Saturday, May 22, 2010

0 ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ်အားတွေ့မြင်ရစဉ်

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုတိယအကြိမ်မြောက် ဆံသဒါန


၂၂ - ၅ - ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ဒုတိယအကြိမ်မြောက် အဖြစ် Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေး (၂၈ လမ်း)မှ ဆရာ ဂျွန်ဆင် ဦးဆောင်ပြီး ဆံပင်ညှပ်ဆရာ (၂၉)ဦး တို့မှ မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် နာရေးကူညီမှု အသင်းသူ အသင်းသားများနှင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များကို လည်း ဆံပင်ညှပ်ခြင်းဖြင့် ဒါန ပြုခဲ့ကြပါသည်။

0 မျိုးဆက်သစ်ကလေးသူငယ်များအား အင်္ဂလိပ်စာ Essay ပြိုင်ပွဲဆုပေးခြင်း




နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေသော မျိုးဆက်သစ် ကလေးသူငယ်များ အင်္ဂလိပ်စာ တိုးတက်မြှင့်မားရန် ရည်ရွယ်ထားသော အင်္ဂလိပ်စာအခြေခံ နွေရာသီသင်တန်းတွင် Level – 2 မှ ကျောင်းသူ/သားများကို My Daily Activities With My Family and My Friends ခေါင်းစဉ်နှင့် Essay ပြိုင်ပွဲ ကျင်းပပေးခဲ့ရာတွင် -

ပထမ . . . မဆုဝတီအောင်

ဒုတိယ . . . မသက်မှူးဝေ

တတိယ . . . သရဖီလှိုင် တို့ ရရှိသွားခဲ့ပါသည်။

လုပ်အားပေး ဆရာမများဖြစ်ကြသော ဒေါ်နီနီအေး၊ ဒေါ်ဧရာမောင်မောင်တို့မှ အမှတ်ပေး စီစစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဆုရရှိသော မျိုးဆက်သစ် ကလေးသူငယ်များအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

0 ကုသိုလ် နှင့် အကုသိုလ် လွန်ဆွဲပွဲ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၁.၅.၂၀၁၀ (သောကြာ)နေ့တွင် သောက်ရေ/သုံးရေ လိုအပ်လျှက်ရှိသော သံလျင်မြို့နယ်၊ သုံးခွမြို့ဘက်သို့အသွား လမ်းတစ်လျှောက်ရှိ ပျဉ်းမကန်စံပြကျေးရွာ၊ တံတားပြာကျေးရွာ၊ အနောက်စုကျေးရွာ၊ စွယ်တော်ကွင်းကျေးရွာ၊ ရွှေဘိုစုကျေးရွာနှင့် ဒေးပေါက်စံပြကျေးရွာ တို့တွင် ရေလှူဒါန်းမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေးလူငယ်များနှင့် ကိုလူချောအဖွဲ့ (ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသား) ပူးပေါင်းပြီး ကုသိုလ်ဖြစ် လှူဒါန်းခဲ့ကြပါသည်။

ဦးစွာ သံလျင်မြို့ တာဝ (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)ကျောင်း အရှေ့ရှိ တော်ဝင်နှင်းဆီ အမျိုးသမီးသီးသန့် အဆင့်မြင့် ဘော်ဒါဆောင်မှ မိမိတို့ပါသွားသော ရေဂါလံ (၂၅၀၀) ဆံ့ ပလပ်စတစ် ရေတိုင်ကီပုံးများထဲသို့ ကား (၂) စီး ရေဖြည့်ပြီး သုံးခွမြို့နယ်ရှိ ရေဒုက္ခသည်တို့ရှိရာ ကျေးရွာများသို့ သွားရောက် ရေအလှူ ပြုခဲ့ကြပါသည်။

ထူးခြားချက်မှာ … မိမိတို့သည် သောက်ရေ သုံးရေ ရေဒုက္ခသည်များထံသို့ သွားရောက်လှူဒါန်းရန် ရေအလှူရှင်တို့ထံမှ ရေများဖြည့်ဆည်းနေချိန် နံနက် (၁၁း၀၀) နာရီအချိန်တွင် မိုးများ ရွာသွန်းခဲ့ပါသည်။ သောက်ရေ/သုံးရေ ရေဘေးဒုက္ခသည်များကို မိမိတို့သည် လူအချင်းချင်း ရိုင်းပင်းကူညီ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသလို မိုးနတ်သားများမှလည်း မိုးရေစက်များဖြင့် ရေဒုက္ခသည်များထံသို့ မိုးရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူအချင်းချင်း ကယ်တင်ဖေးမခြင်းတင်မက ဒေ၀တာ နတ်မင်းများကလည်း ပံ့ပိုးကူညီ ခြင်းများ ပြုလုပ်ပေးနေသော်လည်း . . . အချို့သော ရေဒုက္ခသည် ကျေးရွာ ဒေသများတွင် ရေချို တစ်ဆင့် လှူဒါန်းသူတို့အား ရေပိုက်ကြီးကြီးနှင့် မလှူရန် လာရောက်တားမြစ်ခြင်း၊ ဒေသခံလူထုက ပေ (၈၀) ခန့် အ၀ီစိတွင်း တူးလျှင် ရေချိုထွက်သည်ဟု ပြောကြားသော်လည်း မိမိတို့ ကုသိုလ်ဖြစ် အသင်းအဖွဲ့တို့အား ပေ (၂၀၀) ခန့်တူးမှ ရေချိုထွက်နိုင်ကြောင်း မုသားသုံးပြီး ဖျက်လို ဖျက်ဆီးနှင့် လာရောက်ပြောဆိုသူများ၊ ရေဘေးဒုက္ခသည် ရွာများရှိရာ လမ်းဆုံ လမ်းခွများတွင် ရွာများသို့ အ၀င်တွင် ထိုရွာများသို့ မိမိတို့ ကားများဖြင့် ၀င်ရောက်ပါက ပြဿနာတက်မည်ဖြစ်ကြောင်း၊ သွားလို့ရမည် မဟုတ်ကြောင်း လာရောက်ဟန့်တားခြင်းများ ကြုံတွေ့ခဲ့ရပါသည်။

ထိုသို့သော . . . ကုသိုလ်နှင့် အကုသိုလ် လွန်ဆွဲပွဲတွင် ကျွန်တော်တို့သည် ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးပြီး ဒူးမထောက် ဦးမညွှတ်ဘဲ ကုသိုလ်ရေး ကိစ္စရပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်ချီတတ်သွားမည် ဖြစ်ပါကြောင်းနှင့်. . .

ယနေ့  (၂၂.၅.၂၀၁၀) ရက်နေ့ တွင်လည်း ယင်းဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေး အဖွဲ့သားများနှင့် ရုပ်ရှင်လူကြမ်းသရုပ်ဆောင် (ကိုလူချော) အဖွဲ့သားများ ပူးပေါင်းကာ ဒါနကုသိုလ်ကို ရဲရဲရင့်ရင့် သွားရောက်ပြီး ရေလှူဒါန်းမှုများ ဆက်လက် ပြုလုပ်လျှက်ရှိပါကြောင်း . . . . ။

ကိုကျော်သူ

0 ဘာလဲဟဲ့ ရွေးကောက်ပွဲနဲ့ မီဒီယာလွတ်လပ်ခွင့်


စစ်အစိုးရဟာဒီနှစ်ထဲမှာဘဲ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးတော့မယ်လို့ ကျေညာထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးမှာ မီဒီယာတွေလွတ်လပ်မှုရှိရေးဟာလည်းအရေးပါပါတယ်။ လက်ရှိပြည်တွင်းမီဒီယာတွေရဲ့အခြေအနေတွေကိုကြည့်ရင် ရွေးကောက်ပွဲနီးလာလို့ ပါတီခေါင်းဆောင်အကြောင်းတွေဖော်ပြတာ ပါတီလမ်းစဉ်အကြောင်းတွေဖော်ပြတာတွေကိုတော့ တွေ့မြင်လာရပါပြီ။ ဒါပေမဲ့ အဲဒီဖော်ပြချက်တွေအပါအ၀င် တခြားမီဒီယာလွတ်လပ်ခွင့်တွေအားလုံးဟာ အရင်အခြေအနေနဲ့နှိုင်းစာရင် ဘာမှထူးခြားတိုးတက်လာတာမရှိသေးဘူးဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြသွားပါမယ်။

ပြည်တွင်းမှမီဒီယာတွေ လွတ်လပ်မှုရှိသလား မရှိဘူးလား ဘယ်လောက်အထိဆိုးရွားနေသလဲဆိုတာသိနိုင်အောင် မကြာသေးခင်က ပြုလုပ်ပြီးစီးသွားခဲ့တဲ့ ရဲချုပ်ခင်ရီရဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲအကြောင်းပြောပြပါ့မယ်။ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့အခါ စစ်အစိုးရစာပေစစ်စီရေးဌာနဟာ နိုင်ငံခြားသတင်းထောက်များအသင်းကိုဖိတ်ပါတယ်။ နောက် သူတို့ရွေးချယ်ထားတဲ့ ပြည်တွင်းဂျာနယ်တိုက်တချို့ကိုဖိတ်ပြီး သွားမဲ့ သတင်းထောက်အမည်စာရင်းကို တောင်းခံပါတယ်။ သူတို့မကြိုက်တဲ့သူဆိုရင် သက်ဆိုင်ရာတိုက်က နောက်ထပ်တခြားသတင်းထောက်တယောက်ရဲ့နံမည်ပေးရပြန်ပါတယ်။ နေပြည်တော်အထိ သတင်း သွားယူမဲ့ကိစ္စ စာပေစစ်စီရေးက စီစဉ်တယ်ဆိုပေမဲ့ သက်ဆိုင်ရာဂျာနယ်တိုက်တွေကနေ ကိုယ့်ခရီးစရိတ်ကိုယ်စိုက်ထုတ်ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ဝယ်စားရပါတယ်။ ပြောရရင် ကိုယ့်စားရိတ်နဲ့ကိုယ်သွားရစားရတာမျိုးပါ။

