာရွက်ကလေးတွေ ပို့တယ်ဗျ။ ၁၂ ကျပ် ငွေကြေးကို လက်ခံဖို့။ နောက်ပြီးတော့ ကျွန်တော်တို့ လက်မှတ်ကို ထိုးပေးဖို့ပေါ့လေ။ ပင်မ စစ်လက်နက်ပစ္စည်း ထိန်းသိမ်းရေးတပ်ကပေါ့လေ၊ ဗိုလ်ကြီး စိုးဝေမြင့်၊ ကိုယ်ပိုင်နံပါတ် ၄၄၄၄၈ ကနေပြီးတော့ ယင်းငွေပေးတာကို လက်ခံရရှိပါကြောင်း ဆိုပြီးတော့ အဲဒီ အဓိပ္ပာယ်လေးနဲ့ ကျွန်တော်တို့ဆီကို အဲဒီ စာရွက်ကလေးတွေ ရောက်လာတယ်။ ကျွန်တော်တို့က အဲဒီအထဲကို မထိုးရင်တဲ့ သူတို့က ဒီလျော်ကြေးငွေကို လက်မခံနိုင်တဲ့အကြောင်းပေါ့လေ၊ ကျွန်တော်တို့ဖက်ကနေ ရှင်းလင်းချက်ပေါ့၊ စာလေးရေးပြီးတော့တဲ့၊ လက်မှတ်ထိုးပြီးတော့ ပေးရမယ်တဲ့။ အဲဒါကိုတဲ့၊ သူတို့က သူတို့ထက် ကြီးတဲ့ အကြီးအကဲတွေဆီကို တင်မယ်တဲ့ အဲလိုပြောတယ်ခင်ဗျ။ “

အခု ထုတ်ပေးတဲ့ လျော်ကြေးငွေက ဗြိတိသျှ ကိုလိုနီခေတ်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ လယ်သမားတွေက ဒီလျော်ကြေးငွေ ၁၂ ကျပ်ကို လက်မခံလို့ ရယကရဲ့ ခြိမ်းခြောက်တာ ခံရတယ်လို့လည်း အဲဒီ လယ်သမားက ပြောပါတယ်။

အဲဒီမှာ ကျွန်တော်တို့လည်း အခြိမ်းခြောက်ခံရတယ်၊ ကျွန်တော်တို့က ၁၂ ကျပ် လျော်ကြေးလည်း လက်မှတ်မထိုးနိုင်ဘူး၊ အကြောင်းပြချက် ဟိုဟာထဲကိုလည်း လက်မှတ်ထိုးမပေးနိုင်ဘူး၊ အဲဒီ လက်မှတ်ထိုးမပေးနိုင်ရင်တဲ့ ရွာမွန် ဥက္ကဌ ဦးနေလင်းထက်ကပေါ့လေ၊ ရတယ်တဲ့၊ ဒီမှာ အသိသက်သေတွေ ရှိတယ်တဲ့။ ပခုံးပေါ်မှာ အပွင့်ကြီးတွေ တင်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း ပြီးတော့ သူရေးပြီးတော့ ကျွန်တော်တို့ ဒီလူတွေ ဒီလူတွေ အသိသက်သေ ရှိတယ်၊ ဒါ မင်းတို့ လက်မခံတာပေါ့လေ၊ အဲဒီပုံစံမျိုးနဲ့လည်း ကျွန်တော်တို့ကို ခြောက်ပါတယ်ခင်ဗျ။}

အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ကျူးကျော်ဝင်ရောက်ရင် ပုဒ်မ ၁၄၄ နဲ့ အရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း စစ်တပ်က စိုက်ထူထားတယ်လို့ စောစောက လယ်သမားက ပြောပါတယ်။

လယ်သမားတွေကတော့ တရားမျှတမှု ရဖို့ ILOအလုပ်သမားအဖွဲ့ကိုတိုင်ကြားဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

-------------------------- ။ ---------------

ဒီသတင်း
ကိုဖတ်ပြီးတော့ မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူတွေ အလွဲသုံးစားလုပ်ဖို့အတွက် ဆိုတာထက် မပိုတော့ဘူး။ မြန်မာပြည်က တရားရုံးဆိုတဲ့နေရာတွေမှာ ILO ရုံးခန်းတွေထားလိုက်ရင် ပိုမကောင်းဘူးလားလို့။
ဘယ်နှယ့် ကိုလိုနီခေတ်ကနှုန်းထားနဲ့ လယ်တဧက ၁၂ကျပ်ဆိုတော့ အခုဆန်တဗူးတောင် ၁၂ကျပ်နဲ့ ဝယ်လို့ရလို့လား။ အသိခေါက်ခက် အဝင်နက်တွေ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းတွေချည်းပဲ။ အခွင့်အာဏာဆိုတာတွေဟာ အခုလို လူဆိုးလူညစ်ပတ်တွေလက်ထဲ ရောက်သွားတော့ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေကြပြီ။ အခြေခံ ဥပဒေထဲက တောင်သူလယ်သမား အခွင့်အရေးဆိုတာတွေကို သတင်းစာထဲမှာ တယောက်တလှည့် ပြောသလိုမျိုးပုံစံနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ခုကို ဖတ်ဖူးတယ်။ အပျံစားတွေပဲ ပြောထားလိုက်ကြတာ။ ကိုယ်ရွှေကိုယ်မျိုးတွေအခုလယ်တဧကကို ၁၂ကျပ်နဲ့ ဈေးဖြတ်တာကိုရော မရေးတတ်ကြတော့ဘူးလား။

နောက်တခုက လူတွေလည်း အမှားတွေနဲ့ ယဉ်ပါးလာသလိုလို ဖြစ်နေကြတယ်။ အာဏာရှိတဲ့သူတွေ အမှားတွေလုပ်ရင် ဒါကထုံးစံလိုဖြစ်နေတာပဲ၊ ကိုယ်ကပြောရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူးဆိုတဲ့ ပုံစံဝင်နေကြတယ်။ ကိုယ်ကိုယ်တိုင်တောင် တခါတလေ နည်းလမ်းမကျတာတွေ ပြောချင်ပေမယ့် ဒါတွေက ထုံးစံတွေပဲ လူတွေသိနေပြီးသားပဲ ကိုယ်ဝင်ပြောလည်း ပြောတာပဲ ရှိမယ်ဆိုပြီး ဖြစ်နေတတ်တယ်။ ဥပက္ခာပြုတတ်လာတယ်။ တကယ်တော့ အဲလိုဖြစ်တာ မကောင်းဘူး။ လူလူသူသူ အခွင့်အရေးရှိတဲ့ နိုင်ငံတွေမှာ အခုလိုလုပ်ကြည့်ပါလား၊ ဆူပွက်သွားမှာပေါ့။

ပြည်သူတယောက်ရဲ့ အခွင့်အရေးကို အာဏာရှိတဲ့သူက ချိုးဖေါက်တယ်ဆိုရင် ပြည်သူအားလုံးအပေါ် ချိုးဖေါက်တာနဲ့ အတူတူပဲ။ ကိုယ့်နဲ့မဆိုင်သလို နေလို့မသင့်ဘူး။ အားလုံးက မဆိုင်သလိုနေတတ်ခဲ့ကြလို့ပဲ
ကျွန်တော်တို့တွေဟာ တဖြေးဖြေးနဲ့ တရစ်ခြင်းကြပ်တာကို ခံခဲ့ရတယ်။ တရစ်ကြပ်လိုက်တယ် နေသာသေးတယ်၊
နောက်တရစ်ပြီး တရစ်ဆက်ကြပ်လာတယ်။ အခု တဖြေးဖြေးနဲ့ လူဟာလူနဲ့ မတူသလိုဖြစ်လာတဲ့ အထိရောက်လာတဲ့ အကြောင်းက အဲဒီလို လိုက်လျောတတ်ခဲ့ကြလို့ပဲ။
အဲဒီအတွက် အခု မတရားပြုကျင့်တဲ့ အပြုအမူကို စာရေးပြီး ဆန့်ကျင်တယ်။ မတရားပြုကျင့်ခံရတဲ့ လယ်သမားတွေဖက်ကနေ ကူညီပေးတဲ့ ရှေ့နေဦးအေးမြင့်အဖွဲ့နဲ့ သူတို့တွေရဲ့ ကြိုးစားတဲ့ လုပ်ရပ်တွေအတွက် ဒီကနေ အလေးပြုတယ်။ စိတ်ဓါတ်အားဖြင့်ပူးပေါင်းတယ်။ ဒီထက်ပိုပြီး ပူးပေါင်းနိုင်မယ့် အခွင့်အရေးတွေ ရှိလာရင် ပူးပေါင်းချင်တယ်။

မြန်မာပြည်က တရားသူကြီး ဆိုတဲ့သူတွေနဲ့ တရားရေးဝန်ထမ်းတွေကို စကားလက်ဆောင်ပါးချင်တာကတော့ ခင်ဗျားတို့တွေဟာတရားမျှတမှုရှိအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် ထမင်းစားဖို့ တခြားအသက်မွေးဝမ်းကြောင်းတခုခုကို ပြုကျင့်တာက ခင်ဗျားတို့ရဲ့ ထမင်းတနပ်အတွက် ပိုပြီးသမ္မာအာဇီဝကျပါမယ် ဆိုတဲ့စကားပါပဲ။ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားတို့ တရားရုံးတွေမှာ ပြည်သူတွေအားလုံး တရားဥပဒေရဲ့ အကာအကွယ်ကို ခံယူခွင့်ရှိနိုင်အောင် ဖန်တီးပေးနိုင်ဖို့ ခင်ဗျားတို့ရဲ့ တာဝန်ကို ကျေအောင်ထမ်းဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ILO ခေတ်စားလာတာဟာ တရားရုံးက အာနိသင်မရှိလို့ပဲလို့ ကျွန်တော် ယုံကြည်နေတယ်။ မတရားတဲ့ဖက်မှာတော့ ထင်သာမြင်သာတဲ့ အာနိသင်တွေ ရှိနေတယ်လို့လည်း ခံစားရတယ်။

နီးရာဓါးကြောက်ရတိုင်း ကိုယ်တိုင်က ဓါးသွားလို တဖက်သားအပေါ် ထက်မြနေမယ်ဆိုရင်တော့ ကိုယ်ဟာ တရားတဲ့ဝန်ကို ထမ်းဆောင်မယ့် ဝန်ထမ်းလား မတရားတဲ့ဝန်ကို ထမ်းဆောင်မယ့် ဝန်ထမ်းလားဆိုတာ ညအိပ်ယာဝင်ခါနီးတိုင်း တွေးတောဆင်ခြင်ပေးပါ။

