Thursday, May 20, 2010

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စတုဒီသာ ဆန်ပြုတ်


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ၂ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင် မနောမယ မုန့်ဟင်းခါးဖြင့် (၇) ရက် သားသမီး အပေါင်းတို့အား ကျွေးမွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သလို ၁၆ - ၅ - ၂၀၁၀ (တနင်္ဂနွေနေ့)တွင်လည်း စတုဒီသာ ကြက်သားဆန်ပြုတ် (ယာဂု)ကို နံနက် အာရုံဆွမ်းအဖြစ် ရှမ်းပြည်နယ်၊ အင်းလေးဖောင်တော်ဦးစေတီ ရေသာကျောင်းမှ ဆရာတော် ဦးဝေပုလ္လနှင့် သံဃာတော် (၅) ပါးတို့အား ဆပ်ကပ် လှူဒါန်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် သုခအလင်းစာကြည့်တိုက် တို့ကို လိုက်လံ ကြည့်ရှု မေတ္တာပို့ခဲ့ကြပါသည်။

လူနာရှင်များ၊ လူနာများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ အသင်းသားများ၊ ကော်မတီဝင်များ၊ အလှူရှင်များ၊ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း တက်ရောက်လျှက် ရှိသော မျိုးဆက်သစ်ကလေးသူငယ်များ စသဖြင့် (၇) ရက် သားသမီးအပေါင်းအား ကြက်သားဆန်ပြုတ် စတုဒီသာ ကျွေးမွေး လှူဒါန်းခဲ့ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.