ဒါပေမဲ့ နေပြည်တော်ရောက်တာနဲ့ ဇာတ်လမ်းကစပါတော့တယ်။ သတင်းစာရှင်းလင်းပွဲရောက်သွားတဲ့ ပြည်တွင်းသတင်းထောက်တွေထဲက စစ်အစိုးရ အလိုတော်ရိသတင်းထောက်ကြီးတချို့နဲ့ရွေးချယ်ထားတဲ့ သတင်းထောက်အချို့ကို စာပေစစ်စီရေးဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ရဲချုပ်ခင်ရီ ရှင်းလင်းလို့ပြီးရင် မေးရမဲ့ မေးခွန်းစာရွတ်လိပ်တခုစီပေးပါတယ်။ သတင်းထောက်တယောက်အနေနဲ့ မေးခွန်းစာရွတ်လိတ်ရပြီဆိုလို့ရှိရင် ဒီတာဝန်ကို ရှောင်လွဲလို့မရပါဘူး။ တကယ်လို့ ဗိုလ်မှူးတင့်ဆွေ ခိုင်းတဲ့ ဒီအလုပ်ကိုမလုပ်ခဲ့ရင် အဲဒီသတင်းထောက်ကို နံမည်ပျက်စာရင်း၊ မနာခံသူစာရင်းသွင်းမှာဖြစ်ပြီး နောင်အခွင့်အခါသင့်တာနဲ့ ကိုယ်အလုပ်လုပ်ရာဂျာနယ်တိုက်ကနေ အလုပ်ထုတ်ပစ်တဲ့အထိ အရေးယူခံရအောင် လုပ်ပါဦးမယ်။ ရှေ့မှာ ဒီလိုလုပ်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ဘူးပါတယ်။ ဒီတော့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ခင်ရီ ရှင်းလင်းပြီးသွားတဲ့အခါသတင်းထောက်တွေကို မေးခွန်းတွေမေးဖို့ဖိတ်ခေါ်ပါတယ်။ ဒီအခါ စောစောကမေးခွန်းလိပ်ကလေးတွေ ရထားတဲ့ သတင်းထောက်တွေဟာ မေးမြန်းရမဲ့နေရာကို ကမန်းကတန်းသွားပြီးတန်းစီရပါတယ်။ ကိုယ့်အလှည့်ရောက်ရင် ကိုယ့်ကိုပေးထားတဲ့ မေးခွန်းစာရွတ်ထဲကအတိုင်း မေးပေးရပါတယ်။ စစ်အစိုးရ စာပေစစ်စီရေးအနေနဲ့ ဒီလိုလုပ်ရတာအကြောင်းရှိပါတယ်။

ပထမအချက်က-
ကိုယ်ခိုင်းထားတဲ့သူအများအပြား တန်းစီမေးခွန်းတွေ မေးနေကြလေတော့ တကယ့်မေးခွန်းတွေ မေးကြမဲ့ နိုင်ငံခြားသတင်းထောက်တွေ ၊ နိုင်ငံခြားသံတမန်တွေ မေးမြန်းခွင့်မရတော့ပါဘူး ။ ဒီလိုမေးမြန်းခွင့်မရတော့ အဲဒီလူတွေမေးကြမဲ့ စစ်အစိုးရတာဝန်ရှိသူတွေ ဖြေရကြပ်စေမဲ့မေးခွန်းတွေကို ရှောင်လွဲပြီးသားလည်းဖြစ်သွားပါတယ်။ ဒါတင်မက သူတို့ဘာသာသူတို့ ပြောရင် မကောင်းတဲ့အချက်အလက်တွေကို သတင်းထောက်တွေမေးလို့ဖြေရတာပါဆိုတဲ့ပုံစံပေါက်အောင် လည်း တချို့မေးခွန်းတွေ ဆင် ထားလိုက်ပါသေးတယ်။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ အဲဒီလို ကလိမ်ကကျစ်လုပ်တဲ့ပွဲမျိုးဖြစ်ပါတယ်။
နောက်- ဒီလိုသတင်းစာရှင်းလင်းပွဲပုံစံမျိုးလုပ်တာဟာ ခုတခေါက်မှာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တချို့ကတည်းကလုပ်ခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲပြီးလို့ ကိုယ့်စားရိတ်နဲ့ကိုယ် ရန်ကုန်ပြန်ကြရတဲ့ သတင်းထောက်တွေဟာ ရန်ကုန်ရောက်ပြီးတဲ့နောက် ကိုယ်မြင်လာတွေ့လာသမျှတွေကို ရေးခွင့်မရကြပြန်ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေပြောပြော ဘယ်လိုဘဲဖြစ်နေနေ စစ်အစိုးရသတင်းစာတွေမှာပါတဲ့ အချက်အလက်တွေကိုဘဲ ကိုးကားရေးသားကြရပါတယ်။ ဒီလိုသူတို့ခေါ်တဲ့အချိန်မှာ ကိုယ့်စားရိတ်နဲ့ကိုယ်သွား ၊ ဟိုကိုရောက်တော့လည်း သူတို့မေးခိုင်းတာတွေကိုမေးပေးရ ပြန်လာတော့လည်း သူတို့ခွင့်ပြုတာရေး၊ ခွင့်မပြုတာမရေးနဲ့ဆိုတော့ အတော့ကိုလူပါးဝတာဘဲဆိုပြီး သတင်းထောက်တွေကတော့ ခံပြင်းဒေါသထွက်ကြပါတယ်။ ဒါပေမဲ့တော့ ဘာမှတော့မတတ်နိုင်ကြပါဘူး။

သတင်းစာရှင်းလင်းပွဲမြင်ကွင်း

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာနိုင်ငံကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Cambell လာရောက်ပြီး ပြန်ထွက်ခါနီးမှာ သတင်းစာရှင်းလင်းပွဲတခုလုပ်ခဲ့ပါသေးတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းစာဆရာတွေ တက်ရောက်သတင်းယူခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းသတင်းထောက်တွေအားလုံးကတော့ မစ္စတာ Kurt Cambell ရဲ့ ထုတ်ပြန်ချက်တခုတလေကိုမှ ရေးသားခွင့်မရခဲ့ကြပါဘူး။ မသိနားမလည်လို့ရေးခဲ့ကြတဲ့ ဂျာနယ်တွေမှာလည်း ဖော်ပြခွင့်မရခဲ့ကြပါဘူး။ ဒါတင်မက မစ္စတာ Kurt Cambell နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ဓာတ်ပုံတွေကိုလည်း လုံးဝဖော်ပြခွင့်မပေးခဲ့ပါဘူး။ အားလုံးကို စစ်အစိုးရစာပေစစ်စီရေးက စိစစ်ပိတ်ပင်ခဲ့တာပါ။ အခုရွေးကောက်ပွဲနီးလာလို့နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေအကြောင်း၊ ဖော်ပြခွင့်ရလာတော့လည်း စောစောကပြောခဲ့သလို စာပေစစ်စီရေးရဲ့ဆိုးဆိုးရွားရွားရွားဖြတ်တောက်ပိတ်ပင်တာကို ခံကြရပြန်တာပါဘဲ။ ဥပမာအားဖြင့် NLDပါတီက ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းတို့ရဲ့ ပြောဆိုချက်တွေကို ဖော်ပြလို့မရသလောက် ဖြတ်တောက်ခံရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင် အလံကိစ္စ ပြဿနာပေါ်ခဲ့ပါတယ်။ စစ်အစိုးရ အလိုတော်ရိ အေးလွင်၊ ရဲထွန်းတို့ညီအကိုတွေ ကျောင်းသားသမဂ္ဂအလံနဲ့ သမိုင်းဝင်ဒေါင်းအလံတွေကို အလွဲသုံးစားလုပ်တဲ့ကိစ္စပါ။ ဒီကိစ္စ ၀င်ရောက်ဆွေးနွေးတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ပြောဆိုချက်တွေကို ဂျာနယ်စာမျက်နှာထဲမှာဖော်ပြခွင့်မရခဲ့ပါဘူး။ ယုတ်စွအဆုံး နေပြည်တော်အထိသွားပြီး ကန့်ကွက်လွှာတင်သွင်းလာသူတွေရဲ့ ကန့်ကွက်လွှာပါအချက်အလက်တွေ၊ ပါဝင်လတ်မှတ်ရေးထိုးသူတွေရဲ့နံမည်ကိုလည်း ဖော်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီအကြောင်းအရာတွေကို မြန်မာပြည်ကစာဖတ်ပရိသတ်တွေ၊ ကျယ်ကျယ်ပြန်ပြန့်မသိကြတော့ပါဘူး။ နအဖစစ်အစိုးရဟာ ပြည်တွင်းမီဒီယာတွေနဲ့ပတ်သတ်ရင် ရုပ်မြင်သံကြားလုပ်ငန်း၊ သတင်းစာနဲ့ရေဒီယိုအသံလွှင့်လုပ်ငန်းတွေကို ကောင်းကောင်းချုပ်ကိုင်ထားပါတယ်။ နည်းနည်းပါးပါးလောက်ဘဲရှိတဲ့ အပတ်စဉ်ထုတ်ဂျာနယ်တွေကိုကြတော့ အထက်မှတင်ပြခဲ့သလို နည်းပေါင်းစုံနဲ့ဖိနှိပ်ချုပ်ခြယ်တာတွေလုပ်ပါတယ်။ အဲ နိုင်ငံပြင်ပလွတ်လပ်တဲ့မီဒီယတွေဖြစ်တဲ့ ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗွီဘီ၊ အာအက်ဖ်အေအသံလွှင့်ဌာနတွေကိုတော့ ရန်တိုက်ပေးနေတယ်၊ သွေးထိုးပေးနေတယ်၊ ခလောက်ဆန်အကောက်ကြံနေတယ်၊ လေလှိုင်းသံလူသတ်သမားဖြစ်တယ်။စသဖြင့် မဟုတ်တမ်းတရားစွတ်စွဲထားတာတွေကို စစ်အစိုးရပိုင်သတင်းစာတွေမှာနေ့စဉ်ဖော်ပြပါတယ်။ ရုပ်မြင်သံကြားကနေလည်း နေ့စဉ်ကြေငြာရုံမက ရုပ်ရှင်ရုံတွေကပါ နေ့စဉ်ကြေငြာစေတာတွေ့ရပါတယ်။ ဆိုလိုတာက ဒီအသံလွှင့်ဌာနတွေရဲ့ အသံလွှင့်ချက်တွေကိုလက်မခံ ဆန့်ကျင်တယ်ဆိုတဲ့သဘောပါ။