ဒါကို တရားတဲ့ဖက်ကနေ တော်လှန်တဲ့စိတ်နဲ့ အလုပ်လုပ်တယ်လို့ ခံယူပြီး အခုပို့စ်ကိုရေးတယ်။ ဘာကြောင့်ဆို ဘုရားဟောထားတာမှာ ကံဆိုတဲ့အလုပ်က ၃ခုပဲရှိတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီးတော့ရှိတယ်။
အခုက အသံမကြားရတာပဲရှိမယ်။ ကျွန်တော်ကတော့ မတရားတာတွေအတွက် ဆန့်ကျင်တဲ့ အလုပ်ကို ကံ၂မျိုးနဲ့ လုပ်လိုက်ပြီးပြီလို့ ခံယူတယ်။ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ ဆိုတာထက် ကိုယ်ကိုယ်တိုင်က မတရားဝါဒီတွေအသုံးချမယ့် ပုဆိန်ရိုးအဖြစ်မခံဖို့ပဲ ပိုအရေးကြီးတယ်။

အာဏာရှင်တို့ရဲ့ မတရားမှု့တွေကို ကိုယ်ပိုင်အသိဖြင့် ဆန့်ကျင်သွားမည်။
မည်သူ့ကိုမျှ မလှုံ့ဆော်ပါ။

မဟူရာ အားကျေးဇူးတင်ရှိပါသည်။

Thursday, June 10, 2010

0 Unplayed Piano

0 မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့် ဒုက္ခများကို ဖြည့်ဆည်းပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“အမှန်ကတော့ လူတွေ ငတ်ပျက်နေတာ။ မီးရေမလာတာတွေ ဖြည့်ဆည်းပေးစမ်းပါဗျာ။ အဲဒါတွေ လုပ်ပေးရင် သူတို့ကို လေးစားဂုဏ်ယူမှာပါ” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ်ရှိလာနိုင်သည်ဟု ဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေ ဆိုရင်လည်း ချစ်ခင်ရင်းနှီးနေတာဘဲဗျာ။ မလိုဘူး ထင်ပါတယ်။ သိပ္ပံနည်းတွေ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှ စဉ်းစားရမဲ့ ကိစ္စပါ။ ကျနော်တို့ နိုင်ငံက ပေါတီးပေါ့စလုပ်တတ်တာ တွေရှိတော့ မတော်တဆ ဖြစ်ရင်လည်း သိပ်အန္တရာယ် ကြီးမားပါတယ်” ” ဟု သူက ပြောသည်။

စစ်အစိုးရသည် နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် စစ်တပ်မှ ရွေးချယ်၍ ရုရှနိုင်ငံသို့ စေလွှတ်သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် “အထိုက်အလျောက်” တတ်မြောက် လာပြီး လက်နက် ထုတ်လုပ်နိုင်ရေး စတင်လုပ်ဆောင်နေပုံရသည်ဟု သူက သုံးသပ်သည်။

ယခု နှစ် ဖေဖော်ဝါရီလ၌ ပြည်ပသို့ထွက်လာသူ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ လျို့ဝှက်လက်နက် ထုတ်စက်ရုံမှ အကြီးအကဲတဦးဟု ဆိုသူ ဗိုလ်မှူးစိုင်းသိန်းဝင်းက စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများကို နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB သို့ လွှဲပြောင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ယခုလ ၄ ရက်နေ့က ထုတ်လွှင့်သွားသည်။

ကမ္ဘာ့နျူကလီးယားဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့် ကြတ်မတ်နေသော နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အဖွဲ့ကြီး၏ ဒါရိုက်တာဟောင်း ရောဘတ် ကယ်လီကလည်း ယင်း အထောက်အထားများအရ စစ်အစိုးရသည် နျူကလီးယားလက်နက်အတွက် လိုအပ်သော ယူရေနီ ယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုံ Treaty on South East Asia Nuclear Weapon Free Zone (SEANWFZ) ကို ၁၉၉၅ ခု ဘန်ကောက်တွင် ကျင်းပသည့် ASEAN အစည်းအဝေး၌ လက်မှတ်ထိုးထားသည်။

နောက်ဆုံးထွက်လာသည့် အစီရင်ခံစာနှင့် ပတ်သက်၍ IAEA က လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စစ်အစိုးရအား မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

0 ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖျားစော်ကားရာရောက်တယ်

Wednesday, June 9, 2010

0 Pamphlet for Aung San Su Kyi 65th Birthday



ကိုရွှေနန္ဒအား ကျေးဇူးတင်ရှိပါသည်။

0 “ခေါင်းဆောင်ကောင်း အလိုရှိသည် ။”

မောင်ချင့်ချိန်

ဗမာပြည်ဒီမိုကရေစီရေးသမိုင်းတလျှောက် လေးစားရလောက်သောသူရဲကောင်းများစွာ ၊ အားကိုးရ လောက်သော ခေါင်းဆောင်များစွာပေါ်ထွန်းခဲ့ပါတယ် ၊ သို့သော် စံထားရလောက် သောခေါင်းဆောင် ကောင်းကတော့ အလွန်နည်းပါးခဲ့ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း အံ့သြစရာသမိုင်းခေတ်အဖြစ် လူငယ်ခေါင်းဆောင် တွေ ၊ ကျောင်းသားခေါင်းဆောင်တွေ ၊ အမျိုးသမီးခေါင်းဆောင်တွေ အများအပြားပေါ်ထွန်း လာခဲ့ပါတယ် ၊ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲရောက်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ၊ ကိုကိုကြီးတို့လူနည်းစုလေးကလွဲရင် စံထားအား ကိုးလောက်တဲ့ခေါင်းဆောင်ကောင်း မရှိ ဘူးဆိုတာ တွေ့ရပါတယ် ။

ခေါင်းဆောင်ဆိုတာ လုပ်ငန်းကိစ္စတိုင်း ၊ နေရာဌာနတိုင်းမှာ ရှိရပါတယ် ၊အရမ်းအရေး ကြီးပါတယ် ၊ ခေါင်းဆောင်ဖြစ်ရုံသာမကပဲ ခေါင်းဆောင်ကောင်းဖြစ်ဘို့လဲလိုပါတယ် ၊ကိုယ့်အတ္တ ကိုယ်ဦးစားပေး တဲ့ ၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ဘ၀င်မြင့်တတ်တဲ့ ၊ ဆင်ခြင်တုံတရားနည်းတဲ့ ၊ မပြတ်သား တဲ့သူတွေ ခေါင်းဆောင်ဖြစ်ခဲ့ရင် အဲဒီအဖွဲ့ ၊ အဲဒီ အလုပ်ဟာ အနှေးနဲ့အမြန်ပျက်စီးတာပါပဲ ၊ ကျွန်တော် တို့ဒီမိုကရေစီရေးတိုက်ပွဲ ခုလိုခရီးရှည်နေရတာဟာ ခေါင်းဆောင်အမည်ခံတွေသာများပြီး ၊ ခေါင်းဆောင်ကောင်း တွေမဖြစ်ခဲ့ကြလို့၊ခေါင်းဆောင်အရည်ချင်းမပြည့်မှီပဲခေါင်းဆောင်တက်လုပ်ခဲ့ကြလို့ပါ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပြည်သုလူထုက မျှော်လင့်ချက်ထားတဲ့ခေါင်းဆောင်တွေက ပြည်သူ့ ဆန္ဒကိုမဖြည့်စည်းနိုင်ခဲ့ကြဘူး ၊ ကြားဖြတ်အစိုးရဖွဲ့ဘို့လိုအပ်နေချိန်မှာကိုယ့်အတ္တတွေ ကိုရှေ့တန်း တင်စဉ်းစားခဲ့ကြပြီး ညီညီညွတ်ညွတ်နဲ့ပြည်သူကိုဦးမဆောင်နိုင်ခဲ့ကြလို့စစ်တပ် ရဲ့အာဏာသိမ်းမှု ခံခဲ့ ကြရပါတယ် ၊ ကျောင်းသားတွေဦးဆောင်ပြီး ပြည်သူတွေသွေးနဲ့ခင်း တဲ့လမ်းမှာ (သေနတ်သံ တိတ်တုန်းလေး ခန)လူထုခေါင်းဆောင် ဆိုပြီးထလျှောက်ကြတဲ့ သူတွေ စစ်တပ်ကအာဏာသိမ်းချိန် မှာရော လူထုကိုဘာတွေဦးဆောင်ခဲ့ပါသလဲ ၊

ရွေးကောက် ပွဲလုပ်ပေးမယ်ဆိုတဲ့ စစ်တပ်ရဲ့မြှူဆွယ်မှု မှာ အသီးသီးပါတီတွေထောင်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်ကနေအများစုသွေဖီခဲ့ကြတယ်။ စစ်တပ်ကအာဏာသိမ်းပြီးပေမဲ့ သူ့အုပ်ချုပ်ရေးကိုခိုင်မြဲအောင်မလုပ်နိုင်ခဲ့ပါဘူး ၊ ပါတီတွေ ထောင် ကြပါ ၊ ရွေးကောက်ပွဲလုပ်ပေးပြီးစစ်တန်းလျားပြန်မှာပါလို့ စောမောင် ပြောတာကို ယုံကြည်ကြပြီး ရှစ်လေးလုံးအရှိန်အဟုန်နဲ့ ပြတ်ပြတ်သားသားတိုက်ပွဲမဆက်ခဲ့ကြဘူး ၊ အဲဒီတုန်းက ခေါင်းဆောင် ကြီးများဆိုသူတွေက အာဏာသိမ်းတာကိုလက်မခံဘူး ၊ ပါတီလဲ ထောင်စရာမလိုဘူး၊ ပြည်သူကို ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တွေ့ဆုံဆွေးနွေး ရေးလုပ်ဘို့ပဲတောင်းဆိုမယ် ၊ ကိုယ့်ဘာသာ ကြားဖြတ်အစိုးရဖွဲ့ပြီး ကိုယ့်ဘာသာရွေးကောက် ပွဲလုပ်မယ်လို့ တင်းခံခဲ့ရင်……..။ ဦးနုတို့ ဒေါ်စုတို့က ညီညီညွတ်ညွတ်နဲ့ ပြည်သူကို ဦးဆောင်ခဲ့ရင်……။

