Sunday, June 6, 2010

0 မှားယွင်းသောသတင်းအချက်အလက်များကို အတတ်နိုင်ဆုံး သတိထားကြပါရန်။

ဟုတ်ပါတယ်။ မှားယွင်းသော သတင်းအချက်အလက်များကို အတတ်နိုင်ဆုံး သတိထားကြရမှာပါ။
သူ့ ထက် ငါ သတင်းထူးရရင် ပြီးရော အပုတ်ချရရင်ပြီးရော ဘာမှ မစိစစ်တော့ဘဲ ရမ်းတင်လိုက်ကြတဲ့
အမှားတွေက တခါ နှစ်ခါ မကတော့ဘူး ထင်တယ်။

သန်းရွှေ သမီး စိန်စီသောမမ ခလေးမွေးတုန်းကလည်း ထွက်လာတဲ့ ခလေးက အမဲ ကပ္ပလီ နီကရိုးနဲ့ ရထားလားမသိ။ မဲတူးချိတ်နေတာပဲ။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့  မီဒီယာအားလုံးကို စာဖတ်ပရိသတ်ကို တွေဝေအောင် လှည့်စားနိုင်ခဲ့တယ်။

ကျနော်တို့ လည်း နအဖကို အပုတ်ချတဲ့သတင်းပဲ။ စိန်စီတဲ့ ဟာမ သံရုံးက လူပေါင်းစုံနဲ့ ရှုပ်ခဲ့တာ ဟုတ်မှာပေါ့ နည်းတောင်နည်းသေးတယ်ဆိုတဲ့ စိတ်နဲ့ ရင်ထဲ ကျိတ်ဝမ်းသာခဲ့တယ်။ဟုတ်တယ်လေ။နအဖကို အပုတ်ချတဲ့ သတင်းပဲ ဆိုပြီးတော့ ။

ဟော..အဲဒီ အမဲမလေး မွေးတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားကြီးဆိုတာ လွန်ခဲ့တဲ့ လအနည်းငယ်
လောက်ကမှ နစ်နေမန်းဘလော့ကိုကြည့်ရင်း စိန်စီတဲ့ ဟာမတို့  စုံတွဲနဲ့ သူတို့ သမီးလေးပုံ တွေ့ လိုက်ရတော့မှ အပုတ်ချခဲ့တဲ့ သတင်းမှားကြီးမှန်း သိလာရတယ်။သူတို့ သမီးလေးပုံက ကျနော်တို့ ကြားထားခဲ့သလို အမဲ နီဂရိုးရုပ် လုံးဝမဟုတ်ဘဲ သန်းရွှေ မြေး ဆိုတဲ့အတိုင်း အသားမမဲတာက လွဲလို့ မျက်ခွက်က စိန်စီတဲ့ ဟာမ မျက်နှာပေါက်ပါပဲ။

အခုတခါလည်း သန်းရွှေအိမ်ဆိုတဲ့ ဓါတ်ပုံတွေ မီဒီယာမှာ အီးမေးလ်တွေထဲမှာ မကြည့်ချင်မှ အဆုံး
ပလူပျံခဲ့တယ်။မသိသေးတဲ့ ကျနော်တို့ အတွက် အထူးအဆန်း အံ့သြစရာတွေ ဖြစ်ပြီး သန်းရွှေ
အိမ်ပဲလို့  ယုံမိပြီး သန်းရွှေ ဒီလောက်တောင် စည်းစိမ်ခံနေပါလား။ပြည်သူတွေက ရေတောင်ငတ်ကုန်ကြပြီ.သူတို့ က ဒီလိုကိုး။အခွင့်ထူးခံတဲ့ကောင်တွေ အာဏာရှင် အာဏာရူးတွေ သေချင်းဆိုး မသာတွေ ဘာလို့ မသေသေးတာလဲ ..စသဖြင့် အပုတ်ချလို့ အရမ်းကောင်းခဲ့တာပေါ့။ကျနော့်စိတ်ထဲကလည်း အဲဒီပုံတွေကြည့်ပြီး ကျိန်ဆဲခဲ့တာပဲ။အခုကြည့်။အဲဒီပုံတွေဟာ အိန္ဒိယ ရုပ်ရှင်မင်းသားရဲ့ အိမ်ပုံတွေလို့ သိလိုက်ရတော့ သန်းရွှေအိမ်ပုံ ဆိုတဲ့ သတင်းဓါတ်ပုံအမှားကြီးတွေဆိုတာ သိလိုက်၇တော့ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလဲ။

That's not from Naypyidaw . It is located in Tony Bel Air section in Los Angeles

you can look that blogs

http://luxury-interior-design-furniture.blogspot.com/2009/12/luxury-interior-design-gold-palatial.html

သတင်းပုံအမှားတွေကို အမှန်ထင်ခဲ့တဲ့ သူတွေရဲ့  အတဲ့ နတဲ့ ထူတဲ့ ညံ့ဖျင်းစိတ်တွေ ကြောင့်လား။မီဒီယာမှာ ဖြန့် ချီခဲ့သူတွေရဲ့  စေတနာအမှားလား။နအဖရဲ့  လူထုတွေ တွေဝေအောင်လှုံ့ ဆော်တဲ့ ဝါဒဖြန့်  မှိုင်းတိုက် စစ်ဆင်ေ၇းပဲလား။မသိနိုင်သေးဘူး။

ဆိုလိုချင်တာက အဲဒီသတင်းမှား။ ဓါတ်ပုံမှား။ေ--ာက်တလွဲ တချော်တွေကို တမင်တကာ
ဖြန့် ချီနေကြသူတွေဟာ.. ပြည်ပက ဒီမို မီဒီယာတွေကို အယုံအကြည်ပျက်အောင် အထင်သေးအောင် တမင်တကာ လုပ်ဆောင်နေကြတဲ့မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ နအဖ ကျော်ဆန်းတို့  ပြန်ကြားရေးဌာန စစ်ထောက်လှမ်းရေးတွေရဲ့  ၀ါဒအမှားဖြန့် ချီနေတဲ့ ကွန်ယက်က ပဲလို့  ထင်မြင်ယူဆနေမိတယ်ဗျာ။

မှားယွင်းသောသတင်းအချက်အလက်များကိုအတတ်နိုင်ဆုံးသတိထားနိုင်ကြပါစေလို့စေတနာစိတ်ထားလို့  ဝေဖန်ရေးသားလိုက်ရပါတယ်။။

အားလုံးကိုလေးစားစိတ်ဖြင့်
မောင်အိုးဝေအောင်
www.oway8888. com/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.