ချုပ်လိုက်ရင် မြန်မာနိုင်ငံမှာ မကြာခင်မှာရွေးကောက်ပွဲကျင်းပပေးတော့မယ်လို့ကြေငြာထားပေမဲ့ ဒီနေ့အချိန်အထိစစ်အစိုးရဟာ ပုဂ္ဂလိကရုပ်မြင်သံကြားလုပ်ငန်းတွေလုပ်ပိုင်ခွင့်မပေးပါဘူး၊ လွတ်လပ်တဲ့ရေဒီယိုအသံလွှင့်ဌာနတွေတည်ထောင်ခွင့်မပေးပါဘူး၊ နေ့စဉ်သတင်းစာလည်းထုတ်ဝေခွင့်မပေးပါဘူး။ ယုတ်စွအဆုံး တပတ်ကိုမှတကြိမ်စာမျက်နှာ အကန့်အသတ်နဲ့ထုတ်ဝေရတဲ့ဂျာနယ်တွေကိုတောင် သာမန်ပြည်သူတွေကို ထုတ်ဝေခွင့်ချပေးတာမျိုးမရှိသေးပါဘူး။ ဒါကြောင့်လည်း ရွေးကောက်ပွဲကျင်းပမယ်၊ ပါတီတွေထောင်လာကြပြီဆိုတဲ့အတိုင်း ရွေးကောက်ပွဲဆိုင်ရာအကြောင်းတွေ ပါတီဆိုင်ရာအကြောင်းတွေ နိုင်ငံရေးသမားတွေနဲ့ဆိုင်တဲ့အကြောင်းတွေက စာမျက်နှာထက်မှာစုံစုံလင်လင်မတွေ့မမြင်ခဲ့ကြရပါဘူး။ ဒီအတွက်ပြည်သူတွေကလည်း ဘာမှမသိခဲ့ကြရပါဘူး။ ခြုံပြီးပြောရရင် စစ်အစိုးရဟာ ခုလိုဘဲလွတ်လပ်စွာရေးသားထုတ်ဝေခွင့်မပြု၊ ထုတ်ဝေခွင့်ပြုထားတဲ့ပုဂ္ဂလိကဂျာနယ်အနည်းငယ်တွေကိုလည်း ဘာမှဖော်ပြခွင့်မပေးဘဲ ဆက်လက်ဖိနှိပ်ချုပ်ခြယ်သွားအုံးမယ်ဆိုရင် ကျင်းပတော့မဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှတရားမျှတမှုရှိနိုင်မှာမဟုတ်ဘူးလို့သုံးသပ်တင်ပြလိုက်ရပါတယ်။

ပြည်ပဆောင်းပါးရှင် - တိုင်းကျော်အားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့်ကွယ်လွန်

0 အလုံမြို့နယ်က ရဲအရာရှိနယ်ထိန်း ဒုရဲအုပ်ဌေးအောင်၏ အကျင့်ပျက်လဒ်စားမှု


http://onsobhq.blogspot.com/မှ

Friday, May 21, 2010

0 ဗန္ဓုလတံတား အဆင်း ဒေါပုံသင်္ဘောကျင်း အနီးတွင် သစ်လုံးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား


အငှားယာဉ်နှစ်စီးအား သစ်လုံးများပိနေစဉ်

မေလ ၂၀ ရက်နေ့ နံနက် ၁၁း၂၀ ၀န်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။


ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။


''ကျွန်တော်က စဖြစ်တဲ့အချိန် တုန်းက ဖြစ်တဲ့နေရာရဲ့ ၀န်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂၀ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်''ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။


ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ''ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။ ပတ်ဝန်းကျင် က လူတွေ ၀ိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်''ဟု ပြော ကြားခဲ့သည်။


ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ''ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မ၀င်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်''ဟုပြောကြားခဲ့သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။


သေဆုံးသူအားကားထဲမှဆွဲထုတ်နေစဉ်

0 ဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ

ကမ္ဘာမြေပြင်ကိုခေတ္တအလည်အပတ်ရောက်ရှိပြီးထာဝရပြန်လည်ထွက်ခွာသွားသော ရုပ်ရှင်သရုပ်ဆောင်၊စာရေးဆရာ၊တေးသံရှင်အကယ်ဒမီဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ



သောကြာကြယ်ကြီး လနဲ့နီးသောနေ့ ည ၉း ၀၀ အချိန်၊ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် ကွယ်လွန်သွားသော ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ၊ တေးသံရှင် ၊ သဘာဝမင်းသားကြီး အကယ်ဒမီဦးသုမောင် (ခ) ဦးဗလ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ၂၀.၅.၂၀၁၀ နံနက် ၁၀ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိင်္ုဟ်ခဲ့ပါသည်။ အကယ်ဒမီဦးသုမောင်၏ ဈာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေနှင့်စာနယ်ဇင်းမှ စာပေပညာရှင် ညီအစ်ကိုမောင်နှစ်မများ ၊ ရုပ်ရှင်ဒါရိုက်တာများ၊ မိသားစုဆွေမျိုးသားချင်းများ၊ အကယ်ဒမီဦးသုမောင် ၏ ချစ်ပရိတ်သတ်များမှ စည်ကားသိုက်မြိုက်စွာ နောက်ဆုံးအနေဖြင့် ဂါရ၀ပြုပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ မင်းသားကြီးဦးသုမောင်၏ ဈာပနကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

0 JohnsonnJohnsonကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ လူတွေအထင်ကြီးတဲ့ရွှေမင်းသမီးက7daysnews ဂျာနယ်မှဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း




၁၉.၅.၂၀၁၀ဗုဒ္ဓဟူးနေ့ညနေတွင်ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်တွင်ကျင်းပသောJohnsonnJohnsonကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးမှ7DaysNewဂျာနယ်မှဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်ပြီးကိုယ်ထိလက်ရောက်စော်ကားခဲ့သည်ဟုခိုင်လုံတိကျသေချာသောသတင်းရပ်ကွက်မှသတင်းရရှိပါသည်။ဖြစ်စဉ်မှာအဆိုပါဂျာနယ်မှဂျာနယ်လစ်မိန်းကလေးကရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦးအားအင်တာဗျူးရန်အတွက်၎င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ချိန်းဆိုပီးနောက်ဂျာနယ်လစ်မိန်းကလေးမှရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီထက်ထက်မိုးဦး၏အိမ်ထောင်ရေးကိစ္စမှာတည်မြဲသွားပီလားဟုမေးမိရာ၎င်းမှစိတ်ဆိုးမာန်ဆိုးနှင့်မိန်းကလေး၏ဆံပင်ကိုဆွဲကာပါးကိုရိုက်နှက်ပြီးလက်သည်းများနှင့်လည်းကုတ်ခြစ်ခဲ့သည်ဟုသိရှိရပါသည်။

အထက်ပါဖြစ်စဉ်အားဂျာနယ်လစ်မိန်းကလေးဘက်မှမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းကော်မတီနှင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့တိုင်ကြားမည်ဟုလည်းသိရပါသည်။ယခုကဲ့သို့မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်းများသည်မြန်မာနိုင်ငံတွင်နအဖစစ်အစိုးရ၏ဆွေမျိုး
များနှင့်ပိုက်ဆံရှိအသိုင်းအ၀ိုင်းများကြားတွင်အတော်ခေတ်စားနေပါသည်။ထို့အပြင်မီဒီယာဘက်မှသာအမြဲရပ်တည်မည်ဟုကြွေးကြော်ထားသော ဆရာကြီးများအနေနှင့်မီဒီယာဘက်မှရပ်တည်မည်လား..?ရွှေမင်းသမီးဘက်မှရပ်တည်မည်လားဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏လွန်စွာမှ မှန်ကန်တိကျသေချာသော၊ လူ့အခွင့်အရေးကိုလေးစားမှုအပြည့်အ၀ရှိသော
တရားဥပဒေပိတ်ကားပေါ်တွင်ဆက်လက်ရှုစားကြပါလို့…………….

ပေးပို့သော မာဃ၀ိဇ္ဇာအားကျေးဇူးတင်ရှိပါသည်။

Thursday, May 20, 2010

0 ပန်းတွေနဲ့ ဝေပြီး..နှောင်းတစ်မြေ့ မြေ့ နဲ့ ကျန်ရစ်သူတို့ ရဲ့ အလွမ်း


အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။

ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။

ကိုကျော်သူ

0 မလေးရှားမှ ဒီမိုကရေစီအဆိုတော် ထက်အောင်ရှိုင်း၏ သီချင်းအသစ်

(ထက်အောင်ရှိုင်းသည် မလေးရှားတွင် ၀ါသနာနှင့် ယုံကြည်ချက်အတွက် လျှောက်လှမ်းနေသော လူငယ်တဦးဖြစ်ပြီး မကြာခင် သူ၏အခွေသစ်ကို သူ့ကိုယ်ပိုင်ချွေးနှဲစာဖြင့် မလေးရှားမှနေပြီး မေတ္တာဖြင့် တမ္ဘာလုံးမှ ဒီမိုကရေစီ ညီအကိုမောင်နှမများထံ အရောက်ပေးပို့ရန် အသင့်ပြင်နေပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။)







အခုတော့ရာဇ၀င်ရိုင်းကြီးတစ်ခုဖြစ်ရချေပြီ
ရေး ..ထက်အောင်ရှိုင်း
ဆို.. ထက်အောင်ရှိုင်း

V1 ပုံပမာနှိုင်းရလေပြီ ရာဇ၀င်အရိုင်းဆုံးမှာ ဒီသမိုင်းဆိုးတော့လိုက်မမှီ

သာဿနာပါမကျန်စော်ကားသည်..


ရွှေပြည်တော်ကို ချည်တုတ်အမြည်းလုပ်မြူးသည်
ခေတ်စနစ်နောက်ပြန်ချီလှမ်း တောတပ်စခန်းတည်
စစ်လက်နက်တွေမတန်တဆ တိုးချဲ့တပ်ဆင်
တိုင်းတပါးမကျူးကျော်လာလည်း ကိုယ့်ပြည်သူကိုယ်ပြည်တိုက်သည် ..

V2 သယံဇာတသုံးမကုန်ပြီ ကျန်ဖန်ဖြုန်းတီးကာအလွဲသုံးစားလုပ်သည်

မတန်မရာလူပါကုန်ကူးသည် ပြည်သူတွေကို အရုပ်များလို့မှတ်သည်

တိုင်းရင်းသားတွေအပေါ်လည်းဂရုမစိုက်တော့ပြီ
ဆင်းရဲသားတွေခမျာလည်း တောင်းစားရပြီ
ခေါင်းပါးရစ်ကျန်လေတော့ ဝေးရပ်သို့ရှောင်ခွါကြပြီ .. ..

V3 သမ္မတလည်းဖြစ်ချင်သည် အာဏာရခဲ့ရင် ၀န်ကြီးချုပ်လုပ်မည်

နိုင်ငံမူပိုင်အုပ်စိုးမည်

ကြိုတင်ကြံစည်ဖန်တီးပြီးခဲ့ပြီ အများရဲ့သဘောဆန္ဒလည်း အသိအမှတ်မပြုပေ

ကမ္ဘာ့ပတ်ဝန်းကျင် အသံလည်းမမူ့တော့ပြီ

ရုရှားနဲ့ တယုတ်ကိုသာပဲ ရှိသမျှ အကုန်ပုံအပ်တော့သည် ......