သမိုင်းခေတ်ရဲ့အခြေနေအရ ၊ လိုအပ်ချက်အရ ၊ ကျောင်းသားတွေက သုံးယောင်ချယ် ၊ ဗကသ ၊ အကသ ၊ NLD လူငယ် ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ABSDF စသဖြင့် ကွဲပြားခဲ့ရတဲ့အပေါ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ၊ ခေါင်းဆောင်ကြီး တွေအဖြစ် ထွက်ရပ်ပြခဲ့သူတွေထဲက ဘယ်သူ ဘယ်လို ဦးဆောင်မှုပေးခဲ့ပါသလဲ ၊ လူငယ်ကျောင်း သားတွေက အတွေ့အကြုံကိုဆရာတင်ရင်း ကိုယ့်ဘာသာ ဦးဆောင်ခဲ့ ကြရတယ် ၊ ၁၉၉၀ မှာ “NLD ကိုဝန်းရံကြ”လို့ ကျောင်းသားတွေကကြွေး ကြော်ခဲ့ကြပြီး စစ်အစိုးရကိုပုံသဏ္ဍန်အမျိုး မျိုးနဲ့တိုက်ပွဲဝင်နေချိန်မှာ ၊ ခေါင်းဆောင်ဆိုသူတွေက ရွေးကောက်ပွဲဝင်ပြီး ကိုယ့်ပါတီ အနိုင်ရရေးပဲလုပ်ခဲ့ကြတယ် ၊ စစ်တပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ပေးဘို့ အကြောင်းအမျိုးမျိုးပြသွေဖီခဲ့မှုအပေါ် ထိရောက်တဲ့ တောင်းဆိုမှု ၊ တိုက်ပွဲဝင်မှု မလုပ်ခဲ့ကြဘူး ၊ ပြည်သူကိုခေါင်းဆောင်ရမဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူအချို့ နယ်စပ်ဒေသ (လွတ်မြောက်နယ်မြေ ) များဆီထွက် လာပြီး အဝေးရောက် အစိုးရအဖြစ်ဖွဲ့စည်းချိန်မှာတော့ မူလထဲက လူငယ်ပိုင်းတွေမို့ အတွေ့အကြုံနည်းပါးမှုကြောင့် ဆုံးဖြတ် ချက်အမှား ၊ လုပ်ရပ်အမှားတွေများစွာရှိနေတဲ့ နယ်စပ်ရောက်ကျောင်းသားခေါင်းဆောင်ဆိုတာတွေမှာ အတုခိုးမှား ပျက်ဆီးစရာတွေဖြစ် လာပါတော့တယ် ၊အဝေးရောက်အစိုးရလို့ပီပြင်အောင် ပြည်သူတွေနဲ့ ဝေးသထက်ဝေးရာ နိုင်ငံပေါင်းစုံ(အထူးသဖြင့်အမေရိကား၊သြစတေးလျား၊နော်ဝေ၊ကနေဒါနဲ့ဂျပန်) ကို ထွက်ခွာသွားကြတာမှာ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ ၊ လူထုခေါင်းဆောင်ဆိုသူတွေ ပျက်ဆီး ဘို့လမ်းစဖြစ်ခဲ့တော့တာပါပဲ ၊ နယ်စပ်တွေမှာနေထိုင်သူတွေကလဲ ရပ်တည်ရေး ဆိုတဲ့ခေါင်းစဉ်ပြပြီး ၊ နိုင်ငံရေးအလုပ်ထက် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ကလေး သူငယ် အရေး ၊ အမျိုးသမီးအရေး၊ စသဖြင့် အရေးမျိုးစုံနဲ့ အလှုရှင်တွေအကြိုက်သာ လုပ်ပြရင်း ထိရောက်တဲ့နိုင်ငံရေးအလုပ်တွေနဲ့ဝေး သထက်ဝေးလာပြီး ဇိမ်ခံနေထိုင်မှုတွေ ၊ ကိုယ်ကျိုးစီးပွားနဲ့ မိသားစုဘ၀ဆိုတာတွေထဲမှာပဲ ကျင်လည် နေကြတော့--- ̋ခေါင်းဆောင်ဆိုတဲ့နေရာကို တော်လှန်ရေးအတွက်အနစ်နာခံဘို့ ၊ ဦးဆောင်ဘို့ လိုချင်တာမျိုးထက် ကိုယ်ကျိုးစီးပွားရှာဘို့ အနေချောင်ဘို့ လုနေကြတာမျိုးဖြစ်လာတယ်။̋̋̋

နောက်ပိုင်းမှာ နိုင်ငံရေးအစဉ်လာရှိသူ ၊ ရပ်တည်ချက်ပြတ်သားခိုင်မာသူ ၊ စဉ်းစားမျှော် မြင်မှုနှင့် မဟာမိတ်ဆက်ဆံရေးအားကောင်းသူတွေ ခေါင်းဆောင်ဖြစ်ရမဲ့အစား ငွေရှာ နိုင်သူတွေပဲခေါင်းဆောင် ဖြစ်လာကြပါတယ် ၊ ငွေပေးသူတွေရဲ့သြဇာလွှမ်းမိုးမှုတဖြည်းဖြည်းခံလာရပြီး ငွေနဲ့ အတွေးအခေါ် ခံယူချက်များ လဲကြရတဲ့အခြေအနေတွေဖြစ်လာပါတယ် ၊ ပြည်သူတွေအဘို့ အားကိုးယုံကြည်ရ လောက်တဲ့ ခေါင်းဆောင်ကောင်းမတွေ့ရမှုမှာ လိုက်ပါဘို့မ၀ံ့ရဲတဲ့အခြေနေဖြစ်လာပြီး မဆန့်ကျင်ရဲကြ ပဲ အံကြိတ်ပဲခံနေကြတော့တာမှာ စစ်အာဏာရှင်တွေက အလိုလိုအသာရ ဘို့ဖြစ်လာပါ တော့တယ်။

ဒီနေ့ခေတ်ရဲ့အခြေနေမှန်ကို သေချာပြန်လေ့လာရင် စစ်အာဏာရှင်တွေက ၊ ဗိုလ်ချုပ်ကြီးတွေ ရဲရဲဝံ့ဝံ့ ယူနီဖေါင်းချွတ်ရဲရလောက်အောင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြပြီးထင်တိုင်းကြဲနေ လို့ရ နေပါတယ်၊ပြည်သူ တွေက စစ်ဗိုလ်ချုပ်တွေဘာလုပ်မလဲ ၊ အတိုက်အခံတွေဘာလုပ်မ လဲဆို တာထက် ၊ လောလောဆယ် ဘေးကင်းဘို့နဲ့ ထမင်းပုံမှန်စားရဘို့ပဲ စိတ်ဝင်စားကြသူများနေ ပါတယ် ၊စစ်အစိုးရမတရားမှန်းသိနေကြ ပေမဲ့ မဆန့်ကျင်ရဲဖြစ်နေပြိး ၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေဦးဆောင်ခဲ့တာတောင် လိုက်ပါ နိုင်စွမ်းချို့တဲ့နေကြတာ ၊ ဒေါ်အောင်ဆန်း စုကြည်ကိုမတရားအမှုဆင်မှန်းသိကြပါလျက် ရုံးထုတ်ချိန် အင်းစိန်ထောင်ရှေ့သွားရောက် စုရုံးသူ ထောင်ဂဏန်းတောင်မရှိတာ ၊ ၂၀၀၈ မေလဖွဲ့စည်းပုံဆန္ဒခံယူပွဲ မှာ ကြံ့ဖွတ်နဲ့ ရယကတွေ အနိုင်ကျင့်ခြိမ်းခြောက်ထောက်ခံခိုင်းမှန်းသိပေမဲ့ ၊ ဘေးကင်းပြီးရောထောက် ခံခဲ့ကြတာ ၊ ခု၂၀၁၀မှာလဲ မတရားတဲ့ဥပဒေ တွေထုတ် NLD နဲ့ဒေါ်စုကို ရွေးကောက်ပွဲက နေဖယ် ထုတ်တာ ၊ ပါတီဝင်အင်အားတထောင်ပြည့်ရမယ် ၊ ငွေကြေးဘယ် လောက်ရှိရမယ် ဆိုပြီး တခြားပါတီိ တွေကိုကန်ထုတ်တာ ၊ စစ်ဗိုလ်ချုပ်ကြီးတွေအုပ်စုလိုက်ယူနီဖေါင်းချွတ်ပြီး ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်း ရွေးကောက်ပွဲကိုတဘက်သတ်လုပ်တော့မှာတွေကို သိနေ ကြလျက်နဲ့ မဆန့်ကျင်ရဲငြိမ်နေကြ တာ ပြည်သူတွေရဲ့ ဖိနှိပ်ခံဘ၀မှာနေသား တကျဖြစ် မှုကိုပြနေပါတယ်။

ဒီမိုကရေစိလိုလားသူများဆိုတဲ့ အတိုက်အခံလောကနေသားကျမှုကတော့ အဆိုးဆုံးထင် တာပါပဲ၊ ကိုယ်ပိုင်ဆိုင်ကယ်ကနေ ကားဖြစ်ရေးမှန်းနေကြတဲ့ ၀င်ငွေရအလုပ်တွေ ၊ သားသမီး ကျောင်းပို့ ကျောင်းကြိုအလုပ်တွေ ၊ဆိုင်ကောင်းကောင်းမှာ စားဘို့သောက်ဘို့ပဲအာရုံရှိကြတာ တွေ၊နောက်ထပ် အထောက်ပံ့ဘယ်လိုရမလဲ ပရိုပိုဆယ်ပဲစဉ်းစားရင်း ပြည်သူကိုရော အချင်း ချင်းရော လိမ်နေကြတာ တွေ ၊ ကြေငြာချက်ထုတ်ရုံ ၊ အခန်းနားကျင်းပရုံထက် မပိုတဲ့ လှုပ်ရှားမှုဆိုတာတွေ၊ အဲဒီလိုအခြေအနေ ကိုပဲ တယောက်နဲ့တယောက် ၊ တဖွဲ့နဲ့တဖွဲ့အားပြိုင် ရင်း နေရာလုစားကျက်လု မခေါ်နိုင်မပြောနိုင် လက်တွဲမလုပ်နိုင်ဖြစ်နေတာတွေရိုးအီနေတဲ့ဖြစ် စဉ်တွေထဲမှာ စစ်အာဏာရှင်ကတန်းတူအရေးထား လေးစားရလောက်တဲ့ခေါင်းဆောင် ၊ ကြောက်ရလောက်တဲ့ခေါင်းဆောင်၊ မရှိတော့သလောက်ကို နည်းပါးနေပါပြီ ။

ဗမာပြည် ပြည်တွင်းစစ်ခရီးက ရှည်လှပြီ ၊ ဗမာပြည်ကွန်မြုနစ်ပါတီနှင့်တိုင်းရင်းသားများက စတိုက် ပွဲဝင်ခဲ့ကြသော ပထစခေတ် (၁၉၄၈-၁၉၅၈) ဆယ်နှစ် ၊ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရခေတ် (၁၉၅၈- ၁၉၆၀)နှစ်နှစ် ၊ ပါလီမန်ဒီမိုကရေစီခေတ်(၁၉၆၀-၁၉၆၂) ၊ မဆလခေတ် ခေါ်နေ၀င်းခေတ် ၊ စစ်အာဏာရှင်ခေတ် (၁၉၆၂-၁၉၈၈) နှစ်ဆယ့်ခြောက်နှစ် ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ပါဆန့်ကျင်တိုက်ပွဲဝင်နေသော န၀တ/နအဖခေတ်ခေါ် စစ်အာဏာရှင်ခေတ် ၊ နှစ်ပေါင်းများစွာခရီးမှာ ဗမာပြည်သူများကား မွဲသထက်မွဲ ၊ ကမ္ဘာ့တိုးတက်မှုမျိုးစုံအားခံစားခွင့်မရ ၊ နိုင်ငံပေါင်းစုံမှာ ကျွန်လို ထွက်လုပ်မှ လူတန်းစေ့မဲ့ဘ၀မျိုး နိုင်ငံ့ဂုဏ်သရေညှိုးနွမ်းလှပြီ ။

