Sunday, May 16, 2010

0 ကျွန်တော်နှင့်မျိုးဆက်သစ်ကလေးငယ်များ





နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းသို့ လာရောက် သင်ယူနေကြသော မျိုးဆက်သစ် ကလေးငယ်များမှ ဥက္ကဌ ဦးကျော်သူ၏ ရုပ်ပုံအား ပုံတူရေးဆွဲရန်အတွက် သင်တန်းဆရာမ ဒေါ်ဧရာမောင်မောင်အား ခွင့်တောင်းခံကာ ရေးဆွဲ ခဲ့ကြသည်။ ဥက္ကဌ ဦးကျော်သူ၏ ပုံတူကို မျိုးဆက်သစ်ကလေးငယ်များမှ အနီးစပ်ဆုံး တူအောင် ရေးဆွဲ နိုင်ခဲ့ကြသည်။ အနီးစပ်ဆုံး ပုံတူရေးဆွဲနိုင်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များမှာ -

၁ ။ မောင်ကောင်းမြတ်နိုး (Grade – 9)

အမှတ် ၅/၉၉၈ ၊ (၅) ရပ်ကွက် ၊ ဒဂုံအရှေ့ ပိုင်းမြို့ နယ်။

၂ ။ မောင်ထက်မြတ်နိုင် (Grade – 9)

အမှတ် ၇၄၂ ၊ (၅)ရပ်ကွက် ၊ ဒဂုံအရှေ့ ပိုင်းမြို့ နယ်။

၃ ။ မခင်မြတ်နိုး (Grade – 8)

အမှတ် ၅/၉၉၈ ၊ (၅)ရပ်ကွက် ၊ ဒဂုံအရှေ့ပိုင်းမြို့နယ်။

တို့ဖြစ်ကြပါသည်။ ၄င်း မျိုးဆက်သစ်ကလေးငယ် (၃) ဦးအား ဥက္ကဌ ဦးကျော်သူမှ တစ်ဦးလျှင် ဆုငွေ(၁၀၀၀)ကျပ်စီ ချီးမြှင့်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဈာပန ကိစ္စများ၊ ဆေးဝါးကူညီမှုများကိုသာ မက မျိုးဆက်သစ်ကလေးငယ်များအား ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ စာကြည့်တိုက် စသည့် ပညာရေးနှင့် သက်ဆိုင်သည့် ကူညီမှုများကိုလည်း ပေးဆပ်လျှက် ရှိနေပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.