V4 သဘာဝတရားလည်းဖောက်ပြန် ပြီကံကြမ္မာဆိုးကဖန် မင်းဆိုးအတွက်မထောက်ခံ

တပင်တိုင်းစင်ပေါ်ယစ်မူးသည်

နေပြည်တော်ကို သဏ္ဍန်လုပ်သရုပ်ပြသည်
မြို့ပြရဲ့အလှ ရန်ကုန်တော့ ကျောခိုင်းခဲ့သည်
အင်းယားရဲ့ အလှရေပြင်လည်း ခန်းခြောက်ရပြီ
သတင်းမပေါက်ဘို့ အများပြည်သူထဲ ဖုန်းဖို့ကြံစည်လည်း မမှီ .. ..







ပါတီဆယ်ကိုခွဲတဲ့ ရွေးကောက်ပွဲ
ရေး .. ထက်အောင်ရှိုင်း/ စက္က
ဆို .. ထက်အောင်ရှိုင်း

v1. ပြည်သူ့ သဘောထားမပါ ကိုယ့်ဘာသာလုပ်ကြံ ၂၀၀၈ အခြေခံ

စိတ်တိုင်းကျရေးကာစွဲ ၂၅% လည်း အသက်လွတ်ထပ်ယူပြန်တယ်

ကြံဖွတ်ကတဖန်တစ်ပါတီခံ စစ်ဦးစီးချုပ်တွေအရေခွံလှန်

လောဘရမ္မက်ထန် စောဒကမတက်ရန် အမိန့်တွေသာထုတ်ပြန် ..

CHO: အာဏာရှင်ဖန်တီးတဲ့ဒီဥပဒေ ဘောင်မ၀င် ၂၀၀၈ ခု အခြေခံပင်

ဒီမိုကရေစီလမ်းစဉ် အမြဲရှေင်ကွင်းကမ္ဘာ့အလယ်တွင် ဟန်ပြ ဖြေရှင်းဖို့သာကြံဆင်

ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင် မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်
SOLO: .. .. .. ..

V1. ပြည်သူ့ဘ၀စစ်ကျွံ ဆက်ခံယူရရင် အနာဂတ်အတွက်မရေရာပြန်

လူသားဘ၀အဖြစ်ကဆိုး ကိုယ်ရွေးချယ်ပိုင်ခွင့်လည်း ပျောက်တဲ့ဒီအလက်ရှင်

မဲပုံးတွေအမှန်နဲ့အမှား အမှန်ဘက်ကတဖက်သတ် အလွန်ကိုများ

အတင်းအကျပ် ချုပ်ကိုင် ခိုင်းသမျှလုပ်ရန် လမ်းစဉ်တွေထုပ်ပြန် .. ..

http://www.freedomburma.org/2010/05/blog-post_6209.html#moreမှ

0 နိုင်ငံရေးအကျဉ်းသားတဦး မြင်းခြံထောင်တွင်ကွယ်လွန်

သတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂ဝ၁ဝ ခုနှစ် မေလ ၁၉ ရက်နေ့

နိုင်ငံရေးအကျဉ်းသားတဦး ထောင်တွင်း၌ ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်စိုး ယနေ့နံက်တွင် မြင်းခြံထောင်တွင်း၌ ကွယ်လွန်သွားကြောင်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှစတင်၍ ထောင်တွင်း၌ကွယ်လွန်သူများစာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်ပါသည်။ အေအေပီပီမှ ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်မြင့် တင်သူများကွန်ယက် အဖွဲ့ဝင်တဦးလည်းဖြစ်သူကိုကျော်စိုး (ခ) ကိုကျော်ကျော်စိုး (ခ) ကိုဂျက်ဖရီသည် တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပါသည်။ ကိုကျော်စိုးသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့၌အဖမ်းခံခဲ့ရပြီး ရန်ကုန်ရှိ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားခဲ့ရပါသည်။ ကိုကျော်စိုးသည် ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၁၃ (၁)၊ ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် စွဲဆိုခြင်းခံရပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရပါသည်။ ထို့နောက် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်မှ မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်သို့ ထောင်ပြောင်းခံခဲ့ရပါသည်။

ကိုကျော်စိုးသည် မြင်းခြံထောင်၌ အသက်ရှူရခက်သည့်ဝေဒနာ နှင့်အစာအိမ်နှင့်ပတ်သက်သည့်ဝေဒနာများအား ခံစားခဲ့ရကြောင်းသိရှိရပါသည်။ အေအေပီပီအတွင်းရေးမှူးဖြစ်သူကိုတိတ်နိုင်မှ “ကိုကျော်စိုးဆုံးသွားတာက ၁၉၈၈ ခုနှစ်ကနေ အခုအချိန်အထိ ၁၄၄ ယောက်မြောက်ဖြစ်ပါတယ်။ သူကျန်းမာရေးမကောင်းတော့ သူ့မိသားစုက ဆေးဝယ်ပေးမယ်၊ သေသေချာချာ ကုသပေးပါရစေဆိုပြီး မြင်းခြံထောင်က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ အာဏာပိုင်တွေက ဆေးဝါးလုံလုံလောက်လောက်ရှိတယ်၊ သူတို့လဲသေချာကုပေးနေတယ်ဆိုပြီးအကြောင်းပြန်ခဲ့တော့ သူ့မိသားစုက သူ့အတွက်ဆေးတွေလည်းပေးခွင့်မရဘူး၊ သူ့ကိုလည်း သေချာကုပေးခွင့်မရခဲ့ဘူး။ အခုတော့ ကိုကျော်စိုးအသက်ဆုံးတဲ့အထိ ဖြစ်သွားရတာပဲ။” “မြန်မာနိုင်ငံထဲက ထောင်တွေရဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေ၊ သင့်တော်လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာတွေ၊ ဆေးကုသခွင့်ငြင်းပယ်ခံရတာတွေ၊ နှိပ်စက်ည‡ဉ်းပမ်းခံရတာတွေက အကျဉ်းသားတွေ ကျန်းမာရေးထိခိုက်စေတဲ့ အခြေခံအကြောင်းရင်းတွေဖြစ်ပြီးတော့ အဲဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသား မြောက်များစွာ ထောင်တွေထဲမှာ အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရတာပါ” ဟု ရှင်းပြပါသည်။

ကွယ်လွန်သူ ကိုကျော်စိုးတွင် ဇနီးဖြစ်သူ မမေဟန်အိနှင့် ၇ နှစ်အရွယ် သမီးငယ်တဦး ကျန်ခဲ့ပါသည်။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃

0 Thai forces surge into protest area as standoff comes to a head


CNN News

0 ကျော်သူ့ မျိုးဆက်သစ်များနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ အ၀၀တို့ကို ယခုမေလအတွင်း အပူရှိန်ကြောင့် သေဆုံးမှုဦးရေ (၈၀) ဦးခန့်ကို နေ့စဉ် ပို့ဆောင်သဂြိုင်္လ် ပေးနေရသလို၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း နေ့စဉ် လူနာပေါင်း (၂၀၀) ဦးခန့်ကို အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များအား ရည်စူးပြီး သုခအလင်း စာကြည့်တိုက်ကိုလည်း ဖွင့်လှစ် ထားရှိပါသည်။ မျိုးဆက်သစ်ကလေးငယ်များ ပညာရေး တိုးတတ်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာ အခြေခံသင်တန်းကိုလည်း အပါတ်စဉ် (စနေ၊ တနင်္ဂနွေ) နေ့တိုင်း သင်ကြားပေးလျှက် ရှိပါသည်။

ယနေ့ ၁၉ - ၅ - ၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းအား ထပ်မံ ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက် -

* ကလေးသူငယ်များအား လူတော်လူကောင်း ကလေးများအဖြစ် ပညာတော်ပြီး အကျင့်စာရိတ္တ ကောင်းမွန်လာရန်၊ ကိုယ်ချင်းစာနာစိတ်ဖြင့် မတရားမှု မှန်သမျှကို မပြုကျင့်မိရန်၊ ဗုဒ္ဓဘာသာဝင် ကောင်းများအဖြစ် လူ့အဖွဲ့အစည်းအတွင်း မြင့်မြတ်စင်ကြယ်စွာ နေထိုင်ပြီး ပရဟိတ စိတ်ဓါတ်များ ကိန်းအောင်းလာစေရန်၊
* ကလေးသူငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပြီး ရေသောက်မြစ်များကို ရှင်သန်လာအောင် စတင်ပြုစု ဖန်တီး ပေးခြင်းဖြစ်သည်။

ယင်း သင်တန်းတွင် ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်၊ (၃၈)ဖြာ မင်္ဂလာတရားတော်၊ ပြည်သူ့နီတိ ယဉ်ကျေးလိမ္မာ ကဗျာများ၊ ပျော်ရွှင်စရာ ကျန်းမာရေးလေ့ကျင့်ခန်း စသည်တို့ကို သင်ကြားပို့သ လျှက်ရှိပါသည်။

ယနေ့ ကလေးသူငယ်များကို ပျိုးထောင်ပေးနေခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ထောင်နေခြင်းပင် ဖြစ်သည်။ သင်တန်းဆရာများမှာ ဒေါ်သန်းမြင့်အောင်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာမောင်မောင်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) လုပ်အားပေး လူငယ်များ ဖြစ်ကြသည်။

ထပ်မံပြီး ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် တွဲဖက်ပြီး ကလေးသူငယ်များအား ပန်းချီ ပညာရှင်ကြီးများမှ ပန်းချီသင်တန်း ထပ်မံ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပါသည်။ ထို့အပြင် ၈.၆.၂၀၁၀ (အင်္ဂါ)နေ့မှ စတင်ပြီး အပါတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့တိုင်းတွင် တရုတ်ဘာသာ ပညာရှင်မှ စိတ်ဝင်စားသူ ပညာလိုလားသူ လူကြီး လူငယ်မရွေး မည်သူမဆိုကို တရုတ်စကားပြော သင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကျော်သူ