ရပ်ပြစ်ချင်ပါပြီ ၊ လူ့အခွင့်အရေး(အပြည့်အ၀မဟုတ်တောင် ထိုင်းလောက် ၊ အိမ်နီးချင်း နိုင်ငံ တွေ လောက်)ရှိသောအခြေအနေနှင့် ကိုယ့်မြေကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မဲ့အလုပ်တွေ ၊ တည်ဆောက် ရေးလုပ်ငန်းတွေ လုပ်နေချင်ပါပြီ ။ သို့သော် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်း သမျှ မည်သို့ဖြစ်နိုင်ပါ မည်နည်း ။

စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တိုက်ထုတ်ဘို့က ခေါင်းဆောင်ကောင်းလိုအပ်ပါသည် ၊ လက်ရှိ ရှိနေ သောခြေနေအရပ်ရပ်အား ဘက်စုံပြုပြင်ပြောင်းလဲနိုင်ရန် လူအများလေးစားအားကိုး

ယုံကြည်ရမည့် ခေါင်းဆောင်ကောင်းလိုနေပါသည် ၊ လက်ရှိအဖွဲ့တဖွဲ့ဖွဲ့တွင် ခေါင်းဆောင် ဟုကိုယ့်ကိုယ်ကိုယ် သတ် မှတ်သူများ သေချာစဉ်းစား ဆုံးဖြတ်ရမဲ့အချိန်ရောက်နေပါပြီ ၊ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ကောင်း လား ၊ တော်လှန်ရေးအတွက် ခေါင်းဆောင်နေ ရာထိုက်တန်ရဲ့လား ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား ပူပေါင်းကြ/လမ်းခွဲကြ ရမဲ့အချိန် ရောက်နေပါပြီ….

ဗမာပြည် ပြည်သူအပေါင်းနှင့်တော်လှန်ရေးကြီိးကတော့စစ်မှန်သော ခေါင်းဆောင်ကောင်း အလိုရှိနေပါသည်။

မောင်ချင့်ချိန် ။

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေအောင်ပွဲ နှင့် ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန


ရေအောင်ပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုစီမံကိန်းဖြစ်သော သောက်သုံးရေ လှူဒါန်းခြင်း အပြင် ရေရှည်စီမံကိန်းဖြစ်သော အ၀ီစိတွင်းရေ တူးဖော်ခြင်း လုပ်ငန်းများကို မြို့ခံ၊ နယ်ခံ၊ ရွာခံ ပြည်သူလူထုနှင့် ပူးပေါင်းပြီး ရေဒုက္ခသည်များထံသို့ ပံ့ပိုးမှုများ လုပ်ခဲ့ရာတွင် ယခု ပဲခူးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနှင့် ခနာကျေးရွာတို့တွင် အ၀ီစိတူးဖော်ခြင်းလုပ်ငန်းကို ပြုလုပ်ခဲ့ရာ ၆.၆.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် သုံးရေများ အောင်မြင်စွာဖြင့် အခက်အခဲများကြားမှ တူးဖော်ရရှိ ခဲ့ပါသည်။

ယင်း တူးဖော်ရရှိသော ရေများသည် သောက်သုံးရန် သင့်/မသင့်ကို ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပါသည်။

အများပြည်သူအတွက် … အများပြည်သူကောင်းမှုတော်အတွက် သာဓု ခေါ်ဆိုနိုင်ပါစေ သတည်း . . . . ။

ဆားကန်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန

တစ်ဖက်မှာလည်း သောက်သုံးရေ လိုအပ်နေသော မြို့နယ်၊ ကျေးရွာ ဒေသများသို့ ရေတို/ရေရှည် စီမံကိန်းများ ချမှတ်၍ စီစဉ်ဆောက်ရွက်မှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း နာရေးဈာပန ကိစ္စရပ်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးဝါးကုသပေးခြင်း ကိစ္စရပ်များလည်း နေ့စဉ် အခမဲ့ ကုသိုလ်ဖြစ် ဆောက်ရွက်ပေးလျှက် ရှိပါသည်။

ယနေ့ ၈.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆားကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-ကုဏ္ဍလ၊ သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၁)၀ါ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ကူညီမှု ပေးခဲ့ပါသည်။

ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.

Tuesday, June 8, 2010

1 ထက်အောင်ရှိုင်း၏ နေ့သစ်ကို ကြိုဆိုကြပါစို့ သီချင်းစီဒီနားထောင်နိုင်ပါပြီ












*သံစဉ်စာသား-ထက်အောင်ရှိုင်း၊မင်းမော်စိုး၊ကိုဖြိုး(ဗမာ
ပြည်)*

၁၊ သွေး-ကိုဖြိုး(ဗမာပြည်)
၂၊ လှောင်ချိုင့်ထဲက လူ- ထက်အောင်ရှိင်း+A.K.T
၃၊ နေ့ သစ်ကိုကြိုဆိုကြပါစို့ - မ
၎၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် သီချင်း-ထက်အောင်ရှိင်း (DVB )
၅၊ အမေ (သို့ ) အနှိုင်းမဲ့မေတ္တာရှင် ထက်အောင်ရှိင်း+ရေခဲ (DVB )
၆၊ အမျိုးမြတ်တို့ အောင်ပွဲ-ထက်အောင်ရှိင်း
၇၊ သိုးရေခြုံသော ဝံပုလွေ-ထက်အောင်ရှိင်း
၈၊ ရှိုင်း-၂-ထက်အောင်ရှိင်း
၉၊ မိုးယံထက်က ခွပ်ဒေါင်းများ-ထက်အောင်ရှိင်း
၁၀၊ ဘာလုပ်ကြမှာလဲ-ထက်အောင်ရှိင်း+ရေခဲ
၁၁၊ တွယ်ရာမဲ့-ကျော်ထက်မင်း
၁၂၊ တသက်တာ ဝန်ထမ်း -ထက်အောင်ရှိင်း
၁၃၊ ဒုက္ခနဲ့ ဘဝများ ( The poor )- မင်းမော်စိုး+AL
၁၄၊ ကိုမင်းကိုနိုင် မွေးနေ့ သီချင်း- ထက်အောင်ရှိုင်း (DVB )
၁၅၊ ARMY အားလား ကျားလား -ရေခဲ (DVB )
၁၆၊ လူကိုလူချင်းစားသုံးကြသူများ

"တေးသီချင်းများကို မေတ္တာဖြင့်အခမဲ့ဖြန့် ဝေပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်ခဲ့သော ပေးဆပ်နေဆဲ ဖြစ်သော ဦးတည်ချက်ကို တည့်မတ်စွာလျှောက် လှမ်းနေ ကြသော အာဇာနည် သူရဲကောင်းတို့အား လေးစား ဂုဏ်ပြုသောအားဖြင့် ကျနော် ထက်အောင်ရှိုင်း နှင့် မောင်နှမများမှ ဤသီချင်းခွေအား မေတ္တာဖြင့်အခမဲ့ဖြန့် ဝေပါသည်။"
"တေးသီချင်းများ ဖြစ်မြောက်အောင် တီးခတ်ပေးကြသော ညီအကိုများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။"

0 AMBA Journal

0 နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ

(သျှမ်းသံတော်ဆင့် )
နအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။


စိုင်းသိန်းဝင်း ဓါတ်ပုံ S.H.A.N.

“အစတုန်းကတော့ စိုင်းသိန်းဝင်းသတင်းဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာန တို့ဆက်တိုက် ထုတ်လွင့်နေတော့ သတင်းကြီးဖြစ်သွားတာ။ အဲဒီ့ကစပြီးတော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေးတွေအပြင် ထောက်လှမ်းရေးလို့ယူဆရတဲ့တခြားမျက်နှာစိမ်းတွေလဲ အများအပြားရောက် လာတာတွေ့ရတယ်” - ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။

ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟထုတ်ဖေါ်ခဲ့သည့်နောက်ပိုင်း မိခင်ဖြစ်သူအပါအ၀င် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးကဤကဲ့သို့ဆက်ပြော ပါသည်။

“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေအချိန်ပြည့်ဘဲ”

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ်ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့လည်းရရှိခဲ့သည်။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယားလက်နက်တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။

Monday, June 7, 2010

0 မြန်မာနိုင်ငံမှ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်များ၏ ဆိုးသွမ်းမှုများ အပေါ် ကုလသမဂ္ဂ၏ “ရူးသွပ် မိုက်မဲမှု”

အဲယ်လဘတ် အိုင်းစတိုင်း၏ စကားကို ကိုးကား၍ ပြောရမည် ဆိုပါက ရူးသွပ် မိုက်မဲခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အကြောင်းအရာ တစ်ခုတည်းကို ထပ်ကာထပ်ကာ ပြုလုပ်၍ ခြားနားသော ရလဒ်များကို မျှော်လင့်နေခြင်းဟု ဆိုသည်။ မမျှော်လင့်စွာပင် “ရူးသွပ် မိုက်မဲမှု အပေါ် အိုင်းစတိုင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်” သည် လွန်ခဲ့သည့် ၁၇ နှစ်ခန့် အတွင်း မြန်မာနိုင်ငံမှ စိတ်မချမ်းမြေ့ဖွယ် အနေအထားကို ကုလသမဂ္ဂက ကိုင်တွယ်ပုံနှင့် အံဝင်ခွင်ကျ တိုက်ဆိုင်နေသည်။

မြန်မာနိုင်ငံ၌ ၁၉၉၁ ခုနှစ်က ဥပဒေကြောင်းအရ ရွေးချယ် တင်မြှောက်သော အစိုးရကို မြန်မာ စစ်ဖက် အစိုးရက အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ကုလ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေး ကော်မရှင်တို့က မြန်မာ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများ ရပ်ဆိုင်းသွားစေရန် ရည်ရွယ်ကာ သီးခြား ဆုံးဖြတ်ချက် စုစုပေါင်း ၂၉ ခု ကို ထုတ်ပြန်ခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်။ တစ်ဖက်ကို ကြည့်ပါက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် တစ်ခုခြင်းကို မြန်မာ ခေါင်းဆောင်ပိုင်းက လုံးဝ လျစ်လျူရှုခဲ့သည်ကို တွေ့ရသည်။

အထက်ပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအပြင် တိုင်းပြည်က လက်ခံ တင်မြှောက်ထားသည့် အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေရန် ကြိုးပမ်းသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လွန်ခဲ့သည့် ၁၅ နှစ် အတွင်း ၁၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သည်။ စိတ်မကောင်းဖွယ်ရာမှာ မြန်မာ စစ်ဖက် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တိုင် အကျယ်ချုပ် ဖမ်းဆီးထားဆဲ ဖြစ်သည်။

