Sunday, May 16, 2010

0 ဒေါ်အောင်ဆန်းစုကြည်ပုံကိုတမင်ဖယ်ထုတ်ထားသော ပြည်သူ့ချဉ်ဖတ်မြတ်ခိုင်ရဲ့ လျှတ်တပျက် ဂျာနယ်

နအဖဖော်လံဖား မြတ်ခိုင်ဦးစီးထုတ်ဝေတဲ့ မေလ(၁၄)ရက်နေ့ အတွဲ(၂) ၊ အမှတ်(၈၅)လျှပ်တစ်ပြတ်ဂျာနယ်စာစောင် မျက်နှာဖုံးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖြတ်ထုတ်ပြီး စာဖတ်တဲ့ ပြည်သူတွေကို စော်ကားပြီး ဓာတ်ပုံသတင်းအမှန်အတိုင်းမတင်ဘဲ ပြုပြင်ဖျက်ထားတာကိုတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပုံပျောက်သွားရုံတင်မကသူ့အနောက်ကသစ်ပင်တွေလည်းပျောက်သွားတာတွေ့မြင်နိုင်ပြီး ကန်ရေပြင်ရောမတွေ့ရအောင်လုပ်ထားပါတယ်။

ဒါဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာတွေးမိတော့

(၁) စာပေစီစစ်ရေးကလုပ်ခိုင်းတာလား
(၂) စာပေစီစစ်ရေးနဲ့ ငြိမှာစိုးလို့ကြိုတင်လုပ်လိုက်တာလား
(၃) onlineကပုံကို ကူးတယ်ဆိုတာမဖြစ်အောင်လုပ်တာလား

အထက်ပါ(၃)ချက်ထဲက အောက်ဆုံးအချက်(၂)ချက်ကြောင့်ဘဲ ပိုဖြစ်နိုင်တယ်လို့ထင်ပါတယ်။

မူရင်းဂျာနယ်မျက်နှာဖုံးကိုတော့ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.