0 လူပုဂ္ဂိုလ်များပင်မက ဆရာတော် သံဃာတော်များပင် ပါဝင်လှူဒါန်းခဲ့ကြပြီ။


မြန်မာနိုင်ငံတွင် သောက်ရေ သုံးရေ ရှားပါးမှုဒဏ်ကို မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ၊ လှူဒါန်းမှုများတွင် လူပုဂ္ဂိုလ်များပင်မက ဆရာတော်ကြီးများ၊ သံဃာတော် အသီးသီးတို့မှ ဘုရားသားတော်များ ပီပီ ဗြဟ္မစိုရ်တရား ဦးထိပ်ထားပြီး ဒုက္ခရောက်နေကြသော သောက်ရေ သုံးရေ ရေဘေးဒုက္ခသည်များအား ကိုယ်တိုင် ကွင်းဆင်းပြီး လှူဒါန်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထိုသို့ လှူဒါန်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ အား ဗုဒ္ဓ၏ တရားတော်နှင့် အညီ သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော ပြည်မြို့ ရွှေပေါက်ပင်ကျောင်းမှ ဆရာတော်ကြီး သောမာစာရ မှလည်း ပြည်မြို့ ရွှေတောင်မြို့နယ် အနီးပတ်ဝန်းကျင်ရှိ ရေဘေးဒုက္ခသည် များထံ သောက်ရေသန့်များကို တပည့် ဒါယကာအပေါင်းနှင့် (၁၆ - ၅ - ၂၀၁၀) ရက်နေ့တွင် သွားရောက်ပြီး လှူဒါန်းမေတ္တာ ပို့သခဲ့ပါသည်။

ကိုကျော်သူ

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စတုဒီသာ ဆန်ပြုတ်


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ၂ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင် မနောမယ မုန့်ဟင်းခါးဖြင့် (၇) ရက် သားသမီး အပေါင်းတို့အား ကျွေးမွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သလို ၁၆ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင်လည်း စတုဒီသာ ကြက်သားဆန်ပြုတ် (ယာဂု)ကို နံနက် အာရုံဆွမ်းအဖြစ် ရှမ်းပြည်နယ်၊ အင်းလေးဖောင်တော်ဦးစေတီ ရေသာကျောင်းမှ ဆရာတော် ဦးဝေပုလ္လနှင့် သံဃာတော် (၅) ပါးတို့အား ဆပ်ကပ် လှူဒါန်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် သုခအလင်းစာကြည့်တိုက် တို့ကို လိုက်လံ ကြည့်ရှု မေတ္တာပို့ခဲ့ကြပါသည်။

လူနာရှင်များ၊ လူနာများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ အသင်းသားများ၊ ကော်မတီဝင်များ၊ အလှူရှင်များ၊ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း တက်ရောက်လျှက် ရှိသော မျိုးဆက်သစ်ကလေးသူငယ်များ စသဖြင့် (၇) ရက် သားသမီးအပေါင်းအား ကြက်သားဆန်ပြုတ် စတုဒီသာ ကျွေးမွေး လှူဒါန်းခဲ့ပါသည်။

0 ဝေသူက ဝေ . . . စုသူက စု . . . ပို့သူက ပို့


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေဒုက္ခသည်များရှိရာ ပဲခူးမြို့၊ ဝေါမြို့နယ်ရှိ နေရာ ဒေသအသီးသီးသို့ သွားရောက်ပြီး ရေဒုက္ခသည်တို့ လက်ထဲသို့ သောက်သုံးရေများ ရောက်ရှိအောင် ပို့ဆောင်လှူဒါန်းပေးနေသလို အသင်းရုံးချုပ်ရှိရာ (မြောက်ဒဂုံမြို့နယ်) တွင်လည်း ရေသယ်ယူ ပို့ဆောင်ရန် အတွက် သန့်စင်ပြီးသော ပလပ်စတစ် (ရေဂါလံ ၂၅၀၀)ဆံ့ ရေတိုင်ကီပုံးများ စုဆောင်းပြီး ၁၉ - ၅ - ၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နံနက်ပိုင်းတွင် ဒလမြို့နယ်ဘက်ရှိ ရေဒုက္ခသည် များရှိရာသို့ စတင်ထွက်ခွာ လှူဒါန်းရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် . . .

ကိုကျော်သူ

Wednesday, May 19, 2010

0 “ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုန်းချို အပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှုး ဗိုလ်ကြီး သန့်ဇင်သိန်း၊ ရဲမှုးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ခေတ် (၂၂နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ၊ တိုင်းပြည် မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ ခွဲတာနေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ်၊ ခု ဧပြီလ (၁၅)ရက်၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်း ဖြစ်တာကြောင့်ရော၊ လူအများ အပြား ထိခိုက်တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းကြား ထိခိုက်မှုများတာကြောင့်ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စု အချင်းချင်းလုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့တာပါ။စစ်အစိုးရ ကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာရ စာရင်းတွေကိုချက်ခြင်း ထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်းပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် ဥက္ကဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး “၀ပ်” လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူတယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေစီစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံး သိပြီးတဲ့အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲ လုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ်ပြောပြီး VBSW, ABSDF, DAB, NCUB, KNU စတဲ့ အဖွဲ့များစွာကိုလဲ စွပ်စွဲလိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာပါတယ်။

နဂိုကတည်းက ယုံစရာမကောင်းလို့၊ စစ်အစိုးရ ပြောတာတွေမို့လို့ … လို့၊ စိတ်အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့ အလွဲတွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇာတ် ထွင်ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင်က ဘာကြောင့်တရားခံအဖြစ် ပြခံရလဲ ဆိုတာ ပြောစရာရှိလာပါတယ်။

အဓိက လုပ်ကြံဇာတ် ထွင်ရတဲ့အကြောင်းက သူ့တပ်သူ ထိမ်းဘို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ် အသိုင်းအ၀ိုင်းကို ပြန်လိမ်တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် (ခေါ်) နေရွှေသွေးအောင် ပါလာသွားနေခဲ့ပါတယ်၊ အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့် လာစောင့်ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါ ကားတွေရပ်ထားပြီး ဗိုလ်မှုးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့ မယက ဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ်၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း၊ တခြား VIP သားသမီးတချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း၊ ဗိုလ်မှုးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်းကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုးဖြစ်လာခဲ့တာပါ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ် ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင် ဒုဝန်ကြီး ဗိုလ်မှုးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)။

ထောက်လှမ်းရေး အသိုင်းအ၀ိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥယာဉ် အိမ်ယာကို ဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီ ၀န်းထဲမှာပဲ ကြိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့၊ အမိန့်အာဏာတွေက ပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့်၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား၊ တယောက်ကို တယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီးစေခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအ၀င် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်း မယုံမကြည်ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိမ်းဘို့၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီး သန်းရွှေကို နှစ်သိမ့်နိုင်ဘို့၊ စောက်သုံးမကျသလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့၊ ပြည်သူတွေကြားမှာ ပြောနေတဲ့ စစ်အစိုးရကိုယ်တိုင် ခွဲတာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံဇာတ် ထွင်ရခြင်းဖြစ်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှုးအိမ်ရှိရာ ချယ်ရီ ဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဘူးသူ တယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထားရသူ ဖြစ်ပါတယ်၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်မှု မျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ ပါတ်သက်ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ (ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း အတွက်စာဖြန့်တယ်ဆိုပြီး ဌာနမှုးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီး ကောင်းမွန်စွာ နေထိုင်ကျောင်းတက်ပါမည် ဟု ၀န်ခံ လက်မှတ်ထိုးဘူးကြောင်း၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင် ကူးကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင် ရေးသားဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်ကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြားစွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ်ရပါတော့တယ်၊ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာ တုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင် (B.E Civil) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ၊ လုံခြုံရေးများလဲ သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန် ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေတာပဲ၊ သူနဲ့မှမဆိုင်တာ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့က မိခင် ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့ အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ (၁၅)မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ် လို့ပြောပါတယ်။

အဓိကကတော့ သူမ တရားခံရတာဖြစ်ကြောင်း၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရပါတယ်၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်မရခဲ့ပဲ ထောင် အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ၊ SB က ခွင့်မပြုသေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ်။

အဖြေကရှင်းပါတယ်၊ ရှေ့နေပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခုတပ်ထားတာ ပြောရတော့မယ်၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ ပါတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး (ခေါ်) ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေဖြစ်လာရင် လုပ်ကြံဇာတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး၊ သက်သေပြခွင့်မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင်ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့။

0 ရေ ပြတ်လပ်မှု နဲ့ဆိုင်တဲ့ ဓါတ်ပုံမှတ်တမ်း


ပေးပို့သော စိုးသီဟ(moethaukkye)အားကျေးဇူးတင်ရှိပါသည်။

0 စစ်တွေတွင် ရေဖြန့်မည်ဟု လော်စပီကာဖြင့် ကျေညာပြီး စည်ပင်က ရေရောင်းစား

Kandaw-Gyiရခိုင်ပြည်နယ် စစ်တွေတွင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ရေဖြန့်ဖြူး ပေးနေပါသည်ဟု လော်စပီကာဖြင့် တာဝန်ရှိသူများက လျှောက်အော် နေသော်လည်း လက်တွေ့တွင် ရေရရှိခြင်း မရှိဘဲ စည်ပင်မှ အဆိုပါ ရေများကို ငွေကြေးချမ်းသာသူများကို ရောင်စားနေသည်ဟု စစ်တွေမြို့ခံ များက ပြောသည်။

စစ်တွေမြို့ခံ တဦးက “စစ်တွေမှာ ရေတွေကို ရပ်ကွက် အလိုက် ဖြန့်ဝေ ပေးနေတယ်ဆိုပီး သူတို့က အော်တယ်။ ပီးရင် ဖြန့်ဝေတဲ့ ရေတွေကိုလည်း အလေအလွင့် မရှိအောင် စည်းကမ်းရှိရှိနဲ့ ယူကြပါ။ သုံးစွဲကြပါ ဆိုပီးလည်း အော်တယ်။ လက်တွေ့မှာ တကြိမ် တခါမှ ကျွန်တော်တို့ ရပ်ကွက်မှာ စည်ပင်က ရေဖြန့်ဖြူး ပေးဝေတာကို မတွေ့ရသေးပါဘူး” ဟု ပြောသည်။