၂၀ဝ၅ ခုနှစ်တွင် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗဲကလက်ဟာဗယ် နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ကုလလုံခြုံရေး ကောင်စီသို့ တင်ပြရန် အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာကို ရေးသားခဲ့သည်။ ၂၀ဝ၅ ဟာဗယ်/တူးတူး အစီရင်ခံစာသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်ဖက် အာဏာရှင်တို့၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြထားသည့် စွပ်စွဲချက် တစ်ခု ဖြစ်သည်။ မြန်မာ စစ်တပ်သည် ကလေးအရွယ် ယောကျာ်းလေးများကို ဖမ်းဆီး ခေါ်ဆောင်ကာ အသက် ၁၁ နှစ် အရွယ်တွင် လက်နက် ကိုင်တွယ် အသုံးပြုနည်း လေ့ကျင့် သင်တန်းပေးနေသည်ဟု အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ ယခု ပုံစံအတိုင်း စစ်တပ်ထဲသို့ အတင်းအကြပ် ခေါ်ယူထားသော ကလေးပေါင်း ၇၀ယဝ၀ဝ နီးပါး ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဦးဆောင် ဟီးရိုးအင်း ထုတ်လုပ်သူ ဖြစ်သလို မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုတွင်လည်း ကြီးမားစွာ ပါဝင် ပတ်သက်နေသည်။

ထိန်းချုပ်မရ ပျံ့နှံ့နေသော မူးယစ်ဆေးနှင့် ကလေးသူငယ် အလွဲသုံးမှုများအပြင် ထောင်ပေါင်း များစွာသော မြန်မာ တိုင်းရင်းသား ကျေးရွာများကိုလည်း စစ်ဖက် အစိုးရက စနစ်တကျ ဖျက်ဆီးပစ်ခဲ့သည်။ မြန်မာ အစိုးရ၏ ရက်စက်မှုမှ လွတ်မြောက်ရန် အတွက် ဒုက္ခသည်ပေါင်း ၂၀ဝယဝ၀ဝ ကျော် ဇာတိကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံ လူ့အခွင့်အရေးများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ နိုင်ငံရေး လွတ်လပ်ခွင့် (သို့) လွတ်လပ်စွာ ပြောဆိုခွင့်များ လုံးဝ မရှိပါ။ လူသတ်မှု၊ မုဒိန်းမှုနှင့် အဓမ္မ လုပ်သား ခေါ်ယူမှုများ နှင့်အတူ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ထုံးစံလိုပင် ရိုးနေပြီဟု ဆိုရမည်။

ဤမျှ မကသေးပါ။ အမှန်တကယ်အားဖြင့် အကျင့်ပျက် လာဘ်စားသော စစ်ဖက် အုပ်ချုပ်သူများက မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်အောင် ပြုလုပ်ရာတွင် အောင်မြင်သွားခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြားဝင် ဆောင်ရွက်ရန် အတွက် လိုအပ်သော သတ်မှတ်ချက် စံညွှန်းများ အားလုံးနှင့် ကိုက်ညီနေသည်ကို ၂၀ဝ၅ ခုနှစ် အစီရင်ခံစာအရ တွေ့ရှိခဲ့သည်။

သို့သော်လည်း ရုရှားနှင့် တရုတ် နှစ်နိုင်ငံသည် မြန်မာ အစိုးရကို အဓိက လက်နက် ထောက်ပံ့သူများ ဖြစ်နေခြင်းကြောင့် ဟာဗယ်/တူးတူး အစီရင်ခံစာကို ကုလသမဂ္ဂက သိသိသာသာ လျစ်လျူရှုခဲ့ခြင်းမှာ ငြင်းမရသည့် အမှန်တရားပင် ဖြစ်သည်။ အဆိုပါ ကုလလုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံက မြန်မာ အစိုးရထံမှ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိရန် အားကြိုးမာန်တက် ကြိုးစားနေကြခြင်းမှာ မြန်မာနိုင်ငံတွင် မက်လောက်စရာ ကြီးမားသော ဓာတ်ငွေ့ အရံသိုက်များ ရှိနေသောကြောင့် ဖြစ်သည်။

မြန်မာ့ စစ်တပ်သည် ၂၀ဝ၇ ခုနှစ်တွင် အပြစ်မဲ့ သံဃာတော်များအား သတ်ဖြတ်မှုကြောင့် နိုင်ငံတကာ သတင်း မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သံဃာတော်များက သည်းခံနိုင်ဖွယ် မရှိသော ပြည်တွင်း အခြေအနေများကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း အစိုးရ ခေါင်းဆောင်ပိုင်းကမူ `၎င်းးတို့အတွက် နေပြည်တော်ဟု ခေါ်သော ကြီးကျယ် ခမ်းနားသည့် ကုန်းတွင်းပိတ် မြို့တော်သစ်ကို ဆက်လက် အကောင်အထည် ဖော်ခဲ့သည်။ အထက်ပါ မြန်မာနိုင်ငံမှ ဝမ်းနည်းဖွယ် ဖြစ်ရပ်များကို ကုလသမဂ္ဂက အလျင်အမြန် တုန့်ပြန်သည့် အနေဖြင့် အထူး ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို ခန့်အပ်ကာ မြန်မာပြည်တွင်း အနေအထားကို တိုးတက်စေရန် စေလွှတ် ညှိနှိုင်းစေခဲ့သည်။ စစ်ဖက် အစိုးရနှင့် ဂမ်ဘာရီ အကြား တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့သော်လည်း (ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ အဆိုအရ) ထင်ရှား သိသာသော ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်း မရှိပါ။)

ယခုအခါ ကုလသမဂ္ဂ နှင့် မြန်မာ အစိုးရတို့၏ မစွံသော ဇာတ်လမ်းမှာ ပိုဆိုးလာသည့် ကြားမှ ရှေ့ဆက်လျက် ရှိသည်။ ၂၀ဝ၈ မေလတွင် မိုးဦး လေဦး ရေကြမ်း လေကြမ်း ဝင်ရောက်လာသော ဆိုက်ကလုန်း နာဂစ်စ်က နိုင်ငံကို များစွာ ဖျက်ဆီးပစ်ခဲ့ပြီး လူပေါင်း ၁၄၀ယဝ၀ဝ ခန့် ကြောက်ဖက်ဖွယ် သေဆုံးခဲ့ကြကာ သန်းနှင့်ချီသော ပြည်သူများ အစာငတ် ရေငတ် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံ သားကောင်များ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် ကြိုးစားခဲ့သော်လည်း လူကြောက်တတ်သော မြန်မာ အစိုးရက နိုင်ငံခြား စစ်တပ်များ ဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် ကယ်ဆယ်ရေး အကူအညီ အများစု ပြည်တွင်း ဝင်ရောက်ခွင့်ကို ငြင်းဆိုခဲ့သည်။

မြန်မာ အစိုးရက နိုင်ငံခြား ကယ်ဆယ်ရေး အစီအစဉ်များကို လက်ခံရန် အဆက်မပြတ် ငြင်းဆန်နေမှုကြောင့် နေပြည်တော်တွင် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ အစည်းအဝေး ပြုလုပ်ရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ တွေ့ဆုံပြီး အချိန် အနည်းငယ် အတွင်းမှာပင် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား ပျော့ပြောင်းမှု ရရှိရေးကို စွန့်လွှတ်လိုက်ရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးပြီး နာရီပေါင်း များစွာ အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် တစ်နှစ် ထပ်မံ၍ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားမည်ဟု မြန်မာ အစိုးရက ကြေညာခဲ့ခြင်းမှာ အမှန်တကယ်ပင် ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူမ လွတ်မြောက်ရေး အတွက် ကြိုးစားသည့် အနေဖြင့် အနည်းဆုံး သမိုင်းဝင် မအောင်မြင်သည့် တယ်လီဖုန်း ခေါ်ဆိုမှု တစ်ခုကိုမျှ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ပြုလုပ်တော့မည် မဟုတ်ပါ။

ထို့နောက်တွင် အစိုးရ အာဘော် သတင်းစာNew Light of Myanmarက မိမိတို့ နိုင်ငံ၏ ဆိုင်ကလုန်း မုန်တိုင်း အခက်အခဲ ကိစ္စများ ပြီးဆုံးသွားပြီဟု သုံးသပ် ရေးသားလိုက်ပြီး အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများပင် ဖြစ်သည်ဟု `၎င်းတို့က ကြေညာခဲ့သည်။ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ပြည်သူများ အားလုံးက ကျေနပ်ကြသည်ဟု ၎င်းင်းတို့က ဆိုသည်။ ဆိုက်ကလုန်း အပြီး လူပေါင်း သန်းနှင့်ချီ၍ ငတ်မွတ်ကာ နေစရာမရှိ ဖြစ်နေခြင်းကို အစိုးရက ကာကွယ် အကြောင်းပြရာတွင် နိုင်ငံတကာ ကယ်ဆယ်ရေး အထောက်အပံ့များ မလိုအပ်ပါကြောင်း၊ ယခုအချိန်မှာ မိုးရာသီ ဖြစ်၍ ပေါများလှသော “ဖား” များကို ရိုက်၍ မြန်မာပြည်သူများ စားသောက်နိုင်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လုပ်ငန်းစဉ် တစ်ခုပြီး တစ်ခု ဆောင်ရွက်ခဲ့သော်လည်း အကျင့်ပျက် ခြစားသော မြန်မာ ခေါင်းဆောင်ပိုင်းနှင့် ကုလသမဂ္ဂအကြား ယခင်အတိုင်း မစွံလှသော သံတမန် ထုတ်ဆီးတိုး ကစားပွဲ နှင့်အတူ မြန်မာနိုင်ငံ၏ ရက်စက် ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်ခြင်း မရှိသေးပါ။ သံတမန်ရေးရာ တိုးတက် ပြောင်းလဲခြင်း မရှိမှု၏နောက်တွင် ရလဒ်မဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို တစ်ခုပြီးတစ်ခု၊ တစ်နှစ်ပြီး တစ်နှစ် ဆက်၍ ဆက်၍ ချမှတ်ခဲ့သော်လည်း နိုင်ငံတွင်း ကြီးမားလှသော ပြဿနာပေါင်း များစွာ အတွက် အပေါင်းလက္ခဏာ ဆောင်သော သိသာ ထင်ရှားသည့် အကျိုးရလဒ် တစ်ခုတလေပင် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။

သို့ဖြစ်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်ကို “ရူးသွပ် မိုက်မဲမှု” ဟု အယ်လဘတ် အိုင်စတိုင်း၏ စကားအရ အဓိပ္ပာယ် ဖွင့်ဆိုရလိမ့်မည်။ ဤသည်မှာ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်များ၏ ဆိုးသွမ်းမှုများ အပေါ် ကုလသမဂ္ဂ၏ တုန့်ပြန် ဆောင်ရွက်မှုကို အတိအကျ ဖွင့်ဆိုပြနိုင်သည့် တစ်ခုတည်းသော အမှန်အကန် စကားလုံးသာ ဖြစ်သည်။

Zarni

Sunday, June 6, 2010

0 Preparing for the Worst - Burma(KNU ဗိုလ်မှူးကြီးနာဒါးမြ)



The Burmese junta continues to terrorise ethnic minorities, driving them from their villages. Holding little hope that the elections will bring change, ethnic militias struggle to care for their people.

