Friday, May 21, 2010

0 ဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ

ကမ္ဘာမြေပြင်ကိုခေတ္တအလည်အပတ်ရောက်ရှိပြီးထာဝရပြန်လည်ထွက်ခွာသွားသော ရုပ်ရှင်သရုပ်ဆောင်၊စာရေးဆရာ၊တေးသံရှင်အကယ်ဒမီဦးသုမောင်(ခ)ဦးဗလ၏ဘ၀နိဂုံးအဆုံးပုံရိပ်ဈာပနအခမ်းအနား မြင်ကွင်းမှတ်တမ်း နှင့် သတင်းလွှာ



သောကြာကြယ်ကြီး လနဲ့နီးသောနေ့ ည ၉း ၀၀ အချိန်၊ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် ကွယ်လွန်သွားသော ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာ၊ တေးသံရှင် ၊ သဘာဝမင်းသားကြီး အကယ်ဒမီဦးသုမောင် (ခ) ဦးဗလ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ၂၀.၅.၂၀၁၀ နံနက် ၁၀ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိင်္ုဟ်ခဲ့ပါသည်။ အကယ်ဒမီဦးသုမောင်၏ ဈာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေနှင့်စာနယ်ဇင်းမှ စာပေပညာရှင် ညီအစ်ကိုမောင်နှစ်မများ ၊ ရုပ်ရှင်ဒါရိုက်တာများ၊ မိသားစုဆွေမျိုးသားချင်းများ၊ အကယ်ဒမီဦးသုမောင် ၏ ချစ်ပရိတ်သတ်များမှ စည်ကားသိုက်မြိုက်စွာ နောက်ဆုံးအနေဖြင့် ဂါရ၀ပြုပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ မင်းသားကြီးဦးသုမောင်၏ ဈာပနကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.