လက်တွေ့တွင် စည်ပင်မှ အဆိုပါ ရေများကို ချမ်းသာသူများကို ရောင်းစား နေသည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ အိမ်နားက အိမ်တအိမ်ကို စည်ပင်က ကားနဲ့ ရေလာ ဖြည့်ပေးတာကို တွေ့တဲ့ အတွက် ကျွန်တော်တို့လည်း ရေလိုတယ်ဆိုပီး ပြောတော့ တစီးကို တသောင်းဆိုပီး ပြောပါတယ်။ လက်စသတ်တော့ စည်ပင်က လူကြားကောင်းအောင် ရေဖြန့်ဖြူး နေပါတယ်ဆိုပီး ၀ါဒဖြန့်ချီပြီး လက်တွေ့မှာ ရေရောင်းစားနေတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေတွင် ရေအကြီး အကျယ် ရှားပါးနေပြီး ရေအဓိက ပေးဝေရာ ကန်တော်ကြီးတွင် ရေလုံးဝ ခမ်းခြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် စစ်တွေ ကန်တော်ကြီးသို့ ရေထပ်ဆင့် လွဲပေးသည့် အောင်ဒိုင်ချောင်းဆည်တွင်လည်း ရေခမ်းခြောက်သွားသဖြင့် အနီးအနားက လူများက ဆည်ထဲတွင် ငါးရှာသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် တနေ့ထက် တနေ့ ရေအခက်အခဲနှင့် အထူး ကြုံတွေ့နေရပြီး မြို့နေလူထု အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များ အတွင်းမှ ရေကန်များနှင့် ရေတွင်းများမှ ရေကို ခပ်ယူ အသုံးပြု နေကြရာ တချို့ ရေကန်များမှာလည်း တစတစ ခမ်းခြောက်လာပြီ ဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ ရေအခက်အခဲ ဖြစ်နေချိန်တွင် စည်ပင်မှ စစ်တွေ ရပ်ကွက်များ အား ရေပေးဝေနေသည်ဟု ပြောပြီး အားကစားရုံနောက်တွင် တည်ရှိသော ရေတွင်းများမှ ရေများကို ကားတွင်ဖြည့်ကာ တစီးကို တသောင်းနုန်းဖြင့် ရောင်းစားနေခြင်း ဖြစ်သည်။

ထိုသို့ ရေမရရှိသဖြင့် ရေသန့်ဗူးများကို ဗူးခွံမပါဘဲ တဗူးကို ၅၀၀ ကျပ်နုန်းဖြင့် ၀ယ်ယူ သုံးစွဲ နေကြရပြီး ဆိုက်ကားခဖြင့် ဆိုလျှင် ရေအတွက် တနေ့ကို ကျပ် ၇၀၀ စီ ကုန်ကျသည်ဟု စစ်တွေမြို့ခံက ပြောသည်။

စစ်တွေတွင် ယခုကဲ့သို့ ရေအခက်အခဲ ဖြစ်နေသော်လည်း သက်ဆိုင်ရာ နဖအ စစ်အာဏာပိုင်များက တစုံတရာ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
သတင်းရင်းမြစ်။ ။ နိရဉ္စရာ

0 မိုးခေါင်ရေရှားမှုကြောင့်ရေခမ်းခြောက်သွေ့သွားသော မိထ္ထီလာကန်

ဖောင်တော်ဦးဘုရား



အန္တကူရေလယ်ဘုရား

တောင်ကန်
မိထ္ထီလာကန်ကို တောင်ကန်နဲ့ မြောက်ကန်ဆိုပြီးတော့ နှစ်ပိုင်းခွဲထားတယ်။ အခုဆိုရင် တောင်ကန်မှာ ရေ ကျန်ရှိနေပြီးတော့ မြောက်ကန်မှာတော့ တော်တော့်ကို နည်းသွားပါပြီ။

မြောက်ကန်ဆိုတာက ဖောင်တော်ဦးဘုရားရှိတဲ့ အခြမ်းဖြစ်ပြီး။ တောင်ကန်ကတော့ အန္တကူရေလယ်ဘုရားဘက် အခြမ်းဖြစ်ပါတယ်။

အဆိုရှိခဲ့ဖူးပါတယ်တဲ့၊ နဂါး ရေသောက် လူတစ်ယောက်၊ နဂါးရေမြှုပ် လူတစ်အုပ်တဲ့။အမြင့်ဆုံးရေတက်တာက နဂါးရေမြုပ်တဲ့အထိဆိုပါတော့။ ဘုရားကတော့ မမြုပ်ဘူးပေါ့။အခုတော့ ဘုရားအောက်က foundation ကအစ ပေါ်နေတာတွေ့ရပါတယ်။ အဲဒီအောက်မှာတော့ ရေနက်ကျန်ပါသေးတယ်တဲ့။

သောကြာနေ့ကတော့ မိုးရွာအောင်လို့ လွန်ဆွဲနေကြတယ်လို့ သိရပါတယ်။ အခု ထိ မိုးကမရွာသေးပါဘူးတဲ့လေ။ မြန်မာပြည်တဝှမ်း မိုးမြန်မြန်ရွာပါစေ၊ ရေ ရှားပါးမှုတွေကလည်း ကင်းဝေးကြပါစေ။

MyatWunnt အားကျေးဇူးတင်ရှိပါသည်။

Tuesday, May 18, 2010

0 စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ

စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာအကယ်ဒမီဦးသုမောင် ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူထပ်မျှနှမြောတသ ၀မ်းနည်းမိပါကြောင်း


နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။ ၄င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။

ကွယ်လွန်ချိန်မှာ အသက် (၆၀)နှစ်ရှိပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနဲ့အတူ သားသမီး (၄) ယောက်ကျန်ရစ်ခဲ့ပါတယ်။ သုမောင်ဟာ စွယ်စုံအနုပညာရှင်တဦးလို့ ဆိုရလောက်အောင်စာပေ၊ ရုပ်ရှင်၊ ဂီတစတဲ့ နယ်ပယ် (၃) ခုစလုံးမှာ တကယ့်ကို အောင်မြင်ခဲ့တဲ့
အနုပညာရှင်တဦး ဖြစ်ပါတယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာနေထိုင်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ ဝင်းဖေ က မှတ်ချက်ပေးပါတယ်။

"ဒီနယ်ပယ်သုံးခုစလုံးမှာ သူက မည်ကာမတ္တ အနုပညာသည် အလယ်အလတ် ဘာညာ ဒါမျိုးမဟုတ်ဘူးဗျ။ရုပ်ရှင်သရုပ်ဆောင် အနုပညာသည်အနေနဲ့ ပိုပြီး တော့ အားသန်တယ်။ စာရေးတဲ့နေရာမှာရော သီချင်းဆိုတဲ့နေရာမှာကော သိက္ခာရှိတဲ့ အနုပညာသည်ဖြစ်ပါတယ်။ဒီအနုပညာတွေကလည်း တော်တော်အရေးကြီးတဲ့ အနုပညာနယ်ပယ်တွေ ဖြစ်နေတယ်။ အဲဒီ
နယ်ပယ်သုံးခုစလုံးကနေပြီးတော့ သူ့ကိုဆုံးရှုံးကြရတဲ့အတွက်နှမျောကြမှာပါပဲ။"

သုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ ဖခင်ဖြစ်သူ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ မိခင်ဒေါ်ခင်ညိုတို့က ဖွားမြင်ခဲ့တာဖြစ်ပြီး အမည်အရင်းက မောင်ဗလဖြစ်ပါတယ်။ မွေးချင်း (၄) ယောက်အနက် တတိယမြောက်သား ဖြစ်သလို ၁၉၆၉ ခုနှစ်မှာGIT လို့ ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းကနေ ဒီဇယ်အင်ဂျင်နီယာသင်တန်းအောင်မြင်ခဲ့ပါတယ်ဒီနောက်တော့ ၁၉၇၀ လောက်ကစပြီး အုပ်စိုးဆိုတဲ့ အမည်နဲ့ဝတ္တုတိုတွေ စတင်ရေးလာခဲ့ပြီး ၁၉၇၄ လောက်မှာတော့ ရုပ်ရှင်နဲ့ စာပေနယ်တွေမှာ
လူသိများအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် သုမောင် ဖြစ်လာခဲ့ပြီး ၁၉၉၀ မှာအကောင်းဆုံး အမျိုးသားရုပ်ရှင် သရုပ်ဆောင်ဆုကို "ခုနှစ်စဉ်အလွမ်းဇတ်ကား"နဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀)ကျော် ရိုက်ကူးခဲ့သလို သီချင်းများစွာကိုလည်းကိုယ်တိုင်ရေးသားစပ်ဆိုခဲ့သူပါ။ ဒါ့အပြင် ၀တ္ထုတို၊ ဆောင်းပါး နဲ့ သာသာပြန်စာအုပ်တွေကို ရေးသားခဲ့တဲ့အထဲ ကွမ်းစကား၊ အရက်သမား အမှားတထောင် နဲ့အချစ်လားသူဖျားနေတယ် ဆိုတဲ့ စာအုပ်တွေဟာ အင်မတန်လူကြိုက်များခဲ့ပါတယ်။သုမောင်ဟာ အနုပညာမျိုးရိုးထဲက ဖြစ်သလို ဖခင်ဖြစ်သူက အင်မတန်အောင်မြင်တဲ့စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု ဖြစ်ပြီး မွေးချင်း ညီအကိုတွေထဲမှာလည်းစာရေးဆရာ၊ ဒါရိုက်တာ နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။သူတို့တွေအားလုံးဟာ အနုပညာကို သဘာဝအတိုင်း သရုပ်ဆောင်ကြတဲ့
သဘာဝမင်းသားတွေအဖြစ် အောင်မြင်ခဲ့ကြတာပါ။ အထူးသဖြင့် ရုပ်ရှင်နယ်ပယ်မှာမင်းသားဆိုတာထက် သရုပ်ဆောင်ဆိုတဲ့ ဘဝနဲ့ ဖြတ်သန်းခဲ့သူတဦး ဖြစ်တယ်လို့လည်းဆရာဦးဝင်းဖေက ဆိုပါတယ်။

သုမောင်၏နဂါးနီသီချင်း

"ပြောကြပါစို့ဗျာ သူတို့သဘာဝအုပ်စုမှာ သူ့အဖေကစလို့ပေါ့။ သူ့အဖေဟာ အသက်လည်းကြီးပါပြီ၊ ဘယ်လိုမှလည်း ရုပ်ရည်အားဖြင့်ပေါ့လေ ဘာမှ စွဲဆောင်စရာ ဘာညာမရှိပေမယ့် ဧည့်သည်ဆိုတဲ့ဇာတ်ကားကို အဓိကသရုပ်ဆောင် မင်းသားလုပ်ပြီးတော့၊ တက်ပြီးတော့ အောင်မြင်တဲ့ရုပ်ရှင်ကိုရိုက်သလို၊ကိုသုမောင်လည်းအတူတူပဲ။သူကိုယ်တိုင်ကရုပ်ရည်ဆိုတာကိုအားကိုးပြီးတော့သရုပ်ဆောင်မယ်ဆိုတဲ့အနေအထားမှာမရှိဘဲနဲ့လုပ်ခဲ့၊ အောင်မြင်ခဲ့တဲ့ အနုပညာသည် ဖြစ်တယ်။ အဲဒီ သဘောတရား အတိုင်းပဲစာရေးတဲ့ နေရာမှာရော၊ သီချင်းဆိုတဲ့ နေရာမှာရော အလွန်ယုံယုံကြည်ကြည် နဲ့စေတနာ ထားပြီးတော့ သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ အနုပညာတွေကို တင်ပြတဲ့အနုပညာသည်ဖြစ်တယ်။ ဒါဟာ တော်တော်ထူးခြားပါတယ်။"
ပေးပို့သူ ။။ ကိုကျော်သူ။ (voa)