Colonel Nerdah Mya, leader of the Karen militia, the KNLA, brings his troops into another destroyed minority village. They have come to provide healthcare for the malnourished residents. Their stance is clear: "The Burmese are executing genocide against the Karen people". Exercising a brutal scorched earth policy throughout the region, the SPDC has driven thousands of refugees into hiding. Mya and his men are trying to find a safe place to rebuild the village, and yet the threat of the ever-approaching army hangs over their efforts. The guerrilla leader is certain the elections won't change the regime: "We are trying to rebuild our community...They have their own plan"

0 ဘယ်သူ့တာဝန်လဲ

ခင်မမမျိုး

0 ကျနော်ဆွဲဖွင့်မိသော တံခါးများ


ိdvbမှ ထုတ်လွှင့်သွားပြီးခဲ့တဲ့ ရုပ်/သံဖြစ်ပါတယ်။

0 အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခမှာ ဆရာဦးဝင်းတင်နဲ့ interview ထဲကအချို့ကိုကောက်နုတ်တင်ပြလိုက်ပါတယ်။

မိုးမခ။ ။ မြန်မာပြည်ရဲ့ နူကလီယားစီမံကိန်းပေါက်ကြားခြင်း၊ တရုတ်ခေါင်းဆောင် လည်ပတ်ခြင်းနဲ့ အမေရိကန်ရဲ့ စေ့စပ်ရေးသမား ဂျင်ဝက်ခရီးစဉ် ဖျက်သိမ်းခြင်းတို့ ဖြစ်ပွားလာခဲ့ပါတယ်။ ဒါ့အပြင် လာမည့် ဇွန် ၁၉၊ ၂၀ ရက်သတ္တပတ်မှာ တိုင်းပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေ နိုင်ငံတကာက တခဲနက် ကျင်းပကြဖို့လည်း တာစူပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အဲသည် အချက်အလက်တွေပေါ်မှာ အခြေခံပြီး ဦးဝင်းတင်နဲ့ မေးခွန်းများ မေးဖြစ်ပါတယ်။

အဲသည်မှာ စကားကို ပြန်ဆက်ကြရတာကတော့ အနုမြူကိစ္စ ဖြစ်ပါတယ်။

ဦးဝင်းတင်။ ။ “အဲသည်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒအရ အခုလိုမျိုး အနုမြူကိစ္စပေါ်လာပြီ ဆိုရင် သူတို့ဖက်က ကိုယ်စားလှယ်တွေ၊ ကွန်ဂရက်တို့ ဆီးနိတ်တို့က အမတ်တွေက ရှေ့ဆက်တိုးလို့ မရတော့ဘူး လို့ နားလည်တယ်။ အဲသည်လို အနုမြူလက်နက်ကိုင်ချင်တဲ့ နိုင်ငံကို ဆက်ဆံတဲ့နေရာမယ် သူတို့ အမတ်တွေ၊ သံတမန်တွေက စကားတွေ၊ ကတိတွေ မကျွံသွားအောင်၊ မလွန်သွားအောင် ဂရုစိုက်ဖို့ လိုတဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် သံတမန်ခရီးစဉ်တွေကို ဖျက်သိမ်းပြီး ပြန်ကြရတယ်လို့ သဘောပေါက်တယ်။ သူတို့ဖက်က အဲသည်လိုနိုင်ငံမျိုးအပေါ် နိုင်ငံခြားရေးမူဝါဒ သီးခြား ပြန်စဉ်းစားရတော့မယ်လို့ ထင်တယ်။

တရုတ်နိုင်ငံအနေနဲ့ကလည်း မြောက်ကိုရီးယား အနုမြူကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခပ်ရမ်းရမ်း လုပ်လာတာကို အိမ်နီးချင်းတွေနဲ့ ဂျပန်တို့၊ တောင်ကိုရီးယားနဲ့ လိုက်ပြီး ဖြေရှင်းနေရတာကနေ၊ မြန်မာကလည်း အနုမြူကိစ္စ ဖြစ်လာရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာဖက်ကနေပြီး အာဆီယံတို့ အမေရိကန်တို့ကို လိုက်လံ ဖြေရှင်းရတဲ့ အမှုတွေက ရှေ့တန်းရောက်လာမယ် လို့ မြင်ပါတယ်။
အဲသည်လိုမျိုး အနုမြူကိစ္စ ရှေ့တန်းရောက်လာရင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ အရေးနဲ့ အတိုက်အခံနိုင်ငံရေးကိစ္စတွေက နောက်တန်းကို ရောက်သွားပြီး မှေးမှိန်ကုန်ကြလိမ့်မယ် လို့ ပြောချင်ပါတယ်။”

မိုးမခ။ ။
အနုမြူအရေးက ရှေ့တန်းရောက်လာရင် မြန်မာပြည်ရဲ့ လက်ရှိ အများပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စတွေက နောက်ရောက်သွားခဲ့ရင် ဒါဟာ စစ်အစိုးရ အကြိုက်လား၊ ဘယ်သူ့ အကြိုက် ဖြစ်သွားသလဲ ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးကို လိုလားသူ အစိုးရများ၊ အဖွဲ့အစည်းများအတွက် မြန်မာစစ်အစိုးရကို အရေးယူဆုံးမဖို့အတွက် အကြိုက်ကော မဖြစ်သွားနိုင်ဘူးလား။

ဦးဝင်းတင်။ ။“ ပြောရရင်တော့ ဒါဟာ စစ်အစိုးရရဲ့ အကြိုက် ဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။ တိုင်းပြည်ရဲ့ အဓိက အရေးကိစ္စတွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုရေးရေး ကျန်းမာရေး ပညာရေး အကြပ်အတည်း အခက်အခဲတွေက နိုင်ငံတကာရဲ့ အာရုံမှာ မှိန်သွားတာက အရင် ဖြစ်တယ်။
နောက်ပြီးတော့ အဲသည် အနုမြူကိစ္စဆိုတာကလည်း သမိုင်းအရကြည့်လိုက်ရင် ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဘယ်နိုင်ငံအစိုးရကမှ အခြားနိုင်ငံကို အနုမြူသုံးတိုက်တယ်ဆိုတာ မရှိဘူး။ အာဏာရှင်နိုင်ငံတွေက နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ်မှာ အင်အားပြ ခြိန်းခြောက်ရန် သုံးစွဲတဲ့ နိုင်ငံရေးလက်နက်တခု လို့ပဲ မြင်ပါတယ်။ အဲသည်အနုမြူဆိုတာကြီးကို ဟန်ရေး တပြပြလုပ်ပြီးတော့ နိုင်ငံတကာမှာ လူရာဝင်လာမယ်၊ တိုင်းသူပြည်သားတွေကို ပြန်ပေးဆွဲ ဓားစာခံထားပြီးတော့ ကမ္ဘာကြီးကို ဈေးဆစ်မယ်။ လူတွေ ဒုက္ခရောက်နေတာ၊ ငတ်ပြတ်နေတာတွေက အရေးမကြီးတော့ဘူး။ သူတို့လက်နက်ပြ ခြိန်းခြောက်တာတွေကို လိုက်လံဖြေရှင်းရတာတွေ ရှေ့တန်းရောက်လာတယ်။
ဒါကို ကျနော်ကတော့ အီရန်တို့ မြောက်ကိုရီးယားတို့ကို နမူနာကြည့်ရင် သိနိုင်တယ်။ ခြိမ်းခြောက်တဲ့ အဆင့်၊ ဈေးဆစ်နိုင်တဲ့ အဆင့်ဖြစ်နေတာကို တွေ့နိုင်တယ်။ နှစ်ပေါင်းများစွာ ကြာညောင်းအောင် အာဏာရှင်တွေက နေရာတွေ ရနေကြတယ်။ အီရန်က ရွေးကောက်ပွဲတို့၊ လူတွေ ဆန္ဒပြနေတာတွေက ရှေ့မရောက်လာတော့ဘူး။ မြောက်ကိုရီးယားမှာဆိုရင် ပြည်သူတွေ ငတ်ပြတ်နေတာ၊ တိုင်းပြည်က ထွက်ပြေးနေရတာတွေ လူတွေက မသိကြတော့ဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးက အမှောင်ကျသွားပြီးတော့ အာဏာရှင်နိုင်ငံရေးက ပိုမိုလင်းလက် တောက်ပပြီး မီးမောင်းထိုးခံလာရတော့မယ် လို့ ထင်ပါတယ်။”

0 Myanmar's Military Ambitions (Aljazerra You Tube)


Aljazerra You Tubeက ရုပ်သံကြည်လင်ပြီးပိုမိုကောင်းမွန်တဲ့အတွက် အစအဆုံး ပြန်တင်ပေးလိုက်ပါတယ်။
Readon TV Movie Radio Player v7.0.0.0 Portable
mediafire
Myanmar's military ambitions - Part 1
Myanmar's military ambitions - Part 2
Myanmar's military ambitions - Part 3
Myanmar's military ambitions - Part 4

0 IAEAဒါရိုက်တာဟောင်းရောဘတ်ကယ်လီ၏ မြန်မာနျူကလီးယား စီမံကိန်းအကြောင်း ဆောင်းပါး( မြန်မာဘာသာပြန်)

ဘာသာပြန်သူ - အောင်ဆန်းမန်း

DVB ရဲ့ ၅နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖေါ်ထုတ်နိုင်လိုက်ပါပြီ။ စုံစမ်း ထောက်လှမ်း တွေ့ရှိမှုများအတွက် အရေးပါသူ တစ်ဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်းပဲ ဖြစ်ပါသည်။

DVB ရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ DVB ကို ဆက်သွယ် လာပြီး အထောက်အထား စာရွက်စာတမ်းများ၊ ရောင်စုံ ဓါတ်ပုံများကို ပေးအပ် ခဲ့ပါသည်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှမှ လေ့ကျင့် သင်ကြားပေးနေသော အထောက်အထားများသာမက မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ် ပေးနိုင်လိုက်ပါသည်။

လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းစစ်ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးထားစဉ် (AP Photo/Democratic Voice of Burma)