0 ကျွန်တော်တို့အားလုံး၏ သူရဲကောင်း


ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

0 မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ




ယနေ့ မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများတောင့်တလျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာနှိပ်စက်ခဲ့သောအပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။

ရန်ကုန်မြို့ထဲရှိလမ်းမများပေါ်တွင်လည်းရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူများအပေါ်ထားရှိသော စေတနာကြောင့် ကျွပ်ကျွပ်အိတ်နှင့် အမှိုက်များသည် ဧရာဝတီမြစ်အတွင်းခုတ်မောင်း သွားလာနေသော သင်္ဘောများကဲ့သို့ ပေါလောမျောပါ ခရီးနှင်နေကြပါသည်။ ယခုကဲ့သို့မိုးသည်းထန်စွာရွာသွန်းသဖြင့်၂၀၁၀ရွေးကောက်ပွဲတွင်ပါဝင်အရွေးခံမည်ဟုကြုံးဝါးထားသော(လမ်းတစ်ဝက်တစ်ပျက်ခင်းအောင်သိန်းလင်း)သည်လည်းသူ၏လက်အောက်ခံစည်ပင်ဝန်ထမ်းများအားရေစီးရေလာကောင်းမွန်ရေး၊အမှိုက်သရိုက်ရှင်းလင်းသိမ်းဆည်းရေးများကို (လုံးဝ)မညွှန်ကြားသေးပါကြောင်း သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

Monday, May 17, 2010

0 ဧရာဝတီတိုင်းလပွတ္တာခရိုင်ပြင်စလူမြို့နယ်ကန္နားလမ်းဘေးတစ်နေရာမှရင်နင့်ဖွယ်ရာဖြစ်ရပ်


၂၀၀၈ခုနှစ်မေလ၂ရက်နေ့တွင်လူအများ၏အသက်အိုးအိမ်စည်းစိမ်တို့အားရက်စက်စွာတိုက်ခတ်သတ်ဖြတ်ခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးတွင်မုန်တိုင်းဒဏ်သင့်ပြည်သူများအားသောက်သုံးရေအခက်အခဲမဖြစ်စေရန်အတွက် စေတနာရှင်များမှကျပ်သိန်းပေါင်းမြောက်များစွာတန်ဖိုးရှိသောပင်လယ်ရေငန်မှသောက်သုံးနိုင်သည့် ရေချိုအဖြစ်သို့ပြောင်းလဲပေးသော ရေသန့်စင်စက်ကြီးတစ်လုံးအား လှုဒါန်းခဲ့ကြပါသည်။

ထိုသို့စေတနာရှင်များမှလှုဒါန်းခဲ့ကြသော၎င်းရေသန့်စင်စက်ကြီးအားသက်ဆိုင်ရာမှယခုအချိန်အထိ အသုံးပြုခြင်းမရှိပဲပြင်စလူမြို့နယ်ကန္နားလမ်းဘေးတစ်နေရာတွင်စည်းမဲ့ကမ်းမဲ့နိုင်စွာ စွန့်ပစ်ပစ္စည်းကဲ့သို့ထားရှိထားပါသည်။

ယခုအခါနာဂစ်မုန်တိုင်း၏နောက်ဆက်တွဲဆိုးကျိုးများကြောင့်ရာသီဥတုဖောက်ပြန်လာပြီးအပူရှိန်မြင့်တက်ကာ သောက်သုံးရေကန်၊ရေတွင်းများ၊လယ်ယာမြေများခြောက်ခန်းလာနေပါသည်။မုန်တိုင်းဒဏ်သင့်ဒေသမှပြည်သူများအနေဖြင့်ယခုအခါ ရာသီဥတုဖောက်ပြန်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲများနှင့်ရင်ဆိုင်နေရပါသည်။

သို့ပါသောကြောင့်၎င်းရေချိုသန့်စင်စက်ကြီးအားသက်ဆိုင်ရာမှအမြန်ဆုံးအသုံးပြုပြီးပြည်သူများ၏လိုအပ်နေသော သောက်သုံးရေအခက်အခဲ အတွက်ပြေလည်အောင် ဖြေရှင်းအသုံးပြုပေးပါရန် တင်ပြလိုက်ပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

Sunday, May 16, 2010

0 ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ဆုံးအထူးအယူခံကိုဗဟိုတရားရုံးက လက်ခံကြားနာရန်ရှိ

DD India News အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး အထူးအယူခံစာကို ဗဟိုတရားရုံးက လက်ခံကြားနာမယ်လို့ သိရပါတယ်။ နေ့ရက်တော့ မသတ်မှတ်ရသေးပါဘူး။ ပါတီမှတ်ပုံတင်ရေးဥပဒေမှာ ထောင်ဒဏ်ကျခံဆဲ အကျဉ်းသားကိုသာ ပါတီဝင်အဖြစ် သတ်မှတ်ခြင်းမပြုနိုင်တာဖြစ်ပြီး ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ပြီးသူအတွက် သက်ဆိုင်ခြင်းမရှိဘူးလို့ စစ်အစိုးရကMr. Campbell နဲ့တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

သတင်း။ ။
greenwood

0 Bangkok street Battle ပြည်တွင်းတိုက်ပွဲ


ပြည်တွင်း စစ်ထိ ဦးတည် နေသော ထိုင်းနိုင်ငံဘန်ကောက်ဆန္ဒပြမှုများတွင်ဆန္ဒပြသူ၆၀နီးပါးသေဆုံးပြီးနောက် ထိုင်းအစိုးက ယနေ့ တနင်္ဂနွေနေ့ ညနေတွင် ကာဖျူးမိန့် ထုတ်ပြန်လိုက်သည်ဟု ထိုင်းရုပ်သံအစီအစဉ်များမှ ကြေညာသွားသည်။

သောကြောနေ့မှစတင်ကာစစ်မြေပြင်သဖွယ်ဖြစ်နေသည့်ဘန်ကောက်မြို့လည်တွင်အပြန်အလှန်ပစ်ခတ်သံများမှာ လည်းဆူညံနေပြီး စစ်မြေပြင် သဖွယ်ဖြစ်နေသည်။ ဘန်ကောက်မြို့ တွင်း နှင့် UDD အင်အားစု များ စခန်းချရာ လုံမဏီ ပန်းခြံတစ်ဝိုက်တွင် လမ်းများ ပိတ်ဆို့ ထားပြီး ဘန်ကောက် မြို့ တွင်း ပြေးဆွဲ နေသည့် သယ်ယူပို့ ဆောင်ရေး ခရီးစဉ်များ လည်း စနေ နေ့ က စတင်ပြီး ရပ်နားထားသည်။

ဘန်ကောက်မြို့ လည်တွင် ထိုင်းစစ်တပ်က ပစ်ခတ်မှု များ နေသော ဇုန် ဟု ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး ညွှန်ပေါင်း အစိုးရ အဖွဲ့ ၏ ၀န်ကြီးချုပ် ဖြစ်သူ အဘီဆစ်က ဆန္ဒပြသူ များ ကို ဘန်ကောက်မြို့ တော်မှ အပြီးတိုင်ရှင်းလင်းပစ်မည် ဟုဆိုသည်။

တနင်္ဂနွေ နေ့ တွင် ထိုင်းစစ်တပ် မှ ပစ်ခတ် မှု ကြောင့် ဆန္ဒပြသူ အမျိုး သမီး တစ်ဦး နေရာတွင် သေဆုံး
သွားသည်။

သေနတ်ဖြင့် တရပ်စပ် ပစ်ခတ်နေသော်လည်း အလံမလှဲစတမ်း နိုင်ငံရေး အံတုနေသူ တစ်ဦး

အရေးပေါ် အခြေအနေဖြေရှင်းရေးဌာန မှ ပြောခွင့်ရ ဗိုလ်မှုးကြီး တစ်ဦး ဖြစ်သူ ကာဖျူးမိန့် စတင်ချိန်ကစလို့ လမ်းပေါ် မှာ ရှိနေတဲ့ သူတွေ အကုန် ပစ်လို့ ရတယ် ဟု ပြောသည်။

ထိုင်း ဘုရင် နှင့် စစ်တပ်မှ ကျောထောက် နောက်ခံပေးထားသည့် အဘီဆစ်အစိုးရမှ၎င်းတို့အာဏာတည်မြဲရေး အတွက် ဆန္ဒပြသူ များ ကို ရက်ရက် စက်စက် သတ်ဖြတ် နေခြင်းသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ နှင့် ပင် တူလှသည် ဟု UDD အဖွဲ့ ဝင် တစ်ဦးက Freedom News Groupသို့ ပြောသည်။

ဘန်ကောက် တွင် သတင်းရယူနေသည့် နိုင်ငံခြား သတင်းထောက်များမှာ လည်း ကျဉ်ကာ အင်္ကျီများဝတ်ကာ သတင်းယူကြသည် ဟု CNN သတင်းဌာန ၏ ဘန်ကောက် သတင်းထောက် ဖြစ်သူ DansRiver မှ ပြောသည်။၎င်းသည် မြန်မာ နိုင်ငံသို့ သတင်း သွား ရောက် ယူရာ တွင် နိုင်ငံ တွင်း မှ နှစ်ခါ နှင် ထုတ်ခံရသည်။

စနေ နေ့ က နေရှင်း သတင်းစာ၏ ၀ါရင့် သတင်းထောက် ဖြစ်သူ ကျဉ်ဆန် ထိမှန်ပြီး နောက်နိုင်ငံခြား သတင်းထောက် သုံးဦး လည်း သေနတ် ကျဉ်ဆန်များ ထိမှန်ခဲ့သည်။

ထိုင်းစပ်တပ် က နိုင်ငံ မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှု များကို လည်း အင်အားသုံးဖြေရှင်းသွားမည် ဟု ဆိုသည်။

ထိုင်း အစိုးရ က ဆန္ဒပြပွဲ အား နှိမ်နှင်းရန် စစ်တပ်အား ဘတ်သန်း ၄၀ နီးပါးပေးခဲ့သည် ဟူသော သတင်းများ လည်း ပေါ်ထွက်နေသည်။

ထိုင်းလုံခြုံရေး အဖွဲ့ ဝင်များက သပိတ်စခန်း အတွင်းရှိ မိန်းမ နှင့် ကလေးများကို ညနေ ၃နာရီနောက်ဆုံးထား၍ ထွက်ခွာပေးရန် ညွှန်ကြားထားသည်။
သတင်း ။ ။ Freedom News Group
video။ ။ CNN News

0 ဒေါ်အောင်ဆန်းစုကြည်ပုံကိုတမင်ဖယ်ထုတ်ထားသော ပြည်သူ့ချဉ်ဖတ်မြတ်ခိုင်ရဲ့ လျှတ်တပျက် ဂျာနယ်

နအဖဖော်လံဖား မြတ်ခိုင်ဦးစီးထုတ်ဝေတဲ့ မေလ(၁၄)ရက်နေ့ အတွဲ(၂) ၊ အမှတ်(၈၅)လျှပ်တစ်ပြတ်ဂျာနယ်စာစောင် မျက်နှာဖုံးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖြတ်ထုတ်ပြီး စာဖတ်တဲ့ ပြည်သူတွေကို စော်ကားပြီး ဓာတ်ပုံသတင်းအမှန်အတိုင်းမတင်ဘဲ ပြုပြင်ဖျက်ထားတာကိုတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပုံပျောက်သွားရုံတင်မကသူ့အနောက်ကသစ်ပင်တွေလည်းပျောက်သွားတာတွေ့မြင်နိုင်ပြီး ကန်ရေပြင်ရောမတွေ့ရအောင်လုပ်ထားပါတယ်။

ဒါဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာတွေးမိတော့

(၁) စာပေစီစစ်ရေးကလုပ်ခိုင်းတာလား
(၂) စာပေစီစစ်ရေးနဲ့ ငြိမှာစိုးလို့ကြိုတင်လုပ်လိုက်တာလား
(၃) onlineကပုံကို ကူးတယ်ဆိုတာမဖြစ်အောင်လုပ်တာလား

အထက်ပါ(၃)ချက်ထဲက အောက်ဆုံးအချက်(၂)ချက်ကြောင့်ဘဲ ပိုဖြစ်နိုင်တယ်လို့ထင်ပါတယ်။

မူရင်းဂျာနယ်မျက်နှာဖုံးကိုတော့ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

0 မြန်မာ့အရေး ထောက်ခံသည့် ဗြိတိန်နိုင်ငံဖွား သရုပ်ဆောင် မင်းသမီး မဲဆောက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်အခြေနေများကို လာရောက်လေ့လာသူ ဗြိတိန်နိုင်ငံ နာမည်ကြီး သရုပ်ဆောင်အဆို တော် ဂျိမ်းဘာကေန် (Jane Birkin)သည် ယနေ့မွန်းလွဲ (၁)နာရီ်၌ မဲဆောက်မြို့တွင် သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ(Burma Partnership) နှင့် ပြင်သစ်နိုင်ငံ အခြေ စိုက် Info Birmanie အဖွဲ့အစည်းတို့မှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ကြိုးပမ်းကူညီ သွားမည်ဟု ဂျိမ်းဘာကေန်က ပြောသည်။

သူမက “ကျမ ဒီကို ရောက်လာတာ မြန်မာပြည်သူတွေရဲ့ အခြေအနေကို လေ့လာခွင့် အများကြီး ရခဲ့ပါတယ်။ ဥရောပသမဂ္ဂ မှာ မြန်မာပြည်ကိစ္စကို ညီညီညွတ်ညွတ်နဲ့ ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဖို့ တိုက်တွန်းသွားမယ်။ ပြင်သစ်ကို ပြန်ရောက်ရင် ဒီမှာ လက်ရှိဖြစ်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခအခက်အခဲကို ဥရောပနဲ့ ပြင်သစ်မှာရှိတဲ့သူတွေ မေ့လျော့မသွားအောင် ပြင်သစ် တီဗွီနဲ့ သတင်းဌာနတွေမှာ အတတ်နိုင်ဆုံး ကြိုးစားတင်ပြသွားမယ်”ဟု ပြောဆိုသည်။

ထို့အပြင် သူမက မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြဿနာနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို စစ်အစိုးရ မဖြေရှင်းပေးသရွေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် တိုးတက်ပြောင်းလဲသွားနိုင် မည် မဟုတ်ကြောင်း ဆက်လက် ပြောဆိုသွားသည်။

ပြင်သစ်နိုင်ငံတွင် နေထိုင်ပြီး ဗြိတိန်နိုင်ငံဖွား ဂျိမ်းဘာကေန်က သူမ၏ ထိုင်း-မြန်မာနယ်စပ် ၄ရက်တာ ခရီးစဉ်တွင် ထိုင်း-မြန်မာနယ်စပ်တွင်ရှိ မယ်လဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ အတိုက်အခံ နိုင်ငံရေးအင်အားစု အဖွဲ့အစည်းအချို့နှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ကလေးငယ်များ ကျောင်းအချို့သို့ သွားရောက်လေ့လာ မှတ်တမ်းယူခဲ့သည်ဟု သိရသည်။

ပြင်သစ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသည့် Info Birmanie အဖွဲ့၏ Coordinator Isabelle ကလည်း ပြင်သစ်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကို စုံစမ်းစစ်ဆေးရန် စစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်အစိုးရအား တိုက်တွန်းပေးရေးနှင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အတွက် ဝိုင်းဝန်းဆန့်ကျင်ရေးတို့ကို ပြင်သစ်အစိုးရအား တိုက်တွန်းသွားမည်ဟု ပြောဆိုသွားခဲ့သည်။

ဂျိမ်းဘာကေန်၏ ယခု ထိုင်း-မြန်မာနယ်စပ် ခရီးစဉ်သည် ပထမအကြိမ်ဖြစ်သည်။ သူမသည် မြန်မာ့အရေးကို ၁၉၉၀ခုနှစ် နောက်ပိုင်းတွင် စတင် စိတ်ဝင်စားလာခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်၌ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

0 မြန်မာနိုင်ငံနှင့် ပတ်သတ်သော မိုးလေ၀သသတင်း

Today

Tommrrow

msnက weather reportအရ မြန်မာနိုင်ငံမှာ မကြာခင်မိုးရွာတော့မယ်လို့ပြထားပါတယ်။ ဒီနေ့နဲ့မနက်ဖြန် ဆို အပူချိန် 2 °C လောက် ကျဆင်းသွားမယ်လို့ဖော်ပြထားပါတယ်။ မနေ့က တနင်္သာရီတိုင်းတွင်နေရာအတော်များများ မိုးရွာသွန်းခဲ့တာကိုတွေ့မြင်ရပြီး ထိုရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း၏ ညအပူချိန်မှာ မေလ၁၅ရက်နေ့တွင် သိသိသာသာကျဆင်းသွားသည်ကိုတွေ့ခဲ့ရသည်။

ရန်ကုန်မှာတော့ အခုလက်ရှိ 37°Cရှိနေပြီး Feels Like : 45°Cပါတဲ့။ ရန်ကုန်က နာဂစ်ဒဏ်ခံထားရလို့ အပင်တွေမရှိတော့လို့ထင်ပါတယ်။ မနက်ဖြန် ရန်ကုန်မှာ မိုးစရွာမယ်လို့ ဖော်ပြထားပါတယ်။ အမှန်တကယ် ရွာခဲ့မယ်ဆိုရင် ၀မ်းသာစရာပါ။ မန္တလေးက သဘက်ခါမှ မိုးစရွာနိုင်ပါတယ်တဲ့။
အောက်ကတော့ မြန်မာနိုင်ငံရဲ့ မြို့တွေအားလုံးပါ။ msn weather forecastက ကျနော်ရောက်နေတဲ့နေရာနဲ့ယှဉ်ကြည့်ရင် တော်တော်မှန်တာတွေ့နေရပါတယ်။

မိုးစစရွာခြင်းမှာ ပျော်ပြီး အပြင်ကိုလုံးဝမထွက်ကြတာကောင်းပါတယ်။ တချိန်လုံးပူထားတဲ့ အပူချိန်နဲ့မိုးလဲရွာလိုက်ရော အပူရှိန်တွေက မြေကြီးပေါ်ကိုထွက်လာပါလိမ့်မယ်။ အပူရှပ်တာတွေ ဖျားတာ နာတာ သေတာ ဖြစ်တတ်ပါတယ်။ ဒီလင့် မှာ မိုးလေ၀သသတင်းများကိုကြည့်ရူနိုင်ပါတယ်။

0 ကျွန်တော်နှင့်မျိုးဆက်သစ်ကလေးငယ်များ





နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းသို့ လာရောက် သင်ယူနေကြသော မျိုးဆက်သစ် ကလေးငယ်များမှ ဥက္ကဌ ဦးကျော်သူ၏ ရုပ်ပုံအား ပုံတူရေးဆွဲရန်အတွက် သင်တန်းဆရာမ ဒေါ်ဧရာမောင်မောင်အား ခွင့်တောင်းခံကာ ရေးဆွဲ ခဲ့ကြသည်။ ဥက္ကဌ ဦးကျော်သူ၏ ပုံတူကို မျိုးဆက်သစ်ကလေးငယ်များမှ အနီးစပ်ဆုံး တူအောင် ရေးဆွဲ နိုင်ခဲ့ကြသည်။ အနီးစပ်ဆုံး ပုံတူရေးဆွဲနိုင်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များမှာ -

၁ ။ မောင်ကောင်းမြတ်နိုး (Grade – 9)

အမှတ် ၅/၉၉၈ ၊ (၅) ရပ်ကွက် ၊ ဒဂုံအရှေ့ ပိုင်းမြို့ နယ်။

၂ ။ မောင်ထက်မြတ်နိုင် (Grade – 9)

အမှတ် ၇၄၂ ၊ (၅)ရပ်ကွက် ၊ ဒဂုံအရှေ့ ပိုင်းမြို့ နယ်။

၃ ။ မခင်မြတ်နိုး (Grade – 8)

အမှတ် ၅/၉၉၈ ၊ (၅)ရပ်ကွက် ၊ ဒဂုံအရှေ့ပိုင်းမြို့နယ်။

တို့ဖြစ်ကြပါသည်။ ၄င်း မျိုးဆက်သစ်ကလေးငယ် (၃) ဦးအား ဥက္ကဌ ဦးကျော်သူမှ တစ်ဦးလျှင် ဆုငွေ(၁၀၀၀)ကျပ်စီ ချီးမြှင့်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဈာပန ကိစ္စများ၊ ဆေးဝါးကူညီမှုများကိုသာ မက မျိုးဆက်သစ်ကလေးငယ်များအား ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ စာကြည့်တိုက် စသည့် ပညာရေးနှင့် သက်ဆိုင်သည့် ကူညီမှုများကိုလည်း ပေးဆပ်လျှက် ရှိနေပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.