ထိုအချက်အလက် အထောက်အထားများအား DVB နှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာ အဖြစ် ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲ ဖြစ်ပါသည်။ ဒေါက်တာကယ်လီသည် ဤအထူး ဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နျူလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ် ရှာဖွေထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါသည်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတစ်ဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာ လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား DVB မှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်လက်များအား ကမ္ဘာကို ထုတ်ဖော် ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသော ပုဂ္ဂိုလ်မှာ မကြာသေးခင်အထိ ပြည်တွင်းမှာ ဗိုလ်မှူးရာထူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်း ဖြစ်ပါသည်။ သူဟာ မြန်မာစစ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါသည်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာ အထူးစက်ရုံများ တည်ဆောက်ခြင်း၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ခေတ်မှီ စက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါ စက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါသည်။ DVB သည် ထိုအထောက်အထားများကို ကျွမ်းကျင်သူများအား ပြသကာ အသေးစိတ်စစ်ဆေးပြီး ကမ္ဘာအား ထုတ်ပြန် ကြေငြာရန် စီစဉ်ခဲ့ပါသည်။ အချို့သော ကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များ အပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုး ကောက်ချက်ချမှုများ ရှိကြသလို အချို့ကတော့ ထိုအထောက်ထားများတွင် ပါဝင်သော ပစ္စည်းကိရိယာများဟာ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ ဖြစ်တယ် ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အ၀ သဘောတူချင်မှ တူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါသည်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ် ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ DVB မှာ လျှို့ဝှက် စက်ရုံများ၏ ဓါတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နိုင်အောင် များပြားလှသော အခြားအချက်အလက်ရင်းမြစ်နှင့် အထောက်အထားများလဲ ရှိနေပါသည်။ သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်အထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်အလက်များကိုပဲ ဦးစားပေး ဖော်ပြသွားပါမည်။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက် နျူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါသည်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အကြီးအကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါသည်။ တစ်ဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓါတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်အထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလဲ လုံးဝ ရှင်းလင်းလှပါသည်။ ထိုအထောက်အထား အချက်အလက်များအပေါ် နျူမပျံ့ပွားရေး လုပ်ဆောင်နေကြသော အဖွဲ့အစည်းများဟာ မည်သို့ရှုမြင်ကြမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ DVB မှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက်သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်း မှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါသည်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမ္ဘာက သိသင့်သော အချက်အလက်များ ပိုမို လိုအပ်နေတယ် ဆိုတာကို ခံစားလာမိပါသည်။ ဒီလိုနဲ့ သူဘာတွေ တွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်း ခံခဲ့ရတယ် ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဖက်ကို ထွက်ခွာလာခဲ့ပါသည်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့ အပြင် စစ်အစိုးရ ဘာတွေ ဆောက်လုပ် စီမံနေတယ် ဆိုတာကို ပြသထားတဲ့ ဓါတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါသည်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလဲ ပြောပြနိုင်သလို နျူစီမံကိန်းနှင့် ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည် နာမများအားလဲ ပြောပြနိုင်ခဲ့ပါသည်။

စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ Negev သဲကန္တာရ တွင်ရှိသော Dimona နျူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါသည်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်း စက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓါတ်ပုံများစွာ ရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတစ်ဆင့် ၁၉၈၆ နှစ်တွင် ကမ္ဘာအား ဖွင့်ချခဲ့ပါသည်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓါတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ၀န်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကို ခံလိုက်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခြင်းကို ခံလိုက်ရပါသည်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်းအချက်အလက်များကို ပေးအပ်ခဲ့သူ ဖြစ်ပါသည်။

Sai Thein Win holding an impeller for a ballistic missile engine. He designed the program to manufacture it on CNC machines from Europe (DVB)

ဗိုလ်မှူး စိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာ ပါဝင်ခဲ့ရသလဲ

သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါသည်။ သူဟာ အတွေ့အကြုံ ရှိသော စက်မှုအင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာ ပြောနိုင်ပါသည်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်နှင့်အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံ လောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည်။ သူပြောပြတဲ့ နျူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓါတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါသည်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်း ခံထားရတဲ့ အဖွဲ့ ဖြစ်ပါသည်။ အဆိုပါ အဖွဲ့သည် နျူဓါတ်ပေါင်းဖို ဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းများ လုပ်ဆောင်ပါသည်။

Buildings under construction at the Thabeikkyin Nuclear Battalion (DVB)

DVB ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါသည်။ နျူလက်နက်ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြားသတင်းရင်းမြစ်များမှ အချက်အလက်များ အရ ဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းအမြစ်များကို တိုးချဲ့ သုံးစွဲနေတာ ရှင်းလင်း လှပါသည်။

ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ ဂျာမနီနှင့် အဆက်အသွယ်ရှိသော စင်ကာပူအခြေစိုက် Company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟု ဆိုကာ စက်ပစ္စည်းများစွာအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထိုဆက်စပ်လျှက်ရှိသော ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်အလက်များ များစွာသိရှိထားပြီး ဖြစ်ပါသည်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓါတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံ ၀ယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။

ဂျာမန် အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန် ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပက်သတ်၍ တိကျရေရာသော အချက်အလက် မထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်းပစ္စည်း အပြည့်အစုံ လိုအပ်ပြီး ထိုအပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်အပိုင်းများ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေး စီမံချက်အရ နောက်ဆက်တွဲဆင့်ပွား အစိတ်အပိုင်းများကို မထုတ်လုပ်သေးသလို သူတို့ကိုယ်တိုင် သုတေသန ပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆ ထားသော်လည်း ဂျာမန်အစိုးရကတော့ သံသယရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန် တစ်ဦးနှင့် ကျွမ်းကျင်သူတစ်ဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတ၀ိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူ မရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည် ဆိုသည့် အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထိုဥရောပ အရာရှိများ လာစဉ်က အရပ်သား ၀တ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများ ၀တ်ထားကြသည်ကို DVB မှ စစ်ဆေး ထားသော ဓါတ်ပုံအထောက်အထားများအရသော်လည်းကောင်း ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရ သော်လည်းကောင်း သိရှိရပေသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်က ရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါသည်။ ဤအချက်ဟာ ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက်စစ်ဆေးနိုင်ခြင်းတို့မှာလည်း အလွန် ကံကောင်းသည် ဟုဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကို ပြောချင်မှ ပြောမှာ ဖြစ်ပေမဲ့ ထိုသွားရောက် စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါသည်။


A floor plan of the many machinery tools at Factory 2 near Myaing (DVB)

နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများ အကြောင်း

သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်အပိုင်းများရဲ့ ဓါတ်ပုံအများအပြားကို ဗိုလ်မှူးစိုင်းက DVB အား ပြခဲ့ပါသည်။ ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတစ်ပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ်(၁) သိပ္ပံနှင့်နည်းပညာ တပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ(၁)သို့ တောင်းဆိုထားသော စက်အစိတ်ပိုင်းပုံ ဖြစ်ပါသည်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓါတ်ပုံများလည်း ပါဝင်ပါသည်။ နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူး ကိရိယာ ဖြစ်ပါသည်။ ဓါတ်ပုံများနှင့် ပုံကြမ်းများက ဖေါ်ပြထားသော bomb reactor သည် ထိုသို့ ပြုလုပ်ရာတွင် သုံးသော ကိရိယာ အစိတ်အပိုင်းများ ဖြစ်ပြီး ထိုအထဲမှ တစ်ခုသည် မြင့်မားသော အပူချိန်တွင် အသုံးပြုနိုင်သော အရာမျိုး ဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိ အသုံးပြုနေပါသည်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှ မဟုတ်လျှင် ဗမာဒီဇိုင်း ဖြစ်နိုင်ပါသည်။ နျူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တု ပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှသော သက်သေဖြစ်ပါသည်။ ယူရေနီယမ် သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာသုံးသည် ဖြစ်စေ၊ နျူကိရိယာ တခုခုမှာ သုံးသည် ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲ ဖြစ်ပါသည်။

These are ‘bomb reactors’ likely used to convert uranium compounds into uranium metal for bomb or reactor fuel (DVB)

ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာ အသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုအင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါသည်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများ အဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာ သုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါသည်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓါတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသော ကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများ ပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလဲ ပုံတွေထဲမှာ ပါဝင်သည်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လဲ အသုံးပြုနိုင်တယ် ဆိုပေမဲ့ နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့် အရာများနှင့် ဆက်စပ် ကောက်ချက်ချရလျှင် နျူလက်နက် စီမံကိန်းမှလွဲ၍ အခြား ဖြစ်နိုင်စရာ မရှိပေ။

A group of Burmese military and civilian workers pose with a glove box they built at Factory 1 near Pyin Oo Lwin (DVB)

စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တစ်ခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့ အစိတ်အပိုင်းတစ်ခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင် တွေ့ခဲ့ရတာပါပဲ။ သူ့ကို ပြောပြတာကတော့ အခုအစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားသည်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလဲ သူကြည့်ရှုခဲ့ရဖူးပါသည်။ သူသပိတ်ကျင်းမှာတွေ့ခဲ့ ကြားဖူးခဲ့တဲ့ သူအပေါင်းအသင်းရဲ့ နာမည်တွေကို ပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာအနျူမြူစွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင်နေကြသူများ ဖြစ်နေကြပါသည်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြပါသည်။ ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလဲ ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးပါသည်။ သူဟာ ဓါတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျဉ်း သိပ်ကျလွန်းတာလည်း ထင်ရှားလှပါသည်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့ မျှော်မှန်းချက်ရောက်ဖို့ အတော်ပင် လိုသေးသည်ဟု ပြောရမည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ပြောပြချက်များ အပေါ် သုံးသပ်ချက်

သူဟာ အဆင့်မြင့် ခေတ်မှီစက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှုအင်ဂျင်နီယာ တစ်ယောက် ဖြစ်ပါသည်။ ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

သူဟာ နျူကျွမ်းကျင်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟု ပြောကာ လုပ်ခိုင်းသည့် အရာများက လွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ ပုံများတွင် ပါသည့်အရာများကတော့ နျူလက်နက် ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့်နေရာများတွင် သုံးနိုင်သည့် အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထိုဓါတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုအယောင်ဖြစ်သည်ပဲ ဆိုပါအုံး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျ ဖြစ်နေတာ တွေ့ရပါသည်။ သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက် သင်ကြားခဲ့ပါသည်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါသည်။ သူ့ရဲ့သူငယ်ချင်းများဟာလဲ Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ ကျောင်းတွေမှာ နျူကလီးယားနှင့် ဓါတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားခဲ့ကြပါသည်။ MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီး ဖြစ်ပါသည်။ ထိုကျောင်းမှ ဓါတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှူးစိုင်း သိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက် တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေ ရှိပါသည်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့ တင်ပြချက်

ဒါနဲ့ ပတ်သက်လို့တော့ ခန့်မှန်း ပြောဆိုချက် အမျိုးမျိုး ရှိပါသည်။ သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တစ်လုံး ဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာ သိကြပါသည်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားပဲ (၂၀၀၈) ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူး သဘောတူညီချက် များအား မြန်မာဖက်မှ လက်မှတ် မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လဲ မရှိပါ။ ထိုသဘောတူညီချက်အား မြန်မာဖက်မှ လက်မှတ် ထိုးမည့်ပုံလဲ မရှိပါ။ အဘယ့်ကြောင့်ဆိုသော လက်မှတ်ထိုး သဘောတူလိုက်သည်နှင့် သူတို့ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ၀င်ရောက် စစ်ဆေးခွင့် ရရှိသွားမှာကြောင့်ပဲ ဖြစ်ပါသည်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပျံ့ပွားရေး အတွက် စိုးရိမ်စရာ မရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါသည်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး၊ လက်နက် ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်း ထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ သင့်တော်သည်ဟု သတ်မှတ်ရန် စံနှုန်းထားများ ရှိပါသည်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများ အောက်မှာ ရှိပါသည်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါသည်။ ကမ္ဘာတ၀ှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါသည်။ အထက်ပါ အချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10MW reactor ၀ယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဖာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ်ဆိုတဲ့ သတင်းဟာလဲ အဓိပ္ပါယ် ကင်းမဲ့ပါသည်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ချေ ရှိပြီး ပိုမို စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25MW အားရှိ ပလူတိုနီယမ် ထုတ်နိုင်သော အဆင့်ရှိတဲ့ဟာမျိုး ဖြစ်ဖွယ်ရှိပါသည်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ ပတ်သက်ပြီး အကူအညီ ပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေ အကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာ အချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက်ပါဝင်ပတ်သက်နေသလဲ ဆိုတာ ခန့်မှန်း ပြောဆိုရတဲ့ အဆင့်ပဲ ရှိနေသေးသည်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

မြန်မာအနေနဲ့ အရေးကြီးဆုံးသော အချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင် ဖြစ်ပါသည်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံနှုန်း သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါသည်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက် ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံတွင် နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝ မရှိပါဟု ကြေငြာခဲ့ပါသည်။ IAEA မှ လက်ခံခဲ့သော ထိုကြေငြာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝ မရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများ ရှိပါသည်။ ထို grant money မှ အချို့အား မြန်မာ နျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၄င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါ ဟူ၍ ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရ ဆိုလျှင် ယူရေနီယမ်များတူးဖော်နေခြင်း တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါသည်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလဲ လုံလောက်သော ဆင်ခြေပေးရန် မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိ နည်းပညာအားဖြင့် အလှမ်းဝေးသော အရာများ ဖြစ်ပါသည်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်ပါသည်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန် ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည် ဆိုလျှင်၊ IAEA ကို မိမိဆန္ဒအလျောက် အကြေားကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိ ပွဲစားများမှ တစ်ဆင့် လက်နက်များ ထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်း၊ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ၀ယ်ယူစဉ်က ခေါင်းစဉ်အဖြစ် သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်း၊ ထိုစက်များကို အမည်ခံကာ ၀ယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနျူမြူစွမ်းအင်ဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ဆက်စပ်နေခြင်း၊ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူ အပေါင်းတို့အား လက်နက် ထုတ်လုပ်နိုင်သော ပစ္စည်းများ မ၀ယ်ယူနိုင်အောင် ပိတ်ဆို့ တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။

What is the state of Burma’s nuclear program?

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်း ယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓါတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါသည်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်း အစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါသည်။ ဒီအစိတ်အပိုင်းတွေ ထုတ်ဖို့သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလဲ အတော်လေး ဆိုးပါသည်။ တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန် ရှုပ်ထွေးတိကျလှတဲ့ စက်များ လိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်က ကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်သည်၊ ဒါမှမဟုတ်လဲ မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေ ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အခု တွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများ အခြေအနေအရ သူတို့ အောင်မြင် အောင်လုပ်နိုင်ဖို့တော့ အလှမ်း ဝေးနေပါသေးသည်။

ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေပါသည်၊ တူးဖောက်ရတာတွေကို ဓါတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေသည်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေပါသည်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါသည်။ အကယ်၍ သူတို့ရဲ့ တရားမ၀င် စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခု သူတို့လုပ်နေတာတွေဟာ နျူလက်နက် မပျံ့ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါသည်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါသည်။ ဤစွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် ဤကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ် မထိုးလျှင် လုပ်ဆောင်နိုင်ဖို့ မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည် မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ ကြိုးစားနေပါသည်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့် ထိုစကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိက ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေး အတွေးအခေါ်ထက် လောဘများသာ ရှိကြတဲ့သူတစ်စု ဖြစ်ပါသည်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓါတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစ်စုကောင်းစားရေးအတွက်ပဲ ဦးစားပေးလုပ်နေသူတွေ ဖြစ်ပါသည်။ သူတို့ရဲ့ နည်းပေးလမ်းပြဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောက်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်း ဟူသည့် ဒိုင်းဖြင့် အကာအကွယ် ယူကာ သူတို့ အတွက် လုံခြုံနေရေးပင် ဖြစ်ပါသည်။

Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.

ဘာသာပြန်ကြားချက်အား www.photayokeking.org မှ ပြန်လည် တင်ဆက် ဖော်ပြပေးပါသည်။

ဘာသာပြန်- အောင်ဆန်းမန်း

အကယ်၍ မူရင်းဆောင်းပါးပါ အချက်အလက်များနှင့် ကွဲလွဲပါက ကျနော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။

0 မှားယွင်းသောသတင်းအချက်အလက်များကို အတတ်နိုင်ဆုံး သတိထားကြပါရန်။

ဟုတ်ပါတယ်။ မှားယွင်းသော သတင်းအချက်အလက်များကို အတတ်နိုင်ဆုံး သတိထားကြရမှာပါ။
သူ့ ထက် ငါ သတင်းထူးရရင် ပြီးရော အပုတ်ချရရင်ပြီးရော ဘာမှ မစိစစ်တော့ဘဲ ရမ်းတင်လိုက်ကြတဲ့
အမှားတွေက တခါ နှစ်ခါ မကတော့ဘူး ထင်တယ်။

သန်းရွှေ သမီး စိန်စီသောမမ ခလေးမွေးတုန်းကလည်း ထွက်လာတဲ့ ခလေးက အမဲ ကပ္ပလီ နီကရိုးနဲ့ ရထားလားမသိ။ မဲတူးချိတ်နေတာပဲ။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့  မီဒီယာအားလုံးကို စာဖတ်ပရိသတ်ကို တွေဝေအောင် လှည့်စားနိုင်ခဲ့တယ်။

ကျနော်တို့ လည်း နအဖကို အပုတ်ချတဲ့သတင်းပဲ။ စိန်စီတဲ့ ဟာမ သံရုံးက လူပေါင်းစုံနဲ့ ရှုပ်ခဲ့တာ ဟုတ်မှာပေါ့ နည်းတောင်နည်းသေးတယ်ဆိုတဲ့ စိတ်နဲ့ ရင်ထဲ ကျိတ်ဝမ်းသာခဲ့တယ်။ဟုတ်တယ်လေ။နအဖကို အပုတ်ချတဲ့ သတင်းပဲ ဆိုပြီးတော့ ။

ဟော..အဲဒီ အမဲမလေး မွေးတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားကြီးဆိုတာ လွန်ခဲ့တဲ့ လအနည်းငယ်
လောက်ကမှ နစ်နေမန်းဘလော့ကိုကြည့်ရင်း စိန်စီတဲ့ ဟာမတို့  စုံတွဲနဲ့ သူတို့ သမီးလေးပုံ တွေ့ လိုက်ရတော့မှ အပုတ်ချခဲ့တဲ့ သတင်းမှားကြီးမှန်း သိလာရတယ်။သူတို့ သမီးလေးပုံက ကျနော်တို့ ကြားထားခဲ့သလို အမဲ နီဂရိုးရုပ် လုံးဝမဟုတ်ဘဲ သန်းရွှေ မြေး ဆိုတဲ့အတိုင်း အသားမမဲတာက လွဲလို့ မျက်ခွက်က စိန်စီတဲ့ ဟာမ မျက်နှာပေါက်ပါပဲ။

အခုတခါလည်း သန်းရွှေအိမ်ဆိုတဲ့ ဓါတ်ပုံတွေ မီဒီယာမှာ အီးမေးလ်တွေထဲမှာ မကြည့်ချင်မှ အဆုံး
ပလူပျံခဲ့တယ်။မသိသေးတဲ့ ကျနော်တို့ အတွက် အထူးအဆန်း အံ့သြစရာတွေ ဖြစ်ပြီး သန်းရွှေ
အိမ်ပဲလို့  ယုံမိပြီး သန်းရွှေ ဒီလောက်တောင် စည်းစိမ်ခံနေပါလား။ပြည်သူတွေက ရေတောင်ငတ်ကုန်ကြပြီ.သူတို့ က ဒီလိုကိုး။အခွင့်ထူးခံတဲ့ကောင်တွေ အာဏာရှင် အာဏာရူးတွေ သေချင်းဆိုး မသာတွေ ဘာလို့ မသေသေးတာလဲ ..စသဖြင့် အပုတ်ချလို့ အရမ်းကောင်းခဲ့တာပေါ့။ကျနော့်စိတ်ထဲကလည်း အဲဒီပုံတွေကြည့်ပြီး ကျိန်ဆဲခဲ့တာပဲ။အခုကြည့်။အဲဒီပုံတွေဟာ အိန္ဒိယ ရုပ်ရှင်မင်းသားရဲ့ အိမ်ပုံတွေလို့ သိလိုက်ရတော့ သန်းရွှေအိမ်ပုံ ဆိုတဲ့ သတင်းဓါတ်ပုံအမှားကြီးတွေဆိုတာ သိလိုက်၇တော့ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလဲ။

That's not from Naypyidaw . It is located in Tony Bel Air section in Los Angeles

you can look that blogs

http://luxury-interior-design-furniture.blogspot.com/2009/12/luxury-interior-design-gold-palatial.html

သတင်းပုံအမှားတွေကို အမှန်ထင်ခဲ့တဲ့ သူတွေရဲ့  အတဲ့ နတဲ့ ထူတဲ့ ညံ့ဖျင်းစိတ်တွေ ကြောင့်လား။မီဒီယာမှာ ဖြန့် ချီခဲ့သူတွေရဲ့  စေတနာအမှားလား။နအဖရဲ့  လူထုတွေ တွေဝေအောင်လှုံ့ ဆော်တဲ့ ဝါဒဖြန့်  မှိုင်းတိုက် စစ်ဆင်ေ၇းပဲလား။မသိနိုင်သေးဘူး။

ဆိုလိုချင်တာက အဲဒီသတင်းမှား။ ဓါတ်ပုံမှား။ေ--ာက်တလွဲ တချော်တွေကို တမင်တကာ
ဖြန့် ချီနေကြသူတွေဟာ.. ပြည်ပက ဒီမို မီဒီယာတွေကို အယုံအကြည်ပျက်အောင် အထင်သေးအောင် တမင်တကာ လုပ်ဆောင်နေကြတဲ့မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ နအဖ ကျော်ဆန်းတို့  ပြန်ကြားရေးဌာန စစ်ထောက်လှမ်းရေးတွေရဲ့  ၀ါဒအမှားဖြန့် ချီနေတဲ့ ကွန်ယက်က ပဲလို့  ထင်မြင်ယူဆနေမိတယ်ဗျာ။

မှားယွင်းသောသတင်းအချက်အလက်များကိုအတတ်နိုင်ဆုံးသတိထားနိုင်ကြပါစေလို့စေတနာစိတ်ထားလို့  ဝေဖန်ရေးသားလိုက်ရပါတယ်။။

အားလုံးကိုလေးစားစိတ်ဖြင့်
မောင်အိုးဝေအောင်
www.oway8888. com/

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.